Villainess Series 2 ;အဓိကဇာတ်...

By PhuPhuUchiha

20K 1.7K 63

I just translate this story.I don't own this story.The author of this story is badlover101❣️. Profile picture... More

၁..ထိတ်လန့်ခြင်း
၂..ပေးအပ်ခြင်း
၃..ရယ်မောမိခြင်း
၅..လေပြင်း
၆..ဆံညှပ်
၇..နှစ်သိမ့်ပေးခြင်း
၈..အကြောက်အရွံ့ကင်းခြင်း
၉..အားနည်းခြင်း
၁၀..လက်သည်း
၁၁..ဆိုးရွားသည့်လုပ်ရပ်
၁၂..မျက်လုံးစည်းနဲ့ကလေး
၁၃..ပျော်ရွှင်မှု
၁၄..ကြင်နာသနားခြင်း

၄..အိမ်မွေးတိရစ္ဆာန်

1.1K 124 2
By PhuPhuUchiha

[Unicode]

တရုတ်ယဉ်ကျေးမှုတွင် နဂါးများသည်တန်ခိုး၊ ခွန်အားနှင့်ကံကြမ္မာကိုကိုယ်စားပြုပြီး ခြေသည်းငါးချောင်းရှိသောနဂါးသည်ဧကရာဇ်မင်း ကိုကိုယ်စားပြုသည်။

ငါးအမြီး၊ငါးကြင်းအကြေးခွံ၊မြွေလည်ပင်း၊ လင်းယုန်ခြေသည်း၊ကျားခြေဖဝါး၊နွားနားရွက်၊နတ်ဆိုးမျက်စိ၊ဆိတ်တစ်ကောင်ရဲ့မုတ်ဆိတ်မွေးနှင့်နွားသိုးတစ်ကောင်း၏ဦးချိုတို့သည် ဇာတ်လမ်းအများစုတွင်တရုတ်နဂါးတစ်ကောင်၏လက္ခဏာများအဖြစ်သရုပ်ဖော်လေ့ရှိသည်။

ဝတ္ထုတွင် စစ်မြေပြင်လေးခု(ချူ၊ဒူ၊ထန်၊လီ) တို့ကို 'ပင်လယ်လေးခု၏နဂါးဘုရင်များ'
(စစ်ဟိုင် လုံ၀မ်)ဟုခေါ်ဆိုကြသည်။

တစ်ခုစီတွင် ၎င်းတို့၏နယ်နိမိတ်သင်္ကတများလည်းရှိကြ၏ - [1]အရှေ့ပင်လယ်- ကြင်နာတတ်သော ရေခဲနဂါးဧကရာဇ် ချူညုံ၊[2] တောင်ပင်လယ်-ရည်မှန်းချက်ကြီးတဲ့မီးနဂါးဧကရာဇ် လီဟိုင်၊[3]အနောက်ပင်လယ်- ငြိမ်းချမ်းရေးကိုမြတ်နိုးသော မိုးပြာရောင်နဂါးဧကရာဇ် ဒူကျင်း နှင့်နောက်ဆုံးက [4] မြောက်ပင်လယ်-လျှို့ဝှက်ဆန်းကြယ်သော နဂါးနက်ဧကရာဇ် ထန်ကျဲတုံ ။

ဝတ္ထုထဲတွင် ပုံပြင်ဆန်တဲ့ထိုတည်နေရာများကို တစ်ကြိမ်သာဖော်ပြခဲ့သည်၊ဟုတ်တယ်,ငါတို့ရဲ့ချစ်လှစွာသောစာရေးဆရာက သိပ်ပျင်းဖို့ကောင်းတာပဲ။ဝတ္ထုထဲက ငါ့ရဲ့ပထမဘ၀မှာဆိုရင်လည်း ဒူနဲ့လီအင်ပါယာနှစ်ခုနယ်မြေထဲသာ၀င်ဖူးတယ်။

လွန်ခဲ့သည့်ခြောက်လက ပြိုင်ဘက်နိုင်ငံနှစ်ခုကြားတွင် အိမ်ထောင်ရေးမဟာမိတ်ဖွဲ့တစ်ခုဖွဲ့ခဲ့ကြသည်၊သွေးချောင်းစီးခြင်းကို ရပ်တန့်ဖို့အတွက်ပေါ့။ မိုးပြာရောင်ဧကရာဇ်နဲ့မီးဧကရာဇ်တို့က မဝေးတော့တဲ့အနာဂတ်တွင်၎င်းတို့၏ ချစ်လှစွာသောကလေးများကိုလက်ထပ်ထိမ်းမြှားပေးရန်ဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် လီအင်ပါယာဧကရာဇ်က
'လက်ထပ်ရန်သဘောတူစာချုပ်'ကိုမမေ့ကြောင်းသက်သေပြရန်၊နှစ်စဉ်နှစ်တိုင်း သူသည်သူ၏သမီးချောလေးကို ဒူအင်ပါယာသို့ပို့ပေးသည်။သွေးစွန်းနေတဲ့စာရေးဆရာက၎င်းကို 'တော်ဝင်နွေရာသီလည်ပတ်ခြင်း'ဟုအမည်ပေးထားသည်၊ထို့အတွက် နှစ်စဥ်နှစ်တိုင်းဗီလိန်မကဒူအင်ပါယာသို့အလည်အပတ်သွားပေးရသည်။

အဓိကဇာတ်ဆောင်မွေးနေ့ပွဲကျင်းပပြီးတစ်လအကြာတွင်စောင့်မျှော်မှုအများဆုံးဖြစ်တဲ့ အင်ပါယာနှစ်ခုကြားကတော်၀င်မင်္ဂလာပွဲကျင်းပတော့မည်ဟုလူအများကမျှော်လင့်နေကြသည်။

"မင်း-မင်းသမီး!"

နေရောင်ကဲ့သို့တောက်ပနေပြီးသက်တံ့ကဲ့သို့ အရောင်အသွေးစုံလှသည်၊ပြီးတော့ လေလိုမျိုးလည်းပူပင်ကြောင့်ကြကင်းလှသည်;ဒူကိုင်သည်သူမကိုကြည့်၍ နွေရာသီကမ်းခြေနှင့် ပျော်ပွဲစားပွဲများကိုအမှတ်ရသွားခဲ့သည်။

"မင်း-မင်းသမီး!"

ထျန်မင်က သူမ၏ကြီးမားသောခန္ဓာကိုယ်ဖြင့်သူမသခင်မရှေ့တွင်ပိတ်ရပ်လိုက်သည်။

ဘေးနားက‌နေအားပေါင်က သနားစရာကောင်းတဲ့မျက်လုံးပြာကြောင်လေးကိုကြည့်၍ "မင်းသမီးက ယုံဟဲနန်းဆောင်ကိုလာလည်ခွင့်ပြုမထားဘူးလေ,အရှင့်သား"အားပေါင်ရဲ့အသံက ၀တ္ထုတွေထဲက CEOတွေရဲ့အတွင်းရေးမှူးလိုပဲအထင်ကြီးစရာကောင်းသည်။

'သူမကဒီလိုနေရာမျိုးမှာဆိုပရိုအရမ်းကျတယ်! သူမကအစေခံတစ်ယောက်ဆိုပေမယ့်လူတွေကိုခြိမ်းခြောက်နိုင်တယ်"

"လျှိုယန်မင်းသမီးကို နှုတ်ခွန်းဆက်သပါတယ်"မင်းသား၏အစေခံကဦးညွှန့်လိုက်၏။

သူမခေါင်းညိတ်လိုက်ပြီးထျန်မင်ကိုဖယ်ခိုင်းလိုက်သည်၊ထို့နောက် ဒူကိုင်မျက်လုံးများကိုကြည့်၍တွေ့ခွင့်ပြုလိုက်၏။

"ရှေ့ဆက်တိုးပါအုန်း,မင်းသားရဲ့"သူမက လက်ညိုးအားမေးစေ့တွင်ထားလိုက်၍မခို့တရို့ ပြုမူလိုက်သည်။

"နည်းနည်းလောက်ပိုတိုးလာပြီးရင် မင်းသားရဲ့ခြေထောက်တွေကိုအပိုင်းပိုင်းခုတ်ထစ်ပစ်ရင်ကောင်းမလား?"သူမနှုတ်ခမ်းပေါ်မှအပြုံးတစ်ခုကရစ်ဝဲလာခဲ့၏။

မင်းသားလေးကသတ္တမမြောက်မင်းသမီးဆီကိုဘာလို့အမြဲလာလည်လေ့ရှိလဲဆိုတာ စာဖတ်သူတို့လည်းအံ့ဩကြမှာပဲ၊ဘာလို့လဲဆိုတော့ ဗီလိန်မကဒူမင်းသားကို ညှဉ်းပန်းနှိပ်စက်ရတာကြိုက်တယ်ဆိုတာအရှင်းကြီပဲ၊ဒီထက်တော့ဘာမှမပိုဘူး။

သူကကြောက်နေပေမယ့် မဝံ့မရဲလာနေသေးသည်၊အဓိကဇာတ်ဆောင်ကညှင်းပန်းနှိပ်စက်ရာတွင်ပျော်မွေ့သူတစ်ယောက်မဟုတ်ပါ;သူ့ဇာတ်ကောင်ပုံစံနဲ့လည်းမကိုက်ညီပေ။

အပြစ်မဲ့ ဒူကိုင်လေးကလှပတဲ့လီချာကို သူ့ရဲ့
တစ်ဦးတည်းသောကစားဖော်၊တစ်ဦးတည်းသော သူငယ်ချင်းအဖြစ်အမှန်တကယ်ဆက်ဆံခဲ့သည်။

'သူက မင်းတို့မြင်နေရတဲ့အတိုင်းအထီးကျန်နေတဲ့ကလေးငယ်လေးပဲ၊အာ,ငါသာတတ်နိုင်ရင် ဒီကောင်လေးကိုသကြားလုံးသာပေးပစ်ချင်တောတယ်'

"ဘာလဲ?ဟမ်...?ခနကမင်းသားရယ်လိုက်တယ်.."

လီချာသည် သတ္တိရှိနေပြီးဒီရက်ပိုင်းတွင်,အိမ်ရှေ့စံမင်းသားအားနှုတ်ဆက်စကားပြောရာမှာတွင်လည်းအနှောက်အယှက်မဖြစ်ပေ။

ဒူမင်းသားက တွန့်ဆုတ်စွာဖြင့်သူ့အနောက်ဘက်ကအစေခံအားတစ်ချက်ကြည့်လိုက်၏။

"အိမ်ရှေ့မင်းသားကို ဘာကများအရမ်းပျော်ရွှင်စေတာလဲ?"

အဓိကဇာတ်ဆောင်ကခေါင်းလေးအနည်းငယ်ငုံ့ထားပြီး သူမပြောသမျှစကားလုံးတိုင်းကိုထိတ်လန့်နေသည်။

"မင်းသမီးကိုပြန်ဖြေပါတယ်၊မင်းသားလေးက ဧကရီမိဖုရားခေါင်ကြီးဆီကနေလက်ဆောင်တစ်ခုရထားလို့ပါ"မိန်းမစိုးတစ်ယောက်ကဖြေလိုက်၏။

"အို..."

"လူပြောများနေတဲ့အနောက်အရပ်ကငှက်တစ်ကောင်ပါ၊တော်ဝင်အိမ်ရှေ့စံမင်းသားလေးက မင်းသမီးကိုအဲ့ဒီအိမ်မွေးတိရစ္ဆာန်အသစ်လေးကိုပြချင်နေတာပါ"

"ဟမ်.. အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို့ပြောလိုက်တာလား?"

အားပေါင်က မင်းသားနန်းဆောင်ရှိအစေခံတစ်ဦးထံမှလှောင်အိမ်အားယူကာ သူမရှေ့တွင်ပြသလိုက်သည်။

"ဒီအိမ်​​မွေးတိရစ္ဆာန်ကို..မင်းသားက ပြချင်တာလား?"

ဒူကိုင်ကစိတ်အားထက်သန်စွာခေါင်းညိတ်ပြတော့ သူမပါးစပ်မှရယ်မောသံကရုတ်တရက်ထွက်လာဝောာ့သည်။

"ဒီလက်ဆောင်ကို..မင်းသားကကြိုက်တယ်လား?"

အပြစ်ကင်းစင်တဲ့အဓိကဇာတ်ဆောင်လေးကမော့ကြည့်လာရင်းသူ၏မျက်၀န်းထဲမှာလည်း ကြောက်ရွံ့ခြင်းနှင့်မျှော်လင့်ချက်များကရောထွေးလို့နေလေသည်။

"အ-အင်း"

သူမက လှောင်အိမ်အားဖွင့်လိုက်ပြီးအထဲမှကြက်တူရွေးလေးအားဖမ်းလိုက်ကာ ခက်ထန်တဲ့လေသံနှင့်အတူမေးလိုက်၏"ဘာလို့လဲ?.. ငှက်ကအရမ်းလှလို့လား.. ဒါမှမဟုတ်.. ဒီငှက်ကစကားပြောနိုင်ပြီးပျံနိုင်လို့လား?"

သူမကလက်ချောင်းတွေနဲ့ထပ်မံကစားနေပြီး;ဒူကိုင်ကတော့ဗီလိန်မ၏ပြင်းပြတဲ့အကြည့်အောက်တွင်တုန်လှုပ်နေလေသည်။

"မင်းသားဘာကြိုက်တယ်၊ဘာလိုချင်တာတယ်၊ဘာကိုသိမ်းထားချင်တယ်တွေက...ကျွန်မခွင့်ပြုချက်လိုတယ်လေ"

ထိုကဲ့သို့ပြောရင်း ငှက်တောင်ပံနှစ်ခုအားစာရွက်ဖြဲသလိုဆွဲဖြဲလိုက်ပြီး မြေပြင်ပေါ်သို့လွှင့်ပစ်လိုက်လေသည်။

အစေခံများ၏ ပင့်သက်ရှိုက်သံများ၊ အိမ်ရှေ့မင်းသား၏မျက်နှာတွင်ထိတ်လန့်တဲ့ အကြည့်များနှင့်ကျိုးကြေသွားတဲ့ငှက်ကလေး၏အော်ဟစ်သံက ယုံဟဲနန်းဆောင်အတွင်းပဲ့တင်ထပ်သွားခဲ့သည်။

"ဒီမင်းသမီးရဲ့ခွင့်ပြုချက်မရဘဲ,ဘာမှ...မွေးလို့မရဘူး"

သွေးစွန်းနေတဲ့စာရေးဆရာကဇာတ်ကောင်မိတ်ဆက်ဆွေးနွေးပွဲတွင်တစ်ခါပြောဖူးသည်;လီချာ၏ဇာတ်ကောင်က လက်တွေ့ဘဝကလူများ၏စရိုက်ကိုအခြေခံထားခြင်းဖြစ်တယ်တဲ့။

အရင်ကပြောဖူးတယ်လေ၊ဒီသွေးစွန်းနေတဲ့စာရေးဆရာက နန်းတွင်ဒရာမာကားတော်တော်များများရဲ့ပရိတ်သတ်ဖြစ်လိမ့်မယ်လို့၊Ruyi လိုမျိုး ဂုဏ်သိက္ခာရှိပြီးမြင့်မြတ်ရမယ်၊Wu Zetianလိုမျိုးအကြင်နာကင်းရမယ်၊Wei Yingluoလိုမျိုးညှင်းပန်းနှိပ်စက်တတ်ရမယ်၊ အတိုချုပ်ပြောရရင် စာရေးဆရာက ဗီလိန်မဇာတ်ရုပ်ကိုထူးခြားပြီးကွဲထွက်နေတဲ့သူအဖြစ်ဖန်တီးခဲ့သည်။

သူမ သူ့ဆီသို့အေးဆေးစွာလျှောက်သွားလိုက်၏။

ထို့နောက် သူမကိုယ်ပေါ်ကအနီရောင်၀တ်ရုံကိုချွတ်လိုက်ပြီးအဓိကဇာတ်ဆောင်ကိုလွှမ်းခြုံပေးလိုက်သည်;ထိုလုပ်ရပ်ကြောင့်အဓိကဇာတ်ဆောင်အံ့အားသင့်သွားသောခံစားချက်တစ်ချို့မျက်နှာပေါ်တွင်ဖြတ်ပြေးသွားတော့သည်။

သူမသူ့ကိုပွေ့ဖက်ထားရင်း သူ့ကျောလေးအားညင်သာစွာပွတ်ပေးလိုက်၏။"ရှူး..မငိုပါနဲ့တော့,မင်းသားရယ်"

သူမဒီဝတ္ထုကိုဖတ်နေတဲ့အချိန်တုန်းကတောင် ဒီရေဘဝဲမ...စိတ်ရောဂါ‌ရနေတဲ့သူလို့တောင်အောက်မေ့ခဲ့ရတယ်၊သူမက တစ်ကယ်လူတွေကိုအိမ်မက်ဆိုးတွေပေးနိုင်တယ်!

'ဗီလိန်ဖြစ်ရတာ လွယ်တယ်လို့ဘယ်သူပြောလဲ?ရယ်စရာကောင်းလား?!ထွက်လာခဲ့,ငါနင်တို့ကို သန့်ရှင်းတဲ့သေခြင်းပေးမယ်လို့ကတိပေးတယ်!

ရူးသွပ်စွာပြုမူရတာတွေ၊တိရိစ္ဆာန်တွေနဲ့ကစားပြီးရက်စက်ပေးရတာတွေ၊လူတွေကိုလည်း
လူမဆန်စွာအပြစ်ပေးရတာတွေ၊အဲ့တာတွေအကုန်လုံးက ငါ့ရဲ့စိတ်ပိုင်းဆိုင်ရာရော၊ဖြစ်တည်မှုတစ်ခုလုံးပါတစ်ကယ်တစ်ကယ်ကိုနာကျင်ရတယ်။

မူရင်းလီချာက 3Dရုပ်ရှင်ကြည့်နေသလိုမျိုးလူတွေကျရှုံးနေတာပဲကြည့်ရတာနှစ်သက်ပြီး လူ
မသတ်ခဲ့တာပဲကျေးဇူးတင်ရမလား?

"ဒီနန်းတော်ထဲမှာဒီမင်းသမီးခွင့်ပြုတဲ့အိမ်မွေး
တိရစ္တာန်ဆိုလို့ အရှင့်သားတစ်ယောက်ပဲရှိတယ်ဆိုတာမမေ့လိုက်ပါနဲ့"

"ကျွန်မရဲ့အိမ်မွေးတိရစ္ဆာန်လေး"

"ဧကရီမိဖုရားခေါင်ကြီးပေးအပ်ထားတဲ့ ကျွန်မရဲ့အိမ်မွေးတိရိစ္ဆာန်လေး"

******

[Zawgyi]

တ႐ုတ္ယဥ္ေက်းမႈတြင္ နဂါးမ်ားသည္တန္ခိုး၊ ခြန္အားႏွင့္ကံၾကမၼာကိုကိုယ္စားျပဳၿပီး ေျခသည္းငါးေခ်ာင္း႐ွိေသာနဂါးသည္ဧကရာဇ္မင္း ကိုကိုယ္စားျပဳသည္။

ငါးအၿမီး၊ငါးၾကင္းအေၾကးခြံ၊ေႁမြလည္ပင္း၊ လင္းယုန္ေျခသည္း၊က်ားေျခဖဝါး၊ႏြားနား႐ြက္၊နတ္ဆိုးမ်က္စိ၊ဆိတ္တစ္ေကာင္ရဲ႕မုတ္ဆိတ္ေမြးႏွင့္ႏြားသိုးတစ္ေကာင္း၏ဦးခ်ိဳတို႔သည္ ဇာတ္လမ္းအမ်ားစုတြင္တ႐ုတ္နဂါးတစ္ေကာင္၏လကၡဏာမ်ားအျဖစ္သ႐ုပ္ေဖာ္ေလ့႐ွိသည္။

ဝတၳဳတြင္ စစ္ေျမျပင္ေလးခု(ခ်ဴ၊ဒူ၊ထန္၊လီ) တို႔ကို 'ပင္လယ္ေလးခု၏နဂါးဘုရင္မ်ား'
(စစ္ဟိုင္ လုံ၀မ္)ဟုေခၚဆိုၾကသည္။

တစ္ခုစီတြင္ ၎တို႔၏နယ္နိမိတ္သကၤတမ်ားလည္း႐ွိၾက၏ - [1]အေ႐ွ႕ပင္လယ္- ၾကင္နာတတ္ေသာ ေရခဲနဂါးဧကရာဇ္ ခ်ဴညဳံ၊[2] ေတာင္ပင္လယ္-ရည္မွန္းခ်က္ႀကီးတဲ့မီးနဂါးဧကရာဇ္ လီဟိုင္၊[3]အေနာက္ပင္လယ္- ၿငိမ္းခ်မ္းေရးကိုျမတ္ႏိုးေသာ မိုးျပာေရာင္နဂါးဧကရာဇ္ ဒူက်င္း ႏွင့္ေနာက္ဆုံးက [4] ေျမာက္ပင္လယ္-လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ နဂါးနက္ဧကရာဇ္ ထန္က်ဲတုံ ။

ဝတၳဳထဲတြင္ ပုံျပင္ဆန္တဲ့ထိုတည္ေနရာမ်ားကို တစ္ႀကိမ္သာေဖာ္ျပခဲ့သည္၊ဟုတ္တယ္,ငါတို႔ရဲ႕ခ်စ္လွစြာေသာစာေရးဆရာက သိပ္ပ်င္းဖို႔ေကာင္းတာပဲ။ဝတၳဳထဲက ငါ့ရဲ႕ပထမဘ၀မွာဆိုရင္လည္း ဒူနဲ႔လီအင္ပါယာႏွစ္ခုနယ္ေျမထဲသာ၀င္ဖူးတယ္။

လြန္ခဲ့သည့္ေျခာက္လက ၿပိဳင္ဘက္ႏိုင္ငံႏွစ္ခုၾကားတြင္ အိမ္ေထာင္ေရးမဟာမိတ္ဖြဲ႕တစ္ခုဖြဲ႕ခဲ့ၾကသည္၊ေသြးေခ်ာင္းစီးျခင္းကို ရပ္တန္႔ဖို႔အတြက္ေပါ့။ မိုးျပာေရာင္ဧကရာဇ္နဲ႔မီးဧကရာဇ္တို႔က မေဝးေတာ့တဲ့အနာဂတ္တြင္၎တို႔၏ ခ်စ္လွစြာေသာကေလးမ်ားကိုလက္ထပ္ထိမ္းျမႇားေပးရန္ဆုံးျဖတ္ခဲ့ၾကသည္။

ထို႔ေၾကာင့္ လီအင္ပါယာဧကရာဇ္က
'လက္ထပ္ရန္သေဘာတူစာခ်ဳပ္'ကိုမေမ့ေၾကာင္းသက္ေသျပရန္၊ႏွစ္စဥ္ႏွစ္တိုင္း သူသည္သူ၏သမီးေခ်ာေလးကို ဒူအင္ပါယာသို႔ပို႔ေပးသည္။ေသြးစြန္းေနတဲ့စာေရးဆရာက၎ကို 'ေတာ္ဝင္ေႏြရာသီလည္ပတ္ျခင္း'ဟုအမည္ေပးထားသည္၊ထို႔အတြက္ ႏွစ္စဥ္ႏွစ္တိုင္းဗီလိန္မကဒူအင္ပါယာသို႔အလည္အပတ္သြားေပးရသည္။

အဓိကဇာတ္ေဆာင္ေမြးေန႔ပြဲက်င္းပၿပီးတစ္လအၾကာတြင္ေစာင့္ေမွ်ာ္မႈအမ်ားဆုံးျဖစ္တဲ့ အင္ပါယာႏွစ္ခုၾကားကေတာ္၀င္မဂၤလာပြဲက်င္းပေတာ့မည္ဟုလူအမ်ားကေမွ်ာ္လင့္ေနၾကသည္။

"မင္း-မင္းသမီး!"

ေနေရာင္ကဲ့သို႔ေတာက္ပေနၿပီးသက္တံ့ကဲ့သို႔ အေရာင္အေသြးစုံလွသည္၊ၿပီးေတာ့ ေလလိုမ်ိဳးလည္းပူပင္ေၾကာင့္ၾကကင္းလွသည္;ဒူကိုင္သည္သူမကိုၾကည့္၍ ေႏြရာသီကမ္းေျခႏွင့္ ေပ်ာ္ပြဲစားပြဲမ်ားကိုအမွတ္ရသြားခဲ့သည္။

"မင္း-မင္းသမီး!"

ထ်န္မင္က သူမ၏ႀကီးမားေသာခႏၶာကိုယ္ျဖင့္သူမသခင္မေ႐ွ႕တြင္ပိတ္ရပ္လိုက္သည္။

ေဘးနားက‌ေနအားေပါင္က သနားစရာေကာင္းတဲ့မ်က္လုံးျပာေၾကာင္ေလးကိုၾကည့္၍ "မင္းသမီးက ယုံဟဲနန္းေဆာင္ကိုလာလည္ခြင့္ျပဳမထားဘူးေလ,အ႐ွင့္သား"အားေပါင္ရဲ႕အသံက ၀တၳဳေတြထဲက CEOေတြရဲ႕အတြင္းေရးမႉးလိုပဲအထင္ႀကီးစရာေကာင္းသည္။

'သူမကဒီလိုေနရာမ်ိဳးမွာဆိုပ႐ိုအရမ္းက်တယ္! သူမကအေစခံတစ္ေယာက္ဆိုေပမယ့္လူေတြကိုၿခိမ္းေျခာက္ႏိုင္တယ္"

"လွ်ိဳယန္မင္းသမီးကို ႏႈတ္ခြန္းဆက္သပါတယ္"မင္းသား၏အေစခံကဦးၫႊန္႔လိုက္၏။

သူမေခါင္းညိတ္လိုက္ၿပီးထ်န္မင္ကိုဖယ္ခိုင္းလိုက္သည္၊ထို႔ေနာက္ ဒူကိုင္မ်က္လုံးမ်ားကိုၾကည့္၍ေတြ႕ခြင့္ျပဳလိုက္၏။

"ေ႐ွ႕ဆက္တိုးပါအုန္း,မင္းသားရဲ႕"သူမက လက္ညိဳးအားေမးေစ့တြင္ထားလိုက္၍မခို႔တ႐ို႕ ျပဳမူလိုက္သည္။

"နည္းနည္းေလာက္ပိုတိုးလာၿပီးရင္ မင္းသားရဲ႕ေျခေထာက္ေတြကိုအပိုင္းပိုင္းခုတ္ထစ္ပစ္ရင္ေကာင္းမလား?"သူမႏႈတ္ခမ္းေပၚမွအျပဳံးတစ္ခုကရစ္ဝဲလာခဲ့၏။

မင္းသားေလးကသတၱမေျမာက္မင္းသမီးဆီကိုဘာလို႔အၿမဲလာလည္ေလ့႐ွိလဲဆိုတာ စာဖတ္သူတို႔လည္းအံ့ဩၾကမွာပဲ၊ဘာလို႔လဲဆိုေတာ့ ဗီလိန္မကဒူမင္းသားကို ညႇဥ္းပန္းႏွိပ္စက္ရတာႀကိဳက္တယ္ဆိုတာအ႐ွင္းႀကီပဲ၊ဒီထက္ေတာ့ဘာမွမပိုဘူး။

သူကေၾကာက္ေနေပမယ့္ မဝံ့မရဲလာေနေသးသည္၊အဓိကဇာတ္ေဆာင္ကညႇင္းပန္းႏွိပ္စက္ရာတြင္ေပ်ာ္ေမြ႕သူတစ္ေယာက္မဟုတ္ပါ;သူ႕ဇာတ္ေကာင္ပုံစံနဲ႔လည္းမကိုက္ညီေပ။

အျပစ္မဲ့ ဒူကိုင္ေလးကလွပတဲ့လီခ်ာကို သူ႕ရဲ႕
တစ္ဦးတည္းေသာကစားေဖာ္၊တစ္ဦးတည္းေသာ သူငယ္ခ်င္းအျဖစ္အမွန္တကယ္ဆက္ဆံခဲ့သည္။

'သူက မင္းတို႔ျမင္ေနရတဲ့အတိုင္းအထီးက်န္ေနတဲ့ကေလးငယ္ေလးပဲ၊အာ,ငါသာတတ္ႏိုင္ရင္ ဒီေကာင္ေလးကိုသၾကားလုံးသာေပးပစ္ခ်င္ေတာတယ္'

"ဘာလဲ?ဟမ္...?ခနကမင္းသားရယ္လိုက္တယ္.."

လီခ်ာသည္ သတၱိ႐ွိေနၿပီးဒီရက္ပိုင္းတြင္,အိမ္ေ႐ွ႕စံမင္းသားအားႏႈတ္ဆက္စကားေျပာရာမွာတြင္လည္းအေႏွာက္အယွက္မျဖစ္ေပ။

ဒူမင္းသားက တြန္႔ဆုတ္စြာျဖင့္သူ႕အေနာက္ဘက္ကအေစခံအားတစ္ခ်က္ၾကည့္လိုက္၏။

"အိမ္ေ႐ွ႕မင္းသားကို ဘာကမ်ားအရမ္းေပ်ာ္႐ႊင္ေစတာလဲ?"

အဓိကဇာတ္ေဆာင္ကေခါင္းေလးအနည္းငယ္ငုံ႔ထားၿပီး သူမေျပာသမွ်စကားလုံးတိုင္းကိုထိတ္လန္႔ေနသည္။

"မင္းသမီးကိုျပန္ေျဖပါတယ္၊မင္းသားေလးက ဧကရီမိဖုရားေခါင္ႀကီးဆီကေနလက္ေဆာင္တစ္ခုရထားလို႔ပါ"မိန္းမစိုးတစ္ေယာက္ကေျဖလိုက္၏။

"အို..."

"လူေျပာမ်ားေနတဲ့အေနာက္အရပ္ကငွက္တစ္ေကာင္ပါ၊ေတာ္ဝင္အိမ္ေ႐ွ႕စံမင္းသားေလးက မင္းသမီးကိုအဲ့ဒီအိမ္ေမြးတိရစၧာန္အသစ္ေလးကိုျပခ်င္ေနတာပါ"

"ဟမ္.. အိမ္ေမြးတိရိစၧာန္တစ္ေကာင္လို႔ေျပာလိုက္တာလား?"

အားေပါင္က မင္းသားနန္းေဆာင္႐ွိအေစခံတစ္ဦးထံမွေလွာင္အိမ္အားယူကာ သူမေ႐ွ႕တြင္ျပသလိုက္သည္။

"ဒီအိမ္​​ေမြးတိရစၧာန္ကို..မင္းသားက ျပခ်င္တာလား?"

ဒူကိုင္ကစိတ္အားထက္သန္စြာေခါင္းညိတ္ျပေတာ့ သူမပါးစပ္မွရယ္ေမာသံက႐ုတ္တရက္ထြက္လာေဝာာ့သည္။

"ဒီလက္ေဆာင္ကို..မင္းသားကႀကိဳက္တယ္လား?"

အျပစ္ကင္းစင္တဲ့အဓိကဇာတ္ေဆာင္ေလးကေမာ့ၾကည့္လာရင္းသူ၏မ်က္၀န္းထဲမွာလည္း ေၾကာက္႐ြံ႕ျခင္းႏွင့္ေမွ်ာ္လင့္ခ်က္မ်ားကေရာေထြးလို႔ေနေလသည္။

"အ-အင္း"

သူမက ေလွာင္အိမ္အားဖြင့္လိုက္ၿပီးအထဲမွၾကက္တူေ႐ြးေလးအားဖမ္းလိုက္ကာ ခက္ထန္တဲ့ေလသံႏွင့္အတူေမးလိုက္၏"ဘာလို႔လဲ?.. ငွက္ကအရမ္းလွလို႔လား.. ဒါမွမဟုတ္.. ဒီငွက္ကစကားေျပာႏိုင္ၿပီးပ်ံႏိုင္လို႔လား?"

သူမကလက္ေခ်ာင္းေတြနဲ႔ထပ္မံကစားေနၿပီး;ဒူကိုင္ကေတာ့ဗီလိန္မ၏ျပင္းျပတဲ့အၾကည့္ေအာက္တြင္တုန္လႈပ္ေနေလသည္။

"မင္းသားဘာႀကိဳက္တယ္၊ဘာလိုခ်င္တာတယ္၊ဘာကိုသိမ္းထားခ်င္တယ္ေတြက...ကြၽန္မခြင့္ျပဳခ်က္လိုတယ္ေလ"

ထိုကဲ့သို႔ေျပာရင္း ငွက္ေတာင္ပံႏွစ္ခုအားစာ႐ြက္ၿဖဲသလိုဆြဲၿဖဲလိုက္ၿပီး ေျမျပင္ေပၚသို႔လႊင့္ပစ္လိုက္ေလသည္။

အေစခံမ်ား၏ ပင့္သက္႐ိႈက္သံမ်ား၊ အိမ္ေ႐ွ႕မင္းသား၏မ်က္ႏွာတြင္ထိတ္လန္႔တဲ့ အၾကည့္မ်ားႏွင့္က်ိဳးေၾကသြားတဲ့ငွက္ကေလး၏ေအာ္ဟစ္သံက ယုံဟဲနန္းေဆာင္အတြင္းပဲ့တင္ထပ္သြားခဲ့သည္။

"ဒီမင္းသမီးရဲ႕ခြင့္ျပဳခ်က္မရဘဲ,ဘာမွ...ေမြးလို႔မရဘူး"

ေသြးစြန္းေနတဲ့စာေရးဆရာကဇာတ္ေကာင္မိတ္ဆက္ေဆြးေႏြးပြဲတြင္တစ္ခါေျပာဖူးသည္;လီခ်ာ၏ဇာတ္ေကာင္က လက္ေတြ႕ဘဝကလူမ်ား၏စ႐ိုက္ကိုအေျခခံထားျခင္းျဖစ္တယ္တဲ့။

အရင္ကေျပာဖူးတယ္ေလ၊ဒီေသြးစြန္းေနတဲ့စာေရးဆရာက နန္းတြင္ဒရာမာကားေတာ္ေတာ္မ်ားမ်ားရဲ႕ပရိတ္သတ္ျဖစ္လိမ့္မယ္လို႔၊Ruyi လိုမ်ိဳး ဂုဏ္သိကၡာ႐ွိၿပီးျမင့္ျမတ္ရမယ္၊Wu Zetianလိုမ်ိဳးအၾကင္နာကင္းရမယ္၊Wei Yingluoလိုမ်ိဳးညႇင္းပန္းႏွိပ္စက္တတ္ရမယ္၊ အတိုခ်ဳပ္ေျပာရရင္ စာေရးဆရာက ဗီလိန္မဇာတ္႐ုပ္ကိုထူးျခားၿပီးကြဲထြက္ေနတဲ့သူအျဖစ္ဖန္တီးခဲ့သည္။

သူမ သူ႕ဆီသို႔ေအးေဆးစြာေလွ်ာက္သြားလိုက္၏။

ထို႔ေနာက္ သူမကိုယ္ေပၚကအနီေရာင္၀တ္႐ုံကိုခြၽတ္လိုက္ၿပီးအဓိကဇာတ္ေဆာင္ကိုလႊမ္းျခဳံေပးလိုက္သည္;ထိုလုပ္ရပ္ေၾကာင့္အဓိကဇာတ္ေဆာင္အံ့အားသင့္သြားေသာခံစားခ်က္တစ္ခ်ိဳ႕မ်က္ႏွာေပၚတြင္ျဖတ္ေျပးသြားေတာ့သည္။

သူမသူ႕ကိုေပြ႕ဖက္ထားရင္း သူ႕ေက်ာေလးအားညင္သာစြာပြတ္ေပးလိုက္၏။"႐ွဴး..မငိုပါနဲ႔ေတာ့,မင္းသားရယ္"

သူမဒီဝတၳဳကိုဖတ္ေနတဲ့အခ်ိန္တုန္းကေတာင္ ဒီေရဘဝဲမ...စိတ္ေရာဂါ‌ရေနတဲ့သူလို႔ေတာင္ေအာက္ေမ့ခဲ့ရတယ္၊သူမက တစ္ကယ္လူေတြကိုအိမ္မက္ဆိုးေတြေပးႏိုင္တယ္!

'ဗီလိန္ျဖစ္ရတာ လြယ္တယ္လို႔ဘယ္သူေျပာလဲ?ရယ္စရာေကာင္းလား?!ထြက္လာခဲ့,ငါနင္တို႔ကို သန္႔႐ွင္းတဲ့ေသျခင္းေပးမယ္လို႔ကတိေပးတယ္!

႐ူးသြပ္စြာျပဳမူရတာေတြ၊တိရိစၧာန္ေတြနဲ႔ကစားၿပီးရက္စက္ေပးရတာေတြ၊လူေတြကိုလည္း
လူမဆန္စြာအျပစ္ေပးရတာေတြ၊အဲ့တာေတြအကုန္လုံးက ငါ့ရဲ႕စိတ္ပိုင္းဆိုင္ရာေရာ၊ျဖစ္တည္မႈတစ္ခုလုံးပါတစ္ကယ္တစ္ကယ္ကိုနာက်င္ရတယ္။

မူရင္းလီခ်ာက 3D႐ုပ္႐ွင္ၾကည့္ေနသလိုမ်ိဳးလူေတြက်႐ႈံးေနတာပဲၾကည့္ရတာႏွစ္သက္ၿပီး လူ
မသတ္ခဲ့တာပဲေက်းဇူးတင္ရမလား?

"ဒီနန္းေတာ္ထဲမွာဒီမင္းသမီးခြင့္ျပဳတဲ့အိမ္ေမြး
တိရစၲာန္ဆိုလို႔ အ႐ွင့္သားတစ္ေယာက္ပဲ႐ွိတယ္ဆိုတာမေမ့လိုက္ပါနဲ႔"

"ကြၽန္မရဲ႕အိမ္ေမြးတိရစၧာန္ေလး"

"ဧကရီမိဖုရားေခါင္ႀကီးေပးအပ္ထားတဲ့ ကြၽန္မရဲ႕အိမ္ေမြးတိရိစၧာန္ေလး"


******

Continue Reading

You'll Also Like

1.5M 89.2K 37
မချစ်ဘဲနဲ့ လက်ထပ်လိုက်ရပြီး အတူတူရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ marriage life ဇာတ်လမ်းလေးပါ uke က sissy typeပါ M-preg ပါ သဘောကျမှ ဖတ်ပါရှင် ဉာဏထင် ချစ...
374K 38.8K 199
Type: Web novel (CN) Associated Names: I'm young and I'm waiting at home for my spouse to return Ta Tuổi Còn Trẻ Tưởng Thủ Sống Quả [ Xuyên Thư ] 我年纪...
560K 15.2K 20
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...
563K 12.5K 86
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်