Lawless Gangster (Myanmar Tra...

By ViVianKhin

40.9K 7.6K 490

Original Author - Bai Shan Hei Shui Total - 79 chapters + 5 extras Genre - Action, Romance, Modern Time Discl... More

Disclaimer
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31
Episode 32
Episode 33
Episode 34
Episode 35
Episode 36
Episode 37
Episode 38
Episode 39
Episode 40
Episode 41
Episode 42
Episode 43
Episode 44
Episode 45
Episode 46
Episode 47
Episode 48
Episode 49
Episode 50
Episode 51
Episode 52
Episode 53
Episode 55

Episode 54

421 69 5
By ViVianKhin

Episode 54

Zawgyi

ေ႐ွာင္းလီ လဲၿပိဳကာ တုန္ယင္ေနေအာင္ လီရွီခ်င္းက အနားနားတိုးကပ္ၿပီး အားနဲ႔အတင္းအၾကပ္ ဖိထားတယ္။ သူ႔လက္ဖဝါးမွာ စိုစြတ္မႈကို ခံစားမိေတာ့ လီ႐ွီခ်င္း ေက်နပ္စြာျပံဳးကာ ေ႐ွာင္းလီ နား,ကို စုပ္လိုက္ၿပီး ႏူးညံ့စြာျဖင့္

" ငါကသာ ဘာကိစၥေတြ႐ွိ႐ွိ ဘာေတြပဲျဖစ္လာလာ မင္းကို အနစ္နာမခံခိုင္းမယ့္ တစ္ဦးတည္းေသာ သူပဲ။ "

ဒီတစ္ခါေတာ့ လီ႐ွီခ်င္းထင္ထားတာနဲ႔ ကြဲလြဲစြာ ေ႐ွာင္းလီက ႐ုန္းကန္မေနေတာ့။ ထိုအစား အသက္ကို ခပ္ျပင္းျပင္း တစ္ခ်က္႐ႈသြင္းကာ တုန္ယင္ေနတာလည္း တျဖည္းျဖည္းေပ်ာက္ကြယ္သြားတယ္။ ထို႔ေနာက္ တည္ၿငိမ္စြာျဖင့္

" သူ႔ကို သတ္ခ်င္လို႔လား။ "

လီ႐ွီခ်င္းက ရႊင္ျမဴးလ်က္ျဖင့္

" သူက မင္းကို စြန္႔ပစ္ခဲ့တဲ့ေကာင္။ မင္းရဲ႕ အသည္းခြဲၿပီး နာက်င္ေစတဲ့သူပဲေလ။ မင္း သူ႔ကိုသတ္ဖို႔ ငါကူေပးမယ္ဆိုရင္ေတာင္ ဘာမ်ားမေကာင္းလို႔လဲ။ "

ေ႐ွာင္းလီ မ်က္ႏွာက အမူအရာမဲ့စြာ

" သူ အသံထြက္မယ္ဆိုရင္ သူ႔ကို လႊတ္ေပးမွာလား။ "

လီ႐ွီခ်င္း ေခတၱ တိတ္သြားကာ

" မလႊတ္ေပးဘူး။ "

ထိုအခါ ေ႐ွာင္းလီက သူ႔မ်က္လံုးတို႔ကို ကြယ္ထားတဲ့လက္ကို ဆြဲဖယ္ဖို႔လုပ္တယ္။ သို႔ေသာ္ ဆြဲမဖယ္ႏိုင္ခင္ေလးမွာပဲ သူ႔မ်က္ႏွာထက္က လီ႐ွီခ်င္းလက္က ပိုတင္းသြားၿပီး

" မင္း ဘာလုပ္မလို႔လဲ။ "

" ဟန္က်ားကေျပာတယ္ ခင္ဗ်ားက ေလာ္တုန္းထက္ ပိုၿပီးရက္စက္တယ္တဲ့။ ဒါေပမယ့္ ခင္ဗ်ားက လူေတြကို ႏိွပ္စက္ၿပီးေတာ့ သာယာမႈ႐ွာေလ့မ႐ွိဘူးဆိုတာ ကြၽန္ေတာ္ သိတယ္။ "

စကားေျပာေနရင္း သူ႔ခံစားခ်က္တို႔ မေပၚလြင္ရေလေအာင္ ေ႐ွာင္းလီ အားထုတ္ရတယ္။

" ခင္ဗ်ား အခု သူ႔ကိုဒီလိုေတြလုပ္ေနတာက သူ႔ကိုေသေစခ်င္ေနလို႔ပဲ။ ဘယ္လိုျဖစ္ျဖစ္ ေသရမယ့္အတူတူ သူ႔ကို သတ္မယ့္လူ.... ကြၽန္ေတာ့္ကို ျဖစ္ခြင့္ေပးပါ။ "

လီ႐ွီခ်င္းဘက္က ဘာမွမတံု႔ျပန္ေတာ့ ေ႐ွာင္းလီက အသံတိုးတိုးျဖင့္

" သေဘာမတူဘူးလား။ "

လီ႐ွီခ်င္းက သူ႔ကို ခဏေလာက္စိုက္ၾကည့္ၿပီးမွ သူ႔ကိုယ္ေပၚက လက္တို႔ကိုဖယ္လိုက္ၿပီး

" မင္းတို႔ အခုရပ္လိုက္ေတာ့ "

ေ႐ွာင္းလီက လီ႐ွီခ်င္းလက္ထဲမွ ႐ုန္းထြက္ကာ ကုတင္ေဘးမွာ သြားရပ္ခ်ိန္ ခ်ီ႐ႈိ႕ယြမ္ကေတာ့ ဒဏ္ရာဒဏ္ခ်က္အျပည့္ျဖင့္ ၾကမ္းျပင္ေပၚ လဲပံုက်လို႔ေနတယ္။ ၾကမ္းေပၚလဲက်ေနပံုကေနၾကည့္ၿပီး ေျပာႏိုင္တာကေတာ့ ခ်ီ႐ႈိ႕ယြမ္ လက္က်ိဳးေနၿပီဆိုတာပါပဲ။

ေရွာင္းလီ ေျခလွမ္းအနည္းငယ္လွမ္းၿပီး ခ်ီ႐ႈိ႕ယြမ္ ေဘးနား ဒူးေထာက္ထိုင္ခ်ကာ ၾကည့္လိုက္ေတာ့ သတိပင္ကပ္မေနေတာ့တာကို ေတြ႔ရတယ္။ ေခါင္းအစ ေျခအဆံုး ဒဏ္ရာဗရပြျဖစ္ေနကာ မ်က္ႏွာအႏွံ႔မွာလည္း ေသြးစတို႔စြန္းထင္လ်က္။

မ်က္လံုးတစ္ဖက္ကလည္း ဖူးေယာင္ေနတယ္။

ဒီလိုအေျခအေနမ်ိဳးမွာေတာင္ ခ်ီ႐ႈိ႕ယြမ္ဟာ အသံတစ္ခ်က္မထြက္ခဲ့။

သူ႔ျမင္ကြင္းထဲ ေ႐ွာင္းလီဝင္လာေတာ့ ခပ္ေရးေရးျပံဳး႐ွာတယ္။

ေ႐ွာင္းလီဘက္ကေတာ့ ထိုအျပံဳးကို တုံ႔ျပန္ျခင္းမ႐ွိပဲ သူ႔ရင္ဘတ္၊ ေက်ာ၊ ဝမ္းဗိုက္တို႔ကို ကိုင္ၾကည့္ကာ အ႐ိုးက်ိဳးမက်ိဳး စစ္ေဆးလို႔ေနတယ္။

ထို႔ေနာက္ ဆံုးျဖတ္ခ်က္ခ်ၿပီးသြားသလိုပံုမ်ိဳးျဖင့္ သက္ျပင္းခ်ကာ လီ႐ွီခ်င္းကို ၾကည့္ရင္း

" ခ်င္းရယ္... ဒီအျဖစ္အပ်က္ကို ေမ့လိုက္လို႔ရမလား။ "

လီ႐ွီခ်င္းကေတာ့ ဒီလိုစကားမ်ိဳးၾကားရဖို႔ ေမ်ွာ္လင့္ထားသလိုမ်ိဳး အံ့ျသဟန္မျပပဲ ေအးစက္စြာျဖင့္

" အေၾကာင္းျပခ်က္က? "

" ခ်င္းရယ္ေျပာခဲ့တာ မွန္တယ္။ သူက ကြၽန္ေတာ့္ကုိ စြန္႔လႊတ္လိုက္တာ။ သူက ကြၽန္ေတာ့္အေပၚ အၾကင္နာမဲ့တယ္။ ဒီလိုလူမ်ိဳးနဲ႔ ကြၽန္ေတာ္ ေနာက္တစ္ခါ ထပ္မေတြ႔ေတာ့ပါဘူး။ ဒါေပမယ့္ ေသေစခ်င္တာေတာ့လည္း မဟုတ္ဘူး။ သူ႔ညီမက ေ႐ွာင္းယန္ရဲ႕ခ်စ္သူေလ။ ကြၽန္ေတာ့္ညီ ကြၽန္ေတာ့္ကို မုန္းသြားမွာ မလိုလားဘူး။ "

လီ႐ွီခ်င္းကေတာ့ ခနဲ႔သလိုရယ္ကာ

" မင္းေၾကာင့္ ငါသူ႔ကို အလြတ္ေပးလိမ့္မယ္လို႔ မင္းထင္ေနလား။ "

ေရွာင္းလီ စိတ္ၿငိမ္ၿငိမ္ထားကာ ျပံဳးလိုက္ရင္း

" ခ်င္းရယ္ သူ႔ကိုေသေစခ်င္တာ ကြၽန္ေတာ့္ေၾကာင့္ပဲ မဟုတ္လား။ ဒါက သူ႔အိမ္.....အဲ့ေတာ့ သူ႔ကို ကြၽန္ေတာ္ကပဲ လာ႐ွာတာ အသိသာႀကီး။ အခု သူ႔ကို ကြၽန္ေတာ္ ထပ္မေတြ႔ေတာ့ပါဘူးလို႔ ေျပာၿပီးၿပီပဲဟာ။ ဘာအတြက္ေၾကာင့္မ်ား သူ႔ကို ေသေစခ်င္ေနတာလဲ။ "

" ငါမင္းကို မယံုလို႔ေလ။ "

လီ႐ွီခ်င္းက နာက်င္စြာျပံဳးရင္း ေျပာတယ္။

ေ႐ွာင္းလီက လီ႐ွီခ်င္းေဘးကို သြားကာ ဒူးေထာက္ရင္း

" ေ႐ွာင္းယန္ တကၠသိုလ္တက္ဖို႔ ႏိုင္ငံျခားကို ထြက္သြားတုန္းက ကြၽန္ေတာ္ ဂိုဏ္းကေန ထြက္သြားဖို႔ မႀကိဳးစားခဲ့ဘူး။ ကြၽန္ေတာ့္ခါးက ဒီဓားဒဏ္ရာကလည္း လြန္ခဲ့တဲ့ ႏွစ္ႏွစ္တုန္းက တာ့ေကြ႔ ခ်င္းရယ္ကို ဓားနဲ႔ထိုးဖို႔လုပ္လို႔ ကြၽန္ေတာ္ၾကားထဲက ဝင္ခံရင္း ရလာတဲ့ ဒဏ္ရာ။ ကြၽန္ေတာ္ ခ်င္းရယ္အေပၚ သစၥာ႐ွိတာက အေပၚယံပဲ မဟုတ္ခဲ့ဘူး။ စဥ္းစားၾကည့္ပါ ခ်င္းရယ္ ကြၽန္ေတာ္က ခင္ဗ်ားထက္ေတာ့ ပိုယံုရပါတယ္။ "

အခန္းထဲက ေလထုက အေတာ္ေလး ေလးလံသြားသေယာင္။

လီ႐ွီခ်င္းအေတြးကို ခန္႔မွန္းႏိုင္ဖို႔က ခက္လွတယ္။ ေ႐ွာင္းလီ သူ႔ကို ခင္ဗ်ားလို႔ ေခၚေနတာေတာင္ ဂ႐ုမစိုက္ႏိုင္ေတာ့တဲ့အထိ။ သူ႔လက္ေအာက္ငယ္သားေတြေ႐ွ႕မွာ သိကၡာခ်ခံေနရေပမယ့္ သူကေတာ့ ေက်နပ္လို႔ေနတယ္။

လီ႐ွီခ်င္း ေ႐ွာင္းလီမ်က္ႏွာေပၚက အမာရြတ္ကို အသာထိလိုက္တယ္။ ဒီတစ္ခါေတာ့ ေ႐ွာင္းလီက ႐ုန္းဖယ္ျခင္းမ႐ွိ။ သူ႔သေဘာက် ၿငိမ္ေပးေနတယ္။

ထို႔ေနာက္ ၾကမ္းေပၚက ခ်ီ႐ႈိ႕ယြမ္ကို ေမာက္မာစြာနဲ႔ ငံု႔ၾကည့္လိုက္ၿပီး

" ေ႐ွာင္းလီ၊ မင္းက ငါ့ကို နားလည္သားပဲ။ ဒါေပမယ့္လည္း ကံမေကာင္းစြာနဲ႔ ဒီတစ္ခါေတာ့ မင္းဘာေျပာေျပာ အသံုးမဝင္ေတာ့ဘူး။ ဒီေကာင္က သူ႔ကို မင္းကိုယ္တိုင္လာ႐ွာေအာင္ လုပ္ႏိုင္တယ္ဆိုမွေတာ့ ငါ အသက္ခ်မ္းသာေပးစရာ ဘာအေၾကာင္းမွ မ႐ွိဘူး။ "

ထို႔ေနာက္ ေျခကိုေျမႇာက္လို႔ ၾကမ္းေပၚက ခ်ီ႐ႈိ႕ယြမ္ ဗိုက္ကို ကန္ဖို႔လုပ္တယ္။ သို႔ေသာ္ သူမကန္ႏိုင္လိုက္ေသးခင္ ေ႐ွာင္းလီက ခ်ီ႐ႈိ႕ယြမ္ကိုယ္ေပၚကေန ထပ္ကာ ေဘးကိုလိွမ့္သြားတာေၾကာင့္ ဗလာသက္သက္ ၾကမ္းျပင္ကိုသာ ကန္မိတယ္။

" အားေလာင္ေရ၊ မိန္းကေလး ႏိုးေနၿပီလားသြားၾကည့္လိုက္ပါဦး။ သူ႔ကို ႏိႈးၿပီး ဒီကို ေခၚလာခဲ့။ "

လီ႐ွီခ်င္းရဲ႕ ေရခဲတမ်ွ ေအးစက္ေနတဲ့အသံက အခန္းတြင္းကိုပင္ ေအးစိမ့္ေစတယ္။

" ရပ္လိုက္! "

ေ႐ွာင္းလီ အသံက ဟိန္းလို႔။

အားေလာင္ကေတာ့ ဆက္သြားရမလို ဒီမွာပဲရပ္ေနရမလို ဗ်ာမ်ားေနတုန္း လီ႐ွီခ်င္းက ေ႐ွာင္းလီ ေမးေစ့ကို ဆတ္ခနဲကိုင္ကာ မ်က္ႏွာကို ဆြဲေမာ့လိုက္ၿပီး

" မင္းက တကယ္ပဲ ဘာျဖစ္ေစခ်င္ေနတာလဲ။ "

" ခ်င္းရယ္... ကြၽန္ေတာ္ အစကေတာ့ အခု ဒီမွာမဟုတ္ပဲ ေနာက္မွ ေမးမလို႔ပဲ...... "

ေ႐ွာင္းလီက ၾကမ္းေပၚထိုင္ခ်ကာ ခ်ီ႐ႈိ႕ယြမ္ ကိုယ္ကို သူ႔ေပၚမီွေစရင္း တင္းၾကပ္စြာေပြ႔ဖက္ထားတယ္။

" ကြၽန္ေတာ့္အေမ ဘယ္လိုေသသြားခဲ့ရတာလဲ။ "

လီ႐ွီခ်င္း ခ်က္ခ်င္းဆိုသလို ေတာင့္တင္းသြားရတယ္။

ေ႐ွာင္းလီကေတာ့ သူ႔မ်က္လံုးထဲကို တည့္တည့္စိုက္ၾကည့္ကာ

" အဲ့ဒီတုန္းက ခင္ဗ်ားရဲ႕ညီ အားေျပာင္က သူ႔ကို ေလွကားေပၚက တြန္းခ်လိုက္တာလို႔ ခင္ဗ်ားေျပာခဲ့တယ္ေနာ္။ လူတိုင္းလည္း အဲ့အတိုင္းေျပာတာပဲ။ အားေျပာင္ကိုယ္တိုင္လည္း အဲ့လိုပဲ ေျပာၿပီး ကြၽန္ေတာ့္အေမ့ရဲ႕အုတ္ဂူေ႐ွ႕မွာ သူ႔ကိုယ္သူ ဓားနဲ႔ေျခာက္ခ်က္ထိုးလို႔ ပြဲခ်င္းၿပီး ေသမလို ျဖစ္သြားခဲ့တယ္။ လူအမ်ားႀကီးက ခင္ဗ်ားအတြက္ ဝိုင္းလိမ္ေပးေနၾကလို႔ တကယ္တြန္းခ်ခဲ့တဲ့သူက ခင္ဗ်ားကိုယ္တိုင္ဆိုတာ ေမ့ေနတာေတာ့ မဟုတ္ဘူးမွတ္လား။ "

လ်ွပ္စစ္နဲ႔အတို႔ခံလိုက္ရသလို လီ႐ွီခ်င္းလက္တို႔ တြန္႔သြားကာ အခ်ိန္အၾကာႀကီး ႏႈတ္ဆိတ္ေနၿပီးမွ

" အဲ့ဒါက မေတာ္တဆျဖစ္သြားတာ....... ၿပီးေတာ့ ငါ သူ႔ကို ေဆးရံုခ်က္ခ်င္းပို႔ပါေသးတယ္....... မင္း ဘယ္တုန္းကသိတာလဲ။ "

" လြန္ခဲ့တဲ့ သံုးႏွစ္တုန္းက "

ေ႐ွာင္းလီ ေအးစက္စြာျပံဳးလ်က္

" အဲ့တုန္းက ေ႐ွာင္းယန္လည္း ျပည္ပမွာ။ ေလာ္တုန္းနဲ႔ရန္ပြဲကလည္း မၿပီးမျပတ္ေသးတဲ့အခ်ိန္။ ကြၽန္ေတာ္သာ ထြက္သြားခဲ့မယ္ဆိုရင္ ခ်င္းရယ္ ဘယ္လိုမ်ားတားလို႔ ရႏိုင္မွာလဲ။ "

လီ႐ွီခ်င္းက မိနစ္အနည္းငယ္ေလာက္ၾကာမွ

" ဒါဆို မင္းဘာလို႔ ထြက္မသြားခဲ့တာလဲ။ "

" ခင္ဗ်ား ကြၽန္ေတာ့္အေပၚမွာ ဆပ္စရာမေႂကြးတစ္ခုခု ႐ွိေနေစခ်င္လို႔။ အရာအားလံုး သူ႔ဟာနဲ႔သူ တန္ဖိုး႐ွိတယ္ဆိုတာ ကြၽန္ေတာ္သိတယ္။ ကြၽန္ေတာ္ ဘယ္တုန္းကမွ ဒုစ႐ိုက္ေလာကထဲ မဝင္ခ်င္ခဲ့ဘူး။ ခင္ဗ်ားအတြက္လည္း ဘာတာဝန္မွ မထမ္းေဆာင္ခ်င္ခဲ့ဘူး။ ဒါေပမယ့္ ဂိုဏ္းကထြက္ဖို႔ ေပးဆပ္ရမယ့္ တန္ဖိုးက ႀကီးလြန္းတယ္။ ကြၽန္ေတာ့္ အသက္နဲ႔ရင္းၿပီး ဂိုဏ္းအတြက္ ခင္ဗ်ားအတြက္ လိုလိုလားလားနဲ႔ အလုပ္လုပ္ေပးခဲ့ရတယ္။ ခင္ဗ်ား ကြၽန္ေတာ့္အေပၚမွာ ဒီအေႂကြးႀကီး တင္က်န္ေနေအာင္ေလ။ ဒါမွ တစ္ေန႔ ခင္ဗ်ားကြၽန္ေတာ့္ကို ဘာျပႆနာမွ မ႐ွာႏိုင္ပဲ ခင္ဗ်ားေဘးမွ ကြၽန္ေတာ္ထြက္လာႏိုင္မွာေလ။ "

လီ႐ွီခ်င္းကေတာ့ အႀကီးအက်ယ္အံ့အားသင့္ေနၿပီးမွ ေ႐ွာင္းလီရဲ႕စကားေတြကို ဘယ္လိုခြန္းတံု႔ျပန္ရမလဲ သိသြားပံုပင္။

" ေရွာင္းလီ... မင္းက တကယ့္ကို ဘယ္လို သည္းခံ ဇြဲ႐ွိရေကာင္းမွန္း သိသားပဲ။ မင္း ရြတ္ရြတ္ခြၽံခြၽံ တာဝန္ထမ္းေဆာင္ခဲ့သမ်ွ ငါ့ေဘးက ထြက္သြားဖို႔ခ်ည္းပါပဲလား။ လီ႐ွီခ်င္း.... ငါ့အေမက မင္းေၾကာင့္ေသခဲ့ရတယ္....လီ႐ွီခ်င္း... ငါ မင္းေၾကာင့္ ဓားထိုးခံခဲ့ရတယ္... အဲ့လိုေတြေျပာၿပီးရင္ လီ႐ွီခ်င္း... ငါတို႔အခု ေက်ၿပီေနာ္လို႔မ်ား ေျပာမလားပဲ။ "

" ဟုတ္တယ္ "

ေ႐ွာင္းလီ မ်က္ေတာင္ တစ္ခ်က္ မခတ္ပဲ ရဲတင္းစြာပင္ လီ႐ွီခ်င္းကို ၾကည့္ကာ ေျပာတယ္။

လီ႐ွီခ်င္း မ်က္ႏွာထက္ လူေသေကာင္လို ေသြးဆုတ္ျဖဴေရာ္ သြားတယ္။ အသက္ကို ျပင္းျပင္း႐ႈသြင္းၿပီးေနာက္ ရယ္ခ်င္ေနတာကို အတင္းထိန္းထားရတဲ့ မ်က္ႏွာေပးနဲ႔

" မင္းကေတာ့ ဟာသပဲကြ။ ကေလးကုလားနဲ႔ ႏံုခ်က္ပဲ။ ငါ မင္းကို ဘယ္လိုျပန္ေျပာမယ္ဆိုတာ မင္းေတြးဖူးလား။ ဘာလဲ... ငါက မင္းကို ေကာင္းၿပီေလ၊ ကိစၥေတြက ဒီလိုျဖစ္လာမွေတာ့ မင္းကို ထြက္သြားခြင့္ျပဳမယ္။ မင္း သြားလို႔ရၿပီ လို႔ ေျပာမယ္မ်ား ထင္ေနလား။  "

" ဟုတ္တယ္ "

ေ႐ွာင္းလီကေတာ့ အၾကည့္မပ်က္။

" အဲ့အတိုင္း တထပ္တည္းေျပာမယ္္လို႔ ထင္တယ္။ "

လီ႐ွီခ်င္းက ခပ္ေရးေရးျပံဳးကာ

" အဲ့လို ယံုၾကည္ခ်က္ေတြ ဘယ္နားက ရလာတာလဲ ငါသိခ်င္လိုက္တာ။ "

" ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားက မာကြၽယ္က်ီနဲ႔ေရာ ေလာ္တုန္းနဲ႔ပါ မတူလို႔ပဲ။ "

ေ႐ွာင္းလီရဲ႕ မ်က္ႏွာအမူအရာနဲ႔အသံက ေျပာင္းမသြား။

" ကြၽန္ေတာ္ ၁၅ႏွစ္တုန္းက ခင္ဗ်ား ကြၽန္ေတာ့္ကို အလြတ္ေပးခဲ့ဖူးတယ္။ "

အခန္းတြင္းက တဖန္ျပန္တိတ္သြား ျပန္တယ္။ အျပင္ဘက္က မိုးရြာသံ တိုးတိုးသာ ၾကားေနရတယ္။

လီ႐ွီခ်င္းလက္တို႔က တုန္ယင္စြာျဖင့္ သူ႔မ်က္ႏွာသူ အုပ္ထားတာေၾကာင့္ ေ႐ွာင္းလီကို ျမင္မေနရေပ။

အခ်ိန္အေတာ္ၾကာမွ အလြန္ႏြမ္းနယ္ေနဟန္ျဖင့္

" ဒါဆို ဘာလို႔အခုမွ အဲ့ကိစၥေတြ အစလာေဖာ္ေနတာလဲ။ မင္း ဘာနဲ႔ အလဲအလွယ္လုပ္ခ်င္တာလဲ။ "

ေ႐ွာင္းလီ ေခါင္းကိုငံု႔ကာ ခ်ီ႐ႈိ႕ယြမ္ရဲ႕ ပုခံုးကေန ညင္သာစြာ ေပြ႔ဖက္လ်က္

" ကြၽန္ေတာ္ ခင္ဗ်ားဆီက ရစရာ႐ွိတဲ့ အေၾကြးကို သူ႔အတြက္ အလဲအလွယ္ လုပ္ခ်င္တယ္။ "

*********************************

Episode 54

Unicode

ရှောင်းလီ လဲပြိုကာ တုန်ယင်နေအောင် လီရှီချင်းက အနားနားတိုးကပ်ပြီး အားနဲ့အတင်းအကြပ် ဖိထားတယ်။ သူ့လက်ဖဝါးမှာ စိုစွတ်မှုကို ခံစားမိတော့ လီရှီချင်း ကျေနပ်စွာပြုံးကာ ရှောင်းလီ နား,ကို စုပ်လိုက်ပြီး နူးညံ့စွာဖြင့်

" ငါကသာ ဘာကိစ္စတွေရှိရှိ ဘာတွေပဲဖြစ်လာလာ မင်းကို အနစ်နာမခံခိုင်းမယ့် တစ်ဦးတည်းသော သူပဲ။ "

ဒီတစ်ခါတော့ လီရှီချင်းထင်ထားတာနဲ့ ကွဲလွဲစွာ ရှောင်းလီက ရုန်းကန်မနေတော့။ ထိုအစား အသက်ကို ခပ်ပြင်းပြင်း တစ်ချက်ရှုသွင်းကာ တုန်ယင်နေတာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ ထို့နောက် တည်ငြိမ်စွာဖြင့်

" သူ့ကို သတ်ချင်လို့လား။ "

လီရှီချင်းက ရွှင်မြူးလျက်ဖြင့်

" သူက မင်းကို စွန့်ပစ်ခဲ့တဲ့ကောင်။ မင်းရဲ့ အသည်းခွဲပြီး နာကျင်စေတဲ့သူပဲလေ။ မင်း သူ့ကိုသတ်ဖို့ ငါကူပေးမယ်ဆိုရင်တောင် ဘာများမကောင်းလို့လဲ။ "

ရှောင်းလီ မျက်နှာက အမူအရာမဲ့စွာ

" သူ အသံထွက်မယ်ဆိုရင် သူ့ကို လွှတ်ပေးမှာလား။ "

လီရှီချင်း ခေတ္တ တိတ်သွားကာ

" မလွှတ်ပေးဘူး။ "

ထိုအခါ ရှောင်းလီက သူ့မျက်လုံးတို့ကို ကွယ်ထားတဲ့လက်ကို ဆွဲဖယ်ဖို့လုပ်တယ်။ သို့သော် ဆွဲမဖယ်နိုင်ခင်လေးမှာပဲ သူ့မျက်နှာထက်က လီရှီချင်းလက်က ပိုတင်းသွားပြီး

" မင်း ဘာလုပ်မလို့လဲ။ "

" ဟန်ကျားကပြောတယ် ခင်ဗျားက လော်တုန်းထက် ပိုပြီးရက်စက်တယ်တဲ့။ ဒါပေမယ့် ခင်ဗျားက လူတွေကို နှိပ်စက်ပြီးတော့ သာယာမှုရှာလေ့မရှိဘူးဆိုတာ ကျွန်တော် သိတယ်။ "

စကားပြောနေရင်း သူ့ခံစားချက်တို့ မပေါ်လွင်ရလေအောင် ရှောင်းလီ အားထုတ်ရတယ်။

" ခင်ဗျား အခု သူ့ကိုဒီလိုတွေလုပ်နေတာက သူ့ကိုသေစေချင်နေလို့ပဲ။ ဘယ်လိုဖြစ်ဖြစ် သေရမယ့်အတူတူ သူ့ကို သတ်မယ့်လူ.... ကျွန်တော့်ကို ဖြစ်ခွင့်ပေးပါ။ "

လီရှီချင်းဘက်က ဘာမှမတုံ့ပြန်တော့ ရှောင်းလီက အသံတိုးတိုးဖြင့်

" သဘောမတူဘူးလား။ "

လီရှီချင်းက သူ့ကို ခဏလောက်စိုက်ကြည့်ပြီးမှ သူ့ကိုယ်ပေါ်က လက်တို့ကိုဖယ်လိုက်ပြီး

" မင်းတို့ အခုရပ်လိုက်တော့ "

ရှောင်းလီက လီရှီချင်းလက်ထဲမှ ရုန်းထွက်ကာ ကုတင်ဘေးမှာ သွားရပ်ချိန် ချီရှို့ယွမ်ကတော့ ဒဏ်ရာဒဏ်ချက်အပြည့်ဖြင့် ကြမ်းပြင်ပေါ် လဲပုံကျလို့နေတယ်။ ကြမ်းပေါ်လဲကျနေပုံကနေကြည့်ပြီး ပြောနိုင်တာကတော့ ချီရှို့ယွမ် လက်ကျိုးနေပြီဆိုတာပါပဲ။

ရှောင်းလီ ခြေလှမ်းအနည်းငယ်လှမ်းပြီး ချီရှို့ယွမ် ဘေးနား ဒူးထောက်ထိုင်ချကာ ကြည့်လိုက်တော့ သတိပင်ကပ်မနေတော့တာကို တွေ့ရတယ်။ ခေါင်းအစ ခြေအဆုံး ဒဏ်ရာဗရပွဖြစ်နေကာ မျက်နှာအနှံ့မှာလည်း သွေးစတို့စွန်းထင်လျက်။

မျက်လုံးတစ်ဖက်ကလည်း ဖူးယောင်နေတယ်။

ဒီလိုအခြေအနေမျိုးမှာတောင် ချီရှို့ယွမ်ဟာ အသံတစ်ချက်မထွက်ခဲ့။

သူ့မြင်ကွင်းထဲ ရှောင်းလီဝင်လာတော့ ခပ်ရေးရေးပြုံးရှာတယ်။

ရှောင်းလီဘက်ကတော့ ထိုအပြုံးကို တုံ့ပြန်ခြင်းမရှိပဲ သူ့ရင်ဘတ်၊ ကျော၊ ဝမ်းဗိုက်တို့ကို ကိုင်ကြည့်ကာ အရိုးကျိုးမကျိုး စစ်ဆေးလို့နေတယ်။

ထို့နောက် ဆုံးဖြတ်ချက်ချပြီးသွားသလိုပုံမျိုးဖြင့် သက်ပြင်းချကာ လီရှီချင်းကို ကြည့်ရင်း

" ချင်းရယ်... ဒီအဖြစ်အပျက်ကို မေ့လိုက်လို့ရမလား။ "

လီရှီချင်းကတော့ ဒီလိုစကားမျိုးကြားရဖို့ မျှော်လင့်ထားသလိုမျိုး အံ့သြဟန်မပြပဲ အေးစက်စွာဖြင့်

" အကြောင်းပြချက်က? "

" ချင်းရယ်ပြောခဲ့တာ မှန်တယ်။ သူက ကျွန်တော့်ကို စွန့်လွှတ်လိုက်တာ။ သူက ကျွန်တော့်အပေါ် အကြင်နာမဲ့တယ်။ ဒီလိုလူမျိုးနဲ့ ကျွန်တော် နောက်တစ်ခါ ထပ်မတွေ့တော့ပါဘူး။ ဒါပေမယ့် သေစေချင်တာတော့လည်း မဟုတ်ဘူး။ သူ့ညီမက ရှောင်းယန်ရဲ့ချစ်သူလေ။ ကျွန်တော့်ညီ ကျွန်တော့်ကို မုန်းသွားမှာ မလိုလားဘူး။ "

လီရှီချင်းကတော့ ခနဲ့သလိုရယ်ကာ

" မင်းကြောင့် ငါသူ့ကို အလွတ်ပေးလိမ့်မယ်လို့ မင်းထင်နေလား။ "

ရှောင်းလီ စိတ်ငြိမ်ငြိမ်ထားကာ ပြုံးလိုက်ရင်း

" ချင်းရယ် သူ့ကိုသေစေချင်တာ ကျွန်တော့်ကြောင့်ပဲ မဟုတ်လား။ ဒါက သူ့အိမ်.....အဲ့တော့ သူ့ကို ကျွန်တော်ကပဲ လာရှာတာ အသိသာကြီး။ အခု သူ့ကို ကျွန်တော် ထပ်မတွေ့တော့ပါဘူးလို့ ပြောပြီးပြီပဲဟာ။ ဘာအတွက်ကြောင့်များ သူ့ကို သေစေချင်နေတာလဲ။ "

" ငါမင်းကို မယုံလို့လေ။ "

လီရှီချင်းက နာကျင်စွာပြုံးရင်း ပြောတယ်။

ရှောင်းလီက လီရှီချင်းဘေးကို သွားကာ ဒူးထောက်ရင်း

" ရှောင်းယန် တက္ကသိုလ်တက်ဖို့ နိုင်ငံခြားကို ထွက်သွားတုန်းက ကျွန်တော် ဂိုဏ်းကနေ ထွက်သွားဖို့ မကြိုးစားခဲ့ဘူး။ ကျွန်တော့်ခါးက ဒီဓားဒဏ်ရာကလည်း လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက တာ့ကွေ့ ချင်းရယ်ကို ဓားနဲ့ထိုးဖို့လုပ်လို့ ကျွန်တော်ကြားထဲက ဝင်ခံရင်း ရလာတဲ့ ဒဏ်ရာ။ ကျွန်တော် ချင်းရယ်အပေါ် သစ္စာရှိတာက အပေါ်ယံပဲ မဟုတ်ခဲ့ဘူး။ စဉ်းစားကြည့်ပါ ချင်းရယ် ကျွန်တော်က ခင်ဗျားထက်တော့ ပိုယုံရပါတယ်။ "

အခန်းထဲက လေထုက အတော်လေး လေးလံသွားသယောင်။

လီရှီချင်းအတွေးကို ခန့်မှန်းနိုင်ဖို့က ခက်လှတယ်။ ရှောင်းလီ သူ့ကို ခင်ဗျားလို့ ခေါ်နေတာတောင် ဂရုမစိုက်နိုင်တော့တဲ့အထိ။ သူ့လက်အောက်ငယ်သားတွေရှေ့မှာ သိက္ခာချခံနေရပေမယ့် သူကတော့ ကျေနပ်လို့နေတယ်။

လီရှီချင်း ရှောင်းလီမျက်နှာပေါ်က အမာရွတ်ကို အသာထိလိုက်တယ်။ ဒီတစ်ခါတော့ ရှောင်းလီက ရုန်းဖယ်ခြင်းမရှိ။ သူ့သဘောကျ ငြိမ်ပေးနေတယ်။

ထို့နောက် ကြမ်းပေါ်က ချီရှို့ယွမ်ကို မောက်မာစွာနဲ့ ငုံ့ကြည့်လိုက်ပြီး

" ရှောင်းလီ၊ မင်းက ငါ့ကို နားလည်သားပဲ။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ ဒီတစ်ခါတော့ မင်းဘာပြောပြော အသုံးမဝင်တော့ဘူး။ ဒီကောင်က သူ့ကို မင်းကိုယ်တိုင်လာရှာအောင် လုပ်နိုင်တယ်ဆိုမှတော့ ငါ အသက်ချမ်းသာပေးစရာ ဘာအကြောင်းမှ မရှိဘူး။ "

ထို့နောက် ခြေကိုမြှောက်လို့ ကြမ်းပေါ်က ချီရှို့ယွမ် ဗိုက်ကို ကန်ဖို့လုပ်တယ်။ သို့သော် သူမကန်နိုင်လိုက်သေးခင် ရှောင်းလီက ချီရှို့ယွမ်ကိုယ်ပေါ်ကနေ ထပ်ကာ ဘေးကိုလှိမ့်သွားတာကြောင့် ဗလာသက်သက် ကြမ်းပြင်ကိုသာ ကန်မိတယ်။

" အားလောင်ရေ၊ မိန်းကလေး နိုးနေပြီလားသွားကြည့်လိုက်ပါဦး။ သူ့ကို နှိုးပြီး ဒီကို ခေါ်လာခဲ့။ "

လီရှီချင်းရဲ့ ရေခဲတမျှ အေးစက်နေတဲ့အသံက အခန်းတွင်းကိုပင် အေးစိမ့်စေတယ်။

" ရပ်လိုက်! "

ရှောင်းလီ အသံက ဟိန်းလို့။

အားလောင်ကတော့ ဆက်သွားရမလို ဒီမှာပဲရပ်နေရမလို ဗျာများနေတုန်း လီရှီချင်းက ရှောင်းလီ မေးစေ့ကို ဆတ်ခနဲကိုင်ကာ မျက်နှာကို ဆွဲမော့လိုက်ပြီး

" မင်းက တကယ်ပဲ ဘာဖြစ်စေချင်နေတာလဲ။ "

" ချင်းရယ်... ကျွန်တော် အစကတော့ အခု ဒီမှာမဟုတ်ပဲ နောက်မှ မေးမလို့ပဲ...... "

ရှောင်းလီက ကြမ်းပေါ်ထိုင်ချကာ ချီရှို့ယွမ် ကိုယ်ကို သူ့ပေါ်မှီစေရင်း တင်းကြပ်စွာပွေ့ဖက်ထားတယ်။

" ကျွန်တော့်အမေ ဘယ်လိုသေသွားခဲ့ရတာလဲ။ "

လီရှီချင်း ချက်ချင်းဆိုသလို တောင့်တင်းသွားရတယ်။

ရှောင်းလီကတော့ သူ့မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်ကာ

" အဲ့ဒီတုန်းက ခင်ဗျားရဲ့ညီ အားပြောင်က သူ့ကို လှေကားပေါ်က တွန်းချလိုက်တာလို့ ခင်ဗျားပြောခဲ့တယ်နော်။ လူတိုင်းလည်း အဲ့အတိုင်းပြောတာပဲ။ အားပြောင်ကိုယ်တိုင်လည်း အဲ့လိုပဲ ပြောပြီး ကျွန်တော့်အမေ့ရဲ့အုတ်ဂူရှေ့မှာ သူ့ကိုယ်သူ ဓားနဲ့ခြောက်ချက်ထိုးလို့ ပွဲချင်းပြီး သေမလို ဖြစ်သွားခဲ့တယ်။ လူအများကြီးက ခင်ဗျားအတွက် ဝိုင်းလိမ်ပေးနေကြလို့ တကယ်တွန်းချခဲ့တဲ့သူက ခင်ဗျားကိုယ်တိုင်ဆိုတာ မေ့နေတာတော့ မဟုတ်ဘူးမှတ်လား။ "

လျှပ်စစ်နဲ့အတို့ခံလိုက်ရသလို လီရှီချင်းလက်တို့ တွန့်သွားကာ အချိန်အကြာကြီး နှုတ်ဆိတ်နေပြီးမှ

" အဲ့ဒါက မတော်တဆဖြစ်သွားတာ....... ပြီးတော့ ငါ သူ့ကို ဆေးရုံချက်ချင်းပို့ပါသေးတယ်....... မင်း ဘယ်တုန်းကသိတာလဲ။ "

" လွန်ခဲ့တဲ့ သုံးနှစ်တုန်းက "

ရှောင်းလီ အေးစက်စွာပြုံးလျက်

" အဲ့တုန်းက ရှောင်းယန်လည်း ပြည်ပမှာ။ လော်တုန်းနဲ့ရန်ပွဲကလည်း မပြီးမပြတ်သေးတဲ့အချိန်။ ကျွန်တော်သာ ထွက်သွားခဲ့မယ်ဆိုရင် ချင်းရယ် ဘယ်လိုများတားလို့ ရနိုင်မှာလဲ။ "

လီရှီချင်းက မိနစ်အနည်းငယ်လောက်ကြာမှ

" ဒါဆို မင်းဘာလို့ ထွက်မသွားခဲ့တာလဲ။ "

" ခင်ဗျား ကျွန်တော့်အပေါ်မှာ ဆပ်စရာမကြွေးတစ်ခုခု ရှိနေစေချင်လို့။ အရာအားလုံး သူ့ဟာနဲ့သူ တန်ဖိုးရှိတယ်ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော် ဘယ်တုန်းကမှ ဒုစရိုက်လောကထဲ မဝင်ချင်ခဲ့ဘူး။ ခင်ဗျားအတွက်လည်း ဘာတာဝန်မှ မထမ်းဆောင်ချင်ခဲ့ဘူး။ ဒါပေမယ့် ဂိုဏ်းကထွက်ဖို့ ပေးဆပ်ရမယ့် တန်ဖိုးက ကြီးလွန်းတယ်။ ကျွန်တော့် အသက်နဲ့ရင်းပြီး ဂိုဏ်းအတွက် ခင်ဗျားအတွက် လိုလိုလားလားနဲ့ အလုပ်လုပ်ပေးခဲ့ရတယ်။ ခင်ဗျား ကျွန်တော့်အပေါ်မှာ ဒီအကြွေးကြီး တင်ကျန်နေအောင်လေ။ ဒါမှ တစ်နေ့ ခင်ဗျားကျွန်တော့်ကို ဘာပြဿနာမှ မရှာနိုင်ပဲ ခင်ဗျားဘေးမှ ကျွန်တော်ထွက်လာနိုင်မှာလေ။ "

လီရှီချင်းကတော့ အကြီးအကျယ်အံ့အားသင့်နေပြီးမှ ရှောင်းလီရဲ့စကားတွေကို ဘယ်လိုခွန်းတုံ့ပြန်ရမလဲ သိသွားပုံပင်။

" ရှောင်းလီ... မင်းက တကယ့်ကို ဘယ်လို သည်းခံ ဇွဲရှိရကောင်းမှန်း သိသားပဲ။ မင်း ရွတ်ရွတ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့သမျှ ငါ့ဘေးက ထွက်သွားဖို့ချည်းပါပဲလား။ လီရှီချင်း.... ငါ့အမေက မင်းကြောင့်သေခဲ့ရတယ်....လီရှီချင်း... ငါ မင်းကြောင့် ဓားထိုးခံခဲ့ရတယ်... အဲ့လိုတွေပြောပြီးရင် လီရှီချင်း... ငါတို့အခု ကျေပြီနော်လို့များ ပြောမလားပဲ။ "

" ဟုတ်တယ် "

ရှောင်းလီ မျက်တောင် တစ်ချက် မခတ်ပဲ ရဲတင်းစွာပင် လီရှီချင်းကို ကြည့်ကာ ပြောတယ်။

လီရှီချင်း မျက်နှာထက် လူသေကောင်လို သွေးဆုတ်ဖြူရော် သွားတယ်။ အသက်ကို ပြင်းပြင်းရှုသွင်းပြီးနောက် ရယ်ချင်နေတာကို အတင်းထိန်းထားရတဲ့ မျက်နှာပေးနဲ့

" မင်းကတော့ ဟာသပဲကွ။ ကလေးကုလားနဲ့ နုံချက်ပဲ။ ငါ မင်းကို ဘယ်လိုပြန်ပြောမယ်ဆိုတာ မင်းတွေးဖူးလား။ ဘာလဲ... ငါက မင်းကို ကောင်းပြီလေ၊ ကိစ္စတွေက ဒီလိုဖြစ်လာမှတော့ မင်းကို ထွက်သွားခွင့်ပြုမယ်။ မင်း သွားလို့ရပြီ လို့ ပြောမယ်များ ထင်နေလား။  "

" ဟုတ်တယ် "

ရှောင်းလီကတော့ အကြည့်မပျက်။

" အဲ့အတိုင်း တထပ်တည်းပြောမယ်လို့ ထင်တယ်။ "

လီရှီချင်းက ခပ်ရေးရေးပြုံးကာ

" အဲ့လို ယုံကြည်ချက်တွေ ဘယ်နားက ရလာတာလဲ ငါသိချင်လိုက်တာ။ "

" ဘာလို့လဲဆိုတော့ ခင်ဗျားက မာကျွယ်ကျီနဲ့ရော လော်တုန်းနဲ့ပါ မတူလို့ပဲ။ "

ရှောင်းလီရဲ့ မျက်နှာအမူအရာနဲ့အသံက ပြောင်းမသွား။

" ကျွန်တော် ၁၅နှစ်တုန်းက ခင်ဗျား ကျွန်တော့်ကို အလွတ်ပေးခဲ့ဖူးတယ်။ "

အခန်းတွင်းက တဖန်ပြန်တိတ်သွား ပြန်တယ်။ အပြင်ဘက်က မိုးရွာသံ တိုးတိုးသာ ကြားနေရတယ်။

လီရှီချင်းလက်တို့က တုန်ယင်စွာဖြင့် သူ့မျက်နှာသူ အုပ်ထားတာကြောင့် ရှောင်းလီကို မြင်မနေရပေ။

အချိန်အတော်ကြာမှ အလွန်နွမ်းနယ်နေဟန်ဖြင့်

" ဒါဆို ဘာလို့အခုမှ အဲ့ကိစ္စတွေ အစလာဖော်နေတာလဲ။ မင်း ဘာနဲ့ အလဲအလှယ်လုပ်ချင်တာလဲ။ "

ရှောင်းလီ ခေါင်းကိုငုံ့ကာ ချီရှို့ယွမ်ရဲ့ ပုခုံးကနေ ညင်သာစွာ ပွေ့ဖက်လျက်

" ကျွန်တော် ခင်ဗျားဆီက ရစရာရှိတဲ့ အကြွေးကို သူ့အတွက် အလဲအလှယ် လုပ်ချင်တယ်။ "

Continue Reading

You'll Also Like

998K 32.6K 37
အငြိုးတွေအမုန်းတွေကြား ချစ်ခြင်းကသာအနိုင်ရမလားဆိုတာကို ခပ်ကြမ်းကြမ်းလေး ခံစားသွားရမှာပါ။ warinng ‼‼‼ကြိုပေးတာမို့ မကြိုက်တဲ့သူများမဖတ်လို့ရပါတယ်
339K 35.4K 174
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
105K 14.3K 97
ကျန်းမိသားစုမှာ သမီးနှစ်ယောက်ပြီး တစ်ယောက်စီက ပန်းကလေးတွေနဲ့ ကျောက်စိမ်းရုပ်လေးတွေလို လှပကြတယ်။ အငတ်ဘေးရာသီနဲ့ ကြုံကြိုက်လာတော့ အသက်ဆက်ရှန်သန်ဖို့အရေ...