π•Έπ–”π–“π–†π–—π–ˆπ–

Autorstwa sunflower06h

34K 3.7K 1.9K

π‘Œπ‘’π‘  π‘€π‘Žπ‘—π‘’π‘ π‘‘π‘¦, π‘¦π‘œπ‘’'π‘Ÿπ‘’ π‘‘β„Žπ‘’ π‘‘π‘Ÿπ‘’π‘’ π‘šπ‘œπ‘›π‘Žπ‘Ÿπ‘β„Ž β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’... WiΔ™cej

Prologue
Episode: 1
Episode: 2
Episode: 3
Episode: 5
Episode: 6
Episode: 7
Episode: 8
Episode: 9
Episode: 10
Episode: 11
Episode:12
Episode: 13
Episode:14
Episode: 15 ⚠
Episode: 16
Episode:17
Episode:18
Episode:19
Episode: 20
Episode:21
Episode:22
Episode 23

Episode: 4

1.1K 169 34
Autorstwa sunflower06h

"အဆင်ပြေရဲ့လား လာဗင်ဒါ"

သေချာပါပြီ။ ထိုလူစိမ်းဟာ heatဖြစ်နေတဲ့ သူ့အား အခွင့်အရေးယူဖို့ ကြိုးစားနေသည်ကိုး။

ဓားမြှောင်ကို ကိုင်ထားရင်း အမှောင်ထဲ၌ပင် လျင်မြန်စွာ လှုပ်ရှားမိတော့ ထိုလူစိမ်းကလည်း ပါးနပ်စွာရှောင်ရှားသည်မို့ ပို၍ အသည်းပေါက်ရသည်။ heatဖြစ်နေသော omegaဆိုပြီး သူ့အား အထင်သေးနေခြင်းပင် မဟုတ်လား

လရောင်ပျပျသာရှိသည့်ကြောင့် မျက်နှာပင် သဲကွဲအောင် မမြင်ရချိန်တွင် ဓားတစ်ချောင်းဖြင့် ရုန့်ရင်းဆန်ခတ်ဖြစ်နေသည်မှာ အန္တရာယ်များလှသော်လည်း သူဒီအတိုင်းတော့ ငြိမ်မနေနိုင်ပါ။ heatကြောင့် သာမန်ထက် အားနည်းနေပါသော်လည်း တတ်နိုင်သမျှတော့ ကိုယ့်ကိုယ်ကို ကာကွယ်ရမည်ဖြစ်သလို သူ့ကို အထင်သေးသည့် ဒီလူကိုလည်း ဒီအတိုင်း လွှတ်မထားနိုင်ပါလေ။

"ဟာ။ စိတ်ထိန်းပါဦး လာဗင်ဒါရဲ့။ ကျုပ်က အန္တရာယ်ပြုမယ့်သူ မဟုတ် အာ့--"

မှောင်မည်းနေသော်လည်း သူ၏ဓားချက်က ထိုလူစိမ်း၏ ကိုယ်ခန္ဓာ တစ်နေရာကိုတော့ ထိမိကြောင်း သူခံစားမိသည်။ ဓားမြှောင်နှင့် ရှပ်ထိသည်ကြောင့် အသက်အန္တရာယ်တော့ မရှိသော်လည်း အနည်းဆုံးတော့ သူ့အား အထင်သေးတော့မည်တော့ မဟုတ်ပေ။

သို့သော် အငိုက်မိနေစဥ်မှာပင် သူ့လက်ကောက်ဝတ်နှစ်ဖက်အား အတင်းချုပ်ကိုင်လာသော ထိုလူစိမ်းကြောင့် လက်ထဲမှ ဓားမြှောင် ပြုတ်ကျသွားလေတော့သည်။ သာမန်ဆို အသာလေး ရုန်းနိုင်သော်လည်း heatကြောင့် အားလျော့နေသည်က တဖက်သူအား အခွင့်အလမ်းသာစေလေသည်။

"လွှတ်စမ်း! "

"စိတ်ထိန်းပါဦး။ ကျုပ်က မင်းကို အန္တရာယ်ပြုမယ့်သူ မဟုတ်ပါဘူး။ အနံ့တွေ တအားပြင်းနေတဲ့အတွက် အန္တရာယ်တစ်ခုခု​ဖြစ်နေလားလို့ လာကြည့်တာပါ"

သာမန်omegaနှင့် alphaများ တော်ရုံ အနံ့မခံနိုင်စေရန် အနံ့ဝှက်ဆေးကို သုံးထားသည်တောင် သူ့အနံ့ကို ခံစားမိသည့် ထိုသူက သာမန်လူကော ဟုတ်ရဲ့လား။

"ခင်ဗျားက alphaလား"

"ဟုတ်ပါတယ်။ ဒါပေမယ့် alphaဆိုတိုင်း အသိစိတ်လွတ်ပြီး ထင်ရာစိုင်းတတ်တဲ့ကောင်မျိုး မဟုတ်တာမို့ ကျုပ်မင်းကို အန္တရာယ်မပြုပါဘူး။ ခုလည်း တကယ် အဆင်ပြေမနေတဲ့ပုံပေါ်လို့ လာကြည့်တာပါ"

ထိုသူ၏ အဖြေအား ခနဲ့တဲ့တဲ့ဖြင့်သာ ရယ်လိုက်မိသည်။ အဆင်ပြေမနေပုံ ပေါ်လို့ လာကြည့်တယ်တဲ့လား။ ကျားက ဥပုဥ်​စောင့်သည်ဆိုရင်မှ ယုံချင်စရာ ရှိဦးမည်။

"အလိမ်အညာတွေ။ ဘယ်alphaကများ heatဖြစ်နေတဲ့ omegaကို စေတနာသန့်သန့်နဲ့ လာကြည့်မှာတဲ့လဲ။ ကျုပ်အလစ်မှာ ယုတ်မာဖို့ ကြံနေတာမလား"

"ရော်။ ခက်လိုက်တာ။ ဘာလို့ အဲ့လို ပုံသေသတ်မှတ်ချက်အတိုင်း လျှောက်တွေးနေတာတုန်း လာဗင်ဒါရဲ့။ Alphaတွေလည်း ကြင်နာတတ်ပါတယ်"

"တော်စမ်းပါ! အင့်--"

ပြန်၍ ခွန်းတုံ့ပြန်သော အရှင်ကြောင့် ထိုalphaက သက်ပြင်းချလေသည်။ ခက်ထန်သော ခရမ်းဆွဲရောင်မျက်ဝန်းတို့ဖြင့် သူ့အား ပြန်ကြည့်ကာ မာန်ပါပါ ခွန်းတုံ့ပြန်သော လာဗင်ဒါလေးသည် heatဖြစ်နေသည့် omegaတစ်ယောက်ဆိုတာ ယုံချင်စရာပင် မရှိ။

သို့သော်လည်း ရုတ်တရက်တိုက်ခိုက်လာသော ကိုယ်တွင်းမှ နာကျင်မှုကြောင့် အရှင်၏ ကိုယ်လေးမှာ ပို၍ ကျုံ့ပုံ့သွားတော့သည်။

"နေရခက်နေတဲ့ဟာကို။ မင်းသိပ်ခေါင်းမာပါ့လား လာဗင်ဒါရဲ့"

ထိုalphaက စိုးရိမ်နေသော လေသံဖြင့်ပြောရင်း သူ့အား သားမွေးအခင်းရှိရာသို့ အသာချပေးလေသည်။ အခွင့်အရေးယူရန် ကြံစည်နေသလား မသိနိုင်သည်မို့ အားတင်း ရုန်းကန်ကာ ထိုင်လျက်နောက်သို့ ဆုတ်မိတော့ ဂူနံရံနှင့် ကျောပြင်တို့ ထိကပ်မိလေသည်။ ဒီအတိုင်း alphaတစ်ကောင် စော်ကားတာကို ခံရတော့မှာလားဟူ၍ အတွေးများလာသည်မို့ ပို၍ ခံပြင်းရပါသည်။

သို့သော်လည်း သူ့အထင်နှင့် ကွဲလွဲစွာ ကျောက်စိမ်းရောင် မျက်ဝန်းပိုင်ရှင်ထံမှ သက်ပြင်းချသံနှင့်အတူ ကိုယ်ပေါ်သို့ ကျရောက်လာသည့် အဝတ်စကြီးကြီးတစ်ခု။ မှောင်နေ၍ မမြင်ရသော်လည်း ဝတ်ရုံကဲ့သို့သော အရာဖြစ်လိမ့်မည်ဟုတော့ မှန်းဆမိလေသည်။

"ကျုပ်ကို မယုံဘူးဆိုရင်တောင် ဒါလေးတော့ ယူထားလိုက်ပါ။ ဝေဒနာတော့ နည်းနည်းသက်သာလာပါလိမ့်မယ်"

ထိုalphaက ပြောရင်းနှင့်ပင် အဝတ်စအား သူ့ကိုယ်တွင် ​ပတ်၍ ခြုံပေးသည်။ အနားသို့ ရုတ်တရက်တိုးကပ်လာသည်မို့ ရုန်းကန်ရန် ​ပြုသေးသော်လည်း ကျောက်စိမ်းရောင် မျက်ဝန်းတို့က အကြည့်ချင်းဆုံစေကာ အသာ ပြုံးပြသည်မို့ ဆန့်ကျင့်ဘက်အရပ်သို့ ခေါင်းလှည့်ကာ ရှောင်လွဲလိုက်သည်။ မျက်နှာကို သဲကွဲစွာ မမြင်ရသော်လည်း မျက်လုံးများကို ကြည့်ရုံပင် ဒီလူ ပြုံးနေသည်က သိသာပါသည်။

"သင်းကွဲomegaတစ်ယောက်က တောတောင်ထဲမှာ ဒီအတိုင်း heatဖြစ်နေတာ အန္တရာယ် သိပ်များတာမို့။ ဒါလေးကိုတော့ ယူထားလိုက်နော်။ အနည်းဆုံးတော့ alpha အနံ့နဲ့ ရောနေတာမို့ အခွင့်အရေးယူချင်တဲ့သူရှိရင်တောင် mateရှိပြီးသား omegaလို့ ယူဆပြီး ရှောင်သွားလိမ့်မယ်"

နောက်ပြီး ဒီalphaက သူ့ကို သင်းကွဲomegaလို့ ထင်နေတာပဲ။ အင်းလေ ဘယ်omegaကများ သက်တောင့်သက်သာရှိတဲ့ အိမ်ကို ပစ်ပြီး တောထဲတောင်ထဲမှာ heatကို ကုန်ဆုံးမှာမို့လဲ..

"ကျုပ် စောင့်ပေးချင်ပေမယ့် မင်းဘက်က ကျုပ်ကို သံသယတွေများနေတဲ့အတွက် ဒီမှာရှိနေတာက နှစ်ဘက်လုံးအတွက် ဆိုးကျိုးပဲ ဖြစ်နိုင်မှာမို့ သွားလိုက်တော့မယ်။ သေချာတာတော့ ကျုပ်က မင်းထင်ထားသလို မင်းကို အခွင့်အရေးယူဖို့ လာခဲ့တာမဟုတ်ပါဘူး"

တကယ့်ကို လူထူးဆန်း alphaပင် ဖြစ်သည်။ heatဖြစ်နေသော omega၏ အနံ့တို့ကို ရသည်တောင် အခွင့်အရေးမယူဘဲ ကောင်းကောင်းထိန်းချုပ်နိုင်သည့်အပြင် မိမိကို ဒဏ်ရာရအောင် ပြုခဲ့သူအား ကူညီပေးရင်း ပြုံးတောင် ပြုံးပြနေပြန်သည်က အတော်လေးပင် ထူးဆန်းသည် မဟုတ်လား။

"နေဦး"

"ပြောပါ လာဗင်ဒါ။ ဘာလိုတာ ရှိလို့လဲ"

ထွက်ခွာရန် ပြင်ဆင်နေသော ကျောက်စိမ်းရောင် မျက်ဝန်းပိုင်ရှင်အား သူလှမ်းခေါ်မိတော့ ချက်ချင်းပင် လှည့်ကြည့်လေသည်။ ဒီလူမသွားခင် ကျိန်းသေပေါက် သူသိပ်သိချင်နေသော မေးခွန်းကိုတော့ မေးရမည်ဖြစ်သည်ကြောင့်

"ကျုပ်ကြောင့် ခင်ဗျား ဒဏ်ရာ ရသွားတာကို ဘာလို့ ဒီလိုကူညီပေးတာလဲ"

အရှင့်မေးခွန်းနောက် ထိုalphaက ခပ်ဟဟရယ်လိုက်ကာ

"heatဖြစ်နေတဲ့ omegaတွေက ခံစားချက် သိပ်ပြင်းထန်တတ်တယ်လေ ကျုပ် အပြစ်မမြင်ပါဘူး။ မင််းလည်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လုပ်ခဲ့တာပဲဟာ။ မင်း အမှားမဟုတ်ပါဘူး။"

"....."

အဖြေစကားပြန်၍ မကြားရသည့်နောက် ထိုalphaက အသာအယာပြုံး၍ အရှင့်အား နှုတ်ဆက်လေကာ

"ဂရုစိုက်ပါ လာဗင်ဒါ။ ဘေးကင်းပါစေ"

တဖြည်းဖြည်း ဝေးကွာသွားသော ခြေသံအရ ထိုalphaက ဂူတွင်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ကောက်ချက်ချနိုင်​လေသည်။

အံံ့အားသင့်ဖွယ်ကောင်းသည်ကတော့ စောစောကအထိ ခံစားနေခဲ့ရသည့် မသက်မသာခံစားချက်ကြီးသည် ယူပစ်လိုက်သကဲ့သို့ သက်သာသွားခြင်းပင်ဖြစ်လေသည်။ ထိုalpha၏ ဝတ်ရုံကို ခြုံထားသည်မို့ သူ့ပတ်ဝန်းကျင်တဝိုက်တွင် လွှမ်းခြုံလျက်ရှိသော မိုးရနံ့က ဒီလောက်ထိ စွမ်းပါသတဲ့လား။

မေးခွန်းပေါင်းများစွာတို့ဖြင့်သာ ကျန်ခဲ့လေသော Eldora အရှင်။ ဝေဒနာ သက်သာလာသည့်အခါတွင်တော့ ပင်ပန်းနွမ်းနယ်မှုကြောင့် ကျောက်နံရံကို မှီထားရက်ပင် အိပ်မောကျသွားလေ​တော့သည်။

•••••

"ဟင်?"

ဂူပေါက်ဝတွင် နေရာယူလျက်ရှိသော ထင်းနှင့် အသီးအနှံအချို့ကြောင့် ငေါက်ခနဲပင် ထထိုင်မိသော အရှင်။ သူမှတ်မိသလောက်ဆို မနေ့ကအထိ ဒါတွေ မရှိခဲ့ပါဘူး။

"နိုးနေပြီလား လာဗင်ဒါ"

စားချင့်စဖွယ်နီရဲလျက်ရှိသော ပန်းသီးအား ကိုင်ကြည့်မိချိန်မှာပင် အပြင်ဘက်မှ စကားသံကြောင့် ထိတ်လန့်သွားလေတော့သည်။ ထိုအသံဩဩသည် လွန်ခဲ့သော ညက သူ့အားကူညီခဲ့သည့် အသံပိုင်ရှင် မဟုတ်လား။

"အိပ်ပျော်နေတုန်း အမြန်ထားခဲ့ပြီး သွားမယ်လို့ စဥ်းစားထားတာ။ ကျုပ်ကို လူထူးဆန်းလို့ ထင်မှာစိုးလို့လေ။"

မသိရင်သူကပဲ အသားလွတ် ထရမ်းတဲ့သူလိုလိုနဲ့။ အသံမပေးဘာမပေးနဲ့ အမှောင်ထဲမှာ မျက်လုံးစိမ်းကြီးနဲ့ အရင်ဆုံးရပ်ကြည့်နေခဲ့တာက ထိုလူလေ။ ခုကရော ဘာအကြောင်းကြောင့်များ ပြန်ရောက်လာပြန်တာပါလိမ့်။

"ခင်ဗျားပဲ သွားပြီဆို။ ဘာပြန်လာလုပ်တာလဲ။ ခင်ဗျား ပစ္စည်းကို ပြန်လာယူတာလား။ ရော့ ပြန်ပေးမယ်"

ကိုယ်၌ ပတ်ကာ ခြုံထားသော ဝတ်ရုံကို ချွတ်ကာ ကာရံထားသော နွယ်ကြိုးများမှ ကျော်၍ ပေးမိတော့ ထိုသူထံမှ သက်ပြင်းချသံကို ကြားရသည်။

"မဟုတ်တာ... မင်း ဘာလို့ အမြဲ ရန်လိုနေရတာလဲ လာဗင်ဒါရယ်။ တောထဲ တောင်ထဲမှာ တစ်ယောက်တည်းမို့ စိတ်မချလို့ပါ"

ထိုalpha၏ စကားတို့က သိပ်ထူးဆန်းသည်မို့ ချက်ချင်းပင် မေးခွန်းထပ်ထုတ်မိသည်။ မဟုတ်မှလွဲရော သူက Eldora အရှင်ဆိုတာကိုများ သိနေခဲ့တာလား...

ဒီအရေးတွေ ဖြစ်မှာစိုးသည်မို့ မျက်နှာကို ဖုံးအုပ်ထားသော မျက်လုံးအောက်ပိုင်းမှ ပဝါစကို အိပ်သည့်အချိန်မှာပင် မချွတ်ခဲ့။ မျက်လုံးကို မြင်ရုံဖြင့် သူဟာ Eldoraအရှင်ဆိုသည်ကို သိစရာအကြောင်းတော့ မရှိဘူးမလား...

"ခင်ဗျား...ကျုပ်ဘယ်သူဆိုတာ သိလို့လား"

"မသိဘူးလေ။ မင်းရဲ့မျက်နှာကိုတောင် မမြင်လိုက်ရတဲ့ဟာ။ ခုဒါတွေလာပို့တော့လည်း ဂူပေါက်ဝကနေပဲ ထည့်ပေးခဲ့တာ"

ထိုအခါမှသာ အရှင် သက်ပြင်းချနိုင်လေတော့သည်။ တဆက်တည်းမှာလည်း မေးခွန်းတစ်ခုက ထပ်၍တိုးလာပြန်လေသည်။

"သိကျွမ်းခြင်းတောင်မရှိတဲ့ လူတစ်ယောက်ကို ဒီလိုကူညီပေးတယ်ဆိုတာ အလကားတော့ မဖြစ်နိုင်ဘူး။ ခင်ဗျား ကျုပ်ဆီက ဘာလိုချင်လို့လဲ"

"သံသယလေးတွေကို နည်းနည်းလျှော့ကြည့်ပါလား လာဗင်ဒါရဲ့။ ကျုပ် မင်းဆီက ဘာမှလည်း မလိုချင်ပါဘူး။ ဒီတိုင်း သဘောရိုးနဲ့ပဲ ကူညီတာပါ။"

"ထားပါတော့.. နောက်ပြီး ကျုပ်ကို ဘာလို့ ဆက်တိုက် အဲ့လိုခေါ်နေတာလဲ"

"မင်းနာမည်မှ မသိတာ။ အဆင်မပြေလို့လား နာမည်ပဲ ခေါ်ရမလား"

"ထားလိုက်တော့။ ခင်ဗျား အဆင်ပြေသလိုသာ ခေါ်တော့"

နာမည်ထုတ်​ပြောမိလျှင် Eldoraအရှင်ဆိုသည်ကို သိသွားနိုင်သည်​ကြောင့် သူအန္တရာယ်ရှိလာနိုင်သည်။ ထို့ကြောင့် ကြားရသည်မှာ ထူးဆန်းသော်လည်း ထိုအတိုင်းသာ ဆက်၍ ခေါ်ဆိုစေလိုက်တော့သည်။

"ဒါနဲ့... အခု နေလို့သက်သာနေပြီမဟုတ်လား။"

"အင်း.."

သူတို့ကြားမှ တိတ်ဆိတ်မှုကို ထို alphaဘက်မှ စ၍ ဖြိုခွင်းလိုက်တော့ ခပ်တိုတိုသာ ပြန်၍ ​​ဖြေကြားလိုက်သည်။ ဝေဒနာများ သက်သာလာသည်ကတော့ ညာ၍မှ မရပဲ။

"တော်သေးတာပေါ့။ ပထမဆုံး heatထင်တယ်နော် အနံ့တွေ သိပ်ပြင်းနေလို့"

"....."

"ပြောဖို့အဆင်မ​ပြေရင်လည်း ထားလိုက်ပါတော့။ အဲ့မှာ သစ်သီးတွေနဲ့ ထင်းခြောက်အချို့ပါ ယူလာခဲ့တယ်။ ညအချိန်က သိပ်အေးတာမို့ မနေ့ကလို မီးမထွန်းဘဲ အိပ်နေတာမျိုး မလုပ်နဲ့။ နောက်ပြီး မီးထွန်းထားတာက တောကောင်တွေကိုပါ အဟန့်အတားဖြစ်စေတာမို့ လုံခြုံတယ်။ ညက မင်းပုံစံအတိုင်းဆို ကျားဆွဲခံနေရမှ။"

"ဒါက ကျုပ်ကိစ္စပါ"

တသက်လုံး မိမိကသာ အမိန့်ပေးခဲ့သည်မို့ ယခုကဲ့သို့ ဆူငေါက်သည့်လေသံဖြင့် ပြောခံရသည့်အခါ မခံမရပ်နိုင်ဖြစ်သည်ကြောင့် ပြန်၍ ခွန်းတုံ့ပြန်လိုက်မိတော့သည်။

သို့သော် သူ့စကား၏နောက် ထိုalphaဘက်မှ တိတ်ဆိတ်သွားသည်မို့ အားနာစိတ် ဝင်လာရတော့သည်။ တကယ်ဆို သူ့အား ကူညီပေးသည့်သူကို သူက ကျေးဇူးကန်းရာကျနေသည် မဟုတ်လား။

"အဲ့လောက်ထိ ရင့်သီးသွားဖို့ မရည်ရွယ်ပါဘူး။ ကျုပ်တောင်းပန်တယ်"

"အစွာလေးပဲ"

"ဘာ!"

"အိုး ကျုပ်လည်း မရည်ရွယ်ပါဘူး။ တောင်းပန်တယ်နော်"

"ခင်ဗျား!"

စိတ်ရင်းဖြင့် တောင်းပန်စကားဆိုလိုက်သော်လည်း ထိုalpha၏ တုံ့ပြန်မှုက အရှင့်အား ထောင်းခနဲနေအောင် ဒေါသထွက်စေတော့သည်။ ဒီလူက သူ့အား ရွဲ့စောင်းနေခြင်းပင် မဟုတ်လား။

"ခင်ဗျား အခု ကျုပ်ကို လာရွဲ့နေတာလား"

ဂူပေါက်ဝတွင် ခန်းစီးသဏ္ဍာန် ကာရံထားသော နွယ်ကြိုးအစည်းလိုက်သာ ​ခြား၍ စကားနိုင်လုနေသည့် သူတို့နှစ်​ယောက်ပုံသည် ရယ်စရာတော့ အကောင်းသား။ သို့သော်လည်း အရှင့်မှာတော့ ဒေါသထွက်နေ၍ မျက်နှာလေးပင် ရဲကာလာလေပြီ။

"မဟုတ်ရပါဘူး လာဗင်ဒါရယ်။ ကျုပ်က စကားပြောရတာ ပိုပြီး ပေါ့ပေါ့ပါးပါးဖြစ်သွားအောင် မင်းကို နောက်လိုက်တာပါ။"

သဘောထားသေးသိမ်သည့်သူ မဖြစ်ချင်သည်ကြောင့် သူ့ဘက်ကပါ ကျေအေးပေးလိုက်သော်လည်း Eldoraအရှင်မှာ သိပ်မကျေနပ်ချင်။ နန်းတော် ပြန်ရောက်လျှင် ထိုalphaကို မတွေ့တွေ့အောင် ပြန်ရှာကာ ပညာကောင်းကောင်းပေးရန် ကြုံးဝါးကာ နေလေပြီ ဖြစ်လေသည်။

"ဒါဖြင့်ရင် ကျုပ်သွားတော့မယ် လာဗင်ဒါ။ မင်းလည်း ဂရုစိုက်။ အကယ်၍ အကူအညီလိုခဲ့ရင် ဒီကနေ ၄မိုင်လောက် ဆက်သွားပြီး ဒုတိယမြောက် မိုးမခပင်ရဲ့ နောက်က တောလမ်းအတိုင်း လျှောက်လာလိုက် ကျုပ်ရှိနေမယ်"

ထို့နောက် တစတစဝေးကွာသွားသော ခြေသံများကြောင့် ထိုalphaထွက်ခွာသွားပြီဟု သုံးသပ်မိကာ နွယ်ပင်များကြားမှ ချောင်းကြည့်လိုက်မိတော့ ခပ်နွမ်းနွမ်းသာမန်အဝတ်အစားသာ ဝတ်ဆင်ထားသော ကျောပြင်ကျယ်ကျယ်အား ဦးစွာ မြင်ရလေသည်။ သေချာသည်ကတော့ ဝတ်စားပုံအရ မျိုးရိုးမြင့်ထဲမှ မဖြစ်နိုင်ပေ။

သို့သော် မျက်နှာပင်သေချာမမြင်ဖူးသော ထိုသူ၏ ကျောက်စိမ်းရောင်မျက်ဝန်းတို့ တောက်ပပုံမှာ တော်ဝင်ဆန်သည်မို့ အရှင့်ခေါင်းထဲတွင် ပဟေဠိမျိုးစုံလည်း ဖြစ်ပေါ်လေတော့သည်။

အမှတ်တမဲ့ ဆက်ကြည့်မိနေစဥ်မှာပင် ထိုalpha၏ ခြေလှမ်းများက ရုတ်တရက်ရပ်သွားကာ လည်ပြန်ကာလှည့်ကြည့်ရန် ပြုသည်မို့ အလျင်အမြန်ပင် ပုန်းကွယ်လိုက်မိတော့သည်။ ဂူနံရံကို မှီကာ ကျုံ့ကျုံ့လေးထိုင်နေသော အရှင်သည် အပြင်ဘက်မှ ကျောက်စိမ်းရောင် မျက်ဝန်းပိုင်ရှင်၏ အပြုံးကိုတော့ တွေ့လိုက်မည် မဟုတ်ပါလေ။

•••••

ဒုတိယညတွင်တော့ ပထမညကထက် ပို၍ ပြင်းထန်သော တင်းကျပ်နာကျင်မှုကို တစွန်းတစခံစားရသော်လည်း ထိုalpha၏ ဝတ်ရုံကို ခြုံထားမိသည်နှင့် ဝေဒနာတို့က သက်သာသွားလေသည်။ Alphaဖြစ်သည်ကြောင့် ထိုကဲ့သို့သော အစွမ်းရှိနေသည်လား ဒါမှမဟုတ် ထိုalpha၏ မိုးရနံ့က သူ့အား ဝေဒနာသက်သာစေသည်လားဆိုသည်ကိုတော့ အရှင်ကိုယ်တိုင် မသဲကွဲပေ။

"ဒီနေ့တော့ အနံ့တွေသိသိသာသာ ပြင်းအားလျော့သွားတာပဲ။ Heatက ပြီးခါနီးပြီထင်တယ်။"

ဂူပေါက်ဝမှ ထင်းနှင့် စားစရာအချို့ကို ထည့်ပေးရင်း ပြောလာသူ alphaသည် သူ့အနံ့၏ ပြင်းအားအတိမ်အနက်ကိုပါ သတိထားမိနေသည်မို့ အရှင့်မှာ အံ့ဩရပါသေးသည်။ တကယ်ဆို အနံ့ဝှက်ဆေးကို သုံးထားခဲ့သည် မဟုတ်လား။ သမားတော်မင်ပဲ ဆေးဖော်စပ်ရာမှာ တခုခုလိုအပ်ချက်ရှိနေခဲ့သလား။

သို့ပေမယ့် သေချာစမ်းသပ်ထားခဲ့​ကြောင်းလည်း အခိုင်အမာ သတင်းရရှိပြီးဖြစ်သည်ကြောင့် ထူးခြားနေသည်က ထိုalphaပင်ဖြစ်လိမ့်မည်။ နောင်တွင် အန္တရာယ်ဖြစ်ကောင်းဖြစ်လာနိုင်သည်မို့ ထိုalpha၏ အကြောင်းကို အနည်းငယ်တော့ မေးမြန်းရန် ဆုံးဖြတ်လိုက်တော့သည်။

"ခင်ဗျားက ဘာလုပ်တဲ့သူလဲ... အနံ့ခံအာရုံလည်းကောင်းပြီး... ညဘက်ကြီးလည်း တောထဲမှာ တစ်ယောက်တည်းရှိနေတာ.. နောက်ပြီး ဒီအသီးတွေကရော ဘယ်ကနေ ရှာလာခဲ့တာလည်း အခုလို တောနက်ကြီးထဲမှာကိုလေ"

"မေးခွန်းတွေက သိပ်များပါလား လာဗင်ဒါရဲ့။ ကောင်းပြီ မင်းသိချင်တာတွေကို ကျုပ်ဖြေပေးပါ့မယ်။ ကျုပ်က မုဆိုးတစ်ယောက်ပါ။ နောက်ပြီးတော့ မင်းလိုမျိုးပဲ သင်းကွဲတစ်ယောက်။ ဒါက မင်းရဲ့ မေးခွန်းတွေကို ​ဖြေပေးနိုင်လိမ့်မယ်လို့ထင်တယ်"

သင်းကွဲ alphaတစ်ယောက်တဲ့လား။  သူ့ကိုလည်း သင်းကွဲomegaဟု ထင်သည်ကြောင့် ကူညီပေးခဲ့ခြင်းကိုး။
ထို့အပြင် သူ့အား ဝေဒနာ သက်သာစေသည့် ရနံ့ပိုင်ရှင်။ သာမန်မဟုတ်ပဲ ထူးခြားစွာ တောက်ပသည့် မျက်ဝန်းပိုင်ရှင်က အညတရမုဆိုးတစ်​ယောက်ဆိုသည်မှာ ယုံရက်စရာပင် မရှိပေ။ အရှင့်ရဲ့ ခန့်မှန်းချက်တို့က တက်တက်စင်အောင် လွဲခဲ့သည်ကိုး။

သို့သော်လည်း Eldoraမှ မဟုတ်သည်ကတော့ ပို၍ သေချာသွားတော့သည်။ တိုင်းသူပြည်သားများအား ပြစ်မှုမည်မျှပင် ကြီးမားပါစေ ပြည်နှင်ဒဏ် မပေးသည်မှာ အရှင့်ခမည်းတော်လက်ထက်ကတည်းက ကျင့်သုံးခဲ့သော ဥပဒေပင် ဖြစ်လေသည်။ အပြစ်သားကို နယ်နှင်သည့်အခါမှ တိုင်းပြည်ဟာကွက်တို့က ပို၍ အလွယ်တကူပေါက်ကြားနိုင်သည်မို့ မဟာမိတ်ပြုလေ့မရှိသော Eldoraလို တိုင်းပြည်မျိုးအတွက် အကြီးမားဆုံးသော အန္တရာယ်ပင် မဟုတ်လား။

"ဘာလို့ သင်းကွဲalphaဖြစ်နေရတာလဲ? Eldoraမှာက ပြစ်မှု ဘယ်လောက်ကြီးကြီး ပြည်နှင်ဒဏ်တော့ မပေးတတ်ပါဘူး"

"Eldoraက မဟုတ်လို့ပေါ့ လာဗင်ဒါရဲ့"

"ဟင် အဲ့ဒါဆို ခင်ဗျားက ခိုးဝင်လာတာပေါ့"

သူ့စကား၏နောက် ထိုalphaက ခပ်ဟဟ ရယ်သွမ်းကာ

"ခိုးဝင်တယ်ဆိုတာကြီးက နားဝင်ဆိုးလိုက်တာ... နေစရာမရှိလို့ ဒီမှာ ခဏခိုလှုံတာပါ"

ခိုးဝင်တာ ခိုးဝင်တာပဲပေါ့။ စကားလုံးလှအောင်များ သုံးနေသေးတယ်။ အံ့ဩပါ့။

"နန်းတော်က သိသွားရင် ပြစ်ဒဏ်ပေးခံရမယ်ဆိုတာ သိလား။ အခန့်မသင့်ရင် သေဒဏ်နော်"

ပိုပိုသာသာလေး ပို၍ ခြောက်လှန့်လိုက်သော်လည်း ပြန်၍ ရလိုက်သည်ကတော့ ထိုalpha၏ ရယ်သံပင်ဖြစ်သည်။ အခု သူ့ရဲ့ အာဏာစက်ကို မခန့်လေးစားလုပ်လိုက်တာများလား။

"သွားစရာမရှိလို့ ဒုက္ခရောက်နေတဲ့ လူတစ်ယောက်ကို ကွပ်မျက်ရလောက်တဲ့အထိတော့ Eldoraအရှင်က မရက်စက်လောက်ပါဘူး။"

"ခင်ဗျားက Eldoraအရှင်ကို အထင်သေးနေတာပဲ"

"ဟာ အထင်မသေးရပါဘူး။ ဘယ်လိုပဲပြောပြော သူလည်း တိုင်းပြည်ကို အုပ်ချုပ်နေသူပဲလေ။ ကရုဏာတရားတော့ ရှိမှာပါ။ နောက်ပြီး ကျုပ်က သူ့မြေမှာ ခိုလှုံပြီး သူပိုင်တဲ့မြေက သစ်သီးသစ်ဖုနဲ့ သတ္တဝါတွေကို စားသုံးရင်း အသက်မွေးနေရတာမို့ ကျေးဇူးကန်းစကား ပြောမထွက်ပါဘူး။

အားကောင်းလှသည်ဆိုသည့် စစ်သည်များ၊ ကြွယ်ဝလှသည်ဆိုသော သူဌေးသူကြွယ်များနှင့် အာဏာအတော်အတန်ရှိသည်ဆိုသည့် အမတ် များကပင် သူ့ဩဇာကို ဖိန့်ဖိန့်တုန်အောင် ကြောက်ပါသော်လည်း ဒီအညတရမုဆိုးကတော့ ကရုဏာတရားကိုပါ ယှဥ်တွဲ၍ အမည်တပ်လိုက်သေးသည်။
စကားအရာမှာ သိပ်ကျွမ်းကျင်လှသည့်မို့ တိတ်တဆိတ် ချီးကျူးမိပါတော့သည်။

"ဒါနဲ့ မင်းကရော ဘယ်သူလဲ။ မင်းအကြောင်းကို ကျုပ်သိလို့ရပြီလား"

"ပထမဆုံးတွေ့ဖူးတဲ့သူတစ်ယောက်ကို အဲ့လိုကြီး လက်လွယ်စပယ်ပြောမပြနိုင်ဘူး"

"မာန သိပ်ကြီးပါလား လာဗင်ဒါရယ်။ ပြောပြရတဲ့ ကျုပ်ပဲ အဖတ်တင်သွားတော့တာပဲ။ ထားပါတော့"

အားလျော့သွားဟန်ပေါ်သည့် ထိုalpha၏ လေသံကြောင့် အားနာစိတ်တော့ အနည်းငယ် ဝင်မိသွားပြန်သည်။ သူ့ဘက်က သိပ်ကို တင်းမာပြလွန်းနေတာမဟုတ်လား။ တဖက်လူက အကူအညီပေးခဲ့တာကိုတောင်လေ။

ထို့ကြောင့် ချောင်းဟန့်ကာ လည်ချောင်းရှင်းလိုက်ရင်း အနှောင့်အသွားလွတ် အဖြေတစ်ခုပေးလိုက်တော့ ထိုalphaက မေးခွန်းများ ထပ်၍ပေါ်လာပြန်လေသည်။ အတော်လေး အမေးအမြန်းထူသော alphaပါပဲ။

"အဟမ်း.....ဒီအတိုင်း... Eldoraက လူတစ်ယောက်လို့ သိထားရင် ရပါပြီ။"

"အိုး ဒါဖြင့်ရင် မင်းက သင်းကွဲ omegaမဟုတ်ဘူးပေါ့။ ဒါနဲ့များ ဘာလို့ heatကို ဒီမှာ လာပြီး ဖြတ်သန်းရတာလဲ။"

"ကျုပ်ရဲ့နေရာမှာ heatဖြစ်လို့ အဆင်မပြေလို့ပေါ့။ ခင်ဗျားက သိပ်မေးခွန်းများတာပဲ"

"ဒါဆို မင်းရဲ့နေရပ်မှာ alphaအရိုင်းတွေ သိပ်များတယ် ထင်တယ်။ ထားပါတော့.. ကျုပ်အတော်လေး စပ်စုသလိုဖြစ်သွားပြီထင်ပါရဲ့"

သူ့ကိုယ်သူတော့ သိသားပဲဟု တွေးမိကာ အရှင်က အမှတ်မထင် ပြုံးလိုက်မိသည်။ သို့သော်လည်း ချက်ချင်းပင် ပြန်၍ တည်တံ့လိုက်မိပါသည်။ နွယ်ကြိုးများဖြင့် ကာရံထားသည်ကြောင့် တဖက်လူမမြင်နိုင်သော်လည်း ကိုယ်တိုင် မလုံမလဲ၍ ဖြစ်လေသည်။

"ဒါနဲ့ ခင်ဗျားဒဏ်ရာ ဘယ်လိုနေသေးလဲ။"

"ဒဏ်ရာ? အာ သက်သာနေပြီ သေးသေးမွှားမွှားလေးပဲ​လေ။ အရှောင်ကောင်းတဲ့ အကျိုးကျေးဇူးတွေပေါ့။ မင်းလက်စကတော့ အတော်ပြင်းသားပဲနော် လာဗင်ဒါ။"

"ဒါကတော့ ဒီလိုပါပဲ"

"ကောင်းပါတယ် ကိုယ့်ခံပညာကောင်းကောင်းတတ်ထားတာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တာပေါ့။ လူတွေက omegaတွေကိုဆို သိပ်အခွင့်အရေးယူချင်ကြတာလေ။"

ထိုalpha၏ စကားနောက်တွင်တော့ နှစ်ချိုက်စွာ ပြုံးမိတော့သည်။ heatဖြစ်နေသည့် omegaဖြစ်သော်ငြား သူဟာ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ပါသေးသည်။ ဒါကိုလည်း လက်ခံအသိအမှတ်ပြုသည့် ထိုalphaအား အမှတ်ပိုပေးမိလေသည်။

ထို့အပြင် တော်ရုံလူအား မယုံကြည်တတ်သော Eldoraအရှင်က သမားတော်မင်အပြင် အခြားလူစိမ်းတစ်ဦးအား ယုံကြည်စပြုလာသည်မှာ ထူးခြားအံ့ဖွယ်ပင်ဖြစ်ပါတော့သည်။

#Tbc

A/N: Heatဖြစ်နေတဲ့ လာဗင်ဒါလေးကို အများကြီး မျှော်လင့်ထားကြတာမဟုတ်လား 🤫 Eldoraအရှင်ပဲလေနော် လွယ်လွယ်နဲ့ ကျောလို့တော့ ဘယ်ရမလဲ XD

နောက်ပြီး 라기ကတိတည်ပါတယ်နော် ပိစိလေးနောက်ကျသွားတာ​လေး တစ်ခုပဲ ဟီး XD ကျန်တဲ့ ficလေးတွေလည်း နောက်ရက် upပေးပါ့မယ်နော် ဒါလေးက တောင်းဆိုတဲ့သူ များနေလို့ပါ ♥

See you in next episode~

- 해바라기

ZG

"အဆင္ေျပရဲ႕လား လာဗင္ဒါ"

ေသခ်ာပါၿပီ။ ထိုလူစိမ္းဟာ heatျဖစ္ေနတဲ့ သူ႕အား အခြင့္အေရးယူဖို႔ ႀကိဳးစားေနသည္ကိုး။

ဓားျမႇောင္ကို ကိုင္ထားရင္း အေမွာင္ထဲ၌ပင္ လ်င္ျမန္စြာ လႈပ္ရွားမိေတာ့ ထိုလူစိမ္းကလည္း ပါးနပ္စြာေရွာင္ရွားသည္မို႔ ပို၍ အသည္းေပါက္ရသည္။ heatျဖစ္ေနေသာ omegaဆိုၿပီး သူ႕အား အထင္ေသးေနျခင္းပင္ မဟုတ္လား

လေရာင္ပ်ပ်သာရွိသည့္ေၾကာင့္ မ်က္ႏွာပင္ သဲကြဲေအာင္ မျမင္ရခ်ိန္တြင္ ဓားတစ္ေခ်ာင္းျဖင့္ ႐ုန့္ရင္းဆန္ခတ္ျဖစ္ေနသည္မွာ အႏၱရာယ္မ်ားလွေသာ္လည္း သူဒီအတိုင္းေတာ့ ၿငိမ္မေနနိုင္ပါ။ heatေၾကာင့္ သာမန္ထက္ အားနည္းေနပါေသာ္လည္း တတ္နိုင္သမွ်ေတာ့ ကိုယ့္ကိုယ္ကို ကာကြယ္ရမည္ျဖစ္သလို သူ႕ကို အထင္ေသးသည့္ ဒီလူကိုလည္း ဒီအတိုင္း လႊတ္မထားနိုင္ပါေလ။

"ဟာ။ စိတ္ထိန္းပါဦး လာဗင္ဒါရဲ႕။ က်ဳပ္က အႏၱရာယ္ျပဳမယ့္သူ မဟုတ္ အာ့--"

ေမွာင္မည္းေနေသာ္လည္း သူ၏ဓားခ်က္က ထိုလူစိမ္း၏ ကိုယ္ခႏၶာ တစ္ေနရာကိုေတာ့ ထိမိေၾကာင္း သူခံစားမိသည္။ ဓားျမႇောင္ႏွင့္ ရွပ္ထိသည္ေၾကာင့္ အသက္အႏၱရာယ္ေတာ့ မရွိေသာ္လည္း အနည္းဆုံးေတာ့ သူ႕အား အထင္ေသးေတာ့မည္ေတာ့ မဟုတ္ေပ။

သို႔ေသာ္ အငိုက္မိေနစဥ္မွာပင္ သူ႕လက္ေကာက္ဝတ္ႏွစ္ဖက္အား အတင္းခ်ဳပ္ကိုင္လာေသာ ထိုလူစိမ္းေၾကာင့္ လက္ထဲမွ ဓားျမႇောင္ ျပဳတ္က်သြားေလေတာ့သည္။ သာမန္ဆို အသာေလး ႐ုန္းနိုင္ေသာ္လည္း heatေၾကာင့္ အားေလ်ာ့ေနသည္က တဖက္သူအား အခြင့္အလမ္းသာေစေလသည္။

"လႊတ္စမ္း! "

"စိတ္ထိန္းပါဦး။ က်ဳပ္က မင္းကို အႏၱရာယ္ျပဳမယ့္သူ မဟုတ္ပါဘူး။ အနံ႕ေတြ တအားျပင္းေနတဲ့အတြက္ အႏၱရာယ္တစ္ခုခုျဖစ္ေနလားလို႔ လာၾကည့္တာပါ"

သာမန္omegaႏွင့္ alphaမ်ား ေတာ္႐ုံ အနံ႕မခံနိုင္ေစရန္ အနံ႕ဝွက္ေဆးကို သုံးထားသည္ေတာင္ သူ႕အနံ႕ကို ခံစားမိသည့္ ထိုသူက သာမန္လူေကာ ဟုတ္ရဲ႕လား။

"ခင္ဗ်ားက alphaလား"

"ဟုတ္ပါတယ္။ ဒါေပမယ့္ alphaဆိုတိုင္း အသိစိတ္လြတ္ၿပီး ထင္ရာစိုင္းတတ္တဲ့ေကာင္မ်ိဳး မဟုတ္တာမို႔ က်ဳပ္မင္းကို အႏၱရာယ္မျပဳပါဘူး။ ခုလည္း တကယ္ အဆင္ေျပမေနတဲ့ပုံေပၚလို႔ လာၾကည့္တာပါ"

ထိုသူ၏ အေျဖအား ခနဲ႕တဲ့တဲ့ျဖင့္သာ ရယ္လိုက္မိသည္။ အဆင္ေျပမေနပုံ ေပၚလို႔ လာၾကည့္တယ္တဲ့လား။ က်ားက ဥပုဥ္ေစာင့္သည္ဆိုရင္မွ ယုံခ်င္စရာ ရွိဦးမည္။

"အလိမ္အညာေတြ။ ဘယ္alphaကမ်ား heatျဖစ္ေနတဲ့ omegaကို ေစတနာသန့္သန့္နဲ႕ လာၾကည့္မွာတဲ့လဲ။ က်ဳပ္အလစ္မွာ ယုတ္မာဖို႔ ႀကံေနတာမလား"

"ေရာ္။ ခက္လိုက္တာ။ ဘာလို႔ အဲ့လို ပုံေသသတ္မွတ္ခ်က္အတိုင္း ေလွ်ာက္ေတြးေနတာတုန္း လာဗင္ဒါရဲ႕။ Alphaေတြလည္း ၾကင္နာတတ္ပါတယ္"

"ေတာ္စမ္းပါ! အင့္--"

ျပန္၍ ခြန္းတုံ႕ျပန္ေသာ အရွင္ေၾကာင့္ ထိုalphaက သက္ျပင္းခ်ေလသည္။ ခက္ထန္ေသာ ခရမ္းဆြဲေရာင္မ်က္ဝန္းတို႔ျဖင့္ သူ႕အား ျပန္ၾကည့္ကာ မာန္ပါပါ ခြန္းတုံ႕ျပန္ေသာ လာဗင္ဒါေလးသည္ heatျဖစ္ေနသည့္ omegaတစ္ေယာက္ဆိုတာ ယုံခ်င္စရာပင္ မရွိ။

သို႔ေသာ္လည္း ႐ုတ္တရက္တိုက္ခိုက္လာေသာ ကိုယ္တြင္းမွ နာက်င္မႈေၾကာင့္ အရွင္၏ ကိုယ္ေလးမွာ ပို၍ က်ဳံ႕ပုံ႕သြားေတာ့သည္။

"ေနရခက္ေနတဲ့ဟာကို။ မင္းသိပ္ေခါင္းမာပါ့လား လာဗင္ဒါရဲ႕"

ထိုalphaက စိုးရိမ္ေနေသာ ေလသံျဖင့္ေျပာရင္း သူ႕အား သားေမြးအခင္းရွိရာသို႔ အသာခ်ေပးေလသည္။ အခြင့္အေရးယူရန္ ႀကံစည္ေနသလား မသိနိုင္သည္မို႔ အားတင္း ႐ုန္းကန္ကာ ထိုင္လ်က္ေနာက္သို႔ ဆုတ္မိေတာ့ ဂူနံရံႏွင့္ ေက်ာျပင္တို႔ ထိကပ္မိေလသည္။ ဒီအတိုင္း alphaတစ္ေကာင္ ေစာ္ကားတာကို ခံရေတာ့မွာလားဟူ၍ အေတြးမ်ားလာသည္မို႔ ပို၍ ခံျပင္းရပါသည္။

သို႔ေသာ္လည္း သူ႕အထင္ႏွင့္ ကြဲလြဲစြာ ေက်ာက္စိမ္းေရာင္ မ်က္ဝန္းပိုင္ရွင္ထံမွ သက္ျပင္းခ်သံႏွင့္အတူ ကိုယ္ေပၚသို႔ က်ေရာက္လာသည့္ အဝတ္စႀကီးႀကီးတစ္ခု။ ေမွာင္ေန၍ မျမင္ရေသာ္လည္း ဝတ္႐ုံကဲ့သို႔ေသာ အရာျဖစ္လိမ့္မည္ဟုေတာ့ မွန္းဆမိေလသည္။

"က်ဳပ္ကို မယုံဘူးဆိုရင္ေတာင္ ဒါေလးေတာ့ ယူထားလိုက္ပါ။ ေဝဒနာေတာ့ နည္းနည္းသက္သာလာပါလိမ့္မယ္"

ထိုalphaက ေျပာရင္းႏွင့္ပင္ အဝတ္စအား သူ႕ကိုယ္တြင္ ပတ္၍ ၿခဳံေပးသည္။ အနားသို႔ ႐ုတ္တရက္တိုးကပ္လာသည္မို႔ ႐ုန္းကန္ရန္ ျပဳေသးေသာ္လည္း ေက်ာက္စိမ္းေရာင္ မ်က္ဝန္းတို႔က အၾကည့္ခ်င္းဆုံေစကာ အသာ ၿပဳံးျပသည္မို႔ ဆန့္က်င့္ဘက္အရပ္သို႔ ေခါင္းလွည့္ကာ ေရွာင္လြဲလိုက္သည္။ မ်က္ႏွာကို သဲကြဲစြာ မျမင္ရေသာ္လည္း မ်က္လုံးမ်ားကို ၾကည့္႐ုံပင္ ဒီလူ ၿပဳံးေနသည္က သိသာပါသည္။

"သင္းကြဲomegaတစ္ေယာက္က ေတာေတာင္ထဲမွာ ဒီအတိုင္း heatျဖစ္ေနတာ အႏၱရာယ္ သိပ္မ်ားတာမို႔။ ဒါေလးကိုေတာ့ ယူထားလိုက္ေနာ္။ အနည္းဆုံးေတာ့ alpha အနံ႕နဲ႕ ေရာေနတာမို႔ အခြင့္အေရးယူခ်င္တဲ့သူရွိရင္ေတာင္ mateရွိၿပီးသား omegaလို႔ ယူဆၿပီး ေရွာင္သြားလိမ့္မယ္"

ေနာက္ၿပီး ဒီalphaက သူ႕ကို သင္းကြဲomegaလို႔ ထင္ေနတာပဲ။ အင္းေလ ဘယ္omegaကမ်ား သက္ေတာင့္သက္သာရွိတဲ့ အိမ္ကို ပစ္ၿပီး ေတာထဲေတာင္ထဲမွာ heatကို ကုန္ဆုံးမွာမို႔လဲ..

"က်ဳပ္ ေစာင့္ေပးခ်င္ေပမယ့္ မင္းဘက္က က်ဳပ္ကို သံသယေတြမ်ားေနတဲ့အတြက္ ဒီမွာရွိေနတာက ႏွစ္ဘက္လုံးအတြက္ ဆိုးက်ိဳးပဲ ျဖစ္နိုင္မွာမို႔ သြားလိုက္ေတာ့မယ္။ ေသခ်ာတာေတာ့ က်ဳပ္က မင္းထင္ထားသလို မင္းကို အခြင့္အေရးယူဖို႔ လာခဲ့တာမဟုတ္ပါဘူး"

တကယ့္ကို လူထူးဆန္း alphaပင္ ျဖစ္သည္။ heatျဖစ္ေနေသာ omega၏ အနံ႕တို႔ကို ရသည္ေတာင္ အခြင့္အေရးမယူဘဲ ေကာင္းေကာင္းထိန္းခ်ဳပ္နိုင္သည့္အျပင္ မိမိကို ဒဏ္ရာရေအာင္ ျပဳခဲ့သူအား ကူညီေပးရင္း ၿပဳံးေတာင္ ၿပဳံးျပေနျပန္သည္က အေတာ္ေလးပင္ ထူးဆန္းသည္ မဟုတ္လား။

"ေနဦး"

"ေျပာပါ လာဗင္ဒါ။ ဘာလိုတာ ရွိလို႔လဲ"

ထြက္ခြာရန္ ျပင္ဆင္ေနေသာ ေက်ာက္စိမ္းေရာင္ မ်က္ဝန္းပိုင္ရွင္အား သူလွမ္းေခၚမိေတာ့ ခ်က္ခ်င္းပင္ လွည့္ၾကည့္ေလသည္။ ဒီလူမသြားခင္ က်ိန္းေသေပါက္ သူသိပ္သိခ်င္ေနေသာ ေမးခြန္းကိုေတာ့ ေမးရမည္ျဖစ္သည္ေၾကာင့္

"က်ဳပ္ေၾကာင့္ ခင္ဗ်ား ဒဏ္ရာ ရသြားတာကို ဘာလို႔ ဒီလိုကူညီေပးတာလဲ"

အရွင့္ေမးခြန္းေနာက္ ထိုalphaက ခပ္ဟဟရယ္လိုက္ကာ

"heatျဖစ္ေနတဲ့ omegaေတြက ခံစားခ်က္ သိပ္ျပင္းထန္တတ္တယ္ေလ က်ဳပ္ အျပစ္မျမင္ပါဘူး။ မင္္းလည္း ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔ လုပ္ခဲ့တာပဲဟာ။ မင္း အမွားမဟုတ္ပါဘူး။"

"....."

အေျဖစကားျပန္၍ မၾကားရသည့္ေနာက္ ထိုalphaက အသာအယာၿပဳံး၍ အရွင့္အား ႏႈတ္ဆက္ေလကာ

"ဂ႐ုစိုက္ပါ လာဗင္ဒါ။ ေဘးကင္းပါေစ"

တျဖည္းျဖည္း ေဝးကြာသြားေသာ ေျခသံအရ ထိုalphaက ဂူတြင္းမွ ထြက္ခြာသြားၿပီျဖစ္ေၾကာင္း ေကာက္ခ်က္ခ်နိဳင္ေလသည္။

အံံ့အားသင့္ဖြယ္ေကာင္းသည္ကေတာ့ ေစာေစာကအထိ ခံစားေနခဲ့ရသည့္ မသက္မသာခံစားခ်က္ႀကီးသည္ ယူပစ္လိုက္သကဲ့သို႔ သက္သာသြားျခင္းပင္ျဖစ္ေလသည္။ ထိုalpha၏ ဝတ္႐ုံကို ၿခဳံထားသည္မို႔ သူ႕ပတ္ဝန္းက်င္တဝိုက္တြင္ လႊမ္းၿခဳံလ်က္ရွိေသာ မိုးရနံ႕က ဒီေလာက္ထိ စြမ္းပါသတဲ့လား။

ေမးခြန္းေပါင္းမ်ားစြာတို႔ျဖင့္သာ က်န္ခဲ့ေလေသာ Eldora အရွင္။ ေဝဒနာ သက္သာလာသည့္အခါတြင္ေတာ့ ပင္ပန္းႏြမ္းနယ္မႈေၾကာင့္ ေက်ာက္နံရံကို မွီထားရက္ပင္ အိပ္ေမာက်သြားေလေတာ့သည္။

•••••

"ဟင္?"

ဂူေပါက္ဝတြင္ ေနရာယူလ်က္ရွိေသာ ထင္းႏွင့္ အသီးအႏွံအခ်ိဳ႕ေၾကာင့္ ေငါက္ခနဲပင္ ထထိုင္မိေသာ အရွင္။ သူမွတ္မိသေလာက္ဆို မေန႕ကအထိ ဒါေတြ မရွိခဲ့ပါဘူး။

"နိုးေနၿပီလား လာဗင္ဒါ"

စားခ်င့္စဖြယ္နီရဲလ်က္ရွိေသာ ပန္းသီးအား ကိုင္ၾကည့္မိခ်ိန္မွာပင္ အျပင္ဘက္မွ စကားသံေၾကာင့္ ထိတ္လန့္သြားေလေတာ့သည္။ ထိုအသံဩဩသည္ လြန္ခဲ့ေသာ ညက သူ႕အားကူညီခဲ့သည့္ အသံပိုင္ရွင္ မဟုတ္လား။

"အိပ္ေပ်ာ္ေနတုန္း အျမန္ထားခဲ့ၿပီး သြားမယ္လို႔ စဥ္းစားထားတာ။ က်ဳပ္ကို လူထူးဆန္းလို႔ ထင္မွာစိုးလို႔ေလ။"

မသိရင္သူကပဲ အသားလြတ္ ထရမ္းတဲ့သူလိုလိုနဲ႕။ အသံမေပးဘာမေပးနဲ႕ အေမွာင္ထဲမွာ မ်က္လုံးစိမ္းႀကီးနဲ႕ အရင္ဆုံးရပ္ၾကည့္ေနခဲ့တာက ထိုလူေလ။ ခုကေရာ ဘာအေၾကာင္းေၾကာင့္မ်ား ျပန္ေရာက္လာျပန္တာပါလိမ့္။

"ခင္ဗ်ားပဲ သြားၿပီဆို။ ဘာျပန္လာလုပ္တာလဲ။ ခင္ဗ်ား ပစၥည္းကို ျပန္လာယူတာလား။ ေရာ့ ျပန္ေပးမယ္"

ကိုယ္၌ ပတ္ကာ ၿခဳံထားေသာ ဝတ္႐ုံကို ခြၽတ္ကာ ကာရံထားေသာ ႏြယ္ႀကိဳးမ်ားမွ ေက်ာ္၍ ေပးမိေတာ့ ထိုသူထံမွ သက္ျပင္းခ်သံကို ၾကားရသည္။

"မဟုတ္တာ... မင္း ဘာလို႔ အၿမဲ ရန္လိုေနရတာလဲ လာဗင္ဒါရယ္။ ေတာထဲ ေတာင္ထဲမွာ တစ္ေယာက္တည္းမို႔ စိတ္မခ်လိဳ႕ပါ"

ထိုalpha၏ စကားတို႔က သိပ္ထူးဆန္းသည္မို႔ ခ်က္ခ်င္းပင္ ေမးခြန္းထပ္ထုတ္မိသည္။ မဟုတ္မွလြဲေရာ သူက Eldora အရွင္ဆိုတာကိုမ်ား သိေနခဲ့တာလား...

ဒီအေရးေတြ ျဖစ္မွာစိုးသည္မို႔ မ်က္ႏွာကို ဖုံးအုပ္ထားေသာ မ်က္လုံးေအာက္ပိုင္းမွ ပဝါစကို အိပ္သည့္အခ်ိန္မွာပင္ မခြၽတ္ခဲ့။ မ်က္လုံးကို ျမင္႐ုံျဖင့္ သူဟာ Eldoraအရွင္ဆိုသည္ကို သိစရာအေၾကာင္းေတာ့ မရွိဘူးမလား...

"ခင္ဗ်ား...က်ဳပ္ဘယ္သူဆိုတာ သိလို႔လား"

"မသိဘူးေလ။ မင္းရဲ႕မ်က္ႏွာကိုေတာင္ မျမင္လိုက္ရတဲ့ဟာ။ ခုဒါေတြလာပို႔ေတာ့လည္း ဂူေပါက္ဝကေနပဲ ထည့္ေပးခဲ့တာ"

ထိုအခါမွသာ အရွင္ သက္ျပင္းခ်နိဳင္ေလေတာ့သည္။ တဆက္တည္းမွာလည္း ေမးခြန္းတစ္ခုက ထပ္၍တိုးလာျပန္ေလသည္။

"သိကြၽမ္းျခင္းေတာင္မရွိတဲ့ လူတစ္ေယာက္ကို ဒီလိုကူညီေပးတယ္ဆိုတာ အလကားေတာ့ မျဖစ္နိုင္ဘူး။ ခင္ဗ်ား က်ဳပ္ဆီက ဘာလိုခ်င္လို႔လဲ"

"သံသယေလးေတြကို နည္းနည္းေလွ်ာ့ၾကည့္ပါလား လာဗင္ဒါရဲ႕။ က်ဳပ္ မင္းဆီက ဘာမွလည္း မလိုခ်င္ပါဘူး။ ဒီတိုင္း သေဘာရိုးနဲ႕ပဲ ကူညီတာပါ။"

"ထားပါေတာ့.. ေနာက္ၿပီး က်ဳပ္ကို ဘာလို႔ ဆက္တိုက္ အဲ့လိုေခၚေနတာလဲ"

"မင္းနာမည္မွ မသိတာ။ အဆင္မေျပလို႔လား နာမည္ပဲ ေခၚရမလား"

"ထားလိုက္ေတာ့။ ခင္ဗ်ား အဆင္ေျပသလိုသာ ေခၚေတာ့"

နာမည္ထုတ္ေျပာမိလွ်င္ Eldoraအရွင္ဆိုသည္ကို သိသြားနိုင္သည္ေၾကာင့္ သူအႏၱရာယ္ရွိလာနိုင္သည္။ ထို႔ေၾကာင့္ ၾကားရသည္မွာ ထူးဆန္းေသာ္လည္း ထိုအတိုင္းသာ ဆက္၍ ေခၚဆိုေစလိုက္ေတာ့သည္။

"ဒါနဲ႕... အခု ေနလို႔သက္သာေနၿပီမဟုတ္လား။"

"အင္း.."

သူတို႔ၾကားမွ တိတ္ဆိတ္မႈကို ထို alphaဘက္မွ စ၍ ၿဖိဳခြင္းလိုက္ေတာ့ ခပ္တိုတိုသာ ျပန္၍ ေျဖၾကားလိုက္သည္။ ေဝဒနာမ်ား သက္သာလာသည္ကေတာ့ ညာ၍မွ မရပဲ။

"ေတာ္ေသးတာေပါ့။ ပထမဆုံး heatထင္တယ္ေနာ္ အနံ႕ေတြ သိပ္ျပင္းေနလို႔"

"....."

"ေျပာဖို႔အဆင္မေျပရင္လည္း ထားလိုက္ပါေတာ့။ အဲ့မွာ သစ္သီးေတြနဲ႕ ထင္းေျခာက္အခ်ိဳ႕ပါ ယူလာခဲ့တယ္။ ညအခ်ိန္က သိပ္ေအးတာမို႔ မေန႕ကလို မီးမထြန္းဘဲ အိပ္ေနတာမ်ိဳး မလုပ္နဲ႕။ ေနာက္ၿပီး မီးထြန္းထားတာက ေတာေကာင္ေတြကိုပါ အဟန့္အတားျဖစ္ေစတာမို႔ လုံၿခဳံတယ္။ ညက မင္းပုံစံအတိုင္းဆို က်ားဆြဲခံေနရမွ။"

"ဒါက က်ဳပ္ကိစၥပါ"

တသက္လုံး မိမိကသာ အမိန့္ေပးခဲ့သည္မို႔ ယခုကဲ့သို႔ ဆူေငါက္သည့္ေလသံျဖင့္ ေျပာခံရသည့္အခါ မခံမရပ္နိုင္ျဖစ္သည္ေၾကာင့္ ျပန္၍ ခြန္းတုံ႕ျပန္လိုက္မိေတာ့သည္။

သို႔ေသာ္ သူ႕စကား၏ေနာက္ ထိုalphaဘက္မွ တိတ္ဆိတ္သြားသည္မို႔ အားနာစိတ္ ဝင္လာရေတာ့သည္။ တကယ္ဆို သူ႕အား ကူညီေပးသည့္သူကို သူက ေက်းဇူးကန္းရာက်ေနသည္ မဟုတ္လား။

"အဲ့ေလာက္ထိ ရင့္သီးသြားဖို႔ မရည္႐ြယ္ပါဘူး။ က်ဳပ္ေတာင္းပန္တယ္"

"အစြာေလးပဲ"

"ဘာ!"

"အိုး က်ဳပ္လည္း မရည္႐ြယ္ပါဘူး။ ေတာင္းပန္တယ္ေနာ္"

"ခင္ဗ်ား!"

စိတ္ရင္းျဖင့္ ေတာင္းပန္စကားဆိုလိုက္ေသာ္လည္း ထိုalpha၏ တုံ႕ျပန္မႈက အရွင့္အား ေထာင္းခနဲေနေအာင္ ေဒါသထြက္ေစေတာ့သည္။ ဒီလူက သူ႕အား ႐ြဲ႕ေစာင္းေနျခင္းပင္ မဟုတ္လား။

"ခင္ဗ်ား အခု က်ဳပ္ကို လာ႐ြဲ႕ေနတာလား"

ဂူေပါက္ဝတြင္ ခန္းစီးသ႑ာန္ ကာရံထားေသာ ႏြယ္ႀကိဳးအစည္းလိုက္သာ ျခား၍ စကားနိုင္လုေနသည့္ သူတို႔ႏွစ္ေယာက္ပုံသည္ ရယ္စရာေတာ့ အေကာင္းသား။ သို႔ေသာ္လည္း အရွင့္မွာေတာ့ ေဒါသထြက္ေန၍ မ်က္ႏွာေလးပင္ ရဲကာလာေလၿပီ။

"မဟုတ္ရပါဘူး လာဗင္ဒါရယ္။ က်ဳပ္က စကားေျပာရတာ ပိုၿပီး ေပါ့ေပါ့ပါးပါးျဖစ္သြားေအာင္ မင္းကို ေနာက္လိုက္တာပါ။"

သေဘာထားေသးသိမ္သည့္သူ မျဖစ္ခ်င္သည္ေၾကာင့္ သူ႕ဘက္ကပါ ေက်ေအးေပးလိုက္ေသာ္လည္း Eldoraအရွင္မွာ သိပ္မေက်နပ္ခ်င္။ နန္းေတာ္ ျပန္ေရာက္လွ်င္ ထိုalphaကို မေတြ႕ေတြ႕ေအာင္ ျပန္ရွာကာ ပညာေကာင္းေကာင္းေပးရန္ ႀကဳံးဝါးကာ ေနေလၿပီ ျဖစ္ေလသည္။

"ဒါျဖင့္ရင္ က်ဳပ္သြားေတာ့မယ္ လာဗင္ဒါ။ မင္းလည္း ဂ႐ုစိုက္။ အကယ္၍ အကူအညီလိုခဲ့ရင္ ဒီကေန ၄မိုင္ေလာက္ ဆက္သြားၿပီး ဒုတိယေျမာက္ မိုးမခပင္ရဲ႕ ေနာက္က ေတာလမ္းအတိုင္း ေလွ်ာက္လာလိုက္ က်ဳပ္ရွိေနမယ္"

ထို႔ေနာက္ တစတစေဝးကြာသြားေသာ ေျခသံမ်ားေၾကာင့္ ထိုalphaထြက္ခြာသြားၿပီဟု သုံးသပ္မိကာ ႏြယ္ပင္မ်ားၾကားမွ ေခ်ာင္းၾကည့္လိုက္မိေတာ့ ခပ္ႏြမ္းႏြမ္းသာမန္အဝတ္အစားသာ ဝတ္ဆင္ထားေသာ ေက်ာျပင္က်ယ္က်ယ္အား ဦးစြာ ျမင္ရေလသည္။ ေသခ်ာသည္ကေတာ့ ဝတ္စားပုံအရ မ်ိဳးရိုးျမင့္ထဲမွ မျဖစ္နိုင္ေပ။

သို႔ေသာ္ မ်က္ႏွာပင္ေသခ်ာမျမင္ဖူးေသာ ထိုသူ၏ ေက်ာက္စိမ္းေရာင္မ်က္ဝန္းတို႔ ေတာက္ပပုံမွာ ေတာ္ဝင္ဆန္သည္မို႔ အရွင့္ေခါင္းထဲတြင္ ပေဟဠိမ်ိဳးစုံလည္း ျဖစ္ေပၚေလေတာ့သည္။

အမွတ္တမဲ့ ဆက္ၾကည့္မိေနစဥ္မွာပင္ ထိုalpha၏ ေျခလွမ္းမ်ားက ႐ုတ္တရက္ရပ္သြားကာ လည္ျပန္ကာလွည့္ၾကည့္ရန္ ျပဳသည္မို႔ အလ်င္အျမန္ပင္ ပုန္းကြယ္လိုက္မိေတာ့သည္။ ဂူနံရံကို မွီကာ က်ဳံ႕က်ဳံ႕ေလးထိုင္ေနေသာ အရွင္သည္ အျပင္ဘက္မွ ေက်ာက္စိမ္းေရာင္ မ်က္ဝန္းပိုင္ရွင္၏ အၿပဳံးကိုေတာ့ ေတြ႕လိုက္မည္ မဟုတ္ပါေလ။

•••••

ဒုတိယညတြင္ေတာ့ ပထမညကထက္ ပို၍ ျပင္းထန္ေသာ တင္းက်ပ္နာက်င္မႈကို တစြန္းတစခံစားရေသာ္လည္း ထိုalpha၏ ဝတ္႐ုံကို ၿခဳံထားမိသည္ႏွင့္ ေဝဒနာတို႔က သက္သာသြားေလသည္။ Alphaျဖစ္သည္ေၾကာင့္ ထိုကဲ့သို႔ေသာ အစြမ္းရွိေနသည္လား ဒါမွမဟုတ္ ထိုalpha၏ မိုးရနံ႕က သူ႕အား ေဝဒနာသက္သာေစသည္လားဆိုသည္ကိုေတာ့ အရွင္ကိုယ္တိုင္ မသဲကြဲေပ။

"ဒီေန႕ေတာ့ အနံ႕ေတြသိသိသာသာ ျပင္းအားေလ်ာ့သြားတာပဲ။ Heatက ၿပီးခါနီးၿပီထင္တယ္။"

ဂူေပါက္ဝမွ ထင္းႏွင့္ စားစရာအခ်ိဳ႕ကို ထည့္ေပးရင္း ေျပာလာသူ alphaသည္ သူ႕အနံ႕၏ ျပင္းအားအတိမ္အနက္ကိုပါ သတိထားမိေနသည္မို႔ အရွင့္မွာ အံ့ဩရပါေသးသည္။ တကယ္ဆို အနံ႕ဝွက္ေဆးကို သုံးထားခဲ့သည္ မဟုတ္လား။ သမားေတာ္မင္ပဲ ေဆးေဖာ္စပ္ရာမွာ တခုခုလိုအပ္ခ်က္ရွိေနခဲ့သလား။

သို႔ေပမယ့္ ေသခ်ာစမ္းသပ္ထားခဲ့ေၾကာင္းလည္း အခိုင္အမာ သတင္းရရွိၿပီးျဖစ္သည္ေၾကာင့္ ထူးျခားေနသည္က ထိုalphaပင္ျဖစ္လိမ့္မည္။ ေနာင္တြင္ အႏၱရာယ္ျဖစ္ေကာင္းျဖစ္လာနိုင္သည္မို႔ ထိုalpha၏ အေၾကာင္းကို အနည္းငယ္ေတာ့ ေမးျမန္းရန္ ဆုံးျဖတ္လိုက္ေတာ့သည္။

"ခင္ဗ်ားက ဘာလုပ္တဲ့သူလဲ... အနံ႕ခံအာ႐ုံလည္းေကာင္းၿပီး... ညဘက္ႀကီးလည္း ေတာထဲမွာ တစ္ေယာက္တည္းရွိေနတာ.. ေနာက္ၿပီး ဒီအသီးေတြကေရာ ဘယ္ကေန ရွာလာခဲ့တာလည္း အခုလို ေတာနက္ႀကီးထဲမွာကိုေလ"

"ေမးခြန္းေတြက သိပ္မ်ားပါလား လာဗင္ဒါရဲ႕။ ေကာင္းၿပီ မင္းသိခ်င္တာေတြကို က်ဳပ္ေျဖေပးပါ့မယ္။ က်ဳပ္က မုဆိုးတစ္ေယာက္ပါ။ ေနာက္ၿပီးေတာ့ မင္းလိုမ်ိဳးပဲ သင္းကြဲတစ္ေယာက္။ ဒါက မင္းရဲ႕ ေမးခြန္းေတြကို ေျဖေပးနိုင္လိမ့္မယ္လို႔ထင္တယ္"

သင္းကြဲ alphaတစ္ေယာက္တဲ့လား။  သူ႕ကိုလည္း သင္းကြဲomegaဟု ထင္သည္ေၾကာင့္ ကူညီေပးခဲ့ျခင္းကိုး။
ထို႔အျပင္ သူ႕အား ေဝဒနာ သက္သာေစသည့္ ရနံ႕ပိုင္ရွင္။ သာမန္မဟုတ္ပဲ ထူးျခားစြာ ေတာက္ပသည့္ မ်က္ဝန္းပိုင္ရွင္က အညတရမုဆိုးတစ္ေယာက္ဆိုသည္မွာ ယုံရက္စရာပင္ မရွိေပ။ အရွင့္ရဲ႕ ခန့္မွန္းခ်က္တို႔က တက္တက္စင္ေအာင္ လြဲခဲ့သည္ကိုး။

သို႔ေသာ္လည္း Eldoraမွ မဟုတ္သည္ကေတာ့ ပို၍ ေသခ်ာသြားေတာ့သည္။ တိုင္းသူျပည္သားမ်ားအား ျပစ္မႈမည္မွ်ပင္ ႀကီးမားပါေစ ျပည္ႏွင္ဒဏ္ မေပးသည္မွာ အရွင့္ခမည္းေတာ္လက္ထက္ကတည္းက က်င့္သုံးခဲ့ေသာ ဥပေဒပင္ ျဖစ္ေလသည္။ အျပစ္သားကို နယ္ႏွင္သည့္အခါမွ တိုင္းျပည္ဟာကြက္တို႔က ပို၍ အလြယ္တကူေပါက္ၾကားနိုင္သည္မို႔ မဟာမိတ္ျပဳေလ့မရွိေသာ Eldoraလို တိုင္းျပည္မ်ိဳးအတြက္ အႀကီးမားဆုံးေသာ အႏၱရာယ္ပင္ မဟုတ္လား။

"ဘာလို႔ သင္းကြဲalphaျဖစ္ေနရတာလဲ? Eldoraမွာက ျပစ္မႈ ဘယ္ေလာက္ႀကီးႀကီး ျပည္ႏွင္ဒဏ္ေတာ့ မေပးတတ္ပါဘူး"

"Eldoraက မဟုတ္လို႔ေပါ့ လာဗင္ဒါရဲ႕"

"ဟင္ အဲ့ဒါဆို ခင္ဗ်ားက ခိုးဝင္လာတာေပါ့"

သူ႕စကား၏ေနာက္ ထိုalphaက ခပ္ဟဟ ရယ္သြမ္းကာ

"ခိုးဝင္တယ္ဆိုတာႀကီးက နားဝင္ဆိုးလိုက္တာ... ေနစရာမရွိလို႔ ဒီမွာ ခဏခိုလႈံတာပါ"

ခိုးဝင္တာ ခိုးဝင္တာပဲေပါ့။ စကားလုံးလွေအာင္မ်ား သုံးေနေသးတယ္။ အံ့ဩပါ့။

"နန္းေတာ္က သိသြားရင္ ျပစ္ဒဏ္ေပးခံရမယ္ဆိုတာ သိလား။ အခန့္မသင့္ရင္ ေသဒဏ္ေနာ္"

ပိုပိုသာသာေလး ပို၍ ေျခာက္လွန့္လိုက္ေသာ္လည္း ျပန္၍ ရလိုက္သည္ကေတာ့ ထိုalpha၏ ရယ္သံပင္ျဖစ္သည္။ အခု သူ႕ရဲ႕ အာဏာစက္ကို မခန့္ေလးစားလုပ္လိုက္တာမ်ားလား။

"သြားစရာမရွိလို႔ ဒုကၡေရာက္ေနတဲ့ လူတစ္ေယာက္ကို ကြပ္မ်က္ရေလာက္တဲ့အထိေတာ့ Eldoraအရွင္က မရက္စက္ေလာက္ပါဘူး။"

"ခင္ဗ်ားက Eldoraအရွင္ကို အထင္ေသးေနတာပဲ"

"ဟာ အထင္မေသးရပါဘူး။ ဘယ္လိုပဲေျပာေျပာ သူလည္း တိုင္းျပည္ကို အုပ္ခ်ဳပ္ေနသူပဲေလ။ က႐ုဏာတရားေတာ့ ရွိမွာပါ။ ေနာက္ၿပီး က်ဳပ္က သူ႕ေျမမွာ ခိုလႈံၿပီး သူပိုင္တဲ့ေျမက သစ္သီးသစ္ဖုနဲ႕ သတၱဝါေတြကို စားသုံးရင္း အသက္ေမြးေနရတာမို႔ ေက်းဇူးကန္းစကား ေျပာမထြက္ပါဘူး။

အားေကာင္းလွသည္ဆိုသည့္ စစ္သည္မ်ား၊ ႂကြယ္ဝလွသည္ဆိုေသာ သူေဌးသူႂကြယ္မ်ားႏွင့္ အာဏာအေတာ္အတန္ရွိသည္ဆိုသည့္ အမတ္ မ်ားကပင္ သူ႕ဩဇာကို ဖိန့္ဖိန့္တုန္ေအာင္ ေၾကာက္ပါေသာ္လည္း ဒီအညတရမုဆိုးကေတာ့ က႐ုဏာတရားကိုပါ ယွဥ္တြဲ၍ အမည္တပ္လိုက္ေသးသည္။
စကားအရာမွာ သိပ္ကြၽမ္းက်င္လွသည့္မို႔ တိတ္တဆိတ္ ခ်ီးက်ဴးမိပါေတာ့သည္။

"ဒါနဲ႕ မင္းကေရာ ဘယ္သူလဲ။ မင္းအေၾကာင္းကို က်ဳပ္သိလို႔ရၿပီလား"

"ပထမဆုံးေတြ႕ဖူးတဲ့သူတစ္ေယာက္ကို အဲ့လိုႀကီး လက္လြယ္စပယ္ေျပာမျပနိုင္ဘူး"

"မာန သိပ္ႀကီးပါလား လာဗင္ဒါရယ္။ ေျပာျပရတဲ့ က်ဳပ္ပဲ အဖတ္တင္သြားေတာ့တာပဲ။ ထားပါေတာ့"

အားေလ်ာ့သြားဟန္ေပၚသည့္ ထိုalpha၏ ေလသံေၾကာင့္ အားနာစိတ္ေတာ့ အနည္းငယ္ ဝင္မိသြားျပန္သည္။ သူ႕ဘက္က သိပ္ကို တင္းမာျပလြန္းေနတာမဟုတ္လား။ တဖက္လူက အကူအညီေပးခဲ့တာကိုေတာင္ေလ။

ထို႔ေၾကာင့္ ေခ်ာင္းဟန့္ကာ လည္ေခ်ာင္းရွင္းလိုက္ရင္း အႏွောင့္အသြားလြတ္ အေျဖတစ္ခုေပးလိုက္ေတာ့ ထိုalphaက ေမးခြန္းမ်ား ထပ္၍ေပၚလာျပန္ေလသည္။ အေတာ္ေလး အေမးအျမန္းထူေသာ alphaပါပဲ။

"အဟမ္း.....ဒီအတိုင္း... Eldoraက လူတစ္ေယာက္လို႔ သိထားရင္ ရပါၿပီ။"

"အိုး ဒါျဖင့္ရင္ မင္းက သင္းကြဲ omegaမဟုတ္ဘူးေပါ့။ ဒါနဲ႕မ်ား ဘာလို႔ heatကို ဒီမွာ လာၿပီး ျဖတ္သန္းရတာလဲ။"

"က်ဳပ္ရဲ႕ေနရာမွာ heatျဖစ္လို႔ အဆင္မေျပလို႔ေပါ့။ ခင္ဗ်ားက သိပ္ေမးခြန္းမ်ားတာပဲ"

"ဒါဆို မင္းရဲ႕ေနရပ္မွာ alphaအရိုင္းေတြ သိပ္မ်ားတယ္ ထင္တယ္။ ထားပါေတာ့.. က်ဳပ္အေတာ္ေလး စပ္စုသလိုျဖစ္သြားၿပီထင္ပါရဲ႕"

သူ႕ကိုယ္သူေတာ့ သိသားပဲဟု ေတြးမိကာ အရွင္က အမွတ္မထင္ ၿပဳံးလိုက္မိသည္။ သို႔ေသာ္လည္း ခ်က္ခ်င္းပင္ ျပန္၍ တည္တံ့လိုက္မိပါသည္။ ႏြယ္ႀကိဳးမ်ားျဖင့္ ကာရံထားသည္ေၾကာင့္ တဖက္လူမျမင္နိုင္ေသာ္လည္း ကိုယ္တိုင္ မလုံမလဲ၍ ျဖစ္ေလသည္။

"ဒါနဲ႕ ခင္ဗ်ားဒဏ္ရာ ဘယ္လိုေနေသးလဲ။"

"ဒဏ္ရာ? အာ သက္သာေနၿပီ ေသးေသးမႊားမႊားေလးပဲေလ။ အေရွာင္ေကာင္းတဲ့ အက်ိဳးေက်းဇူးေတြေပါ့။ မင္းလက္စကေတာ့ အေတာ္ျပင္းသားပဲေနာ္ လာဗင္ဒါ။"

"ဒါကေတာ့ ဒီလိုပါပဲ"

"ေကာင္းပါတယ္ ကိုယ့္ခံပညာေကာင္းေကာင္းတတ္ထားတာ ကိုယ့္ကိုယ္ကို ကာကြယ္နိုင္တာေပါ့။ လူေတြက omegaေတြကိုဆို သိပ္အခြင့္အေရးယူခ်င္ၾကတာေလ။"

ထိုalpha၏ စကားေနာက္တြင္ေတာ့ ႏွစ္ခ်ိဳက္စြာ ၿပဳံးမိေတာ့သည္။ heatျဖစ္ေနသည့္ omegaျဖစ္ေသာ္ျငား သူဟာ ကိုယ့္ကိုယ္ကို ကာကြယ္နိုင္ပါေသးသည္။ ဒါကိုလည္း လက္ခံအသိအမွတ္ျပဳသည့္ ထိုalphaအား အမွတ္ပိုေပးမိေလသည္။

ထို႔အျပင္ ေတာ္႐ုံလူအား မယုံၾကည္တတ္ေသာ Eldoraအရွင္က သမားေတာ္မင္အျပင္ အျခားလူစိမ္းတစ္ဦးအား ယုံၾကည္စျပဳလာသည္မွာ ထူးျခားအံ့ဖြယ္ပင္ျဖစ္ပါေတာ့သည္။

#Tbc

A/N: Heatျဖစ္ေနတဲ့ လာဗင္ဒါေလးကို အမ်ားႀကီး ေမွ်ာ္လင့္ထားၾကတာမဟုတ္လား 🤫  Eldoraအရွင္ပဲေလေနာ္ လြယ္လြယ္နဲ႕ ေက်ာလို႔ေတာ့ ဘယ္ရမလဲ XD

ေနာက္ၿပီး 라기 ကတိတည္ပါတယ္ေနာ္ ပိစိေလးေနာက္က်သြားတာေလး တစ္ခုပဲ ဟီး XD က်န္တဲ့ ficေလးေတြလည္း ေနာက္ရက္ upေပးပါ့မယ္ေနာ္ ♥ ဒါေလးက ေတာင္းဆိုတဲ့သူ မ်ားေနလို႔ပါ

See you in next episode~

- 해바라기

Czytaj Dalej

To TeΕΌ Polubisz

245K 7.3K 59
I could say this is one clichΓ© story. A college girl died and transmigrated into an otome game she once played. Unfortunately she becomes the villain...
92.9K 4.2K 56
Elite3532, an individual who can be considered as an icon among the Tensura fandom community failed in accomplishing his dream... As he regretted his...
43.6K 692 16
DELULU & GUILT PLEASURE
37K 2.3K 22
𝐁𝐨𝐨𝐀 # 𝟏 𝐨𝐟 π“π‘πž π‘πšπšπ³ 𝐬𝐞𝐫𝐒𝐞𝐬. Love or betrayal? Consumption of betrayals. Internal betrayal? Yes! Will they be overcome? Or W...