Maple

Av Thithipyaeaung

107K 9.1K 788

မျက်မှန်လေးအောက်က မျက်လုံးဝိုင်းဝိုင်းလေးတွေ ကိုယ့်ကြောင့်ခက်ထန်သွားလို့ တောင်းပန်ပါတယ် ... Mer

Uni 🍁
Pt.1
Pt.2
Pt.3
Pt.4
Pt.5
Pt.6
Pt.7
Pt.8
pt.10
Pt .11
Pt.12
Pt.13
Pt.14
Pt .15
Pt 16
Pt.17
Pt.18
pt.19
🌻
Pt.20
Pt .21
Pt .22
pt 23
pt.24
Pt.25
pt .26
Pt.27
Pt.28
Pt.29
Pt.30
Pt.31
Pt.32
Pt .33
Pt .34
Pt.35
End
Zawgyi 🍁
Pt.1
Pt 2
Pt.3
Pt.4
Pt .5
Pt .6
Pt.7
Pt.8
Pt.9
Pt.10
Pt.11
Pt .12
Pt .13
Pt.14
Pt .15
Pt.16
Pt .17
Pt.18
Pt .19
Pt.20
Pt.21
Pt .22
Pt.23
Pt. 24
Pt. 25
Pt.26
Pt.27
Pt.28
Pt.29
Pt .30
Pt.31
Pt.32
Pt .33
Pt .34
Pt .35
End
Extra

pt.9

2.1K 222 7
Av Thithipyaeaung

အနမ်းတွေ ရပ်ဆဲကာ ရင်ခွင်ထဲတိုးဝင်နေသော ကောင်လေးအား အူတယားယားဖြစ်နေသော မျက်မှန်လေးသည်
ချစ်ကြောင်းတွေတဖွဖွပြောကာ အိမ်သိုဘပြန်သွားတော့သည်

ကျန်ခဲ့သော အဖြူရောင်ပုံရိပ်လေးသည် ပျော်ရွှင်စွာ အိမ်ထဲပြန်ဝင်သွားတော့သည်

နှုတ်ခမ်းထက်အပြုံးများ ပွင့်လန်းနေကာ မြူးတူးတူးဖြစ်နေသော ညီငယ်လေးအား
ယွန်းဂီ မွေးနေ့မလို့ပျော်‌ေနသည်ဟုဘဲ လွယ်လွယ်တွေးခဲ့သည်

အဲ့ကတည်းကသာ မှားယွင်းနေခဲ့ရင်လေ
ကျွန်တော် ဇာတ်နာစရာဖြစ်ရပ်တွေမကြုံချင်
တစ်ခါတည်း အမျှင်အတန်းတွေကိုဖြတ်ခုတ်ခဲ့မိမှာပါ ....

ညလည်း အတော်မိုးချုပ်နေပြီဖြစ်ပြီး လာရောက်သူများလည်း အားလုံးပြန်ကုန်ပြီဖြစ်သည်

"အဲ့တာဆို ငါပြန်တော့မယ် ယွန်းဂီ
ဂျီမင်းကိုလည်း နှုတ်ဆက်တယ်ပြောပေးပါဦးကွာ "

"အေးပါ
မိုးချုပ်နေပြီ သေချာပြန်ဦး "

နမ်ဂျွန်းအား နှုတ်ဆက်ပြီးသည်နှင့် အိမ်ထဲဝင်လာခဲ့သည်
အပေါ်တက်သွားပြီဖြစ်သော မွေးနေ့ရှင်လေးအား ဒီနေ့ သူတစ်ယောက်ဘဲ လက်ဆောင်ပေးဖို့ကျန်တော့တာမဟုတ်လား

ယွန်းဂီလည်း သူတစ်လလောက်ပြင်ဆင်ထားရသည် လက်ဆောင်ဗူးလေးအား အခန်းထဲမှ ဝင်ယူကာ ညီငယ်လေးအခန်းဘက်ကူးခဲ့တော့သည်

အဝတ်အစားလဲကာ အိပ်ယာပေါ်တွင် လက်ဆောင်ဗူးများဖောက်ကြည့်နေတုန်း အခန်းထဲဝင်လာသော ကိုကို့ကြောင့် ဂျီမင်း အနားသို့ လက်ယက်ခေါ်လိုက်သည်

"ကိုကို လာကူဖောက်ပေးပါဦး "

ဒီကောင်လေး ညဉ့်နက်နေလို့ အိပ်ပြီဟုတောင်ထင်နေတာ
သူက ကလေးကလား လက်ဆောင်တွေတောင်လိုက်ဖောက်နေလိုက်သေးသည်

"ကလေးရယ် အိပ်ပါ မနက်ကျမှ လုပ်လဲ ရတာဘဲကို "

"ကိုကိုကလဲ
သားငယ်ငယ်ကတည်းက လက်ဆောင်ထုတ်လေးတွေ ဖြည်ရတာကို သဘောကျတဲ့ဟာ "

"ဟုတ်ပါပြီဗျာ
အဲ့တာဆို မနက်မှယူတော့ "

ထိုစကားကြောင့် လက်ဆောင်ဗူးတွေဆီမှ မျက်လုံးကျဉ်းကျဉ်းလေးများသည် ချက်ချင်းသူထံကူးပြောင်းလာကာ တစ်ကိုယ်လုံးအား အစုံအဆန်ကြည့်ပြီးနောက် ညာဘက်လက်ထဲရှိ ကတ္တီပါဗူးနက်ပြာရောင်လေးကို တွေ့သွားတော့သည်

"ကိုကို အဲ့တာဘာကြီးလဲ "

"ဘာမှ မဟုတ်ပါဘူး
ကလေး လက်ဆောင်တွေအရင်ဖောက်လေ "

အကျင့်ယုတ်နေတာ ကိုကိုက
ဒါသူ့ကို ပေးမှာသိနေတာကို မပေးဘဲ တမင်သက်သက်စနေတာ

"ရတယ်
အဲ့တာကို ပိုစိတ်ဝင်စားသွားပြီ "

မျက်လုံးလေးတွေ ဝိုင်းလာကာ တောက်တောက်ပပလေးကြည့်နေသော ညီငယ်လေးအား သူထပ်မစတော့ဘဲ ပေးလိုက်သည်


"Happy birthdayပါ ကိုကို့ကလေးလေးရေ
ကိုကို့ညီလေးအဖြစ်မွေးဖွားလာခဲ့လို့ကျေးဇူးတင်ပါတယ်
လိမ်မာပြီး စကားနားထောင်လို့ဘဲ ကိုကိုက ပိုချစ်ပါတယ် "

ကိုကိုသည် သူ့အားဖက်ကာ ကျေးဇူးတင်ကြောင်းပြောတော့
ဟိုးရင်ဘတ်ထဲအထိ နွေးထွေးရသည်
သူအသိဆုံးလေ
ကိုကို ဘယ်လောက်ချစ်တယ်ဆိုတာ ထုတ်မပြရင်တောင် သူအသိဆုံးပါ

"သားက ပိုပြီး ကျေးဇူးတင်ရမှာပါ
သားကိုကောင်းကောင်းမွန်မွန် ကိုကို့လက်အောက်မှာကြီးပြင်းလာစေလို့ ကျေးဇူးတင်ပါတယ်ကိုကို "

"ဖွင့်ကြည်ပါဦး
အဲ့တာ တစ်ကမ္ဘာလုံးမှာ တစ်ခုဘဲရှိတာ
ကိုကို့ ကလေးလေးဖို့ စီစဉ်ထားတာ "

ကတ္တီပါဗူးပြာပြာလေးသည် သိပ်လှပါသည်
ဖွင့်ကြည့်လိုက်တော့ ဟန်းချိန်းလှလှလေးတစ်ခု
အပြာရောင်စိန်သေးသေးလေးများဖြင့်စီချယ်ထားကာ ကြယ်ပုံစံ တွဲလောင်းလေးများဖြင့် အလယ်တွင် j.mဆိုသော နာမည် လေးပါ ကျနေသည်

"သဘောကျရဲ့လားကလေးလေး "

ဂျီမင်းသည် လှလွန်း၍ မျက်စိပါမခွာနိုင်
ခေါင်းတွေသာ တစ်ဆက်ဆက်ငြိမ့်ပြသည်

"ကြယ်လေးတွေက ကိုကို့အချစ်တွေလေ
ဒီ ဂျီမင်းဆိုတဲ့ ကလေးလေးကို ကြယ်တာယာတွေလို မရေတွက်နိုင်တဲ့အချစ်တွေနဲ့ ချစ်ပါတယ် လို့ ဆိုလိုတယ် "

ယွန်းဂီသည် ပြောပြီးသည်နှင့် ဟန်းချိန်းလေးအားယူကာ ညီငယ်လေးလက်တွင် ပတ်ပေးလိုက်သည်
လိုက်တာပေါ့
သူ့ညီလေးက ဘယ်သူမလို့လဲ
အပြာရောင်လေးတွေ တလတ်လတ်ဖြင့်တောက်ပနေသော လက်ဆောင်လေးကို ကိုကို့ထံမှရခဲ့သလို

လခြမ်းလေးဖြင့် တင့်တယ်နေသော ဆွဲကြိုးလေးကိုလဲ ချစ်ရသူထံမှရခဲ့သည်

ဘာလို့ လခြမ်းပေးတာလဲဟု သူမေးမိသောအခါ ဆရာက ကျွန်တော်အရင်ငေးကြည့်ခဲ့ရတဲ့အလှတရားလေးမလို့ပါ
လပြည့်ညတွေကို လူတိုင်းကြိုက်ပေမယ့်
ကျွန်တော်ကတော့ သေးငယ်တဲ့ ကျွန်တော့ဘဝရဲ့လခြမ်းလေးကို ရင်ဘတ်ကြီးတစ်ခုလုံးနဲ့ ပုံအောချစ်တာပါဗျာဟု မှတ်ချက်ပေးကာ ရှင်းပြဖူးသည်

တစ်ချိန်ထဲမှာ ဘဝရဲ့အကောင်းဆုံးလက်ဆောင်နှစ်ခုကို သူရခဲ့လို့ပျော်ခဲ့ဖူးပါသည်
တစ်နေ့ကျရင် နှစ်ခုထဲက တစ်ခုဘဲ ရွေးချယ်ရမယ်ဆိုတာမျိုး အဲ့အချိန်တုန်းက သူမှမသိခဲ့ဘဲ

ချစ်ခဲ့ကျတဲ့ရက်တွေမှာ ကျွန်တော်တို့အပူအပင်ကင်းကင်းချစ်ခဲ့ကျသည်
ဘတ်စ်ကားပေါ်မှာ လက်ခိုးတွဲဖူးကျသလို
Mapleခုံတန်းပေါိမှာလည်း စာအုပ်လေးကာပြီး အနမ်း‌ခြွေခဲ့ကျသည်
ဖိနပ်ဖြူဖြူလေးရဲ့ကြိုးတွေကို ဂျောင် စိတ်ရှည်စွာ ချည်ပေးသလို
ထိုဖိနပ်ဖြူဖြူလေးပိုင်ရှင်သည်လည်း ဂျောင်နှလုံးသားကို ကြိုးတွေဖြင့်ခိုင်မာစွာချည်ခဲ့ပါသည်

"ဂျောင် "

"ဗျာ ကျွန်တော့ဆရာလေး ဘာများအလိုရှိလို့ပါသလဲခင်‌ဗျ "

ဒီနေရာလေးမှာဘဲ စချစ်မိကာ
ဒီနေရာလေးမှာဘဲ အမြဲ တွေ့နေကျမို့
သူတောင် အပိုင်ဝယ်လာချင်မိတဲ့အထိပါဘဲ

"မရွဲ့နဲ့လေ "

"ကျွန်တော့ကိုရွဲ့နေတယ် ထင်တာလား ဆရာ"

ခြေထောက်လေးများကအငြိမ်မနေ ရှေ့နောက်လှုပ်ရမ်းနေသေးသည်


"မဟုတ်ပါဘူး "

ခေါ်ပြီး မမေးဘဲ ပြန်ငြိမ်သက်သွားပြန်တော့
ဒါစိတ်မကောင်းဖြစ်သွားတာပါဟု အသံတိတ်ပြောနေပုံ

ဆရာနဲ့ ချစ်နေတာ 1လ‌ေတာင်‌ေကျာ်‌ေနပြီ အပြုအမူတွေလည်း ရင်းနှီးနေကာ
အပြောအဆိုလေးတွေလည်း သဘောကျရသည်


"‌ဆရာ "

ကျွန်တော့ အင်္ကျီထဲ လက်ထည့်ထားသော သေးသေးလေးအား ဆွဲကိုင်ကာ နှုတ်ခမ်းလေးဖြင့်ဖိကပ်လိုက်သည်

"ဘာတွေ စိတ်အလိုမကျနေတာလဲ
ပြောလေ ကျွန်တော် ပြင်ပေးမှာပေါ့ "


"စိတ်မကောင်း မဖြစ်ပါဘူး "

စိတ်မကောင်းမဖြစ်ပါဘူးသာပြောတယ် မျက်လုံးတွေကပြိုတော့မယ့် မိုးတွေလိုဘဲ ဆရာသေးသေးလေးရယ်


"ဘာတွေများအလိုမကျနေသလဲ ဆရာ "

"အထက်တန်းပြီးတော့မှာမဟုတ်လား
ဂျောင်က
အဲ့ကျရင် မတွေ့ရတော့ဖူးကို "

ဟောဗျာ
ကျွန်တော့ဆရာက ကျွန်တော်နဲ့မတွေ့ရတော့မှာကို စိတ်ပူနေပါသတဲ့လေ
ကြွားလို့ရရင် တစ်ကမ္ဘာလုံးသိအောင် ကြွားပစ်လိုက်ချင်ပါရဲ့ဗျာ


"ဖုန်းတွေလည်းရှိ
အိမ်တွေလည်းသိ
လူချင်းလည်း ချစ်နေတာကို
ဘာတွေစိတ်ပူနေတာလဲ ကျွန်တော့ဆရာလေးရယ် "

"ဂျောင်က တက္ကသိုလ်ကျရင် ပိုကြည့်ကောင်းလာမှာလေ
ခုတောင် ကျောင်းမှာ စာတော်ကျောင်းသားဆိုတော့ နာမည်ကြီးမဟုတ်လား "


ကျွန်တော်ထင်တာ ကျွန်တော်က ပိုချစ်ပြီး ပိုသဝန်ဆိုတယ်လို့ပေါ့နော်
ခုတော့ ကျွန်တော့အတွေးတွေ တက်တက်ဆင်အောင်လွဲမှန်း ဆရာပေါက်စက သက်သေပြလိုက်ပြီ

သူကျွန်တော့ကို ပြောသာပြောနေတာ
မျက်နှာကိုလည်းမကြည့် လက်လေးနှစ်ဖက်ကလည်း အင်္ကျီစလေးကို လုံးချေနေသလို ခြေထောက်လေးတွေလည်း ရမ်းနေသေးတာ


"ဆရာ
ကျွန်တော့ကို ယုံပါ
ကျွန်တော် လွယ်လွယ်နဲ့ရင်မခုန်တတ်သလို
လွယ်လွယ်နဲ့လဲမချစ်တတ်ဘူး
ဆရာ့ကိုတော့ အစစ်အမှန်ချစ်တာမလို့ အခြားတစ်ယောက်ပြောင်းဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိနေပါဘူးဗျာ "


"ကတိပေးပါ
မထားခဲ့ပါဘူးဆိုတဲ့ ကတိ "

လက်သန်းသေးသေးလေးအား ထုတ်ပြလာတော့ သူမရတော့ အစောကတည်းက အူယားနေတာလေ
‌မျက်နှာသေးသေးလေးအား ဆွဲယူလိုက်ကာ Mapleရွက်တွေကြား အနမ်းခြွေချမိသည်

အနမ်းတွေ အဆု့းသတ်သွားတော့ ကျွန်တော့ဆရာလေး လုံးဝကောက်သွားချေပြီ


"ဂျောင်ကကွာ
ကိုယ်အတည်ပြောနေတာကို အလေးလည်းမထားဘူး "


"ကတိပေးလိုက်တာလေ
လက်သန်းနဲ့က သူများဖြတ်ရင် ပျက်တတ်သေးတာ နှုတ်ခမ်းတွေနဲ့ကသေရာပါဘဲ "

"စကားတတ်တိုင်းနဲ့ "

ဆူချိတ်နေသော သေးသေးလေးအား ရင်ခွင်ထဲထည့်တဲ့နေ့ရက်တိုင်းက ရက်ရာဇာ
တစ်ခါတစ်လေ ရှားရှားပါးပါး ပိတ်ရက်လေးတွင်လျှောက်လည်မိကျရင် coffee dateပြီး စကားတွေဖောင်ဖွဲ့မိကျသည်

ကော်ဖီတွေက ခါးလို့ ဆရာ့နှုတ်ခမ်းတွေနဲ့ တွဲသောက်ပါရစေဟု ပလီပလာ ချွဲတတ်သော မျက်မှန်လေးအား သူသိပ်သဘောကျရကာ သိပ်လည်းချစ်ရပါသည်

ကျွန်တော်နဲ့ဆရာချစ်သူတွေဆိုတာ တစ်ကျောင်းလုံးသိကျသော်လည်း အားလုံးမသိချင်ယောင်ဆောင်ခဲ့ကျသည်

တစ်ခါတစ်လေ Mapleတန်းတွေဘက်သွားတတ်သော ကျောင်းသားများသည် လူရည်ချွန်ကြီးတို့ အတွဲအား မြင်ရ၍ ရှောင်ထွက်ခဲ့ကျရသလို
တစ်ခါတစ်လေ စာကြည့်တိုက်ထဲတွင် ထိုဖြူဖြူသေးသေးဆရာလေးနှင့်ကလန်ကလား မျက်မှန်တို့အား စာအုပ်စဉ်များကြားတွင်တွေ့ရတတ်သည်

ဆရာဂျီမင်းသည် စာသင်ရင်းဖြင့် အကြောင်းပြချက်မရှိပြုံးနေတတ်သလို
စာတော်ကျောင်းသားကြီးသည်လည်း အကြောင်းပြချက်မရှိစာသွားသွားမေးတတ်သည်
ကြိုးပြေတတ်သော ဖိနပ်ဖြူဖြူလေးအား ကျောင်းလမ်းမပေါ်တွင် ပိုင်ပိုင်နိုင်စီးပေးနေချင်းတွေအားတွေ့ရသလို
ခက်ခက်ခဲခဲ လူရည်ချွန်ကြီးအပြုံးတွေလည်း တွဲတွေ့ရသည်

သူတို့အားလုံး သိခဲ့ကျပေမယ့် မတားမြစ်ခဲ့ကျ ဂျောင်ကုသည် ငယ်စဉ်ကတည်းက တွဲတက်လာခဲ့ကျသော သူငယ်ချင်းတွေထဲကတစ်ယောက်
ဘယ်လောက်အနေအထားတည်သလဲသူတို့အသိဆုံး
လူအေးကြီးဖြစ်၍ စနောက်ကျရင်လည်း သူ့ကိုသာ
စာတော်သော လူရည်ချွန်ကြီးဖြစ်၍ စာရှင်းပြခိုင်းရင်လည်းသူ့ကိုသာ
ဂျောင်ကုက အကုန်လုံးရဲ့ အချစ်ခံလေး

သိပ်လိုက်ဖက်ခဲ့ကျပါတယ်
ပေါင်းဖက်စေချင်ခဲ့ကျပါတယ်
သေးသေးလေးနဲ့မျက်မှန်အတွဲအား သိပ်အားပေးခဲ့ကျပါတယ်

ဒါပေမယ့်လေ ပေါင်းဖတ်ဖို့ဆိုတာ ဘယ်လောက်ချစ်ချစ် ကံတရားတွေ ဝင်ရောက်လာရင် သိပ်ကြောက်ဖို့ကောင်းစွာလဲ ပြောင်းလဲ သွားတတ်ကျတာဘဲလေ

"ထယ် ဂျောင်ကုကော "

"ထုံးစံအတိုင်းဘဲပေါ့ ဆော့ရယ် "

"အော် "

ထယ်ယောင်းနဲ့ဟိုဆော့တို့ကလည်း
ရည်းစားအရနောက်ကျနေသော သူငယ်ချင်းအား တားမရဆီးမရ၍သာ လွှတ်ထားကျတာပါ ဂျီမင်းဘက်က အချက်အလက်တွေအား ထယ်ယောင်းသည် လည်ဝယ်သူမို့ စုံစမ်းထားမိသည်

မင်ယွန်းဂီဆိုတာ လွယ်တဲ့သူမှမဟုတ်ဘဲ
ဖေဖေနဲ့ လုပ်ငန်းပါတနာတူမို့ အိမ်၌ တစ်ခါတစ်ရံပြောပြဖူးသည်

ဂျောင်ကုနဲ့ ကိစ္စကို မသိသေးတာဘဲ ဖြစ်နိုင်လောက်တယ်
ဆရာနမ်ဂျွန်းသည် သိသော်လည်း ဖုံးကွယ်ပေးထားတာနဲ့တူသည်
မဟုတ်ရင် အပြင်တွေထိ လွတ်လွတ်လပ်လပ် ကြည်ဖြူမဲ့အထဲ မင်ယွန်းဂီပါစရာအကြောင်းမှမရှိတာ

ရှေ့ရေးအတွက်ရင်ကြိုလေးပေးနေရသော ထယ်ယောင်းရယ်ပါ

အချိန်တွေတစ်ပတ်ပြီးတစ်ပတ်ကုန်ဆုံးခဲ့သလို ဂျောင်ကုသည် ကတိအတိုင်း စိတ်တစ်ချက်အညိုးမခံ ပြည့်စုံတာထက်ပို၍ ကျော်လွန်ကာ ချစ်ပေး ဂရုစိုက်ပေးခဲ့သည်
အသေးအဖွဲကစ ဂရုစိုက်တာမို့ တစ်ခါတစ်လေ အားနာရကြောင်းထုတ်ပြောတဲ့အခါ စိတ်ကောက်သူသည် မျက်မှန်လေး

နောက်ဆုံးစာမေးပွဲ ဖြေရတော့မည်ဖြစ်၍ အလုပ်ရှုပ်နေကာ ခုတလော ဆရာနဲ့အချိန်ကုန်ဆုံးတာနည်းလာသည်

"ဂျောင်
စာကိုဘဲ အာရုံစိုက်ဦး "ဟု လေသံ နုနုလေးဖြင့်ပြောလာခဲ့တာကြောင့် ကျွန်တော် အထွန့်မတက်ခဲ့ စာအုပ်ဖွင့်ကာ စာတန်းကျက်ခဲ့သည်

လွမ်းလာလျှင် ပြေးတွေ့ကာ အနမ်းနုနုများဖြင့် အမောဖြေရင်း စာပြန်လုပ်ရသည်
ညတွေဆို ဖုန်းခဏဘဲ ပြော၍ စာလုပ်ရပြန်သည်

ဒီဆရာလေးဟာလေ အမြဲသူ့ကို နိုင်နေတော့တာဘဲ
ချစ်တော့လည်း အရှုံးပေါ့‌ဗျာ ။


"ဂျောင် " ဆိုတဲ့ နာမ်စားလေးကို ကျွန်တော်စွဲမက်ခဲ့ပြီဆရာ
မချစ်သေးခင်တုန်းက ချစ်စေချင်ခဲ့တာ
ချစ်သွားပြန်တော့ကျ ပိုင်ဆိုင်ချင်လာရော
ကျွန်တော် လူလည် သိပ်ကျတာဘဲနော် ဆရာ

ကျွန်တော့ကိုဘဲ ပြုံးပြတဲ့အပြုံးတွေကိုသဘောကျတယ်
ကျွန်တော်ဘဲ နမ်းတဲ့ လက်ဖမိုးလေးတွေကိုချစ်တယ်
ကျွန်တော်ဘဲ ချည်ခွင့်ရတဲ့ ဖိနပ်ကြိုးလေးတွေကို မြတ်နိုးတယ်

ဆံသားပျော့ပျော့လေးမှ ခြေဖဝါးရဲရဲလေးထိ
ကျွန်တော်နှလုံးသားထဲထိ ပေါက်ပေါက်ရောက်ရောက် ထွင်းထုထားနိုင်ခဲ့တာ

"ဂျောင်သိလား
ကိုယ်စချစ်မိတာ မျက်မှန်လေးတွေကိုလေ"လို့ဆိုလာပြန်ရင်လည်း ကျွန်တော်ရူးရူးကြောင်ကြောင်နဲ့ မှုန်ဝါးနေတဲ့မျက်လုံးတွေကို ကျေးဇူးတင်မိပြန်ရောဆရာ

နှုတ်ခမ်းလှလှလေးကို ထိတွေ့ခွင့်ရတာကတော့ အဆုံးအဆမဲ့ပေါ့ဆရာ
ပါးအိအိလေးတွေ မွှေးကြူရရင် ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူဖြစ်သွားပြန်ရော

ချစ်တာ ကမ္ဘာဆုံးထိ ချစ်သွားချင်တာဆရာ

🍁🍁🍁🍁🍁
Update ပါဗျ










Fortsett å les

You'll Also Like

1.2M 52.2K 98
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
5.9K 446 13
ပထမဆုံး စရေးတဲ့ fic ပါ နော် 😁😁 ဒါလေးက သာသာရဲ့ ကရင်ရိုးရာ နှစ်သစ်ကူးအကြောင်းလေး နည်းနည်းကို စိတ်ကူးနဲ့ရေးတာပါနော် ရိုးရာကိုထိခိုက်စေလိုချင်မရှိပါဘူး...
1.3M 52.1K 55
Being a single dad is difficult. Being a Formula 1 driver is also tricky. Charles Leclerc is living both situations and it's hard, especially since h...
315K 11.1K 31
Shuichi Saihara's trying to live his best life without any trickery, lying, or scheming. It's going pretty well until his teacher assigns him a proje...