ပြန်လည်မွေးဖွားလာသော ဗီလိန်ရဲ...

Od LuciousKim

554K 72.3K 1.9K

This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引 Více

Description
Chapter (1.1)
Chapter (1.2)
Chapter (2)
Chapter (3)
chapter (4)
chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
chapter (23)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chapter (40)
Chapter (41)
Chapter (42)
Chapter (43)
Chapter (44)
Chapter (45)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chapter (58.1)
Chapter (58.2)
Chapter (59)
Chapter (60)
Chapter (61.2)
Chapter (62)
Chapter (63)
Chapter (64)
Chapter (65)
Chapter (66)
Chapter (67)
Chapter (68)
Chapter (69)
Chapter (70 )
Chapter (71.1)
Chapter(71.2)
Chapter (72)
Chapter (73)
Chapter (74)
Chapter (75)
Chapter (76)
Chapter (77)
Chapter (78)
Chapter (79)
Chapter (79) Zawgyi
Chapter (80)
Chapter (81)
chapter (82)
Chapter (83)
Chapter (84)
Chapter (85).
Chapter (86).
Chapter (87)
chapter (88)
Chapter (89)
90
about paid
(acc ရှာမရတဲ့သူတွေအတွက်)
Chapter (91)
Chapter(92)

Chapter (61)

3.4K 488 10
Od LuciousKim

Zawgyi

ကုန္ပစၥည္းေထာက္ခံသူအျဖစ္လူေရြးပြဲက အရမ္းကိုျမန္ဆန္လြန္းတယ္။ သူတို႕က ဒိုင္လူၾကီးအနည္းငယ္နဲ႕ေတြ႕ဆံုျပီး ေမးခြန္းတခ်ိဳ႕ေျဖၾကားေပးရံုပဲေလ။ ဒါေၾကာင့္ မၾကာခင္မွာပဲ ရွန္ယန္းရဲ႕အလွည့္ကိုေရာက္ရိွလာခဲ့တယ္။

သူတို႕ရဲ႕ပထမဆံုးေမးခြန္းကေတာ့ ရွန္ယန္းအတြက္ Dream chocolate ကဘယ္လိုအရာမ်ိဳးလဲ။ ဒုတိယေမးလာတာကေတာ့ သူမအေနနဲ႕ သူတို႕ကုန္ပစၥည္းရဲ႕ေျပာေရးဆိုခြင့္ရိွသူျဖစ္လာရင္ ဘယ္လိုမ်ိဳးပရိုမိုးရွင္းဆင္းေပးျပီး ေၾကာ္ျငာေပးမွာလဲ နွင့္ ရွန္ယန္းကဘာေၾကာင့္သူတို႕ရဲ႕ေျပာေရးဆိုခြင့္ရိွသူ ျဖစ္လာခ်င္ရတာလဲ ဆိုတာေတြပဲ။

ရွန္ယန္းကေတာ့ ေမးခြန္းအားလံုးကို အဆင့္အတန္းေပၚလြင္ေစမယ့္နည္းလမ္းေတြနွင့္ေျဖဆိုခဲ့တယ္။

လာေရာက္ေျဖဆိုသူအမ်ားအျပားကိုေတြ႕ျပီးခ်ိန္မွာေတာ့ ခ်ဴးဖန္က အားလံုးထဲမွာရွန္ယန္းတစ္ဦးတည္းကသာ အသင့္ေတာ္ဆံုးပဲလို႔ယူဆခဲ့တယ္။ ဒါက ရွန္ယန္းရဲ႕ထူးျခားတဲ့အေျဖေတြေၾကာင့္မဟုတ္ဘဲ သူမရဲ႕ရုပ္ရည္အသြင္အျပင္က နိႈင္းယွဥ္မရေလာက္ေအာင္ကိုျမင့္မားလြန္းေနလို႔ပဲ။

ေျပာနိုင္တာတစ္ခုကေတာ့ သူမက အနုပညာအသိုင္းအဝိုင္းထဲမွာ ပိုျပီးအျငင္းပြားစရာတစ္ခုျဖစ္လာနိုင္တယ္ဆိုတာပဲ။ အျငင္းပြားနိုင္တယ္ဆိုတဲ့အဓိပၸာယ္က သူမရဲ႕သတင္းေတြကထိပ္ဆံုးမွာေရာက္လာနိုင္လိမ့္မယ္လို႔ေျပာခ်င္တာျဖစ္တယ္။ ေနာက္ျပီး ရွန္ယန္းရိုက္ကူးခဲ့တဲ့အြန္လိုင္းဒရမ္မာေတြကလည္း စတင္ျပီးထုတ္လႊင့္ေတာ့မွာေလ။

ခ်ဴးဖန္က ေတြးေတာျပီးေနာက္ စတင္အၾကံေပးလိုက္တယ္။

"သူ(မ)က ေကာင္းမယ္ထင္တယ္ေနာ္"

လီဟဲက ခ်ဴးဖန္ရဲ႕စကားကိုရယ္ေမာျပီး ထပ္မံေျပာလာျပန္တယ္။

"မင္းက ရွန္ယန္းနဲ႕ဆက္ဆံေရးေကာင္းေကာင္းရိွေနတာလား ဒါမွမဟုတ္ သူနဲ႕ငါ့တူမက ရိႈးပြဲထဲမွာျပိဳင္ဘက္ေတြျဖစ္ေနလို႔ သူ႕ကိုတမင္ေရြးခ်င္ေနတာလား "

ခ်ဴးဖန္က စားပြဲကို ေဒါသတၾကီးရိုက္ခ်လိုက္ျပီး မပ္တပ္ထရပ္လိုက္တယ္။

"မင္း ဘယ္လိုစကားေတြေျပာေနတာလဲ ဟမ္ ငါက ကုမၸဏီအတြက္အေကာင္းဆံုးလို႔ထင္ရတဲ့လူကိုပဲေရြးတာ ငါတို႕ရဲ႕လက္ရိွေခ်ာကလက္ကအြန္လိုင္းမွာနာမည္ၾကီးေနျပီ ၊ ဒီေတာ့ ေရာင္းအားကလည္းေကာင္းေနတယ္ ၊ ဒါေပမယ့္ ဘယ္လိုနာမည္ၾကီးကုန္ပစၥည္းကအျမဲတမ္းနာမည္ၾကီးနိုင္မွာလဲ ? တကယ္လို႔ ငါတို႕ရဲ႕ေရာင္းအားေတြထပ္ျပီးမေကာင္းမြန္နိုင္ေတာ့တဲ့အခ်ိန္ကိုေရာက္ရင္ ငါတို႕ဘာေတြလုပ္သင့္လဲ ? ငါက ကုမၸဏီအတြက္ အသင့္ေတာ္ဆံုးျဖစ္ေလာက္မယ့္ေျပာေရးဆိုခြင္ရိွသူကို ေရြးေနတာမဟုတ္ဘူးလား ? အလုပ္အတူတူလုပ္ျပီး အေကာင္းဆံုးကုန္ပစၥည္းျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာေတြးစမ္းပါ !"

"ရွန္ယန္းကဘာေတြမ်ားလုပ္ေနလို႔လဲ .. သူကအြန္လိုင္းဒရမ္မာေလးတစ္ခုကိုပဲ သရုပ္ေဆာင္ဖူးေသးတာပါ သူကဘယ္လိုလုပ္ ငါတို႕ရဲ႕ေခ်ာကလက္ကို ဘရန္းတစ္ခုအျဖစ္ေျပာင္းလဲေပးနိုင္မွာလဲ အနာဂတ္မွာေရာင္းအားေတြထိုးက်သြားေအာင္လုပ္ဖို႔ခြင့္ျပဳေပးရမွာလား သူ႕ကိုေျပာေရးဆိုခြင့္ရိွသူအျဖစ္ခန္႕အပ္ရေအာင္ ငါတို႕ကသူ(မ)အေပၚအေၾကြးတင္ထားတာရိွေနလို႔လား မင္းက ငါ့ကိုတမင္ဆန္႕က်င့္ေနတာပဲ"

လီဟဲကထပ္ျဖည့္ျပီးေျပာျပန္တယ္။

" မင္းသာဒီလိုလုပ္မယ္ဆိုရင္ ငါကလည္း ငါ့တူမကိုပဲခန္႕အက္ဖို႔ကုမၸဏီကိုတင္ျပရမွာပဲ လူတိုင္းကလည္း ငါ့ကိုပဲေထာက္ခံၾကမွာ ၊ အြန္လိုင္းဒရမ္မာမွာ သရုပ္ေဆာင္ဖူးတဲ့လူနွင့္ ဒုတိယဇာတ္လိုက္မအျဖစ္ သရုပ္ေဆာင္ထားတဲ့ငါ့တူမနွင့္ဆိုရင္ ဘယ္သူကေထာက္ခံသူျဖစ္သင့္လဲဆိုတာ မင္းသိလာလိမ့္မယ္"

အခုခ်ိန္မွာ သူတို႕ရဲ႕ကုမၸဏီက ပထမဆင့္နွင့္ဒုတိယအဆင့္တို႕မွာရိွေနတဲ့အနုပညာရွင္ေတြကို ေျပာေရးဆိုခြင့္ရိွသူအျဖစ္ေရြးခ်ယ္လိုက္မယ္ဆိုရင္ ထိုအနုပညာရွင္အတြက္ ေငြေၾကးအေျမာက္အျမားအသံုးျပဳရလိမ့္မယ္။ ဒီေတာ့ သူတို႕အေနနဲ႕ နာမည္ၾကီးလူသိမ်ားလာခါစျဖစ္ျပီး အလားအလာလည္းရိွတဲ့ ၊ အြန္လိုင္းေပၚမွာအျငင္းအခံုေတြကိုျဖစ္ေပၚေစတဲ့အနုပညာရွင္ကိုပဲအလိုရိွေနတာျဖစိတယ္။

လူေရြးပြဲရဲ႕ဒိုင္လူၾကီးအမ်ားအျပားကေတာ့ ကုမၸဏီရဲ႕ထိပ္တန္းစီမံခန္႕ခြဲသူေတြပဲျဖစ္ျပီး ခ်ဴးဖန္နွင့္လီဟဲရဲ႕အျငင္းအခံုစကားေတြကိုနားေထာင္ျပီးေနာက္မွာ တစ္ေယာက္ျပီးမွ တစ္ေယာက္ေဆြးေႏြးဖို႔ေျပာလာၾကတယ္။

သူတို႕အေနနဲ႕ ဒီကိစၥကိုေဆြးေႏြးခ်င္ရင္ေတာင္ ရွန္ယန္းရဲ႕ေရွ႕မွာေတာ့ တိုက္ရိုက္မေဆြးေႏြးသင့္ဘူးေလ။ ဒါက ရွန္ယန္းရဲ႕ဂုဏ္သိကၡာနွင့္တန္ဖိုးကို လံုးဝထည့္မတြက္တာပဲ။ တကယ္လို႔ ပထမအဆင့္ သို႔မဟုတ္ ဒုတိယအဆင့္ရိွတဲ့အနုပညာရွင္တစ္ေယာက္သာဆိုရင္ ဒီလိုမ်ိဳး စကားေတြကို မ်က္နွာခ်င္းဆိုင္ျပီးေျပာဖို႔သတၱိရိွလိမ့္မွာတဲ့လား ။

သူတို႕ရဲ႕ေရွ႕မွာဘယ္သူမွရိွမေနသလိုမ်ိဳး စီးပြားေရးအေၾကာင္းကိုေဆြးေႏြးေနၾကတဲ့လူေတြၾကည့္ျပီး ရွန္ယန္းရယ္ေမာလိုက္တယ္။

"တကယ္လို႔ ရွင္တို႔ကုမၸဏီက က်ြန္မကိုေျပာေရးဆိုခြင့္ရိွသူအျဖစ္ေရြးခ်ယ္မယ္ဆိုရင္ေတာင္ က်ြန္မလက္မခံနိုင္ေတာ့ဘူး "

သူမက မပ္တပ္ထရပ္လိုက္ကာ သူမရဲ႕ကိုယ္ေရးအက်ဥ္းဖိုင္ကိုေကာက္ယူျပီး အျပင္ကိုခ်က္ခ်င္းထြက္ခြာသြားခဲ့တယ္။

ရွန္ယန္းရဲ႕အမူအယာကိုၾကည့္ျပီး လီဟဲကအခြင့္အေရးကိုအသံုးခ်ကာ ခ်က္ခ်င္းပဲထေျပာလာျပန္တယ္။

"သူ႕ရဲ႕အမူအယာကိုၾကည့္လိုက္စမ္း အဲဒါကဘာသေဘာလဲ ? မင္းက ကိုယ့္ကိုကိုယ္ဘာေတြေျပာေနတာလဲဆိုတာမသိေသးဘူး ၊ တကယ္လို႔ငါတို႔သာ မင္းလိုမ်ိဳး ေအာင္ျမင္ဖို႕လမ္းကို မသိတတ္တဲ့စရိုက္မ်ိဳးရိွေတဲ့လူနဲ႕ စာခ်ဳပ္ခ်ဳပ္လိုက္မယ္ဆိုရင္ မင္းနဲ႕ပူးေပါင္းေဆာင္ရြက္ဖို႔ကပိုျပီးခက္ခဲလာလိမ့္မယ္ေနာ္ ၊ ငါ့တူမကိုသာေရြးလိုက္စမ္းပါ ငါ့တူမက ငါတို႕ကုမၸဏီရဲ႕ ေက်ာ္ၾကားမႈေတြကိုယူေဆာင္လာေပးလိမ့္မယ္လို႔ ကတိေပးနိုင္တယ္"

ခ်ဴးဖန္ရဲ႕ထည့္သြင္းျမွပ္နွံထားတဲ့ရွယ္ယာေတြက သိပ္ျပီးမမ်ားလွဘူး။ သူက အရာအားလံုးကိုဆံုးျဖတ္ဖို႔အတြက္ လံုေလာက္တဲ့ေနရာမွာမရိွသလို လီဟဲရဲ႕ရွယ္ယာေတြကလည္း သူ႕ထက္မ်ားေနေသးတယ္။ vote ေပးတဲ့စနစ္နွင့္ေရြးမယ္ဆိုရင္ေတာင္ သူတို႕က လီရွင္းကိုပဲေရြးခ်ယ္ျပီး ပူးေပါင္းေဆာင္ရြက္သြားလိမ့္မယ္။

လီဟဲက ၾကီးမားတဲ့အျပံဳးတစ္ခုကိုခ်ိတ္ဆြဲျပီး ထပ္ေပါင္းေျပာလိုက္တယ္။

" မင္းတို႕ေတြစိတ္ပူေနစရာမလိုပါဘူး ငါ့တူမက ေသခ်ာေပါက္ေအာင္ျမင္ေက်ာ္ၾကားတဲ့သူျဖစ္ျပီး ေနာက္ထပ္လည္းအမ်ားၾကီးတိုးတက္လာဦးမွာ __ ဟုတ္တယ္ .. ရွန္းလု .. ေနာက္ထပ္ voteေပးရမယ့္ျပိဳင္ပြဲကိုလည္း အတူတူ voteေပးၾကတာေပါ့ ၊ ငါ့တူမသာအနိုင္ရခဲ့ရင္ ငါတို႕ရဲ႕စိီးပြားေရးအတြက္လည္း အက်ိဳးရိွတာပဲေလ အနိုင္ရတယ္ဆိုတဲ့အဓိပၸာယ္က လုယြင္ခ်န္းနွင့္အတူတြဲျပီးသရုပ္ေဆာင္ရမယ္လို႔ဆိုလိုတာပဲ !"

ခ်ဴးဖန္ သက္ျပင္းတစ္ခ်က္ခ်လိုက္မိတယ္။ သူ႕အေနနဲ႕ ရွန္ယန္းကသာ အလားအလာရိွတဲ့အနုပညာရွင္တစ္ေယာက္ျဖစ္နိုင္တယ္လို႕ထင္ျမင္မိတယ္ေလ။ သူမရဲ႕အြန္လိုင္းဒရမ္မာက ထုတ္လႊင့္ရေသးတာမဟုတ္ဘူးဆိုတာကေတာ့ ထည့္ေျပာစရာေတာင္မလိုဘူး။

လီရွင္းက ဇာတ္လမ္းတြဲထဲမွာ ဒုတိယမင္းသမီးအျဖစ္ပါဝင္ခဲ့ဖူးတယ္ဆိုေပမယ့္ ဘယ္ေလာက္ထိလူေျပာမ်ားေနဦးမွာတဲ့လဲ ၊ ေနာက္ျပီး အခုခ်ိန္ရွန္းလုလူေရြးပြဲကလည္း .. လူေတြအမ်ားၾကီးက ရွန္ယန္းကိုပဲသေဘာက်ေနခဲ့တာေလ။ ပရိုဂရမ္ရဲ႕ ပထမအၾကိမ္ေရြးခ်ယ္မႈကိုပဲၾကည့္ရင္ေတာင္ သူမရဲ႕ voteေတြက အရမ္းကိုျမင့္မားေနခဲ့တာကို လူတိုင္းျမင္နိုင္တယ္။ ဒါကို ဒီလူေတြက လီဟဲကိုဘယ္လိုမ်ားယံုၾကည္နိုင္ၾကတာလဲ ။

ရွန္ယန္းထြက္လာျပီးတဲ့ေနာက္မွာ က်န္းရံုရဲ႕အလွည့္ကိုေရာက္ရိွလာေပမယ့္ ရွန္ယန္းက က်န္းရံုကိုအျပင္ဘက္သို႔ဆြဲေခၚသြားျပီး အထဲမွာျဖစ္ပ်က္ေနသမ်ွကို ေျပာျပလိုက္တယ္။ က်န္းရံုကေတာ့ ရွန္ယန္းရဲ႕စကားေတြေၾကာင့္ ေဒါသစိတ္ေၾကာင့္  မ်က္နွာတစ္ခုလံုးနီရဲသြားေလရဲ႕။

" က်ြန္မလည္း အစ္မနဲ႔အတူလိုက္မယ္ သြားရေအာင္ သူတို႕ေတြက စိတ္ထဲမွာအမ်ားၾကီးေတြးသင့္တဲ့ဟာမ်ိဳးေတြမဟုတ္ဘူး ၊ သူတို႕နဲ႕အတူအလုပ္လုပ္ရင္ အစ္မကိုေတာင္သိမ္ငယ္သြားေစလိမ့္မယ္ ! သူတို႕ကဘယ္လိုေတာင္ေျပာရဲရတာလဲ ?! လီရွင္းလည္းအတူတူပဲ စိတ္ပ်က္စရာေကာင္းလြန္းတယ္ "

ရွန္ယန္းက Dream Chocolate ရဲ႕ရံုးအေဆာက္အအံုကိုျပန္လွည့္ၾကည့္လိုက္ျပီး က်န္းရံုကိုခပ္တိုးတိုးေျပာလိုက္တယ္။

"ငါ ဒီကုမၸဏီကိုဝယ္ျပီးသြားတဲ့အခ်ိန္ေရာက္ရင္ နင္ကိုေျပာေရးဆိုခြင့္ရိွသူအျဖစ္ ကမ္းလွမ္းလိုက္မယ္"

က်န္းရံု : "........"

က်န္းရံုကေတာ့ ရွန္ယန္းကအရမ္းကိုစိတ္ဆိုးေနတာျဖစ္မယ္လို႔ေတြးလိုက္တယ္။ ဒါေၾကာင့္ အနာဂတ္မွာအဲဒီကုမၸဏီကိုသိမ္းယူမယ္လို႔ေတာင္ေတြးေနျပီးေတာ့ သူမကိုပါေျပာေရးဆိုခြင့္ရိွသူအျဖစ္ လာကမ္းလွမ္းလိုက္ေသးတယ္။

"ေကာင္းျပီ အစ္မယန္ယန္း အဲဒီကုမၼဏီကိုဝယ္ျပီးတဲ့အခ်ိန္ က်ြန္မကိုေျပာေရးဆိုခြင့္ရိွသူအျဖစ္ကမ္းလွမ္းရမယ္ေနာ္"

သူမတို႕နွစ္ေယာက္အျပင္သို႔ထြက္လာကတည္းက ဝမ္ဖန္းလည္းလွမ္းျမင္လိုက္တာျဖစ္ျပီး သူတို႕ရဲ႕စကားသံေတြကိုၾကားေတာ့ မထိန္းနိုင္ပဲျပံဳးမိသြားေလတယ္။ သူ႕အေနနဲ႕ ရွန္ယန္းကိုယံုၾကည္ဟန္ေဆာင္ေနရတယ္ဆိုေပမယ့္ သူတို႕ေျပာတဲ့စကားေတြကိုေတာ့ လံုးဝယံုၾကည္မႈမရိွဘူးေလ။

ဝမ္ဖန္းနွင့္က်န္းရံုတို႕မွာ ဒီေန႕အတြက္အလုပ္မရိွေတာ့တာေၾကာင့္ ရွန္ယန္းကိုအတူျပန္လိုက္ပို႔ခဲ့ၾကတယ္။ သူတို႕ကရွန္ယန္းကိုညစာအတြက္ဖိတ္ခဲ့ေပမယ့္လည္း ရွန္ယန္းဘက္မွျငင္းပယ္ခဲ့တယ္ေလ။ တစ္ဖက္မွာေတာ့ ဝမ္ဖန္းက ထိုေခ်ာကလက္ကုမၸဏီမွ ရွန္ယန္းကိုထိခိုက္နစ္နာေအာင္လုပ္ခဲ့ေၾကာင္းရိပ္မိခဲ့ျပီး ရွန္ယန္းေရာ၊ က်န္းရံုပါထိုကုမၸဏီနွင့္လက္မွတ္မထိုးခဲ့တာေကာင္းမြန္ေၾကာင္း ေတြးေတာေနခဲ့တယ္။ သူက လီရွင္းကို မယံုၾကည္မိေစဖို႔ နွင့္ မေနွာင့္ယွက္မိေစဖို႔ ရွန္ယန္းကိုသတိေပးခ်င္ေနခဲ့တာျဖစ္ေပမယ့္ လက္ရိွမွာေတာ့ မလိုအပ္ေတာ့တာျဖစ္နိုင္တယ္။

ထိုအခ်ိန္ တစ္ဖက္မွ Sweet Chocolate ကုမၸဏီအတြက္ေတာ့ စိုးရိမ္စရာကိစၥတခ်ိဳ႕ရိွေနပံုပဲ။ သူတို႔က လုယြင္ခ်န္းကို ေျပာေရးဆိုခြင့္ရိွသူအျဖစ္လိုခ်င္ေနခဲ့တာေလ။ သို႔ေပမယ့္ လုယြင္ခ်န္းက လက္ရိွမွာ တရုတ္နိုင္ငံရဲ႕ထိပ္သီးေနရာမွာရိွေနခဲ့ျပီး ျပည္ပအထိထိုးေဖာက္ေအာင္ျမင္ေနတဲ့သူျဖစ္တယ္။ ဒါေၾကာင့္ အမ်ိဳးမ်ိဳးေသာေဆြးေႏြးမႈအျပီးမွာ သူတို႕က လုယြင္ခ်န္းကို အသင့္ေတာ္ဆံုးျဖစ္ေၾကာင္းဆံုးျဖတ္ခဲ့ၾကတယ္။ သို႔ေပမယ့္ ထိုသို႔ေအာင္ျမင္ေက်ာ္ၾကားတဲ့သူမွာ မ်ားစြာေသာကုပစၥည္းတံဆိပ္ေတြရဲ႕ ကမ္းလွမ္းမႈကို ရရိွေနတဲ့အတြက္ သူတို႕ကိုဂရုျပဳမိဖို႔ဆိုတာ မျဖစ္နိုင္ေလဘူး။

သူတို႕ေတြ လုယြင္ခ်န္းကိုဖိတ္ေခၚထားျပီးျဖစ္ေပမယ့္ လုယြင္ခ်န္းဘက္မွေတာ့ စကားျပန္ျခင္းမရိွေသးဘူးေလ။

"ငါတို႔ကို လုယြင္ခ်န္းသတိထားမိေအာင္တစ္ခုခုလုပ္မွျဖစ္ေတာ့မယ္ သူကငါတို႕ေခ်ာကလက္အတြက္အသင့္ေတာ္ဆံုးလူပဲ "

" က်ြန္ေတာ္တို႔လည္း လုယြင္ခ်န္းရဲ႕ေထာက္ခံခ်က္က အသင့္ေတာ္ဆံုးပဲဆိုတာသိပါတယ္ ဒါေပမယ့္ လုယြင္ခ်န္းက ဘယ္လို ဘရန္းမ်ိဳးေတြနွင့္လက္မွတ္ထိုးထားတဲ့လူလဲ ၊ က်ြန္ေတာ္တို႕ရဲ႕ေခ်ာကလက္က သူတာဝန္ယူထားတဲ့ဘရန္းေတြထက္နိမ့္ေနေသးတာကိုး "

"ဒါေပမယ့္ငါတို႕ဟာက တရုတ္နိုင္ငံထုတ္ေခ်ာကလက္ကြ"

“ ျပည္ပကလာတဲ့ အရမ္းကိုနာမည္ၾကီးတဲ့ခ်ာကလက္ကလည္း လုယြင္ခ်န္းကိုေထာက္ခံသူအျဖစ္ကမ္းလွမ္းေသးတယ္ ဒါေပမယ့္လုယြင္ခ်န္းကျငင္းလိုက္တယ္တဲ့ ဒီေတာ့ က်ြန္ေတာ္တို႕ရဲ႕ပစၥည္းကိုလည္း လုယြင္ခ်န္းကလက္ခံမယ္လို႔မထင္ေတာ့ဘူး"

စီမံခန္႕ခြဲေရးဌာနထဲမွာ အျပင္းအထန္ေဆြးေႏြးေနတဲ့အခ်ိန္မွာပဲ ဝန္ထမ္းတစ္ေယာက္က အထဲကိုေျပးဝင္လာခဲ့တယ္။

"လက္ခံတယ္ လက္ခံလိုက္ျပီ လုယြင္ခ်န္းက က်ြန္ေတာ္တို႕ကိုေထာက္ခံေပးဖို႔လက္ခံလိုက္ျပီ .. ဒါေပမယ့္ေတာင္းဆိုခ်က္တစ္ခုေတာ့ပါတယ္"

လုယြင္ခ်န္းရဲ႕ေတာင္းဆိုခ်က္ေတြကို အကုန္ျဖည့္ဆည္းေပးဖို႔ေျပာထားတယ္ေလ __ ဒါကိုသူတို႕ကဘာေတြေတြးျပီးအေရးတၾကီးေျပာေနရတာလဲ ။

အမႈေဆာင္အရာရိွတစ္ဦးကဝင္ေမးလိုက္တယ္။

"သူကဘာကိုေတာင္းဆိုတာလဲ"

"လုယြင္ခ်န္းရဲ႕ေအးဂ်င့္ကေျပာတယ္ သူကရွန္ယန္းကိုပါသူနဲ႕အတူေထာက္ခံသူျဖစ္ေစခ်င္တယ္တဲ့ ၊ ဘာလို႕လဲဆိုေတာ့ လုယြင္ခ်န္းရဲ႕ေအးဂ်င့္က ရွန္ယန္းနွင့္ေကာင္းမြန္တဲ့ဆက္ဆံေရးရိွေနလို႔တဲ့ "

လူတိုင္းရဲ႕စိတ္ထဲမွာေမးခြန္းတစ္ခုေပၚေပါက္လာတယ္။
ရွန္ယန္းဆိုတာက ဘယ္သူလဲ?

သူတို႕ေတြ အင္တာနက္ေပၚမွာအခ်က္အလက္ေတြလိုက္ရွာျပီးခ်ိန္မွာေတာ့ ရွန္ယန္းကလက္ရိွမွာသိပ္ျပီးမေအာင္ျမင္ေသးေပမယ့္ အလားအလာအမ်ားၾကီးရိွေနေၾကာင္းသိရိွလိုက္ေလတယ္။ ေနာက္ျပီး လုယြင္ခ်န္းက သူတို႕ရဲ႕ေျပာေရးဆိုခြင့္ရိွသူျဖစ္လာဖို႔သေဘာတူခဲ့ကတည္းက သူတို႕ေတြအရာအားလံုးကိုလက္ခံနိုင္ဖို႔ေတြးထားခဲ့ျပီးသားေလ။

သူတို႕ရရိွလိုက္တဲ့ ရုတ္တရက္ဆန္ဆန္သေဘာတူညီမႈအျပီးမွာေတာ့ ဝန္ထမ္းတစ္ေယာက္ကို ရွန္ယန္းရဲ႕ေအးဂ်င့္ဆီသို႔ဆက္သြယ္ခိုင္းလိုက္ေတာ့တယ္။

တစ္ဖက္မွာေတာ့ က်ိဳးရိုက နာနီကားထဲမွာထိုင္ျပီး က်န္းရႈရိုက္ကူးျပီးခ်ိန္ကိုေစာင့္ေနခဲ့တာျဖစ္ျပီး ဖုန္းျမည္လာခ်ိန္မွာပဲ ေကာက္ကိုင္လိုက္ျပီးေနာက္ ခဏေလာက္ေအးခဲသြားေလတယ္။ သူမက တစ္ဖက္လူရဲ႕စကားကိုျပန္မေျဖခင္မွာ ဖုန္းနံပါတ္ကိုေနာက္တစ္ေခါက္ျပန္ျပီးၾကည့္လိုက္မိတယ္။

"ရွင္က Sweet Chocolate ကုမၸဏီကလို႔ေျပာလိုက္တာလား ?"

***

Unicode

ကုန်ပစ္စည်းထောက်ခံသူအဖြစ်လူရွေးပွဲက အရမ်းကိုမြန်ဆန်လွန်းတယ်။ သူတို့က ဒိုင်လူကြီးအနည်းငယ်နဲ့တွေ့ဆုံပြီး မေးခွန်းတချို့ဖြေကြားပေးရုံပဲလေ။ ဒါကြောင့် မကြာခင်မှာပဲ ရှန်ယန်းရဲ့အလှည့်ကိုရောက်ရှိလာခဲ့တယ်။

သူတို့ရဲ့ပထမဆုံးမေးခွန်းကတော့ ရှန်ယန်းအတွက် Dream chocolate ကဘယ်လိုအရာမျိုးလဲ။ ဒုတိယမေးလာတာကတော့ သူမအနေနဲ့ သူတို့ကုန်ပစ္စည်းရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်လာရင် ဘယ်လိုမျိုးပရိုမိုးရှင်းဆင်းပေးပြီး ကြော်ငြာပေးမှာလဲ နှင့် ရှန်ယန်းကဘာကြောင့်သူတို့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာချင်ရတာလဲ ဆိုတာတွေပဲ။

ရှန်ယန်းကတော့ မေးခွန်းအားလုံးကို အဆင့်အတန်းပေါ်လွင်စေမယ့်နည်းလမ်းတွေနှင့်ဖြေဆိုခဲ့တယ်။

လာရောက်ဖြေဆိုသူအများအပြားကိုတွေ့ပြီးချိန်မှာတော့ ချူးဖန်က အားလုံးထဲမှာရှန်ယန်းတစ်ဦးတည်းကသာ အသင့်တော်ဆုံးပဲလို့ယူဆခဲ့တယ်။ ဒါက ရှန်ယန်းရဲ့ထူးခြားတဲ့အဖြေတွေကြောင့်မဟုတ်ဘဲ သူမရဲ့ရုပ်ရည်အသွင်အပြင်က နှိုင်းယှဉ်မရလောက်အောင်ကိုမြင့်မားလွန်းနေလို့ပဲ။

ပြောနိုင်တာတစ်ခုကတော့ သူမက အနုပညာအသိုင်းအဝိုင်းထဲမှာ ပိုပြီးအငြင်းပွားစရာတစ်ခုဖြစ်လာနိုင်တယ်ဆိုတာပဲ။ အငြင်းပွားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်က သူမရဲ့သတင်းတွေကထိပ်ဆုံးမှာရောက်လာနိုင်လိမ့်မယ်လို့ပြောချင်တာဖြစ်တယ်။ နောက်ပြီး ရှန်ယန်းရိုက်ကူးခဲ့တဲ့အွန်လိုင်းဒရမ်မာတွေကလည်း စတင်ပြီးထုတ်လွှင့်တော့မှာလေ။

ချူးဖန်က တွေးတောပြီးနောက် စတင်အကြံပေးလိုက်တယ်။

"သူ(မ)က ကောင်းမယ်ထင်တယ်နော်"

လီဟဲက ချူးဖန်ရဲ့စကားကိုရယ်မောပြီး ထပ်မံပြောလာပြန်တယ်။

"မင်းက ရှန်ယန်းနဲ့ဆက်ဆံရေးကောင်းကောင်းရှိနေတာလား ဒါမှမဟုတ် သူနဲ့ငါ့တူမက ရှိုးပွဲထဲမှာပြိုင်ဘက်တွေဖြစ်နေလို့ သူ့ကိုတမင်ရွေးချင်နေတာလား "

ချူးဖန်က စားပွဲကို ဒေါသတကြီးရိုက်ချလိုက်ပြီး မပ်တပ်ထရပ်လိုက်တယ်။

"မင်း ဘယ်လိုစကားတွေပြောနေတာလဲ ဟမ် ငါက ကုမ္ပဏီအတွက်အကောင်းဆုံးလို့ထင်ရတဲ့လူကိုပဲရွေးတာ ငါတို့ရဲ့လက်ရှိချောကလက်ကအွန်လိုင်းမှာနာမည်ကြီးနေပြီ ၊ ဒီတော့ ရောင်းအားကလည်းကောင်းနေတယ် ၊ ဒါပေမယ့် ဘယ်လိုနာမည်ကြီးကုန်ပစ္စည်းကအမြဲတမ်းနာမည်ကြီးနိုင်မှာလဲ ? တကယ်လို့ ငါတို့ရဲ့ရောင်းအားတွေထပ်ပြီးမကောင်းမွန်နိုင်တော့တဲ့အချိန်ကိုရောက်ရင် ငါတို့ဘာတွေလုပ်သင့်လဲ ? ငါက ကုမ္ပဏီအတွက် အသင့်တော်ဆုံးဖြစ်လောက်မယ့်ပြောရေးဆိုခွင်ရှိသူကို ရွေးနေတာမဟုတ်ဘူးလား ? အလုပ်အတူတူလုပ်ပြီး အကောင်းဆုံးကုန်ပစ္စည်းဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေးစမ်းပါ !"

"ရှန်ယန်းကဘာတွေများလုပ်နေလို့လဲ .. သူကအွန်လိုင်းဒရမ်မာလေးတစ်ခုကိုပဲ သရုပ်ဆောင်ဖူးသေးတာပါ သူကဘယ်လိုလုပ် ငါတို့ရဲ့ချောကလက်ကို ဘရန်းတစ်ခုအဖြစ်ပြောင်းလဲပေးနိုင်မှာလဲ အနာဂတ်မှာရောင်းအားတွေထိုးကျသွားအောင်လုပ်ဖို့ခွင့်ပြုပေးရမှာလား သူ့ကိုပြောရေးဆိုခွင့်ရှိသူအဖြစ်ခန့်အပ်ရအောင် ငါတို့ကသူ(မ)အပေါ်အကြွေးတင်ထားတာရှိနေလို့လား မင်းက ငါ့ကိုတမင်ဆန့်ကျင့်နေတာပဲ"

လီဟဲကထပ်ဖြည့်ပြီးပြောပြန်တယ်။

" မင်းသာဒီလိုလုပ်မယ်ဆိုရင် ငါကလည်း ငါ့တူမကိုပဲခန့်အက်ဖို့ကုမ္ပဏီကိုတင်ပြရမှာပဲ လူတိုင်းကလည်း ငါ့ကိုပဲထောက်ခံကြမှာ ၊ အွန်လိုင်းဒရမ်မာမှာ သရုပ်ဆောင်ဖူးတဲ့လူနှင့် ဒုတိယဇာတ်လိုက်မအဖြစ် သရုပ်ဆောင်ထားတဲ့ငါ့တူမနှင့်ဆိုရင် ဘယ်သူကထောက်ခံသူဖြစ်သင့်လဲဆိုတာ မင်းသိလာလိမ့်မယ်"

အခုချိန်မှာ သူတို့ရဲ့ကုမ္ပဏီက ပထမဆင့်နှင့်ဒုတိယအဆင့်တို့မှာရှိနေတဲ့အနုပညာရှင်တွေကို ပြောရေးဆိုခွင့်ရှိသူအဖြစ်ရွေးချယ်လိုက်မယ်ဆိုရင် ထိုအနုပညာရှင်အတွက် ငွေကြေးအမြောက်အမြားအသုံးပြုရလိမ့်မယ်။ ဒီတော့ သူတို့အနေနဲ့ နာမည်ကြီးလူသိများလာခါစဖြစ်ပြီး အလားအလာလည်းရှိတဲ့ ၊ အွန်လိုင်းပေါ်မှာအငြင်းအခုံတွေကိုဖြစ်ပေါ်စေတဲ့အနုပညာရှင်ကိုပဲအလိုရှိနေတာဖြစိတယ်။

လူရွေးပွဲရဲ့ဒိုင်လူကြီးအများအပြားကတော့ ကုမ္ပဏီရဲ့ထိပ်တန်းစီမံခန့်ခွဲသူတွေပဲဖြစ်ပြီး ချူးဖန်နှင့်လီဟဲရဲ့အငြင်းအခုံစကားတွေကိုနားထောင်ပြီးနောက်မှာ တစ်ယောက်ပြီးမှ တစ်ယောက်ဆွေးနွေးဖို့ပြောလာကြတယ်။

သူတို့အနေနဲ့ ဒီကိစ္စကိုဆွေးနွေးချင်ရင်တောင် ရှန်ယန်းရဲ့ရှေ့မှာတော့ တိုက်ရိုက်မဆွေးနွေးသင့်ဘူးလေ။ ဒါက ရှန်ယန်းရဲ့ဂုဏ်သိက္ခာနှင့်တန်ဖိုးကို လုံးဝထည့်မတွက်တာပဲ။ တကယ်လို့ ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်ရှိတဲ့အနုပညာရှင်တစ်ယောက်သာဆိုရင် ဒီလိုမျိုး စကားတွေကို မျက်နှာချင်းဆိုင်ပြီးပြောဖို့သတ္တိရှိလိမ့်မှာတဲ့လား ။

သူတို့ရဲ့ရှေ့မှာဘယ်သူမှရှိမနေသလိုမျိုး စီးပွားရေးအကြောင်းကိုဆွေးနွေးနေကြတဲ့လူတွေကြည့်ပြီး ရှန်ယန်းရယ်မောလိုက်တယ်။

"တကယ်လို့ ရှင်တို့ကုမ္ပဏီက ကျွန်မကိုပြောရေးဆိုခွင့်ရှိသူအဖြစ်ရွေးချယ်မယ်ဆိုရင်တောင် ကျွန်မလက်မခံနိုင်တော့ဘူး "

သူမက မပ်တပ်ထရပ်လိုက်ကာ သူမရဲ့ကိုယ်ရေးအကျဉ်းဖိုင်ကိုကောက်ယူပြီး အပြင်ကိုချက်ချင်းထွက်ခွာသွားခဲ့တယ်။

ရှန်ယန်းရဲ့အမူအယာကိုကြည့်ပြီး လီဟဲကအခွင့်အရေးကိုအသုံးချကာ ချက်ချင်းပဲထပြောလာပြန်တယ်။

"သူ့ရဲ့အမူအယာကိုကြည့်လိုက်စမ်း အဲဒါကဘာသဘောလဲ ? မင်းက ကိုယ့်ကိုကိုယ်ဘာတွေပြောနေတာလဲဆိုတာမသိသေးဘူး ၊ တကယ်လို့ငါတို့သာ မင်းလိုမျိုး အောင်မြင်ဖို့လမ်းကို မသိတတ်တဲ့စရိုက်မျိုးရှိတေဲ့လူနဲ့ စာချုပ်ချုပ်လိုက်မယ်ဆိုရင် မင်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့ကပိုပြီးခက်ခဲလာလိမ့်မယ်နော် ၊ ငါ့တူမကိုသာရွေးလိုက်စမ်းပါ ငါ့တူမက ငါတို့ကုမ္ပဏီရဲ့ ကျော်ကြားမှုတွေကိုယူဆောင်လာပေးလိမ့်မယ်လို့ ကတိပေးနိုင်တယ်"

ချူးဖန်ရဲ့ထည့်သွင်းမြှပ်နှံထားတဲ့ရှယ်ယာတွေက သိပ်ပြီးမများလှဘူး။ သူက အရာအားလုံးကိုဆုံးဖြတ်ဖို့အတွက် လုံလောက်တဲ့နေရာမှာမရှိသလို လီဟဲရဲ့ရှယ်ယာတွေကလည်း သူ့ထက်များနေသေးတယ်။ vote ပေးတဲ့စနစ်နှင့်ရွေးမယ်ဆိုရင်တောင် သူတို့က လီရှင်းကိုပဲရွေးချယ်ပြီး ပူးပေါင်းဆောင်ရွက်သွားလိမ့်မယ်။

လီဟဲက ကြီးမားတဲ့အပြုံးတစ်ခုကိုချိတ်ဆွဲပြီး ထပ်ပေါင်းပြောလိုက်တယ်။

" မင်းတို့တွေစိတ်ပူနေစရာမလိုပါဘူး ငါ့တူမက သေချာပေါက်အောင်မြင်ကျော်ကြားတဲ့သူဖြစ်ပြီး နောက်ထပ်လည်းအများကြီးတိုးတက်လာဦးမှာ __ ဟုတ်တယ် .. ရှန်းလု .. နောက်ထပ် voteပေးရမယ့်ပြိုင်ပွဲကိုလည်း အတူတူ voteပေးကြတာပေါ့ ၊ ငါ့တူမသာအနိုင်ရခဲ့ရင် ငါတို့ရဲ့စီးပွားရေးအတွက်လည်း အကျိုးရှိတာပဲလေ အနိုင်ရတယ်ဆိုတဲ့အဓိပ္ပာယ်က လုယွင်ချန်းနှင့်အတူတွဲပြီးသရုပ်ဆောင်ရမယ်လို့ဆိုလိုတာပဲ !"

ချူးဖန် သက်ပြင်းတစ်ချက်ချလိုက်မိတယ်။ သူ့အနေနဲ့ ရှန်ယန်းကသာ အလားအလာရှိတဲ့အနုပညာရှင်တစ်ယောက်ဖြစ်နိုင်တယ်လို့ထင်မြင်မိတယ်လေ။ သူမရဲ့အွန်လိုင်းဒရမ်မာက ထုတ်လွှင့်ရသေးတာမဟုတ်ဘူးဆိုတာကတော့ ထည့်ပြောစရာတောင်မလိုဘူး။

လီရှင်းက ဇာတ်လမ်းတွဲထဲမှာ ဒုတိယမင်းသမီးအဖြစ်ပါဝင်ခဲ့ဖူးတယ်ဆိုပေမယ့် ဘယ်လောက်ထိလူပြောများနေဦးမှာတဲ့လဲ ၊ နောက်ပြီး အခုချိန်ရှန်းလုလူရွေးပွဲကလည်း .. လူတွေအများကြီးက ရှန်ယန်းကိုပဲသဘောကျနေခဲ့တာလေ။ ပရိုဂရမ်ရဲ့ ပထမအကြိမ်ရွေးချယ်မှုကိုပဲကြည့်ရင်တောင် သူမရဲ့ voteတွေက အရမ်းကိုမြင့်မားနေခဲ့တာကို လူတိုင်းမြင်နိုင်တယ်။ ဒါကို ဒီလူတွေက လီဟဲကိုဘယ်လိုများယုံကြည်နိုင်ကြတာလဲ ။

ရှန်ယန်းထွက်လာပြီးတဲ့နောက်မှာ ကျန်းရုံရဲ့အလှည့်ကိုရောက်ရှိလာပေမယ့် ရှန်ယန်းက ကျန်းရုံကိုအပြင်ဘက်သို့ဆွဲခေါ်သွားပြီး အထဲမှာဖြစ်ပျက်နေသမျှကို ပြောပြလိုက်တယ်။ ကျန်းရုံကတော့ ရှန်ယန်းရဲ့စကားတွေကြောင့် ဒေါသစိတ်ကြောင့်  မျက်နှာတစ်ခုလုံးနီရဲသွားလေရဲ့။

" ကျွန်မလည်း အစ်မနဲ့အတူလိုက်မယ် သွားရအောင် သူတို့တွေက စိတ်ထဲမှာအများကြီးတွေးသင့်တဲ့ဟာမျိုးတွေမဟုတ်ဘူး ၊ သူတို့နဲ့အတူအလုပ်လုပ်ရင် အစ်မကိုတောင်သိမ်ငယ်သွားစေလိမ့်မယ် ! သူတို့ကဘယ်လိုတောင်ပြောရဲရတာလဲ ?! လီရှင်းလည်းအတူတူပဲ စိတ်ပျက်စရာကောင်းလွန်းတယ် "

ရှန်ယန်းက Dream Chocolate ရဲ့ရုံးအဆောက်အအုံကိုပြန်လှည့်ကြည့်လိုက်ပြီး ကျန်းရုံကိုခပ်တိုးတိုးပြောလိုက်တယ်။

"ငါ ဒီကုမ္ပဏီကိုဝယ်ပြီးသွားတဲ့အချိန်ရောက်ရင် နင်ကိုပြောရေးဆိုခွင့်ရှိသူအဖြစ် ကမ်းလှမ်းလိုက်မယ်"

ကျန်းရုံ : "........"

ကျန်းရုံကတော့ ရှန်ယန်းကအရမ်းကိုစိတ်ဆိုးနေတာဖြစ်မယ်လို့တွေးလိုက်တယ်။ ဒါကြောင့် အနာဂတ်မှာအဲဒီကုမ္ပဏီကိုသိမ်းယူမယ်လို့တောင်တွေးနေပြီးတော့ သူမကိုပါပြောရေးဆိုခွင့်ရှိသူအဖြစ် လာကမ်းလှမ်းလိုက်သေးတယ်။

"ကောင်းပြီ အစ်မယန်ယန်း အဲဒီကုမ္မဏီကိုဝယ်ပြီးတဲ့အချိန် ကျွန်မကိုပြောရေးဆိုခွင့်ရှိသူအဖြစ်ကမ်းလှမ်းရမယ်နော်"

သူမတို့နှစ်ယောက်အပြင်သို့ထွက်လာကတည်းက ဝမ်ဖန်းလည်းလှမ်းမြင်လိုက်တာဖြစ်ပြီး သူတို့ရဲ့စကားသံတွေကိုကြားတော့ မထိန်းနိုင်ပဲပြုံးမိသွားလေတယ်။ သူ့အနေနဲ့ ရှန်ယန်းကိုယုံကြည်ဟန်ဆောင်နေရတယ်ဆိုပေမယ့် သူတို့ပြောတဲ့စကားတွေကိုတော့ လုံးဝယုံကြည်မှုမရှိဘူးလေ။

ဝမ်ဖန်းနှင့်ကျန်းရုံတို့မှာ ဒီနေ့အတွက်အလုပ်မရှိတော့တာကြောင့် ရှန်ယန်းကိုအတူပြန်လိုက်ပို့ခဲ့ကြတယ်။ သူတို့ကရှန်ယန်းကိုညစာအတွက်ဖိတ်ခဲ့ပေမယ့်လည်း ရှန်ယန်းဘက်မှငြင်းပယ်ခဲ့တယ်လေ။ တစ်ဖက်မှာတော့ ဝမ်ဖန်းက ထိုချောကလက်ကုမ္ပဏီမှ ရှန်ယန်းကိုထိခိုက်နစ်နာအောင်လုပ်ခဲ့ကြောင်းရိပ်မိခဲ့ပြီး ရှန်ယန်းရော၊ ကျန်းရုံပါထိုကုမ္ပဏီနှင့်လက်မှတ်မထိုးခဲ့တာကောင်းမွန်ကြောင်း တွေးတောနေခဲ့တယ်။ သူက လီရှင်းကို မယုံကြည်မိစေဖို့ နှင့် မနှောင့်ယှက်မိစေဖို့ ရှန်ယန်းကိုသတိပေးချင်နေခဲ့တာဖြစ်ပေမယ့် လက်ရှိမှာတော့ မလိုအပ်တော့တာဖြစ်နိုင်တယ်။

ထိုအချိန် တစ်ဖက်မှ Sweet Chocolate ကုမ္ပဏီအတွက်တော့ စိုးရိမ်စရာကိစ္စတချို့ရှိနေပုံပဲ။ သူတို့က လုယွင်ချန်းကို ပြောရေးဆိုခွင့်ရှိသူအဖြစ်လိုချင်နေခဲ့တာလေ။ သို့ပေမယ့် လုယွင်ချန်းက လက်ရှိမှာ တရုတ်နိုင်ငံရဲ့ထိပ်သီးနေရာမှာရှိနေခဲ့ပြီး ပြည်ပအထိထိုးဖောက်အောင်မြင်နေတဲ့သူဖြစ်တယ်။ ဒါကြောင့် အမျိုးမျိုးသောဆွေးနွေးမှုအပြီးမှာ သူတို့က လုယွင်ချန်းကို အသင့်တော်ဆုံးဖြစ်ကြောင်းဆုံးဖြတ်ခဲ့ကြတယ်။ သို့ပေမယ့် ထိုသို့အောင်မြင်ကျော်ကြားတဲ့သူမှာ များစွာသောကုပစ္စည်းတံဆိပ်တွေရဲ့ ကမ်းလှမ်းမှုကို ရရှိနေတဲ့အတွက် သူတို့ကိုဂရုပြုမိဖို့ဆိုတာ မဖြစ်နိုင်လေဘူး။

သူတို့တွေ လုယွင်ချန်းကိုဖိတ်ခေါ်ထားပြီးဖြစ်ပေမယ့် လုယွင်ချန်းဘက်မှတော့ စကားပြန်ခြင်းမရှိသေးဘူးလေ။

"ငါတို့ကို လုယွင်ချန်းသတိထားမိအောင်တစ်ခုခုလုပ်မှဖြစ်တော့မယ် သူကငါတို့ချောကလက်အတွက်အသင့်တော်ဆုံးလူပဲ "

" ကျွန်တော်တို့လည်း လုယွင်ချန်းရဲ့ထောက်ခံချက်က အသင့်တော်ဆုံးပဲဆိုတာသိပါတယ် ဒါပေမယ့် လုယွင်ချန်းက ဘယ်လို ဘရန်းမျိုးတွေနှင့်လက်မှတ်ထိုးထားတဲ့လူလဲ ၊ ကျွန်တော်တို့ရဲ့ချောကလက်က သူတာဝန်ယူထားတဲ့ဘရန်းတွေထက်နိမ့်နေသေးတာကိုး "

"ဒါပေမယ့်ငါတို့ဟာက တရုတ်နိုင်ငံထုတ်ချောကလက်ကွ"

“ ပြည်ပကလာတဲ့ အရမ်းကိုနာမည်ကြီးတဲ့ချာကလက်ကလည်း လုယွင်ချန်းကိုထောက်ခံသူအဖြစ်ကမ်းလှမ်းသေးတယ် ဒါပေမယ့်လုယွင်ချန်းကငြင်းလိုက်တယ်တဲ့ ဒီတော့ ကျွန်တော်တို့ရဲ့ပစ္စည်းကိုလည်း လုယွင်ချန်းကလက်ခံမယ်လို့မထင်တော့ဘူး"

စီမံခန့်ခွဲရေးဌာနထဲမှာ အပြင်းအထန်ဆွေးနွေးနေတဲ့အချိန်မှာပဲ ဝန်ထမ်းတစ်ယောက်က အထဲကိုပြေးဝင်လာခဲ့တယ်။

"လက်ခံတယ် လက်ခံလိုက်ပြီ လုယွင်ချန်းက ကျွန်တော်တို့ကိုထောက်ခံပေးဖို့လက်ခံလိုက်ပြီ .. ဒါပေမယ့်တောင်းဆိုချက်တစ်ခုတော့ပါတယ်"

လုယွင်ချန်းရဲ့တောင်းဆိုချက်တွေကို အကုန်ဖြည့်ဆည်းပေးဖို့ပြောထားတယ်လေ __ ဒါကိုသူတို့ကဘာတွေတွေးပြီးအရေးတကြီးပြောနေရတာလဲ ။

အမှုဆောင်အရာရှိတစ်ဦးကဝင်မေးလိုက်တယ်။

"သူကဘာကိုတောင်းဆိုတာလဲ"

"လုယွင်ချန်းရဲ့အေးဂျင့်ကပြောတယ် သူကရှန်ယန်းကိုပါသူနဲ့အတူထောက်ခံသူဖြစ်စေချင်တယ်တဲ့ ၊ ဘာလို့လဲဆိုတော့ လုယွင်ချန်းရဲ့အေးဂျင့်က ရှန်ယန်းနှင့်ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေလို့တဲ့ "

လူတိုင်းရဲ့စိတ်ထဲမှာမေးခွန်းတစ်ခုပေါ်ပေါက်လာတယ်။
ရှန်ယန်းဆိုတာက ဘယ်သူလဲ?

သူတို့တွေ အင်တာနက်ပေါ်မှာအချက်အလက်တွေလိုက်ရှာပြီးချိန်မှာတော့ ရှန်ယန်းကလက်ရှိမှာသိပ်ပြီးမအောင်မြင်သေးပေမယ့် အလားအလာအများကြီးရှိနေကြောင်းသိရှိလိုက်လေတယ်။ နောက်ပြီး လုယွင်ချန်းက သူတို့ရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်လာဖို့သဘောတူခဲ့ကတည်းက သူတို့တွေအရာအားလုံးကိုလက်ခံနိုင်ဖို့တွေးထားခဲ့ပြီးသားလေ။

သူတို့ရရှိလိုက်တဲ့ ရုတ်တရက်ဆန်ဆန်သဘောတူညီမှုအပြီးမှာတော့ ဝန်ထမ်းတစ်ယောက်ကို ရှန်ယန်းရဲ့အေးဂျင့်ဆီသို့ဆက်သွယ်ခိုင်းလိုက်တော့တယ်။

တစ်ဖက်မှာတော့ ကျိုးရိုက နာနီကားထဲမှာထိုင်ပြီး ကျန်းရှုရိုက်ကူးပြီးချိန်ကိုစောင့်နေခဲ့တာဖြစ်ပြီး ဖုန်းမြည်လာချိန်မှာပဲ ကောက်ကိုင်လိုက်ပြီးနောက် ခဏလောက်အေးခဲသွားလေတယ်။ သူမက တစ်ဖက်လူရဲ့စကားကိုပြန်မဖြေခင်မှာ ဖုန်းနံပါတ်ကိုနောက်တစ်ခေါက်ပြန်ပြီးကြည့်လိုက်မိတယ်။

"ရှင်က Sweet Chocolate ကုမ္ပဏီကလို့ပြောလိုက်တာလား ?"

***

Pokračovat ve čtení

Mohlo by se ti líbit

838K 90K 167
summary အခ်ိန္​ခရီးသြားပုံျပင္​တစ္​ပုဒ္​ ဉာဏ္​နီဉာဏ္​နက္​မ်ားၿပီး ​ေကာက္​က်စ္​တ့ဲသူမဟာ အဆင္​့အတန္​းျမင္​့မ်ိဳး႐ိုးမွ လူမမာသည္​မမ​ေလး လာျဖစ္​တယ္​ ​ေစ့...
8K 679 89
Title The eunuch is pregnant Type Web Novel (CN) Genre Adult Comedy Fantasy Gender Bender Historical Josei Mature Romance Author(s) Zui Meng Qing Ku...
7.1K 244 20
Author - Tong Hua (桐华) Year - 2013 Chapter - 51(completed) Start - 28.9.2022 End - This is fun translation. I do not own this story. The pictures up...
1.2M 90.4K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.