အပိုင်း9 တီအန်တာအိုဂိုဏ်းက ဧည့်သည်တော်များ
တီအန်တာအိုဂိုဏ်းက စိတ်ပြောင်းသွားပြီး တပည့်သစ်စုဆောင်းဖို့အတွက် ဟွန်အန်မြို့ကိုလာနေကြပြီဆိုတဲ့သတင်းက မြို့ထဲမှာတောမီးသဖွယ် ပျံ့နှံ့သွားခဲ့လေသည်။
ဟွန်အန်မြို့မှာက မိသားစုကြီးနှစ်ခုရှိပြီး သူတို့ချူးမိသားစုနဲ့ ချန်းမိသားစုတို့ဖြစ်တယ်။သူတို့မိသားစုနှစ်ခုလုံးက သမိသားစုကြီးနှစ်ခုလုံးက အလွန်ကိုသက်တမ်းရှည်ကြာနေကြပြီဖြစ်သည်။သူတို့က နှစ်ပေါင်းရာချီသမိုင်းကြောင်းရှိကြပြီး သူတို့ရဲ့အခြေခံအုပ်မြစ်ကလဲ အလွန်ကိုခိုင်မာ နက်ရှိုင်းကြပါသည်။
ကြီးမားကျယ်ပြန့်တဲ့ ဟွန်အန်မြို့တော်ကြီးက အဆိုပါမိသားစုနှစ်စုရဲ့ ပိုင်ဆိုင်မှုလိုဖြစ်နေကြပါသည်။မိသားစုကြီးနှစ်ခုက မြို့တစ်မြို့ထဲမှာပဲ အတူတူနေထိုင်နေကြတဲ့အတွက် ပြိုင်ဆိုင်မှုတွေဆိုတာလဲ ဘယ်လိုမှရှောင်လွှဲလို့မရနိုင်တဲ့အရာပင် ဖြစ်ပေသည်။
လွန်ခဲ့တဲ့နှစ်တွေထဲက မိသားစုကြီးနှစ်စုဟာ ဗြောင်တစ်မျိုး လျှို့ဝှတ်စွာတစ်ဖုံနဲ့ အမြဲတစ်စေပြိုင်ဆိုင်နေခဲ့ကြပါတယ်။သူတို့ဟာ လူငယ်မျိုးဆက်တွေကို လုံ့လရှိစွာလေ့ကျင့်ကြစေကာ စည်မျဉ်းတွေသတ်မှတ်လို့ တစ်ယောက်ချင်းစီ ပြိုင်ဆိုင်တာမျိုးလဲ ပြုလုပ်ခဲ့ကြပါတယ်။
လွန်ခဲ့တဲ့ရက်အနဲငယ်က ဟွန်အန်မြို့တော်တစ်ခုလုံး ချူးဇန်က အဝါရောင်အဆင့်ခုနှစ် သိုင်းဝိညာဉ်နိုးထထားတာ သိကြပါသည်။အခြားတစ်ဖက်မှာတော့ ချူးမိသားစုက ငယ်ရွယ်တဲ့ပါရမီရှင်သခင်လေးချူးယွန်က ပထမတန်းစားအဝါရောင်အဆင့်တစ်သိုင်းဝိညာဉ်ကို နိုးထခဲ့ပြီး မြင့်မြတ်တဲ့နေရာကနေ သေမျိုးကမ္ဘာထဲကို ခုန်ဆင်းသွားခဲ့သလိုပင်ဖြစ်သည်။
ချူးတိုင်ကွန်က သူ့ရဲ့ခေါင်းဆောင်နေရာကို ချူးယွန်ကိုပေးမယ်လို့ကြေညာခဲ့တာကိုလဲ အခုတော့ လူအများက ဟာသအဖြစ်သာသတ်မှတ်ထားခဲ့ကြပြီဖြစ်သည်။
ဟွန်အန်မြို့မှာ တပည့်သစ်ခေါ်ယူမယ်ဆိုတဲ့ကိစ္နဲ့ပတ်သတ်ပြီးတော့လဲ ချန်းကလန်က ဘာမှသိပ်လှုပ်လှုပ်ရှားရှားမရှိကြပဲ နှိမ့်ချစွာပင်နေထိုင်ခဲ့သည်။သူတို့ရဲ့သိုင်းဝိညာဉ်နိုးထခြင်းအခမ်းအနားကိုတောင် လျှို့ဝှတ်စွာနဲ့ကျင်းပခဲ့သည်။
ချန်းကလန်က လူငယ်လေးတွေ မည့်သည့်သိုင်းဝိညာဉ်တွေနိုးထကုန်ကြတယ်ဆိုတာလဲ ဘယ်သူမှမသိခဲ့ကြပေမယ့် အကုန်လုံးက ချူးကလန်က ချူးဇန်ကိုပဲ အထင်ကြီးနေကြဆဲပင်ဖြစ်သည်။
အဝါရောင်အဆင့်ခုနှစ်သိုင်းဝိညာဉ်ဆိုတာက အနီးအနားမြို့တွေမှာတောင် ပါရမီရှင်တွေကြားထဲက ပါရမီရှင်လို့ပြောလို့ရသည်။ဒါကတီအန်တာအိုဂိုဏ်းရဲ့ သတ်မှတ်ချက်ထက်ပင် ကျော်လွန်နေပြီလေ။ တီအန်တာအိုဂိုဏ်းက ချူးဇန်ကို သေချာပေါက်ရွေးချယ်ကြတော့မည်ဖြစ်သည်။လူတိုင်းကိုစိတ်ဝင်စားနေစေတဲ့အရာက အမြင့်ဆုံးဖြစ်မလဲဆိုတာပင်။
"အဖေ လွန်ခဲ့တဲ့ရက်အနဲငယ်ကပဲ ချူးဝမ်ကင်းက ကလန်အစည်းအဝေးမှာ စွပ်စွဲအပစ်တင်ခဲ့တယ်ဆို"
ချူးယွန်က အပြင်ကိုထွက်ခွာတော့မည်ဖြစ်သည်။သူ့ဘေးမှာတော့ချူးတိုင်ကွန်က လက်နှစ်ဖက်ကိုအနောက်ပစ်လို့မပ်တပ်ရပ်နေပြီး သူ့နှုပ်ခမ်းထောင့်တွေမှာတော့ ကျေနပ်ပျော်ရွှင်နေသည့်နှယ် တွန့်ကွေးနေကြလေသည်။
"ဟဲဟဲ မင်းအဖေငါ့ကိုဘယ်လိုလူစားမျိုးထင်နေလို့လဲဟ။
ငါတစ်ခွန်းထဲပဲ ပြန်ပြောထားခဲ့တယ်၊မင်းကခေါင်းဆောင်နိုင်စွမ်းမှာ ငါ့ထက်သာတယ်လို့ပြောခဲ့တယ်၊
ကောင်းပြီ ဒါဆိုငါတို့တိုက်ခိုက်ကြမယ် အကယ်၍ငါရှုံးသွားရင် မင်းကိုခေါင်းဆောင်ရာထူးပေးမယ်လို့ပေါ့ ဟားဟား"
"ဘာပြောကောင်းမလဲ ချူးဝမ်ကင်းနဲ့ ချူးကူအန်းယာတို့ လှုပ်တောင်မလှုပ်ရဲခဲ့ကြဘူး"
"အဖေမှန်တယ်၊ဒါကဖြစ်သင့်တဲ့အရာပဲ။ချူးဝမ်ကင်းတို့မိသားစုက ဝံပုလွေတွေလိုပဲ ရည်မှန်းချက်ကြီးမားကြတယ်။သးတို့ကို အကြာကြီးဖိနှိမ်ထားလို့ရမှမဟုပ်ဘူး။တီအန်တာအိုဂိုဏ်းက တပည့်သစ်လက်ခံတာပြီးသွားတာနဲ့ သူတို့နဲ့တစ်ခါထဲစာရင်းအပြတ်ရှင်းရမယ်"
ချူးယွန်ရဲ့မျက်လုံးထဲမှာတော့စိတ်လှုပ်ရှားမှုတွေနဲ့ တလက်လက်တောက်ပနေပါတယ်။
ဒီနေ့သူဟာ လုံးဝကိုနင်းချေဖျက်ဆီးပစ်ရလိမ့်မယ်။ချူးဇန်ရဲ့ ယုံကြည်မှုတွေကိုပေါ့..
"အချို့ လူတွေကတော့ ချူးဝမ်ကင်းဘက်ကိုပါချင်တဲ့သဘောရှိနေကြတယ်"
ချူးတိုင်ကွန်က စိတ်လှုပ်ရှားမှုတွေနဲ့ သက်ပြင်းချလိုက်တယ်။ဒါလဲကောင်းတာပါပဲ၊သူ့အပေါ်မကောင်းတဲ့သူတွေကို ရှင်းရှင်းလင်းလင်း သိလိုက်ရတာပေါ့။
ဟွန်အန်မြို့ရဲ့အကြီးမားဆုံးခန်းမကြီးတစ်ခုထဲမှာတော့ လူစည်ကားနေပြီဖြစ်သည်။တီအန်တာအိုဂိုဏ်းက လေးစားလောက်တဲ့ဧည့်သည်တော်သုံးဦးဟာ မနက်စောစောကပင် ဟွန်မြို့ရဲ့ မြင့်မြတ်ခြင်းခန်းမကို ရောက်ရှိလာခဲ့ကြပါတယ်။
သူတို့က ဟွန်အန်မြို့မှာကြာကြာနေကြမှာမဟုပ်ပဲ သူတို့ရဲ့ သတ်မှန်ချက်နဲ့ကိုက်ညီတဲ့တပည့်သုံးယောက် ရွေးချယ်ပြီးတာနဲ့ ချက်ချင်းပြန်သွားကြမှာပါ။
ခန်းမထဲမှာတော့လူပင်လယ်ကြီးလိုဖြစ်နေပြီး အများစုက ချူးကလန်နဲ့ချန်းကလန်ကဖြစ်တယ်။
ရွေးချယ်မှုမှာပါဝင်ချင်တဲ့သူက အနဲဆုံးအဝါရောင်အဆင့်ငါး သိုင်းဝိညာဉ်ရှိရပါမယ်။ဟွန်အန်မြို့တော်လိုနေရာမျိုးမှာတော့ အဝါရောင်အဆင့်ငါးသိုင်းဝိညာဉ်ရှိသူက ဆယ်ယောက်ထက်မနဲရှိပါတယ်။
လူငါးယောက်ဟာ ပွဲကြည့်စင်မြင့်ပေါ်မှာထိုင်နေခဲ့ကြပါတယ်။ချူးမိသားစုခေါင်းဆောင်ချူးတိုက်ကွန်၊ချန်းမိသားစုကခေါင်းဆောင်ချန်းလုံနဲ့ တီအန်တာအိုဂိုဏ်းရဲ့တပည့်သုံးဦးတို့ပါ။တီအန်တာအိုဂိုဏ်းရဲ့တပည့်သုံးယောက်က အမျိုးသားနှစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ဖြစ်တယ်။
အမျိုးသမီးဟာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သူမကိုကြည့်ရတာ အသက်သုံးဆယ်ဝန်းကျင်ရှိပုံရပါတယ်။သူမကလှပပြီး တကယ့်ကိုပြိုင်ဘက်ကင်းတဲ့အလှတရားမျိုးပါ။သူမရဲ့လှုပ်ရှားမှုတိုင်းက မြင့်မြတ်တဲ့အော်ရာတွေထွက်ပေါ်နေပါတယ်။
အခြားလူနှစ်ယောက်ကတော့နဲနဲပိုကြီးပုံရလေသည်။သူတို့ရဲ့ပုံစံကသာမန်ပဲဆိုပေမယ့် မာနအလွန်ကြီးမားပုံရပြီး သူ့တို့ရဲ့မျက်လုံးထဲမှာ လူတိုင်းရဲ့အထက်မှာရောက်နေသလိုမျိုး အရိပ်အယောင်လေးတွေထွက်ပေါ်နေသည်။သူ့တို့ရဲ့မျက်လုံးထဲမှာတော့ ဘယ်သူ့ကိုမှဂရုမစိုက်သည့်နှယ်...
ချူးတိုင်ကွန်နဲ့အမျိုးသမီးတို့က သိကျွမ်းဝင်ထားဟန်ရှိပြီး တစ်ခါတစ်ခါ စကားပြောဆိုနေကြပါတယ်။ယောင်္ကျားနှစ်ယောက်ကတော့ ချန်းလုံနဲ့ပိုအဆင်ပြေနေလေသည်။
"ချူးတိုင်ကွန်' နင့်သားက အနဲဆုံးအဝါရောင်အဆင့်ခြောက်သိုင်းဝိညာဉ်နိုးထမယ်လို့နင်ကတိပေးထားခဲ့တယ်လေ။အခု ဒီကိစ္စကိုငါ ဘယ်လိုဖြေရှင်းရမှာလဲ"
အမျိုးသမီးကချူးတိုင်ကွန်ကိုကြည့်လိုက်ပြီး သူမရဲ့ လေသံထဲမှာတော့ ကူကယ်ရာမဲ့မှုတွေပါဝင်နေခဲ့ပါတယ်။ချူးတိုင်ကွန်ကလဲ ကူကယ်ရာမယ့်စွာနဲ့သူ့လက်တွေကို ဝှေ့ယမ်းလိုက်ပြီးပြောလိုက်တယ်
"ကံကြမ္မကမကောင်းလွန်းတာပါ၊ဂျင်ရန် ရယ်
ငါလဲယွန်အာရဲ့သိုင်းဝိညာဉ်က အဝါရောင်အဆင့်တစ်ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူးလေ"
"ဆောင်းဦးမိုးကောင်းကင်မြို့မှာက အဝါရောင်အဆင့်ခြောက် သိုင်းဝိညာဉ်ရှိသူ သုံးယောက်တောင်ရှိတယ်။တပည့်သစ်စုဆောင်းဖို့ တာဝန်ယူထားတဲ့ အခြားနှစ်ယောက်က အဲ့ဒီမြို့ကနေ အကျိုးအမြတ်အများကြီးရသွားခဲ့ကြတယ်။တပည့်သစ်စုဆောင်းမယ့်နေရာကို ပြောင်းရွှေ့ဖို့ယာယီစီစဉ်ခဲ့ရတဲ့အတွက် ငါ့ကို တော်တော်လေးကိုမကျေမနပ်ဖြစ်နေခဲ့ကြတာ။ငါဒါကိုမကြောက်ပါဘူး၊ငါကြောက်တာက တီအန်တာအိုဂိုဏ်းကသာ ဒီအကြောင်းသိရင် ငါ့ကိုအပြစ်တင်လာမှာကိုပဲ။ဒီတော့ ချူးတိုင်ကွန် နင်ငါ့ကိုအလျော်ပေးဖို့ဘာတွေပြင်ဆင်ထားလဲ"
စကားပြောနေတဲ့သူ့ရဲ့လေသံထဲမှာ ခါးသီးမှုလေးတွေပါဝင်နေခဲ့ပါတယ်။ဒါကအပြစ်တင်ပြောဆိုနေတာဆိုပေမယ့် စိတ်ကောက်နေကြတဲ့စုံတွဲတစ်တွဲနဲ့လာတူနေသေးတယ်။
ချူးတိုင်ကွန်က ခြောက်ကပ်စွာနဲ့ချောင်းဟန့်လိုက်တယ်။
"တပည့်သစ်ရွေးချယ်လို့ပြီးသွားမှ ဒီကိစ္စကိုဆက်ပြောကြတာပေါ့"
"ဟမ့်"
ဂျင်ယန်က ဟမ့်ခနဲအသံတစ်ချက်ပြုလိုက်ပြီး သူမရဲ့ခေါင်းကို တစ်ဖက်ပြန်လှည့်သွားလေသည်။
အခြားသူတွေအရှေ့မှာတော့ သူမဟာမြင့်မြတ်တဲ့အော်ရာတွေ ပြန်လည်ထွက်ပေါ်လာပါတယ်။
"လူကြီးမင်းတို့ အခုကအချိန်ကောင်းပါပဲ" ချန်းလုံကပြုံးပြုံးလေးနဲ့သတိပေးလိုက်တယ်။
"ကောင်းပြီ၊ စကြတာပေါ့။
ပုံမှန်အတိုင်းပဲ ပါဝင်မယ့်သူတွေအကုန်လုံးစင်မြင့်ပေါ်တက်လာကြပြီး မင်းတို့ရဲ့သိုင်းဝိညာဉ်ကို ထုတ်လွှတ်လိုက်ကြပါ"
ဂျင်ရန်ရဲ့လှပတဲ့မျက်နှာလေးက တည်ညိမ်အေးဆေးနေပါတယ်။သူတို့သုံးယောက်ထဲမှာ ဂျင်ရန်ကိုလေးကြရတယ်ဆိုတာ ရှင်းနေပါသည်။ကျန်တဲ့လူနှစ်ယောက်ကတော့ သူမကိုကူညီပေးဖို့သက်သက် ပါလာကြပုံရလေသည်။ကလန်ကြီးနှစ်ခုကနေ လူဆယ်ယောက်ကျော်ကျော် လမ်းလျှောက်တက်လာကြလေသည်။
ချူးယွန်ကလဲ ပါဝင်လာခဲ့ပြီး အံ့အားသင့်စရာလျစ်လျူရှုထားတာခံခဲ့ရပါတယ်။"ချူးယွန်မင်းရဲ့သိုင်းဝိညာဉ်အမှိုက်နဲ့စင်မြင့်ပေါ်ကို တက်ချင်နေတာလား"
ရန်သူတွေအချင်းချင်းတွေ့လိုက်ကြရတဲ့အတွက် မျက်လုံးတွေဟာချက်ချင်းနီလာကြပါတယ်။
"ဟားဟား...မင်းတို့ကလန်ရဲ့မျက်နှာကိုတစ်ခါပျက်စေတာက မလုံလောက်သေးဘူးလား?မင်းတို့ကလန်ကို ဟွန်အန်မြို့တော်တစ်ခုလုံးမှာ မျက်နှာပြစရာမရှိအောင်လုပ်ဖို့ကြံစည်နေတာလား"
သူတို့ရဲ့စကားတွေက ချူးယွန်ကို သက်တောင့်သက်သာနဲ့ ရယ်မောလိုက်မိစေခဲ့တယ်။
"ချူးယွန်၊ငါမင်းကိုအကြံတစ်ခုပေးလိုက်မယ်။မင်းစင်မြင့်ပေါ်ကနေ အမြန်ဆုံးထွက်သွားသင့်တယ်၊အခုကနောက်မကျသေးဘူးနော်၊တကယ့်လို့ မင်းရဲ့သိုင်းဝိညာဉ်ကိုထုတ်ပြပြီးရင်တော့ မင်းအနေနဲ့ ထွက်ပြေးချင်တယ်ဆိုရင်တောင် အခွင့်အရေးရှိမှာမဟုပ်ဘူး။"
"ငါကဘာလုပ်ရမှာလဲ? မင်းနဲ့ရောဘာဆိုင်လဲ?မင်းရဲ့ကိုယ်ပိုင်ငှက်လေးနဲ့ကစားချင်ရင်လဲ ဒီအဖေကိုလာမစနဲ့" ချူးယွန် အထင်မြင်သေးစွာနဲ့ သူ့ရဲ့ခေါင်းကိုမော့ထားလိုက်တယ်။သူ့ရဲ့နှလုံးသားထဲမှာတော့အရာအားလုံးကို ကြိုတင်အစီစဉ်ချထားပြီးဖြစ်ပါတယ်။
"မင်းကအခုထိမာနထောင်လွှားနေတုန်းပဲလား?နောင်မှမင်းငိုရလိမ့်မယ်"
ချူးဇန်နဲ့ ချူးဇီဒွန်ရဲ့စိတ်နှလုံးထဲမှာ အတိအကျကိုတေးထင်ထားတဲ့မရာပင်ဖြစ်သည်။
"ချူးယွန်အဝါရောင်အဆင့်တစ်သိုင်းဝိညာဉ်နိုးရတာ ဘယ်လိုနေလဲကွ" ချောမောတဲ့လူငယ်တစ်ယောက်ကပြုံး၍ ကြည့်နေခဲ့ပါတယ်။ထိုအပြုံးကနူးညံ့သိမ်မွေ့ပုံရပေမယ့် လှောင်ပြောင်လိုမှုတွေ ပြည့်နှက်နေခဲ့လေသည်။သူ့နံမယ်က ချန်းရှန်၊ချန်းမသားစုခေါင်းဆောင်ချန်းလုံရဲ့ အငယ်ဆုံးသားပါ။
သူ့ရဲ့သိုင်းဝိညာဉ်ကဘယ်အဆင့်ရှိမယ်ဆိုတာ ဘယ်သူမှမသိပေမယ့် သူ့ရဲ့ကိုယ့်ကိုက်ယုံကြည်မှုပြည့်နေတဲ့ပုံစံအရ သူလဲဆိုးရွားတဲ့အထဲတော့ ပါမည်မဟုပ်ပေ။
ချူးယွန်က အသက်ကိုဖြေးဖြေးချင်းရှုရှိုက်ရင်း သူ့လက်ခလယ်ကိုထောင်ပြရင်းပြုံးလိုက်လေတယ်။
"သောက်ရူးကောင်"
"ထွက်သွား"
အပိုင္း9 တီအန္တာအိုဂိုဏ္းက ဧည့္သည္ေတာ္မ်ား
တီအန္တာအိုဂိုဏ္းက စိတ္ေျပာင္းသြားၿပီး တပည့္သစ္စုေဆာင္းဖို႔အတြက္ ဟြန္အန္ၿမိဳ႕ကိုလာေနၾကၿပီဆိုတဲ့သတင္းက ၿမိဳ႕ထဲမွာေတာမီးသဖြယ္ ပ်ံ႕ႏွံ႔သြားခဲ့ေလသည္။
ဟြန္အန္ၿမိဳ႕မွာက မိသားစုႀကီးႏွစ္ခု႐ွိၿပီး သူတို႔ခ်ဴးမိသားစုနဲ႔ ခ်န္းမိသားစုတို႔ျဖစ္တယ္။သူတို႔မိသားစုႏွစ္ခုလုံးက သမိသားစုႀကီးႏွစ္ခုလုံးက အလြန္ကိုသက္တမ္း႐ွည္ၾကာေနၾကၿပီျဖစ္သည္။သူတို႔က ႏွစ္ေပါင္းရာခ်ီသမိုင္းေၾကာင္း႐ွိၾကၿပီး သူတို႔ရဲ႕အေျခခံအုပ္ျမစ္ကလဲ အလြန္ကိုခိုင္မာ နက္႐ိႈင္းၾကပါသည္။
ႀကီးမားက်ယ္ျပန္႔တဲ့ ဟြန္အန္ၿမိဳ႕ေတာ္ႀကီးက အဆိုပါမိသားစုႏွစ္စုရဲ႕ ပိုင္ဆိုင္မႈလိုျဖစ္ေနၾကပါသည္။မိသားစုႀကီးႏွစ္ခုက ၿမိဳ႕တစ္ၿမိဳ႕ထဲမွာပဲ အတူတူေနထိုင္ေနၾကတဲ့အတြက္ ၿပိဳင္ဆိုင္မႈေတြဆိုတာလဲ ဘယ္လိုမွေ႐ွာင္လႊဲလို႔မရႏိုင္တဲ့အရာပင္ ျဖစ္ေပသည္။
လြန္ခဲ့တဲ့ႏွစ္ေတြထဲက မိသားစုႀကီးႏွစ္စုဟာ ေျဗာင္တစ္မ်ိဳး လွ်ိဳ႕ဝွတ္စြာတစ္ဖုံနဲ႔ အၿမဲတစ္ေစၿပိဳင္ဆိုင္ေနခဲ့ၾကပါတယ္။သူတို႔ဟာ လူငယ္မ်ိဳးဆက္ေတြကို လုံ႔လ႐ွိစြာေလ့က်င့္ၾကေစကာ စည္မ်ဥ္းေတြသတ္မွတ္လို႔ တစ္ေယာက္ခ်င္းစီ ၿပိဳင္ဆိုင္တာမ်ိဳးလဲ ျပဳလုပ္ခဲ့ၾကပါတယ္။
လြန္ခဲ့တဲ့ရက္အနဲငယ္က ဟြန္အန္ၿမိဳ႕ေတာ္တစ္ခုလုံး ခ်ဴးဇန္က အဝါေရာင္အဆင့္ခုႏွစ္ သိုင္းဝိညာဥ္ႏိုးထထားတာ သိၾကပါသည္။အျခားတစ္ဖက္မွာေတာ့ ခ်ဴးမိသားစုက ငယ္႐ြယ္တဲ့ပါရမီ႐ွင္သခင္ေလးခ်ဴးယြန္က ပထမတန္းစားအဝါေရာင္အဆင့္တစ္သိုင္းဝိညာဥ္ကို ႏိုးထခဲ့ၿပီး ျမင့္ျမတ္တဲ့ေနရာကေန ေသမ်ိဳးကမ႓ာထဲကို ခုန္ဆင္းသြားခဲ့သလိုပင္ျဖစ္သည္။
ခ်ဴးတိုင္ကြန္က သူ႕ရဲ႕ေခါင္းေဆာင္ေနရာကို ခ်ဴးယြန္ကိုေပးမယ္လို႔ေၾကညာခဲ့တာကိုလဲ အခုေတာ့ လူအမ်ားက ဟာသအျဖစ္သာသတ္မွတ္ထားခဲ့ၾကၿပီျဖစ္သည္။
ဟြန္အန္ၿမိဳ႕မွာ တပည့္သစ္ေခၚယူမယ္ဆိုတဲ့ကိစၷဲ႕ပတ္သတ္ၿပီးေတာ့လဲ ခ်န္းကလန္က ဘာမွသိပ္လႈပ္လႈပ္႐ွား႐ွားမ႐ွိၾကပဲ ႏွိမ့္ခ်စြာပင္ေနထိုင္ခဲ့သည္။သူတို႔ရဲ႕သိုင္းဝိညာဥ္ႏိုးထျခင္းအခမ္းအနားကိုေတာင္ လွ်ိဳ႕ဝွတ္စြာနဲ႔က်င္းပခဲ့သည္။
ခ်န္းကလန္က လူငယ္ေလးေတြ မည့္သည့္သိုင္းဝိညာဥ္ေတြႏိုးထကုန္ၾကတယ္ဆိုတာလဲ ဘယ္သူမွမသိခဲ့ၾကေပမယ့္ အကုန္လုံးက ခ်ဴးကလန္က ခ်ဴးဇန္ကိုပဲ အထင္ႀကီးေနၾကဆဲပင္ျဖစ္သည္။
အဝါေရာင္အဆင့္ခုႏွစ္သိုင္းဝိညာဥ္ဆိုတာက အနီးအနားၿမိဳ႕ေတြမွာေတာင္ ပါရမီ႐ွင္ေတြၾကားထဲက ပါရမီ႐ွင္လို႔ေျပာလို႔ရသည္။ဒါကတီအန္တာအိုဂိုဏ္းရဲ႕ သတ္မွတ္ခ်က္ထက္ပင္ ေက်ာ္လြန္ေနၿပီေလ။ တီအန္တာအိုဂိုဏ္းက ခ်ဴးဇန္ကို ေသခ်ာေပါက္ေ႐ြးခ်ယ္ၾကေတာ့မည္ျဖစ္သည္။လူတိုင္းကိုစိတ္ဝင္စားေနေစတဲ့အရာက အျမင့္ဆုံးျဖစ္မလဲဆိုတာပင္။
"အေဖ လြန္ခဲ့တဲ့ရက္အနဲငယ္ကပဲ ခ်ဴးဝမ္ကင္းက ကလန္အစည္းအေဝးမွာ စြပ္စြဲအပစ္တင္ခဲ့တယ္ဆို"
ခ်ဴးယြန္က အျပင္ကိုထြက္ခြာေတာ့မည္ျဖစ္သည္။သူ႕ေဘးမွာေတာ့ခ်ဴးတိုင္ကြန္က လက္ႏွစ္ဖက္ကိုအေနာက္ပစ္လို႔မပ္တပ္ရပ္ေနၿပီး သူ႕ႏႈပ္ခမ္းေထာင့္ေတြမွာေတာ့ ေက်နပ္ေပ်ာ္႐ႊင္ေနသည့္ႏွယ္ တြန္႔ေကြးေနၾကေလသည္။
"ဟဲဟဲ မင္းအေဖငါ့ကိုဘယ္လိုလူစားမ်ိဳးထင္ေနလို႔လဲဟ။
ငါတစ္ခြန္းထဲပဲ ျပန္ေျပာထားခဲ့တယ္၊မင္းကေခါင္းေဆာင္ႏိုင္စြမ္းမွာ ငါ့ထက္သာတယ္လို႔ေျပာခဲ့တယ္၊
ေကာင္းၿပီ ဒါဆိုငါတို႔တိုက္ခိုက္ၾကမယ္ အကယ္၍ငါ႐ႈံးသြားရင္ မင္းကိုေခါင္းေဆာင္ရာထူးေပးမယ္လို႔ေပါ့ ဟားဟား"
"ဘာေျပာေကာင္းမလဲ ခ်ဴးဝမ္ကင္းနဲ႔ ခ်ဴးကူအန္းယာတို႔ လႈပ္ေတာင္မလႈပ္ရဲခဲ့ၾကဘူး"
"အေဖမွန္တယ္၊ဒါကျဖစ္သင့္တဲ့အရာပဲ။ခ်ဴးဝမ္ကင္းတို႔မိသားစုက ဝံပုေလြေတြလိုပဲ ရည္မွန္းခ်က္ႀကီးမားၾကတယ္။သးတို႔ကို အၾကာႀကီးဖိႏွိမ္ထားလို႔ရမွမဟုပ္ဘူး။တီအန္တာအိုဂိုဏ္းက တပည့္သစ္လက္ခံတာၿပီးသြားတာနဲ႔ သူတို႔နဲ႔တစ္ခါထဲစာရင္းအျပတ္႐ွင္းရမယ္"
ခ်ဴးယြန္ရဲ႕မ်က္လုံးထဲမွာေတာ့စိတ္လႈပ္႐ွားမႈေတြနဲ႔ တလက္လက္ေတာက္ပေနပါတယ္။
ဒီေန႔သူဟာ လုံးဝကိုနင္းေခ်ဖ်က္ဆီးပစ္ရလိမ့္မယ္။ခ်ဴးဇန္ရဲ႕ ယုံၾကည္မႈေတြကိုေပါ့..
"အခ်ိဳ႕ လူေတြကေတာ့ ခ်ဴးဝမ္ကင္းဘက္ကိုပါခ်င္တဲ့သေဘာ႐ွိေနၾကတယ္"
ခ်ဴးတိုင္ကြန္က စိတ္လႈပ္႐ွားမႈေတြနဲ႔ သက္ျပင္းခ်လိုက္တယ္။ဒါလဲေကာင္းတာပါပဲ၊သူ႕အေပၚမေကာင္းတဲ့သူေတြကို ႐ွင္း႐ွင္းလင္းလင္း သိလိုက္ရတာေပါ့။
ဟြန္အန္ၿမိဳ႕ရဲ႕အႀကီးမားဆုံးခန္းမႀကီးတစ္ခုထဲမွာေတာ့ လူစည္ကားေနၿပီျဖစ္သည္။တီအန္တာအိုဂိုဏ္းက ေလးစားေလာက္တဲ့ဧည့္သည္ေတာ္သုံးဦးဟာ မနက္ေစာေစာကပင္ ဟြန္ၿမိဳ႕ရဲ႕ ျမင့္ျမတ္ျခင္းခန္းမကို ေရာက္႐ွိလာခဲ့ၾကပါတယ္။
သူတို႔က ဟြန္အန္ၿမိဳ႕မွာၾကာၾကာေနၾကမွာမဟုပ္ပဲ သူတို႔ရဲ႕ သတ္မွန္ခ်က္နဲ႔ကိုက္ညီတဲ့တပည့္သုံးေယာက္ ေ႐ြးခ်ယ္ၿပီးတာနဲ႔ ခ်က္ခ်င္းျပန္သြားၾကမွာပါ။
ခန္းမထဲမွာေတာ့လူပင္လယ္ႀကီးလိုျဖစ္ေနၿပီး အမ်ားစုက ခ်ဴးကလန္နဲ႔ခ်န္းကလန္ကျဖစ္တယ္။
ေ႐ြးခ်ယ္မႈမွာပါဝင္ခ်င္တဲ့သူက အနဲဆုံးအဝါေရာင္အဆင့္ငါး သိုင္းဝိညာဥ္႐ွိရပါမယ္။ဟြန္အန္ၿမိဳ႕ေတာ္လိုေနရာမ်ိဳးမွာေတာ့ အဝါေရာင္အဆင့္ငါးသိုင္းဝိညာဥ္႐ွိသူက ဆယ္ေယာက္ထက္မနဲ႐ွိပါတယ္။
လူငါးေယာက္ဟာ ပြဲၾကည့္စင္ျမင့္ေပၚမွာထိုင္ေနခဲ့ၾကပါတယ္။ခ်ဴးမိသားစုေခါင္းေဆာင္ခ်ဴးတိုက္ကြန္၊ခ်န္းမိသားစုကေခါင္းေဆာင္ခ်န္းလုံနဲ႔ တီအန္တာအိုဂိုဏ္းရဲ႕တပည့္သုံးဦးတို႔ပါ။တီအန္တာအိုဂိုဏ္းရဲ႕တပည့္သုံးေယာက္က အမ်ိဳးသားႏွစ္ေယာက္နဲ႔အမ်ိဳးသမီးတစ္ေယာက္ျဖစ္တယ္။
အမ်ိဳးသမီးဟာ အျဖဴေရာင္ဝတ္စုံကိုဝတ္ဆင္ထားၿပီး သူမကိုၾကည့္ရတာ အသက္သုံးဆယ္ဝန္းက်င္႐ွိပုံရပါတယ္။သူမကလွပၿပီး တကယ့္ကိုၿပိဳင္ဘက္ကင္းတဲ့အလွတရားမ်ိဳးပါ။သူမရဲ႕လႈပ္႐ွားမႈတိုင္းက ျမင့္ျမတ္တဲ့ေအာ္ရာေတြထြက္ေပၚေနပါတယ္။
အျခားလူႏွစ္ေယာက္ကေတာ့နဲနဲပိုႀကီးပုံရေလသည္။သူတို႔ရဲ႕ပုံစံကသာမန္ပဲဆိုေပမယ့္ မာနအလြန္ႀကီးမားပုံရၿပီး သူ႕တို႔ရဲ႕မ်က္လုံးထဲမွာ လူတိုင္းရဲ႕အထက္မွာေရာက္ေနသလိုမ်ိဳး အရိပ္အေယာင္ေလးေတြထြက္ေပၚေနသည္။သူ႕တို႔ရဲ႕မ်က္လုံးထဲမွာေတာ့ ဘယ္သူ႕ကိုမွဂ႐ုမစိုက္သည့္ႏွယ္...
ခ်ဴးတိုင္ကြန္နဲ႔အမ်ိဳးသမီးတို႔က သိကြၽမ္းဝင္ထားဟန္႐ွိၿပီး တစ္ခါတစ္ခါ စကားေျပာဆိုေနၾကပါတယ္။ေယာက်ၤားႏွစ္ေယာက္ကေတာ့ ခ်န္းလုံနဲ႔ပိုအဆင္ေျပေနေလသည္။
"ခ်ဴးတိုင္ကြန္' နင့္သားက အနဲဆုံးအဝါေရာင္အဆင့္ေျခာက္သိုင္းဝိညာဥ္ႏိုးထမယ္လို႔နင္ကတိေပးထားခဲ့တယ္ေလ။အခု ဒီကိစၥကိုငါ ဘယ္လိုေျဖ႐ွင္းရမွာလဲ"
အမ်ိဳးသမီးကခ်ဴးတိုင္ကြန္ကိုၾကည့္လိုက္ၿပီး သူမရဲ႕ ေလသံထဲမွာေတာ့ ကူကယ္ရာမဲ့မႈေတြပါဝင္ေနခဲ့ပါတယ္။ခ်ဴးတိုင္ကြန္ကလဲ ကူကယ္ရာမယ့္စြာနဲ႔သူ႕လက္ေတြကို ေဝွ႔ယမ္းလိုက္ၿပီးေျပာလိုက္တယ္
"ကံၾကမၼကမေကာင္းလြန္းတာပါ၊ဂ်င္ရန္ ရယ္
ငါလဲယြန္အာရဲ႕သိုင္းဝိညာဥ္က အဝါေရာင္အဆင့္တစ္ျဖစ္ေနလိမ့္မယ္လို႔ ထင္မထားခဲ့ဘူးေလ"
"ေဆာင္းဦးမိုးေကာင္းကင္ၿမိဳ႕မွာက အဝါေရာင္အဆင့္ေျခာက္ သိုင္းဝိညာဥ္႐ွိသူ သုံးေယာက္ေတာင္႐ွိတယ္။တပည့္သစ္စုေဆာင္းဖို႔ တာဝန္ယူထားတဲ့ အျခားႏွစ္ေယာက္က အဲ့ဒီၿမိဳ႕ကေန အက်ိဳးအျမတ္အမ်ားႀကီးရသြားခဲ့ၾကတယ္။တပည့္သစ္စုေဆာင္းမယ့္ေနရာကို ေျပာင္းေ႐ႊ႕ဖို႔ယာယီစီစဥ္ခဲ့ရတဲ့အတြက္ ငါ့ကို ေတာ္ေတာ္ေလးကိုမေက်မနပ္ျဖစ္ေနခဲ့ၾကတာ။ငါဒါကိုမေၾကာက္ပါဘူး၊ငါေၾကာက္တာက တီအန္တာအိုဂိုဏ္းကသာ ဒီအေၾကာင္းသိရင္ ငါ့ကိုအျပစ္တင္လာမွာကိုပဲ။ဒီေတာ့ ခ်ဴးတိုင္ကြန္ နင္ငါ့ကိုအေလ်ာ္ေပးဖို႔ဘာေတြျပင္ဆင္ထားလဲ"
စကားေျပာေနတဲ့သူ႕ရဲ႕ေလသံထဲမွာ ခါးသီးမႈေလးေတြပါဝင္ေနခဲ့ပါတယ္။ဒါကအျပစ္တင္ေျပာဆိုေနတာဆိုေပမယ့္ စိတ္ေကာက္ေနၾကတဲ့စုံတြဲတစ္တြဲနဲ႔လာတူေနေသးတယ္။
ခ်ဴးတိုင္ကြန္က ေျခာက္ကပ္စြာနဲ႔ေခ်ာင္းဟန္႔လိုက္တယ္။
"တပည့္သစ္ေ႐ြးခ်ယ္လို႔ၿပီးသြားမွ ဒီကိစၥကိုဆက္ေျပာၾကတာေပါ့"
"ဟမ့္"
ဂ်င္ယန္က ဟမ့္ခနဲအသံတစ္ခ်က္ျပဳလိုက္ၿပီး သူမရဲ႕ေခါင္းကို တစ္ဖက္ျပန္လွည့္သြားေလသည္။
အျခားသူေတြအေ႐ွ႕မွာေတာ့ သူမဟာျမင့္ျမတ္တဲ့ေအာ္ရာေတြ ျပန္လည္ထြက္ေပၚလာပါတယ္။
"လူႀကီးမင္းတို႔ အခုကအခ်ိန္ေကာင္းပါပဲ" ခ်န္းလုံကျပဳံးျပဳံးေလးနဲ႔သတိေပးလိုက္တယ္။
"ေကာင္းၿပီ၊ စၾကတာေပါ့။
ပုံမွန္အတိုင္းပဲ ပါဝင္မယ့္သူေတြအကုန္လုံးစင္ျမင့္ေပၚတက္လာၾကၿပီး မင္းတို႔ရဲ႕သိုင္းဝိညာဥ္ကို ထုတ္လႊတ္လိုက္ၾကပါ"
ဂ်င္ရန္ရဲ႕လွပတဲ့မ်က္ႏွာေလးက တည္ညိမ္ေအးေဆးေနပါတယ္။သူတို႔သုံးေယာက္ထဲမွာ ဂ်င္ရန္ကိုေလးၾကရတယ္ဆိုတာ ႐ွင္းေနပါသည္။က်န္တဲ့လူႏွစ္ေယာက္ကေတာ့ သူမကိုကူညီေပးဖို႔သက္သက္ ပါလာၾကပုံရေလသည္။ကလန္ႀကီးႏွစ္ခုကေန လူဆယ္ေယာက္ေက်ာ္ေက်ာ္ လမ္းေလွ်ာက္တက္လာၾကေလသည္။
ခ်ဴးယြန္ကလဲ ပါဝင္လာခဲ့ၿပီး အံ့အားသင့္စရာလ်စ္လ်ဴ႐ႈထားတာခံခဲ့ရပါတယ္။"ခ်ဴးယြန္မင္းရဲ႕သိုင္းဝိညာဥ္အမိႈက္နဲ႔စင္ျမင့္ေပၚကို တက္ခ်င္ေနတာလား"
ရန္သူေတြအခ်င္းခ်င္းေတြ႕လိုက္ၾကရတဲ့အတြက္ မ်က္လုံးေတြဟာခ်က္ခ်င္းနီလာၾကပါတယ္။
"ဟားဟား...မင္းတို႔ကလန္ရဲ႕မ်က္ႏွာကိုတစ္ခါပ်က္ေစတာက မလုံေလာက္ေသးဘူးလား?မင္းတို႔ကလန္ကို ဟြန္အန္ၿမိဳ႕ေတာ္တစ္ခုလုံးမွာ မ်က္ႏွာျပစရာမ႐ွိေအာင္လုပ္ဖို႔ၾကံစည္ေနတာလား"
သူတို႔ရဲ႕စကားေတြက ခ်ဴးယြန္ကို သက္ေတာင့္သက္သာနဲ႔ ရယ္ေမာလိုက္မိေစခဲ့တယ္။
"ခ်ဴးယြန္၊ငါမင္းကိုအၾကံတစ္ခုေပးလိုက္မယ္။မင္းစင္ျမင့္ေပၚကေန အျမန္ဆုံးထြက္သြားသင့္တယ္၊အခုကေနာက္မက်ေသးဘူးေနာ္၊တကယ့္လို႔ မင္းရဲ႕သိုင္းဝိညာဥ္ကိုထုတ္ျပၿပီးရင္ေတာ့ မင္းအေနနဲ႔ ထြက္ေျပးခ်င္တယ္ဆိုရင္ေတာင္ အခြင့္အေရး႐ွိမွာမဟုပ္ဘူး။"
"ငါကဘာလုပ္ရမွာလဲ? မင္းနဲ႔ေရာဘာဆိုင္လဲ?မင္းရဲ႕ကိုယ္ပိုင္ငွက္ေလးနဲ႔ကစားခ်င္ရင္လဲ ဒီအေဖကိုလာမစနဲ႔" ခ်ဴးယြန္ အထင္ျမင္ေသးစြာနဲ႔ သူ႕ရဲ႕ေခါင္းကိုေမာ့ထားလိုက္တယ္။သူ႕ရဲ႕ႏွလုံးသားထဲမွာေတာ့အရာအားလုံးကို ႀကိဳတင္အစီစဥ္ခ်ထားၿပီးျဖစ္ပါတယ္။
"မင္းကအခုထိမာနေထာင္လႊားေနတုန္းပဲလား?ေနာင္မွမင္းငိုရလိမ့္မယ္"
ခ်ဴးဇန္နဲ႔ ခ်ဴးဇီဒြန္ရဲ႕စိတ္ႏွလုံးထဲမွာ အတိအက်ကိုေတးထင္ထားတဲ့မရာပင္ျဖစ္သည္။
"ခ်ဴးယြန္အဝါေရာင္အဆင့္တစ္သိုင္းဝိညာဥ္ႏိုးရတာ ဘယ္လိုေနလဲကြ" ေခ်ာေမာတဲ့လူငယ္တစ္ေယာက္ကျပဳံး၍ ၾကည့္ေနခဲ့ပါတယ္။ထိုအျပဳံးကႏူးညံ့သိမ္ေမြ႕ပုံရေပမယ့္ ေလွာင္ေျပာင္လိုမႈေတြ ျပည့္ႏွက္ေနခဲ့ေလသည္။သူ႕နံမယ္က ခ်န္း႐ွန္၊ခ်န္းမသားစုေခါင္းေဆာင္ခ်န္းလုံရဲ႕ အငယ္ဆုံးသားပါ။
သူ႕ရဲ႕သိုင္းဝိညာဥ္ကဘယ္အဆင့္႐ွိမယ္ဆိုတာ ဘယ္သူမွမသိေပမယ့္ သူ႕ရဲ႕ကိုယ့္ကိုက္ယုံၾကည္မႈျပည့္ေနတဲ့ပုံစံအရ သူလဲဆိုး႐ြားတဲ့အထဲေတာ့ ပါမည္မဟုပ္ေပ။
ခ်ဴးယြန္က အသက္ကိုေျဖးေျဖးခ်င္း႐ႈ႐ိႈက္ရင္း သူ႕လက္ခလယ္ကိုေထာင္ျပရင္းျပဳံးလိုက္ေလတယ္။
"ေသာက္႐ူးေကာင္"
"ထြက္သြား"