ရှောင်မန် (1395 - final) Comp...

بواسطة kilulayuu121

58.2K 7.2K 363

sequel of (1394 to final) المزيد

အခန်း (1395 - 1396)
အခန်း (1397 - 1398)
အခန်း (1399 - 1400)
အခန်း (1401 - 1402)
အခန်း (1403 - 1404)
အခန်း (1405 - 1406)
အခန်း (1407 - 1408)
အခန်း (1409 - 1410)
အခန်း (1411 - 1412)
အခန်း (1413 ' 1414)
အခန်း (1415 - 1416)
အခန်း (1417 - 1418)
အခန်း (1419 - 1420)
အခန်း (1421- 1422)
အခန်း (1423 - 1424)
အခန်း (1425 - 1426)
အခန်း (1427 - 1428)
အခန်း (1429 - 1430)
အခန်း (1431- 1432)
အခန်း (1433 - 1434)
အခန်း (1435 - 1436)
အခန်း (1437 - 1438)
အခန်း (1439 - 1440)
အခန်း (1441 - 1442)
အခန်း (1443 - 1444)
အခန်း (1445 - 1446)
အခန်း (1447 - 1448)
အခန်း (1449 - 1450)
အခန်း (1451 - 1452)
အခန်း (1453 - 1454)
အခန်း (1455 - 1456)
အခန်း (1457 - 1458)
အခန်း (1459 - 1460)
အခန်း (1461 - 1462)
အခန်း (1463 - 1464)
အခန်း (1465 - 1466)
အခန်း (1467 - 1468)
အခန်း (1469 - 1470)
အခန်း (1471 - 1472)
အခန်း (1473 - 1474)
အခန်း (1475 - 1476)
အခန်း (1477 - 1478)
အခန်း (1479 - 1480)
အခန်း (1481 - 1482)
အခန်း (1483 - 1484)
အခန်း (1485 - 1486)
အခန်း (1487 - 1488)
အခန်း (1489 - 1490)
အခန်း (1491 - 1492)
အခန်း (1493 - 1494)
အခန်း (1495 - 1496)
အခန်း (1499 - 1500)
အခန်း (1501 - 1502)
အခန်း (1503 - 1504)
အခန်း (1505 - 1506)
အခန်း (1507 - 1508)
အခန်း (1509 - 1510)
အခန်း (1511 - 1512)
အခန်း (1513 - 1514)
အခန်း (1515 - 1516)
အခန်း (1517 - 1518)
အခန်း (1519 - 1520)
အခန်း (1521 - 1522)
အခန်း (1523 - 1524)
အခန်း (1525 - 1526)
အခန်း (1527 - 1528)
အခန်း (1529 - 1530)
အခန်း (1531 - 1532)
အခန်း (1533 - 1534)
အခန်း (1535 - 1536)
အခန်း (1537 - 1538)
အခန်း (1539 - 1540)
အခန်း (1541 - 1542)
အခန်း (1543 - 1544)
အခန်း (1545 - 1546)
အခန်း (1547 - 1548)
အခန်း (1549 - 1550)
အခန်း (1551 - 1552)
အခန်း (1553 - 1554)
အခန်း (1555 - 1556)
အခန်း (1557 - 1558)
အခန်း (1559 - 1560)
အခန်း (1561 - 1562)
အခန်း (1563 - 1564)
အခန်း (1565 - 1566)
အခန်း (1567 - 1568)
အခန်း (1569 - 1570)
အခန်း (1571 - 1572)
အခန်း (1573 - 1574)
အခန်း (1575 - 1576)
အခန်း (1577 - 1578)
အခန်း (1579 - 1580)
အခန်း (1581 - 1582)
အခန်း (1583 - 1584)
အခန်း (1585 - 1586)
အခန်း (1587 - 1588)
အခန်း (1589 - 1590)
အခန်း (1591 - 1592)
အခန်း (1593 - 1594)
အခန်း (1595 - 1596)
အခန်း (1597 - 1598)
အခန်း (1599 - 1600)
အခန်း (1601 - 1602)
အခန်း (1603 - 1604)
အခန်း (1605 - 1606)
အခန်း (1607 - 1608)
အခန်း (1609 - 1610)
အခန်း (1611 - 1612)
အခန်း (1613 - 1614)
အခန်း (1615 - 1616)
အခန်း (1617 - 1618)
အခန်း (1619 - 1620)
အခန်း (1621 - 1622)
အခန်း (1623 - 1624)
အခန်း (1625 - 1626)
အခန်း (1627 - 1628)
အခန်း (1629 - 1630)
အခန်း (1631 - 1632)
အခန်း (1633 - 1634)
အခန်း (1635 - 1636)
အခန်း (1637 - 1638)
အခန်း (1639 - 1640)
အခန်း (1641 - 1642)
အခန်း (1643 - 1644)
အခန်း (1645 - 1646)
အခန်း (1647 - 1648)
အခန်း (1649 - 1650)
အခန်း (1651 - 1652)
အခန်း (1653 - 1654)
အခန်း (1655 - 1656)
အခန်း (1657 - 1658)
အခန်း (1659 - 1660)
အခန်း (1661 - 1662)
အခန်း (1663 - 1664)
အခန်း (1665 - 1666)
အခန်း (1667 - 1668)
အခန်း (1669 - 1670)
အခန်း (1671 - 1672)
အခန်း (1673 - 1674)
အခန်း (1675 - 1676)
အခန်း (1677 - 1678)
အခန်း (1679 - 1680)
အခန်း (1681 - 1682)
အခန်း (1683 - 1684)
အခန်း (1685 - 1686)
အခန်း (1687 - 1688)
အခန်း (1689 - 1690)
အခန်း (1691-1692)
အခန်း (1693-1694)
အခန်း (1695-1696)
အခန်း (1697-1698)
အခန်း (1699-1700)
အခန်း (1701-1702)
အခန်း (1703-1704)
အခန်း (1705-1706)
အခန်း (1707-1708)
အခန်း (1709-1710)
အခန်း (1711-1712)
အခန်း (1713-1714)
အခန်း (1715-1716)
အခန်း (1717-1718)
အခန်း (1719-1720)
အခန်း (1721-1722)
အခန်း (1723-1724)
အခန်း (1725-1726)
အခန်း (1727-1728)
အခန်း (1729-1730)
အခန်း (1731-1732)
အခန်း (1733 -1734)
အခန်း (1735-1736) Final
To readers ...

အခန်း (1497 - 1498)

274 36 1
بواسطة kilulayuu121

အခန်း (၁၄၉၇) : ကျမနှင့် ချစ်ကျွမ်းဝင်သော အာဏာရှင်စီနီယာ

ဂူမန်မန်နောက်မှာ စနိတ်ခ် ရှိနေသည့်အတွက် သူမရဲ့ဂါဝန်မလှဘူးလို့ ဘယ်သူက ပြောရဲမှာလဲ

ထို့အပြင် သူမရဲ့ဂါဝန်က ထိပ်တန်းဒီဇိုင်နာက ချုပ်ပေးထားသည့်အတွက် ဂူမန်မန်လို ငယ်ရွယ်လှပသူမဟုတ်ပဲ အသက်ကြီးသော အမျိုးသမီးတစ်ယောက်ဝတ်လျှင်ပင် ကျက်သရေရှိပြီး လှပမှာ သေချာသည်။

မိတ်ကပ်ပြင်ဆရာမတွေဆီက ချီးကျူးစကားကို ကြားရပြီးနောက်မှာတော့ ဂူမန်မန်လည်း ပိုပြီးတော့ ယုံကြည်မှု ရှိလာသည်။

သူမက ထိုင်ခုံပေါ်တွင် ထိုင်ကာ မိတ်ကပ်ပြင်ပေးတာနဲ့ ဆံပင်ပြင်ပေးတာကို ခံယူလိုက်သည်။ ဂူမန်မန်က‌ နေရခက်ပြီး မလှုပ်ရဲ ဖြစ်နေသည်။

စနိတ်ခ်ကတော့ စိတ်အေးသက်သာစွာဖြင့် အပေါ်ထပ်တွင် ကာကီရောင်ဝတ်စုံကို အထဲကနေ ရှပ်အဖြူခံကာ ဝတ်လိုက်သည်။ ထို့နောက် ဂူမန်မန် ဆင်မြန်းမည့် နီလာ ကျောက်မျက်ရတနာနှင့်လိုက်ဖက်အောင် နက်ကတိုင် နီလာကျောက်အရောင် တပ်လိုက်သည်။

စနိတ်ခ်က ဒီလိုပွဲမျိုးတွေကို တက်ရောက်ရတာ ကျင့်သားရနေပြီဖြစ်သည့်အတွက် ပြင်ဆင်မှုတွေကို မြန်မြန်ဆန်ဆန် လုပ်လိုက်နိုင်သည်။ ထို့နောက် ဘေးမှာထိုင်ကာ အသင့်ဖြစ်အောင် ပြင်ဆင်နေသော ဂူမန်မန်ကို ထိုင်ကြည့်နေပြီး သူမက ချစ်စရာကောင်းသည်ဟု တွေးနေသည်။

စနိတ်ခ်စိုက်ကြည့်တာ ရောင်ခြည်သာပါပါက ဂူမန်မန်၏ ခန္ဓာကိုယ်တွင် အပေါက်နှစ်ပေါက်တောင် ဖြစ်သွားလောက်ပြီ ဖြစ်သည်။

ဂူမန်မန်က စနိတ်ခ်ကို ကြည့်ကာ မေးလိုက်သည်

“ အပေါ်ထပ်မှာရှိတဲ့ ဂါဝန်တွေက ထိပ်တန်း ဒီဇိုင်နာ ၁၀ ယောက်ရဲ့ လက်ရာတွေလို့ ရှင် ပြောခဲ့တယ်မဟုတ်လား။ ကျမ ဘာလို့ ဂါဝန်ခုနစ်ထည်ပဲ တွေ့တာလဲ။ ကျန်တဲ့ သုံးထည်က ဘယ်ရောက်သွားတာလဲ။ ရှင် တစ်ယောက်ယောက်ကို ပေးလိုက်တာလား”

“ ကိုယ် လွှင့်ပစ်လိုက်တာ” စနိတ်ခ်က ရိုးရိုးလေး ဖြေလိုက်သော်လည်း ဂူမန်မန်ကတော့ သူ့တုံ့ပြန်ချက်ကြောင့် အံ့ဩထိတ်လန့်သွားရသည်။

ဂါဝန်ရဲ့ ပေါက်ဈေးကို မသိရင်တောင် ထိပ်တန်း ဒီဇိုင်နာ တစ်ယောက် ချုပ်ထားတဲ့ ဂါဝန်က ဘယ်လောက်ထိ ဈေးကြီးမယ်ဆိုတာကိုတော့ သူမ သိသည်။

အဲ့တာကို ဒီလူက လွှင့်ပစ်လိုက်တယ်ဆိုပြီးတော့ လွယ်လွယ် ပြောနေတာလား။ သူ ပိုက်ဆံ ဘယ်လောက်တောင် ဖြုန်းလိုက်တာလဲ

“ ဘာလို့လဲ” ဂူမန်မန်က ချက်ချင်းပြန်မေးလိုက်သည်။

ဒီဂါဝန်သုံးထည်အကြောင်းကို တွေးမိလိုက်တာနဲ့ စနိတ်ခ်ရဲ့ မျက်နှာစူပုတ်လာသည်။

သူ ချောင်းနှစ်ချက်ဟန့်ပြီးမှ ပြောလိုက်သည်

“ ရင်ဘတ်နဲ့ နောက်ကျောဘက်တွေကို အကုန်ဖော်ထားတယ်။ ပေါင်တံနေရာရောပဲ…..ကိုယ့်အမျိုးသမီးကို အကုန်လုံးက ဝိုင်းကြည့်လို့ ရတယ်များ ထင်နေလား မသိဘူး။ ဟင်း…..ထိပ်တန်းမလို့ပဲ…သူတို့က နာမည်ကြီးတာနဲ့ မထိုက်တန်ဘူး။ အသုံးမကျဘူး…..”

ဂူမန်မန် အခုမှ နားလည်သွားတော့သည်။

သူတို့ရဲ့ ဖော်ပြလွန်းတဲ့ ဒီဇိုင်းတွေကို သူက ဝေဖန်နေတာပဲ

ဂူမန်မန်က ဘာမှမပြောပဲ ပြုံးရုံသာ ပြုံးလိုက်သည်။

ဒီလိုမျိုး အဝတ်အစားဒီဇိုင်းတွေကလည်း သူမရဲ့ စတိုင်မဟုတ်ပေ။

သူ ဝတ်ခိုင်းလျှင်တောင် သူမ ဝတ်ဖြစ်မည် မဟုတ်ပေ။

ဘယ်လိုပဲဖြစ်ဖြစ်ပါ……

လွှင့်ပစ်ခံလိုက်ရတဲ့ ဂါဝန်သုံးထည်နဲ့ ပတ်သက်ပြီး ဂူမန်မန် ထင်တာ မှားသွားခဲ့သည်။ စကတ်က ဒူးအထက် ငါးစင်တီမီတာလောက်သာ တိုပြီး ‘ရင်ဘတ်၊ကျောနဲ့ ပေါင်တံ’တွေကို ထုတ်ဖော်ပြသတယ်လို့ ခေါ်ရလောက်တဲ့အထိ မဆိုးပေ။

အကုန်ပြင်ဆင်ပြီးနောက် ဂူမန်မန်က စနိတ်ခ်ကို ကြည့်လိုက်တော့ သူ့ရဲ့ကာကီရောင် အနောက်တိုင်းဝတ်စုံပေါ်ရှိ အိပ်ကပ်တွင် ‘မန်’ဆိုသော စာလုံးထိုးထားသည်ကို တွေ့လိုက်ရသည့်အတွက် မထိန်းနိုင်ပဲ ရယ်ကာ ပြောလိုက်သည်

“ အခုလို ပွဲမျိုးမှာ  ဒီလိုဝတ်စုံမျိုး ဝတ်လို့ သင့်တော်ပါ့မလား”

စနိတ်ခ်က ဘာမှဂရုမစိုက်သည့် ပုံစံဖြင့် ပြန်ဖြေလိုက်သည်

“ ဒီဝတ်စုံက မကောင်းလို့လား။ ဒါဆို ကိုယ်တစ်ခြားတစ်စုံ သွားလဲလိုက်မယ်လေ”

ဂူမန်မန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ အဲ့ဒီစာလုံး မပါတဲ့ တစ်ထည်သွားလဲလာခဲ့။ ပုံမှန်ဝတ်စုံလေး လဲလာခဲ့”

စနိတ်ခ်က ခြေလှမ်းတွေကို ရပ်တန့်ကာ ဂူမန်မန်ကို မယုံသင်္ကာဖြင့် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူက မိတ်ကပ်ပညာရှင်တွေကို ထွက်သွားရန် လက်ယမ်းပြလိုက်သည့်အတွက် သူတို့လည်း အထုပ်တောင် မသိမ်းနိုင်ပဲ ချက်ချင်းထွက်သွားကြသည်။

အခြေအနေတွေ ရုတ်တရက် ပြောင်းလဲသွားတာကို နားမလည်သောကြောင့် ဂူမန်မန်က စနိတ်ခ်ကိုစိုက်ကြည့်နေသည်။

စနိတ်ခ်က ဂူမန်မန်အနားသို့ ကပ်သွားကာ  မျက်မှောင်ကြုတ်ထားရင်း ပြောလိုက်သည်

“ ကိုယ် အမှားတစ်ခုခု လုပ်မိလို့လား”

“ ဟမ်….” ဘာတွေဖြစ်နေမှန်း ဂူမန်မန် နားမလည်တော့ပေ။

“ လွှင့်ပစ်ခံလိုက်ရတဲ့ ဂါဝန်သုံးထည်ကြောင့် စိတ်မကောင်းဖြစ်နေတာမလား။ အဲ့တာ….ကိုယ် ပြန်ရှာပေးနိုင်ပါတယ်”

“ မဟုတ်ပါဘူး။ ကျမလည်း အဲ့လိုမျိုး ဂါဝန်တွေ မကြိုက်ပါဘူး။ ရှင် လွှင့်ပစ်ထားတာကို ဘာလို့ ပြန်ရှာနေဦးမှာလဲ”

“ ဒါဆို မင်းက ဘာလို့ စိတ်တိုနေတာလဲ။ ကိုယ့်ကို တည့်တိုး ပြောပြလိုက်တော့” စနိတ်ခ်က ဂူမန်မန် စိုက်ကြည့်ကာ သူမ ရှင်းပြတာကို စောင့်နေသည်။


အခန်း (၁၄၉၈) : ကျမနှင့် ချစ်ကျွမ်းဝင်သော အာဏာရှင်စီနီယာ

“ ကျမ စိတ်မဆိုးပါဘူး” ဂူမန်မန် စနိတ်ခ်ကို တကယ် နားမလည်နိုင်တော့ပေ။

စနိတ်ခ်က အံကြိတ်ကာ ပြောလိုက်သည်

“ မင်း စိတ်မဆိုးဘူးဆိုရင် ကိုယ်တို့ရဲ့ပတ်သက်မှုကို ဘာလို့ ဖုံးကွယ်ချင်နေရတာလဲ။ ကျောင်းမှာတုန်းက မင်း ခွင့်မပြုလို့ မပြောခဲ့ဘူးဆိုပေမဲ့ အခုက မင်းက ကိုယ့်ချစ်သူ ဖြစ်နေပြီလေ။ ကိုယ့်ကို ဘာလို့အရှက်မရှိတဲ့သူ ဖြစ်အောင် လုပ်နေရတာလဲ။ ဂူမန်မန် ကိုယ်တို့နှစ်ယောက် တွဲနေတာက မင်းကို အရှက်ရစေလို့လား။ ကိုယ်က မင်းရဲ့ချစ်သူဆိုတာ တစ်ခြားသူတွေကို အသိမပေးချင်လို့လား”

“ မဟုတ်….အဲ့လို မဟုတ်ပါဘူး….” စနိတ်ခ်ကို လန့်လာသည့်အတွက် ဂူမန်မန် တဖြည်းဖြည်းနောက်သို့ ဆုတ်သွားမိသည်။

စနိတ်ခ်က ဂူမန်မန်ကို နံရံအထိသွားအောင် ဖိအားပေးလိုက်သည်။ သူမ နံရံနဲ့မတိုက်မိခင် သူမကို ရင်ခွင်ထဲ ဆွဲသွင်းကာ ပြောလိုက်သည်

“ နံရံက အေးနေတာမလို့ ကိုယ့်ကိုပဲ မှီထား”

သူက ပြောရင်း  ဂူမန်မန်ကို ဖက်ထားရင်း ခန္ဓာကိုယ်ကို လှည့်ကာ နံရံဘက်ကို သူနေလိုက်သည်။

ထို့နောက် ဆက်မေးလိုက်သည်

“ ဒီလိုမဟုတ်ဘူးဆိုရင် ဘာလို့ မင်းနာမည်ထိုးထားတဲ့ ဝတ်စုံကို ဝတ်ခွင့်မပေးချင်ရတာလဲ”

ဂူမန်မန်လည်း အခုမှ စနိတ်ခ် ပြောနေသော အကြောင်းအရာကို ကောင်းကောင်းနားလည်သွားတော့သည်။

သူမ ပြန်စဉ်းစားရင်း ဟက်ဟက်ပက်ပက် ရယ်မိတော့ စနိတ်ခ်က မကျေနပ်သည့်ပုံစံဖြင့် ပြောလိုက်သည်

“ ဘာလို့ရယ်နေတာလဲ။ ကိုယ် လေးနက်တဲ့ ကိစ္စကို ပြောနေတာလေ”

ဂူမန်မန်က ခေါင်းယမ်းပြကာ ပြောလိုက်သည်

“ ကျမက အခုပွဲမှာ ရှင့်လက်ကို ချိတ်ပြီး တက်မှာပဲလေ။ ဘယ်သူက ကျမတို့ရဲ့ပတ်သက်မှုကို မသိပဲနေပါ့မလဲ။ စကားလုံးတွေ သုံးပြီးတော့ ပြောဖို့ လိုသေးလို့လား”

“ ကိုယ့်အတွက်တော့ လိုတယ်….” စနိတ်ခ်က ပြောလိုက်သည်

“ သူတို့ ကိုယ့်ကို ကြည့်လိုက်တာနဲ့ မင်းက ကိုယ့်အပိုင်ဆိုတာကို အကုန်လုံးကို သိသွားစေချင်တာ…အထူးသဖြင့် အထီးတွေကို ……”

“ ကျစ်….ရှင့်ကိုယ်ရှင် တိရစ္ဆာန်ကမ္ဘာအကြောင်း ရုပ်ရှင်ရိုက်တယ် ထင်နေတာလား။ အထီးတဲ့လား….” ဂူမန်မန်က ရယ်မောရင်း ပြောလိုက်သည်

“ ကျမက အဲ့တာကို စီအီးအို တစ်ယောက်အနေနဲ့ ပြောနေတာ ရှင် ‘မန်’ဆိုတဲ့စာလုံးကို အိပ်ကပ်ပေါ်မှာ ရေးထားရင် အလှောင်ခံနေရမှာ စိုးရိမ်လို့ပါ။ ကျမတို့ရဲ့ပတ်သက်မှုကို ဖုံးကွယ်ချင်လို့ မဟုတ်ပါဘူး”

“ ကိုယ်က စနိတ်ခ်ပါ ဘယ်သူက ကိုယ့်ကို လှောင်ရဲမှာလဲ” စနိတ်ခ်က ခေါင်းမော့ရင်ကော့ကာ ပြောလိုက်သည်။

ဂူမန်မန်က သက်ပြင်းချကာ ပြန်ဖြေလိုက်သည်

“ အင်းပါ အင်းပါ ရှင် မလဲချင်ရင် မလဲနဲ့တော့လေ”

ဂူမန်မန်က စနိတ်ခ်၏ အိပ်ကပ်ပေါ်ရှိ စာလုံးလေးကို ဖွဖွလေး ထိတွေ့လိုက်သည်။

ဒီလိုလုပ်တာက ကလေးဆန်သော်လည်း….ဒီအရာလေးကပဲ လုံခြုံမှုပေးတယ်ဆိုတာကိုတော့ ဂူမန်မန်  ငြင်းလို့မရပေ။

စနိတ်ခ်လည်း အခုမှ မျက်နှာကြော ဖြေလျှော့သွားသည်။

ထို့နောက် ဂူမန်မန်၏ မေးစေ့လေးကို အသာပင့်တင်ကာ သတိပေးလိုက်သည်

“ ကိုယ်တို့ရဲ့ ပတ်သက်မှုကို ဖုံးကွယ်ဖို့ မကြိုးစားပါနဲ့။ ကိုယ်က မင်းဘေးနားမှာ ရပ်ပြီးတော့ မင်းက ကိုယ့်အပိုင်ဆိုတာ အကုန်လုံးကို သိစေချင်တာ။ မင်းကို ကြည့်ရဲတဲ့သူတွေကိုလည်း ခွင့်လွှတ်မှာ မဟုတ်ဘူး။ ကိုယ့်နားကို ကပ်လာရဲတဲ့သူတွေရဲ့ မိန်းကလေးတွေရှိရင်လည်း သူတို့မိသားစုကို နာကျင်အောင် လုပ်ပေးမယ်”

သူမကို နှောင့်ယှက်သောသူတွေကို စနိတ်ခ် ဘယ်လိုလုပ်ခဲ့လဲဆိုတာကို မသိသည့်အတွက် ဂူမန်မန်က စနိတ်ခ် ပြောသောစကားကို ဟာသတစ်ခုအဖြစ်သာ မှတ်ယူလိုက်သည်။

စနိတ်ခ်က ချမ်းသာပြီး အာဏာရှိတယ်ဆိုတာကိုသာ သူမ သိပြီး သူမကို သူ ပေးလိုက်တဲ့ကတိတိုင်းကို ဖြစ်လာအောင် လုပ်လေ့ရှိတာကိုတော့ သူမ မသိခဲ့ပေ။

စနိတ်ခ်က ဂူမန်မန်ကို တစ်ခြားသူ မောင်းသော ကားပေါ်မှာမလိုက်ပါစေချင်သည့်အတွက် သူကိုယ်တိုင် ကားမောင်းလိုက်သည်။

အကန့်အသတ်ဖြင့် ထုတ်ထားသော ပြိုင်ကားလေး သတင်းစာရှင်းလင်းပွဲနေရာသို့ ဆိုက်ရောက်လာချိန်မှာတော့ လူအားလုံး၏ အာရုံစိုက်မှုကို လက်ခံရရှိလိုက်သည်။

MonSir ကုမ္ပဏီ၏ စီအီးအိုက သူ့မျက်နှာကို အခုလိုမျိုး ပြလေ့မရှိပေ။ အခု ရာထူးလွှဲပြောင်းပွဲမှာမှ မီဒီယာတွေရှေ့သို့ ပထမဆုံးအကြိမ် လာရောက်ခြင်း ဖြစ်သည်။

ကားတံခါးကို ဖွင့်လိုက်ချိန်မှာတော့ သတင်းသမားတွေအကုန်လုံး မှင်သက်သွားရသည်။

ရှည်လျားသောအရပ်အပြင် တောက်ပသောမျက်နှာရှိသည့် ချောမောသော မင်းသားလေးက ကားထဲကနေ ထွက်လာကာ တစ်ဖက်ခြမ်းက တံခါးကိုဖွင့်ရင်း မင်းသမီးလေး၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ မင်းသမီးလေး ထွက်လာချိန်မှာတော့ မျက်နှာလေးက အရမ်းကို ရိုးသားတာကြောင့် အားလုံးက ကာကွယ်ပေးချင်စိတ်ပင် ဖြစ်ပေါ်နေသည်။ သူတို့နှစ်ယောက် အတူတူ ယှဉ်ရပ်လိုက်ချိန်မှာတော့ လှပသော ပုံပြင်တစ်ပုဒ်လို ဖြစ်သွားသည်။

ဒါက စီအီးအို ရာထူးလွှဲပြောင်းတဲ့ သတင်းစာရှင်းလင်းပွဲလား စေ့စပ်ပွဲလားဆိုတာ မသဲကွဲတော့ပေ

****

အခန္း (၁၄၉၇) : က်မႏွင့္ ခ်စ္ကြၽမ္းဝင္ေသာ အာဏာရွင္စီနီယာ

ဂူမန္မန္ေနာက္မွာ စနိတ္ခ္ ရွိေနသည့္အတြက္ သူမရဲ႕ဂါဝန္မလွဘူးလို႔ ဘယ္သူက ေျပာရဲမွာလဲ

ထို႔အျပင္ သူမရဲ႕ဂါဝန္က ထိပ္တန္းဒီဇိုင္နာက ခ်ဳပ္ေပးထားသည့္အတြက္ ဂူမန္မန္လို ငယ္႐ြယ္လွပသူမဟုတ္ပဲ အသက္ႀကီးေသာ အမ်ိဳးသမီးတစ္ေယာက္ဝတ္လွ်င္ပင္ က်က္သေရရွိၿပီး လွပမွာ ေသခ်ာသည္။

မိတ္ကပ္ျပင္ဆရာမေတြဆီက ခ်ီးက်ဴးစကားကို ၾကားရၿပီးေနာက္မွာေတာ့ ဂူမန္မန္လည္း ပိုၿပီးေတာ့ ယုံၾကည္မႈ ရွိလာသည္။

သူမက ထိုင္ခုံေပၚတြင္ ထိုင္ကာ မိတ္ကပ္ျပင္ေပးတာနဲ႔ ဆံပင္ျပင္ေပးတာကို ခံယူလိုက္သည္။ ဂူမန္မန္က‌ ေနရခက္ၿပီး မလႈပ္ရဲ ျဖစ္ေနသည္။

စနိတ္ခ္ကေတာ့ စိတ္ေအးသက္သာစြာျဖင့္ အေပၚထပ္တြင္ ကာကီေရာင္ဝတ္စုံကို အထဲကေန ရွပ္အျဖဴခံကာ ဝတ္လိုက္သည္။ ထို႔ေနာက္ ဂူမန္မန္ ဆင္ျမန္းမည့္ နီလာ ေက်ာက္မ်က္ရတနာႏွင့္လိုက္ဖက္ေအာင္ နက္ကတိုင္ နီလာေက်ာက္အေရာင္ တပ္လိုက္သည္။

စနိတ္ခ္က ဒီလိုပြဲမ်ိဳးေတြကို တက္ေရာက္ရတာ က်င့္သားရေနၿပီျဖစ္သည့္အတြက္ ျပင္ဆင္မႈေတြကို ျမန္ျမန္ဆန္ဆန္ လုပ္လိုက္ႏိုင္သည္။ ထို႔ေနာက္ ေဘးမွာထိုင္ကာ အသင့္ျဖစ္ေအာင္ ျပင္ဆင္ေနေသာ ဂူမန္မန္ကို ထိုင္ၾကည့္ေနၿပီး သူမက ခ်စ္စရာေကာင္းသည္ဟု ေတြးေနသည္။

စနိတ္ခ္စိုက္ၾကည့္တာ ေရာင္ျခည္သာပါပါက ဂူမန္မန္၏ ခႏၶာကိုယ္တြင္ အေပါက္ႏွစ္ေပါက္ေတာင္ ျဖစ္သြားေလာက္ၿပီ ျဖစ္သည္။

ဂူမန္မန္က စနိတ္ခ္ကို ၾကည့္ကာ ေမးလိုက္သည္

“ အေပၚထပ္မွာရွိတဲ့ ဂါဝန္ေတြက ထိပ္တန္း ဒီဇိုင္နာ ၁၀ ေယာက္ရဲ႕ လက္ရာေတြလို႔ ရွင္ ေျပာခဲ့တယ္မဟုတ္လား။ က်မ ဘာလို႔ ဂါဝန္ခုနစ္ထည္ပဲ ေတြ႕တာလဲ။ က်န္တဲ့ သုံးထည္က ဘယ္ေရာက္သြားတာလဲ။ ရွင္ တစ္ေယာက္ေယာက္ကို ေပးလိုက္တာလား”

“ ကိုယ္ လႊင့္ပစ္လိုက္တာ” စနိတ္ခ္က ႐ိုး႐ိုးေလး ေျဖလိုက္ေသာ္လည္း ဂူမန္မန္ကေတာ့ သူ႔တုံ႔ျပန္ခ်က္ေၾကာင့္ အံ့ဩထိတ္လန႔္သြားရသည္။

ဂါဝန္ရဲ႕ ေပါက္ေဈးကို မသိရင္ေတာင္ ထိပ္တန္း ဒီဇိုင္နာ တစ္ေယာက္ ခ်ဳပ္ထားတဲ့ ဂါဝန္က ဘယ္ေလာက္ထိ ေဈးႀကီးမယ္ဆိုတာကိုေတာ့ သူမ သိသည္။

အဲ့တာကို ဒီလူက လႊင့္ပစ္လိုက္တယ္ဆိုၿပီးေတာ့ လြယ္လြယ္ ေျပာေနတာလား။ သူ ပိုက္ဆံ ဘယ္ေလာက္ေတာင္ ျဖဳန္းလိုက္တာလဲ

“ ဘာလို႔လဲ” ဂူမန္မန္က ခ်က္ခ်င္းျပန္ေမးလိုက္သည္။

ဒီဂါဝန္သုံးထည္အေၾကာင္းကို ေတြးမိလိုက္တာနဲ႔ စနိတ္ခ္ရဲ႕ မ်က္ႏွာစူပုတ္လာသည္။

သူ ေခ်ာင္းႏွစ္ခ်က္ဟန႔္ၿပီးမွ ေျပာလိုက္သည္

“ ရင္ဘတ္နဲ႔ ေနာက္ေက်ာဘက္ေတြကို အကုန္ေဖာ္ထားတယ္။ ေပါင္တံေနရာေရာပဲ…..ကိုယ့္အမ်ိဳးသမီးကို အကုန္လုံးက ဝိုင္းၾကည့္လို႔ ရတယ္မ်ား ထင္ေနလား မသိဘူး။ ဟင္း…..ထိပ္တန္းမလို႔ပဲ…သူတို႔က နာမည္ႀကီးတာနဲ႔ မထိုက္တန္ဘူး။ အသုံးမက်ဘူး…..”

ဂူမန္မန္ အခုမွ နားလည္သြားေတာ့သည္။

သူတို႔ရဲ႕ ေဖာ္ျပလြန္းတဲ့ ဒီဇိုင္းေတြကို သူက ေဝဖန္ေနတာပဲ

ဂူမန္မန္က ဘာမွမေျပာပဲ ၿပဳံး႐ုံသာ ၿပဳံးလိုက္သည္။

ဒီလိုမ်ိဳး အဝတ္အစားဒီဇိုင္းေတြကလည္း သူမရဲ႕ စတိုင္မဟုတ္ေပ။

သူ ဝတ္ခိုင္းလွ်င္ေတာင္ သူမ ဝတ္ျဖစ္မည္ မဟုတ္ေပ။

ဘယ္လိုပဲျဖစ္ျဖစ္ပါ……

လႊင့္ပစ္ခံလိုက္ရတဲ့ ဂါဝန္သုံးထည္နဲ႔ ပတ္သက္ၿပီး ဂူမန္မန္ ထင္တာ မွားသြားခဲ့သည္။ စကတ္က ဒူးအထက္ ငါးစင္တီမီတာေလာက္သာ တိုၿပီး ‘ရင္ဘတ္၊ေက်ာနဲ႔ ေပါင္တံ’ေတြကို ထုတ္ေဖာ္ျပသတယ္လို႔ ေခၚရေလာက္တဲ့အထိ မဆိုးေပ။

အကုန္ျပင္ဆင္ၿပီးေနာက္ ဂူမန္မန္က စနိတ္ခ္ကို ၾကည့္လိုက္ေတာ့ သူ႔ရဲ႕ကာကီေရာင္ အေနာက္တိုင္းဝတ္စုံေပၚရွိ အိပ္ကပ္တြင္ ‘မန္’ဆိုေသာ စာလုံးထိုးထားသည္ကို ေတြ႕လိုက္ရသည့္အတြက္ မထိန္းႏိုင္ပဲ ရယ္ကာ ေျပာလိုက္သည္

“ အခုလို ပြဲမ်ိဳးမွာ  ဒီလိုဝတ္စုံမ်ိဳး ဝတ္လို႔ သင့္ေတာ္ပါ့မလား”

စနိတ္ခ္က ဘာမွဂ႐ုမစိုက္သည့္ ပုံစံျဖင့္ ျပန္ေျဖလိုက္သည္

“ ဒီဝတ္စုံက မေကာင္းလို႔လား။ ဒါဆို ကိုယ္တစ္ျခားတစ္စုံ သြားလဲလိုက္မယ္ေလ”

ဂူမန္မန္က ေခါင္းညိတ္ျပကာ ေျပာလိုက္သည္

“ အဲ့ဒီစာလုံး မပါတဲ့ တစ္ထည္သြားလဲလာခဲ့။ ပုံမွန္ဝတ္စုံေလး လဲလာခဲ့”

စနိတ္ခ္က ေျခလွမ္းေတြကို ရပ္တန႔္ကာ ဂူမန္မန္ကို မယုံသကၤာျဖင့္ လွည့္ၾကည့္လိုက္သည္။ ထို႔ေနာက္ သူက မိတ္ကပ္ပညာရွင္ေတြကို ထြက္သြားရန္ လက္ယမ္းျပလိုက္သည့္အတြက္ သူတို႔လည္း အထုပ္ေတာင္ မသိမ္းႏိုင္ပဲ ခ်က္ခ်င္းထြက္သြားၾကသည္။

အေျခအေနေတြ ႐ုတ္တရက္ ေျပာင္းလဲသြားတာကို နားမလည္ေသာေၾကာင့္ ဂူမန္မန္က စနိတ္ခ္ကိုစိုက္ၾကည့္ေနသည္။

စနိတ္ခ္က ဂူမန္မန္အနားသို႔ ကပ္သြားကာ  မ်က္ေမွာင္ၾကဳတ္ထားရင္း ေျပာလိုက္သည္

“ ကိုယ္ အမွားတစ္ခုခု လုပ္မိလို႔လား”

“ ဟမ္….” ဘာေတြျဖစ္ေနမွန္း ဂူမန္မန္ နားမလည္ေတာ့ေပ။

“ လႊင့္ပစ္ခံလိုက္ရတဲ့ ဂါဝန္သုံးထည္ေၾကာင့္ စိတ္မေကာင္းျဖစ္ေနတာမလား။ အဲ့တာ….ကိုယ္ ျပန္ရွာေပးႏိုင္ပါတယ္”

“ မဟုတ္ပါဘူး။ က်မလည္း အဲ့လိုမ်ိဳး ဂါဝန္ေတြ မႀကိဳက္ပါဘူး။ ရွင္ လႊင့္ပစ္ထားတာကို ဘာလို႔ ျပန္ရွာေနဦးမွာလဲ”

“ ဒါဆို မင္းက ဘာလို႔ စိတ္တိုေနတာလဲ။ ကိုယ့္ကို တည့္တိုး ေျပာျပလိုက္ေတာ့” စနိတ္ခ္က ဂူမန္မန္ စိုက္ၾကည့္ကာ သူမ ရွင္းျပတာကို ေစာင့္ေနသည္။


အခန္း (၁၄၉၈) : က်မႏွင့္ ခ်စ္ကြၽမ္းဝင္ေသာ အာဏာရွင္စီနီယာ

“ က်မ စိတ္မဆိုးပါဘူး” ဂူမန္မန္ စနိတ္ခ္ကို တကယ္ နားမလည္ႏိုင္ေတာ့ေပ။

စနိတ္ခ္က အံႀကိတ္ကာ ေျပာလိုက္သည္

“ မင္း စိတ္မဆိုးဘူးဆိုရင္ ကိုယ္တို႔ရဲ႕ပတ္သက္မႈကို ဘာလို႔ ဖုံးကြယ္ခ်င္ေနရတာလဲ။ ေက်ာင္းမွာတုန္းက မင္း ခြင့္မျပဳလို႔ မေျပာခဲ့ဘူးဆိုေပမဲ့ အခုက မင္းက ကိုယ့္ခ်စ္သူ ျဖစ္ေနၿပီေလ။ ကိုယ့္ကို ဘာလို႔အရွက္မရွိတဲ့သူ ျဖစ္ေအာင္ လုပ္ေနရတာလဲ။ ဂူမန္မန္ ကိုယ္တို႔ႏွစ္ေယာက္ တြဲေနတာက မင္းကို အရွက္ရေစလို႔လား။ ကိုယ္က မင္းရဲ႕ခ်စ္သူဆိုတာ တစ္ျခားသူေတြကို အသိမေပးခ်င္လို႔လား”

“ မဟုတ္….အဲ့လို မဟုတ္ပါဘူး….” စနိတ္ခ္ကို လန႔္လာသည့္အတြက္ ဂူမန္မန္ တျဖည္းျဖည္းေနာက္သို႔ ဆုတ္သြားမိသည္။

စနိတ္ခ္က ဂူမန္မန္ကို နံရံအထိသြားေအာင္ ဖိအားေပးလိုက္သည္။ သူမ နံရံနဲ႔မတိုက္မိခင္ သူမကို ရင္ခြင္ထဲ ဆြဲသြင္းကာ ေျပာလိုက္သည္

“ နံရံက ေအးေနတာမလို႔ ကိုယ့္ကိုပဲ မွီထား”

သူက ေျပာရင္း  ဂူမန္မန္ကို ဖက္ထားရင္း ခႏၶာကိုယ္ကို လွည့္ကာ နံရံဘက္ကို သူေနလိုက္သည္။

ထို႔ေနာက္ ဆက္ေမးလိုက္သည္

“ ဒီလိုမဟုတ္ဘူးဆိုရင္ ဘာလို႔ မင္းနာမည္ထိုးထားတဲ့ ဝတ္စုံကို ဝတ္ခြင့္မေပးခ်င္ရတာလဲ”

ဂူမန္မန္လည္း အခုမွ စနိတ္ခ္ ေျပာေနေသာ အေၾကာင္းအရာကို ေကာင္းေကာင္းနားလည္သြားေတာ့သည္။

သူမ ျပန္စဥ္းစားရင္း ဟက္ဟက္ပက္ပက္ ရယ္မိေတာ့ စနိတ္ခ္က မေက်နပ္သည့္ပုံစံျဖင့္ ေျပာလိုက္သည္

“ ဘာလို႔ရယ္ေနတာလဲ။ ကိုယ္ ေလးနက္တဲ့ ကိစၥကို ေျပာေနတာေလ”

ဂူမန္မန္က ေခါင္းယမ္းျပကာ ေျပာလိုက္သည္

“ က်မက အခုပြဲမွာ ရွင့္လက္ကို ခ်ိတ္ၿပီး တက္မွာပဲေလ။ ဘယ္သူက က်မတို႔ရဲ႕ပတ္သက္မႈကို မသိပဲေနပါ့မလဲ။ စကားလုံးေတြ သုံးၿပီးေတာ့ ေျပာဖို႔ လိုေသးလို႔လား”

“ ကိုယ့္အတြက္ေတာ့ လိုတယ္….” စနိတ္ခ္က ေျပာလိုက္သည္

“ သူတို႔ ကိုယ့္ကို ၾကည့္လိုက္တာနဲ႔ မင္းက ကိုယ့္အပိုင္ဆိုတာကို အကုန္လုံးကို သိသြားေစခ်င္တာ…အထူးသျဖင့္ အထီးေတြကို ……”

“ က်စ္….ရွင့္ကိုယ္ရွင္ တိရစာၦန္ကမာၻအေၾကာင္း ႐ုပ္ရွင္႐ိုက္တယ္ ထင္ေနတာလား။ အထီးတဲ့လား….” ဂူမန္မန္က ရယ္ေမာရင္း ေျပာလိုက္သည္

“ က်မက အဲ့တာကို စီအီးအို တစ္ေယာက္အေနနဲ႔ ေျပာေနတာ ရွင္ ‘မန္’ဆိုတဲ့စာလုံးကို အိပ္ကပ္ေပၚမွာ ေရးထားရင္ အေလွာင္ခံေနရမွာ စိုးရိမ္လို႔ပါ။ က်မတို႔ရဲ႕ပတ္သက္မႈကို ဖုံးကြယ္ခ်င္လို႔ မဟုတ္ပါဘူး”

“ ကိုယ္က စနိတ္ခ္ပါ ဘယ္သူက ကိုယ့္ကို ေလွာင္ရဲမွာလဲ” စနိတ္ခ္က ေခါင္းေမာ့ရင္ေကာ့ကာ ေျပာလိုက္သည္။

ဂူမန္မန္က သက္ျပင္းခ်ကာ ျပန္ေျဖလိုက္သည္

“ အင္းပါ အင္းပါ ရွင္ မလဲခ်င္ရင္ မလဲနဲ႔ေတာ့ေလ”

ဂူမန္မန္က စနိတ္ခ္၏ အိပ္ကပ္ေပၚရွိ စာလုံးေလးကို ဖြဖြေလး ထိေတြ႕လိုက္သည္။

ဒီလိုလုပ္တာက ကေလးဆန္ေသာ္လည္း….ဒီအရာေလးကပဲ လုံၿခဳံမႈေပးတယ္ဆိုတာကိုေတာ့ ဂူမန္မန္  ျငင္းလို႔မရေပ။

စနိတ္ခ္လည္း အခုမွ မ်က္ႏွာေၾကာ ေျဖေလွ်ာ့သြားသည္။

ထို႔ေနာက္ ဂူမန္မန္၏ ေမးေစ့ေလးကို အသာပင့္တင္ကာ သတိေပးလိုက္သည္

“ ကိုယ္တို႔ရဲ႕ ပတ္သက္မႈကို ဖုံးကြယ္ဖို႔ မႀကိဳးစားပါနဲ႔။ ကိုယ္က မင္းေဘးနားမွာ ရပ္ၿပီးေတာ့ မင္းက ကိုယ့္အပိုင္ဆိုတာ အကုန္လုံးကို သိေစခ်င္တာ။ မင္းကို ၾကည့္ရဲတဲ့သူေတြကိုလည္း ခြင့္လႊတ္မွာ မဟုတ္ဘူး။ ကိုယ့္နားကို ကပ္လာရဲတဲ့သူေတြရဲ႕ မိန္းကေလးေတြရွိရင္လည္း သူတို႔မိသားစုကို နာက်င္ေအာင္ လုပ္ေပးမယ္”

သူမကို ေႏွာင့္ယွက္ေသာသူေတြကို စနိတ္ခ္ ဘယ္လိုလုပ္ခဲ့လဲဆိုတာကို မသိသည့္အတြက္ ဂူမန္မန္က စနိတ္ခ္ ေျပာေသာစကားကို ဟာသတစ္ခုအျဖစ္သာ မွတ္ယူလိုက္သည္။

စနိတ္ခ္က ခ်မ္းသာၿပီး အာဏာရွိတယ္ဆိုတာကိုသာ သူမ သိၿပီး သူမကို သူ ေပးလိုက္တဲ့ကတိတိုင္းကို ျဖစ္လာေအာင္ လုပ္ေလ့ရွိတာကိုေတာ့ သူမ မသိခဲ့ေပ။

စနိတ္ခ္က ဂူမန္မန္ကို တစ္ျခားသူ ေမာင္းေသာ ကားေပၚမွာမလိုက္ပါေစခ်င္သည့္အတြက္ သူကိုယ္တိုင္ ကားေမာင္းလိုက္သည္။

အကန႔္အသတ္ျဖင့္ ထုတ္ထားေသာ ၿပိဳင္ကားေလး သတင္းစာရွင္းလင္းပြဲေနရာသို႔ ဆိုက္ေရာက္လာခ်ိန္မွာေတာ့ လူအားလုံး၏ အာ႐ုံစိုက္မႈကို လက္ခံရရွိလိုက္သည္။

MonSir ကုမၸဏီ၏ စီအီးအိုက သူ႔မ်က္ႏွာကို အခုလိုမ်ိဳး ျပေလ့မရွိေပ။ အခု ရာထူးလႊဲေျပာင္းပြဲမွာမွ မီဒီယာေတြေရွ႕သို႔ ပထမဆုံးအႀကိမ္ လာေရာက္ျခင္း ျဖစ္သည္။

ကားတံခါးကို ဖြင့္လိုက္ခ်ိန္မွာေတာ့ သတင္းသမားေတြအကုန္လုံး မွင္သက္သြားရသည္။

ရွည္လ်ားေသာအရပ္အျပင္ ေတာက္ပေသာမ်က္ႏွာရွိသည့္ ေခ်ာေမာေသာ မင္းသားေလးက ကားထဲကေန ထြက္လာကာ တစ္ဖက္ျခမ္းက တံခါးကိုဖြင့္ရင္း မင္းသမီးေလး၏ လက္ကို ဆုပ္ကိုင္လိုက္သည္။ မင္းသမီးေလး ထြက္လာခ်ိန္မွာေတာ့ မ်က္ႏွာေလးက အရမ္းကို ႐ိုးသားတာေၾကာင့္ အားလုံးက ကာကြယ္ေပးခ်င္စိတ္ပင္ ျဖစ္ေပၚေနသည္။ သူတို႔ႏွစ္ေယာက္ အတူတူ ယွဥ္ရပ္လိုက္ခ်ိန္မွာေတာ့ လွပေသာ ပုံျပင္တစ္ပုဒ္လို ျဖစ္သြားသည္။

ဒါက စီအီးအို ရာထူးလႊဲေျပာင္းတဲ့ သတင္းစာရွင္းလင္းပြဲလား ေစ့စပ္ပြဲလားဆိုတာ မသဲကြဲေတာ့ေပ

واصل القراءة

ستعجبك أيضاً

ညို...(Completed) بواسطة Dee🐣

الخيال (فانتازيا)

2.7M 75.1K 20
"ညိုလဲ လူတွေထဲက လူသားတစ်ယောက်ပါ ညို့ရဲ့ ဖြစ်တည်မှုက ဘယ်သူတွေကို ထိခိုက်နေလို့လဲ..မေမေ" "ညို မရှင်သန်ချင်တော့ဘူး... ဒီလောကကြီးမှာ ညိုတို့လိုလူတွေအတွက်...
99.7K 9.9K 70
Type - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)
Final Boss Is No Joke بواسطة Trio3amethys

الخيال (فانتازيا)

238K 35.5K 84
သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုနှစ်သက်တဲ့စာရေးဆရာမရှီရှန်းက ရေးလက်စစာအုပ်များစွာကိုရပ် တန့်ခဲ့တယ် မြောက်များစွာသော ‌အဓိကဇာတ်ဆောင်တွေကို ဝမ်းနည်းစရာအဆုံး...
483K 68.9K 171
ရှီရှန်း arc 11 က​နေ စတင်တာပါ arc 1က​နေ 10ထိကို workထဲမှာ သွားရှာနိုင်ပါတယ် ႐ွီ႐ွန္း arc 11 က​ေန စတင္တာပါ arc 1က​ေန 10ထိကို workထဲမွာ သြား႐ွာႏိုင္ပါတ...