"ခြယ်"

By KhinPhone2001

4K 207 12

'ခြယ်'ဆိုတဲ့ GL ficလေးကပထမဆုံးဖန်တီးဖူးတဲ့အရာလေးဖြစ်လို့ လိုအပ်ချက်များရှိခဲ့ရင် ခင့်အမှားသာဖြစ်ပါတယ်ရှင့်🧡 More

Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 12
Announcement
Part 13
'စားပွဲပေါ်ကဓာတ်ပုံ'
Part 15
Part 16
Part 17
Part 18

Part 1

1.2K 18 0
By KhinPhone2001

ဘတ်စ်ကားပေါ်ကတစ်ခုံထဲတွင်ထိုင်၍နားကြပ်လေးတပ်ကာ ပါလာသော 'ဂန်ဟန်'။အဲကွန်းဘတ်စ်ဟုသာကားဘေးတွင်ကပ်ထားသော်လည်း တစ်စက်ကလေးမျှမအေးသည်မှာမထူးဆန်းတော့ပါ။YBSတို့ထုံးစံပင်မဟုတ်လား။ပူပြင်းလှသောနွေရာသီဖြစ်သည့်အပြင် ဝတ်စားလာသည့်အဝတ်အစားတို့ကြောင့် နှဖူးမှချွေးစလေးများထွက်စပြုလာသည်။ဘတ်စ်ကားကိုလဲအပြစ်မတင်လို မနက်ကကားကြုံစီးခဲ့မိသည့်မိမိအမှားသာဖြစ်သည်။

ဘေးမှန်တံခါးကိုဆွဲဖွင့်လိုက်တော့မှ တိုက်ခတ်လာသောလေအဝှေ့ကြောင့် ခေတ္တအေးသွားရသည်။ပုံမှန်ရှူတင်ရှိသည့်ရက်ဆိုလျှင်ကိုယ့်ကားနှင့်ကိုယ်သွားနေကျဖြစ်သော်လည်း မနက်က 'တန်' လာခေါ်သဖြင့်မုန့်သွားစားရင်းရှုတင်ဝင်ပို့ခဲ့သောကြောင့်အပြန်YBSနှင့်ညားရ၏။ယနေ့သွားရိုက်ပေးရသောနေရာမှာ မြို့တွင်းမဟုတ်ပဲသန်လျင်ဘက်ဖြစ်သောကြောင့်အပြန်အနည်းငယ်နောက်ကျနေသဖြင့် ရုံးဆင်းချိန်နှင့်တိုက်နေသည်။ရုံးဆင်းချိန်ဆိုတော့ လူများရသည့်အထဲကားဆရာကကားထဲသို့လူရသလောက်ထည့်နေပုံပေါ်သည်။ကားပေါ်လူပြည့်နေသည့်တိုင် ထပ်ထပ်ခေါ်နေသောကားဆရာကြောင့် ဂန်ဟန်တစ်ယောက်ဒေါကန်နေမိတာအမှန်။လူတွေများလာ၍အနံ့ပေါင်းစုံ၊လူပေါင်းစုံနှင့်အသားချင်းကပ်နေအောင်ကြပ်နေသဖြင့် မခံနိုင်သည့်အဆုံးရှေ့မှတ်တိုင်တွင်ဆင်းလိုက်ရတော့သည်။

အောက်ရောက်တော့မှ အင်းယားကန်ဘက်ကတိုက်လာသည့်လေညှင်းလေးကြောင့် စိတ်ပြန်ရွှင်သွားရသည်။"ဦးလေး မြောက်ဥက္ကလာ၊မေဓာဝီဈေးကိုပို့ပေးပါ" ဟုပြောရင်းနားကြပ်လေးတပ်ကာ လိုက်သွားသည်။

"ဒီညတော့ဆိုင်မှာမစားပဲ၊အပြောင်းအလဲလေးဖြစ်အောင် ကိုယ့်ဘာသာပဲရှမ်းကောလေးလုပ်စားတာပေါ့" ဟုတစ်ယောက်ထဲပြောရင်းဈေးထဲလျှောက်သွားလိုက်သည်။လိုအပ်သည်များဝယ်ပြီးသည်နှင့် မေဓာဝီလမ်းပေါ်ရှိသူမနေအိမ်ကွန်ဒိုဆီလျှောက်ခဲ့လိုက်သည်။'ဂန်ဟန်' သည်တစ်ယောက်ထဲသီးသန့်နေရသည်ကိုနှစ်သက်၍ ကွန်ဒိုမှာနေခြင်းဖြစ်သည်။သူသုံးချင်ဝယ်ချင်သမျှပစ္စည်းတိုင်းလည်းဝယ်နိုင်ရနိုင်နေသည့် လူသားတစ်ဦးပင်။ပိုက်ဆံရေလျှံသုံးနိုင်သလောက် စည်းကမ်းရှိပီးအသန့်ကြိုက်သောသူတစ်ယောက်လဲဖြစ်သေးသည်။

ပါလာသောအထုပ်များကိုရေခဲသေတ္တာထဲထည့်ခဲ့ကာ စက်ဘီးသော့ယူ၍အောက်ထပ်ဆင်းသွားလိုက်သည်။ကွန်ဒိုမြေအောက်ပါကင်ထဲ ရှိလုံခြုံရေးဦးလေးကြီးထံလျှောက်သွားကာ "လေးငယ်၊ဘာမှာဦးမလဲ။ 'ဂန်ဟန်' ဟိုဖက်လမ်းမှာရေခဲမုန့်သွားဝယ်မလို့" ။ "မမှာတော့ပါဘူးငါ့တူမရယ်၊ဂရုစိုက်သွားဦး၊မိုးချုပ်နေပီ၊မိန်းကလေးတစ်ယောက်ထဲဆိုတော့မြန်မြန်ပြန်ခဲ့နော့"
"ဟုတ်၊လေးငယ် မြန်တယ်မြန်တယ် စက်ဘီးလေးနဲ့ဝှစ်ခနဲ ဟားဟား" ပြောပြောဆိုဆိုနှင့်အနက်ရောင်စက်ဘီးလေးစီးကာice pointသို့ထွက်ခဲ့သည်။

Ice pointသည် 'ဂန်ဟန်' စားနေကြရေခဲမုန့်ကြော်ဆိုင်လေးဖြစ်သည့်အပြင် ထိုဆိုင်ကအကိုနှင့်အမကလဲသဘောကောင်းကြသည်။
"စတော်ဘယ်ရီတစ်ခွက်နော်အမ ပုံမှန်အတိုင်းပဲ" ။ရေခဲမုန့်ခွက်လေးကိုင်ကာ စက်ဘီးနင်းရင်း
မြေအောက်ခန်းထဲသို့ဝင်သွားလေသည်။

ဆိုဖာပေါ်ထိုင်ကာရေခဲမုန့်စားအပီး အဝတ်အစားများချွတ်ကာ တောင်းထဲသို့လှမ်းပစ်လိုက်သည်။အိပ်ခန်းထဲရှိဘီရိုထဲမှ အဖြူရောင်tshirtအပွကိုထုတ်ဝတ်ကာ မီးဖိုချောင်ထဲဝင်လာ၏။'ဂန်ဟန်'သည် ဖုန်းထဲရှိမာလာရှမ်းကောချက်နည်းvideoကိုဖွင့်ကာ လိုက်ပြင်ဆင်ချက်ပြုတ်နေ၏။ယခုမှvideoကြည့်ပြီးပထမဆုံးချက်သော်လည်း ထွက်လာသောလက်ရာသည်ဆိုင်အပြင်အဆင်အတိုင်းတစ်ထပ်ထဲထွက်လာသောကြောင့် ကိုယ့်ကိုယ်ကိုချီးကျူးမဆုံး။

အိုးထဲရှိရှမ်းကောများပန်းကန်ထဲထည့်ကာရေခဲသေတ္တာထဲရှိအအေးဗူးဆွဲထုတ်ပြီးတီဗီရှေ့ယူလာခဲ့သည်။အရင်ကြည့်လက်စ Thai seriesဖွင့် မာလာရှမ်းကောများကိုမြိန်ရေယှက်ရေစားသုံးနေသူ။စားသောက်ပီးစီးသွား၍ရေချိုးအဝတ်စားလဲပီး အိပ်ယာပေါ်ဘုန်းခနဲပစ်လှဲချလိုက်တော့ တစ်နေကုန်ပင်ပန်းထားသမျှမေ့သွားသယောင်။ကုတင်ဘေးစားပွဲပေါ်တွင်တင်ထားသောဖုန်းကိုလှမ်းယူကာ youtubeထဲသီချင်းဝင်နားထောင်နေ၏။

မက်ဆင်ဂျာမှဝင်လာသောစာတစ်ဆောင်၊"မနက်ဖြန်ဘယ်သွားကြမလဲ ငါအားတယ်" "ငါရှာလိုက်ဦးမယ်၊မနက်ဖြန်အားတော့ တစ်နေရာရာသွားကြတာပေါ့"ဟုပြန်ပို့ရင်းfb search boxထဲဝင်ကာ bar in yangonဟုနှိပ်မိသည်။တစ်ခုဝင်တစ်ခုထွက်ရှာရင်း Serious Bar Yangonဟူသော profileသည် သူ့ရဲ့ အာရုံများကိုဖမ်းစားလိုက်သည်။Pageထဲဝင်ကြည့်တော့ "လုံးဝငါ့အကြိုက်ပဲ"။groupထဲသို့ page linkပို့ကာမနက်ဖြန်ညနေသွားကြမယ်။
'lexi' ရောလိုက်မှာလား 'တန်'။"

"သူကဘဲရနေတော့သူလိုက်ရင်သူ့ဘဲလဲပါမှာပဲ"

"ဒါလဲရတာ၊ခေါ်ခဲ့လိုက်လေ၊လေးယောက်ဆိုတော့ပိုကောင်းတာပေါ့"

"ဒါဆိုမနက်ဖြန်ညနေငါလာခေါ်မယ်"

"မခေါ်နဲ့တော့၊ငါနေ့လည်မေကြီးဆီသွားဦးမှာမလို့။မသွားတာလေးရက်လောက်ရှိပီမလို့"

"အိုကေဘေဘီ"

ဒီလိုနဲ့တစ်နေ့တာကိစ္စအဝဝတို့အပြီး ဖဲသားမွေ့ယာဖြူဖြူပေါ်တွင်အိပ်မောကျသွားတော့၏။

(Part 2/Part 3 မှာ ဂန်ဟန်မမနဲ့စတွေ့မှာပါ)

Continue Reading

You'll Also Like

869K 72.4K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
757K 39.9K 21
This book is about the two daughters-in-law of Rajputs who have gotten married to the two Rajput siblings and are best friends as well even before be...
4.7M 297K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.1M 70.5K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...