Maple

By Thithipyaeaung

107K 9.1K 788

မျက်မှန်လေးအောက်က မျက်လုံးဝိုင်းဝိုင်းလေးတွေ ကိုယ့်ကြောင့်ခက်ထန်သွားလို့ တောင်းပန်ပါတယ် ... More

Uni 🍁
Pt.1
Pt.2
Pt.3
Pt.4
Pt.5
Pt.6
Pt.7
Pt.8
pt.9
Pt .11
Pt.12
Pt.13
Pt.14
Pt .15
Pt 16
Pt.17
Pt.18
pt.19
🌻
Pt.20
Pt .21
Pt .22
pt 23
pt.24
Pt.25
pt .26
Pt.27
Pt.28
Pt.29
Pt.30
Pt.31
Pt.32
Pt .33
Pt .34
Pt.35
End
Zawgyi 🍁
Pt.1
Pt 2
Pt.3
Pt.4
Pt .5
Pt .6
Pt.7
Pt.8
Pt.9
Pt.10
Pt.11
Pt .12
Pt .13
Pt.14
Pt .15
Pt.16
Pt .17
Pt.18
Pt .19
Pt.20
Pt.21
Pt .22
Pt.23
Pt. 24
Pt. 25
Pt.26
Pt.27
Pt.28
Pt.29
Pt .30
Pt.31
Pt.32
Pt .33
Pt .34
Pt .35
End
Extra

pt.10

2.3K 212 14
By Thithipyaeaung

ခုတလော ခြေလမ်းတွေပျက်နေသော ညီငယ်အား သတိထားမိသော်လည်း သူဘာမှတော့မပြောပါ

ခါတိုင်း ကျောင်းပိတ်ရက်တွေမှာဆို ဒီကလေးအပြင်သွားဖို့မပြောနဲ့ အိမ်မှာဘဲကပ်နေလွန်းလို့ အထီးကျန်ပြီးအားငယ်နေမှာကိုတောင်စိုးရိန်ခဲ့ရတာ

ခုတော့ ကျောင်းပိတ်ရက်လည်း တခုပြီးတခုအကြောင်းပြကာ အပြင်ထွက်တတ်သည်
‌ကျောင်းဖွင့်ရက်ဆိုရင်လည်း အိမ်မှကားဖြင့်သိပ်မသွား လမ်းလျှောက်ပြီး လေညင်းခံချင်လို့ ခွင့်ပြုပါ ကိုကို ဟူ၍ ဘတ်စ်ကားဖြင့်သွားတတ်သေးသည်

သူ ခုတလော ညီလေးကို လွှတ်ထားမိခဲ့တာ
ယုံကြည်ထားတာပါ
သူ လူတွေလွှတ်ပြီးလည်း မစုံစမ်းခိုင်းချင်
ကိုယ်တိုင်လည်း သံသယ တစ်စက်ကလေးတောင် မဝင်ခဲ့ဖူးပါ

သူ့ညီလေးလေ
ဘယ်လောက်လိမ်မာလိုက်သလဲ
စိတ်ဆိုးရင်တောင် သိတတ်မှုနဲ့ခဏဘဲစိတ်ကောက်တတ်ကာ ပြုံးရယ်လာတဲ့ကလေးလေးပါ ။

သူ့နောက်ကွယ်မှာ သူမသိအောင်ဘာမှမလုပ်လောက်ပါဘူး ဟူသော စိတ်ကိုနှလုံးသွင်းကာ သံသယဖြစ်ချင်နေသော စိတ်တွေကို ထိန်းချုပ်ထားခဲ့တာ 1လကျော်ခဲ့ပြီ ။

တစ်ခါတစ်ရံ စပ်တူလုပ်ကိုင်ဖူးသော လုပ်ငန်းရှင်များနှင့် ရင်နှီးသူအချို့သည်
ဂျီမင်းအား ကောင်ငယ်လေးတစ်ယောက်နဲ့ ‌တွဲတွေ့ရသည်ဟု ပြောလာလျှင် သူချက်ချင်း တင်းမာပစ်ကာ လူမှားကြောင်း
မဖြစ်နိုင်ကြောင်း ယုံကြည်ချက်ပြင်းထန်စွာ ပြောခဲ့ဖူးသည်

နမ်ဂျွန်းထံလည်း သူလှမ်းမေးခဲ့သည်
နမ်ဂျွန်းကတော့ ဘာမှ ထွေထွေထူးထူး မရှိဘူး ပုံမှန်အတိုင်းဘဲဟု ဆိုတာကြောင့် သူအခုထိ ဂျီမင်းအား ဘာမှမမေးမမြန်းခဲ့ခြင်းပါ
ခုတော့ မေးမှရတော့မည်
ပြီးခဲ့တဲ့ Monday က သူကိုယ်တိုင် ကော်ဖီဆိုင်တစ်ခုမှာ တွေ့ခဲ့ခြင်းကြောင့်

ပြုံးရယ်နေခဲ့တာ
သူ့ညီလေးက မျက်လုံးလေးတွေမှိတ်တဲ့အထိ
ပခုံးလေးတွေ လှုပ်ခတ်တဲ့အထိ
ဆံနွယ်လေးတွေ ခါရမ်းတဲ့အထိ ရယ်မောနေခဲ့တာ
ဘာ့ကြောင်အဲ့လောက်ရီနေရသလဲ
မဟုတ်ဘူး ဘယ်သူ့ကြောင့်အဲ့လောက်ရီမောနေရသလဲဆိုတာ သိချင်တာကြောင့် ဘေးကိုလှမ်းကြည့်မိတော့ မွေးနေ့ညက ‌ဂျွန်ဂျောင်ကုဆိုသော ကျောင်းသား

မဟုတ်နိုင်လောက်ပါဘူး
မဖြစ်နိုင်လောက်ပါဘူး လို့စိတ်ထဲတွေးမှတ်ထားခဲ့သော်လည်း ကျွန်တော်ကြည့်နေစဉ်အတွင်းမှာဘဲ ကျွန်တော့်ညီငယ်လေးသည် ထိုကျောင်းသားပခုံးတွေထံ လုံးဝ မှီခိုသွားခဲ့သည်

သူပြေးမေးလိုက်ချင်ပါသည်
ပူးကပ်နေသော ချစ်ငှက်ငယ်နှစ်ကောင်ကို သူဆွဲခွာပစ်လိုက်ချင်ပါသည်
သို့သော် ကံကြမ္မာက အခွင့်မပေးခဲ့
ကျွန်တော် လုပ်ငန်းရှင်အချို့အား လှည့်နှုတ်ဆက်နေစဉ်အတွင်းမှာဘဲ ပျောက်သွားခဲ့သည်

ထိုနေ့မှစပြီး ကျွန်တော်လည်း လုပ်ငန်းအသစ်တွေကြောင့် ကုမ္ပဏီမှာတင်အိပ်ဖြစ်ခဲ့ကာ ဂျီမင်းနဲ့လုံးဝ မျက်နှာချင်းမဆိုင်ဖြစ်ခဲ့
မေးချင်နေသော်လည်း အချိန်တွေမရနေတာကြောင့် မျိုသိပ်ထားရကာ လုပ်ငန်းကိုသာ ပြီးပျက်အောင်လုပ်ကိုင်ခဲ့သည်။

ဒီနေ့တော့ သူ လုပ်ငန်းပြီးပျက်၍ အိမ်ပြန်ရောက်နေသော Saturdayရဲ့ ညနေခင်းတစ်ခုပေါ့
အိမ်ပြန်ရောက်ရောက်ချင်း ကြီးမေ စကားသည် ရင်ဝအားဆောင့်ကန်လိုက်သလို ထိထိမိမိ ရယ်

ဘာတဲ့ 'သားငယ်က မနက်ကတည်းက သူငယ်ချင်းတွေနဲ့ ချိန်းထားသည် "ဟူ၍ ထွက်သွားသည်တဲ့လေ

ဘာသူငယ်ချင်းလဲ ဂျီမင်းရယ်
သူ့စည်းကမ်းတွေကြောင့် ငယ်ငယ်ကတည်းက သူငယ်ချင်းနှစ်ယောက်အပြင် မထားခဲ့ဖူးတာကို
ဘွဲ့ရတော့လည်း အိမ်ထဲကနေအိမ်ပြင်တောင်
မထွက်ရ‌တာကြောင့် ထိုရှားရှပါးပါးသူငယ်ချင်းနှစ်ဦးနဲ့လည်းအဆက်အသွယ်ပျက်သွားခဲ့တာသူအသိဆုံး

ထိုင်စောင့်နေခဲ့သည်
သူ့ညီလေးနဲ့သူ ဒီနေ့မှ မရှင်းရင် အက်ကွဲကြောင်းတွေပေါ်လာလိမ့်မယ်
သူ သိရမှဖြစ်မယ် ဘာမှမလိမ်မညာနဲ့ အမှန်အတိုင်းဝန်ခံမယ့် သူ့ညီလေးစကားတွေ
သူကြားရမှဖြစ်မယ်
မှားနေခဲ့ရင်လည်း ကိုကို မှန်အောင်ပြင်ပေးမယ် ကလေးရယ် .......

"ဂျောင်"

Saturdayရဲ့ နံနက်ခင်းမှာ ဂျောင်ရင်ခွင်ထဲ သူတိုးဝင်နေခဲ့သည်

"ဗျာ ဗျ "

"ဘာလို့တောင်းတာလဲ
ဂျောင်လိုချင်ရင် ကိုယ်အသစ်ဝယ်ပေးလို့လဲရတဲ့ဟာ "

ရင်ခွင်ထဲက ဆရာပိစိလေးသည် သူဝယ်ပေးနိုင်ကြောင်းတွေချပြလာတော့ ကျွန်တော် ခပ်ဟဟရီမိလိုက်သည်

"ကျွန်တော်က ဝတ်ချင်လို့တောင်းတယ်များ ထင်နေတာလား ဆရာရယ် "

"အဲ့တာဆို ဘာလို့လဲ "

သိချင်တာတွေလည်းများလိုက်တာသေးသေးလေးရယ်
ကျွန်ဆော်တော့ ရည်းစားထားမိတာလား စပ်စုတတ်တဲ့ကလေးလေး ထားမိတာလားကိုမသိတော့ပါဘူးဗျာ

"ဖက်ထားချင်လို့ပါ
ဆရာ့ကို အဲ့အင်္ကျီဆွယ်တာ လေးနဲ့ဘဲ စရင်ခုန်ခဲ့တာမို့ တန်ဖိုးထားချင်လို့ တောင်းမိတာပါ
ခုဆို ကျောင်းကိစ္စတွေကြောင့် ကောင်းကောင်းတောင်မှမတွေ့ရတာကို
ကျွန်တော် သေမတတ်လွမ်းနေရင် ရင်ခွင်ထဲထည့်ဖက်ထား ချင်လို့ပေါ့ဗျာ "

"အော်အဲ့လိုလား
ဟီး ငါက မင်းလိုချင်လို့လားလို့ "

ဒီသေးသေးလေးလူကို အထင်သေးနေတာ
ဟီး ခနဲတောင်ရီချလိုက်သေးတယ်

ရင်ခွင်ထဲရှိဆရာလေး၏ နှဖူးလေးအား မြတ်နိုးမှုများဖြင့် တစ်ဖွဖွ နမ်းနေမိသည်
ချစ်တယ် ဝေးရရင်တော့ ကျွန်တော်ရူးမှာဘဲဗျာ ....
ဘာလို့လဲ အသိဘူး ဒီနေ့မှရင်တွေလေးနေသလိုဘဲ
စာမေးပွဲကြောင့်ဘဲနေမှာပါ
သက်ပြင်းလေးတစ်ချက်ချကာ ရင်ခွင်ထဲရှိလူသားလေးအား ပိုတိုးဖက်ထားလိုက်သည်

"ဆရာ "

"ဗျာ "

"တကယ်လို့လေ တကယ်လို့များပေါ့နော်
တစ်ခုခုဆို ကျွန်တော့ကို မထားခဲ့ပါနဲ့ ရွေးချယ်ပေးပါ နောင်တမရစေရဘူးလို့ ကတိပေးပါတယ် "

ထူးထူးဆန်းဆန်းတွေထပြောလာသော ချစ်ရသူကြောင့် သူရင်ခွင်ထဲမှထွက်ကာ မျက်လုံးချင်းဆုံအောင် စိုက်ကြည့်လိုက်သည်

"ဘာစကားလဲ ဂျောင်
ကိုယ်က ဘာကို ရွေးချယ်ရမှာလဲ
အစောကတည်းက ဂျောင်ကိုဘဲ ရွေးချယ်ထားတာ အခြားလူဆိုတာ ရှိခဲ့တာမှမဟုတ်တာ ဘာကို စိုးရိန်နေရပြန်တာလဲ "

စိတ်ဆိုးမာန်ဆိုးပြောလာတာကြောင့် ကျွန်တော့ဆရာလေးအပေါ် ကျွန်တော်စကားတွေမှားသွားကြောင့် အပြေးအလွှားလေး နှုတ်ခမ်းလေးတွေအား ဖိကပ်ကာ ချော့ရသည်

ကျွန်တော်ဆိုလိုချင်တာ အဲ့လိုမဟုတ်ပါဘူး ဆရာရယ်
တကယ်လို့များ ဆိုတာတွေ တကယ်ရှိလို့ပါ
ဆရာမသိသေးတဲ့ ကံကြမ္မာတွေ အများကြီးရှိ‌တယ် ဆရာရယ်
ရှင်းပြလို့ရရင် နားဝင်အောင် တစ်ရက်လောက် အချိန်ယူရင်း ရင်ခွင်ထဲထည့်ကာ ပြောပြလိုက်ချင်ပါရဲ့ဗျာ ။

ကျွန်တော့်ရင်ဘတ်လေးထံ ထုရိုက်လာသော ‌လက်သေးသေးလေးတွေအား သူဖမ်းကိုင်လိုက်သည်
ဒီနေ့တော့ လွမ်းခဲ့ရသမျှ အတိုးချ နမ်းဦးမည်
လွှတ်‌မပေးချင်ခဲ့ပါဘူး
ကျွန်တော်လေ ဒီနေ့မှ အတ္တကြီးမိနေသလားလို့ ဆရာရယ်
ဒီတစ်ခါ အိမ်ပြန်လမ်းလေးက ဆွေးမြေ့နေသလိုလိုဘဲ
ဆရာ့ကို ပြန်လွှတ်လိုက်ရတာ ဒီတစ်ခါ နာကျင်နေရသည်
ပြန်မလာတော့မယ်လူတစ်ဦးလိုပေါ့

အိမ်ပြန်ခါနီး ကားနားထိ ဂျစ်တီးဂျစ်ကန် လိုက်လုပ်နေသော ဂျောင်အား သူနားမလည်နိုင်ဖြစ်ရသည်
ကားပေါ်တက်ခါနီး သူ့အင်္ကျီစလေးအား ဆွဲထားသော သူ့မျက်မှန်လေးအား သူချော့မော့ကာ ပါးပြင်လေးကို တဖွဖွနမ်းရင်း
ထားခဲ့ရသည်

ဒီကလေး စာမေးပွဲရက်တွေမလို့လား
ခုတလော ဂျစ်တိုက်နေသလိုဘဲ
ညကျမှ ဖုန်းဆက်ရင်း ချော့ရမည်

ဂျောင်ကုတစ်ယောက် ဆရာ့ ဆွယ်တာလေးအား ရင်ဘတ်ထဲထည့်ကာ အိမ်ပြန်လမ်းတွေကို သက်ပြင်းတစ်ချချဖြင့် ပြန်လာခဲ့သည်

ဂျီမင်းတစ်ယောက် အိမ်ကို ပျော်ရွှင်စွာ ပြန်လာခဲ့သည်
အိမ်ကြီးထဲ ဝင်လာကာ အပေါ်တက်ရန်ကြံတော့ ဧည့်ခန်းထဲမှ ထွက်လာသော အေးဆက်ဆက်ကိုကို့အသံ

"ဘယ်ကပြန်လာတာလဲ ကလေး "

အရင်ရက်တွေတုန်းက ကိုကိုသည် လုပ်ငန်းတွေဖြင့် အလုပ်ရှုပ်နေကာ ကုမ္ပဏီမှာဘဲ အိပ်ဖြစ်မည်ဟု ကြီးမေထံမှ အမှာစကားကြားခဲ့ကာ သူအနည်းငယ်လွတ်လပ်နေခဲ့ကာ
ဒီနေ့လည်းပြန်မလာဘူး ထင်နေခဲ့မိသည်

"သား သူငယ်ချင်းတွေနဲ့သွားတွေ့ပြီး ပြန်လာတာပါ "

လိမ်ရင်လည်း ပီပီလိမ်စမ်းပါ ဂျီမင်းရာ
ကိုကိုမင်းကို ပျိုးထောင်လာတာ မင်းမျက်လုံးရဲ့ အရောင်တွေကို ကိုကိုအသိဆုံးဆို မင်းမေ့များနေခဲ့သလား

"ကိုကို တစ်ပတ်လောက်အိမ်ပြန်မအိပ်တဲ့ညတွေမှာ ဖုန်းလေးတောင်မဆက်ဘူးနော် ဂျီမင်း "

ကလေးလို့ ခေါ်ဆိုနေရာမှ ဂျီမင်းဟု ပြောင်းသုံးသွားကတည်းက ကိုကိုတစ်လုခုကို သိနေကြောင်းပြောပြနေသလိုလို
သူလက်တွေအေးစက်လာကာ ဇောချွေးများပြန်လာတော့သည်

"သား စာမေးပွဲ မေးခွန်းထုတ်ဖို့ အလုပ်ရှုပ်နေလို့ပါ ကိုကို "

"အွန်း
ကိုကို့ကို တစ်ခုခု ပြောစရာမရှိဘူးလား ဂျီမင်း "

ကိုကို ဘာဖြစ်စေချင်နေတာလဲ
ဘာတွေသိထားခဲ့တာလဲ
ဘယ်အချိန်ကတည်းကလဲ

"သား ..သား မရှိပါဘူးကိုကို
သားပင်ပန်းလာလို့နားတော့မယ်နော် "

မေးနေတုန်းမဖြေတာ သိပ်စိတ်တိုစရာကောင်းတဲ့ကိစ္စမဟုတ်လား
သူအလျော့ပေးထားခဲ့တာ ဒီလိုတွေလိမ်ညာနေဖို့မဟုတ်ဘူးလေ
မေးရင် ရှင်းရှင်းလင်းလင်းဖြေမှပေါ့
ဘာတွေလိမ်ညာနေရသလဲ
အဲ့ကောင်လေးနဲ့ တကယ်များမေတ္တာသက်ဝင်နေခဲ့သလား

ဂျီမင်းတစ်ယောက် ကိုကို့ရဲ့နောက်ထပ်ထွက်လာမည့်မေးခွန်းတွေအား ရင်မဆိုင်ချင်၍ အိမ်ပေါ်ထပ်ရှိ မိမိအခန်းလေးထဲကို ရောက်ဖို့သာ အားစိုက်နေမိသည်

"ဂျွန်ဂျောင်ကု "

ကိုကို့ထံမှ ထွက်ပေါ်လာသော ချစ်ရသူ အမည်နာမကြောင့် သူလှမ်းနေတဲ့ခြေလှမ်းတွေရအ်တန့်သွားကာ အလောတကြီးကိုကိုရှေ့မောက် ပြန်ရောက်လာရသည်

"ကိုကို "

"နာမည်က ဂျွန်ဂျောင်ကု
Jလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသား
လက်ရှိ အထက်တန်းနှစ်နောက်ဆုံးကို ကိုကို့တို့ကျောင်းမှာ ပညာသင်ယူနေကာ
တက္ကသိုလ်ကိုတော့ စီးပွားရေးတက္ကသိုလ်အားရွေးချယ်ထားသူ
ထက်ထင်မြတ်မြတ်ရှိပြီး စာတော်ကျောင်းသားတစ်ဦးမို့ လူသိများကာ လိမ်မာသည်ဟူသော ဂုဏ်ပုဒ်ဖြင့် ကျော်ကြားသူ
လက်ရှိ တွဲနေတဲ့သူတစ်ဦးတော့ရှိတယ်
နာမည်က ပတ်ဂျီမင်း "

သူတုန်လှုပ်သွားမိသည်
ကိုကို့အား တအံ့တဩကြည့်နေမိကာ သူခေါင်းထဲတွင် လုပ်ငန်းတွေအဆက်မပျက်လုပ်နေရသည်
ကိုကိုက ဂျောင်ကုနာမည်သိနေတယ်
ကိုကိုက ဂျောင်ကုအကြောင်းသိနေသည်
ကိုကိုဘယ်ကတည်းကစုံစမ်းနေခဲ့တာလဲ
အဆိုးဆုံးက ဂျောင်ကုနဲ့သူရဲ့ကိစ္စ

"ကိုကို
သူ့ကို ဘာမှမလုပ်လိုက်ဖူးမဟုတ်လားဟင် "

"ဘယ်ကတည်းကလဲ ဂျီမင်း !
ကိုကို့ကို လိမ်နေပြီး အဲ့ကလေးကလားကောင်နဲ့တွဲနေတာ ဘယ်ကတည်းကလဲ !"

ဟိန်းခနဲထွက်လာသော ကိုကို့အသံကြောင့် သူ့ခန္ဓာကိုယ်လေးတုန်သွားကာ ငြိမ်သက်နေမိသည်
သူဘာမှမသိတော့ဘူး ဂျောင်
ဂျောင်ကို ဆုံးရှုံးရမှာသူသိပ်ကြောက်သည်

"ချစ်လို့
ချစ်မိသွားလို့ပါ
Mapleရွက်လေးတွေပြီးရင် ပထမဆုံး မြတ်နိုးမိတဲ့ သက်ရှိလေးမလို့ပါကိုကို
သားသူ့ကို ချစ်တယ် "

"ပတ်ဂျီမင်း !
ငါအစောကတည်းက မင်းအလုပ်လုပ်တာကို တားခဲ့တာ ဒီလို ကိစ္စတွေများဖြစ်လာခဲ့ရင်ဆိုပြီးပါ 
ခုတော့မင်းကလုပ်ချလိုက်ပြီ "

"သားကိုပြောပါကိုကို
သားကိုကြိုက်သလောက်ပြောပါ
ဂျောင် ကိုတော့ မထိပါဘူးဆိုတဲ့ ကတိလေးတော့ပေးပါကိုကို "

မျက်ရည်တွေကျလာခဲ့တာ
သူ့ဟိုကလေးကလားကောင်ကို ကျွန်တော်တစ်ခုခုလုပ်လိုက်မှာဆိုးလို့ သူအသည်းအသန် ငိုယိုကာကွယ်နေတာ

"မငိုနဲ့ !
မင်းမျက်ရည်တွေ အဲ့ကောင်ကြောင့် ကျမလာနဲ့ "

"ပတ်ဂျီမင်း
အဲ့ကောင်ကို ဖြတ်ရင်ဖြတ်မဖြတ်ရင် ငါ့အကြောင်းမင်းအသိဆုံးနော်
ငါတစ်စစီဖြုတ်ပစ်မှာ
မင်းကောင်အခုမှ အထက်တန်းဘဲရှိသေးတာ
ငါလက်ဖြောက်တစ်ချက်တီးလိုက်တာနဲ့ ဘာဖြစ်နိုင်သလဲ မင်းအသိဆုံးနော် "

"သား မစွန့်လွှတ်နိုင်ဘူးကိုကို
သား ချစ်နေတယ်လေ
ဘာလို့တားနေရတာလဲ "

"စိုးရိမ်လို့ပါကွာ
အဲ့ကောင် မင်းကိုဘာကာကွယ်ပေးနိုင်မှာလဲ
လောကကြီးက မင်းလိုဖြူစင်မနေဘူး ဂျီမင်း
မင်းကောင်ခုမှ ကလေးဘဲရှိသေးတာ
မင်းကဘဲ ကာကွယ်ပေးရမဲ့ ဖြစ်တည်မှုမျိုးကွ"

အသက်အရွယ်ကွာခြားတာ ဘာများဖြစ်လို့လဲ
ဘာတွေလာထူးခြားနေတာလဲ ကိုကို
အော်ဟစ်ပစ်လိုက်ကာ ပေါက်ကွဲလိုက်ချင်ပြီ
ဂျောင်က သူလွယ်လွယ် စွန့်ပစ်ခိုင်းတိုင်း စွန့်ပစ်ပေးရလောက်တဲ့ ဖြစ်တည်မှုမျိုးမဟုတ်ဘူး
ဂျောင်က သူ့နှလုံးသားတစ်ခုလုံး
ဂျောင်က သူ့ဘဝတစ်ခုလုံး
ဂျောင်က သူမြတ်နိုးရဆုံး ကလေးလေးပါ
ဘာလို့ ဖြတ်ခိုင်းနေရတာလဲ
ဘာလို့ ကျွန်တော်တို့ရဲ့ အချစ်တွေကို ချိန်းခြောက်ရဲရသလဲ
သူ့ကိုဘယ်လောက်ခြိန်းခြောက်ခြောက် ဘာမှမဖြစ်ပေမယ့်
ခုခြိန်းခြောက်လာသူက နှလုံးသားရဲ့ပဲ့ကိုင်ရှင်ကို ထိထိမိမိ ပြောလာခဲ့တာ
ကိုကိုက ကြောက်စရာကောင်းအောင် သွေးအေးတယ်
သူတကယ်လုပ်မှာ ဂျောင်များ တစ်ခုခုဖြစ်သွားကြည့် သူနောင်တတွေနဲ့ နေရမှာ

"ကိုကို လာမခြိန်းခြောက်နဲ့
ဂျောင်ကို ထိကြည့်လိုက် ကိုကို
သား တစ်ခုခုလုပ်ပစ်ခဲ့မှာ "

ယွန်းဂီအော်ရယ်ပစ်လိုက်ချင်သည်
ပြန်ခြိမ်းခြောက်လာသောစကားတွေက တကယ်ဘဲ ထိပါတယ် ကလေးရယ်

"ကိုကို့အကြောင်းကို မင်းအသိဆုံးပါဂျီမင်း
ကိုကို စကား နှစ်ခါမပြောဘူး
မင်းသိထား "

"ဘာလို့လဲ !"

ထွက်သွားရန်ပြင်နေသော ကိုကို့အား သူ အသံကုန်အော်ဟစ်ပြစ်လိုက်သည်

"ဘာလို့လဲ
သားချစ်မိတာ ယောက်ျားတစ်ယောက်မလို့ ကိုကိုရွံသွားတာလား
အဲ့တာကြောင့် ဂျောင်ကိုပါ ခြိမ်းခြောက်ပြီး ဖြတ်ခိုင်းနေတာမဟုတ်လား "

မှားနေတာ
ဒီကလေးလေးသူ့အပေါ်အမြင်တွေ မှားနေခဲ့တာ
ကိုကို မရွံခဲ့ပါဘူးကွာ
ကိုကို ကြောက်မိတာပါ
ငယ်ငယ်ကတည်းက ကိုကို့လောင်းရိပ်အောက်မှာ ရှင်သန်လာတဲ့ကလေးကို လူတွေလက်ညိုးထိုးမှာ ကိုကို သိပ်ကြောက်တာပါ
ကာကွယ်ရမှာ ကိုကိုတာဝန်လေ
ဂျီမင်း မင်းက သူ့ကို ကာကွယ်ပေးဖို့ ငယ်သေးတယ်
သူ့မှာ မိသားစုတောက်ခံကောင်းကောင်းဘဲရှိတာ သူခုမှကလေးလေးဘဲရှိသေးတာ

သူ့မိဘတွေလည်း ဒီလိုဘဲ မြင်မှာ
မင်းက သူ့ကို ကလေးလို့မြင်ရင်
ငါကကော မင်းကို ခုထိ ကလေးပေါက်စလေးလို မြင်နေဆဲဖြစ်တဲ့ငါကရော မင်းထက်ငယ်တဲ့သူ့ကို လူကြီးလို မြင်နိုင်ပါ့မလား

မင်းတို့အချစ်က ကိုကို့မျက်လုံးထဲမှာ လောင်စရာလို့မမြင်ခဲ့ဖူးတာ တကယ်ပါ
ကလေးလေးက သူ့ကို ကာကွယ်ပေးချင်ရင် ကိုကိုကလည်း ကလေးလေးကို ကာကွယ်ပေးရမှာဘဲ လေ

"ဘယ်တုန်းကမှ မထင်ခဲ့ဖူး ဂျီမင်း
ကိုကိုမထင်ပေမယ့် လူတွေက ထင်တယ်
မင်းကာကွယ်ပေးနိုင်မယ်လို့ထင်လား
လူတွေရဲ့ ထိုးနှပ်မှုတွေကို မင်းက ခံနိုင်မယ်ထင်နေတာလား "

"သား ချစ်တယ်လေ
သားသူ့ကို ရူးတယ်‌ကိုကို
ကျန်တာခိုင်းပါ လမ်းတော့မခွဲခိုင်းပါနဲ့ကိုကို
သားသေသွားလိမ့်မယ် "

"မင်းအဆက်ဖြတ်မှဖြစ်မယ် ကလေးငယ်
ကိုကို တင်းကြပ်နေတာ မင်းကောင်းဖို့ပါကွာ "

တချိန်လုံး ငယ်ငယ်ကတည်းက ကိုကိုဟာ ကျေးဇူးရှိသူ ၊ကျေးဇူးရှင်မို့ သူ ကိုကို့စကားမှန်သမျှ မြေဝယ်မကျလိုက်နာခဲ့သည်

ဆယ်ကျော်သက်အရွယ်တုန်းက လွတ်လပ်ခွင့်တွေ ပိတ်ပင်ခဲ့လည်း သူစိတ်မဆိုးခဲ့ပါ သူနားလည်ပေးခဲ့သည်

နှစ်ဆယ်ကျော် လူငယ်အရွယ်အား တားဆီးခဲ့တုန်းကလည်း သူ ဘာမှအထွန့်မတက်ခဲ့ လိုက်နာခဲ့သည်

ဘွဲရလာတော့လည်း ရွယ်တူ လုပ်ငန်းခွင်ဝင်သူတွေကြား သူမဝင်နိုင်ခဲ့ စိတ်မချသေး၍ မလုပ်သေးနဲ့ဦး ဟူသော ကိုကို့စကားကြောင့် အိမ်တွင်းအောင်းခဲ့သည်

အားလုံးကို လိမ်မာသိတတ်စွာနားလည်ပေးခဲ့သည်
သူဆန့်ကျင်ချင်တာ အချစ်ဆိုတဲ့ နူးညံ့မှုလေးကို ထိန်းသိမ်းဖို့ပါ

ဂျောင်ကို ချစ်မိတာ အမှားမဟုတ်ခဲ့သလို နောင်တလည်းရမည်မဟုတ်
အချိန်တွေနောက်ပြန်ဆုတ်လို့ ရခဲ့မည်ဆိုလျှင်တောင် သူဂျောင်ကိုဘဲ ထပ်ခါထပ်ခါရွေးချယ်ဦးမည်

"ကိုကို့စကားအားလုံးကို မသိတတ်ခင်ကရော သိတတ်ခင်ကရော သားနားထောင်ပေးခဲ့တယ်
လိမ်မာပေးခဲ့တယ်
ဒီတစ်ခါတော့ကိုကိုရယ်
ခွင့်ပြုပေးလို့မရဘူးလား ဟင်
သားတောင်းဆိုတာပါ "


"ကလေးကောင်းသားဖို့လိုပြောပြီးပီလေ "

"သား ဂျောင်နဲ့သာဆို
မကောင်းစားလဲရတယ် ကိုကို !"

ဒီကလေး အဆုံးထိ မိုက်ရူးရဲဆန်ဖို့တွေးထားသလား
သူ့စကားတွေ ဘယ်နေရာမှ တိုးပေါက်မနေခဲ့တော့
ဂျီမင်းမျက်လုံးထဲ ဂျောင်ကုတစ်ယောက်သာမြင်သည်

"ဂျောင်ကုရဲ့ အနာဂါတ်ကော ဂျီမင်း
မင်းက ခံနိုင်ရည်ရှိတယ်ဘဲထားဦး
သူက မင်းထက်အငယ်
လျှောက်လှမ်းရမယ့် ဘဝက ကျန်သေးတယ်
သူ ကျောင်းတွေတက်ရဦးမယ်
လုပ်ငန်းတွေလုပ်ရဦးမယ်
ဘဝကို တသပ်မတ်တည်းမကြည့်နဲ့ ဂျီမင်း
မင်းတို့က ဘဝနှစ်ခုပေါင်းမှာ သေချာစဉ်းစား
ကိုကို မင်းကိုအချိန်ပေးမယ် "

ယွန်းဂီလည်း ပြောစရာရှိတာများပြောကာ မွန်းကြပ်လွန်းတာကြောင့်
စိတ်ထွက်ပေါက်အဖြစ် အရက်သောက်ရန် ဘားသို့ ကားသော့ဆွဲကာ ထွက်ခဲ့တော့သည်

နောက်တွင် မျက်ရည်တွေဖြင့်သနားစရာကောင်းစွာ ပြိုလဲနေသော ညီငယ်အား သူလှည့်မကြည့်ဖြစ်ခဲ့
ရင်တွေ တော်တော်နာနေပြီမလို့ပါ

ကိုကိုပြောသွားသော စကားတစ်စုသည် အဆက်အစပ်မိ‌လွန်းတာကြောင့် ဂျီမင်းအတွေးတွေ နက်နဲလာကာ ထိုနေရာမှာတင်ထိုင်ချမိလျှက်သား

သူချစ်တာဘဲသိတာ
သူ ဂျောင်ကို ကာကွယ်ပေးနိုင်ပေမယ့်
သူ့အင်အားက သေးငယ်လွန်းတာမို့ လုံခြုံနိုင်မှာမဟုတ်ဘူး
ဂျောင်မှာ အနာဂါတ်ရှိတယ်
ဂျောင်က လူတော်လေးတစ်ယောက်
ဂျောင်မှာလည်း အိပ်မက်တွေ ရှိမှာပေါ့
သူက ကာကွယ်ပေးမည့်သူလား
ဖျက်စီးမည့်သူလား

အသက်ရှူတွေမဝလာတော့ သူတကယ်ဘဲ ဘာလုပ်ရမလဲ ဂျောင်ရယ်

တစ်ရွေ့ရွေ့ဖြင့် ဂျီမင်းသူ့အခန်းလေးဆီတက်လာတော့သည်
အခန်းထဲရောက်သည်နှင့် အိပ်ယာပေါ်လှဲချကာ မျက်ရည်ပူတစ်ချို့အား ဖြတ်သန်းသွားစေသည်

သူ ဆုံးဖြတ်ချက်မှန်ကန်ဖို့လိုသည်
ဆုံးဖြတ်နိုင်ဖို့ ဂျောင်အသံလေးကြားမှအဆင်ပြေမည်

စားပွဲပေါ်တင်ထားသော ဖုန်းလေးအား အလောတကြီးယူလိုက်ကာ သူဂျောင်ထံ ခေါ်ဆိုလိုက်သည်

ညနေ ဆရာပိစိနဲ့တွေ့ပြီးပြန်လာကတည်းက မျက်နှာမကောင်းသော ဂျောင်ကုကြောင့် ထယ်ယောင်းနဲ့ ဟိုဆော့လည်း စာလုပ်ရင်းငြိမ်နေရသည်

ဒီကောင် အဆင်ပြေနေရဲ့သားနဲ့
စိတ်တွေလေးနေလို့ပါဟုဆိုကာ အိပ်ယာပေါ်တွင် ပတ်လပ်ကြီး လုပ်နေတာ ၂နာရီလောက်ရီပြီ

"ဟျောင့်
စာမေးပွဲက မနက်ဖြန်နော် "

ထယ်ယောင်းရွဲ့သလိုပြောမှ စိတ်မပါလက်မပါ သူတို့နှစ်ယောက်နား ထလာသော ဂျောင်ကုသည် ဆရာနဲ့လည်း ချစ်နေကျရက်နဲ့ဘာတွေဖြစ်နေတာပါလိမ့်

သူတို့မေးတော့လည်း နေလို့မကောင်းလို့ဟုဖြေသည်
ဆေးခန်းသွားလို့ပြောတော့လည်းမဟုတ်ပြန်
စာလုပ်ရတာ ခက်ရတဲ့ကြားထဲ ဒီကောင်ကပါ ရူးအောင်လာလုပ်နေပြန်သည်

"ငါစာတွေက ရနေပြီးသားပါ "

"ဟုတ်သားဘဲ ထယ်ရယ်
ဂျောင်ကုက စာတော်ပြီးသားကို သွားခေါ်နေတယ် ကိုယ့်ဘာသာ သာ စာမေးပွဲမကျအောင်ကြိုးစား "

ဟိုဆော့၏ ဟန်ပါပါပြောသော စကားတွေသည် မှန်တာထက်လွန်နေတာမို့ ထယ်ယောင်းတစ်ယောက် မျက်နှာကြီးအားရှုံ့မဲ့ကာ စာပြန်ကျက်တော့သည်

စာကျက်နေသော သူငယ်ချင်းနှစ်ယောက်ကြားထိုင်ကာ ဆွေးနေပြန်သောဂျောင်ကုသည် ရုတ်တရက်ထမြည်လာသော ဖုန်းသံလေးကြောင့် အရူးတစ်ယောက်လို ပြုံးမိပြန်တော့ ဟိုဆော့နဲ့ထယ်ယောင်းသည် သံကုန်အော်ဆဲတော့သည်

ထိုနှစ်ကောင်နဲ့ ဝေးဝေးသို့ သွားလိုက်ကာ ဖုန်းလေးအားကိုင်လိုက်သည်

"ဟယ်လို "

"ဟယ်လို ဂျောင်လား "

ဟော ဒီဆရာလေးကတော့ဗျာ ကျွန်တော့ဆီဖုန်းဆက်ပြီး ကျွန်တော်လားဆိုတော့
ဘာပြန်ပြောရမတုန်းဗျာ

"မဟုတ်ပါဘူး
ဆရာရဲ့ ကောင်လေးပါ "

"ဂျောင်ကကွာ "

ထိုအခါမှ တစ်ခစ်ခစ်ထရီသော ဂျောင်ရီသံလေးအား လေလှိုင်းထဲမှ တစ်ဆင့်နားထောင်ကာ ဆန့်ကျင်ဘက် မျက်ရည်ဝဲလာရသောကြောင့် မသိသာအောင် ထိန်းထားရသေးသည်

"အိမ်ကိုကောင်းကောင်းပြန်ရောက်ရဲ့လား "

"ရောက်ပါတယ် "

ထိန်းထားတဲ့ကြားက ရှိုက်သံစွတ်သွားတာကြောင့် ဂျောင်ကုတစ်ယောက်ရိပ်မိသွားခဲ့သည်

"ဆရာ ငိုနေတာလား
နေမကောင်းဘူးလား
ဘာဖြစ်လို့လဲဟင်
ကျွန်တော်ခုချက်ချင်းလာခဲ့မယ် "

စိတ်မြန်လက်မြန်ဂျောင်ကုသည် ငိုနေသော ဆရာသေးသေးလေးထံ လာမည်တကဲကဲလုပ်နေတာကြောင့် တားရသေးသည်

"ကိုယ်ဘာမှမဖြစ်ပါဘူးဂျောင်
စာသာအာရုံစိုက်လုပ်ပါ ကိုယ် လတ်တလော ဂျောင့်ဆီလာတွေ့နိုင်မယ်မထင်ဘူး သိလား
အစားလဲပုံမှန်စား
စာလည်းမှန်မှန်လုပ်နော် "

"ဘာလို့လဲ ဆရာ
ဘာလို့လာမတွေ့နိုင်ရတာလဲ "

"ဘူဆန်က ဖိုးဖိုးက အသဲအသန်ဖြစ်နေလို့ ကိုယ်မနက်ဖြန် ကိုကိုနဲ့လိုက်သွားရမယ် ဂျောင် ဒီရက်တွေ့မှာ လာတွေ့နိုင်မှာမဟုတ်ဘူး "


"မပြန်လို့မရဘူးလားဟင်
ကျွန်တော် အလွမ်းဒဏ်ကိုမခံနိုင်ဘူး "

အော် ကိုယ့်မျက်မှန်လေးရယ်
ခုလို ခဏလေးဘဲ လာမတွေ့နိုင်ကြောင်းပြောတာတောင် ကိုယ်အသက်ရှူတွေကျပ်နေရင်
ထာဝရဆိုရင်ကော
ကိုယ်တကယ်ရူးရမှာဘဲကွာ


"ဖိုးဖိုးလေကွာ
ဂျောင်ကလိမ်မာပါတယ်
နားလည်ပေးမယ်မဟုတ်လား
ကိုယ့်ပြန်ရောက်တာနဲ့ ဂျောင့်ဆီကိုဘဲ လာခဲ့မှာပါကွာ နော် "

ကျွန်တော် စိတ်တွေလေးနေတယ်ဆိုတာ စနောက်နေတာမှမဟုတ်ဘဲဆရာ
ခုတားနေတာ အဲ့ဆီကိုသွားဖို့မှမဟုတ်ပါဘူး
တစ်ခုခုလိုကြီး
ခွဲခွာခြင်းတွေကို မနှစ်သက်ပေမယ့် ဆရာစိတ်ခုသွားတာလည်း ကျွန်တော်မလိုချင်ပြန်ဘူးဆရာ
သွားပါ ဆရာကြိုက်တဲ့နေရာသွား
ကျွန်တော် စောင့်နိုင်ပါတယ်

"ဟုတ်ကဲ့ "

"ကျန်းမာရေးဂရုစိုက်ပါဂျောင်
ကိုယ့်ကို စိတ်ပူအောင်မလုပ်နဲ့တော် ကလေးလေး
စာသေချာလုပ် စာမေးပွဲကို ကောင်းကောင်းဖြေခဲ့ပါ
ပြန်လာခဲ့ပါ့မယ် "


"ကျွန်တော်လွမ်းနေပါ့မယ်
ဆရာလည်း ဂရုစိုက်ပါ "

"ချစ်တယ်ဂျောင်
ကိုယ့်ရဲ့မျက်မှန်လေး "


"ကျွန်တော်က ဆရာ့ထက် အဆပေါင်းများစွာပိုချစ်တာ "

ကလေးဆန်ဆန်စကားနိုက်လုလာတော့ သူဝမ်းနည်းနေသည့်ကြားက ပြုံးလိုက်မိပါသေးသည်

"အဲ့တာဆို ဒါဘဲနော်
ဂရုစိုက်
အာဘွား "

"ဟုတ်ကဲ့
ချစ်တယ်
အာဘွား ကျွန်တော့ဆရာသေးသေးလေး "

ဖုန်းချပြီးတာနဲ့ သက်ပျင်းကိုယ်စီချကာ လုပ်စရာရှိတာဆက်လုပ်ကျသည်
ဂျီမင်းသည်လည်း အိပ်ယာပေါ် တိတ်တဆိတ်ငိုကြွေးနေသလို
မျက်မှန်လေးသည်လည်း စာလုပ်ရင်း တချက်ချက် အင်္ကျီလေးအား နမ်းကာ နှာခေါင်းထိပ်လေးတွေ နီရဲနေတဲ့အထိ ငိုနေခဲ့သည်

သူတို့တွေဘာ့ကြောင့်နာကျင်နေရသလဲ
သူတို့တွေဘာကြောင့် ဝေးကွာသွားတော့မလို ခံစားနေရတာလဲ
ခံစားချက်တွေ ထွေးပြားကာ အနာဂါတ်အတွက် စိတ်ပူနေကျတော့သည် .......


🍁🍁🍁🍁
Update ပါ ခင်ဗျ💗

Continue Reading

You'll Also Like

68.8K 4.1K 27
ဘယ်မိန်းကလေးကိုမှ စိတ်မဝင်စားတဲ့မင်းကို နည်း"တော့ အံ့ဩမိတယ် မင်းရုပ်ရည် မင်းပုံစံနဲ့ ကောင်မလေးတွေဝိုင်း"လည်နေတာကို မစ်းကစိတ်မဝင်စားဘူးဆိုတော့ ဘာလဲ မင...
41.8K 3.1K 27
For Youth Uni+zg အဖိုးကြောင့် လက်ထပ်လိုက်ရပီ မပျော်ခဲ့ရတဲ့ အိမ်ထောင်ရေးတစ်ခု အမှတ်တမဲ့ကနေ အရမ်းချစ်မိသွားချိန် ပြန်ဆုံနိုင်ပါ့မလား??? အတ္တတွေ ခဝါချလ...
406K 6.4K 80
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...
5.9K 446 13
ပထမဆုံး စရေးတဲ့ fic ပါ နော် 😁😁 ဒါလေးက သာသာရဲ့ ကရင်ရိုးရာ နှစ်သစ်ကူးအကြောင်းလေး နည်းနည်းကို စိတ်ကူးနဲ့ရေးတာပါနော် ရိုးရာကိုထိခိုက်စေလိုချင်မရှိပါဘူး...