(UNICODE)
အခန်း ၅၅ - စုံစမ်းစစ်ဆေးရေး
မာရှယ် မန်တန် အန္တရာယ်မှ လွတ်ကင်းသွားပြီဖြစ်သောကြောင့် Planet Belle ရှိလူများသည် နောက်ဆုံးတွင် စိတ်ချမ်းသာစွာ အနားယူနိုင်ဖြစ်သော်လည်း ကု စံအိမ်၏ ဧည့်ခန်းရှိ လေထုသည် အလွန် တင်းမာနေခဲ့သည်။
အမေကုသည် အနက်ရောင်နှင့်အဖြူရောင်စပ် plaid စကပ်ကို ဝတ်ဆင်ထားပြီး ဆံနွယ်များကိုလိုက်ခွေထားသည်မှာ စွမ်းဆောင်ရည်ရှိပုံပေါ်ပြီး လှပတင့်တယ်နေသည်။ သူမမျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ရှိနေသော်လည်း အပြုံးက မျက်လုံးများဆီသို့ မရောက်ခဲ့ပေ။ သူမနဲ့ မျက်နှာချင်းဆိုင် ထိုင်နေသည့် ရုပ်ရည်သန့်ပြန့်ပုံပေါ်သည့် အမျိုးသားကို ကြည့်ရင်း သူမ အလျင်မလိုစွာ ပြောလိုက်သည်။
"ကုအန်း၊ မင်း စိတ်လှုပ်ရှားစရာ မလိုပါဘူး။ ဒီအဒေါ်က နေမကောင်းဖြစ်နေတာ နှစ်အတော်ကြာနေပြီ၊ တချို့အရာတွေကို ရှင်းရှင်းလင်းလင်း မမှတ်မိတော့ဘူး။ အဲ့ဒါကြောင့်ပဲ မင်းဦးလေးရဲ့ မတော်တဆ မဖြစ်ခင်က ဘာတွေဖြစ်ခဲ့လဲဆိုတာ အဒေါ်မှတ်မိလာဖို့ မင်းကူပြီး စဥ်းစားပေးရအောင်လို့ မင်းကို ဒီလာခိုင်းလိုက်တာ။"
ကုအန်းနဲ့ ကုလီဟန်တို့၏အဘိုးနှစ်ဦးစလုံးသည် ညီအစ်ကိုများ ဖြစ်ကြသည်။ ကုအန်းက ကုလီဟန်ထက် 2 နှစ်သာငယ်သော်လည်း သူ၏ နူးညံ့သောအသွင်အပြင်ကြောင့် ကုအန်းက ငယ်ရွယ်နုပျိုနေပုံရသည်။ ကုအန်း သူ့လက်များကို ဒူးပေါ်တင်ကာ တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။ သူ့လက်ချောင်းတွေက ဖြူဖွေးနေခဲ့ပြီး သူက ပြုံးလျက် တောင်းပန်ရင်း
"ဒေါ်လေး ကျွန်တော် သေသေချာချာ စဥ်းစားပေမယ့် တကယ်မမှတ်မိဘူး။ ဦးလေး မတော်တဆမှုဖြစ်တုန်းက ကျွန်တော် အသက် ၆ နှစ်ပဲ ရှိသေးတယ်"
သူ ခေတ္တရပ်ပြီး
"အဲ့ဒီသတင်းကြားတော့ အဖေ အရမ်းဝမ်းနည်းခဲ့ရတာကိုပဲ မှတ်မိတော့တယ်”
အမေကုသည် သူ့မျက်နှာကို လှမ်းကြည့်ကာ ဝမ်းနည်းစွာ သက်ပြင်းချပြီး
"ငါ့အမှားပါ။ ငါ အဲ့ဒါကို မတွေးလိုက်မိဘူး။ တကယ်က ဒီကိစ္စ မင်းအဖေကို မေးသင့်တာပါ။ ဒါပေမယ့် သူက မကြာသေးခင်ကပဲ Planet Klai ကို အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာလို့ ငါကြားခဲ့တယ်။ အဲ့တော့ ဒီကိစ္စက မင်းဆီ ရောက်သွားတယ်။"
ကုအန်း၏မျက်လုံးများသည် အနည်းငယ်ပြောင်းသွားကာ
"အစ်ကိုကြီးမှာကော မှတ်မိတာတစ်ခုခု ရှိနေနိုင်မလား?"
"အားဟန်လား? ငါ သူ့ကို အရင်က မေးဖူးပေမယ့် မင်းဦးလေးအကြောင်း ပိုသိချင်သေးတယ်။"
အမေကု၏ မျက်လုံးများတွင် မျက်ရည်များ စီးကျလာသည်။
ကုအန်းက နွေးထွေးစွာ နှစ်သိမ့်သည်။
"ဒေါ်လေး အရမ်းဝမ်းမနည်းပါနဲ့ ဦးလေး က ကောင်းကင်ကနေ ငုံ့ကြည့်နေတယ်၊ သူက ဒေါ်လေး ဝမ်းနည်းနေတာ သေချာပေါက် မြင်ချင်မှာ မဟုတ်ဘူး"
သူ့မျက်လုံးထောင့်တွေကို သုတ်ရင်း အမေကုက
"ဒီကလေး၊ မင်းက အားဟန် ထက် ပိုဂရုစိုက်တတ်တယ်။ ဒီည ဒီမှာ ညစာစားဖို့ နေပါ့လား?"
"မဖြစ်ဘူး"
ကုအန်းက ငြင်းဆန်လိုက်ပြီး မတ်တပ်ရပ်ကာ
"အလုပ်က မပြီးသေးဘူး ဒေါ်လေး၊ ကျွန်တော် သွားတော့မယ်"
အမေကုက ထရပ်ပြီး သူ့ကိုတွေ့တော့
"မင်း အလုပ်ကို နှောင့်နှေးစေလို့ တောင်းပန်ပါတယ်"
"ရပါတယ် ဒေါ်လေး။"
ကုအန်း ထွက်သွားပြီးနောက် အမေ ကု သည် ဆိုဖာပေါ်ပြန်ထိုင်လိုက်ပြီး သူမ၏မျက်နှာသည် အပြုံးကင်းမဲ့နေသည်။ (နှင်းကျားသစ်)Snow Leopard အဖွဲ့၏ အနက်ရောင် ယူနီဖောင်းဝတ်ထားသော အဖွဲ့ဝင် ၂ ဦးသည် ညာဘက်ရှိ အခန်းမှ ထွက်လာသည်။
အမေကုက မေးလိုက်သည်။
"ဘယ်လိုလဲ?"
"သူ့ကားမှာ စောင့်ကြည့် နားထောင်တာကို တားဆီးတဲ့ စနစ်တစ်ခု တပ်ဆင်ထားပါတယ်။ သူ့ကို ခြေရာခံဖို့ နည်းလမ်း မရှိဘူး၊ ဒါပေမယ့် အခု ကျွန်တော်တို့လူတွေ သူ့နောက်ကို လိုက်နေပါတယ်။"
အမေကု က ခေါင်းညိတ်ပြပြီး
"အဲဒီအချိန်တုန်းက ဒေတာတွေ အားလုံးကို စုဆောင်းခဲ့လား?။"
“ဟုတ်ကဲ့”
လူတစ်ဦးက အမေကုကို အချက်အလက်တွေပေးလိုက်ပြီး
“အခင်းဖြစ်ပွားရာနေရာက တွေ့ရှိတဲ့ သဲလွန်စတွေအရ၊ အာကာသသားရဲ ရုတ်တရက် ပေါ်လာတာကြောင့် မတော်တဆ ဖြစ်ခဲ့တာပါ”
အမေကုက အချက်အလက်တွေကို ကြည့်ပြီး မေးလိုက်သည်။
"မင်းရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ အာကာသယာဉ်နှစ်စင်း တိုက်မိခဲ့ရင် တစ်ယောက်ယောက်က အသက်ရှင်နိုင်ပါ့မလား"
"မရှင်နိုင်ပါဘူး။ ကြိုတင်ပြင်ဆင်မှုတွေသာ မလုပ်ထားရင်ပေါ့။ အချက်အလက်တွေအရ ဘယ်သူမှ အသက်မရှင်ခဲ့ဘူး။ တဖက် အာကာသယာဉ်ပေါ်က ကပ္ပတိန်နဲ့ အဖွဲ့သားတွေ အကုန် သေခဲ့တယ်။"
အမေကုက တွေးဆလျက်
"အာကာသသားရဲ ရုတ်တရက် ပေါ်လာတာ ထူးဆန်းတယ်။ လမ်းကြောင်းက အမြဲတမ်း လုံခြုံဘေးကင်းနေခဲ့တာ၊ ပြီးတော့... အားဟန် ရဲ့ ဦးလေးက အဲဒီအချိန်က အားဟန်ရဲ့ အဖေရဲ့ ခရီးစဉ်အတွက် အရမ်း အာရုံစိုက်နေခဲ့တာ။"
ရက်စက်တဲ့လေသံနဲ့ သူမက
"သူတကယ်လုပ်ခဲ့မယ်ဆိုရင် ငါသူ့ကို ဘယ်တော့မှ အလွတ်မပေးဘူး။ အင်း သေချာပေါက်ပေါ့ သူသာ သန့်ရှင်းနေရင်တော့ ငါသူ့ကို နှောက်ယှက်မှာမဟုတ်ဘူး။ ကုအန်းကို စောင့်ကြည့်ပါ။ ငါသူ့ကို ဒီနေ့ ဖုန်းဆက်ခေါ်လိုက်တာဆိုတော့ မတော်တဆမှုက သူတို့နဲ့ တကယ်ပဲ ဆက်စပ်နေတယ်ဆိုရင် သေးငယ်တဲ့ လှုပ်ရှားမှုတွေ ဖြစ်နိုင်တယ်။”
"ဟုတ်ကဲ့ပါ မဒမ်။"
…
ကုအန်း သည် နက်မှောင်နေသော မျက်လုံးများဖြင့် ကားပေါ်သို့ တက်လာခဲ့သည်။ သူသည် သူ့လက်ကောက်ကို နှိပ်လိုက်ပြီး ကားရဲ့ စနစ် လုပ်ဆောင်ချက်မှတ်တမ်းကို စစ်ဆေးသည်။ တစ်ချိန်တည်းမှာပင် သူက ကားသမားကို မေးသည်။
“ခုနက တစ်ယောက်ယောက် မင်းနဲ့ စကားလာပြောသေးလား?
"ဘယ်လိုသိလဲ သခင်လေး?"
ကားမောင်းသူ အနည်းငယ် အံ့သြသွားသော်လည်း မကြာမီ တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူက အသံကို တိုး၍ မေးသည်။
"အဲ့အမျိုးသမီးက သခင်လေးကို တစ်ခုခု လုပ်ချင်နေတာလား?"
ကုအန်းသည် စနစ်မှတ်တမ်းကို ကြည့်ပြီး အလွန်ကျေနပ်သွားသည်။ သူ့ပါးစပ်ထောင့်များက လှောင်ပြောင်သရော်သည့်နှယ် ကော့တက်နေကာ သူ့ရဲ့ပုံမှန် လိမ္မာရေးခြားရှိသော အသွင်အပြင်နှင့်အတော်လေးကို ကွဲပြားသည်။ သူက ပြောလိုက်သည်။
"နားလည်မှုလွဲတာလေးတွေ ရှိနေလို့နေမှာ"
သူအိမ်ပြန်ရောက်တော့ စာကြည့်ခန်းကို တန်း သွားပြီး သူ့အဖေ ကုမင်ရဲ့ နံပါတ်ကို ခေါ်လိုက်သည်။
"အဖေ"
ထို့နောက် သူ့အဖေကို အမေကု အကြောင်း ပြောပြလိုက်သည်။
ကုမင် က ချက်ချင်းမေးသည်။
"သူတို့က မင်းဆီက တစ်ခုခုရသွားသေးလား"
"မရဘူး၊ ကျွန်တော့်ကားမှာ ကိရိယာ အစုံအလင်တပ်ထားတယ်၊ ကျွန်တော် အမြဲတမ်းလည်း သတိထားတယ်။"
ကုမင် က သူ့သားကို ချီးကျူးလိုက်ပြီး
"သာမာန်အတိုင်းသာနေ၊ ပုံမှန်အတိုင်း မင်းရဲ့လုပ်ငန်းကို ဆက်လုပ်။ ဖြစ်ပျက်ခဲ့တာကို သိဖို့က သူ(မ)အတွက် မဖြစ်နိုင်တော့ဘူး။ နှစ်တွေ ဒီလောက် ကြာခဲ့ပြီ။ သူ(မ)က မင်းကို လှည့်ဖျားနေတာ"
ကုအန်းက အနည်းငယ်စိုးရိမ်သွားပြီး
"အဖေ၊ အဲဒီလူ တကယ်သေသွားပြီလား"
"ဖြစ်နိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ သူ အသက်ရှင်နေသေးတယ်ဆိုရင် သူ့ဘဏ်အကောင့်ထဲမှာ သူ့ပိုက်ဆံတွေကို မထိစရာအကြောင်း မရှိဘူးလေ။"
ကုမင်က နောင်တရသည့်အသံဖြင့်
"ဆိုးတာကကွာ သူသေသွားတာ ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်လိုက်ရရင် ပိုစိတ်ရှင်းစေမှာ"
ကုအန်းက စိတ်သက်သာရာရသွားပြီး
"အဖေရဲ့ အလုပ်ကကော အဆင်ပြေရဲ့လား"
"အရမ်း အဆင်ချောတယ်။ စကားမစပ် ကုလီဟန်ရဲ့ သုံးလတာ နားရက်ယူတာ အတွက် အကြောင်းပြချက် ရှာပြီးပြီလား။"
ကုမင်က မေးသည်။
ကုအန်း : "သူ နားရက်မှာ စိတ်ပညာရှင်တစ်ယောက်နဲ့ တွေ့ခဲ့တာကို ကျွန်တော် စုံစမ်းနိုင်ပေမယ့် အခြေအနေက ဘယ်လိုလဲဆိုတာ သေချာမသိပါဘူး။"
ကုမင် ဒါကို ကြားတော့ အနည်းငယ် အံသြသွားခဲ့ပြီး
"စိတ်ပညာရှင်?"
သူက အေးစက်စွာ နှာမှုတ်လိုက်ရင်း
"သူလို လူထူးလူဆန်းတစ်ယောက်က စိတ်ပညာရှင် လိုနေသေးလိမ့်မယ်လို့ ငါ မထင်ထားမိဘူး"
အသက် 10 နှစ်အရွယ် ကုလီဟန်က သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်နိုင်ပုံကို သူဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ဒါက သူ့အတွက် အကြီးအကျယ် အရှက်ရစေခဲ့သည်။
ကုအန်း: "ဖြစ်နိုင်ခြေကို ကျွန်တော် နားလည်တဲ့ တစ်ယောက်နဲ့ တိုင်ပင်ပြီးပြီ။ သူ့လို အပေါ်ယံမှာ သန်မာတဲ့ သူတစ်ယောက်က သူ့နှလုံးသားထဲမှာ နုနယ်နေနိုင်တယ်။ သူ့အဖေက ငယ်ငယ်ကတည်းက ဆုံးပါးသွားပြီး သူ့အမေက pheromone rejection ရောဂါကြောင့် ဆေးရုံတက်နေတာ ကြာပြီ။ ဒီအတွေ့အကြုံတွေက သူ့နှလုံးသားမှာ ဒဏ်ရာတွေ ကျန်ခဲ့နိုင်စရာရှိတယ်။"
"ဒါက သတင်းကောင်းပဲ"
ကုမင် ခဏစဉ်းစားလိုက်သည်။
"အခြေအနေအတိအကျကို မေးကြည့်စမ်းပါ။ သူ့လို အခြေအနေရှိတဲ့သူတစ်ယောက် အရင်က အလွန်အကျွံ လှုံ့ဆော်မှုကနေ ရူးသွပ်သွားခဲ့တာမဟုတ်လား? သူ့အခြေအနေကို ပိုဆိုးဝါးစေပြီး လုံးလုံးပျက်စီးသွားစေနိုင်တဲ့ နည်းလမ်းကို ရှာစမ်း။"
ကုအန်း: "ကျွန်တော် အကြံကောင်းတစ်ခု ရှိတယ်။ အခု သူ့မှာ Omega ရှိနေတယ်"
[ဘုတ်ဘုတ်နော် မအော်လော် သားအဖ]
"တကယ်လား?"
ကုမင်က အံ့သြပြီး ရယ်မောရင်း
"ကောင်းပြီ၊ ဒင်းက သူ့ပျက်စီးရာ ပျက်စီးကြောင်းသူ ရှာနေတာပဲ၊ ဘယ်မိသားစုက အိုမီဂါလဲ"
"စုမိသားစုထဲက စွန့်ပစ်ခံရတဲ့ သားပဲ၊ အဖေ စိတ်ပူနေစရာ မလိုဘူး။"
ကုမင် : "ဒါဆို မင်းအဲဒါကို အဖြေရှာကြည့်လိုက်။"
"ဟုတ်ကဲ့ အဖေ။"
...
ညနေ ၅း၃၀ တွင် စုလင်း၊ ကုလီဟန်နှင့် သုတေသီအဖွဲ့သည် စိတ်ဝိညာဥ်ပင်အခန်းသို့ မသွားမီ ညစာအတူစားခဲ့ကြသည်။
ရှန်းမိုယွီ၏ အမြစ်များသည် အာဟာရ ပျော်ရည်ကို ပျော်ရွှင်စွာ သောက်သုံးနေချိန်တွင် လုံမော့ထန်သည် သူ့ကိုယ်သူ စိတ်ဝိညာဉ်ပင်တစ်ပင်ဆိုတာ ဝန်ခံမယ့်အစား ပွင့်ဖူးများနှင့် အမှန်တကယ် ကြီးထွားလာသကဲ့သို့ ရှန်းမိုယွီရဲ့ ပွင့်ချပ်များပေါ်တွင် မလှုပ်မယှက် ရှိနေခဲ့သည်။
[ဒီနားလေး နားလည်လွယ်အောင် စာသားတွေ ဖြည့်ရေးထားပါတယ်]
စုလင်းက ရှန်းမိုယွီနား ကပ်ပြီး
"နေရာပြောင်းဖို့ အချိန်ရောက်ပြီ။ အာဟာရပျော်ရည်ကို နောက် ၃ ရက်လောက်ကြာအောင် သောက်လို့မရနိုင်တော့ မင်းကိုယ်တိုင် အစာရှာရလိမ့်မယ်"
ထိုစကားကိုကြားသောအခါ ရှန်းမိုယွီ၏ပန်းပွင့်များသည် ညိုးကျသွားပြီး အမြစ်များသည် အာဟာရပျော်ရည်ပုံးကို စွန့်ပစ်ရန် ဆန္ဒမရှိကြောင်း ထုတ်ဖော်ပြောဆိုသည့်နှယ် အာဟာရပျော်ရည်ပုံးကို ရစ်ပတ်ထားသည်။
စုလင်း ပြုံးပြီး သူ့ရဲ့ ပွင့်ချပ်တွေကို ထိဖို့ လက်ဆန့်ထုတ်လိုက်ပြီး
"မင်း အရမ်း အံ့သြဖို့ ကောင်းတာ ငါ သိပါတယ်၊ အဲ့ဒါကြောင့် မင်း ဘယ်လောက် အံ့သြဖို့ ကောင်းလဲ ဆိုတာကို တခြားလူ တွေ မြင်အောင် လုပ်သင့်တယ်လေ။ သူတို့ သေချာပေါက် ထိတ်လန့် သွားလိမ့်မယ်"
ရှန်းမိုယွီ၏ အမြစ်များ ပြေလျော့သွားပြီး အမြစ်တစ်ခုသည် သူ့ရှေ့တွင် ထောင်လာကာ အပေါ်အောက် ရွေ့လျားသွားသည်။
စုလင်း မျက်လုံးများက အပြုံးလေးတစ်ခုပုံဖော်ဖို့ ကွေးညွှတ်သွားပြီး ချီးကျူးစကားများက တကယ်အသုံးဝင်ကြောင်း တွေးနေမိသည်။
"ဒါဆို မင်းကို ကိုယ်ပိုင် နေရာလွတ်ထဲမှာ ငါထားလိုက်တော့မယ်"
ရှန်းမိုယွီရဲ့ အမြစ်များက ခေါင်းညိတ်ပြန်သည်။
ဒါကိုကြားတော့ မလှုပ်မယှက်ရှိနေခဲ့သော လုံမော့ထန်က ရှန်းမိုယွီရဲ့ ပန်းပွင့်များကို ရစ်ပတ်ထားရာမှ ရုတ်တရက် ထွက်သွားပြီးနောက် စုလင်းရဲ့လက်ဆီ လျင်မြန်စွာ ရွေ့လျားသွားသည်။ ဖြစ်စဥ်တွင် သူက လျင်မြန်စွာ ကျုံ့သွားပြီး စုလင်းရဲ့ ဘယ်ဘက်လက်ကောက်ဝတ်တစ်ဝိုက်တွင် လိုက်လျောညီထွေ ၃ ပတ်ပတ်ထားလေသည်။
စုလင်း ငုံ့ကြည့်လိုက်တော့ လုံမော့ထန် ရဲ့ မူလစိမ်းမြတဲ့အရွက်တွေက မည်းလုနီးပါးဖြစ်သွားတာကို တွေ့လိုက်ရသည်။ တစ်ချက်ကြည့်လိုက်လျှင် သူတို့က တကယ်ပင် လက်ကောက်နှင့် တူလေသည်။ ထို'လက်ကောက်' သည် အလွန်ထူးခြားသည်။ အနက်ရောင် 'လက်ပတ်ကြိုး' ကို အနက်ရောင် အရွက်သုံးရွက်ဖြင့် အလှဆင်ထားသည်။ အရွက်များသည် သေးငယ်ပြီး ထိပ်ဖျားသည် အလွန်ချွန်ထက်သည်။ ထိုအရာက အနက်ရောင် အလင်းဖျဖျလက်နေပြီး မယုံနိုင်လောက်အောင် ထက်ရှနေသည်။
"ဝိုးး၊ ဘာလို့ ဒီလောက်သေးသွားရတာလဲ"
လောင်စန်းက အံ့သြတကြီး မေးလာသည်။
ရဲ့လဲ့က သူ့လေ့လာချက်ကို မှတ်တမ်းတင်ထားလိုက်သည်။
"ဒါ ဖုံးကွယ်နိုင်တဲ့ စွမ်းရည်မျိုး ဖြစ်မယ်"
သစ်ရွက်များတည်ရှိရာ စုလင်းရဲ့လက်ကောက်ဝတ်တွင် နွေးထွေးမှုတစ်ခုကို ခံစားရနိုင်သည်။ သူ့လက်ကို ဖွဖွ ပွတ်သပ်ပြီး လုံမော့ထန်ကို ထိလိုက်သောအခါ အံ့အားသင့်သွားသည်။ သူ ဂရုတစိုက် ကြည့်လိုက်တော့ လုံမော့ထန်ရဲ့ အမည်းရောင်ပင်စည်က သူ့လက်အသားထဲက ပေါက်နေသည့်ပုံ ပေါ်သည်။ စုလင်း သူ့ဦးရေပြား ချက်ချင်း ထုံကျင်သလို ခံစားလိုက်ရကာ သူ့လက်ကို ပွတ်လိုက်တော့ လုံမော့ထန်က သူ့လက်ပေါ်မှာ မြဲမြံစွာ နေရာယူထားသည်ကို စုလင်း တွေ့လိုက်ရပြီး စောစောက သူခံစားမိလိုက်သည့် သူ့အရေပြားပေါ်ရှိ နွေးထွေးမှုမှလွဲ၍ ဘာမှမခံစားရပေ။
"မင်း၊ မင်း..."
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး
"မင်း ဆင်းပေးလို့ရလား"
ရှန်းမိုယွီ၏ အမြစ်များသည် ချက်ချင်းထရပ်ကာ အမြစ်တစ်ခုက ကွေးပြီး စုလင်းရဲ့နဖူးကို အသာအယာ ပုတ်လိုက်သည်။
သူ့သားက နုံအလွန်းသည်။ ဒီလောက်ကောင်းတဲ့ သက်တော်စောင့်ကို သူ ဘယ်လို ငြင်းနိုင်တာလဲ။
ထို့နောက်တော့ သူ့သူငယ်ချင်းငယ်လေးနဲ့ ဆက်သွယ်ပြီး
"ငါ့သားက နောက်နေတာပဲ၊ ငါ သင်ခန်းစာတစ်ခု သင်ပေးပြီးပြီ!"
ထို့နောက် သူက မျက်ရည်စက်လက် အမူအယာဖြင့်
“ငါလည်း ကျုံ့သွားနိုင်ရင်… နေရာလွတ်မှာ နေဖို့ မလိုဘဲ ငါ့သားကို အချိန်မရွေး ကာကွယ်နိုင်မှာပါ”
လုံမော့ထန်: "မင်းရဲ့ မိုက်မဲတဲ့ ငိုသံကို ရပ်လိုက်။ သူက ဒီမှာ ငါနဲ့ အတူတူရှိနေတာ ဘာအန္တရာယ်မှ ရှိမှာ မဟုတ်ဘူး။"
"မင်းကိုပြန်တွေ့တာ အရမ်းကောင်းတယ်!"
အမြစ်များသည် စုလင်း၏လက်ကောက်ဝတ်တွင်ရစ်ပတ်ပြီး လုံမော့ထန်နှင့် ပွတ်လိုက်သည်။
လုံမော့ထန်ရဲ့ အရွက်များ ထောင်လာပြီး ထိပ်ဖျားများက အမြစ်များကို ထိုးလိုက်သည်။ အမြစ်များ လှုပ်ယမ်းကာ ရစ်ပတ်ထားသည်ကို လျင်မြန်စွာ ဖြေလျော့ပြီး ဘေးဘက်သို့သာ ရွေ့လျားသွားသည်။
စုလင်း : "... "
ရုတ်တရက် သူ့ရဲ့ကြောက်လန့်နေတဲ့ ခံစားချက်က တော်တော်လေး ပျောက်သွားသည်။
နူးညံ့သိမ်မွေ့ပြီး သက်သာရာရစေတဲ့ ခံစားချက်က စုလင်းကိုယ်ပေါ်မှာ ပျံ့နှံ့နေပြီး လုံမော့ထန်ရဲ့အရွက်တွေက မွှေးရနံ့သင်းသင်းနဲ့ တောက်ပနေခဲ့သည်။ နွယ်ပင်က သူ့အား ဖော်ရွေကြောင်း ပြသနေတာ စုလင်း လျင်မြန်စွာ နားလည်လိုက်သည်။ ထို့နောက် ချက်ခြင်းပင် လုံမော့ထန်က ရစ်ပတ်ထားတာ လျော့ပေးလာသည်။
နွယ်ပင်၏ အစွန်းနှစ်ဖက်ကို စက်ဝိုင်းပုံသဏ္ဍာန် ချိတ်ဆက်ထားသည်။ စုလင်း သူ့လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း ဘာခြေရာလက်ရာမှ မတွေ့လို့ စိတ်သက်သာရာ ရသွားသည်။
[ဒီနားနားလည်လားမသိဘူး။ လုံမော့ထန် လက်ကောက်ပုံပြောင်းလိုက်တာက စုလင်းလက်နဲ့အကိုက် အရေပြားထဲက ထွက်နေသလို တသားတည်းဖြစ်နေလို့ စုလင်း ကြောက်သွားတာ အဲ့ဒါကြောင့် လုံမော့ထန်က လျော့ပေးလိုက်တော့ စုလင်း အဲ့လက်ကောက်အောက်ကို အရာကျန်လား နီလား ကြည့်တဲ့သဘော ဘာမှ မတွေ့လို့ စိတ်သက်သာသွားတာ Jueလည်း အစကနားမလည်လို့ သေချာ ပြန်ဖတ်လိုက်ရတယ်]
နောက်အခိုက်အတန့်တွင် လုံမော့ထန်က လက်ကောက်တစ်ခုအဖြစ် အသွင်ပြောင်းပြန်သည်။ စုလင်း စိတ်ထဲမှာတော့ တုတ်နှစ်ချောင်းပါတဲ့ ရုပ်ပုံတစ်ပုံကို သူမြင်လိုက်ရသည်- ကလေးတစ်ယောက်ကို ပွေ့ဖက်နေတဲ့ လူကြီးတစ်ယောက်။ စုလင်း လက်ကောက်အရွယ်ဖြစ်လာသော လုံမော့ထန် ကိုကြည့်ကာ အခုလေးတင် လုပ်မိလိုက်သော သူ့ရဲ့အမူအရာက လုံမော့ထန်ကို စိတ်မကောင်းဖြစ်စေခဲ့တာကြောင့် သူက နှစ်သိမ့်မှု တောင်းဆိုနေခြင်း ဖြစ်သည်။ ခဏလောက်စဉ်းစားပြီးမှ လက်ဖဝါးကို လက်ကောက်ဝတ်ပေါ်တင်ကာ လုံမော့ထန်ကို ပွေ့ဖက်လိုက်သည်။
Plaid skirt
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesi🦋
(ZAWGYI)
အခန္း ၅၅ - စုံစမ္းစစ္ေဆးေရး
မာ႐ွယ္ မန္တန္ အႏၲရာယ္မွ လြတ္ကင္းသြားၿပီျဖစ္ေသာေၾကာင့္ Planet Belle ႐ွိလူမ်ားသည္ ေနာက္ဆုံးတြင္ စိတ္ခ်မ္းသာစြာ အနားယူႏိုင္ျဖစ္ေသာ္လည္း ကု စံအိမ္၏ ဧည့္ခန္း႐ွိ ေလထုသည္ အလြန္ တင္းမာေနခဲ့သည္။
အေမကုသည္ အနက္ေရာင္ႏွင့္အျဖဴေရာင္စပ္ plaid စကပ္ကို ဝတ္ဆင္ထားၿပီး ဆံႏြယ္မ်ားကိုလိုက္ေခြထားသည္မွာ စြမ္းေဆာင္ရည္႐ွိပုံေပၚၿပီး လွပတင့္တယ္ေနသည္။ သူမမ်က္ႏွာတြင္ ႏူးညံ့ေသာ အျပဳံးတစ္ခု ႐ွိေနေသာ္လည္း အျပဳံးက မ်က္လုံးမ်ားဆီသို႔ မေရာက္ခဲ့ေပ။ သူမနဲ႔ မ်က္ႏွာခ်င္းဆိုင္ ထိုင္ေနသည့္ ႐ုပ္ရည္သန္႔ျပန္႔ပုံေပၚသည့္ အမ်ိဳးသားကို ၾကည့္ရင္း သူမ အလ်င္မလိုစြာ ေျပာလိုက္သည္။
"ကုအန္း၊ မင္း စိတ္လႈပ္႐ွားစရာ မလိုပါဘူး။ ဒီအေဒၚက ေနမေကာင္းျဖစ္ေနတာ ႏွစ္အေတာ္ၾကာေနၿပီ၊ တခ်ိဳ႕အရာေတြကို ႐ွင္း႐ွင္းလင္းလင္း မမွတ္မိေတာ့ဘူး။ အဲ့ဒါေၾကာင့္ပဲ မင္းဦးေလးရဲ႕ မေတာ္တဆ မျဖစ္ခင္က ဘာေတြျဖစ္ခဲ့လဲဆိုတာ အေဒၚမွတ္မိလာဖို႔ မင္းကူၿပီး စဥ္းစားေပးရေအာင္လို႔ မင္းကို ဒီလာခိုင္းလိုက္တာ။"
ကုအန္းနဲ႔ ကုလီဟန္တို႔၏အဘိုးႏွစ္ဦးစလုံးသည္ ညီအစ္ကိုမ်ား ျဖစ္ၾကသည္။ ကုအန္းက ကုလီဟန္ထက္ 2 ႏွစ္သာငယ္ေသာ္လည္း သူ၏ ႏူးညံ့ေသာအသြင္အျပင္ေၾကာင့္ ကုအန္းက ငယ္႐ြယ္ႏုပ်ိဳေနပုံရသည္။ ကုအန္း သူ႕လက္မ်ားကို ဒူးေပၚတင္ကာ တင္းတင္းၾကပ္ၾကပ္ ဆုပ္လိုက္သည္။ သူ႕လက္ေခ်ာင္းေတြက ျဖဴေဖြးေနခဲ့ၿပီး သူက ျပဳံးလ်က္ ေတာင္းပန္ရင္း
"ေဒၚေလး ကြၽန္ေတာ္ ေသေသခ်ာခ်ာ စဥ္းစားေပမယ့္ တကယ္မမွတ္မိဘူး။ ဦးေလး မေတာ္တဆမႈျဖစ္တုန္းက ကြၽန္ေတာ္ အသက္ ၆ ႏွစ္ပဲ ႐ွိေသးတယ္"
သူ ေခတၱရပ္ၿပီး
"အဲ့ဒီသတင္းၾကားေတာ့ အေဖ အရမ္းဝမ္းနည္းခဲ့ရတာကိုပဲ မွတ္မိေတာ့တယ္”
အေမကုသည္ သူ႕မ်က္ႏွာကို လွမ္းၾကည့္ကာ ဝမ္းနည္းစြာ သက္ျပင္းခ်ၿပီး
"ငါ့အမွားပါ။ ငါ အဲ့ဒါကို မေတြးလိုက္မိဘူး။ တကယ္က ဒီကိစၥ မင္းအေဖကို ေမးသင့္တာပါ။ ဒါေပမယ့္ သူက မၾကာေသးခင္ကပဲ Planet Klai ကို အလုပ္ကိစၥနဲ႔ ခရီးထြက္ေနတာလို႔ ငါၾကားခဲ့တယ္။ အဲ့ေတာ့ ဒီကိစၥက မင္းဆီ ေရာက္သြားတယ္။"
ကုအန္း၏မ်က္လုံးမ်ားသည္ အနည္းငယ္ေျပာင္းသြားကာ
"အစ္ကိုႀကီးမွာေကာ မွတ္မိတာတစ္ခုခု ႐ွိေနႏိုင္မလား?"
"အားဟန္လား? ငါ သူ႕ကို အရင္က ေမးဖူးေပမယ့္ မင္းဦးေလးအေၾကာင္း ပိုသိခ်င္ေသးတယ္။"
အေမကု၏ မ်က္လုံးမ်ားတြင္ မ်က္ရည္မ်ား စီးက်လာသည္။
ကုအန္းက ေႏြးေထြးစြာ ႏွစ္သိမ့္သည္။
"ေဒၚေလး အရမ္းဝမ္းမနည္းပါနဲ႔ ဦးေလး က ေကာင္းကင္ကေန ငုံ႔ၾကည့္ေနတယ္၊ သူက ေဒၚေလး ဝမ္းနည္းေနတာ ေသခ်ာေပါက္ ျမင္ခ်င္မွာ မဟုတ္ဘူး"
သူ႕မ်က္လုံးေထာင့္ေတြကို သုတ္ရင္း အေမကုက
"ဒီကေလး၊ မင္းက အားဟန္ ထက္ ပိုဂ႐ုစိုက္တတ္တယ္။ ဒီည ဒီမွာ ညစာစားဖို႔ ေနပါ့လား?"
"မျဖစ္ဘူး"
ကုအန္းက ျငင္းဆန္လိုက္ၿပီး မတ္တပ္ရပ္ကာ
"အလုပ္က မၿပီးေသးဘူး ေဒၚေလး၊ ကြၽန္ေတာ္ သြားေတာ့မယ္"
အေမကုက ထရပ္ၿပီး သူ႕ကိုေတြ႕ေတာ့
"မင္း အလုပ္ကို ေႏွာင့္ေႏွးေစလို႔ ေတာင္းပန္ပါတယ္"
"ရပါတယ္ ေဒၚေလး။"
ကုအန္း ထြက္သြားၿပီးေနာက္ အေမ ကု သည္ ဆိုဖာေပၚျပန္ထိုင္လိုက္ၿပီး သူမ၏မ်က္ႏွာသည္ အျပဳံးကင္းမဲ့ေနသည္။ (ႏွင္းက်ားသစ္)Snow Leopard အဖြဲ႕၏ အနက္ေရာင္ ယူနီေဖာင္းဝတ္ထားေသာ အဖြဲ႕ဝင္ ၂ ဦးသည္ ညာဘက္႐ွိ အခန္းမွ ထြက္လာသည္။
အေမကုက ေမးလိုက္သည္။
"ဘယ္လိုလဲ?"
"သူ႕ကားမွာ ေစာင့္ၾကည့္ နားေထာင္တာကို တားဆီးတဲ့ စနစ္တစ္ခု တပ္ဆင္ထားပါတယ္။ သူ႕ကို ေျခရာခံဖို႔ နည္းလမ္း မ႐ွိဘူး၊ ဒါေပမယ့္ အခု ကြၽန္ေတာ္တို႔လူေတြ သူ႕ေနာက္ကို လိုက္ေနပါတယ္။"
အေမကု က ေခါင္းညိတ္ျပၿပီး
"အဲဒီအခ်ိန္တုန္းက ေဒတာေတြ အားလုံးကို စုေဆာင္းခဲ့လား?။"
“ဟုတ္ကဲ့”
လူတစ္ဦးက အေမကုကို အခ်က္အလက္ေတြေပးလိုက္ၿပီး
“အခင္းျဖစ္ပြားရာေနရာက ေတြ႕႐ွိတဲ့ သဲလြန္စေတြအရ၊ အာကာသသားရဲ ႐ုတ္တရက္ ေပၚလာတာေၾကာင့္ မေတာ္တဆ ျဖစ္ခဲ့တာပါ”
အေမကုက အခ်က္အလက္ေတြကို ၾကည့္ၿပီး ေမးလိုက္သည္။
"မင္းရဲ႕ ခြဲျခမ္းစိတ္ျဖာမႈအရ အာကာသယာဥ္ႏွစ္စင္း တိုက္မိခဲ့ရင္ တစ္ေယာက္ေယာက္က အသက္႐ွင္ႏိုင္ပါ့မလား"
"မ႐ွင္ႏိုင္ပါဘူး။ ႀကိဳတင္ျပင္ဆင္မႈေတြသာ မလုပ္ထားရင္ေပါ့။ အခ်က္အလက္ေတြအရ ဘယ္သူမွ အသက္မ႐ွင္ခဲ့ဘူး။ တဖက္ အာကာသယာဥ္ေပၚက ကပၸတိန္နဲ႔ အဖြဲ႕သားေတြ အကုန္ ေသခဲ့တယ္။"
အေမကုက ေတြးဆလ်က္
"အာကာသသားရဲ ႐ုတ္တရက္ ေပၚလာတာ ထူးဆန္းတယ္။ လမ္းေၾကာင္းက အၿမဲတမ္း လုံျခဳံေဘးကင္းေနခဲ့တာ၊ ၿပီးေတာ့... အားဟန္ ရဲ႕ ဦးေလးက အဲဒီအခ်ိန္က အားဟန္ရဲ႕ အေဖရဲ႕ ခရီးစဥ္အတြက္ အရမ္း အာ႐ုံစိုက္ေနခဲ့တာ။"
ရက္စက္တဲ့ေလသံနဲ႔ သူမက
"သူတကယ္လုပ္ခဲ့မယ္ဆိုရင္ ငါသူ႕ကို ဘယ္ေတာ့မွ အလြတ္မေပးဘူး။ အင္း ေသခ်ာေပါက္ေပါ့ သူသာ သန္႔႐ွင္းေနရင္ေတာ့ ငါသူ႕ကို ေႏွာက္ယွက္မွာမဟုတ္ဘူး။ ကုအန္းကို ေစာင့္ၾကည့္ပါ။ ငါသူ႕ကို ဒီေန႔ ဖုန္းဆက္ေခၚလိုက္တာဆိုေတာ့ မေတာ္တဆမႈက သူတို႔နဲ႔ တကယ္ပဲ ဆက္စပ္ေနတယ္ဆိုရင္ ေသးငယ္တဲ့ လႈပ္႐ွားမႈေတြ ျဖစ္ႏိုင္တယ္။”
"ဟုတ္ကဲ့ပါ မဒမ္။"
…
ကုအန္း သည္ နက္ေမွာင္ေနေသာ မ်က္လုံးမ်ားျဖင့္ ကားေပၚသို႔ တက္လာခဲ့သည္။ သူသည္ သူ႕လက္ေကာက္ကို ႏွိပ္လိုက္ၿပီး ကားရဲ႕ စနစ္ လုပ္ေဆာင္ခ်က္မွတ္တမ္းကို စစ္ေဆးသည္။ တစ္ခ်ိန္တည္းမွာပင္ သူက ကားသမားကို ေမးသည္။
“ခုနက တစ္ေယာက္ေယာက္ မင္းနဲ႔ စကားလာေျပာေသးလား?
"ဘယ္လိုသိလဲ သခင္ေလး?"
ကားေမာင္းသူ အနည္းငယ္ အံ့ၾသသြားေသာ္လည္း မၾကာမီ တစ္စုံတစ္ခုကို သတိျပဳမိသြားသည္။ သူက အသံကို တိုး၍ ေမးသည္။
"အဲ့အမ်ိဳးသမီးက သခင္ေလးကို တစ္ခုခု လုပ္ခ်င္ေနတာလား?"
ကုအန္းသည္ စနစ္မွတ္တမ္းကို ၾကည့္ၿပီး အလြန္ေက်နပ္သြားသည္။ သူ႕ပါးစပ္ေထာင့္မ်ားက ေလွာင္ေျပာင္သေရာ္သည့္ႏွယ္ ေကာ့တက္ေနကာ သူ႕ရဲ႕ပုံမွန္ လိမၼာေရးျခား႐ွိေသာ အသြင္အျပင္ႏွင့္အေတာ္ေလးကို ကြဲျပားသည္။ သူက ေျပာလိုက္သည္။
"နားလည္မႈလြဲတာေလးေတြ ႐ွိေနလို႔ေနမွာ"
သူအိမ္ျပန္ေရာက္ေတာ့ စာၾကည့္ခန္းကို တန္း သြားၿပီး သူ႕အေဖ ကုမင္ရဲ႕ နံပါတ္ကို ေခၚလိုက္သည္။
"အေဖ"
ထို႔ေနာက္ သူ႕အေဖကို အေမကု အေၾကာင္း ေျပာျပလိုက္သည္။
ကုမင္ က ခ်က္ခ်င္းေမးသည္။
"သူတို႔က မင္းဆီက တစ္ခုခုရသြားေသးလား"
"မရဘူး၊ ကြၽန္ေတာ္႕ကားမွာ ကိရိယာ အစုံအလင္တပ္ထားတယ္၊ ကြၽန္ေတာ္ အၿမဲတမ္းလည္း သတိထားတယ္။"
ကုမင္ က သူ႕သားကို ခ်ီးက်ဴးလိုက္ၿပီး
"သာမာန္အတိုင္းသာေန၊ ပုံမွန္အတိုင္း မင္းရဲ႕လုပ္ငန္းကို ဆက္လုပ္။ ျဖစ္ပ်က္ခဲ့တာကို သိဖို႔က သူ(မ)အတြက္ မျဖစ္ႏိုင္ေတာ့ဘူး။ ႏွစ္ေတြ ဒီေလာက္ ၾကာခဲ့ၿပီ။ သူ(မ)က မင္းကို လွည့္ဖ်ားေနတာ"
ကုအန္းက အနည္းငယ္စိုးရိမ္သြားၿပီး
"အေဖ၊ အဲဒီလူ တကယ္ေသသြားၿပီလား"
"ျဖစ္ႏိုင္ပါတယ္၊ ဘာလို႔လဲဆိုေတာ့ သူ အသက္႐ွင္ေနေသးတယ္ဆိုရင္ သူ႕ဘဏ္အေကာင့္ထဲမွာ သူ႕ပိုက္ဆံေတြကို မထိစရာအေၾကာင္း မ႐ွိဘူးေလ။"
ကုမင္က ေနာင္တရသည့္အသံျဖင့္
"ဆိုးတာကကြာ သူေသသြားတာ ငါ့မ်က္စိနဲ႔ ကိုယ္တိုင္ျမင္လိုက္ရရင္ ပိုစိတ္႐ွင္းေစမွာ"
ကုအန္းက စိတ္သက္သာရာရသြားၿပီး
"အေဖရဲ႕ အလုပ္ကေကာ အဆင္ေျပရဲ႕လား"
"အရမ္း အဆင္ေခ်ာတယ္။ စကားမစပ္ ကုလီဟန္ရဲ႕ သုံးလတာ နားရက္ယူတာ အတြက္ အေၾကာင္းျပခ်က္ ႐ွာၿပီးၿပီလား။"
ကုမင္က ေမးသည္။
ကုအန္း : "သူ နားရက္မွာ စိတ္ပညာ႐ွင္တစ္ေယာက္နဲ႔ ေတြ႕ခဲ့တာကို ကြၽန္ေတာ္ စုံစမ္းႏိုင္ေပမယ့္ အေျခအေနက ဘယ္လိုလဲဆိုတာ ေသခ်ာမသိပါဘူး။"
ကုမင္ ဒါကို ၾကားေတာ့ အနည္းငယ္ အံၾသသြားခဲ့ၿပီး
"စိတ္ပညာ႐ွင္?"
သူက ေအးစက္စြာ ႏွာမႈတ္လိုက္ရင္း
"သူလို လူထူးလူဆန္းတစ္ေယာက္က စိတ္ပညာ႐ွင္ လိုေနေသးလိမ့္မယ္လို႔ ငါ မထင္ထားမိဘူး"
အသက္ 10 ႏွစ္အ႐ြယ္ ကုလီဟန္က သူ႕ကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္ႏိုင္ပုံကို သူဘယ္ေတာ့မွ ေမ့မွာမဟုတ္ပါဘူး။ ဒါက သူ႕အတြက္ အႀကီးအက်ယ္ အ႐ွက္ရေစခဲ့သည္။
ကုအန္း: "ျဖစ္ႏိုင္ေျခကို ကြၽန္ေတာ္ နားလည္တဲ့ တစ္ေယာက္နဲ႔ တိုင္ပင္ၿပီးၿပီ။ သူ႕လို အေပၚယံမွာ သန္မာတဲ့ သူတစ္ေယာက္က သူ႕ႏွလုံးသားထဲမွာ ႏုနယ္ေနႏိုင္တယ္။ သူ႕အေဖက ငယ္ငယ္ကတည္းက ဆုံးပါးသြားၿပီး သူ႕အေမက pheromone rejection ေရာဂါေၾကာင့္ ေဆး႐ုံတက္ေနတာ ၾကာၿပီ။ ဒီအေတြ႕အၾကဳံေတြက သူ႕ႏွလုံးသားမွာ ဒဏ္ရာေတြ က်န္ခဲ့ႏိုင္စရာ႐ွိတယ္။"
"ဒါက သတင္းေကာင္းပဲ"
ကုမင္ ခဏစဥ္းစားလိုက္သည္။
"အေျခအေနအတိအက်ကို ေမးၾကည့္စမ္းပါ။ သူ႕လို အေျခအေန႐ွိတဲ့သူတစ္ေယာက္ အရင္က အလြန္အကြၽံ လႈံ႕ေဆာ္မႈကေန ႐ူးသြပ္သြားခဲ့တာမဟုတ္လား? သူ႕အေျခအေနကို ပိုဆိုးဝါးေစၿပီး လုံးလုံးပ်က္စီးသြားေစႏိုင္တဲ့ နည္းလမ္းကို ႐ွာစမ္း။"
ကုအန္း: "ကြၽန္ေတာ္ အၾကံေကာင္းတစ္ခု ႐ွိတယ္။ အခု သူ႕မွာ Omega ႐ွိေနတယ္"
[ဘုတ္ဘုတ္ေနာ္ မေအာ္ေလာ္ သားအဖ]
"တကယ္လား?"
ကုမင္က အံ့ၾသၿပီး ရယ္ေမာရင္း
"ေကာင္းၿပီ၊ ဒင္းက သူ႕ပ်က္စီးရာ ပ်က္စီးေၾကာင္းသူ ႐ွာေနတာပဲ၊ ဘယ္မိသားစုက အိုမီဂါလဲ"
"စုမိသားစုထဲက စြန္႔ပစ္ခံရတဲ့ သားပဲ၊ အေဖ စိတ္ပူေနစရာ မလိုဘူး။"
ကုမင္ : "ဒါဆို မင္းအဲဒါကို အေျဖ႐ွာၾကည့္လိုက္။"
"ဟုတ္ကဲ့ အေဖ။"
...
ညေန ၅း၃၀ တြင္ စုလင္း၊ ကုလီဟန္ႏွင့္ သုေတသီအဖြဲ႕သည္ စိတ္ဝိညာဥ္ပင္အခန္းသို႔ မသြားမီ ညစာအတူစားခဲ့ၾကသည္။
႐ွန္းမိုယြီ၏ အျမစ္မ်ားသည္ အာဟာရ ေပ်ာ္ရည္ကို ေပ်ာ္႐ႊင္စြာ ေသာက္သုံးေနခ်ိန္တြင္ လုံေမာ့ထန္သည္ သူ႕ကိုယ္သူ စိတ္ဝိညာဥ္ပင္တစ္ပင္ဆိုတာ ဝန္ခံမယ့္အစား ပြင့္ဖူးမ်ားႏွင့္ အမွန္တကယ္ ႀကီးထြားလာသကဲ့သို႔ ႐ွန္းမိုယြီရဲ႕ ပြင့္ခ်ပ္မ်ားေပၚတြင္ မလႈပ္မယွက္ ႐ွိေနခဲ့သည္။
[ဒီနားေလး နားလည္လြယ္ေအာင္ စာသားေတြ ျဖည့္ေရးထားပါတယ္]
စုလင္းက ႐ွန္းမိုယြီနား ကပ္ၿပီး
"ေနရာေျပာင္းဖို႔ အခ်ိန္ေရာက္ၿပီ။ အာဟာရေပ်ာ္ရည္ကို ေနာက္ ၃ ရက္ေလာက္ၾကာေအာင္ ေသာက္လို႔မရႏိုင္ေတာ့ မင္းကိုယ္တိုင္ အစာ႐ွာရလိမ့္မယ္"
ထိုစကားကိုၾကားေသာအခါ ႐ွန္းမိုယြီ၏ပန္းပြင့္မ်ားသည္ ညိဳးက်သြားၿပီး အျမစ္မ်ားသည္ အာဟာရေပ်ာ္ရည္ပုံးကို စြန္႔ပစ္ရန္ ဆႏၵမ႐ွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုသည့္ႏွယ္ အာဟာရေပ်ာ္ရည္ပုံးကို ရစ္ပတ္ထားသည္။
စုလင္း ျပဳံးၿပီး သူ႕ရဲ႕ ပြင့္ခ်ပ္ေတြကို ထိဖို႔ လက္ဆန္႔ထုတ္လိုက္ၿပီး
"မင္း အရမ္း အံ့ၾသဖို႔ ေကာင္းတာ ငါ သိပါတယ္၊ အဲ့ဒါေၾကာင့္ မင္း ဘယ္ေလာက္ အံ့ၾသဖို႔ ေကာင္းလဲ ဆိုတာကို တျခားလူ ေတြ ျမင္ေအာင္ လုပ္သင့္တယ္ေလ။ သူတို႔ ေသခ်ာေပါက္ ထိတ္လန္႔ သြားလိမ့္မယ္"
႐ွန္းမိုယြီ၏ အျမစ္မ်ား ေျပေလ်ာ့သြားၿပီး အျမစ္တစ္ခုသည္ သူ႕ေ႐ွ႕တြင္ ေထာင္လာကာ အေပၚေအာက္ ေ႐ြ႕လ်ားသြားသည္။
စုလင္း မ်က္လုံးမ်ားက အျပဳံးေလးတစ္ခုပုံေဖာ္ဖို႔ ေကြးၫႊတ္သြားၿပီး ခ်ီးက်ဴးစကားမ်ားက တကယ္အသုံးဝင္ေၾကာင္း ေတြးေနမိသည္။
"ဒါဆို မင္းကို ကိုယ္ပိုင္ ေနရာလြတ္ထဲမွာ ငါထားလိုက္ေတာ့မယ္"
႐ွန္းမိုယြီရဲ႕ အျမစ္မ်ားက ေခါင္းညိတ္ျပန္သည္။
ဒါကိုၾကားေတာ့ မလႈပ္မယွက္႐ွိေနခဲ့ေသာ လုံေမာ့ထန္က ႐ွန္းမိုယြီရဲ႕ ပန္းပြင့္မ်ားကို ရစ္ပတ္ထားရာမွ ႐ုတ္တရက္ ထြက္သြားၿပီးေနာက္ စုလင္းရဲ႕လက္ဆီ လ်င္ျမန္စြာ ေ႐ြ႕လ်ားသြားသည္။ ျဖစ္စဥ္တြင္ သူက လ်င္ျမန္စြာ က်ံဳ႕သြားၿပီး စုလင္းရဲ႕ ဘယ္ဘက္လက္ေကာက္ဝတ္တစ္ဝိုက္တြင္ လိုက္ေလ်ာညီေထြ ၃ ပတ္ပတ္ထားေလသည္။
စုလင္း ငုံ႔ၾကည့္လိုက္ေတာ့ လုံေမာ့ထန္ ရဲ႕ မူလစိမ္းျမတဲ့အ႐ြက္ေတြက မည္းလုနီးပါးျဖစ္သြားတာကို ေတြ႕လိုက္ရသည္။ တစ္ခ်က္ၾကည့္လိုက္လွ်င္ သူတို႔က တကယ္ပင္ လက္ေကာက္ႏွင့္ တူေလသည္။ ထို'လက္ေကာက္' သည္ အလြန္ထူးျခားသည္။ အနက္ေရာင္ 'လက္ပတ္ႀကိဳး' ကို အနက္ေရာင္ အ႐ြက္သုံး႐ြက္ျဖင့္ အလွဆင္ထားသည္။ အ႐ြက္မ်ားသည္ ေသးငယ္ၿပီး ထိပ္ဖ်ားသည္ အလြန္ခြၽန္ထက္သည္။ ထိုအရာက အနက္ေရာင္ အလင္းဖ်ဖ်လက္ေနၿပီး မယုံႏိုင္ေလာက္ေအာင္ ထက္႐ွေနသည္။
"ဝိုးး၊ ဘာလို႔ ဒီေလာက္ေသးသြားရတာလဲ"
ေလာင္စန္းက အံ့ၾသတႀကီး ေမးလာသည္။
ရဲ႕လဲ့က သူ႕ေလ့လာခ်က္ကို မွတ္တမ္းတင္ထားလိုက္သည္။
"ဒါ ဖုံးကြယ္ႏိုင္တဲ့ စြမ္းရည္မ်ိဳး ျဖစ္မယ္"
သစ္႐ြက္မ်ားတည္႐ွိရာ စုလင္းရဲ႕လက္ေကာက္ဝတ္တြင္ ေႏြးေထြးမႈတစ္ခုကို ခံစားရႏိုင္သည္။ သူ႕လက္ကို ဖြဖြ ပြတ္သပ္ၿပီး လုံေမာ့ထန္ကို ထိလိုက္ေသာအခါ အံ့အားသင့္သြားသည္။ သူ ဂ႐ုတစိုက္ ၾကည့္လိုက္ေတာ့ လုံေမာ့ထန္ရဲ႕ အမည္းေရာင္ပင္စည္က သူ႕လက္အသားထဲက ေပါက္ေနသည့္ပုံ ေပၚသည္။ စုလင္း သူ႕ဦးေရျပား ခ်က္ခ်င္း ထုံက်င္သလို ခံစားလိုက္ရကာ သူ႕လက္ကို ပြတ္လိုက္ေတာ့ လုံေမာ့ထန္က သူ႕လက္ေပၚမွာ ၿမဲျမံစြာ ေနရာယူထားသည္ကို စုလင္း ေတြ႕လိုက္ရၿပီး ေစာေစာက သူခံစားမိလိုက္သည့္ သူ႕အေရျပားေပၚ႐ွိ ေႏြးေထြးမႈမွလြဲ၍ ဘာမွမခံစားရေပ။
"မင္း၊ မင္း..."
သူ အသက္ျပင္းျပင္း႐ွဴလိုက္ၿပီး
"မင္း ဆင္းေပးလို႔ရလား"
႐ွန္းမိုယြီ၏ အျမစ္မ်ားသည္ ခ်က္ခ်င္းထရပ္ကာ အျမစ္တစ္ခုက ေကြးၿပီး စုလင္းရဲ႕နဖူးကို အသာအယာ ပုတ္လိုက္သည္။
သူ႕သားက ႏုံအလြန္းသည္။ ဒီေလာက္ေကာင္းတဲ့ သက္ေတာ္ေစာင့္ကို သူ ဘယ္လို ျငင္းႏိုင္တာလဲ။
ထို႔ေနာက္ေတာ့ သူ႕သူငယ္ခ်င္းငယ္ေလးနဲ႔ ဆက္သြယ္ၿပီး
"ငါ့သားက ေနာက္ေနတာပဲ၊ ငါ သင္ခန္းစာတစ္ခု သင္ေပးၿပီးၿပီ!"
ထို႔ေနာက္ သူက မ်က္ရည္စက္လက္ အမူအယာျဖင့္
“ငါလည္း က်ံဳ႕သြားႏိုင္ရင္… ေနရာလြတ္မွာ ေနဖို႔ မလိုဘဲ ငါ့သားကို အခ်ိန္မေ႐ြး ကာကြယ္ႏိုင္မွာပါ”
လုံေမာ့ထန္: "မင္းရဲ႕ မိုက္မဲတဲ့ ငိုသံကို ရပ္လိုက္။ သူက ဒီမွာ ငါနဲ႔ အတူတူ႐ွိေနတာ ဘာအႏၲရာယ္မွ ႐ွိမွာ မဟုတ္ဘူး။"
"မင္းကိုျပန္ေတြ႕တာ အရမ္းေကာင္းတယ္!"
အျမစ္မ်ားသည္ စုလင္း၏လက္ေကာက္ဝတ္တြင္ရစ္ပတ္ၿပီး လုံေမာ့ထန္ႏွင့္ ပြတ္လိုက္သည္။
လုံေမာ့ထန္ရဲ႕ အ႐ြက္မ်ား ေထာင္လာၿပီး ထိပ္ဖ်ားမ်ားက အျမစ္မ်ားကို ထိုးလိုက္သည္။ အျမစ္မ်ား လႈပ္ယမ္းကာ ရစ္ပတ္ထားသည္ကို လ်င္ျမန္စြာ ေျဖေလ်ာ့ၿပီး ေဘးဘက္သို႔သာ ေ႐ြ႕လ်ားသြားသည္။
စုလင္း : "... "
႐ုတ္တရက္ သူ႕ရဲ႕ေၾကာက္လန္႔ေနတဲ့ ခံစားခ်က္က ေတာ္ေတာ္ေလး ေပ်ာက္သြားသည္။
ႏူးညံ့သိမ္ေမြ႕ၿပီး သက္သာရာရေစတဲ့ ခံစားခ်က္က စုလင္းကိုယ္ေပၚမွာ ပ်ံ႕ႏွံ႔ေနၿပီး လုံေမာ့ထန္ရဲ႕အ႐ြက္ေတြက ေမႊးရနံ႔သင္းသင္းနဲ႔ ေတာက္ပေနခဲ့သည္။ ႏြယ္ပင္က သူ႕အား ေဖာ္ေ႐ြေၾကာင္း ျပသေနတာ စုလင္း လ်င္ျမန္စြာ နားလည္လိုက္သည္။ ထို႔ေနာက္ ခ်က္ျခင္းပင္ လုံေမာ့ထန္က ရစ္ပတ္ထားတာ ေလ်ာ့ေပးလာသည္။
ႏြယ္ပင္၏ အစြန္းႏွစ္ဖက္ကို စက္ဝိုင္းပုံသ႑ာန္ ခ်ိတ္ဆက္ထားသည္။ စုလင္း သူ႕လက္ေကာက္ဝတ္ကို ပြတ္သပ္ရင္း ဘာေျခရာလက္ရာမွ မေတြ႕လို႔ စိတ္သက္သာရာ ရသြားသည္။
[ဒီနားနားလည္လားမသိဘူး။ လုံေမာ့ထန္ လက္ေကာက္ပုံေျပာင္းလိုက္တာက စုလင္းလက္နဲ႔အကိုက္ အေရျပားထဲက ထြက္ေနသလို တသားတည္းျဖစ္ေနလို႔ စုလင္း ေၾကာက္သြားတာ အဲ့ဒါေၾကာင့္ လုံေမာ့ထန္က ေလ်ာ့ေပးလိုက္ေတာ့ စုလင္း အဲ့လက္ေကာက္ေအာက္ကို အရာက်န္လား နီလား ၾကည့္တဲ့သေဘာ ဘာမွ မေတြ႕လို႔ စိတ္သက္သာသြားတာ Jueလည္း အစကနားမလည္လို႔ ေသခ်ာ ျပန္ဖတ္လိုက္ရတယ္]
ေနာက္အခိုက္အတန္႔တြင္ လုံေမာ့ထန္က လက္ေကာက္တစ္ခုအျဖစ္ အသြင္ေျပာင္းျပန္သည္။ စုလင္း စိတ္ထဲမွာေတာ့ တုတ္ႏွစ္ေခ်ာင္းပါတဲ့ ႐ုပ္ပုံတစ္ပုံကို သူျမင္လိုက္ရသည္- ကေလးတစ္ေယာက္ကို ေပြ႕ဖက္ေနတဲ့ လူႀကီးတစ္ေယာက္။ စုလင္း လက္ေကာက္အ႐ြယ္ျဖစ္လာေသာ လုံေမာ့ထန္ ကိုၾကည့္ကာ အခုေလးတင္ လုပ္မိလိုက္ေသာ သူ႕ရဲ႕အမူအရာက လုံေမာ့ထန္ကို စိတ္မေကာင္းျဖစ္ေစခဲ့တာေၾကာင့္ သူက ႏွစ္သိမ့္မႈ ေတာင္းဆိုေနျခင္း ျဖစ္သည္။ ခဏေလာက္စဥ္းစားၿပီးမွ လက္ဖဝါးကို လက္ေကာက္ဝတ္ေပၚတင္ကာ လုံေမာ့ထန္ကို ေပြ႕ဖက္လိုက္သည္။
Plaid Skirt
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋