ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၄၄)
“အားပါး...ခုမှပဲ ပေါ့သွားတော့တယ်....အေ့...ဟိဟိ...”
ဧကလေး တစ်ယောက်ထဲရေရွတ်ရင်းရယ်လိုက်ကာ လက်ဆေးဖို့ရန် ဘေစင်ကခလုတ်ကိုလှည့်လိုက်သည်။ဧကလေးဘယ်လောက်အားနှင့်လှည့်လှည့် ရေထွက်မလာသည့်အတွက်စိတ်တိုလာရသည်။ဒါသူ့ကိုသက်သက်မဲ့ မခန့်လေးစားလုပ်တာပင်။ဧကလေး မျက်မှောင်ကိုကြုတ်၍ ခါးထောက်လိုက်ကာ ထပ်လှည့်ကြည့်သည်။မရ။ကြာတော့ ချွေးများပင်ထွက်လာပြီး အမူးပြေသွားသလိုခံစားရသည်။
“ဟ!!ဘာလို့လှည့်မရတာတုန်း...ကပ်တီးကပ်တက်နဲ့ပေကပ်နေတယ်ပေါ့ဟုတ်လား... ငါလှည့်တဲ့ဘက်ပါမလာဘူးပေါ့ဟုတ်လား...တွေ့မယ် တွေ့မယ်...”
ကမ္ဘာ မာန်အထဲမှာကြာနေသဖြင့် လိုက်ဝင်လာရာ ဘေစင်ဘေး ခါးလေးထောက်ပြီး ဆူပုတ်ပုတ်လေးဖြစ်နေသောသူအားတွေ့လိုက်ရသည်။
“မာန်...ဘာဖြစ်လို့လဲ...”
ကမ္ဘာ့ကိုမြင်သည်နှင့် မျက်ဝန်းပြာလေးများက လက်ခနဲတစ်ချက်ဖြစ်သွားပြီး ချက်ချင်းမျက်နှာငယ်လေးဖြစ်သွားကာ နှုတ်ခမ်းကိုမဲ့လိုက်၍...
“မောင် ဟင့် ဖွင့်မရဘူး...”
“ခလုတ်ဖွင့်မရတာလား ...”
“ဟုတ်...ဧကလေးက လက်ဆေးချင်လို့ဖွင့်တာကို သူကပွင့်လာမပေးဘူး...ဟင့် မောင် ဆူလိုက်...”
“အဟွန်း!!”
ကလေးများ တစ်စုံတစ်ခုနှင့်ခိုက်မိလျှင် မိဘများဆီကပ်ချွဲ၍ ဆူခိုင်းသလို ပြုမူလာသော အမူးသမားလေးအား ကမ္ဘာ အသည်းယားစွာ ဖျစ်ညှစ်ပစ်ချင်လာရသည်။
“လှောင်တာလား...ဧကလေးက ဝမ်းနည်းနေတာကို အဲ့ကလူကြီးမောင်ကလှောင်တယ်ပေါ့...ဟင့် ပါးပါးနဲ့ ဒယ်ဒီနဲ့ ဖောင်းဖောင်းလေးနဲ့ တိုင်ပြောမယ်.... ”
“အဟွန်း!! မလှောင်ရပါဘူး မောင် ဖွင့်ပေးမယ်...”
“ဟွန့်!!”
ဧကလေး နှုတ်ခမ်းလေးဆူရင်းနှာမှုတ်လိုက်သည်။
“လာ မောင်လက်ဆေးပေးမယ်...”
ကမ္ဘာအမူးသမားလေးလက်လေးအားဆွဲ၍ ဖွဖွလေးဆေးပေးလိုက်သည်။
ဧကလေး မိမိလက်လေးအား တယုတယကိုင်ကာဆေးပေးနေပါသော မောင့်အားကြည့်ရင်း ရင်ထဲဝမ်းနည်းလာရသည်။နီးလျက်နှင့်ဝေးနေသည့်ခံစားချက်မျိုးကိုသူမကြိုက်ပေ။အမူးနည်းနည်းပြေနေပြီဆိုပေမယ့် မောင်သိသွားရင် ထပ်မသိဘူးပြောကာ ထွက်သွားမည်စိုးသည့်အတွက် ဧကလေး ရေငုံနှုတ်ပိတ် မောင့်ကိုပဲလိုက်ကြည့်နေမိသည်။
ဘာကြောင့်လိမ်ရတာလဲ၊
ဘာကြောင့်ခုမှပေါ်လာရတာလဲ၊
ဘာကြောင့်အကြာကြီးပစ်ထားရတာလဲ၊
ဘာကြောင့်လူကိုဝေဝါးအောင်လုပ်ရတာလဲ၊ဘာကြောင့်အချစ်ဆိုတဲ့အရာကိုသင်ပေးခဲ့တာလဲဟူ၍ စိတ်ရှိလက်ရှိပေါက်ကွဲကာမေးပစ်လိုက်ချင်ပေမယ့် ဧကလေး မလုပ်ဖြစ်။သူပေါက်ကွဲလိုက်လို့ အနားမှာမြင်နေရသည့် ပုံရိပ်လေးထပ်ပျောက်ကွယ်သွားခဲ့ရင် ရူးသွားဖို့ပဲရှိတော့သည်။
“ဆေးပြီးသွားပြီ...”
ကမ္ဘာ လက်ကိုသေချာဆေးပေးပြီးနောက် တစ်ရှူးလေးနှင့်ပါသေချာသုတ်ပေးလိုက်သည်။
“မောင်...”
“ဗျာ....”
“မောင် ....”
“ဗျာ ဗျ...”
“မောင်....”
“အဟွန်း!!”
“မောင်....”
“မောင် ရှိနေပါတယ် ...မာန် ဘာပြောချင်လို့လဲ ပြောပါ...မောင်နားထောင်နေပါတယ်...”
*ထပ်ပြီး တစ်စက္ကန့်လေးတောင်ကျွန်တော့်ကိုထားမသွားပါနဲ့...အနားမှာပဲ ရှိပေးပါ...မောင်မရှိရင် ကျွန်တော် ဆက်ရှင်သန်နိုင်မှာမဟုတ်တော့ဘူး...*
ဟူ၍ စိတ်ထဲမှာပြောလိုက်ပေမယ့် အပြင်မှာတော့ ထိုစကားများဟာထွက်မလာရက်။မောင့်မှာဘာအခက်အခဲတွေရှိနေမလဲဆိုတာ သူမသိသေးသည့်အတွက် ခက်ခဲအောင်မလုပ်ချင်ပေ။ထို့ကြောင့် ဧကလေး မျက်နှာလေးမဲ့ပြရင်း...
“ဟင့် မောင်ချီ...”
“အဟွန်း!!ကောင်းပြီဗျာ...”
မျက်နှာလေးမဲ့ပြရင်း လက်လေးကမ်းလာသော မာန့်အား ကမ္ဘာပွေ့ချီဖို့ပြင်လိုက်သည့်အခိုက် ....
“မဟုတ်ဘူး ...”
“....”
“ဒီလိုရှေ့ကချီခိုင်းတာမဟုတ်ဘူး.... ကျောပိုး နောက်ကနေကျောပိုးခိုင်းတာ ...”
ဧကလေး လက်ဟန်ခြေဟန်ဖြင့် ပြောပြလိုက်သည်။
“အဟွန်း!!ဟုတ်ပါပြီဗျာ လာ မောင် ကျောပိုးမယ်....”
ကမ္ဘာ မာန့်ရှေ့ ကျောပေးကာဒူးလေးထောက်လိုက်သည်။
“ဟီး ဟီး...မောင်က ချစ်စရာကြီး...”
ဧကလေး သဘောတကျရယ်ရင်း မြင်နေရသည့်ကျောပြင်ကျယ်ကြီးကို ခွတက်လိုက်ကာ လက်နှစ်ဖက်ဖြင့် သိုင်းဖက်ထားလိုက်သည်။ခေါင်းလေးကိုမူ လည်ပင်းဘက်မျက်နှာမူလျက် စောင်းလိုက်သည်။ထို့နောက် မောင့်ကျောပြင်ကျယ်ကျယ်ကအနွေးဓာတ်ကိုဖက်တွယ်ရင်း ခပ်သင်းသင်းရနေသည့် ကိုယ်သင်းနံ့ကိုရှူရှိုက်ရင်း ခေါင်းလေးကို လည်ပင်းနားနှာခေါင်းလေးနှင့် ထိသည်အထိကပ်ထားလိုက်သည်။ဒီကျောပြင်ကျယ်ကျယ်ကြီးကို သူဘယ်နည်းနှင့်မှ အဆုံးရှုံးမခံနိုင်ပေ။
ကမ္ဘာ လည်ပင်းအနားမှာခံစားမိနေသည့် ဝင်သက်ထွက်သက်နွေးနွေးကြောင့် အသက်ရှူခဏအောင့်လိုက်ကာ စိတ်ကိုထိန်းလိုက်သည်။ရင်ဘတ်မှကျိန်စာ၏အကျိုးသက်ရောက်မှုကိုမမှုတော့သည်အထိ မာန့်ကိုသူချစ်သည်။အသည်းနှလုံးတစ်ခုလုံးကြေမွပျက်စီးသွားလျှင်တောင် မာန့်ကိုသူဘယ်နည်းနှင့်မျှလက်လွှတ်ခံမည်မဟုတ်ပေ။
*ကတိမတည်နိုင်တော့တဲ့အတွက် တောင်းပန်ပါတယ် ခမည်းတော်...*
ထို့နောက်တွင်တော့ Barအပြင်ဘက်ကို လူရှင်းသည့်နေရာများမှရွေး၍ထွက်လာပြီး ကားရှိရာသို့သွားလိုက်သည်။အမူးသမားလေးကတော့ ကျောပေါ်တွင် အိပ်ပျော်သွားပြီလားမသိအောင်ထိ ငြိမ်သက်နေသည်။
ကားတံခါးကိုအသာဖွင့်ရင်း ထိုင်ခုံပေါ်ချပေးရန် လည်ပင်းကလက်နှစ်ဖက်ကိုဖြုတ်ဖို့လုပ်လိုက်ရာ မြဲနေအောင်တွဲထားသဖြင့် ဖြုတ်လို့မရပေ။အားသုံးလိုက်ရင် ရနိုင်ပေမယ့် နိုးသွားမှာစိုးသည့်အတွက် ကမ္ဘာမဖြုတ်တော့ဘဲ နာရီကိုတစ်ချက်ငုံ့ကြည့်လိုက်ရာ 10နာရီကျော်နေပြီဖြစ်သည်။ဒီကနေ မာန့်အိမ်ထိလမ်းလျှောက်မည်ဆိုပါက အနည်းဆုံး 1နာရီလောက်တော့လျှောက်ရမည်ပင်။ကမ္ဘာ ကားနှစ်စီးလုံးကို သေချာ lockချပြီးနောက် ချီပိုးလျက်ပင် မာန့်အိမ်ဆီသို့ ဦးတည်လိုက်သည်။
တိုးဝှေ့တိုက်ခတ်နေသည့် လေရူးနှင့်အတူပေတရာပေါ်မှ ကောင်လေးတစ်ယောက်အားကျောပိုးချီထားပါသော ပယင်းရောင်မျက်ဝန်းလေးများနှင့်ကောင်လေးသည် နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေခဲ့သည်။
ထို့အတူအိပ်ချင်ယောင်ဆောင်နေသည့်ကျောပေါ်မှကောင်လေးသည်လည်း ဒီအခိုက်အတန့်လေးကို သဘောတကျပြုံးနေခဲ့သည်။
**********
ကုဋေ လက်မှနာရီကိုကြည့်မိတော့ ၁၀နာရီ ကျော်နေပြီဖြစ်သောကြောင့် အပြင်ကိုတစ်ချက်လှမ်းကြည့်ရင်း....
“ကျစ်! ဒီကလေး နောက်ကျနေပြီ ခုထိပြန်မလာသေးဘူး....သက္ကရာဇ် မင်း ကိုကိုဆီ ဖုန်းဆက်ကြည့်စမ်း...”
“ဟုတ်ကဲ့...ဒယ်ဒီ...”
သက္ကရာဇ် ဖုန်းကိုထုတ်လိုက်ပြီး ကိုကို့ဆီခေါ်လိုက်သည်။
“သားကြီးက ဦးညိုဖုန်းဆက်တော့ နောက်ကျမယ်လို့ပြောတယ် အလုပ်ရှုပ်နေလို့လားမသိဘူး....”
ဦးညို စိတ်အရမ်းပူနေသော ကိုကို့ဘေးအသာဝင်ထိုင်ရင်းပြောလိုက်သည်။
“အလုပ်ရှုပ်နေရင်တောင် အိမ်ကိုဖုန်းတစ်ချက်လောက်တော့ ဆက်သင့်တာပေါ့...မိဘတွေစိတ်ပူနေမှာကို သူမသိဘူးလား... အခုတော့ ကိုယ့်အချစ်ပဲစိတ်ပူနေရတာမဟုတ်လား...”
“အဲ...ဟုတ်တော့ ဟုတ်ပါတယ်...”
ဦးညို သူ့ထက်စိတ်ပူနေသူကြီး၏စကားကို အလိုက်သင့်ပြောရင်း ပြုံးလိုက်မိသည်။
ဧကလေးရော သက္ကရာဇ်လေးရောက အသက်သာ ၂၀ကျော်လာသည် သူတို့မျက်စိထဲတွင်တော့ ကလေးပေါက်စလေးလိုမျိုးပဲမြင်ယောင်တုန်းဖြစ်သည်။ဧကလေးထက်စာလျှင် သက္ကရာဇ်လေးက အစစအရာရာ ပိုစိတ်ချရသည်။ရေခဲတုံးလေးက အိမ်နှင့်ရုံးကလွဲလျှင် တခြားနေရာသွားသည်၊လာသည်မှာရှားသည်။အကြောင်းကိစ္စတစ်စုံတစ်ရာမရှိဘဲ အပြင်သို့မထွက်တတ်သောကြောင့် တစ်ခုခုဖြစ်မှာဘာညာစိတ်ပူစရာမလိုပေ။ပြဿနာတစ်စုံတစ်ရာဖြစ်ခဲ့လျှင်တောင် သွေးအေးအေးနှင့်ဖြေရှင်းတတ်သည်။
အဆိုးလေးကတော့ မထင်ရင်မထင်သလို အပြင်ထွက်သွားတတ်သဖြင့် စိတ်ပူနေရသည်။အရင်တစ်ခါကလည်း မနက်၁နာရီထိုးကြီးပျောက်သွားသဖြင့် စိတ်ပူပြီးလိုက်ရှာကြရာ မြစ်ကမ်းဘေးမှ အင်္ကျီလက်တို၊ဘောင်းဘီတိုလေးဖြင့် ကြုံ့ကြုံ့လေးထိုင်နေပါသော သားကြီးကိုတွေ့လိုက်ရသဖြင့် ဦးညိုတို့ရင်နာမိသည်။ဟိုကိစ္စဖြစ်သွားပြီးနောက်ပိုင်း ဧကလေးကို သူ့စိတ်ကြိုက်လုပ်ချင်ရာလုပ်ပါစေဟူ၍ လွှတ်မထားရဲတော့။ထပ်ပြီး သားကြီး တစ်ခုခုဖြစ်သွားမှာမျိုး အရမ်းစိုးရိမ်မိသည်။သားကြီးရော သားငယ်ရော မည်ကဲ့သို့သော အန္တရာယ်မျိုးနှင့်မှမကြုံတွေ့စေချင်သည်ပင်။
ဖုန်းကဝင်ပြီးကိုင်သူမရှိသောကြောင့် သက္ကရာဇ်လေး သုံးခါမြောက်ခေါ်ပြီးသည့်အချိန်တွင်တော့ ဆက်မခေါ်တော့ဘဲထားလိုက်ကာ ဒယ်ဒီနှင့်ပါးပါးဘက်လှည့်ပြောလိုက်သည်။
“ဖုန်းမကိုင်ဘူး ဒယ်ဒီ...ကိုကို ကားမောင်းနေလို့ထင်တယ်...”
“အဆိုးလေးကတော့ အမြဲစိတ်ပူရအောင်လုပ်နေတော့တာပဲ....”
ကုဋေ မျက်မှောင်ကြုတ်ထားရင်းပြောလိုက်သည်။ကုဋေ့မှာ တစ်နေ့တစ်နေ့ ဒီအဆိုးလေးကိုပဲစိတ်ပူနေရသည်။အရင်တစ်ခါကိစ္စတုန်းက ဦးညိုဘယ်လောက်ထိတောင်ပင်ပန်းခဲ့ရသလဲဆိုတာ မြင်ပြီးပြီဖြစ်၍ ထပ်အဖြစ်မခံနိုင်ပေ။ကုဋေတို့လည်း စိတ်ပင်ပန်းကာ သားကြီးအတွက်စိတ်အရမ်းပူခဲ့ပေမယ့် ဦးညိုက နေ့နေ့ညညတစ်ငိုငိုတရယ်ရယ်အခြေအနေမို့ သားကြီးသတိပြန်မလည်ခင် ဦးညိုတစ်ခုခုဖြစ်သွားမှာမျိုး သူအရမ်းစိုးရိမ်ခဲ့ရသည်။ထို့ကြောင့် ဒီမိသားစုလေးက မည်သူတစ်ဦးတစ်ယောက်ကိုမှ သူအထိအခိုက်မခံနိုင်ပေ။
“ကဲပါ ကိုကိုရယ် သားကြီးပြန်လာနေလောက်ပါပြီ...မျက်မှောင်ကြီးကြုတ်မထားပါနဲ့ ပါးရေတွေတွန့်ကုန်တော့မှာပဲ...”
“ဟက်!!ပါးရေတွေတွန့်ကုန်ရင် မချစ်တော့ဘူးလား....”
“ကိုကို့!!သားငယ်ရှိတယ်လေ ဘာစကားတွေပြောနေတာလဲ ...”
ဦးညို ကိုကို့အား အလန့်တကြားမျက်လုံးပြူးပြရင်း ပြောလိုက်သည်။
“ဟောဗျာ ကိုယ်ဘာလုပ်လို့လဲ...”
“ကိုကိုနော်....”
“ဟွန်း!!”
သက္ကရာဇ်လေး ဒယ်ဒီနဲ့ပါးပါးကိုကြည့်ရင်း မေးချိုင့်လေးများပေါ်သည်အထိ ရယ်လိုက်မိသည်။
ထိုအခိုက် အိမ်ရှေ့မှလူခေါ်ဘဲသံကြောင့်
“ဟော သားကြီးပြန်လာပြီထင်တယ်....ဒီကလေး ကားမပါဘူးလား... ကားသံလည်းမကြားရဘူး...”
“ကိုယ်သွားဖွင့်လိုက်မယ်....”
တံခါးသွားဖွင့်ပေးမလိုလုပ်နေသည့် ပါးပါးကြောင့် သက္ကရာဇ်ပြောရင်း ထလာလိုက်သည်။
ကမ္ဘာ လူခေါ်ဘဲကိုနှိပ်လိုက်ရင်း မာန့်ခေါင်းလေးအောက်ပြုတ်ကျတော့မလိုဖြစ်နေသည်ကို အသာထိန်းကာ လည်ပင်းနားထိကပ်လိုက်သည်။ထိုအချိန် အိမ်မကြီးထဲမှ သူနှင့်ရွယ်တူလောက်ရှိမည့်လူတစ်ယောက်တံခါးလာဖွင့်ပေးသဖြင့် ပယင်းရောင်မျက်ဝန်းများက ထိုလူ့အားသေချာကြည့်လိုက်သည်။သီဟရာဇာတစ်ဖြစ်လည်းသက္ကရာဇ်ဦးညိုပင်။ရေစက်တွေဆန်းကြယ်၏။
ထိုလူ၏အညိုရောင်မျက်ဝန်းများကလည်း သူ့အားစူး၍ကြည့်လာသည်။ပယင်းရောင်မျက်ဝန်းများနှင့်အညိုရောင်မျက်ဝန်းများ အချိန်ခဏကြာသည်အထိကြည့်မလွဲဘဲ တစ်ယောက်ကိုတစ်ယောက် စူးစမ်းပြီးနောက် အညိုရောင်မျက်ဝန်းပိုင်ရှင်က ကျောပေါ်မှ အကိုဖြစ်သူအားတစ်ချက်ကြည့်ကာ တံခါးကိုဖွင့်ပေးလာသည်။
ကမ္ဘာအထဲကိုခြေချလိုက်သည်နှင့် ထိုလူက တံခါးကိုပြန်ပိတ်လိုက်ကာ ရှေ့မှလျှောက်သွားသည်။ကမ္ဘာလည်း အနောက်မှလိုက်ဝင်လာလိုက်သည်။
“မင်းမြတ်ဧကဦးမာန် မင်းဘယ်အချိန်ရှိ...”
ကုဋေ အခုမှပြန်လာသည့်အဆိုးလေးအား ဆူမည်ဟုပြင်ထားရင်း ဝင်လာသောသူအားမြင်လိုက်ရသည့်အခိုက် ပြောလက်စကားများပင်ရပ်သွားသည်။
“ဟင်....”
ဦးညိုသည်လည်း သားကိုချီပိုးထားသော ကောင်လေးကိုမြင်ခိုက် အံ့ဩလွန်းလို့ မျက်ဝန်းပြာလေးများဝိုင်းစက်သွားရသည်။
*တူလိုက်တာ တူလိုက်တာ...*ဟူ၍ ဦးညိုအထပ်ထပ်အခါခါရေရွတ်ရင်း မျက်တောင်မခတ်ကြည့်နေမိသည်။အဆိုးလေးကတော့ မူးပြီး သူများကျောပေါ်အိပ်ပျော်နေသည်ပင်။
သက္ကရာဇ် အိမ်ထဲသို့အရောက် အံ့ဩနေသည့် သူ့ဒယ်ဒီနှင့်ပါးပါးကိုကြည့်ရင်း အနောက်ကလူထဲမှ ကိုကို့အားလက်ပြောင်းယူဖို့ရာပြင်လိုက်သည်။
“ကိုယ့်ဆီပေး....”
“မာန်နိုးသွားလိမ့်မယ်...”
ကမ္ဘာ နောက်ကိုခြေတစ်လှမ်းဆုတ်ရင်း ခပ်တိုးတိုးပြောလိုက်သည်။
“ကိုယ်မနိုးအောင်ချီသွားမယ်...”
“မာန်နိုးသွားလိမ့်မယ်....”
“.....”
သက္ကရာဇ် လုံးဝပေးမည့်ပုံမရသော ကိုကို့ကိုချီထားသည့်လူအား ဘာမှမပြောတော့ဘဲ စိုက်ကြည့်လိုက်သည်။
ကုဋေနှင့်ဦးညိုတို့ တစ်ဖက်ကကလေးကိုစူးစမ်းနေတုန်း သားငယ်၏ခက်ထန်နေသော အကြည့်စူးစူးကြောင့် အခြေအနေကို အမြန်ဝင်ထိန်းဖို့ပြင်လိုက်သည်။
တစ်ဖက်ကကလေးကလည်း မာန်နိုးသွားလိမ့်မယ်ကလွဲလျှင် တခြားစကားမပြောသဖြင့် ဦးညိုကပဲ အမြန်ထရပ်ရင်းပြောလိုက်သည်။
“အဟမ်း!ဟုတ်သား...သားငယ်...မင်းကိုကိုနိုးသွားလိမ့်မယ်...သားငယ်က ကိုကို့အခန်းလိုက်ပြလိုက်နော်....”
”ဟုတ်ကဲ့ ပါးပါး... ”
သက္ကရာဇ် ပါးပါးစကားကို ခေါင်းညိတ်ပြလိုက်ရင်း နောက်လှည့်ပြီး ထိုလူ့အားပြောလိုက်သည်။
“လိုက်ခဲ့...”
ကမ္ဘာ ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး သူ့အားမျက်တောင်မခတ်ကြည့်နေသည့် မာန့်မိဘနှစ်ပါးအား တစ်ချက်ဦးညွှတ်လိုက်ကာ အောက်လျောချင်နေသည့်မာန့်ခန္ဓာကိုယ်လေးအား အပေါ်နည်းနည်းတိုးချီရင်း အနောက်မှလိုက်သွားလိုက်သည်။ဒီအိမ်တစ်အိမ်လုံးမှ နေရာအကုန်လုံးဟာ သူ၆နှစ်လုံးလုံး စိတ်စွမ်းအင်ဖြင့် ဝင်ထွက်နေသည့်နေရာဖြစ်သောကြောင့် ကမ္ဘာအတွက်စိမ်းသက်နေခြင်းမရှိ။
အိမ်ပေါ်တက်သွားပါသော သားငယ်၊သားကြီးနှင့်ပယင်းရောင်မျက်ဝန်းပိုင်ရှင်ကိုလိုက်ကြည့်ရင်း ကုဋေနှင့်ဦးညိုမှာတော့ ပဟေဋိများစွာဖြင့် ကျန်နေခဲ့သည်။
“ကိုကို...”
“ဗျာ....”
“ပန်းချီကားထဲက .. သူ ဟုတ်တယ်မလားဟင် ....”
“အင်း ကိုယ်လည်း သူလို့ထင်တယ်....”
“ကျန်တာမဟုတ်ဘဲ ပယင်းရောင်မျက်ဝန်းနဲ့တင် အဲ့ဒီကောင်လေးက ပန်းချီကားထဲလူပါလို့ညွှန်ပြနေသလိုပဲ ...ဒီလိုဆိုရင် သားကြီးက ရှာတွေ့သွားတာလားဟင်...သူရှာနေတဲ့သူကို ရှာတွေ့သွားတာလား....”
ဦးညို ကိုကိုလက်မောင်းအားကိုင်ရင်း စိတ်လှုပ်ရှားစွာပြောလိုက်သည်။လေးနှစ်လုံးလုံး သားကြီး အရူးအမူးလိုက်ရှာနေပါသော ကလေးက ထိုကောင်လေးသာဆိုလျှင် ဦးညိုအရမ်းဝမ်းသာမိမည်ထင်၏။
“ကိုယ်လည်းမပြောတတ်ဘူး...အခြေအနေတွေအကုန်လုံးက သားကြီးရှင်းပြမှ သေချာနားလည်နိုင်တော့မယ်ထင်တယ်....ဒါမှမဟုတ် အဲ့ဒီကောင်လေးကို မျက်နှာချင်းဆိုင်မေးကြည့်ရမယ်...”
“ဦးညိုတို့ သူဆင်းလာရင် နည်းနည်းပါးပါးမေးကြည့်ကြမလား...အကယ်၍ သားကြီးပြောဖူးသလို ရုပ်တူတာဘာညာဖြစ်နေမှာလည်းစိုးတယ် ...”
“ကိုယ်တော့ရုပ်တူရုံတင်လို့မထင်မိဘူး...အဲ့ဒီကောင်လေးရဲ့အကြည့်တွေမှာ အရှိန်အဝါတစ်ခုနှင့်အတူ တစ်စုံတစ်ရာကိုပါမြင်နေရတယ်...”
အလွယ်တကူ သားငယ်ဆီပေးလို့ရသည်ကို နိုးမှာစိုးရိမ်ပြီး လုံးဝလက်လွှဲမပေးသည့်အပြင် သူဖြစ်ချင်တာကိုပဲ ဒဲ့ပြောသော ထိုကောင်လေး၏ အမူအရာများမှတစ်ဆင့် ကုဋေ သားကြီးပေါ်အလေးအနက်ထားမှုများကိုမြင်နေရသည်။
အပေါ်ထပ်တွင်တော့ သက္ကရာဇ် ကိုကို့အခန်းဆီလိုက်ပို့ရင်း ထိုလူ၏အမူအရာများကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေသည်။ကိုကို့အား အချိန်အကြာကြီးနာကျင်ခံစားရအောင်လုပ်သည့် ထို့လူ့အားသူဘယ်နည်းနှင့်မျှ အမြင်မကြည်နိုင်။သူ့မှာလည်း အခက်အခဲတွေရှိကောင်းရှိနိုင်ပေမယ့် ကိုကိုခံစားရသည်လောက် သက္ကရာဇ်လေး ဘယ်အရာကိုမှ ဂရုမစိုက်နိုင်ပေ။
ကမ္ဘာ မာန့်ကိုယ်လုံးလေးကို အသာဖွဖွလေး ထိန်းကာ ကုတင်ပေါ် နေရာချလိုက်သည်။ထို့နောက် လည်ပင်းမှ လက်လေးနှစ်ဖက်ကိုပါဖြုတ်လိုက် ရင်ဘတ်ပေါ်ယှက်တင်ပေးလိုက်သည်။ပြီးနောက် ကမ္ဘာထသွားဖို့ပြင်လိုက်ရာ..
“ဟင့် မောင် မသွားပါနဲ့...”
ရှိုက်သံတိုးတိုးနှင့်ထွက်ပေါ်လာသော အသံလေးအဆုံး ကမ္ဘာ့လှုပ်ရှားမှုတွေအကုန်ရပ်တန့်သွားရသည်။ထို့နောက် အပေါက်ဝမှသူ့အားစူးစိုက်ကြည့်နေသည့် သက္ကရာဇ်ဦးညိုဆီတစ်ချက်လှမ်းကြည့်လိုက်သည်။
သက္ကရာဇ် စိတ်မချသော်လည်း ကိုကိုနှင့်ထိုလူ့အား တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် အခန်းထဲမှ အသာထွက်လာကာ အောက်ထပ်မှပါးပါးတို့ဆီဆင်းသွားလိုက်သည်။
**********
မှိန်ပျပျမီးရောင်အောက်မှာ အေးချမ်းစွာအိပ်မောကျနေသည့်မျက်နှာလေးအား ကမ္ဘာတစိမ့်စိမ့်ငေးကြည့်နေမိသည်။ဖြစ်နိုင်လျှင် ယခုအချိန်လေးကို ရပ်တန့်ထားချင်မိသည်။ကိစ္စများအားလုံးရဲ့အစမှာသူရှ်ိနေပြီး မာန့်ကိုနာကျင်စေသည့်တစ်ဦးတည်းသောတရားခံကသူပင်။
“မောင် တောင်းပန်ပါတယ် မာန်...နာကျင်စေခဲ့မိလို့တောင်းပန်ပါတယ်...မောင့်အမှားတွေကိုပြင်ဆင်ချင်ရုံသက်သက်နဲ့ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ကျော်ထိဆွဲခေါ်ခဲ့မိလို့ တောင်းပန်ပါတယ်...အလားတူထပ်ပြီးနာကျင်စေမိလို့တောင်းပန်ပါတယ်...မောင်တစ်ယောက်ထဲကိုပဲ ချစ်နေအောင် အတ္တတွေနဲ့ လေးနှစ်လုံးလုံးချည်နှောင်ထားခဲ့မိလို့တောင်းပန်ပါတယ်....”
“ခမည်းတော်ကပြောတယ် မင်းကသိပ်အတ္တကြီးတဲ့ကောင်တဲ့...မင်းဘက်ကိုပဲကြည့်ပြီး တစ်ဖက်က ကလေးကိုထည့်မတွက်ဘူးတဲ့ မင်းကိုဘယ်လိုမှနားမလည်နိုင်ဘူးတဲ့...အဟွန်း!!ခမည်းတော်ပြောတာ သိပ်မှန်တယ်...မောင်က မောင့်အတွက်ပဲမောင်ကြည့်တဲ့ သိပ်ကိုအတ္တကြီးတဲ့ကောင်ပါ...အရင်ဘဝကမှားခဲ့ဘူးတဲ့အမှားကိုပြင်ဆင်ချင်တာနဲ့....မောင်တစ်ယောက်ထဲကိုပဲ ချစ်စေချင်တာနဲ့ လုပ်မိလုပ်ရာတွေအကုန်လုပ်ခဲ့မိတယ်.... မောင့် မာန့်ကိုသိပ်ချစ်တဲ့အကြောင်းကလွဲရင် မောင့်ကိုမောင်တောင်နားမလည်တဲ့ကောင်မို့ မောင့်ကိုတစ်ယောက်ယောက်ကနားလည်နိုင်ဖို့ မမျှော်လင့်ပါဘူး...ဒါပေမဲ့ မာန်ကတော့ မောင့်ကိုနားလည်ပေးနိုင်ရင် သိပ်ကောင်းမယ်လို့အတ္တကြီးစွာ တောင်းဆိုချင်ပြန်တယ်...”
“အဟွန်း!!!မောင်က တကယ်ကို တစ်ကိုယ်ကောင်းဆန်တဲ့အတ္တကြီးတဲ့ကောင်ပဲနော်...အတ္တကြီးလက်စနဲ့ပဲဆက်ကြီးပါရစေ...ဘယ်လမ်းကနေပဲဖြစ်ဖြစ် မာန့်ဆီကိုရောက်အောင်လာခဲ့မှာမို့ မောင့်ကိုစောင့်နေပေးပါမာန်...မောင် မင်းဆီကိုရောက်အောင်လာခဲ့မှာမို့ မောင့်ကိုစောင့်နေပေးပါ... ”
ကမ္ဘာ လက်လေးတစ်ဖက်ကိုဖွဖွလေးဆွဲယူရင်း နှုတ်ခမ်းလေးနဲ့ဖိကပ်နမ်းလိုက်ရာ ပယင်းရောင်မျက်ဝန်းများကိုမှိတ်ချလိုက်သည့်အခိုက် မျက်ရည်လေးတစ်စက်သည်လက်ဖမိုးလေးဆီသို့ ခုန်ဆင်းသွားသည်။
ကုတင်ပေါ်ကအိပ်ပျော်နေပါသော ကောင်လေးသည်လည်း အလားတူမျက်ရည်များကျဆင်းနေခဲ့လေသည်။
CHANGE 🍁
May 22,2:12PM
ဒီအပိုင်းပြီးဖို့မနည်းရေးလိုက်ရတယ်
နေသိပ်မကောင်းလို့Dailyမupဖြစ်ရင်နားလည်ပေးကြပါဦးဗျ...
Zawgyi
ပယင္းႀကိဳးသီခ်စ္ေသာေမာင့္ဆီ
အပိုင္း✨🍁(၄၄)
“အားပါး...ခုမွပဲ ေပါ့သြားေတာ့တယ္....ေအ့...ဟိဟိ...”
ဧကေလး တစ္ေယာက္ထဲေရ႐ြတ္ရင္းရယ္လိုက္ကာ လက္ေဆးဖို႔ရန္ ေဘစင္ကခလုတ္ကိုလွည့္လိုက္သည္။ဧကေလးဘယ္ေလာက္အားႏွင့္လွည့္လွည့္ ေရထြက္မလာသည့္အတြက္စိတ္တိုလာရသည္။ဒါသူ႔ကိုသက္သက္မဲ့ မခန႔္ေလးစားလုပ္တာပင္။ဧကေလး မ်က္ေမွာင္ကိုၾကဳတ္၍ ခါးေထာက္လိုက္ကာ ထပ္လွည့္ၾကည့္သည္။မရ။ၾကာေတာ့ ေခြၽးမ်ားပင္ထြက္လာၿပီး အမူးေျပသြားသလိုခံစားရသည္။
“ဟ!!ဘာလို႔လွည့္မရတာတုန္း...ကပ္တီးကပ္တက္နဲ႔ေပကပ္ေနတယ္ေပါ့ဟုတ္လား... ငါလွည့္တဲ့ဘက္ပါမလာဘူးေပါ့ဟုတ္လား...ေတြ႕မယ္ ေတြ႕မယ္...”
ကမာၻ မာန္အထဲမွာၾကာေနသျဖင့္ လိုက္ဝင္လာရာ ေဘစင္ေဘး ခါးေလးေထာက္ၿပီး ဆူပုတ္ပုတ္ေလးျဖစ္ေနေသာသူအားေတြ႕လိုက္ရသည္။
“မာန္...ဘာျဖစ္လို႔လဲ...”
ကမာၻ႔ကိုျမင္သည္ႏွင့္ မ်က္ဝန္းျပာေလးမ်ားက လက္ခနဲတစ္ခ်က္ျဖစ္သြားၿပီး ခ်က္ခ်င္းမ်က္ႏွာငယ္ေလးျဖစ္သြားကာ ႏႈတ္ခမ္းကိုမဲ့လိုက္၍...
“ေမာင္ ဟင့္ ဖြင့္မရဘူး...”
“ခလုတ္ဖြင့္မရတာလား ...”
“ဟုတ္...ဧကေလးက လက္ေဆးခ်င္လို႔ဖြင့္တာကို သူကပြင့္လာမေပးဘူး...ဟင့္ ေမာင္ ဆူလိုက္...”
“အဟြန္း!!”
ကေလးမ်ား တစ္စုံတစ္ခုႏွင့္ခိုက္မိလွ်င္ မိဘမ်ားဆီကပ္ခြၽဲ၍ ဆူခိုင္းသလို ျပဳမူလာေသာ အမူးသမားေလးအား ကမာၻ အသည္းယားစြာ ဖ်စ္ညႇစ္ပစ္ခ်င္လာရသည္။
“ေလွာင္တာလား...ဧကေလးက ဝမ္းနည္းေနတာကို အဲ့ကလူႀကီးေမာင္ကေလွာင္တယ္ေပါ့...ဟင့္ ပါးပါးနဲ႔ ဒယ္ဒီနဲ႔ ေဖာင္းေဖာင္းေလးနဲ႔ တိုင္ေျပာမယ္.... ”
“အဟြန္း!! မေလွာင္ရပါဘူး ေမာင္ ဖြင့္ေပးမယ္...”
“ဟြန႔္!!”
ဧကေလး ႏႈတ္ခမ္းေလးဆူရင္းႏွာမႈတ္လိုက္သည္။
“လာ ေမာင္လက္ေဆးေပးမယ္...”
ကမာၻအမူးသမားေလးလက္ေလးအားဆြဲ၍ ဖြဖြေလးေဆးေပးလိုက္သည္။
ဧကေလး မိမိလက္ေလးအား တယုတယကိုင္ကာေဆးေပးေနပါေသာ ေမာင့္အားၾကည့္ရင္း ရင္ထဲဝမ္းနည္းလာရသည္။နီးလ်က္ႏွင့္ေဝးေနသည့္ခံစားခ်က္မ်ိဳးကိုသူမႀကိဳက္ေပ။အမူးနည္းနည္းေျပေနၿပီဆိုေပမယ့္ ေမာင္သိသြားရင္ ထပ္မသိဘူးေျပာကာ ထြက္သြားမည္စိုးသည့္အတြက္ ဧကေလး ေရငုံႏႈတ္ပိတ္ ေမာင့္ကိုပဲလိုက္ၾကည့္ေနမိသည္။
ဘာေၾကာင့္လိမ္ရတာလဲ၊
ဘာေၾကာင့္ခုမွေပၚလာရတာလဲ၊
ဘာေၾကာင့္အၾကာႀကီးပစ္ထားရတာလဲ၊
ဘာေၾကာင့္လူကိုေဝဝါးေအာင္လုပ္ရတာလဲ၊ဘာေၾကာင့္အခ်စ္ဆိုတဲ့အရာကိုသင္ေပးခဲ့တာလဲဟူ၍ စိတ္ရွိလက္ရွိေပါက္ကြဲကာေမးပစ္လိုက္ခ်င္ေပမယ့္ ဧကေလး မလုပ္ျဖစ္။သူေပါက္ကြဲလိုက္လို႔ အနားမွာျမင္ေနရသည့္ ပုံရိပ္ေလးထပ္ေပ်ာက္ကြယ္သြားခဲ့ရင္ ႐ူးသြားဖို႔ပဲရွိေတာ့သည္။
“ေဆးၿပီးသြားၿပီ...”
ကမာၻ လက္ကိုေသခ်ာေဆးေပးၿပီးေနာက္ တစ္ရႉးေလးႏွင့္ပါေသခ်ာသုတ္ေပးလိုက္သည္။
“ေမာင္...”
“ဗ်ာ....”
“ေမာင္ ....”
“ဗ်ာ ဗ်...”
“ေမာင္....”
“အဟြန္း!!”
“ေမာင္....”
“ေမာင္ ရွိေနပါတယ္ ...မာန္ ဘာေျပာခ်င္လို႔လဲ ေျပာပါ...ေမာင္နားေထာင္ေနပါတယ္...”
*ထပ္ၿပီး တစ္စကၠန႔္ေလးေတာင္ကြၽန္ေတာ့္ကိုထားမသြားပါနဲ႔...အနားမွာပဲ ရွိေပးပါ...ေမာင္မရွိရင္ ကြၽန္ေတာ္ ဆက္ရွင္သန္ႏိုင္မွာမဟုတ္ေတာ့ဘူး...*
ဟူ၍ စိတ္ထဲမွာေျပာလိုက္ေပမယ့္ အျပင္မွာေတာ့ ထိုစကားမ်ားဟာထြက္မလာရက္။ေမာင့္မွာဘာအခက္အခဲေတြရွိေနမလဲဆိုတာ သူမသိေသးသည့္အတြက္ ခက္ခဲေအာင္မလုပ္ခ်င္ေပ။ထို႔ေၾကာင့္ ဧကေလး မ်က္ႏွာေလးမဲ့ျပရင္း...
“ဟင့္ ေမာင္ခ်ီ...”
“အဟြန္း!!ေကာင္းၿပီဗ်ာ...”
မ်က္ႏွာေလးမဲ့ျပရင္း လက္ေလးကမ္းလာေသာ မာန႔္အား ကမာၻေပြ႕ခ်ီဖို႔ျပင္လိုက္သည့္အခိုက္ ....
“မဟုတ္ဘူး ...”
“....”
“ဒီလိုေရွ႕ကခ်ီခိုင္းတာမဟုတ္ဘူး.... ေက်ာပိုး ေနာက္ကေနေက်ာပိုးခိုင္းတာ ...”
ဧကေလး လက္ဟန္ေျခဟန္ျဖင့္ ေျပာျပလိုက္သည္။
“အဟြန္း!!ဟုတ္ပါၿပီဗ်ာ လာ ေမာင္ ေက်ာပိုးမယ္....”
ကမာၻ မာန႔္ေရွ႕ ေက်ာေပးကာဒူးေလးေထာက္လိုက္သည္။
“ဟီး ဟီး...ေမာင္က ခ်စ္စရာႀကီး...”
ဧကေလး သေဘာတက်ရယ္ရင္း ျမင္ေနရသည့္ေက်ာျပင္က်ယ္ႀကီးကို ခြတက္လိုက္ကာ လက္ႏွစ္ဖက္ျဖင့္ သိုင္းဖက္ထားလိုက္သည္။ေခါင္းေလးကိုမူ လည္ပင္းဘက္မ်က္ႏွာမူလ်က္ ေစာင္းလိုက္သည္။ထို႔ေနာက္ ေမာင့္ေက်ာျပင္က်ယ္က်ယ္ကအေႏြးဓာတ္ကိုဖက္တြယ္ရင္း ခပ္သင္းသင္းရေနသည့္ ကိုယ္သင္းနံ႔ကိုရႉရႈိက္ရင္း ေခါင္းေလးကို လည္ပင္းနားႏွာေခါင္းေလးႏွင့္ ထိသည္အထိကပ္ထားလိုက္သည္။ဒီေက်ာျပင္က်ယ္က်ယ္ႀကီးကို သူဘယ္နည္းႏွင့္မွ အဆုံးရႈံးမခံႏိုင္ေပ။
ကမာၻ လည္ပင္းအနားမွာခံစားမိေနသည့္ ဝင္သက္ထြက္သက္ေႏြးေႏြးေၾကာင့္ အသက္ရႉခဏေအာင့္လိုက္ကာ စိတ္ကိုထိန္းလိုက္သည္။ရင္ဘတ္မွက်ိန္စာ၏အက်ိဳးသက္ေရာက္မႈကိုမမႈေတာ့သည္အထိ မာန႔္ကိုသူခ်စ္သည္။အသည္းႏွလုံးတစ္ခုလုံးေၾကမြပ်က္စီးသြားလွ်င္ေတာင္ မာန႔္ကိုသူဘယ္နည္းႏွင့္မွ်လက္လႊတ္ခံမည္မဟုတ္ေပ။
*ကတိမတည္ႏိုင္ေတာ့တဲ့အတြက္ ေတာင္းပန္ပါတယ္ ခမည္းေတာ္...*
ထို႔ေနာက္တြင္ေတာ့ Barအျပင္ဘက္ကို လူရွင္းသည့္ေနရာမ်ားမွေ႐ြး၍ထြက္လာၿပီး ကားရွိရာသို႔သြားလိုက္သည္။အမူးသမားေလးကေတာ့ ေက်ာေပၚတြင္ အိပ္ေပ်ာ္သြားၿပီလားမသိေအာင္ထိ ၿငိမ္သက္ေနသည္။
ကားတံခါးကိုအသာဖြင့္ရင္း ထိုင္ခုံေပၚခ်ေပးရန္ လည္ပင္းကလက္ႏွစ္ဖက္ကိုျဖဳတ္ဖို႔လုပ္လိုက္ရာ ၿမဲေနေအာင္တြဲထားသျဖင့္ ျဖဳတ္လို႔မရေပ။အားသုံးလိုက္ရင္ ရႏိုင္ေပမယ့္ ႏိုးသြားမွာစိုးသည့္အတြက္ ကမာၻမျဖဳတ္ေတာ့ဘဲ နာရီကိုတစ္ခ်က္ငုံ႔ၾကည့္လိုက္ရာ 10နာရီေက်ာ္ေနၿပီျဖစ္သည္။ဒီကေန မာန႔္အိမ္ထိလမ္းေလွ်ာက္မည္ဆိုပါက အနည္းဆုံး 1နာရီေလာက္ေတာ့ေလွ်ာက္ရမည္ပင္။ကမာၻ ကားႏွစ္စီးလုံးကို ေသခ်ာ lockခ်ၿပီးေနာက္ ခ်ီပိုးလ်က္ပင္ မာန႔္အိမ္ဆီသို႔ ဦးတည္လိုက္သည္။
တိုးေဝွ႔တိုက္ခတ္ေနသည့္ ေလ႐ူးႏွင့္အတူေပတရာေပၚမွ ေကာင္ေလးတစ္ေယာက္အားေက်ာပိုးခ်ီထားပါေသာ ပယင္းေရာင္မ်က္ဝန္းေလးမ်ားႏွင့္ေကာင္ေလးသည္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးေနခဲ့သည္။
ထို႔အတူအိပ္ခ်င္ေယာင္ေဆာင္ေနသည့္ေက်ာေပၚမွေကာင္ေလးသည္လည္း ဒီအခိုက္အတန႔္ေလးကို သေဘာတက်ၿပဳံးေနခဲ့သည္။
**********
ကုေဋ လက္မွနာရီကိုၾကည့္မိေတာ့ ၁၀နာရီ ေက်ာ္ေနၿပီျဖစ္ေသာေၾကာင့္ အျပင္ကိုတစ္ခ်က္လွမ္းၾကည့္ရင္း....
“က်စ္! ဒီကေလး ေနာက္က်ေနၿပီ ခုထိျပန္မလာေသးဘူး....သကၠရာဇ္ မင္း ကိုကိုဆီ ဖုန္းဆက္ၾကည့္စမ္း...”
“ဟုတ္ကဲ့...ဒယ္ဒီ...”
သကၠရာဇ္ ဖုန္းကိုထုတ္လိုက္ၿပီး ကိုကို႔ဆီေခၚလိုက္သည္။
“သားႀကီးက ဦးညိဳဖုန္းဆက္ေတာ့ ေနာက္က်မယ္လို႔ေျပာတယ္ အလုပ္ရႈပ္ေနလို႔လားမသိဘူး....”
ဦးညိဳ စိတ္အရမ္းပူေနေသာ ကိုကို႔ေဘးအသာဝင္ထိုင္ရင္းေျပာလိုက္သည္။
“အလုပ္ရႈပ္ေနရင္ေတာင္ အိမ္ကိုဖုန္းတစ္ခ်က္ေလာက္ေတာ့ ဆက္သင့္တာေပါ့...မိဘေတြစိတ္ပူေနမွာကို သူမသိဘူးလား... အခုေတာ့ ကိုယ့္အခ်စ္ပဲစိတ္ပူေနရတာမဟုတ္လား...”
“အဲ...ဟုတ္ေတာ့ ဟုတ္ပါတယ္...”
ဦးညိဳ သူ႔ထက္စိတ္ပူေနသူႀကီး၏စကားကို အလိုက္သင့္ေျပာရင္း ၿပဳံးလိုက္မိသည္။
ဧကေလးေရာ သကၠရာဇ္ေလးေရာက အသက္သာ ၂၀ေက်ာ္လာသည္ သူတို႔မ်က္စိထဲတြင္ေတာ့ ကေလးေပါက္စေလးလိုမ်ိဳးပဲျမင္ေယာင္တုန္းျဖစ္သည္။ဧကေလးထက္စာလွ်င္ သကၠရာဇ္ေလးက အစစအရာရာ ပိုစိတ္ခ်ရသည္။ေရခဲတုံးေလးက အိမ္ႏွင့္႐ုံးကလြဲလွ်င္ တျခားေနရာသြားသည္၊လာသည္မွာရွားသည္။အေၾကာင္းကိစၥတစ္စုံတစ္ရာမရွိဘဲ အျပင္သို႔မထြက္တတ္ေသာေၾကာင့္ တစ္ခုခုျဖစ္မွာဘာညာစိတ္ပူစရာမလိုေပ။ျပႆနာတစ္စုံတစ္ရာျဖစ္ခဲ့လွ်င္ေတာင္ ေသြးေအးေအးႏွင့္ေျဖရွင္းတတ္သည္။
အဆိုးေလးကေတာ့ မထင္ရင္မထင္သလို အျပင္ထြက္သြားတတ္သျဖင့္ စိတ္ပူေနရသည္။အရင္တစ္ခါကလည္း မနက္၁နာရီထိုးႀကီးေပ်ာက္သြားသျဖင့္ စိတ္ပူၿပီးလိုက္ရွာၾကရာ ျမစ္ကမ္းေဘးမွ အက်ႌလက္တို၊ေဘာင္းဘီတိုေလးျဖင့္ ႀကဳံ႕ႀကဳံ႕ေလးထိုင္ေနပါေသာ သားႀကီးကိုေတြ႕လိုက္ရသျဖင့္ ဦးညိဳတို႔ရင္နာမိသည္။ဟိုကိစၥျဖစ္သြားၿပီးေနာက္ပိုင္း ဧကေလးကို သူ႔စိတ္ႀကိဳက္လုပ္ခ်င္ရာလုပ္ပါေစဟူ၍ လႊတ္မထားရဲေတာ့။ထပ္ၿပီး သားႀကီး တစ္ခုခုျဖစ္သြားမွာမ်ိဳး အရမ္းစိုးရိမ္မိသည္။သားႀကီးေရာ သားငယ္ေရာ မည္ကဲ့သို႔ေသာ အႏၲရာယ္မ်ိဳးႏွင့္မွမႀကဳံေတြ႕ေစခ်င္သည္ပင္။
ဖုန္းကဝင္ၿပီးကိုင္သူမရွိေသာေၾကာင့္ သကၠရာဇ္ေလး သုံးခါေျမာက္ေခၚၿပီးသည့္အခ်ိန္တြင္ေတာ့ ဆက္မေခၚေတာ့ဘဲထားလိုက္ကာ ဒယ္ဒီႏွင့္ပါးပါးဘက္လွည့္ေျပာလိုက္သည္။
“ဖုန္းမကိုင္ဘူး ဒယ္ဒီ...ကိုကို ကားေမာင္းေနလို႔ထင္တယ္...”
“အဆိုးေလးကေတာ့ အၿမဲစိတ္ပူရေအာင္လုပ္ေနေတာ့တာပဲ....”
ကုေဋ မ်က္ေမွာင္ၾကဳတ္ထားရင္းေျပာလိုက္သည္။ကုေဋ့မွာ တစ္ေန႔တစ္ေန႔ ဒီအဆိုးေလးကိုပဲစိတ္ပူေနရသည္။အရင္တစ္ခါကိစၥတုန္းက ဦးညိဳဘယ္ေလာက္ထိေတာင္ပင္ပန္းခဲ့ရသလဲဆိုတာ ျမင္ၿပီးၿပီျဖစ္၍ ထပ္အျဖစ္မခံႏိုင္ေပ။ကုေဋတို႔လည္း စိတ္ပင္ပန္းကာ သားႀကီးအတြက္စိတ္အရမ္းပူခဲ့ေပမယ့္ ဦးညိဳက ေန႔ေန႔ညညတစ္ငိုငိုတရယ္ရယ္အေျခအေနမို႔ သားႀကီးသတိျပန္မလည္ခင္ ဦးညိဳတစ္ခုခုျဖစ္သြားမွာမ်ိဳး သူအရမ္းစိုးရိမ္ခဲ့ရသည္။ထို႔ေၾကာင့္ ဒီမိသားစုေလးက မည္သူတစ္ဦးတစ္ေယာက္ကိုမွ သူအထိအခိုက္မခံႏိုင္ေပ။
“ကဲပါ ကိုကိုရယ္ သားႀကီးျပန္လာေနေလာက္ပါၿပီ...မ်က္ေမွာင္ႀကီးၾကဳတ္မထားပါနဲ႔ ပါးေရေတြတြန႔္ကုန္ေတာ့မွာပဲ...”
“ဟက္!!ပါးေရေတြတြန႔္ကုန္ရင္ မခ်စ္ေတာ့ဘူးလား....”
“ကိုကို႔!!သားငယ္ရွိတယ္ေလ ဘာစကားေတြေျပာေနတာလဲ ...”
ဦးညိဳ ကိုကို႔အား အလန္႔တၾကားမ်က္လုံးျပဴးျပရင္း ေျပာလိုက္သည္။
“ေဟာဗ်ာ ကိုယ္ဘာလုပ္လို႔လဲ...”
“ကိုကိုေနာ္....”
“ဟြန္း!!”
သကၠရာဇ္ေလး ဒယ္ဒီနဲ႔ပါးပါးကိုၾကည့္ရင္း ေမးခ်ိဳင့္ေလးမ်ားေပၚသည္အထိ ရယ္လိုက္မိသည္။
ထိုအခိုက္ အိမ္ေရွ႕မွလူေခၚဘဲသံေၾကာင့္
“ေဟာ သားႀကီးျပန္လာၿပီထင္တယ္....ဒီကေလး ကားမပါဘူးလား... ကားသံလည္းမၾကားရဘူး...”
“ကိုယ္သြားဖြင့္လိုက္မယ္....”
တံခါးသြားဖြင့္ေပးမလိုလုပ္ေနသည့္ ပါးပါးေၾကာင့္ သကၠရာဇ္ေျပာရင္း ထလာလိုက္သည္။
ကမာၻ လူေခၚဘဲကိုႏွိပ္လိုက္ရင္း မာန္႔ေခါင္းေလးေအာက္ျပဳတ္က်ေတာ့မလိုျဖစ္ေနသည္ကို အသာထိန္းကာ လည္ပင္းနားထိကပ္လိုက္သည္။ထိုအခ်ိန္ အိမ္မႀကီးထဲမွ သူႏွင့္႐ြယ္တူေလာက္ရွိမည့္လူတစ္ေယာက္တံခါးလာဖြင့္ေပးသျဖင့္ ပယင္းေရာင္မ်က္ဝန္းမ်ားက ထိုလူ႔အားေသခ်ာၾကည့္လိုက္သည္။သီဟရာဇာတစ္ျဖစ္လည္းသကၠရာဇ္ဦးညိဳပင္။ေရစက္ေတြဆန္းၾကယ္၏။
ထိုလူ၏အညိဳေရာင္မ်က္ဝန္းမ်ားကလည္း သူ႔အားစူး၍ၾကည့္လာသည္။ပယင္းေရာင္မ်က္ဝန္းမ်ားႏွင့္အညိဳေရာင္မ်က္ဝန္းမ်ား အခ်ိန္ခဏၾကာသည္အထိၾကည့္မလြဲဘဲ တစ္ေယာက္ကိုတစ္ေယာက္ စူးစမ္းၿပီးေနာက္ အညိဳေရာင္မ်က္ဝန္းပိုင္ရွင္က ေက်ာေပၚမွ အကိုျဖစ္သူအားတစ္ခ်က္ၾကည့္ကာ တံခါးကိုဖြင့္ေပးလာသည္။
ကမာၻအထဲကိုေျခခ်လိုက္သည္ႏွင့္ ထိုလူက တံခါးကိုျပန္ပိတ္လိုက္ကာ ေရွ႕မွေလွ်ာက္သြားသည္။ကမာၻလည္း အေနာက္မွလိုက္ဝင္လာလိုက္သည္။
“မင္းျမတ္ဧကဦးမာန္ မင္းဘယ္အခ်ိန္ရွိ...”
ကုေဋ အခုမွျပန္လာသည့္အဆိုးေလးအား ဆူမည္ဟုျပင္ထားရင္း ဝင္လာေသာသူအားျမင္လိုက္ရသည့္အခိုက္ ေျပာလက္စကားမ်ားပင္ရပ္သြားသည္။
“ဟင္....”
ဦးညိဳသည္လည္း သားကိုခ်ီပိုးထားေသာ ေကာင္ေလးကိုျမင္ခိုက္ အံ့ဩလြန္းလို႔ မ်က္ဝန္းျပာေလးမ်ားဝိုင္းစက္သြားရသည္။
*တူလိုက္တာ တူလိုက္တာ...*ဟူ၍ ဦးညိဳအထပ္ထပ္အခါခါေရ႐ြတ္ရင္း မ်က္ေတာင္မခတ္ၾကည့္ေနမိသည္။အဆိုးေလးကေတာ့ မူးၿပီး သူမ်ားေက်ာေပၚအိပ္ေပ်ာ္ေနသည္ပင္။
သကၠရာဇ္ အိမ္ထဲသို႔အေရာက္ အံ့ဩေနသည့္ သူ႔ဒယ္ဒီႏွင့္ပါးပါးကိုၾကည့္ရင္း အေနာက္ကလူထဲမွ ကိုကို႔အားလက္ေျပာင္းယူဖို႔ရာျပင္လိုက္သည္။
“ကိုယ့္ဆီေပး....”
“မာန္ႏိုးသြားလိမ့္မယ္...”
ကမာၻ ေနာက္ကိုေျခတစ္လွမ္းဆုတ္ရင္း ခပ္တိုးတိုးေျပာလိုက္သည္။
“ကိုယ္မႏိုးေအာင္ခ်ီသြားမယ္...”
“မာန္ႏိုးသြားလိမ့္မယ္....”
“.....”
သကၠရာဇ္ လုံးဝေပးမည့္ပုံမရေသာ ကိုကို႔ကိုခ်ီထားသည့္လူအား ဘာမွမေျပာေတာ့ဘဲ စိုက္ၾကည့္လိုက္သည္။
ကုေဋႏွင့္ဦးညိဳတို႔ တစ္ဖက္ကကေလးကိုစူးစမ္းေနတုန္း သားငယ္၏ခက္ထန္ေနေသာ အၾကည့္စူးစူးေၾကာင့္ အေျခအေနကို အျမန္ဝင္ထိန္းဖို႔ျပင္လိုက္သည္။
တစ္ဖက္ကကေလးကလည္း မာန္ႏိုးသြားလိမ့္မယ္ကလြဲလွ်င္ တျခားစကားမေျပာသျဖင့္ ဦးညိဳကပဲ အျမန္ထရပ္ရင္းေျပာလိုက္သည္။
“အဟမ္း!ဟုတ္သား...သားငယ္...မင္းကိုကိုႏိုးသြားလိမ့္မယ္...သားငယ္က ကိုကို႔အခန္းလိုက္ျပလိုက္ေနာ္....”
”ဟုတ္ကဲ့ ပါးပါး... ”
သကၠရာဇ္ ပါးပါးစကားကို ေခါင္းညိတ္ျပလိုက္ရင္း ေနာက္လွည့္ၿပီး ထိုလူ႔အားေျပာလိုက္သည္။
“လိုက္ခဲ့...”
ကမာၻ ေခါင္းတစ္ခ်က္ညိတ္ျပလိုက္ၿပီး သူ႔အားမ်က္ေတာင္မခတ္ၾကည့္ေနသည့္ မာန႔္မိဘႏွစ္ပါးအား တစ္ခ်က္ဦးၫႊတ္လိုက္ကာ ေအာက္ေလ်ာခ်င္ေနသည့္မာန႔္ခႏၶာကိုယ္ေလးအား အေပၚနည္းနည္းတိုးခ်ီရင္း အေနာက္မွလိုက္သြားလိုက္သည္။ဒီအိမ္တစ္အိမ္လုံးမွ ေနရာအကုန္လုံးဟာ သူ၆ႏွစ္လုံးလုံး စိတ္စြမ္းအင္ျဖင့္ ဝင္ထြက္ေနသည့္ေနရာျဖစ္ေသာေၾကာင့္ ကမာၻအတြက္စိမ္းသက္ေနျခင္းမရွိ။
အိမ္ေပၚတက္သြားပါေသာ သားငယ္၊သားႀကီးႏွင့္ပယင္းေရာင္မ်က္ဝန္းပိုင္ရွင္ကိုလိုက္ၾကည့္ရင္း ကုေဋႏွင့္ဦးညိဳမွာေတာ့ ပေဟဋိမ်ားစြာျဖင့္ က်န္ေနခဲ့သည္။
“ကိုကို...”
“ဗ်ာ....”
“ပန္းခ်ီကားထဲက .. သူ ဟုတ္တယ္မလားဟင္ ....”
“အင္း ကိုယ္လည္း သူလို႔ထင္တယ္....”
“က်န္တာမဟုတ္ဘဲ ပယင္းေရာင္မ်က္ဝန္းနဲ႔တင္ အဲ့ဒီေကာင္ေလးက ပန္းခ်ီကားထဲလူပါလို႔ၫႊန္ျပေနသလိုပဲ ...ဒီလိုဆိုရင္ သားႀကီးက ရွာေတြ႕သြားတာလားဟင္...သူရွာေနတဲ့သူကို ရွာေတြ႕သြားတာလား....”
ဦးညိဳ ကိုကိုလက္ေမာင္းအားကိုင္ရင္း စိတ္လႈပ္ရွားစြာေျပာလိုက္သည္။ေလးႏွစ္လုံးလုံး သားႀကီး အ႐ူးအမူးလိုက္ရွာေနပါေသာ ကေလးက ထိုေကာင္ေလးသာဆိုလွ်င္ ဦးညိဳအရမ္းဝမ္းသာမိမည္ထင္၏။
“ကိုယ္လည္းမေျပာတတ္ဘူး...အေျခအေနေတြအကုန္လုံးက သားႀကီးရွင္းျပမွ ေသခ်ာနားလည္ႏိုင္ေတာ့မယ္ထင္တယ္....ဒါမွမဟုတ္ အဲ့ဒီေကာင္ေလးကို မ်က္ႏွာခ်င္းဆိုင္ေမးၾကည့္ရမယ္...”
“ဦးညိဳတို႔ သူဆင္းလာရင္ နည္းနည္းပါးပါးေမးၾကည့္ၾကမလား...အကယ္၍ သားႀကီးေျပာဖူးသလို ႐ုပ္တူတာဘာညာျဖစ္ေနမွာလည္းစိုးတယ္ ...”
“ကိုယ္ေတာ့႐ုပ္တူ႐ုံတင္လို႔မထင္မိဘူး...အဲ့ဒီေကာင္ေလးရဲ႕အၾကည့္ေတြမွာ အရွိန္အဝါတစ္ခုႏွင့္အတူ တစ္စုံတစ္ရာကိုပါျမင္ေနရတယ္...”
အလြယ္တကူ သားငယ္ဆီေပးလို႔ရသည္ကို ႏိုးမွာစိုးရိမ္ၿပီး လုံးဝလက္လႊဲမေပးသည့္အျပင္ သူျဖစ္ခ်င္တာကိုပဲ ဒဲ့ေျပာေသာ ထိုေကာင္ေလး၏ အမူအရာမ်ားမွတစ္ဆင့္ ကုေဋ သားႀကီးေပၚအေလးအနက္ထားမႈမ်ားကိုျမင္ေနရသည္။
အေပၚထပ္တြင္ေတာ့ သကၠရာဇ္ ကိုကို႔အခန္းဆီလိုက္ပို႔ရင္း ထိုလူ၏အမူအရာမ်ားကို မ်က္ေတာင္မခတ္တမ္း စူးစိုက္ၾကည့္ေနသည္။ကိုကို႔အား အခ်ိန္အၾကာႀကီးနာက်င္ခံစားရေအာင္လုပ္သည့္ ထို႔လူ႔အားသူဘယ္နည္းႏွင့္မွ် အျမင္မၾကည္ႏိုင္။သူ႔မွာလည္း အခက္အခဲေတြရွိေကာင္းရွိႏိုင္ေပမယ့္ ကိုကိုခံစားရသည္ေလာက္ သကၠရာဇ္ေလး ဘယ္အရာကိုမွ ဂ႐ုမစိုက္ႏိုင္ေပ။
ကမာၻ မာန္႔ကိုယ္လုံးေလးကို အသာဖြဖြေလး ထိန္းကာ ကုတင္ေပၚ ေနရာခ်လိုက္သည္။ထို႔ေနာက္ လည္ပင္းမွ လက္ေလးႏွစ္ဖက္ကိုပါျဖဳတ္လိုက္ ရင္ဘတ္ေပၚယွက္တင္ေပးလိုက္သည္။ၿပီးေနာက္ ကမာၻထသြားဖို႔ျပင္လိုက္ရာ..
“ဟင့္ ေမာင္ မသြားပါနဲ႔...”
ရႈိက္သံတိုးတိုးႏွင့္ထြက္ေပၚလာေသာ အသံေလးအဆုံး ကမာၻ႔လႈပ္ရွားမႈေတြအကုန္ရပ္တန႔္သြားရသည္။ထို႔ေနာက္ အေပါက္ဝမွသူ႔အားစူးစိုက္ၾကည့္ေနသည့္ သကၠရာဇ္ဦးညိဳဆီတစ္ခ်က္လွမ္းၾကည့္လိုက္သည္။
သကၠရာဇ္ စိတ္မခ်ေသာ္လည္း ကိုကိုႏွင့္ထိုလူ႔အား တစ္ခ်က္စိုက္ၾကည့္လိုက္ၿပီးေနာက္ အခန္းထဲမွ အသာထြက္လာကာ ေအာက္ထပ္မွပါးပါးတို႔ဆီဆင္းသြားလိုက္သည္။
**********
မွိန္ပ်ပ်မီးေရာင္ေအာက္မွာ ေအးခ်မ္းစြာအိပ္ေမာက်ေနသည့္မ်က္ႏွာေလးအား ကမာၻတစိမ့္စိမ့္ေငးၾကည့္ေနမိသည္။ျဖစ္ႏိုင္လွ်င္ ယခုအခ်ိန္ေလးကို ရပ္တန႔္ထားခ်င္မိသည္။ကိစၥမ်ားအားလုံးရဲ႕အစမွာသူရွ္ိေနၿပီး မာန႔္ကိုနာက်င္ေစသည့္တစ္ဦးတည္းေသာတရားခံကသူပင္။
“ေမာင္ ေတာင္းပန္ပါတယ္ မာန္...နာက်င္ေစခဲ့မိလို႔ေတာင္းပန္ပါတယ္...ေမာင့္အမွားေတြကိုျပင္ဆင္ခ်င္႐ုံသက္သက္နဲ႔ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၀၀၀ေက်ာ္ထိဆြဲေခၚခဲ့မိလို႔ ေတာင္းပန္ပါတယ္...အလားတူထပ္ၿပီးနာက်င္ေစမိလို႔ေတာင္းပန္ပါတယ္...ေမာင္တစ္ေယာက္ထဲကိုပဲ ခ်စ္ေနေအာင္ အတၱေတြနဲ႔ ေလးႏွစ္လုံးလုံးခ်ည္ေႏွာင္ထားခဲ့မိလို႔ေတာင္းပန္ပါတယ္....”
“ခမည္းေတာ္ကေျပာတယ္ မင္းကသိပ္အတၱႀကီးတဲ့ေကာင္တဲ့...မင္းဘက္ကိုပဲၾကည့္ၿပီး တစ္ဖက္က ကေလးကိုထည့္မတြက္ဘူးတဲ့ မင္းကိုဘယ္လိုမွနားမလည္ႏိုင္ဘူးတဲ့...အဟြန္း!!ခမည္းေတာ္ေျပာတာ သိပ္မွန္တယ္...ေမာင္က ေမာင့္အတြက္ပဲေမာင္ၾကည့္တဲ့ သိပ္ကိုအတၱႀကီးတဲ့ေကာင္ပါ...အရင္ဘဝကမွားခဲ့ဘူးတဲ့အမွားကိုျပင္ဆင္ခ်င္တာနဲ႔....ေမာင္တစ္ေယာက္ထဲကိုပဲ ခ်စ္ေစခ်င္တာနဲ႔ လုပ္မိလုပ္ရာေတြအကုန္လုပ္ခဲ့မိတယ္.... ေမာင့္ မာန႔္ကိုသိပ္ခ်စ္တဲ့အေၾကာင္းကလြဲရင္ ေမာင့္ကိုေမာင္ေတာင္နားမလည္တဲ့ေကာင္မို႔ ေမာင့္ကိုတစ္ေယာက္ေယာက္ကနားလည္ႏိုင္ဖို႔ မေမွ်ာ္လင့္ပါဘူး...ဒါေပမဲ့ မာန္ကေတာ့ ေမာင့္ကိုနားလည္ေပးႏိုင္ရင္ သိပ္ေကာင္းမယ္လို႔အတၱႀကီးစြာ ေတာင္းဆိုခ်င္ျပန္တယ္...”
“အဟြန္း!!!ေမာင္က တကယ္ကို တစ္ကိုယ္ေကာင္းဆန္တဲ့အတၱႀကီးတဲ့ေကာင္ပဲေနာ္...အတၱႀကီးလက္စနဲ႔ပဲဆက္ႀကီးပါရေစ...ဘယ္လမ္းကေနပဲျဖစ္ျဖစ္ မာန႔္ဆီကိုေရာက္ေအာင္လာခဲ့မွာမို႔ ေမာင့္ကိုေစာင့္ေနေပးပါမာန္...ေမာင္ မင္းဆီကိုေရာက္ေအာင္လာခဲ့မွာမို႔ ေမာင့္ကိုေစာင့္ေနေပးပါ... ”
ကမာၻ လက္ေလးတစ္ဖက္ကိုဖြဖြေလးဆြဲယူရင္း ႏႈတ္ခမ္းေလးနဲ႔ဖိကပ္နမ္းလိုက္ရာ ပယင္းေရာင္မ်က္ဝန္းမ်ားကိုမွိတ္ခ်လိုက္သည့္အခိုက္ မ်က္ရည္ေလးတစ္စက္သည္လက္ဖမိုးေလးဆီသို႔ ခုန္ဆင္းသြားသည္။
ကုတင္ေပၚကအိပ္ေပ်ာ္ေနပါေသာ ေကာင္ေလးသည္လည္း အလားတူမ်က္ရည္မ်ားက်ဆင္းေနခဲ့ေလသည္။
CHANGE 🍁
May 22,2:12PM
ဒီအပိုင္းၿပီးဖို႔မနည္းေရးလိုက္ရတယ္
ေနသိပ္မေကာင္းလို႔Dailyမupျဖစ္ရင္နားလည္ေပးၾကပါဦးဗ်...