ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(...

Oleh Change_7

742K 64.6K 6.6K

မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်... Lebih Banyak

Intro
အပိုင်း✨🍁(၁)
အပိုင်း✨🍁(၂)
အပိုင်း✨🍁(၃)
Attention please❤️
အပိုင်း✨🍁(၄)
အပိုင်း✨🍁(၅)
အပိုင်း✨🍁(၆)
အပိုင်း✨🍁(၇)
အပိုင်း✨🍁(၈)
အပိုင်း✨🍁(၉)
အပိုင်း✨🍁(၁၀)
အပိုင်း✨🍁(၁၁)
အပိုင်း✨🍁(၁၂)
အပိုင်း✨🍁(၁၃)
အပိုင်း✨🍁(၁၄)
အပိုင်း✨🍁(၁၅)
အပိုင်း✨🍁(၁၆)
အပိုင်း✨🍁(၁၇)
အပိုင်း✨🍁(၁၈)
အပိုင်း✨🍁(၁၉)
အပိုင်း✨🍁(၂၀)
အပိုင်း✨🍁(၂၁)
အပိုင်း✨🍁(၂၂)
အပိုင်း✨🍁(၂၃)
အပိုင်း✨🍁(၂၄)
အပိုင်း✨🍁(၂၄)( Zawgyi)
အပိုင်း✨🍁(၂၅)
အပိုင်း✨🍁(၂၆)
အပိုင်း✨🍁(၂၇)
အပိုင်း✨🍁(၂၈)
အပိုင်း✨🍁(၂၉)
အပိုင်း✨🍁(၃၀)
အပိုင်း✨🍁(၃၁)
အပိုင်း✨🍁(၃၂)
အပိုင်း✨🍁(၃၃)
အပိုင်း✨🍁(၃၄)
အပိုင်း✨🍁(၃၅)
အပိုင်း✨🍁(၃၆)
အပိုင်း✨🍁(၃၇)
အပိုင်း✨🍁(၃၈)
အပိုင်း✨🍁(၃၉)
အပိုင်း✨🍁(၄၀)
အပိုင်း✨🍁(၄၁)
အပိုင်း✨🍁(၄၂)
အပိုင်း✨🍁(၄၃)
အပိုင်း✨🍁(၄၄)
အပိုင်း✨🍁(၄၅)
အပိုင်း✨🍁(၄၆)
အပိုင်း✨🍁(၄၇)
အပိုင်း✨🍁(၄၉)
အပိုင်း✨🍁(၅၀)
အပိုင်း✨🍁(၅၁)
အပိုင်း✨🍁(၅၂)-(Final)
Extra✨🍁(1)
Extra✨🍁(2)
Extra✨🍁(3)
Special Extra (4)

အပိုင်း✨🍁(၄၈)

10.9K 1K 112
Oleh Change_7

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၄၈)

တစ်ဖက်က cafeဆိုင်ထဲမှရယ်မောကာ ဖုန်း‌ပြောရင်းထွက်လာပါသော မင်းမြတ်အားကြည့်ရင်း ရန်ငြိမ်းထွဋ် ကားပေါ်မှအမြန်ဆင်းလိုက်သည်။အရင်နေ့များ‌ကတော့ ထိုအရိပ်လေးကိုကြည့်ပြီး လှည့်ပြန်သွားတတ်ပေမယ့် ယခုတော့ အရဲစွန့်ပြီးစကားပြောဖို့ အနားသွားလိုက်သည်။

“မင်းမြတ်..”

ဧကလေး မိမိနောက်မှထွက်ပေါ်လာသော အသံကြောင့် မျက်နှာကချက်ချင်းတင်းမာခက်ထန်သွားသည်။ပုံမှန်တိုင်းဆို မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှူလိုက်မှာမှန်ပေမယ့် ဆက်တိုက်အနောက်ကနေ တစ်ကောက်ကောက်လိုက်၍နှောင့်ယှက်နေဦးမည်ပဲဖြစ်သောကြောင့် နောက်ဆုံးအနေနှင့်သတိပေးဖို့ လှည့်ကြည့်လိုက်သည်။

ရန်ငြိမ်းထွဋ် သူ့အား ခက်ထန်စွာကြည့်လာပါသော ချစ်ရသူကြောင့် ရင်ဘတ်ထဲဆစ်ခနဲနာကျင်သွားရသည်။သို့သော် မျက်နှာတွင် မပေါ်စေရဘဲ အလျှင်အမြန်ပြုံးလိုက်ရင်း...
“စကားခဏလောက်ပြောလို့ရမလား...”

“....”

“ကိုယ် မကြာပါဘူး ခဏလေးပဲ ခဏလေးပဲစကားပြောချင်လို့...”

“ပြော...”

“ဟို ဆိုင်တစ်ခုခုမှာ...”

“မင်းအတွက် ငါ့မှာအချိန်မရှိဘူး ပြောစရာရှိတာဒီမှာပဲအမြန်ပြော...”

“ကိုယ် မင်းမြတ်ကို...”

“အေး သောက်ရေးမပါတာတွေပြောမယ်ဆို လစ်လိုက်တော့...ဒီနေ့စိတ်ကြည်နေလို့မင်းကိုစကားလက်ခံပြောပေးနေတာ...စိတ်အချဉ်ပေါက်အောင်လာမလုပ်နဲ့...”
ဧကလေး မောင်နဲ့ပတ်သက်ပြီးတစ်ချို့ကိစ္စလေးတွေသိခဲ့ရသောကြောင့်သာ သူစိတ်ပျော်နေ၍ ရန်ငြိမ်းထွဋ်သက်သာနေခြင်းဖြစ်သည်။ပုံမှန်အတိုင်းသာဆို သူ့လာနှောင့်ယှက်လျှင် တွေ့ရာနှင့်ကောက်ရိုက်ပြီးပြီဖြစ်သည်။

“ဟုတ်ပြီ ဟုတ်ပြီ...ကိုယ်တစ်ခုလေးပဲမေးမှာပါ...မင်းမြတ် ကိုယ့်ကိုမုန်းနေတာ ထူးခြားအောင်တို့နဲ့ဖြစ်တဲ့ ဆိုင်ကယ်ပြိုင်ပွဲကိစ္စကြောင့်လား...ဒါမှမဟုတ် ကိုယ်မင်းမြတ်ကို အမှားတစ်ခုခုလုပ်မိသေးလား...ဒီနှစ်တွေအတွင်း ကိုယ်သေသေချာချာစဉ်းစားပေမယ့် မင်းမြတ်ကိုယ့်ကိုဘာကြောင့် ခါးခါးသီးသီးဖြစ်နေရတာလဲဆိုတာနားမလည်နိုင်ဘူး...”

“ဟက်!ရှင်းတယ် မင်းရဲ့ဖြစ်တည်မှုကိုက ငါမုန်းတီးနေရတဲ့အကြောင်းပြချက်ပဲ...”

“ဘာလို့...ဘာလို့လဲ...ကိုယ့်ဖြစ်တည်မှုက ဘာဖြစ်လို့..”
ရန်ငြိမ်းထွဋ် ရင်ထဲတင်းကျပ်လွန်းသောကြောင့် ဆက်မမေးနိုင်အောင်ဖြစ်သွားရသည်။
*ဘာလို့လဲ ဘာလို့သူ့ရဲ့ဖြစ်တည်မှုကို မုန်းနေရတာလဲ...*ဟု အော်ဟစ်မေးပစ်လိုက်ချင်ပေမယ့် မလုပ်ဖြစ်။ယခုတောင်သူ့ကိုမုန်းတီးနေသည့်သူက ထိုသို့များထပ်လုပ်လိုက်ရင် ပို၍ ပို၍ သာလွန်ဖို့ပဲရှိတော့သည်။

“ဘာမှပြောစရာမရှိတော့ရင် လစ်လိုက်တော့ နောက်လည်းငါ့ရှေ့ဘယ်တော့မှထပ်ပေါ်မလာနဲ့ ...”

“ခဏလေးပါ...ကိုယ့်ဖြစ်တည်မှုကဘာလို့လဲဆိုတာလေးပဲဖြေပေးပါ... ကိုယ်လုံးဝမနှောင့်ယှက်တော့ဘူးလို့ ကတိပေးပါတယ်...”

“မင်းဖြစ်တည်မှုဆိုတဲ့စကားလုံးကိုနားမလည်ဘူးလား...မင်းမို့လို့ကိုမုန်းတာ ရှင်းလား အရင်ဘဝကရော အခုဘဝရော နောက်လာမယ့်ဘဝဆက်တိုင်းမှာရော မင်းဖြစ်နေတာနဲ့တင် ငါကအကြောင်းပြချက်မရှိ မုန်းတီးနေဦးမှာပဲ....နောက်ထပ် ငါ့ရှေ့ဘယ်တော့မှထပ်ပေါ်မလာနဲ့ ဒီတစ်ခါဆိုရင် သွေးထွက်သံယိုလောက်နဲ့ပြီးသွားမှာမဟုတ်ဘူး ...မင်းက မနာတတ်တာလား အမှတ်မရှိတာလားမသိပေမယ့်...မင်းမျက်နှာမြင်တိုင်း အဲ့ဒီနာကျင်မှုတွေကိုအမှတ်ရနေလွန်းလို့ လုံးဝပေါ်မလာရင် ကျေးဇူးတင်မိမှာပဲ ...”

ဧကလေး ပြောပြီးသည်နှင့် ရန်ငြိမ်းထွဋ်‌ကို စူးစိုက်ကြည့်လိုက်၍ ပြခန်းထဲသို့ဝင်လိုက်သည်။
*မင်းဘာသာ အတိတ်ကိုသိသိမသိသိ မှတ်မိမိမမှတ်မိမိ မောင့်ကိုထိခိုက်အောင်လုပ်ဖူးတာနဲ့တင် မင်းကငါမုန်းဖို့လုံလောက်လွန်းနေပြီ...အဲ့ဒီကျက်သရေမရှိတဲ့မျက်ခွက်ကိုမြင်ရရင် အဲ့ဒီနေ့ကအကြောင်းအရာတွေပြန်မြင်ယောင်လာမိတိုင်း နာကျင်ရလို့ ငါတို့ နောက်ဘယ်သောအခါမှမတွေ့ကြရင်ကောင်းမယ်...ဒါကသတိုးသင်္ခရဲ့မျက်နှာနဲ့မှမွေးဖွားလာတဲ့ မင်းရဲ့ကံဆိုးမှုပဲ...ရန်ငြိမ်းထွဋ်..*

ရက်စက်တဲ့စကားလုံးတွေပြောကာ ဝင်သွားပါသော ချစ်ရသည့်သူအား ကြည့်ရင်း ရန်ငြိမ်းထွဋ် နာနာကျင်ကျင်ပြုံးလိုက်မိသည်။အကြိမ်တိုင်း စကားလုံးကြမ်းကြမ်းတွေနဲ့ပစ်ပေါက်လေ့ရှိပေမယ့်သူခံနိုင်ရည်ရှိအောင်ကြိုးစားခဲ့သည်။ကိုယ့်ကိုမုန်းနေတာ သိပေမယ့် ပုံစံလေးကိုက အကြောတင်းလေးမို့ သူစကားကြမ်းကြမ်းတွေပြောတိုင်း အချစ်တွေတိုးခဲ့ရတာဖြစ်သည်။ ယခုတစ်ခါမှာတော့ အရင်ကအခေါက်များထက်အစပေါင်းများစွာ သူ့ရင်ကိုတစ်စစီကွဲကြေစေသည်။

“ကိုယ်မို့လို့မုန်းတာတဲ့လား...ဟက်...ကိုယ့်မျက်နှာ၊ကိုယ့်ဖြစ်တည်မှုမို့ မုန်းတာ ဟုတ်လား...၅နှစ် ၅နှစ်လုံးလုံး မင်းတစ်မျက်နှာထဲကိုကြည့်ခဲ့တဲ့ ကိုယ့်အတွက် ဒါက‌မင်းပေးတဲ့ ဆုလာဘ်လား...ကိုယ်ဘာ‌တွေများမှားခဲ့လို့လဲ...သောက်မှတ်မရှိတဲ့ကိုယ်ကလည်း ယခုချိန်ထိကို မင်းကိုရူးရူးမူးမူးချစ်တုန်းပါပဲ ...”

မျက်လုံးထောင့်မှစီးကျလာသော မျက်ရည်များကို ရန်ငြိမ်းထွဋ်မသုတ်ဖယ်မိဘဲ နာနာကျင်ကျင်ပြုံးမိသည်။ယောင်္ကျားလေးတို့မျက်ရည်သည် မိသားစုကလွဲလျှင် ကိုယ်တကယ်ချစ်ရသည့်သူအတွက်ပဲ နာကျင်ရလွန်းသည့်အခါတွင် ကျလေ့ရှိသည်။တစ်သက်နှင့်တစ်ကိုယ်မျက်ရည်ဆိုတာ မကျခဲ့ဖူးသည့်သူ့ဘဝမှာ လိုတိုင်းရ တတိုင်းရသည့်အပြင် မိန်းမပျိုတွေရော ယောင်္ကျားပျိုတွေပါ သူလိုချင်ရင် ဒုနဲ့ဒေးရှိပေမယ့် သူကတော့ သူ့အားစတွေ့ချိန်ကတည်းက အဖက်မလုပ် အမှိုက်တစ်စလိုဆက်ဆံသည့် မင်းမြတ်ဧကဦးမာန်လို ဖြစ်တည်မှုလေးကိုမှ မေတ္တာတွေပုံပေးခဲ့မိသည်။

အချစ်ဆိုသည့်အရာကိုတခြားသူတွေဘယ်လိုသတ်မှတ်လည်းမသိပေမယ့် သူ့အတွက်တော့ ပထမဆုံးတွေ့သည့်အချိန်တုန်းက မတူမတန်သလိုကြည့်ခဲ့သည့် မျက်ဝန်းပြာလေးဆီမှ အကြည့်စူးစူးလေးကပဲ အချစ်ဖြစ်နေခဲ့သည်။ပထမဆုံးတွေ့ဆုံမှုမှာ ပစ်သွင်းခံခဲ့သည့် လက်သီးလေးတစ်ချက်ကပဲ တွယ်ငြိရာဖြစ်နေခဲ့သည်။အကြောင်းအရင်းမရှိဘဲ ကိုမာဝင်ပြီး ဆေးရုံမှာတစ်နှစ်တိတိနေသည့်အချိန်တုန်းက မိတ်ဆွေပါဆိုသည့် အကြောင်းပြချက်ကိုကိုင်၍ မျက်နှာလေးကို အနီးကပ်ကြည့်ခွင့်ရခဲ့သည်။သတိရပြီးနောက်ပိုင်း ဆိုင်ကယ်ပြိုင်ပွဲကိစ္စကြောင့် ကိုယ့်ကိုမြင်လျှင်‌ ဒေါသထွက်နေရမည်စိုးသဖြင့် ခပ်လှမ်းလှမ်းကပဲငေးကြည့်ဖြစ်ခဲ့သည်။စိတ်မထိန်းနိုင်လို့ အနားရောက်အောင်သွားမိတိုင်း ခါးသီးစွာအကြည့်ခံရပြီး ရင်းနှီးဖို့ကြိုးစားတိုင်း အနှောင့်အယှက်ပဲဖြစ်နေခဲ့သည်။

“ဘယ်တော့မှပိုင်ဆိုင်ခွင့်မပြောနဲ့ငေးကြည့်ခွင့်လေးတောင် ရှိမလာတော့မယ့် ဖြစ်တည်မှုလေးရေ...မင်းစိတ်ချမ်းသာဖို့ ကိုယ်ဝေးဝေးမှာနေပေးပါ့မယ်...မင်းအမုန်းတွေပြေစေဖို့မျှော်လင့်ပါတယ်... ”

*******

ကမ္ဘာ ဆေးရုံတွင် တစ်ပတ်စာခွင့်တင်ခဲ့ပြီးနောက် မပြန်တာကြာပြီဖြစ်သည့် ဟော်နန်းသို့ပြန်ခဲ့လိုက်သည်။ဟောနန်းဝင်းထဲသို့ ကားလေးကွေ့ဝင်လာသည်နှင့် ဟော်နန်းထဲမှအပြေးလေးထွက်လာသော ဦးစောဖလုံအား ကမ္ဘာ ပြုံးပြပြီးနှုတ်ဆက်လိုက်သည်။

“သခင်လေး...ပြန်လာပါပြီလား...”

“ဟုတ်ကဲ့ ...ဦးစောဖလုံ ကျန်းမာရဲ့လားဗျ...”

“ကျွန်တော်ကတော့ ဒေါင်ဒေါင်မြည်ပါပဲ သခင်လေးရေ...ညကတောင် သခင်မကြီးနဲ့ သခင်လေးအကြောင်းစကားစပ်မိသေးတယ်...သခင်မကြီးလည်း သခင်လေးကိုလွမ်းနေပြီထင်တယ်...”

“ကျွန်တော်လည်း အိမ်ကိုပြန်မလာဖြစ်တော့ မယ်မယ်ကို ပစ်ထားမိသလိုဖြစ်သွားတယ် ...ဟော်နန်းမှာ ကိစ္စအထွေအထူးမရှိဘူးမလားဗျ...”

“မရှိပါဘူးဗျာ အကုန်လုံးအဆင်ပြေပါတယ်...”

“ခမည်းတော်ရော...”

“သခင်ကြီး မြောက်ပိုင်းကအစည်းအဝေးတစ်ခုသွားတယ်....သခင်လေး အထုပ်တွေ ကျွန်တော့်ကိုပေးပါ...”

“ရတယ် ကျွန်တော်ဘာသာ သယ်ခဲ့မယ်...နောက်မှ အေးဆေးစကားပြောကြတာပေါ့ မယ်မယ်နဲ့သွားတွေ့လိုက်ပါဦးမယ်...”

“ဟုတ်ကဲ့ သခင်လေး...”

ကမ္ဘာ ဦးစောဖလုံနှင့်စကားအနည်းငယ်ပြောပြီးနောက် ဘိုးဘွားခန်းကိုအရင်သွားကာ အရိုအသေပေးလိုက်သည်။ထို့နောက်တွင်တော့ မယ်မယ်ရှိရာ အိပ်ဆောင်ဆီသို့သွားလိုက်သည်။

‌“မယ်မယ်...သား စဝ်မင်းကမ္ဘာဦးခိုက်ပါ...”

“ဝင်ခဲ့လေ သား....”

ကမ္ဘာ မယ်မယ်အခန်းထဲ‌ဝင်လာ၍ အထုပ်တစ်ချို့ကို အနားမှာရှိသည့်ခုံပေါ်တင်လိုက်ကာ အနားသွားပြီးအရိုအသေပေးလိုက်သည်။

“မယ်မယ် နေကောင်းကျန်းမာရဲ့လားဗျ...”

စောဒေဝီ မတွေ့ရသည့်နှစ်တွေအတွင်း သိသိသာသာ ပိုမိုထွားကြိုင်း ချောမောလာပါသော သားဖြစ်သူကို ပြုံးကြည့်ရင်း မျက်ရည်လေးတွေ ဝေ့သီလာသည်။

“ကောင်းပါ့ရှင်...ပစ်ထား‌တုန်းကပစ်ထားပြီး ခုမှ လာဂရုစိုက်မပြပါနဲ့နော်...ကျွန်မစိတ်ဆိုး ‌နေတယ်ရှင့်...”

“အဟွန်း!!ပစ်ထားမိတဲ့အတွက်တောင်းပန်ပါတယ် မယ်မယ်...စိတ်မဆိုးပါနဲ့...”
ကမ္ဘာ သူ့လက်မောင်းလေးအားဖွဖွထုရင်း ချစ်စဖွယ်ပြောလာပါသော မယ်မယ်ကြောင့် သဘောတကျရယ်ရင်း ပြောလိုက်သည်။

“အမလေး စဝ်မင်းကမ္ဘာဦးခိုက်ရယ်.. သားတော်မအားလို့ပါမယ်မယ်လို့တောင် ဟန်ဆောင်ပန်ဆောင်မညာပါလားကွဲ့...အတင်းဝန်ခံနေတော့တာပဲနော်...အဟင်း...”

“အဟွန်း!!”

“ကြည့်ပါဦး မယ်မယ်သားကြီးကထွားပြီး ချောလာလိုက်တာရှင်...မျက်နှာလေးက ကြည်လင်နေလို့ စိတ်ချမ်းသာနေတယ်ဆိုတာ‌သိပေမယ့် နေရထိုင်ရတာရောအဆင်ပြေရဲ့လား...ဦးစောဖလုံကပြောတယ် သားနေတဲ့တိုက်ခန်းက မြို့လည်ခေါင်ရောက်လို့ ကျဉ်းတယ်ဆို...မယ်မယ်တို့ ကိုယ်ပိုင်ခြံမှာတော့ မနေဘဲသားရယ်...”

“နေရာကအဆင်ပြေပါတယ်....နေရတာလည်းအဆင်ပြေတယ်....”

“အစားအသောက်ကရော သေချာစားရဲ့လား...ဒီမှာကတည်းက သိပ်မစားတဲ့ကလေးက ဟိုမှဖြစ်သလို အရန်သင့်အစားအစာတွေ ဝယ်စားနေမှာစိုးတယ်...အပြန်ကျ မယ်မယ်ဟင်းအမယ်အနည်းငယ်လုပ်ပေးလိုက်မယ် ယူသွားနော်...”

“ဟုတ်ကဲ့ပါဗျ...သား ယူသွားလိုက်ပါ့မယ်...”
ကမ္ဘာ တစ်ခါတစ်လေ ကိုယ်တိုင်ချက်စားဖြစ်သည်ဆိုတာကိုတော့ မပြောပြဖြစ်တော့ဘဲ စိတ်ပူနေသည့် မယ်မယ်အလိုကျဖြေလိုက်သည်။

ထိုအခိုက် မယ်မယ့်အခန်းထဲသို့ဝင်လာသော ညီမဖြစ်သူက ကမ္ဘာ့လည်းမြင်ရော ငိုပြီးရန်လုပ်လေတော့သည်။

“ပီအိုက်လား...အီးဟီး ပီအိုက်လူဆိုး သက်လျာကိုပစ်ထားတယ်...ရောက်‌တာတောင်လာမတွေ့ဘူး...ဖုန်းလည်းတစ်ချက်လေးတောင်မဆက်ဘူး....အီးဟီး ပီအိုက်ကိုစိတ်ဆိုးတယ်...”

“သက်လျာလေး ပီအိုက်ကခုမှရောက်လာတာ သမီးလေးရဲ့...”

“မသိဘူး ဟင့် စိတ်ဆိုးတယ် သက်လျာကိုပစ်ထားလို့စိတ်ဆိုးတယ်...ဟင့်....”

“မဟုတ်ပါဘူး အငယ်လေးရယ်...မငိုနဲ့တော့နော် ပီအိုက်ကမဆက်သွယ်မိလို့တောင်းပန်ပါတယ်... စိတ်မဆိုးနဲ့နော် ...ကြည့်ပါဦး မျက်ရည်တွေနဲ့သနပ်ခါးတွေရောပြီး ပေတူးလေးဖြစ်နေပြီ ရုပ်ဆိုးလေး...”

“ကိုကိုနော်...”
သက်လျာ သူ့အားရုပ်ဆိုးလေးဟုပြောလာပါသော ကိုကို့အား နှုတ်ခမ်းလေးဆူကာ မျက်စောင်းလေးဝင့်ကြည့်ရင်းပြောလိုက်သည်။

“အဟွန်း!!”

စိတ်ဆိုးပြေသွားပြီမှန်းသိသာစွာ ကိုကိုဟုခေါ်ကာ မျက်စောင်းလေးထိုးလာပါသော ညီမဖြစ်သူကြောင့်ကမ္ဘာပြုံးလိုက်သည်။မောင်နှစ်မနှစ်ယောက်ထဲရှိသည့်မို့ အငယ်လေးကသူ့ကိုအရမ်းတွယ်တာသည်။ စည်းကမ်းတင်းကျပ်လွန်းသည့် ဟော်နန်းမှာ ကမ္ဘာ ခမည်းတော်ဆီမှအပြစ်ပေးခံရတိုင်း ငိုပြီး ခမည်းတော်အားစိတ်ကောက်တတ်လွန်းသည့် ကလေးပေါက်စလေးက အခုဆို တက္ကသိုလ်ကျောင်းသူကြီးတောင်ဖြစ်နေလေပြီဖြစ်သည်။အချိန်တွေကမြန်သယောင်ထင်ရပေမယ့် သူ့အတွက်တော့ ဆရာ့ဆီကပြန်လာပြီး ဒီ၃နှစ်ကရှည်ကြာလွန်းခဲ့သည်။

“သခင်မကြီးရှင့်...သခင်ကြီးပြန်ရောက်ပါပြီရှင့်...”

ထိုအခိုက် အပြင်ဘက်မှ လျှောက်တင်လာသော စကားကြောင့် စောဒေဝီ သိကြောင်းပြန်ပြောလိုက်ရင်း မျက်စိရှေ့ကစနောက်နေသည့် မောင်နှမနှစ်ယောက်ကိုပါပြောလိုက်သည်။

“ကောင်းပြီ...သား မင်း ခမည်းတော်နဲ့သွားတွေ့ကြရအောင်...သက်လျာလေးရောလိုက်ခဲ့နော်...”

“ဟုတ် မယ်မယ်...”

ထို့နောက် သားအမိသုံးယောက် ဟော်နန်း၏ပင်တိုင်းနားနေဆောင်ဆီသို့ ဦးတည်လိုက်ကြသည်။

မြောက်ပိုင်းက စော်ဘွားတွေ၏အ‌စည်းအဝေးပွဲမှပြန်လာပါသော စဝ်စံဦးခိုက်မှာ ခြံဝန်းထဲက ကားကြောင့် စဝ်မင်းကမ္ဘာဦးခိုက်ပြန်ရောက်နေပြီဆိုတာ သိလိုက်သဖြင့် ဟန်မပျက် နားနေဆောင်ထဲမှစောင့်နေလိုက်သည်။ခေါင်းမာလွန်းသည့် သားဖြစ်သူ ၅နှစ်မပြည့်မချင်း ပြန်မလာလောက်ဘူးထင်ထားပေမယ့် ပြန်လာသည့်အတွက် အကြောင်းတစ်ခုခုတော့ ရှိလောက်မည်ဟု စဝ်စံဦးခိုက် ခန့်မှန်းမိသည်။ထိုအကြောင်းအရာက သူခန့်မှန်းမိနေသည့်အကြောင်းအရာဖြစ်ဖို့များသည်။

“ခမည်းတော်အားဦးညွှတ်ပါတယ်...”

ကမ္ဘာနှင့်သက်လျာတို့ အတူတကွ ခမည်းတော်အားဦးညွှတ်လိုက်ကြသည်။ထို့နောက်တွင်တော့ အသီးသီးခုံမှာဝင်ထိုင်လိုက်သည်။

စောဒေဝီ မောင်တော့်အနားသွားကာ ရေခရားထဲမှ ခွက်ထည့်သို့ရေထည့်ကာ မောင်တော့်ဆီပေးလိုက်ရင်း ...

“အဆင်ပြေခဲ့ရဲ့လား မောင်တော်...”

“ပြေခဲ့ပါတယ် ဒီလိုပဲ အာဏာကိစ္စဆွေးနွေးကြတာပဲပေါ့...သက်လျာငယ်..”

“ရှင့် ခမည်းတော်...”

“ကျောင်းတက်ရတာအဆင်ပြေရဲ့လား...ခမည်းတော် အခုတလော အလုပ်တွေရှုပ်နေတော့ သမီးငယ်ကို မျက်ကွယ်ပြုထားသလိုဖြစ်နေတယ်...”

“သက်လျာနားလည်ပါတယ်ရှင့်... ခမည်းတော် စိတ်မပူပါနဲ့ရှင့် ...အစစအရာရာအကုန်အဆင်ပြေပါတယ်ရှင့် ...”

“အင်းအင်း...အဆင်ပြေတယ်ဆိုရင် ကောင်းပါတယ်...ပီအိုက်လိုအထူးကုဖြစ်ချင်တယ်ဆို စာကိုသေချာကြိုးစားရမယ်နော်...”

“ဟုတ်ကဲ့ သက်လျာကကြိုးစားပါ့မယ်ရှင့်...”

သက်လျာ ခေါင်းညိတ်ပြလိုက်သည်။ပီအိုက် ဟော်နန်းမှာ မရှိသည့်အချိန်အတွင်းခမည်းတော်နှင့် ပိုရင်းနှီးလာသလိုခံစားရပေမယ့် သက်လျာရှိန်နေဆဲသည်။ပီအိုက်လိုတော့ ထိန်းချုပ်ခြင်း၊အပြစ်ပေးခြင်းဘာညာမရှိ ကြိုက်ရာကိုလုပ်ခွင့်ပေးသည်။

“သားကြီးကရော အကြောင်းကိစ္စတစ်စုံတစ်ရာရှိလို့လား...ဘယ်နှစ်ရက်လောက်နေမှာလဲ... ဆေးရုံကရော အစားထိုးထားခဲ့တာလား...”

“ဟုတ်ကဲ့...ခမည်းတော်ကို ဖွင့်ဟစရာရှိလို့ပါ ...တစ်ပတ်လောက်နေဖြစ်မှာပါခမည်းတော်...ခွင့်ယူခဲ့တာပါ...”

“အင်း...ဒီနေ့မှရောက်လာတာမလား နားနားနေနေနေဦး...အရေးမကြီးရင် နောက်ရက်မှပြော...”

စဝ်စံဦးခိုက်ပြောရင်း ထရပ်လိုက်ကာ ကျင့်စဉ်အခန်းထဲသွားအနားယူဖို့ပြင်လိုက်သည်။

ကမ္ဘာ ခမည်းတော်သွားသည်နှင့်နောက်မှအသာလိုက်သွားလိုက်သည်။ရောက်ရောက်ချင်း ဆောက်နှင့်ထွင်းသလိုဖြစ်သွားသလားမသိပေမယ့် ခမည်းတော်ကိုအခုပြောပြဖို့လိုသည်။အကယ်၍ ခမည်းတော်ကသဘောမတူခဲ့လျှင် ခမည်းတော်ပေးသည့်အပြစ်များကိုခံယူရင်း တစ်ပတ်အတွင်း သူကြိုးစားရဦးမည်ဖြစ်သည်။

ထွက်သွားသည့် ကျောပြင်ကျယ်နှစ်ခုကိုကြည့်ရင်း မတိုင်ပင်ပါဘဲ သားအမိနှစ်ယောက်မျက်လုံးချင်းဆုံသွားကာ သက်ပြင်းကိုယ်စီချလိုက်မိကြသည်။မောင်တော်နှင့်သားတော်ကြားပြေလည်မှုရဖို့ပဲသူမတို့မျှော်လင့်ပါသည်လေ။

စဝ်စံဦးခိုက် သူ့အနောက်မှတောက်လျှောက်ပါလာသော သားဖြစ်သူကိုတစ်ချက်လှည့်ကြည့်လိုက်ပြီး ဆက်သွားလိုက်သည်။
ကျင့်စဉ်ခန်းထဲ‌သို့အရောက် အပေါ်ဝတ်တစ်ထည်ကိုချွတ်လိုက်ပြီး ခုံပေါ်အသာတင်ကာ ခပ်လှမ်းလှမ်းမှာရပ်နေသည့် ကမ္ဘာ့ကိုကြည့်ကာ...
“မတ်တပ်ရပ်မနေနဲ့လေ..ထိုင် ...”

“ဟုတ်ကဲ့...”

စဝ်စံဦးခိုက် အေးအေးလူလူအင်္ကျီလက်ကိုခေါက်တင်လိုက်ရင်း
“ကဲ မင်းပြောစရာရှိတာပြောလို့ရပြီ...”

“ခမည်းတော်ကိုပေးထားတဲ့ကတိ... ကျွန်တော်မတည်နိုင်တော့ပါဘူး...ခမည်းတော်....”

“ကောင်းပြီ....”

ကမ္ဘာ ခမည်းတော်၏တည်ငြိမ်နေသောအမူအရာကြောင့် ခဏတာတိတ်ဆိတ်သွားရသည်။သူထင်ထားသည်က အရင်အခါများလို ခမည်းတော်ဒေါသတကြီး ဆက်ဆံလာမည်ဟုထင်ပြီး ဆန့်ကျင်ဘက်အေးဆေးစွာတုံ့ပြန်လာသော ခမည်းတော်‌ကြောင့် နားမလည်နိုင်ဖြစ်သွားသည်။

“အကြောင်းပြချက်ကရော...မင်း ကတိဖျက်ချင်ရတဲ့အကြောင်းပြချက်ငါ့ကိုပြော...ငါလက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်ဆိုရင် လက်ခံပေးမယ်....”

“ကျွန်တော်...သူနဲ့ဆုံခဲ့တယ်...တမင်သက်သက်သူ့ရှေ့ရောက်အောင်သွားခဲ့တာမျိုးမဟုတ်ပါဘူး...အမှတ်မထင်တွေ့ခဲ့တာ...”

“အင်း အဲ့ဒီတော့ ...”

“သူ ကျွန်တော့်ကိုအခုချိန်ထိ လက်မလွှတ်သေးဘူး... သူအဆင်ပြေမနေဘူး...ကျွန်တော်နာကျင်ခံစားရသလို သူလည်းထပ်တူနာကျင်နေရတယ်...ပြီးတော့အချိန်တွေဘယ်လောက်ပဲဆွဲဆွဲ ကျွန်တော်တို့နှစ်ယောက်ကြားမှာရှိနေတဲ့ ချစ်ခြင်းတရားကမှေးမှိန်သွားမှာမဟုတ်ပါဘူး...ထပ်ပြီးတော့ သူနာကျင်ခံစားရမှာကိုလည်းမကြည့်ရက်တော့ဘူး...အဲ့ဒါကြောင့် ခမည်းတော်ကိုပေးထားတဲ့ ၅နှစ်လုံး လုံးဝမတွေ့ပါဘူးဆိုတဲ့ ကတိကို ၃နှစ်ပြည့်ပြီးတဲ့အချိန်မှာ ကျွန်တော်ဆက်မတည်နိုင်တော့ကြောင်းလာပြောတာပါ...”

စဝ်စံဦးခိုက် သားဖြစ်သူ၏စကားများအား လေးလေးနက်နက်နားထောင်လိုက်ပြီးနောက်...
“ဟုတ်ဝာာပေါ့...လူ့ဘဝကတိုတိုလေး...အချိန်တွေကိုအကျိုးရှိရှိဖြတ်သန်းရမှာပေါ့...အရေးမပါတဲ့အရာတွေကြောင့် ချစ်ရတဲ့သူတွေနဲ့ အတူရှိရမယ့်ရက်တွေလျော့နည်းသွားလို့မဖြစ်ဘူးလေ...ကောင်းပြီ...မင်းပြောတာကိုလက်ခံတယ် ...မင်းနဲ့ငါ့ကြားက ကတိကို မရှိတော့သလိုသဘောထားလိုက်မယ်....”

ကမ္ဘာ သူကြားလိုက်ရသည့်စကားများကိုမယုံနိုင်အောင်ဖြစ်သွားရသည်။
*ယခုခမည်းတော်က သူနှင့်မာန့်ကို သဘောတူလက်ခံပေးမယ်လို့ပြောသွားတာမဟုတ်လား...သူနားကြားမှားတာမဟုတ်ဘူးမလား...*
ကမ္ဘာ အံ့ဩဝမ်းသာစိတ်ဖြင့် ခမည်းတော်အားကျေးဇူးတင်စွာကြည့်မိသည်။

“ကျေးဇူးတင်ပါတယ် ခမည်းတော်...ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်...”

ပယင်းရောင်မျက်ဝန်းလေးများကပျော်ရွှင်မှုကြောင့်‌ တောက်ပနေပြီး အရည်ကြည်လေးတွေဝေ့သိုင်းနေကာ လေးကိုင်းသဖွယ်ကော့တက်နေသော နှုတ်ခမ်းထောင့်စွန်းလေးတွေကြောင့် အရမ်းပျော်နေမှန်းသိသာသည့် သားဖြစ်သူအားကြည့်ရင်း စဝ်စံဦးခိုက် မသိမသာပြုံးလိုက်မိသည်။အသက်အန္တရာယ်၊ကျိန်စာကိုတောင်မမှုဘဲ အချစ်နောက်တစ်ကောက်ကောက်လိုက်ပြီး အချစ်ရှိရာကိုမျက်နှာမူနေဆဲသားဖြစ်သူအတွက် စဝ်စံဦးခိုက် ထပ်ပြီး ခက်ခဲအောင်မလုပ်ချင်တော့ပေ။ဆက်ခံသူအတွက်နည်းနည်းအခက်အခဲဖြစ်နိုင်ပေမယ့် စဝ်စံဦးခိုက်လက်ခံပေးဖို့ဆုံးဖြတ်လိုက်သည်။တစ်ဖက်ကမိသားစုကလည်း သူတစ်လျှောက်လုံးစုံစမ်းချက်များအရ လိင်တူလက်ထပ်ထားသူဖြစ်ပေမယ့် မိသားစုလေးနဲ့သိုက်သိုက်ဝန်းဝန်းလေး ဖြတ်သန်းနေကြသူများဖြစ်၍ သားဖြစ်သူလည်း ထိုကဲ့သို့ဘဝမျိုးလေးရဖို့မျှော်လင့်သည်။
နောက်ဆုံးတော့လည်း အရာရာတိုင်းမှာ သားသမီးစိတ်ချမ်းသာဖို့ကပဲအဓိကဖြစ်၍ မိဘတွေကအလျော့ပေး‌ရလေသည်။

“ကျေးဇူတင်မစောနဲ့ အဲ့ဒီကလေးကိုလေ့လာဦးမယ် နောက်တစ်ခေါက်ပြန်လာဖြစ်ရင် မင်းခေါ်လာနိုင်ဖို့မျှော်လင့်တယ်...”

“ဟုတ်ကဲ့ ...ကျွန်တော်ကြိုးစားပါ့မယ် ခမည်းတော် ....”

“ကောင်းပြီ...မင်း အနားယူချင်သွားနားတော့ ငါလည်းခရီးပန်းလာတယ် အနားယူဦးမယ်...”

“ဟုတ်ကဲ့ အေးအေးဆေးဆေးအနားယူပါ ခမည်းတော်...သားတော်သွားလိုက်ပါဦးမယ်...ကျေးဇူးအများကြီးတင်ပါတယ်...ခမည်းတော်...”

စဝ်စံဦးခိုက်ပြုံးပြီး အသိအမှတ်ပြုခေါင်းညိတ်ပြလိုက်သည်။
စဝ်မင်းကမ္ဘာဦးခိုက် အခန်းထဲကထွက်သွားသည်နှင့် စဝ်စံဦးခိုက် ဖုန်းကိုထုတ်လိုက်ကာ နံပတ်တစ်ခုဆီဆက်သွယ်လိုက်သည်။
ကျိန်စာနှင့်ပတ်သက်၍ သူအဆုံးသတ်ပေးရမည်လေ။

CHANGE 🍁

May 30,2:30PM

ဖတ်လို့အဆင်ပြေကြရဲ့လားဗျ...
အာ ဦးညိုအော်ဒါတင်ပြီး giftရော မေတ္တာစာရော မရလိုက်တဲ့သူတွေရှိလား...
လပ်ယူအော❤️

Zawgyi

ပယင္းႀကိဳးသီခ်စ္ေသာေမာင့္ဆီ
အပိုင္း✨🍁(၄၈)

တစ္ဖက္က cafeဆိုင္ထဲမွရယ္ေမာကာ ဖုန္း‌ေျပာရင္းထြက္လာပါေသာ မင္းျမတ္အားၾကည့္ရင္း ရန္ၿငိမ္းထြဋ္ ကားေပၚမွအျမန္ဆင္းလိုက္သည္။အရင္ေန႔မ်ား‌ကေတာ့ ထိုအရိပ္ေလးကိုၾကည့္ၿပီး လွည့္ျပန္သြားတတ္ေပမယ့္ ယခုေတာ့ အရဲစြန႔္ၿပီးစကားေျပာဖို႔ အနားသြားလိုက္သည္။

“မင္းျမတ္..”

ဧကေလး မိမိေနာက္မွထြက္ေပၚလာေသာ အသံေၾကာင့္ မ်က္ႏွာကခ်က္ခ်င္းတင္းမာခက္ထန္သြားသည္။ပုံမွန္တိုင္းဆို မသိခ်င္ေယာင္ေဆာင္ၿပီး လ်စ္လ်ဴရႉလိုက္မွာမွန္ေပမယ့္ ဆက္တိုက္အေနာက္ကေန တစ္ေကာက္ေကာက္လိုက္၍ေႏွာင့္ယွက္ေနဦးမည္ပဲျဖစ္ေသာေၾကာင့္ ေနာက္ဆုံးအေနႏွင့္သတိေပးဖို႔ လွည့္ၾကည့္လိုက္သည္။

ရန္ၿငိမ္းထြဋ္ သူ႔အား ခက္ထန္စြာၾကည့္လာပါေသာ ခ်စ္ရသူေၾကာင့္ ရင္ဘတ္ထဲဆစ္ခနဲနာက်င္သြားရသည္။သို႔ေသာ္ မ်က္ႏွာတြင္ မေပၚေစရဘဲ အလွ်င္အျမန္ၿပဳံးလိုက္ရင္း...
“စကားခဏေလာက္ေျပာလို႔ရမလား...”

“....”

“ကိုယ္ မၾကာပါဘူး ခဏေလးပဲ ခဏေလးပဲစကားေျပာခ်င္လို႔...”

“ေျပာ...”

“ဟို ဆိုင္တစ္ခုခုမွာ...”

“မင္းအတြက္ ငါ့မွာအခ်ိန္မရွိဘူး ေျပာစရာရွိတာဒီမွာပဲအျမန္ေျပာ...”

“ကိုယ္ မင္းျမတ္ကို...”

“ေအး ေသာက္ေရးမပါတာေတြေျပာမယ္ဆို လစ္လိုက္ေတာ့...ဒီေန႔စိတ္ၾကည္ေနလို႔မင္းကိုစကားလက္ခံေျပာေပးေနတာ...စိတ္အခ်ဥ္ေပါက္ေအာင္လာမလုပ္နဲ႔...”
ဧကေလး ေမာင္နဲ႔ပတ္သက္ၿပီးတစ္ခ်ိဳ႕ကိစၥေလးေတြသိခဲ့ရေသာေၾကာင့္သာ သူစိတ္ေပ်ာ္ေန၍ ရန္ၿငိမ္းထြဋ္သက္သာေနျခင္းျဖစ္သည္။ပုံမွန္အတိုင္းသာဆို သူ႔လာေႏွာင့္ယွက္လွ်င္ ေတြ႕ရာႏွင့္ေကာက္႐ိုက္ၿပီးၿပီျဖစ္သည္။

“ဟုတ္ၿပီ ဟုတ္ၿပီ...ကိုယ္တစ္ခုေလးပဲေမးမွာပါ...မင္းျမတ္ ကိုယ့္ကိုမုန္းေနတာ ထူးျခားေအာင္တို႔နဲ႔ျဖစ္တဲ့ ဆိုင္ကယ္ၿပိဳင္ပြဲကိစၥေၾကာင့္လား...ဒါမွမဟုတ္ ကိုယ္မင္းျမတ္ကို အမွားတစ္ခုခုလုပ္မိေသးလား...ဒီႏွစ္ေတြအတြင္း ကိုယ္ေသေသခ်ာခ်ာစဥ္းစားေပမယ့္ မင္းျမတ္ကိုယ့္ကိုဘာေၾကာင့္ ခါးခါးသီးသီးျဖစ္ေနရတာလဲဆိုတာနားမလည္ႏိုင္ဘူး...”

“ဟက္!ရွင္းတယ္ မင္းရဲ႕ျဖစ္တည္မႈကိုက ငါမုန္းတီးေနရတဲ့အေၾကာင္းျပခ်က္ပဲ...”

“ဘာလို႔...ဘာလို႔လဲ...ကိုယ့္ျဖစ္တည္မႈက ဘာျဖစ္လို႔..”
ရန္ၿငိမ္းထြဋ္ ရင္ထဲတင္းက်ပ္လြန္းေသာေၾကာင့္ ဆက္မေမးႏိုင္ေအာင္ျဖစ္သြားရသည္။
*ဘာလို႔လဲ ဘာလို႔သူ႔ရဲ႕ျဖစ္တည္မႈကို မုန္းေနရတာလဲ...*ဟု ေအာ္ဟစ္ေမးပစ္လိုက္ခ်င္ေပမယ့္ မလုပ္ျဖစ္။ယခုေတာင္သူ႔ကိုမုန္းတီးေနသည့္သူက ထိုသို႔မ်ားထပ္လုပ္လိုက္ရင္ ပို၍ ပို၍ သာလြန္ဖို႔ပဲရွိေတာ့သည္။

“ဘာမွေျပာစရာမရွိေတာ့ရင္ လစ္လိုက္ေတာ့ ေနာက္လည္းငါ့ေရွ႕ဘယ္ေတာ့မွထပ္ေပၚမလာနဲ႔ ...”

“ခဏေလးပါ...ကိုယ့္ျဖစ္တည္မႈကဘာလို႔လဲဆိုတာေလးပဲေျဖေပးပါ... ကိုယ္လုံးဝမေႏွာင့္ယွက္ေတာ့ဘူးလို႔ ကတိေပးပါတယ္...”

“မင္းျဖစ္တည္မႈဆိုတဲ့စကားလုံးကိုနားမလည္ဘူးလား...မင္းမို႔လို႔ကိုမုန္းတာ ရွင္းလား အရင္ဘဝကေရာ အခုဘဝေရာ ေနာက္လာမယ့္ဘဝဆက္တိုင္းမွာေရာ မင္းျဖစ္ေနတာနဲ႔တင္ ငါကအေၾကာင္းျပခ်က္မရွိ မုန္းတီးေနဦးမွာပဲ....ေနာက္ထပ္ ငါ့ေရွ႕ဘယ္ေတာ့မွထပ္ေပၚမလာနဲ႔ ဒီတစ္ခါဆိုရင္ ေသြးထြက္သံယိုေလာက္နဲ႔ၿပီးသြားမွာမဟုတ္ဘူး ...မင္းက မနာတတ္တာလား အမွတ္မရွိတာလားမသိေပမယ့္...မင္းမ်က္ႏွာျမင္တိုင္း အဲ့ဒီနာက်င္မႈေတြကိုအမွတ္ရေနလြန္းလို႔ လုံးဝေပၚမလာရင္ ေက်းဇူးတင္မိမွာပဲ ...”

ဧကေလး ေျပာၿပီးသည္ႏွင့္ ရန္ၿငိမ္းထြဋ္‌ကို စူးစိုက္ၾကည့္လိုက္၍ ျပခန္းထဲသို႔ဝင္လိုက္သည္။
*မင္းဘာသာ အတိတ္ကိုသိသိမသိသိ မွတ္မိမိမမွတ္မိမိ ေမာင့္ကိုထိခိုက္ေအာင္လုပ္ဖူးတာနဲ႔တင္ မင္းကငါမုန္းဖို႔လုံေလာက္လြန္းေနၿပီ...အဲ့ဒီက်က္သေရမရွိတဲ့မ်က္ခြက္ကိုျမင္ရရင္ အဲ့ဒီေန႔ကအေၾကာင္းအရာေတြျပန္ျမင္ေယာင္လာမိတိုင္း နာက်င္ရလို႔ ငါတို႔ ေနာက္ဘယ္ေသာအခါမွမေတြ႕ၾကရင္ေကာင္းမယ္...ဒါကသတိုးသခၤရဲ႕မ်က္ႏွာနဲ႔မွေမြးဖြားလာတဲ့ မင္းရဲ႕ကံဆိုးမႈပဲ...ရန္ၿငိမ္းထြဋ္..*

ရက္စက္တဲ့စကားလုံးေတြေျပာကာ ဝင္သြားပါေသာ ခ်စ္ရသည့္သူအား ၾကည့္ရင္း ရန္ၿငိမ္းထြဋ္ နာနာက်င္က်င္ၿပဳံးလိုက္မိသည္။အႀကိမ္တိုင္း စကားလုံးၾကမ္းၾကမ္းေတြနဲ႔ပစ္ေပါက္ေလ့ရွိေပမယ့္သူခံႏိုင္ရည္ရွိေအာင္ႀကိဳးစားခဲ့သည္။ကိုယ့္ကိုမုန္းေနတာ သိေပမယ့္ ပုံစံေလးကိုက အေၾကာတင္းေလးမို႔ သူစကားၾကမ္းၾကမ္းေတြေျပာတိုင္း အခ်စ္ေတြတိုးခဲ့ရတာျဖစ္သည္။ ယခုတစ္ခါမွာေတာ့ အရင္ကအေခါက္မ်ားထက္အစေပါင္းမ်ားစြာ သူ႔ရင္ကိုတစ္စစီကြဲေၾကေစသည္။

“ကိုယ္မို႔လို႔မုန္းတာတဲ့လား...ဟက္...ကိုယ့္မ်က္ႏွာ၊ကိုယ့္ျဖစ္တည္မႈမို႔ မုန္းတာ ဟုတ္လား...၅ႏွစ္ ၅ႏွစ္လုံးလုံး မင္းတစ္မ်က္ႏွာထဲကိုၾကည့္ခဲ့တဲ့ ကိုယ့္အတြက္ ဒါက‌မင္းေပးတဲ့ ဆုလာဘ္လား...ကိုယ္ဘာ‌ေတြမ်ားမွားခဲ့လို႔လဲ...ေသာက္မွတ္မရွိတဲ့ကိုယ္ကလည္း ယခုခ်ိန္ထိကို မင္းကို႐ူး႐ူးမူးမူးခ်စ္တုန္းပါပဲ ...”

မ်က္လုံးေထာင့္မွစီးက်လာေသာ မ်က္ရည္မ်ားကို ရန္ၿငိမ္းထြဋ္မသုတ္ဖယ္မိဘဲ နာနာက်င္က်င္ၿပဳံးမိသည္။ေယာက်ၤားေလးတို႔မ်က္ရည္သည္ မိသားစုကလြဲလွ်င္ ကိုယ္တကယ္ခ်စ္ရသည့္သူအတြက္ပဲ နာက်င္ရလြန္းသည့္အခါတြင္ က်ေလ့ရွိသည္။တစ္သက္ႏွင့္တစ္ကိုယ္မ်က္ရည္ဆိုတာ မက်ခဲ့ဖူးသည့္သူ႔ဘဝမွာ လိုတိုင္းရ တတိုင္းရသည့္အျပင္ မိန္းမပ်ိဳေတြေရာ ေယာက်ၤားပ်ိဳေတြပါ သူလိုခ်င္ရင္ ဒုနဲ႔ေဒးရွိေပမယ့္ သူကေတာ့ သူ႔အားစေတြ႕ခ်ိန္ကတည္းက အဖက္မလုပ္ အမႈိက္တစ္စလိုဆက္ဆံသည့္ မင္းျမတ္ဧကဦးမာန္လို ျဖစ္တည္မႈေလးကိုမွ ေမတၱာေတြပုံေပးခဲ့မိသည္။

အခ်စ္ဆိုသည့္အရာကိုတျခားသူေတြဘယ္လိုသတ္မွတ္လည္းမသိေပမယ့္ သူ႔အတြက္ေတာ့ ပထမဆုံးေတြ႕သည့္အခ်ိန္တုန္းက မတူမတန္သလိုၾကည့္ခဲ့သည့္ မ်က္ဝန္းျပာေလးဆီမွ အၾကည့္စူးစူးေလးကပဲ အခ်စ္ျဖစ္ေနခဲ့သည္။ပထမဆုံးေတြ႕ဆုံမႈမွာ ပစ္သြင္းခံခဲ့သည့္ လက္သီးေလးတစ္ခ်က္ကပဲ တြယ္ၿငိရာျဖစ္ေနခဲ့သည္။အေၾကာင္းအရင္းမရွိဘဲ ကိုမာဝင္ၿပီး ေဆး႐ုံမွာတစ္ႏွစ္တိတိေနသည့္အခ်ိန္တုန္းက မိတ္ေဆြပါဆိုသည့္ အေၾကာင္းျပခ်က္ကိုကိုင္၍ မ်က္ႏွာေလးကို အနီးကပ္ၾကည့္ခြင့္ရခဲ့သည္။သတိရၿပီးေနာက္ပိုင္း ဆိုင္ကယ္ၿပိဳင္ပြဲကိစၥေၾကာင့္ ကိုယ့္ကိုျမင္လွ်င္‌ ေဒါသထြက္ေနရမည္စိုးသျဖင့္ ခပ္လွမ္းလွမ္းကပဲေငးၾကည့္ျဖစ္ခဲ့သည္။စိတ္မထိန္းႏိုင္လို႔ အနားေရာက္ေအာင္သြားမိတိုင္း ခါးသီးစြာအၾကည့္ခံရၿပီး ရင္းႏွီးဖို႔ႀကိဳးစားတိုင္း အေႏွာင့္အယွက္ပဲျဖစ္ေနခဲ့သည္။

“ဘယ္ေတာ့မွပိုင္ဆိုင္ခြင့္မေျပာနဲ႔ေငးၾကည့္ခြင့္ေလးေတာင္ ရွိမလာေတာ့မယ့္ ျဖစ္တည္မႈေလးေရ...မင္းစိတ္ခ်မ္းသာဖို႔ ကိုယ္ေဝးေဝးမွာေနေပးပါ့မယ္...မင္းအမုန္းေတြေျပေစဖို႔ေမွ်ာ္လင့္ပါတယ္... ”

*******

ကမာၻ ေဆး႐ုံတြင္ တစ္ပတ္စာခြင့္တင္ခဲ့ၿပီးေနာက္ မျပန္တာၾကာၿပီျဖစ္သည့္ ေဟာ္နန္းသို႔ျပန္ခဲ့လိုက္သည္။ေဟာနန္းဝင္းထဲသို႔ ကားေလးေကြ႕ဝင္လာသည္ႏွင့္ ေဟာ္နန္းထဲမွအေျပးေလးထြက္လာေသာ ဦးေစာဖလုံအား ကမာၻ ၿပဳံးျပၿပီးႏႈတ္ဆက္လိုက္သည္။

“သခင္ေလး...ျပန္လာပါၿပီလား...”

“ဟုတ္ကဲ့ ...ဦးေစာဖလုံ က်န္းမာရဲ႕လားဗ်...”

“ကြၽန္ေတာ္ကေတာ့ ေဒါင္ေဒါင္ျမည္ပါပဲ သခင္ေလးေရ...ညကေတာင္ သခင္မႀကီးနဲ႔ သခင္ေလးအေၾကာင္းစကားစပ္မိေသးတယ္...သခင္မႀကီးလည္း သခင္ေလးကိုလြမ္းေနၿပီထင္တယ္...”

“ကြၽန္ေတာ္လည္း အိမ္ကိုျပန္မလာျဖစ္ေတာ့ မယ္မယ္ကို ပစ္ထားမိသလိုျဖစ္သြားတယ္ ...ေဟာ္နန္းမွာ ကိစၥအေထြအထူးမရွိဘူးမလားဗ်...”

“မရွိပါဘူးဗ်ာ အကုန္လုံးအဆင္ေျပပါတယ္...”

“ခမည္းေတာ္ေရာ...”

“သခင္ႀကီး ေျမာက္ပိုင္းကအစည္းအေဝးတစ္ခုသြားတယ္....သခင္ေလး အထုပ္ေတြ ကြၽန္ေတာ့္ကိုေပးပါ...”

“ရတယ္ ကြၽန္ေတာ္ဘာသာ သယ္ခဲ့မယ္...ေနာက္မွ ေအးေဆးစကားေျပာၾကတာေပါ့ မယ္မယ္နဲ႔သြားေတြ႕လိုက္ပါဦးမယ္...”

“ဟုတ္ကဲ့ သခင္ေလး...”

ကမာၻ ဦးေစာဖလုံႏွင့္စကားအနည္းငယ္ေျပာၿပီးေနာက္ ဘိုးဘြားခန္းကိုအရင္သြားကာ အ႐ိုအေသေပးလိုက္သည္။ထို႔ေနာက္တြင္ေတာ့ မယ္မယ္ရွိရာ အိပ္ေဆာင္ဆီသို႔သြားလိုက္သည္။

‌“မယ္မယ္...သား စဝ္မင္းကမာၻဦးခိုက္ပါ...”

“ဝင္ခဲ့ေလ သား....”

ကမာၻ မယ္မယ္အခန္းထဲ‌ဝင္လာ၍ အထုပ္တစ္ခ်ိဳ႕ကို အနားမွာရွိသည့္ခုံေပၚတင္လိုက္ကာ အနားသြားၿပီးအ႐ိုအေသေပးလိုက္သည္။

“မယ္မယ္ ေနေကာင္းက်န္းမာရဲ႕လားဗ်...”

ေစာေဒဝီ မေတြ႕ရသည့္ႏွစ္ေတြအတြင္း သိသိသာသာ ပိုမိုထြားႀကိဳင္း ေခ်ာေမာလာပါေသာ သားျဖစ္သူကို ၿပဳံးၾကည့္ရင္း မ်က္ရည္ေလးေတြ ေဝ့သီလာသည္။

“ေကာင္းပါ့ရွင္...ပစ္ထား‌တုန္းကပစ္ထားၿပီး ခုမွ လာဂ႐ုစိုက္မျပပါနဲ႔ေနာ္...ကြၽန္မစိတ္ဆိုး ‌ေနတယ္ရွင့္...”

“အဟြန္း!!ပစ္ထားမိတဲ့အတြက္ေတာင္းပန္ပါတယ္ မယ္မယ္...စိတ္မဆိုးပါနဲ႔...”
ကမာၻ သူ႔လက္ေမာင္းေလးအားဖြဖြထုရင္း ခ်စ္စဖြယ္ေျပာလာပါေသာ မယ္မယ္ေၾကာင့္ သေဘာတက်ရယ္ရင္း ေျပာလိုက္သည္။

“အမေလး စဝ္မင္းကမာၻဦးခိုက္ရယ္.. သားေတာ္မအားလို႔ပါမယ္မယ္လို႔ေတာင္ ဟန္ေဆာင္ပန္ေဆာင္မညာပါလားကြဲ႕...အတင္းဝန္ခံေနေတာ့တာပဲေနာ္...အဟင္း...”

“အဟြန္း!!”

“ၾကည့္ပါဦး မယ္မယ္သားႀကီးကထြားၿပီး ေခ်ာလာလိုက္တာရွင္...မ်က္ႏွာေလးက ၾကည္လင္ေနလို႔ စိတ္ခ်မ္းသာေနတယ္ဆိုတာ‌သိေပမယ့္ ေနရထိုင္ရတာေရာအဆင္ေျပရဲ႕လား...ဦးေစာဖလုံကေျပာတယ္ သားေနတဲ့တိုက္ခန္းက ၿမိဳ႕လည္ေခါင္ေရာက္လို႔ က်ဥ္းတယ္ဆို...မယ္မယ္တို႔ ကိုယ္ပိုင္ၿခံမွာေတာ့ မေနဘဲသားရယ္...”

“ေနရာကအဆင္ေျပပါတယ္....ေနရတာလည္းအဆင္ေျပတယ္....”

“အစားအေသာက္ကေရာ ေသခ်ာစားရဲ႕လား...ဒီမွာကတည္းက သိပ္မစားတဲ့ကေလးက ဟိုမွျဖစ္သလို အရန္သင့္အစားအစာေတြ ဝယ္စားေနမွာစိုးတယ္...အျပန္က် မယ္မယ္ဟင္းအမယ္အနည္းငယ္လုပ္ေပးလိုက္မယ္ ယူသြားေနာ္...”

“ဟုတ္ကဲ့ပါဗ်...သား ယူသြားလိုက္ပါ့မယ္...”
ကမာၻ တစ္ခါတစ္ေလ ကိုယ္တိုင္ခ်က္စားျဖစ္သည္ဆိုတာကိုေတာ့ မေျပာျပျဖစ္ေတာ့ဘဲ စိတ္ပူေနသည့္ မယ္မယ္အလိုက်ေျဖလိုက္သည္။

ထိုအခိုက္ မယ္မယ့္အခန္းထဲသို႔ဝင္လာေသာ ညီမျဖစ္သူက ကမာၻ႔လည္းျမင္ေရာ ငိုၿပီးရန္လုပ္ေလေတာ့သည္။

“ပီအိုက္လား...အီးဟီး ပီအိုက္လူဆိုး သက္လ်ာကိုပစ္ထားတယ္...ေရာက္‌တာေတာင္လာမေတြ႕ဘူး...ဖုန္းလည္းတစ္ခ်က္ေလးေတာင္မဆက္ဘူး....အီးဟီး ပီအိုက္ကိုစိတ္ဆိုးတယ္...”

“သက္လ်ာေလး ပီအိုက္ကခုမွေရာက္လာတာ သမီးေလးရဲ႕...”

“မသိဘူး ဟင့္ စိတ္ဆိုးတယ္ သက္လ်ာကိုပစ္ထားလို႔စိတ္ဆိုးတယ္...ဟင့္....”

“မဟုတ္ပါဘူး အငယ္ေလးရယ္...မငိုနဲ႔ေတာ့ေနာ္ ပီအိုက္ကမဆက္သြယ္မိလို႔ေတာင္းပန္ပါတယ္... စိတ္မဆိုးနဲ႔ေနာ္ ...ၾကည့္ပါဦး မ်က္ရည္ေတြနဲ႔သနပ္ခါးေတြေရာၿပီး ေပတူးေလးျဖစ္ေနၿပီ ႐ုပ္ဆိုးေလး...”

“ကိုကိုေနာ္...”
သက္လ်ာ သူ႔အား႐ုပ္ဆိုးေလးဟုေျပာလာပါေသာ ကိုကို႔အား ႏႈတ္ခမ္းေလးဆူကာ မ်က္ေစာင္းေလးဝင့္ၾကည့္ရင္းေျပာလိုက္သည္။

“အဟြန္း!!”

စိတ္ဆိုးေျပသြားၿပီမွန္းသိသာစြာ ကိုကိုဟုေခၚကာ မ်က္ေစာင္းေလးထိုးလာပါေသာ ညီမျဖစ္သူေၾကာင့္ကမာၻၿပဳံးလိုက္သည္။ေမာင္ႏွစ္မႏွစ္ေယာက္ထဲရွိသည့္မို႔ အငယ္ေလးကသူ႔ကိုအရမ္းတြယ္တာသည္။ စည္းကမ္းတင္းက်ပ္လြန္းသည့္ ေဟာ္နန္းမွာ ကမာၻ ခမည္းေတာ္ဆီမွအျပစ္ေပးခံရတိုင္း ငိုၿပီး ခမည္းေတာ္အားစိတ္ေကာက္တတ္လြန္းသည့္ ကေလးေပါက္စေလးက အခုဆို တကၠသိုလ္ေက်ာင္းသူႀကီးေတာင္ျဖစ္ေနေလၿပီျဖစ္သည္။အခ်ိန္ေတြကျမန္သေယာင္ထင္ရေပမယ့္ သူ႔အတြက္ေတာ့ ဆရာ့ဆီကျပန္လာၿပီး ဒီ၃ႏွစ္ကရွည္ၾကာလြန္းခဲ့သည္။

“သခင္မႀကီးရွင့္...သခင္ႀကီးျပန္ေရာက္ပါၿပီရွင့္...”

ထိုအခိုက္ အျပင္ဘက္မွ ေလွ်ာက္တင္လာေသာ စကားေၾကာင့္ ေစာေဒဝီ သိေၾကာင္းျပန္ေျပာလိုက္ရင္း မ်က္စိေရွ႕ကစေနာက္ေနသည့္ ေမာင္ႏွမႏွစ္ေယာက္ကိုပါေျပာလိုက္သည္။

“ေကာင္းၿပီ...သား မင္း ခမည္းေတာ္နဲ႔သြားေတြ႕ၾကရေအာင္...သက္လ်ာေလးေရာလိုက္ခဲ့ေနာ္...”

“ဟုတ္ မယ္မယ္...”

ထို႔ေနာက္ သားအမိသုံးေယာက္ ေဟာ္နန္း၏ပင္တိုင္းနားေနေဆာင္ဆီသို႔ ဦးတည္လိုက္ၾကသည္။

ေျမာက္ပိုင္းက ေစာ္ဘြားေတြ၏အ‌စည္းအေဝးပြဲမွျပန္လာပါေသာ စဝ္စံဦးခိုက္မွာ ၿခံဝန္းထဲက ကားေၾကာင့္ စဝ္မင္းကမာၻဦးခိုက္ျပန္ေရာက္ေနၿပီဆိုတာ သိလိုက္သျဖင့္ ဟန္မပ်က္ နားေနေဆာင္ထဲမွေစာင့္ေနလိုက္သည္။ေခါင္းမာလြန္းသည့္ သားျဖစ္သူ ၅ႏွစ္မျပည့္မခ်င္း ျပန္မလာေလာက္ဘူးထင္ထားေပမယ့္ ျပန္လာသည့္အတြက္ အေၾကာင္းတစ္ခုခုေတာ့ ရွိေလာက္မည္ဟု စဝ္စံဦးခိုက္ ခန႔္မွန္းမိသည္။ထိုအေၾကာင္းအရာက သူခန႔္မွန္းမိေနသည့္အေၾကာင္းအရာျဖစ္ဖို႔မ်ားသည္။

“ခမည္းေတာ္အားဦးၫႊတ္ပါတယ္...”

ကမာၻႏွင့္သက္လ်ာတို႔ အတူတကြ ခမည္းေတာ္အားဦးၫႊတ္လိုက္ၾကသည္။ထို႔ေနာက္တြင္ေတာ့ အသီးသီးခုံမွာဝင္ထိုင္လိုက္သည္။

ေစာေဒဝီ ေမာင္ေတာ့္အနားသြားကာ ေရခရားထဲမွ ခြက္ထည့္သို႔ေရထည့္ကာ ေမာင္ေတာ့္ဆီေပးလိုက္ရင္း ...

“အဆင္ေျပခဲ့ရဲ႕လား ေမာင္ေတာ္...”

“ေျပခဲ့ပါတယ္ ဒီလိုပဲ အာဏာကိစၥေဆြးေႏြးၾကတာပဲေပါ့...သက္လ်ာငယ္..”

“ရွင့္ ခမည္းေတာ္...”

“ေက်ာင္းတက္ရတာအဆင္ေျပရဲ႕လား...ခမည္းေတာ္ အခုတေလာ အလုပ္ေတြရႈပ္ေနေတာ့ သမီးငယ္ကို မ်က္ကြယ္ျပဳထားသလိုျဖစ္ေနတယ္...”

“သက္လ်ာနားလည္ပါတယ္ရွင့္... ခမည္းေတာ္ စိတ္မပူပါနဲ႔ရွင့္ ...အစစအရာရာအကုန္အဆင္ေျပပါတယ္ရွင့္ ...”

“အင္းအင္း...အဆင္ေျပတယ္ဆိုရင္ ေကာင္းပါတယ္...ပီအိုက္လိုအထူးကုျဖစ္ခ်င္တယ္ဆို စာကိုေသခ်ာႀကိဳးစားရမယ္ေနာ္...”

“ဟုတ္ကဲ့ သက္လ်ာကႀကိဳးစားပါ့မယ္ရွင့္...”

သက္လ်ာ ေခါင္းညိတ္ျပလိုက္သည္။ပီအိုက္ ေဟာ္နန္းမွာ မရွိသည့္အခ်ိန္အတြင္းခမည္းေတာ္ႏွင့္ ပိုရင္းႏွီးလာသလိုခံစားရေပမယ့္ သက္လ်ာရွိန္ေနဆဲသည္။ပီအိုက္လိုေတာ့ ထိန္းခ်ဳပ္ျခင္း၊အျပစ္ေပးျခင္းဘာညာမရွိ ႀကိဳက္ရာကိုလုပ္ခြင့္ေပးသည္။

“သားႀကီးကေရာ အေၾကာင္းကိစၥတစ္စုံတစ္ရာရွိလို႔လား...ဘယ္ႏွစ္ရက္ေလာက္ေနမွာလဲ... ေဆး႐ုံကေရာ အစားထိုးထားခဲ့တာလား...”

“ဟုတ္ကဲ့...ခမည္းေတာ္ကို ဖြင့္ဟစရာရွိလို႔ပါ ...တစ္ပတ္ေလာက္ေနျဖစ္မွာပါခမည္းေတာ္...ခြင့္ယူခဲ့တာပါ...”

“အင္း...ဒီေန႔မွေရာက္လာတာမလား နားနားေနေနေနဦး...အေရးမႀကီးရင္ ေနာက္ရက္မွေျပာ...”

စဝ္စံဦးခိုက္ေျပာရင္း ထရပ္လိုက္ကာ က်င့္စဥ္အခန္းထဲသြားအနားယူဖို႔ျပင္လိုက္သည္။

ကမာၻ ခမည္းေတာ္သြားသည္ႏွင့္ေနာက္မွအသာလိုက္သြားလိုက္သည္။ေရာက္ေရာက္ခ်င္း ေဆာက္ႏွင့္ထြင္းသလိုျဖစ္သြားသလားမသိေပမယ့္ ခမည္းေတာ္ကိုအခုေျပာျပဖို႔လိုသည္။အကယ္၍ ခမည္းေတာ္ကသေဘာမတူခဲ့လွ်င္ ခမည္းေတာ္ေပးသည့္အျပစ္မ်ားကိုခံယူရင္း တစ္ပတ္အတြင္း သူႀကိဳးစားရဦးမည္ျဖစ္သည္။

ထြက္သြားသည့္ ေက်ာျပင္က်ယ္ႏွစ္ခုကိုၾကည့္ရင္း မတိုင္ပင္ပါဘဲ သားအမိႏွစ္ေယာက္မ်က္လုံးခ်င္းဆုံသြားကာ သက္ျပင္းကိုယ္စီခ်လိုက္မိၾကသည္။ေမာင္ေတာ္ႏွင့္သားေတာ္ၾကားေျပလည္မႈရဖို႔ပဲသူမတို႔ေမွ်ာ္လင့္ပါသည္ေလ။

စဝ္စံဦးခိုက္ သူ႔အေနာက္မွေတာက္ေလွ်ာက္ပါလာေသာ သားျဖစ္သူကိုတစ္ခ်က္လွည့္ၾကည့္လိုက္ၿပီး ဆက္သြားလိုက္သည္။
က်င့္စဥ္ခန္းထဲ‌သို႔အေရာက္ အေပၚဝတ္တစ္ထည္ကိုခြၽတ္လိုက္ၿပီး ခုံေပၚအသာတင္ကာ ခပ္လွမ္းလွမ္းမွာရပ္ေနသည့္ ကမာၻ႔ကိုၾကည့္ကာ...
“မတ္တပ္ရပ္မေနနဲ႔ေလ..ထိုင္ ...”

“ဟုတ္ကဲ့...”

စဝ္စံဦးခိုက္ ေအးေအးလူလူအက်ႌလက္ကိုေခါက္တင္လိုက္ရင္း
“ကဲ မင္းေျပာစရာရွိတာေျပာလို႔ရၿပီ...”

“ခမည္းေတာ္ကိုေပးထားတဲ့ကတိ... ကြၽန္ေတာ္မတည္ႏိုင္ေတာ့ပါဘူး...ခမည္းေတာ္....”

“ေကာင္းၿပီ....”

ကမာၻ ခမည္းေတာ္၏တည္ၿငိမ္ေနေသာအမူအရာေၾကာင့္ ခဏတာတိတ္ဆိတ္သြားရသည္။သူထင္ထားသည္က အရင္အခါမ်ားလို ခမည္းေတာ္ေဒါသတႀကီး ဆက္ဆံလာမည္ဟုထင္ၿပီး ဆန႔္က်င္ဘက္ေအးေဆးစြာတုံ႔ျပန္လာေသာ ခမည္းေတာ္‌ေၾကာင့္ နားမလည္ႏိုင္ျဖစ္သြားသည္။

“အေၾကာင္းျပခ်က္ကေရာ...မင္း ကတိဖ်က္ခ်င္ရတဲ့အေၾကာင္းျပခ်က္ငါ့ကိုေျပာ...ငါလက္ခံႏိုင္ေလာက္တဲ့ အေၾကာင္းျပခ်က္ဆိုရင္ လက္ခံေပးမယ္....”

“ကြၽန္ေတာ္...သူနဲ႔ဆုံခဲ့တယ္...တမင္သက္သက္သူ႔ေရွ႕ေရာက္ေအာင္သြားခဲ့တာမ်ိဳးမဟုတ္ပါဘူး...အမွတ္မထင္ေတြ႕ခဲ့တာ...”

“အင္း အဲ့ဒီေတာ့ ...”

“သူ ကြၽန္ေတာ့္ကိုအခုခ်ိန္ထိ လက္မလႊတ္ေသးဘူး... သူအဆင္ေျပမေနဘူး...ကြၽန္ေတာ္နာက်င္ခံစားရသလို သူလည္းထပ္တူနာက်င္ေနရတယ္...ၿပီးေတာ့အခ်ိန္ေတြဘယ္ေလာက္ပဲဆြဲဆြဲ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ၾကားမွာရွိေနတဲ့ ခ်စ္ျခင္းတရားကေမွးမွိန္သြားမွာမဟုတ္ပါဘူး...ထပ္ၿပီးေတာ့ သူနာက်င္ခံစားရမွာကိုလည္းမၾကည့္ရက္ေတာ့ဘူး...အဲ့ဒါေၾကာင့္ ခမည္းေတာ္ကိုေပးထားတဲ့ ၅ႏွစ္လုံး လုံးဝမေတြ႕ပါဘူးဆိုတဲ့ ကတိကို ၃ႏွစ္ျပည့္ၿပီးတဲ့အခ်ိန္မွာ ကြၽန္ေတာ္ဆက္မတည္ႏိုင္ေတာ့ေၾကာင္းလာေျပာတာပါ...”

စဝ္စံဦးခိုက္ သားျဖစ္သူ၏စကားမ်ားအား ေလးေလးနက္နက္နားေထာင္လိုက္ၿပီးေနာက္...
“ဟုတ္ဝာာေပါ့...လူ႔ဘဝကတိုတိုေလး...အခ်ိန္ေတြကိုအက်ိဳးရွိရွိျဖတ္သန္းရမွာေပါ့...အေရးမပါတဲ့အရာေတြေၾကာင့္ ခ်စ္ရတဲ့သူေတြနဲ႔ အတူရွိရမယ့္ရက္ေတြေလ်ာ့နည္းသြားလို႔မျဖစ္ဘူးေလ...ေကာင္းၿပီ...မင္းေျပာတာကိုလက္ခံတယ္ ...မင္းနဲ႔ငါ့ၾကားက ကတိကို မရွိေတာ့သလိုသေဘာထားလိုက္မယ္....”

ကမာၻ သူၾကားလိုက္ရသည့္စကားမ်ားကိုမယုံႏိုင္ေအာင္ျဖစ္သြားရသည္။
*ယခုခမည္းေတာ္က သူႏွင့္မာန႔္ကို သေဘာတူလက္ခံေပးမယ္လို႔ေျပာသြားတာမဟုတ္လား...သူနားၾကားမွားတာမဟုတ္ဘူးမလား...*
ကမာၻ အံ့ဩဝမ္းသာစိတ္ျဖင့္ ခမည္းေတာ္အားေက်းဇူးတင္စြာၾကည့္မိသည္။

“ေက်းဇူးတင္ပါတယ္ ခမည္းေတာ္...ကြၽန္ေတာ္တကယ္ေက်းဇူးတင္ပါတယ္...”

ပယင္းေရာင္မ်က္ဝန္းေလးမ်ားကေပ်ာ္႐ႊင္မႈေၾကာင့္‌ ေတာက္ပေနၿပီး အရည္ၾကည္ေလးေတြေဝ့သိုင္းေနကာ ေလးကိုင္းသဖြယ္ေကာ့တက္ေနေသာ ႏႈတ္ခမ္းေထာင့္စြန္းေလးေတြေၾကာင့္ အရမ္းေပ်ာ္ေနမွန္းသိသာသည့္ သားျဖစ္သူအားၾကည့္ရင္း စဝ္စံဦးခိုက္ မသိမသာၿပဳံးလိုက္မိသည္။အသက္အႏၲရာယ္၊က်ိန္စာကိုေတာင္မမႈဘဲ အခ်စ္ေနာက္တစ္ေကာက္ေကာက္လိုက္ၿပီး အခ်စ္ရွိရာကိုမ်က္ႏွာမူေနဆဲသားျဖစ္သူအတြက္ စဝ္စံဦးခိုက္ ထပ္ၿပီး ခက္ခဲေအာင္မလုပ္ခ်င္ေတာ့ေပ။ဆက္ခံသူအတြက္နည္းနည္းအခက္အခဲျဖစ္ႏိုင္ေပမယ့္ စဝ္စံဦးခိုက္လက္ခံေပးဖို႔ဆုံးျဖတ္လိုက္သည္။တစ္ဖက္ကမိသားစုကလည္း သူတစ္ေလွ်ာက္လုံးစုံစမ္းခ်က္မ်ားအရ လိင္တူလက္ထပ္ထားသူျဖစ္ေပမယ့္ မိသားစုေလးနဲ႔သိုက္သိုက္ဝန္းဝန္းေလး ျဖတ္သန္းေနၾကသူမ်ားျဖစ္၍ သားျဖစ္သူလည္း ထိုကဲ့သို႔ဘဝမ်ိဳးေလးရဖို႔ေမွ်ာ္လင့္သည္။
ေနာက္ဆုံးေတာ့လည္း အရာရာတိုင္းမွာ သားသမီးစိတ္ခ်မ္းသာဖို႔ကပဲအဓိကျဖစ္၍ မိဘေတြကအေလ်ာ့ေပး‌ရေလသည္။

“ေက်းဇူတင္မေစာနဲ႔ အဲ့ဒီကေလးကိုေလ့လာဦးမယ္ ေနာက္တစ္ေခါက္ျပန္လာျဖစ္ရင္ မင္းေခၚလာႏိုင္ဖို႔ေမွ်ာ္လင့္တယ္...”

“ဟုတ္ကဲ့ ...ကြၽန္ေတာ္ႀကိဳးစားပါ့မယ္ ခမည္းေတာ္ ....”

“ေကာင္းၿပီ...မင္း အနားယူခ်င္သြားနားေတာ့ ငါလည္းခရီးပန္းလာတယ္ အနားယူဦးမယ္...”

“ဟုတ္ကဲ့ ေအးေအးေဆးေဆးအနားယူပါ ခမည္းေတာ္...သားေတာ္သြားလိုက္ပါဦးမယ္...ေက်းဇူးအမ်ားႀကီးတင္ပါတယ္...ခမည္းေတာ္...”

စဝ္စံဦးခိုက္ၿပဳံးၿပီး အသိအမွတ္ျပဳေခါင္းညိတ္ျပလိုက္သည္။
စဝ္မင္းကမာၻဦးခိုက္ အခန္းထဲကထြက္သြားသည္ႏွင့္ စဝ္စံဦးခိုက္ ဖုန္းကိုထုတ္လိုက္ကာ နံပတ္တစ္ခုဆီဆက္သြယ္လိုက္သည္။
က်ိန္စာႏွင့္ပတ္သက္၍ သူအဆုံးသတ္ေပးရမည္ေလ။

CHANGE 🍁

May 30,2:30PM

ဖတ္လို႔အဆင္ေျပၾကရဲ႕လားဗ်...
အာ ဦးညိဳေအာ္ဒါတင္ၿပီး giftေရာ ေမတၱာစာေရာ မရလိုက္တဲ့သူေတြရွိလား...
လပ္ယူေအာ❤️

Lanjutkan Membaca

Kamu Akan Menyukai Ini

498K 50.4K 170
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
229K 23.6K 106
ဘာသာပြန်သူ - စွဲညို့အသင်း
129K 10.7K 165
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
1.7M 202K 74
Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတ...