Castle in the air

By tuminkoe

11.2K 860 136

OTP အစွဲရှိရင်မဖတ်ပါနဲ့ စိတ်အခြေအနေအရက Vmin လား Jikookလား Taekookလားမသိပါဘူးရေးချင်သလိုရေးမှာပါရေးချင်သလိုရေး... More

Intro
Castle in the air 1
castle in the air 2
Castle in the air 3
Castle in the air 4
Castle in the air5
Castle in the air 6
Castle in the air 7
Castle in the air 8
Castle in the air 9
Castle in the air 10
Castle in thr air 11
Castle in the air 12
Castle in the air 14
Castle in the air 15
Castle in the air 16
Castle in the air 17 ⚠️over 21
Castele in the air 18
Castle in the air 19
Castle in the air 20
Castle in the air 21 (new)
Case in the air 22
Castle in the air 23

Castle in the air 13

373 34 6
By tuminkoe

"စည်းကမ်းတွေ မတင်းကြပ်ပေမယ့် ဒီအချက်ကြီးက ဘာလဲဟာ"

ကောင်မလေးက နှာခေါင်း ရှုံ့ကာ နံရံဗီနိုင်းကြည့်ပြီး ပြောနေလေရဲ့

"ဟမ် ၁အချက် ဝန်ထမ်း အားလုံး မနက် ၉နာရီ ထက်တစ်မိနစ်လေးမျှ မနောက်ကြရ

၂အချက် ဝန်ထမ်း အချင်းချင်း ရန်မဖြစ်ရ

၃အချက် အားလုံးဖော်ရွေစွာ လေးစားဆက်ဆံပြီး အလုပ်ကြိုးစားရမည်။

၄အချက် ပြောစရာ တိုင်ပင်စရာ ဆွေးနွေးစရာရှိပါက Kim Taehyung ဆီ တိုက်မသွားရ Park Jimin ဆီသာ လာရောက်အစီရင်ခံရမည်။

အချက်တွေက ပုံမှန်ပေမယ့် နောက်ဆုံးအချက်က ထူးဆန်းနေသလားနှော "

"အေးလေ အဲ့တာပြောတာ ပိုင်ရှင်က သူငယ်ချင်း ၂ယောက်လုံးမလား အကို ထယ်ယောင်း နဲ့ အကို ဂျီမင် နှစ်ယောက် ပိုင်တာမလား ဒီ အရောင်း ပြခန်းက"

ထိုအချိန် ပိုင်ရှင် ၂ယောက် ဝင်လာ၍ ဝန်ထမ်းများ ပျာပျာသလဲ ကိုယ့်အလုပ်နေရာကိုယ်ပြေးကြ၏။

Jiminက ဝန်ထမ်းတွေရှေ့မှာဆို တအား တည်တာ အပြုံးအရယ်မရှိဘူး အခုလည်း ဆိုင်ထဲ ရောက်ပြီဆိုကတည်းက လူကို စကားပြောလက်စတောင်မပြောတော့ဘဲ ဘေးချင်း ယှဉ်လျှောက်နေတာ

ထယ်ယောင်း ဝန်ထမ်းတွေဘက်လှမ်းကြည့်တော့ သူတို့အကုန် က ကျွန်တော်တို့ ကြည့်နေကြပြီး ပြုံးပြ ကြ၏။ ထယ်ယောင်းလည်း ပြန်ပြုံးလိုက်သည်။

ရုံးခန်းထဲကို နှစ်ယောက်သား ဝင်သွားတော့မှ ဝန်ထမ်းတွေ အကုန် သက်ပြင်းချနိုင်ကြ၏။

"အမလေး မောလိုက်တာ အကိုဂျီမင့်ကိုကြောက်လွန်းလို့ ရူးတော့မယ်"

"ငါတော့ အမောပြေပါ့ အကို ထယ်ယောင်း က တကယ် ချစ်စရာ Crush ဖို့ စိတ်ကူးထဲက မင်းသားလေး"

"အေး ဟယ် ငါ ချစ်လိုက်တာ "

"အဟမ်း"

ကောင်မလေးတွေ နား ဝန်ထမ်းကောင်လေး တချို့ရောက်လာတာနဲ့ ကောင်မလေးတွေ စကားပြော ရပ်လိုက်ကြ၏။

"ထယ်ယောင်း ဒီနေ့ အစည်းအဝေးရှိတယ်နော်"

ထယ်ယောင်း ဖုန်းကိုင်ပြီး ပြုံးနေတာမို့ ဂျီမင်သိချင်၍ စကားစလိုက်၏။

"ထယ်ယောင်းးး"

"ဟမ်"

ထယ်ယောင်း အခုမှ ဂျီမင့်ကိုသတိရကာ မျက်ခုံးလေးပင့်ပြလိုက်သည်။

"ဘယ်သူနဲ့ စကားပြောနေတာလဲ"

"ကူးငယ်လေ ငါ့ကိုဟာသလုပ်နေလို့ ရယ်နေရတာ"

ဂျီမင် ဘာမှ စကားဆက်မပြောတော့ဘဲ laptopကနေ စာရင်း ဇယားတွေ ကြည့်နေလိုက်တော့သည်။

ခဏအကြာ ထယ်ယောင်း ရုံးခန်းထဲက ထွက်သွားတာကို ဂျီမင် နောက်ကနေ    လိုက်ရ၏။

ထယ်ယောင်း က ဆိုင်ရှေ့ ထွက်သွားတာမို့ ဂျီမင် ဆိုင် ထဲကနေသာ ထယ်ယောင်းကိုကြည့်နေလိုက်သည်။

Car Showroom ဖွင့်ထားတာမို့ Showroom အရှေ့ဘက် မျက်နှာပြင်တစ်ခုလုံး ဖန်သား တွေနဲ့သာ ဖွဲ့စည်းထားတာမို့ အပြင်ဘက်ကို ကောင်းစွာမြင်ရသည်။

ထယ်ယောင်းရှေ့ကားတစ်စီး ရပ်လိုက်ပြီး ကားထဲကနေ ကူးငယ် ထွက်လာသည်။

"ကိုကို "

ကူးငယ်က ကိုကို လက်ကို ချိတ်လိုက်ပြီး စကားတွေပြောနေတာ

"အင်း ဆိုင်ထဲ ဝင်လေ ကိုကိုတို့ဆိုင် ဖွင့်ပွဲတုန်းက လည်း ကူးငယ်မလာဘူး ဂျီမင် ရှိတယ် ရုံးခန်းမှာ"

"နေပါ သူက ကျွန်တော်လာတာကြိုက်မှမကြိုက်ဘဲ ကိုကို့ ကိုတွေ့ချင်လို့ လာတာဘဲ ကိုကို ကျွန်တော်နဲ့ မုန့်လိုက်စားမယ်မလား"

"အင်း ဒီနေ့ နေ့လည် metting မီအောင်ပြန်ပို့ပေးလေ ကိုကို လည်း ကူးငယ်ကို အချိန်မပေးရတာကြာပြီ အခု ဂရုစိုက်ရအုံးမယ် သွားကြတာပေါ့"

Jimin မေးရိုးတွေ တင်းသည်ထိ မျက်နှာထား တည်လွန်းနေသည်။

ဆိုင်ထဲမှာ customersရောက်နေတော့ ဝန်ထမ်းတွေ Jiminကို သတိမထားမိပေ

ဝန်ထမ်း မလေး နှစ်ယောက် Jimin အနီးက ကား ကို ဖုန်သုတ်ဖို့လာရင်း ဂျီမင့်ကိုတွေ့ပြီး ဂျီမင့်ကြည့်နေတဲ့နေရာကြည့်လိုက်ကြတော့

ထယ်ယောင်းကို ကူးငယ်က ကားတံခါးဖွင့်ပေးပြီး ကားပေါ် ထယ်ယောင်း တက်လိုက်သည်။

"အားးး မိုက်တယ် "

Jiminကောင်မလေး အသံကြားတော့ သူတို့ဘက်လှည့်ကြည်မိသည်။ကောင်မလေး တွေကတော့ သူတို့ကြည့်နေမှန်းမသိပေ

"အကို ထယ်ယောင်း ကောင်လေးလား အားးးး ငါတော့ သဘောတူတယ် "

"ဟင့် ငါက အကို ထယ်ယောင်းကို ကြွေနေတာလေဟာ ညီအစ်ကိုဘဲ ဖြစ်မှာပါ"

"အာ....ဘယ် ညီအစ်ကိုက အဲ့လို ကားတံခါးကို ဒီအရွယ်ထိ ဖွင့်ပေးဂရုစိုက်နေမှာဘဲ "

Jimin ဒေါသတွေ ပိုလာပြီမို့ မှန်ကို လက်နဲ့ ထုလိုက်မိသည်။

"အယ် ...."

"အကို ဂျီမင်"

ကောင်မလေးနှစ်ယောက် ခေါင်းလေး ပုကာ အဲ့နေရာ အမြန်လစ်ကြ၏။

"ကူးငယ် ဒါက ..."

ပန်းချီပြခန်းကို ခေါ်လာခဲ့ခြင်းဖြစ်သည်။

ကူးငယ်က ကိုကို့လက်မောင်းကိုတွဲလျက် ပန်းချီကားတွေ လိုက်ကြည့်နေ၏။

ကိုကို ကတော့ ကူးငယ်ကို ကလေးလေးလိုသဘောထားကာ လက်တွဲ ခွင့်ပြုပြီး နှစ်ယောက်သား ပန်းချီပြခန်းမှ Dateဖြစ်ကြ၏။

"ကိုကို ဒီပန်းချီကားလေး ကြိုက်လို့လား"

ထယ်ယောင်း ငေးနေတဲ့ပန်းချီကားကိုကူးငယ် ကိုင်ကြည့်ကာ မေး၏။

"အင်း ဂျီမင် ကြိုက်မှာဘဲ တွေးမိလို့ "

ထယ်ယောင်းက ရိုးသားစွာ ပြောပြလိုက်ပေမယ့် ကူးငယ်က မျက်နှာပျက်ကာ ထယ်ယောင်း လက်ကိုတွဲထားတာ လွှတ်လိုက်၏။

"ဘာလို့လဲ ကိုကို့ကို စိတ်ဆိုးတာလား"

"ကိုကို ကျွန်တော်နဲ့ ရှိနေချိန် သူ့အကြောင်း မပြောပါနဲ့ ကိုကို့ဘေး ကျွန်တော်ဘဲရှိချင်တာ ကိုကို့အချစ်တွေလည်း ကျွန်တော်ဘဲရချင်တာကိုကိုသိရဲ့နဲ့"

ထယ်ယောင်း သဘောကျစွာ ရယ်လိုက်မိ၏။

"ကိုကို့အချစ်တွေကရော အခု သူ့ကိုပေးနေလို့လား ကိုကို ကူးငယ်ကို ဂရုစိုက်ပေးနေပြီလေ ဂျီမင့်ကို ကိုကို ချစ်ပေမယ့် သူ့ကို ကိုကို ကိုကို့အချစ် ပေးထားလို့လား "

ကူးငယ် ပြုံးကာ ထယ်ယောင်း လက်လေး ချိတ်လိုက်ပြီမို့ ထယ်ယောင်း ကူးငယ်ကိုကြည့်ကာ

"ဒီပန်းချီကားကိုကို ဝယ်မှာနော်"

"အင်းပါ"

Jkထယ်ယောင်းအား ပန်းချီခန်းမှာ ဓာတ်ပုံတွေ ရိုက်ပေးပြီး သူ့IGမှာ အမိရတင်လိုက်သေး၏။

Captionမှာ Date with Ko Ko ဆိုပြီး ထယ်ယောင်း ပုံလေး တွေ ၅ပုံလောက်တင်လိုက်၏။

ထယ်ယောင်းကတော့ ပန်းချီကားအတွက်ငွေချေနေ၍ မသိပေ

Jimin ထိုင်မရ ထမရနဲ့ နာရီကြည့်တော့ နေ့လည်စာ စားချိန်ရောက်နေပြီ ရုံးခန်းအပြင်ဘက်မှာ ဝန်ထမ်းတွေတောင် နေ့လည်စာစား၍ စကားတွေပြောကြ ဆိုကြ အသံတွေ ကြားနေရသည်။

ရုတ်တရက် notiတက်လာ၍ ဖုန်းလေးဖွင့်ကြည့်မိသည်။

"ဟင်းးး Kim Taehyung မင်းကို ငါ Jkနဲ့ တွဲရုံဘဲ တွဲနေတာ ဆိုတာ ဖွင့်ပြောခဲ့သင့်ဘူး ဟူးးးအခုတို့ သူတို့နှစ်ယောက်ဘဲ သာယာနေတာ"

Jimin Jk နေမကောင်းတဲ့နေ့ကဘဲ ထယ်ယောင်းကို အကြောင်းစုံရှင်းပြခဲ့မိသည်။

မင်းကို သူ့လက်ထဲ မထည့်ချင်လို့ ငါသူနဲ့တွဲ ဖို့ဆုံးဖြတ်တာဆိုတော့ ထယ်ယောင်းရယ်တဲ့အရယ်က သိပ်ကြောက်ဖို့​ကောင်းတာ ပြောပါသေးတယ်

"ငါ့ကို လှည့်စားရတာ ပျော်လား"တဲ့

အဲ့နေ့ကစပြီး လူကို အလေးမထားတော့ Jkကို ပိုဂရုစိုက်တယ် Jkကိုပိုအချိန်ပေးတယ်

သူနဲ့ မနက် ရုံးမှာ တွေ့ နေရပေမယ့် offရက်တွေဆို လူကိုနဲနဲမှ အရေးမလုပ် Jkအိမ်သွားလည်တတ်တာများတယ် ထယ်ယောင်း သွားမလည်ရင် Jkလာလည်တာတဲ့လေ

Jkဆိုတဲ့ ကောင်လေးကလည်း သူ့ကိုကို သူ့ဂရုမစိုက်ခင်က လူဆီက ဂရုစိုက်မှုလိုချင်တာ အခုတော့ ငါ့ကို ပစ်ထားကြတာ

metting ချိန်ရောက်သည်ထိ ထယ်ယောင်းရောက်မလာသေးပေ

Jimin metting room ထဲမှာ ထိုင်ရင်း ဘယ်လိုမှ ဒေါသက ထိန်းမရပေ

သက်ပြင်းအခါခါချကာ နာရီကြည့်နေမိသည်။

Metting Roomထဲမှာ မန်နေဂျာရယ် HRရယ် Sale managerရယ် Accountant ၃ဦးရယ် ရှိနေပေမယ့် Jimin အခြေအနေ ကြည့်ကာ တစ်ယောက်မှ စကားမစရဲပေ

Metting က ၁နာရီ စမယ်ပြောထားတာ အခုကို ၁နာရီခွဲနေပြီ

ထိုအချိန် ထယ်ယောင်း ဝင်လာ၏။

ထယ်ယောင်း Jiminကိုကြည့်ကာ ပြုံးပြပြီး Jiminနဲ့မျက်နှာချင်းဆိုင်တစ်ဖက်အစွန်းသွားထိုင်လိုက်၏။

"Sorry အားနာလိုက်တာ လမ်းမှာ ကားဆီပျက်နေလို့ ကျွန်တော့်စောင့်နေတာလား"

"အဲ့လောက် ရည်းစားနဲ့ချိန်းချင်လည်း ခွင့်ယူလေ "

Jiminကိုထယ်ယောင်း ကြည့်ကာ မျက်စောင်းခဲလိုက်၏။

"ငါမရှိလဲ မင်းရှိနေတာဘဲ mettingအတွက်မင်းပြောစရာရှိတာပြောလေ ပြီးမှ ငါ့ပြန်ပြောလည်းရရဲ့နဲ့ "

ဂျီမင် မတ်တပ်ရပ်လိုက်၏။

အကုန်လုံး ဂျီမင့်ကိုကြည့်နေကြသည်။

"အစည်းအဝေး ဒီနေ့ ရုတ်သိမ်းတယ်"

"Jimin"

Jimin ထွက်သွားတော့ ထယ်ယောင်းနောက်က လိုက်ရ၏။

"Jimin ငါပြောတာက ..."

"မပြောနဲ့ မင်း လုပ်ချင်တာလုပ်"

"မဟုတ်ဘူး ငါအခုပြန်လာတော့metting ပြန်စရတယ်လေ"

"ငါစိတ်မကြည်ဘူး"

သူတို့နှစ်ယောက်သည် အခု သူတို့ ရုံးခန်းရှေ့ရောက်နေပြီမို့ ဝန်ထမ်းတွေအကုန် သူတို့၂ယောက်ကိုကြည့်နေကြ၏။

တော်သေးတယ် အခုချိန် Customerတစ်ယောက်မှရှိမနေတာ

ဂျီမင် ရုံးခန်းတံခါး ဖွင့်မယ်လုပ်တော့ထယ်ယောင်းရှေ့ကနေ ကာကာ တား၏။

"နေဦး ငါပြောလို့မပြီးသေးဘူး"

"ဖယ် ထယ်ယောင်း ငါ့ဒေါသတွေ ပိုဆိုးမယ်"

"မရဘူး အခန်းထဲရောက်တာနဲ့ မင်း ပစ္စည်းတွေ သိမ်းပြီး မင်း အိမ်ပြန်တော့မှာ အဲ့တာမို့ငါဒီမှာဘဲပြောမယ်"

ဂျီမင် ဘေးမှာ လူတွေရှိနေတာ မတွေးမိတော့ပေ စိတ်အချဉ်ပေါက်တာနဲ့ ထယ်ယောင်း ခါးကိုဆွေ့ကနဲ့ပွေ့ကာ ဖက်လိုက်၏။

"ပြော ကိုယ် စိတ်ပြေလာအောင် မင်းဘာပြောမှာလဲ ငါ့ကို ပစ်ထားပြီး Jkနဲ့ပျော်ပါးနေတာ မင်းပျော်လား ဟမ် ကိုယ် ဘယ်လောက် စိတ်တိုလဲမင်းသိလား"

ဝန်ထမ်းတွေအကုန် သူတို့စကားပြောပုံတွေက ထူးဆန်းနေတာမို့ အံ့သြကုန်ကြ၏။သို့သော် အသံမထွက်ရဲပေ

"ငါသိတယ် အဲ့တာ မင်းဝဋ်လည်တာ အရင်က ငါခံစားရသလို အခုပြန်ခံစားရတာ"

"ဘေဘီ ကိုယ့်ကိုဒီထက် စိတ်တိုအောင်မလုပ်နဲ့နော်"

ထယ်ယောင်း ဂျီမင့်ဆီက ဘေဘီလို့ခေါ်သံကြားရင် ရှက်တတ်၏။

ရှက်၍ ခေါင်းလေး ငုံ့ကာ ဂျီမင့်ရင်ခွင်ထဲ တိုးဝေ့မိသည်။

"ငါဒီနေ့ ပန်းချီခန်းသွားတာ မင်းအတွက် လက်ဆောင်ဝယ်ခဲ့တယ် အဲ့ ပန်းချီက Cashနဲ့ရှင်းလို့ရတာ ပြီးတော့ ငါတို့ငွေနဲ့ရှင့်မရသလို ဒေါ်လာနဲ့လည်းရှင်းမရဘူး ပေါင်နဲ့ရှင်းရမယ်ပြောတာနဲ့ ငါ ငွေသွားလဲရသေးတာ အစက ဒီအတိုင်းသွား ရှင်းတာ ပိုက်ဆံကို သူတို့ကမရဘူဆိုလို့ ငါ ငွေတကယ်သွားလဲနေတာ "

Jiminသေချာနားထောင်ပေးနေ၏။

"အဲ့တာမို့ ၁နာရီထိရောက်သွားတာ လမ်းမှာ အပြန် ဆီပျက်သွားတာမို့ငါ့မှာ Taxi ဌားပြန်လာရတာ မင်းမယုံရင် CCTVကနေ ကြည့်ကြည့် "

ဂျီမင် အခုမှ ဒေါပြေကာ ဘေးဘယ်ယာက လူတွေ သူတို့ကြည့်နေတာ သတိထားမိ၏။

ဂျီမင် ရင်ခွင်ထဲက ထယ်ယောင်းကို ကြည့်ကာ တစ်ချက်ပြုံးလိုက်သေး၏။

"ဘေဘီ ကိုယ်တို့ အခန်းထဲ စကားပြောမယ် လူတွေကြည့်နေတယ် "

ထယ်ယောင်း ဂျီမင့်ရင်ဘတ်ကိုရိုက်ကာ

"ငါလည်း ခုဏလေးက မှ သတိထားမိတာ အဲ့တာမို့ ငါခေါင်းမဖော်ရဘူး"

သူတို့၂ယောက်ရဲ့အသံက တိုးသွားတာမို့ ဝန်ထမ်းတွေ ပို ဂရုစိုက်နားထောင်ကြ၏

သို့သော် မကြားတစ်ချက် ကြားတစ်ချက်

ဂျီမင် ထယ်ယောင်းကိုBridal styleပွေ့ကာ  အခန်းထဲ အမြန်ဝင်ခဲ့လိုက်သည်။

Zawgyi

























































































"Jimin"






























Continue Reading

You'll Also Like

100K 1.4K 50
𝐈𝐭𝐬 𝐭𝐡𝐞 𝐟𝐢𝐫𝐬𝐭 𝐝𝐚𝐲 𝐛𝐚𝐜𝐤 𝐭𝐨 𝐬𝐜𝐡𝐨𝐨𝐥 , 𝐀𝐚𝐥𝐢𝐲𝐚𝐡 𝐢𝐬 𝐧𝐨𝐰 𝐢𝐧 𝟏𝟎𝐭𝐡 𝐠𝐫𝐚𝐝𝐞, 𝐰𝐡𝐢𝐥𝐞 𝐬𝐡𝐞𝐬 𝐭𝐡𝐞𝐫𝐞 𝐬𝐡...
7.7K 658 8
လွတ်အောင်ပြေး...အချစ်သာအကြွေးဆို ရတာဘေးမဖြစ်စေဖို့အာမခံတယ်Babies! Yoonmin! Taekook!
70.3K 5.3K 16
အိပ်​မက်​ထဲထိ ကျွန်​​တော်​မျက်​ရည်​မကျ​အောင်​ ​ကောင်​​လေး မကုစား​ပေးနိုင်​ခဲ့ဘူး။ ဟုတ်​တယ်​....​ကောင်​​လေး မင်း ရက်​စက်​ခဲ့တယ်​။ YoonMin [Yaoi] By:K...
309K 18.4K 40
You live in a different time zone Think I know what this is It's just the time's wrong