{Unicode}
အခန်း (၁၇) - Attention
ရဲစခန်း၌ ရဲသားတဦးက လူတယောက် အင်တာနက်ကဖေးမှာ ပြဿနာရှာနေပြီး ထိုလူ့ကိုကြည့်ရတာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိနေပုံပေါက်တယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုတခုကို လက်ခံရရှိခဲ့တာကြောင့် ၎င်း၏လုပ်ဖော်ကိုင်ဖက်များကို ခေါ်ဆောင်ကာ အင်တာနက်ကဖေးသို့ ချက်ချင်း အပြေးအလွှားသွားခဲ့တယ်။
အင်တာနက်ကဖေးထဲမှာတော့ ကပျစ်ကညစ်ပုံပေါက်နေတဲ့လူကို လူပေါင်းများစွာ ကြမ်းပြင်ပေါ်မှာ ဖိချုပ်ထားကြတယ်။ သူက အပြင်းအထန် ရုန်းကန်နေရင်း သူ့အိတ်ကပ်ထဲက တစုံတရာကိုယူဖို့ ကြိုးစားနေတယ်။ ရှည်သွယ်သွယ်အရာတခုကို သူစမ်းမိသွားပြီး သူ့လက်ထဲမှာ ဆုပ်ကိုင်ထားလိုက်တယ်။
လူတယောက်ရဲ့လက်သီးက ခေါင်းပေါ်ကျလာချိန်မှာ သူက ဓားကိုထုတ်ပြီး သူ့နံဘေးကလူကို ပြင်းပြင်းထန်ထန် ထိုးပစ်လိုက်တယ်။ ဒဏ်ရာရသွားတဲ့လူက သူ့ဝမ်းဗိုက်ထဲမှာ နာကျင်မှုကို ခံစားသွားရတာကြောင့် မတတ်သာစွာနဲ့ဘဲ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ ဒဏ်ရာကိုကာဖို့ ကြိုးစားလိုက်တယ်။ ထိုလူက ကြမ်းပြင်ပေါ်လဲကျသွားပြီး ဒဏ်ရာကနေ သွေးတွေပန်းထွက်လာကာ အနီးအနားရှိလူတွေကို ထိတ်လန့်သွားစေတယ်။
ဒီအခွင့်အရေးကို အရယူပြီး ထိုလူက ထွက်ပြေးသွားတော့တယ်။
"အား... လူသတ်သမားဗျို့!"
စူးစူးဝါးဝါးအော်သံက မှင်တက်နေတဲ့ လူတိုင်းကို နိုးကြားသွားစေတယ်။ အင်တာနက်ကဖေးဆိုင်ပိုင်ရှင်က တုန်ရီနေတဲ့လက်တွေနဲ့ အရေးပေါ်နံပါတ်ကို ဖုန်းလှမ်းခေါ်နေချိန်မှာ သူ့ဘေးကလူက ရဲကို ဖုန်းဆက်ခေါ်နေခဲ့တယ်။
အခင်းဖြစ်ပွားရာနေရာက တကယ့်ကို ပရမ်းပတာဖြစ်လို့နေတယ်။
ထွက်ပြေးသွားသူက အခုလေးတင် တစုံတယောက်ကို ထိခိုက်ဒဏ်ရာရအောင် လုပ်လိုက်မိတဲ့အပေါ် ကြောက်မနေလေဘူး။ သူ့လက်ပေါ်က သွေးတွေကိုကြည့်ပြီး သူနေထိုင်ရာ အန္တရာယ်ရှိတဲ့ အဆောက်အအုံဆီ တိတ်တဆိတ် ပြန်လာခဲ့တယ်။ သူရေချိုးပြီး သန့်ရှင်းတဲ့ အဝတ်အစားတွေ လဲဝတ်လိုက်တယ်။
ထိုလူက အမျိုးသားနဲ့ အမျိုးသမီးပိုက်ဆံအိတ်တွေအပါအဝင် ပိုက်ဆံအိတ်တွေ မြောက်များစွာရှိနေတဲ့ အံဆွဲတခုကို ဖွင့်လိုက်တယ်။
တချို့အိတ်တွေထဲမှာ ID ကဒ်တွေနဲ့ ပိုက်ဆံတွေရှိနေဆဲပင်။
ထိုလူက ပိုက်ဆံကိုယူပြီး ID ကဒ်တွေကိုတော့ သူ့ခုတင်အောက်ရှိ ကြမ်းခင်းကြွေပြားအောက်မှာ ဝှက်ထားလိုက်တယ်။
အလွန်ဟောင်းနွမ်းနေတဲ့ မိုဘိုင်းဖုန်းတလုံးကိုကိုင်ထားရင်း hot search ထဲမှာ ဖော်ပြထားတဲ့ လူငယ်လေးကို သူရှာဖွေလိုက်ပြီး ၎င်းရဲ့ပုံပန်းသွင်ပြင်နဲ့ မူကြိုကျောင်းလိပ်စာတို့ကို မှတ်သားလိုက်တယ်။
ဆဲလ်ဖုန်းအဟောင်းကို ရေထဲပစ်ချလိုက်တော့ ၎င်းရဲ့မျက်နှာပြင် မည်းကျမသွားခင် အကြိမ်အနည်းငယ်လောက် တဖျတ်ဖျတ်ဖြစ်နေကာ သက်တမ်းကုန်ဆုံးသွားတော့တယ်။
ထိုလူက စားပွဲပေါ်က CD တွေအားလုံးကို အိတ်တလုံးထဲထည့်ပြီးတဲ့နောက် တင်းကြပ်စွာ ထုတ်ပိုးထားတဲ့ ပစ္စည်းတခုကို ဗီရိုထဲကနေ ထုတ်လိုက်တယ်။
နောက်ပြီးရင် သူလုပ်ရမှာက ဇီကျင်းမြို့ကိုမောင်းသွားဖို့အတွက် ကားအနက်တစီးထွက်ရှာဖို့ပဲ။ [ T/N : ကားအနက်ဆိုတာက လိုင်စင်မဲ့၊ တရားမဝင် taxi ကိုပြောတာပါ။ ]
ရှန်မုအန်းတယောက် မူကြိုကျောင်းမှာ hot search ကြောင့် ပိုပြီးတော့တောင် ထင်သာမြင်သာဖြစ်လာရပြီး သူတို့ကလေးတွေကို ကျောင်းလာပို့ကြတဲ့ မိဘတွေတောင်မှ သူ့ကိုမစဘဲ မနေနိုင်ကြလေဘူး။
ဒီအဖြစ်အပျက်ရဲ့ဦးစီးဦးဆောင်သူတွေထဲက တယောက်ဖြစ်တဲ့ ကျီးကျီးက ရှက်ကိုးရှက်ကန်းဖြစ်မနေပေမဲ့ သူ့အဖေကတော့ ဒါကို ရှင်းရှင်းလင်းလင်းကြီး သိနေခဲ့တယ်။
ရှောင်းချီ ဗီဒီယိုကို ကြည့်လိုက်မိတဲ့အချိန်ကတည်းက ဒါကိုစတဲ့သူက သူ့သားဖြစ်မှန်း သူသိနေခဲ့တယ်။ ဒီကလေးက ဆရာရှန့်ကိုဖက်ထားပြီး လွှတ်မပေးချင်ဘူးလေ။ အဲ့ဒါကြောင့် ဒီလိုတွေဖြစ်ကုန်တာပဲ။
ရှောင်းချီ အတော်လေး ကူကယ်ရာမဲ့သလို ခံစားနေရပြီး၊ ရှန်မုအန်းကို တောင်းပန်ဖို့ ကျီးကျီးကို သူဖိအားပေးခဲ့ပေမဲ့ ရှန်မုအန်းကတော့ ဒီအတိုင်း ဘာမှမဟုတ်သလိုထား,ထားလိုက်တယ်။ ကျီးကျီးကိုယ်တိုင်က သူဘာအမှားမှမလုပ်ထားမိတာကြောင့် တောင်းပန်စရာမလိုဘူးလို့ ထင်နေတာဖြစ်တယ်။
ကျီးကျီး ဗီဒီယိုကိုမြင်တဲ့အချိန်မှာတော့ သူအရမ်းပျော်သွားခဲ့တယ်။ သူက ဆရာအန်းအန်းနဲ့ စပယ်ရှယ် လိုက်ဖက်ညီသူတယောက်လို့ ခံစားနေရတယ်။
"ဆရာအန်းအန်း ကြည့်ပြီးပြီလားဟင်? သားတို့က ဓာတ်ပုံတော်တော်စားတယ်နော်" ရှောင်းရူကျီးတယောက် သူ့အဖေရဲ့ဖုန်းကိုကိုင်ပြီး ဗီဒီယိုအားဖွင့်ကာ ရှန်မုအန်းထံ စိတ်လှုပ်ရှားစွာ ပြောလာတယ်။ သူတို့က စာသင်ခန်းအပြင်မှာ မတ်တပ်ရပ်နေကြတာဖြစ်ပြီး ဒီစကားကိုကြားလိုက်တဲ့ မိဘတွေက ချက်ချင်းဆိုသလို ရယ်မောလာကာ ကြွားဝါနေသူ ကျီးကျီးလေးကို ချီးမွမ်းနေကြတော့တယ်။
ကျီးကျီးခမျာ တကယ်ချီးကျူးနေတာလား ဒါမှမဟုတ် စနောက်နေတာလားဆိုတာကိုတောင် မသိလေဘူး။ သူများတွေ သူ့ကိုချီးကျူးလာချိန်မှာတော့ သူဒါကိုပျော်ပျော်ကြီးလက်ခံလိုက်တယ်။
ရှောင်းချီမျက်နှာပေါ်မှာ ထူးဆန်းတဲ့ အပြုံးတခုရှိနေတယ်။ တဖက်လူက အားတင်းပြုံးနေရမှန်း ရှန်မုအန်းသိနေပေမဲ့ ဒီအချိန်မှာ ဒီလိုပြုံးပြရုံကလွဲလို့ တခြားဘာလုပ်နိုင်ဦးမှာမို့လို့လဲ?
ရှောင်းချီမျက်နှာပေါ်က ဒီအပြုံးက တဖြည်းဖြည်း တောင့်တင်းလာခဲ့ပေမဲ့ သူ့နှုတ်ခမ်းတွေကိုတော့ ကွေးညွှတ်ထားဆဲပဲဖြစ်တယ်။ ရှန်မုအန်းက ဒါကိုသတိထားမိတာကြောင့် သူကြားဖြတ်လိုက်ပြီး ကျီးကျီးကို စာသင်ခန်းထဲသွားဖို့ ပြောလိုက်တယ်။
ကျီးကျီးဝင်သွားတာကိုမြင်ရပြီးမှ ရှောင်းချီလည်း နောက်ဆုံး စိတ်သက်သာရာရသွားတော့တယ်။ ထို့နောက် သူ့မျက်နှာအမူအရာ ပြောင်းလဲသွားပြီး တကယ့်အပြုံးအစစ်ကို ပြသလာခဲ့တယ်။
သူ့ဦးလေးလက်ကိုကိုင်ထားပြီး ရှောင်းချီရဲ့အပြုံးကြီးကို မြင်လိုက်ရတဲ့ ချူစစ်ယွမ်လေးခမျာ လန့်ဖြန့်ပြီး ချူယီ့နောက်မှာ ပုန်းလိုက်မိတယ်၊ သူက ထိတ်လန့်ကြောက်ရွံ့နေတဲ့ ယုန်လေးတကောင်နီးနီးလောက်ကို မြန်ဆန်လှတယ်။
"..." ချူယီ သူ့တူလေးကို သံသယအနည်းငယ်နဲ့ တချက်လှမ်းကြည့်လိုက်တယ်၊ ပြီးမှ ရှောင်းချီကိုကြည့်လိုက်ရင်း ဒီနှစ်ယောက်ကြားမှာ သူ မသိသေးတာ တခုခုဖြစ်သွားသေးလို့များလား?
ချူစစ်ယွမ်ရဲ့တုံ့ပြန်မှုကိုမြင်ရချိန်မှာ ရှောင်းချီလည်း စိတ်ရှုပ်သွားရတယ်။ ကမ္ဘာမြေတုန်ဟီးရလောက်တဲ့အထိ အရမ်းကြီးချောမောနေတာမျိုး မဟုတ်ပေမဲ့လို့ သူလည်း အတော်လေး ကြည့်ကောင်းတဲ့သူပါပဲ။ ဒီကလေးက သူ့ကိုကြည့်ပြီး ဘာလို့ ဒီလောက်တောင်ကြောက်သွားရတာလဲ?
"စစ်ယွမ်" ရှန်မုအန်း ချူစစ်ယွမ်ရဲ့နာမည်ကို အော်ခေါ်လိုက်တော့ ကောင်ငယ်လေးက သူ့ဦးလေးနောက်ကနေ ခေါင်းတခြမ်းပြူထွက်လာပြီး နှုတ်ဆက်လိုက်တယ်၊ "ဆရာအန်းအန်း"
ရှောင်းချီမျက်နှာကို မြင်လိုက်တာနဲ့ ချူစစ်ယွမ်ရဲ့အမူအရာက ရုတ်ခြည်းဆိုသလို အလွန်အမင်း ဖော်ရွေမှုမရှိသလို ဖြစ်သွားတော့တယ်။
"ဟမ့်!"
ရှောင်းချီတယောက် ချူစစ်ယွမ်ကို သူဘယ်လိုရန်စခဲ့မိမှန်းတောင် မမှတ်မိတော့ဘူး။
ရှန်မုအန်းက ရှောင်းချီရဲ့နားထံ တိုးကပ်လာပြီး တီးတိုးပြောလာတယ်၊ "အရင်တခေါက်က ခင်ဗျား သူ့မျက်နှာကို ဆွဲညှစ်လိုက်တယ်လေ၊ အဲ့ဒါကို သူမှတ်မိနေတုန်းပဲ"
ရှောင်းချီ နောက်ဆုံးတော့ သဘောပေါက်သွားပြီဖြစ်တယ်၊ ဒါ့ကြောင့်ကိုး!
"အိုး၊ စိတ်မဆိုးပါနဲ့ကွာ၊ အဲ့တုန်းက ငါမင်းမျက်နှာကို အသာလေးပဲ ညှစ်လိုက်မိတာမဟုတ်ဘူးလား? ပြန်လုပ်ချင်တယ်ဆိုရင်လဲ ဒီမှာ ရှောင်းရူကျီးရဲ့မျက်နှာကိုသာ ဆွဲညှစ်ပစ်လိုက်တော့" ရှောင်းချီက အလွန်တရာ ရက်ရောစွာ ပြောလာပြီး သူ့သားကို ချက်ချင်း ထုတ်ရောင်းလိုက်ပါတော့တယ်။
"သားကိုဆွဲညှစ်ခိုင်းရင်တောင်မှ သားက လုပ်မှာမဟုတ်ဘူး" ချူစစ်ယွမ်က စိတ်ပျက်သလိုအကြည့်နဲ့ပြောလာပြီး ရှောင်းချီထံ စကားတခွန်း ထုတ်ပြောလိုက်တယ်၊ "ထူးဆန်းတဲ့ ဦးလေးကြီး!" ချူယီ့နောက်မှာပဲ သူဆက်ပုန်းနေရင်း တစုံတယောက်က သူ့ကိုအားပေးလာခဲ့ရင် သူက ပိုပြီးတော့တောင် သတ္တိရှိလာလိမ့်မယ်လို့ ခံစားနေရတယ်။
ဒီအခြင်းအရာက ချူယီ့ကို အံ့ဩသွားစေတယ်။ ရှောင်းမိသားစုမှ ရှောင်းချီဆိုသူက နည်းနည်းလေး ကလေးဆန်တယ်လို့ သူ မကြာခဏကြားဖူးခဲ့ပေမဲ့ ကလေးတွေကိုပါ ပြဿနာရှာတတ်လိမ့်မယ်လို့တော့ သူထင်မထားခဲ့မိဘူး။
သေချာတာပေါ့၊ တကယ်ကြီး ကလေးဆန်တာပဲ။
တကယ်လို့ အလုပ်ခွင်မှာဆိုရင်တော့ မင်းအနေနဲ့ ကလေးဆန်သူ မစ္စတာရှောင်းကို တွေ့ရမှာမဟုတ်ဘူး။
"ငါကလဲ မင်းညှစ်တာမခံချင်ပါဘူးနော်!" ရှောင်းရူကျီး တံခါးဝက ချူစစ်ယွမ်ရဲ့စကားတွေကိုကြားလိုက်ရတော့ ဒေါသတကြီး ပြေးထွက်လာပြီး၊ ခါးထောက်ကာ သူ့အဖေကို ပြောဆိုတော့တယ်၊ "ဖေဖေက လူဆိုးကြီး၊ သားအိမ်ပြန်ရောက်တာနဲ့ မေမေ့ကို တိုင်ပြောမှာ! ဖေဖေ ဒီနေ့ ကြမ်းပေါ်မှာ အိပ်ရလိမ့်မယ်!"
ရှောင်းချီတယောက် ရှောင်းရူကျီးပါးစပ်ကို ကမန်းကတန်း ပိတ်လိုက်ရတယ်။ ဒီကလေးက စကားအရမ်းများတာပဲ၊ ဘာလို့အကုန်လျှောက်ပြောနေရတာလဲ?
ချူယီတွေးလိုက်မိတာက တခါတလေကျရင် ကောလာဟလတွေက ကောလာဟလချည်းသက်သက်မဟုတ်ဘဲ အမှန်တွေလည်း ဖြစ်နိုင်တယ်ဟူ၍ပင်။
"ကောင်းပြီ၊ စာသင်ခန်းထဲသွားတော့" ချူယီတယောက် ချူစစ်ယွမ်ရဲ့ခေါင်းကိုထိပြီး သူ့ကိုပြောလိုက်တယ်။
ချူစစ်ယွမ် ရှောင်းချီအား သတိကြီးစွာ ကြည့်နေမိတယ်၊ ထို့နောက် ချူယီ့အနောက်ကနေ ရှန်မုအန်းအနောက်ကို အလျင်အမြန် ရွှေ့သွားပြီး ရှန်မုအန်းနဲ့ သူ့တကိုယ်လုံးကို ကော်နဲ့ကပ်မတတ်ဖြစ်နေခဲ့တယ်။ သို့ပေသည့် မနေ့က သူ့ဦးလေးပြောထားတာကို သတိရသွားချိန်မှာတော့ ချူစစ်ယွမ်က ရှန်မုအန်းရဲ့ဘောင်းဘီကို ထပ်မဆွဲထားတော့ချေ။
ရှန်မုအန်း စိတ်သက်သာရာစွာ သက်ပြင်းတချက်ချလိုက်မိပြီး ကလေးနှစ်ယောက်ကို အတန်းထဲသို့ ဦးဆောင်ခေါ်သွားကာ အခြားဆရာတွေဆီ ခေါ်သွားပေးလိုက်တယ်။
ရှောင်းချီနဲ့ ချူယီက မျက်နှာတည်ကြီးတွေနဲ့ အပြင်မှာ စကားအနည်းငယ်ပြောဆိုနေကြတယ်။ နှစ်ဖက်လုံးက တယောက်ကိုတယောက် အကဲစမ်းနေကြပြီး တဖက်လူက ညှိုနှိုင်းရသိပ်မလွယ်ဘဲ ဆီထဲဆားမရောသလို ဖြစ်နေတာကို သိလိုက်ရတာကြောင့် ပေါ့ပေါ့ပါးပါး ရယ်မောပြောဆိုရင်း စကားစဖြတ်လိုက်ရတယ်။ [ T/N : ဆီထဲဆားမရောဆိုတာက ခေါင်းမာတာကိုပြောချင်တာပါ။ ]
ရှောင်းချီတယောက် ချူယီနဲ့ ရင်းနှီးအောင်ကြိုးစားရင်း အချိန်ဖြုန်းနေရတာကို တအားပျင်းလာတာကြောင့် သူနှုတ်ဆက်ပြီး ပြန်သွားတော့တယ်။
ချူယီက ပြန်ဖို့ အလျင်မလိုတာကြောင့် ရှန်မုအန်း စာသင်ခန်းအပြင်ထွက်လာချိန်ကို သူစောင့်နေခဲ့တယ်။
"မစ္စတာချူ?" ရှန်မုအန်း အံ့အားသင့်စွာနဲ့ ခေါင်းမော့ပြီး သူ့ရှေ့က အရပ်မြင့်မြင့်နဲ့လူကို ကြည့်လိုက်မိတယ်။ ဒီလူက သူ့ကိုစောင့်နေတာလား?
"ကျွန်တော့်ကို ချူယီလို့ပဲခေါ်ပါ" ချူယီက ရှန်မုအန်းမျက်ဝန်းတွေကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ရင်း တောင်းပန်စကားပြောကာ လှည့်ပြန်သွားခဲ့တယ်။
ရှန်မုအန်း စိတ်ရှုပ်ထွေးစွာ ကျန်နေရစ်ခဲ့တယ်။
နောက်ထပ်ကလေးတယောက် မရောက်လာခင်အထိ ရှန်မုအန်း ခဏလောက်ကြာအောင် တွေးနေမိတယ်။ သူပြုံးပြီး ကလေးတွေကို ဦးဆောင်ခေါ်သွားပေးလိုက်တယ်။ ကလေးတွေအားလုံး အတန်းထဲရောက်ပြီးမှ သူစာသင်ခန်းဆီ ပြန်လာခဲ့တယ်။
ရှန်မုအန်း တာဝန်ကျစာရင်းကိုကိုင်ကာ မတ်တပ်ရပ်နေရင်း ကလေးအရေအတွက်ကို မှန် မမှန်စစ်ဆေးပြီးမှ ၎င်းစာရင်းပေါ်မှာ စာကြောင်းအနည်းငယ်ရေးကာ ဘေးဖယ်ထားလိုက်တယ်။
နံနက်ခင်းတိုင်း ကလေးတွေရောက်လာတဲ့အချိန်မှာ ပထမဦးဆုံးလုပ်ရတဲ့အရာက မနေ့က အိမ်မှာ ဖြစ်ပျက်ခဲ့တာတွေကို မျှဝေဖို့ပါပဲ၊ အဲ့ဒါက မူကြိုကျောင်းမှာ သူတို့ဘာတွေလုပ်ခဲ့သလဲဆိုတာကို မိသားစုတွေနဲ့ ပြန်လည်မျှဝေသလိုမျိုးပါပဲ။
စာသင်ခန်းထဲမှာ အသံဗလံမျိုးစုံ ပြည့်နှက်လို့နေတယ်။ ရှန်မုအန်းက သူတို့လေးတွေကို မနှောင့်လည်းမနှောင့်ယှက်သလို ရပ်တန့်ဖို့လည်း မပြောခဲ့ဘူး။
စကားစမြည်ပြောဆိုမှုအချို့ တဖြည်းဖြည်း အားပျော့လာပြီးနောက် ရှန်မုအန်းက ကလေးတွေရဲ့ထိုင်ခုံတွေကို အဝေးမှာထားခိုင်းလိုက်ပြီး သူတို့ရဲ့ခန္ဓာကိုယ်လေးတွေကို အတူတူ စတင်လှုပ်ရှားခိုင်းလိုက်တယ်။
ကျီးကျီးက သူ့ဗိုက်ပူပူလေးကိုထိလိုက်တယ်၊ ပြီးမှ သူ့ဘေးမှာ ခုန်ပေါက်နေကြတဲ့ အတန်းဖော်တွေကိုကြည့်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသလိုနဲ့ သူ့လက်တွေကို ဝှေ့ယမ်းလိုက်တယ်။ မနက်က သူ မတရားစားထားလို့ အခု သူသေချာတောင် မခုန်နိုင်တော့ဘူး။
ရှန်မုအန်းတယောက် လှိုင်းလေထန်နေတဲ့ ရေပြင်မှာ ငါးမျှားနေတဲ့ ကျီးကျီးကို မြင်သွားခဲ့တယ်။ [ T/N : လှိုင်းလေထန်နေတဲ့ ရေပြင်မှာ ငါးမျှားတယ်ဆိုတာက ကျဉ်းထဲကျပ်ထဲရောက်နေတဲ့ တစုံတယောက်ကို ဆိုလိုချင်တာပါ။ ]
ရှောင်းရူကျီးတယောက် ရှန်မုအန်းက သူ့ကိုကြည့်နေတာကိုတွေ့သွားတော့ သူ့အား ချိုသာစွာ ပြုံးပြလိုက်ပြီး သူ့ရဲ့ချစ်စဖွယ်ဟန်ပန်လေးကိုသုံးကာ စစ်ဆေးချက်ကို ကျော်ဖြတ်ဖို့ ကြိုးစားလိုက်တယ်။
သူ့ရဲ့ဗိုက်ပူပူလေးကိုကြည့်ရင်း ခုန်ပေါက်ဖို့တောင် အတော်လေး ခက်ခဲလောက်တယ်လို့ ရှန်မုအန်းခံစားမိတာကြောင့် သူ ဒါကိုမမြင်ချင်ယောင်သာဆောင်လိုက်တော့တယ်။
ကလေးတသိုက်ကို လေ့လာစူးစမ်းနေရင်း၊ ချူစစ်ယွမ်တယောက် သူ့ရှေ့က ကလေးတယောက်လုပ်သလိုမျိုး သေချာလေး အလေးအနက်ထားပြီး လိုက်လုပ်နေခဲ့တယ်၊ သို့ပေမဲ့ သူ မသိလိုက်တာက သူ့ရှေ့က ကလေးက အမှားတွေလုပ်နေမိတာကြောင့် သူပါရောပြီး အမှားတွေလုပ်နေမိတယ်ဆိုတာပါပဲ။
ဘယ်လိုဘဲဖြစ်ဖြစ်၊ ဒီလှုပ်ရှားမှုရဲ့ဆိုလိုရင်းက ခန္ဓာကိုယ်လှုပ်ရှားဖို့သာဖြစ်တာကြောင့် သူတို့လေးတွေ အမှားလုပ်မိတယ်ဆိုရင်တောင် ကိစ္စမရှိလှဘူး။ အရမ်းကြီးမထူးဆန်းနေသရွေ့၊ နောက်ပြီး အနေအထားက သူတို့လေးတွေရဲ့ခန္ဓာကိုယ်ကို မထိခိုက်သရွေ့တော့ ရှန်မုအန်းက ထုံးစံအတိုင်း စောင့်ကြည့်ခြင်းသဘောထားကိုသာ ကျင့်သုံးမှာပဲဖြစ်တယ်။
သူလည်း ဒါကိုစိတ်ဝင်စားဖို့ကောင်းတယ်လို့ထင်တယ်လေ။
နောက်ပြီး ဒီ့ထက်ပိုချစ်ဖို့ကောင်းတာမျိုး မရှိနိုင်တော့ဘူး။
တချိန်တည်းမှာပဲ ဇီကျင်းမြို့ပြည်သူ့လုံခြုံရေးဗျူရိုရဲ့လေထုက အတော်လေး ဆိုးရွားလို့နေတယ်။ သူတို့တွေ ထိုမြို့ကနေ လူသတ်သမားက ဇီကျင်းမြို့ကို ထွက်ပြေးသွားပြီဆိုတဲ့ အကြောင်းကြားစာတစောင်ကို လက်ခံရရှိခဲ့တယ်။
ဤလူသတ်သမားက အလွန်တရာ ရက်စက်ကြမ်းကြုတ်တယ်! သူ့သားကောင်တွေကို အနိုင်ကျင့်စော်ကားချိန်တိုင်း သူက ဗီဒီယိုရိုက်ထားပြီး အာရုံစိုက်မှုရရှိစေဖို့ရာ ၎င်းဗီဒီယိုကို အင်တာနက်ပေါ်တင်ကာ ပြည်သူလူထုကို အထိတ်တလန့်ဖြစ်အောင် လုပ်ဆောင်တာဖြစ်တယ်။
အထက်ကနေ သူတို့ကိုပေးလာတဲ့အမိန့်က လူသတ်သမားကို တတ်နိုင်သမျှ အမြန်ဆုံးဖမ်းဖို့ပဲဖြစ်တယ်။ သို့ပေမဲ့ ၎င်းလူသတ်သမားဆီမှာ အားကောင်းတဲ့ တန်ပြန်စုံစမ်းထောက်လှမ်းနိုင်တဲ့ စွမ်းရည်တခုရှိနေတယ်။ အလောင်းတွေအားလုံးကို ဂရုတစိုက် ကိုင်တွယ်ခဲ့ကြပေမဲ့ လူသတ်သမားရဲ့ DNA နဲ့ အခြားသက်ဆိုင်ရာ အချက်အလက်တွေကိုတော့ ဘယ်နေရာမှရှာမတွေ့ခဲ့ချေ။
ကံအားလျော်စွာနဲ့ပဲ တခါတုန်းက သံသယရှိသူ လူသတ်သမားရဲ့နောက်ကျောကိုမြင်ခဲ့တဲ့ မျက်မြင်သက်သေတဦးရှိခဲ့တယ်။ သဲလွန်စ အသေးအမွှားလေးသာဖြစ်သော်ငြား အတားအဆီးတွေကို ထိုးဖောက်ကျော်လွှားနိုင်နေဆဲပင်။
မှုခင်းဖြစ်ပွားရာနေရာကနေ ရရှိခဲ့တဲ့ အချက်အလက်တွေနဲ့ ဓာတ်ပုံအချို့ကနေ ကောက်ချက်ချရမယ်ဆိုရင် "ဒီလူသတ်သမားက အာရုံစိုက်ခံရတာကို ကျေနပ်နေပုံရတယ်"
"ဘာလို့ဒီလိုပြောနိုင်တာလဲ?" ထိပ်ဆုံးခုံမှာထိုင်နေတဲ့ ဒါရိုက်တာကောင်းက မေးလာတယ်။
ရှန်ဖန်းချီ အဘက်ဘက်ကရိုက်ကူးထားတဲ့ နစ်နာသူတွေရဲ့ဓာတ်ပုံအမြောက်အများကို ယှဉ်ပြလိုက်တယ်၊ "လူသတ်သမားက နစ်နာသူတွေ သူ့ကိုကြည့်နေတာကို သဘောကျတယ်။ ဗီဒီယိုတင်တာကလဲ အင်တာနက်သုံးစွဲသူတွေ သူ့ကိုကြည့်အောင်လုပ်ချင်လို့ပဲ"
"ဒါကြောင့် ဒီလူရဲ့ရည်ရွယ်ချက်က သေချာပေါက် သတ်ဖို့ချည်းမဟုတ်ဘဲ တခြားသူတွေအာရုံစိုက်လာတာကို လိုချင်တာပါပဲ" ရှန်ဖန်းချီက အချက်အလက်တွေနဲ့ သူ့ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံပြီး ခွဲခြမ်းစိတ်ဖြာခဲ့တယ်။
"မင်းရဲ့သုံးသပ်ချက်က မှန်ကန်ပါတယ်။ နောက်တမြို့က မှုခင်းဆိုင်ရာ စိတ်ပညာပါမောက္ခကလဲ ဒီလိုပဲပြောလာတာပဲ၊ ဒါပေမဲ့ အများပြည်သူ အထိတ်တလန့်ဖြစ်မှာကို စိုးရိမ်ရတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းတွေကို ထိန်းချုပ်ထားပြီးတော့ ဗီဒီယိုကို ဖျက်ပစ်ခဲ့တယ်" ဒါရိုက်တာကောင်းက သူ့ရှေ့မှာရှိနေတဲ့ အချက်အလက်တွေကို လှန်လှောကြည့်နေတယ်။
"အဲ့တာက တဖက်လူကို ပြစ်မှုတွေ ပိုပြီးတော့ ရူးရူးမိုက်မိုက် ကျူးလွန်အောင်ပဲလုပ်မိသွားမှာ!" ရှန်ဖန်းချီ ဒါကိုကြားလိုက်တော့ ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး "ဗျူရိုက ဘယ်လိုတွေတွေးနေတာလဲ၊ ဒီလူက အာရုံပိုစိုက်ခံရဖို့အတွက် ပြစ်မှုတွေ ဆက်ပြီးကျူးလွန်လိမ့်မယ်!"
"ဒါပေမဲ့..." ဒါရိုက်တာကောင်း တုံ့ဆိုင်းနေမိတယ်။ "ငါတို့ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ?"
"ဖိအားပေးရုံတင်မကဘူး၊ လေလုံးထွားတဲ့ မီဒီယာတွေကပါ သူလူလုံးထွက်ပြလာအောင် လှုံ့ဆော်ပေးရမယ်" ရှန်ဖန်းချီ အစီအစဉ်တခုကို အလျင်အမြန် ချပြလာတယ်။
ဤအစီအစဉ်အား ဒါရိုက်တာကောင်းမှ ချက်ချင်း ပယ်ချလိုက်တယ်။
ရှန်ဖန်းချီ ဆက်ပြောချင်ပေမဲ့ ဒါရိုက်တာက သူ့ကိုဟန့်တားလာခဲ့တယ်။
"ငါပြန်စဉ်းစားအုံးမယ်..." ဒါရိုက်တာကောင်းက ပြောတယ်။
ယင်းလူသတ်မှုကြောင့် ရဲစခန်းက ဘတ်စ်ကားမှတ်တိုင်တွေ၊ ရထားဘူတာရုံတွေ၊ လေဆိပ်တွေ အစရှိတဲ့ ယာဉ်အသွားအလာလမ်းကြောင်းတွေကို စုံစမ်းစစ်ဆေးဖို့ အမှုထမ်းတွေကို စတင်တပ်ဖြန့်ချထားခဲ့တယ်။ သို့ပေသည့် ရှန်ဖန်းချီကတော့ အဲ့ဒါက ထိရောက်မှုမရှိဘူးလို့ ခံစားနေရတယ်။
ည ၈ နာရီအချိန်မှာ ရှန်ဖန်းချီက အချိန်ပိုအလုပ်ဆင်းနေဆဲပဲဖြစ်တယ်။ ရှန်မုအန်းကတော့ အခုလေးတင် မူကြိုကျောင်းကနေ ထွက်လာခဲ့ပြီဖြစ်တယ်။ ဒီနေ့မနက်တုန်းက သူ့စက်ဘီးပျက်နေတာကို သိလိုက်ရတာကြောင့် ၎င်းကို စက်ဘီးပြင်ဆိုင်မှာ သွားအပ်ထားလိုက်တယ်။ အခု သူအိမ်ကိုမပြန်ခင် ဒီစက်ဘီးကို ဝင်ယူရမှာဖြစ်တယ်။
လမ်းလျှောက်ရင်း ရှန်မုအန်း တခုခုမှားနေပြီလို့ ခံစားနေရတယ်။ သူနောက်လှည့်ကြည့်လိုက်တော့ ဘယ်သူမှမရှိပြန်ဘူး...
သို့ပေမဲ့ ရှန်မုအန်းရဲ့အလိုလိုသိစိတ်က သူ့ကိုပြောပြနေတာကတော့ တယောက်ယောက် သူ့နောက်လိုက်လာပြီဟူ၍ပင်။
******
{Zawgyi}
အခန္း (၁၇) - Attention
ရဲစခန္း၌ ရဲသားတဦးက လူတေယာက္ အင္တာနက္ကေဖးမွာ ျပႆနာရွာေနၿပီး ထိုလူ႔ကိုၾကည့္ရတာ စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြရွိေနပုံေပါက္တယ္ဆိုတဲ့ ဖုန္းေခၚဆိုမႈတခုကို လက္ခံရရွိခဲ့တာေၾကာင့္ ၎၏လုပ္ေဖာ္ကိုင္ဖက္မ်ားကို ေခၚေဆာင္ကာ အင္တာနက္ကေဖးသို႔ ခ်က္ခ်င္း အေျပးအလႊားသြားခဲ့တယ္။
အင္တာနက္ကေဖးထဲမွာေတာ့ ကပ်စ္ကညစ္ပုံေပါက္ေနတဲ့လူကို လူေပါင္းမ်ားစြာ ၾကမ္းျပင္ေပၚမွာ ဖိခ်ဳပ္ထားၾကတယ္။ သူက အျပင္းအထန္ ႐ုန္းကန္ေနရင္း သူ႔အိတ္ကပ္ထဲက တစုံတရာကိုယူဖို႔ ႀကိဳးစားေနတယ္။ ရွည္သြယ္သြယ္အရာတခုကို သူစမ္းမိသြားၿပီး သူ႔လက္ထဲမွာ ဆုပ္ကိုင္ထားလိုက္တယ္။
လူတေယာက္ရဲ႕လက္သီးက ေခါင္းေပၚက်လာခ်ိန္မွာ သူက ဓားကိုထုတ္ၿပီး သူ႔နံေဘးကလူကို ျပင္းျပင္းထန္ထန္ ထိုးပစ္လိုက္တယ္။ ဒဏ္ရာရသြားတဲ့လူက သူ႔ဝမ္းဗိုက္ထဲမွာ နာက်င္မႈကို ခံစားသြားရတာေၾကာင့္ မတတ္သာစြာနဲ႔ဘဲ ေျခလွမ္းအနည္းငယ္ ေနာက္ျပန္ဆုတ္ကာ ဒဏ္ရာကိုကာဖို႔ ႀကိဳးစားလိုက္တယ္။ ထိုလူက ၾကမ္းျပင္ေပၚလဲက်သြားၿပီး ဒဏ္ရာကေန ေသြးေတြပန္းထြက္လာကာ အနီးအနားရွိလူေတြကို ထိတ္လန႔္သြားေစတယ္။
ဒီအခြင့္အေရးကို အရယူၿပီး ထိုလူက ထြက္ေျပးသြားေတာ့တယ္။
"အား... လူသတ္သမားဗ်ိဳ႕!"
စူးစူးဝါးဝါးေအာ္သံက မွင္တက္ေနတဲ့ လူတိုင္းကို ႏိုးၾကားသြားေစတယ္။ အင္တာနက္ကေဖးဆိုင္ပိုင္ရွင္က တုန္ရီေနတဲ့လက္ေတြနဲ႔ အေရးေပၚနံပါတ္ကို ဖုန္းလွမ္းေခၚေနခ်ိန္မွာ သူ႔ေဘးကလူက ရဲကို ဖုန္းဆက္ေခၚေနခဲ့တယ္။
အခင္းျဖစ္ပြားရာေနရာက တကယ့္ကို ပရမ္းပတာျဖစ္လို႔ေနတယ္။
ထြက္ေျပးသြားသူက အခုေလးတင္ တစုံတေယာက္ကို ထိခိုက္ဒဏ္ရာရေအာင္ လုပ္လိုက္မိတဲ့အေပၚ ေၾကာက္မေနေလဘူး။ သူ႔လက္ေပၚက ေသြးေတြကိုၾကည့္ၿပီး သူေနထိုင္ရာ အႏၲရာယ္ရွိတဲ့ အေဆာက္အအုံဆီ တိတ္တဆိတ္ ျပန္လာခဲ့တယ္။ သူေရခ်ိဳးၿပီး သန႔္ရွင္းတဲ့ အဝတ္အစားေတြ လဲဝတ္လိုက္တယ္။
ထိုလူက အမ်ိဳးသားနဲ႔ အမ်ိဳးသမီးပိုက္ဆံအိတ္ေတြအပါအဝင္ ပိုက္ဆံအိတ္ေတြ ေျမာက္မ်ားစြာရွိေနတဲ့ အံဆြဲတခုကို ဖြင့္လိုက္တယ္။
တခ်ိဳ႕အိတ္ေတြထဲမွာ ID ကဒ္ေတြနဲ႔ ပိုက္ဆံေတြရွိေနဆဲပင္။
ထိုလူက ပိုက္ဆံကိုယူၿပီး ID ကဒ္ေတြကိုေတာ့ သူ႔ခုတင္ေအာက္ရွိ ၾကမ္းခင္းေႂကြျပားေအာက္မွာ ဝွက္ထားလိုက္တယ္။
အလြန္ေဟာင္းႏြမ္းေနတဲ့ မိုဘိုင္းဖုန္းတလုံးကိုကိုင္ထားရင္း hot search ထဲမွာ ေဖာ္ျပထားတဲ့ လူငယ္ေလးကို သူရွာေဖြလိုက္ၿပီး ၎ရဲ႕ပုံပန္းသြင္ျပင္နဲ႔ မူႀကိဳေက်ာင္းလိပ္စာတို႔ကို မွတ္သားလိုက္တယ္။
ဆဲလ္ဖုန္းအေဟာင္းကို ေရထဲပစ္ခ်လိုက္ေတာ့ ၎ရဲ႕မ်က္ႏွာျပင္ မည္းက်မသြားခင္ အႀကိမ္အနည္းငယ္ေလာက္ တဖ်တ္ဖ်တ္ျဖစ္ေနကာ သက္တမ္းကုန္ဆုံးသြားေတာ့တယ္။
ထိုလူက စားပြဲေပၚက CD ေတြအားလုံးကို အိတ္တလုံးထဲထည့္ၿပီးတဲ့ေနာက္ တင္းၾကပ္စြာ ထုတ္ပိုးထားတဲ့ ပစၥည္းတခုကို ဗီ႐ိုထဲကေန ထုတ္လိုက္တယ္။
ေနာက္ၿပီးရင္ သူလုပ္ရမွာက ဇီက်င္းၿမိဳ႕ကိုေမာင္းသြားဖို႔အတြက္ ကားအနက္တစီးထြက္ရွာဖို႔ပဲ။ [ T/N : ကားအနက္ဆိုတာက လိုင္စင္မဲ့၊ တရားမဝင္ taxi ကိုေျပာတာပါ။ ]
ရွန္မုအန္းတေယာက္ မူႀကိဳေက်ာင္းမွာ hot search ေၾကာင့္ ပိုၿပီးေတာ့ေတာင္ ထင္သာျမင္သာျဖစ္လာရၿပီး သူတို႔ကေလးေတြကို ေက်ာင္းလာပို႔ၾကတဲ့ မိဘေတြေတာင္မွ သူ႔ကိုမစဘဲ မေနႏိုင္ၾကေလဘူး။
ဒီအျဖစ္အပ်က္ရဲ႕ဦးစီးဦးေဆာင္သူေတြထဲက တေယာက္ျဖစ္တဲ့ က်ီးက်ီးက ရွက္ကိုးရွက္ကန္းျဖစ္မေနေပမဲ့ သူ႔အေဖကေတာ့ ဒါကို ရွင္းရွင္းလင္းလင္းႀကီး သိေနခဲ့တယ္။
ေရွာင္းခ်ီ ဗီဒီယိုကို ၾကည့္လိုက္မိတဲ့အခ်ိန္ကတည္းက ဒါကိုစတဲ့သူက သူ႔သားျဖစ္မွန္း သူသိေနခဲ့တယ္။ ဒီကေလးက ဆရာရွန႔္ကိုဖက္ထားၿပီး လႊတ္မေပးခ်င္ဘူးေလ။ အဲ့ဒါေၾကာင့္ ဒီလိုေတြျဖစ္ကုန္တာပဲ။
ေရွာင္းခ်ီ အေတာ္ေလး ကူကယ္ရာမဲ့သလို ခံစားေနရၿပီး၊ ရွန္မုအန္းကို ေတာင္းပန္ဖို႔ က်ီးက်ီးကို သူဖိအားေပးခဲ့ေပမဲ့ ရွန္မုအန္းကေတာ့ ဒီအတိုင္း ဘာမွမဟုတ္သလိုထား,ထားလိုက္တယ္။ က်ီးက်ီးကိုယ္တိုင္က သူဘာအမွားမွမလုပ္ထားမိတာေၾကာင့္ ေတာင္းပန္စရာမလိုဘူးလို႔ ထင္ေနတာျဖစ္တယ္။
က်ီးက်ီး ဗီဒီယိုကိုျမင္တဲ့အခ်ိန္မွာေတာ့ သူအရမ္းေပ်ာ္သြားခဲ့တယ္။ သူက ဆရာအန္းအန္းနဲ႔ စပယ္ရွယ္ လိုက္ဖက္ညီသူတေယာက္လို႔ ခံစားေနရတယ္။
"ဆရာအန္းအန္း ၾကည့္ၿပီးၿပီလားဟင္? သားတို႔က ဓာတ္ပုံေတာ္ေတာ္စားတယ္ေနာ္" ေရွာင္း႐ူက်ီးတေယာက္ သူ႔အေဖရဲ႕ဖုန္းကိုကိုင္ၿပီး ဗီဒီယိုအားဖြင့္ကာ ရွန္မုအန္းထံ စိတ္လႈပ္ရွားစြာ ေျပာလာတယ္။ သူတို႔က စာသင္ခန္းအျပင္မွာ မတ္တပ္ရပ္ေနၾကတာျဖစ္ၿပီး ဒီစကားကိုၾကားလိုက္တဲ့ မိဘေတြက ခ်က္ခ်င္းဆိုသလို ရယ္ေမာလာကာ ႂကြားဝါေနသူ က်ီးက်ီးေလးကို ခ်ီးမြမ္းေနၾကေတာ့တယ္။
က်ီးက်ီးခမ်ာ တကယ္ခ်ီးက်ဴးေနတာလား ဒါမွမဟုတ္ စေနာက္ေနတာလားဆိုတာကိုေတာင္ မသိေလဘူး။ သူမ်ားေတြ သူ႔ကိုခ်ီးက်ဴးလာခ်ိန္မွာေတာ့ သူဒါကိုေပ်ာ္ေပ်ာ္ႀကီးလက္ခံလိုက္တယ္။
ေရွာင္းခ်ီမ်က္ႏွာေပၚမွာ ထူးဆန္းတဲ့ အၿပဳံးတခုရွိေနတယ္။ တဖက္လူက အားတင္းၿပဳံးေနရမွန္း ရွန္မုအန္းသိေနေပမဲ့ ဒီအခ်ိန္မွာ ဒီလိုၿပဳံးျပ႐ုံကလြဲလို႔ တျခားဘာလုပ္ႏိုင္ဦးမွာမို႔လို႔လဲ?
ေရွာင္းခ်ီမ်က္ႏွာေပၚက ဒီအၿပဳံးက တျဖည္းျဖည္း ေတာင့္တင္းလာခဲ့ေပမဲ့ သူ႔ႏႈတ္ခမ္းေတြကိုေတာ့ ေကြးၫႊတ္ထားဆဲပဲျဖစ္တယ္။ ရွန္မုအန္းက ဒါကိုသတိထားမိတာေၾကာင့္ သူၾကားျဖတ္လိုက္ၿပီး က်ီးက်ီးကို စာသင္ခန္းထဲသြားဖို႔ ေျပာလိုက္တယ္။
က်ီးက်ီးဝင္သြားတာကိုျမင္ရၿပီးမွ ေရွာင္းခ်ီလည္း ေနာက္ဆုံး စိတ္သက္သာရာရသြားေတာ့တယ္။ ထို႔ေနာက္ သူ႔မ်က္ႏွာအမူအရာ ေျပာင္းလဲသြားၿပီး တကယ့္အၿပဳံးအစစ္ကို ျပသလာခဲ့တယ္။
သူ႔ဦးေလးလက္ကိုကိုင္ထားၿပီး ေရွာင္းခ်ီရဲ႕အၿပဳံးႀကီးကို ျမင္လိုက္ရတဲ့ ခ်ဴစစ္ယြမ္ေလးခမ်ာ လန႔္ျဖန႔္ၿပီး ခ်ဴယီ့ေနာက္မွာ ပုန္းလိုက္မိတယ္၊ သူက ထိတ္လန႔္ေၾကာက္႐ြံ႕ေနတဲ့ ယုန္ေလးတေကာင္နီးနီးေလာက္ကို ျမန္ဆန္လွတယ္။
"..." ခ်ဴယီ သူ႔တူေလးကို သံသယအနည္းငယ္နဲ႔ တခ်က္လွမ္းၾကည့္လိုက္တယ္၊ ၿပီးမွ ေရွာင္းခ်ီကိုၾကည့္လိုက္ရင္း ဒီႏွစ္ေယာက္ၾကားမွာ သူ မသိေသးတာ တခုခုျဖစ္သြားေသးလို႔မ်ားလား?
ခ်ဴစစ္ယြမ္ရဲ႕တုံ႔ျပန္မႈကိုျမင္ရခ်ိန္မွာ ေရွာင္းခ်ီလည္း စိတ္ရႈပ္သြားရတယ္။ ကမာၻေျမတုန္ဟီးရေလာက္တဲ့အထိ အရမ္းႀကီးေခ်ာေမာေနတာမ်ိဳး မဟုတ္ေပမဲ့လို႔ သူလည္း အေတာ္ေလး ၾကည့္ေကာင္းတဲ့သူပါပဲ။ ဒီကေလးက သူ႔ကိုၾကည့္ၿပီး ဘာလို႔ ဒီေလာက္ေတာင္ေၾကာက္သြားရတာလဲ?
"စစ္ယြမ္" ရွန္မုအန္း ခ်ဴစစ္ယြမ္ရဲ႕နာမည္ကို ေအာ္ေခၚလိုက္ေတာ့ ေကာင္ငယ္ေလးက သူ႔ဦးေလးေနာက္ကေန ေခါင္းတျခမ္းျပဴထြက္လာၿပီး ႏႈတ္ဆက္လိုက္တယ္၊ "ဆရာအန္းအန္း"
ေရွာင္းခ်ီမ်က္ႏွာကို ျမင္လိုက္တာနဲ႔ ခ်ဴစစ္ယြမ္ရဲ႕အမူအရာက ႐ုတ္ျခည္းဆိုသလို အလြန္အမင္း ေဖာ္ေ႐ြမႈမရွိသလို ျဖစ္သြားေတာ့တယ္။
"ဟမ့္!"
ေရွာင္းခ်ီတေယာက္ ခ်ဴစစ္ယြမ္ကို သူဘယ္လိုရန္စခဲ့မိမွန္းေတာင္ မမွတ္မိေတာ့ဘူး။
ရွန္မုအန္းက ေရွာင္းခ်ီရဲ႕နားထံ တိုးကပ္လာၿပီး တီးတိုးေျပာလာတယ္၊ "အရင္တေခါက္က ခင္ဗ်ား သူ႔မ်က္ႏွာကို ဆြဲညႇစ္လိုက္တယ္ေလ၊ အဲ့ဒါကို သူမွတ္မိေနတုန္းပဲ"
ေရွာင္းခ်ီ ေနာက္ဆုံးေတာ့ သေဘာေပါက္သြားၿပီျဖစ္တယ္၊ ဒါ့ေၾကာင့္ကိုး!
"အိုး၊ စိတ္မဆိုးပါနဲ႔ကြာ၊ အဲ့တုန္းက ငါမင္းမ်က္ႏွာကို အသာေလးပဲ ညႇစ္လိုက္မိတာမဟုတ္ဘူးလား? ျပန္လုပ္ခ်င္တယ္ဆိုရင္လဲ ဒီမွာ ေရွာင္း႐ူက်ီးရဲ႕မ်က္ႏွာကိုသာ ဆြဲညႇစ္ပစ္လိုက္ေတာ့" ေရွာင္းခ်ီက အလြန္တရာ ရက္ေရာစြာ ေျပာလာၿပီး သူ႔သားကို ခ်က္ခ်င္း ထုတ္ေရာင္းလိုက္ပါေတာ့တယ္။
"သားကိုဆြဲညႇစ္ခိုင္းရင္ေတာင္မွ သားက လုပ္မွာမဟုတ္ဘူး" ခ်ဴစစ္ယြမ္က စိတ္ပ်က္သလိုအၾကည့္နဲ႔ေျပာလာၿပီး ေရွာင္းခ်ီထံ စကားတခြန္း ထုတ္ေျပာလိုက္တယ္၊ "ထူးဆန္းတဲ့ ဦးေလးႀကီး!" ခ်ဴယီ့ေနာက္မွာပဲ သူဆက္ပုန္းေနရင္း တစုံတေယာက္က သူ႔ကိုအားေပးလာခဲ့ရင္ သူက ပိုၿပီးေတာ့ေတာင္ သတၱိရွိလာလိမ့္မယ္လို႔ ခံစားေနရတယ္။
ဒီအျခင္းအရာက ခ်ဴယီ့ကို အံ့ဩသြားေစတယ္။ ေရွာင္းမိသားစုမွ ေရွာင္းခ်ီဆိုသူက နည္းနည္းေလး ကေလးဆန္တယ္လို႔ သူ မၾကာခဏၾကားဖူးခဲ့ေပမဲ့ ကေလးေတြကိုပါ ျပႆနာရွာတတ္လိမ့္မယ္လို႔ေတာ့ သူထင္မထားခဲ့မိဘူး။
ေသခ်ာတာေပါ့၊ တကယ္ႀကီး ကေလးဆန္တာပဲ။
တကယ္လို႔ အလုပ္ခြင္မွာဆိုရင္ေတာ့ မင္းအေနနဲ႔ ကေလးဆန္သူ မစၥတာေရွာင္းကို ေတြ႕ရမွာမဟုတ္ဘူး။
"ငါကလဲ မင္းညႇစ္တာမခံခ်င္ပါဘူးေနာ္!" ေရွာင္း႐ူက်ီး တံခါးဝက ခ်ဴစစ္ယြမ္ရဲ႕စကားေတြကိုၾကားလိုက္ရေတာ့ ေဒါသတႀကီး ေျပးထြက္လာၿပီး၊ ခါးေထာက္ကာ သူ႔အေဖကို ေျပာဆိုေတာ့တယ္၊ "ေဖေဖက လူဆိုးႀကီး၊ သားအိမ္ျပန္ေရာက္တာနဲ႔ ေမေမ့ကို တိုင္ေျပာမွာ! ေဖေဖ ဒီေန႔ ၾကမ္းေပၚမွာ အိပ္ရလိမ့္မယ္!"
ေရွာင္းခ်ီတေယာက္ ေရွာင္း႐ူက်ီးပါးစပ္ကို ကမန္းကတန္း ပိတ္လိုက္ရတယ္။ ဒီကေလးက စကားအရမ္းမ်ားတာပဲ၊ ဘာလို႔အကုန္ေလွ်ာက္ေျပာေနရတာလဲ?
ခ်ဴယီေတြးလိုက္မိတာက တခါတေလက်ရင္ ေကာလာဟလေတြက ေကာလာဟလခ်ည္းသက္သက္မဟုတ္ဘဲ အမွန္ေတြလည္း ျဖစ္ႏိုင္တယ္ဟူ၍ပင္။
"ေကာင္းၿပီ၊ စာသင္ခန္းထဲသြားေတာ့" ခ်ဴယီတေယာက္ ခ်ဴစစ္ယြမ္ရဲ႕ေခါင္းကိုထိၿပီး သူ႔ကိုေျပာလိုက္တယ္။
ခ်ဴစစ္ယြမ္ ေရွာင္းခ်ီအား သတိႀကီးစြာ ၾကည့္ေနမိတယ္၊ ထို႔ေနာက္ ခ်ဴယီ့အေနာက္ကေန ရွန္မုအန္းအေနာက္ကို အလ်င္အျမန္ ေ႐ႊ႕သြားၿပီး ရွန္မုအန္းနဲ႔ သူ႔တကိုယ္လုံးကို ေကာ္နဲ႔ကပ္မတတ္ျဖစ္ေနခဲ့တယ္။ သို႔ေပသည့္ မေန႔က သူ႔ဦးေလးေျပာထားတာကို သတိရသြားခ်ိန္မွာေတာ့ ခ်ဴစစ္ယြမ္က ရွန္မုအန္းရဲ႕ေဘာင္းဘီကို ထပ္မဆြဲထားေတာ့ေခ်။
ရွန္မုအန္း စိတ္သက္သာရာစြာ သက္ျပင္းတခ်က္ခ်လိုက္မိၿပီး ကေလးႏွစ္ေယာက္ကို အတန္းထဲသို႔ ဦးေဆာင္ေခၚသြားကာ အျခားဆရာေတြဆီ ေခၚသြားေပးလိုက္တယ္။
ေရွာင္းခ်ီနဲ႔ ခ်ဴယီက မ်က္ႏွာတည္ႀကီးေတြနဲ႔ အျပင္မွာ စကားအနည္းငယ္ေျပာဆိုေနၾကတယ္။ ႏွစ္ဖက္လုံးက တေယာက္ကိုတေယာက္ အကဲစမ္းေနၾကၿပီး တဖက္လူက ညႇိဳႏႈိင္းရသိပ္မလြယ္ဘဲ ဆီထဲဆားမေရာသလို ျဖစ္ေနတာကို သိလိုက္ရတာေၾကာင့္ ေပါ့ေပါ့ပါးပါး ရယ္ေမာေျပာဆိုရင္း စကားစျဖတ္လိုက္ရတယ္။ [ T/N : ဆီထဲဆားမေရာဆိုတာက ေခါင္းမာတာကိုေျပာခ်င္တာပါ။ ]
ေရွာင္းခ်ီတေယာက္ ခ်ဴယီနဲ႔ ရင္းႏွီးေအာင္ႀကိဳးစားရင္း အခ်ိန္ျဖဳန္းေနရတာကို တအားပ်င္းလာတာေၾကာင့္ သူႏႈတ္ဆက္ၿပီး ျပန္သြားေတာ့တယ္။
ခ်ဴယီက ျပန္ဖို႔ အလ်င္မလိုတာေၾကာင့္ ရွန္မုအန္း စာသင္ခန္းအျပင္ထြက္လာခ်ိန္ကို သူေစာင့္ေနခဲ့တယ္။
"မစၥတာခ်ဴ?" ရွန္မုအန္း အံ့အားသင့္စြာနဲ႔ ေခါင္းေမာ့ၿပီး သူ႔ေရွ႕က အရပ္ျမင့္ျမင့္နဲ႔လူကို ၾကည့္လိုက္မိတယ္။ ဒီလူက သူ႔ကိုေစာင့္ေနတာလား?
"ကြၽန္ေတာ့္ကို ခ်ဴယီလို႔ပဲေခၚပါ" ခ်ဴယီက ရွန္မုအန္းမ်က္ဝန္းေတြကို စကၠန႔္အနည္းငယ္ၾကာ စိုက္ၾကည့္ရင္း ေတာင္းပန္စကားေျပာကာ လွည့္ျပန္သြားခဲ့တယ္။
ရွန္မုအန္း စိတ္ရႈပ္ေထြးစြာ က်န္ေနရစ္ခဲ့တယ္။
ေနာက္ထပ္ကေလးတေယာက္ မေရာက္လာခင္အထိ ရွန္မုအန္း ခဏေလာက္ၾကာေအာင္ ေတြးေနမိတယ္။ သူၿပဳံးၿပီး ကေလးေတြကို ဦးေဆာင္ေခၚသြားေပးလိုက္တယ္။ ကေလးေတြအားလုံး အတန္းထဲေရာက္ၿပီးမွ သူစာသင္ခန္းဆီ ျပန္လာခဲ့တယ္။
ရွန္မုအန္း တာဝန္က်စာရင္းကိုကိုင္ကာ မတ္တပ္ရပ္ေနရင္း ကေလးအေရအတြက္ကို မွန္ မမွန္စစ္ေဆးၿပီးမွ ၎စာရင္းေပၚမွာ စာေၾကာင္းအနည္းငယ္ေရးကာ ေဘးဖယ္ထားလိုက္တယ္။
နံနက္ခင္းတိုင္း ကေလးေတြေရာက္လာတဲ့အခ်ိန္မွာ ပထမဦးဆုံးလုပ္ရတဲ့အရာက မေန႔က အိမ္မွာ ျဖစ္ပ်က္ခဲ့တာေတြကို မွ်ေဝဖို႔ပါပဲ၊ အဲ့ဒါက မူႀကိဳေက်ာင္းမွာ သူတို႔ဘာေတြလုပ္ခဲ့သလဲဆိုတာကို မိသားစုေတြနဲ႔ ျပန္လည္မွ်ေဝသလိုမ်ိဳးပါပဲ။
စာသင္ခန္းထဲမွာ အသံဗလံမ်ိဳးစုံ ျပည့္ႏွက္လို႔ေနတယ္။ ရွန္မုအန္းက သူတို႔ေလးေတြကို မေႏွာင့္လည္းမေႏွာင့္ယွက္သလို ရပ္တန႔္ဖို႔လည္း မေျပာခဲ့ဘူး။
စကားစျမည္ေျပာဆိုမႈအခ်ိဳ႕ တျဖည္းျဖည္း အားေပ်ာ့လာၿပီးေနာက္ ရွန္မုအန္းက ကေလးေတြရဲ႕ထိုင္ခုံေတြကို အေဝးမွာထားခိုင္းလိုက္ၿပီး သူတို႔ရဲ႕ခႏၶာကိုယ္ေလးေတြကို အတူတူ စတင္လႈပ္ရွားခိုင္းလိုက္တယ္။
က်ီးက်ီးက သူ႔ဗိုက္ပူပူေလးကိုထိလိုက္တယ္၊ ၿပီးမွ သူ႔ေဘးမွာ ခုန္ေပါက္ေနၾကတဲ့ အတန္းေဖာ္ေတြကိုၾကည့္ရင္း ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိသလိုနဲ႔ သူ႔လက္ေတြကို ေဝွ႔ယမ္းလိုက္တယ္။ မနက္က သူ မတရားစားထားလို႔ အခု သူေသခ်ာေတာင္ မခုန္ႏိုင္ေတာ့ဘူး။
ရွန္မုအန္းတေယာက္ လႈိင္းေလထန္ေနတဲ့ ေရျပင္မွာ ငါးမွ်ားေနတဲ့ က်ီးက်ီးကို ျမင္သြားခဲ့တယ္။ [ T/N : လႈိင္းေလထန္ေနတဲ့ ေရျပင္မွာ ငါးမွ်ားတယ္ဆိုတာက က်ဥ္းထဲက်ပ္ထဲေရာက္ေနတဲ့ တစုံတေယာက္ကို ဆိုလိုခ်င္တာပါ။ ]
ေရွာင္း႐ူက်ီးတေယာက္ ရွန္မုအန္းက သူ႔ကိုၾကည့္ေနတာကိုေတြ႕သြားေတာ့ သူ႔အား ခ်ိဳသာစြာ ၿပဳံးျပလိုက္ၿပီး သူ႔ရဲ႕ခ်စ္စဖြယ္ဟန္ပန္ေလးကိုသုံးကာ စစ္ေဆးခ်က္ကို ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားလိုက္တယ္။
သူ႔ရဲ႕ဗိုက္ပူပူေလးကိုၾကည့္ရင္း ခုန္ေပါက္ဖို႔ေတာင္ အေတာ္ေလး ခက္ခဲေလာက္တယ္လို႔ ရွန္မုအန္းခံစားမိတာေၾကာင့္ သူ ဒါကိုမျမင္ခ်င္ေယာင္သာေဆာင္လိုက္ေတာ့တယ္။
ကေလးတသိုက္ကို ေလ့လာစူးစမ္းေနရင္း၊ ခ်ဴစစ္ယြမ္တေယာက္ သူ႔ေရွ႕က ကေလးတေယာက္လုပ္သလိုမ်ိဳး ေသခ်ာေလး အေလးအနက္ထားၿပီး လိုက္လုပ္ေနခဲ့တယ္၊ သို႔ေပမဲ့ သူ မသိလိုက္တာက သူ႔ေရွ႕က ကေလးက အမွားေတြလုပ္ေနမိတာေၾကာင့္ သူပါေရာၿပီး အမွားေတြလုပ္ေနမိတယ္ဆိုတာပါပဲ။
ဘယ္လိုဘဲျဖစ္ျဖစ္၊ ဒီလႈပ္ရွားမႈရဲ႕ဆိုလိုရင္းက ခႏၶာကိုယ္လႈပ္ရွားဖို႔သာျဖစ္တာေၾကာင့္ သူတို႔ေလးေတြ အမွားလုပ္မိတယ္ဆိုရင္ေတာင္ ကိစၥမရွိလွဘူး။ အရမ္းႀကီးမထူးဆန္းေနသေ႐ြ႕၊ ေနာက္ၿပီး အေနအထားက သူတို႔ေလးေတြရဲ႕ခႏၶာကိုယ္ကို မထိခိုက္သေ႐ြ႕ေတာ့ ရွန္မုအန္းက ထုံးစံအတိုင္း ေစာင့္ၾကည့္ျခင္းသေဘာထားကိုသာ က်င့္သုံးမွာပဲျဖစ္တယ္။
သူလည္း ဒါကိုစိတ္ဝင္စားဖို႔ေကာင္းတယ္လို႔ထင္တယ္ေလ။
ေနာက္ၿပီး ဒီ့ထက္ပိုခ်စ္ဖို႔ေကာင္းတာမ်ိဳး မရွိႏိုင္ေတာ့ဘူး။
တခ်ိန္တည္းမွာပဲ ဇီက်င္းၿမိဳ႕ျပည္သူ႔လုံၿခဳံေရးဗ်ဴ႐ိုရဲ႕ေလထုက အေတာ္ေလး ဆိုး႐ြားလို႔ေနတယ္။ သူတို႔ေတြ ထိုၿမိဳ႕ကေန လူသတ္သမားက ဇီက်င္းၿမိဳ႕ကို ထြက္ေျပးသြားၿပီဆိုတဲ့ အေၾကာင္းၾကားစာတေစာင္ကို လက္ခံရရွိခဲ့တယ္။
ဤလူသတ္သမားက အလြန္တရာ ရက္စက္ၾကမ္းၾကဳတ္တယ္! သူ႔သားေကာင္ေတြကို အႏိုင္က်င့္ေစာ္ကားခ်ိန္တိုင္း သူက ဗီဒီယို႐ိုက္ထားၿပီး အာ႐ုံစိုက္မႈရရွိေစဖို႔ရာ ၎ဗီဒီယိုကို အင္တာနက္ေပၚတင္ကာ ျပည္သူလူထုကို အထိတ္တလန႔္ျဖစ္ေအာင္ လုပ္ေဆာင္တာျဖစ္တယ္။
အထက္ကေန သူတို႔ကိုေပးလာတဲ့အမိန႔္က လူသတ္သမားကို တတ္ႏိုင္သမွ် အျမန္ဆုံးဖမ္းဖို႔ပဲျဖစ္တယ္။ သို႔ေပမဲ့ ၎လူသတ္သမားဆီမွာ အားေကာင္းတဲ့ တန္ျပန္စုံစမ္းေထာက္လွမ္းႏိုင္တဲ့ စြမ္းရည္တခုရွိေနတယ္။ အေလာင္းေတြအားလုံးကို ဂ႐ုတစိုက္ ကိုင္တြယ္ခဲ့ၾကေပမဲ့ လူသတ္သမားရဲ႕ DNA နဲ႔ အျခားသက္ဆိုင္ရာ အခ်က္အလက္ေတြကိုေတာ့ ဘယ္ေနရာမွရွာမေတြ႕ခဲ့ေခ်။
ကံအားေလ်ာ္စြာနဲ႔ပဲ တခါတုန္းက သံသယရွိသူ လူသတ္သမားရဲ႕ေနာက္ေက်ာကိုျမင္ခဲ့တဲ့ မ်က္ျမင္သက္ေသတဦးရွိခဲ့တယ္။ သဲလြန္စ အေသးအမႊားေလးသာျဖစ္ေသာ္ျငား အတားအဆီးေတြကို ထိုးေဖာက္ေက်ာ္လႊားႏိုင္ေနဆဲပင္။
မႈခင္းျဖစ္ပြားရာေနရာကေန ရရွိခဲ့တဲ့ အခ်က္အလက္ေတြနဲ႔ ဓာတ္ပုံအခ်ိဳ႕ကေန ေကာက္ခ်က္ခ်ရမယ္ဆိုရင္ "ဒီလူသတ္သမားက အာ႐ုံစိုက္ခံရတာကို ေက်နပ္ေနပုံရတယ္"
"ဘာလို႔ဒီလိုေျပာႏိုင္တာလဲ?" ထိပ္ဆုံးခုံမွာထိုင္ေနတဲ့ ဒါ႐ိုက္တာေကာင္းက ေမးလာတယ္။
ရွန္ဖန္းခ်ီ အဘက္ဘက္က႐ိုက္ကူးထားတဲ့ နစ္နာသူေတြရဲ႕ဓာတ္ပုံအေျမာက္အမ်ားကို ယွဥ္ျပလိုက္တယ္၊ "လူသတ္သမားက နစ္နာသူေတြ သူ႔ကိုၾကည့္ေနတာကို သေဘာက်တယ္။ ဗီဒီယိုတင္တာကလဲ အင္တာနက္သုံးစြဲသူေတြ သူ႔ကိုၾကည့္ေအာင္လုပ္ခ်င္လို႔ပဲ"
"ဒါေၾကာင့္ ဒီလူရဲ႕ရည္႐ြယ္ခ်က္က ေသခ်ာေပါက္ သတ္ဖို႔ခ်ည္းမဟုတ္ဘဲ တျခားသူေတြအာ႐ုံစိုက္လာတာကို လိုခ်င္တာပါပဲ" ရွန္ဖန္းခ်ီက အခ်က္အလက္ေတြနဲ႔ သူ႔ကိုယ္ပိုင္အေတြ႕အႀကဳံကို အေျခခံၿပီး ခြဲျခမ္းစိတ္ျဖာခဲ့တယ္။
"မင္းရဲ႕သုံးသပ္ခ်က္က မွန္ကန္ပါတယ္။ ေနာက္တၿမိဳ႕က မႈခင္းဆိုင္ရာ စိတ္ပညာပါေမာကၡကလဲ ဒီလိုပဲေျပာလာတာပဲ၊ ဒါေပမဲ့ အမ်ားျပည္သူ အထိတ္တလန႔္ျဖစ္မွာကို စိုးရိမ္ရတဲ့အတြက္ ဒီကိစၥနဲ႔ပတ္သက္တဲ့ သတင္းေတြကို ထိန္းခ်ဳပ္ထားၿပီးေတာ့ ဗီဒီယိုကို ဖ်က္ပစ္ခဲ့တယ္" ဒါ႐ိုက္တာေကာင္းက သူ႔ေရွ႕မွာရွိေနတဲ့ အခ်က္အလက္ေတြကို လွန္ေလွာၾကည့္ေနတယ္။
"အဲ့တာက တဖက္လူကို ျပစ္မႈေတြ ပိုၿပီးေတာ့ ႐ူး႐ူးမိုက္မိုက္ က်ဴးလြန္ေအာင္ပဲလုပ္မိသြားမွာ!" ရွန္ဖန္းခ်ီ ဒါကိုၾကားလိုက္ေတာ့ ခ်က္ခ်င္း မတ္တပ္ထရပ္လိုက္ၿပီး "ဗ်ဴ႐ိုက ဘယ္လိုေတြေတြးေနတာလဲ၊ ဒီလူက အာ႐ုံပိုစိုက္ခံရဖို႔အတြက္ ျပစ္မႈေတြ ဆက္ၿပီးက်ဴးလြန္လိမ့္မယ္!"
"ဒါေပမဲ့..." ဒါ႐ိုက္တာေကာင္း တုံ႔ဆိုင္းေနမိတယ္။ "ငါတို႔ဘာလုပ္သင့္တယ္လို႔ မင္းထင္လဲ?"
"ဖိအားေပး႐ုံတင္မကဘူး၊ ေလလုံးထြားတဲ့ မီဒီယာေတြကပါ သူလူလုံးထြက္ျပလာေအာင္ လႈံ႕ေဆာ္ေပးရမယ္" ရွန္ဖန္းခ်ီ အစီအစဥ္တခုကို အလ်င္အျမန္ ခ်ျပလာတယ္။
ဤအစီအစဥ္အား ဒါ႐ိုက္တာေကာင္းမွ ခ်က္ခ်င္း ပယ္ခ်လိုက္တယ္။
ရွန္ဖန္းခ်ီ ဆက္ေျပာခ်င္ေပမဲ့ ဒါ႐ိုက္တာက သူ႔ကိုဟန႔္တားလာခဲ့တယ္။
"ငါျပန္စဥ္းစားအုံးမယ္..." ဒါ႐ိုက္တာေကာင္းက ေျပာတယ္။
ယင္းလူသတ္မႈေၾကာင့္ ရဲစခန္းက ဘတ္စ္ကားမွတ္တိုင္ေတြ၊ ရထားဘူတာ႐ုံေတြ၊ ေလဆိပ္ေတြ အစရွိတဲ့ ယာဥ္အသြားအလာလမ္းေၾကာင္းေတြကို စုံစမ္းစစ္ေဆးဖို႔ အမႈထမ္းေတြကို စတင္တပ္ျဖန႔္ခ်ထားခဲ့တယ္။ သို႔ေပသည့္ ရွန္ဖန္းခ်ီကေတာ့ အဲ့ဒါက ထိေရာက္မႈမရွိဘူးလို႔ ခံစားေနရတယ္။
ည ၈ နာရီအခ်ိန္မွာ ရွန္ဖန္းခ်ီက အခ်ိန္ပိုအလုပ္ဆင္းေနဆဲပဲျဖစ္တယ္။ ရွန္မုအန္းကေတာ့ အခုေလးတင္ မူႀကိဳေက်ာင္းကေန ထြက္လာခဲ့ၿပီျဖစ္တယ္။ ဒီေန႔မနက္တုန္းက သူ႔စက္ဘီးပ်က္ေနတာကို သိလိုက္ရတာေၾကာင့္ ၎ကို စက္ဘီးျပင္ဆိုင္မွာ သြားအပ္ထားလိုက္တယ္။ အခု သူအိမ္ကိုမျပန္ခင္ ဒီစက္ဘီးကို ဝင္ယူရမွာျဖစ္တယ္။
လမ္းေလွ်ာက္ရင္း ရွန္မုအန္း တခုခုမွားေနၿပီလို႔ ခံစားေနရတယ္။ သူေနာက္လွည့္ၾကည့္လိုက္ေတာ့ ဘယ္သူမွမရွိျပန္ဘူး...
သို႔ေပမဲ့ ရွန္မုအန္းရဲ႕အလိုလိုသိစိတ္က သူ႔ကိုေျပာျပေနတာကေတာ့ တေယာက္ေယာက္ သူ႔ေနာက္လိုက္လာၿပီဟူ၍ပင္။