ဒီချစ်စရာလေးကို ပြုစုပျိုးထော...

By PoRoRo0812

480K 82.3K 1.5K

Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Cre... More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အပိုင်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
No Update
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁ (final)
Extra 1
Extra 2

အခန်း ၂၃

6.1K 1.1K 12
By PoRoRo0812

Raising You This Small Stuff

Unicode

အခန်း ၂၃: ပန်းခြံထဲက အေဘယ်လ်နှင့် အယ်လ်နီ!

မိုရိချန်က ဂိမ်းအပြင်ဘက်က ချီးကျူးဖွယ်ရလဒ်ကို ဂိမ်းထဲမှ အမှတ်အဖြစ် ပြောင်းလဲနိုင်ပြီး အဆင့်မြှင့်ခြင်းကလည်း အရင်ဂိမ်းထဲက ရတာထက် ပိုမြန်ကြောင်း နိဂုံးချုပ်သိလိုက်သည်။ ဒီရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့တာတွေပြီးနောက် မိုရိချန်က အပြိုင်စကြာဝဠာကာလနဲ့ ပတ်သက်တဲ့ အချက်အလက်တွေအများကြီးကို သိရှိဖို့ ကြိုးစားရင်း မြင့်မားတဲ့နည်းပညာစွမ်းရည် အတွက် လူအချို့ကို ကြည့်ရှူဖို့ တိတ်တဆိတ်စေလွှတ်မိသည်အထိ ဖြစ်စေခဲ့သည်။ 

အနည်းငယ်ပင်ပန်းလာသဖြင့် laptopကို ပိတ်လိုက်ပြီး ဒူဒူ့အတွက် ညစာပြင်ဆင်ရန် စကူညီလိုက်သည်။ လက်ရှိအချိန်အများစုတွင် နှစ်ယောက်အတူတူထမင်းစားကြသည်။ မိုရိချန်က ဖုန်းထဲတွင် ယွမ်းစွော်အတွက် အစားအသောက် လုပ်ဆောင်ပေးကာ ရွှေဒင်္ဂါးအနည်းငယ် အကုန်အကျခံပြီး ထုတ်ယူတာဖြစ်ဖြစ်၊ တစ်ယောက်ယောက်ကို ကောင်းကောင်း ချက်ပြုတ်ပေးဖို့ ပြောကာ ယွမ်းစွော်နဲ့အတူတူ အပြင်ထွက်စားတာမျိုးဖြစ်ဖြစ် လုပ်တတ်သည်။

ဒီနေ့တော့ သူတို့နှစ်ယောက် ညစာ အတူတူစားပြီးနောက်  ယွမ်းစွော်က မိုရိချန်နှင့်အတူ ပန်းကန်တွေကို နာခံစွာ ဆေးကြောပြီး သူ့ရဲ့ရှေ့ခါးစည်းပုဝါလေးကို ချွတ်ကာ လက်ကိုဆေးပြီး ဧည့်ခန်းထဲမှာ ရပ်ကာ တစ်စုံတစ်ခုကို ပြောချင်ပေမယ့် တုံ့ဆိုင်းရင်း လက်နှစ်ဖက်ကို ပွတ်နေခဲ့သည်။ 

"ဘာဖြစ်လို့လဲ" မိုရိချန်က မေးလိုက်သည်။

ယွမ်းစွော်ရဲ့အကြည့်က ပြတင်းပေါက်ဘက်သို့ လှည့်လိုက်ပြီး  ပြောလိုက်သည်။ 

"အဆင့်မြှင့်ပြီးသွားတော့ ကျွန်တော်အခု ပန်းခြံကို သွားလို့ရနေပြီ" 

"ဟမ် " 

မိုရိချန်က ထိုအကြောင်းကို သဘာဝကျကျ သိထားပြီးပြီ ဖြစ်ပြီး ထို့အပြင် ဒီကိစ္စကို သူတွေးနေခဲ့တာ ကြာပြီဖြစ်သည်။

ယွမ်းစွော်ရဲ့ အဆင့်မြှင့်တက်မှုများဖြင့် စနစ်က သွားလာစရာနေရာတွေကို တစ်ခုပြီးတစ်ခု ဖွင့်ပေးမှာဖြစ်ပေမယ့် အဲဒီ့နေရာတွေက ပြည်သူပိုင်နေရာတွေဖြစ်ပြီး ကစားသမားက ပါဝင်ကြည့်နိုင်မည်မဟုတ်တာကြောင့် ဆိုလိုတာက ယွမ်းစွော်က ထိုနေရာတွေမှာ အခက်​အခဲ​တွေ၊ အန္တရာယ်​​တွေ​ ကြုံတွေ့ရပါက ​သူ​က ဘာ​မှလုပ်​နိုင်​မှာမဟုတ်​ပေ။ အရင်က ကျောင်းမှာဖြစ်ခဲ့တဲ့  ဖြစ်ရပ်ကြောင့်သာ မဟုတ်ရင် သူ သိပ်စိတ်ပူမိမှာမဟုတ်ပေ။ သို့သော် တကယ်လို့ ယွမ်းစွော်သာ လဲကျပြီး ဒဏ်ရာရသွားခဲ့လျှင် သူလုပ်နိုင်တာက တိုင်ကြားဖို့ ဖုန်းခေါ်တဲ့ ကန့်သတ်ချက်သာ ရှိသည်။ ပန်းခြံထဲမှာ အလားတူဖြစ်ရပ်မျိုး တစ်ခုခုဖြစ်ခဲ့ရင် ဒီဧရိယာက ပိုပွင့်လင်းတာကြောင့် သူစဉ်းစားလိုက်တိုင်း စိတ်မသက်မသာဖြစ်သွားသည်။

"ဒါဆို…. ဒါဆို ကျွန်တော်သွားပြီးတော့ တစ်ချက်လောက်ကြည့်လို့ရမလား" သူဒီကိုရောက်ကတည်းက သူ့လှုပ်ရှားမှုနယ်ပယ်က သေးသေးလေးသာ ဖြစ်ပေမယ့်  နောက်ဆုံးမှာတော့ သူ တိုက်ခန်းထဲကနေ အပြင်ကိုထွက်ကြည့်ဖို့ အခွင့်အရေးရလာခဲ့တာကြောင့် သူ့စိတ်တွေ လှုပ်ရှားလာတာ အမှန်ပင်ဖြစ်သည်။ 

"ဒူဒူက အိမ်မှာနေရတာ ပျင်းလို့လား"

"နည်း…နည်းနည်းလေးပါ" သူက သူ့ရဲ့အခန်းကို သဘောကျပြီး မိုရိချန်နဲ့ တစ်နေကုန် အတူဖြတ်သန်းရတာကို နှစ်သက်ပေမယ့် လမ်းလျှောက်ထွက်ဖို့ အခွင့်အရေးရလာတာလည်း ကောင်းပါသည်။

ယွမ်းစွော်ရဲ့ မျှော်လင့်ချက်တွေပြည့်နေတဲ့ မျက်လုံးတွေကို မြင်လိုက်တော့ မိုရိချန်က နောက်ထပ် အကြွင်းမဲ့ရှုံးနိမ့်သွားခဲ့ပြန်သည်။ "မင်းမှာအပြင်ထွက်ဖို့  တစ်နာရီလောက်ပဲ ခွင့်ရှိတယ်။ ဒါပေမယ့် အခြေအနေတစ်ခုခု ဖြစ်လာခဲ့ရင် ငါ့ဆီကို စနစ်ကနေတဆင့် ချက်ချင်း စာပို့ရမယ်"

မိုရိချန်ရဲ့ခွင့်ပြုချက်ကိုရပြီးနောက် ယွမ်းစွော်က ဝမ်းသာအားရဖြင့် ခေါင်းညိတ်ကာ သူအချိန်မီ ပြန်လာမည်ဖြစ်ပြီး အခြေအနေတစ်စုံတစ်ရာ ကြုံတွေ့ခဲ့ပါက နှောင့်နှေးမနေဘဲ စာပို့မည်ဖြစ်ကြောင်း ပြောခဲ့သည်။

ထို့နောက် သူ့ရဲ့ညအိပ်ဝတ်စုံကို ချွတ်ကာ မိုရိချန် ဝတ်ထားသလို ပေါ့ပါးတဲ့အားကစားဝတ်စုံကို ၀တ်ဆင်ကာ မိုရိချန်က LVစတိုးဆိုင်မှာ ပြန်ပြင်ပေးထားတဲ့ ကျောင်းလွယ်အိတ်လေးကို ထုတ်ကာ သူ့ရဲ့tabletကို ထည့်ပြီး အပြင်ထွက်ဖို့ သူ့ဖိနပ်ကို ပြောင်းစီးလိုက်သည်။

မိုရိချန်က ခဏလောက်စဉ်းစားပြီးနောက် သိုလှောင်ခန်းဘားတန်းထဲသို့ဝင်ကာ အသီးတစ်ဗူး၊ လတ်ဆတ်တဲ့ လက်ညှစ်ဖျော်ရည်တစ်ပုလင်း၊ သရေစာမုန့်တစ်ထုပ်၊ သကြားလုံးအနည်းငယ်၊ ထိုင်စရာကူရှင်လေးတစ်ခု၊ ထီးလေးတစ်ချောင်းနှင့်  ဂျာကင်အင်္ကျီတစ်ထည်တို့ကို ကျောင်းလွယ်အိတ်သေးသေးလေးထဲ ထည့်ပေးလိုက်သည်။

ယွမ်းစွော်ရဲ့  ကျောင်းလွယ်အိတ်လေးက ဖောင်းကားနေပေမယ့် သူ့ရဲ့မျက်နှာတွင် အပြုံးကြီးတစ်ခု ပေါက်ကွဲထွက်နေခဲ့သည်။ "ကျေးဇူးတင်ပါတယ် မိုရိချန်!"

မိုရိချန်ရဲ့မျက်နှာပေါ်တွင် အမူအရာကတော့ ပုံမှန်လိုပင်

 "အင်း သွားတော့လေ"

ယွမ်းစွော်က အိမ်ထဲက ထွက်လိုက်ပြီးနောက် သူ့ရင်ဘတ်ပေါ်ရှိ ကျောင်းလွယ်အိတ်ရဲ့ ကြိုးလေးနှစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ခေါင်းကို ပြန်လှည့်လ်ုက်သည်။ "မကြာခင် ကျွန်တော်ပြန်လာခဲ့မယ်!"

"အင်း" 

မိုရိချန်က ပြုံးလိုက်သည်။

တိုက်ခန်းတံခါးကပိတ်သွားတာနဲ့ မိုရိချန်က ရုတ်တရက်နောင်တရသွားကာ အနည်းငယ် လှောင်​ပြုံးဖြင့် သူ့ခေါင်းကို ခါလိုက်သည်။ သူဘယ်အချိန်ကစပြီး အကဲဆတ်ပြီး အထိမခံဖြစ်လာခဲ့တာပါလိမ့်။ သို့သော် ဂိမ်းထဲက ပန်းခြံကို ဝယ်လို့ရနိုင်လား သူမသိပေ။ ဖြစ်နိုင်ရင် သူဝယ်ပြီး သီးသန့်ပန်းခြံအဖြစ် ပြောင်းလဲပေးနိုင်သည်။

ယွမ်းစွော်က စနစ်ရဲ့အသံလမ်းညွှန်မှုနောက်ကို လိုက်ကာ အိမ်မှထွက်လာပြီးနောက် လမ်းတစ်လျှောက် တည့်တည့်လျှောက်ခဲ့သည်။ လမ်းဘေးတွင် ဝတ္ထု၊ စိတ်ဝင်စားစရာအရာများနှင့် သရေစာမျိုးစုံကို နှစ်ယောက်၊ သုံးယောက်တွဲရောင်းနေကြသည့် NPC အရောင်းသမားလေးများရှိသည်။ အမွှေးနံ့တွေရပြီး သူ့ရဲ့အိတ်ကပ်ဗလာကို ထိကြည့်လိုက်တဲ့အခါ အနည်းငယ် ဝမ်းနည်းမိပေမယ့် မိုရိချန်က သူ့ကျောင်းလွယ်အိတ်ထဲမှာ အသီးအနှံတွေနဲ့ သရေစာတွေကို ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးလိုက်တဲ့အကြောင်း တွေးလိုက်တဲ့အခါ ပျော်သွားခဲ့သည်။ အရှိန်မြှင့်လိုက်ရင်း ပန်းခြံဆီသို့ လျှောက်လာခဲ့သည်။

ခဏအကြာတွင် စနစ်ကဖွင့်ထားတဲ့ ပန်းခြံဆီသို့ ရောက်ရှိလာခဲ့သည်။

ပန်းခြံဧရိယာက မကျယ်ပေမယ့် စိမ်းလန်းတဲ့ရှုခင်းကတော့ လုံးဝထူးခြားသည်။ ပန်းခြံဝင်ပေါက်တွင် elvesကို scanလုပ်ရန် တာဝန်ယူထားတဲ့ စီမံရေးရာယူနီဖောင်း ဝတ်ထားသည့် NPCအမျိုးသမီးတစ်ဦး ရှိသည်။ scanဖြတ်ပြီးသော elvesများသာ ပန်းခြံထဲသို့ ဝင်နိုင်သည်။

ယွမ်းစွော်က ခြေလှမ်းသုံးလှမ်းလောက် လျှောက်လာပြီးနောက် ခေါင်းကို ​မော့ကာ အရပ်ရှည်ရှည်မိန်းမငယ်ကို ကြည့်လိုက်ပြီး သူကနှုတ်ဆက်လိုက်သည်။

 "မင်္ဂလာပါ" 

မိန်းမငယ်လေးက အောက်ကိုငုံ့ကြည့်လိုက်တော့ အရပ်က သူမရဲ့ခါးလောက်သာရှည်ကာ အဆင့်နိမ့်တဲ့အသားအရည် versionရှိတဲ့ elf တစ်ယောက်ကို တွေ့လိုက်ရပြီး အရည်ရွှမ်းနေတဲ့ မျက်လုံးတစ်စုံဖြင့် သူမကို မော့ကြည့်နေသည်။ အံ့အားသင့်သွားပြီးနောက်တွင် သူမရဲ့ မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ချက်ချင်း ပွင့်လာခဲ့သည်။

" Elf လေး မင်းကပန်းခြံထဲကို ဝင်ခွင့်ပြုထားတဲ့ အဆင့်ကို ရောက်နေပြီလား" 

သာမာန်အားဖြင့် ဒီပန်းခြံကို သော့ဖွင့်နိုင်သူများက အဆင့် ၆နဲ့အထက် elves များသာဖြစ်သည်။ ဒီကောင်လေးက မကြာသေးခင်ကမှ ဂိမ်းထဲသို့ ဝင်ခဲ့ပုံရသည်။

"အမ် ကျွန်တော်က အဆင့်၈မှာပါ။ပန်းခြံထဲကို ဝင်လို့ရပါပြီ"

ယွမ်းစွော်ရဲ့ နူးညံ့တဲ့အသံကြောင့် မိန်းမငယ်လေရဲ့နှလုံးသားက အရည်ပျော်လုမတတ်ဖြစ်ကာ ကောက်ယူရမယ့် ခေါင်းစဥ်များကို မေးပြီးနောက် သူမက သူ့ကို ဝင်ခွင့်ပြုခဲ့သည်။သို့သော် တံခါးနားသို့ မရောက်မီ သူမက သူ့ရဲ့ဖြူအုနေတဲ့မျက်နှာလေးကို ညှစ်ရန် လက်ကိုဆန့်တန်းလိုက်သည် ။ သို့သော် ယွမ်းစွော်က သူမကို ယဉ်ယဉ်ကျေးကျေး ရှောင်လိုက်ပြီး ရှင်းပြလိုက်သည်။

"ဒူဒူက မင်းကို ညှစ်ဖို့ ခွင့်မပြုချင်တာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ကစားသမားက ဘယ်သူ့ကိုမှ ပါးညှစ်ခွင့်မပြုရဘူးလို့ ပြောထားတယ်"

ပန်းခြံအတွင်းတွင် သစ်ပင်များ ထူထပ်နေပြီး အရိပ်ရကာ ငှက်ကလေးများက တေးဆိုနေကြပြီး ပန်းများကလည်း မွှေးပျံ့နေသည်။

စိမ်းလန်းစိုပြေသော ပတ်ဝန်းကျင်အချို့ရှိသော်လည်း သူနေထိုင်ခဲ့သည့် ကြယ်တာရာကာလထဲတွင် စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်အချို့ရှိပေမယ့် ဒီလို 'ရှေးဟောင်း' ငှက်တွေနှင့် ရှဥ့်တွေက နမူနာများဖြစ်လာခဲ့သည်မှာ ကြာခဲ့ပြီ။ တိတ်ဆိတ်တဲ့လမ်းတစ်လျှောက်ကို လျှောက်လာရင်း လေထုက တဖြည်းဖြည်း စိုစွတ်လာပြီး အကွေ့အကောက်များတဲ့ လမ်းအဆုံးသို့ ရောက်လာကာ ရေကာတာရဲ့ တစ်ဖက်တစ်ချက်စီတွင် မိုးမခပင်များဖြင့် တိတ်ဆိတ်ငြိမ်သက်နေတဲ့ ရေကန်ကြီးတစ်ခုဆီ ရောက်လာခဲ့သည်။

တံတားလေးတစ်စင်းက အဆောက်အဦးလေးတွေ အများကြီးရှိတဲ့ ရေကန်အလယ်ရှိ ကျွန်းငယ်လေးတစ်ခုဆီသို့ ဦးတည်နေခဲ့သည်။

အဆောက်အဦးလေးတွေက အရမ်းလှတာကိုမြင်တော့ သူက တံတားပေါ်တက်ပြီး ထိုနေရာကို တစ်ချက်သွားကြည့်ပြီး မိုရိချန်ကိုပြန်ပြဖို့ သူ့tabletနဲ့ ဓာတ်ပုံရိုက်ရန် ဆုံးဖြတ်လိုက်သည်။

တံတားကိုဖြတ်ကာ လမ်းလျှောက်ရင်း အနီးဆုံးအဆောက်အဦးဆီသို့ လျှောက်လာကာ အမြန်လျှောက်နေတာကြောင့် သူခြေထောက်တိုတိုလေးတွေက ပင်ပန်းနွမ်းနယ်လာပြီဖြစ်သည်။ ထိုင်ဖို့ ကျောက်ခုံကို ရှာချင်တာကြောင့် သူ့ရဲ့ခေါင်းကို လှည့်ကြည့်လိုက်တော့ အဆောက်အဦးထဲတွင် elfနှစ်ယောက် ထိုင်နေကြတယ်ဆိုတာကို တွေ့လိုက်ရသည်။ သူ့လိုမျိုး ပုံစံတူဖြစ်နေတာဆိုတော့ သူနဲ့ ခပ်ဝေးဝေးမှာ ရှိနေတုန်းက သူတို့ကို သတိမထားမိခဲ့ပေ။

အနည်းငယ် အံ့အားသွားပြီးနောက် သူက ယဉ်ယဉ်ကျေးကျေးဖြင့် အမြန်နှုတ်ဆက်သည်။ 

"မင်္ဂ...မင်္ဂလာပါ"

အဆောက်အဦးထဲရှိ အခြားelvesနှစ်ယောက်က နိမ့်ကျတဲ့အသားအရည် Q versionနဲ့ တူသော်လည်း သူတို့ရဲ့အဆင့်က အလွန်မြင့်နေပုံရပြီး ယောက်ျားနှင့်မိန်းမ နှစ်ယောက်လုံးက ဆံပင်တွေဖြူနေကြပြီး နှစ်ယောက်လုံး ဝတ်စားဆင်ယင်ထားပုံက အလွန်တင့်တယ်လှပသည်။ အဘိုးက ရင်ဘတ်ရဲ့ဘယ်ဘက်ခြမ်းတွင် တံဆိပ်ပြားလေး ချိတ်ဆွဲထားပြီး လှပသေသပ်တဲ့ဆံပင်ပုံစံဖြင့် အဆင့်အတန်းမြင့်တဲ့ပေါ့ပေါ့ပါးပါးဝတ်စုံကို ၀တ်ဆင်ထားသည်။ နောက်တစ်ယောက်ကတော့ အဘိုးလောက် ကျန်းမာသန်စွမ်းပုံမရတဲ့ အဘွားဖြစ်ပေမယ့် အလွန်ကြင်နာတတ်ပြီး စေတနာကောင်းတဲ့ မျက်နှာရှိကာ သူမက ယွမ်းစွော်ကို ပြုံးပြီးကြည့်နေခဲ့သည်။

ပုံမှန်ဖြစ်တဲ့နေ့လည်ခင်း လက်ဖက်ရည်ကြမ်းကို သူတို့နှစ်ယောက်ရှေ့က စားပွဲပေါ်တွင် တင်ထားသည်။ အကြည်ရောင် ဖန်လက်ဖက်ရည်ခွက်က ရိုးရိုးသာမန်ဖြစ်ပြီး အစားအစာအနေဖြင့် အသားညှပ်ပေါင်မုန့်များ၊ နို့ပေါင်မုန့်လုံးများ၊ ကိတ်မုန့်များနှင့် သစ်သီးမျှော်စင်တို့ကို  သုံးလွှာအချိုပွဲ ကြွေပန်းကန်ပေါ်တွင် တည်ခင်းထားသည်။

"မင်္ဂလာပါကွယ်" 

အဘွားအိုက နွေးထွေးပြီးဖိတ်ခေါ်တဲ့ အသံဖြင့် ပြန်ဖြေလိုက်သည်။

အဘွားနှင့် တူညီတဲ့စိတ်အားထက်သန်မှု မရှိပဲ အဘိုးက အပြင်လူယွမ်းစွော်ကို နှစ်သက်ပုံမပေါ်ဘဲ အနည်းငယ် ယဉ်ကျေးသမှုဖြင့် ခေါင်းသာ ညိတ်ပြခဲ့သည်။

"အေဘယ်လ်!" 

အဘွားက အသံတိုးတိုးဖြင့် ဆူလိုက်သည်။

အဘိုးအိုက ချက်ချင်းပင် အကူအညီမဲ့စွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး ပါးစပ်ကိုဖွင့်ကာ သူ့အသံကိုနှိမ့်ချလိုက်ပြီး အလွန်ကြီးကျယ်ခမ်းနားတဲ့ခံစားချက်ကို ထုတ်ပြခဲ့သည်။

 "မင်္ဂလာပါ"

ယွမ်းစွော်က အေဘယ်လ်ရဲ့အစွမ်းထက်လှတဲ့ အရှိန်အဝါ​ကြောင့် အနည်းငယ် ဖိအားများကာ ကမန်းကတန်းပြောလိုက်သည်။ "ခွင့်ပြု….ကျွန်တော့်ကို ခွင့်ပြုပါဦး။ တောင်းပန်ပါတယ် ကျွန်တော် ဟိုဘက်က အဆောက်အဦးကို သွားလိုက်ပါ့မယ်"

အဘွားက မြန်မြန်ပြုံးပြပြီး အခိုင်အမာပြောလိုက်သည်။ "အဆင်ပြေပါတယ်။  လူနည်းနည်းလောက်ကပဲ ဒီကို လာလေ့ရှိကြတာ။ ဒီလိုချစ်စရာကောင်းတဲ့elf လေးကိုတွေ့ရတာ ငါတို့ရဲ့ ကံကောင်းမှုပဲ။ နေ့ခင်းဘက်လက်ဖက်ရည်နဲ့ အဆာပြေမုန့်တွေ လာစားလိုက်"

ယွမ်းစွော်က အနည်းငယ် တုံ့ဆိုင်းသွားသည်။ ကြီးမားတဲ့ကရုဏာက ငြင်းဖို့ ခဲယဉ်းတာကြောင့် သူက ဂရုတစိုက်ထိုင်လိုက်သည်။

"အသေးလေး မင်းနာမည်ကဘယ်လိုခေါ်သလဲ" အေဘယ်လ်က သူ့ရဲ့ပါးစပ်ကို ဖွင့်လိုက်ကာ သူ့ရဲ့စိတ်နေစိတ်ထားနှင့်အသံက ယွမ်းစွော်ကို ကြယ်တာရာကာလက စစ်ဗိုလ်ချုပ်များရှေ့တွင် ရောက်နေသကဲ့သို့ ခဏလောက် ထင်ယောင်ထင်မှားဖြစ်သွားစေသည် ။

"ဒူဒူပါ"

အဘွားက သူ့အတွက် လက်ဖက်ရည်တစ်ခွက် လောင်းထည့်လိုက်ပြီး ပန်းကန်ပြားပေါ်တွင် အဆာပြေမုန့် နည်းနည်းထည့်ကာ ပြုံးလိုက်သည်။

 "ငါ့နာမည် အယ်လ်နီပါ မင်းက သူ့ကို အဘိုးအေဘယ်လ်လို့ ခေါ်နိုင်တယ်"

ဒူဒူက စားစရာကိုယူလိုက်ပြီး သူမကို မြန်မြန်ကျေးဇူးတင်လိုက်ကာ တိုးတိုးလေးပြောလိုက်သည်။ "အဘွားအယ်လ်နီ၊ အဘိုးအေဘယ်လ်!"

အယ်လ်နီက ကြင်နာစွာ ပြုံးပြကာ တည်နေတဲ့ အေဘယ်လ်ရဲ့မျက်နှာကလည်း အနည်းငယ် အရည်ပျော်သွားပြီး ပြောလိုက်သည်။ 

"စားပါ"

"အာ…. " 

ယွမ်းစွော်က လက်ဖက်ရည်ခွက်ကို နာခံစွာယူကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် တစ်ခုခုကို သတိရသွားပြီး သူအောက်ချထားတဲ့ ကျောင်းလွယ်အိတ်လေးကို အမြန်ယူကာ အတွင်းမှ အသီးဘူးနှင့် ဖျော်ရည်ကို ထုတ်ကာ မျှဝေရန် ဖွင့်လိုက်သည်။ ရလဒ်ကတော့ ထီး၊ ထိုင်စရာကူရှင်နဲ့ အင်္ကျီတွေ အပေါ်မှာ တင်ထားတာမို့ အားလုံးကို တစ်ခုချင်းစီဆွဲထုတ်ပြီး သူ့ရှေ့က စားပွဲပေါ်တွင် တောင်ကုန်းသေးသေးလေးတစ်ခု လုပ်လိုက်မိသည်။ နောက်ဆုံးတွင် အိတ်ရဲ့ အောက်ခြေ၌ သစ်သီးဘူး၊ ဖျော်ရည်ပုလင်းနှင့် သကြားလုံးများကို တွေ့ရှိခဲ့သည်။ မျက်နှာလေးက နီရဲနေကာ ကျန်တဲ့ပစ္စည်းတွေကို ပြန်ထည့်လိုက်သည်။

အယ်လ်နီက သူမရဲ့ခင်ပွန်းကို စိတ်လှုပ်ရှားစွာ ကြည့်ရင်း ပြောလိုက်သည်။ "ဒီအသေးလေးရဲ့ ကစားသမားက သူ့ကို အရမ်းသဘောကျတာပဲ"

အေဘယ်လ်က မတုံ့ပြန်ပေမယ့် ယွမ်းစွော်ကိုင်ထားတဲ့ သကြားလုံးတွေဆီမှာ သူ့မျက်လုံးတွေက ခဏရပ်နေလိုက်ပြီး သူ့အကြည့်တွေကို အမြန်ပြန်လွှဲလိုက်သည်။

ယွမ်းစွော်က ဒါကိုမြင်ပြီး သူ့လက်ထဲက သကြားလုံးလေးကို ရက်ရောစွာ ပေးလိုက်သည်။

 "ဒီမှာပါ အဘိုးအေဘယ်လ် ဒီသကြားလုံးလေး စားချင်လား"

"အဟမ်း အဟမ်း အဟမ်း....ငါမစားချင်....."

"သူစားတယ် သူကသကြားလုံးစားရတာ ကြိုက်ပေမယ့် လူတွေကို ပြောမပြချင်ဘူးလေ" 

အဘွားအယ်လ်နီက အဘိုးအေဘယ်လ်ကို ဖော်ထုတ်ပြီးနောက် သစ်သီးတစ်စိတ်ကို ခက်ရင်းဖြင့် ခွဲကာ ယွမ်းစွော်ကို သူ့အား သကြားလုံးသွားပေးရန်အတွက် မျက်လုံးဖြင့် အချက်ပြနေသည်။

ယွမ်းစွော်က  ရဲစွမ်းသတ္တိကို စုစည်းပြီး ကျောက်ခုံလေးပေါ်မှ ခုန်ဆင်းကာ အေဘယ်လ်ရဲ့ ရှေ့သို့ သွားလိုက်သည်။  "အဘိုးအေဘယ် ဒါကလိမ္မော်သီး အရသာရှိတယ်"

အေဘယ်လ်က 'လိမ္မော်အရသာ' ဟူသောစကားလုံးကို ထိရှသွားပုံရသည်။ သူက ချောင်းဆိုးပြီးနောက် သကြားလုံးယူရန် လက်ကို မြှောက်လိုက်သည်။ ကြည့်လည်းမကြည့်သလို၊  စားလည်းမစားဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ကျေးဇူး​ပဲဟု တောင့်တောင့်ကြီးပြန်ပြောလာသည် ။

ယွမ်းစွော်က သကြားလုံးများကို ပေးကာ လက်ဖက်ရည်နှင့် အချိုပွဲစားရင်း ပျော်ရွှင်နေသည်။ အဘွားအယ်လ်နီက သူ့နာမည်ကို မေးပြီးပြီဆိုတာ သေချာပေမယ့် သူမက ခဏခဏထပ်မေးနေတာကြောင့် သူနည်းနည်းတော့ ရှုပ်ထွေးနေပေမယ့် သူက စိတ်ရှည်ရှည်ဖြင့် ထပ်ခါထပ်ခါ ပြန်ဖြေပေးလိုက်သည်။

နောက်ဆုံးတွင် သူက သူ့ရဲ့tabletနှင့်အတူ ဓာတ်ပုံအချို့ရိုက်ကာ အေဘယ်လ်နှင့် အယ်လ်နီတို့ကို နှုတ်ဆက်ပြီးနောက် အချိန်မီ အမြန်ပြန်သွားခဲ့သည်။

    ——

မိုရိချန်က အချိန်ကို ကြည့်ပြီး ယွမ်းစွော် ပြန်လာမှာကို စောင့်နေခဲ့သည်။ ချန်ကျောင်က ခရီးစဉ်တွင် နောက်ဆက်တွဲ အကြောင်းအရာအချို့ကို သတင်းပို့ရန် ကြားထဲသို့ ဝင်လာခဲ့သည်။ ရက်အနည်းငယ် တိတ်ဆိတ်စွာအနားယူပြီးနောက် အလုပ်ပြန်စရတော့မည်။

တစ်နာရီပြည့်ဖို့ ဆယ်မိနစ်ကျန်သေးသည်။ မိုရိချန်က သူ့ဖုန်းကို မကြည့်မိစေရန် အစွမ်းကုန် ထိန်းချုပ်ဖို့ ကြိုးစားနေပေမယ့် ယွမ်းစွော်ပြန်ရောက်လာပြီလားကို သိရန်  နှိပ်ကြည့်နေတာကို မရပ်နိုင်ပေ။

သူ့ရဲ့ဖုန်းက မြည်လာခဲ့ပြီးခေါ်ဆိုသူ ID ကို တစ်ချက်ကြည့်လိုက်ပြီး အမြန်ဖြေကြားလိုက်သည်။

ဖုန်းခေါ်ဆိုသူမှာ မိုရိချန်ရဲ့အထူးလက်ထောက် ခန့်မင်ဖြစ်ပြီး ကုမ္ပဏီရဲ့ကိစ္စရပ်အချို့ကို ဂရုစိုက်ရန် ကူညီပေးခဲ့သူဖြစ်ပြီး အရည်အချင်းရှိပြီး စေ့စပ်တတ်သူတစ်ဦး ဖြစ်သည်။ မိုမိသားစုက သူ့မိသားစုကို တစ်ချိန်က သူတို့ရဲ့အခက်ခဲဆုံးအချိန်တွင် ကယ်တင်ရန် လက်ကမ်းပေးခဲ့သောကြောင့် သူတို့က သူတို့ရဲ့အသက်ကယ်တင်ရှင်ကျေးဇူးရှင်များ ဖြစ်သည်လို့ဆိုနိုင်တာကြောင့် သူက မိုရိချန်အပေါ်ကို အလွန်ရိုးသားသည်။

"ခန့်မင် ဘယ်လိုဖြစ်လို့လဲ" မိုရိချန်က မေးလိုက်သည်။

ခန့်မင်က အလွန်တင်းကြပ်တဲ့နေရာမှာ ရောက်နေပုံပေါ်ကာ သူ့အသံကို တိုးလိုက်ပြီး 

"ဒုတိယသခင်လေး ဒါက နောက်ဆုံးတိုးတက်မှုပါ။ မကြာသေးမီက UKမှာ အကြီးဆုံးသခင်လေးက ကမ္ဘာတစ်ဝှမ်းမှာ ကျော်ကြားတဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ကျွမ်းကျင်သူတွေကို ရှာဖွေဖို့ အင်အားတွေ အများကြီးသုံးခဲ့ပြီး ဖြစ်စဥ်ကို အလွန်အမင်း လျှို့ဝှက်ထားခဲ့ပါတယ်။ တိုင်ပင်ဆွေးနွေးမှု ပြုလုပ်ခဲ့ကြတဲ့ဆရာဝန်တွေက သဘောတူညီချက်ကို သေချာလက်မှတ်ထိုးခဲ့ကြပေမယ့် ဘယ်နေရာက မှားသွားလဲမသိဘူး။ သတင်းတွေ ထွက်လာပြီး အကြီးဆုံးသခင်လေး ရှာဖွေထားတဲ့ ဆရာဝန်တွေ ​ပြောခဲ့ကြတာက ကုသပေးခဲ့တာက စိတ်ကူးယဥ်ဇာတ်ကောင်ရောဂါတဲ့ "

မိုရိချန်ရဲ့အသက်ရှူသံတွေက တန့်သွားကာ မျက်ခုံးတွေက တွန့်သွားခဲ့သည်။ "ဘာရှိသေးလဲ"

"အခုထိတော့ ဒါအကုန်ပါပဲ"

"ကောင်းပြီ" 

မိုရိချန်က နောက်ထပ်ညွှန်ကြားချက် အနည်းငယ်ပေးပြီး ဖုန်းချလိုက်သည်။

တစ်ချိန်တည်းမှာပဲ တံခါးရဲ့အပြင်ဘက်မှ ထွက်လာတဲ့ ယွမ်းစွော်ရဲ့ခြေသံနှင့် အော်ခေါ်သံကို ကြားလိုက်ရသည်။ 

"မိုရိချန် မိုရိချန် မိုရိချန် ကျွန်တော်ပြန်လာပြီ"

Zawgyi

အခန္း ၂၃: ပန္းျခံထဲက ေအဘယ္လ္ႏွင့္ အယ္လ္နီ!

မိုရိခ်န္က ဂိမ္းအျပင္ဘက္က ခ်ီးက်ဴးဖြယ္ရလဒ္ကို ဂိမ္းထဲမွ အမွတ္အျဖစ္ ေျပာင္းလဲႏိုင္ၿပီး အဆင့္ျမႇင့္ျခင္းကလည္း အရင္ဂိမ္းထဲက ရတာထက္ ပိုျမန္ေၾကာင္း နိဂုံးခ်ဳပ္သိလိုက္သည္။ ဒီရက္ပိုင္းအတြင္း ျဖစ္ပ်က္ခဲ့တာေတြၿပီးေနာက္ မိုရိခ်န္က အၿပိဳင္စၾကာဝဠာကာလနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ေတြအမ်ားႀကီးကို သိ႐ွိဖို႔ ႀကိဳးစားရင္း ျမင့္မားတဲ့နည္းပညာစြမ္းရည္ အတြက္ လူအခ်ိဳ႕ကို ၾကည့္႐ွဴဖို႔ တိတ္တဆိတ္ေစလႊတ္မိသည္အထိ ျဖစ္ေစခဲ့သည္။ 

အနည္းငယ္ပင္ပန္းလာသျဖင့္ laptopကို ပိတ္လိုက္ၿပီး ဒူဒူ႕အတြက္ ညစာျပင္ဆင္ရန္ စကူညီလိုက္သည္။ လက္႐ွိအခ်ိန္အမ်ားစုတြင္ ႏွစ္ေယာက္အတူတူထမင္းစားၾကသည္။ မိုရိခ်န္က ဖုန္းထဲတြင္ ယြမ္းေစြာ္အတြက္ အစားအေသာက္ လုပ္ေဆာင္ေပးကာ ေ႐ႊဒဂၤါးအနည္းငယ္ အကုန္အက်ခံၿပီး ထုတ္ယူတာျဖစ္ျဖစ္၊ တစ္ေယာက္ေယာက္ကို ေကာင္းေကာင္း ခ်က္ျပဳတ္ေပးဖို႔ ေျပာကာ ယြမ္းေစြာ္နဲ႔အတူတူ အျပင္ထြက္စားတာမ်ိဳးျဖစ္ျဖစ္ လုပ္တတ္သည္။

ဒီေန႔ေတာ့ သူတို႔ႏွစ္ေယာက္ ညစာ အတူတူစားၿပီးေနာက္  ယြမ္းေစြာ္က မိုရိခ်န္ႏွင့္အတူ ပန္းကန္ေတြကို နာခံစြာ ေဆးေၾကာၿပီး သူ႕ရဲ႕ေ႐ွ႕ခါးစည္းပုဝါေလးကို ခြၽတ္ကာ လက္ကိုေဆးၿပီး ဧည့္ခန္းထဲမွာ ရပ္ကာ တစ္စုံတစ္ခုကို ေျပာခ်င္ေပမယ့္ တုံ႔ဆိုင္းရင္း လက္ႏွစ္ဖက္ကို ပြတ္ေနခဲ့သည္။ 

"ဘာျဖစ္လို႔လဲ" မိုရိခ်န္က ေမးလိုက္သည္။

ယြမ္းေစြာ္ရဲ႕အၾကည့္က ျပတင္းေပါက္ဘက္သို႔ လွည့္လိုက္ၿပီး  ေျပာလိုက္သည္။ 

"အဆင့္ျမႇင့္ၿပီးသြားေတာ့ ကြၽန္ေတာ္အခု ပန္းျခံကို သြားလို႔ရေနၿပီ" 

"ဟမ္ " 

မိုရိခ်န္က ထိုအေၾကာင္းကို သဘာဝက်က် သိထားၿပီးၿပီ ျဖစ္ၿပီး ထို႔အျပင္ ဒီကိစၥကို သူေတြးေနခဲ့တာ ၾကာၿပီျဖစ္သည္။

ယြမ္းေစြာ္ရဲ႕ အဆင့္ျမႇင့္တက္မႈမ်ားျဖင့္ စနစ္က သြားလာစရာေနရာေတြကို တစ္ခုၿပီးတစ္ခု ဖြင့္ေပးမွာျဖစ္ေပမယ့္ အဲဒီ့ေနရာေတြက ျပည္သူပိုင္ေနရာေတြျဖစ္ၿပီး ကစားသမားက ပါဝင္ၾကည့္ႏိုင္မည္မဟုတ္တာေၾကာင့္ ဆိုလိုတာက ယြမ္းေစြာ္က ထိုေနရာေတြမွာ အခက္​အခဲ​ေတြ၊ အႏၲရာယ္​​ေတြ​ ၾကဳံေတြ႕ရပါက ​သူ​က ဘာ​မွလုပ္​ႏိုင္​မွာမဟုတ္​ေပ။ အရင္က ေက်ာင္းမွာျဖစ္ခဲ့တဲ့  ျဖစ္ရပ္ေၾကာင့္သာ မဟုတ္ရင္ သူ သိပ္စိတ္ပူမိမွာမဟုတ္ေပ။ သို႔ေသာ္ တကယ္လို႔ ယြမ္းေစြာ္သာ လဲက်ၿပီး ဒဏ္ရာရသြားခဲ့လွ်င္ သူလုပ္ႏိုင္တာက တိုင္ၾကားဖို႔ ဖုန္းေခၚတဲ့ ကန္႔သတ္ခ်က္သာ ႐ွိသည္။ ပန္းျခံထဲမွာ အလားတူျဖစ္ရပ္မ်ိဳး တစ္ခုခုျဖစ္ခဲ့ရင္ ဒီဧရိယာက ပိုပြင့္လင္းတာေၾကာင့္ သူစဥ္းစားလိုက္တိုင္း စိတ္မသက္မသာျဖစ္သြားသည္။

"ဒါဆို…. ဒါဆို ကြၽန္ေတာ္သြားၿပီးေတာ့ တစ္ခ်က္ေလာက္ၾကည့္လို႔ရမလား" သူဒီကိုေရာက္ကတည္းက သူ႕လႈပ္႐ွားမႈနယ္ပယ္က ေသးေသးေလးသာ ျဖစ္ေပမယ့္  ေနာက္ဆုံးမွာေတာ့ သူ တိုက္ခန္းထဲကေန အျပင္ကိုထြက္ၾကည့္ဖို႔ အခြင့္အေရးရလာခဲ့တာေၾကာင့္ သူ႕စိတ္ေတြ လႈပ္႐ွားလာတာ အမွန္ပင္ျဖစ္သည္။ 

"ဒူဒူက အိမ္မွာေနရတာ ပ်င္းလို႔လား"

"နည္း…နည္းနည္းေလးပါ" သူက သူ႕ရဲ႕အခန္းကို သေဘာက်ၿပီး မိုရိခ်န္နဲ႔ တစ္ေနကုန္ အတူျဖတ္သန္းရတာကို ႏွစ္သက္ေပမယ့္ လမ္းေလွ်ာက္ထြက္ဖို႔ အခြင့္အေရးရလာတာလည္း ေကာင္းပါသည္။

ယြမ္းေစြာ္ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြျပည့္ေနတဲ့ မ်က္လုံးေတြကို ျမင္လိုက္ေတာ့ မိုရိခ်န္က ေနာက္ထပ္ အႂကြင္းမဲ့႐ႈံးနိမ့္သြားခဲ့ျပန္သည္။ "မင္းမွာအျပင္ထြက္ဖို႔  တစ္နာရီေလာက္ပဲ ခြင့္႐ွိတယ္။ ဒါေပမယ့္ အေျခအေနတစ္ခုခု ျဖစ္လာခဲ့ရင္ ငါ့ဆီကို စနစ္ကေနတဆင့္ ခ်က္ခ်င္း စာပို႔ရမယ္"

မိုရိခ်န္ရဲ႕ခြင့္ျပဳခ်က္ကိုရၿပီးေနာက္ ယြမ္းေစြာ္က ဝမ္းသာအားရျဖင့္ ေခါင္းညိတ္ကာ သူအခ်ိန္မီ ျပန္လာမည္ျဖစ္ၿပီး အေျခအေနတစ္စုံတစ္ရာ ၾကဳံေတြ႕ခဲ့ပါက ေႏွာင့္ေႏွးမေနဘဲ စာပို႔မည္ျဖစ္ေၾကာင္း ေျပာခဲ့သည္။

ထို႔ေနာက္ သူ႕ရဲ႕ညအိပ္ဝတ္စုံကို ခြၽတ္ကာ မိုရိခ်န္ ဝတ္ထားသလို ေပါ့ပါးတဲ့အားကစားဝတ္စုံကို ၀တ္ဆင္ကာ မိုရိခ်န္က LVစတိုးဆိုင္မွာ ျပန္ျပင္ေပးထားတဲ့ ေက်ာင္းလြယ္အိတ္ေလးကို ထုတ္ကာ သူ႕ရဲ႕tabletကို ထည့္ၿပီး အျပင္ထြက္ဖို႔ သူ႕ဖိနပ္ကို ေျပာင္းစီးလိုက္သည္။

မိုရိခ်န္က ခဏေလာက္စဥ္းစားၿပီးေနာက္ သိုေလွာင္ခန္းဘားတန္းထဲသို႔ဝင္ကာ အသီးတစ္ဗူး၊ လတ္ဆတ္တဲ့ လက္ညႇစ္ေဖ်ာ္ရည္တစ္ပုလင္း၊ သေရစာမုန္႔တစ္ထုပ္၊ သၾကားလုံးအနည္းငယ္၊ ထိုင္စရာကူ႐ွင္ေလးတစ္ခု၊ ထီးေလးတစ္ေခ်ာင္းႏွင့္  ဂ်ာကင္အက်ႌတစ္ထည္တို႔ကို ေက်ာင္းလြယ္အိတ္ေသးေသးေလးထဲ ထည့္ေပးလိုက္သည္။

ယြမ္းေစြာ္ရဲ႕  ေက်ာင္းလြယ္အိတ္ေလးက ေဖာင္းကားေနေပမယ့္ သူ႕ရဲ႕မ်က္ႏွာတြင္ အျပဳံးႀကီးတစ္ခု ေပါက္ကြဲထြက္ေနခဲ့သည္။ "ေက်းဇူးတင္ပါတယ္ မိုရိခ်န္!"

မိုရိခ်န္ရဲ႕မ်က္ႏွာေပၚတြင္ အမူအရာကေတာ့ ပုံမွန္လိုပင္

 "အင္း သြားေတာ့ေလ"

ယြမ္းေစြာ္က အိမ္ထဲက ထြက္လိုက္ၿပီးေနာက္ သူ႕ရင္ဘတ္ေပၚ႐ွိ ေက်ာင္းလြယ္အိတ္ရဲ႕ ႀကိဳးေလးႏွစ္ေခ်ာင္းကို လက္ႏွစ္ဖက္ျဖင့္ ကိုင္ထားၿပီး ေခါင္းကို ျပန္လွည့္လ္ုက္သည္။ "မၾကာခင္ ကြၽန္ေတာ္ျပန္လာခဲ့မယ္!"

"အင္း" 

မိုရိခ်န္က ျပဳံးလိုက္သည္။

တိုက္ခန္းတံခါးကပိတ္သြားတာနဲ႔ မိုရိခ်န္က ႐ုတ္တရက္ေနာင္တရသြားကာ အနည္းငယ္ ေလွာင္​ျပဳံးျဖင့္ သူ႕ေခါင္းကို ခါလိုက္သည္။ သူဘယ္အခ်ိန္ကစၿပီး အကဲဆတ္ၿပီး အထိမခံျဖစ္လာခဲ့တာပါလိမ့္။ သို႔ေသာ္ ဂိမ္းထဲက ပန္းျခံကို ဝယ္လို႔ရႏိုင္လား သူမသိေပ။ ျဖစ္ႏိုင္ရင္ သူဝယ္ၿပီး သီးသန္႔ပန္းျခံအျဖစ္ ေျပာင္းလဲေပးႏိုင္သည္။

ယြမ္းေစြာ္က စနစ္ရဲ႕အသံလမ္းၫႊန္မႈေနာက္ကို လိုက္ကာ အိမ္မွထြက္လာၿပီးေနာက္ လမ္းတစ္ေလွ်ာက္ တည့္တည့္ေလွ်ာက္ခဲ့သည္။ လမ္းေဘးတြင္ ဝတၳဳ၊ စိတ္ဝင္စားစရာအရာမ်ားႏွင့္ သေရစာမ်ိဳးစုံကို ႏွစ္ေယာက္၊ သုံးေယာက္တြဲေရာင္းေနၾကသည့္ NPC အေရာင္းသမားေလးမ်ား႐ွိသည္။ အေမႊးနံ႔ေတြရၿပီး သူ႕ရဲ႕အိတ္ကပ္ဗလာကို ထိၾကည့္လိုက္တဲ့အခါ အနည္းငယ္ ဝမ္းနည္းမိေပမယ့္ မိုရိခ်န္က သူ႕ေက်ာင္းလြယ္အိတ္ထဲမွာ အသီးအႏွံေတြနဲ႔ သေရစာေတြကို ကိုယ္တိုင္ကိုယ္က် ထည့္ေပးလိုက္တဲ့အေၾကာင္း ေတြးလိုက္တဲ့အခါ ေပ်ာ္သြားခဲ့သည္။ အ႐ွိန္ျမႇင့္လိုက္ရင္း ပန္းျခံဆီသို႔ ေလွ်ာက္လာခဲ့သည္။

ခဏအၾကာတြင္ စနစ္ကဖြင့္ထားတဲ့ ပန္းျခံဆီသို႔ ေရာက္႐ွိလာခဲ့သည္။

ပန္းျခံဧရိယာက မက်ယ္ေပမယ့္ စိမ္းလန္းတဲ့႐ႈခင္းကေတာ့ လုံးဝထူးျခားသည္။ ပန္းျခံဝင္ေပါက္တြင္ elvesကို scanလုပ္ရန္ တာဝန္ယူထားတဲ့ စီမံေရးရာယူနီေဖာင္း ဝတ္ထားသည့္ NPCအမ်ိဳးသမီးတစ္ဦး ႐ွိသည္။ scanျဖတ္ၿပီးေသာ elvesမ်ားသာ ပန္းျခံထဲသို႔ ဝင္ႏိုင္သည္။

ယြမ္းေစြာ္က ေျခလွမ္းသုံးလွမ္းေလာက္ ေလွ်ာက္လာၿပီးေနာက္ ေခါင္းကို ​ေမာ့ကာ အရပ္႐ွည္႐ွည္မိန္းမငယ္ကို ၾကည့္လိုက္ၿပီး သူကႏႈတ္ဆက္လိုက္သည္။

 "မဂၤလာပါ" 

မိန္းမငယ္ေလးက ေအာက္ကိုငုံ႔ၾကည့္လိုက္ေတာ့ အရပ္က သူမရဲ႕ခါးေလာက္သာ႐ွည္ကာ အဆင့္နိမ့္တဲ့အသားအရည္ version႐ွိတဲ့ elf တစ္ေယာက္ကို ေတြ႕လိုက္ရၿပီး အရည္႐ႊမ္းေနတဲ့ မ်က္လုံးတစ္စုံျဖင့္ သူမကို ေမာ့ၾကည့္ေနသည္။ အံ့အားသင့္သြားၿပီးေနာက္တြင္ သူမရဲ႕ မ်က္ႏွာေပၚတြင္ အျပဳံးႀကီးတစ္ခု ခ်က္ခ်င္း ပြင့္လာခဲ့သည္။

" Elf ေလး မင္းကပန္းျခံထဲကို ဝင္ခြင့္ျပဳထားတဲ့ အဆင့္ကို ေရာက္ေနၿပီလား" 

သာမာန္အားျဖင့္ ဒီပန္းျခံကို ေသာ့ဖြင့္ႏိုင္သူမ်ားက အဆင့္ ၆နဲ႔အထက္ elves မ်ားသာျဖစ္သည္။ ဒီေကာင္ေလးက မၾကာေသးခင္ကမွ ဂိမ္းထဲသို႔ ဝင္ခဲ့ပုံရသည္။

"အမ္ ကြၽန္ေတာ္က အဆင့္၈မွာပါ။ပန္းျခံထဲကို ဝင္လို႔ရပါၿပီ"

ယြမ္းေစြာ္ရဲ႕ ႏူးညံ့တဲ့အသံေၾကာင့္ မိန္းမငယ္ေလရဲ႕ႏွလုံးသားက အရည္ေပ်ာ္လုမတတ္ျဖစ္ကာ ေကာက္ယူရမယ့္ ေခါင္းစဥ္မ်ားကို ေမးၿပီးေနာက္ သူမက သူ႕ကို ဝင္ခြင့္ျပဳခဲ့သည္။သို႔ေသာ္ တံခါးနားသို႔ မေရာက္မီ သူမက သူ႕ရဲ႕ျဖဴအုေနတဲ့မ်က္ႏွာေလးကို ညႇစ္ရန္ လက္ကိုဆန္႔တန္းလိုက္သည္ ။ သို႔ေသာ္ ယြမ္းေစြာ္က သူမကို ယဥ္ယဥ္ေက်းေက်း ေ႐ွာင္လိုက္ၿပီး ႐ွင္းျပလိုက္သည္။

"ဒူဒူက မင္းကို ညႇစ္ဖို႔ ခြင့္မျပဳခ်င္တာ မဟုတ္ပါဘူး။ ကြၽန္ေတာ္႕ရဲ႕ကစားသမားက ဘယ္သူ႕ကိုမွ ပါးညႇစ္ခြင့္မျပဳရဘူးလို႔ ေျပာထားတယ္"

ပန္းျခံအတြင္းတြင္ သစ္ပင္မ်ား ထူထပ္ေနၿပီး အရိပ္ရကာ ငွက္ကေလးမ်ားက ေတးဆိုေနၾကၿပီး ပန္းမ်ားကလည္း ေမႊးပ်ံ႕ေနသည္။

စိမ္းလန္းစိုေျပေသာ ပတ္ဝန္းက်င္အခ်ိဳ႕႐ွိေသာ္လည္း သူေနထိုင္ခဲ့သည့္ ၾကယ္တာရာကာလထဲတြင္ စိမ္းလန္းစိုေျပတဲ့ ပတ္ဝန္းက်င္အခ်ိဳ႕႐ွိေပမယ့္ ဒီလို 'ေ႐ွးေဟာင္း' ငွက္ေတြႏွင့္ ႐ွဥ့္ေတြက နမူနာမ်ားျဖစ္လာခဲ့သည္မွာ ၾကာခဲ့ၿပီ။ တိတ္ဆိတ္တဲ့လမ္းတစ္ေလွ်ာက္ကို ေလွ်ာက္လာရင္း ေလထုက တျဖည္းျဖည္း စိုစြတ္လာၿပီး အေကြ႕အေကာက္မ်ားတဲ့ လမ္းအဆုံးသို႔ ေရာက္လာကာ ေရကာတာရဲ႕ တစ္ဖက္တစ္ခ်က္စီတြင္ မိုးမခပင္မ်ားျဖင့္ တိတ္ဆိတ္ၿငိမ္သက္ေနတဲ့ ေရကန္ႀကီးတစ္ခုဆီ ေရာက္လာခဲ့သည္။

တံတားေလးတစ္စင္းက အေဆာက္အဦးေလးေတြ အမ်ားႀကီး႐ွိတဲ့ ေရကန္အလယ္႐ွိ ကြၽန္းငယ္ေလးတစ္ခုဆီသို႔ ဦးတည္ေနခဲ့သည္။

အေဆာက္အဦးေလးေတြက အရမ္းလွတာကိုျမင္ေတာ့ သူက တံတားေပၚတက္ၿပီး ထိုေနရာကို တစ္ခ်က္သြားၾကည့္ၿပီး မိုရိခ်န္ကိုျပန္ျပဖို႔ သူ႕tabletနဲ႔ ဓာတ္ပုံ႐ိုက္ရန္ ဆုံးျဖတ္လိုက္သည္။

တံတားကိုျဖတ္ကာ လမ္းေလွ်ာက္ရင္း အနီးဆုံးအေဆာက္အဦးဆီသို႔ ေလွ်ာက္လာကာ အျမန္ေလွ်ာက္ေနတာေၾကာင့္ သူေျခေထာက္တိုတိုေလးေတြက ပင္ပန္းႏြမ္းနယ္လာၿပီျဖစ္သည္။ ထိုင္ဖို႔ ေက်ာက္ခုံကို ႐ွာခ်င္တာေၾကာင့္ သူ႕ရဲ႕ေခါင္းကို လွည့္ၾကည့္လိုက္ေတာ့ အေဆာက္အဦးထဲတြင္ elfႏွစ္ေယာက္ ထိုင္ေနၾကတယ္ဆိုတာကို ေတြ႕လိုက္ရသည္။ သူ႕လိုမ်ိဳး ပုံစံတူျဖစ္ေနတာဆိုေတာ့ သူနဲ႔ ခပ္ေဝးေဝးမွာ ႐ွိေနတုန္းက သူတို႔ကို သတိမထားမိခဲ့ေပ။

အနည္းငယ္ အံ့အားသြားၿပီးေနာက္ သူက ယဥ္ယဥ္ေက်းေက်းျဖင့္ အျမန္ႏႈတ္ဆက္သည္။ 

"မဂၤ...မဂၤလာပါ"

အေဆာက္အဦးထဲ႐ွိ အျခားelvesႏွစ္ေယာက္က နိမ့္က်တဲ့အသားအရည္ Q versionနဲ႔ တူေသာ္လည္း သူတို႔ရဲ႕အဆင့္က အလြန္ျမင့္ေနပုံရၿပီး ေယာက်္ားႏွင့္မိန္းမ ႏွစ္ေယာက္လုံးက ဆံပင္ေတြျဖဴေနၾကၿပီး ႏွစ္ေယာက္လုံး ဝတ္စားဆင္ယင္ထားပုံက အလြန္တင့္တယ္လွပသည္။ အဘိုးက ရင္ဘတ္ရဲ႕ဘယ္ဘက္ျခမ္းတြင္ တံဆိပ္ျပားေလး ခ်ိတ္ဆြဲထားၿပီး လွပေသသပ္တဲ့ဆံပင္ပုံစံျဖင့္ အဆင့္အတန္းျမင့္တဲ့ေပါ့ေပါ့ပါးပါးဝတ္စုံကို ၀တ္ဆင္ထားသည္။ ေနာက္တစ္ေယာက္ကေတာ့ အဘိုးေလာက္ က်န္းမာသန္စြမ္းပုံမရတဲ့ အဘြားျဖစ္ေပမယ့္ အလြန္ၾကင္နာတတ္ၿပီး ေစတနာေကာင္းတဲ့ မ်က္ႏွာ႐ွိကာ သူမက ယြမ္းေစြာ္ကို ျပဳံးၿပီးၾကည့္ေနခဲ့သည္။

ပုံမွန္ျဖစ္တဲ့ေန႔လည္ခင္း လက္ဖက္ရည္ၾကမ္းကို သူတို႔ႏွစ္ေယာက္ေ႐ွ႕က စားပြဲေပၚတြင္ တင္ထားသည္။ အၾကည္ေရာင္ ဖန္လက္ဖက္ရည္ခြက္က ႐ိုး႐ိုးသာမန္ျဖစ္ၿပီး အစားအစာအေနျဖင့္ အသားညႇပ္ေပါင္မုန္႔မ်ား၊ ႏို႔ေပါင္မုန္႔လုံးမ်ား၊ ကိတ္မုန္႔မ်ားႏွင့္ သစ္သီးေမွ်ာ္စင္တို႔ကို  သုံးလႊာအခ်ိဳပြဲ ေႂကြပန္းကန္ေပၚတြင္ တည္ခင္းထားသည္။

"မဂၤလာပါကြယ္" 

အဘြားအိုက ေႏြးေထြးၿပီးဖိတ္ေခၚတဲ့ အသံျဖင့္ ျပန္ေျဖလိုက္သည္။

အဘြားႏွင့္ တူညီတဲ့စိတ္အားထက္သန္မႈ မ႐ွိပဲ အဘိုးက အျပင္လူယြမ္းေစြာ္ကို ႏွစ္သက္ပုံမေပၚဘဲ အနည္းငယ္ ယဥ္ေက်းသမႈျဖင့္ ေခါင္းသာ ညိတ္ျပခဲ့သည္။

"ေအဘယ္လ္!" 

အဘြားက အသံတိုးတိုးျဖင့္ ဆူလိုက္သည္။

အဘိုးအိုက ခ်က္ခ်င္းပင္ အကူအညီမဲ့စြာ သက္ျပင္းတစ္ခ်က္ခ်လိုက္ၿပီး ပါးစပ္ကိုဖြင့္ကာ သူ႕အသံကိုႏွိမ့္ခ်လိုက္ၿပီး အလြန္ႀကီးက်ယ္ခမ္းနားတဲ့ခံစားခ်က္ကို ထုတ္ျပခဲ့သည္။

 "မဂၤလာပါ"

ယြမ္းေစြာ္က ေအဘယ္လ္ရဲ႕အစြမ္းထက္လွတဲ့ အ႐ွိန္အဝါ​ေၾကာင့္ အနည္းငယ္ ဖိအားမ်ားကာ ကမန္းကတန္းေျပာလိုက္သည္။ "ခြင့္ျပဳ….ကြၽန္ေတာ္႕ကို ခြင့္ျပဳပါဦး။ ေတာင္းပန္ပါတယ္ ကြၽန္ေတာ္ ဟိုဘက္က အေဆာက္အဦးကို သြားလိုက္ပါ့မယ္"

အဘြားက ျမန္ျမန္ျပဳံးျပၿပီး အခိုင္အမာေျပာလိုက္သည္။ "အဆင္ေျပပါတယ္။  လူနည္းနည္းေလာက္ကပဲ ဒီကို လာေလ့႐ွိၾကတာ။ ဒီလိုခ်စ္စရာေကာင္းတဲ့elf ေလးကိုေတြ႕ရတာ ငါတို႔ရဲ႕ ကံေကာင္းမႈပဲ။ ေန႔ခင္းဘက္လက္ဖက္ရည္နဲ႔ အဆာေျပမုန္႔ေတြ လာစားလိုက္"

ယြမ္းေစြာ္က အနည္းငယ္ တုံ႔ဆိုင္းသြားသည္။ ႀကီးမားတဲ့က႐ုဏာက ျငင္းဖို႔ ခဲယဥ္းတာေၾကာင့္ သူက ဂ႐ုတစိုက္ထိုင္လိုက္သည္။

"အေသးေလး မင္းနာမည္ကဘယ္လိုေခၚသလဲ" ေအဘယ္လ္က သူ႕ရဲ႕ပါးစပ္ကို ဖြင့္လိုက္ကာ သူ႕ရဲ႕စိတ္ေနစိတ္ထားႏွင့္အသံက ယြမ္းေစြာ္ကို ၾကယ္တာရာကာလက စစ္ဗိုလ္ခ်ဳပ္မ်ားေ႐ွ႕တြင္ ေရာက္ေနသကဲ့သို႔ ခဏေလာက္ ထင္ေယာင္ထင္မွားျဖစ္သြားေစသည္ ။

"ဒူဒူပါ"

အဘြားက သူ႕အတြက္ လက္ဖက္ရည္တစ္ခြက္ ေလာင္းထည့္လိုက္ၿပီး ပန္းကန္ျပားေပၚတြင္ အဆာေျပမုန္႔ နည္းနည္းထည့္ကာ ျပဳံးလိုက္သည္။

 "ငါ့နာမည္ အယ္လ္နီပါ မင္းက သူ႕ကို အဘိုးေအဘယ္လ္လို႔ ေခၚႏိုင္တယ္"

ဒူဒူက စားစရာကိုယူလိုက္ၿပီး သူမကို ျမန္ျမန္ေက်းဇူးတင္လိုက္ကာ တိုးတိုးေလးေျပာလိုက္သည္။ "အဘြားအယ္လ္နီ၊ အဘိုးေအဘယ္လ္!"

အယ္လ္နီက ၾကင္နာစြာ ျပဳံးျပကာ တည္ေနတဲ့ ေအဘယ္လ္ရဲ႕မ်က္ႏွာကလည္း အနည္းငယ္ အရည္ေပ်ာ္သြားၿပီး ေျပာလိုက္သည္။ 

"စားပါ"

"အာ…. " 

ယြမ္းေစြာ္က လက္ဖက္ရည္ခြက္ကို နာခံစြာယူကာ တစ္ငုံေသာက္လိုက္သည္။ ထို႔ေနာက္ တစ္ခုခုကို သတိရသြားၿပီး သူေအာက္ခ်ထားတဲ့ ေက်ာင္းလြယ္အိတ္ေလးကို အျမန္ယူကာ အတြင္းမွ အသီးဘူးႏွင့္ ေဖ်ာ္ရည္ကို ထုတ္ကာ မွ်ေဝရန္ ဖြင့္လိုက္သည္။ ရလဒ္ကေတာ့ ထီး၊ ထိုင္စရာကူ႐ွင္နဲ႔ အက်ႌေတြ အေပၚမွာ တင္ထားတာမို႔ အားလုံးကို တစ္ခုခ်င္းစီဆြဲထုတ္ၿပီး သူ႕ေ႐ွ႕က စားပြဲေပၚတြင္ ေတာင္ကုန္းေသးေသးေလးတစ္ခု လုပ္လိုက္မိသည္။ ေနာက္ဆုံးတြင္ အိတ္ရဲ႕ ေအာက္ေျခ၌ သစ္သီးဘူး၊ ေဖ်ာ္ရည္ပုလင္းႏွင့္ သၾကားလုံးမ်ားကို ေတြ႕႐ွိခဲ့သည္။ မ်က္ႏွာေလးက နီရဲေနကာ က်န္တဲ့ပစၥည္းေတြကို ျပန္ထည့္လိုက္သည္။

အယ္လ္နီက သူမရဲ႕ခင္ပြန္းကို စိတ္လႈပ္႐ွားစြာ ၾကည့္ရင္း ေျပာလိုက္သည္။ "ဒီအေသးေလးရဲ႕ ကစားသမားက သူ႕ကို အရမ္းသေဘာက်တာပဲ"

ေအဘယ္လ္က မတုံ႔ျပန္ေပမယ့္ ယြမ္းေစြာ္ကိုင္ထားတဲ့ သၾကားလုံးေတြဆီမွာ သူ႕မ်က္လုံးေတြက ခဏရပ္ေနလိုက္ၿပီး သူ႕အၾကည့္ေတြကို အျမန္ျပန္လႊဲလိုက္သည္။

ယြမ္းေစြာ္က ဒါကိုျမင္ၿပီး သူ႕လက္ထဲက သၾကားလုံးေလးကို ရက္ေရာစြာ ေပးလိုက္သည္။

 "ဒီမွာပါ အဘိုးေအဘယ္လ္ ဒီသၾကားလုံးေလး စားခ်င္လား"

"အဟမ္း အဟမ္း အဟမ္း....ငါမစားခ်င္....."

"သူစားတယ္ သူကသၾကားလုံးစားရတာ ႀကိဳက္ေပမယ့္ လူေတြကို ေျပာမျပခ်င္ဘူးေလ" 

အဘြားအယ္လ္နီက အဘိုးေအဘယ္လ္ကို ေဖာ္ထုတ္ၿပီးေနာက္ သစ္သီးတစ္စိတ္ကို ခက္ရင္းျဖင့္ ခြဲကာ ယြမ္းေစြာ္ကို သူ႕အား သၾကားလုံးသြားေပးရန္အတြက္ မ်က္လုံးျဖင့္ အခ်က္ျပေနသည္။

ယြမ္းေစြာ္က  ရဲစြမ္းသတၱိကို စုစည္းၿပီး ေက်ာက္ခုံေလးေပၚမွ ခုန္ဆင္းကာ ေအဘယ္လ္ရဲ႕ ေ႐ွ႕သို႔ သြားလိုက္သည္။  "အဘိုးေအဘယ္ ဒါကလိေမၼာ္သီး အရသာ႐ွိတယ္"

ေအဘယ္လ္က 'လိေမၼာ္အရသာ' ဟူေသာစကားလုံးကို ထိ႐ွသြားပုံရသည္။ သူက ေခ်ာင္းဆိုးၿပီးေနာက္ သၾကားလုံးယူရန္ လက္ကို ေျမႇာက္လိုက္သည္။ ၾကည့္လည္းမၾကည့္သလို၊  စားလည္းမစားဘဲ တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားၿပီး ေက်းဇူး​ပဲဟု ေတာင့္ေတာင့္ႀကီးျပန္ေျပာလာသည္ ။

ယြမ္းေစြာ္က သၾကားလုံးမ်ားကို ေပးကာ လက္ဖက္ရည္ႏွင့္ အခ်ိဳပြဲစားရင္း ေပ်ာ္႐ႊင္ေနသည္။ အဘြားအယ္လ္နီက သူ႕နာမည္ကို ေမးၿပီးၿပီဆိုတာ ေသခ်ာေပမယ့္ သူမက ခဏခဏထပ္ေမးေနတာေၾကာင့္ သူနည္းနည္းေတာ့ ႐ႈပ္ေထြးေနေပမယ့္ သူက စိတ္႐ွည္႐ွည္ျဖင့္ ထပ္ခါထပ္ခါ ျပန္ေျဖေပးလိုက္သည္။

ေနာက္ဆုံးတြင္ သူက သူ႕ရဲ႕tabletႏွင့္အတူ ဓာတ္ပုံအခ်ိဳ႕႐ိုက္ကာ ေအဘယ္လ္ႏွင့္ အယ္လ္နီတို႔ကို ႏႈတ္ဆက္ၿပီးေနာက္ အခ်ိန္မီ အျမန္ျပန္သြားခဲ့သည္။

    ——

မိုရိခ်န္က အခ်ိန္ကို ၾကည့္ၿပီး ယြမ္းေစြာ္ ျပန္လာမွာကို ေစာင့္ေနခဲ့သည္။ ခ်န္ေက်ာင္က ခရီးစဥ္တြင္ ေနာက္ဆက္တြဲ အေၾကာင္းအရာအခ်ိဳ႕ကို သတင္းပို႔ရန္ ၾကားထဲသို႔ ဝင္လာခဲ့သည္။ ရက္အနည္းငယ္ တိတ္ဆိတ္စြာအနားယူၿပီးေနာက္ အလုပ္ျပန္စရေတာ့မည္။

တစ္နာရီျပည့္ဖို႔ ဆယ္မိနစ္က်န္ေသးသည္။ မိုရိခ်န္က သူ႕ဖုန္းကို မၾကည့္မိေစရန္ အစြမ္းကုန္ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနေပမယ့္ ယြမ္းေစြာ္ျပန္ေရာက္လာၿပီလားကို သိရန္  ႏွိပ္ၾကည့္ေနတာကို မရပ္ႏိုင္ေပ။

သူ႕ရဲ႕ဖုန္းက ျမည္လာခဲ့ၿပီးေခၚဆိုသူ ID ကို တစ္ခ်က္ၾကည့္လိုက္ၿပီး အျမန္ေျဖၾကားလိုက္သည္။

ဖုန္းေခၚဆိုသူမွာ မိုရိခ်န္ရဲ႕အထူးလက္ေထာက္ ခန္႔မင္ျဖစ္ၿပီး ကုမၸဏီရဲ႕ကိစၥရပ္အခ်ိဳ႕ကို ဂ႐ုစိုက္ရန္ ကူညီေပးခဲ့သူျဖစ္ၿပီး အရည္အခ်င္း႐ွိၿပီး ေစ့စပ္တတ္သူတစ္ဦး ျဖစ္သည္။ မိုမိသားစုက သူ႕မိသားစုကို တစ္ခ်ိန္က သူတို႔ရဲ႕အခက္ခဲဆုံးအခ်ိန္တြင္ ကယ္တင္ရန္ လက္ကမ္းေပးခဲ့ေသာေၾကာင့္ သူတို႔က သူတို႔ရဲ႕အသက္ကယ္တင္႐ွင္ေက်းဇူး႐ွင္မ်ား ျဖစ္သည္လို႔ဆိုႏိုင္တာေၾကာင့္ သူက မိုရိခ်န္အေပၚကို အလြန္႐ိုးသားသည္။

"ခန္႔မင္ ဘယ္လိုျဖစ္လို႔လဲ" မိုရိခ်န္က ေမးလိုက္သည္။

ခန္႔မင္က အလြန္တင္းၾကပ္တဲ့ေနရာမွာ ေရာက္ေနပုံေပၚကာ သူ႕အသံကို တိုးလိုက္ၿပီး 

"ဒုတိယသခင္ေလး ဒါက ေနာက္ဆုံးတိုးတက္မႈပါ။ မၾကာေသးမီက UKမွာ အႀကီးဆုံးသခင္ေလးက ကမ႓ာတစ္ဝွမ္းမွာ ေက်ာ္ၾကားတဲ့ ဦးေႏွာက္နဲ႔အာ႐ုံေၾကာဆိုင္ရာ ကြၽမ္းက်င္သူေတြကို ႐ွာေဖြဖို႔ အင္အားေတြ အမ်ားႀကီးသုံးခဲ့ၿပီး ျဖစ္စဥ္ကို အလြန္အမင္း လွ်ိဳ႕ဝွက္ထားခဲ့ပါတယ္။ တိုင္ပင္ေဆြးေႏြးမႈ ျပဳလုပ္ခဲ့ၾကတဲ့ဆရာဝန္ေတြက သေဘာတူညီခ်က္ကို ေသခ်ာလက္မွတ္ထိုးခဲ့ၾကေပမယ့္ ဘယ္ေနရာက မွားသြားလဲမသိဘူး။ သတင္းေတြ ထြက္လာၿပီး အႀကီးဆုံးသခင္ေလး ႐ွာေဖြထားတဲ့ ဆရာဝန္ေတြ ​ေျပာခဲ့ၾကတာက ကုသေပးခဲ့တာက စိတ္ကူးယဥ္ဇာတ္ေကာင္ေရာဂါတဲ့ "

မိုရိခ်န္ရဲ႕အသက္႐ွဴသံေတြက တန္႔သြားကာ မ်က္ခုံးေတြက တြန္႔သြားခဲ့သည္။ "ဘာ႐ွိေသးလဲ"

"အခုထိေတာ့ ဒါအကုန္ပါပဲ"

"ေကာင္းၿပီ" 

မိုရိခ်န္က ေနာက္ထပ္ၫႊန္ၾကားခ်က္ အနည္းငယ္ေပးၿပီး ဖုန္းခ်လိုက္သည္။

တစ္ခ်ိန္တည္းမွာပဲ တံခါးရဲ႕အျပင္ဘက္မွ ထြက္လာတဲ့ ယြမ္းေစြာ္ရဲ႕ေျခသံႏွင့္ ေအာ္ေခၚသံကို ၾကားလိုက္ရသည္။ 

"မိုရိခ်န္ မိုရိခ်န္ မိုရိခ်န္ ကြၽန္ေတာ္ျပန္လာၿပီ"

Continue Reading

You'll Also Like

568K 56.7K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
1.1M 37.4K 55
Myanmar × BL Uni/Zaw Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
155K 19.9K 70
အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ
601K 76.7K 118
'' after break-up i got married'' (လမ်းခွဲ ပြီးတဲ့နောက် ငါလက်ထပ် ပစ်လိုက်တယ်) Original Author - Qianfeng Yihe E-translator - Rezioj27 Status in COO...