အခန်း (၁၄၈၅) : ငှက်တစ်ကောင်အနေနဲ့ နောက်ဆုံး မာနလေးကိုတော့ ထိန်းသိမ်းခွင့်ပေးပါနော်
“ ရှင်က ဘာလို့ ကျမကို ထွက်သွားခိုင်းနေရတာလဲ။ ဘာလို့ ကျမနဲ့အတူတူ ထွက်မသွားချင်ရတာလဲ” ဂူမန်မန်က မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ရင်း ပြောလိုက်သည်။
ထို့နောက် ထပ်မံ ဖြောင့်ဖြလိုက်ပြန်သည်
“ ဂရက်ဂိုရီ ကျမက ရှင့်အတွက် အရေးပါဆုံးသူလို့ ရှင် ပြောခဲ့ဖူးတယ်မဟုတ်လား။ ကျမ ရှင့်ကို ချော့သ၍ ရှင် ကျမ စကားကို နားထောင်မယ်လို့ ပြောခဲ့တယ်မလား။ ကျမ အခု ရှင့်ကို ချော့နေတယ်လေ….ဘယ်လိုနည်းနဲ့ပဲ ချော့ရချော့ရ အဆင်ပြေတာမလို့ ကျမနဲ့အတူတူ သွားရအောင်နော်”
ဂရက်ဂိုရီက တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်
“ မန်လေးရယ် မငိုပါနဲ့…..အခု ….ကိုယ် မင်းကို ဖက်ပြီးတော့ နှစ်သိမ့်မပေးနိုင်တော့ဘူး…”
“ ရတယ်…..ရှင် ကျမကို ဖက်မပေးနိုင်လည်း ပြဿနာမရှိဘူး။ ကျမ ရှင့်ကို ဖက်နိုင်တယ်။ ကျမ ရှင့်ကို ဖက်ထားပါရစေ….ရှင့်ကို ဖက်ပြီးရင် ကျမ မငိုတော့ဘူးနော်” ဂူမန်မန်က ရှေ့တိုးလာဖို့ ခြေလှမ်းလှမ်းလိုက်သော်လည်း ဂရက်ဂိုရီက သူ၏ ဩရှရှအသံဖြင့် အော်လိုက်သည်
“ မင်း ထပ်ပြီးတော့ အနားတိုးလာရင် ကိုယ် တောင်ပေါ်ကနေ ခုန်ချရုံအပြင် မရှိတော့ဘူးနော်”
“ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့…ကျမ မလာတော့ပါဘူး…ကျမ မလာတော့ပါဘူး ဟုတ်ပြီလား” ဂူမန်မန်က သူ တကယ် ခုန်ဆင်းသွားမှာကို စိုးရိမ်သောကြောင့် ခြေတစ်လှမ်းပင် တိုးမသွားရဲပေ။
သူမ ခြေလှမ်းပင် ပြန်ဆုတ်ကာ ပြောလိုက်သည်
“ ကျမ အခုနောက်တောင် ပြန်ဆုတ်နေပါပြီ။ ခုန်မချနဲ့နော်….အခု ရှင့်မှာတောင်ပံတွေလည်း မရှိတော့သလို ကျမကလည်း ကျွမ်းကျွမ်းကျင်ကျင် ပျံတတ်တာ မဟုတ်ဘူး။ ကျမ ရှင့်ကို မဖမ်းနိုင်လိုက်မှာ စိုးရိမ်တယ်…..ကျမက ငကြောက်မလို့ ထပ်ပြီးတော့ ကြောက်အောင် မခြောက်ပါနဲ့တော့နော်။ ကျမ ရှင့်ကို တောင်းပန်နေတာပါ…ကျမ တကယ် ကြောက်တယ်”
“ မင်း ဒီအနားကို မလာရင် ကိုယ်လည်း ခုန်မချပါဘူး အဲ့တာကြောင့် မင်း ကြောက်စရာလည်း မလိုဘူး။ လေပြင်းတွေ ပြန်မတိုက်လာခင် မြန်မြန်ထွက်သွားပါ” ဂရက်ဂိုရီ၏ အသံက တုန်ယင်နေသလို တောင်းပန်သည့်လေသံဖြင့်ပါ ပြောနေတော့သည်။
ဂူမန်မန်က ခေါင်းယမ်းပြကာ ပြန်ဖြေလိုက်သည်
“ ရှင်လည်း ကျမနဲ့အတူတူ သွားသင့်တယ်။ လေပြင်းတွေ ပြန်တိုက်မလာခင် ရှင်နဲ့ကျမ အတူတူ ထွက်သွားရအောင်။ ကျမ ရှင့်ကို ပြန်ပြီး သဘောကျဖို့အတွက် အမြဲတမ်း စောင့်နေခဲ့တာမဟုတ်လား။ ကျမ ရှင့်ကို သဘောကျတယ် ဟုတ်ပြီလား။
ကျမနဲ့အတူတူထွက်သွားရင် ရှေ့လျှောက် ကျမ ရှင့်ကို သေချာပေါက် သဘောကျပေးမှာဖြစ်သလို ဒီထက် ပိုပြီးတော့လည်း ကောင်းကောင်း ဆက်ဆံပေးမယ်။ ကျမနဲ့အတူတူ ထွက်သွားရအောင်ပါ….ကျမ တောင်းပန်နေတာပါ….”
ဂရက်ဂိုရီက အသက်ပြင်းပြင်း ရှူသွင်းကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်
“ ကိုယ် အရင်တုန်းကလည်း ပြောဖူးပါတယ်။ မင်း သနားလာဖို့အတွက် ကိုယ့်ရဲ့သနားစရာကောင်းတဲ့ ပုံစံကို မပြချင်ဘူးလို့….အဲ့တာကြောင့် အခုလိုအချိန်မျိုးမှာမှ ကိုယ့်ကို သဘောကျတယ်ဆိုတာမျိုး မပြောပါနဲ့။ ကိုယ့်ရဲ့နောက်ဆုံးကျန်ရှိတဲ့ မာနလေးကိုတော့ ထိန်းသိမ်းခွင့်ပေးပါကွာ နော်”
“ ဟင့်အင်း မရဘူး….အဲ့ဒီမာနက ဘာတွေများ အဲ့လောက်ထိ ထိုက်တန်နေလို့လဲ” ဂူမန်မန် အားမရတော့သည့်အတွက် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုမိသည်။
“ ရှင် ကျမနဲ့အတူတူ ထွက်သွားသ၍ ကျမက ဂုဏ်သိက္ခာတို့ မာနတို့ မလိုအပ်တော့ဘူး။ ရှင့်ကို အကုန်ပေးမှာမလို့ ကျမနဲ့ အတူတူသွားရအောင်ပါ”
မော့တိုတောင်လိုနေရာမျိုးမှာ တောင်ပံ မရှိတော့တဲ့အပြင် ဒဏ်ရာပြင်းထန်စွာ ရနေသော ဂရက်ဂိုရီကို တစ်ယောက်ထဲ ထားခဲ့ပါက ဘာတွေဖြစ်လာနိုင်လဲဆိုတာကို အတိအကျ ခန့်မှန်းလို့ရသည်။
ဂူမန်မန်က စနိတ်ခ်ကို သေစေခဲ့ပြီ ဖြစ်သည့်အတွက် ဂရက်ဂိုရီကို ဒီလိုမျိုးထပ်ပြီး မဖြစ်စေချင်တော့ပေ။
ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာကို လိုချင်ခဲ့တာက သူမ မလို့ အဲ့ဒီအတွက် ပြန်ပြီးပေးဆပ်ရမယ်ဆိုရင်လည်း သူမပဲ ပေးဆပ်သင့်တာ မဟုတ်ဘူးလား။ ဘာလို့ တစ်ခြားတစ်ယောက်က သူမအစား အသက်ကို ပေးဆပ်နေရမှာလဲ
သူမ အဲ့လိုမျိုး မဖြစ်စေချင်ဘူး
“ မန်လေးရယ် ဒီလိုမျိုး လုပ်မနေပါနဲ့…” ဂရက်ဂိုရီက တစ်ချိန်လုံး ဂူမန်မန်ကို ကျောပေးရင်း စကားပြောနေသည်။
စိတ်တည်ငြိမ်စေဖို့အတွက် အသက်ပြင်းပြင်း ရှူသွင်းကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်
“ ကိုယ် နေ့ရက်တွေကို ရေတွက်နေခဲ့တာ။ ဆာရူဒါမှာရှိခဲ့တဲ့ အချိန်တွေကစပြီးတော့ မော့တိုတောင်ကို ရောက်လာတဲ့အထိ မင်းနဲ့ ခွဲခွာရတော့မဲ့ နေ့ရက်တွေကို ရေတွက်လာခဲ့တာ။ အခု ဒီလိုမျိုး ဖြစ်သွားတော့လည်း အဆင်ပြေပါတယ်။ အနည်းဆုံးတော့ နောက်ထပ် နည်းနည်းလောက်ကြာရင် မင်းနဲ့ခွဲခွာရမှာကို စိုးရိမ်စရာ မလိုတော့တာပေါ့”
“ ကျမနဲ့ အတူတူ ထွက်သွားရမယ်လို့ ရှင့်ကို ပြောနေတယ်လေ။ ကျမ ဘဝတစ်သက်လုံး ရှင့်ကို ကောင်းကောင်း ဆက်ဆံပါ့မယ် ရှင်လည်း ကျမကို မဆုံးရှုံးရတော့ဘူး။ ရှင်က ဓားကိုင်တဲ့လက် မဖြစ်ချင်ဘူး ကျမရဲ့လက်ကိုပဲ တစ်သက်လုံး ဆုပ်ကိုင်ထားချင်တာဆို။
ရှင့်ဘဝတစ်ခုလုံးနဲ့ ကတိပေးထားတာ ဖြစ်တဲ့အတွက် တစ်မိနစ်၊ တစ်စက္ကန့်လေးတောင် လျော့လို့ မရဘူး။ ဂရက်ဂိုရီ ရှင်က ငှက်တစ်ကောင် ဖြစ်တဲ့အတွက် ငှက်တွေမှာရှိတဲ့ မာနကြောင့် ရှင် ကတိပေးထားတာကို ပြန်ရုတ်သိမ်းလို့ မရဘူးနော်”
အခန်း (၁၄၈၆) : မန်လေး…ကိုယ် မင်းကို လိမ်ခဲ့တာ
“ မန်လေး ထပ်မပြောပါနဲ့တော့” ဂရက်ဂိုရီက ခေါင်းငုံ့ကာ ပြောလိုက်သည်
“ ကိုယ့်ဘဝက မင်းနဲ့စပြီးတွေ့ဆုံတဲ့နေ့က စတင်ခဲ့တာ။ မင်းက ဘဝရဲ့အဓိပ္ပာယ်အကြောင်း ကိုယ့်ကို သင်ကြားပေးခဲ့တာ။ အခု ကိုယ်က ဒီလိုအခြေအနေမျိုး ဖြစ်နေတာတောင် မင်းကို ပြည့်ပြည့်ဝ ဝချစ်ခွင့်ရခဲ့လို့ ကိုယ် ပျော်နေတုန်းပဲ”
“ ရှင် ဘာတွေပြောနေတာလဲ။ ကျမတို့နှစ်ယောက်လုံးရဲ့ ဘဝတစ်သက်စာက ဒီထက်ပိုပြီး ရှည်လျားပါတယ်။ ကျမနဲ့ အတူတူ ထွက်သွားရင် ‘ဘဝတစ်သက်စာ’က ဘယ်လောက်ကြာကြောင်း ပြသပေးမယ်”
ဂရက်ဂိုရီက ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ မန်လေး ကိုယ် မင်းကို လိမ်ခဲ့တာ”
ဂူမန်မန်က ချက်ချင်း ပြန်ပြောလိုက်သည်
“ ကျမ စိတ်မဆိုးဘူး ရှင့်ကိုလည်း ခွင့်လွှတ်တယ်။ ရှင် ဘာတွေပဲ ကျမကို လိမ်ခဲ့ပါစေ ကျမ စိတ်မဆိုးဘူး။ တကယ်ပါ….တကယ် စိတ်မဆိုးတာမလို့ ကျမနဲ့ အတူတူ ထွက်သွားရအောင်နော်”
ဂရက်ဂိုရီက ပြောလိုက်သည်
“ တကယ်တော့…..မင်း ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာကို ရယူပြီးတာနဲ့ ကိုယ် ဒီလိုမျိုး ဖြစ်သွားနိုင်ပြီး မင်းနဲ့ အတူ ထွက်မသွားနိုင်ဘူးဆိုတာကို ကိုယ် အစကတည်းက သိနေခဲ့တယ်”
ဂူမန်မန်က ခဏလောက် ကြောင်အသွားပြီးမှ သူတို့အချင်းချင်း ပြောခဲ့သော စကားတွေကို ပြန်ပြီး စဉ်းစားကြည့်လိုက်သည်။
သူ လိမ်ညာခဲ့တာပဲ….သူမ ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာကို ယူပြီးသွားရင် သူက ခေါင်းဆောင်တစ်ယောက်ရဲ့တာဝန်တွေ ထမ်းဆောင်ဖို့ တောင်ပေါ်မှာ နေခဲ့ရမည်ဖြစ်ကြောင်း၊ နွေရာသီကျရင် အပူရှောင်ရင်း သူမ သူ့ကို လာတွေ့မှာ စောင့်နေမှာ ဖြစ်ကြောင်း၊ သူ အားလျှင် သူမဆီ လာလည်မှာ ဖြစ်ကြောင်း ပြောခဲ့တာတွေ အားလုံးက အလိမ်အညာတွေတဲ့လား……
အဲ့ဒီအချိန်တုန်းကလည်း ထူးဆန်းပါတယ်လို့ ထင်ခဲ့တာ အခုတော့ အလိမ်အညာ တစ်ခုတဲ့လား
သူမနဲ့အတူတူထွက်သွားဖို့ ပြောတိုင်း စကားလမ်းကြောင်း လွှဲသွားတာလည်း မဆန်းတော့ပေ။
ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာအတွက် လူတစ်ယောက်၏ အသက်ကိုပေးဆပ်ရမယ်မှန်း သူ အစကတည်းက သိပြီးသား ဖြစ်သည်။
ဒါဆို သူက အစကတည်းက သူမအတွက် သေဖို့ စီစဉ်ထားခဲ့တာပေါ့
သူမကတော့ ဒီအရာကိုမသိပဲ ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာကို ရယူနိုင်ဖို့အတွက် နေ့ရက်တွေကို အမြန်ကုန်ဆုံးစေချင်ခဲ့သည်။
ဟား….ဟား…..သူမက တကယ်တော့ ဂရက်ဂိုရီ သေမှာကို စောင့်စားနေခဲ့သလို ဖြစ်ခဲ့တာပဲ
သူမကို ကျောပေါ်တင်ပြီး မော့တိုတောင်ရဲ့ရှုခင်းကို နောက်ဆုံးတစ်ခေါက် လိုက်ပြခဲ့တုန်းက သူ့ စိတ်ထဲ ခံစားချက်တွေ ဘယ်လိုဖြစ်နေခဲ့မလဲ
‘ အချိန်ကျတော့မှာမလို့ ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာကို သွားယူရအောင်’လို့ ပြောခဲ့တုန်းက သူ ဘယ်လို ခံစားခဲ့ရမလဲ
အတိအကျပြောရရင် ‘ ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာကို ရယူပြီးရင် နောက်ထပ် နှစ်ခါလောက် တောင်ကို ထပ်ပတ်ရအောင်နော်’လို့ သူမ ပြောလိုက်တဲ့အချိန် သူ အရမ်းစိတ်မကောင်း ဖြစ်သွားမလား
သူ ဘယ်လိုစိတ်မျိုးနဲ့ သူမ ပြောတာကို သဘောတူခဲ့တာလဲ
ဂူမန်မန် သူမကိုယ်သူမ ဒီလောက်ထိ တုံးအနေခဲ့မှန်း မသိခဲ့ပေ
သူမ ဘာတွေ လုပ်လိုက်မိပြီလဲ
“ ကောင်းကင်ရဲ့ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ပုံပြင်အကြောင်း ကိုယ် မင်းကို လိမ်ခဲ့မိတယ်” ဂရက်ဂိုရီက ဖြည်းဖြည်းချင်း ပြောနေသည်
“ အဲ့ဒီငှက်က သားရဲတစ်ကောင်နဲ့ ချစ်ကျွမ်းဝင်ခဲ့တာ မဟုတ်ပဲ တမန်တော်နဲ့ ချစ်ကျွမ်းဝင်ခဲ့တာ။ တောင်ပံတွေကို စွန့်ပစ်ပြီး သားရဲနဲ့အတူတူ ထွက်သွားတာ မဟုတ်ပဲ ဒီမှာနေပြီးတော့ သူမအတွက်နဲ့ လူတစ်ယောက်ကို စောင့်နေခဲ့တာ”
ဂူမန်မန်က ဂရက်ဂိုရီ ပြောတာတွေကို မိန်းမောစွာဖြင့် နားထောင်နေမိပြီး ဘယ်လိုတုံ့ပြန်ရမယ်မှန်း မသိ ဖြစ်နေမိသည်။
“ မင်း ဝင်သွားချင်ခဲ့တဲ့ မြွေမျက်လုံးပုံစံ ဂူထဲမှာ ရှိတဲ့အရာက…..ငှက်တစ်ကောင်ရဲ့ စစ်မှန်တဲ့ပုံစံပဲ…..တောင်ပံတွေ မရှိတဲ့ ပုံစံပေါ့” ဂရက်ဂိုရီက သက်ပြင်းချရင်း ဆက်ပြောလိုက်သည်
“ ဒီတောင်က တမန်ဟောင်းရဲ့ အချစ်ရဆုံးပါတနာ သေပြီးတော့ သူ့ပုံစံအတိုင်း အသွင်ပြောင်းသွားခဲ့တာလို့ ပြောကြတယ်။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို သားရဲကမ္ဘာရဲ့ မတူညီတဲ့ နေရာအသီးသီးမှာ မြှုပ်နှံထားတာမလို့ အဲ့တာတွေကို စုဆောင်းဖို့အတွက် ကံပါလာတဲ့သူ တစ်ယောက် လိုအပ်တယ်။
အကုန်လုံး သူ့နေရာနဲ့သူ ပြန်ရောက်သွားတဲ့အခါ သူမ ချစ်ရတဲ့ ပါတနာက ပြန်လည်နိုးထလာနိုင်တယ်တဲ့။ အဲ့တာကြောင့် တမန်တော်ဟောင်းက အဲ့ဒီအစိတ်အပိုင်းတွေကို မတူညီတဲ့နေရာတွေမှာ မတူညီတဲ့သူတွေဆီမှာ အပ်နှံစောင့်ရှောက်ခိုင်းထားခဲ့တာလေ”
ဂရက်ဂိုရီက ခဏလောက် ရပ်ကာ စဉ်းစားပြီးမှ ဆက်ပြောလိုက်သည်
“ တောင်ပံတွေ ကျိုးကြေကုန်တာ အရမ်းနာကျင်ပေမဲ့ တာဝန်မပြီးမြောက်ခင် အဲ့ဒီတောင်ပံနဲ့ တောင်ကို မဆုံးရှုံးအောင် ကာကွယ်ဖို့အတွက် အဲ့ဒီနည်းလမ်းတစ်ခုပဲ ရှိတယ်။ အဲ့တာကြောင့် အဲ့ဒီငှက်က တွေဝေခြင်းမရှိ လုပ်ခဲ့တာ။ အဲ့လိုမျိုး ကာကွယ်တာကလည်း နှစ်ပေါင်းတစ်ထောင် ကြာမြင့်ခဲ့တယ်”
****
အခန္း (၁၄၈၅) : ငွက္တစ္ေကာင္အေနနဲ႔ ေနာက္ဆုံး မာနေလးကိုေတာ့ ထိန္းသိမ္းခြင့္ေပးပါေနာ္
“ ရွင္က ဘာလို႔ က်မကို ထြက္သြားခိုင္းေနရတာလဲ။ ဘာလို႔ က်မနဲ႔အတူတူ ထြက္မသြားခ်င္ရတာလဲ” ဂူမန္မန္က မ်က္ရည္ေတြကို ခပ္ၾကမ္းၾကမ္းသုတ္ရင္း ေျပာလိုက္သည္။
ထို႔ေနာက္ ထပ္မံ ေျဖာင့္ျဖလိုက္ျပန္သည္
“ ဂရက္ဂိုရီ က်မက ရွင့္အတြက္ အေရးပါဆုံးသူလို႔ ရွင္ ေျပာခဲ့ဖူးတယ္မဟုတ္လား။ က်မ ရွင့္ကို ေခ်ာ့သ၍ ရွင္ က်မ စကားကို နားေထာင္မယ္လို႔ ေျပာခဲ့တယ္မလား။ က်မ အခု ရွင့္ကို ေခ်ာ့ေနတယ္ေလ….ဘယ္လိုနည္းနဲ႔ပဲ ေခ်ာ့ရေခ်ာ့ရ အဆင္ေျပတာမလို႔ က်မနဲ႔အတူတူ သြားရေအာင္ေနာ္”
ဂရက္ဂိုရီက တုန္ရီေနေသာ အသံျဖင့္ ေျပာလိုက္သည္
“ မန္ေလးရယ္ မငိုပါနဲ႔…..အခု ….ကိုယ္ မင္းကို ဖက္ၿပီးေတာ့ ႏွစ္သိမ့္မေပးႏိုင္ေတာ့ဘူး…”
“ ရတယ္…..ရွင္ က်မကို ဖက္မေပးႏိုင္လည္း ျပႆနာမရွိဘူး။ က်မ ရွင့္ကို ဖက္ႏိုင္တယ္။ က်မ ရွင့္ကို ဖက္ထားပါရေစ….ရွင့္ကို ဖက္ၿပီးရင္ က်မ မငိုေတာ့ဘူးေနာ္” ဂူမန္မန္က ေရွ႕တိုးလာဖို႔ ေျခလွမ္းလွမ္းလိုက္ေသာ္လည္း ဂရက္ဂိုရီက သူ၏ ဩရွရွအသံျဖင့္ ေအာ္လိုက္သည္
“ မင္း ထပ္ၿပီးေတာ့ အနားတိုးလာရင္ ကိုယ္ ေတာင္ေပၚကေန ခုန္ခ်႐ုံအျပင္ မရွိေတာ့ဘူးေနာ္”
“ စိတ္လိုက္မာန္ပါ မလုပ္ပါနဲ႔…က်မ မလာေတာ့ပါဘူး…က်မ မလာေတာ့ပါဘူး ဟုတ္ၿပီလား” ဂူမန္မန္က သူ တကယ္ ခုန္ဆင္းသြားမွာကို စိုးရိမ္ေသာေၾကာင့္ ေျခတစ္လွမ္းပင္ တိုးမသြားရဲေပ။
သူမ ေျခလွမ္းပင္ ျပန္ဆုတ္ကာ ေျပာလိုက္သည္
“ က်မ အခုေနာက္ေတာင္ ျပန္ဆုတ္ေနပါၿပီ။ ခုန္မခ်နဲ႔ေနာ္….အခု ရွင့္မွာေတာင္ပံေတြလည္း မရွိေတာ့သလို က်မကလည္း ကြၽမ္းကြၽမ္းက်င္က်င္ ပ်ံတတ္တာ မဟုတ္ဘူး။ က်မ ရွင့္ကို မဖမ္းႏိုင္လိုက္မွာ စိုးရိမ္တယ္…..က်မက ငေၾကာက္မလို႔ ထပ္ၿပီးေတာ့ ေၾကာက္ေအာင္ မေျခာက္ပါနဲ႔ေတာ့ေနာ္။ က်မ ရွင့္ကို ေတာင္းပန္ေနတာပါ…က်မ တကယ္ ေၾကာက္တယ္”
“ မင္း ဒီအနားကို မလာရင္ ကိုယ္လည္း ခုန္မခ်ပါဘူး အဲ့တာေၾကာင့္ မင္း ေၾကာက္စရာလည္း မလိုဘူး။ ေလျပင္းေတြ ျပန္မတိုက္လာခင္ ျမန္ျမန္ထြက္သြားပါ” ဂရက္ဂိုရီ၏ အသံက တုန္ယင္ေနသလို ေတာင္းပန္သည့္ေလသံျဖင့္ပါ ေျပာေနေတာ့သည္။
ဂူမန္မန္က ေခါင္းယမ္းျပကာ ျပန္ေျဖလိုက္သည္
“ ရွင္လည္း က်မနဲ႔အတူတူ သြားသင့္တယ္။ ေလျပင္းေတြ ျပန္တိုက္မလာခင္ ရွင္နဲ႔က်မ အတူတူ ထြက္သြားရေအာင္။ က်မ ရွင့္ကို ျပန္ၿပီး သေဘာက်ဖို႔အတြက္ အၿမဲတမ္း ေစာင့္ေနခဲ့တာမဟုတ္လား။ က်မ ရွင့္ကို သေဘာက်တယ္ ဟုတ္ၿပီလား။
က်မနဲ႔အတူတူထြက္သြားရင္ ေရွ႕ေလွ်ာက္ က်မ ရွင့္ကို ေသခ်ာေပါက္ သေဘာက်ေပးမွာျဖစ္သလို ဒီထက္ ပိုၿပီးေတာ့လည္း ေကာင္းေကာင္း ဆက္ဆံေပးမယ္။ က်မနဲ႔အတူတူ ထြက္သြားရေအာင္ပါ….က်မ ေတာင္းပန္ေနတာပါ….”
ဂရက္ဂိုရီက အသက္ျပင္းျပင္း ရႉသြင္းကာ ကူကယ္ရာမဲ့စြာျဖင့္ ေျပာလိုက္သည္
“ ကိုယ္ အရင္တုန္းကလည္း ေျပာဖူးပါတယ္။ မင္း သနားလာဖို႔အတြက္ ကိုယ့္ရဲ႕သနားစရာေကာင္းတဲ့ ပုံစံကို မျပခ်င္ဘူးလို႔….အဲ့တာေၾကာင့္ အခုလိုအခ်ိန္မ်ိဳးမွာမွ ကိုယ့္ကို သေဘာက်တယ္ဆိုတာမ်ိဳး မေျပာပါနဲ႔။ ကိုယ့္ရဲ႕ေနာက္ဆုံးက်န္ရွိတဲ့ မာနေလးကိုေတာ့ ထိန္းသိမ္းခြင့္ေပးပါကြာ ေနာ္”
“ ဟင့္အင္း မရဘူး….အဲ့ဒီမာနက ဘာေတြမ်ား အဲ့ေလာက္ထိ ထိုက္တန္ေနလို႔လဲ” ဂူမန္မန္ အားမရေတာ့သည့္အတြက္ က်ယ္ေလာင္စြာ ေအာ္ဟစ္ေျပာဆိုမိသည္။
“ ရွင္ က်မနဲ႔အတူတူ ထြက္သြားသ၍ က်မက ဂုဏ္သိကၡာတို႔ မာနတို႔ မလိုအပ္ေတာ့ဘူး။ ရွင့္ကို အကုန္ေပးမွာမလို႔ က်မနဲ႔ အတူတူသြားရေအာင္ပါ”
ေမာ့တိုေတာင္လိုေနရာမ်ိဳးမွာ ေတာင္ပံ မရွိေတာ့တဲ့အျပင္ ဒဏ္ရာျပင္းထန္စြာ ရေနေသာ ဂရက္ဂိုရီကို တစ္ေယာက္ထဲ ထားခဲ့ပါက ဘာေတြျဖစ္လာႏိုင္လဲဆိုတာကို အတိအက် ခန႔္မွန္းလို႔ရသည္။
ဂူမန္မန္က စနိတ္ခ္ကို ေသေစခဲ့ၿပီ ျဖစ္သည့္အတြက္ ဂရက္ဂိုရီကို ဒီလိုမ်ိဳးထပ္ၿပီး မျဖစ္ေစခ်င္ေတာ့ေပ။
ေကာင္းကင္ရဲ႕ခ်စ္ျခင္းေမတၱာကို လိုခ်င္ခဲ့တာက သူမ မလို႔ အဲ့ဒီအတြက္ ျပန္ၿပီးေပးဆပ္ရမယ္ဆိုရင္လည္း သူမပဲ ေပးဆပ္သင့္တာ မဟုတ္ဘူးလား။ ဘာလို႔ တစ္ျခားတစ္ေယာက္က သူမအစား အသက္ကို ေပးဆပ္ေနရမွာလဲ
သူမ အဲ့လိုမ်ိဳး မျဖစ္ေစခ်င္ဘူး
“ မန္ေလးရယ္ ဒီလိုမ်ိဳး လုပ္မေနပါနဲ႔…” ဂရက္ဂိုရီက တစ္ခ်ိန္လုံး ဂူမန္မန္ကို ေက်ာေပးရင္း စကားေျပာေနသည္။
စိတ္တည္ၿငိမ္ေစဖို႔အတြက္ အသက္ျပင္းျပင္း ရႉသြင္းကာ ျဖည္းျဖည္းခ်င္း ေျပာလိုက္သည္
“ ကိုယ္ ေန႔ရက္ေတြကို ေရတြက္ေနခဲ့တာ။ ဆာ႐ူဒါမွာရွိခဲ့တဲ့ အခ်ိန္ေတြကစၿပီးေတာ့ ေမာ့တိုေတာင္ကို ေရာက္လာတဲ့အထိ မင္းနဲ႔ ခြဲခြာရေတာ့မဲ့ ေန႔ရက္ေတြကို ေရတြက္လာခဲ့တာ။ အခု ဒီလိုမ်ိဳး ျဖစ္သြားေတာ့လည္း အဆင္ေျပပါတယ္။ အနည္းဆုံးေတာ့ ေနာက္ထပ္ နည္းနည္းေလာက္ၾကာရင္ မင္းနဲ႔ခြဲခြာရမွာကို စိုးရိမ္စရာ မလိုေတာ့တာေပါ့”
“ က်မနဲ႔ အတူတူ ထြက္သြားရမယ္လို႔ ရွင့္ကို ေျပာေနတယ္ေလ။ က်မ ဘဝတစ္သက္လုံး ရွင့္ကို ေကာင္းေကာင္း ဆက္ဆံပါ့မယ္ ရွင္လည္း က်မကို မဆုံးရႈံးရေတာ့ဘူး။ ရွင္က ဓားကိုင္တဲ့လက္ မျဖစ္ခ်င္ဘူး က်မရဲ႕လက္ကိုပဲ တစ္သက္လုံး ဆုပ္ကိုင္ထားခ်င္တာဆို။
ရွင့္ဘဝတစ္ခုလုံးနဲ႔ ကတိေပးထားတာ ျဖစ္တဲ့အတြက္ တစ္မိနစ္၊ တစ္စကၠန႔္ေလးေတာင္ ေလ်ာ့လို႔ မရဘူး။ ဂရက္ဂိုရီ ရွင္က ငွက္တစ္ေကာင္ ျဖစ္တဲ့အတြက္ ငွက္ေတြမွာရွိတဲ့ မာနေၾကာင့္ ရွင္ ကတိေပးထားတာကို ျပန္႐ုတ္သိမ္းလို႔ မရဘူးေနာ္”
အခန္း (၁၄၈၆) : မန္ေလး…ကိုယ္ မင္းကို လိမ္ခဲ့တာ
“ မန္ေလး ထပ္မေျပာပါနဲ႔ေတာ့” ဂရက္ဂိုရီက ေခါင္းငုံ႔ကာ ေျပာလိုက္သည္
“ ကိုယ့္ဘဝက မင္းနဲ႔စၿပီးေတြ႕ဆုံတဲ့ေန႔က စတင္ခဲ့တာ။ မင္းက ဘဝရဲ႕အဓိပၸာယ္အေၾကာင္း ကိုယ့္ကို သင္ၾကားေပးခဲ့တာ။ အခု ကိုယ္က ဒီလိုအေျခအေနမ်ိဳး ျဖစ္ေနတာေတာင္ မင္းကို ျပည့္ျပည့္ဝ ဝခ်စ္ခြင့္ရခဲ့လို႔ ကိုယ္ ေပ်ာ္ေနတုန္းပဲ”
“ ရွင္ ဘာေတြေျပာေနတာလဲ။ က်မတို႔ႏွစ္ေယာက္လုံးရဲ႕ ဘဝတစ္သက္စာက ဒီထက္ပိုၿပီး ရွည္လ်ားပါတယ္။ က်မနဲ႔ အတူတူ ထြက္သြားရင္ ‘ဘဝတစ္သက္စာ’က ဘယ္ေလာက္ၾကာေၾကာင္း ျပသေပးမယ္”
ဂရက္ဂိုရီက ေခါင္းယမ္းျပကာ ေျပာလိုက္သည္
“ မန္ေလး ကိုယ္ မင္းကို လိမ္ခဲ့တာ”
ဂူမန္မန္က ခ်က္ခ်င္း ျပန္ေျပာလိုက္သည္
“ က်မ စိတ္မဆိုးဘူး ရွင့္ကိုလည္း ခြင့္လႊတ္တယ္။ ရွင္ ဘာေတြပဲ က်မကို လိမ္ခဲ့ပါေစ က်မ စိတ္မဆိုးဘူး။ တကယ္ပါ….တကယ္ စိတ္မဆိုးတာမလို႔ က်မနဲ႔ အတူတူ ထြက္သြားရေအာင္ေနာ္”
ဂရက္ဂိုရီက ေျပာလိုက္သည္
“ တကယ္ေတာ့…..မင္း ေကာင္းကင္ရဲ႕ခ်စ္ျခင္းေမတၱာကို ရယူၿပီးတာနဲ႔ ကိုယ္ ဒီလိုမ်ိဳး ျဖစ္သြားႏိုင္ၿပီး မင္းနဲ႔ အတူ ထြက္မသြားႏိုင္ဘူးဆိုတာကို ကိုယ္ အစကတည္းက သိေနခဲ့တယ္”
ဂူမန္မန္က ခဏေလာက္ ေၾကာင္အသြားၿပီးမွ သူတို႔အခ်င္းခ်င္း ေျပာခဲ့ေသာ စကားေတြကို ျပန္ၿပီး စဥ္းစားၾကည့္လိုက္သည္။
သူ လိမ္ညာခဲ့တာပဲ….သူမ ေကာင္းကင္ရဲ႕ခ်စ္ျခင္းေမတၱာကို ယူၿပီးသြားရင္ သူက ေခါင္းေဆာင္တစ္ေယာက္ရဲ႕တာဝန္ေတြ ထမ္းေဆာင္ဖို႔ ေတာင္ေပၚမွာ ေနခဲ့ရမည္ျဖစ္ေၾကာင္း၊ ေႏြရာသီက်ရင္ အပူေရွာင္ရင္း သူမ သူ႔ကို လာေတြ႕မွာ ေစာင့္ေနမွာ ျဖစ္ေၾကာင္း၊ သူ အားလွ်င္ သူမဆီ လာလည္မွာ ျဖစ္ေၾကာင္း ေျပာခဲ့တာေတြ အားလုံးက အလိမ္အညာေတြတဲ့လား……
အဲ့ဒီအခ်ိန္တုန္းကလည္း ထူးဆန္းပါတယ္လို႔ ထင္ခဲ့တာ အခုေတာ့ အလိမ္အညာ တစ္ခုတဲ့လား
သူမနဲ႔အတူတူထြက္သြားဖို႔ ေျပာတိုင္း စကားလမ္းေၾကာင္း လႊဲသြားတာလည္း မဆန္းေတာ့ေပ။
ေကာင္းကင္ရဲ႕ခ်စ္ျခင္းေမတၱာအတြက္ လူတစ္ေယာက္၏ အသက္ကိုေပးဆပ္ရမယ္မွန္း သူ အစကတည္းက သိၿပီးသား ျဖစ္သည္။
ဒါဆို သူက အစကတည္းက သူမအတြက္ ေသဖို႔ စီစဥ္ထားခဲ့တာေပါ့
သူမကေတာ့ ဒီအရာကိုမသိပဲ ေကာင္းကင္ရဲ႕ခ်စ္ျခင္းေမတၱာကို ရယူႏိုင္ဖို႔အတြက္ ေန႔ရက္ေတြကို အျမန္ကုန္ဆုံးေစခ်င္ခဲ့သည္။
ဟား….ဟား…..သူမက တကယ္ေတာ့ ဂရက္ဂိုရီ ေသမွာကို ေစာင့္စားေနခဲ့သလို ျဖစ္ခဲ့တာပဲ
သူမကို ေက်ာေပၚတင္ၿပီး ေမာ့တိုေတာင္ရဲ႕ရႈခင္းကို ေနာက္ဆုံးတစ္ေခါက္ လိုက္ျပခဲ့တုန္းက သူ႔ စိတ္ထဲ ခံစားခ်က္ေတြ ဘယ္လိုျဖစ္ေနခဲ့မလဲ
‘ အခ်ိန္က်ေတာ့မွာမလို႔ ေကာင္းကင္ရဲ႕ခ်စ္ျခင္းေမတၱာကို သြားယူရေအာင္’လို႔ ေျပာခဲ့တုန္းက သူ ဘယ္လို ခံစားခဲ့ရမလဲ
အတိအက်ေျပာရရင္ ‘ ေကာင္းကင္ရဲ႕ခ်စ္ျခင္းေမတၱာကို ရယူၿပီးရင္ ေနာက္ထပ္ ႏွစ္ခါေလာက္ ေတာင္ကို ထပ္ပတ္ရေအာင္ေနာ္’လို႔ သူမ ေျပာလိုက္တဲ့အခ်ိန္ သူ အရမ္းစိတ္မေကာင္း ျဖစ္သြားမလား
သူ ဘယ္လိုစိတ္မ်ိဳးနဲ႔ သူမ ေျပာတာကို သေဘာတူခဲ့တာလဲ
ဂူမန္မန္ သူမကိုယ္သူမ ဒီေလာက္ထိ တုံးအေနခဲ့မွန္း မသိခဲ့ေပ
သူမ ဘာေတြ လုပ္လိုက္မိၿပီလဲ
“ ေကာင္းကင္ရဲ႕ခ်စ္ျခင္းေမတၱာနဲ႔ ပတ္သက္တဲ့ ပုံျပင္အေၾကာင္း ကိုယ္ မင္းကို လိမ္ခဲ့မိတယ္” ဂရက္ဂိုရီက ျဖည္းျဖည္းခ်င္း ေျပာေနသည္
“ အဲ့ဒီငွက္က သားရဲတစ္ေကာင္နဲ႔ ခ်စ္ကြၽမ္းဝင္ခဲ့တာ မဟုတ္ပဲ တမန္ေတာ္နဲ႔ ခ်စ္ကြၽမ္းဝင္ခဲ့တာ။ ေတာင္ပံေတြကို စြန႔္ပစ္ၿပီး သားရဲနဲ႔အတူတူ ထြက္သြားတာ မဟုတ္ပဲ ဒီမွာေနၿပီးေတာ့ သူမအတြက္နဲ႔ လူတစ္ေယာက္ကို ေစာင့္ေနခဲ့တာ”
ဂူမန္မန္က ဂရက္ဂိုရီ ေျပာတာေတြကို မိန္းေမာစြာျဖင့္ နားေထာင္ေနမိၿပီး ဘယ္လိုတုံ႔ျပန္ရမယ္မွန္း မသိ ျဖစ္ေနမိသည္။
“ မင္း ဝင္သြားခ်င္ခဲ့တဲ့ ေႁမြမ်က္လုံးပုံစံ ဂူထဲမွာ ရွိတဲ့အရာက…..ငွက္တစ္ေကာင္ရဲ႕ စစ္မွန္တဲ့ပုံစံပဲ…..ေတာင္ပံေတြ မရွိတဲ့ ပုံစံေပါ့” ဂရက္ဂိုရီက သက္ျပင္းခ်ရင္း ဆက္ေျပာလိုက္သည္
“ ဒီေတာင္က တမန္ေဟာင္းရဲ႕ အခ်စ္ရဆုံးပါတနာ ေသၿပီးေတာ့ သူ႔ပုံစံအတိုင္း အသြင္ေျပာင္းသြားခဲ့တာလို႔ ေျပာၾကတယ္။ သူ႔ရဲ႕ ခႏၶာကိုယ္နဲ႔ ဝိညာဥ္ကို သားရဲကမာၻရဲ႕ မတူညီတဲ့ ေနရာအသီးသီးမွာ ျမႇဳပ္ႏွံထားတာမလို႔ အဲ့တာေတြကို စုေဆာင္းဖို႔အတြက္ ကံပါလာတဲ့သူ တစ္ေယာက္ လိုအပ္တယ္။
အကုန္လုံး သူ႔ေနရာနဲ႔သူ ျပန္ေရာက္သြားတဲ့အခါ သူမ ခ်စ္ရတဲ့ ပါတနာက ျပန္လည္ႏိုးထလာႏိုင္တယ္တဲ့။ အဲ့တာေၾကာင့္ တမန္ေတာ္ေဟာင္းက အဲ့ဒီအစိတ္အပိုင္းေတြကို မတူညီတဲ့ေနရာေတြမွာ မတူညီတဲ့သူေတြဆီမွာ အပ္ႏွံေစာင့္ေရွာက္ခိုင္းထားခဲ့တာေလ”
ဂရက္ဂိုရီက ခဏေလာက္ ရပ္ကာ စဥ္းစားၿပီးမွ ဆက္ေျပာလိုက္သည္
“ ေတာင္ပံေတြ က်ိဳးေၾကကုန္တာ အရမ္းနာက်င္ေပမဲ့ တာဝန္မၿပီးေျမာက္ခင္ အဲ့ဒီေတာင္ပံနဲ႔ ေတာင္ကို မဆုံးရႈံးေအာင္ ကာကြယ္ဖို႔အတြက္ အဲ့ဒီနည္းလမ္းတစ္ခုပဲ ရွိတယ္။ အဲ့တာေၾကာင့္ အဲ့ဒီငွက္က ေတြေဝျခင္းမရွိ လုပ္ခဲ့တာ။ အဲ့လိုမ်ိဳး ကာကြယ္တာကလည္း ႏွစ္ေပါင္းတစ္ေထာင္ ၾကာျမင့္ခဲ့တယ္”