π•Έπ–”π–“π–†π–—π–ˆπ–

By sunflower06h

34K 3.7K 1.9K

π‘Œπ‘’π‘  π‘€π‘Žπ‘—π‘’π‘ π‘‘π‘¦, π‘¦π‘œπ‘’'π‘Ÿπ‘’ π‘‘β„Žπ‘’ π‘‘π‘Ÿπ‘’π‘’ π‘šπ‘œπ‘›π‘Žπ‘Ÿπ‘β„Ž β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’β€’... More

Prologue
Episode: 2
Episode: 3
Episode: 4
Episode: 5
Episode: 6
Episode: 7
Episode: 8
Episode: 9
Episode: 10
Episode: 11
Episode:12
Episode: 13
Episode:14
Episode: 15 ⚠
Episode: 16
Episode:17
Episode:18
Episode:19
Episode: 20
Episode:21
Episode:22
Episode 23

Episode: 1

2.4K 196 102
By sunflower06h

Eldora

ပြန့်ပြူးသော လွင်ပြင်ကျယ်ကြီးတွင် တည်ရှိသော တိုင်းပြည်။ သို့မဟုတ် ​မြို့​ပြနိုင်ငံငယ်တစ်ခု။ မြေဆီလွှာကောင်းသည့် ​ဒေသဖြစ်သည်ကြောင့် စိမ်းစိုသော သစ်ပင်တို့နှင့် အရောင်အသွေးစုံသော ပန်းမာန်များကိုလည်း နေရာမလပ်ပင် တွေ့နိုင်လေသည်။

မြောက်ဘက်အစွန်ဆုံးတွင် နန်းတော်, အနောက်ဘက်နှင့် တောင်ဘက်တွင် ဈေးနှင့် လူနေအိမ်များရှိသည့်အပြင် အရှေ့ဘက်တွင်တော့ ထူထဲသည့် မိုးမခတောကြီး က ကာရံလျက်ရှိသည်။ ထိုမိုးမခတောကြီး၏အလွန်တွင်တော့ သဘာဝအလျောက် အကာအကွယ်ပေးထားသော  ကျောက်ဆောင်များရှိသည်မို့ ပြင်ပရန်များမှ အကာအကွယ်ကောင်းကိုလည်း ရရှိသည်။ အကယ်၍ စစ်မက်အရိပ်အယောင်ရှိလျှင်တောင် သူတို့က တစ်ပန်းသာသည်လေ။

အဆမတန်ကြီးမားသည့် တိုင်းပြည်မဟုတ်သော်ငြား သာယာဝပြောကာ နေရာကောင်းဖြစ်သည်မို့ လိုချင်မျက်စိတို့ကလည်း အလွန်များပြားပါသည်။ သို့သော်လည်း သဘာဝ၏ အကာအကွယ်တို့အပြင် အရည်အချင်းပြည့်ဝကာ သွေးအေးရက်စက်သည်ဟု အမည်တွင်သော Eldoraအရှင်ကြောင့် တော်ရုံလူက ကျူးကျော်ရန် စိတ်မကူးရဲကပေ။

ပြည်ပရန်မဆိုထားနှင့်။ တိုင်းပြည်အတွင်း မသတီဖွယ် ဒုစရိုက်အမှုပြုသူကိုပင် သက်ညှာမှုမထား အပြစ်ပေးတတ်သူမို့ Eldoraအရှင်သည် ဩဇာကြီးမား၍ သွေးအေးမှုဖြင့် ကျော်ဇောခြင်းဖြစ်သည်။

ယခုလည်း Eldoraနန်းရင်ပြင်မှ မကြားဝံ့စရာ အော်သံနက်တို့ ထွက်ပေါ်လာခြင်းကို ကြည့်ခြင်းဖြင့် အရှင်၏ အပြစ်ပေးခြင်းက စတင်နေပြီဆိုသည်ကို ကောက်ချက်ချနိုင်လေသည်။

ထိုင်ခုံပေါ်တွင် တုပ်နှောင်ခံကာ အပြစ်ခံယူနေရသော အပြစ်သား Alpha၏ အသံနက်ကြီးက စူးစူးဝါးဝါးပင် ထွက်ပေါ်လာသည်မှာ ကြည့်နေသူများပင် ကြက်သီးထရသည်အထိ။

သို့သော်လည်း အပြစ်သား၏ တည့်တည့်တွင်ထိုင်နေသော Eldoraအရှင်သည်တော့ မျက်နှာတစ်ချက်ပင် ပျက်ယွင်းခြင်းမရှိပဲ နှုတ်ခမ်းပါးတို့အား ခပ်တင်းတင်းစေ့ထားရင်းပင် အပြစ်ပေး​ခြင်းအား ရှုစားလေသည်။

"ဒီလောက်ဆို ​မှတ်လောက်သားလောက် ရှိနေလောက်ပါပြီ အရှင်. အပြစ်ပေးခြင်းကို ရပ်လိုက်တော့မလား"

ဆက်၍မကြည့်နိုင်တော့သော အရှင့်ဘေးမှ အကြံပေးကြီးက တီးတိုးတိုက်တွန်းလေတော့ မာန်အပြည့်ရှိသော မျက်ဝန်းတို့ဖြင့် ပြန်ကြည့်ကာ

"ကိုယ်တော့်အမိန့်ကို ဆန့်ကျင်ချင်တာလား? ခင်ဗျားပါ အဲ့ခုံမှာ နှိပ်စက်ခံချင်သလား အကြံပေးကြီး "

"စိုးရွံ့မိပါတယ် အရှင်. ခြေလွန်လက်လွန်ဖြစ်သွားမှာစိုးလို့ပါ"

"ထိုက်သင့်တဲ့သူကို ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ပေးတာပဲ။ ကိုယ်တော် ဒီလူကို လျော့ပေါ့ပြီး လွှတ်ပေးလိုက်ရင် ဒီလူလို alphaဆိုတိုင်း ခွန်အားသုံး အနိုင်ကျင့်ချင်တဲ့လူတွေ ထပ်ပေါ်မလာဘူးလို့ အာမခံနိုင်သလား"

ခပ်တိုးတိုး မေးလာသည့် အကြံပေးကြီး၏ စကားကို ပြန်၍ ဖြေကြားလာသည့် Eldoraအရှင်၏ လေသံသည် ဩဇာအပြည့်ဖြစ်သည်ကြောင့် ကြည့်ရှူနေသော အမှုထမ်းနှင့် ပြည်သူအချို့ပင် ကြက်သီးမွေးညှင်းထရသည်။

"သတိလစ်သွားရင် လိုအပ်တဲ့ ကုသမှု လုပ်ပြီး အချုပ်ထဲ ထိန်းသိမ်းထားလိုက်။ သူ့အပြစ်တွေကို ပြန်သုံးသပ်ပြီးလောက်မယ့် အချိန်ကျရင် လွှတ်ပေးမယ်"

ဖြိုးဖြိုးဖျက်ဖျက်လက်နေသည့် ခရမ်းရောင်ကျောက်မျက်တို့ဖြင့် စီခြယ်ထားသော သရဖူအား ပြန်၍ တည့်မတ်ကာ ထိုနေရာမှ ထွက်ခွာသွားသည့် Eldora အရှင်။ နောက်ဆုံးမိန့်ခဲ့သော စကားအချို့ကို ကြားနာရင်း အ​ကြံပေး​ကြီးမှာ ပြုံးမိပါသေးသည်။

​သွေးအေးသော်လည်း နှလုံးသားကင်းမဲ့သည့်အထိတော့ မဟုတ်သော အရှင်ပါလေ။ သို့ပေမယ့်လည်း ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်မှန်သမျှသည်တော့ ပြတ်သားလွန်း၍ တိုင်းသူပြည်သားနှင့်အမှုထမ်းတိုင်း လေးစားရသည်အထိ ဩဇာကြီးမားသူဖြစ်လေသည်။

ဩဇာကြီးမား၍ ပြတ်သားရုံသာမက ငယ်ဂုဏ်ကလေးကလည်း ရှိပြန်သည်ကြောင့် ဖြူ​ကြည်သော အသားအရည်နှင့် ချောမောသန့်ပြန့်သည့် ရုပ်ရည်ကိုပါ ပိုင်ဆိုင်ထားပြန်သည်။ အဆမတန် ထွားကျိုင်းသည့်ထဲ မပါဝင်သော်လည်း ငယ်စဥ်ကတည်းက စနစ်တကျ လေ့ကျင့်ခဲ့သည်ကြောင့် ကျစ်လစ်ကာ အင်အားရှိသည့် ကိုယ်ခန္ဓာပိုင်ရှင်လည်း ဖြစ်လေသည်။

သို့သော်လည်း သည်လောက်ထိ ပြီးပြည့်စုံသော Eldoraအရှင်တွင် လူသိမခံနိုင်သော လျို့ဝှက်ချက်လေးက ရှိနေပြန်သည်။

•••••

"ကျစ်! ဒီတခါ အာနိသင်ပျက်တာ မြန်လိုက်တာ"

အခန်းတွင်း တစွန်းတစထိုးထွက်လာသော ရနံ့ကြောင့် စိတ်ရှုပ်လေဟန်ဖြင့် စုတ်သတ်သော Eldora အရှင်

"မားကပ်စ်! မားကပ်စ် အပြင်မှာရှိသလား!"

အမိန့်ဆန်ဆန်ခေါ်သံ၏နောက် စေ့ထားသော နီညိုရောင် တံခါးချပ်ကြီးနောက်မှ ဖိနပ်သံအချို့ကို ကြားရကာ

"အခေါ်​တော်ရှိပါသလား အရှင်"

"သမားတော်မင်ကို ကိုယ်တော့်ဆီ လွှတ်လိုက်ပါ"

"အဆင်မပြေတာ တခုခုများရှိလို့လား အရှင်. ကျန်းမာတော်မမူဘူးလား"

"မရှည်နဲ့. သွားခေါ်လိုက်"

"ဟုတ်ကဲ့ပါ အရှင်"

ခပ်တင်းတင်းစေ့ထားသော နီညိုရောင်တံခါးချပ်၏နောက်မှ ခြေသံအချို့ပျောက်သွားသည်နှင့် အခန်းကျယ်အတွင်းရှိ ကြေးမုံပြင် ရှေ့တွင် ရပ်ကာ ကြေးမုံပြင်၌ ထင်ဟပ်နေသော မိမိပုံရိပ်အား စိုက်ကြည့်နေမိသည်။

တခဏအတွင်းမှာပင် ကြေးမုံပြင်အတွင်းမှ Eldoraအရှင်၏ မျက်ဝန်းတို့သည် သရဖူမှ ကျောက်မျက်တို့နှင့် အလားသဏ္ဍာန်တူသော ခရမ်းရောင်အဖြစ် ကြည်လဲ့ကာ တောက်ပလာလေသည်။

အခန်းတွင်းတွင်လည်း ချိုအီသော လာဗင်ဒါရနံ့တို့က နေရာယူ၍လာကာ ကိုယ်တွင်းမှ တမြေ့မြေ့တက်လာသော အပူရှိန်ကြောင့် ပါးပြင်များပါ နီစွေး၍ တက်လာလေတော့သည်။အသားအရည်ဖြူဝင်းသူမို့ ပို၍ပင် သိသာနေသေးသည်လေ။

"ကျနော် ရောက်ပါပြီ အရှင်"

"နောက်ကျတယ်"

သလွန်ပေါ်တွင် မျက်လုံးပိတ်ကာ တစောင်းလေး လှဲလျောင်းနေရင်း ခပ်ပြတ်ပြတ် တခွန်းတည်း ပြောလေသည့် အရှင်။ ကြုံနေကျဖြစ်သည်မို့ သမားတော်မင်က ပြုံးရုံသာပြုံးကာ

"စိုးရွံ့မိပါတယ် အရှင်. ဆေးအိတ်မှာ မစုံလင်တဲ့အတွက် ပြန်ယူခဲ့ရလို့ပါ"

သမားတော်မင်..

တစ်နည်းအားဖြင့် မင်ယွန်းဂီ အမည်ရှိသူ Betaသည် Eldoraအရှင်၏ လျှိူ့ဝှက်ချက်အား သိရှိထားသည့် ငါးယောက်ပင်မပြည့်သော လူများထဲမှ တစ်ဦးဖြစ်လေသည်။

"စကားမရှည်ပါနဲ့တော့. ဒီအနံ့တွေကြောင့် သိပ်ခေါင်းမူးနေပြီ.. ခင်ဗျားကတော့ Betaဆိုတော့ ဘယ်ခံစားရမလဲ"

သမားတော်မင်က ဆေးပုလင်းငယ်အတွင်းမှ ဆေးများကို ဆေးထိုးအပ်ဖြင့် စုပ်ယူလိုက်ရင်း ခပ်ယဲ့ယဲ့ပြုံးသည်။ အရှင်က တခါတလေ အခုလို အပြောအဆိုလည်း မတတ်ပါလေ

"လှဲ​နေလိုက်ပါ အရှင်။ ဆေးထိုးပြီးရင် သက်သာသွားပါလိမ့်မယ်"

"အင်း..."

ဆေးထိုးအပ်ချွန်မြမြက လည်ဂုတ်ဖြူ​ဖြူပေါ်တွင် စိုက်ဝင်ပြီး အချိန်တစ်ခုခန့်အကြာ Eldoraအရှင်၏ တွန့်ချိုးနေသော မျက်ခုံးလေးများ ပြေလျော့လာသည်။ ​ပါးပြင်မှ နီစွေးမှုသည်လည်း လျော့ကျသွားသော ခန္ဓာကိုယ်အပူရှိန်နှင့်အတူ လျော့ပါးသွားသည်။ ကြေးမုံဘေးရှိ စင်ပေါ်၌ နေရာချထားသော သရဖူမှ ကျောက်မျက်များနှင့် အလားသဏ္ဍာန်တူသော ခရမ်းရောင် မျက်ဝန်းများသည်လည်း မျက်ဆံနက်များသို့ ပြန်၍ အသွင်သဏ္ဍာန်ကူးပြောင်းသည်။ အခန်းတွင်းရှိ ချိုအီသည့် လာဗင်ဒါရနံ့မှာလည်း တဖြည်းဖြည်းပျောက်ကွယ်ကာ အုံ့မှိုင်းမှိုင်းတောအုပ်ရနံ့ကသာ ဖုံးလွှမ်းလာတော့လေသည်။

"နေလို့ သက်သာသွားပြီလား အရှင်"

"အင်း. ကျေးဇူးတင်တယ် သမားတော်မင်"

"မလိုပါဘူး အရှင်. ဒါပေမယ့် အရှင့်ကို သတိပေးချင်တာလေးတော့ရှိပါတယ်"

အရှင်က လှဲလျောင်းနေရာမှ ခပ်ဖြေးဖြေး ထထိုင်ရင်း တဆက်တည်းမှာပင် ပြတ်သားသည့်လေသံဖြင့် ဆိုသည်။

"ထပ်တူညီတဲ့ စကားကိုပဲ ပြောဦးမယ်ဆိုရင် ပြန်ပါတော့ သမားတော်မင်. ကိုယ်တော့်ဆုံးဖြတ်ချက်က ဘယ်တော့မှ ပြောင်းမှာမဟုတ်ဘူး"

"အရှင်က အခုလည်း လူတွေ သိပ်လေးစားရတဲ့ Eldoraအရှင်ပါပဲ. သရုပ်မှန်ကို လူတွေ သိသွားခဲ့ရင်တောင် အရှင့်ရဲ့ အရည်အချင်းတွေကြောင့် မလေးမစားလုပ်ဝံ့ကြမှာ မဟုတ်ဘူးလေ အရှင်"

"မထင်ပါနဲ့ သမားတော်မင်"

"လူတွေက ကိုယ်​​တော့်ကို ဘာလို့ လေစားကြလဲဆိုတာ သိလား? ဩဇာရှိတဲ့ ဘုရင်တစ်ယောက်ဖြစ်နေတယ်ဆိုတဲ့အပြင် သူတို့ရဲ့ စိတ်ကူးပုံရိပ်ထဲက ပြီးပြည့်စုံတဲ့ alphaတစ်ယောက်ဖြစ်နေလို့လေ.."

ထို့နောက် အရှင်က ခေတ္တမျှ နှုတ်ဆိတ်သွားပြီး သလွန်ပေါ်မှပင် လှမ်း၍မြင်ရသော ကြေးမုံပြင်အတွင်းမှ မိမိပုံရိပ်ကို ပြန်ကြည့်ရင်း စကားဆက်ပြန်သည်။

"အကယ်၍ ဩဇာကြီးတဲ့ Eldoraအရှင်က omegaတစ်ယောက်လို့သာ သိသွားခဲ့မယ်ဆိုရင် အခုလို အုပ်ချုပ်ခံဦးမယ်လို့ ထင်လား? ခုလို လေးစားကြဦးမယ်လို့ရော ထင်သလား သမားတော်မင်"

"အရှင်က အတွေးလွန်နေတာပဲ. ဘာလို့များ အရှင့် ဖြစ်တည်မှုအမှန်ကို ချစ်မြတ်နိုးမပေးနိုင်ရတာလဲ"

မဟုတ်တာ.. Eldoraအရှင်က သူ့ရဲ့ ဖြစ်တည်မှုကို သိပ်မြတ်နိုးတာပေါ့.. သိပ်ကို စွဲမက်ဖွယ်ကောင်းပြီး ချိုအီတဲ့ ရနံ့. ခရမ်းဆွဲကျောက်တွေလို တောက်ပတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားရတာ. မမြတ်နိုးပဲနေနိုင်ပါ့မလား

သို့ပေမယ့် ထိုမြတ်နိုးမှုထက် လူတွေရဲ့ အထင်အမြင်သေးမှုကို သူပို​ပြီး မလိုလားတာမို့ ဖုံးကွယ်နိုင်တဲ့ တနေ့တာထိ ကြိုးစားပြီး ဖုံးကွယ်ထားဦးမှာပါပဲ။

Eldoraအရှင်ဟာ အဲ့သလိုလည်း ခေါင်းမာတတ်သေးပြန်သည်လေ။

"လူတွေက ကိုယ်​တော့်ကို အားနည်းတဲ့လူတစ်ယောက်အဖြစ် မြင်ကြမှာကို မလိုလားဘူး သမားတော်မင်"

"အရှင်က အားမနည်းပါဘူး. Betaဖြစ်တဲ့ ကျနော့်ထက်တောင် သန်မာတဲ့ဟာ"

"ဒါက မင်းရဲ့ အမြင်ပါ သမားတော်မင်.. လူ့အဖွဲ့အစည်းရဲ့ စံသတ်မှတ်ချက်တွေကိုတော့ ပြောင်းလဲဖို့က မလွယ်ကူဘူးလေ..."

ခေါင်းမာသည့် အရှင်ကြောင့် သမားတော်မင်လည်း သက်ပြင်းသာချမိ​တော့လေသည်။ အရှင့်ကို ဆေးထိုးပေးရတိုင်း ထိုဆေးများ၏ ဘေးထွက်ဆိုးကျိုးနှင့် ပတ်သက်၍ ဘယ်လောက်ထိ စိုးရိမ်ရကြောင်း အထပ်ထပ်သတိပေးမိသော်လည်း အရှင်က တခါကလေးမျှ အလေးထားခဲ့ခြင်းမရှိ

အချိန်ကာလတစ်ခုကြာမြင့်၍ ဆေး၏ ဘေးထွက်ဆိုးကျိုးတို့က အစွမ်းပြလာခဲ့လျှင် ဘာတွေ ဖြစ်လိမ့်မည်ကို သူကိုယ်တိုင်တောင် သေချာမသိသည်ကြောင့် ပို၍ စိုးရိမ်ရသည်။ ယခုတောင် အာနိသင်ပျယ်တာ မြန်သထက် မြန်လာသည်မဟုတ်လား...

သည်ဆေးများ မတိုးတော့လျှင် ခေါင်းမာသည့် အရှင်က ကျိန်းသေပေါက် သည့်ထက်ပြင်းသည့် ဆေးကိုရှာကာ အသုံးပြုခိုင်းလိမ့်ဦးမည်။ ထိုအခါ ထိခိုက်မည်ကလည်း အရှင်သာဖြစ်သည်မို့ အနာဂတ်ကိုတွေးကာ သမားတော်မင်မှာ ရင်လေးရပါသည်။

"ကျနော် နားလည်ပါပြီ အရှင်။ ဒါပေမယ့် အချိန်အားလပ်တဲ့ တစ်ရက်တော့ လာဗင်ဒါလေးကို လွတ်လပ်ခွင့် ခဏပေးပေးပါ။ မဟုတ်ရင် ဘေးထွက်ဆိုးကျိုးတွေ ပိုဆိုးလာနိုင်လို့ပါ အရှင်"

"သိပြီမို့ ခင်ဗျား ပြန်နိုင်ပြီ သမားတော်မင်"

"အရင်တခါကလည်း အဲ့လို ကတိပေးပြီး နှစ်လလုံးလုံး နန်းတွင်းထဲမှာ အလုပ်တွေလုပ်နေခဲ့တာမလား"

"မင်ယွန်းဂီ!"

အံကြိတ်၍ မာန်ပါပါ လေသံမြင့်လိုက်သည့် အရှင်ကြောင့် ဆက်နေ၍ မဖြစ်တော့ကြောင်း ယွန်းဂီ ကောင်းကောင်းသိပါသည်။ ထို့ကြောင့် ခေါင်းကိုသာ တဆတ်ဆတ်ငြှိမ့်၍

"ဒါဖြင့်ရင် ကျနော့်ကို ခွင့်ပြုပါဦး။ ကောင်းသောနေ့လေး ဖြစ်ပါစေ အရှင်ဂျွန်"

ဂါရဝပြုနှုတ်ဆက်ကာ ထွက်ခွာသွားသော သမားတော်မင်ဘက်ကို သူလှည့်မကြည့်မိ။ အနည်းငယ်ဟနေသော ခန်းစီးစကြားက မြင်ရသည့် မြို့၏ ခပ်လှမ်းလှမ်းမှ တောအုပ်လေးကိုသာ ပို၍ စူးစိုက်ကြည့်မိနေလေတော့သည်။

လာဗင်ဒါလေးကို ခဏလောက်တော့ လွတ်မြောက်ခွင့် ပေးသင့်သလား...

•••••

နာမည်ကျော်ကြားကာ ဂုဏ်သတင်းမွှေးသော Eldoraအရှင်။

တနည်းအားဖြင့် Eldoraတိုင်းပြည် တည်ထောင်​သူ ဂျွန်ဂျေးရပ်စ်၏ တစ်ဦးတည်းသော သားတော် မင်းသားလေး ဂျွန်ဂျောင်ဂု။

မျိုးရိုးမြင့် alphaနှစ်ဦးထံမှ မွေးဖွားလာသော မင်းသားလေးသည် ဖွားမြင်လာသည့်နေ့ကတည်းက ကောင်းချီးများသာ ဖြစ်တည်သည်မို့ တော်ဝင်မိသားစုနှင့် အမှူအရာထမ်းများ၏ မျှော်လင့်ခြင်းနှင့် လေးစားမှုကို ရရှိပိုင်ဆိုင်ထားသူဖြစ်လေသည်။

ထို့အပြင် ငယ်စဥ်ကတည်းက ထက်မြက်ကာ ဥာဏ်နှင့်ယှဥ်ရသည့်အရာဖြစ်စေ ကာယနှင့်ခွန်အားကို အသုံးပြုရသည့်အရာပင်ဖြစ်စေ အလွယ်တကူ တတ်မြောက်သည်ကြောင့် ကျိန်းသေပေါက် အင်အားကြီးမားသည့် Alphaတစ်ဦးဖြစ်လာလိမ့်မည်ဟုသာ ကောက်ချက်ချထားခဲ့ကြလေသည်။

သို့သော်လည်း မင်းသားလေး၏ ၁၈နှစ်ပြည့် မွေးနေ့မှ စ၍ တဆတဆပြလာသည့် လက္ခဏာတို့က ထိုကောက်ချက်အား လွဲမှားစေမည့် အရိပ်အယောင်ပြနေလေသည်။

တစ်ဦးတည်းသော သားတော်လေးဖြစ်သည့်အပြင် အနာဂတ်တွင် တိုင်းပြည်ကို ဦးဆောင်ရမည့်သူဖြစ်သည်ကြောင့် Omegaသာ ဖြစ်နေခဲ့မည်ဆိုလျှင် အရှင်ဂျွန်ဂျေးရပ်စ်မှာ အသေပင်ဖြောင့်နိုင်လိမ့်မည်မဟုတ်

ဒါကြောင့်ပဲ တရားဝင် စစ်ဆေးချက်မထုတ်ပြန်ခင် ရင်းနှီးသည့် သမားတော်မိသားစုနှင့် တိတ်တဆိတ်စစ်ဆေးကြည့်သည့်အခါ စိုးရိမ်သည့်အတိုင်း အမှန်ပင် မျိုးရိုးမြင့် omega တစ်ဦးဖြစ်နေလေသည်တဲ့လေ..

ဖြူနု၍ ချောမောသည့် မျက်နှာသွင်ပြင်မှလွဲ၍ မင်းသားလေး၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်ကိုကြည့်လျှင် Omegaဟူ၍ ထင်ရက်စရာပင်မရှိ။ သို့မဟုတ် မျိုးရိုးမြင့်Alphaနှင့် Betaများကြားတွင်သာ ကြီးပြင်းခဲ့သူများမို့ Omega၏ စွမ်းဆောင်ရည်အား အထင်သေးခဲ့ခြင်းပေလား မပြောတတ်ပေ။

ထို့အပြင် Eldora၏ တစ်ဦးတည်းသော ဆက်ခံသူက Betaပင် မဟုတ်သည့် Omegaတစ်ဦးမှန်းသာ သိကြလျှင် လူထုက ဘယ်လိုများ အုပ်ချုပ်ခံမည်တဲ့လဲလေ။

သို့သော် တစ်ဦးတည်းသော ဆက်ခံသူလေးဖြစ်သည်ကြောင့် စွန့်လည်း မစွန့်ပစ်နိုင် အပြစ်တင်လည်း မခံနိုင်ပါ​လေ။ ပို၍ဆိုးသည်​က အသက်ရမှ မွေးဖွားခဲ့သည့် သားတော်လေးမို့ စောစောခွဲခွာရနိုင်သည့် အခြေအနေတွင် အရှင်ဂျွန်ဂျေးဆပ်စ်သည် မိဖုရားနှင့်အတူ မကြံသင့်သည့် အကြံအစည်ကို ကြံခဲ့ကြလေသည်။

ထိုအရာကတော့ မင်းသားလေး အရွယ်ရောက်ကတည်းက ဟော်မုန်းဆေးကဲ့သို့သော ဆေးတမျိုးအား အချိန်တခုသတ်မှတ်ကာ ထိုးသွင်းစေခြင်းဖြစ်လေသည်။

ထိုဆေးက မင်းသားလေး၏ ချိုအီသော လာဗင်ဒါရနံ့အား အလျင်းပျောက်ကွယ်ကာ ဆေးဖော်သူက ဖန်တီးထားသည့် အုံ့မှိုင်းမှိုင်းတောအုပ်ရနံ့ကို အစားထိုး​နေရာယူ​စေသည်။ ခရမ်းဆွဲကျောက်ကဲ့သို့ ကြည်လဲ့လှပသော မျက်ဝန်းတို့ကိုလည်း ပုန်းကွယ်နေစေသလို omegaတစ်ဦး၏ အကြီးမားဆုံးသော အခက်အခဲဖြစ်သည့် heatကိုပါ တားဆီးပေးသည်လေ။

ဒါ့ကြောင့်ပဲ ဘေးထွက်ဆိုးကျိုးရှိနိုင်မှန်း သိသိကြီးနှင့် ထိုလမ်းကို လျှောက်ခဲ့ကြသော မင်းကြီးနှင့် မိဖုရား။ ထိုဘေးထွက်ဆိုးကျိုးကြောင့် ကြုံရနိုင်သည့် Eldoraမင်းသားလေး၏ အနာဂတ် အခက်အခဲများကိုတော့ မေ့လျော့နေခဲ့သည်လား တမင် မသိဟန်ဆောင်ထားခြင်းလား မပြောတတ်ပေ။

မင်းသားလေး ၂၂နှစ်, မင်းသားလေးဂျွန်မှ အရှင်ဂျွန်အဖြစ်သို့ ရောက်ရှိလာသည့်အချိန်တွင်လည်း ထိုဆေးများကိုသာ ဆက်၍ အသုံးပြု​နေခဲ့သည်မို့ ဟာကွက်အလျင်းမရှိပဲ ဩဇာကြီးမားသော Alphaတစ်ဦးအဖြစ် ယနေ့တိုင် အုပ်ချုပ်နိုင်ခြင်းပင် ဖြစ်သည်။

ထို့အပြင် ပို၍ ပိရိလေရအောင် နန်းတွင်းအမှုထမ်းနှင့် အရှင့်အနီးကပ်ခစားရသူများ အားလုံးကို Betaများကိုသာ ခန့်အပ်ထားသည်မို့ ပြဿနာကြီးကြီးမားမားလည်း ပူပန်စရာမလိုပေ။ Betaများက ကိုယ်ပိုင်ရနံ့လည်းမရှိ အနံ့လည်း မခံနိုင်သည်မို့ တစ်ရန်ကတော့ အေးရသည်လေ။

သို့သော် သဘာဝကို လွန်ဆန်တားဆီးခြင်း၏နောက် လာဗင်ဒါလေးက တိုးထွက်ရန် ကြိုးစားတော့မည်ဆိုလျှင် အရှင်ဂျွန် ဘယ်နည်းဘယ်ပုံကြံဦးမည်လဲလေ...

#Tbc

(P.S: မြို့ပြနိုင်ငံဆိုတာ ဟိုးအရင်တုန်းက Athensတို့ Spartaတို့လို ​တမြို့တည်းမှာ မင်းမူပြီး တိုင်းပြည်တည်ထားတဲ့ နေရာမျိုးကို ခေါ်တာပါ။ မြို့တော် တစ်ခုသာရှိပြီး အဲ့ဒီမြို့တော်မှာပဲ အုပ်ချုပ်ရေး ယတ္တရားတွေ လည်ပတ်ရင်း နိုင်ငံအနေနဲ့ သတ်မှတ်ပါတယ်။ နယ်မြေချဲ့ထွင်တဲ့ အလယ်ခေတ်မှာ အများဆုံးတွေ့ရတဲ့ နိုင်ငံအမျိုးအစားတွေပါ။ ခုခေတ်မှာဆိုရင်တော့ Vetican Cityနဲ့ Singaporeလို နိုင်ငံမျိုးတွေကို ခေါ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာလည်း အများကြီးရှုပ်မှာဆိုလို့ တိုင်းပြည်အကုန်လုံးနီးပါးကို မြို့ပြနိုင်ငံပုံစံပဲ ရေးထားပါတယ်။ နောက်ပြီး နိုင်ငံနာမည်တွေကလည်း 라기 လျှောက်စဥ်းစားထားတဲ့ စိတ်ကူးယဥ်နာမည်တွေသာ ဖြစ်ပါကြောင်း 🤫)

နောက်ပြီး အပိုင်း ၁လေးက ဘယ်လိုများနေပါသလဲ တုန့်ပြန်မှုလေးတွေလည်း သိပါရစေရှင် ဟီး~ ><
အခြားficလေးတွေဘက်လည်း လှည့်ရဦးမှာမို့ ဒါလေးကိုတော့  အပတ်စဥ် အင်္ဂါနေ့တိုင်း upပေးသွားနိုင်​အောင် ကြိုးစားပါ့မယ်နော်💜 အားလုံး အစစအရာရာဂရုစိုက်ကြပါ 라기ရဲ့ ဒါဒါnimတို့ရေ~💜

See you in next episode~

- 해바라기

ZG

Eldora

ျပန့္ျပဴးေသာ လြင္ျပင္က်ယ္ႀကီးတြင္ တည္ရွိေသာ တိုင္းျပည္။ သို႔မဟုတ္ ၿမိဳ႕ျပနိုင္ငံငယ္တစ္ခု။ ေျမဆီလႊာေကာင္းသည့္ ေဒသျဖစ္သည္ေၾကာင့္ စိမ္းစိုေသာ သစ္ပင္တို႔ႏွင့္ အေရာင္အေသြးစုံေသာ ပန္းမာန္မ်ားကိုလည္း ေနရာမလပ္ပင္ ေတြ႕နိုင္ေလသည္။

ေျမာက္ဘက္အစြန္ဆုံးတြင္ နန္းေတာ္, အေနာက္ဘက္ႏွင့္ ေတာင္ဘက္တြင္ ေဈးႏွင့္ လူေနအိမ္မ်ားရွိသည့္အျပင္ အေရွ႕ဘက္တြင္ေတာ့ ထူထဲသည့္ မိုးမခေတာႀကီး က ကာရံလ်က္ရွိသည္။ ထိုမိုးမခေတာႀကီး၏အလြန္တြင္ေတာ့ သဘာဝအေလ်ာက္ အကာအကြယ္ေပးထားေသာ ေက်ာက္ေဆာင္မ်ားရွိသည္မို႔ ျပင္ပရန္မ်ားမွ အကာအကြယ္ေကာင္းကိုလည္း ရရွိသည္။ အကယ္၍ စစ္မက္အရိပ္အေယာင္ရွိလွ်င္ေတာင္ သူတို႔က တစ္ပန္းသာသည္ေလ။

အဆမတန္ႀကီးမားသည့္ တိုင္းျပည္မဟုတ္ေသာ္ျငား သာယာဝေျပာကာ ေနရာေကာင္းျဖစ္သည္မို႔ လိုခ်င္မ်က္စိတို႔ကလည္း အလြန္မ်ားျပားပါသည္။ သို႔ေသာ္လည္း သဘာဝ၏ အကာအကြယ္တို႔အျပင္ အရည္အခ်င္းျပည့္ဝကာ ေသြးေအးရက္စက္သည္ဟု အမည္တြင္ေသာ Eldoraအရွင္ေၾကာင့္ ေတာ္႐ုံလူက က်ဴးေက်ာ္ရန္ စိတ္မကူးရဲကေပ။

ျပည္ပရန္မဆိုထားႏွင့္။ တိုင္းျပည္အတြင္း မသတီဖြယ္ ဒုစရိုက္အမႈျပဳသူကိုပင္ သက္ညွာမႈမထား အျပစ္ေပးတတ္သူမို႔ Eldoraအရွင္သည္ ဩဇာႀကီးမား၍ ေသြးေအးမႈျဖင့္ ေက်ာ္ေဇာျခင္းျဖစ္သည္။

ယခုလည္း Eldoraနန္းရင္ျပင္မွ မၾကားဝံ့စရာ ေအာ္သံနက္တို႔ ထြက္ေပၚလာျခင္းကို ၾကည့္ျခင္းျဖင့္ အရွင္၏ အျပစ္ေပးျခင္းက စတင္ေနၿပီဆိုသည္ကို ေကာက္ခ်က္ခ်နိဳင္ေလသည္။

ထိုင္ခုံေပၚတြင္ တုပ္ႏွောင္ခံကာ အျပစ္ခံယူေနရေသာ အျပစ္သား Alpha၏ အသံနက္ႀကီးက စူးစူးဝါးဝါးပင္ ထြက္ေပၚလာသည္မွာ ၾကည့္ေနသူမ်ားပင္ ၾကက္သီးထရသည္အထိ။

သို႔ေသာ္လည္း အျပစ္သား၏ တည့္တည့္တြင္ထိုင္ေနေသာ Eldoraအရွင္သည္ေတာ့ မ်က္ႏွာတစ္ခ်က္ပင္ ပ်က္ယြင္းျခင္းမရွိပဲ ႏႈတ္ခမ္းပါးတို႔အား ခပ္တင္းတင္းေစ့ထားရင္းပင္ အျပစ္ေပးျခင္းအား ရႈစားေလသည္။

"ဒီေလာက္ဆို မွတ္ေလာက္သားေလာက္ ရွိေနေလာက္ပါၿပီ အရွင္. အျပစ္ေပးျခင္းကို ရပ္လိုက္ေတာ့မလား"

ဆက္၍မၾကည့္နိုင္ေတာ့ေသာ အရွင့္ေဘးမွ အႀကံေပးႀကီးက တီးတိုးတိုက္တြန္းေလေတာ့ မာန္အျပည့္ရွိေသာ မ်က္ဝန္းတို႔ျဖင့္ ျပန္ၾကည့္ကာ

"ကိုယ္ေတာ့္အမိန့္ကို ဆန့္က်င္ခ်င္တာလား? ခင္ဗ်ားပါ အဲ့ခုံမွာ ႏွိပ္စက္ခံခ်င္သလား အႀကံေပးႀကီး "

"စိုး႐ြံ႕မိပါတယ္ အရွင္. ေျခလြန္လက္လြန္ျဖစ္သြားမွာစိုးလို႔ပါ"

"ထိုက္သင့္တဲ့သူကို ထိုက္သင့္တဲ့ အျပစ္ဒဏ္ကို ေပးတာပဲ။ ကိုယ္ေတာ္ ဒီလူကို ေလ်ာ့ေပါ့ၿပီး လႊတ္ေပးလိုက္ရင္ ဒီလူလို alphaဆိုတိုင္း ခြန္အားသုံး အနိုင္က်င့္ခ်င္တဲ့လူေတြ ထပ္ေပၚမလာဘူးလို႔ အာမခံနိုင္သလား"

ခပ္တိုးတိုး ေမးလာသည့္ အႀကံေပးႀကီး၏ စကားကို ျပန္၍ ေျဖၾကားလာသည့္ Eldoraအရွင္၏ ေလသံသည္ ဩဇာအျပည့္ျဖစ္သည္ေၾကာင့္ ၾကည့္ရႉေနေသာ အမႈထမ္းႏွင့္ ျပည္သူအခ်ိဳ႕ပင္ ၾကက္သီးေမြးညွင္းထရသည္။

"သတိလစ္သြားရင္ လိုအပ္တဲ့ ကုသမႈ လုပ္ၿပီး အခ်ဳပ္ထဲ ထိန္းသိမ္းထားလိုက္။ သူ႕အျပစ္ေတြကို ျပန္သုံးသပ္ၿပီးေလာက္မယ့္ အခ်ိန္က်ရင္ လႊတ္ေပးမယ္"

ၿဖိဳးၿဖိဳးဖ်က္ဖ်က္လက္ေနသည့္ ခရမ္းေရာင္ေက်ာက္မ်က္တို႔ျဖင့္ စီျခယ္ထားေသာ သရဖူအား ျပန္၍ တည့္မတ္ကာ ထိုေနရာမွ ထြက္ခြာသြားသည့္ Eldora အရွင္။ ေနာက္ဆုံးမိန့္ခဲ့ေသာ စကားအခ်ိဳ႕ကို ၾကားနာရင္း အႀကံေပးႀကီးမွာ ၿပဳံးမိပါေသးသည္။

ေသြးေအးေသာ္လည္း ႏွလုံးသားကင္းမဲ့သည့္အထိေတာ့ မဟုတ္ေသာ အရွင္ပါေလ။ သို႔ေပမယ့္လည္း ဆုံးျဖတ္ခ်က္ႏွင့္ လုပ္ေဆာင္ခ်က္မွန္သမွ်သည္ေတာ့ ျပတ္သားလြန္း၍ တိုင္းသူျပည္သားႏွင့္အမႈထမ္းတိုင္း ေလးစားရသည္အထိ ဩဇာႀကီးမားသူျဖစ္ေလသည္။

ဩဇာႀကီးမား၍ ျပတ္သား႐ုံသာမက ငယ္ဂုဏ္ကေလးကလည္း ရွိျပန္သည္ေၾကာင့္ ျဖဴၾကည္ေသာ အသားအရည္ႏွင့္ ေခ်ာေမာသန့္ျပန့္သည့္ ႐ုပ္ရည္ကိုပါ ပိုင္ဆိုင္ထားျပန္သည္။ အဆမတန္ ထြားက်ိဳင္းသည့္ထဲ မပါဝင္ေသာ္လည္း ငယ္စဥ္ကတည္းက စနစ္တက် ေလ့က်င့္ခဲ့သည္ေၾကာင့္ က်စ္လစ္ကာ အင္အားရွိသည့္ ကိုယ္ခႏၶာပိုင္ရွင္လည္း ျဖစ္ေလသည္။

သို႔ေသာ္လည္း သည္ေလာက္ထိ ၿပီးျပည့္စုံေသာ Eldoraအရွင္တြင္ လူသိမခံနိုင္ေသာ လ်ိဳ႕ဝွက္ခ်က္ေလးက ရွိေနျပန္သည္။

•••••

"က်စ္! ဒီတခါ အာနိသင္ပ်က္တာ ျမန္လိုက္တာ"

အခန္းတြင္း တစြန္းတစထိုးထြက္လာေသာ ရနံ႕ေၾကာင့္ စိတ္ရႈပ္ေလဟန္ျဖင့္ စုတ္သတ္ေသာ Eldora အရွင္

"မားကပ္စ္! မားကပ္စ္ အျပင္မွာရွိသလား!"

အမိန့္ဆန္ဆန္ေခၚသံ၏ေနာက္ ေစ့ထားေသာ နီညိုေရာင္ တံခါးခ်ပ္ႀကီးေနာက္မွ ဖိနပ္သံအခ်ိဳ႕ကို ၾကားရကာ

"အေခၚေတာ္ရွိပါသလား အရွင္"

"သမားေတာ္မင္ကို ကိုယ္ေတာ့္ဆီ လႊတ္လိုက္ပါ"

"အဆင္မေျပတာ တခုခုမ်ားရွိလို႔လား အရွင္. က်န္းမာေတာ္မမူဘူးလား"

"မရွည္နဲ႕. သြားေခၚလိုက္"

"ဟုတ္ကဲ့ပါ အရွင္"

ခပ္တင္းတင္းေစ့ထားေသာ နီညိုေရာင္တံခါးခ်ပ္၏ေနာက္မွ ေျခသံအခ်ိဳ႕ေပ်ာက္သြားသည္ႏွင့္ အခန္းက်ယ္အတြင္းရွိ ေၾကးမုံျပင္ ေရွ႕တြင္ ရပ္ကာ ေၾကးမုံျပင္၌ ထင္ဟပ္ေနေသာ မိမိပုံရိပ္အား စိုက္ၾကည့္ေနမိသည္။

တခဏအတြင္းမွာပင္ ေၾကးမုံျပင္အတြင္းမွ Eldoraအရွင္၏ မ်က္ဝန္းတို႔သည္ သရဖူမွ ေက်ာက္မ်က္တို႔ႏွင့္ အလားသ႑ာန္တူေသာ ခရမ္းေရာင္အျဖစ္ ၾကည္လဲ့ကာ ေတာက္ပလာေလသည္။

အခန္းတြင္းတြင္လည္း ခ်ိဳအီေသာ လာဗင္ဒါရနံ႕တို႔က ေနရာယူ၍လာကာ ကိုယ္တြင္းမွ တေျမ့ေျမ့တက္လာေသာ အပူရွိန္ေၾကာင့္ ပါးျပင္မ်ားပါ နီေစြး၍ တက္လာေလေတာ့သည္။အသားအရည္ျဖဴဝင္းသူမို႔ ပို၍ပင္ သိသာေနေသးသည္ေလ။

"က်ေနာ္ ေရာက္ပါၿပီ အရွင္"

"ေနာက္က်တယ္"

သလြန္ေပၚတြင္ မ်က္လုံးပိတ္ကာ တေစာင္းေလး လွဲေလ်ာင္းေနရင္း ခပ္ျပတ္ျပတ္ တခြန္းတည္း ေျပာေလသည့္ အရွင္။ ႀကဳံေနက်ျဖစ္သည္မို႔ သမားေတာ္မင္က ၿပဳံး႐ုံသာၿပဳံးကာ

"စိုး႐ြံ႕မိပါတယ္ အရွင္. ေဆးအိတ္မွာ မစုံလင္တဲ့အတြက္ ျပန္ယူခဲ့ရလို႔ပါ"

သမားေတာ္မင္..

တစ္နည္းအားျဖင့္ မင္ယြန္းဂီ အမည္ရွိသူ Betaသည္ Eldoraအရွင္၏ လွ်ိူ႕ဝွက္ခ်က္အား သိရွိထားသည့္ ငါးေယာက္ပင္မျပည့္ေသာ လူမ်ားထဲမွ တစ္ဦးျဖစ္ေလသည္။

"စကားမရွည္ပါနဲ႕ေတာ့. ဒီအနံ႕ေတြေၾကာင့္ သိပ္ေခါင္းမူးေနၿပီ.. ခင္ဗ်ားကေတာ့ Betaဆိုေတာ့ ဘယ္ခံစားရမလဲ"

သမားေတာ္မင္က ေဆးပုလင္းငယ္အတြင္းမွ ေဆးမ်ားကို ေဆးထိုးအပ္ျဖင့္ စုပ္ယူလိုက္ရင္း ခပ္ယဲ့ယဲ့ၿပဳံးသည္။ အရွင္က တခါတေလ အခုလို အေျပာအဆိုလည္း မတတ္ပါေလ

"လွဲေနလိုက္ပါ အရွင္။ ေဆးထိုးၿပီးရင္ သက္သာသြားပါလိမ့္မယ္"

"အင္း..."

ေဆးထိုးအပ္ခြၽန္ျမျမက လည္ဂုတ္ျဖဴျဖဴေပၚတြင္ စိုက္ဝင္ၿပီး အခ်ိန္တစ္ခုခန့္အၾကာ Eldoraအရွင္၏ တြန့္ခ်ိဳးေနေသာ မ်က္ခုံးေလးမ်ား ေျပေလ်ာ့လာသည္။ ပါးျပင္မွ နီေစြးမႈသည္လည္း ေလ်ာ့က်သြားေသာ ခႏၶာကိုယ္အပူရွိန္ႏွင့္အတူ ေလ်ာ့ပါးသြားသည္။ ေၾကးမုံေဘးရွိ စင္ေပၚ၌ ေနရာခ်ထားေသာ သရဖူမွ ေက်ာက္မ်က္မ်ားႏွင့္ အလားသ႑ာန္တူေသာ ခရမ္းေရာင္ မ်က္ဝန္းမ်ားသည္လည္း မ်က္ဆံနက္မ်ားသို႔ ျပန္၍ အသြင္သ႑ာန္ကူးေျပာင္းသည္။ အခန္းတြင္းရွိ ခ်ိဳအီသည့္ လာဗင္ဒါရနံ႕မွာလည္း တျဖည္းျဖည္းေပ်ာက္ကြယ္ကာ အုံ႕မွိုင္းမွိုင္းေတာအုပ္ရနံ႕ကသာ ဖုံးလႊမ္းလာေတာ့ေလသည္။

"ေနလို႔ သက္သာသြားၿပီလား အရွင္"

"အင္း. ေက်းဇူးတင္တယ္ သမားေတာ္မင္"

"မလိုပါဘူး အရွင္. ဒါေပမယ့္ အရွင့္ကို သတိေပးခ်င္တာေလးေတာ့ရွိပါတယ္"

အရွင္က လွဲေလ်ာင္းေနရာမွ ခပ္ေျဖးေျဖး ထထိုင္ရင္း တဆက္တည္းမွာပင္ ျပတ္သားသည့္ေလသံျဖင့္ ဆိုသည္။

"ထပ္တူညီတဲ့ စကားကိုပဲ ေျပာဦးမယ္ဆိုရင္ ျပန္ပါေတာ့ သမားေတာ္မင္. ကိုယ္ေတာ့္ဆုံးျဖတ္ခ်က္က ဘယ္ေတာ့မွ ေျပာင္းမွာမဟုတ္ဘူး"

"အရွင္က အခုလည္း လူေတြ သိပ္ေလးစားရတဲ့ Eldoraအရွင္ပါပဲ. သ႐ုပ္မွန္ကို လူေတြ သိသြားခဲ့ရင္ေတာင္ အရွင့္ရဲ႕ အရည္အခ်င္းေတြေၾကာင့္ မေလးမစားလုပ္ဝံ့ၾကမွာ မဟုတ္ဘူးေလ အရွင္"

"မထင္ပါနဲ႕ သမားေတာ္မင္"

"လူေတြက ကိုယ္ေတာ့္ကို ဘာလို႔ ေလစားၾကလဲဆိုတာ သိလား? ဩဇာရွိတဲ့ ဘုရင္တစ္ေယာက္ျဖစ္ေနတယ္ဆိုတဲ့အျပင္ သူတို႔ရဲ႕ စိတ္ကူးပုံရိပ္ထဲက ၿပီးျပည့္စုံတဲ့ alphaတစ္ေယာက္ျဖစ္ေနလို႔ေလ.."

ထို႔ေနာက္ အရွင္က ေခတၱမွ် ႏႈတ္ဆိတ္သြားၿပီး သလြန္ေပၚမွပင္ လွမ္း၍ျမင္ရေသာ ေၾကးမုံျပင္အတြင္းမွ မိမိပုံရိပ္ကို ျပန္ၾကည့္ရင္း စကားဆက္ျပန္သည္။

"အကယ္၍ ဩဇာႀကီးတဲ့ Eldoraအရွင္က omegaတစ္ေယာက္လို႔သာ သိသြားခဲ့မယ္ဆိုရင္ အခုလို အုပ္ခ်ဳပ္ခံဦးမယ္လို႔ ထင္လား? ခုလို ေလးစားၾကဦးမယ္လို႔ေရာ ထင္သလား သမားေတာ္မင္"

"အရွင္က အေတြးလြန္ေနတာပဲ. ဘာလို႔မ်ား အရွင့္ ျဖစ္တည္မႈအမွန္ကို ခ်စ္ျမတ္နိုးမေပးနိုင္ရတာလဲ"

မဟုတ္တာ.. Eldoraအရွင္က သူ႕ရဲ႕ ျဖစ္တည္မႈကို သိပ္ျမတ္နိုးတာေပါ့.. သိပ္ကို စြဲမက္ဖြယ္ေကာင္းၿပီး ခ်ိဳအီတဲ့ ရနံ႕. ခရမ္းဆြဲေက်ာက္ေတြလို ေတာက္ပတဲ့ မ်က္ဝန္းတစ္စုံကို ပိုင္ဆိုင္ထားရတာ. မျမတ္နိုးပဲေနနိုင္ပါ့မလား

သို႔ေပမယ့္ ထိုျမတ္နိုးမႈထက္ လူေတြရဲ႕ အထင္အျမင္ေသးမႈကို သူပိုၿပီး မလိုလားတာမို႔ ဖုံးကြယ္နိုင္တဲ့ တေန႕တာထိ ႀကိဳးစားၿပီး ဖုံးကြယ္ထားဦးမွာပါပဲ။

Eldoraအရွင္ဟာ အဲ့သလိုလည္း ေခါင္းမာတတ္ေသးျပန္သည္ေလ။

"လူေတြက ကိုယ္ေတာ့္ကို အားနည္းတဲ့လူတစ္ေယာက္အျဖစ္ ျမင္ၾကမွာကို မလိုလားဘူး သမားေတာ္မင္"

"အရွင္က အားမနည္းပါဘူး. Betaျဖစ္တဲ့ က်ေနာ့္ထက္ေတာင္ သန္မာတဲ့ဟာ"

"ဒါက မင္းရဲ႕ အျမင္ပါ သမားေတာ္မင္.. လူ႕အဖြဲ႕အစည္းရဲ႕ စံသတ္မွတ္ခ်က္ေတြကိုေတာ့ ေျပာင္းလဲဖို႔က မလြယ္ကူဘူးေလ..."

ေခါင္းမာသည့္ အရွင္ေၾကာင့္ သမားေတာ္မင္လည္း သက္ျပင္းသာခ်မိေတာ့ေလသည္။ အရွင့္ကို ေဆးထိုးေပးရတိုင္း ထိုေဆးမ်ား၏ ေဘးထြက္ဆိုးက်ိဳးႏွင့္ ပတ္သက္၍ ဘယ္ေလာက္ထိ စိုးရိမ္ရေၾကာင္း အထပ္ထပ္သတိေပးမိေသာ္လည္း အရွင္က တခါကေလးမွ် အေလးထားခဲ့ျခင္းမရွိ

အခ်ိန္ကာလတစ္ခုၾကာျမင့္၍ ေဆး၏ ေဘးထြက္ဆိုးက်ိဳးတို႔က အစြမ္းျပလာခဲ့လွ်င္ ဘာေတြ ျဖစ္လိမ့္မည္ကို သူကိုယ္တိုင္ေတာင္ ေသခ်ာမသိသည္ေၾကာင့္ ပို၍ စိုးရိမ္ရသည္။ ယခုေတာင္ အာနိသင္ပ်ယ္တာ ျမန္သထက္ ျမန္လာသည္မဟုတ္လား...

သည္ေဆးမ်ား မတိုးေတာ့လွ်င္ ေခါင္းမာသည့္ အရွင္က က်ိန္းေသေပါက္ သည့္ထက္ျပင္းသည့္ ေဆးကိုရွာကာ အသုံးျပဳခိုင္းလိမ့္ဦးမည္။ ထိုအခါ ထိခိုက္မည္ကလည္း အရွင္သာျဖစ္သည္မို႔ အနာဂတ္ကိုေတြးကာ သမားေတာ္မင္မွာ ရင္ေလးရပါသည္။

"က်ေနာ္ နားလည္ပါၿပီ အရွင္။ ဒါေပမယ့္ အခ်ိန္အားလပ္တဲ့ တစ္ရက္ေတာ့ လာဗင္ဒါေလးကို လြတ္လပ္ခြင့္ ခဏေပးေပးပါ။ မဟုတ္ရင္ ေဘးထြက္ဆိုးက်ိဳးေတြ ပိုဆိုးလာနိုင္လို႔ပါ အရွင္"

"သိၿပီမို႔ ခင္ဗ်ား ျပန္နိုင္ၿပီ သမားေတာ္မင္"

"အရင္တခါကလည္း အဲ့လို ကတိေပးၿပီး ႏွစ္လလုံးလုံး နန္းတြင္းထဲမွာ အလုပ္ေတြလုပ္ေနခဲ့တာမလား"

"မင္ယြန္းဂီ!"

အံႀကိတ္၍ မာန္ပါပါ ေလသံျမင့္လိုက္သည့္ အရွင္ေၾကာင့္ ဆက္ေန၍ မျဖစ္ေတာ့ေၾကာင္း ယြန္းဂီ ေကာင္းေကာင္းသိပါသည္။ ထို႔ေၾကာင့္ ေခါင္းကိုသာ တဆတ္ဆတ္ျငႇိမ့္၍

"ဒါျဖင့္ရင္ က်ေနာ့္ကို ခြင့္ျပဳပါဦး။ ေကာင္းေသာေန႕ေလး ျဖစ္ပါေစ အရွင္ဂြၽန္"

ဂါရဝျပဳႏႈတ္ဆက္ကာ ထြက္ခြာသြားေသာ သမားေတာ္မင္ဘက္ကို သူလွည့္မၾကည့္မိ။ အနည္းငယ္ဟေနေသာ ခန္းစီးစၾကားက ျမင္ရသည့္ ၿမိဳ႕၏ ခပ္လွမ္းလွမ္းမွ ေတာအုပ္ေလးကိုသာ ပို၍ စူးစိုက္ၾကည့္မိေနေလေတာ့သည္။

လာဗင္ဒါေလးကို ခဏေလာက္ေတာ့ လြတ္ေျမာက္ခြင့္ ေပးသင့္သလား...

•••••

နာမည္ေက်ာ္ၾကားကာ ဂုဏ္သတင္းေမႊးေသာ Eldoraအရွင္။

တနည္းအားျဖင့္ Eldoraတိုင္းျပည္ တည္ေထာင္သူ ဂြၽန္ေဂ်းရပ္စ္၏ တစ္ဦးတည္းေသာ သားေတာ္ မင္းသားေလး ဂြၽန္ေဂ်ာင္ဂု။

မ်ိဳးရိုးျမင့္ alphaႏွစ္ဦးထံမွ ေမြးဖြားလာေသာ မင္းသားေလးသည္ ဖြားျမင္လာသည့္ေန႕ကတည္းက ေကာင္းခ်ီးမ်ားသာ ျဖစ္တည္သည္မို႔ ေတာ္ဝင္မိသားစုႏွင့္ အမႉအရာထမ္းမ်ား၏ ေမွ်ာ္လင့္ျခင္းႏွင့္ ေလးစားမႈကို ရရွိပိုင္ဆိုင္ထားသူျဖစ္ေလသည္။

ထို႔အျပင္ ငယ္စဥ္ကတည္းက ထက္ျမက္ကာ ဥာဏ္ႏွင့္ယွဥ္ရသည့္အရာျဖစ္ေစ ကာယႏွင့္ခြန္အားကို အသုံးျပဳရသည့္အရာပင္ျဖစ္ေစ အလြယ္တကူ တတ္ေျမာက္သည္ေၾကာင့္ က်ိန္းေသေပါက္ အင္အားႀကီးမားသည့္ Alphaတစ္ဦးျဖစ္လာလိမ့္မည္ဟုသာ ေကာက္ခ်က္ခ်ထားခဲ့ၾကေလသည္။

သို႔ေသာ္လည္း မင္းသားေလး၏ ၁၈ႏွစ္ျပည့္ ေမြးေန႕မွ စ၍ တဆတဆျပလာသည့္ လကၡဏာတို႔က ထိုေကာက္ခ်က္အား လြဲမွားေစမည့္ အရိပ္အေယာင္ျပေနေလသည္။

တစ္ဦးတည္းေသာ သားေလးျဖစ္သည့္အျပင္ အနာဂတ္တြင္ တိုင္းျပည္ကို ဦးေဆာင္ရမည့္သူျဖစ္သည္ေၾကာင့္ Omegaသာ ျဖစ္ေနခဲ့မည္ဆိုလွ်င္ အရွင္ဂြၽန္ေဂ်းရပ္စ္မွာ အေသပင္ေျဖာင့္နိုင္လိမ့္မည္မဟုတ္

ဒါေၾကာင့္ပဲ တရားဝင္ စစ္ေဆးခ်က္မထုတ္ျပန္ခင္ ရင္းႏွီးသည့္ သမားေတာ္မိသားစုႏွင့္ တိတ္တဆိတ္စစ္ေဆးၾကည့္သည့္အခါ စိုးရိမ္သည့္အတိုင္း အမွန္ပင္ မ်ိဳးရိုးျမင့္ omega တစ္ဦးျဖစ္ေနေလသည္တဲ့ေလ..

ျဖဴႏု၍ ေခ်ာေမာသည့္ မ်က္ႏွာသြင္ျပင္မွလြဲ၍ မင္းသားေလး၏ အရည္အခ်င္းႏွင့္ စြမ္းေဆာင္ရည္ကိုၾကည့္လွ်င္ Omegaဟူ၍ ထင္ရက္စရာပင္မရွိ။ သို႔မဟုတ္ မ်ိဳးရိုးျမင့္Alphaႏွင့္ Betaမ်ားၾကားတြင္သာ ႀကီးျပင္းခဲ့သူမ်ားမို႔ Omega၏ စြမ္းေဆာင္ရည္အား အထင္ေသးခဲ့ျခင္းေပလား မေျပာတတ္ေပ။

ထို႔အျပင္ Eldora၏ တစ္ဦးတည္းေသာ ဆက္ခံသူက Betaပင္ မဟုတ္သည့္ Omegaတစ္ဦးမွန္းသာ သိၾကလွ်င္ လူထုက ဘယ္လိုမ်ား အုပ္ခ်ဳပ္ခံမည္တဲ့လဲေလ။

သို႔ေသာ္ တစ္ဦးတည္းေသာ ဆက္ခံသူေလးျဖစ္သည္ေၾကာင့္ စြန့္လည္း မစြန့္ပစ္နိုင္ အျပစ္တင္လည္း မခံနိုင္ပါေလ။ ပို၍ဆိုးသည္က အသက္ရမွ ေမြးဖြားခဲ့သည့္ သားေတာ္ေလးမို႔ ေစာေစာခြဲခြာရနိုင္သည့္ အေျခအေနတြင္ အရွင္ဂြၽန္ေဂ်းဆပ္စ္သည္ မိဖုရားႏွင့္အတူ မႀကံသင့္သည့္ အႀကံအစည္ကို ႀကံခဲ့ၾကေလသည္။

ထိုအရာကေတာ့ မင္းသားေလး အ႐ြယ္ေရာက္ကတည္းက ေဟာ္မုန္းေဆးကဲ့သို႔ေသာ ေဆးတမ်ိဳးအား အခ်ိန္တခုသတ္မွတ္ကာ ထိုးသြင္းေစျခင္းျဖစ္ေလသည္။

ထိုေဆးက မင္းသားေလး၏ ခ်ိဳအီေသာ လာဗင္ဒါရနံ႕အား အလ်င္းေပ်ာက္ကြယ္ကာ ေဆးေဖာ္သူက ဖန္တီးထားသည့္ အုံ႕မွိုင္းမွိုင္းေတာအုပ္ရနံ႕ကို အစားထိုးေနရာယူေစသည္။ ခရမ္းဆြဲေက်ာက္ကဲ့သို႔ ၾကည္လဲ့လွပေသာ မ်က္ဝန္းတို႔ကိုလည္း ပုန္းကြယ္ေနေစသလို omegaတစ္ဦး၏ အႀကီးမားဆုံးေသာ အခက္အခဲျဖစ္သည့္ heatကိုပါ တားဆီးေပးသည္ေလ။

ဒါ့ေၾကာင့္ပဲ ေဘးထြက္ဆိုးက်ိဳးရွိနိုင္မွန္း သိသိႀကီးႏွင့္ ထိုလမ္းကို ေလွ်ာက္ခဲ့ၾကေသာ မင္းႀကီးႏွင့္ မိဖုရား။ ထိုေဘးထြက္ဆိုးက်ိဳးေၾကာင့္ ႀကဳံရနိုင္သည့္ Eldoraမင္းသားေလး၏ အနာဂတ္ အခက္အခဲမ်ားကိုေတာ့ ေမ့ေလ်ာ့ေနခဲ့သည္လား တမင္ မသိဟန္ေဆာင္ထားျခင္းလား မေျပာတတ္ေပ။

မင္းသားေလး ၂၂ႏွစ္, မင္းသားေလးဂြၽန္မွ အရွင္ဂြၽန္အျဖစ္သို႔ ေရာက္ရွိလာသည့္အခ်ိန္တြင္လည္း ထိုေဆးမ်ားကိုသာ ဆက္၍ အသုံးျပဳေနခဲ့သည္မို႔ ဟာကြက္အလ်င္းမရွိပဲ ဩဇာႀကီးမားေသာ Alphaတစ္ဦးအျဖစ္ ယေန႕တိုင္ အုပ္ခ်ဳပ္နိုင္ျခင္းပင္ ျဖစ္သည္။

ထို႔အျပင္ ပို၍ ပိရိေလရေအာင္ နန္းတြင္းအမႈထမ္းႏွင့္ အရွင့္အနီးကပ္ခစားရသူမ်ား အားလုံးကို Betaမ်ားကိုသာ ခန့္အပ္ထားသည္မို႔ ျပႆနာႀကီးႀကီးမားမားလည္း ပူပန္စရာမလိုေပ။ Betaမ်ားက ကိုယ္ပိုင္ရနံ႕လည္းမရွိ အနံ႕လည္း မခံနိုင္သည္မို႔ တရန္ကေတာ့ ေအးရသည္ေလ။

သို႔ေသာ္ သဘာဝကို လြန္ဆန္တားဆီးျခင္း၏ေနာက္ လာဗင္ဒါေလးက တိုးထြက္ရန္ ႀကိဳးစားေတာ့မည္ဆိုလွ်င္ အရွင္ဂြၽန္ ဘယ္နည္းဘယ္ပုံႀကံဦးမည္လဲေလ...

#Tbc

(P.S: ၿမိဳ႕ျပနိုင္ငံဆိုတာ ဟိုးအရင္တုန္းက Athensတို႔ Spartaတို႔လို တၿမိဳ႕တည္းမွာ မင္းမူၿပီး တိုင္းျပည္တည္ထားတဲ့ ေနရာမ်ိဳးကို ေခၚတာပါ။ ၿမိဳ႕ေတာ္ တစ္ခုသာရွိၿပီး အဲ့ဒီၿမိဳ႕ေတာ္မွာပဲ အုပ္ခ်ဳပ္ေရး ယတၱရားေတြ လည္ပတ္ရင္း နိုင္ငံအေနနဲ႕ သတ္မွတ္ပါတယ္။ နယ္ေျမခ်ဲ့ထြင္တဲ့ အလယ္ေခတ္မွာ အမ်ားဆုံးေတြ႕ရတဲ့ နိုင္ငံအမ်ိဳးအစားေတြပါ။ ခုေခတ္မွာဆိုရင္ေတာ့ Vetican Cityနဲ႕ Singaporeလို နိုင္ငံမ်ိဳးေတြကို ေခၚပါတယ္။

ဒီဇာတ္လမ္းထဲမွာလည္း အမ်ားႀကီးရႈပ္မွာဆိုလို႔ တိုင္းျပည္အကုန္လုံးနီးပါးကို ၿမိဳ႕ျပနိုင္ငံပုံစံပဲ ေရးထားပါတယ္။ ေနာက္ၿပီး နိုင္ငံနာမည္ေတြကလည္း  ေလွ်ာက္စဥ္းစားထားတဲ့ စိတ္ကူးယဥ္နာမည္ေတြသာ ျဖစ္ပါေၾကာင္း 🤫🤫 )

ေနာက္ၿပီး အပိုင္း ၁ေလးက ဘယ္လိုမ်ားေနပါသလဲ တုန့္ျပန္မႈေလးေတြလည္း သိပါရေစရွင္ ဟီး~ >< 💜
အျခားficေလးေတြဘက္လည္း လွည့္ရဦးမွာမို႔ ဒါေလးကိုေတာ့  အပတ္စဥ္ အဂၤါေန႕တိုင္း upေပးသြားနိုင္ေအာင္ႀကိဳးစားပါ့မယ္ေနာ္ အားလုံး အစစအရာရာဂ႐ုစိုက္ၾကပါ 라기 ရဲ႕ ဒါဒါnimတို႔ေရ~💜

See you in next episode~

- 해바라기

Continue Reading

You'll Also Like

108K 214 84
Erotic shots
255K 10.1K 32
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚
44.6K 701 16
DELULU & GUILT PLEASURE
54.1K 1.4K 191
Disclaimer : This is not my story. No plagiarism intended. The credit goes to original author. β—†β—‡β—†β—‡β—†β—‡β—†β—‡ The entire Yunzhou knew that the Ye Family h...