အပိုင်း 27 အတွေ့အကြုံလေ့လာခြင်း(သို့)သားရဲချူပ်လှောင်ခြင်းခန်းမ
တီအန်တာအိုဂိုဏ်းရဲ့အကြီးအကဲတစ်ဦးအနေနဲ့ပင် သူဟာ ရင်ဟန်ဝမ်ကိုရင်ဆိုင်ရတဲ့အခါမှာတော့ အနည်းနဲ့အများဆိုသလို ကြောက်ရွံ့နေရဆဲပင်... ရင်ဟန်ဝမ်ရဲ့အဆင့်အတန်းနဲ့ အနေအစားအရ စူးဇီထက် သာလွန်သည်လေ။အစွမ်းခွန်အားအရဆိုရင်လဲ သူက မယှဉ်သာပါဘူး။
တကယ်လို့ ရင်ဟန်ဝမ်နဲ့သာ သူရင်ဆိုင်မယ်ဆိုရင် တီအန်တာအိုဂိုဏ်းက သေချာပေါက် သူ့ဘက်ကပဲရပ်တည်ကြလိမ့်မယ်။
ရင်ဟန်ဝမ်က ခပ်တိုးတိုးလေးရယ်မောလိုက်ပြီး
"သူ့ကိုကြည့်ရတာတော့ အရည်အချင့်တချို့ရှိပုံရပါရဲ့၊ ဒါပေမယ့်ကိုယ်ကူညီချင်ရတာက သူ့ကြောင့်မဟုန်ဘူး၊အဓိက က ဂျူနီယာညီမလေးဂျင်ရန်ကို အခက်အခဲမဖြစ်စေချင်လို့ပါ"
ဂျင်ရန် အံ့အားသင့်သွားခဲ့ရတယ်။ရင်ဟန်ဝမ်က ဒီလိုပြောလာလိမ့်မယ်လို့မထင်ထားခဲ့ဘူး။ဒီနေရာမှာ ရင်ဟန်ဝမ်နဲ့တွေ့တာက မတော်တဆသဘောမျိုးဖြစ်ပြီး သူက ကြုံရာစကားတွေလာပြောနေတယ်။
ရင်ဟန်ဝမ်က ဂျင်ရန်ဘာလုပ်ချင်နေတယ်ဆိုတာသိတော့ ကူညီပေးချင်စိတ်တွေကြီးမားနေလို့ပါ။တကယ်လို့ သူမသာ ခေါင်းတချက်ညိမ့်လိုက်ရင် ရင်ဟမ်ဝမ်က ချက်ချင်းပဲ ချူးယွန်ကိုခေါ်ယူပေးပြီး စူးဇီကလဲ ဘာစကားမှပြောရဲမည်မဟုတ်ပေ။ဒါပေမယ်အဲလိုဖြစ်လာခဲ့ပါက ရင်ဟန်ဝမ်ကို နောင်မျက်နှာသာပေးရတော့မှမဟုတ်လား?
ရင်ဟန်ဝမ်ကလဲ အလျင်မလိုခဲ့ပါ၊ သူက ဂျင်ရန်ရဲ့မျက်နှာလေးကိုငေးကြည့်နေရင်း အပြုံးလေးတစ်ခုက သူ့မျက်နှာပ်ါမှာ နေရာယူထားလို့ ဂျင်ရန်ဘယ်လိုများဆုံးဖြတ်လိုက်ပါ့မလဲလို့ တွေးတောနေပါတယ်။
"ငါ့အတွက်နဲ့ မင်းတို့ဒုက္ခဝင်ခံစရာမလိုပါဘူး"
ဂျင်ရန်တစ်ယောက် ဘယ်လိုများဆုံးဖြတ်ချက်ချလိုက်လိမ့်မလဲလို့ အားလုံးစောင့်မျှော်နေကြတဲ့ အချိန်မှာပင် ချူးယွန်ရဲ့ကြည်လင်ပြတ်သားတဲ့အသံ ထွက်ပေါ်လာခဲ့ပါပြီ။
ရင်ဝမ်ဟန် ဘာတွေကြံစည်နေတယ်ဆိုတာ သူက မသိပဲနေပါ့မလား?
ရင်ဟန်ဝမ်ကလဲ ချူးယွန်ကိုလိုချင်နေခဲ့ဖြစ်ပြီး သူ့ရဲ့နည်းလမ်းလေးတွေက ငတုံးကောင်စူးရင်ထက်တော့ အများကြီးပိုသာလေသည်။မင်းငါ့အပေါ်ကျေးဇူးကြွေးတင်သွားရင် နောင်မှာငါ့ကို အတတ်နိုင်ဆုံး မျက်နှာသာပေးရဖို့ကြိုးစားရတော့မယ်။
ဂျင်ရန်ကတော့ ဒီလိုမျိုးအတွေ့အကြုံလဲမရှိတာကြောင့် ရင်ဟန်ဝမ် ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာလဲဆိုတာသူမ မမြင်နိုင်ခဲ့ပါဘူး။ဒါပေမယ့် သူမမြင်နိုင်လို့ ချူးယွန်လဲမမြင်နိုင်ဘူးလို့တော့ မဆိုလိုဘူးလေ။
"ဒီအတွေ့အကြုံလေ့လာခြင်းက ကျွန်တော်တိုးတက်လာစေဖို့ အခွင့်အရေးတစ်ခုပဲလေ၊ ဒါကြောင့်မို့လဲ ငါဝင်ပြိုင်မှာပါ"
ချူးယွန်က အေးအေးဆေးဆေးပြောလိုက်ပြီး ဂျင်ရန်ကိုပြုံးပြလိုက်တယ်။
"စီနီယာအမဂျင်ရန်၊မင်းရဲ့စေတနာတွေအတွက်တော့ ကျေးဇူးတင်ပါတယ်"
"ချူးယွန်...နင်...."
ဂျင်ရန်လဲ အလွန်အံ့အားသင့်သွားခဲ့ရတယ်၊ ချူးယွန်က ရုတ်တရက်ကြီး ဘာကြောင့် ဒီလိုပြောလာခဲ့တာလဲဆိုတာ သူမ လုံးဝနားမလည်ခဲ့ဘူး။ ဒါက သူ့အခွင့်အရေးမဟုတ်ပဲ အကြီးအကဲစူးဇီလက်စားချေနိုင်ဖို့ အခွင့်အရေးရှာပေးသလိုဖြစ်နေတယ်ဆိုတာ သူမသိဘူးလား?
ဒီလိုဖိအားနဲ့အခြေအနေတွေကြောင့် ချူးယွန်က အတင်းအကျပ်ကိုယ့်ကိုကိုယ်ဖိအားပေးပြီးထွက်လာခဲ့တာများလား?
ရင်ဟန်ဝမ်ရဲ့မျက်လုံးတွေကလဲ ကျဉ်းမြောင်းသွားပြီးနောက် သူက ချက်ချင်းပဲ တုံ့ပြန်ပြောဆိုလိုက်တယ်။
"မဆိုးဘူးကောင်လေး၊ မင်းက သတ္တိရှိသားပဲ"
"ဟားဟား....မင်းကြားလိုက်လား! သူက အခု အတွေ့အကြုံလေ့လာခြင်းမှာပါဝင်ဖို့ ဆုံးဖြတ်ပြီးသွားပြီ၊ သိပ်လဲမစိုးရိမ်ပါနဲ့....ဟဲဟဲ"
ချူးယွန်ပြောတာကိုကြားရတဲ့အခါမှာတော့ အတင်းဖိနှမ်ထားရတဲ့ ချူးယွန်ကို လက်စားချေလိုတဲ့စိတ်တွေက ချက်ချင်းထွက်ပေါ်လာပြီး အားရပါးရ ရယ်မောလိုက်ပါတယ်။
ဂျင်ရန် ဒေါသတကြီးနဲ့ ခြေဆောင့်နင်းလိုက်မိတယ်။ချူးယွန်ဘာလုပ်ဖို့ကြံနေတယ်ဆိုတာ သူမ လုံးဝနားမလည်ခဲ့ဘူး။
ချူးယွန် အတွေ့အကြုံလေ့လာခြင်းမှာ ပါဝင်ဖို့သဘောတူခဲ့တာကို ကြားလိုက်ရတဲ့အခါမှာတော့ ဇွန်ရင်းရဲ့ ခဲဆွဲထားသလိုလေးလံနေတဲ့နှလုံးသားဟာ အေးအေးချမ်းချမ်းဖြစ်သွားပြီး သူ့နှုပ်ခမ်းထောင့်တွေကတော့ ကျေနပ်မှုတွေအပြည့်နဲ့ ပြုံးလိုက်သည်။
ကောင်းကင်ကိုတက်လှမ်းဖို့ရာ ဖြောင့်ဖြူးတဲ့လမ်းကြီးရှိနေပေမယ့် သူက ငြင်းဆန်ရဲတယ်။ငရဲပြည်မှာ တံခါးမရှိဘူးဆိုတာ မင်းသိသင့်တယ်။အခုမင်းက အတွေ့အကြုံလေ့လာခြင်းမှာဝင်ပါရဲတဲ့အတွက် မင်းပြန်ထွက်မလာနိုင်တော့အောင် ငါက မင်းပြန်လာနိုင်စွမ်းမရှိတော့အောင် ကူညီပေးရတော့မှာပေါ့။
ဂျင်ရန်ရဲ့ စိတ်နှလုံးထဲမှာ ဒေါသစိတ်လေးနဲနဲ ဖြစ်တည်လာခဲ့ရသည်။ 'ငါက နင့်ကိုစိတ်ရင်းအမှန်နဲ့ကူညီဖို့ကြိုးစားနေပေမယ့် နင်ကတော့ ဘာကိုရွေးချယ်ရမယ်၊ဘယ်ဟာကပိုကောင်းတယ်ဆိုတာကို မသိပဲဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး'
"ဟမ့်"
ဂျင်ရန် တစ်ယောက် စိတ်တိုတိုနဲ့ လှည့်ထွက်သွားတော့သည်။ထို့နောက် ရင်ဟန်ဝမ်ကလဲ ချူးယွန်ကို အဓိပ္ပာယ်တွေအများကြီးပါတဲ့အကြည့်နဲ့ကြည့်လိုက်ရင်း လစ်ထွက်သွားပြန်သည်။
ချူးယွန်ကတော့ တဖြည်းဖြည်းဝေးကွာသွားတဲ့ ဂျင်ရန်ရဲ့နောက်ကျောကို လှမ်းကြည့်လိုက်ရင်း ကူကယ်ရာမဲ့စွာနဲ့ခေါင်းကိုသာခါရမ်းလိုက်မိသည်။ဒီမိန်းမက EQ အရမ်းနိမ့်တာပဲ၊ ဒီလောက်အသိညဏ်နဲတဲ့မိန်းမနဲ့ ငါ့အဖေက ဘယ်လိုလုပ်လာဖြစ်နေရတာပါလိမ့်။
လာမယ့် အတွေ့အကြုံလေ့လာခြင်းဆိုတာနဲ့ ပတ်သတ်ပြီးတော့ ချူးယွန်က လုံးဝကိုစိုးရိမ်ပူပန်ခြင်းမျိုးမရှိခဲ့ပါဘူး။ ဂျင်ရန်ပြောတာကတော့ အတွေ့အကြုံလေ့လာခြင်းဆိုတာက တပည့်သစ်တွေကို နန်းတော်တစ်ခုဆီခေါ်သွားဖို့ပဲ။
ဒီနန်းတော်ဆိုတာက ဝင်္ကပါ တစ်ခုလို ရှုပ်ထွေးလှပြီး အထဲမှာ သန်မာအားကောင်းတဲ့ နတ်ဆိုးသားရဲမျိုးနွယ်တွေလဲ ရှိတယ်လို့ ပြောကြတယ်။အမှန်တကယ်မှာလဲ အခန်းထဲမှာနတ်ဆိုးသားရဲတွေရှိနေကြပေမယ့် အန္တရာယ်တွေနဲ့အတူ ကံကောင်းခြင်းတွေကလဲ အမြဲရှိနေတတ်သည်လေ။အထဲမှာ များပြားလှတဲ့ ရတနာပစ္စည်းတွေက ရှိနေကြပါတယ်။
ခန်းမကြီးထဲမှာသွားလာလှုပ်ရှားနေရင်းနဲ့ ကံကောင်းရင် အဖိုးတန်ဆေးဖက်ဝင်ဆေးလုံးတွေ၊တိုက်ခိုက်ရေးနည်းစနစ်တွေကို အချိန်မရွေးရရှိနိုင်သည်။ဒီအတွေ့အကြုံလေ့လာခြင်းဆိုတာက တပည့်သစ်တွေအတွက် အခွင့်အရေးကောင်းတစ်ရပ်လို့ ပြောရင်လဲ ရနိုင်ပေသည်။
နန်းတော်ထဲကို ဝင်ရောက်ပြီးတာနဲ့ စူးဇီတစ်ယောက်သူ့ကိုမည်မျှပင် မုန်းတီးနေပါစေ သူ့ကို လှည့်ကွက်အသေးစားလေးတွေနဲ့ တိတ်တဆိတ်ပဲ ရန်ပြုနိုင်တော့တယ်လေ။လူမြင်သူမြင်ပုံစံနဲ့ ဗြောင်ကျကျတော့တိုက်ခိုက်ရဲမှာမဟုတ်တော့ဘူး။
သူသာ သတိရှိရှိနဲ့ ဂရုတစိုက်နေသမျှကာလပတ်လုံး သူ့ကို မျက်နှာချင်းဆိုင် ထွက်တိုက်ခိုက်ရဲမှာမဟုတ်ပေ။
ဂျင်ရန်ကိုငြင်းဆန်လိုက်ရတာက သူ့မှာအကြောင်းပြချက်နှစ်ခုရှိတယ်။
ပထမအချက်က သူ့အနေနဲ့ ကိုယ့်ရဲ့စွမ်းအားကိုအဆင့်မြှင့်တင်နိုင်မယ့် အခွင့်အရေးကောင်းကို လက်လွှတ်မခံနိုင်လို့ပါ။ဒုတိယအချက်ကတော့ သူ့ကြောင့် ဂျင်ရန်က ရင်ဟန်ဝမ်ကိုမျက်နှာသာပေးရမယ့်ကိစ္စကို လက်မခံနိုင်ပေ။
စူးဇီက ချူးယွန်ကို အေးစက်စက်နဲ့ကြည့်လိုက်ပြီး သူ့ရဲ့အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ကာ အသံခပ်ကျယ်ကျယ်ပဲ အော်ပြောလိုက်တယ်။
"အိမ်မက်တွေမက်မနေကြတော့နဲ့ဟေ့၊ သွားကြမယ်"
စူးဇီရဲ့ ဦးဆောင်လမ်းပြမှုနဲ့ တပည့်သစ်တွေဟာ တောင်ခြေကိုလျှောက်သွားခဲ့ကြတယ်။
နဂါးတောင်တန်းရဲ့အောက်ခြေ မြေအောက်မှာတည်ဆောက်ထားတဲ့ နီညိုရောင်ခန်းမကြီးကိုတွေ့လိုက်ရပြီလေ။ဒီခန်းမကြီးကိုတော့ သားရဲချူပ်လှောင်ခြင်းခန်းမလို့ခေါ်ပြီး တီအန်တာအိုဂိုဏ်းကိုဝင်ရောက်ခဲ့ကြတဲ့ တပည့်သစ်တိုင်းအစမ်းသပ်ခံခဲ့ကြရတဲ့နေရာပါ။
ဒီ သားရဲချူပ်လှောင်ခြင်းခန်းမက အလွန်ကိုကြီးမားပြီး ဦးတည်ချက်အမျိုးမျိုးတို့ကို ဆက်သွယ်ပေးထားတဲ့ ဝင်္ကပါတစ်ခုနဲ့ပင် တူနသေးသည်။ဒီအထဲမှာ ဘာအန္တရာယ်မှမကြုံတွေ့ခဲ့ရဘူးဆိုရင်တောင်မှပဲဒီအထဲကနေ အလွယ်လေးထွက်သွားနိုင်ဖို့ဆိုတာက မလွယ်ကူလှပေ။
သားရဲချူပ်လှောင်ခြင်းခန်းမအရှေ့ဝယ်....
အဆိုပါ သားရဲချုပ်လှောင်ခြင်းခန်းမရဲ့ အစောင့်အရှောက်က ဘဝနေဝင်ချိန်ကိုရောက်ရှိနေတဲ့ လူအိုကြီးတစ်ယောက်မဟုတ်ပဲ၊ အရပ်ရှည်ရှည်နဲ့ အေးစက်စက်မျက်နှာပေးရှိတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်ပါ။
ဒါက သူလုံးဝမျှော်လင့်ထားခဲ့တဲ့အရာမဟုတ်ဘူး။သူမကခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အတိအကျပြောရရင် အသက်နှစ်ဆယ်တောင်ကျော်ပုံမရသေးပါ။
ဘာမှအထူးတလည်ပြင်ဆင်ထားခြင်းမရှိပေမယ့် သူမကို တကြိမ်ကြည့်ပြီးတာနဲ့ သူမဆီကနေအကြည့်ကိုမဖယ်ခွာနိုင်လောက်အောင် နူးညံ့သိမ်မွေ့တဲ့အော်ရာတွေက ထွက်ပေါ်နေခဲ့ပါတယ်။
စူးဇီက ရပ်တန့်နေလိုက်ပြီး ထိုမိန်းမငယ်လေးနဲ့ စကားစမြည်ပြောဆိုဆွေးနွေးနေလိုက်သည်။
သူ့ရဲ့ပုံစံက အလွန်ကိုလေးစားရိုသေနေပုံရပြီး ရင်ဟန်ဝမ်ကိုကြောက်ရွံ့တာထက်ပင် ပိုခဲ့ပါတယ်။
ထိုမိန်းမငယ်လေးရဲ့ လှပတဲ့မျက်လုံးလေးတွေကတော့ တပည့်သစ်တစ်ရာကို ဖုတ်လေတဲ့ငါးပိရှိတယ်လို့ပင်မထင်ပဲ လျစ်လျူရှုထားခဲ့ပါတယ်။သူမက အထူးတလည်တော့ ဘာမှမပြောခဲ့ပဲ အေးအေးဆေးဆေးပင် ခေါင်းညိတ်ပြလိုက်သည်။
စူးဇီက ဝမ်းမြောက်ဝမ်းသာနဲ့ခေါင်းညိမ့်လိုက်ပြီး တပည့်သစ်တွေဘက်ကိုပြည်လှည့်လာတဲ့အခါမှာတော့ သူ့ရဲ့မျက်နှာအမူအရာက ချက်ချင်းပင် ခပ်ချေချေပုံစံ ပြန်လည်ပြောင်းလဲသွားခဲ့ပါတယ်။
သူက မျက်နှာကိုမိုးမော့ပြီး စည်းမျဉ်းစည်းကမ်းတွေကို စိတ်မရှည်စွာနဲ့ရှင်းပြလိုက်ပါတယ်။
"သားရဲချူပ်လှောင်ခြင်းခန်းမထဲကို ဝင်ပြီးတာနဲ့ မင်းတို့က အမျိုးမျိုးသောနတ်ဆိုးသားရဲတွေတိုက်ခိုက်တာကို ခံရလိမ့်မယ်။မင်းတို့လုပ်ရမှာက အတတ်နိုင်ဆုံးထွက်ပေါက်ကိုရှာတွေ့ဖို့ပဲ၊သားရဲချုပ်လှောင်ခြင်းခန်းမထဲမှာ များပြားတဲ့ဆုလဒ်တွေကလဲ စောင့်ကြိုနေသေးတယ်၊ ဆေးလုံးတွေ၊ တိုက်ခိုက်ရေးနည်းစနစ်တွေစသည်ဖြင့်ပေါ့။အဓိက ကတော့ ထွက်ပေါက်မှာ တန်ဖိုးမဖြတ်နိုင်လောက်အောင်အဖိုးတန်တဲ့ အဆင့်မြင့်သိုင်းပညာရပ်တစ်ခုရှိနေတာပဲ။
ကဲ... ငါဘာမှထပ်ပြောစရာမလိုတော့ဘူးထင်ပါတယ်၊ မင်းတို့အားလုံးကံကောင်းကြပါစေလို့ ငါဆုတောင်းပေးလိုက်တယ်"
နောက်ဆုံးစကားကိုပြောပြီးတဲ့အခါမှာတော့ စူးဇီက ချူးယွန်ကို မကျေမနပ်နဲ့တစ်ချက်လှမ်းကြည့်လိုက်တယ်။
တကယ်တမ်းမှာတော့ သူ့အနေနဲ့ ချူးယွန်ကို ပွင့်ပွင့်လင်းလင်းမတိုက်ခိုက်နိုင်ခဲ့ဘူး။
ဒါက တီအန်တာအိုဂိုဏ်းရဲ့စည်းမျဉ်းတွေကို ဆန့်ကျင်နေရာကြတာကြောင့် အကြီးအကဲတစ်ယောက်အနေနဲ့ပင် သူ့အနေနဲ့ ချူးယွန်ကို ဘာမှလုပ်နိုင်လိမ့်မည်မဟုပ်ပေ။
ဒါပေမယ့် နောက်ကွယ်ကနေတော့ တစ်ခုခုလုပ်နိုင်ကြံစည်နိုင်သေးတယ်။
စူပါရီယာအဆင့် သိုင်းပညာရပ်!
များစွာသောတပည့်သစ်တွေရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် တလက်လက်တောက်ပလာခဲ့ကြပါတယ်။
ဒါက တကယ့်ကိုကောင်းတဲ့အရာပဲ!
တကယ်လို့သာ သူတို့အနေနဲ့ ဒီလိုမျိုးထူးခြားတဲ့ အဆင့်မြင့်နည်းစနစ်တစ်ခုနဲ့သာ ကျင့်ကြံနိုင်ခဲ့ရင် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေက အများကြီးတိုးတက်လာတော့မှာပါ။
တပည့်အများစုကတော့ အမြန်ဆုံးထွက်ခွာနိုင်မယ့် နည်းလမ်းလေးတွေကိုတောင် စတင်တွေးတောကြံဆနေခဲ့ကြပါပြီ။
စူပါရီယာအဆင့် သိုင်းပညာရပ်ကို ရရှိလို့ကျင့်ကြံနိုင်ခဲ့တာနဲ့ အခြားသူတွေဘယ်ဆေးလုံးပဲရရ၊ ဘယ်သိုင်းပညာရပ်ကိုပဲလေ့ကျင့်လေ့ကျင့် အရေးစိုက်းရာမလိုတော့ဘူးလေ။
"ကောင်းပြီ' သွားကြတာပေါ့"
စူးဇီက နဲနဲပါးပါးလျှောက်လှမ်းခဲ့ပြီးနောက် သားရဲချူပ်လှောင်ခြင်းခန်းမရဲ့ အဓိကဝင်ပေါက်ကို ပြသလိုက်ပါတယ်။
ဒီနေရာမှာတော့ ကြီးမားတဲ့နီညိုရောင်တံခါးရွက်ကြီးနှစ်ရွက်ရှိနေပါတယ်။
ကြီးမားတဲ့တံခါးရွက်ကြီးနှစ်ရွက်ရဲ့အလယ်မှာတော့ အောက်ဘက်ကိုဦးတည်နေတဲ့ လမ်းကြောင်းလေးတစ်ခုရှိနေပါတယ်။
ဒါက အလင်းရောင်ဟူသမျှကို ဝါးမျိုပစ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့သားရဲကြီးရဲ့ ပါးစပ်ကြီးတစ်ခုနှယ်...
အထဲကိုမဝင်ရောက်ခင်ကပင် သူတို့အားလုံး အဆုံးမဲ့ကြီးမားတဲ့ဖိအားကြီးတစ်ရပ်ကို ခံစားနေခဲ့ရပါပြီ။
"စေတာ့"
စူးဇီ ဆီက အမိန့်ပေးသံထွက်ပေါ်လာတာနဲ့တပြိုင်နက် တပည့်သစ်တွေအကုန်လုံးဟာ တုံ့ဆိုင်းခြင်းအလျဉ်းမရှိပဲ သူတို့ရှ်ိသမျှအစွမ်းကုန်သုံး၍ သားရဲချူပ်လှောင်ခြင်းခန်းမဆီကို အားမာန်အပြည့်နဲ့ ပြေးဝင်သွားကြလေတော့သည်။
အပိုင္း 27 အေတြ႕အၾကဳံေလ့လာျခင္း(သို႔)သားရဲခ်ဴပ္ေလွာင္ျခင္းခန္းမ
တီအန္တာအိုဂိုဏ္းရဲ႕အႀကီးအကဲတစ္ဦးအေနနဲ႔ပင္ သူဟာ ရင္ဟန္ဝမ္ကိုရင္ဆိုင္ရတဲ့အခါမွာေတာ့ အနည္းနဲ႔အမ်ားဆိုသလို ေၾကာက္႐ြံ႕ေနရဆဲပင္... ရင္ဟန္ဝမ္ရဲ႕အဆင့္အတန္းနဲ႔ အေနအစားအရ စူးဇီထက္ သာလြန္သည္ေလ။အစြမ္းခြန္အားအရဆိုရင္လဲ သူက မယွဥ္သာပါဘူး။
တကယ္လို႔ ရင္ဟန္ဝမ္နဲ႔သာ သူရင္ဆိုင္မယ္ဆိုရင္ တီအန္တာအိုဂိုဏ္းက ေသခ်ာေပါက္ သူ႕ဘက္ကပဲရပ္တည္ၾကလိမ့္မယ္။
ရင္ဟန္ဝမ္က ခပ္တိုးတိုးေလးရယ္ေမာလိုက္ၿပီး
"သူ႕ကိုၾကည့္ရတာေတာ့ အရည္အခ်င့္တခ်ိဳ႕႐ွိပုံရပါရဲ႕၊ ဒါေပမယ့္ကိုယ္ကူညီခ်င္ရတာက သူ႕ေၾကာင့္မဟုန္ဘူး၊အဓိက က ဂ်ဴနီယာညီမေလးဂ်င္ရန္ကို အခက္အခဲမျဖစ္ေစခ်င္လို႔ပါ"
ဂ်င္ရန္ အံ့အားသင့္သြားခဲ့ရတယ္။ရင္ဟန္ဝမ္က ဒီလိုေျပာလာလိမ့္မယ္လို႔မထင္ထားခဲ့ဘူး။ဒီေနရာမွာ ရင္ဟန္ဝမ္နဲ႔ေတြ႕တာက မေတာ္တဆသေဘာမ်ိဳးျဖစ္ၿပီး သူက ၾကဳံရာစကားေတြလာေျပာေနတယ္။
ရင္ဟန္ဝမ္က ဂ်င္ရန္ဘာလုပ္ခ်င္ေနတယ္ဆိုတာသိေတာ့ ကူညီေပးခ်င္စိတ္ေတြႀကီးမားေနလို႔ပါ။တကယ္လို႔ သူမသာ ေခါင္းတခ်က္ညိမ့္လိုက္ရင္ ရင္ဟမ္ဝမ္က ခ်က္ခ်င္းပဲ ခ်ဴးယြန္ကိုေခၚယူေပးၿပီး စူးဇီကလဲ ဘာစကားမွေျပာရဲမည္မဟုတ္ေပ။ဒါေပမယ္အဲလိုျဖစ္လာခဲ့ပါက ရင္ဟန္ဝမ္ကို ေနာင္မ်က္ႏွာသာေပးရေတာ့မွမဟုတ္လား?
ရင္ဟန္ဝမ္ကလဲ အလ်င္မလိုခဲ့ပါ၊ သူက ဂ်င္ရန္ရဲ႕မ်က္ႏွာေလးကိုေငးၾကည့္ေနရင္း အျပဳံးေလးတစ္ခုက သူ႕မ်က္ႏွာပ္ါမွာ ေနရာယူထားလို႔ ဂ်င္ရန္ဘယ္လိုမ်ားဆုံးျဖတ္လိုက္ပါ့မလဲလို႔ ေတြးေတာေနပါတယ္။
"ငါ့အတြက္နဲ႔ မင္းတို႔ဒုကၡဝင္ခံစရာမလိုပါဘူး"
ဂ်င္ရန္တစ္ေယာက္ ဘယ္လိုမ်ားဆုံးျဖတ္ခ်က္ခ်လိုက္လိမ့္မလဲလို႔ အားလုံးေစာင့္ေမွ်ာ္ေနၾကတဲ့ အခ်ိန္မွာပင္ ခ်ဴးယြန္ရဲ႕ၾကည္လင္ျပတ္သားတဲ့အသံ ထြက္ေပၚလာခဲ့ပါၿပီ။
ရင္ဝမ္ဟန္ ဘာေတြၾကံစည္ေနတယ္ဆိုတာ သူက မသိပဲေနပါ့မလား?
ရင္ဟန္ဝမ္ကလဲ ခ်ဴးယြန္ကိုလိုခ်င္ေနခဲ့ျဖစ္ၿပီး သူ႕ရဲ႕နည္းလမ္းေလးေတြက ငတုံးေကာင္စူးရင္ထက္ေတာ့ အမ်ားႀကီးပိုသာေလသည္။မင္းငါ့အေပၚေက်းဇူးေႂကြးတင္သြားရင္ ေနာင္မွာငါ့ကို အတတ္ႏိုင္ဆုံး မ်က္ႏွာသာေပးရဖို႔ႀကိဳးစားရေတာ့မယ္။
ဂ်င္ရန္ကေတာ့ ဒီလိုမ်ိဳးအေတြ႕အၾကဳံလဲမ႐ွိတာေၾကာင့္ ရင္ဟန္ဝမ္ ရဲ႕ ရည္မွန္းခ်က္ပန္းတိုင္က ဘာလဲဆိုတာသူမ မျမင္ႏိုင္ခဲ့ပါဘူး။ဒါေပမယ့္ သူမျမင္ႏိုင္လို႔ ခ်ဴးယြန္လဲမျမင္ႏိုင္ဘူးလို႔ေတာ့ မဆိုလိုဘူးေလ။
"ဒီအေတြ႕အၾကဳံေလ့လာျခင္းက ကြၽန္ေတာ္တိုးတက္လာေစဖို႔ အခြင့္အေရးတစ္ခုပဲေလ၊ ဒါေၾကာင့္မို႔လဲ ငါဝင္ၿပိဳင္မွာပါ"
ခ်ဴးယြန္က ေအးေအးေဆးေဆးေျပာလိုက္ၿပီး ဂ်င္ရန္ကိုျပဳံးျပလိုက္တယ္။
"စီနီယာအမဂ်င္ရန္၊မင္းရဲ႕ေစတနာေတြအတြက္ေတာ့ ေက်းဇူးတင္ပါတယ္"
"ခ်ဴးယြန္...နင္...."
ဂ်င္ရန္လဲ အလြန္အံ့အားသင့္သြားခဲ့ရတယ္၊ ခ်ဴးယြန္က ႐ုတ္တရက္ႀကီး ဘာေၾကာင့္ ဒီလိုေျပာလာခဲ့တာလဲဆိုတာ သူမ လုံးဝနားမလည္ခဲ့ဘူး။ ဒါက သူ႕အခြင့္အေရးမဟုတ္ပဲ အႀကီးအကဲစူးဇီလက္စားေခ်ႏိုင္ဖို႔ အခြင့္အေရး႐ွာေပးသလိုျဖစ္ေနတယ္ဆိုတာ သူမသိဘူးလား?
ဒီလိုဖိအားနဲ႔အေျခအေနေတြေၾကာင့္ ခ်ဴးယြန္က အတင္းအက်ပ္ကိုယ့္ကိုကိုယ္ဖိအားေပးၿပီးထြက္လာခဲ့တာမ်ားလား?
ရင္ဟန္ဝမ္ရဲ႕မ်က္လုံးေတြကလဲ က်ဥ္းေျမာင္းသြားၿပီးေနာက္ သူက ခ်က္ခ်င္းပဲ တုံ႔ျပန္ေျပာဆိုလိုက္တယ္။
"မဆိုးဘူးေကာင္ေလး၊ မင္းက သတၱိ႐ွိသားပဲ"
"ဟားဟား....မင္းၾကားလိုက္လား! သူက အခု အေတြ႕အၾကဳံေလ့လာျခင္းမွာပါဝင္ဖို႔ ဆုံးျဖတ္ၿပီးသြားၿပီ၊ သိပ္လဲမစိုးရိမ္ပါနဲ႔....ဟဲဟဲ"
ခ်ဴးယြန္ေျပာတာကိုၾကားရတဲ့အခါမွာေတာ့ အတင္းဖိႏွမ္ထားရတဲ့ ခ်ဴးယြန္ကို လက္စားေခ်လိုတဲ့စိတ္ေတြက ခ်က္ခ်င္းထြက္ေပၚလာၿပီး အားရပါးရ ရယ္ေမာလိုက္ပါတယ္။
ဂ်င္ရန္ ေဒါသတႀကီးနဲ႔ ေျခေဆာင့္နင္းလိုက္မိတယ္။ခ်ဴးယြန္ဘာလုပ္ဖို႔ၾကံေနတယ္ဆိုတာ သူမ လုံးဝနားမလည္ခဲ့ဘူး။
ခ်ဴးယြန္ အေတြ႕အၾကဳံေလ့လာျခင္းမွာ ပါဝင္ဖို႔သေဘာတူခဲ့တာကို ၾကားလိုက္ရတဲ့အခါမွာေတာ့ ဇြန္ရင္းရဲ႕ ခဲဆြဲထားသလိုေလးလံေနတဲ့ႏွလုံးသားဟာ ေအးေအးခ်မ္းခ်မ္းျဖစ္သြားၿပီး သူ႕ႏႈပ္ခမ္းေထာင့္ေတြကေတာ့ ေက်နပ္မႈေတြအျပည့္နဲ႔ ျပဳံးလိုက္သည္။
ေကာင္းကင္ကိုတက္လွမ္းဖို႔ရာ ေျဖာင့္ျဖဴးတဲ့လမ္းႀကီး႐ွိေနေပမယ့္ သူက ျငင္းဆန္ရဲတယ္။ငရဲျပည္မွာ တံခါးမ႐ွိဘူးဆိုတာ မင္းသိသင့္တယ္။အခုမင္းက အေတြ႕အၾကဳံေလ့လာျခင္းမွာဝင္ပါရဲတဲ့အတြက္ မင္းျပန္ထြက္မလာႏိုင္ေတာ့ေအာင္ ငါက မင္းျပန္လာႏိုင္စြမ္းမ႐ွိေတာ့ေအာင္ ကူညီေပးရေတာ့မွာေပါ့။
ဂ်င္ရန္ရဲ႕ စိတ္ႏွလုံးထဲမွာ ေဒါသစိတ္ေလးနဲနဲ ျဖစ္တည္လာခဲ့ရသည္။ 'ငါက နင့္ကိုစိတ္ရင္းအမွန္နဲ႔ကူညီဖို႔ႀကိဳးစားေနေပမယ့္ နင္ကေတာ့ ဘာကိုေ႐ြးခ်ယ္ရမယ္၊ဘယ္ဟာကပိုေကာင္းတယ္ဆိုတာကို မသိပဲျဖစ္ေနလိမ့္မယ္လို႔ မထင္ထားခဲ့ဘူး'
"ဟမ့္"
ဂ်င္ရန္ တစ္ေယာက္ စိတ္တိုတိုနဲ႔ လွည့္ထြက္သြားေတာ့သည္။ထို႔ေနာက္ ရင္ဟန္ဝမ္ကလဲ ခ်ဴးယြန္ကို အဓိပၸာယ္ေတြအမ်ားႀကီးပါတဲ့အၾကည့္နဲ႔ၾကည့္လိုက္ရင္း လစ္ထြက္သြားျပန္သည္။
ခ်ဴးယြန္ကေတာ့ တျဖည္းျဖည္းေဝးကြာသြားတဲ့ ဂ်င္ရန္ရဲ႕ေနာက္ေက်ာကို လွမ္းၾကည့္လိုက္ရင္း ကူကယ္ရာမဲ့စြာနဲ႔ေခါင္းကိုသာခါရမ္းလိုက္မိသည္။ဒီမိန္းမက EQ အရမ္းနိမ့္တာပဲ၊ ဒီေလာက္အသိညဏ္နဲတဲ့မိန္းမနဲ႔ ငါ့အေဖက ဘယ္လိုလုပ္လာျဖစ္ေနရတာပါလိမ့္။
လာမယ့္ အေတြ႕အၾကဳံေလ့လာျခင္းဆိုတာနဲ႔ ပတ္သတ္ၿပီးေတာ့ ခ်ဴးယြန္က လုံးဝကိုစိုးရိမ္ပူပန္ျခင္းမ်ိဳးမ႐ွိခဲ့ပါဘူး။ ဂ်င္ရန္ေျပာတာကေတာ့ အေတြ႕အၾကဳံေလ့လာျခင္းဆိုတာက တပည့္သစ္ေတြကို နန္းေတာ္တစ္ခုဆီေခၚသြားဖို႔ပဲ။
ဒီနန္းေတာ္ဆိုတာက ဝကၤပါ တစ္ခုလို ႐ႈပ္ေထြးလွၿပီး အထဲမွာ သန္မာအားေကာင္းတဲ့ နတ္ဆိုးသားရဲမ်ိဳးႏြယ္ေတြလဲ ႐ွိတယ္လို႔ ေျပာၾကတယ္။အမွန္တကယ္မွာလဲ အခန္းထဲမွာနတ္ဆိုးသားရဲေတြ႐ွိေနၾကေပမယ့္ အႏၲရာယ္ေတြနဲ႔အတူ ကံေကာင္းျခင္းေတြကလဲ အၿမဲ႐ွိေနတတ္သည္ေလ။အထဲမွာ မ်ားျပားလွတဲ့ ရတနာပစၥည္းေတြက ႐ွိေနၾကပါတယ္။
ခန္းမႀကီးထဲမွာသြားလာလႈပ္႐ွားေနရင္းနဲ႔ ကံေကာင္းရင္ အဖိုးတန္ေဆးဖက္ဝင္ေဆးလုံးေတြ၊တိုက္ခိုက္ေရးနည္းစနစ္ေတြကို အခ်ိန္မေ႐ြးရ႐ွိႏိုင္သည္။ဒီအေတြ႕အၾကဳံေလ့လာျခင္းဆိုတာက တပည့္သစ္ေတြအတြက္ အခြင့္အေရးေကာင္းတစ္ရပ္လို႔ ေျပာရင္လဲ ရႏိုင္ေပသည္။
နန္းေတာ္ထဲကို ဝင္ေရာက္ၿပီးတာနဲ႔ စူးဇီတစ္ေယာက္သူ႕ကိုမည္မွ်ပင္ မုန္းတီးေနပါေစ သူ႕ကို လွည့္ကြက္အေသးစားေလးေတြနဲ႔ တိတ္တဆိတ္ပဲ ရန္ျပဳႏိုင္ေတာ့တယ္ေလ။လူျမင္သူျမင္ပုံစံနဲ႔ ေျဗာင္က်က်ေတာ့တိုက္ခိုက္ရဲမွာမဟုတ္ေတာ့ဘူး။
သူသာ သတိ႐ွိ႐ွိနဲ႔ ဂ႐ုတစိုက္ေနသမွ်ကာလပတ္လုံး သူ႕ကို မ်က္ႏွာခ်င္းဆိုင္ ထြက္တိုက္ခိုက္ရဲမွာမဟုတ္ေပ။
ဂ်င္ရန္ကိုျငင္းဆန္လိုက္ရတာက သူ႕မွာအေၾကာင္းျပခ်က္ႏွစ္ခု႐ွိတယ္။
ပထမအခ်က္က သူ႕အေနနဲ႔ ကိုယ့္ရဲ႕စြမ္းအားကိုအဆင့္ျမႇင့္တင္ႏိုင္မယ့္ အခြင့္အေရးေကာင္းကို လက္လႊတ္မခံႏိုင္လို႔ပါ။ဒုတိယအခ်က္ကေတာ့ သူ႕ေၾကာင့္ ဂ်င္ရန္က ရင္ဟန္ဝမ္ကိုမ်က္ႏွာသာေပးရမယ့္ကိစၥကို လက္မခံႏိုင္ေပ။
စူးဇီက ခ်ဴးယြန္ကို ေအးစက္စက္နဲ႔ၾကည့္လိုက္ၿပီး သူ႕ရဲ႕အၾကည့္ကိုျပန္႐ုတ္သိမ္းလိုက္ကာ အသံခပ္က်ယ္က်ယ္ပဲ ေအာ္ေျပာလိုက္တယ္။
"အိမ္မက္ေတြမက္မေနၾကေတာ့နဲ႔ေဟ့၊ သြားၾကမယ္"
စူးဇီရဲ႕ ဦးေဆာင္လမ္းျပမႈနဲ႔ တပည့္သစ္ေတြဟာ ေတာင္ေျခကိုေလွ်ာက္သြားခဲ့ၾကတယ္။
နဂါးေတာင္တန္းရဲ႕ေအာက္ေျခ ေျမေအာက္မွာတည္ေဆာက္ထားတဲ့ နီညိဳေရာင္ခန္းမႀကီးကိုေတြ႕လိုက္ရၿပီေလ။ဒီခန္းမႀကီးကိုေတာ့ သားရဲခ်ဴပ္ေလွာင္ျခင္းခန္းမလို႔ေခၚၿပီး တီအန္တာအိုဂိုဏ္းကိုဝင္ေရာက္ခဲ့ၾကတဲ့ တပည့္သစ္တိုင္းအစမ္းသပ္ခံခဲ့ၾကရတဲ့ေနရာပါ။
ဒီ သားရဲခ်ဴပ္ေလွာင္ျခင္းခန္းမက အလြန္ကိုႀကီးမားၿပီး ဦးတည္ခ်က္အမ်ိဳးမ်ိဳးတို႔ကို ဆက္သြယ္ေပးထားတဲ့ ဝကၤပါတစ္ခုနဲ႔ပင္ တူနေသးသည္။ဒီအထဲမွာ ဘာအႏၲရာယ္မွမၾကဳံေတြ႕ခဲ့ရဘူးဆိုရင္ေတာင္မွပဲဒီအထဲကေန အလြယ္ေလးထြက္သြားႏိုင္ဖို႔ဆိုတာက မလြယ္ကူလွေပ။
သားရဲခ်ဴပ္ေလွာင္ျခင္းခန္းမအေ႐ွ႕ဝယ္....
အဆိုပါ သားရဲခ်ဳပ္ေလွာင္ျခင္းခန္းမရဲ႕ အေစာင့္အေ႐ွာက္က ဘဝေနဝင္ခ်ိန္ကိုေရာက္႐ွိေနတဲ့ လူအိုႀကီးတစ္ေယာက္မဟုတ္ပဲ၊ အရပ္႐ွည္႐ွည္နဲ႔ ေအးစက္စက္မ်က္ႏွာေပး႐ွိတဲ့ အမ်ိဳးသမီးငယ္ေလးတစ္ေယာက္ပါ။
ဒါက သူလုံးဝေမွ်ာ္လင့္ထားခဲ့တဲ့အရာမဟုတ္ဘူး။သူမကခရမ္းေရာင္ဝတ္စုံကို ဝတ္ဆင္ထားၿပီး အတိအက်ေျပာရရင္ အသက္ႏွစ္ဆယ္ေတာင္ေက်ာ္ပုံမရေသးပါ။
ဘာမွအထူးတလည္ျပင္ဆင္ထားျခင္းမ႐ွိေပမယ့္ သူမကို တႀကိမ္ၾကည့္ၿပီးတာနဲ႔ သူမဆီကေနအၾကည့္ကိုမဖယ္ခြာႏိုင္ေလာက္ေအာင္ ႏူးညံ့သိမ္ေမြ႕တဲ့ေအာ္ရာေတြက ထြက္ေပၚေနခဲ့ပါတယ္။
စူးဇီက ရပ္တန္႔ေနလိုက္ၿပီး ထိုမိန္းမငယ္ေလးနဲ႔ စကားစျမည္ေျပာဆိုေဆြးေႏြးေနလိုက္သည္။
သူ႕ရဲ႕ပုံစံက အလြန္ကိုေလးစား႐ိုေသေနပုံရၿပီး ရင္ဟန္ဝမ္ကိုေၾကာက္႐ြံ႕တာထက္ပင္ ပိုခဲ့ပါတယ္။
ထိုမိန္းမငယ္ေလးရဲ႕ လွပတဲ့မ်က္လုံးေလးေတြကေတာ့ တပည့္သစ္တစ္ရာကို ဖုတ္ေလတဲ့ငါးပိ႐ွိတယ္လို႔ပင္မထင္ပဲ လ်စ္လ်ဴ႐ႈထားခဲ့ပါတယ္။သူမက အထူးတလည္ေတာ့ ဘာမွမေျပာခဲ့ပဲ ေအးေအးေဆးေဆးပင္ ေခါင္းညိတ္ျပလိုက္သည္။
စူးဇီက ဝမ္းေျမာက္ဝမ္းသာနဲ႔ေခါင္းညိမ့္လိုက္ၿပီး တပည့္သစ္ေတြဘက္ကိုျပည္လွည့္လာတဲ့အခါမွာေတာ့ သူ႕ရဲ႕မ်က္ႏွာအမူအရာက ခ်က္ခ်င္းပင္ ခပ္ေခ်ေခ်ပုံစံ ျပန္လည္ေျပာင္းလဲသြားခဲ့ပါတယ္။
သူက မ်က္ႏွာကိုမိုးေမာ့ၿပီး စည္းမ်ဥ္းစည္းကမ္းေတြကို စိတ္မ႐ွည္စြာနဲ႔႐ွင္းျပလိုက္ပါတယ္။
"သားရဲခ်ဴပ္ေလွာင္ျခင္းခန္းမထဲကို ဝင္ၿပီးတာနဲ႔ မင္းတို႔က အမ်ိဳးမ်ိဳးေသာနတ္ဆိုးသားရဲေတြတိုက္ခိုက္တာကို ခံရလိမ့္မယ္။မင္းတို႔လုပ္ရမွာက အတတ္ႏိုင္ဆုံးထြက္ေပါက္ကို႐ွာေတြ႕ဖို႔ပဲ၊သားရဲခ်ဳပ္ေလွာင္ျခင္းခန္းမထဲမွာ မ်ားျပားတဲ့ဆုလဒ္ေတြကလဲ ေစာင့္ႀကိဳေနေသးတယ္၊ ေဆးလုံးေတြ၊ တိုက္ခိုက္ေရးနည္းစနစ္ေတြစသည္ျဖင့္ေပါ့။အဓိက ကေတာ့ ထြက္ေပါက္မွာ တန္ဖိုးမျဖတ္ႏိုင္ေလာက္ေအာင္အဖိုးတန္တဲ့ အဆင့္ျမင့္သိုင္းပညာရပ္တစ္ခု႐ွိေနတာပဲ။
ကဲ... ငါဘာမွထပ္ေျပာစရာမလိုေတာ့ဘူးထင္ပါတယ္၊ မင္းတို႔အားလုံးကံေကာင္းၾကပါေစလို႔ ငါဆုေတာင္းေပးလိုက္တယ္"
ေနာက္ဆုံးစကားကိုေျပာၿပီးတဲ့အခါမွာေတာ့ စူးဇီက ခ်ဴးယြန္ကို မေက်မနပ္နဲ႔တစ္ခ်က္လွမ္းၾကည့္လိုက္တယ္။
တကယ္တမ္းမွာေတာ့ သူ႕အေနနဲ႔ ခ်ဴးယြန္ကို ပြင့္ပြင့္လင္းလင္းမတိုက္ခိုက္ႏိုင္ခဲ့ဘူး။
ဒါက တီအန္တာအိုဂိုဏ္းရဲ႕စည္းမ်ဥ္းေတြကို ဆန္႔က်င္ေနရာၾကတာေၾကာင့္ အႀကီးအကဲတစ္ေယာက္အေနနဲ႔ပင္ သူ႕အေနနဲ႔ ခ်ဴးယြန္ကို ဘာမွလုပ္ႏိုင္လိမ့္မည္မဟုပ္ေပ။
ဒါေပမယ့္ ေနာက္ကြယ္ကေနေတာ့ တစ္ခုခုလုပ္ႏိုင္ၾကံစည္ႏိုင္ေသးတယ္။
စူပါရီယာအဆင့္ သိုင္းပညာရပ္!
မ်ားစြာေသာတပည့္သစ္ေတြရဲ႕မ်က္လုံးေတြက စိတ္လႈပ္႐ွားမႈေၾကာင့္ တလက္လက္ေတာက္ပလာခဲ့ၾကပါတယ္။
ဒါက တကယ့္ကိုေကာင္းတဲ့အရာပဲ!
တကယ္လို႔သာ သူတို႔အေနနဲ႔ ဒီလိုမ်ိဳးထူးျခားတဲ့ အဆင့္ျမင့္နည္းစနစ္တစ္ခုနဲ႔သာ က်င့္ၾကံႏိုင္ခဲ့ရင္ သူတို႔ရဲ႕ တိုက္ခိုက္ေရးစြမ္းအားေတြက အမ်ားႀကီးတိုးတက္လာေတာ့မွာပါ။
တပည့္အမ်ားစုကေတာ့ အျမန္ဆုံးထြက္ခြာႏိုင္မယ့္ နည္းလမ္းေလးေတြကိုေတာင္ စတင္ေတြးေတာၾကံဆေနခဲ့ၾကပါၿပီ။
စူပါရီယာအဆင့္ သိုင္းပညာရပ္ကို ရ႐ွိလို႔က်င့္ၾကံႏိုင္ခဲ့တာနဲ႔ အျခားသူေတြဘယ္ေဆးလုံးပဲရရ၊ ဘယ္သိုင္းပညာရပ္ကိုပဲေလ့က်င့္ေလ့က်င့္ အေရးစိုက္းရာမလိုေတာ့ဘူးေလ။
"ေကာင္းၿပီ' သြားၾကတာေပါ့"
စူးဇီက နဲနဲပါးပါးေလွ်ာက္လွမ္းခဲ့ၿပီးေနာက္ သားရဲခ်ဴပ္ေလွာင္ျခင္းခန္းမရဲ႕ အဓိကဝင္ေပါက္ကို ျပသလိုက္ပါတယ္။
ဒီေနရာမွာေတာ့ ႀကီးမားတဲ့နီညိဳေရာင္တံခါး႐ြက္ႀကီးႏွစ္႐ြက္႐ွိေနပါတယ္။
ႀကီးမားတဲ့တံခါး႐ြက္ႀကီးႏွစ္႐ြက္ရဲ႕အလယ္မွာေတာ့ ေအာက္ဘက္ကိုဦးတည္ေနတဲ့ လမ္းေၾကာင္းေလးတစ္ခု႐ွိေနပါတယ္။
ဒါက အလင္းေရာင္ဟူသမွ်ကို ဝါးမ်ိဳပစ္ေနတဲ့ ရက္စက္ၾကမ္းၾကဳတ္တဲ့သားရဲႀကီးရဲ႕ ပါးစပ္ႀကီးတစ္ခုႏွယ္...
အထဲကိုမဝင္ေရာက္ခင္ကပင္ သူတို႔အားလုံး အဆုံးမဲ့ႀကီးမားတဲ့ဖိအားႀကီးတစ္ရပ္ကို ခံစားေနခဲ့ရပါၿပီ။
"ေစတာ့"
စူးဇီ ဆီက အမိန္႔ေပးသံထြက္ေပၚလာတာနဲ႔တၿပိဳင္နက္ တပည့္သစ္ေတြအကုန္လုံးဟာ တုံ႔ဆိုင္းျခင္းအလ်ဥ္းမ႐ွိပဲ သူတို႔႐ွ္ိသမွ်အစြမ္းကုန္သုံး၍ သားရဲခ်ဴပ္ေလွာင္ျခင္းခန္းမဆီကို အားမာန္အျပည့္နဲ႔ ေျပးဝင္သြားၾကေလေတာ့သည္။