လေးပင်သော ခြေထောက်နှစ်စုံက ခပ်ခပ်မှန်မှန်ခြေလှမ်းတို့ဖြင့် ခန်းမကြီးထဲသို့ ဝင်လာကြသည်။ အရိုးပြာအိုးတို့ကို အစီအရီထည့်ထားသော မှန်ဗီရိုကြီးများနှင့်အတူ ခန်းမကြီး၏ အေးစက်မှုက သူတို့ကိုစီးကြိုလိုက်တဲ့အခါ သူတို့တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်မိကြသည်။
" နေခဲ့ပါလား Jungkook "
" ငါတစ်ယောက်တည်းသွားလိုက်မယ် "
" မဟုတ်ဘူး သွားချင်တယ် "
" Hyung ဒါပေမဲ့... "
Jungkook က သူ့စကားကိုရပ်လိုက်သည်။ ခဏစဉ်းစားသလို ခပ်တွေတွေလေးလုပ်နေပြီးမှ ခေါင်းငြိမ့်ပြလိုက်သည်။ ပြီးနောက် လာရာလမ်းသို့ ပြန်လှည့်လိုက်ပြီး ဖြည်းညင်းစွာ ထွက်သွားသည်။
Min PD က ဘာရယ်မဟုတ်ဘဲ လျှောက်လမ်းရဲ့ ဘေးတစ်ဖက်တစ်ချက်တွင်ရှိနေသော မှန်ဘီရိုတို့ကို ငေးကြည့်ရင်းလျှောက်လာလိုက်သည်။ မှန်ဘောင်တစ်ခုစီတိုင်းတွင် ကပ်ထားသော ဓာတ်ပုံတို့သည် အေးစက်ငြိမ်သက်နေသော အရိုးပြာအိုးတို့နှင့်ဆန့်ကျင်စွာ အသက်ဝင်ရယ်မောပျော်ရွှင်နေကြသော ရုပ်ပုံများဖြစ်ကြသည်။
တစ်နေရာသို့အရောက်တွင် Min PD က သူ့ရဲ့ခြေလှမ်းတွေကို တိခနဲရပ်လိုက်သည်။ သူရပ်လိုက်ရာ ထိုနေရာတွင်လည်း အများနည်းတူ အသက်ဝင်စွာ ရယ်မောနေသော ဓာတ်ပုံတွေကပ်ထားသည်။ သူ့ဓာတ်ပုံတွေလည်း ပါဝင်သည်။
" ငါလည်း ဒီလိုမျိုး ရယ်ခဲ့ဖူးတာပဲ "
Min PD က တစ်ယောက်ယောက်ကို တိုင်တည်သလို ပြောလိုက်သည်။
" မင်း မျှော်နေတယ်မလား ငါနောက်ကျသွားတယ် "
" တောင်းပန်ပါတယ် မင်းကို သတိရနေခဲ့တာလို့ ငါမပြောပေးနိုင်ဘူး "
" ငါက တစ်ကိုယ်ကောင်းဆန်တယ်မဟုတ်လား အခုမင်းကိုလာရှာခဲ့တာကလည်းလေ မင်းဆီကို ရောက်လာခဲ့တာကလည်းလေ.... "
Min PD ရဲ့ အသံက အဖျားခတ်တုန်ခါစွာဖြင့် ပြတ်တောက်သွားသည်။
" Jungkook ကို ခေါ်ပြီး ငါထွက်သွားတော့မယ် "
" အဲ့ဒါကြောင့်.....အဲ့ဒါကြောင့် Jung Hwan ရယ်... Taehyung ကိုလေ.... Taehyung ပြန်ပြီး သတိရလာနိုင်အောင် မင်းကူညီပေးပါ "
PD လေးရဲ့ ပြင်းပြတဲ့တောင်းဆိုသံကို Jeon Jung Hwan ဟူ၍ မှင်အနက်ဖြင့် မည်းနက်စွာအမည်တပ်ခံထားရသော အဖြူရောင်အရိုးပြာအိုးလေးက ငြိမ်သက်တိတ်ဆိတ်စွာ နားထောင်ပေးနေသည်။
" မကောင်းတဲ့ကောင်က ငါမို့လို့ တစ်ကိုယ်ကောင်းဆန်တဲ့ကောင်က ငါမို့လို့ အချစ်ဆိုတာတွေ ပျော်ရွှင်မှုဆိုတာတွေကို တစ်သက်လုံးစွန့်လွှတ်ပြီး ငါနေပါ့မယ်...ကျေးဇူးပြုပြီး Taehyung ကို Taehyung ကို.... "
PD လေးက ကြမ်းပြင်ပေါ်သို့ ဒူးထောက်ထိုင်လျက် ခွေယိုင်ကျသွားပြီး ထိုစကားတို့ကိုပဲ အထပ်ထပ်ရေရွတ်နေသည်။ မျက်ရည်တို့သည် ရပ်တန့်နိုင်စွမ်းမရှိစွာ သူ့ပါးပြင်ပေါ်သို့ ခုန်ပေါက်ပြေးဆင်းလာနေကြပါသည်။
#...💘...#
မြို့ပြင်အဝေးပြေးလမ်းမပေါ်က သုံးစီးဆင့်ယာဉ်တိုက်မှု။ တစ်စီးကကုန်တင်ကားကြီး၊ ကျန်နှစ်စီးက အိမ်စီးကား။ ဖြစ်စဉ်ရဲ့ အဓိကအကြောင်းအရင်းမှာ အရှိန်လွန်မောင်းနှင်မှု။ ကုန်တင်ကားကြီး၏ ကားမောင်းသူနှင့် ပထမအိမ်စီးကားပေါ်မှ လင်မယားနှစ်ယောက်စလုံး ထိုနေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြသည်။
တစ်ဦးတည်း အသက်ရှင်ကျန်ရစ်သူမှာ ဒုတိယအိမ်စီးကားပေါ်မှ ယောကျာ်းတစ်ဦး။ ဒဏ်ရာပြင်းထန်စွာရသွားသော်လည်း ကံကောင်းစွာဖြင့် ထိုသို့အသက်ရှင်ကျန်ရစ်သူမှာ ကိုရီးယားရဲ့ နိုင်ငံကျော်မင်းသားလေး Kim Taehyung တဲ့။
အားလုံးက ကိုယ့်နားကိုယ်မယုံနိုင်ကြပါ။ ဆေးရုံကားပေါ် တင်ခေါ်သွားခြင်းခံရသော မင်းသားချောရဲ့ ပုံရိပ်အပိုင်းအစလေးတွေကို မကြည့်ဝံ့ကြပါ။ ပရိသတ်တွေရဲ့ ဆူပူမှုကလည်း မရပ်တန့်တော့ပါ။ ငိုကြွေးသံဖြင့် ဆူပူကြသည်။ ဒေါသသံဖြင့် ဆူပူကြသည်။ သူတို့ အဆက်မပြတ် မေးခွန်းတွေထုတ်နေကြသည်။ ဘာအကြောင်းကြောင့် မင်းသားတစ်ယောက်တည်း မြို့ပြင်ကို သွားခဲ့ရတာလဲ။ ဘာအကြောင်းကြောင့် ကားကို အရှိန်လွန်မောင်းနှင်ခဲ့ရတာလဲ။
အားလုံးသိချင်နေကြတဲ့ မေးခွန်းတွေရဲ့အဖြေသည် မင်းသားရဲ့ ဘေးမှာအချိန်ပြည့်ရှိနေခဲ့ပါသည်။
ဘာစကားလုံးတစ်ခွန်းကိုမှမဆို။ ငိုကြွေးခြင်းအလျဉ်းမရှိဘဲ မင်းသားရဲ့ဘေးတွင် တည်ငြိမ်စွာဖြင့် တစ်နည်းအားဖြင့်ပြောရရင် အသက်မဲ့စွာဖြင့် ရှိနေခဲ့ပါသည်။
" ခွဲစိတ်မှုအောင်မြင်ပါတယ် ကံကောင်းတာက ဦးခေါင်းခွံရဲ့အတွင်းပိုင်း သွေးယိုစီးမှုကို အချိန်မီတားလိုက်နိုင်တာပဲ ခွဲစိတ်မှုအောင်မြင်တာကြောင့် အမြန်ဆုံးသတိပြန်ရဖို့အတွက်ကိုပဲ မျှော်လင့်ကြတာပေါ့ သတိမရခင်အချိန်အထိ သူ့ကို ဆရာတို့ အရေးပေါ်အခန်းမှာပဲ ဆက်ထားရမယ် "
" ဒီနေ့တစ်ရက်စောင့်ကြည့်ကြတာပေါ့ ဆေးအရှိန်တွေကြောင့် သတိပြန်လည်လာပေမဲ့ ဆက်ပြီးအိပ်ပျော်နေတာမျိုးလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ် "
" မနက်ဖြန်အထိ တိုးတက်မှုမရှိလာရင် ကိုမာအခြေအနေကို ကျနော်တို့ထည့်စဉ်းစားဖို့လိုလာလိမ့်မယ်ထင်တယ် ကျနော်တကယ်စိတ်မကောင်းပါဘူး "
မျှော်လင့်ချက်အပြည့်ပါသော ဆရာဝန်၏စကားလုံးတို့သည် တစ်ရက်ကနေ သုံးလေးရက်ကြာလာတဲ့အထိ မင်းသား သတိပြန်မလည်လာသောအခါတွင် တဖြည်းဖြည်းအားလျော့သံတွေ ပါလာခဲ့သည်။ အခုချိန်အထိ အပြစ်တင်စကား တစ်လုံးတစ်လေမှ မဆိုခဲ့လေသော မင်းသား၏ အမေသည် ပထမဆုံးအကြိမ်အဖြစ် PD လေး၏ ရင်ဘတ်ကို ထုရိုက်ကာ အော်ဟစ်ငိုကြွေးခဲ့လေသည်။
ဘယ်သူ့ကိုမှ နှစ်သိမ့်မစွမ်းနိုင်သော ဘေးကလူအများသည် ထိုအဖြစ်ကို ယူကျုံးမရဖြစ်စွာသာ ကြည့်နေခဲ့ရပါသည်။ ကြည့်နေခဲ့သူတွေထဲတွင် ဟိုးအဝေးဆုံးမှ လှမ်းကြည့်နေခဲ့သော အစ်ကိုကြီး Park လည်း ပါဝင်ခဲ့သည်။
" Yoongi မင်း အနားယူဖို့ကောင်းတယ် "
" လတ်တလောတော့ Taehyung ရဲ့ မိသားစုလည်း ရှိနေမှာဆိုတော့ ဆေးရုံမှာ မင်းအချိန်ပြည့်မရှိနေလည်း ရမှာပါ "
" Taehyung အမေရဲ့ ခံစားချက်ကိုလည်း သိတယ်မဟုတ်လား မင်းအပြစ်မဟုတ်ဘူးဆိုတာကိုလည်း သိတယ်မဟုတ်လား "
ကိစ္စတိုင်းကို ဝင်ရောက်ဖြေရှင်းပေးနေရသော Boss Jin သည် Min PD အနားမှာ ရှိနေပေးဖို့ကိုလည်း ပျက်ကွက်ခြင်းမရှိခဲ့ပါ။ မင်းသားခရီးဝေးသွားရတဲ့အခါမျိုးတွင် သိသိသာသာတစ်မျိုး မသိမသာတစ်မျိုး Min PD ကို စောင့်ရှောက်ပေးခဲ့သလိုမျိုး အခုလည်း မင်းသား၏စိတ်ဝိညာဉ်တို့ ခပ်ဝေးဝေးခရီးတစ်ခုကို သွားနေစဉ် Min PD ကို ကြည့်ရှုစောင့်ရှောက်ပေးဖို့က သူ့တာဝန်ဖြစ်သည်ဟု Boss Jin က ခံယူထားသည်။
" Taehyung လည်း Taehyung ဆိုပေမဲ့ မင်းကိုလည်း ငါအားမရတော့ဘူး ဒီလိုနဲ့ Taehyung သတိမရလာခင် မင်းလဲသွားတော့မယ် "
PD လေးက ဘာကိုမှ ပြန်မပြောဘဲ ခေါင်းသာငြိမ့်ပြသည်။ ပြီးတော့ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး အိမ်ကိုပြန်မည်ဟု ထင်ရသော ခြေလှမ်းတို့ကို လှမ်းလျှောက်လိုက်သည်။
" နေဦး ငါ့ကားကို စီးသွား ငါမှာထားပြီးသား "
" ကြောင်ပေါက်!! "
Boss Jin လှမ်းအော်ပြောလိုက်တာကို ကြားလိုက်သည်။ ပြီးတော့ သူ ကားတစ်စီးပေါ်တက်လိုက်သည် ထင်သည်။ ဘယ်ကိုသွားမယ်လို့ပြောလိုက်ရဲ့လားသူမသိပါ။ Boss Jin ရဲ့ကားရော ဟုတ်ရဲ့လား။
သူကအနောက်ထိုင်ခုံမှာ ဝင်ထိုင်နေခြင်းမဟုတ်ဘဲ Taehyung ရဲ့ ဘေးမှာ ဝင်ထိုင်နေခြင်းဖြစ်သည်။ ဟုတ်သည်။ ကားမောင်းနေသည့်သူမှာ Taehyung ဖြစ်သည်။ Boss Jin ရဲ့ကားမဟုတ်ဘဲ Taehyung ရဲ့ကားပေါ်သို့ သူတက်လိုက်မိခြင်းဖြစ်သည်။
" Tae.... "
Taehyung က လှမ်းရယ်ပြသည်ကို သူတအံ့တဩ ငေးကြည့်နေမိသည်။ ပြီးတော့ သူလည်း ပြန်ရယ်ပြလိုက်သည်။
" ချစ်တယ် Tae "
အခုသူတို့နှစ်ယောက်အတူတူ လက်တွဲထားကြသည်။ မွေးမြူရေးခြံထဲက နွားကြီးကိုကြောက်လို့ ထွက်ပြေးနေကြသည်။ မောဟိုက်နေရင်းက သူတို့ရယ်မိကြပြန်သည်။
" ချစ်တယ် Tae "
တောင်ကုန်းပေါ်က အိမ်ကလေးထဲတွင် သူတို့နှုတ်ခမ်းချင်းထိကပ်ထားကြသည်။ သူတို့နောက်တွင် မင်္ဂလာဆောင် ဓာတ်ပုံကြီးတစ်ပုံရှိနေသည်။ ထိုဓာတ်ပုံကြီးထဲမှာလည်း သူတို့နှုတ်ခမ်းတွေ ထိကပ်ထားကြသည်။
" ချစ်တယ် Tae "
ရုတ်တရက်နှင်းတွေကျလာသည်။ Snow Flower သီချင်းသံစဉ်က စိတ်ခြောက်ခြားစရာ သံစဉ်တစ်ခုနှင့် တူနေသည်။ နှင်းတွေအပြည့်နဲ့လမ်းမှာ Taehyung က သူ့ကို ရပ်စောင့်နေသည်။ ရင်ခုန်စိတ်လှုပ်ရှားနေရမယ့်အစား Taehyung ရဲ့မျက်လုံးတွေက ဝမ်းနည်းဆွေးမြေ့နေကြသည်။
Snow Flower သီချင်းသံရပ်သွားပြီး ဖုန်းမြည်သံတွေက တစ်ခန်းလုံးမှာ ပြည့်နှက်သွားသည်။ အခန်းကျဉ်းလေးတစ်ခုမှာ သူရောက်နေပြန်သည်။
" Tae....Taehyung!!! "
" မင်းသာ ဖုန်းကိုင်ခဲ့ရင်... "
အခန်းကျဉ်းလေးရဲ့ တစ်နေရာမှ Jung Hwan ရဲ့အပြစ်တင်သံက ကြားဖူးနေကျအတိုင်း အတိအကျထွက်ပေါ်လာသည်။ ဒါပေမဲ့ ဒီတစ်ခေါက်အသံလာရာကို ကြည့်လိုက်တော့ ထိုနေရာတွင် ရပ်နေသူမှာ Taehyung ဖြစ်နေသည်။ အံ့ဩမှုကြောင့် သူထိုင်ချမိလိုက်တဲ့အခါ လေဟာနယ်တစ်ခုထဲသို့ ပြိုဆင်းပြုတ်ကျသွားခဲ့ပါတော့သည်။
" Hyung!! Hyung!!! သတိထားပါဦး....သတိရပြီလားဟင် ကျနော့်ကို မြင်ရလား "
" Jungkook လား "
" ဟုတ်တယ် ကျနော် Jungkook ပါ "
" ငါ အိပ်ပျော်နေတာလား "
" Boss Jin နဲ့ စကားပြောပြီး Hyung အိမ်ပြန်ဖို့အလုပ်မှာ သတိလစ်သွားခဲ့တာ "
PD လေးက သူ့လက်ဖမိုးပေါ်မှာ ထိုးသွင်းသောသော ဆေးထိုးအပ်ကို ငုံ့ကြည့်လိုက်သည်။ ပြီးတော့ မျက်နှာချင်းဆိုင်က နာရီကို လှမ်းကြည့်လိုက်သည်။
" ငါ Jung Hwan နဲ့ တွေ့ချင်တယ် Jungkook "
#...💘...#
Jimin နှင့် ဒါရိုက်တာကြီးတို့ လေဆိပ်ကို ရောက်ရောက်ခြင်း ကြားလိုက်ရတဲ့ သတင်းတွေကြောင့် လာကြိုတဲ့ကားပေါ်သို့ အမြန်ပြေးတက်လိုက်ကြသည်။
" ဒီလောက်ဖြစ်သွားတာတောင် ဘာလို့ ဘယ်သူမှ ဘာမှမပြောကြတာလဲ "
Jimin က ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိတာကြောင့် လာကြိုပေးတဲ့ ကားဒရိုင်ဘာကိုသာ အပြစ်တင်သလို လှမ်းပြောလိုက်သည်။ ဘာပြန်ပြောရမှန်းမသိဖြစ်သွားတဲ့ ကားဒရိုင်ဘာကြီးကိုယ်စား ဒါရိုက်တာကြီးကပဲ ခပ်တိုးတိုး တုံ့ပြန်စကားဆိုလိုက်သည်။
" Hyung တို့ကလည်း ဆက်သွယ်လို့ရတဲ့ အခြေအနေမှမဟုတ်ခဲ့ပဲ "
အင်တာနက်လိုင်းမရသော camp ခရီးစဉ်သည် ရာသီဥတုဆိုးရွားမှုကြောင့် မှန်းထားတာထက် ပိုကြာခဲ့ရသည်။ သူတို့နှစ်ယောက်သည်လည်း ပျော်ရတာနည်းနည်း ပူပန်ရတာခပ်များများဖြင့်သာ camp ခရီးစဉ်ကို အဆုံးသတ်ခဲ့ရသည်။ ပြန်လာဖို့အတွက် ဆက်သွယ်သည့်အခါ အစ်ကိုကြီး Park ကိုရော Boss Jin ကိုပါ တိုက်ရိုက်ဆက်သွယ်လို့မရခဲ့၍ ထူးဆန်းသည်ဟုထင်မိသော်လည်း ဒီလိုအဖြစ်အပျက်မျိုးတွေ ဖြစ်နေလိမ့်မည်ဟု သူတို့လုံးဝမထင်မိခဲ့ကြပါ။
" ကုမ္ပဏီကို မောင်းရမလား ဆေးရုံကို မောင်းရမလားခင်ဗျ ဒါမှမဟုတ် အိမ်ကို.. "
" ဆေးရုံကို မောင်းပါ Taehyung ကို အရင်တွေ့ရမှဖြစ်မယ် "
သိသိသာသာ ပျက်ယွင်းနေတဲ့ ဒါရိုက်တာကြီးရဲ့အသံကြောင့် Jimin က ဒါရိုက်တာကြီးရဲ့ ပခုံးတစ်ဖက်ကို အားပေးသလို ပုတ်ပေးလိုက်သည်။ ရင်းနှီးတာမသိပ်မကြာသေးသောသူတောင် မင်းသားအတွက် ရင်ထဲပူလောင်သွားရလျှင် အခုချိန်ဒါရိုက်တာကြီးရဲ့ ရင်ထဲမှာ ဘယ်လိုဖြစ်နေမလဲဆိုတာကို တွေးမိပြီး သူကိုယ်ချင်းစာမိပါသည်။
" ဒါကရောဘာလဲ တက်သစ်စအတိုတော် J နဲ့ Producer M တဲ့လား ခဏလေးအတွင်း ဘာတွေဖြစ်ကုန်တာလဲကွာ "
ဒါရိုက်တာကြီး ပြောတဲ့သတင်းကို Jimin လည်း သူ့ဖုန်းထဲက တဆင့်ဖတ်ကြည့်နေသည်။ ထို့နောက် တော်တော်ကြာအောင် ငြိမ်ကျသွားပြီးနောက် Jungkook ဆီကို မက်ဆေ့ခ်ျလှမ်းပို့လိုက်သည်။
" သေချာပေါက် အစ်ကိုကြီး Park ရဲ့လက်ချက်ပဲ ငါတို့ရှင်းဖို့လိုပြီ "
ကား dashboard ပေါ်မှ တုန်ခါသွားသော ဖုန်းကို Jungkook က အလျင်အမြန် လှမ်းယူလိုက်သည်။ ဘေးတွင် ငြိမ်ငြိမ်လေးလိုက်ပါလာသော PD လေးသည် သူ့အမူအရာကို မသိလိုက်သလို ငြိမ်မြဲငြိမ်လျက်ရှိနေသည်။
မီးပွိုင့်မိသည့်အချိန်ကိုစောင့်ပြီး Jimin ရဲ့မက်ဆေ့ချ်ကို ဖတ်ကြည့်သည့်အခါ Jungkook ရဲ့ မျက်ခုံးတို့ တွန့်ကွေးသွားကြရသည်။
" Jimin လား "
" ဗျာ "
" အော် ဟုတ်တယ် Hyung...ဘာမှမဟုတ်ပါဘူး ပြန်ရောက်ပြီတဲ့ "
" Jimin ကြောင့်လား မဟုတ်သေးဘူး အစ်ကိုကြီး Park ကြောင့်လား "
Min PD က တခြားအကြောင်းအရာတစ်ခုကို ရည်ရွယ်ပြီး မေးလိုက်သည်ဆိုတာကို ရိပ်မိသွားသောအခါ Jungkook ဘာပြန်ပြောရမှန်းမသိဘဲ ခဏကြောင်အမ်းသွားမိသည်။
" Hyung အဲ့ဒါက "
" လက်ထပ်ပြီးသားသူတစ်ယောက်နဲ့ လိုအပ်တာထက်ပိုပြီး ရင်းနှီးနေရင် အဲ့ဒါဖောက်ပြန်မှုပဲ သူ့မှာ မကျေမနပ်ဖြစ်ပိုင်ခွင့်ရှိတယ် "
" Hyung!!! "
" မင်းမှာက မင်းအပြစ်နဲ့ ငါ့မှာလည်း ငါ့အပြစ်နဲ့ ဒါပေမဲ့ အပြစ်ဒဏ်ခံရတဲ့သူက ဘာကြောင့် Taehyung ဖြစ်ရမှာလဲ "
နောက်ကားများ၏ မကျေမနပ်ဟွန်းတီးသံများက ကျယ်လောင်စွာထွက်ပေါ်လာသည်။
Jungkook က ဘာမှပြန်မပြောနိုင်တော့တာကြောင့် ကားစတီယာတိုင်ကိုသာ အတင်းဖျစ်ညစ်ဆုပ်ကိုင်ထားပြီး စိမ်းနေပြီဖြစ်သော မီးပွိုင့်ကို အမြန်ဖြတ်ကျော်မောင်းလာခဲ့လိုက်သည်။ ဘာကြောင့်ဟု အမည်တပ်၍မရသော ခံစားမှုကြောင့် သူ့လက်ကောက်ဝတ်က သွေးခုန်နှုန်းတို့မှာ တဒိတ်ဒိတ် မြန်ဆန်လျက်ရှိနေသည်။
" ငါတို့ ထွက်သွားကြရအောင် "
သူပြောဖူးတဲ့စကားကို Min PD က ပြန်ပြောသည့်အခါ အခုအချိန် Min PD ရဲ့ ရင်ဘတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို သူနားလည်ကြည့်လို့ ရနိုင်လိုက်သည်။
သူက ထွက်ပြေးမည်ဆိုလျှင် မဖြစ်နိုင်တဲ့စိတ်ကူးယဉ်မှုတစ်ခုခုကို ပြောကြည့်ရုံသက်သက်သာဖြစ်ပြီး Min PD ကထွက်သွားမည်ဆိုလျှင်တော့ မဖြစ်မနေလုပ်တော့မည်ဖြစ်ကြောင်းကို သူသိလိုက်သည်။ ပြီးတော့ သူကလည်း Min PD ရဲ့စကားကို ဘယ်တော့မှ ငြင်းလိမ့်မည်မဟုတ်ကြောင်းကို သိလိုက်ရသည်။
#...💘...#
" Tae....Taehyung သတိပြန်လည်လာတယ် မြန်မြန် မြန်မြန်လာခဲ့ ကြောင်ပေါက် "
ကိုယ့်ဘာသာတော့ နားလည်နေပေမဲ့ နားမလည်အောင်တွေ ရေးမိသွားရင် မီယားနဲပါ
ေလးပင္ေသာ ေျခေထာက္ႏွစ္စုံက ခပ္ခပ္မွန္မွန္ေျခလွမ္းတို႔ျဖင့္ ခန္းမႀကီးထဲသို႔ ဝင္လာၾကသည္။ အရိုးျပာအိုးတို႔ကို အစီအရီထည့္ထားေသာ မွန္ဗီရိုႀကီးမ်ားႏွင့္အတူ ခန္းမႀကီး၏ ေအးစက္မႈက သူတို႔ကိုစီးႀကိဳလိုက္တဲ့အခါ သူတို႔တစ္ေယာက္ကိုတစ္ေယာက္ လွမ္းၾကည့္မိၾကသည္။
" ေနခဲ့ပါလား Jungkook "
" ငါတစ္ေယာက္တည္းသြားလိုက္မယ္ "
" မဟုတ္ဘူး သြားခ်င္တယ္ "
" Hyung ဒါေပမဲ့... "
Jungkook က သူ႕စကားကိုရပ္လိုက္သည္။ ခဏစဥ္းစားသလို ခပ္ေတြေတြေလးလုပ္ေနၿပီးမွ ေခါင္းၿငိမ့္ျပလိုက္သည္။ ၿပီးေနာက္ လာရာလမ္းသို႔ ျပန္လွည့္လိုက္ၿပီး ျဖည္းညင္းစြာ ထြက္သြားသည္။
Min PD က ဘာရယ္မဟုတ္ဘဲ ေလွ်ာက္လမ္းရဲ႕ ေဘးတစ္ဖက္တစ္ခ်က္တြင္ရွိေနေသာ မွန္ဘီရိုတို႔ကို ေငးၾကည့္ရင္းေလွ်ာက္လာလိုက္သည္။ မွန္ေဘာင္တစ္ခုစီတိုင္းတြင္ ကပ္ထားေသာ ဓာတ္ပုံတို႔သည္ ေအးစက္ၿငိမ္သက္ေနေသာ အရိုးျပာအိုးတို႔ႏွင့္ဆန႔္က်င္စြာ အသက္ဝင္စြာ ရယ္ေမာေပ်ာ္႐ႊင္ေနေသာ ႐ုပ္ပုံမ်ားျဖစ္ၾကသည္။
တစ္ေနရာသို႔အေရာက္တြင္ Min PD က သူ႕ရဲ႕ေျခလွမ္းေတြကို တိခနဲရပ္လိုက္သည္။ သူရပ္လိုက္ရာ ထိုေနရာတြင္လည္း အမ်ားနည္းတူ အသက္ပါစြာ ရယ္ေမာေနေသာ ဓာတ္ပုံေတြကပ္ထားသည္။ သူ႕ဓာတ္ပုံေတြလည္း ပါဝင္သည္။
" ငါလည္း ဒီလိုမ်ိဳး ရယ္ခဲ့ဖူးတာပဲ "
Min PD က တစ္ေယာက္ေယာက္ကို တိုင္တည္သလို ေျပာလိုက္သည္။
" မင္း ေမွ်ာ္ေနတယ္မလား ငါေနာက္က်သြားတယ္ "
" ေတာင္းပန္ပါတယ္ မင္းကို သတိရေနခဲ့တာလို႔ ငါမေျပာေပးနိုင္ဘူး "
" ငါက တစ္ကိုယ္ေကာင္းဆန္တယ္မဟုတ္လား အခုမင္းကိုလာရွာခဲ့တာကလည္းေလ မင္းဆီကို ေရာက္လာခဲ့တာကလည္းေလ.... "
Min PD ရဲ႕ အသံက အဖ်ားခတ္တုန္ခါစြာျဖင့္ ျပတ္ေတာက္သြားသည္။
" ငါ Jungkook ကို ေခၚၿပီး ငါထြက္သြားေတာ့မယ္ "
" အဲ့ဒါေၾကာင့္.....အဲ့ဒါေၾကာင့္ Jung Hwan ရယ္... Taehyung ကိုေလ.... Taehyung ျပန္ၿပီး သတိရလာနိုင္ေအာင္ မင္းကူညီေပးပါ "
PD ေလးရဲ႕ ျပင္းျပတဲ့ေတာင္းဆိုသံကို Jeon Jung Hwan ဟူ၍ မွင္အနက္ျဖင့္ မည္းနက္စြာအမည္တပ္ခံထားရေသာ အျဖဴေရာင္အရိုးျပာအိုးေလးက ၿငိမ္သက္တိတ္ဆိတ္စြာ နားေထာင္ေပးေနသည္။
" မေကာင္းတဲ့ေကာင္က ငါမို႔လို႔ တစ္ကိုယ္ေကာင္းဆန္တဲ့ေကာင္က ငါမို႔လို႔ အခ်စ္ဆိုတာေတြ ေပ်ာ္႐ႊင္မႈဆိုတာေတြကို တစ္သက္လုံးစြန႔္လႊတ္ၿပီး ငါေနပါ့မယ္...ေက်းဇူးျပဳၿပီး Taehyung ကို Taehyung ကို.... "
PD ေလးက ၾကမ္းျပင္ေပၚသို႔ ဒူးေထာက္ထိုင္လ်က္ ေခြယိုင္က်သြားၿပီး ထိုစကားတို႔ကိုပဲ အထပ္ထပ္ေရ႐ြတ္ေနသည္။ မ်က္ရည္တို႔သည္ ရပ္တန႔္နိုင္စြမ္းမရွိစြာ ပါးျပင္ေပၚသို႔ ခုန္ေပါက္ေျပးဆင္းလာေနၾကပါသည္။
#...💘...#
ၿမိဳ႕ျပင္အေဝးေျပးလမ္းမေပၚက သုံးစီးဆင့္ယာဥ္တိုက္မႈ။ တစ္စီးကကုန္တင္ကားႀကီး၊ က်န္ႏွစ္စီးမွာ အိမ္စီးကား။ ျဖစ္စဥ္ရဲ႕ အဓိကအေၾကာင္းအရင္းမွာ အရွိန္လြန္ေမာင္းႏွင္မႈ။ ကုန္တင္ကားႀကီး၏ ကားေမာင္းသူႏွင့္ ပထမအိမ္စီးကားေပၚမွ လင္မယားႏွစ္ေယာက္စလုံး ထိုေနရာမွာပင္ ပြဲခ်င္းၿပီး ေသဆုံးသြားၾကသည္။
တစ္ဦးတည္း အသက္ရွင္က်န္ရစ္သူမွာ ဒုတိယအိမ္စီးကားေပၚမွ ေယာက်ာ္းတစ္ဦး။ ဒဏ္ရာျပင္းထန္စြာရသြားေသာ္လည္း ကံေကာင္းစြာျဖင့္ ထိုသို႔အသက္ရွင္က်န္ရစ္သူမွာ ကိုရီးယားရဲ႕ နိုင္ငံေက်ာ္မင္းသားေလး Kim Taehyung တဲ့။
အားလုံးက ကိုယ့္နားကိုယ္မယုံနိုင္ၾကပါ။ ေဆး႐ုံကားေပၚ တင္ေခၚသြားျခင္းခံရေသာ မင္းသားေခ်ာရဲ႕ ပုံရိပ္အပိုင္းအစေလးေတြကို မၾကည့္ဝံ့ၾကပါ။ ပရိသတ္ေတြရဲ႕ ဆူပူမႈကလည္း မရပ္တန႔္ေတာ့ပါ။ ငိုေႂကြးသံျဖင့္ ဆူပူၾကသည္။ ေဒါသသံျဖင့္ ဆူပူၾကသည္။ သူတို႔ အဆက္မျပတ္ ေမးခြန္းေတြထုတ္ေနၾကသည္။ ဘာအေၾကာင္းေၾကာင့္ မင္းသားတစ္ေယာက္တည္း ၿမိဳ႕ျပင္ကို သြားခဲ့ရတာလဲ။ ဘာအေၾကာင္းေၾကာင့္ ကားကို အရွိန္လြန္ေမာင္းႏွင္ခဲ့ရတာလဲ။
အားလုံးသိခ်င္ေနၾကတဲ့ ေမးခြန္းေတြရဲ႕အေျဖသည္ မင္းသားရဲ႕ ေဘးမွာအခ်ိန္ျပည့္ရွိေနခဲ့ပါသည္။
ဘာစကားလုံးတစ္ခြန္းကိုမွမဆို။ ငိုေႂကြးျခင္းအလ်ဥ္းမရွိဘဲ မင္းသားရဲ႕ေဘးတြင္ တည္ၿငိမ္စြာျဖင့္ တစ္နည္းအားျဖင့္ေျပာရရင္ အသက္မဲ့စြာျဖင့္ ရွိေနခဲ့ပါသည္။
" ခြဲစိတ္မႈေအာင္ျမင္ပါတယ္ ကံေကာင္းတာက ဦးေခါင္းခြံရဲ႕အတြင္းပိုင္း ေသြးယိုစီးမႈကို အခ်ိန္မီတားလိုက္နိုင္တာပဲ ခြဲစိတ္မႈေအာင္ျမင္တာေၾကာင့္ အျမန္ဆုံးသတိျပန္လာဖို႔အတြက္ကိုပဲ ေမွ်ာ္လင့္ၾကတာေပါ့ သတိမရခင္အခ်ိန္အထိ သူ႕ကို ဆရာတို႔ အေရးေပၚအခန္းမွာပဲ ဆက္ထားရမယ္ "
" ဒီေန႕တစ္ရက္ေစာင့္ၾကည့္ၾကတာေပါ့ ေဆးအရွိန္ေတြေၾကာင့္ သတိျပန္လည္လာေပမဲ့ ဆက္ၿပီးအိပ္ေပ်ာ္ေနတာမ်ိဳးလည္း ျဖစ္ေလ့ျဖစ္ထရွိပါတယ္ "
" မနက္ျဖန္အထိ တိုးတက္မႈမရွိလာရင္ ကိုမာအေျခအေနကို က်ေနာ္တို႔ထည့္စဥ္းစားဖို႔လိုလာလိမ့္မယ္ထင္တယ္ က်ေနာ္တကယ္စိတ္မေကာင္းပါဘူး "
ေမွ်ာ္လင့္ခ်က္အျပည့္ပါေသာ ဆရာဝန္၏စကားလုံးတို႔သည္ တစ္ရက္ကေန သုံးေလးရက္ၾကာလာတဲ့အထိ မင္းသား သတိျပန္မလည္လာေသာအခါတြင္ တျဖည္းျဖည္းအားေလ်ာ့သံေတြ ပါလာခဲ့သည္။ အခုခ်ိန္အထိ အျပစ္တင္စကား တစ္လုံးတစ္ေလမွ မဆိုခဲ့ေလေသာ မင္းသား၏ အေမသည္ ပထမဆုံးအႀကိမ္အျဖစ္ PD ေလး၏ ရင္ဘတ္ကို ထုရိုက္ကာ ေအာ္ဟစ္ငိုေႂကြးခဲ့ေလသည္။
ဘယ္သူ႕ကိုမွ ႏွစ္သိမ့္မစြမ္းနိုင္ေသာ ေဘးကလူအမ်ားသည္ ထိုအျဖစ္ကို ယူက်ဳံးမရျဖစ္စြာသာ ၾကည့္ေနခဲ့ရပါသည္။ ၾကည့္ေနခဲ့ရသူေတြထဲတြင္ ဟိုးအေဝးဆုံးမွ လွမ္းၾကည့္ေနခဲ့ေသာ အစ္ကိုႀကီး Park လည္း ပါဝင္ခဲ့သည္။
" Yoongi မင္း အနားယူဖို႔ေကာင္းတယ္ "
" လတ္တေလာေတာ့ Taehyung ရဲ႕ မိသားစုလည္း ရွိေနမွာဆိုေတာ့ မင္းေဆး႐ုံမွာ အခ်ိန္ျပည့္မရွိေနလည္း ရမွာပါ "
" Taehyung အေမရဲ႕ ခံစားခ်က္ကိုလည္း သိတယ္မဟုတ္လား မင္းအျပစ္မဟုတ္ဘူးဆိုတာကိုလည္း သိတယ္မဟုတ္လား "
ကိစၥတိုင္းကို ဝင္ေရာက္ေျဖရွင္းေပးေနရေသာ Boss Jin သည္ Min PD အနားမွာ ရွိေနေပးဖို႔ကိုလည္း ပ်က္ကြက္ျခင္းမရွိခဲ့ပါ။ မင္းသားခရီးေဝးသြားရတဲ့အခါမ်ိဳးတြင္ သိသိသာသာတစ္မ်ိဳး မသိမသာတစ္မ်ိဳး Min PD ကို ေစာင့္ေရွာက္ေပးခဲ့သလိုမ်ိဳး အခုလည္း မင္းသား၏စိတ္ဝိညာဥ္တို႔ ခပ္ေဝးေဝးခရီးတစ္ခုကို သြားေနစဥ္ Min PD ကို ၾကည့္ရႈေစာင့္ေရွာက္ေပးဖို႔က သူ႕တာဝန္ျဖစ္သည္ဟု Boss Jin က ခံယူထားသည္။
" Taehyung လည္း Taehyung ဆိုေပမဲ့ မင္းကိုလည္း ငါအားမရေတာ့ဘူး ဒီလိုနဲ႕ Taehyung သတိမရလာခင္ မင္းလဲသြားေတာ့မယ္ "
PD ေလးက ဘာကိုမွ ျပန္မေျပာဘဲ ေခါင္းသာၿငိမ့္ျပသည္။ ၿပီးေတာ့ ျဖည္းညင္းစြာ ထရပ္လိုက္ၿပီး အိမ္ကိုျပန္မည္ဟု ထင္ရေသာ ေျခလွမ္းတို႔ကို လွမ္းေလွ်ာက္လိုက္သည္။
" ေနဦး ငါ့ကားကို စီးသြား ငါမွာထားၿပီးသား "
" ေၾကာင္ေပါက္!! "
Boss Jin လွမ္းေအာ္ေျပာလိုက္တာကို ၾကားလိုက္သည္။ ၿပီးေတာ့ သူ ကားတစ္စီးေပၚတက္လိုက္သည္ ထင္သည္။ ဘယ္ကိုသြားမယ္လို႔ေျပာလိုက္ရဲ႕လားသူမသိပါ။ Boss Jin ရဲ႕ကားေရာ ဟုတ္ရဲ႕လား။
သူကအေနာက္ထိုင္ခုံမွာ ဝင္ထိုင္ေနျခင္းမဟုတ္ဘဲ Taehyung ရဲ႕ ေဘးမွာ ဝင္ထိုင္ေနျခင္းျဖစ္သည္။ ဟုတ္သည္။ ကားေမာင္းေနသည့္သူမွာ Taehyung ျဖစ္သည္။ Boss Jin ရဲ႕ကားမဟုတ္ဘဲ Taehyung ရဲ႕ကားေပၚသို႔ သူတက္လိုက္မိျခင္းျဖစ္သည္။
" Tae.... "
Taehyung က လွမ္းရယ္ျပသည္ကို သူတအံ့တဩ ေငးၾကည့္ေနမိသည္။ ၿပီးေတာ့ သူလည္း ျပန္ရယ္ျပလိုက္သည္။
" ခ်စ္တယ္ Tae "
အခုသူတို႔ႏွစ္ေယာက္အတူတူ လက္တြဲထားၾကသည္။ ေမြးျမဴေရးၿခံထဲက ႏြားႀကီးကိုေၾကာက္လို႔ ထြက္ေျပးေနၾကသည္။ ေမာဟိုက္ေနရင္းက သူတို႔ရယ္မိၾကျပန္သည္။
" ခ်စ္တယ္ Tae "
ေတာင္ကုန္းေပၚက အိမ္ကေလးထဲတြင္ သူတို႔ႏႈတ္ခမ္းခ်င္းထိကပ္ထားၾကသည္။ သူတို႔ေနာက္တြင္ မဂၤလာေဆာင္ ဓာတ္ပုံႀကီးတစ္ပုံရွိေနသည္။ ထိုဓာတ္ပုံႀကီးထဲမွာလည္း သူတို႔ႏႈတ္ခမ္းေတြ ထိကပ္ထားၾကသည္။
" ခ်စ္တယ္ Tae "
႐ုတ္တရက္ႏွင္းေတြက်လာသည္။ Snow Flower သီခ်င္းသံစဥ္က စိတ္ေျခာက္ျခားစရာ သံစဥ္တစ္ခုႏွင့္ တူေနသည္။ ႏွင္းေတြအျပည့္နဲ႕လမ္းမွာ Taehyung က သူ႕ကို ရပ္ေစာင့္ေနသည္။ ရင္ခုန္စိတ္လႈပ္ရွားေနရမယ့္အစား Taehyung ရဲ႕မ်က္လုံးေတြက ဝမ္းနည္းေဆြးေျမ့ေနၾကသည္။
Snow Flower သီခ်င္းသံရပ္သြားၿပီး ဖုန္းျမည္သံေတြက တစ္ခန္းလုံးမွာ ျပည့္ႏွက္သြားသည္။ အခန္းက်ဥ္းေလး တစ္ခုမွာ သူေရာက္ေနျပန္သည္။
" Tae....Taehyung!!! "
" မင္းသာ ဖုန္းကိုင္ခဲ့ရင္... "
အခန္းက်ဥ္းေလးရဲ႕ တစ္ေနရာမွ Jung Hwan ရဲ႕အျပစ္တင္သံက ၾကားဖူးေနက်အတိုင္း အတိအက်ထြက္ေပၚလာသည္။ ဒါေပမဲ့ ဒီတစ္ေခါက္အသံလာရာေနရာကို ၾကည့္လိုက္ေတာ့ ထိုေနရာတြင္ ရပ္ေနသူမွာ Taehyung ျဖစ္ေနသည္။ အံ့ဩမႈေၾကာင့္ သူထိုင္ခ်မိလိုက္တဲ့အခါ ေလဟာနယ္တစ္ခုထဲသို႔ ၿပိဳဆင္းျပဳတ္က်သြားခဲ့ပါေတာ့သည္။
" Hyung!! Hyung!!! သတိထားပါဦး....သတိရၿပီလားဟင္ က်ေနာ့္ကို ျမင္ရလား "
" Jungkook လား "
" ဟုတ္တယ္ က်ေနာ္ Jungkook ပါ "
" ငါ အိပ္ေပ်ာ္ေနတာလား "
" Boss Jin နဲ႕ စကားေျပာၿပီး Hyung အိမ္ျပန္ဖို႔အလုပ္မွာ သတိလစ္သြားခဲ့တာ "
PD ေလးက သူ႕လက္ဖမိုးေပၚမွာ ထိုးသြင္းေသာေသာ ေဆးထိုးအပ္ကို ငုံ႕ၾကည့္လိုက္သည္။ ၿပီးေတာ့ မ်က္ႏွာခ်င္းဆိုင္က နာရီကို လွမ္းၾကည့္လိုက္သည္။
" ငါ Jung Hwan နဲ႕ ေတြ႕ခ်င္တယ္ Jungkook "
#...💘...#
Jimin ႏွင့္ ဒါရိုက္တာႀကီးတို႔ ေလဆိပ္ကို ေရာက္ေရာက္ျခင္း ၾကားလိုက္ရတဲ့ သတင္းေတြေၾကာင့္ ကားေပၚသို႔ အျမန္ေျပးတက္လိုက္ၾကသည္။
" ဒီေလာက္ျဖစ္သြားတာေတာင္ ဘာလို႔ ဘယ္သူမွ ဘာမွမေျပာၾကတာလဲ "
Jimin က ဘယ္သူ႕ကို အျပစ္တင္ရမွန္းမသိတာေၾကာင့္ လာႀကိဳေပးတဲ့ ကားဒရိုင္ဘာကိုသာ အျပစ္တင္သလို လွမ္းေျပာလိုက္သည္။ ဘာျပန္ေျပာရမွန္းမသိျဖစ္သြားတဲ့ ကားဒရိုင္ဘာႀကီးကိုယ္စား ဒါရိုက္တာႀကီးကသာ ခပ္တိုးတိုး တုံ႕ျပန္စကားဆိုလိုက္သည္။
" Hyung တို႔ကလည္း ဆက္သြယ္လို႔ရတဲ့ အေျခအေနမွမဟုတ္ခဲ့ပဲ "
အင္တာနက္လိုင္းမရေသာ camp ခရီးစဥ္သည္ ရာသီဥတုဆိုး႐ြားမႈေၾကာင့္ မွန္းထးတာထက္ ပိုၾကာခဲ့ရသည္။ သူတို႔ႏွစ္ေယာက္သည္လည္း ေပ်ာ္ရတာနည္းနည္း ပူပန္ရတာခပ္မ်ားမ်ားျဖင့္သာ camp ခရီးစဥ္ကို အဆုံးသတ္ခဲ့ရသည္။ ျပန္လာဖို႔အတြက္ ဆက္သြယ္သည့္အခါ အစ္ကိုႀကီး Park ကိုေရာ Boss Jin ကိုပါ တိုက္ရိုက္ဆက္သြယ္လို႔မရခဲ့၍ ထူးဆန္းသည္ဟုထင္မိေသာ္လည္း ဒီလိုအျဖစ္အပ်က္မ်ိဳးေတြ ျဖစ္ေနလိမ့္မည္ဟု သူတို႔လုံးဝမထင္မိၾကခဲ့ပါ။
" ကုမၸဏီကို ေမာင္းရမလား ေဆး႐ုံကို ေမာင္းရမလားခင္ဗ် ဒါမွမဟုတ္ အိမ္ကို.. "
" ေဆး႐ုံကို ေမာင္းပါ Taehyung ကို အရင္ေတြ႕ရမွျဖစ္မယ္ "
သိသိသာသာ ပ်က္ယြင္းေနတဲ့ ဒါရိုက္တာႀကီးရဲ႕အသံေၾကာင့္ Jimin က ဒါရိုက္တာႀကီးရဲ႕ ပခုံးတစ္ဖက္ကို အားေပးသလို ပုတ္ေပးလိုက္သည္။ ရင္ႏွီးတာမသိပ္မၾကာေသးေသာသူေတာင္ မင္းသားအတြက္ ရင္ထဲပူေလာင္သြားရလွ်င္ အခုခ်ိန္ဒါရိုက္တာႀကီးရဲ႕ ရင္ထဲမွာ ဘယ္လိုျဖစ္ေနမလဲဆိုတာကို ေတြးမိၿပီး သူကိုယ္ခ်င္းစာမိပါသည္။
" ဒါကေရာဘာလဲ တက္သစ္စအတိုေတာ္ J နဲ႕ Producer M တဲ့လား ခဏေလးအတြင္း ဘာေတြျဖစ္ကုန္တာလဲကြာ "
ဒါရိုက္တာႀကီး ေျပာတဲ့သတင္းကို Jimin လည္း သူ႕ဖုန္းထဲက တဆင့္ဖတ္ၾကည့္ေနသည္။ ထို႔ေနာက္ ေတာ္ေတာ္ၾကာေအာင္ ၿငိမ္က်သြားၿပီးေနာက္ Jungkook ဆီကို မက္ေဆ့ခ္်လွမ္းပို႔လိုက္သည္။
" ေသခ်ာေပါက္ အစ္ကိုႀကီး Park ရဲ႕လက္ခ်က္ပဲ ငါတို႔ရွင္းဖို႔လိုၿပီ "
ကား dashboard ေပၚမွ တုန္ခါသြားေသာ ဖုန္းကို Jungkook က အလ်င္အျမန္ လွမ္းယူလိုက္သည္။ ေဘးတြင္ ၿငိမ္ၿငိမ္ေလးလိုက္ပါလာေသာ PD ေလးသည္ သူ႕အမူအရာကို မသိလိုက္သလို ၿငိမ္ၿမဲၿငိမ္လ်က္ရွိေနသည္။
မီးပြိုင့္မိသည့္အခ်ိန္ကိုေစာင့္ၿပီး Jimin ရဲ႕မက္ေဆ့ခ်္ကို ဖတ္ၾကည့္သည့္အခါ Jungkook ရဲ႕ မ်က္ခုံးတို႔ တြန႔္ေကြးသြားၾကရသည္။
" Jimin လား "
" ဗ်ာ "
" ေအာ္ ဟုတ္တယ္ Hyung...ဘာမွမဟုတ္ပါဘူး ျပန္ေရာက္ၿပီတဲ့ "
" Jimin ေၾကာင့္လား မဟုတ္ေသးဘူး အစ္ကိုႀကီး Park ေၾကာင့္လား "
Min PD က တျခားအေၾကာင္းအရာတစ္ခုကို ရည္႐ြယ္ၿပီး ေမးလိုက္သည္ဆိုတာကို ရိပ္မိသြားေသာအခါ Jungkook ဘာျပန္ေျပာရမွန္းမသိဘဲ ခဏေၾကာင္အမ္းသြားမိသည္။
" Hyung အဲ့ဒါက "
" လက္ထပ္ၿပီးသားသူတစ္ေယာက္နဲ႕ လိုအပ္တာထက္ပိုၿပီး ရင္းႏွီးေနရင္ အဲ့ဒါေဖာက္ျပန္မႈပဲ သူ႕မွာ မေက်မနပ္ျဖစ္ပိုင္ခြင့္ရွိတယ္ "
" Hyung!!! "
" မင္းမွာက မင္းအျပစ္နဲ႕ ငါ့မွာလည္း ငါ့အျပစ္နဲ႕ ဒါေပမဲ့ အျပစ္ဒဏ္ခံရတဲ့သူက ဘာေၾကာင့္ Taehyung ျဖစ္ရမွာလဲ "
ေနာက္ကားမ်ား၏ မေက်မနပ္ဟြန္းတီးသံမ်ားက က်ယ္ေလာင္စြာထြက္ေပၚလာသည္။
Jungkook က ဘာမွျပန္မေျပာနိုင္ေတာ့တာေၾကာင့္ ကားစတီယာတိုင္ကိုသာ အတင္းဖ်စ္ညစ္ဆုပ္ကိုင္ထားၿပီး စိမ္းေနၿပီျဖစ္ေသာ မီးပြိုင့္ကို အျမန္ျဖတ္ေက်ာ္ေမာင္းလာခဲ့လိုက္သည္။ ဘာေၾကာင့္ဟု အမည္တပ္၍မရေသာ ခံစားမႈေၾကာင့္ သူ႕လက္ေကာက္ဝတ္က ေသြးခုန္ႏႈန္းတို႔မွာ တဒိတ္ဒိတ္ ျမန္ဆန္လ်က္ရွိေနသည္။
" ငါတို႔ ထြက္သြားၾကရေအာင္ "
သူေျပာဖူးတဲ့စကားကို Min PD က ျပန္ေျပာသည့္အခါ အခုအခ်ိန္ Min PD ရဲ႕ ရင္ဘတ္ထဲမွာ ဘာေတြျဖစ္ေနလဲဆိုတာကို သူနားလည္ၾကည့္လို႔ ရနိုင္လိုက္သည္။ သူက ထြက္ေျပးမည္ဆိုလွ်င္ မျဖစ္နိုင္တဲ့စိတ္ကူးယဥ္မႈတစ္ခုခုကို ေျပာၾကည့္႐ုံသက္သက္သာျဖစ္ၿပီး Min PD ကထြက္သြားမည္ဆိုလွ်င္ေတာ့ မျဖစ္မေနလုပ္ေတာ့မည္ျဖစ္ေၾကာင္းကို သူသိလိုက္သည္။ ၿပီးေတာ့ သူကလည္း Min PD ရဲ႕စကားကို ဘယ္ေတာ့မွ ျငင္းလိမ့္မည္မဟုတ္ေၾကာင္းကို သိလိုက္ရသည္။
#...💘...#
" Tae....Taehyung သတိျပန္လည္လာတယ္ ျမန္ျမန္ ျမန္ျမန္လာခဲ့ ေၾကာင္ေပါက္ "
ကိုယ့္ဘာသာေတာ့ နားလည္ေနေပမဲ့ နားမလည္ေအာင္ေတြ ေရးမိသြားရင္ မီယားနဲပါ