ဒီချစ်စရာလေးကို ပြုစုပျိုးထော...

By PoRoRo0812

480K 82.3K 1.5K

Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Cre... More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အပိုင်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
No Update
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁ (final)
Extra 1
Extra 2

အခန်း ၂၅

6K 1.1K 12
By PoRoRo0812

Raising You This Small Stuff

Unicode

အခန်း ၂၅: ဒူဒူက ကစားသမားတွေ မပြောင်းချင်ဘူး

ပြတင်း​ပေါက်​​လေး​က အနည်းငယ် နိမ့်ကျသွားခဲ့သည်​။

မိုရိယန်ရဲ့မျက်လုံးများရှေ့တွင် ချန်ကျောင်ရဲ့ ထိတ်လန့်နေတဲ့မျက်နှာက တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည် ။

မိုရိယန်က သူ့ညီလေးရဲ့လက်ထောက်ကို ဒီလောက်နီးတဲ့အကွာအဝေးကနေ ကြည့်မိတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဒီမျက်နှာက…. ရုတ်တရက် သူ့ရဲ့ခေါင်းထဲတွင် ဓားဖြင့်ထိုးလိုက်သလို နာကျင်မှုကို ခံစားလိုက်ရပြီး မနေနိုင်တော့ပဲ မျက်လုံးတွေကို ခဏမှိတ်လိုက်သည်။

ချန်ကျောင်ရဲ့တစ်ကိုယ်လုံး အေးခဲသွားပြီး စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်သည်။ "Mr. မို တစ်ခုခုများမှားနေလို့လား"

မိုရိယန်က အနည်းငယ် ဦးညွတ်ပြီး စိတ်တည်ငြိမ်အောင်ထားဖို့ သူ့ကိုယ်သူပြောကာ ချန်ကျောင်ရဲ့မျက်နှာကို  ထပ်ကြည့်လိုက်ပြီး... ပုံမှန်အတိုင်း အသိပြန်ဝင်သွားပုံရသည်။ နှစ်စက္ကန့်လောက် ရပ်နေပြီးနောက် သူက ပြောလိုက်သည်။ 

"ချင်ဟယ်နဲ့ကိစ္စမှာ ငါတို့ မင်းကို အမှားလုပ်မိသွားတယ်။ ဖျော်ဖြေရေး အသိုင်းအဝိုင်းက ဒီလိုပဲမို့ သိပ်အများကြီး မတွေးပါနဲ့ ရိချန်ကိုသာ ဂရုစိုက်ပေးပါ"

ဒါက... သူ့ကို နှစ်သိမ့်နေတာလား။ ချန်ကျောင်က တောင့်တင်းစွာ ခေါင်းညိတ်ပြလိုက်သည်။ 

 "ကောင်းပါပြီ"

"သွားတော့လေ လမ်းမှာဖြည်းဖြည်းမောင်းကြဦး" ထိုသို့ပြောပြီးနောက် မိုရိယန်က လှည့်ထွက်သွားခဲ့သည်။

ချန်ကျောင်က မိုရိယန်ရဲ့နောက်ကျောကို ငေးကြည့်ရင်း လေအေးတွေ တိုက်ခတ်ကာ အသိစိတ်ပြန်မဝင်လာခင်အထိ  နှစ်စက္ကန့်လောက် အေးခဲနေခဲ့သည်။ သူက ကျေးဇူးတင်ကြောင်း အမြန်ပြောကာ ပြတင်းပေါက်ပိတ်ဖို့တောင် မေ့သွားပြီး ကားကို မောင်းထွက်လာခဲ့သည်။

ကားထဲတွင် လူနှစ်ယောက်သာကျန်တော့သည်။

ချန်ကျောင်ကို ရှောင်ဖို့ မလိုတာကြောင့် မိုရိချန်က သူ့ဖုန်းကို ထုတ်လိုက်ကာ ဂိမ်းမျက်နှာပြင်ထဲသို့ နှိပ်လိုက်သည်။

ယွမ်းစွော်က တကယ်ကို ဆိုဖာပေါ်တွင် ပုံဆွဲဘုတ်ပြားကို ကိုင်ထားရင်း နာခံစွာဖြင့် ထိုင်နေပြီး ပုံဆွဲဖို့ အာရုံစိုက်နေကာ သူ့ဘေးတွင် တစ်ဝက်လောက်စားထားတဲ့ သစ်သီးပန်းကန်ပြားတစ်ချပ် ရှိနေပြီး သူ့ရဲ့နေ့လည်စာထမင်းဗူးက တဝက်သာ ကုန်သေးသည်။ မိုရိချန်က အသေးလေးက အားလုံးနီးပါး စားလို့ဝသွားပြီလို့ ယူဆလိုက်တာကြောင့် ညနေဘက်တွင် နွားနို့အနည်းငယ် ထပ်မံပြင်ဆင်ပေးဖို့ လိုအပ်သည်။

"မိုရိချန် မင်းပြန်လာပြီ!"

 ယွမ်းစွော်က မိုရိချန်ကို မြင်တဲ့အခါ ပုံဆွဲဘုတ်ပြားကို အမြန်ချလိုက်ပြီး ဆိုဖာပေါ်တွင် မတ်တပ်ရပ်လိုက်သည်။

မိုရိချန်က နားကြပ်တပ်ထားပြီး ချန်ကျောင်က ယွမ်းစွော်ရဲ့စကားတွေကို ကြားမှာမကြောက်ပေ။

သူကမေးလိုက်သည်။

 "ဒီနေ့ ကျောင်းမှာ ဘယ်လိုလဲ"

ယွမ်းစွော် : "အဲ့ဒါက...ကောင်းတယ်"

မိုရိချန်က သူ့လုပ်ဆောင်ချက်က မှားနေပြီး ဖိုဖေးလို့ခေါ်တဲ့ elfကို ခွဲထုတ်ဖို့ ပျက်ကွက်ခဲ့တာ ဒါမှမဟုတ် ထပ်ပြီး ပြဿနာတက်သွားခဲ့တာလို့ ထင်သွားကာ စိုးရိမ်စိတ်ဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ  တစ်ယောက်ယောက်က မင်းကို ထပ်ပြီး အနိုင်ကျင့်လိုက်လို့လား"

ယွမ်းစွော်က သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "မဟုတ်ဘူး....ဘယ်သူမှ ကျွန်တော့်ကို အနိုင်ကျင့်တာ မဟုတ်ပါဘူး။ ဒီနေ့ အတန်းထဲမှာ ကောင်းကောင်းမလုပ်နိုင်ခဲ့လို့ပါ"

မိုရိချန်က စိတ်အေးသွားပြီး သူ့မျက်ခုံးတွေကို ပင့်လိုက်သည်။ 

"မင်း ဗိုက်အရမ်းပြည့်သွားလို့ အိပ်ငိုက်သွားတာလား"

"မဟုတ်ပါဘူး ဒူဒူက အိပ်မငိုက်ပါဘူး" ထမင်းစားပြီးရင် နေ့ခင်းဘက် နည်းနည်းအိပ်ချင်တတ်ပေမယ့် သူက အမြန်ပြန်လည်တက်ကြွလာတတ်သည်။ "အဲ့ဒါ  အာရုံမစိုက်ခဲ့မိလို့... ဆရာမက အတန်းထဲမှာ ကျွန်တော့်နာမည်ကို ခေါ်ခဲ့တယ်"

ဒါဆို အကြောင်းရင်းက ဒါပဲပေါ့။ မိုရိချန်ရဲ့ သွယ်လျတဲ့လက်ချောင်းတွေက ဖန်သားပြင်ပေါ်မှ ယွမ်းစွော်ရဲ့ခေါင်းကို အလေးအနက်ထားနေဟန်ဆောင်ပြီး ထိုလိုက်သည်။

 "ဒါက သစ်ကြားသီး စားချင်တာကြောင့် ဖြစ်နိုင်တယ်။ မင်းရဲ့ဦးနှောက်ကို အာဟာရဖြစ်စေဖို့ ဒီည နွားနို့ထဲကို သစ်ကြားသီးနည်းနည်း ထည့်လိုက်မယ်"

"ကျွန်တော်… ကျွန်တော်မဟုတ်ဘူးပါဘူးနော်" ယွမ်းစွော်က အော်ဟစ်တော့သည်။

မိုရိချန်က စလိုက်သည်။

 "ဒါဆိုလည်း သစ်ကြားသီးတွေ မထည့်တော့ပါဘူး"

ယွမ်းစွော်က ကပျာကယာ ထပ်ပြောလိုက်သည်။ 

"မင်း... မင်း သူတို့ကို ထည့်လို့လည်းရပါတယ်" သူကအဆီများတဲ့စားစရာတွေကို နှစ်သက်သည်။

"ဒါဆို မင်းက သစ်ကြားသီး စားချင်နေတာလား"

"........" 

ယွမ်းစွော်က မူးဝေသွားတဲ့အထိ လေပြင်းထဲ လွင့်နေခဲ့သည်။ အဆုံးတွင် သူက တစ်ချိန်တည်းမှာပဲ လက်ချောင်းတွေကို တွန့်လိမ်နေကာ မိုရိချန်ရဲ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပျံ့နှံ့သွားခဲ့သည်။

နောက်ဆုံးတွင် သူ့ရဲ့အတွေးတွေထဲ နစ်မြုပ်နေတဲ့ယွမ်းစွော်က သစ်ကြားသီးစားချင်တယ်လို့သာ ဆုံးဖြတ်ကာ ကျောင်းတွင် သူသင်ယူခဲ့တဲ့ အရာတွေအကြောင်း ကို မိုရိချန်အား ပြောပြခွင့်ရခဲ့သည်။

မိုရိချန်က နောက်ဆုံးတွင် ယွမ်းစွော်က သူ့ကို ပထမဆုံးအကြိမ် မြင်တုန်းက ဘာကြောင့် ငိုခါနီးအထိ ကြောက်နေရသလဲဆိုတာကို နားလည်သွားသလို အသေးလေးက အမြဲတမ်း ​ရှက်နေတတ်ပြီး နေမကောင်းလို့ပဲဖြစ်ဖြစ် ဗိုက်ဆာလို့ပဲဖြစ်ဖြစ် သူ့ကို အလွယ်တကူ နှောင့်ယှက်ရဲတာထက် ဘာကြောင့် သူ့ကိုယ်သူ အမှားလုပ်မိတယ်လို့ ထင်နေရသလဲဆိုတာကို နားလည်သွားခဲ့သည်။

ဘာကြောင့်လဲဆိုတော့ elvesတွေရဲ့ကံကြမ္မာကို စနစ်ကတွဲဖက်ပေးလိုက်တဲ့ကစားသမားတွေက အခြေအနေတစ်ခုအထိ ဆုံးဖြတ်နိုင်တာကြောင့် ဖြစ်သည်။

Elvesတွေက ထူးခြားတဲ့ ရှိရင်းစွဲကော်ပီဖြစ်ပြီး ကစားသမားတွေကလည်း အလားတူပင်။ elf တစ်ယောက်စီက သူ့ရဲ့ သက်တမ်းတစ်လျှောက်တွင် ကစားသမားတစ်ဦးနှင့်သာ ကိုက်ညီနိုင်မည် ဖြစ်ပြီး ကစားသမားက ဂိမ်းကို ပထမဆုံးအကြိမ်တွင် ဖြုတ်ပစ်ရန် ရွေးချယ်ခဲ့လျှင် သို့မဟုတ် ဂိမ်းထဲက elfကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့လျှင် elfက လုံးဝပျောက်ကွယ်သွားမည့်ဖြစ်ရပ်နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် ဂိမ်းထဲရှိ elvesအများအပြားက ဂိမ်းမှတဆင့် သူတို့ရဲ့လုပ်အားဖြင့် ကစားသမားအား အကျိုးကျေးဇူးအချို့ကိုပင် ဆောင်ကြဉ်းပေးကြပြီး သူတို့က သူတို့ရဲ့ရှင်သန်မှုကို ပိုမိုသေချာစေရန် သို့မဟုတ် သူတို့ကိုယ်သူတို့ လုံခြုံမှုရှိစေရန်အတွက် ဖြစ်သည်။

သို့သော် elf သည် အခြားကစားသမားနှင့် ထပ်ပြီးတွဲဖက်နိုင်သည့် အခြေအနေမျိုးလည်း ရှိနေသည်။ ဆိုလိုတာက လက်ရှိကစားသမား သေဆုံးပြီး elfကိုပိုင်ဆိုင်ခွင့်ကို အခြားသူတစ်ဦးထံသို့ စေတနာအလျောက် လွှဲပြောင်းပေးခဲ့ပါက သို့မဟုတ် ကြိုတင်မှန်းဆလို့မရတဲ့ဖြစ်ရပ်တစ်ခုကြောင့် ဖုန်းပျက်စီးသွားပါက elf သည် အခြားပိုင်ရှင်ထပ်မံရရှိရန် ဒုတိယအကြိမ်အခွင့်အရေးရရှိလာမည်ဖြစ်သည်။

ယွမ်းစွော်ကို အနိုင်ကျင့်ခဲ့တဲ့ elfဖိုဖေးက သူ့ရဲ့မူလပိုင်ရှင် ကွယ်လွန်သွားသော​ကြောင့် ပိုင်ရှင်များကို ပြောင်းလဲခဲ့ရသည်။ သူ့ရဲ့ပိုင်ရှင်အသစ်က သူ့ကို ကောင်းကောင်းမဆက်ဆံခဲ့တာကြောင့် အရင်ကတည်းက အနည်းငယ် တသီးတခြားနေတတ်ပေမယ့် စိတ်ထားဖြူစင်တဲ့ elf က ပိုပိုပြီးမှောင်မည်းလာခဲ့သည်။

ကြောက်စရာကောင်းတဲ့ တစ်ခုခုကို တွေးမိသွားသလို  ယွမ်းစွော်ရဲ့ မျက်လုံးဝိုင်းကြီးတွေက မျက်ရည်တွေနဲ့ ပြည့်နှက်နေကာ သူ့လက်လေးနှစ်ဖက်ကို အလန့်တကြား ဆုပ်ကိုက်လိုက်ပြီး မိုရိချန်ကို အခိုင်အမာပြောလိုက်သည်။ "ဒူဒူက ကစားသမားတွေကို မပြောင်းချင်ဘူး။သူက ဘယ်တော့မှ မလိုချင်ဘူး"

မိုရိချန်ရဲ့အသက်ရှုသံများ ရပ်တန့်သွားသည်။ သူက လက်ကိုဆန့်လိုက်ပြီး ဖန်သားပြင်ပေါ်တွင် မျက်ရည်တွေကို သုတ်ပေးဖို့ ကြိုးစားရင်း သူ့လက်ဖြင့် ပွတ်ပေးလိုက်သည်။ "မဖြစ်စေရပါဘူး။ ဘယ်တော့မှ"

ယွမ်းစွော်က မျက်ရည်တွေဖြင့် ပြုံးလိုက်သည်။ 

"ဒါဆို... မင်း သူ့ကို နောက်ထပ် အခွင့်အရေး ပေးနိုင်မလား" မိုရိချန်က မျက်မှောင်ကြုတ်နေတာကို မြင်လိုက်ရတော့ ယွမ်းစွော်က [ကစားသမားရဲ့အင်္ကျီထောင့်စွန်းကို ဆွဲပါ] ကို ပထမဆုံးအကြိမ် ရဲရင့်စွာနှိပ်လိုက်သည်။

မိုရိချန်ရဲ့ အင်္ကျီထောင့်စွန်းကို တကယ်မဆွဲထားပေမယ့် ဖန်သားပြင်ပေါ်တွင် [ဒူဒူက မင်းရဲ့အင်္ကျီထောင့်စွန်းကို ဆွဲနေသည်] ဆိုတဲ့စာသားပေါ်လာတဲ့အခါ သူ့အင်္ကျီထောင့်ကို ဆွဲခံထားတာကို တကယ်ခံစားလိုက်ရပုံပေါ်ပြီး သူ့နှလုံးသားက လေးလံသွားခဲ့သည်။

"…. ကောင်းပြီ"

လေယာဉ်ပေါ်ရောက်ပြီး ခဏအကြာတွင် မိုရိချန်က ဝိုင်နီတစ်ခွက်ကို မှာကာ နှစ်ငုံလောက်သောက်ပြီး စိတ်မသက်မသာဖြင့် လှုပ်လိုက်ပြီး ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်ပေမယ့် ယွမ်းစွော်ရဲ့ မျက်ရည်တွေအပြည့်ဖြင့် ကြည်လင်တဲ့မျက်လုံးတစ်စုံက သူ့စိတ်ထဲမှာ ရှိနေဆဲဖြစ်သည်။ သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် သူ့နှလုံးသားထဲတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်ရင်း ဖန်ခွက်အလွတ်ကို အောက်ချလိုက်သည်။

မိုရိချန်ရဲ့တောင်းဆိုချက်အရ ဂိမ်းက ဖိုဖေးရဲ့ သွားလာတားမြစ်မိန့်ကို ရုတ်သိမ်းလိုက်ပေမယ့် သူက အခြား elves တွေကို ထပ်ပြီး ထိခိုက်စေရန် တစ်ခုခုမလုပ်တာသေချာစေဖို့ အချိန်ကာလတစ်ခုအထိ စောင့်ကြည့်နေမှာဖြစ်သည်။

ညဉ့်နက်နေပြီဖြစ်ပေမယ့် ယွမ်းစွော်က စတူဒီယိုထဲတွင် နှစ်မြှုပ်နေဆဲဖြစ်သည်။ လဝက်နီးပါးလေ့လာပြီးနောက် ဘက်ပေါင်းစုံတွင် မြန်မြန်ဆန်ဆန် တိုးတက်လာခဲ့သည်။ သူ့ရဲ့မကြာသေးမီက အလုပ်တွေဖြစ်တဲ့ မိုရိချန်ရဲ့နာမည်တွဲပါနေသည့်  မိုရိချန်ရဲ့ ပန်းချီကားအချို့ကို Weibo တွင် postတင်ရန် ကြိုးစားခဲ့ရာ စာဖတ်သူအရေအတွက်သည် အလွန်များပြားခဲ့ပြီး likeလုပ်သူအရေအတွက်မှာ ဂဏန်းသုံးလုံးနှင့်အထက် ရှိခဲ့သည်။ ထို့ကြောင့် အားလပ်ရက်နှစ်ရက်ကို အခွင့်ကောင်းယူကာ ယွမ်းစွော်က သတ္တိကိုထုတ်ပြီး  သူရေးဆွဲခဲ့တဲ့ ကာတွန်းရုပ်ပြရဲ့ ပထမဆုံးအခန်းကို Weiboတွင် #thebestyou ဆိုတဲ့hashtag နာမည်အသစ်ဖြင့် တင်လိုက်သည်။

ဒီကာတွန်းကို ဂိမ်းထဲရောက်ပြီးနောက် သူ့ရဲ့အတွေ့အကြုံအပေါ်အခြေခံပြီး ရေးဆွဲထားတာဖြစ်သည်။ သေချာပေါက်ပင် ဂိမ်းရဲ့တင်းကြပ်မှုကြောင့် အချို့ဇာတ်ကွက်များနှင့် နောက်ခံများကို လုပ်ကြံတီထွင်ခဲ့ရပြီး လိုက်ဖက်အောင် ပြင်ဆင်ခဲ့ရသည်။ သို့သော် ပထမဆုံးအခန်းကတော့ သူ့ရဲ့ခေါင်းကို မော့ပြီး မိုရိချန်ကို လက်တွေ့ဘဝထဲတွင် မြင်ခဲ့ရပြီး အခုထိတောင်မြင်နေရဆဲဖြစ်ကာ သူ့မျက်လုံးတွေကို ပိတ်လိုက်ရင်တောင် ဒါကို ရှင်းလင်းစွာ မှတ်မိနေဆဲဖြစ်သည်။

ယွမ်းစွော်ရဲ့Weiboတွင် ယခင်က မိုရိချန်ကြောင့် Follower ဂဏန်းငါးလုံးအထိ ရှိခဲ့သော်လည်း သူတို့အကြိုက်ဆုံး idol ကို ထင်ရှားစွာမဖော်ပြထားတဲ့ Weibo​က သဘာဝအတိုင်း လျစ်လျူရှုခံထားသည်။

ယွမ်းစွော်က ဘာကြောင့်မှန်း မသိပဲ နည်းနည်းတော့ စိတ်ပျက်သွားခဲ့သည်။သူက လက်ထဲတွက် tabletကို ကိုင်ထားကာ တစ်နေ့လုံးစောင့်ပြီးတဲ့နောက် နောက်ဆုံးတွင် ညစားနေချိန်၌ လူတစ်ယောက်က likeလုပ်သွားပြီး မှတ်ချက်တစ်ခု ရေးခဲ့သည်- ကောင်းတယ်။ သူက မှတ်ချက်ပေးတဲ့သူရဲ့ ကိုယ်ပွားပုံကို စိတ်အားထက်သန်စွာ နှိပ်လိုက်ရာ ဒါက မှတ်ပုံတင်ထားတဲ့ အကောင့်အသစ် ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ယွမ်းစွော်က ခဏလောက် တုံ့ဆိုင်းနေကာ သူက တက်ကြွလွန်းပါက တစ်ဘက်လူကို ကြောက်လန့်သွားစေမှာ စိုးတာကြောင့် followကို မနှိပ်ရဲပေ။။

"နို့သောက်ပြီး အိပ်ရာဝင်တော့" 

မိုရိချန်က မကြာသေးမီက ဇာတ်ညွှန်းအသစ်ကို လက်ခံယူခဲ့ပြီး တစ်လကြာပြီးနောက် စတင်ရိုက်ကူးရန် စီစဉ်ထားခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်နေခဲ့ပြီး  သူ့ရဲ့ဆံပင်နှင့် မုတ်ဆိတ်မွေးတို့က ပုံမှန်ထက် ပိုရှည်နေခဲ့သည်။

အစပိုင်းမှာတော့ ယွမ်းစွော်က သိပ်ကျင့်သားမရခဲ့ပေမယ့် အချိန်အတော်ကြာအောင် မြင်တွေ့ရပြီးတဲ့နောက် တကယ့်ကို ယောက်ျားပီသတာကို တွေ့လိုက်ရသည်!ထို့ကြောင့် နောက်ဆုံးတွင် ကလိကလိဖြစ်နေတာကို သည်းမခံနိုင်တော့ဘဲ မုတ်ဆိတ်မွေးဖြင့် မိုရိချန်ရဲ့ပုံကို ရေးဆွဲခဲ့သည်။

"မဟုတ်သေးဘူး… အချိန်မကျသေးဘူးလေ"  ယွမ်းစွော်ရဲ့ဘောပင်က ပိုမြန်လာပြီး သူ့တင်ပါးလေးတွေက ထိုင်ခုံပေါ်မှာ ကပ်နေပုံရသည်။

"မင်းမအိပ်ရင် မနက်ဖြန်မနက်ကျ ကျောင်းနောက်ကျလိမ့်မယ်" 

မိုရိချန်က အသေးလေးရဲ့ အားနည်းချက်ကို သိသည်။

အချိန်ခဏလောက် တုံ့ဆိုင်းနေပြီးနောက် ယွမ်းစွော်က ပုံကိုပြီး​အောင်ဆွဲဖို့ မနက်ဖြန်မနက်စောစောထရန် စိတ်ထဲတွင် တိတ်တဆိတ်ဆုံးဖြတ်လိုက်ရင်း သူ့ရဲ့ဘောပင်ကို တကယ်ချလိုက်တော့သည်။

သူက ပုံကြမ်းတွေကို သူ့ရဲ့စာအုပ်ထဲမှာ သေသေချာချာညှပ်လိုက်ပြီး ရေချိုးဖို့ ရေချိုးခန်းထဲ ဝင်သွားခဲ့သည်။

မိုရိချန်က နွားနို့တစ်ငုံကို သောက်လိုက်ပြီး စာအုပ်ကိုဖွင့်ရန် ပေါ့ပေါ့ပါးပါး နှိပ်ကာ ယွမ်းစွော်ရဲ့ပန်းချီကားတွေကို တစ်ပုံချင်း ကြည့်လိုက်သည်။ နောက်ဆုံးတစ်ခုကတော့ သူ့ပုံစံအတိုင်းပဲ အများစုဖြစ်ကာ ရှုပ်ပွနေတဲ့ဆံပင်တွေနဲ့ မုတ်ဆိတ်မွေးများက သူ့ကို ပိုပြီးယောက်ျားဆန်တဲ့ပုံပေါက်စေတဲ့ ပုံဖြစ်သည်။

ရွှေဒင်္ဂါး ၂၀ပြားကို အသုံးပြုကာ ပုံကြမ်းကို ထုတ်ယူလိုက်ပြီး အမှတ်တရအဖြစ် သိမ်းဆည်းရန် ဓာတ်ပုံရိုက်ယူကာ ပြန်လည်ပို့ပေးခဲ့သည်။ ထို့နောက် ရုပ်ရှင်ဧကရာဇ်မိုက သူ့အိပ်ခန်းထဲကို ဖုန်းဖြင့် စိတ်ကျေနပ်စွာ ပြန်လာခဲ့ပြီး ခြေတံတိုတိုဖြင့် အသေးလေး ထွက်လာတာကို စောင့်ဆိုင်းကာ အနားယူအိပ်ရာဝင်ဖို့ တိုက်တွန်းပြီး တစ်နေ့တာကို အပြည့်အဝ ကုန်ဆုံးခဲ့သည်။

ချွင်~ချွင်~~

WeChatမှ အကြောင်းကြားချက်အသံ။

မေမေမိုဆီမှ ဖြစ်သည်။

သူက အဲဒါကို နှိပ်လိုက်တော့ လိပ်စာနဲ့ အချိန်ဖြစ်ပြီး အသံမက်ဆေ့ခ်ျတစ်စောင် ရောက်လာခဲ့သည်။ မေမေမိုရဲ့အသံက စိတ်လှုပ်ရှားပြီး မျှော်လင့်တကြီးဖြစ်နေသည်။ 

"ရိချန် မနက်ဖြန် မင်း မန်ရွှယ်နဲ့တွေ့တဲ့အခါ ပန်းစည်းလေး ပို့ပေးလိုက်နော် ကျန်းမာရေးဓာတ်စာတွေ ထပ်မဝယ်နဲ့။ မင်းရဲ့ဦးလေးလင်းပြောတာတော့ အခု သူမက ရုပ်ရှင်နဲ့ရုပ်မြင်သံကြား ရင်းနှီးမြှုပ်နှံမှုတွေမှာ ပါဝင်နေတယ်လို့ ကြားတယ်။ဒီတော့ မင်းတို့မှာ ပြောစရာအကြောင်းအရာတွေ အများကြီးရှိမှာပဲ!"

မိုရိချန်က အသံမက်ဆေ့ချ်ကို နားထောင်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြန်ပြောလိုက်သည်- ကျွန်တော်သိပြီ။

ယွမ်းစွော်က သွားတိုက်ရာမှ ပြန်ရောက်လာပြီး မေမေမိုရဲ့အသံကို ကြားလိုက်တဲ့အခါ သူက ကုတင်ပေါ်ကို တက်နေခဲ့သည်။ ခဏလောက် အေးခဲသွားပြီး ကုတင်ပေါ်ကနေ ခြေဗလာနဲ့ ပြုတ်ကျကာ ကြမ်းပြင်ပေါ် ရပ်နေခဲ့သည်။

"ဘာဖြစ်လို့လဲ" 

မိုရိချန်က အသေးလေးရဲ့မျက်နှာတွင် သံသယဝင်နေတဲ့ အမူအရာများ ရှိနေတာကို မြင်လိုက်ရသည်။

ယွမ်းစွော်က ခဏလောက်စဉ်းစားလိုက်ပြီး "မိုရိချန်က သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မလို့လား"

ဒါက သူကြားလိုက်တဲ့အသံမက်ဆေ့ချ်ဖြစ်သည်။ မိုရိချန်က ပြုံးလိုက်သည်။ "ဒါက...သူငယ်ချင်းလိုပါပဲ"

ယွမ်းစွော်က မေးလိုက်သည်။ 

"အဲ့ဒါက အချစ်ဆုံးသူငယ်ချင်းလား"

မိုရိချန် : "အချစ်ဆုံးသူငယ်ချင်း မဟုတ်ပါဘူး"

"အာ..." 

ယွမ်းစွော်က စိတ်အေးသွားပုံရကာ ကုတင်ပေါ်သို့ ပြန်တက်လိုက်သည်။ တက်နေတဲ့ လမ်းတဝက်မှာပဲ သူက တစ်ခုခုကို တွေးမိကာ ရပ်လိုက်ပြီး အိပ်ယာရဲ့အစွန်းကို ကိုင်ထားကာ အချိန်အနည်းငယ်လောက် တုံ့ဆိုင်းနေပြီးနောက် ပြောလိုက်သည်။

"ဒါဆို မိုရိချန်ရဲ့ အချစ်ဆုံးသူငယ်ချင်းက ဘယ်သူလဲ"

မိုရိချန်က ရယ်မောလိုက်ကာ 

"အဲ့ဒါက ကောင်ငယ်လေးပဲ"

Zawgyi

အခန္း ၂၅: ဒူဒူက ကစားသမားေတြ မေျပာင္းခ်င္ဘူး

ျပတင္း​ေပါက္​​ေလး​က အနည္းငယ္ နိမ့္က်သြားခဲ့သည္​။

မိုရိယန္ရဲ႕မ်က္လုံးမ်ားေ႐ွ႕တြင္ ခ်န္ေက်ာင္ရဲ႕ ထိတ္လန္႔ေနတဲ့မ်က္ႏွာက တျဖည္းျဖည္း ေပၚထြက္လာခဲ့သည္ ။

မိုရိယန္က သူ႕ညီေလးရဲ႕လက္ေထာက္ကို ဒီေလာက္နီးတဲ့အကြာအေဝးကေန ၾကည့္မိတာ ပထမဆုံးအႀကိမ္ျဖစ္သည္။ ဒီမ်က္ႏွာက…. ႐ုတ္တရက္ သူ႕ရဲ႕ေခါင္းထဲတြင္ ဓားျဖင့္ထိုးလိုက္သလို နာက်င္မႈကို ခံစားလိုက္ရၿပီး မေနႏိုင္ေတာ့ပဲ မ်က္လုံးေတြကို ခဏမွိတ္လိုက္သည္။

ခ်န္ေက်ာင္ရဲ႕တစ္ကိုယ္လုံး ေအးခဲသြားၿပီး စိတ္လႈပ္႐ွားစြာ တံေတြးမ်ိဳခ်လိုက္သည္။ "Mr. မို တစ္ခုခုမ်ားမွားေနလို႔လား"

မိုရိယန္က အနည္းငယ္ ဦးၫြတ္ၿပီး စိတ္တည္ၿငိမ္ေအာင္ထားဖို႔ သူ႕ကိုယ္သူေျပာကာ ခ်န္ေက်ာင္ရဲ႕မ်က္ႏွာကို  ထပ္ၾကည့္လိုက္ၿပီး... ပုံမွန္အတိုင္း အသိျပန္ဝင္သြားပုံရသည္။ ႏွစ္စကၠန္႔ေလာက္ ရပ္ေနၿပီးေနာက္ သူက ေျပာလိုက္သည္။ 

"ခ်င္ဟယ္နဲ႔ကိစၥမွာ ငါတို႔ မင္းကို အမွားလုပ္မိသြားတယ္။ ေဖ်ာ္ေျဖေရး အသိုင္းအဝိုင္းက ဒီလိုပဲမို႔ သိပ္အမ်ားႀကီး မေတြးပါနဲ႔ ရိခ်န္ကိုသာ ဂ႐ုစိုက္ေပးပါ"

ဒါက... သူ႕ကို ႏွစ္သိမ့္ေနတာလား။ ခ်န္ေက်ာင္က ေတာင့္တင္းစြာ ေခါင္းညိတ္ျပလိုက္သည္။ 

 "ေကာင္းပါၿပီ"

"သြားေတာ့ေလ လမ္းမွာျဖည္းျဖည္းေမာင္းၾကဦး" ထိုသို႔ေျပာၿပီးေနာက္ မိုရိယန္က လွည့္ထြက္သြားခဲ့သည္။

ခ်န္ေက်ာင္က မိုရိယန္ရဲ႕ေနာက္ေက်ာကို ေငးၾကည့္ရင္း ေလေအးေတြ တိုက္ခတ္ကာ အသိစိတ္ျပန္မဝင္လာခင္အထိ  ႏွစ္စကၠန္႔ေလာက္ ေအးခဲေနခဲ့သည္။ သူက ေက်းဇူးတင္ေၾကာင္း အျမန္ေျပာကာ ျပတင္းေပါက္ပိတ္ဖို႔ေတာင္ ေမ့သြားၿပီး ကားကို ေမာင္းထြက္လာခဲ့သည္။

ကားထဲတြင္ လူႏွစ္ေယာက္သာက်န္ေတာ့သည္။

ခ်န္ေက်ာင္ကို ေ႐ွာင္ဖို႔ မလိုတာေၾကာင့္ မိုရိခ်န္က သူ႕ဖုန္းကို ထုတ္လိုက္ကာ ဂိမ္းမ်က္ႏွာျပင္ထဲသို႔ ႏွိပ္လိုက္သည္။

ယြမ္းေစြာ္က တကယ္ကို ဆိုဖာေပၚတြင္ ပုံဆြဲဘုတ္ျပားကို ကိုင္ထားရင္း နာခံစြာျဖင့္ ထိုင္ေနၿပီး ပုံဆြဲဖို႔ အာ႐ုံစိုက္ေနကာ သူ႕ေဘးတြင္ တစ္ဝက္ေလာက္စားထားတဲ့ သစ္သီးပန္းကန္ျပားတစ္ခ်ပ္ ႐ွိေနၿပီး သူ႕ရဲ႕ေန႔လည္စာထမင္းဗူးက တဝက္သာ ကုန္ေသးသည္။ မိုရိခ်န္က အေသးေလးက အားလုံးနီးပါး စားလို႔ဝသြားၿပီလို႔ ယူဆလိုက္တာေၾကာင့္ ညေနဘက္တြင္ ႏြားႏို႔အနည္းငယ္ ထပ္မံျပင္ဆင္ေပးဖို႔ လိုအပ္သည္။

"မိုရိခ်န္ မင္းျပန္လာၿပီ!"

 ယြမ္းေစြာ္က မိုရိခ်န္ကို ျမင္တဲ့အခါ ပုံဆြဲဘုတ္ျပားကို အျမန္ခ်လိုက္ၿပီး ဆိုဖာေပၚတြင္ မတ္တပ္ရပ္လိုက္သည္။

မိုရိခ်န္က နားၾကပ္တပ္ထားၿပီး ခ်န္ေက်ာင္က ယြမ္းေစြာ္ရဲ႕စကားေတြကို ၾကားမွာမေၾကာက္ေပ။

သူကေမးလိုက္သည္။

 "ဒီေန႔ ေက်ာင္းမွာ ဘယ္လိုလဲ"

ယြမ္းေစြာ္ : "အဲ့ဒါက...ေကာင္းတယ္"

မိုရိခ်န္က သူ႕လုပ္ေဆာင္ခ်က္က မွားေနၿပီး ဖိုေဖးလို႔ေခၚတဲ့ elfကို ခြဲထုတ္ဖို႔ ပ်က္ကြက္ခဲ့တာ ဒါမွမဟုတ္ ထပ္ၿပီး ျပႆနာတက္သြားခဲ့တာလို႔ ထင္သြားကာ စိုးရိမ္စိတ္ျဖင့္ ေမးလိုက္သည္။ "ဘာျဖစ္လို႔လဲ  တစ္ေယာက္ေယာက္က မင္းကို ထပ္ၿပီး အႏိုင္က်င့္လိုက္လို႔လား"

ယြမ္းေစြာ္က သူ႕လက္ကို အျမန္ေဝွ႔ယမ္းလိုက္ၿပီး "မဟုတ္ဘူး....ဘယ္သူမွ ကြၽန္ေတာ္႕ကို အႏိုင္က်င့္တာ မဟုတ္ပါဘူး။ ဒီေန႔ အတန္းထဲမွာ ေကာင္းေကာင္းမလုပ္ႏိုင္ခဲ့လို႔ပါ"

မိုရိခ်န္က စိတ္ေအးသြားၿပီး သူ႕မ်က္ခုံးေတြကို ပင့္လိုက္သည္။ 

"မင္း ဗိုက္အရမ္းျပည့္သြားလို႔ အိပ္ငိုက္သြားတာလား"

"မဟုတ္ပါဘူး ဒူဒူက အိပ္မငိုက္ပါဘူး" ထမင္းစားၿပီးရင္ ေန႔ခင္းဘက္ နည္းနည္းအိပ္ခ်င္တတ္ေပမယ့္ သူက အျမန္ျပန္လည္တက္ႂကြလာတတ္သည္။ "အဲ့ဒါ  အာ႐ုံမစိုက္ခဲ့မိလို႔... ဆရာမက အတန္းထဲမွာ ကြၽန္ေတာ္႕နာမည္ကို ေခၚခဲ့တယ္"

ဒါဆို အေၾကာင္းရင္းက ဒါပဲေပါ့။ မိုရိခ်န္ရဲ႕ သြယ္လ်တဲ့လက္ေခ်ာင္းေတြက ဖန္သားျပင္ေပၚမွ ယြမ္းေစြာ္ရဲ႕ေခါင္းကို အေလးအနက္ထားေနဟန္ေဆာင္ၿပီး ထိုလိုက္သည္။

 "ဒါက သစ္ၾကားသီး စားခ်င္တာေၾကာင့္ ျဖစ္ႏိုင္တယ္။ မင္းရဲ႕ဦးေႏွာက္ကို အာဟာရျဖစ္ေစဖို႔ ဒီည ႏြားႏို႔ထဲကို သစ္ၾကားသီးနည္းနည္း ထည့္လိုက္မယ္"

"ကြၽန္ေတာ္… ကြၽန္ေတာ္မဟုတ္ဘူးပါဘူးေနာ္" ယြမ္းေစြာ္က ေအာ္ဟစ္ေတာ့သည္။

မိုရိခ်န္က စလိုက္သည္။

 "ဒါဆိုလည္း သစ္ၾကားသီးေတြ မထည့္ေတာ့ပါဘူး"

ယြမ္းေစြာ္က ကပ်ာကယာ ထပ္ေျပာလိုက္သည္။ 

"မင္း... မင္း သူတို႔ကို ထည့္လို႔လည္းရပါတယ္" သူကအဆီမ်ားတဲ့စားစရာေတြကို ႏွစ္သက္သည္။

"ဒါဆို မင္းက သစ္ၾကားသီး စားခ်င္ေနတာလား"

"........" 

ယြမ္းေစြာ္က မူးေဝသြားတဲ့အထိ ေလျပင္းထဲ လြင့္ေနခဲ့သည္။ အဆုံးတြင္ သူက တစ္ခ်ိန္တည္းမွာပဲ လက္ေခ်ာင္းေတြကို တြန္႔လိမ္ေနကာ မိုရိခ်န္ရဲ႕ႏႈတ္ခမ္းေထာင့္တြင္ အျပဳံးတစ္ခု ပ်ံ႕ႏွံ႔သြားခဲ့သည္။

ေနာက္ဆုံးတြင္ သူ႕ရဲ႕အေတြးေတြထဲ နစ္ျမဳပ္ေနတဲ့ယြမ္းေစြာ္က သစ္ၾကားသီးစားခ်င္တယ္လို႔သာ ဆုံးျဖတ္ကာ ေက်ာင္းတြင္ သူသင္ယူခဲ့တဲ့ အရာေတြအေၾကာင္း ကို မိုရိခ်န္အား ေျပာျပခြင့္ရခဲ့သည္။

မိုရိခ်န္က ေနာက္ဆုံးတြင္ ယြမ္းေစြာ္က သူ႕ကို ပထမဆုံးအႀကိမ္ ျမင္တုန္းက ဘာေၾကာင့္ ငိုခါနီးအထိ ေၾကာက္ေနရသလဲဆိုတာကို နားလည္သြားသလို အေသးေလးက အၿမဲတမ္း ​႐ွက္ေနတတ္ၿပီး ေနမေကာင္းလို႔ပဲျဖစ္ျဖစ္ ဗိုက္ဆာလို႔ပဲျဖစ္ျဖစ္ သူ႕ကို အလြယ္တကူ ေႏွာင့္ယွက္ရဲတာထက္ ဘာေၾကာင့္ သူ႕ကိုယ္သူ အမွားလုပ္မိတယ္လို႔ ထင္ေနရသလဲဆိုတာကို နားလည္သြားခဲ့သည္။

ဘာေၾကာင့္လဲဆိုေတာ့ elvesေတြရဲ႕ကံၾကမၼာကို စနစ္ကတြဲဖက္ေပးလိုက္တဲ့ကစားသမားေတြက အေျခအေနတစ္ခုအထိ ဆုံးျဖတ္ႏိုင္တာေၾကာင့္ ျဖစ္သည္။

Elvesေတြက ထူးျခားတဲ့ ႐ွိရင္းစြဲေကာ္ပီျဖစ္ၿပီး ကစားသမားေတြကလည္း အလားတူပင္။ elf တစ္ေယာက္စီက သူ႕ရဲ႕ သက္တမ္းတစ္ေလွ်ာက္တြင္ ကစားသမားတစ္ဦးႏွင့္သာ ကိုက္ညီႏိုင္မည္ ျဖစ္ၿပီး ကစားသမားက ဂိမ္းကို ပထမဆုံးအႀကိမ္တြင္ ျဖဳတ္ပစ္ရန္ ေ႐ြးခ်ယ္ခဲ့လွ်င္ သို႔မဟုတ္ ဂိမ္းထဲက elfကို စြန္႔လႊတ္ရန္ ေ႐ြးခ်ယ္ခဲ့လွ်င္ elfက လုံးဝေပ်ာက္ကြယ္သြားမည့္ျဖစ္ရပ္ႏွင့္ ရင္ဆိုင္ရမည္ျဖစ္သည္။ ထို႔ေၾကာင့္ ဂိမ္းထဲ႐ွိ elvesအမ်ားအျပားက ဂိမ္းမွတဆင့္ သူတို႔ရဲ႕လုပ္အားျဖင့္ ကစားသမားအား အက်ိဳးေက်းဇူးအခ်ိဳ႕ကိုပင္ ေဆာင္ၾကဥ္းေပးၾကၿပီး သူတို႔က သူတို႔ရဲ႕႐ွင္သန္မႈကို ပိုမိုေသခ်ာေစရန္ သို႔မဟုတ္ သူတို႔ကိုယ္သူတို႔ လုံျခဳံမႈ႐ွိေစရန္အတြက္ ျဖစ္သည္။

သို႔ေသာ္ elf သည္ အျခားကစားသမားႏွင့္ ထပ္ၿပီးတြဲဖက္ႏိုင္သည့္ အေျခအေနမ်ိဳးလည္း ႐ွိေနသည္။ ဆိုလိုတာက လက္႐ွိကစားသမား ေသဆုံးၿပီး elfကိုပိုင္ဆိုင္ခြင့္ကို အျခားသူတစ္ဦးထံသို႔ ေစတနာအေလ်ာက္ လႊဲေျပာင္းေပးခဲ့ပါက သို႔မဟုတ္ ႀကိဳတင္မွန္းဆလို႔မရတဲ့ျဖစ္ရပ္တစ္ခုေၾကာင့္ ဖုန္းပ်က္စီးသြားပါက elf သည္ အျခားပိုင္႐ွင္ထပ္မံရ႐ွိရန္ ဒုတိယအႀကိမ္အခြင့္အေရးရ႐ွိလာမည္ျဖစ္သည္။

ယြမ္းေစြာ္ကို အႏိုင္က်င့္ခဲ့တဲ့ elfဖိုေဖးက သူ႕ရဲ႕မူလပိုင္႐ွင္ ကြယ္လြန္သြားေသာ​ေၾကာင့္ ပိုင္႐ွင္မ်ားကို ေျပာင္းလဲခဲ့ရသည္။ သူ႕ရဲ႕ပိုင္႐ွင္အသစ္က သူ႕ကို ေကာင္းေကာင္းမဆက္ဆံခဲ့တာေၾကာင့္ အရင္ကတည္းက အနည္းငယ္ တသီးတျခားေနတတ္ေပမယ့္ စိတ္ထားျဖဴစင္တဲ့ elf က ပိုပိုၿပီးေမွာင္မည္းလာခဲ့သည္။

ေၾကာက္စရာေကာင္းတဲ့ တစ္ခုခုကို ေတြးမိသြားသလို  ယြမ္းေစြာ္ရဲ႕ မ်က္လုံးဝိုင္းႀကီးေတြက မ်က္ရည္ေတြနဲ႔ ျပည့္ႏွက္ေနကာ သူ႕လက္ေလးႏွစ္ဖက္ကို အလန္႔တၾကား ဆုပ္ကိုက္လိုက္ၿပီး မိုရိခ်န္ကို အခိုင္အမာေျပာလိုက္သည္။ "ဒူဒူက ကစားသမားေတြကို မေျပာင္းခ်င္ဘူး။သူက ဘယ္ေတာ့မွ မလိုခ်င္ဘူး"

မိုရိခ်န္ရဲ႕အသက္႐ႈသံမ်ား ရပ္တန္႔သြားသည္။ သူက လက္ကိုဆန္႔လိုက္ၿပီး ဖန္သားျပင္ေပၚတြင္ မ်က္ရည္ေတြကို သုတ္ေပးဖို႔ ႀကိဳးစားရင္း သူ႕လက္ျဖင့္ ပြတ္ေပးလိုက္သည္။ "မျဖစ္ေစရပါဘူး။ ဘယ္ေတာ့မွ"

ယြမ္းေစြာ္က မ်က္ရည္ေတြျဖင့္ ျပဳံးလိုက္သည္။ 

"ဒါဆို... မင္း သူ႕ကို ေနာက္ထပ္ အခြင့္အေရး ေပးႏိုင္မလား" မိုရိခ်န္က မ်က္ေမွာင္ၾကဳတ္ေနတာကို ျမင္လိုက္ရေတာ့ ယြမ္းေစြာ္က [ကစားသမားရဲ႕အက်ႌေထာင့္စြန္းကို ဆြဲပါ] ကို ပထမဆုံးအႀကိမ္ ရဲရင့္စြာႏွိပ္လိုက္သည္။

မိုရိခ်န္ရဲ႕ အက်ႌေထာင့္စြန္းကို တကယ္မဆြဲထားေပမယ့္ ဖန္သားျပင္ေပၚတြင္ [ဒူဒူက မင္းရဲ႕အက်ႌေထာင့္စြန္းကို ဆြဲေနသည္] ဆိုတဲ့စာသားေပၚလာတဲ့အခါ သူ႕အက်ႌေထာင့္ကို ဆြဲခံထားတာကို တကယ္ခံစားလိုက္ရပုံေပၚၿပီး သူ႕ႏွလုံးသားက ေလးလံသြားခဲ့သည္။

"…. ေကာင္းၿပီ"

ေလယာဥ္ေပၚေရာက္ၿပီး ခဏအၾကာတြင္ မိုရိခ်န္က ဝိုင္နီတစ္ခြက္ကို မွာကာ ႏွစ္ငုံေလာက္ေသာက္ၿပီး စိတ္မသက္မသာျဖင့္ လႈပ္လိုက္ၿပီး ကိုယ္ဟန္အေနအထားကို ေျပာင္းလိုက္ေပမယ့္ ယြမ္းေစြာ္ရဲ႕ မ်က္ရည္ေတြအျပည့္ျဖင့္ ၾကည္လင္တဲ့မ်က္လုံးတစ္စုံက သူ႕စိတ္ထဲမွာ ႐ွိေနဆဲျဖစ္သည္။ သက္ျပင္း႐ွည္ႀကီး ခ်လိုက္ၿပီးေနာက္ သူ႕ႏွလုံးသားထဲတြင္ ဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္ရင္း ဖန္ခြက္အလြတ္ကို ေအာက္ခ်လိုက္သည္။

မိုရိခ်န္ရဲ႕ေတာင္းဆိုခ်က္အရ ဂိမ္းက ဖိုေဖးရဲ႕ သြားလာတားျမစ္မိန္႔ကို ႐ုတ္သိမ္းလိုက္ေပမယ့္ သူက အျခား elves ေတြကို ထပ္ၿပီး ထိခိုက္ေစရန္ တစ္ခုခုမလုပ္တာေသခ်ာေစဖို႔ အခ်ိန္ကာလတစ္ခုအထိ ေစာင့္ၾကည့္ေနမွာျဖစ္သည္။

ညဥ့္နက္ေနၿပီျဖစ္ေပမယ့္ ယြမ္းေစြာ္က စတူဒီယိုထဲတြင္ ႏွစ္ျမႇဳပ္ေနဆဲျဖစ္သည္။ လဝက္နီးပါးေလ့လာၿပီးေနာက္ ဘက္ေပါင္းစုံတြင္ ျမန္ျမန္ဆန္ဆန္ တိုးတက္လာခဲ့သည္။ သူ႕ရဲ႕မၾကာေသးမီက အလုပ္ေတြျဖစ္တဲ့ မိုရိခ်န္ရဲ႕နာမည္တြဲပါေနသည့္  မိုရိခ်န္ရဲ႕ ပန္းခ်ီကားအခ်ိဳ႕ကို Weibo တြင္ postတင္ရန္ ႀကိဳးစားခဲ့ရာ စာဖတ္သူအေရအတြက္သည္ အလြန္မ်ားျပားခဲ့ၿပီး likeလုပ္သူအေရအတြက္မွာ ဂဏန္းသုံးလုံးႏွင့္အထက္ ႐ွိခဲ့သည္။ ထို႔ေၾကာင့္ အားလပ္ရက္ႏွစ္ရက္ကို အခြင့္ေကာင္းယူကာ ယြမ္းေစြာ္က သတၱိကိုထုတ္ၿပီး  သူေရးဆြဲခဲ့တဲ့ ကာတြန္း႐ုပ္ျပရဲ႕ ပထမဆုံးအခန္းကို Weiboတြင္ #thebestyou ဆိုတဲ့hashtag နာမည္အသစ္ျဖင့္ တင္လိုက္သည္။

ဒီကာတြန္းကို ဂိမ္းထဲေရာက္ၿပီးေနာက္ သူ႕ရဲ႕အေတြ႕အၾကဳံအေပၚအေျခခံၿပီး ေရးဆြဲထားတာျဖစ္သည္။ ေသခ်ာေပါက္ပင္ ဂိမ္းရဲ႕တင္းၾကပ္မႈေၾကာင့္ အခ်ိဳ႕ဇာတ္ကြက္မ်ားႏွင့္ ေနာက္ခံမ်ားကို လုပ္ၾကံတီထြင္ခဲ့ရၿပီး လိုက္ဖက္ေအာင္ ျပင္ဆင္ခဲ့ရသည္။ သို႔ေသာ္ ပထမဆုံးအခန္းကေတာ့ သူ႕ရဲ႕ေခါင္းကို ေမာ့ၿပီး မိုရိခ်န္ကို လက္ေတြ႕ဘဝထဲတြင္ ျမင္ခဲ့ရၿပီး အခုထိေတာင္ျမင္ေနရဆဲျဖစ္ကာ သူ႕မ်က္လုံးေတြကို ပိတ္လိုက္ရင္ေတာင္ ဒါကို ႐ွင္းလင္းစြာ မွတ္မိေနဆဲျဖစ္သည္။

ယြမ္းေစြာ္ရဲ႕Weiboတြင္ ယခင္က မိုရိခ်န္ေၾကာင့္ Follower ဂဏန္းငါးလုံးအထိ ႐ွိခဲ့ေသာ္လည္း သူတို႔အႀကိဳက္ဆုံး idol ကို ထင္႐ွားစြာမေဖာ္ျပထားတဲ့ Weibo​က သဘာဝအတိုင္း လ်စ္လ်ဴ႐ႈခံထားသည္။

ယြမ္းေစြာ္က ဘာေၾကာင့္မွန္း မသိပဲ နည္းနည္းေတာ့ စိတ္ပ်က္သြားခဲ့သည္။သူက လက္ထဲတြက္ tabletကို ကိုင္ထားကာ တစ္ေန႔လုံးေစာင့္ၿပီးတဲ့ေနာက္ ေနာက္ဆုံးတြင္ ညစားေနခ်ိန္၌ လူတစ္ေယာက္က likeလုပ္သြားၿပီး မွတ္ခ်က္တစ္ခု ေရးခဲ့သည္- ေကာင္းတယ္။ သူက မွတ္ခ်က္ေပးတဲ့သူရဲ႕ ကိုယ္ပြားပုံကို စိတ္အားထက္သန္စြာ ႏွိပ္လိုက္ရာ ဒါက မွတ္ပုံတင္ထားတဲ့ အေကာင့္အသစ္ ျဖစ္ေၾကာင္း ေတြ႕႐ွိခဲ့သည္။ ယြမ္းေစြာ္က ခဏေလာက္ တုံ႔ဆိုင္းေနကာ သူက တက္ႂကြလြန္းပါက တစ္ဘက္လူကို ေၾကာက္လန္႔သြားေစမွာ စိုးတာေၾကာင့္ followကို မႏွိပ္ရဲေပ။။

"ႏို႔ေသာက္ၿပီး အိပ္ရာဝင္ေတာ့" 

မိုရိခ်န္က မၾကာေသးမီက ဇာတ္ၫႊန္းအသစ္ကို လက္ခံယူခဲ့ၿပီး တစ္လၾကာၿပီးေနာက္ စတင္႐ိုက္ကူးရန္ စီစဥ္ထားခဲ့သည္။ လြန္ခဲ့သည့္ ရက္အနည္းငယ္အတြင္း သူကိုယ္တိုင္ ပါဝင္သ႐ုပ္ေဆာင္ေနခဲ့ၿပီး  သူ႕ရဲ႕ဆံပင္ႏွင့္ မုတ္ဆိတ္ေမြးတို႔က ပုံမွန္ထက္ ပို႐ွည္ေနခဲ့သည္။

အစပိုင္းမွာေတာ့ ယြမ္းေစြာ္က သိပ္က်င့္သားမရခဲ့ေပမယ့္ အခ်ိန္အေတာ္ၾကာေအာင္ ျမင္ေတြ႕ရၿပီးတဲ့ေနာက္ တကယ့္ကို ေယာက်္ားပီသတာကို ေတြ႕လိုက္ရသည္!ထို႔ေၾကာင့္ ေနာက္ဆုံးတြင္ ကလိကလိျဖစ္ေနတာကို သည္းမခံႏိုင္ေတာ့ဘဲ မုတ္ဆိတ္ေမြးျဖင့္ မိုရိခ်န္ရဲ႕ပုံကို ေရးဆြဲခဲ့သည္။

"မဟုတ္ေသးဘူး… အခ်ိန္မက်ေသးဘူးေလ"  ယြမ္းေစြာ္ရဲ႕ေဘာပင္က ပိုျမန္လာၿပီး သူ႕တင္ပါးေလးေတြက ထိုင္ခုံေပၚမွာ ကပ္ေနပုံရသည္။

"မင္းမအိပ္ရင္ မနက္ျဖန္မနက္က် ေက်ာင္းေနာက္က်လိမ့္မယ္" 

မိုရိခ်န္က အေသးေလးရဲ႕ အားနည္းခ်က္ကို သိသည္။

အခ်ိန္ခဏေလာက္ တုံ႔ဆိုင္းေနၿပီးေနာက္ ယြမ္းေစြာ္က ပုံကိုၿပီး​ေအာင္ဆြဲဖို႔ မနက္ျဖန္မနက္ေစာေစာထရန္ စိတ္ထဲတြင္ တိတ္တဆိတ္ဆုံးျဖတ္လိုက္ရင္း သူ႕ရဲ႕ေဘာပင္ကို တကယ္ခ်လိုက္ေတာ့သည္။

သူက ပုံၾကမ္းေတြကို သူ႕ရဲ႕စာအုပ္ထဲမွာ ေသေသခ်ာခ်ာညႇပ္လိုက္ၿပီး ေရခ်ိဳးဖို႔ ေရခ်ိဳးခန္းထဲ ဝင္သြားခဲ့သည္။

မိုရိခ်န္က ႏြားႏို႔တစ္ငုံကို ေသာက္လိုက္ၿပီး စာအုပ္ကိုဖြင့္ရန္ ေပါ့ေပါ့ပါးပါး ႏွိပ္ကာ ယြမ္းေစြာ္ရဲ႕ပန္းခ်ီကားေတြကို တစ္ပုံခ်င္း ၾကည့္လိုက္သည္။ ေနာက္ဆုံးတစ္ခုကေတာ့ သူ႕ပုံစံအတိုင္းပဲ အမ်ားစုျဖစ္ကာ ႐ႈပ္ပြေနတဲ့ဆံပင္ေတြနဲ႔ မုတ္ဆိတ္ေမြးမ်ားက သူ႕ကို ပိုၿပီးေယာက်္ားဆန္တဲ့ပုံေပါက္ေစတဲ့ ပုံျဖစ္သည္။

ေ႐ႊဒဂၤါး ၂၀ျပားကို အသုံးျပဳကာ ပုံၾကမ္းကို ထုတ္ယူလိုက္ၿပီး အမွတ္တရအျဖစ္ သိမ္းဆည္းရန္ ဓာတ္ပုံ႐ိုက္ယူကာ ျပန္လည္ပို႔ေပးခဲ့သည္။ ထို႔ေနာက္ ႐ုပ္႐ွင္ဧကရာဇ္မိုက သူ႕အိပ္ခန္းထဲကို ဖုန္းျဖင့္ စိတ္ေက်နပ္စြာ ျပန္လာခဲ့ၿပီး ေျခတံတိုတိုျဖင့္ အေသးေလး ထြက္လာတာကို ေစာင့္ဆိုင္းကာ အနားယူအိပ္ရာဝင္ဖို႔ တိုက္တြန္းၿပီး တစ္ေန႔တာကို အျပည့္အဝ ကုန္ဆုံးခဲ့သည္။

ခြၽင္~ခြၽင္~~

WeChatမွ အေၾကာင္းၾကားခ်က္အသံ။

ေမေမမိုဆီမွ ျဖစ္သည္။

သူက အဲဒါကို ႏွိပ္လိုက္ေတာ့ လိပ္စာနဲ႔ အခ်ိန္ျဖစ္ၿပီး အသံမက္ေဆ့ခ်္တစ္ေစာင္ ေရာက္လာခဲ့သည္။ ေမေမမိုရဲ႕အသံက စိတ္လႈပ္႐ွားၿပီး ေမွ်ာ္လင့္တႀကီးျဖစ္ေနသည္။ 

"ရိခ်န္ မနက္ျဖန္ မင္း မန္႐ႊယ္နဲ႔ေတြ႕တဲ့အခါ ပန္းစည္းေလး ပို႔ေပးလိုက္ေနာ္ က်န္းမာေရးဓာတ္စာေတြ ထပ္မဝယ္နဲ႔။ မင္းရဲ႕ဦးေလးလင္းေျပာတာေတာ့ အခု သူမက ႐ုပ္႐ွင္နဲ႔႐ုပ္ျမင္သံၾကား ရင္းႏွီးျမႇဳပ္ႏွံမႈေတြမွာ ပါဝင္ေနတယ္လို႔ ၾကားတယ္။ဒီေတာ့ မင္းတို႔မွာ ေျပာစရာအေၾကာင္းအရာေတြ အမ်ားႀကီး႐ွိမွာပဲ!"

မိုရိခ်န္က အသံမက္ေဆ့ခ်္ကို နားေထာင္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္ကာ ျပန္ေျပာလိုက္သည္- ကြၽန္ေတာ္သိၿပီ။

ယြမ္းေစြာ္က သြားတိုက္ရာမွ ျပန္ေရာက္လာၿပီး ေမေမမိုရဲ႕အသံကို ၾကားလိုက္တဲ့အခါ သူက ကုတင္ေပၚကို တက္ေနခဲ့သည္။ ခဏေလာက္ ေအးခဲသြားၿပီး ကုတင္ေပၚကေန ေျခဗလာနဲ႔ ျပဳတ္က်ကာ ၾကမ္းျပင္ေပၚ ရပ္ေနခဲ့သည္။

"ဘာျဖစ္လို႔လဲ" 

မိုရိခ်န္က အေသးေလးရဲ႕မ်က္ႏွာတြင္ သံသယဝင္ေနတဲ့ အမူအရာမ်ား ႐ွိေနတာကို ျမင္လိုက္ရသည္။

ယြမ္းေစြာ္က ခဏေလာက္စဥ္းစားလိုက္ၿပီး "မိုရိခ်န္က သူငယ္ခ်င္းတစ္ေယာက္နဲ႔ သြားေတြ႕မလို႔လား"

ဒါက သူၾကားလိုက္တဲ့အသံမက္ေဆ့ခ်္ျဖစ္သည္။ မိုရိခ်န္က ျပဳံးလိုက္သည္။ "ဒါက...သူငယ္ခ်င္းလိုပါပဲ"

ယြမ္းေစြာ္က ေမးလိုက္သည္။ 

"အဲ့ဒါက အခ်စ္ဆုံးသူငယ္ခ်င္းလား"

မိုရိခ်န္ : "အခ်စ္ဆုံးသူငယ္ခ်င္း မဟုတ္ပါဘူး"

"အာ..." 

ယြမ္းေစြာ္က စိတ္ေအးသြားပုံရကာ ကုတင္ေပၚသို႔ ျပန္တက္လိုက္သည္။ တက္ေနတဲ့ လမ္းတဝက္မွာပဲ သူက တစ္ခုခုကို ေတြးမိကာ ရပ္လိုက္ၿပီး အိပ္ယာရဲ႕အစြန္းကို ကိုင္ထားကာ အခ်ိန္အနည္းငယ္ေလာက္ တုံ႔ဆိုင္းေနၿပီးေနာက္ ေျပာလိုက္သည္။

"ဒါဆို မိုရိခ်န္ရဲ႕ အခ်စ္ဆုံးသူငယ္ခ်င္းက ဘယ္သူလဲ"

မိုရိခ်န္က ရယ္ေမာလိုက္ကာ 

"အဲ့ဒါက ေကာင္ငယ္ေလးပဲ"

Continue Reading

You'll Also Like

995K 52.2K 45
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
268K 17.1K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
343K 38.1K 132
Type Web Novel (CN) Genre School Life Yaoi Tags Black Belly Enemies Become Lovers Hot-blooded Protagonist Kind Love Interests Love Interest Falls in...
253K 23K 130
အရမ်းချစ်ကြတဲ့သူငယ်ချင်းနှစ်ယောက်..မရည်ရွယ်တဲ့ အမှားတွေကြားအထင်လွဲမှုတွေနဲ့ဝေးကွာခဲ့ရတဲ့အခါ.. Cover Photo....Credit Pinterest