အခန်း ၁၄၇။ သူမကို တန်ဖိုးထားတယ်
သို့သော် မုပိုင်ကလည်း သူမ ရှင်းဟယ်ကို ဆက်ဆံလိုက်သလို ပြန်လုပ်လိုက်သည်။ သူ့မျက်လုံးများက ရှင်းဟယ်ကိုသာ ကြည့်နေပြီး “မင်း ကိုယ်နဲ့ ဘာဆွေးနွေးချင်လို့လဲ” ဟု မေးလိုက်သည်။
ဆွေးနွေးသင့်သော အချိန်လွန်သွားတာကြောင့် ရှင်းဟယ် ဆက်မပြောချင်တော့ပေ။
“ဘာမှမဟုတ်တော့ပါဘူး”
သူမ လေသံ အတော်လေး ပြောင်းသွားသည်။ ချူထျန်းရှင်း ရုတ်ခြည်း ပေါ်လာသဖြင့် သူမ စကားလျှိုလိုက်သည်မှာ သိသာနေသည်။
မုပိုင် ထျန်းရှင်းကို ကြည့်ကာ “အပြင်မှာ သွားစောင့်နေ၊ ငါတို့ ဒီမှာ ဆွေးနွေးစရာရှိလို့” ဟု အမိန့်ပေးလိုက်သည်။
ထျန်းရှင်း မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နှုတ်ခမ်း စူတော့သည်။
“ကျွန်မ ဝင်ပြောလို့ မရလောက်တဲ့အထိ ဘာအရေးကြီး ကိစ္စမို့လို့လဲ”
မည်သူမျှ သူမကို ပြန်မဖြေချေ။ သူမ နေရခက်သွား၍ ပြုံးပြလိုက်ပြီး “ကောင်းပါပြီ၊ ကျွန်မ ရှင့်ကို အပြင်ကနေ စောင့်နေမယ်နော်၊ မုပိုင်” ဟု ပြောလိုက်သည်။
သူမ ထွက်သွားစဉ် အလိုက်သိသိဖြင့် တံခါးကို ပြန်ပိတ်ပေးသွားသည်။
သို့သော် တံခါးကို ပိတ်ပြီးသည်နှင့် သူမ မျက်နှာ အချိုးပြောင်းသွားသည်။
မုပိုင် ထပ်မေးလာသည်။ “ကိုယ့်ကို ပြောလေ၊ ဘာဆွေးနွေးချင်လို့လဲ”
သူ သူမအတွက်နှင့် ထျန်းရှင်းကို အပြင်ထွက်သွားခိုင်းလောက်သည့်အထိသူမကို အရမ်း တန်ဖိုးထားလိမ့်မည်ဟု ရှင်းဟယ် မထင်ခဲ့ချေ။
သို့သော် တကယ့်ကိုပင် ပြောသင့်သည့် အချိန်ကျော်လွန်သွားပြီးဖြစ်သည်။
“တကယ်တော့ အဲဒါက တကယ် ဘာမှမဟုတ်ပါဘူး။ နောက်မှ တွေ့ကြမယ်လေ” ဟု ရှင်းဟယ် ပြန်ဖြေလိုက်ပြီး သူမ ဆက်ပြောတော့မည် မဟုတ်ကြောင်းမုပိုင်သိလေသည်။
နောက်ဆုံးအနေနဲ့ သူမကို သူ ကြည့်သွားပြီး “အိုကေ၊ မင်း ပြောချင်လာတဲ့အချိန်မှ ကိုယ့်ကို လာရှာပေါ့” ဟု ပြောလေသည်။
ထို့နောက် သူ လှည့်ပြန်သွားသည်။
သူ ရှင်းဟယ်အခန်းထဲမှ ထွက်လာသည်ကိုမြင်သော် အပြင်ဖက်၌ စောင့်နေသော ထျန်းရှင်းက ပြုံးလိုက်သည်။ “မုပိုင်၊ ဒီလောက် မြန်မြန်နဲ့ ဆွေးနွေးလို့ပြီးသွားတာလား”
မုပိုင်က သူ့ကို ပြန်မဖြေချေ၊ သူမကို ကျော်ကာ ထွက်ပေါက်သို့ သွားလေသည်။
ထျန်းရှင်း သူ့နောက် အပြေးလိုက်သွား၏။ “မုပိုင်၊ ကျွန်မကို စောင့်ဦး…”
သူတို့၏ ခြေသံကို မကြားရတော့မှသာ မုပိုင် စဝင်လာကတည်းက နိုးနေသောရှကျီက အိပ်ရာဘေးနားမှ ထလာသည်။ “အစ်မ၊ အစ်မ မုပိုင်နဲ့ ဘာဆွေးနွေးချင် လို့လဲ”
သူ တကယ် သိချင်နေသည်။
သူ့ကို ပြန်ဖြေမရှိ၊ ရှင်းဟယ်က ပြန်မေးလိုက်သည်။ “ရှောင်းမော့ ဘယ်လိုနေသေးလဲ”
“အစ်ကိုရှောင်းကတော့ ကောင်းပါတယ်။ သူ စောနကတောင် အစ်မကို လာကြည့်သွားသေးတယ်။ ဒါပေမဲ့ လူတစ်ယောက်အတွက်ကတော့ အခြေအနေ မဟန်ဘူး” ရှကျီ မြူးတူးစွာ ပြုံးလိုက်သည်။ သူတစ်ပါး စိတ်မချမ်းသာနေရတာကို မပျော်သင့်ဟူ၍ ရှင်းဟယ်ကို သူ့ကို ဆူလိုက်လေသည်။
သို့သော် သူ ဘယ်သူ့ကို ရည်ရွယ်မှန်း ချက်ချင်းသိလိုက်သည်။ “နင် ရှဝူရွှမ်းကို ပြောနေတာလား”
“ဘယ်လိုလုပ် သိတာလဲ” ရှကျီ မျက်နှာ ညှိုးသွား၏။
“အစ်မ၊ အချိန်တိုင်း သူများရဲ့ အပျော်ကို မခိုးနဲ့လေဗျာ။ ပျော်စရာမကောင်းတော့ဘူး။ ဒီလို ပုံစံနဲ့ ရည်းစားဘယ်လို ရှာမလဲဗျာ”
ရှင်းဟယ် သူ့ကို လျစ်လျူရှုလိုက်ပြီး တိုက်ရိုက် မေးလိုက်သည်။ “ရှဝူရွှမ်း ဘာဖြစ်သွားလို့လဲ”
“သူမ…” ရှကျီ ဖြေလုဆဲဆဲတွင် ရဲနှစ်ယောက် အခန်းထဲသို့ ဝင်လာလေသည်။
သူတို့ ယဉ်ကျေးစွာ ပြောလာသည်။
“မစ္စရှ၊ ကျွန်တော်တို့ မေးခွန်းအချို့ မေးချင်လို့ပါ၊ အနားယူနေတာကို အနှောင့်အယှက်မဖြစ်ဘူးလို့ မျှော်လင့်မိပါတယ်”
ဝူရုန် (သို့) ချွေ့မင် အမှုများအကြောင်း မေးရန် ရောက်လာကြသည်ဟု
ရှင်းဟယ်နှင့် ရှကျီထင်နေသည်။
သို့သော် သူတို့ အတွေးမှားသွားသည်။
“မစ္စရှဝူရွှမ်းက မစ္စရှကို သူမ အသက်သေမလိုဖြစ်သွားတဲ့ မတော်တဆမှုကို နောက်ကွယ်က ကြိုးကိုင်သူအဖြစ် တရားစွဲဆိုထားလို့ပါ။ အဲဒါကြောင့် မနေ့က မစ္စရှ ဘာလုပ်နေလဲဆိုတာကိုမေးဖို့ ကျွန်တော်တို့ ရောက်လာရတာပါ…”
ရှကျီ ဒေါသထွက်သွားကာ “ကျွန်တော့်အစ်မက ဘယ်လိုလုပ် တရားခံဖြစ်မှာလဲ၊ ချွေ့မင်က တရားခံဆိုတာ သေချာနေတဲ့ဟာ” ဟု ပြန်ပြောလိုက်သည်။
ရဲလည်း ကူရာမဲ့စွာ ရယ်လိုက်သည်။ “အမှန်တိုင်းပြောရရင် ကျွန်တော်တို့လည်းတရားခံက ချွေ့မင်လို့ သံသယရှိတာပါ၊ ဒါပေမဲ့ ကားဒရိုင်ဘာက ဒါက မတော်တဆမှုလို့ပဲပြောပြီး ကျန်တာပြောပြဖို့ကို ငြင်းဆန်နေတယ်လေ။ တစ်ဖက်ကလည်း တရားခံက သူ့အစ်မပါဆိုပြီး မစ္စရှဝူရွှမ်းက အတင်းပြောနေတော့ ကျွန်တော်တို့လည်း မတတ်သာဘဲ အခုလို နှစ်ယောက်ကို လာနှောင့်ယှက် ရတာပါ…”
“ကျွန်မ ဘာမှမလုပ်ထားဘူး။ ကြိုက်တဲ့မေးခွန်း မေးနိုင်ပါတယ်” ရှင်းဟယ်က ပူးပေါင်းပေးလိုက်သည်။
ရှင်းဟယ်က ရဲများ၏ မေးခွန်းကို အမှန်တိုင်း ဖြေလိုက်သည်။
ရှင်းဟယ် တည်ငြိမ်သည်ကို ရဲများ မြင်လိုက်ရပြီး သူမကို သက်သေပြုပေးနိုင်သည့် မျက်မြင်သက်သေများလည်း ရှိတာကြောင့် သူတို့ မေးစရာရှိသည်များကို မေးပြီးနောက် ပြန်သွားကြလေသည်။
ရှကျီက ဒေါကန်နေဆဲပင်။
“ရှဝူရွှမ်းက တကယ် ဦးနှောက် မရှိတာပဲ။ သူ့ကို သတ်ချင်နေတာ ချွေ့မင်ဆိုတာ ဒီလောက် သိသာနေတာကို၊ ကျွန်တော်တို့ကို ဘာလို့ မဲနေရတာလဲ”
“သူသာ ချွေ့မင်ကို သံသယဝင်ရမယ်ဆိုရင် သူရူးသွားနိုင်လို့ပေါ့” ရှင်းဟယ် စောင်ကို ဖယ်ကာ ခုတင်ပေါ်မှ ဆင်းလိုက်သည်။
ရှကျီ အလျင်စလို မေးလိုက်သည်။ “အစ်မ၊ ဘာလုပ်တာလဲ”
...
Zawgyi
အခန္း ၁၄၇။ သူမကို တန္ဖိုးထားတယ္
သို႔ေသာ္ မုပိုင္ကလည္း သူမ ႐ွင္းဟယ္ကို ဆက္ဆံလိုက္သလို ျပန္လုပ္လိုက္သည္။ သူ႕မ်က္လုံးမ်ားက ႐ွင္းဟယ္ကိုသာ ၾကည့္ေနၿပီး “မင္း ကိုယ္နဲ႔ ဘာေဆြးေႏြးခ်င္လို႔လဲ” ဟု ေမးလိုက္သည္။
ေဆြးေႏြးသင့္ေသာ အခ်ိန္လြန္သြားတာေၾကာင့္ ႐ွင္းဟယ္ ဆက္မေျပာခ်င္ေတာ့ေပ။
“ဘာမွမဟုတ္ေတာ့ပါဘူး”
သူမ ေလသံ အေတာ္ေလး ေျပာင္းသြားသည္။ ခ်ဴထ်န္း႐ွင္း ႐ုတ္ျခည္း ေပၚလာသျဖင့္ သူမ စကားလွ်ိဳလိုက္သည္မွာ သိသာေနသည္။
မုပိုင္ ထ်န္း႐ွင္းကို ၾကည့္ကာ “အျပင္မွာ သြားေစာင့္ေန၊ ငါတို႔ ဒီမွာ ေဆြးေႏြးစရာ႐ွိလို႔” ဟု အမိန္႔ေပးလိုက္သည္။
ထ်န္း႐ွင္း မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ႏႈတ္ခမ္း စူေတာ့သည္။
“ကြၽန္မ ဝင္ေျပာလို႔ မရေလာက္တဲ့အထိ ဘာအေရးႀကီး ကိစၥမို႔လို႔လဲ”
မည္သူမွ် သူမကို ျပန္မေျဖေခ်။ သူမ ေနရခက္သြား၍ ျပဳံးျပလိုက္ၿပီး “ေကာင္းပါၿပီ၊ ကြၽန္မ ႐ွင့္ကို အျပင္ကေန ေစာင့္ေနမယ္ေနာ္၊ မုပိုင္” ဟု ေျပာလိုက္သည္။
သူမ ထြက္သြားစဥ္ အလိုက္သိသိျဖင့္ တံခါးကို ျပန္ပိတ္ေပးသြားသည္။
သို႔ေသာ္ တံခါးကို ပိတ္ၿပီးသည္ႏွင့္ သူမ မ်က္ႏွာ အခ်ိဳးေျပာင္းသြားသည္။
မုပိုင္ ထပ္ေမးလာသည္။ “ကိုယ့္ကို ေျပာေလ၊ ဘာေဆြးေႏြးခ်င္လို႔လဲ”
သူ သူမအတြက္ႏွင့္ ထ်န္း႐ွင္းကို အျပင္ထြက္သြားခိုင္းေလာက္သည့္အထိသူမကို အရမ္း တန္ဖိုးထားလိမ့္မည္ဟု ႐ွင္းဟယ္ မထင္ခဲ့ေခ်။
သို႔ေသာ္ တကယ့္ကိုပင္ ေျပာသင့္သည့္ အခ်ိန္ေက်ာ္လြန္သြားၿပီးျဖစ္သည္။
“တကယ္ေတာ့ အဲဒါက တကယ္ ဘာမွမဟုတ္ပါဘူး။ ေနာက္မွ ေတြ႕ၾကမယ္ေလ” ဟု ႐ွင္းဟယ္ ျပန္ေျဖလိုက္ၿပီး သူမ ဆက္ေျပာေတာ့မည္ မဟုတ္ေၾကာင္းမုပိုင္သိေလသည္။
ေနာက္ဆုံးအေနနဲ႔ သူမကို သူ ၾကည့္သြားၿပီး “အိုေက၊ မင္း ေျပာခ်င္လာတဲ့အခ်ိန္မွ ကိုယ့္ကို လာ႐ွာေပါ့” ဟု ေျပာေလသည္။
ထို႔ေနာက္ သူ လွည့္ျပန္သြားသည္။
သူ ႐ွင္းဟယ္အခန္းထဲမွ ထြက္လာသည္ကိုျမင္ေသာ္ အျပင္ဖက္၌ ေစာင့္ေနေသာ ထ်န္း႐ွင္းက ျပဳံးလိုက္သည္။ “မုပိုင္၊ ဒီေလာက္ ျမန္ျမန္နဲ႔ ေဆြးေႏြးလို႔ၿပီးသြားတာလား”
မုပိုင္က သူ႕ကို ျပန္မေျဖေခ်၊ သူမကို ေက်ာ္ကာ ထြက္ေပါက္သို႔ သြားေလသည္။
ထ်န္း႐ွင္း သူ႕ေနာက္ အေျပးလိုက္သြား၏။ “မုပိုင္၊ ကြၽန္မကို ေစာင့္ဦး…”
သူတို႔၏ ေျခသံကို မၾကားရေတာ့မွသာ မုပိုင္ စဝင္လာကတည္းက ႏိုးေနေသာ႐ွက်ီက အိပ္ရာေဘးနားမွ ထလာသည္။ “အစ္မ၊ အစ္မ မုပိုင္နဲ႔ ဘာေဆြးေႏြးခ်င္ လို႔လဲ”
သူ တကယ္ သိခ်င္ေနသည္။
သူ႕ကို ျပန္ေျဖမ႐ွိ၊ ႐ွင္းဟယ္က ျပန္ေမးလိုက္သည္။ “ေ႐ွာင္းေမာ့ ဘယ္လိုေနေသးလဲ”
“အစ္ကိုေ႐ွာင္းကေတာ့ ေကာင္းပါတယ္။ သူ ေစာနကေတာင္ အစ္မကို လာၾကည့္သြားေသးတယ္။ ဒါေပမဲ့ လူတစ္ေယာက္အတြက္ကေတာ့ အေျခအေန မဟန္ဘူး” ႐ွက်ီ ျမဴးတူးစြာ ျပဳံးလိုက္သည္။ သူတစ္ပါး စိတ္မခ်မ္းသာေနရတာကို မေပ်ာ္သင့္ဟူ၍ ႐ွင္းဟယ္ကို သူ႕ကို ဆူလိုက္ေလသည္။
သို႔ေသာ္ သူ ဘယ္သူ႕ကို ရည္႐ြယ္မွန္း ခ်က္ခ်င္းသိလိုက္သည္။ “နင္ ႐ွဝူ႐ႊမ္းကို ေျပာေနတာလား”
“ဘယ္လိုလုပ္ သိတာလဲ” ႐ွက်ီ မ်က္ႏွာ ညိႇဳးသြား၏။
“အစ္မ၊ အခ်ိန္တိုင္း သူမ်ားရဲ႕ အေပ်ာ္ကို မခိုးနဲ႔ေလဗ်ာ။ ေပ်ာ္စရာမေကာင္းေတာ့ဘူး။ ဒီလို ပုံစံနဲ႔ ရည္းစားဘယ္လို ႐ွာမလဲဗ်ာ”
႐ွင္းဟယ္ သူ႕ကို လ်စ္လ်ဴ႐ႈလိုက္ၿပီး တိုက္႐ိုက္ ေမးလိုက္သည္။ “႐ွဝူ႐ႊမ္း ဘာျဖစ္သြားလို႔လဲ”
“သူမ…” ႐ွက်ီ ေျဖလုဆဲဆဲတြင္ ရဲႏွစ္ေယာက္ အခန္းထဲသို႔ ဝင္လာေလသည္။
သူတို႔ ယဥ္ေက်းစြာ ေျပာလာသည္။
“မစၥ႐ွ၊ ကြၽန္ေတာ္တို႔ ေမးခြန္းအခ်ိဳ႕ ေမးခ်င္လို႔ပါ၊ အနားယူေနတာကို အေႏွာင့္အယွက္မျဖစ္ဘူးလို႔ ေမွ်ာ္လင့္မိပါတယ္”
ဝူ႐ုန္ (သို႔) ေခြၽ႕မင္ အမႈမ်ားအေၾကာင္း ေမးရန္ ေရာက္လာၾကသည္ဟု
႐ွင္းဟယ္ႏွင့္ ႐ွက်ီထင္ေနသည္။
သို႔ေသာ္ သူတို႔ အေတြးမွားသြားသည္။
“မစၥ႐ွဝူ႐ႊမ္းက မစၥ႐ွကို သူမ အသက္ေသမလိုျဖစ္သြားတဲ့ မေတာ္တဆမႈကို ေနာက္ကြယ္က ႀကိဳးကိုင္သူအျဖစ္ တရားစြဲဆိုထားလို႔ပါ။ အဲဒါေၾကာင့္ မေန႔က မစၥ႐ွ ဘာလုပ္ေနလဲဆိုတာကိုေမးဖို႔ ကြၽန္ေတာ္တို႔ ေရာက္လာရတာပါ…”
႐ွက်ီ ေဒါသထြက္သြားကာ “ကြၽန္ေတာ့္အစ္မက ဘယ္လိုလုပ္ တရားခံျဖစ္မွာလဲ၊ ေခြၽ႕မင္က တရားခံဆိုတာ ေသခ်ာေနတဲ့ဟာ” ဟု ျပန္ေျပာလိုက္သည္။
ရဲလည္း ကူရာမဲ့စြာ ရယ္လိုက္သည္။ “အမွန္တိုင္းေျပာရရင္ ကြၽန္ေတာ္တို႔လည္းတရားခံက ေခြၽ႕မင္လို႔ သံသယ႐ွိတာပါ၊ ဒါေပမဲ့ ကားဒ႐ိုင္ဘာက ဒါက မေတာ္တဆမႈလို႔ပဲေျပာၿပီး က်န္တာေျပာျပဖို႔ကို ျငင္းဆန္ေနတယ္ေလ။ တစ္ဖက္ကလည္း တရားခံက သူ႕အစ္မပါဆိုၿပီး မစၥ႐ွဝူ႐ႊမ္းက အတင္းေျပာေနေတာ့ ကြၽန္ေတာ္တို႔လည္း မတတ္သာဘဲ အခုလို ႏွစ္ေယာက္ကို လာေႏွာင့္ယွက္ ရတာပါ…”
“ကြၽန္မ ဘာမွမလုပ္ထားဘူး။ ႀကိဳက္တဲ့ေမးခြန္း ေမးႏိုင္ပါတယ္” ႐ွင္းဟယ္က ပူးေပါင္းေပးလိုက္သည္။
႐ွင္းဟယ္က ရဲမ်ား၏ ေမးခြန္းကို အမွန္တိုင္း ေျဖလိုက္သည္။
႐ွင္းဟယ္ တည္ၿငိမ္သည္ကို ရဲမ်ား ျမင္လိုက္ရၿပီး သူမကို သက္ေသျပဳေပးႏိုင္သည့္ မ်က္ျမင္သက္ေသမ်ားလည္း ႐ွိတာေၾကာင့္ သူတို႔ ေမးစရာ႐ွိသည္မ်ားကို ေမးၿပီးေနာက္ ျပန္သြားၾကေလသည္။
႐ွက်ီက ေဒါကန္ေနဆဲပင္။
“႐ွဝူ႐ႊမ္းက တကယ္ ဦးေႏွာက္ မ႐ွိတာပဲ။ သူ႕ကို သတ္ခ်င္ေနတာ ေခြၽ႕မင္ဆိုတာ ဒီေလာက္ သိသာေနတာကို၊ ကြၽန္ေတာ္တို႔ကို ဘာလို႔ မဲေနရတာလဲ”
“သူသာ ေခြၽ႕မင္ကို သံသယဝင္ရမယ္ဆိုရင္ သူ႐ူးသြားႏိုင္လို႔ေပါ့” ႐ွင္းဟယ္ ေစာင္ကို ဖယ္ကာ ခုတင္ေပၚမွ ဆင္းလိုက္သည္။
႐ွက်ီ အလ်င္စလို ေမးလိုက္သည္။ “အစ္မ၊ ဘာလုပ္တာလဲ”
...