Unicode
Chapter 12 : သူက…တကယ်တော့ အဲ့လောက်ကြီး မခက်ထန်သလိုပဲလားလို့?
အရင်နှစ်ရက်က ယန်ကျင်ရွှင် သူ့ဆီကိုမလာခဲ့ချေ၊ ၎င်းက ရှန်ပေါ်ဟန်အတွက်တော့ ဖြစ်တောင့်ဖြစ်ခဲပင်။
အတိတ်မှာတုန်းကဆို နှစ်ရက်တောင်မပြောနဲ့ တကယ်လို့ သူသာထိုလူကိုတစ်ရက်လောက် မဆက်သွယ်လိုက်ရင် ထိုသူက လုံးဝမနေနိုင်တော့ပေ။ ယန်ကျင်ရွှင်က အမှန်တကယ်ပင် သူ့အားအလွန်အမင်းချစ်ခဲ့တာဖြစ်သည်။
အဲ့လိုမှမဟုတ်ရင် သူ၏ရိုးသားတဲ့စရိုက်အရ ဘယ်လိုလုပ်ပြီး ကျည်ဆန်ကိုကိုက်လို့ သူ့ကိုနိုက်ကလပ်မှာ လာရှာနိုင်ပါ့မလဲ။
လွန်ခဲ့သည့်နှစ်ရက်က သူလုပ်ခဲ့တာတွေက အတော်လေးမမှန်ဘူးဆိုတာ မှန်ကန်ပါသည်။ အနည်းဆုံးတော့ လင်လိနဲ့အခြားသူတွေ ယန်ကျင်ရွှင်ကိုလှောင်ပြောင်နေတဲ့အချိန် သူ ယန်ကျင်ရွှင်ဘက်ကရပ်တည်ပြီးတော့ သူ့အတွက်ပြောပေးခဲ့သင့်တာ၊ သူက သူ့(ယန်ကျင်ရွှင်)ကို ငြီးငွေ့နေတာကြောင့် သူတို့လမ်းခွဲခဲ့ပြီးပြီဆိုရင်တောင်မှပေါ့…
သူသာ ယန်ကျင်ရွှင်အတွက် နည်းနည်းလောက်ရပ်တည်ပေးခဲ့သရွေ့ နောက်ဆက်တွဲဗီဒီယိုကိစ္စက ဖြစ်ပျက်လာမှာမဟုတ်ပေ။
သို့ရာတွင် ထိုအချိန်တုန်းက သူက ထိုသူနဲ့ပတ်သက်ပြီး အမှန်တကယ်ကို စိတ်ရှုပ်နေခဲ့တာပင်။
သူ့ရှေ့မှောက်မှ ယန်ကျင်ရွှင်၏မိန်းမဆန်သည့်အသွင်အပြင်ကို သူမှတ်မိသေးသည်။ သူက အမြဲတမ်း အခြားသူတွေကို ကရုဏာထားတတ်ပြီး နိမ့်ကျတဲ့သူ့မျက်လုံးတွေနှင့် သူ့ကို ဂရုတစိုက်ကြည့်လာတဲ့အချိန်တိုင်း ရှန်ပေါ်ဟန်အနည်းငယ်မနှစ်မြို့သလိုခံစားမိလာရသည်။
သို့တစေ ယန်ကျင်ရွှင်က သူ့အားတွယ်ကပ်တဲ့အချိန်၊ သူ့ကိုစိတ်ကျေနပ်အောင် ကြိုးစားနေတဲ့အချိန်နှင့် သူ့အားစွန့်ခွာမသွားနိုင်တာတွေက ရှန်ပေါ်ဟန်၏ ကိုယ့်ကိုကိုယ်ယုံကြည်မှုနဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုအား မြင့်တက်လာစေကာ သူ တစ်ဖက်လူကို ပိုလို့တောင်ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံချင်လာမိသည်…ဘယ်လိုပဲဖြစ်ဖြစ် ယန်ကျင်ရွှင်က သူ့ကိုစွန့်ခွာသွားမှာမှမဟုတ်ဘဲ။
အမှန်ပဲ။ ထိုအကြောင်းကို စဉ်းစားကြည့်လိုက်တော့ ယန်ကျင်ရွှင်က ရဖို့ခက်ခဲတဲ့ပုံစံကိုကစားနေတာပဲဖြစ်ရမယ်လို့ ရှန်ပေါ်ဟန်ဆုံးဖြတ်လိုက်သည်။
အဲ့လိုမှမဟုတ်ရင် သူက လူအသွားအလာအများဆုံးလမ်းမရှိ အတောက်ပဆုံးနှင့် အထင်ရှားဆုံးကိတ်မုန့်ဆိုင်မှာ ရှိနေပြီး ဟူရှောင်ဖုန်းမြင်တာခံရကာ ဖြစ်ချင်တော့ အခြားသူတစ်ယောက်နှင့်လည်း တရင်းတနှီးပြောဆိုဆက်ဆံနေရတဲ့အထိ တိုက်ဆိုင်နိုင်ပါ့မလား?
ရှန်ပေါ်ဟန်က မနေနိုင်ဘဲ ဓာတ်ပုံကို သေသေချာချာဂရုတစိုက် ထပ်ကြည့်လိုက်သည်။ သူက အလိုအလျောက်ပင် အရပ်ရှည်တဲ့ပုံရိပ်ကို လျစ်လျူရှုလိုက်ပြီး သူ့အာရုံတွေအကုန်လုံးကို လှပတဲ့မျက်နှာလေးပေါ်မှာပဲ အာရုံစိုက်ထားလိုက်၏။
…အမှန်ပဲ၊ ဓာတ်ပုံထဲမှာ ယန်ကျင်ရွှင်ရဲ့မျက်လုံးတွေက တစ်ဖက်အမျိုးသားပေါ်မှာ နိုးနိုးကြားကြားရှိနေဆဲဆိုပေမဲ့ သူ့ကိုကြည့်တဲ့အချိန်ကလို ချင်ခင်မြတ်နိုးမှုတွေ ပါမနေပေ။
ရှန်ပေါ်ဟန်က သရော်မှုနှင့်အတူ နှာခေါင်းရှုံ့လိုက်သည်။
ဓာတ်ပုံမျက်နှာပြင်ကို ပိတ်လိုက်ပြီး ဂရုထဲမှာ ယန်ကျင်ရွှင်အကြောင်းထပ်ပြောမနေတော့ကို မြင်တော့ သူလည်းထပ်ပြီးအစဖော်နေတော့ပေ။ အဲ့အစား မဆက်စပ်တဲ့စာနှစ်ကြောင်းကို ရိုက်လိုက်ပြီး ဂရုထဲမှ အခြားသူတွေနဲ့စကားပြောနေလိုက်သည်။
ဂရုထဲရှိ လူအုပ်ကြီးနဲ့မတူစွာဘဲ ကိတ်ဆိုင်အပြင်ဘက်မှ ဟူရှောင်ဖုန်းက သူ့ဖုန်းကို တိတ်တဆိတ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ သူ့အဖော်ကလည်း တိတ်ဆိတ်နေ၏။
ဘာကြောင့်လဲဆို ခုနက ကိတ်မုန့်အားယူပြီးတဲ့ ယန်ကျင်ရွှင် ဆိုင်ထဲမှထွက်လာတဲ့အချိန် သူတို့ကိုနောက်ကျောပေးကာ ရပ်နေတဲ့အမျိူးသားကလည်း သူ့မျက်နှာကိုပြလာသည်။
သူ့မျက်နှာကောက်ကြောင်းက ထက်မြကာ အစိတ်အပိုင်းတွေက ခံ့ညားတည်ကြည်၏။ မက်မွန်ပွင့်သဏ္ဌာန်မျက်ဝန်းတွေက ဆီးနှင်းမုန်တိုင်းတိုက်ခတ်နေသလိုမျိုး အေးစက်ကာ ဂရုမစိုက်ဟန်ဖြင့်ရှိနေလျက်၊ မြင့်မြတ်ထူးကဲလှသည့်အရှိန်အဝါနဲ့ လူတစ်ယောက်…
မင်းအဲ့ဒါကို ဘယ်လိုပဲမြင်ပါစေကိစ္စမရှိဘူး၊ ဒါပေမဲ့ ဘာလို့ဒီလူက ရှန်အာ့ရှောက်ရဲ့အစ်ကို၊ ရှန်မိသားစု၏အကြီးဆုံးသခင်လေးနဲ့ တူနေရတာလဲ!
ဟူရှောင်ဖုန်းနဲ့ သူ့အဖော်တွေက နောက်ခံဘာညာရှိတဲ့ ချမ်းသာသောဒုတိယမျိုးဆက်တွေ မဟုတ်ကြပေ။ သူတို့က လိင်တူနှစ်သက်သူအသိုင်းအဝိုင်းနဲ့ ၁၈နှစ်အထက်အရာတွေလုပ်တဲ့ အသိုင်းအဝိုင်းမှာသာလျှင် ကောင်းစွာရောနှောနိုင်ခဲ့တာဖြစ်သည်။အဆက်အသွယ်အချို့ကြောင့်သာ သူတို့က ရှန်ပေါ်ဟန်နှင့်အခြားသူတွေအား တွယ်ကပ်သွားနိုင်ကာ အတူတူကစားနိုင်ခဲ့ကြတာဖြစ်၏။
သို့ပေသိ ရှန်မိသားစု၏အကြီးဆုံးသခင်လေးကတော့ လျို့ဝှက်ဆန်းကြယ်တဲ့ပုဂ္ဂိုလ်တစ်ဦးပင်။ သူက အမြဲလိုလို သီးခြားပဲနေကာ သူ့မျက်နှာအား မည်သည့်အခါကမျှ လူသိရှင်ကြားချမပြခဲ့ပေ။ မနှစ်ကတုန်းက ဟူရှောင်ဖုန်း သခင်လေးတစ်ယောက်၏ အမျိုးသားအဖော်အနေနှင့် မဟာဆန်သောညစာစားပွဲတစ်ခုကို လိုက်ပါရာမှ ထိုသူအား အတန်ငယ်မြင်လိုက်မိတာဖြစ်သည်။
တစ်ဖက်လူ၏ဘဝအတွေ့အကြုံက အလွန်ပင်အသိအမှတ်ပြုထိုက်ကာ သာမန်ဒုတိယမျိုးဆက်တွေနဲ့ တူညီတဲ့အဆင့်မှာ ရှိမနေမှန်း သိသာလှပြီး စိတ်နေစိတ်ထားသည်လည်း လုံးဝကိုကွာခြားပေသည်။သို့ဖြစ်ရာ သူ့အားမြင်ပြီးနောက်တွင် ဟူရှောင်ဖုန်းက ချက်ချင်းပင် ထိုလူကို မှတ်မိသွားခဲ့၏။
နောက်ပိုင်းမှာတော့ သူ ထိုသူ၏သရုပ်မှန်ကို ကြားသိခဲ့ရချိန် သူအနှောင့်အယှက်ပေးလို့ရတဲ့သူမဟုတ်မှန်း သဘောပေါက်သွားတာမို့ သူ့အတွေးတွေကို စောစီးစွာထုတ်ပစ်ခဲ့လေသည်။
သို့ပေမဲ့ အခုတော့ မစ္စတာရှန်နှင့် အတော်လေးတူတဲ့အမျိုးသားတစ်ယောက်က လက်တစ်ဖက်တည်းနဲ့ ကိတ်ဘူးနှစ်ဘူးကိုသယ်ကာ ယန်ကျင်ရွှင်၏ရှေ့ကနေ လျှောက်နေသည်။ အရပ်ရှည်တဲ့ပုံရိပ်က ထင်ရှူးပင်လို ရှည်လျားနေလျက်။ အာရုံစိုက်နေတဲ့ ဆိုင်ရှင်အရှေ့မှာပဲ သူက လက်တစ်ဖက်တည်းနှင့် ကိတ်ဆိုင်၏တံခါးကို လွယ်လွယ်ကူကူဖွင့်လိုက်ပြီး ကျင်ရွှင်အားအရင်သွားခိုင်းလိုက်သည်။
……
ဟူရှောင်ဖုန်းက ဖုန်းမျက်နှာပြင်ကို စိစိညက်ညက်ကြေသွားစေချင်နေသလိုမျိုး ဖုန်းအားတင်းကျပ်စွာ ညှစ်ထား၏။
ပြီးခဲ့တဲ့နှစ်ရက်တုန်းက အာ့ရှောက်ရယ်အပါအဝင် သခင်ငယ်လေးများစွာက ဗီဒီယိုကြောင့် သက်ရောက်ခံခဲ့ရပြီး အိမ်မှာပဲသောင်တင်နေခဲ့ကြရသည်။ သို့ပေသိ ဘာနောက်ခံမှမရှိဘဲ ဗီဒီယိုထဲမှာ မျက်နှာမပြခဲ့တဲ့ ဟူရှောင်ဖုန်းက သူတို့၏ခွဲခြားဆက်ဆံမှုကြောင့် ခိုး၍စိတ်ပျက်နေခဲ့ရသည်။
ဒီအသိုင်းအဝိုင်းထဲမှ လူတွေအားလုံးက သူအာ့ရှောက်ရယ်ကို ကြိုက်နေမှန်းသိကြပြီး ဟူရှောင်ဖုန်းကလည်း သူ့၏ချစ်ခင်နှစ်သက်မှုကို လုံးလုံးဖုံးကွယ်မထားခဲ့ပေ။
သူက အာ့ရှောက်ရယ်ကို အရမ်းကြိုက်တာကြောင့် သူ ယန်ကျင်ရွှင်ကို အလွန်ပင်မနာလိုဖြစ်ခဲ့သည်။ သူက သူ့မနာလိုမှုကိုလည်း ဖုံးကွယ်မထားခဲ့ပေ။
ဒီအသိုင်းအဝိုင်းထဲမှာ သူ့စရိုက်က ချစ်ရဲမုန်းရဲပြီး တဲ့တိုးဆန်ကာကြမ်းရမ်းတဲ့ပုံမျိုးပင်။
ယန်ကျင်ရွှင်အပေါ် သူ၏မနာလိုမှုက အမှန်ပဲ သို့သော်ငြား ဟူရှောင်ဖုန်း တစ်ယောက်သာလျှင် သူ့ကိုယ်သူသိတာကတော့ သူရှန်ပေါ်ဟန်ကိုကြိုက်တယ်ဆိုပြီး အမြဲလူသိရှင်ကြား ကြေညာချပြတာဟာ ရှန်မိသားစု၏အာ့ရှောက်ရယ်က ဒီချမ်းသာတဲ့ဒုတိယမျိုးဆက်တွေကြား အမြင့်ဆုံးအဆင့်အတန်းရှိပြီး အချောမောဆုံးလည်းဖြစ်တာကြောင့်ပင်။
သို့ပေသိ ရှန်မိသားစု၏ *တာ့ရှောက်ရယ်နဲ့ ယှဉ်ရမယ်ဆိုရင်တော့ …သူတို့က လုံးဝကို တူညီတဲ့အဆင့်မှာ မဟုတ်ကြပေ။
[*Da shao ye - တာ့ရှောက်ရယ်၊ အကြီးဆုံးသခင်လေး]
အာ့ရှောက်ရယ်က ဘယ်လောက်ပင်အာဏာရှိနေပါစေ၊ သူက ကျောင်းသားတစ်ယောက်သာဖြစ်နေသည်လေ၊ အာဏာတွေကို တဖြည်းဖြည်းချင်း လက်ဝယ်ပိုင်ဆိုင်ထားတဲ့မစ္စတာရှန်နဲ့ သူဘယ်လိုယှဉ်နိုင်မှာလဲ?
အဲ့ထက်ပိုတာက ရှန်မိသားစု၏တာ့ရှောက်ရယ်က ပို၍အရပ်ရှည်ကာ ပိုရှည်လျားတဲ့ခြေထောက်တွေရှိသည်။ သူ့အသွင်အပြင်က သူ၏မွေးရင်းမိခင်ထံမှ အမွေရထားပြီး သူ့ကြည့်ရတာတည်ကြည်လေးနက်၏။ အာ့ရှောက်ရယ်သည်လည်း ကြည့်ကောင်းပေမဲ့ သူ့အစ်ကိုကြီးနဲ့ယှဉ်လိုက်ရင်တော့ သူ့စိတ်နေစိတ်ထားက အနည်းငယ်တည်ငြိမ်မှုလျော့နည်းကာ သူ၏ထိုးထွင်းသိမြင်အမျှော်အမြင်ရှိမှုကလည်း မလုံလောက်သေးပေ…
အဖော်ဖြစ်သူ : “ မင်း ဓာတ်ပုံရိုက်ချင်သေးလား…?”
“မင်းရူးနေတာလားကွ!” ဟူရှောင်ဖုန်းက အံကြိတ်လိုက်ကာ ယန်ကျင်ရွှင်၏ပုံကို တိတ်တခိုးရိုက်လိုက်သည်။ သူပေါ်တင်ကြီးတော့ မရိုက်ရဲပေ။
အာ့ရှောက်ရယ်အရှေ့မှာ သူက ပရိယာယ်တွေသုံးကာ အာကျယ်အာကျယ်ပြုမူရဲပေမဲ့ အကယ်၍ ဤလူဆိုရင်တော့…သူမလုပ်ရဲပေ။
ဒီအသိုင်းအဝိုင်းမှာ ဒီလောက်ကြာအောင် ကျင်လည်နိုင်နေမှတော့ ဟူရှောင်ဖုန်းမှာလည်း ဉာဏ်ကောင်းမှု နည်းနည်းပါးပါးရှိပေသေးသည်။ သူ၏အကြီးမားဆုံးအသိဉာဏ်ရှိမှုက ဒီချမ်းသာတဲ့ဒုတိယမျိုးဆက်တွေကို သာမန်လူတွေလိုမျိုး ဘယ်တုန်းကမှ မယူဆခဲ့ဘဲ သူ၏ဘိုးဘေးတွေလို ဆက်ဆံခဲ့တာပင်။
ချမ်းသာတဲ့ဒုတိယမျိုးဆက်အုပ်စုကပါ ရှောင်ရှားချင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက်ကတော့ သူရန်မစရဲတာ သဘာဝပင်!
“ထပ်စုံစမ်းကြည့်တာပေါ့” ဟူရှောင်ဖုန်းက အံကြိတ်လိုက်ပြီး သူ့လေသံထဲမှာတော့ အနည်းငယ်မထီလေးစားမှုတွေပါနေဆဲပင် : “ ယန်ကျင်ရွှင်မှာ သူ့ခေါင်းကို လှည့်လိုက်တာနဲ့ ရှန်ရိကျင်းအပေါ် တက်နိုင်တဲ့စွမ်းရည်ရှိတယ်ဆိုတာကို ငါမယုံဘူး”
အထင်လွဲစရာတစ်ခုခုရှိနေတာပဲ ဖြစ်ရမယ်!
…
ရှန်ရိကျင်းရွေးလိုက်တဲ့ စားသောက်ဆိုင်က မြို့လယ်ရှိ ရောင်းဝယ်ဖောက်ကားမှု အဆောက်အအုံတစ်ခုမှာ တည်ရှိနေတာဖြစ်ပြီး စားသောက်ဆိုင်က ၆၈လွှာမှာပင်။ ဒီအထပ်ကနေဆို မင်းဒီနေရာမှာထိုင်ပြီး တစ်ညလုံး မြို့၏အလှရှုခင်းကို ရှုစားနိုင်ပေသည်။ ယေဘုယျကျကျပြောရမယ်ဆိုရင်တော့ ပတ်ဝန်းကျင်နဲ့လေထုအခြေအနေက အရမ်းကိုကောင်းမွန်လှ၏။
ခရီးဝေးဝေး၊ ကျယ်ကျယ်ပြန့်ပြန့် သွားဖူးတဲ့ကျင်ရွှင့်အတွက်တောင်မှ ဒီလိုမျိုးနေရာက သူ၏ပထမဆုံးအကြိမ်ပင်။
အတိတ်မှာတုန်းက သူက ကြုံရာကျပန်းစားလို့လည်းမရသလို အပြင်ထွက်ဖို့ကျပြန်တော့လည်း အဆင်မပြေပေ။
သို့သော်ငြား အခုကတော့ခြားနားသွားပြီ။
ပြင်သစ်စာဖိုမှူးက ဂရုတစိုက်ချက်ပေးထားတဲ့ဟင်းလျာကိုစားနေရင်း နှစ်ပေါင်းများစွာ အချဉ်ဖောက်ထားတဲ့ဝိုင်ကိုသောက်ကာ ကျင်ရွှင်က တစ်ဖက်ခြမ်းမှလူကိုလည်း လျစ်လျူမရှုထားခဲ့ပေ။
ရိုးရိုးသားသားပြောရရင် ၎င်းကတစ်ဖက်လူ၏ တင့်တယ်ပြေပြစ်တဲ့လှုပ်ရှားမှုတွေကြောင့်ပင်။ သူ့အပြုအမူတွေက လျစ်လျူရှုဖို့ခက်ခဲတဲ့ မဟာဆန်သောစံပြပုဂ္ဂိုလ်တစ်ယောက်၏ အငွေ့အသက်တို့ ပြည့်နှက်နေလျက်။
မီးရောင်အောက်မှာ ထိုင်နေတဲ့ရှန်ရိကျင်းက ဧကန်အမှန်ကိုချောမောခန့်ညားလှသည်။ သူ့လက်ချောင်းတွေက အလွန်ပင်ရှည်ကာ လက်ဆစ်တွေကလည်းထင်းနေပြီး လှုပ်ရှားမှုတို့သည်လည်း တင့်တယ်နေလျက်၊ သူ၏အမူအရာမဲ့မျက်နှာက သူ့အပြုအမူတွေ၏ခမ်းနားကြီးကျယ်မှုကို ခက်ခက်ခဲခဲဖုံးကွယ်ထားနိုင်ပေ၏။
ဒီလိုအမျိုးသားတစ်ယောက်…
နှစ်ဦးသားက ဒီလိုပဲတိတ်တဆိတ်စားသောက်နေပြီး ရှန်ရိကျင်းက အစားစားနေချိန်မှာ စကားပြောခဲတာမို့ အမှန်တကယ်ကို ကျင်ရွှင်အားစိတ်ပေါ့ပါးစေသည်။
ကြည့်ရတာ တစ်ဖက်လူ၏ပျိုးထောင်ခံလာရမှုက အရမ်းကောင်းတယ်ထင်ပါရဲ့။ စားနေချိန်မှာ စကားမပြောဘူး အိပ်နေချိန်မှာ စကားမပြောဘူး။
အဟွတ်…အဟွတ်
ဒီနေ့လိုပဲ သူတို့ပထမဆုံးတွေ့တဲ့ညကလည်း တစ်ဖက်လူက အမှန်ပင် စကားအများကြီးမပြောခဲ့ပေ ပြီးတော့ အဲ့ညကသူတို့ကြားမှာ ဆက်သွယ်ပြောဆိုမှုတို့မရှိခဲ့…
သို့တစေ ထို့နေ့က ဤလူဟာ အတော်ပင်ညင်သာခဲ့၏။
ကဖေးမှာတုန်းက သူတို့၏အကျဉ်းချုပ်ညှိနှိုင်းမှုကို ကျင်ရွှင်ပြန်တွေးလိုက်သည်။ ထိုညမှာ သူကသူ့(ရှန်ရိကျင်း)ကို တည်ငြိမ်စေခဲ့ကြောင်း တစ်ဖက်လူက ပြောလာခဲ့သည်။
ထိုအရာဟာ ထိုညတုန်းက တစ်ဖက်လူဟာ အလွန်အမင်းစိတ်မတည်ငြိမ်ဖြစ်နေတဲ့အခြေအနေမှာ ရှိနေခဲ့တယ်လို့ ရှင်းပြပေးလိုက်တာပဲ။
သို့သော်ငြား တစ်ဖက်လူသာ ထိုအခြင်းအရာကို ပြောမလာခဲ့ရင် သူပုံမှန်မဟုတ်တဲ့အရာတစ်ခုကိုမျှ မြင်နိုင်မည်မဟုတ်ပေ။
တစ်ဖက်လူက သူ့ခံစားချက်တွေကိုတောင် အရေးတယူတွေးတောပေးခဲ့သေး၏။
မည်သို့ပင်ဆိုစေ ထိုအရာ(sex)လုပ်နေစဉ်နဲ့ လုပ်ပြီးနောက်မှာ သူအရမ်းမသက်မသာခံစားရတာမျိုး မရှိခဲ့ပေ။
ဒီလိုလူတစ်ယောက်က…
ကြောက်ဖို့ကောင်းတဲ့ပုံမပေါ်ပါဘူး?
ကျင်ရွှင်က သူ့ခါးကိုအနည်းငယ်မတ်လိုက်မိသည်။
စာအုပ်ထဲမှာ ရှင်းပြထားတဲ့ဇာတ်အိမ်ကြောင့်နဲ့ လူတစ်ယောက်အား ခွဲခြားဆက်ဆံတာမျိုး သူမလုပ်နိုင်သလို လုပ်လည်းမလုပ်သင့်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် အကယ်၍ အနာဂတ်မှာ ရှန်ရိကျင်းက မကောင်းတာတစ်ခုခုလုပ်ပြီး အမှန်တကယ် အမှောင်ဘက်ခြမ်းရောက်သွားရင်တောင်မှ ၎င်းကနောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေကြောင့်သာ ဖြစ်သင့်တဲ့အရာတွေလေ။
အစ်ကိုကြီး၏ဘဝကလည်း ဝမ်းနည်းပူဆွေးဖွယ်ကောင်းတယ်လို့ စီနီယာတွေပြောခဲ့တာကို ကျင်ရွှင်ရုတ်တရက်သတိရသွား၏။
ဒီလိုဆိုရင်…0.01%အခွင့်အရေးပဲရှိရင်တောင် အဲ့အဖြစ်အပျက်ဖြစ်ပွားလာမည့်အခြေအနေကို သူကာကွယ်နိုင်တယ်ပေါ့?
…
ကျင်ရွှင့်တွင် အမြဲပြဿနာတစ်ခုရှိ၏ အဲ့ဒါကတော့ သူက ကိစ္စတစ်ခုခုကိုစဉ်းစားတဲ့အချိန် လွယ်လွယ်ကူကူပဲဈာန်ဝင်သွားပြီး သူ့ပုံစံက တွေဝေမိန်းမောနေသလိုဖြစ်သွားတာပင်။
ဒီတစ်ကြိမ်မှာလည်း သူဘာမှမသိတော့ဘဲ ရှန်ရိကျင်းကိုသာ အချိန်အကြာကြီး မသိစိတ်အလျောက်ကြည့်နေခဲ့မိသည်။
အတွေးလွန်နေတဲ့ အမူအရာက သူ့မျက်နှာမှာ အကုန်ရောင်ပြန်ဟပ်နေပြီး ဒါကကျင်ရွှင်ရဲ့ တစ်မူထူးတဲ့အမူအရာတစ်ခုပင်။ ထွင်းဖောက်မြင်နိုင်တဲ့မျက်ဝန်းတွေ၊ သွယ်လျတဲ့မျက်တောင်လေးတွေ၊ သိမ်မွေ့တဲ့မျက်နှာလေးနှင့်အတူ ထိုအကြည့်က အလွန်အမင်း တောက်ပကာ မျက်စိဖမ်းစားနိုင်ဖွယ်ရာပင်။
ရှန်ရိကျင်းတောင်မှ သူ့လှုပ်ရှားမှုတွေကို ရပ်တန့်လိုက်ကာ သူ့အောက်နှုတ်ခမ်းထောင့်ကို လက်ကိုင်ပဝါနှင့်ဖိထားရသည်။
အကြည့်ခံနေရတဲ့သူက စိတ်အနှောင့်အယှက်မဖြစ်ရုံတင်မကပေ၊ ဖီလာအားဖြင့် လက်ကိုင်ပဝါနဲ့ဖုံးကွယ်ထားသည့် နှုတ်ခမ်းထောင့်က ခပ်ရေးရေးလေးကော့တက်နေကာ အလွန်အမင်းကို မရင်းနှီးလှတဲ့အကွေးလေးတစ်ခုဖြစ်ပေါ်နေသည်။
“ မင်းအရသာမတွေ့ဘူးလား?”
“……”
အသံနိမ့်နိမ့်က ထွက်ပေါ်လာပြီး ကျင်ရွှင်လည်းအသိပြန်ဝင်လာကာ သူ့ခေါင်းကိုလျင်မြန်စွာ ခါလိုက်၏။
“ အရသာရှိပါတယ် ကျေးဇူးပါ ၊ ရှဲန်းရှန်” သူယဉ်ကျေးစွာပြောလိုက်သည်။
“အမ်း” ရှန်ရိကျင်းက ထပ်ပြောလာသည် “ ဒါဆိုများများစား”
“ ဟုတ်ကဲ့” ကျင်ရွှင်က ပြန်ဖြေလိုက်ပြီး ထိုသူ့ကိုတစ်ဖန်ပြန်ကြည့်လိုက်ရင်း တစ်ခုခုမှားနေသလို ခံစားနေရသည်။
ဗီလိန်အစ်ကိုကြီးက တကယ်တော့ …အဲ့လောက်မကြမ်းကြုတ်ပါဘူး?
ရုတ်တရက်ပင် သူတို့စားပွဲဆီ တစ်စုံတစ်ယောက် ရောက်ချလာကာ ရှန်ရိကျင်းအား နွေးထွေးစွာနှုတ်ဆက်လာသည်
“ ရှန်ဇုန် တိုက်ဆိုင်လိုက်တာ၊ မင်းလဲ ဒီမှာလာစားတာလား?”
ကျင်ရွှင်နှင့်ရှန်ရိကျင်းက သူတို့ခေါင်းတွေကို တစ်ချိန်တည်းပင် မော့လိုက်ကြသည်။ ကျင်ရွှင့်အမြင်ကနေဆို ရှန်ရိကျင်း၏မျက်ဝန်းတွေက အနည်းငယ်ပင့်တက်သွား၏။ မက်မွန်ပွင့်သဏ္ဌာန်မျက်ဝန်းတွေဟာ မူလပထမက ရို့မန့်တစ်ဆန်ကာ ပိုင်ဆိုင်လိုစိတ်ပြင်းပြပေမဲ့ သူ့မျက်လုံးတွေကတော့ မလှုပ်မယှက်ဖြင့် တည်ငြိမ်နေလျက် လှပသော်ငြား ထူးမခြားနားမှုတို့နှင့်ပင်။
သူကယဉ်ကျေးစွာပြန်တုံ့ပြန်လိုက်သည်
“ မတွေ့ရတာကြာပြီပဲ နျဲ့ဇုန်”
“ မတွေ့ရတာကြာပြီ မတွေ့ရတာကြာပြီ!”
နျဲ့ဇုန်လို့ခေါ်တဲ့တစ်ယောက်က ဤနေရာတွင် ရှန်ရိကျင်းကိုတွေ့ရလို့ အရမ်းစိတ်လှုပ်ရှားနေပုံပင်။ သူက ရှန်ဇုန်နဲ့ လက်ဆွဲနှုတ်ဆက်ချင်ပေမဲ့ အတန်ငယ်မသင့်တော်သလို ခံစားလိုက်မိသည်။
ဒီသနားစရာအမျိုးသားက သိသာစွာကိုပင် အထက်တန်းလွှာစီးပွားရေးသမားတစ်ယောက်လို ဝတ်ဆင်ထားပြီး လူချမ်းသာတစ်ယောက်ပုံပေါ်နေပေမဲ့ ရှန်ရိကျင်းရဲ့ရှေ့မှာတော့ နှိမ့်ချကာ ထိန်းချုပ်ထားသည်။
ရှန်ရိကျင်းက သူအပြင်မှာရှိတဲ့အချိန် သူ့စကားတွေကို အမြဲတမ်း အလေးထားသည်။ အခုအခိုက်အတန့်မှာ သူ့အတွက်က တစ်စုံတစ်ယောက်နဲ့ညစာစားနေချိန်ဖြစ်တာမို့ အပြင်လူတွေရဲ့အနှောင့်အယှက်အပေးမခံချင်ရာ နှုတ်ဆက်ပြီးတာနဲ့ ဘာတုံ့ပြန်မှုမှမရှိတော့ပေ။
သို့တစေ သိသာစွာကိုပဲ နျဲ့ဇုန်က ဒီလောက်လွယ်လွယ်ကူကူ ထွက်မသွားချင်သေးပေ။ သူ့မျက်လုံးတွေက ကျင်ရွှင့်ပေါ်ရောက်သွား၏။
“ ဒီဟာက ဘယ်သူ…”
တစ်ချက်ကြည့်လိုက်ရုံနဲ့ နျဲ့ယန်တုန်း ရှော့ခ်ရသွားကာ မျက်လုံးတွေ ပြူးကျယ်သွားပြီး သူ့အကြည့်အား တစ်ခဏကြာတဲ့အထိ အဝေးကိုပြန်မရွှေ့နိုင်ခဲ့ပေ။
ကျင်ရွှင်က အတော်လေးကို ရိုးစင်းတဲ့ သာမန်အဝတ်အစားကိုဝတ်ထားတာပင်။ ရိုးသားတဲ့ကျောင်းသားအသွင်အပြင်လေးက ဤနေရာပတ်လည်ရှိ လေထုအခြေအနေဖြင့် ကိုက်ညီနေမှုတို့ရှိမနေခဲ့။
မြင်းကုန်းနှီးတစ်ခုက မြင်းကိုပြုပြင်ပေးသလိုပဲ အဝတ်အစားကလည်း လူကိုပြုပြင်ပေးသည်။ ဒီလူက နွမ်းပါးစွာဝတ်ဆင်ထားတာတော့ မဟုတ်ပေမဲ့ ရှန်ရိကျင်းလိုမျိုး သန်မာတဲ့အရှိန်အဝါနဲ့ လူတစ်ယောက်က မျက်နှာချင်းဆိုင်မှာ ထိုင်နေတာဆိုတော့ ပထမဆုံးအကြည့်မှာ သူ့ကိုလွယ်လွယ်ကူကူပဲလျစ်လျူရှုမိလိမ့်ကြမည်။
သို့ရာတွင် သူ့မျက်နှာကို သတိထားမိလိုက်ချင်းမှာပဲ နျဲ့ယန်တုန်း၏နှလုံးသားက တုန်ယင်သွားရသည်။ သူအံ့သြနေမိသည် ရှန်ဇုန်က သန့်စင်တဲ့နှလုံးသားနဲ့ လိုအင်ဆန္ဒနည်းပါးတဲ့သူတစ်ယောက် မဟုတ်ဘူးလား?
သူ့ကို ညစာအတွက် အဖော်ပြုပေးဖို့ ဒီလိုလှပတဲ့ကောင်လေးတစ်ယောက်ကို သူဘာလို့ရှာထားရတာလဲ? !
…လတ်စသတ်တော့ ရှန်ဇုန်က ဒီလိုပုံစံမျိုးကို ပိုနှစ်သက်တာပေါ့
သူ့နှလုံးအိမ်ထဲမှာ အံ့သြနေရင်း ကျင်ရွှင့်ကိုခိုးကြောင်ခိုးဝှက်ကြည့်ကာ နျဲ့ယန်တုန်းမနေနိုင်ဘဲ သုံးသပ်ချပ်တစ်ခုလုပ်မိလိုက်သည် : ဟိုတစ်ရက်တုန်းက သူပို့ပေးလိုက်တဲ့ ကြယ်ပွင့်လေးကို ရှန်ဇုန် တစ်ချက်တောင်မကြည့်တာ အံ့သြစရာမဟုတ်တော့ပါဘူး။
ဘာလို့လဲဆိုတော့ ဒီလူငယ်လေးက တကယ်ကိုမင်သက်စရာကောင်းလွန်းလှတာမို့ပင်။ နျဲ့ယန်တုန်း မနေနိုင်ဘဲ အကြိမ်အနည်းငယ်လောက် ကြည့်မိသွားသည်။ သူက လူငယ်လေးရဲ့ အသွင်အပြင်နဲ့စရိုက်အနေအထားကို ရှင်းရှင်းလင်းလင်း မှတ်ထားချင်ရုံသာဖြစ်ပြီး နောက်တစ်ခေါက်ကျရင် ဒီစံအတိုင်း လူတွေရှာပေးဖို့ဖြစ်သည်…
သို့ပေမဲ့ ဤအခိုက်အတန့်မှာပဲ ရှန်ရိကျင်း၏ နက်ရှိုင်းသောအနိမ့်သံက တစ်ဖက်ကနေ ထွက်ပေါ်လာသည်:
“ သူက ငါ့ချစ်သူ*”
[ *爱人(ài rén): : ဇနီးမယား သို့ ချစ်သူ။ အများအားဖြင့် ခင်ပွန်း သို့ ဇနီးသည်အား ရည်ညွန်းသည်။ ထို့ကြောင့် သူက ကျင်ရွှင့်အား ချစ်သူကောင်လေးတစ်ယောက်အနေနဲ့မဟုတ်ဘဲ အတည်လက်ထပ်မဲ့လက်တွဲဖော်တစ်ယောက်အဖြစ် ရည်ညွှန်းလိုက်ခြင်း ဖြစ်နိုင်ပေသည်။]
❀.❀.❀.❀.❀.❀.❀.❀.❀.❀.❀.❀.❀.❀
Zawgyi
Chapter 12 : သူက…တကယ္ေတာ့ အဲ့ေလာက္ႀကီး မခက္ထန္သလိုပဲလားလို႔?
အရင္ႏွစ္ရက္က ယန္က်င္႐ႊင္ သူ႕ဆီကိုမလာခဲ့ေခ်၊ ၎က ရွန္ေပၚဟန္အတြက္ေတာ့ ျဖစ္ေတာင့္ျဖစ္ခဲပင္။
အတိတ္မွာတုန္းကဆို ႏွစ္ရက္ေတာင္မေျပာနဲ႕ တကယ္လို႔ သူသာထိုလူကိုတစ္ရက္ေလာက္ မဆက္သြယ္လိုက္ရင္ ထိုသူက လုံးဝမေနနိုင္ေတာ့ေပ။ ယန္က်င္႐ႊင္က အမွန္တကယ္ပင္ သူ႕အားအလြန္အမင္းခ်စ္ခဲ့တာျဖစ္သည္။
အဲ့လိုမွမဟုတ္ရင္ သူ၏ရိုးသားတဲ့စရိုက္အရ ဘယ္လိုလုပ္ၿပီး က်ည္ဆန္ကိုကိုက္လို႔ သူ႕ကိုနိုက္ကလပ္မွာ လာရွာနိုင္ပါ့မလဲ။
လြန္ခဲ့သည့္ႏွစ္ရက္က သူလုပ္ခဲ့တာေတြက အေတာ္ေလးမမွန္ဘူးဆိုတာ မွန္ကန္ပါသည္။ အနည္းဆုံးေတာ့ လင္လိနဲ႕အျခားသူေတြ ယန္က်င္႐ႊင္ကိုေလွာင္ေျပာင္ေနတဲ့အခ်ိန္ သူ ယန္က်င္႐ႊင္ဘက္ကရပ္တည္ၿပီးေတာ့ သူ႕အတြက္ေျပာေပးခဲ့သင့္တာ၊ သူက သူ႕(ယန္က်င္႐ႊင္)ကို ၿငီးေငြ႕ေနတာေၾကာင့္ သူတို႔လမ္းခြဲခဲ့ၿပီးၿပီဆိုရင္ေတာင္မွေပါ့…
သူသာ ယန္က်င္႐ႊင္အတြက္ နည္းနည္းေလာက္ရပ္တည္ေပးခဲ့သေ႐ြ႕ ေနာက္ဆက္တြဲဗီဒီယိုကိစၥက ျဖစ္ပ်က္လာမွာမဟုတ္ေပ။
သို႔ရာတြင္ ထိုအခ်ိန္တုန္းက သူက ထိုသူနဲ႕ပတ္သက္ၿပီး အမွန္တကယ္ကို စိတ္ရႈပ္ေနခဲ့တာပင္။
သူ႕ေရွ႕ေမွာက္မွ ယန္က်င္႐ႊင္၏မိန္းမဆန္သည့္အသြင္အျပင္ကို သူမွတ္မိေသးသည္။ သူက အၿမဲတမ္း အျခားသူေတြကို က႐ုဏာထားတတ္ၿပီး နိမ့္က်တဲ့သူ႕မ်က္လုံးေတြႏွင့္ သူ႕ကို ဂ႐ုတစိုက္ၾကည့္လာတဲ့အခ်ိန္တိုင္း ရွန္ေပၚဟန္အနည္းငယ္မႏွစ္ၿမိဳ႕သလိုခံစားမိလာရသည္။
သို႔တေစ ယန္က်င္႐ႊင္က သူ႕အားတြယ္ကပ္တဲ့အခ်ိန္၊ သူ႕ကိုစိတ္ေက်နပ္ေအာင္ ႀကိဳးစားေနတဲ့အခ်ိန္ႏွင့္ သူ႕အားစြန႔္ခြာမသြားနိုင္တာေတြက ရွန္ေပၚဟန္၏ ကိုယ့္ကိုကိုယ္ယုံၾကည္မႈနဲ႕ ကိုယ့္ကိုကိုယ္တန္ဖိုးထားမႈအား ျမင့္တက္လာေစကာ သူ တစ္ဖက္လူကို ပိုလို႔ေတာင္ၾကမ္းၾကမ္းတမ္းတမ္း ဆက္ဆံခ်င္လာမိသည္…ဘယ္လိုပဲျဖစ္ျဖစ္ ယန္က်င္႐ႊင္က သူ႕ကိုစြန႔္ခြာသြားမွာမွမဟုတ္ဘဲ။
အမွန္ပဲ။ ထိုအေၾကာင္းကို စဥ္းစားၾကည့္လိုက္ေတာ့ ယန္က်င္႐ႊင္က ရဖို႔ခက္ခဲတဲ့ပုံစံကိုကစားေနတာပဲျဖစ္ရမယ္လို႔ ရွန္ေပၚဟန္ဆုံးျဖတ္လိုက္သည္။
အဲ့လိုမွမဟုတ္ရင္ သူက လူအသြားအလာအမ်ားဆုံးလမ္းမရွိ အေတာက္ပဆုံးႏွင့္ အထင္ရွားဆုံးကိတ္မုန႔္ဆိုင္မွာ ရွိေနၿပီး ဟူေရွာင္ဖုန္းျမင္တာခံရကာ ျဖစ္ခ်င္ေတာ့ အျခားသူတစ္ေယာက္ႏွင့္လည္း တရင္းတႏွီးေျပာဆိုဆက္ဆံေနရတဲ့အထိ တိုက္ဆိုင္နိုင္ပါ့မလား?
ရွန္ေပၚဟန္က မေနနိုင္ဘဲ ဓာတ္ပုံကို ေသေသခ်ာခ်ာဂ႐ုတစိုက္ ထပ္ၾကည့္လိုက္သည္။ သူက အလိုအေလ်ာက္ပင္ အရပ္ရွည္တဲ့ပုံရိပ္ကို လ်စ္လ်ဴရႈလိုက္ၿပီး သူ႕အာ႐ုံေတြအကုန္လုံးကို လွပတဲ့မ်က္ႏွာေလးေပၚမွာပဲ အာ႐ုံစိုက္ထားလိုက္၏။
…အမွန္ပဲ၊ ဓာတ္ပုံထဲမွာ ယန္က်င္႐ႊင္ရဲ႕မ်က္လုံးေတြက တစ္ဖက္အမ်ိဳးသားေပၚမွာ နိုးနိုးၾကားၾကားရွိေနဆဲဆိုေပမဲ့ သူ႕ကိုၾကည့္တဲ့အခ်ိန္ကလို ခ်င္ခင္ျမတ္နိုးမႈေတြ ပါမေနေပ။
ရွန္ေပၚဟန္က သေရာ္မႈႏွင့္အတူ ႏွာေခါင္းရႈံ႕လိုက္သည္။
ဓာတ္ပုံမ်က္ႏွာျပင္ကို ပိတ္လိုက္ၿပီး ဂ႐ုထဲမွာ ယန္က်င္႐ႊင္အေၾကာင္းထပ္ေျပာမေနေတာ့ကို ျမင္ေတာ့ သူလည္းထပ္ၿပီးအစေဖာ္ေနေတာ့ေပ။ အဲ့အစား မဆက္စပ္တဲ့စာႏွစ္ေၾကာင္းကို ရိုက္လိုက္ၿပီး ဂ႐ုထဲမွ အျခားသူေတြနဲ႕စကားေျပာေနလိုက္သည္။
ဂ႐ုထဲရွိ လူအုပ္ႀကီးနဲ႕မတူစြာဘဲ ကိတ္ဆိုင္အျပင္ဘက္မွ ဟူေရွာင္ဖုန္းက သူ႕ဖုန္းကို တိတ္တဆိတ္တင္းတင္းဆုပ္ကိုင္လိုက္မိသည္။ သူ႕အေဖာ္ကလည္း တိတ္ဆိတ္ေန၏။
ဘာေၾကာင့္လဲဆို ခုနက ကိတ္မုန႔္အားယူၿပီးတဲ့ ယန္က်င္႐ႊင္ ဆိုင္ထဲမွထြက္လာတဲ့အခ်ိန္ သူတို႔ကိုေနာက္ေက်ာေပးကာ ရပ္ေနတဲ့အမ်ိဴးသားကလည္း သူ႕မ်က္ႏွာကိုျပလာသည္။
သူ႕မ်က္ႏွာေကာက္ေၾကာင္းက ထက္ျမကာ အစိတ္အပိုင္းေတြက ခံ့ညားတည္ၾကည္၏။ မက္မြန္ပြင့္သဏၭာန္မ်က္ဝန္းေတြက ဆီးႏွင္းမုန္တိုင္းတိုက္ခတ္ေနသလိုမ်ိဳး ေအးစက္ကာ ဂ႐ုမစိုက္ဟန္ျဖင့္ရွိေနလ်က္၊ ျမင့္ျမတ္ထူးကဲလွသည့္အရွိန္အဝါနဲ႕ လူတစ္ေယာက္…
မင္းအဲ့ဒါကို ဘယ္လိုပဲျမင္ပါေစကိစၥမရွိဘူး၊ ဒါေပမဲ့ ဘာလို႔ဒီလူက ရွန္အာ့ေရွာက္ရဲ႕အစ္ကို၊ ရွန္မိသားစု၏အႀကီးဆုံးသခင္ေလးနဲ႕ တူေနရတာလဲ!
ဟူေရွာင္ဖုန္းနဲ႕ သူ႕အေဖာ္ေတြက ေနာက္ခံဘာညာရွိတဲ့ ခ်မ္းသာေသာဒုတိယမ်ိဳးဆက္ေတြ မဟုတ္ၾကေပ။ သူတို႔က လိင္တူႏွစ္သက္သူအသိုင္းအဝိုင္းနဲ႕ ၁၈ႏွစ္အထက္အရာေတြလုပ္တဲ့ အသိုင္းအဝိုင္းမွာသာလွ်င္ ေကာင္းစြာေရာေႏွာနိုင္ခဲ့တာျဖစ္သည္။အဆက္အသြယ္အခ်ိဳ႕ေၾကာင့္သာ သူတို႔က ရွန္ေပၚဟန္ႏွင့္အျခားသူေတြအား တြယ္ကပ္သြားနိုင္ကာ အတူတူကစားနိုင္ခဲ့ၾကတာျဖစ္၏။
သို႔ေပသိ ရွန္မိသားစု၏အႀကီးဆုံးသခင္ေလးကေတာ့ လ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ပုဂၢိဳလ္တစ္ဦးပင္။ သူက အၿမဲလိုလို သီးျခားပဲေနကာ သူ႕မ်က္ႏွာအား မည္သည့္အခါကမွ် လူသိရွင္ၾကားခ်မျပခဲ့ေပ။ မႏွစ္ကတုန္းက ဟူေရွာင္ဖုန္း သခင္ေလးတစ္ေယာက္၏ အမ်ိဳးသားအေဖာ္အေနႏွင့္ မဟာဆန္ေသာညစာစားပြဲတစ္ခုကို လိုက္ပါရာမွ ထိုသူအား အတန္ငယ္ျမင္လိုက္မိတာျဖစ္သည္။
တစ္ဖက္လူ၏ဘဝအေတြ႕အႀကဳံက အလြန္ပင္အသိအမွတ္ျပဳထိုက္ကာ သာမန္ဒုတိယမ်ိဳးဆက္ေတြနဲ႕ တူညီတဲ့အဆင့္မွာ ရွိမေနမွန္း သိသာလွၿပီး စိတ္ေနစိတ္ထားသည္လည္း လုံးဝကိုကြာျခားေပသည္။သို႔ျဖစ္ရာ သူ႕အားျမင္ၿပီးေနာက္တြင္ ဟူေရွာင္ဖုန္းက ခ်က္ခ်င္းပင္ ထိုလူကို မွတ္မိသြားခဲ့၏။
ေနာက္ပိုင္းမွာေတာ့ သူ ထိုသူ၏သ႐ုပ္မွန္ကို ၾကားသိခဲ့ရခ်ိန္ သူအေႏွာင့္အယွက္ေပးလို႔ရတဲ့သူမဟုတ္မွန္း သေဘာေပါက္သြားတာမို႔ သူ႕အေတြးေတြကို ေစာစီးစြာထုတ္ပစ္ခဲ့ေလသည္။
သို႔ေပမဲ့ အခုေတာ့ မစၥတာရွန္ႏွင့္ အေတာ္ေလးတူတဲ့အမ်ိဳးသားတစ္ေယာက္က လက္တစ္ဖက္တည္းနဲ႕ ကိတ္ဘူးႏွစ္ဘူးကိုသယ္ကာ ယန္က်င္႐ႊင္၏ေရွ႕ကေန ေလွ်ာက္ေနသည္။ အရပ္ရွည္တဲ့ပုံရိပ္က ထင္ရႉးပင္လို ရွည္လ်ားေနလ်က္။ အာ႐ုံစိုက္ေနတဲ့ ဆိုင္ရွင္အေရွ႕မွာပဲ သူက လက္တစ္ဖက္တည္းႏွင့္ ကိတ္ဆိုင္၏တံခါးကို လြယ္လြယ္ကူကူဖြင့္လိုက္ၿပီး က်င္႐ႊင္အားအရင္သြားခိုင္းလိုက္သည္။
……
ဟူေရွာင္ဖုန္းက ဖုန္းမ်က္ႏွာျပင္ကို စိစိညက္ညက္ေၾကသြားေစခ်င္ေနသလိုမ်ိဳး ဖုန္းအားတင္းက်ပ္စြာ ညွစ္ထား၏။
ၿပီးခဲ့တဲ့ႏွစ္ရက္တုန္းက အာ့ေရွာက္ရယ္အပါအဝင္ သခင္ငယ္ေလးမ်ားစြာက ဗီဒီယိုေၾကာင့္ သက္ေရာက္ခံခဲ့ရၿပီး အိမ္မွာပဲေသာင္တင္ေနခဲ့ၾကရသည္။ သို႔ေပသိ ဘာေနာက္ခံမွမရွိဘဲ ဗီဒီယိုထဲမွာ မ်က္ႏွာမျပခဲ့တဲ့ ဟူေရွာင္ဖုန္းက သူတို႔၏ခြဲျခားဆက္ဆံမႈေၾကာင့္ ခိုး၍စိတ္ပ်က္ေနခဲ့ရသည္။
ဒီအသိုင္းအဝိုင္းထဲမွ လူေတြအားလုံးက သူအာ့ေရွာက္ရယ္ကို ႀကိဳက္ေနမွန္းသိၾကၿပီး ဟူေရွာင္ဖုန္းကလည္း သူ႕၏ခ်စ္ခင္ႏွစ္သက္မႈကို လုံးလုံးဖုံးကြယ္မထားခဲ့ေပ။
သူက အာ့ေရွာက္ရယ္ကို အရမ္းႀကိဳက္တာေၾကာင့္ သူ ယန္က်င္႐ႊင္ကို အလြန္ပင္မနာလိုျဖစ္ခဲ့သည္။ သူက သူ႕မနာလိုမႈကိုလည္း ဖုံးကြယ္မထားခဲ့ေပ။
ဒီအသိုင္းအဝိုင္းထဲမွာ သူ႕စရိုက္က ခ်စ္ရဲမုန္းရဲၿပီး တဲ့တိုးဆန္ကာၾကမ္းရမ္းတဲ့ပုံမ်ိဳးပင္။
ယန္က်င္႐ႊင္အေပၚ သူ၏မနာလိုမႈက အမွန္ပဲ သို႔ေသာ္ျငား ဟူေရွာင္ဖုန္း တစ္ေယာက္သာလွ်င္ သူ႕ကိုယ္သူသိတာကေတာ့ သူရွန္ေပၚဟန္ကိုႀကိဳက္တယ္ဆိုၿပီး အၿမဲလူသိရွင္ၾကား ေၾကညာခ်ျပတာဟာ ရွန္မိသားစု၏အာ့ေရွာက္ရယ္က ဒီခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္ေတြၾကား အျမင့္ဆုံးအဆင့္အတန္းရွိၿပီး အေခ်ာေမာဆုံးလည္းျဖစ္တာေၾကာင့္ပင္။
သို႔ေပသိ ရွန္မိသားစု၏ *တာ့ေရွာက္ရယ္နဲ႕ ယွဥ္ရမယ္ဆိုရင္ေတာ့ …သူတို႔က လုံးဝကို တူညီတဲ့အဆင့္မွာ မဟုတ္ၾကေပ။
[*Da shao ye - တာ့ေရွာက္ရယ္၊ အႀကီးဆုံးသခင္ေလး]
အာ့ေရွာက္ရယ္က ဘယ္ေလာက္ပင္အာဏာရွိေနပါေစ၊ သူက ေက်ာင္းသားတစ္ေယာက္သာျဖစ္ေနသည္ေလ၊ အာဏာေတြကို တျဖည္းျဖည္းခ်င္း လက္ဝယ္ပိုင္ဆိုင္ထားတဲ့မစၥတာရွန္နဲ႕ သူဘယ္လိုယွဥ္နိုင္မွာလဲ?
အဲ့ထက္ပိုတာက ရွန္မိသားစု၏တာ့ေရွာက္ရယ္က ပို၍အရပ္ရွည္ကာ ပိုရွည္လ်ားတဲ့ေျခေထာက္ေတြရွိသည္။ သူ႕အသြင္အျပင္က သူ၏ေမြးရင္းမိခင္ထံမွ အေမြရထားၿပီး သူ႕ၾကည့္ရတာတည္ၾကည္ေလးနက္၏။ အာ့ေရွာက္ရယ္သည္လည္း ၾကည့္ေကာင္းေပမဲ့ သူ႕အစ္ကိုႀကီးနဲ႕ယွဥ္လိုက္ရင္ေတာ့ သူ႕စိတ္ေနစိတ္ထားက အနည္းငယ္တည္ၿငိမ္မႈေလ်ာ့နည္းကာ သူ၏ထိုးထြင္းသိျမင္အေမွ်ာ္အျမင္ရွိမႈကလည္း မလုံေလာက္ေသးေပ…
အေဖာ္ျဖစ္သူ : “ မင္း ဓာတ္ပုံရိုက္ခ်င္ေသးလား…?”
“မင္း႐ူးေနတာလားကြ!” ဟူေရွာင္ဖုန္းက အံႀကိတ္လိုက္ကာ ယန္က်င္႐ႊင္၏ပုံကို တိတ္တခိုးရိုက္လိုက္သည္။ သူေပၚတင္ႀကီးေတာ့ မရိုက္ရဲေပ။
အာ့ေရွာက္ရယ္အေရွ႕မွာ သူက ပရိယာယ္ေတြသုံးကာ အာက်ယ္အာက်ယ္ျပဳမူရဲေပမဲ့ အကယ္၍ ဤလူဆိုရင္ေတာ့…သူမလုပ္ရဲေပ။
ဒီအသိုင္းအဝိုင္းမွာ ဒီေလာက္ၾကာေအာင္ က်င္လည္နိုင္ေနမွေတာ့ ဟူေရွာင္ဖုန္းမွာလည္း ဉာဏ္ေကာင္းမႈ နည္းနည္းပါးပါးရွိေပေသးသည္။ သူ၏အႀကီးမားဆုံးအသိဉာဏ္ရွိမႈက ဒီခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္ေတြကို သာမန္လူေတြလိုမ်ိဳး ဘယ္တုန္းကမွ မယူဆခဲ့ဘဲ သူ၏ဘိုးေဘးေတြလို ဆက္ဆံခဲ့တာပင္။
ခ်မ္းသာတဲ့ဒုတိယမ်ိဳးဆက္အုပ္စုကပါ ေရွာင္ရွားခ်င္တဲ့ ပုဂၢိဳလ္တစ္ေယာက္အတြက္ကေတာ့ သူရန္မစရဲတာ သဘာဝပင္!
“ထပ္စုံစမ္းၾကည့္တာေပါ့” ဟူေရွာင္ဖုန္းက အံႀကိတ္လိုက္ၿပီး သူ႕ေလသံထဲမွာေတာ့ အနည္းငယ္မထီေလးစားမႈေတြပါေနဆဲပင္ : “ ယန္က်င္႐ႊင္မွာ သူ႕ေခါင္းကို လွည့္လိုက္တာနဲ႕ ရွန္ရိက်င္းအေပၚ တက္နိုင္တဲ့စြမ္းရည္ရွိတယ္ဆိုတာကို ငါမယုံဘူး”
အထင္လြဲစရာတစ္ခုခုရွိေနတာပဲ ျဖစ္ရမယ္!
…
ရွန္ရိက်င္းေ႐ြးလိုက္တဲ့ စားေသာက္ဆိုင္က ၿမိဳ႕လယ္ရွိ ေရာင္းဝယ္ေဖာက္ကားမႈ အေဆာက္အအုံတစ္ခုမွာ တည္ရွိေနတာျဖစ္ၿပီး စားေသာက္ဆိုင္က ၆၈လႊာမွာပင္။ ဒီအထပ္ကေနဆို မင္းဒီေနရာမွာထိုင္ၿပီး တစ္ညလုံး ၿမိဳ႕၏အလွရႈခင္းကို ရႈစားနိုင္ေပသည္။ ေယဘုယ်က်က်ေျပာရမယ္ဆိုရင္ေတာ့ ပတ္ဝန္းက်င္နဲ႕ေလထုအေျခအေနက အရမ္းကိုေကာင္းမြန္လွ၏။
ခရီးေဝးေဝး၊ က်ယ္က်ယ္ျပန႔္ျပန႔္ သြားဖူးတဲ့က်င္႐ႊင့္အတြက္ေတာင္မွ ဒီလိုမ်ိဳးေနရာက သူ၏ပထမဆုံးအႀကိမ္ပင္။
အတိတ္မွာတုန္းက သူက ႀကဳံရာက်ပန္းစားလို႔လည္းမရသလို အျပင္ထြက္ဖို႔က်ျပန္ေတာ့လည္း အဆင္မေျပေပ။
သို႔ေသာ္ျငား အခုကေတာ့ျခားနားသြားၿပီ။
ျပင္သစ္စာဖိုမႉးက ဂ႐ုတစိုက္ခ်က္ေပးထားတဲ့ဟင္းလ်ာကိုစားေနရင္း ႏွစ္ေပါင္းမ်ားစြာ အခ်ဥ္ေဖာက္ထားတဲ့ဝိုင္ကိုေသာက္ကာ က်င္႐ႊင္က တစ္ဖက္ျခမ္းမွလူကိုလည္း လ်စ္လ်ဴမရႈထားခဲ့ေပ။
ရိုးရိုးသားသားေျပာရရင္ ၎ကတစ္ဖက္လူ၏ တင့္တယ္ေျပျပစ္တဲ့လႈပ္ရွားမႈေတြေၾကာင့္ပင္။ သူ႕အျပဳအမူေတြက လ်စ္လ်ဴရႈဖို႔ခက္ခဲတဲ့ မဟာဆန္ေသာစံျပပုဂၢိဳလ္တစ္ေယာက္၏ အေငြ႕အသက္တို႔ ျပည့္ႏွက္ေနလ်က္။
မီးေရာင္ေအာက္မွာ ထိုင္ေနတဲ့ရွန္ရိက်င္းက ဧကန္အမွန္ကိုေခ်ာေမာခန႔္ညားလွသည္။ သူ႕လက္ေခ်ာင္းေတြက အလြန္ပင္ရွည္ကာ လက္ဆစ္ေတြကလည္းထင္းေနၿပီး လႈပ္ရွားမႈတို႔သည္လည္း တင့္တယ္ေနလ်က္၊ သူ႕၏အမူအရာမဲ့မ်က္ႏွာက သူ႕အျပဳအမူေတြ၏ခမ္းနားႀကီးက်ယ္မႈကို ခက္ခက္ခဲခဲဖုံးကြယ္ထားနိုင္ေပ၏။
ဒီလိုအမ်ိဳးသားတစ္ေယာက္…
ႏွစ္ဦးသားက ဒီလိုပဲတိတ္တဆိတ္စားေသာက္ေနၿပီး ရွန္ရိက်င္းက အစားစားေနခ်ိန္မွာ စကားေျပာခဲတာမို႔ အမွန္တကယ္ကို က်င္႐ႊင္အားစိတ္ေပါ့ပါးေစသည္။
ၾကည့္ရတာ တစ္ဖက္လူ၏ပ်ိဳးေထာင္ခံလာရမႈက အရမ္းေကာင္းတယ္ထင္ပါရဲ႕။ စားေနခ်ိန္မွာ စကားမေျပာဘူး အိပ္ေနခ်ိန္မွာ စကားမေျပာဘူး။
အဟြတ္…အဟြတ္
ဒီေန႕လိုပဲ သူတို႔ပထမဆုံးေတြ႕တဲ့ညကလည္း တစ္ဖက္လူက အမွန္ပင္ စကားအမ်ားႀကီးမေျပာခဲ့ေပ ၿပီးေတာ့ အဲ့ညကသူတို႔ၾကားမွာ ဆက္သြယ္ေျပာဆိုမႈတို႔မရွိခဲ့…
သို႔တေစ ထို႔ေန႕က ဤလူဟာ အေတာ္ပင္ညင္သာခဲ့၏။
ကေဖးမွာတုန္းက သူတို႔၏အက်ဥ္းခ်ဳပ္ညွိႏွိုင္းမႈကို က်င္႐ႊင္ျပန္ေတြးလိုက္သည္။ ထိုညမွာ သူကသူ႕(ရွန္ရိက်င္း)ကို တည္ၿငိမ္ေစခဲ့ေၾကာင္း တစ္ဖက္လူက ေျပာလာခဲ့သည္။
ထိုအရာဟာ ထိုညတုန္းက တစ္ဖက္လူဟာ အလြန္အမင္းစိတ္မတည္ၿငိမ္ျဖစ္ေနတဲ့အေျခအေနမွာ ရွိေနခဲ့တယ္လို႔ ရွင္းျပေပးလိုက္တာပဲ။
သို႔ေသာ္ျငား တစ္ဖက္လူသာ ထိုအျခင္းအရာကို ေျပာမလာခဲ့ရင္ သူပုံမွန္မဟုတ္တဲ့အရာတစ္ခုကိုမွ် ျမင္နိုင္မည္မဟုတ္ေပ။
တစ္ဖက္လူက သူ႕ခံစားခ်က္ေတြကိုေတာင္ အေရးတယူေတြးေတာေပးခဲ့ေသး၏။
မည္သို႔ပင္ဆိုေစ ထိုအရာ(sex)လုပ္ေနစဥ္နဲ႕ လုပ္ၿပီးေနာက္မွာ သူအရမ္းမသက္မသာခံစားရတာမ်ိဳး မရွိခဲ့ေပ။
ဒီလိုလူတစ္ေယာက္က…
ေၾကာက္ဖို႔ေကာင္းတဲ့ပုံမေပၚပါဘူး?
က်င္႐ႊင္က သူ႕ခါးကိုအနည္းငယ္မတ္လိုက္မိသည္။
စာအုပ္ထဲမွာ ရွင္းျပထားတဲ့ဇာတ္အိမ္ေၾကာင့္နဲ႕ လူတစ္ေယာက္အား ခြဲျခားဆက္ဆံတာမ်ိဳး သူမလုပ္နိုင္သလို လုပ္လည္းမလုပ္သင့္ေပ။
ဘယ္လိုပဲျဖစ္ျဖစ္ အကယ္၍ အနာဂတ္မွာ ရွန္ရိက်င္းက မေကာင္းတာတစ္ခုခုလုပ္ၿပီး အမွန္တကယ္ အေမွာင္ဘက္ျခမ္းေရာက္သြားရင္ေတာင္မွ ၎ကေနာက္ပိုင္း ျဖစ္ပ်က္ခဲ့တာေတြေၾကာင့္သာ ျဖစ္သင့္တဲ့အရာေတြေလ။
အစ္ကိုႀကီး၏ဘဝကလည္း ဝမ္းနည္းပူေဆြးဖြယ္ေကာင္းတယ္လို႔ စီနီယာေတြေျပာခဲ့တာကို က်င္႐ႊင္႐ုတ္တရက္သတိရသြား၏။
ဒီလိုဆိုရင္…0.01%အခြင့္အေရးပဲရွိရင္ေတာင္ အဲ့အျဖစ္အပ်က္ျဖစ္ပြားလာမည့္အေျခအေနကို သူကာကြယ္နိုင္တယ္ေပါ့?
…
က်င္႐ႊင့္တြင္ အၿမဲျပႆနာတစ္ခုရွိ၏ အဲ့ဒါကေတာ့ သူက ကိစၥတစ္ခုခုကိုစဥ္းစားတဲ့အခ်ိန္ လြယ္လြယ္ကူကူပဲဈာန္ဝင္သြားၿပီး သူ႕ပုံစံက ေတြေဝမိန္းေမာေနသလိုျဖစ္သြားတာပင္။
ဒီတစ္ႀကိမ္မွာလည္း သူဘာမွမသိေတာ့ဘဲ ရွန္ရိက်င္းကိုသာ အခ်ိန္အၾကာႀကီး မသိစိတ္အေလ်ာက္ၾကည့္ေနခဲ့မိသည္။
အေတြးလြန္ေနတဲ့ အမူအရာက သူ႕မ်က္ႏွာမွာ အကုန္ေရာင္ျပန္ဟပ္ေနၿပီး ဒါကက်င္႐ႊင္ရဲ႕ တစ္မူထူးတဲ့အမူအရာတစ္ခုပင္။ ထြင္းေဖာက္ျမင္နိုင္တဲ့မ်က္ဝန္းေတြ၊ သြယ္လ်တဲ့မ်က္ေတာင္ေလးေတြ၊ သိမ္ေမြ႕တဲ့မ်က္ႏွာေလးႏွင့္အတူ ထိုအၾကည့္က အလြန္အမင္း ေတာက္ပကာ မ်က္စိဖမ္းစားနိုင္ဖြယ္ရာပင္။
ရွန္ရိက်င္းေတာင္မွ သူ႕လႈပ္ရွားမႈေတြကို ရပ္တန႔္လိုက္ကာ သူ႕ေအာက္ႏႈတ္ခမ္းေထာင့္ကို လက္ကိုင္ပဝါႏွင့္ဖိထားရသည္။
အၾကည့္ခံေနရတဲ့သူက စိတ္အေႏွာင့္အယွက္မျဖစ္႐ုံတင္မကေပ၊ ဖီလာအားျဖင့္ လက္ကိုင္ပဝါနဲ႕ဖုံးကြယ္ထားသည့္ ႏႈတ္ခမ္းေထာင့္က ခပ္ေရးေရးေလးေကာ့တက္ေနကာ အလြန္အမင္းကို မရင္းႏွီးလွတဲ့အေကြးေလးတစ္ခုျဖစ္ေပၚေနသည္။
“ မင္းအရသာမေတြ႕ဘူးလား?”
“……”
အသံနိမ့္နိမ့္က ထြက္ေပၚလာၿပီး က်င္႐ႊင္လည္းအသိျပန္ဝင္လာကာ သူ႕ေခါင္းကိုလ်င္ျမန္စြာ ခါလိုက္၏။
“ အရသာရွိပါတယ္ ေက်းဇူးပါ ၊ ရွဲန္းရွန္” သူယဥ္ေက်းစြာေျပာလိုက္သည္။
“အမ္း” ရွန္ရိက်င္းက ထပ္ေျပာလာသည္ “ ဒါဆိုမ်ားမ်ားစား”
“ ဟုတ္ကဲ့” က်င္႐ႊင္က ျပန္ေျဖလိုက္ၿပီး ထိုသူ႕ကိုတစ္ဖန္ျပန္ၾကည့္လိုက္ရင္း တစ္ခုခုမွားေနသလို ခံစားေနရသည္။
ဗီလိန္အစ္ကိုႀကီးက တကယ္ေတာ့ …အဲ့ေလာက္မၾကမ္းၾကဳတ္ပါဘူး?
႐ုတ္တရက္ပင္ သူတို႔စားပြဲဆီ တစ္စုံတစ္ေယာက္ ေရာက္ခ်လာကာ ရွန္ရိက်င္းအား ေႏြးေထြးစြာႏႈတ္ဆက္လာသည္
“ ရွန္ဇုန္ တိုက္ဆိုင္လိုက္တာ၊ မင္းလဲ ဒီမွာလာစားတာလား?”
က်င္႐ႊင္ႏွင့္ရွန္ရိက်င္းက သူတို႔ေခါင္းေတြကို တစ္ခ်ိန္တည္းပင္ ေမာ့လိုက္ၾကသည္။ က်င္႐ႊင့္အျမင္ကေနဆို ရွန္ရိက်င္း၏မ်က္ဝန္းေတြက အနည္းငယ္ပင့္တက္သြား၏။ မက္မြန္ပြင့္သဏၭာန္မ်က္ဝန္းေတြဟာ မူလပထမက ရို႔မန႔္တစ္ဆန္ကာ ပိုင္ဆိုင္လိုစိတ္ျပင္းျပေပမဲ့ သူ႕မ်က္လုံးေတြကေတာ့ မလႈပ္မယွက္ျဖင့္ တည္ၿငိမ္ေနလ်က္ လွပေသာ္ျငား ထူးမျခားနားမႈတို႔ႏွင့္ပင္။
သူကယဥ္ေက်းစြာျပန္တုံ႕ျပန္လိုက္သည္
“ မေတြ႕ရတာၾကာၿပီပဲ န်ဲ့ဇုန္”
“ မေတြ႕ရတာၾကာၿပီ မေတြ႕ရတာၾကာၿပီ!”
န်ဲ့ဇုန္လို႔ေခၚတဲ့တစ္ေယာက္က ဤေနရာတြင္ ရွန္ရိက်င္းကိုေတြ႕ရလို႔ အရမ္းစိတ္လႈပ္ရွားေနပုံပင္။ သူက ရွန္ဇုန္နဲ႕ လက္ဆြဲႏႈတ္ဆက္ခ်င္ေပမဲ့ အတန္ငယ္မသင့္ေတာ္သလို ခံစားလိုက္မိသည္။
ဒီသနားစရာအမ်ိဳးသားက သိသာစြာကိုပင္ အထက္တန္းလႊာစီးပြားေရးသမားတစ္ေယာက္လို ဝတ္ဆင္ထားၿပီး လူခ်မ္းသာတစ္ေယာက္ပုံေပၚေနေပမဲ့ ရွန္ရိက်င္းရဲ႕ေရွ႕မွာေတာ့ ႏွိမ့္ခ်ကာ ထိန္းခ်ဳပ္ထားသည္။
ရွန္ရိက်င္းက သူအျပင္မွာရွိတဲ့အခ်ိန္ သူ႕စကားေတြကို အၿမဲတမ္း အေလးထားသည္။ အခုအခိုက္အတန႔္မွာ သူ႕အတြက္က တစ္စုံတစ္ေယာက္နဲ႕ညစာစားေနခ်ိန္ျဖစ္တာမို႔ အျပင္လူေတြရဲ႕အေႏွာင့္အယွက္အေပးမခံခ်င္ရာ ႏႈတ္ဆက္ၿပီးတာနဲ႕ ဘာတုံ႕ျပန္မႈမွမရွိေတာ့ေပ။
သို႔တေစ သိသာစြာကိုပဲ န်ဲ့ဇုန္က ဒီေလာက္လြယ္လြယ္ကူကူ ထြက္မသြားခ်င္ေသးေပ။ သူ႕မ်က္လုံးေတြက က်င္႐ႊင့္ေပၚေရာက္သြား၏။
“ ဒီဟာက ဘယ္သူ…”
တစ္ခ်က္ၾကည့္လိုက္႐ုံနဲ႕ န်ဲ့ယန္တုန္း ေရွာ့ခ္ရသြားကာ မ်က္လုံးေတြ ျပဴးက်ယ္သြားၿပီး သူ႕အၾကည့္အား တစ္ခဏၾကာတဲ့အထိ အေဝးကိုျပန္မေ႐ႊ႕နိုင္ခဲ့ေပ။
က်င္႐ႊင္က အေတာ္ေလးကို ရိုးစင္းတဲ့ သာမန္အဝတ္အစားကိုဝတ္ထားတာပင္။ ရိုးသားတဲ့ေက်ာင္းသားအသြင္အျပင္ေလးက ဤေနရာပတ္လည္ရွိ ေလထုအေျခအေနျဖင့္ ကိုက္ညီေနမႈတို႔ရွိမေနခဲ့။
ျမင္းကုန္းႏွီးတစ္ခုက ျမင္းကိုျပဳျပင္ေပးသလိုပဲ အဝတ္အစားကလည္း လူကိုျပဳျပင္ေပးသည္။ ဒီလူက ႏြမ္းပါးစြာဝတ္ဆင္ထားတာေတာ့ မဟုတ္ေပမဲ့ ရွန္ရိက်င္းလိုမ်ိဳး သန္မာတဲ့အရွိန္အဝါနဲ႕ လူတစ္ေယာက္က မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတာဆိုေတာ့ ပထမဆုံးအၾကည့္မွာ သူ႕ကိုလြယ္လြယ္ကူကူပဲလ်စ္လ်ဴရႈမိလိမ့္ၾကမည္။
သို႔ရာတြင္ သူ႕မ်က္ႏွာကို သတိထားမိလိုက္ခ်င္းမွာပဲ န်ဲ့ယန္တုန္း၏ႏွလုံးသားက တုန္ယင္သြားရသည္။ သူအံ့ၾသေနမိသည္ ရွန္ဇုန္က သန႔္စင္တဲ့ႏွလုံးသားနဲ႕ လိုအင္ဆႏၵနည္းပါးတဲ့သူတစ္ေယာက္ မဟုတ္ဘူးလား?
သူ႕ကို ညစာအတြက္ အေဖာ္ျပဳေပးဖို႔ ဒီလိုလွပတဲ့ေကာင္ေလးတစ္ေယာက္ကို သူဘာလို႔ရွာထားရတာလဲ? !
…လတ္စသတ္ေတာ့ ရွန္ဇုန္က ဒီလိုပုံစံမ်ိဳးကို ပိုႏွစ္သက္တာေပါ့
သူ႕ႏွလုံးအိမ္ထဲမွာ အံ့ၾသေနရင္း က်င္႐ႊင့္ကိုခိုးေၾကာင္ခိုးဝွက္ၾကည့္ကာ န်ဲ့ယန္တုန္းမေနနိုင္ဘဲ သုံးသပ္ခ်ပ္တစ္ခုလုပ္မိလိုက္သည္ : ဟိုတစ္ရက္တုန္းက သူပို႔ေပးလိုက္တဲ့ ၾကယ္ပြင့္ေလးကို ရွန္ဇုန္ တစ္ခ်က္ေတာင္မၾကည့္တာ အံ့ၾသစရာမဟုတ္ေတာ့ပါဘူး။
ဘာလို႔လဲဆိုေတာ့ ဒီလူငယ္ေလးက တကယ္ကိုမင္သက္စရာေကာင္းလြန္းလွတာမိုပင္။ န်ဲ့ယန္တုန္း မေနနိုင္ဘဲ အႀကိမ္အနည္းငယ္ေလာက္ ၾကည့္မိသြားသည္။ သူက လူငယ္ေလးရဲ႕ အသြင္အျပင္နဲ႕စရိုက္အေနအထားကို ရွင္းရွင္းလင္းလင္း မွတ္ထားခ်င္႐ုံသာျဖစ္ၿပီး ေနာက္တစ္ေခါက္က်ရင္ ဒီစံအတိုင္း လူေတြရွာေပးဖို႔ျဖစ္သည္…
သို႔ေပမဲ့ ဤအခိုက္အတန႔္မွာပဲ ရွန္ရိက်င္း၏ နက္ရွိုင္းေသာအနိမ့္သံက တစ္ဖက္ကေန ထြက္ေပၚလာသည္:
“ သူက ငါ့ခ်စ္သူ*”
[ *爱人(ài rén): : ဇနီးမယား သို႔ ခ်စ္သူ။ အမ်ားအားျဖင့္ ခင္ပြန္း သို႔ ဇနီးသည္အား ရည္ၫြန္းသည္။ ထို႔ေၾကာင့္ သူက က်င္႐ႊင့္အား ခ်စ္သူေကာင္ေလးတစ္ေယာက္အေနနဲ႕မဟုတ္ဘဲ အတည္လက္ထပ္မဲ့လက္တြဲေဖာ္တစ္ေယာက္အျဖစ္ ရည္ၫႊန္းလိုက္ျခင္း ျဖစ္နိုင္ေပသည္။]