ဒီချစ်စရာလေးကို ပြုစုပျိုးထော...

By PoRoRo0812

480K 82.3K 1.5K

Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Cre... More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အပိုင်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
No Update
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁ (final)
Extra 1
Extra 2

အခန်း ၃၂

5.7K 1K 7
By PoRoRo0812

Raising You This Small Stuff

Unicode

အခန်း ၃၂: 'ယုန်ကလေး' နှင့် 'လွှမ်းမိုးကြီးစိုးတဲ့boss'

ကောင်ကလေးရဲ့အနောက်မှ လရောင်က နို့ဖြူရောင် အလင်းတန်းဝိုင်းဖြင့် ဖုံးလွှမ်းထားသကဲ့သို့ သူ့ရဲ့နူးညံ့သိမ်မွေ့ပြီး တောက်ပနေတဲ့မျက်နှာလေးက တစ်ချက်ထိရုံဖြင့် လေနှင့်အတူ ပျံ့လွင့်သွားတော့မလို ဖြစ်နေသည်။

မိုရိချန်က စကားမပြောနိုင်လောက်အောင် အံ့သြသွားခဲ့သည်။ သူ့နောက်ကလူက တကယ်ရှိနေတာ ဟုတ်မဟုတ်ကို ထိကြည့်ခံစားချင်သလို လက်တစ်ဖက်ကို အနည်းငယ် မြှောက်လိုက်သည်။

"မိုရိချန်" 

ယွမ်းစွော်က ဝမ်းနည်းစိတ်ထိခိုက်ပြီး ထပ်ငိုပြန်သည်။

ဒါတကယ့်ကို ဒူဒူပဲ! ဆယ်ကျော်သက်အရွယ်ပုံက Qအဆင့်ပုံနဲ့ လုံးဝကွဲပြားနေပေမယ့် သူ့မျက်လုံးတွေက လုံးဝပြောင်းလဲမသွားပေ။

"ဒူဒူ တကယ်ပဲ မင်းလား"

ဒူဒူက နီရဲနေတဲ့မျက်လုံးတွေဖြင့် ခေါင်းညိတ်လိုက်သည်။

 "ကျွန်တော်…. ကျွန်တော်က ဒူဒူပါ။ ကျွန်တော်ပါ"

မိုရိချန်က ရှေ့သို့ ခြေလှမ်းကြီးတွေဖြင့် လျှောက်သွားကာ သူ့ကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။ အိပ်မက်လို ဖြစ်နေတာကနေ နိုးလာဖို့ ခဏလောက် ကြာသွားပြီး ဆယ်ကျော်သက်ရဲ့ ပိန်ပါးနေတဲ့နောက်ကျောကို ညင်သာစွာပွတ်သပ်ပေးလိုက်သည်။ "မင်းကြောက်နေခဲ့တာ။ ဟုတ်တယ်မို့လား"

ယွမ်းစွော်က အနည်းငယ် တုန်လှုပ်သွားပေမယ့် သူ့ခေါင်းကို ခါယမ်းပြလိုက်သည်။ "မဟုတ်...မဟုတ်ပါဘူး"

မိုရ်ချန်က သူ့ကို ဆွဲထုတ်ကာ သူ့မျက်လုံးတွေထဲကို ကြည့်ပြီး ပြောလိုက်သည်။ 

"တကယ်လား"

ယွမ်းစွော်က သူ့ကို မကြည့်ရဲဘဲ ခေါင်းငုံ့ကာ  နှာခေါင်းနီနီလေးဖြင့် နှုတ်ခမ်းလေးကို ဖွဖွဖိလိုက်သည်။ 

"နည်း…. နည်းနည်းလေးပါပဲ"

"ဒါဆို ငါက မင်းကို မလိုချင်တော့ဘူးလို့ ထင်နေတာလား" 

မိုရိချန်က သေချာပေါက်မေးလိုက်သည်။

ယွမ်းစွော်က အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။ ဘယ်လို...ဘယ်လိုလုပ် မိုရိချန်က သိနေပါလိမ့်။

"ကျွန်တော်...ကျွန်တော် ပြသာနာရှာခဲ့မိတယ်​ ဒါ​ကြောင့်​...ဒါကြောင့် ကျွန်တော် အဲ့လို ခံစားခဲ့ရတာပါ.​..."

"ဒူဒူ"

"ဟင်"

မိုရိချန်က တည်ကြည်စွာ ပြောလိုက်သည်။ "မင်းဘယ်လောက်ပဲ ပြသာနာရှာပါစေ ငါဘယ်တော့မှ မင်းကိုမလိုချင်တော့ဘူးဆိုတာ မရှိစေရဘူး။ ဒါ မင်းကို ပေးတဲ့  ငါကတိပဲ"

"ဝူးးး...." 

ယွမ်းစွော်ရဲ့မျက်လုံးတွေက နီရဲလာပေမယ့် ငိုရင် မိုရိချန်ကို ပေးထားတဲ့ ကတိမတည်တော့မှာကို ​စိုးသဖြင့် သူ့မျက်နှာကို အင်္ကျီလက်နှင့် အမြန်သုတ်လိုက်သည်။

မိုရိချန်က ယွမ်းစွော်က သူ့ခေါင်းသေးသေးလေးဖြင့် ပေါက်ကရတွေကို ထပ်တွေးမှာကို ​စိုးရိမ်သဖြင့် ရှင်းပြလိုက်သည်။ "ဒီနေ့ဘာဖြစ်တာလဲဆိုတော့ စနစ်ချို့ယွင်းချက်ကြောင့်ပဲ"

ယွမ်းစွော်က အံ့အားသင့်သွားခဲ့ပြီး တကယ်တော့ အဲ့လိုဖြစ်သွားတာပေါ့။

မိုရိချန်က ဆက်ပြောလိုက်သည်။ "ဒါပေမယ့် ငါတို့ လုံပေါ်ကို ရှာတွေ့ခဲ့တယ်။ သူ့မှာ ဂိမ်းကို ပုံမှန်လည်ပတ်မှုအဖြစ် ပြန်ကောင်းအောင် ကူညီပေးနိုင်တဲ့ နည်းလမ်းရှိတယ်။ဒါကြောင့် ကြောက်နေစရာမလိုပါဘူး "

"လုံ...လုံပေါ်လား" 

မိုရိချန်က လုံပေါ်ကို ရှာတွေ့ခဲ့တာလား။

"ဟုတ်တယ် မင်းရဲ့သူငယ်ချင်းငယ်လေးလေ။ မနက်ခြောက်နာရီအထိ စောင့်ပြီး အားလုံး ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်" 

သူက နွေးထွေးတဲ့ အသံဖြင့် နှစ်သိမ့်ပေးလိုက်သည်။ ဒီနေ့ညနေမှာ အသေးလေးက ကြောက်လန့်သွားခဲ့သည်။

"အရမ်းကောင်းတာပဲ" 

ယွမ်းစွော်ရဲ့ ရှည်လျားတဲ့ မျက်တောင်မွှေးတွေပေါ်မှာ မျက်ရည်တွေ တွဲလောင်းကျနေပေမယ့် ဒီဘေးအန္တရာယ်အပြီးတွင် မိုရိချန်ကို ပြန်မြင်ရပြီး မိုရိချန်က သူ့ကို မလိုချင်တော့တာ မဟုတ်ဘူးဆိုတာကို သိလိုက်ရတဲ့ ပျော်ရွှင်မှုနှင့် ကြည်နူးဝမ်းသာမှုတွေက သူအရင်က နာကျင်ခံစားခဲ့ရတာတွေကို လျော့နည်းသွားစေခဲ့သည်။

မိုရိချန်ကသူ့လက်ကိုမြှောက်လိုက်ပြီး အသေးလေးရဲ့မျက်တောင်မှ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။

ပါးလွှာတဲ့အသားမာလေးတွေရှိတဲ့ နွေးထွေးတဲ့သူ့လက်ချောင်းထိပ်တွေက သူ့မျက်ခွံတွေနှင့် ပါးပြင်ပေါ်ကို ညင်သာစွာ ပွတ်သုတ်ပေးရင်းဖြင့် တစ်ညတာလုံး ထိတ်လန့်မှုနှင့်စိုးရိမ်မှုများကို ဖယ်ရှားပေးခဲ့သည်။

ယွမ်းစွော်ကို နှစ်သိမ့်ပေးပြီးနောက် မိုရိချန်က သူခြေထောက်ဗလာဖြင့် မြေပြင်ပေါ်မှာ ရပ်နေတာကို ရုတ်တရက် သတိရသွားတာကြောင့် ခါးကို အနည်းငယ်ငုံ့ကုန်းလိုက်ကာ ပြောလိုက်သည်။ "မြေပြင်ပေါ်ကအေးတယ်။ တက်လာခဲ့" 

"ဟမ်..." 

မိုရိချန်က သူ့ကို....သယ်သွားချင်တာလား။

မိုရိချန်ရဲ့ကျယ်ပြန့်တဲ့နောက်ကျောကို ကြည့်ရင်း ယွမ်းစွော်က ပျော်ရွှင်နေပြီး အနည်းငယ် စိတ်ရှုပ်သွားသည်။

မိုရိချန်က အချိန်အတော်ကြာအောင် သူ့ခါးကိုကွေးထားခဲ့ပေမယ့် ဘယ်သူမှ တက်မလာတာကြောင့် နွေးထွေးတဲ့အသံဖြင့် တိုက်တွန်းလိုက်သည်။ 

"လာခဲ့တော့ မဟုတ်ရင် မင်းအအေးမိလိမ့်မယ်"

ထိုမှသာ ယွမ်းစွော်က သူ့နောက်ကျောပေါ်သို့ ဖြည်းညှင်းစွာတက်လာခဲ့သည်။

မိုရိချန်က သူ့ကို နောက်ကျောပေါ်တင်ထားပြီး လမ်းကြားအဝင်ဝမှ ပြန်ထွက်လာခဲ့သည်။

"ဒူဒူ"

"အွန်း !"

မိုရိချန်က တစ်ခုခုကို တွေးမိပြီး ရုတ်တရက် ရပ်လိုက်ကာ မေးလိုက်သည်။ 

"မင်းအရင်က ဂိမ်းထဲက ထွက်လာခဲ့ဖူးလား" 

"အဲ..." 

ယွမ်းစွော်က elvesက ဂိမ်းမှထွက်ခွာနိုင်သည့် အဆင့်သို့မရောက်မီတွင် ကစားသမားအား ပြောပြလို့မရကြောင်း စနစ်က သတိပေးထားပေမယ့် အခုက ဂိမ်းထဲက ချို့ယွင်းချက်တစ်ခုကြောင့် သူက ဂိမ်းမှခေတ္တထွက်ခွာသွားခဲ့တာဖြစ်တာကြောင့် သူ့ကို ကန့်သတ်ထားတာမဟုတ်တော့ဘူး ဟုတ်တယ်မို့လား။ ထို့ကြောင့် သူက ရိုးရိုးသားသား ဖြေလိုက်သည်: 

"အင်း အဲဒီ့နေ့က မီးဖိုချောင်ထဲက ဆူနေတဲ့နွားနို့တွေ လျှံကျတော့မှာကို မြင်လိုက်ရလို့ အရမ်းကြောက်သွားခဲ့တာ။ ဒါပေမယ့် စနစ်ထဲကနေ ဘယ်လို လွတ်မြောက်နိုင်ခဲ့လဲတော့ ကျွန်တော်မသိဘူး။ ဒါပေမယ့် အချိန်က အရမ်းတိုလွန်းလို့ ဂတ်စ်ခလုတ်ဆီကို မရောက်ခါနီးလေးပဲ"

နောက်ဆုံးတွင် မိုရိချန်က သူ့နှလုံးသားထဲမှာ ကြာရှည်စွာ တည်ရှိနေတဲ့ လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့သည်။ သေချာပေါက်ကို ယွမ်းစွော်က အဲဒီနေ့က တကယ်ပဲ ပေါ်လာခဲ့တာပဲ!

"ဒါဆို မင်းတို့ elvesလေးတွေက အပြင်မှာ ရှင်သန်ဖို့ ဂိမ်းထဲက ဘယ်လိုထွက်ရတာလဲ"

"အိုး....အဆင့်၂၀ရောက်ရင်ဂိမ်းထဲကို ဝင်နိုင်၊ထွက်နိုင်တယ်လို့  စနစ်က သတ်မှတ်ပေးထားပေမယ့် အချိန်ကန့်သတ်ချက်တော့ ရှိတယ်။ ဒါပေမယ့် မင်းရဲ့အဆင့်မြင့်လာလေလေ မင်းအပြင်မှာ အချိန်ပိုကြာအောင်နေနိုင်လေလေပဲ။ အဆင့်၉၉ကို ရောက်ရင် ဂိမ်းအပြင်မှာ ၂၄နာရီနေလို့ရတယ်!"

"မင်းအဆင့် ၁၀၀ရောက်ရင် ဘာဖြစ်သွားမလဲ" 

မိုရိချန်က ထိပ်တန်းအဆင့်သို့ရောက်သွားရင် Elf က ဂိမ်းထဲက လုံးဝထွက်လာပြီး ဒီကမ္ဘာတွင် နေနိုင်သွားမည်ဟု တွေးခဲ့သည်။

ယွမ်းစွော်က ခဏရပ်သွားခဲ့ပြီး မူလက တောက်ပနေတဲ့သူ့မျက်လုံးတွေက ရုတ်တရက် မှေးမှိန်သွားခဲ့သည်။

"ကျွန်တော် အဆင့်၁၀၀ရောက်ရင်... ကျွန်တော် ဂိမ်းထဲကနေ လုံးဝ ရုန်းထွက်နိုင်သွားမှာ" 

ထို့နောက် မိုရိချန်မရှိတဲ့၊အေးစက်တဲ့ စစ်သင်္ဘောတွေ၊ပျက်စီးနေတဲ့ တော်ဝင်တိုက်ပွဲတွေ၊ စိတ်ကူးယဉ်ဆန်မှု၊ အပြန်အလှန် လှည့်စားမှုနှင့် လျှို့ဝှက်ကြံစည်မှုတွေဖြင့် သူ နားမလည်နိုင်တဲ့ သူ့ရဲ့မူလကမ္ဘာဆီသို့ ပြန်သွားရလိမ့်မည်။

မိုရိချန်က အဖြေကိုရသွားတဲ့အခါ  စိတ်အခြေအနေ ကောင်းသွားပုံရပြီး သူ့ကျောပေါ်ကလူကို နောက်တစ်ကြိမ် တွန်းတင်လိုက်ရင်း 

"ဒါဆို ဒူဒူ အဆင့်တက်လာအောင် အလုပ်ကြိုးစားရမှာပဲ"

"…. ကောင်းပြီ" 

ယွမ်းစွော်က သူ့အသံကို ပေါ့ပါးစေဖို့ ကြိုးစားခဲ့သည်။

"အဲဒီ့လုံပေါ်... သူကဘယ်လိုနေလဲ" မိုရိချန်က ဂိမ်းထဲတွင် လုံပေါ်က လူဖြစ်နေပေမယ့် အပြင်ဘက်သို့ ထွက်လာတဲ့အခါတွင် တရုတ်ခွေးတစ်ကောင် ဖြစ်နေခဲ့တာကို ရုတ်တရက် တွေးလိုက်မိသည်။

"လုံပေါ်က အရမ်းတော်တဲ့လူပါ။" ယွမ်းစွော်က အမှန်အတိုင်း ပြောလိုက်သည်။

"ငါသိပါတယ်။ ဒါပေမယ့် ငါပြောချင်တာက…သူက" အံ့သြစရာကောင်းစွာပဲ သူ ဘယ်လိုစကားလုံးကို သုံးရမှန်းမသိပေ။ သူက မပြောခင် ခဏလောက် ရပ်လိုက်သည်။ 

"သူက ဂိမ်းထဲက ထွက်လာနိုင်တဲ့ အဆင့်ကို ရောက်နေပေမယ့် သူထွက်လာတဲ့အခါ...သူက ခွေးတစ်ကောင်ပဲ"

ဘာ... ဘာကြီး။ ယွမ်းစွော်က အံ့သြလွန်းလို့ ထခုန်လိုက်မိကာ သူ့လက်နှစ်ဖက်က ချော်ထွက်သွားပြီး  မိုရိချန်ရဲ့ ကျောပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ ကံကောင်းစွာဖြင့် မိုရိချန်က သူ့ကို ငြိမ်သွားအောင် အမြန် ထိန်းထားခဲ့သည်။

"မိုရိချန်က လုံပေါ်ကခွေးတစ်ကောင်လို့ ပြောနေတာလား" 

သူလာခဲ့တဲ့ ကြယ်တာရာကမ္ဘာတွင် ခွေးတွေက မျိုးသုဉ်းသွားတာ ကြာပြီဖြစ်တဲ့ ရှေးဦးမျိုးစိတ်များဖြစ်သည်။ လူတွေ မွေးကြတဲ့ အိမ်မွေးတိရစ္ဆာန်အများစုက ဉာဏ်ရည်မြင့်မားတဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်သည်။ တစ်ခါတစ်ရံတွင် ​ဆင့်ကဲပြောင်းလဲလာတဲ့ ကြောင်တွေနှင့် ခွေးတွေ တစ်ကောင် သို့မဟုတ် နှစ်ကောင်ရှိပေမယ့် ကြယ်တာရာကမ္ဘာက တစ်ကောင်နှင့် ရှေးခေတ်ကမ္ဘာမှ တစ်ကောင်ကြားတွင် ခြားနားတဲ့ကမ္ဘာတစ်ခု ရှိခဲ့သည်။ သူတို့အများစုက ကြီးမားပြီး တိုက်ပွဲများတွင် အသုံးပြုကြကာ အလွန်တန်ဖိုးရှိသည်။

သို့သော် ယွမ်းစွော် အရမ်းတုန်လှုပ်သွားရတဲ့ အဓိကအကြောင်းရင်းကတော့ လုံပေါ် = ခွေး ဆိုတာကို လက်ခံဖို့ ခက်ခဲခြင်းဖြစ်သည်။

သူ အရမ်းတုန်လှုပ်သွားတာကို မြင်တော့ မိုရိချန်က ဒီအကြောင်းကို အသေးလေး ဘာမှမသိကြောင်း သိလိုက်ရသည်။ ဒါကို သိတဲ့လူတွေက ကိုယ်တိုင်ဖြစ်နေတဲ့ လုံပေါ်နဲ့ အဖိုးဖူပဲ ဖြစ်နေမှာ စိုးရသည်။​

ဒါကြောင့် သူက စကားလမ်းကြောင်းလွှဲကာ ညစာစားပြီးပြီလားလို့ မေးလိုက်သည်။

"နည်း…နည်းနည်း" 

သူအရင်က သတိမထားမိပေမယ့် မိုရိချန်က မေးလိုက်တဲ့အခါ အနည်းငယ် ဗိုက်တာနေတာကို ခံစားလိုက်ရသည်။

"ငါပို့လိုက်တဲ့ ညစာကို မစားဘူးလား"

"အာ ကျွန်တော်ညစာကို... မတွေ့ဘူး။ဒါပေမယ့် ကျွန်တော်နို့သောက်ပြီးပါပြီ။ မိုရိချန်စိတ်ပူစရာမလိုတော့ပါဘူး"

အသေးလေးက သူ့ကို မလိုချင်တော့ဘူးလို့ တွေးပြီး အရမ်းဝမ်းနည်းသွားတာ အံ့သြစရာမရှိတော့ပေ။ သူအစားအစာတွေကို ပေးပို့လိုက်တဲ့အခါ စနစ်က ပြဿနာတွေ စဖြစ်နေပြီလို့ ထင်ရသည်။ ထို့ကြောင့် သဘာဝကျစွာပဲ အရာအားလုံးမစတင်ခင်မှာ အသေးလေးဆီ သူပို့ခဲ့သမျှ စာတွေက မရောက်တော့တာ ဖြစ်ရမည်။

"ဒူဒူ"

"ဟင်"

"ငါ မင်းကို ညလယ်စာ သရေစာ လိုက်ကျွေးမယ်" မိုရိချန်က ဖက်ထုပ်ဆိုင်ရဲ့ ဘေးတွင် 24/7 ဖွင့်ထားပုံရတဲ့ သရေစာဘားတစ်ခုရှိကြောင်း သူ ယောင်ဝါးဝါး သတိရလိုက်သည်။

"ကောင်းပြီ ညလယ်စာ သွားစားရအောင်" ယွမ်းစွော်က အရင်က မိုရိချန်နဲ့အတူတူ စားဖို့ တစ်ခါမှ မထိုင်ဖူးပေ။

မိုရိချန်က သူ့ကို ကျောပေါ်တင်ထားပြီး လမ်းတလျှောက်လုံး ပေါ့ပေါ့ပါးပါး လမ်းလျှောက်လာခဲ့သည်။ ယွမ်းစွော်က သူ့ရဲ့ မူလခန္ဓာကိုယ်သို့ ပြန်ပြောင်းသွားခဲ့သည်။ သူက မိုရိချန်ရဲ့မျက်ခုံးမွှေးတွေအထိရှိသော်လည်း အရပ်က ၁.၇၅မီတာ အနည်းငယ် ကျော်မယ်လို့ ခန့်မှန်းရပေမယ့် သူက အလွန်ပိန်တာကြောင့် သူ့ကို ကျောပေါ်တင်ထားဖို့  ကြိုးကြိုးစားစား အားထုတ်ရန်မလိုပေ။

ယွမ်းစွော်က မိုရိချန်ရဲ့ ကျယ်ပြန့်တဲ့ကျောပြင်ကြောင့် အလွန်ပျော်ရွှင်နေခဲ့သည်။ဒါက ဖော်ပြလို့ မရနိုင်တဲ့လုံခြုံတဲ့ခံစားမှုတစ်ခုဖြစ်ပြီး  သူ့နှလုံးသားထဲမှာ နွေးထွေးနေကာ သူ့ကို မပြုံးပဲ မနေနိုင်အောင် ဖြစ်နေစေသည်။

သရေစာဘားအတွင်း၌။

ဆိုင်အတွင်းတွင် အသက်သုံးဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးက တီဗီကြည့်နေခဲ့သည်။

ဝယ်သူများဝင်လာတာကိုမြင်တော့ သူက အမှာစာလက်ခံရန်ထသော်လည်း မိုရိချန်နှင့် ယွမ်းစွော်ကိုတွေ့တဲ့အခါ သိသိသာသာ အံ့သြသွားပုံရသည်။ယောက်ျားလေးက ချောမောကာ ထူးခြားတဲ့စိတ်ထားရှိပြီး အလွန်ဖော်ရွေတဲ့ပုံပေါက်နေကာ သူ့ကျောပေါ်ရှိ ဆယ်ကျော်သက်လေးကလည်း သိမ်မွေ့ပြီး ချစ်စရာကောင်းကာ အလွန်လှပသည်။

"မင်းတို့နှစ်ယောက်...စားဖို့ ဘာတွေမှာမလဲ"

မိုရိချန်က ထိုင်ခုံကိုတွေ့တော့ ယွမ်းစွော်ကို အောက်ချပေးလိုက်ပြီး ဆိုင်ရှင်ကို ပြောလိုက်သည်။ 

"ခင်ဗျားဆီမှာ ဖက်ထုပ်ပူပူနွေးနွေးတွေ ရှိသလား"

"ရှိတယ်။ ဘယ်နှပွဲ လိုချင်သလဲ" 

ဆိုင်ရှင်က မေးလိုက်သည်။

"နှစ်ပွဲ" 

မိုရိချန်လည်း ညစာ မစားရသေးပေ။

"ကောင်းပြီ ခဏစောင့်ပါ!" 

ဆိုင်ရှင်က နောက်ဖေးမီးဖိုချောင်ဆီ အလုပ်လုပ်ဖို့ သွားတော့သည်။

ယွမ်းစွော်က ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ သူက ဖိနပ်မစီးထားတာကြောင့် ခြေထောက်တွေကို မ ရုံသာ တတ်နိုင်ပေမယ့် ကုလားထိုင်က တိုလွန်းတာကြောင့် သူ့ဒူးကို မြှောက်ထားရပေမယ့် ခဏလောက်ကြာတော့ သူတို့ကို ထိန်းမထားနိုင်တော့ပေ။

မိုရိချန်က ပြုံးလိုက်ပြီး "ခြေထောက်တိုတိုလေးတွေ ရှိတာက တစ်ခါတလေ ကောင်းတာပဲ"

ယွမ်းစွော်က ရှက်သွားခဲ့သည်။

မိုရိချန်က သူ့အကျီကို ချွတ်လိုက်ပြီး အကြိမ်အနည်းငယ် ခေါက်လိုက်ကာ ငုံ့လိုက်ပြီး အဲ့ဒါကို ယွမ်းစွော်ရဲ့ ခြေထောက်အောက်တွင် ထားလိုက်သည်။

"မင်းခြေထောက်ကို ဒီပေါ်တင်ထား။ ဖက်ထုပ်ပူပူလေးတစ်ပန်းကန်လောက် စားပြီးရင် မင်း နွေးလာလိမ့်မယ်" ယွမ်းစွော်က တိုက်ခန်းကြမ်းပြင်ပေါ်တွင် တစ်ညလုံး အိပ်နေခဲ့သည်။ အအေးပတ်တာကို အချိန်မီမဖယ်ရှားနိုင်ရင် နောက်မှ အအေးမိမှာ​စိုးရသည်။

ခဏကြာတော့ ဆိုင်ရှင်က ဖက်ထုပ်ပူပူနွေးနွေး နှစ်ပန်းကန်ကို ယူလာပေးခဲ့သည်...

ဖက်ထုပ်တွေကို ပုစွန်၊ ဝက်သား၊ ကြက်ဥနှင့် အခြားဟင်းခတ်အမွှေးအကြိုင်များဖြင့် အစာသွပ်ထားသည်။ ထိုရနံ့က ညဉ့်နက်နက်တွင် ဗိုက်ဆာနေတဲ့ လူနှစ်ယောက်အတွက် အလွန်ဆွဲဆောင်မှုရှိနေသည်။

ယွမ်းစွော်က တစ်ခါသုံးတူတွေကို တစ်ခါမျှ မမြင်ဖူးတာကြောင့် ဒါတွေကို ဘယ်လိုအသုံးပြုရမှန်း မသိဘဲ သူတို့က ဘာလို့​အတူ ပူးနေရတာလဲ။

မိုရိချန်က သူ့ရဲ့တူကို ခွဲထုတ်ပြီး ပါးစပ်ကို ခြစ်မိတာက ကာကွယ်ရန်အတွက် သူတို့အပေါ်ရှိ မညီညာမှုများကို ပြေလျော့သွားစေရန် ပွတ်တိုက်လိုက်သည်။

"ဒါကိုသုံး" 

ထို့နောက် သူက ဝါးဘူးထဲမှ ဇွန်းတစ်ချောင်းကိုယူကာ တစ်ရှူးဖြင့်သုတ်လိုက်ပြီး ယွမ်းစွော်ရဲ့ ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။

ယွမ်းစွော်က ကျေးဇူးတင်စကားပြောပြီး ဇွန်းနဲ့ တူကိုယူကာ ခေါင်းငုံ့ပြီး ပူပူနွေးနွေးဖက်ထုပ်တွေကို စားတော့သည်။

အပူငွေ့တွေက ယွမ်းစွော်ရဲ့နူးညံ့တဲ့မျက်နှာကို တိမ်တိုက်လေး လွှမ်းခြုံထားသလို ပြည့်နေခဲ့သည်။

အသေးလေးက အလွန်အလေးအနက်ထား စားနေခဲ့သည်။ ကြည့်ရတာ သူတကယ့်ကို ဗိုက်ဆာနေတဲ့ပုံပင်။ သူက ပထမဆုံးဖက်ထုပ် နှစ်ခုကို အေးတဲ့အထိမစောင့်တော့ပဲ သူ့ပါးစပ်ထဲကို ထည့်လိုက်တော့သည်။

ဒါကိုမြင်တော့ မိုရိချန်က ဆိုင်ရှင်ကို ပန်းကန်သေးသေးလေးတစ်ခု ယူလာပေးဖို့ ပြောပြီး သူ့ပန်းကန်ထဲက အကြီးဆုံးဖက်ထုပ်တွေကို ကောက်ယူကာ မှုတ်ပေးလိုက်ပြီး ပန်းကန်ပြားပေါ် ထားပေးလိုက်သည်။

"ဒါတွေကိုစား တအားပူလွန်းရင် မင်းကို ဗိုက်နာစေလိမ့်မယ်"

အငွေ့ကြောင့်လား ဒါမှမဟုတ် တခြားတစ်ခုခုကြောင့်လား မသိပေမယ့် ယွမ်းစွော်က ရုတ်တရက် နှာခေါင်းက ချဥ်လာပြီး မျက်လုံးတွေ ပူလာခဲ့သည်။

"Mm-hmm" 

သူကခေါင်းမမော့ရဲဘဲ မိုရိချန်ထည့်ပေးတဲ့ ဖက်ထုပ်တွေအားလုံးကို တစ်လုံးပြီးတစ်လုံး စားခဲ့သည်။

မိုရိချန်က သူဗိုက်ပြည့်သွားတာကို မြင်တော့ သူ့ရှေ့က ထိရုံပဲထိရသေးတဲ့ ဖက်ထုပ်ပန်းကန်ကို ယူကာ အကြီးကြီးတွေကိုက်စားလိုက်ပြီးနောက် အချိန်ကို တစ်ချက်ကြည့်လိုက်သည်။

"ငါတို့ပြန်သင့်ပြီ။ နှစ်နာရီကျော်လောက်ကျရင် ဂိမ်းကို ကူညီဖြေရှင်းပေးဖို့ လုံပေါ်ကို ပြောရမယ်" ယွမ်းစွော်က လက်ရှိအခြေအနေမှာ အပြင်မှာထွက်လို့ရနေတာက သေချာပေါက် ကောင်းမွန်ပေမယ့် ဂိမ်းထဲက ချို့ယွင်းချက်တစ်ခုကြောင့်သာ ဖြစ်သည်။ သူတို့ ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ အခြားအရာတွေ ဖြစ်ပေါ်လာနိုင်ခြေကို မဆုံးဖြတ်နိုင်တာကြောင့် သူ့ကို ဂိမ်းထဲကို အရင်ပြန်ပို့ပြီး အနာဂတ်တွင် ဖြည်းဖြည်းချင်း အဆင့်တက်တာက ပိုကောင်းသည်။ အချိန်တစ်ခုရောက်လာရင်…. သူတို့အမြဲအတူနေနိုင်လိမ့်မည်။

"အွမ်း!" ယွမ်းစွော်က ဗိုက်ပြည့်နေပြီး သူ့ခန္ဓာကိုယ်နှင့် ခြေထောက်တွေလည်း နွေးထွေးနေခဲ့သည်။

မိုရိချန်က ထကာ ပိုက်ဆံရှင်းလိုက်ပြီး စားပွဲဆီလှည့်ကာ သူ့ဘက်ကို ကျောကို ကွေးပေးလိုက်သည်။ 

"တက်တော့"

ယွမ်းစွော်က မိုရိချန်ရဲ့ အကျီကို ကောက်ကိုင်လိုက်ပြီး မိုရိချန်ကို ဝတ်ဖို့ ကူညီပေးကာ သူ့ကျောပေါ်ကို တက်လိုက်သည်။

ဒီအခိုက်အတန့်တွင် နောက်ဖေးမီးဖိုချောင်ဆီက မိန်းကလေးတစ်ယောက်ရဲ့အသံက ရုတ်တရက်ထွက်လာခဲ့သည်။ 

"အစ်ကို ဧည့်သည်မရှိတော့ရင် အနားယူလိုက်ဦး။ မနက်ဖြန်…. " 

မိန်းကလေးက စကားပြောနေရင်း တဝက်တပျက်မှာပဲ လိုက်ကာကို မတင်လိုက်တော့ အေးခဲသွားခဲ့သည်။ အနည်းငယ် မှိန်းနေတဲ့ သူမရဲ့အိပ်ငိုက်နေတဲ့မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး… ထို့နောက် သတိပြုစရာ မြင်ကွင်းတစ်ခုက သူမရဲ့မျက်လုံးနှစ်လုံးတွင် ချက်ချင်း ပေါ်လာခဲ့သည်။

အရပ်ရှည်ရှည်ဖြောင့်​မတ်နေတဲ့ အမျိုးသားတစ်ဦးက ယုန်ညအိပ်ဝတ်စုံ ဝတ်ထားတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ဦးကို ကျောပိုးထားသည်။ သူမရဲ့အသံကို ကြားလိုက်ပုံရတဲ့ ဆယ်ကျော်သက်ကောင်လေးက စူးစမ်းစွာဖြင့် သူ့ခေါင်းကို လှည့်ကြည့်လာသည်။ သူက အရမ်းကြည့်ကောင်းတာကြောင့် သူမ အသက်ရှူတောင် ကြပ်သွားခဲ့သည်။

ကောင်မလေးက အသံမထွက်မိအောင် ခံနိုင်ရည်ရှိစွာ ထိန်းထားလိုက်သည်။

အားးးး!!! သူမတော့ ဆိုးဆိုးဝါးဝါးတွေ ဖြစ်ကုန်တော့တာလား။ သူမက 'သန့်စင်တဲ့အချစ်နတ်သမီး' ရဲ့ အပြောင်မြောက်ဆုံးလက်ရာဖြစ်တဲ့ အထက်ပုဂ္ဂိုလ်က လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး အလွန်ချောမောကာ အင်ပါယာတစ်ခုလုံးရဲ့ အသက်သွေးကြောကို ထိန်းချုပ်ထားနိုင်တဲ့  [လွှမ်းမိုးကြီးစိုးတဲ့bossနှင့် သူရဲ့အံ့သြစရာကောင်းအောင်လှပတဲ့ ယုန်ငယ်လေး]ကို ညတွင်းချင်းပြီးအောင် အရူးအမူးဖတ်ခဲ့သည်။ သူမက အထက်ပုဂ္ဂိုလ်ကို သူမရဲ့ မိုရိချန်နဲ့ အစားထိုးခဲ့သည်။ ယုန်ငယ်အတွက်တော့ ဘယ်သောအခါမှ ပိုသင့်တော်မည့်သူကို မတွေ့ခဲ့ရပေမယ့် အခုအချိန်မှာတော့ နူးညံ့သိမ်မွေ့တဲ့ ဒီဆယ်ကျော်သက်လေးက 'ယုန်ငယ်လေး'ရဲ့ ရှေ့​ပြေးပုံစံပဲ!

"ဘာတွေကြည့်နေတာလဲ သူတို့ကသွားပြီ" ဆိုင်ရှင်က သူ့ညီမရဲ့ မျက်လုံးရှေ့မှာ သူ့လက်ကြီးကို နှစ်ကြိမ် ဝှေ့ယမ်းပြလိုက်သည်။

ကောင်မလေးက အိပ်မက်ထဲမှ နိုးထကာ အသိစိတ်ပြန်ဝင်လာခဲ့သည်။ လွှမ်းမိုးကြီးစိုးတဲ့bossနဲ့ ယုန်ငယ်လေးရဲ့ ပုံရိပ်တွေက ဘယ်ရောက်သွားပြီလဲ။ သို့သော်... အခု အထက်ပုဂ္ဂိုလ်ရဲ့မျက်နှာကို မမြင်လိုက်ရတာ တကယ့်ကို နာတာပဲ။ သူက သူမရဲ့idolလောက် ချောမယ့်ပုံ မပေါ်တာကြောင့် 'ယုန်ငယ်လေး'နဲ့ 'လွှမ်းမိုးကြီးစိုးတဲ့boss'ကို သူမဘာသာ အတွဲအဖြစ် ဆုံးဖြတ်လိုက်သည်။ အတိုးချုံးပြောရရင် ကောင်မလေးက ဒီနေ့ညမှာ ကောင်းမွန်တဲ့ရိတ်သိမ်းမှုကို ရလိုက်တာကြောင့် သူမက အလွန်ကျေနပ်နေခဲ့သည်။

Zawgyi

အခန္း ၃၂: 'ယုန္ကေလး' ႏွင့္ 'လႊမ္းမိုးႀကီးစိုးတဲ့boss'

ေကာင္ကေလးရဲ႕အေနာက္မွ လေရာင္က ႏို႔ျဖဴေရာင္ အလင္းတန္းဝိုင္းျဖင့္ ဖုံးလႊမ္းထားသကဲ့သို႔ သူ႕ရဲ႕ႏူးညံ့သိမ္ေမြ႕ၿပီး ေတာက္ပေနတဲ့မ်က္ႏွာေလးက တစ္ခ်က္ထိ႐ုံျဖင့္ ေလႏွင့္အတူ ပ်ံ႕လြင့္သြားေတာ့မလို ျဖစ္ေနသည္။

မိုရိခ်န္က စကားမေျပာႏိုင္ေလာက္ေအာင္ အံ့ၾသသြားခဲ့သည္။ သူ႕ေနာက္ကလူက တကယ္႐ွိေနတာ ဟုတ္မဟုတ္ကို ထိၾကည့္ခံစားခ်င္သလို လက္တစ္ဖက္ကို အနည္းငယ္ ေျမႇာက္လိုက္သည္။

"မိုရိခ်န္" 

ယြမ္းေစြာ္က ဝမ္းနည္းစိတ္ထိခိုက္ၿပီး ထပ္ငိုျပန္သည္။

ဒါတကယ့္ကို ဒူဒူပဲ! ဆယ္ေက်ာ္သက္အ႐ြယ္ပုံက Qအဆင့္ပုံနဲ႔ လုံးဝကြဲျပားေနေပမယ့္ သူ႕မ်က္လုံးေတြက လုံးဝေျပာင္းလဲမသြားေပ။

"ဒူဒူ တကယ္ပဲ မင္းလား"

ဒူဒူက နီရဲေနတဲ့မ်က္လုံးေတြျဖင့္ ေခါင္းညိတ္လိုက္သည္။

 "ကြၽန္ေတာ္…. ကြၽန္ေတာ္က ဒူဒူပါ။ ကြၽန္ေတာ္ပါ"

မိုရိခ်န္က ေ႐ွ႕သို႔ ေျခလွမ္းႀကီးေတြျဖင့္ ေလွ်ာက္သြားကာ သူ႕ကို ညင္သာစြာ ေပြ႕ဖက္လိုက္သည္။ အိပ္မက္လို ျဖစ္ေနတာကေန ႏိုးလာဖို႔ ခဏေလာက္ ၾကာသြားၿပီး ဆယ္ေက်ာ္သက္ရဲ႕ ပိန္ပါးေနတဲ့ေနာက္ေက်ာကို ညင္သာစြာပြတ္သပ္ေပးလိုက္သည္။ "မင္းေၾကာက္ေနခဲ့တာ။ ဟုတ္တယ္မို႔လား"

ယြမ္းေစြာ္က အနည္းငယ္ တုန္လႈပ္သြားေပမယ့္ သူ႕ေခါင္းကို ခါယမ္းျပလိုက္သည္။ "မဟုတ္...မဟုတ္ပါဘူး"

မိုရ္ခ်န္က သူ႕ကို ဆြဲထုတ္ကာ သူ႕မ်က္လုံးေတြထဲကို ၾကည့္ၿပီး ေျပာလိုက္သည္။ 

"တကယ္လား"

ယြမ္းေစြာ္က သူ႕ကို မၾကည့္ရဲဘဲ ေခါင္းငုံ႔ကာ  ႏွာေခါင္းနီနီေလးျဖင့္ ႏႈတ္ခမ္းေလးကို ဖြဖြဖိလိုက္သည္။ 

"နည္း…. နည္းနည္းေလးပါပဲ"

"ဒါဆို ငါက မင္းကို မလိုခ်င္ေတာ့ဘူးလို႔ ထင္ေနတာလား" 

မိုရိခ်န္က ေသခ်ာေပါက္ေမးလိုက္သည္။

ယြမ္းေစြာ္က အံ့အားသင့္စြာ ေမာ့ၾကည့္လိုက္သည္။ ဘယ္လို...ဘယ္လိုလုပ္ မိုရိခ်န္က သိေနပါလိမ့္။

"ကြၽန္ေတာ္...ကြၽန္ေတာ္ ျပသာနာ႐ွာခဲ့မိတယ္​ ဒါ​ေၾကာင့္​...ဒါေၾကာင့္ ကြၽန္ေတာ္ အဲ့လို ခံစားခဲ့ရတာပါ.​..."

"ဒူဒူ"

"ဟင္"

မိုရိခ်န္က တည္ၾကည္စြာ ေျပာလိုက္သည္။ "မင္းဘယ္ေလာက္ပဲ ျပသာနာ႐ွာပါေစ ငါဘယ္ေတာ့မွ မင္းကိုမလိုခ်င္ေတာ့ဘူးဆိုတာ မ႐ွိေစရဘူး။ ဒါ မင္းကို ေပးတဲ့  ငါကတိပဲ"

"ဝူးးး...." 

ယြမ္းေစြာ္ရဲ႕မ်က္လုံးေတြက နီရဲလာေပမယ့္ ငိုရင္ မိုရိခ်န္ကို ေပးထားတဲ့ ကတိမတည္ေတာ့မွာကို ​စိုးသျဖင့္ သူ႕မ်က္ႏွာကို အက်ႌလက္ႏွင့္ အျမန္သုတ္လိုက္သည္။

မိုရိခ်န္က ယြမ္းေစြာ္က သူ႕ေခါင္းေသးေသးေလးျဖင့္ ေပါက္ကရေတြကို ထပ္ေတြးမွာကို ​စိုးရိမ္သျဖင့္ ႐ွင္းျပလိုက္သည္။ "ဒီေန႔ဘာျဖစ္တာလဲဆိုေတာ့ စနစ္ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ပဲ"

ယြမ္းေစြာ္က အံ့အားသင့္သြားခဲ့ၿပီး တကယ္ေတာ့ အဲ့လိုျဖစ္သြားတာေပါ့။

မိုရိခ်န္က ဆက္ေျပာလိုက္သည္။ "ဒါေပမယ့္ ငါတို႔ လုံေပၚကို ႐ွာေတြ႕ခဲ့တယ္။ သူ႕မွာ ဂိမ္းကို ပုံမွန္လည္ပတ္မႈအျဖစ္ ျပန္ေကာင္းေအာင္ ကူညီေပးႏိုင္တဲ့ နည္းလမ္း႐ွိတယ္။ဒါေၾကာင့္ ေၾကာက္ေနစရာမလိုပါဘူး "

"လုံ...လုံေပၚလား" 

မိုရိခ်န္က လုံေပၚကို ႐ွာေတြ႕ခဲ့တာလား။

"ဟုတ္တယ္ မင္းရဲ႕သူငယ္ခ်င္းငယ္ေလးေလ။ မနက္ေျခာက္နာရီအထိ ေစာင့္ၿပီး အားလုံး ပုံမွန္ျပန္ျဖစ္သြားလိမ့္မယ္" 

သူက ေႏြးေထြးတဲ့ အသံျဖင့္ ႏွစ္သိမ့္ေပးလိုက္သည္။ ဒီေန႔ညေနမွာ အေသးေလးက ေၾကာက္လန္႔သြားခဲ့သည္။

"အရမ္းေကာင္းတာပဲ" 

ယြမ္းေစြာ္ရဲ႕ ႐ွည္လ်ားတဲ့ မ်က္ေတာင္ေမႊးေတြေပၚမွာ မ်က္ရည္ေတြ တြဲေလာင္းက်ေနေပမယ့္ ဒီေဘးအႏၲရာယ္အၿပီးတြင္ မိုရိခ်န္ကို ျပန္ျမင္ရၿပီး မိုရိခ်န္က သူ႕ကို မလိုခ်င္ေတာ့တာ မဟုတ္ဘူးဆိုတာကို သိလိုက္ရတဲ့ ေပ်ာ္႐ႊင္မႈႏွင့္ ၾကည္ႏူးဝမ္းသာမႈေတြက သူအရင္က နာက်င္ခံစားခဲ့ရတာေတြကို ေလ်ာ့နည္းသြားေစခဲ့သည္။

မိုရိခ်န္ကသူ႕လက္ကိုေျမႇာက္လိုက္ၿပီး အေသးေလးရဲ႕မ်က္ေတာင္မွ မ်က္ရည္ေတြကို သုတ္ေပးလိုက္သည္။

ပါးလႊာတဲ့အသားမာေလးေတြ႐ွိတဲ့ ေႏြးေထြးတဲ့သူ႕လက္ေခ်ာင္းထိပ္ေတြက သူ႕မ်က္ခြံေတြႏွင့္ ပါးျပင္ေပၚကို ညင္သာစြာ ပြတ္သုတ္ေပးရင္းျဖင့္ တစ္ညတာလုံး ထိတ္လန္႔မႈႏွင့္စိုးရိမ္မႈမ်ားကို ဖယ္႐ွားေပးခဲ့သည္။

ယြမ္းေစြာ္ကို ႏွစ္သိမ့္ေပးၿပီးေနာက္ မိုရိခ်န္က သူေျခေထာက္ဗလာျဖင့္ ေျမျပင္ေပၚမွာ ရပ္ေနတာကို ႐ုတ္တရက္ သတိရသြားတာေၾကာင့္ ခါးကို အနည္းငယ္ငုံ႔ကုန္းလိုက္ကာ ေျပာလိုက္သည္။ "ေျမျပင္ေပၚကေအးတယ္။ တက္လာခဲ့" 

"ဟမ္..." 

မိုရိခ်န္က သူ႕ကို....သယ္သြားခ်င္တာလား။

မိုရိခ်န္ရဲ႕က်ယ္ျပန္႔တဲ့ေနာက္ေက်ာကို ၾကည့္ရင္း ယြမ္းေစြာ္က ေပ်ာ္႐ႊင္ေနၿပီး အနည္းငယ္ စိတ္႐ႈပ္သြားသည္။

မိုရိခ်န္က အခ်ိန္အေတာ္ၾကာေအာင္ သူ႕ခါးကိုေကြးထားခဲ့ေပမယ့္ ဘယ္သူမွ တက္မလာတာေၾကာင့္ ေႏြးေထြးတဲ့အသံျဖင့္ တိုက္တြန္းလိုက္သည္။ 

"လာခဲ့ေတာ့ မဟုတ္ရင္ မင္းအေအးမိလိမ့္မယ္"

ထိုမွသာ ယြမ္းေစြာ္က သူ႕ေနာက္ေက်ာေပၚသို႔ ျဖည္းညႇင္းစြာတက္လာခဲ့သည္။

မိုရိခ်န္က သူ႕ကို ေနာက္ေက်ာေပၚတင္ထားၿပီး လမ္းၾကားအဝင္ဝမွ ျပန္ထြက္လာခဲ့သည္။

"ဒူဒူ"

"အြန္း !"

မိုရိခ်န္က တစ္ခုခုကို ေတြးမိၿပီး ႐ုတ္တရက္ ရပ္လိုက္ကာ ေမးလိုက္သည္။ 

"မင္းအရင္က ဂိမ္းထဲက ထြက္လာခဲ့ဖူးလား" 

"အဲ..." 

ယြမ္းေစြာ္က elvesက ဂိမ္းမွထြက္ခြာႏိုင္သည့္ အဆင့္သို႔မေရာက္မီတြင္ ကစားသမားအား ေျပာျပလို႔မရေၾကာင္း စနစ္က သတိေပးထားေပမယ့္ အခုက ဂိမ္းထဲက ခ်ိဳ႕ယြင္းခ်က္တစ္ခုေၾကာင့္ သူက ဂိမ္းမွေခတၱထြက္ခြာသြားခဲ့တာျဖစ္တာေၾကာင့္ သူ႕ကို ကန္႔သတ္ထားတာမဟုတ္ေတာ့ဘူး ဟုတ္တယ္မို႔လား။ ထို႔ေၾကာင့္ သူက ႐ိုး႐ိုးသားသား ေျဖလိုက္သည္: 

"အင္း အဲဒီ့ေန႔က မီးဖိုေခ်ာင္ထဲက ဆူေနတဲ့ႏြားႏို႔ေတြ လွ်ံက်ေတာ့မွာကို ျမင္လိုက္ရလို႔ အရမ္းေၾကာက္သြားခဲ့တာ။ ဒါေပမယ့္ စနစ္ထဲကေန ဘယ္လို လြတ္ေျမာက္ႏိုင္ခဲ့လဲေတာ့ ကြၽန္ေတာ္မသိဘူး။ ဒါေပမယ့္ အခ်ိန္က အရမ္းတိုလြန္းလို႔ ဂတ္စ္ခလုတ္ဆီကို မေရာက္ခါနီးေလးပဲ"

ေနာက္ဆုံးတြင္ မိုရိခ်န္က သူ႕ႏွလုံးသားထဲမွာ ၾကာ႐ွည္စြာ တည္႐ွိေနတဲ့ လွ်ိဳ႕ဝွက္ခ်က္ကို ေျဖ႐ွင္းႏိုင္ခဲ့သည္။ ေသခ်ာေပါက္ကို ယြမ္းေစြာ္က အဲဒီေန႔က တကယ္ပဲ ေပၚလာခဲ့တာပဲ!

"ဒါဆို မင္းတို႔ elvesေလးေတြက အျပင္မွာ ႐ွင္သန္ဖို႔ ဂိမ္းထဲက ဘယ္လိုထြက္ရတာလဲ"

"အိုး....အဆင့္၂၀ေရာက္ရင္ဂိမ္းထဲကို ဝင္ႏိုင္၊ထြက္ႏိုင္တယ္လို႔  စနစ္က သတ္မွတ္ေပးထားေပမယ့္ အခ်ိန္ကန္႔သတ္ခ်က္ေတာ့ ႐ွိတယ္။ ဒါေပမယ့္ မင္းရဲ႕အဆင့္ျမင့္လာေလေလ မင္းအျပင္မွာ အခ်ိန္ပိုၾကာေအာင္ေနႏိုင္ေလေလပဲ။ အဆင့္၉၉ကို ေရာက္ရင္ ဂိမ္းအျပင္မွာ ၂၄နာရီေနလို႔ရတယ္!"

"မင္းအဆင့္ ၁၀၀ေရာက္ရင္ ဘာျဖစ္သြားမလဲ" 

မိုရိခ်န္က ထိပ္တန္းအဆင့္သို႔ေရာက္သြားရင္ Elf က ဂိမ္းထဲက လုံးဝထြက္လာၿပီး ဒီကမ႓ာတြင္ ေနႏိုင္သြားမည္ဟု ေတြးခဲ့သည္။

ယြမ္းေစြာ္က ခဏရပ္သြားခဲ့ၿပီး မူလက ေတာက္ပေနတဲ့သူ႕မ်က္လုံးေတြက ႐ုတ္တရက္ ေမွးမွိန္သြားခဲ့သည္။

"ကြၽန္ေတာ္ အဆင့္၁၀၀ေရာက္ရင္... ကြၽန္ေတာ္ ဂိမ္းထဲကေန လုံးဝ ႐ုန္းထြက္ႏိုင္သြားမွာ" 

ထို႔ေနာက္ မိုရိခ်န္မ႐ွိတဲ့၊ေအးစက္တဲ့ စစ္သေဘၤာေတြ၊ပ်က္စီးေနတဲ့ ေတာ္ဝင္တိုက္ပြဲေတြ၊ စိတ္ကူးယဥ္ဆန္မႈ၊ အျပန္အလွန္ လွည့္စားမႈႏွင့္ လွ်ိဳ႕ဝွက္ၾကံစည္မႈေတြျဖင့္ သူ နားမလည္ႏိုင္တဲ့ သူ႕ရဲ႕မူလကမ႓ာဆီသို႔ ျပန္သြားရလိမ့္မည္။

မိုရိခ်န္က အေျဖကိုရသြားတဲ့အခါ  စိတ္အေျခအေန ေကာင္းသြားပုံရၿပီး သူ႕ေက်ာေပၚကလူကို ေနာက္တစ္ႀကိမ္ တြန္းတင္လိုက္ရင္း 

"ဒါဆို ဒူဒူ အဆင့္တက္လာေအာင္ အလုပ္ႀကိဳးစားရမွာပဲ"

"…. ေကာင္းၿပီ" 

ယြမ္းေစြာ္က သူ႕အသံကို ေပါ့ပါးေစဖို႔ ႀကိဳးစားခဲ့သည္။

"အဲဒီ့လုံေပၚ... သူကဘယ္လိုေနလဲ" မိုရိခ်န္က ဂိမ္းထဲတြင္ လုံေပၚက လူျဖစ္ေနေပမယ့္ အျပင္ဘက္သို႔ ထြက္လာတဲ့အခါတြင္ တ႐ုတ္ေခြးတစ္ေကာင္ ျဖစ္ေနခဲ့တာကို ႐ုတ္တရက္ ေတြးလိုက္မိသည္။

"လုံေပၚက အရမ္းေတာ္တဲ့လူပါ။" ယြမ္းေစြာ္က အမွန္အတိုင္း ေျပာလိုက္သည္။

"ငါသိပါတယ္။ ဒါေပမယ့္ ငါေျပာခ်င္တာက…သူက" အံ့ၾသစရာေကာင္းစြာပဲ သူ ဘယ္လိုစကားလုံးကို သုံးရမွန္းမသိေပ။ သူက မေျပာခင္ ခဏေလာက္ ရပ္လိုက္သည္။ 

"သူက ဂိမ္းထဲက ထြက္လာႏိုင္တဲ့ အဆင့္ကို ေရာက္ေနေပမယ့္ သူထြက္လာတဲ့အခါ...သူက ေခြးတစ္ေကာင္ပဲ"

ဘာ... ဘာႀကီး။ ယြမ္းေစြာ္က အံ့ၾသလြန္းလို႔ ထခုန္လိုက္မိကာ သူ႕လက္ႏွစ္ဖက္က ေခ်ာ္ထြက္သြားၿပီး  မိုရိခ်န္ရဲ႕ ေက်ာေပၚမွ ျပဳတ္က်လုနီးပါး ျဖစ္သြားခဲ့သည္။ ကံေကာင္းစြာျဖင့္ မိုရိခ်န္က သူ႕ကို ၿငိမ္သြားေအာင္ အျမန္ ထိန္းထားခဲ့သည္။

"မိုရိခ်န္က လုံေပၚကေခြးတစ္ေကာင္လို႔ ေျပာေနတာလား" 

သူလာခဲ့တဲ့ ၾကယ္တာရာကမ႓ာတြင္ ေခြးေတြက မ်ိဳးသုဥ္းသြားတာ ၾကာၿပီျဖစ္တဲ့ ေ႐ွးဦးမ်ိဳးစိတ္မ်ားျဖစ္သည္။ လူေတြ ေမြးၾကတဲ့ အိမ္ေမြးတိရစၧာန္အမ်ားစုက ဉာဏ္ရည္ျမင့္မားတဲ့ အိမ္ေမြးတိရစၧာန္ေတြျဖစ္သည္။ တစ္ခါတစ္ရံတြင္ ​ဆင့္ကဲေျပာင္းလဲလာတဲ့ ေၾကာင္ေတြႏွင့္ ေခြးေတြ တစ္ေကာင္ သို႔မဟုတ္ ႏွစ္ေကာင္႐ွိေပမယ့္ ၾကယ္တာရာကမ႓ာက တစ္ေကာင္ႏွင့္ ေ႐ွးေခတ္ကမ႓ာမွ တစ္ေကာင္ၾကားတြင္ ျခားနားတဲ့ကမ႓ာတစ္ခု ႐ွိခဲ့သည္။ သူတို႔အမ်ားစုက ႀကီးမားၿပီး တိုက္ပြဲမ်ားတြင္ အသုံးျပဳၾကကာ အလြန္တန္ဖိုး႐ွိသည္။

သို႔ေသာ္ ယြမ္းေစြာ္ အရမ္းတုန္လႈပ္သြားရတဲ့ အဓိကအေၾကာင္းရင္းကေတာ့ လုံေပၚ = ေခြး ဆိုတာကို လက္ခံဖို႔ ခက္ခဲျခင္းျဖစ္သည္။

သူ အရမ္းတုန္လႈပ္သြားတာကို ျမင္ေတာ့ မိုရိခ်န္က ဒီအေၾကာင္းကို အေသးေလး ဘာမွမသိေၾကာင္း သိလိုက္ရသည္။ ဒါကို သိတဲ့လူေတြက ကိုယ္တိုင္ျဖစ္ေနတဲ့ လုံေပၚနဲ႔ အဖိုးဖူပဲ ျဖစ္ေနမွာ စိုးရသည္။​

ဒါေၾကာင့္ သူက စကားလမ္းေၾကာင္းလႊဲကာ ညစာစားၿပီးၿပီလားလို႔ ေမးလိုက္သည္။

"နည္း…နည္းနည္း" 

သူအရင္က သတိမထားမိေပမယ့္ မိုရိခ်န္က ေမးလိုက္တဲ့အခါ အနည္းငယ္ ဗိုက္တာေနတာကို ခံစားလိုက္ရသည္။

"ငါပို႔လိုက္တဲ့ ညစာကို မစားဘူးလား"

"အာ ကြၽန္ေတာ္ညစာကို... မေတြ႕ဘူး။ဒါေပမယ့္ ကြၽန္ေတာ္ႏို႔ေသာက္ၿပီးပါၿပီ။ မိုရိခ်န္စိတ္ပူစရာမလိုေတာ့ပါဘူး"

အေသးေလးက သူ႕ကို မလိုခ်င္ေတာ့ဘူးလို႔ ေတြးၿပီး အရမ္းဝမ္းနည္းသြားတာ အံ့ၾသစရာမ႐ွိေတာ့ေပ။ သူအစားအစာေတြကို ေပးပို႔လိုက္တဲ့အခါ စနစ္က ျပႆနာေတြ စျဖစ္ေနၿပီလို႔ ထင္ရသည္။ ထို႔ေၾကာင့္ သဘာဝက်စြာပဲ အရာအားလုံးမစတင္ခင္မွာ အေသးေလးဆီ သူပို႔ခဲ့သမွ် စာေတြက မေရာက္ေတာ့တာ ျဖစ္ရမည္။

"ဒူဒူ"

"ဟင္"

"ငါ မင္းကို ညလယ္စာ သေရစာ လိုက္ေကြၽးမယ္" မိုရိခ်န္က ဖက္ထုပ္ဆိုင္ရဲ႕ ေဘးတြင္ 24/7 ဖြင့္ထားပုံရတဲ့ သေရစာဘားတစ္ခု႐ွိေၾကာင္း သူ ေယာင္ဝါးဝါး သတိရလိုက္သည္။

"ေကာင္းၿပီ ညလယ္စာ သြားစားရေအာင္" ယြမ္းေစြာ္က အရင္က မိုရိခ်န္နဲ႔အတူတူ စားဖို႔ တစ္ခါမွ မထိုင္ဖူးေပ။

မိုရိခ်န္က သူ႕ကို ေက်ာေပၚတင္ထားၿပီး လမ္းတေလွ်ာက္လုံး ေပါ့ေပါ့ပါးပါး လမ္းေလွ်ာက္လာခဲ့သည္။ ယြမ္းေစြာ္က သူ႕ရဲ႕ မူလခႏၶာကိုယ္သို႔ ျပန္ေျပာင္းသြားခဲ့သည္။ သူက မိုရိခ်န္ရဲ႕မ်က္ခုံးေမႊးေတြအထိ႐ွိေသာ္လည္း အရပ္က ၁.၇၅မီတာ အနည္းငယ္ ေက်ာ္မယ္လို႔ ခန္႔မွန္းရေပမယ့္ သူက အလြန္ပိန္တာေၾကာင့္ သူ႕ကို ေက်ာေပၚတင္ထားဖို႔  ႀကိဳးႀကိဳးစားစား အားထုတ္ရန္မလိုေပ။

ယြမ္းေစြာ္က မိုရိခ်န္ရဲ႕ က်ယ္ျပန္႔တဲ့ေက်ာျပင္ေၾကာင့္ အလြန္ေပ်ာ္႐ႊင္ေနခဲ့သည္။ဒါက ေဖာ္ျပလို႔ မရႏိုင္တဲ့လုံျခဳံတဲ့ခံစားမႈတစ္ခုျဖစ္ၿပီး  သူ႕ႏွလုံးသားထဲမွာ ေႏြးေထြးေနကာ သူ႕ကို မျပဳံးပဲ မေနႏိုင္ေအာင္ ျဖစ္ေနေစသည္။

သေရစာဘားအတြင္း၌။

ဆိုင္အတြင္းတြင္ အသက္သုံးဆယ္ေက်ာ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက တီဗီၾကည့္ေနခဲ့သည္။

ဝယ္သူမ်ားဝင္လာတာကိုျမင္ေတာ့ သူက အမွာစာလက္ခံရန္ထေသာ္လည္း မိုရိခ်န္ႏွင့္ ယြမ္းေစြာ္ကိုေတြ႕တဲ့အခါ သိသိသာသာ အံ့ၾသသြားပုံရသည္။ေယာက်္ားေလးက ေခ်ာေမာကာ ထူးျခားတဲ့စိတ္ထား႐ွိၿပီး အလြန္ေဖာ္ေ႐ြတဲ့ပုံေပါက္ေနကာ သူ႕ေက်ာေပၚ႐ွိ ဆယ္ေက်ာ္သက္ေလးကလည္း သိမ္ေမြ႕ၿပီး ခ်စ္စရာေကာင္းကာ အလြန္လွပသည္။

"မင္းတို႔ႏွစ္ေယာက္...စားဖို႔ ဘာေတြမွာမလဲ"

မိုရိခ်န္က ထိုင္ခုံကိုေတြ႕ေတာ့ ယြမ္းေစြာ္ကို ေအာက္ခ်ေပးလိုက္ၿပီး ဆိုင္႐ွင္ကို ေျပာလိုက္သည္။ 

"ခင္ဗ်ားဆီမွာ ဖက္ထုပ္ပူပူေႏြးေႏြးေတြ ႐ွိသလား"

"႐ွိတယ္။ ဘယ္ႏွပြဲ လိုခ်င္သလဲ" 

ဆိုင္႐ွင္က ေမးလိုက္သည္။

"ႏွစ္ပြဲ" 

မိုရိခ်န္လည္း ညစာ မစားရေသးေပ။

"ေကာင္းၿပီ ခဏေစာင့္ပါ!" 

ဆိုင္႐ွင္က ေနာက္ေဖးမီးဖိုေခ်ာင္ဆီ အလုပ္လုပ္ဖို႔ သြားေတာ့သည္။

ယြမ္းေစြာ္က ကုလားထိုင္ေပၚတြင္ ထိုင္လိုက္သည္။ သူက ဖိနပ္မစီးထားတာေၾကာင့္ ေျခေထာက္ေတြကို မ ႐ုံသာ တတ္ႏိုင္ေပမယ့္ ကုလားထိုင္က တိုလြန္းတာေၾကာင့္ သူ႕ဒူးကို ေျမႇာက္ထားရေပမယ့္ ခဏေလာက္ၾကာေတာ့ သူတို႔ကို ထိန္းမထားႏိုင္ေတာ့ေပ။

မိုရိခ်န္က ျပဳံးလိုက္ၿပီး "ေျခေထာက္တိုတိုေလးေတြ ႐ွိတာက တစ္ခါတေလ ေကာင္းတာပဲ"

ယြမ္းေစြာ္က ႐ွက္သြားခဲ့သည္။

မိုရိခ်န္က သူ႕အက်ီကို ခြၽတ္လိုက္ၿပီး အႀကိမ္အနည္းငယ္ ေခါက္လိုက္ကာ ငုံ႔လိုက္ၿပီး အဲ့ဒါကို ယြမ္းေစြာ္ရဲ႕ ေျခေထာက္ေအာက္တြင္ ထားလိုက္သည္။

"မင္းေျခေထာက္ကို ဒီေပၚတင္ထား။ ဖက္ထုပ္ပူပူေလးတစ္ပန္းကန္ေလာက္ စားၿပီးရင္ မင္း ေႏြးလာလိမ့္မယ္" ယြမ္းေစြာ္က တိုက္ခန္းၾကမ္းျပင္ေပၚတြင္ တစ္ညလုံး အိပ္ေနခဲ့သည္။ အေအးပတ္တာကို အခ်ိန္မီမဖယ္႐ွားႏိုင္ရင္ ေနာက္မွ အေအးမိမွာ​စိုးရသည္။

ခဏၾကာေတာ့ ဆိုင္႐ွင္က ဖက္ထုပ္ပူပူေႏြးေႏြး ႏွစ္ပန္းကန္ကို ယူလာေပးခဲ့သည္...

ဖက္ထုပ္ေတြကို ပုစြန္၊ ဝက္သား၊ ၾကက္ဥႏွင့္ အျခားဟင္းခတ္အေမႊးအႀကိဳင္မ်ားျဖင့္ အစာသြပ္ထားသည္။ ထိုရနံ႔က ညဥ့္နက္နက္တြင္ ဗိုက္ဆာေနတဲ့ လူႏွစ္ေယာက္အတြက္ အလြန္ဆြဲေဆာင္မႈ႐ွိေနသည္။

ယြမ္းေစြာ္က တစ္ခါသုံးတူေတြကို တစ္ခါမွ် မျမင္ဖူးတာေၾကာင့္ ဒါေတြကို ဘယ္လိုအသုံးျပဳရမွန္း မသိဘဲ သူတို႔က ဘာလို႔​အတူ ပူးေနရတာလဲ။

မိုရိခ်န္က သူ႕ရဲ႕တူကို ခြဲထုတ္ၿပီး ပါးစပ္ကို ျခစ္မိတာက ကာကြယ္ရန္အတြက္ သူတို႔အေပၚ႐ွိ မညီညာမႈမ်ားကို ေျပေလ်ာ့သြားေစရန္ ပြတ္တိုက္လိုက္သည္။

"ဒါကိုသုံး" 

ထို႔ေနာက္ သူက ဝါးဘူးထဲမွ ဇြန္းတစ္ေခ်ာင္းကိုယူကာ တစ္႐ွဴးျဖင့္သုတ္လိုက္ၿပီး ယြမ္းေစြာ္ရဲ႕ ပန္းကန္ထဲသို႔ထည့္ေပးလိုက္သည္။

ယြမ္းေစြာ္က ေက်းဇူးတင္စကားေျပာၿပီး ဇြန္းနဲ႔ တူကိုယူကာ ေခါင္းငုံ႔ၿပီး ပူပူေႏြးေႏြးဖက္ထုပ္ေတြကို စားေတာ့သည္။

အပူေငြ႕ေတြက ယြမ္းေစြာ္ရဲ႕ႏူးညံ့တဲ့မ်က္ႏွာကို တိမ္တိုက္ေလး လႊမ္းျခဳံထားသလို ျပည့္ေနခဲ့သည္။

အေသးေလးက အလြန္အေလးအနက္ထား စားေနခဲ့သည္။ ၾကည့္ရတာ သူတကယ့္ကို ဗိုက္ဆာေနတဲ့ပုံပင္။ သူက ပထမဆုံးဖက္ထုပ္ ႏွစ္ခုကို ေအးတဲ့အထိမေစာင့္ေတာ့ပဲ သူ႕ပါးစပ္ထဲကို ထည့္လိုက္ေတာ့သည္။

ဒါကိုျမင္ေတာ့ မိုရိခ်န္က ဆိုင္႐ွင္ကို ပန္းကန္ေသးေသးေလးတစ္ခု ယူလာေပးဖို႔ ေျပာၿပီး သူ႕ပန္းကန္ထဲက အႀကီးဆုံးဖက္ထုပ္ေတြကို ေကာက္ယူကာ မႈတ္ေပးလိုက္ၿပီး ပန္းကန္ျပားေပၚ ထားေပးလိုက္သည္။

"ဒါေတြကိုစား တအားပူလြန္းရင္ မင္းကို ဗိုက္နာေစလိမ့္မယ္"

အေငြ႕ေၾကာင့္လား ဒါမွမဟုတ္ တျခားတစ္ခုခုေၾကာင့္လား မသိေပမယ့္ ယြမ္းေစြာ္က ႐ုတ္တရက္ ႏွာေခါင္းက ခ်ဥ္လာၿပီး မ်က္လုံးေတြ ပူလာခဲ့သည္။

"Mm-hmm" 

သူကေခါင္းမေမာ့ရဲဘဲ မိုရိခ်န္ထည့္ေပးတဲ့ ဖက္ထုပ္ေတြအားလုံးကို တစ္လုံးၿပီးတစ္လုံး စားခဲ့သည္။

မိုရိခ်န္က သူဗိုက္ျပည့္သြားတာကို ျမင္ေတာ့ သူ႕ေ႐ွ႕က ထိ႐ုံပဲထိရေသးတဲ့ ဖက္ထုပ္ပန္းကန္ကို ယူကာ အႀကီးႀကီးေတြကိုက္စားလိုက္ၿပီးေနာက္ အခ်ိန္ကို တစ္ခ်က္ၾကည့္လိုက္သည္။

"ငါတို႔ျပန္သင့္ၿပီ။ ႏွစ္နာရီေက်ာ္ေလာက္က်ရင္ ဂိမ္းကို ကူညီေျဖ႐ွင္းေပးဖို႔ လုံေပၚကို ေျပာရမယ္" ယြမ္းေစြာ္က လက္႐ွိအေျခအေနမွာ အျပင္မွာထြက္လို႔ရေနတာက ေသခ်ာေပါက္ ေကာင္းမြန္ေပမယ့္ ဂိမ္းထဲက ခ်ိဳ႕ယြင္းခ်က္တစ္ခုေၾကာင့္သာ ျဖစ္သည္။ သူတို႔ ႀကိဳတင္ျပင္ဆင္ထားျခင္းမ႐ွိတဲ့ အျခားအရာေတြ ျဖစ္ေပၚလာႏိုင္ေျခကို မဆုံးျဖတ္ႏိုင္တာေၾကာင့္ သူ႕ကို ဂိမ္းထဲကို အရင္ျပန္ပို႔ၿပီး အနာဂတ္တြင္ ျဖည္းျဖည္းခ်င္း အဆင့္တက္တာက ပိုေကာင္းသည္။ အခ်ိန္တစ္ခုေရာက္လာရင္…. သူတို႔အၿမဲအတူေနႏိုင္လိမ့္မည္။

"အြမ္း!" ယြမ္းေစြာ္က ဗိုက္ျပည့္ေနၿပီး သူ႕ခႏၶာကိုယ္ႏွင့္ ေျခေထာက္ေတြလည္း ေႏြးေထြးေနခဲ့သည္။

မိုရိခ်န္က ထကာ ပိုက္ဆံ႐ွင္းလိုက္ၿပီး စားပြဲဆီလွည့္ကာ သူ႕ဘက္ကို ေက်ာကို ေကြးေပးလိုက္သည္။ 

"တက္ေတာ့"

ယြမ္းေစြာ္က မိုရိခ်န္ရဲ႕ အက်ီကို ေကာက္ကိုင္လိုက္ၿပီး မိုရိခ်န္ကို ဝတ္ဖို႔ ကူညီေပးကာ သူ႕ေက်ာေပၚကို တက္လိုက္သည္။

ဒီအခိုက္အတန္႔တြင္ ေနာက္ေဖးမီးဖိုေခ်ာင္ဆီက မိန္းကေလးတစ္ေယာက္ရဲ႕အသံက ႐ုတ္တရက္ထြက္လာခဲ့သည္။ 

"အစ္ကို ဧည့္သည္မ႐ွိေတာ့ရင္ အနားယူလိုက္ဦး။ မနက္ျဖန္…. " 

မိန္းကေလးက စကားေျပာေနရင္း တဝက္တပ်က္မွာပဲ လိုက္ကာကို မတင္လိုက္ေတာ့ ေအးခဲသြားခဲ့သည္။ အနည္းငယ္ မွိန္းေနတဲ့ သူမရဲ႕အိပ္ငိုက္ေနတဲ့မ်က္လုံးေတြကို ပြတ္သပ္လိုက္ၿပီး… ထို႔ေနာက္ သတိျပဳစရာ ျမင္ကြင္းတစ္ခုက သူမရဲ႕မ်က္လုံးႏွစ္လုံးတြင္ ခ်က္ခ်င္း ေပၚလာခဲ့သည္။

အရပ္႐ွည္႐ွည္ေျဖာင့္​မတ္ေနတဲ့ အမ်ိဳးသားတစ္ဦးက ယုန္ညအိပ္ဝတ္စုံ ဝတ္ထားတဲ့ ဆယ္ေက်ာ္သက္အ႐ြယ္ လူငယ္ေလးတစ္ဦးကို ေက်ာပိုးထားသည္။ သူမရဲ႕အသံကို ၾကားလိုက္ပုံရတဲ့ ဆယ္ေက်ာ္သက္ေကာင္ေလးက စူးစမ္းစြာျဖင့္ သူ႕ေခါင္းကို လွည့္ၾကည့္လာသည္။ သူက အရမ္းၾကည့္ေကာင္းတာေၾကာင့္ သူမ အသက္႐ွဴေတာင္ ၾကပ္သြားခဲ့သည္။

ေကာင္မေလးက အသံမထြက္မိေအာင္ ခံႏိုင္ရည္႐ွိစြာ ထိန္းထားလိုက္သည္။

အားးးး!!! သူမေတာ့ ဆိုးဆိုးဝါးဝါးေတြ ျဖစ္ကုန္ေတာ့တာလား။ သူမက 'သန္႔စင္တဲ့အခ်စ္နတ္သမီး' ရဲ႕ အေျပာင္ေျမာက္ဆုံးလက္ရာျဖစ္တဲ့ အထက္ပုဂၢိဳလ္က လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္ၿပီး အလြန္ေခ်ာေမာကာ အင္ပါယာတစ္ခုလုံးရဲ႕ အသက္ေသြးေၾကာကို ထိန္းခ်ဳပ္ထားႏိုင္တဲ့  [လႊမ္းမိုးႀကီးစိုးတဲ့bossႏွင့္ သူရဲ႕အံ့ၾသစရာေကာင္းေအာင္လွပတဲ့ ယုန္ငယ္ေလး]ကို ညတြင္းခ်င္းၿပီးေအာင္ အ႐ူးအမူးဖတ္ခဲ့သည္။ သူမက အထက္ပုဂၢိဳလ္ကို သူမရဲ႕ မိုရိခ်န္နဲ႔ အစားထိုးခဲ့သည္။ ယုန္ငယ္အတြက္ေတာ့ ဘယ္ေသာအခါမွ ပိုသင့္ေတာ္မည့္သူကို မေတြ႕ခဲ့ရေပမယ့္ အခုအခ်ိန္မွာေတာ့ ႏူးညံ့သိမ္ေမြ႕တဲ့ ဒီဆယ္ေက်ာ္သက္ေလးက 'ယုန္ငယ္ေလး'ရဲ႕ ေ႐ွ႕​ေျပးပုံစံပဲ!

"ဘာေတြၾကည့္ေနတာလဲ သူတို႔ကသြားၿပီ" ဆိုင္႐ွင္က သူ႕ညီမရဲ႕ မ်က္လုံးေ႐ွ႕မွာ သူ႕လက္ႀကီးကို ႏွစ္ႀကိမ္ ေဝွ႔ယမ္းျပလိုက္သည္။

ေကာင္မေလးက အိပ္မက္ထဲမွ ႏိုးထကာ အသိစိတ္ျပန္ဝင္လာခဲ့သည္။ လႊမ္းမိုးႀကီးစိုးတဲ့bossနဲ႔ ယုန္ငယ္ေလးရဲ႕ ပုံရိပ္ေတြက ဘယ္ေရာက္သြားၿပီလဲ။ သို႔ေသာ္... အခု အထက္ပုဂၢိဳလ္ရဲ႕မ်က္ႏွာကို မျမင္လိုက္ရတာ တကယ့္ကို နာတာပဲ။ သူက သူမရဲ႕idolေလာက္ ေခ်ာမယ့္ပုံ မေပၚတာေၾကာင့္ 'ယုန္ငယ္ေလး'နဲ႔ 'လႊမ္းမိုးႀကီးစိုးတဲ့boss'ကို သူမဘာသာ အတြဲအျဖစ္ ဆုံးျဖတ္လိုက္သည္။ အတိုးခ်ံဳးေျပာရရင္ ေကာင္မေလးက ဒီေန႔ညမွာ ေကာင္းမြန္တဲ့ရိတ္သိမ္းမႈကို ရလိုက္တာေၾကာင့္ သူမက အလြန္ေက်နပ္ေနခဲ့သည္။

Continue Reading

You'll Also Like

601K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...
1.2M 52.8K 64
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
104K 17K 15
Neighbors အိမ္နီးခ်င္းခ်စ္သူ Title - 邻居 Author - 青端 Raws - http://www.jjwxc.net/onebook.php?novelid=4059518 Translated from English with the permissi...
171K 18.2K 33
Title - 替婚 ( Substitute Marriage ) Original Author- 新苗/XinMiao English Translator - Oceanpuff Total Chapters - 60 Chapters ☆I don't own this novel,I...