๏ผฃ๏ฝ๏ฝŒ๏ฝ‰๏ฝ‡๏ฝ๏ฝ’๏ฝ‰(Complete)

By _GloriaMie_

19K 1.6K 175

You are the ๐™ก๐™–๐™ ๐™š, the ๐™จ๐™ฉ๐™–๐™ง๐™จ, the ๐™ข๐™ค๐™ค๐™ฃ? Ethereal music's soulful tune Princess of the glacial wat... More

Caligari
Last Dance
Odette or Odile
Lullaby
Dim Sin
Culprite
Hide and Seek Arc II
Taste of Tear
Swan Emblem
Velvet Arc I
Velvet Arc II
Hidden:Masked Boy
The Gray:Melancholy
Bliss
Prince Siegfried
Villain
Swan Lake
Vandalism
Change The Ending(Final)

Hide amd Seek

821 74 6
By _GloriaMie_

Unicode

Ding...Dong...
မင်း ငါရဲ့ ​အော်ဟစ်သံ​တွေကို ကြား​နေရမှန်းငါသိပါတယ်။
တံခါး​လေးဖွင့်လို့  မကြိုဆိုလှည့်​တော့ဘူးလား။
ငါတို့ အရင်ကလို  စိတ်ဝင်စားစရာ ကစားနည်း​လေးတစ်ခု ကစားကြမယ်​လေ။
Ding...Dong...
စင်္ကြန်တစ်​လျှောက် ​ခြေသံ​တွေကို ကျယ်​လောင်စွာ​ကြား​နေရတယ်။
မင်းရဲ့ အ​ကြောက်တရား​တွေကို  ဝမ်းသာစွာ ခံစားမိတယ်​။
အခုမှ ထွက်​​ပြေးမယ်ဆိုရင် လွတ်​မြောက်ဖို့ ​နောက်ကျသွားခဲ့ပြီ။
ပြတင်း​ပေါက်ဆီကို အလန့်တကြား​ကြည့်​နေတဲ့ မင်း။
ငါတို့ အခု​လေးတင်ပဲ အကြည့်ချင်းဆုံ သွားခဲ့ပြီ။
တူတူပုန်းတိုင်း ကစား​နည်း​
ငယ်စဥ်ကတည်းက အကျွမ်းတဝင် ရှိခဲ့တယ်။
ပုန်းကွယ်ရင်း ပုန်းကွယ်ရင်း  မင်းကို  တစ်စုံတစ်​ယောက်မှ  မ​တွေ့နိုင်​တော့သည် အထိ။

~~~~~~~~~~~~~~~~~~

တရားရုံး​ အ​ဆောက်အအုံရှေ့   ကျယ်ပြန့်မတ်​​​​စောက်တဲ့  ​လှေကားထစ်​တွေကို  ရှောင်းကျန့်က   ခပ်သွက်သွက်​​ကျော်လွှားလို့  ဆင်းသည်။
လက်​မောင်းကြား  ​ပွေ့ပိုက်ထားသည့်  အထပ်လိုက်​သော ဖိုင်တို့မှာလဲ မနိုင်မနင်း။
​ခြေတံရှည်တို့ဖြင့်  တရိပ်ရိပ် ဖြတ်​ကျော်လာမိခဲ့သည့် ​​လှေကားထစ်တို့က သည်​နေ့မှ ပိုများ​နေသ​ယောင်။
​ကျောင်းတုန်းက ရင်းနှီးခဲ့သည့်  စီနီယာတစ်​ယောက်ထံတွင် အကူအညီ​တောင်းထား​သော  ဝမ်ရိ​ပေါ်၏  အမှုနှင် ပတ်သက်သည့် စာရွက်စာတမ်းများကို  ဒီ​နေ့ ရုံးချိန်းအပြီးတွင် စီနီယာက ​​ပေးလိုက်သည်မလို့ ​​ရှောင်းကျန့်လက်ထဲတွင် ​များစွာ​သော ဖိုင်တို့ဖြင့်။
အဆက်အသွယ် ​ကောင်း​တွေရှိသည့် စီနီယာက  ​ရှောင်းကျန့်တို့ သမာရိုးကျ လ​ပေါင်းရှည်ကြာစွာ စု​ဆောင်းထားသည့် အချက်အလက်​တွေထက် ပိိုသာ​သော အချက်အလက်​တွေကို  အချိန်တိုအတွင်း ရရှိနိုင်သည်။
ဝမ်ရိ​ပေါ်၏ အမှုနှင့် ပတ်သတ်၍  အရင်တာဝန်ခံ​ရှေ့​နေ လွှဲပြောင်း​ပေးခဲ့​သော အချက်အလက်တို့မှာ  ပြည့်ပြည့်စုံစုံ ဖြစ်​မ​နေခဲ့တာမလို့  ​ရှောင်းကျန့်  အ​တွေးများရပြန်သည်။
​​ယခု   ​​ရှောင်းကျန့် လက်ထဲတွင်  ဆုပ်ကိုင်ထား​သော  စာရွက်တို့ဟာ  ​ဝမ်ရိ​ပေါ် အပြစ်ကင်း​ကြောင်း  အ​ထောက်အထားတို့လဲ  ဖြစ်နိုင်သလို  လွဲ​ချော်စွာ  တရားခံဖြစ်​ကြောင်း ထင်ရှား​စေ​သော  အလီဘိုင် တစ်ခုအ​နေနဲ့  ဖြစ်သွားနိုင်သည်။
ထိတ်ခနဲ ပူပန်​သွား​ရ​သော စိတ်အစဥ်နဲ့အတူ  ရှောင်းကျန့် မိမိ​၏  လွန်လွန်ကျူးကျူး အ​တွေးများမှု​ကြောင့်  တင်းကျပ်စွာ ဆုပ်လိုက်မိ​သော  လက်သီးဆုပ်နဲ့အတူ  ပြစ်ဒဏ်အ​နေဖြင့် လက်သည်းစတို့ကို  လက်ဖဝါးအသားနုတို့  နာကျင်လာသည်အထိ နစ်ဝင်​စေလိုက်သည်။
ဝမ်ရိ​ပေါ်ဟာ တရားခံပါလို့  ​တွေးကြည့်ရုံနဲ့တင် ​ရှောင်းကျန့်ဟာ  မွန်းကျပ်ခြင်းနဲ့အတူ  မလိုလားအပ်သည့် ​ဒေါသတရားတို့​ကြောင့်  မြင်မြင်သမျှ အ​ပေါ် အပြစ်ပုံချမိပြန်သည်။
ကာယကံရှင် ကိုယ်တိုင်က တိတိကျကျ ဝန်ခံထားခြင်း မရှိ​​​သော  အမှုတစ်ခုဖြစ်တာ​ကြောင့်  ထင်မြင်ချက်ပင် ​ရေ​ရေရာရာ  သုံးသပ်မရ​​သေးသည့်အခါ  ​ရှောင်းကျန့်ရဲ့ တဇွတ်ထိုး ခံယူချက်တို့ဟာ  မိုက်ရူးရဲများ ဆန်​နေ​လေမလား။
လက်ရှိ သက်​​​သေ ​အ​​နေအထားအရ    ဝမ်ရိ​ပေါ်သာ တရားခံဖြစ်​ကြောင်း တစ်ဖက်ပိတ် လူတို့၏  အမြင်​တွေအ​ပေါ်  ​ရှောင်းကျန့်  သဘာဝလွန် ဖြစ်ရပ်တစ်ခုကဲ့သို့  ​မှော်ဂါထာ တစ်ခုကို သာ ရွတ်ဆိုလို့   အ​ခြေအ​နေတို့အား ​ပြောင်းလဲပစ်လိုက်ချင်​တော့သည်။
​ရှေ့​နေတစ်​ယောက်၏  ဝတ္တရားဆိုသည့်  အ​​ပေါ်ယံခြုံလွှာတစ်ခု​အောက် ပုန်းလျှိုးမိ​နေသည့် မရိုးရှင်း​တော့သည့်  ခံစားချက်တို့​ကြောင့် ​ ဒီရက်ပိုင်းအတွင်း သိပ်ကိုမှ ပင်ပန်းလှပါသည်။
မိမိကိုယ်ကိုကိုယ် ဆန်းစစ်ကြည့်မိတိုင်း  မ​ရေရာသည့်  ​ရလဒ်တို့နှင့်သာ ​ယောင်လည်လည်း ဖြစ်ရပြန်သည်။
ရိုးရှင်းစွာ အ​ဖြေထုတ်ကြည့်လျှင်  ဝမ်ရိ​ပေါ်ဘာ​တွေပဲ ကျူးလွန်ခဲ့ပါ​​စေ ​ရှောင်းကျန့်က    ကာကွယ်​ပေးရန်  ဆုံးဖြတ်ခဲ့ပြီးသား။
ဝမ်ရိ​ပေါ်ဟာ  အပြစ်များလွန်းသည့် ​  လူတစ်​ယောက်  ဖြစ်​​နေ​ပေသည့်တိုင်  သည်လို ရက်စက်သည်  ရာဇဝတ်မှုမျိုး​ဖြင့်တော့   မပတ်သက်​စေလိုပါ။
ဝမ်ရိ​ပေါ်ဟာ ဆိုးသွမ်း​လွန်း​သည်မှ မှန်​ပေမယ့်     အပြစ်ကင်းစင်​ကြောင်း  ​ရှောင်းကျန့်    အကြွင်းမဲ့ယုံကြည်သည်။
​အကယ်၍  ထိုလူသားဟာ  ကံအ​ကြောင်းမသင့်စွာ တရားခံဖြစ်ခဲ့ရင်​တောင်  ​ရှောင်းကျန့် တစ်ချက်မ​တွေ​ဝေပဲ  ဘဝတစ်​လျှောက်လုံး  သစ္စာခံလာခဲ့​သော   ဥပ​ဒေတို့အား ချိုး​ဖောက်ပစ်ဖို့ အထိ  သတ္တိရှိပါသည်။
ထက်မြက်သည့်  ဥပ​ဒေ​ကျောင်းသား  ရှောင်းကျန့်ဟာ  မှန်ကန်စွာ  ​ဖြောင့်မတ်တတ်ဖို့ သင်ကြားခဲ့ဖူး​ပေမယ့်    တစ်စုံတစ်​ယောက်သာဆို ချွင်းချက်မရှိ   ရဲရင့်စွာ  မိုက်ရူးရဲဆန်ကြည့် ချင်ပါသည်။
​​​သို့ပေမယ့်    ကာယကံရှင် ဝမ်ရိ​ပေါ်ဟာ  ​တရားခံအ​စစ်အကြောင်း​မေးမိတိုင်း   ပ​ဟေဠိလို  မျက်ဝန်း​တွေနဲ့ ​ငေးကြည့်တတ်တဲ့အခါ၊
တစ်ဖက်စွန်း​​ရောက်သွားသည့်  ယုံကြည်ချက်တို့အား  ဖွင့်ဟမိ​တော့  လှောင်ရိပ်သန်းသလို    အပြုံးမျိုးဖြင့် ပြုံးတတ်သည့် အခါ ​  ရှောင်းကျန့်ဟာ    ပုံစံအမှန်မသိ​​​လောက်​​အောင်ကို   ပုန်းလျှိုတတ်လွန်းသည့်  ဝမ်ရိ​ပေါ်၏    ကစားနည်း​တွင်  လွန်ဆန်နိုင်ခြင်းမဲ့ ခဲ့ရပြီး။

"​​ရှောင်းကျန့်!!"

​​​​ခေါ်သံတစ်ခု​ကြောင့်    ​​ ​​လှေကားထစ်တို့အား  အဆုံးသတ်ခါနီး  ​ရှောင်းကျန့်၏  ​​ခြေလှမ်းတို့ဟာ  ရပ်တန့်သွားရသည်။
အသံလာရာ လှည့်ကြည့်မိတဲ့​နောက်  သူမဟာ  ​ရှောင်းကျန့်ရှိရာသို့ ခပ်သွက်သွက်​ပြေးဆင်းလာသည်။
ပါးစပ်မှလည်း ​​ စောင့်​နေဖို့ တဖွဖွ   ဆို​နေသံနဲ့အတူ   ​လှေကားထစ်​တွေ တစ်​လျှောက် ဆူညံသွားရသည့်  တရားခံက သူမ၏ ​ခြေ​ထောက်တွင်  ဆင်မြန်းထား​သော အဖျားချွန်ချွန်​  point ​​​ဒေါက်။
​လှေကားထစ်တို့အား     အလျှင်စလို​  ဆင်းနေသည့်   ​သူမ​ကြောင့်   ရှောင်းကျန့်      ​​​နောက်​ကြောင်းပြန်လှည့်လိုက်​မိ​သော အလှမ်းကျယ်ကျယ် ​ခြေလှမ်း နှစ်လှမ်းအဆုံးမှာ  သူတို့ဟာ တစ်ညီတည်း​ဖြစ်​သွားသည့်  ​လှေကားတစ်ထစ်တွင် ​ ယှဥ်တွဲရပ်လျက် ရှိကြသည်။


"ထွက်သွားတာ မြန်လိုက်တာ ငါ တရားခွင် ပြီးပြီးချင်းလိုက်လာတာကို မမှီဘူး"


​မောဟိုက်​နေသည့် သူမဟာ   ​ခါး​ကိုထောက်လို့  ပြင်းထန်စွာ အသက်ရှူ​နေသည့် ကြားက  ​ပြောသည်။
တွဲဖက်မမြင်တာ အချိန်ကြာခဲ့ပြီ ဖြစ်သည့် သူမနှင့် အမှုစစ် ယူနီ​ဖောင်းဟာ  အလွန်မှ လိုက်ဖက်လွန်းလှသည်။
နားဖုံးရုံ  တိုကပ်ကပ်ညှပ်ထားသည့် ဆံနွယ်စ​တွေကို  အ​နောက်ကို လှန်တင်ထားတာ​ကြောင့်  ရှင်းလင်း​နေသည့် မျက်နှာ။
မိတ်ကပ်မခြယ်သတာဟာ  သူမ၏ အလှကို ​ပေါ်လွင်​စေတဲ့ နည်းလမ်း။
ဆံနွယ်ရှည်​တွေနဲ့    နူးနူးညံ့ညံ့သူမဟာ လှပခဲ့သလို  ရဲရင့်ပြတ်သားသည့် သဏ္ဍန်နဲ့  အခုသူမဟာလည်း  နှစ်မျို့စရာ​​ကောင်း​နေဆဲပဲ။
မုယွမ်။
ဥပ​ဒေ​ကျောင်းတတ်​နေစဥ်   ငယ်ရွယ်ချိန်​တွေရဲ့ အ​ကောင်း အကျိုး ၊ အဆိုး အပြစ်​တွေကို  ​ဝေမျှခဲ့ဖူးသည့်  သူငယ်ချင်းသုံး​ယောက်ထဲက  ​တစ်ဦးတည်း​သော မိန်းက​လေး။

"အ​ရေးကြီး ချိန်းထားတာရှိလို့လား"


အတန်ကြာသည် အထိ ​ငေးကြည့်​နေမိခြင်းက  သူမ၏ ဒုတိယ​မြောက် စကားသံ​ကြောင့်သာ  အဆုံးသတ်သည်။
လက်ထဲတွင်  ဆုပ်ကိုင်ထားသည့်  ဖိုင်​တွေကို  ဟန်ပါပါ ဖြင့် ​မြှောက်လိုက်​တော့   သူမဟာ အလိုမကျသည့်တိုင် မျက်လွှာကို ချလို့ ပြုံးရယ်သည်။

"ချိန်းထားတာမျိုး မဟုတ်​ပေမယ့်    ​အ​ရေးကြီး  အမှုတစ်ခု အ​ကြောင်း  ဖတ်စရာရှိ​နေတာ"

"​​အော် ဟုတ်လား  ရှောင်းကျန့် ။
ငါ  ဝမ်ရိ​ပေါ်ရဲ့ အမှုကို စစ်​​ဆေးဖို့ တာဝန်ယူထားတယ်"

တိုးသဲ့စွာ​ပြောတတ်သည့်  ​လေသံမှာ  ဒီတစ်​​ခေါက် အလိုမကျမိသူက​​​​တော့ ​​​ရှောင်းကျန့်။
သိပ်သည်းဆများသည့်  အလိုမကျစိတ်​ကြောင့်  ဟန်မဖို့​နိုင်​တော့သည်အထိ   မျက်​​မှောင်​တွေကို  ကျုံ့မိသည်မှ စ၍   ခက်ထန်​နေသည့်   အကြည့်ဖြင့်  တစ်ဖက်မိန်းက​​လေးအား    ကြည့်မိသည်က အဆုံး။

"ဘာလို့လဲ !
နင်တမင်​လျှောက်လိုက်တာလား"

ပြတ်​တောင်း​တောင်း အသံတို့က  ​ဒေါသဖက်ကို လွှမ်းသည်။
မုယွမ်၏  ​ဖြောင့်မတ်တတ်သည့် စိတ်ဓါတ်အ​ပေါ်  ပထမဦးဆုံအကြိမ်  မလုံမလဲ ဖြစ်မိသည်။
သူမ၏ ​ဖြောင့်မှန်ခြင်း​ဟာ  ဝမ်ရိ​ပေါ်အား   အခက်​တွေ့​စေမည်ကို  မလိုလားပါ။


"အကြာကြ​နေမှ  အမှု ပြန်စစ်ဖြစ်တဲ့အပြင်  နင်နဲ့အတူတွဲလုပ်ရမှာမလို့  ငါအရမ်း ရင်​တွေခုန်​နေတယ်။
​ရှောင်းကျန့် ငါတို့​တွေ အရင်တုန်းကလို  မ​ကောင်းတဲ့သူ​တွေကို  အပြစ်​​ပေးပြီး အပြစ်မရှိတဲ့သူ​တွေကို    ​ကာကွယ်​ရ​အောင် "


​နေထိုင်လာခဲ့သည့် ကာလတို့တွင်    နက်နက်ရှိင်းရှိင်းတိုင်တည်​မိခဲ့သည့်  ထိုစကားလုံးတို့ဟာ   မနှစ်မြို့စရာ   ဖြစ်လာမယ်မှန်း   မသိခဲ့။
သမာသမတ်ကျ​သော ​​​ရှေ့​နေအဖြစ်သာ  ရပ်တည်သွားနိုင်လိမ့်မည်​ဟု​သော အရင်တစ်ချိန်က အ​တွေးအ​ပေါ် ​​​ရှောင်းကျန့် ပြက်ရယ်ပြုလိုက်မိသည်။ ​  
တတ်ကြွစွာဆို​နေသည့် မုယွမ်နှင့်  အကြည့်မဆုံ​မိ​အောင် အတင်းအကျပ် မျက်နှာလွှဲသည်။
ဥပ​ဒေ​ကျောင်းသား ​ရှောင်းကျန့်ဟာ   သစ္စာတရားကို ​သွေဖည်ခြင်းမရှိ မှန်ကန်​သော လမ်းစဥ်ကိုသာ ​လျှောက်လှမ်းမည်ဟု  ပြတ်သားစွာ  နှစ်လိုအားရ တိုင်တည်ခဲ့ဖူးသည်။
ယခုအချိန်တွင်​​​တော့  လူနှစ်​ယောက်ဟာ  ကံကြမ္မာ  ရထားတစ်စင်းထဲတွင်  အတူ ​ခုတ်​မောင်းခရီးနှင်ခဲ့ရပြီ။
ကံ​ကောင်း​ထောက်မလို့ ဝမ်ရိ​ပေါ် သာ  တရားခံ အစစ်မဟုတ်သည့်အခါ  ​ရှောင်ကျန့်  အမှန်တရား၏ဘက်​တော်သား ​ရှေ့​နေဟူ၍  ​ချီး​မြှောက်ခံရမှဖြစ်သလို  ကံအ​ကြောင်းမသင့်ခဲ့သည်ရှိ​သော် ​ရှောင်းကျန့်အတွက်  ဥပ​ဒေနယ်ပယ်တွင် ​ခြေချစရာ ရှိ​တော့မည်မဟုတ်ပါ။
ရှောင်းကျန့်  ကံကြမ္မာကို  ဝမ်ရိ​ပေါ်ကို ​ရွေးချယ်မည်ဖြစ်ပြီး  ​ရှောင်းကျန့်က​တော့  ဝမ်ရိ​ပေါ်ကို  ​ရွေးချယ်ခဲ့နှင့်သည်။

​"​​​တစ်​​နေရာသွားပြီး စကား​ပြောကြရ​အောင်။
​ကျောင်းတုန်းက သွားခဲ့တဲ့ဆိုင်​လေး  သွားရ​အောင်​လေ။
ငါအဲ့ အရသာကို  လွမ်း​နေတာ၊
ငါ ယူနီ​ဖောင်းလဲတာ  ခန​စောင့်ပေးပါ့လား"

"ယွမ်...
​နောက်တစ်​​ခေါက်ကြုံမှ​ပေါ့  ။
ငါအခု  အချိန်အရမ်းလု​နေရတာမလို့။
​နောက်တစ်​ခေါက်ကျမှ   လိုက်ပို့​ပေးမယ်။"

​ဆိုင်းတွခြင်းမရှိတုံ့ပြန်တတ်သည့်  သူမအကျင့်​ကြောင့်  ​နောက်ဆက်တွဲ  စကားတို့ ကပ်မပါလာခင်  လျှင်မြန်စွာ  ​​​ကျောခိုင်းသည်။
သို့​ပေမယ့်  များများစားစားမလှမ်းရ​သေးသည့်  ​​ခြေလှမ်း​တွေဟာ  သူမ၏ စကား​ကြောင့်  ဒုတိယ အကြိမ်  ​နောက်​ကြောင်းပြန်ရပြတ်သည်။
ယွမ်ဟာ   ဒီချက်ကို  သိလို့  ဒီအကွက်ကို ချပုံပါပဲ။
အယွင်းမခံနိုင်သည့် ​ရှောင်းကျန့်ကသာ  ခဝါချလို့။

"အ​ရေးကြီး ​ပြောစရာရှိတယ်။
ဝမ်ရိ​​ပေါ် အမှု​အ​ကြောင်း"

ငြိမ်သက်လှထဲ  အ​မှောင်ထုကြားမှာ  ​တစ်​ယောက်ထဲ ​ပြေးလွှား​နေရသည်။
ကစားသူတစ်​ယောက်တည်းရှိတဲ့  တူတူပုန်းနည်း။
မုသား​​တွေ​​နောက်  ပုန်းလျှို​နေမလား။
မရိုးသားမှု​​တွေကြား  နစ်မြှုပ်​နေမလား။

~~~~~~~~~~~~~~

​ရှေ့သို့​ရောက်လာသည့်  အ​ငွေ့တ​ထောင်း​ထောင်းထ​နေ​သော   ဟင်းရည်ခွက်​ကို ကြည့်ရင်း     ယွမ်က  က​လေးငယ်တစ်​ယောက်လို  မြူးထူးစွာပြုံးသည်။
အာ​ငွေ့ဖြင့် အသာမှုတ်လို့  အ​အေးခံကာ  အဆက်မပြတ်သုံး​ဆောင်လိုက်သည့်   ဟင်းရည်တစ်ဇွန်းပြီးတစ်​ဇွန်း​ကြောင့်  သူမ၏ နှာထိဖျား​လေး၌ ​​​​ချွေးစတို့ ​​ဝေ့သီလာသည်။

"အရသာ​က​တော့  ရှယ်ပဲ။
ဒါ​ပေမယ့်   အရင်ကထက်  နည်းနည်း​လေးသွားသလိုပဲ။
အဘွားက  အသက်​​တွေကြီးလာလို့များလား"

​​ပြော​နေရင်းပင်    ​ဆိုင်​နောက်​တွင် တကုပ်ကုပ်ချက်ပြုတ်​နေ​သော အဘွားအား  ယွမ် က ကရုဏာသက်စွာ လှမ်းကြည့်သည်။
ကုန်လွန်သွားခဲ့သည့်  အချိန်​တွေ၊
ကာလ၏  ယိုယွင်းတိုက်စား​မှု​တွေနဲ့အတူ
သူတို့ သုံးဦးဟာလည်း  အရင်အချိန်​တွေနဲ့  မတူညီ​တော့မှန်း မုယွမ်  သ​ဘော​ပေါက်ပါသည်။

" ပင်း နဲ့အဆက်အသွယ်ရ​သေးလား"

အတန်ကြာတိတ်ဆိတ်​နေရာမှာ ထုတ်​​​​မေးလိုက်သည့်  ​​ရှောင်းကျန့်​မေးခွန်း​ကြောင့်  စိတ်မသက်သာစွာ  သက်ပြင်း​​မောင်းချသံ  ရရှည်တစ်ခု။
​​နေရခက်သလို  ဟို​ရွေ့သည်​​ရွေ့မျက်စံတို့နှင့်အတူ သူမဟာ  မပီမပြင်  ပြုံးသည်။

"သူနဲ့ငါနဲ့က  ပြတ်ဆဲသွားကြပြီ ။
အခုအချိန်မှာ  ဘာပတ်သတ်မှုမှ မရှိတဲ့ သူစိမ်း​တွေပဲ"

ညိုးငယ်သွားသည့်  မုယွမ်၏ မျက်နှာ အမူအရာ​ကြောင့်  ​ရှောင်းကျန့်  အ​ရည်မရ အဖက်မရ​မေးမိသည့်  မိမိကိုယ်ကိုသာ  ​ဒေါသထွက်မိသည်။
ဥပ​ဒေ ​ကျောင်းတတ်ကတည်းက  တရုန်းရုန်းရှိခဲ့ကြသည့် ​ရှောင်းကျန့်တို့  သူငယ်ချင်း  သုံး​ယောက်ဟာ  လုပ်ငန်းခွင်ဝင်သည်အထိလည်း  အဆက်အသွယ် မပြတ်ရှိခဲ့ကြသည်။
ယွီပင်း အ​​ပေါ်ကိုဆို  တွယ်ကပ်လွန်းသည့် မုယွမ်နှင့်၊
မုယွမ်ကို  ဆတ်ဆတ်ထိမခံသည့်  ယွီပင်းတို့   တွဲသွားကြပြီဟု  အသိ​ပေးလာခဲ့စဥ်က  သိပ်အံ့သြမ​နေ။
တွဲခဲ့ကြစဥ်ကလဲ မိမိအား  အပူတစ်ခုမှ မကပ်ခဲ့သည့် သူတို့နှစ်​ယောက်ဟာ  နှစ်ဦးသ​ဘောပြတ်စဲကြချိန်တွင်လည်း  မိမိအား  တစ်ခွန်းမှ မတိုင်ပင်ခဲ့။

"ပင်းက  UK မှာ အ​ခြေချ​တော့မယ်ပြောတယ်။
သူ နင့်ကို  ဒီနယ်ပယ်မှာ ဆက်ရှိ​စေချင်ပြီး
သူနဲ့မျက်နှာချင်ဆိုင်​တွေ့ရတဲ့အခါမျိုးမှာ  ဝန်မပိ​စေချင်ဘူးတဲ့"

နှစ်သိမ့်ရာများ​ရောက်​စေမလားလို့    ​အ​ကြောင်းအရာတစ်ချို့ကို ​ပြောပြလိုက်​သော်လည်း  မျက်ရည်ကြည်များ​​​ဝေ့တတ်လာသည့်  ယွမ်​ကြောင့်  ​​ရှောင်းကျန့် ပြာသွားမိသည်။

"ယွမ်  နင်အဆင်​ပြေရဲ့လား"

"ဟင့်အင်း
ဒါ​ပေမယ့်  အတူရှိခဲ့ကြတုန်းက ပိုအဆင်မ​ပြေဘူး။
အဲ့ကိစ္စ​တွေထားလိုက်ပါ။
ငါ အ​ရေးကြီး ​ပြောစရာရှိတယ်။
ငါတို့  မ​နေ့ ဝမ်ရိ​ပေါ်ရဲ့အမှုနဲ့ ပတ်သတ်ပြီး  ​သေဆုံးသူကို  ငါတိူ့ အ​လောင်းခွဲစိတ် စစ်​ဆေးခဲ့ကြတယ်။
အစာအဆိပ်သင့်တာ​​​ရော  အဆိပ်မိတဲ့ လက္ခဏာ​မျိုး​ရော အ​တွေ့ခဲ့ကြဘူးလား"

"သမာရိုးကျ ဆုံးသွားတယ်လို့ ​ပြောချင်တာလာ"

"အ​ပေါ်ယံချုံကြည့်ပြီး ​​ပြောရရင်​တော့အဲ့တိုင်းပဲ   ပြင်ပ​ရော  အတွင်း​ရော  ဒဏ်ရာမရှိတဲ့အပြင်  သက်​​​သောင့်သက်သာ  အသက်ထွက်သွားတဲ့ ပုံမျိုး ဖန်တီးခဲ့တာမလို့  ကျူးလွန်သူကို မချီးကျူးပဲ  မ​​နေနိုင်ဘူး။
ဒါ​ပေမယ့်  ​သေဆုံးသူက   လုပ်ကြံ ခံရတာ ကျိန်း​သေတယ်။"

"ဘာလို့ အရမ်း​သေချာ​နေရတာလဲ"

"အဆိပ်ခတ်ခဲ့တာ။
အစာထဲ ထည့်တာမျိုးမဟုတ်ပဲ  အနံ့တစ်မျိုးနဲ့"

ကမ်း​ပေးလာသည့်  ဓါတ်ပုံအချို့ကို  လှမ်းယူလိုက်ပြီး  ယွမ်ကို တစ်လှည့် ဓါတ်ပုံ​တွေကို တစ်လှည့် စူးစိုက်ကြည့်​နေမိသည်။
စီစီတီဗီ  မှတ်တမ်းတစ်ခုက​နေယူထားသည့်   ဓါတ်ပုံထဲတွင်  ဝမ်ရိ​ပေါ်​မောင်း​နေသည့်  ကားတစ်စီးပုံကို ဝမိရိ​ပေါ်မျက်နှာပါ  ရှင်းလင်းစွာ  အတိအကျ ဖမ်းယူထားသည်။
ဓါတ်ပုံထဲမှာပင်  ဝမ်ရိ​​ပေါ်မျက်နှာမှာ  ခက်ထန်တင်းမာ​နေမှန်း ​ပေါ်လွင်​နေသည်။

"Mrs.Wang မ​သေဆုံးခင်  မိနစ် ၃၀ အလိုမှာ  ဝမ်ရိ​ပေါ်  ကပွဲအတွက် ပြင်ဆင်​နေရာက​နေ  အလျင်စလို ပြန်လာတဲ့ပုံကို  စီစီတီဗီ တစ်ခုက​နေ ရိုက်မိထားတာပဲ"

ယွမ် က ပိုင်ပိုင်နိုင်နိုင်​ပြော​နေသ​​လောက် ​​​​ရှောင်းကျန့်က ဘာမဟုတ်သည့် စက္ကူ​လေးတစ်ကတ်လို  အဖျားကို  တဖြတ်ဖြတ်ခတ်ရင်း  ​ဆော့ကစား​နေသည်။

"ဓါတ်ပုံ​လေး တစ်ပုံနဲ့  ဝမ်ရိ​ပေါ်ကို ဆွဲချလို့ ​ရ​လောက်တဲ့အထိ ငါသိတဲ့ဝမ်က  မ​ပျော့ညံ့ဘူး"

"​​​ရှောင်းကျန့် !!!
ငါတို့က အခု အမှုစစ်​နေတာ​​နော်။
အ​ကျော်အ​မော်တစ်​ယောက်ကို  သွားပုတ်​လေလွင့်​ပြောဖို့  သတင်း​ရေး​နေတာဟုတ်ဘူး"

"ငါ​ပြောတာကို ​​ဒေါသမထွက်ပါနဲ့   ငါက  ဝမ်ရိ​ပေါ်က  နင်တွက်ထားတာထက်ကို  အများကြီး    ​မာ​ကျောတယ်ဆိုတာ  အသိ​​​​​ပေးချင်။
ပြီး​​​တော့   ​နောက်တစ်ခါ  နင်ရှာ​တွေ့ထား   အချက်​တွေကို  ငါကိုမ​ဝေမျှ​ပေးပါနဲ့​တော့။
ဘာလို့ဆို ငါက ဒီတစ်​ခေါက်က​တော့   ဝမ်ရိ​ပေါ်ဘက်ကပဲမလို့။
သူဘာ​တွေ ကျုးလွန်ခဲ့ပါ​စေ​ပေါ့။"

ယွမ်က  ဇ​ဝေဇဝါ  အမူအရာဖြင့်  ​ရှောင်းကျန့်အား  မယုံကြည်နိုင်သလို   တအံ့တသြ​ငေး​နေသည်။
သ​ဘော​ပေါက်ပြီးတဲ့​နောက်  သူမဟာ  ​  ​​​ရှောင်းကျန့်၏ ​ပြောင်းလဲမှုအ​ပေါ် လက်သင့်မခံနိုင်စွာ   ယူကြုံးမရစိတ်မှု  ​​ဒေါသအသွင်​သို့ ​ပြောင်းလဲလာသည်။

"​​ရှောင်းကျန့်  !!!
နင်  လမ်းမှားလိုက်​တော့မယ်လို့ဆိုလိုတာလား"

"လမ်းမှားလမ်းမှန်​တော့ မသိဘူး။
ဦးတည်ချက်က​တော့ ဝမ်ရိ​ပေါ်  အန္တရယ် ကင်း​နေဖို့ပဲ။ "

"​ရှောင်းကျန့်  ငါတို့က  နှစ်တွေ အကြာကြီး ​ပေါင်းလာကြတဲ့ သူငယ်ချင်း​တွေ။
တစ်ခါတစ်​လေ  နင်သတိမမူမိလိုက်ခင်မှာပဲ ငါတို့ ရိပ်မိလိုက်တဲ့အရာ​တွေရှိတယ်။
​ရှောင်းကျန့် နင် အခုထိ  အဲ့အတိတ်က​နေ ရုန်းမထွက်နိုင်​သေးဘူးလား။"

သူမ၏  ဆို့နင့်နင့် စကားအဆုံး  ပေါင်​​ပေါ်သို့  ယှက်တင်ထားသည့် လက်တို့မှာ တုန်ရင်လာရသည်။
​ခြောက်​သွေ့လာသဘ့် လည်​ချောင်း​ကြောင့်  တံ​တွေးမျိုချမိသည်က အကြိမ်ကြိမ်။

"ရုန်းမထွက်နိုင်​သေးဘူးလား။
ဒီ​လောက်နှစ်​တွေကြာ​နေခဲ့တာကို။
​ရှောင်းကျန့်  နင်   အခုထိ  ဆုပ်ကိုင်​ထားတုန်းပဲလား"

.
ရင်ဘက်​ပေါ်  ဖိသိပ်တင်လိုက်သည့်  လက်တစ်ဖက်​က  နှလုံးအိမ်၏  ​ဝေဒနာကို  ​ချွေးသိပ်ဖို့ ရည်ရွယ်သည်။
ကိုယ့်အနှံ့စီးဆင်းရာ သွေး​ကြော တစ်မျှင်းချင်းစီကို   ဓါးတစ်လက်ဖြင့်  တိခနဲ  ဖြတ်လိုက်​တော့   ခန္ဓာဟာ ​ခွေကျသွားမိ​​တော့မည်။


"ဝမ်ရိ​ပေါ်  အနားရှိ​နေရတဲ့  တကယ့် အ​ကြောင်းပြချက်က  ဘာလဲ ။"

တုန်တုန်လှုပ်လှုပ်  ယွမ်ကို   ​ငေးကြည့်မိသည်။
သူမ၏  မျက်နှာ​ပေါ်တွင်လည်း မျက်ရည်စတို့ဖြင့်။
သည်   ​ခြောက်ခြားဖွယ်  အ​ခြေအ​​နေကြီးကို ဘယ်သူ စတင် ဖန်တီးလိုက်တာပါလိမ့်။
​ရှောင်းကျန့်  ပင်း​ အ​ကြောင်း ​ပြောတုန်းက များလား။
ယွမ်က  ဘာရည်ရွယ်ချက်နဲ့ သည်အတိတ်ဆိုးကြီးကို ပြန်တူး​ဖော်ရတာလဲ။

"သူတို့နှစ်​ယောက်က အရမ်း တူလွန်းလို့မလား။
ဝမ်ရိ​​ပေါ်ကို  ကျိန်း​သေ​ပေါက် ကာကွယ်​ပေးချင်​ရတဲ့အ​ကြောင်းက      ​​ယောင်း ​ကြောင့်မလား"


​ယောင်းဆိုသည့်  နာမ​ကြောင့် ​  ​ရှောင်းကျန့်  ကိုယ်က ​သွေးတို့ဟာ ​ပြောင်းပြန်စီးဆင်းသွားရသည်။
ခုန်​ပေါက်​နေသည့် နှလုံးသား၏  နှိုး​ဆော်ချက်​ကြောင့်   ဦး​နှောက်က  ရင်ကွဲဖွယ် ဖြစ်ရပ်အချို့ကို   လှစ်ဟပြသည်။
ဒီအတိတ်ဆိုး​တွေဟာ  ​​​ရှောင်းကျန့်အတွက်  လွတ်​မြောက်ဖို့  မထိုက်တန်သည့်  ကျိန်စာတစ်ခု။
အခါသင့်ရင်  သင့်သလို စိတ်ဝိဥာဥ်ကို ​​ချေမွလို့   ဘဝကြီးကို  အပြစ်​တွေဖုံး​စေ​သည်။
စားပွဲခုံကို ​ လက်​ထောက်အားပြုကာ ထလို့   ​ယောင်လည်လည်​ခြေလှမ်း​တွေက  အပြင်ဘက်သို့ ဦးတည်သည်။
တယုတယ  စု​ဆောင်းထားသည့်   အမှုနှင့်ပတ်သက်သည့် ဖိုင်အချို့ကို  ရင်တွင် ​ထွေးပိုက်ရင်း   မုယွမ်၏  ​အော်ဟစ်သံအချို့ကို  မကြား​ယောင်ပြုလို့။

"ယွမ် ...
ငယ်ငယ်တုန်းက ဖတ်ခဲ့ရတယ့် ရန်ရှ မင်းက​တော် ပုံပြင်ကို မှတ်မိလား။
သူမက  လူဆယ်​ယောက်သတ်ဖို့ ကြံစည်ထားပေးမယ့်လည်း ငါး​ယောက်​​မြောက်သတ်ပြီးတဲ့ညမှာ သူ့​ယောက်ျားက   သူမမသတ်တာ  သူယုံကြည်တယ်လို့   ​ပြောပြခဲ့တယ်။
အဲ့​နောက်ပိုင်းမှာ  ၆ ​ယောက်​မြောက် ​သေဆုံးသူဆိုတာ ရှိမလာခဲ့​​​တော့ဘူး။
ယွမ်  လူဆိုတာ ဘယ်​လောက်ပဲ ဆိုးသွမ်းပါ​စေ  တစ်စုံတစ်​ယောက်ရဲ့  ယုံကြည်ခြင်းကို​တော့ ခံလိုကြတာပဲ"

မုယွမ်က ​ခေါင်းမာစွာ ငြင်းဆို​နေဆဲပဲ။
​ရှေ့​နေတစ်​ယောက်ဟာ ထိုသို့  မလုပ်သင့်​ကြောင်း​ဖျောင်းဖျ​နေဆဲပဲ။
တကယ်​တော့  ​​ရှောင်းကျန့်ရဲ့ ဆန္ဒဟာ  ဝမ်ရိ​ပေါ်ကို ယုံကြည်မယ့် တစ်စုံတစ်​ယောက် ဖြစ်ချင်ရုံသာ။

~~~~~~~~~~~~~~

ကုတင်​ပေါ်တွင် လှဲ​လျောင်း အိပ်စက်​နေသည့်  Clara ၏ ပုံပန်းကက  သိပ်ကို အကျည်းတန်လှသည်။
အရူးတစ်​ယောက်လို  ​အော်ဟစ်ငို​​ကြွေး​နေသည့်  ညတို့​ကြောင့် မျက်တွင်းတို့ဟာ  ချိုင့်ဝင်​နေသည်။
အစာ​ရေစာ  မဝင်သည့်  သူမအသားအ​ရေဟာ မွဲ​ခြောက်​​နေသလို  အရိုး​​ပေါ် အ​ရေတင်​နေသည်။
​​​ခေါင်းရင်းစားပွဲ​ဆီမှ  ရိ​ပေါ်ဖွင့်ထားသည့် Mary-Gold-Round of life က ​တေးသွားက စည်းချက်ညီညီ ထွက်​ပေါ်​လို့။
ထို​​တေးသွားဟာ ဘဲ​လေးတစ်​ယောက်အဖြစ် ​​လေ့ကျင့်ပြီဆိုကတည်းက အကြိမ်ကြိမ်  ကခုန်ခဲ့ရ​သော ​တေးသွားဖြစ်သည်မလို့ ဘဲ​လေးအကမယ် တစ်​ယောက်၏  ဘဝမှတ်တိုင်တစ်ခုဟာထို​​တေးသွားက စသည်။
Clara ဟာ သံစဥ်ကို ကြားကြားချင်း   ​အော်ဟစ်​ပေါက်ခွဲလို့  ​​သောင်းကြမ်း​ပေမယ့်  ခနအကြာတွင်  ရှိုက်ကြီးတငင်ငို​ကြွေးပြန်သည်။
​နောက်ဆုံး  သူမဟာ  သူမ၏  ​ခြေ​ထောက်အစား ​နေရာယူထားသည့်  စတီး​ချောင်းတို့ကို  ​​စောင်ဖြင့် လိမ့်ကာပတ်လို့   ​သေသပ်​လှပ​သော လက်ဟန်ဖြင့်   Mary-Gold ကကွက်ကို ​သေသပ်လှပစွာ  ကခဲ့သည်။

"သခင်​လေး  ပန်းခြင်း​တွေ အပြင်ထုတ်လိုက်ရမလား"

Clara ၏ မ​တော်တဆမှုကို ကြားပြီးပြီးချင်း  အလျှိုလျှို​ရောက်လာသည့်  ပန်းခြင်း​တွေ၏ ​နောက်တွင်  ကိုယ်တိုင်ကိုယ်ကျ လာ​ရောက်​မေးမြန်းသူ တစ်​ယောက်မှ မရှိ။
Swan Queen  အဖြစ် ​ကြေညာခဲ့စဥ် Clara  အနားတွင်  ရှိန်ပိန်ဖွင့်​ဖောက်  ဂုဏ်ပြု​ပေးခဲ့သည့်  လူထုတစ်စုဟာ  အခုလက်ရှိတွင်​တော့  ပန်း​လေးတစ်ခြင်း၊
ဝမ်းနည်း​ကြောင်း ကတ်​​လေးတစ်ကတ် ပို့​ပေးကြရုံသာ။

"သခင်​လေး  အရမ်းကုတ်လိုက်တာ  ​သွေး​​တွေ​တောင် စို့ကုန်ပါပြီ။
ကျွန်​​တော် ​ဆေးသွားဝယ်ပြီး ပြန်လာပါ့မယ်"

အိမ်​တော်ထိန်းကြီးရဲ့  ကပြာကယာ  အမူအယာ​ကြောင့် ရိ​ပေါ် မိမိလက်ဖမိုးကို ပြန်ကြည့်မိရာ လက်သည်း​ကြောင်းရာအလိုက်  ​သွေးစို့​နေသည်ကို ​တွေ့ရသည်။
ခြင်းထဲတွင် ပါသည့် လီလီပန်း   ဝတ်ဆံနှင့် ရိ​ပေါ်မှာ  ဓါတ်မတည့်တာ​ကြောင့်  အကွက်ကွက်ထ​လာ​သော အသားအရည်​ပေါ်တွင် ကုတ်ရာ ဗလပွဖြင့်။
​ဆေးအ​ပြေးအလွှားသွားယူ​​ယော  အိမ်​​​​​တော်ထိန်ကြီးမှာ အခန်းတံခါကို  စိရုံသာ ပိတ်ခဲ့တာမလို့  ပြန်ထပိတ်ရင်း  အပြင်​လျှောက်လမ်းဆီသို့ မရည်ရွယ်ခင်​ရောက်သွားမိသည်။
မနက်စာစား​နေရင်း သတိရ​နေပြီဖြစ်​ကြောင်း  အသိ​ပေးလာသည့်  ဖုန်း​ကြောင့်   ​ဆေးရုံး​ရောက်လာခဲ့သည့်  အချိန်မှစ၍  ​နေ့လည်  ထမင်းစားချိန်​ကျော်လွန်​နေသည်အထိ  ဝမ်ရိ​ပေါ်ဟာ ထို​ဆေးရုံခန်းထဲမှ တစ်ချက်​မ​ရွေ့။
Clara ၏  ကယောင်ကတမ်း  စွတ်စွဲချက်​အ​ပေါ်  ဝမ်ရိ​ပေါ်ဟာ အ​တွေးများရသည်။
တစ်​ခေါက်လဲ သူက ဘယ်လိုပတ်သတ်ရပြန်တာလဲ ဆိုသည်ကို  ကာယကံရှင်ပင်မသိ​တော့။
​နေ့လည်စာမစားရ​သေးသည်မလို့  ဟာ​နေ​သော ဗိုက်သည်  ခနခန အချက်ပြ​နေ​​ပေမည့်   ​ဆေးရုံအနီးအနားက  အစားအ​သောက်တို့ သူလို  အ​လေးချိန်ထိန်းစားရသည့်  လူတစ်​ယောက်အတွက်  မသင့်​တော်။
​ဆေးရုံဝန်းထဲ ဖြစိသည်မလို့  ​ဆေးလိပ်မ​​​သောက်ရ နယ်​မြေကို ​ကျော်လွန်၍  ပန်းခြံအတွင်းရှိ  ခုံတန်းတစ်ခု​ရှိရာသို့  ခရီးဆက်သည်။
ဝမ်ရိ​ပေါ်ကို  ​​ဆေးလိမ်း​​ပေးဖို့ ရှာ​​နေမည့်  အိမ်​တော်ထိန်းကြီး အ​ကြောင်း​​တွေးမိ​တော့  အနည်းငယ်​တော့ စိတ်ပူမိသည်။
အမြဲမ​​​သောက်ဖြစ်​ပေမယ့်  အကျင့်တစ်ခုလို  ​ဆောင်ထားတတ်သ ည့်  ဘယ်ဘက်အိတ်ကပ်ထဲမှ Treasurer Cigarette ကို မီးညှိလိုက်​တော့ ထ​တောက်လာသည့်  မီးဟုန်နဲ့အတူ  သိမ်သိမ်​မွေ့​မွေ့ပြန့်ပြယ်လာသည့်  မီးခိုး​​ငွေ့တို့က  အစ သိမ်သိမ်​မွေ့​မွေ့။
Luxury  ​တွေဟာ ဘာ​ကြောင့် သူမတူရတာလဲဆို  တို​တောင်းတဲ့ အချိန်ကာလတစ်ခုဆိုရင်​​​တောင်  ပြည့်ဝ​သော  စိတ်​ကျေနပ်မှု​ပေးစွမ်းနိုင်သည်။
တစ်လိပ် 39$ နီးပါးရှိသည့်  ​ cigarette ဟာ​ ​နောက်ဆုံး မီးသင့်ကာပြာမှုန်​ အဖြစ်​ပြောင်းသွားရမည်ဆို​ပေမယ့်   အဆုပ်ထဲထိ ရှူသွင်းလိုက်တိုင်း  အူကလီစာတို့ကို  ဖြတ်တိုက်သွားသည့် သိမ့်​မွေ့မှုကို  ရိ​ပေါ်  အရမ်းကိုမှ  နှစ်မြို့လှသည်။
​လေကိုဆန်လို့ မှုတ်ထုတ်လိုက်သည့် အ​ငွေ့​တွေကိ  မိမိမျက်နှာသိူ့ ပြန်လာည်ရိုက်ခတ်သည်။
မျက်နှာချင်းဆိုင် ကားပါကင်တွင်  ထိုးရပ်သွား​​​သော ကားတစ်စင်း။
ထိုကားဟာ ​ရှောင်းကျန့်ရဲ့ကားဖြစ်မှန်း လူမဆင်းလာခင်ကတည်းက ရိ​ပေါ် သိပြီးသား။
​အ​လောတလျှင်း  ​ဆေးရုံဝင်းထဲသို့  ဝင်လာသည့်  ​ရှောင်းကျန့်ကို  ရိ​​ပေါ် ​ဆေးလိပ်ဖွာရင်း  ​​အေးစက်စက်လှမ်းကြည့်​နေသည်။
တစ်ဖန် ကားရှိရာသို့ ​နောက်​​ကြောင်းပြန်လှည့်လာသည့် ​​ရှောင်းကျန့်က တစ်စုံတစ်ခုကို ​မေ့၍ ပြန်လာယူဟန်။
​​နောက်ခန်းဆီမှ ထုတ်ယူလာသည့် ခပ်ကြီးကြီး လီလီ  ပန်းစည်းမှာ  ဝမ်ရိ​ပေါ် ​သွေးတက်ချင်သွားရသည်။
​ခြေတံရှည်​တွေဖြင်ွ  ခက်သွက်သွက်  ထွက်သွားပြန်သည့် ​​​ရှောင်းကျန့်က သစ်ပင်​တွေ၏ အကာအကွယ်​​ကြောင့် ရိ​​ပေါ်အား မ​တွေ့​​ပေ။

​ရှောင်းကျန့် လုပ်သမျှကို ​ငေး​နေမိစဥ်ကာလအတွင်း  မ​သောက်ဖြစ်လိုက်သည့် cigarette က လက်သည်း တစ်ဆစ်စာ  ပြာ​တောင့်​ဖြင့် ​စောင့်ဆိုင်း​နေသည်။
တစ်ဖန် ထပ်ရှိုက်လိုက်​သော အ​ငွေ့တို့နဲ့အတူ ရိ​​ပေါ် Treasurerကို မြန်မြန်ကုန်သွား​စေချင်မိတာ သည်တစ်​ခေါက် ပထမဆုံးပင်။

"ရိ​ပေါ်"

အ​နောက်ဘက်ဆီမှ  ​ခြေသံကို သတိမထားလိုက်မိခင်  အသံတစ်ခု ထွက်​ပေါ်လာ​တာ​ကြောင့်  လန့်သွား​ပေမယ့်  မျက်နှာထားက​တော့ အံ​သေ​နေဆဲ။

"ကား​​ပေါ်က ဆင်း​တော့​တွေ့တာ  ရိ​ပေါ်မဟုတ်​လောက်ဘူးထင်​နေတာ"

​ပြောရင်းဆိုရင်း  ဝင်ထိုင်လာသည့် ​​ရှောင်းကျန့်က သူ၏ ပန်းစည်းကြီး  ရိ​ပေါ်လက်တစ်ဖက်အား ဖိထားသည်ကို  သတိမထားမိ။

"ကျစ်"

အလိုမကျသလို  ကျစ်တစ်ချက်သက်လို့  ​ထိုင်​​​​နေရာမှ မတ်တပ်ထ​တော့ ​ကြောင်အမ်အမ်ဖြင့်ကြည့်လာသည်။

"အတူတူ မထိုင်ချင်လို့လား"

အထင်မလွဲ​​အောင် ရှင်းပြတာဟာ ဝမ်ရိ​ပေါ်၏  စတိုင်မဟုတ်။
သူထင်ချင်သလို  ထင်ပါ​စေ  ကိုယ့်ကိစ္စမှ မဟုတ်တာပဲ။
မိမိ​​နောက်က  သူပါ မတ်တပ်လိုက်ရပ်​တော့  အကွာအ​ဝေးတစ်ခုထိ ချဲလိုက်သည်။
​နောက်က ကပ်ကပ်ပါ​အောင်လိုက်လာသည့် ထိုလူက လက်ရဲဇတ်ရဲ့ဖြင့်  ကုတ်ခြစ်ထားသည့် လက်တို့အား  ဆွဲယူလို့ကြည့်သည်။

"အလက်ဂျစ်လား။
ဘာစားမိလို့လဲ"

မျက်​စောင်းထိုးလို့ လက်ကို ပြန်​​ဆောင့်ယူ​တော့ ထိုလူက မျက်​မှောင်ကြုတ်သည်။

"ထပ်ပြီး ခင်များ ကိစ္စပဲလား။"

မှဲ့နက်၏  ခိုနားရာ  နှုတ်ခမ်းပါး။
ထိုအရာက ​ကွေးညွတ်လို့  ခပ်လွင်လွင်ပြုံး​တော့  ရိ​ပေါ်လက်ထဲ ​ဆေးလိပ်မီးပြာ ဘယ်​လောက်ရှည်​နေပြီမှန်း ဂရုမစိုက်ချင်​တော့။

"ဝတ်မှုန်နဲ့ ဓါတ်မ​တည့်တာလား"

ပါးစပ်ထဲ​တွေရာ မှန်းလို့   ပြောလိုက်သည်လား၊
အကွက်ကျကျ​တွေး​ခေါ်လို့ ​ပြောလိုက်သည်လားမသိ။
​ရှောင်းကျန့်နားသို့ တစ်လှမ်းဆီ ပြန်တိုးကပ်သွားလိုက်သည်။
ရိ​ပေါ်အနား​ရောက်သည်နှင့် ပန်းစည်းကို အ​နောက်ပို့လိုက်သည့်  ​ရှောင်းကျန့်က

"မတည့်ဘူးမလား  ​ဝေး​ဝေး​နေ​လေ"

"ပန်း​တွေဝယ်လာတာ  သူမကို ​ပေးဖို့လား"

"အင်း လမ်းမှာ  ကြုံလို့​လေ"

"လီလီပန်းကို  ​ရွေးတာ  ခင်များ သ​ဘောကျတဲ့ပန်းမလို့လား"

"မဟုတ်ဘူး။
ရိ​ပေါ်နဲ့မတည့်တာ လီလီပန်းလား  ​နောက်တစ်ခါ လုံးဝ မထိတော့ဘူး"

​ကျေနပ်မိ​သော ခံစားချက်​ကြောင့် ရိ​ပေါ်က ​ရှောင်းကျန့် မျက်ဝန်း​တွေထဲ နစ်ဝင်​နေ​အောင်ကြည့်သည်။
အ​နောက်သို့  ဝှက်ထားသည့် ပန်းစည်းကို   ပြန်ဆွဲယူရင်း ပွင့်ချပ်တစ်ခုကို ​​ခြွေကာ  လက်ကြားတွင်  ညှပ်ထား​သော  cigarette ဖြင့် ဖိကပ်လိုက်​သည်။
ညိုးကျလာသည့် ပွင့်ချပ်ဟာ  နွမ်း​ခွေလာပြီး  အချိန်တစ်ခု အကြာတွင်  အလယ်ဤ  ကျွမ်းရာ အ​ပေါက်တစ်ခု​ပေါ်လာသည်။
​​နောက်တစ်ပွင့်အား ​ခြွေမည်အလုပ် ​လက်​ကောက်ဝတ်အား ဖမ်း​ကိုင်လာ​​သော  ​ရှောင်းကျန့်​ကြောင့်  လုပ်​ဆောင်မှုတို့ ရပ်တန့်သွားရသည်။

"ဖျက်စီးပစ်ချင်တာမလား။
ကိုယ့်တာဝန်ထားလိုက်"

"​ရှောင်းကျန့်  ကျွန်​တော်နဲ့ပတ်သတ်ပြီး ဘယ်နှခု​လောက် သိချင်တာလဲ"

"အင်း အရာအားလုံးပဲ"

"ကျွန်​တော်​ပြောတာနား​ထောင်ပါ။
ခင်များ​​နောင်တရလိမ့်မယ်"

"ကိစ္စရှိဘူး"

Hide and Seek

အနာဂတ် ရဲ့မိုးကုတ်စက်ဝိုင်းမှာ 
ဘဝကို ​ထပ်တဲ့​လောင်း​ကြေးတစ်ခု။
သူဟာ တူတူပုန်းကစားနည်းရဲ့  အလွတ်ရပြီးသား  ကဗျာ​​​လေးကို  အ​ကြောက်တရား​တွေကြားက အဆက်မပြတ် ရွတ်​နေမိတယ်။
သူ့ကို  အသည်းအသန်ရှာ​ဖွေ​နေတဲ့   ဒုက္ခ​တွေများ  ဖမ်းမမိသွား အသက်ပြင်းပြင်း​တောင် မရှူရဲပဲ  ပုန်း​ကွယ်​နေရင်း။
ရင်ထိတ်ဖွယ် ကစားနည်းတစ်ခု။

TBC ♡

Hide and Seek က arc  ​နောက်တစ်ခုကျန်ပါ​သေးတယ်။
အရမ်းရှည်​နေလို့။

Zawgyi

Ding...Dong...
မင္း ငါရဲ႕ ​ေအာ္ဟစ္သံ​ေတြကို ၾကား​ေနရမွန္းငါသိပါတယ္။
တံခါး​ေလးဖြင့္လို႔  မႀကိဳဆိုလွည့္​ေတာ့ဘူးလား။
ငါတို႔ အရင္ကလို  စိတ္ဝင္စားစရာ ကစားနည္း​ေလးတစ္ခု ကစားၾကမယ္​ေလ။
Ding...Dong...
စၾကၤန္တစ္​ေလွ်ာက္ ​ေျခသံ​ေတြကို က်ယ္​ေလာင္စြာ​ၾကား​ေနရတယ္။
မင္းရဲ႕ အ​ေၾကာက္တရား​ေတြကို  ဝမ္းသာစြာ ခံစားမိတယ္​။
အခုမွ ထြက္​​ေျပးမယ္ဆိုရင္ လြတ္​ေျမာက္ဖို႔ ​ေနာက္က်သြားခဲ့ၿပီ။
ျပတင္း​ေပါက္ဆီကို အလန့္တၾကား​ၾကည့္​ေနတဲ့ မင္း။
ငါတို႔ အခု​ေလးတင္ပဲ အၾကည့္ခ်င္းဆုံ သြားခဲ့ၿပီ။
တူတူပုန္းတိုင္း ကစား​နည္း​
ငယ္စဥ္ကတည္းက အကြၽမ္းတဝင္ ရွိခဲ့တယ္။
ပုန္းကြယ္ရင္း ပုန္းကြယ္ရင္း  မင္းကို  တစ္စုံတစ္​ေယာက္မွ  မ​ေတြ႕နိုင္​ေတာ့သည္ အထိ။

~~~~~~~~~~~~~~~~~~

တရား႐ုံး​ အ​ေဆာက္အအုံေရွ႕   က်ယ္ျပန့္မတ္​​​​ေစာက္တဲ့  ​ေလွကားထစ္​ေတြကို  ေရွာင္းက်န့္က   ခပ္သြက္သြက္​​ေက်ာ္လႊားလို႔  ဆင္းသည္။
လက္​ေမာင္းၾကား  ​ေပြ႕ပိုက္ထားသည့္  အထပ္လိုက္​ေသာ ဖိုင္တို႔မွာလဲ မနိုင္မနင္း။
​ေျခတံရွည္တို႔ျဖင့္  တရိပ္ရိပ္ ျဖတ္​ေက်ာ္လာမိခဲ့သည့္ ​​ေလွကားထစ္တို႔က သည္​ေန႕မွ ပိုမ်ား​ေနသ​ေယာင္။
​ေက်ာင္းတုန္းက ရင္းႏွီးခဲ့သည့္  စီနီယာတစ္​ေယာက္ထံတြင္ အကူအညီ​ေတာင္းထား​ေသာ  ဝမ္ရိ​ေပၚ၏  အမႈႏွင္ ပတ္သက္သည့္ စာ႐ြက္စာတမ္းမ်ားကို  ဒီ​ေန႕ ႐ုံးခ်ိန္းအၿပီးတြင္ စီနီယာက ​​ေပးလိုက္သည္မလို႔ ​​ေရွာင္းက်န့္လက္ထဲတြင္ ​မ်ားစြာ​ေသာ ဖိုင္တို႔ျဖင့္။
အဆက္အသြယ္ ​ေကာင္း​ေတြရွိသည့္ စီနီယာက  ​ေရွာင္းက်န့္တို႔ သမာရိုးက် လ​ေပါင္းရွည္ၾကာစြာ စု​ေဆာင္းထားသည့္ အခ်က္အလက္​ေတြထက္ ပိိုသာ​ေသာ အခ်က္အလက္​ေတြကို  အခ်ိန္တိုအတြင္း ရရွိနိုင္သည္။
ဝမ္ရိ​ေပၚ၏ အမႈႏွင့္ ပတ္သတ္၍  အရင္တာဝန္ခံ​ေရွ႕​ေန လႊဲေျပာင္း​ေပးခဲ့​ေသာ အခ်က္အလက္တို႔မွာ  ျပည့္ျပည့္စုံစုံ ျဖစ္​မ​ေနခဲ့တာမလို႔  ​ေရွာင္းက်န့္  အ​ေတြးမ်ားရျပန္သည္။
​​ယခု   ​​ေရွာင္းက်န့္ လက္ထဲတြင္  ဆုပ္ကိုင္ထား​ေသာ  စာ႐ြက္တို႔ဟာ  ​ဝမ္ရိ​ေပၚ အျပစ္ကင္း​ေၾကာင္း  အ​ေထာက္အထားတို႔လဲ  ျဖစ္နိုင္သလို  လြဲ​ေခ်ာ္စြာ  တရားခံျဖစ္​ေၾကာင္း ထင္ရွား​ေစ​ေသာ  အလီဘိုင္ တစ္ခုအ​ေနနဲ႕  ျဖစ္သြားနိုင္သည္။
ထိတ္ခနဲ ပူပန္​သြား​ရ​ေသာ စိတ္အစဥ္နဲ႕အတူ  ေရွာင္းက်န့္ မိမိ​၏  လြန္လြန္က်ဴးက်ဴး အ​ေတြးမ်ားမႈ​ေၾကာင့္  တင္းက်ပ္စြာ ဆုပ္လိုက္မိ​ေသာ  လက္သီးဆုပ္နဲ႕အတူ  ျပစ္ဒဏ္အ​ေနျဖင့္ လက္သည္းစတို႔ကို  လက္ဖဝါးအသားႏုတို႔  နာက်င္လာသည္အထိ နစ္ဝင္​ေစလိုက္သည္။
ဝမ္ရိ​ေပၚဟာ တရားခံပါလို႔  ​ေတြးၾကည့္႐ုံနဲ႕တင္ ​ေရွာင္းက်န့္ဟာ  မြန္းက်ပ္ျခင္းနဲ႕အတူ  မလိုလားအပ္သည့္ ​ေဒါသတရားတို႔​ေၾကာင့္  ျမင္ျမင္သမွ် အ​ေပၚ အျပစ္ပုံခ်မိျပန္သည္။
ကာယကံရွင္ ကိုယ္တိုင္က တိတိက်က် ဝန္ခံထားျခင္း မရွိ​​​ေသာ  အမႈတစ္ခုျဖစ္တာ​ေၾကာင့္  ထင္ျမင္ခ်က္ပင္ ​ေရ​ေရရာရာ  သုံးသပ္မရ​​ေသးသည့္အခါ  ​ေရွာင္းက်န့္ရဲ႕ တဇြတ္ထိုး ခံယူခ်က္တို႔ဟာ  မိုက္႐ူးရဲမ်ား ဆန္​ေန​ေလမလား။
လက္ရွိ သက္​​​ေသ ​အ​​ေနအထားအရ    ဝမ္ရိ​ေပၚသာ တရားခံျဖစ္​ေၾကာင္း တစ္ဖက္ပိတ္ လူတို႔၏  အျမင္​ေတြအ​ေပၚ  ​ေရွာင္းက်န့္  သဘာဝလြန္ ျဖစ္ရပ္တစ္ခုကဲ့သို႔  ​ေမွာ္ဂါထာ တစ္ခုကို သာ ႐ြတ္ဆိုလို႔   အ​ေျခအ​ေနတို႔အား ​ေျပာင္းလဲပစ္လိုက္ခ်င္​ေတာ့သည္။
​ေရွ႕​ေနတစ္​ေယာက္၏  ဝတၱရားဆိုသည့္  အ​​ေပၚယံၿခဳံလႊာတစ္ခု​ေအာက္ ပုန္းလွ်ိုးမိ​ေနသည့္ မရိုးရွင္း​ေတာ့သည့္  ခံစားခ်က္တို႔​ေၾကာင့္ ​ ဒီရက္ပိုင္းအတြင္း သိပ္ကိုမွ ပင္ပန္းလွပါသည္။
မိမိကိုယ္ကိုကိုယ္ ဆန္းစစ္ၾကည့္မိတိုင္း  မ​ေရရာသည့္  ​ရလဒ္တို႔ႏွင့္သာ ​ေယာင္လည္လည္း ျဖစ္ရျပန္သည္။
ရိုးရွင္းစြာ အ​ေျဖထုတ္ၾကည့္လွ်င္  ဝမ္ရိ​ေပၚဘာ​ေတြပဲ က်ဴးလြန္ခဲ့ပါ​​ေစ ​ေရွာင္းက်န႔္က    ကာကြယ္​ေပးရန္  ဆုံးျဖတ္ခဲ့ၿပီးသား။
ဝမ္ရိ​ေပၚဟာ  အျပစ္မ်ားလြန္းသည့္ ​  လူတစ္​ေယာက္  ျဖစ္​​ေန​ေပသည့္တိုင္  သည္လို ရက္စက္သည္  ရာဇဝတ္မႈမ်ိဳး​ျဖင့္ေတာ့   မပတ္သက္​ေစလိုပါ။
ဝမ္ရိ​ေပၚဟာ ဆိုးသြမ္း​လြန္း​သည္မွ မွန္​ေပမယ့္     အျပစ္ကင္းစင္​ေၾကာင္း  ​ေရွာင္းက်န့္    အႂကြင္းမဲ့ယုံၾကည္သည္။
​အကယ္၍  ထိုလူသားဟာ  ကံအ​ေၾကာင္းမသင့္စြာ တရားခံျဖစ္ခဲ့ရင္​ေတာင္  ​ေရွာင္းက်န့္ တစ္ခ်က္မ​ေတြ​ေဝပဲ  ဘဝတစ္​ေလွ်ာက္လုံး  သစၥာခံလာခဲ့​ေသာ   ဥပ​ေဒတို႔အား ခ်ိဳး​ေဖာက္ပစ္ဖို႔ အထိ  သတၱိရွိပါသည္။
ထက္ျမက္သည့္  ဥပ​ေဒ​ေက်ာင္းသား  ေရွာင္းက်န့္ဟာ  မွန္ကန္စြာ  ​ေျဖာင့္မတ္တတ္ဖို႔ သင္ၾကားခဲ့ဖူး​ေပမယ့္    တစ္စုံတစ္​ေယာက္သာဆို ခြၽင္းခ်က္မရွိ   ရဲရင့္စြာ  မိုက္႐ူးရဲဆန္ၾကည့္ ခ်င္ပါသည္။
​​​သို႔ေပမယ့္    ကာယကံရွင္ ဝမ္ရိ​ေပၚဟာ  ​တရားခံအ​စစ္အေၾကာင္း​ေမးမိတိုင္း   ပ​ေဟဠိလို  မ်က္ဝန္း​ေတြနဲ႕ ​ေငးၾကည့္တတ္တဲ့အခါ၊
တစ္ဖက္စြန္း​​ေရာက္သြားသည့္  ယုံၾကည္ခ်က္တို႔အား  ဖြင့္ဟမိ​ေတာ့  ေလွာင္ရိပ္သန္းသလို    အၿပဳံးမ်ိဳးျဖင့္ ၿပဳံးတတ္သည့္ အခါ ​  ေရွာင္းက်န့္ဟာ    ပုံစံအမွန္မသိ​​​ေလာက္​​ေအာင္ကို   ပုန္းလွ်ိုတတ္လြန္းသည့္  ဝမ္ရိ​ေပၚ၏    ကစားနည္း​တြင္  လြန္ဆန္နိုင္ျခင္းမဲ့ ခဲ့ရၿပီး။

"​​ေရွာင္းက်န့္!!"

​​​​ေခၚသံတစ္ခု​ေၾကာင့္    ​​ ​​ေလွကားထစ္တို႔အား  အဆုံးသတ္ခါနီး  ​ေရွာင္းက်န့္၏  ​​ေျခလွမ္းတို႔ဟာ  ရပ္တန့္သြားရသည္။
အသံလာရာ လွည့္ၾကည့္မိတဲ့​ေနာက္  သူမဟာ  ​ေရွာင္းက်န့္ရွိရာသို႔ ခပ္သြက္သြက္​ေျပးဆင္းလာသည္။
ပါးစပ္မွလည္း ​​ ေစာင့္​ေနဖို႔ တဖြဖြ   ဆို​ေနသံနဲ႕အတူ   ​ေလွကားထစ္​ေတြ တစ္​ေလွ်ာက္ ဆူညံသြားရသည့္  တရားခံက သူမ၏ ​ေျခ​ေထာက္တြင္  ဆင္ျမန္းထား​ေသာ အဖ်ားခြၽန္ခြၽန္​  point ​​​ေဒါက္။
​ေလွကားထစ္တို႔အား     အလွ်င္စလို​  ဆင္းေနသည့္   ​သူမ​ေၾကာင့္   ေရွာင္းက်န့္      ​​​ေနာက္​ေၾကာင္းျပန္လွည့္လိုက္​မိ​ေသာ အလွမ္းက်ယ္က်ယ္ ​ေျခလွမ္း ႏွစ္လွမ္းအဆုံးမွာ  သူတို႔ဟာ တစ္ညီတည္း​ျဖစ္​သြားသည့္  ​ေလွကားတစ္ထစ္တြင္ ​ ယွဥ္တြဲရပ္လ်က္ ရွိၾကသည္။


"ထြက္သြားတာ ျမန္လိုက္တာ ငါ တရားခြင္ ၿပီးၿပီးခ်င္းလိုက္လာတာကို မမွီဘူး"


​ေမာဟိုက္​ေနသည့္ သူမဟာ   ​ခါး​ကိုေထာက္လို႔  ျပင္းထန္စြာ အသက္ရႉ​ေနသည့္ ၾကားက  ​ေျပာသည္။
တြဲဖက္မျမင္တာ အခ်ိန္ၾကာခဲ့ၿပီ ျဖစ္သည့္ သူမႏွင့္ အမႈစစ္ ယူနီ​ေဖာင္းဟာ  အလြန္မွ လိုက္ဖက္လြန္းလွသည္။
နားဖုံး႐ုံ  တိုကပ္ကပ္ညွပ္ထားသည့္ ဆံႏြယ္စ​ေတြကို  အ​ေနာက္ကို လွန္တင္ထားတာ​ေၾကာင့္  ရွင္းလင္း​ေနသည့္ မ်က္ႏွာ။
မိတ္ကပ္မျခယ္သတာဟာ  သူမ၏ အလွကို ​ေပၚလြင္​ေစတဲ့ နည္းလမ္း။
ဆံႏြယ္ရွည္​ေတြနဲ႕    ႏူးႏူးညံ့ညံ့သူမဟာ လွပခဲ့သလို  ရဲရင့္ျပတ္သားသည့္ သ႑န္နဲ႕  အခုသူမဟာလည္း  ႏွစ္မ်ိဳ႕စရာ​​ေကာင္း​ေနဆဲပဲ။
မုယြမ္။
ဥပ​ေဒ​ေက်ာင္းတတ္​ေနစဥ္   ငယ္႐ြယ္ခ်ိန္​ေတြရဲ႕ အ​ေကာင္း အက်ိဳး ၊ အဆိုး အျပစ္​ေတြကို  ​ေဝမွ်ခဲ့ဖူးသည့္  သူငယ္ခ်င္းသုံး​ေယာက္ထဲက  ​တစ္ဦးတည္း​ေသာ မိန္းက​ေလး။

"အ​ေရးႀကီး ခ်ိန္းထားတာရွိလို႔လား"


အတန္ၾကာသည္ အထိ ​ေငးၾကည့္​ေနမိျခင္းက  သူမ၏ ဒုတိယ​ေျမာက္ စကားသံ​ေၾကာင့္သာ  အဆုံးသတ္သည္။
လက္ထဲတြင္  ဆုပ္ကိုင္ထားသည့္  ဖိုင္​ေတြကို  ဟန္ပါပါ ျဖင့္ ​ျမႇောက္လိုက္​ေတာ့   သူမဟာ အလိုမက်သည့္တိုင္ မ်က္လႊာကို ခ်လိဳ႕ ၿပဳံးရယ္သည္။

"ခ်ိန္းထားတာမ်ိဳး မဟုတ္​ေပမယ့္    ​အ​ေရးႀကီး  အမႈတစ္ခု အ​ေၾကာင္း  ဖတ္စရာရွိ​ေနတာ"

"​​ေအာ္ ဟုတ္လား  ေရွာင္းက်န့္ ။
ငါ  ဝမ္ရိ​ေပၚရဲ႕ အမႈကို စစ္​​ေဆးဖို႔ တာဝန္ယူထားတယ္"

တိုးသဲ့စြာ​ေျပာတတ္သည့္  ​ေလသံမွာ  ဒီတစ္​​ေခါက္ အလိုမက်မိသူက​​​​ေတာ့ ​​​ေရွာင္းက်န့္။
သိပ္သည္းဆမ်ားသည့္  အလိုမက်စိတ္​ေၾကာင့္  ဟန္မဖို႔​နိုင္​ေတာ့သည္အထိ   မ်က္​​ေမွာင္​ေတြကို  က်ဳံ႕မိသည္မွ စ၍   ခက္ထန္​ေနသည့္   အၾကည့္ျဖင့္  တစ္ဖက္မိန္းက​​ေလးအား    ၾကည့္မိသည္က အဆုံး။

"ဘာလို႔လဲ !
နင္တမင္​ေလွ်ာက္လိုက္တာလား"

ျပတ္​ေတာင္း​ေတာင္း အသံတို႔က  ​ေဒါသဖက္ကို လႊမ္းသည္။
မုယြမ္၏  ​ေျဖာင့္မတ္တတ္သည့္ စိတ္ဓါတ္အ​ေပၚ  ပထမဦးဆုံအႀကိမ္  မလုံမလဲ ျဖစ္မိသည္။
သူမ၏ ​ေျဖာင့္မွန္ျခင္း​ဟာ  ဝမ္ရိ​ေပၚအား   အခက္​ေတြ႕​ေစမည္ကို  မလိုလားပါ။


"အၾကာၾက​ေနမွ  အမႈ ျပန္စစ္ျဖစ္တဲ့အျပင္  နင္နဲ႕အတူတြဲလုပ္ရမွာမလို႔  ငါအရမ္း ရင္​ေတြခုန္​ေနတယ္။
​ေရွာင္းက်န့္ ငါတို႔​ေတြ အရင္တုန္းကလို  မ​ေကာင္းတဲ့သူ​ေတြကို  အျပစ္​​ေပးၿပီး အျပစ္မရွိတဲ့သူ​ေတြကို    ​ကာကြယ္​ရ​ေအာင္ "


​ေနထိုင္လာခဲ့သည့္ ကာလတို႔တြင္    နက္နက္ရွိင္းရွိင္းတိုင္တည္​မိခဲ့သည့္  ထိုစကားလုံးတို႔ဟာ   မႏွစ္ၿမိဳ႕စရာ   ျဖစ္လာမယ္မွန္း   မသိခဲ့။
သမာသမတ္က်​ေသာ ​​​ေရွ႕​ေနအျဖစ္သာ  ရပ္တည္သြားနိုင္လိမ့္မည္​ဟု​ေသာ အရင္တစ္ခ်ိန္က အ​ေတြးအ​ေပၚ ​​​ေရွာင္းက်န့္ ျပက္ရယ္ျပဳလိုက္မိသည္။ ​  
တတ္ႂကြစြာဆို​ေနသည့္ မုယြမ္ႏွင့္  အၾကည့္မဆုံ​မိ​ေအာင္ အတင္းအက်ပ္ မ်က္ႏွာလႊဲသည္။
ဥပ​ေဒ​ေက်ာင္းသား ​ေရွာင္းက်န့္ဟာ   သစၥာတရားကို ​ေသြဖည္ျခင္းမရွိ မွန္ကန္​ေသာ လမ္းစဥ္ကိုသာ ​ေလွ်ာက္လွမ္းမည္ဟု  ျပတ္သားစြာ  ႏွစ္လိုအားရ တိုင္တည္ခဲ့ဖူးသည္။
ယခုအခ်ိန္တြင္​​​ေတာ့  လူႏွစ္​ေယာက္ဟာ  ကံၾကမၼာ  ရထားတစ္စင္းထဲတြင္  အတူ ​ခုတ္​ေမာင္းခရီးႏွင္ခဲ့ရၿပီ။
ကံ​ေကာင္း​ေထာက္မလို႔ ဝမ္ရိ​ေပၚ သာ  တရားခံ အစစ္မဟုတ္သည့္အခါ  ​ေရွာင္က်န့္  အမွန္တရား၏ဘက္​ေတာ္သား ​ေရွ႕​ေနဟူ၍  ​ခ်ီး​ျမႇောက္ခံရမွျဖစ္သလို  ကံအ​ေၾကာင္းမသင့္ခဲ့သည္ရွိ​ေသာ္ ​ေရွာင္းက်န့္အတြက္  ဥပ​ေဒနယ္ပယ္တြင္ ​ေျခခ်စရာ ရွိ​ေတာ့မည္မဟုတ္ပါ။
ေရွာင္းက်န့္  ကံၾကမၼာကို  ဝမ္ရိ​ေပၚကို ​ေ႐ြးခ်ယ္မည္ျဖစ္ၿပီး  ​ေရွာင္းက်န့္က​ေတာ့  ဝမ္ရိ​ေပၚကို  ​ေ႐ြးခ်ယ္ခဲ့ႏွင့္သည္။

​"​​​တစ္​​ေနရာသြားၿပီး စကား​ေျပာၾကရ​ေအာင္။
​ေက်ာင္းတုန္းက သြားခဲ့တဲ့ဆိုင္​ေလး  သြားရ​ေအာင္​ေလ။
ငါအဲ့ အရသာကို  လြမ္း​ေနတာ၊
ငါ ယူနီ​ေဖာင္းလဲတာ  ခန​ေစာင့္ေပးပါ့လား"

"ယြမ္...
​ေနာက္တစ္​​ေခါက္ႀကဳံမွ​ေပါ့  ။
ငါအခု  အခ်ိန္အရမ္းလု​ေနရတာမလို႔။
​ေနာက္တစ္​ေခါက္က်မွ   လိုက္ပို႔​ေပးမယ္။"

​ဆိုင္းတြျခင္းမရွိတုံ႕ျပန္တတ္သည့္  သူမအက်င့္​ေၾကာင့္  ​ေနာက္ဆက္တြဲ  စကားတို႔ ကပ္မပါလာခင္  လွ်င္ျမန္စြာ  ​​​ေက်ာခိုင္းသည္။
သို႔​ေပမယ့္  မ်ားမ်ားစားစားမလွမ္းရ​ေသးသည့္  ​​ေျခလွမ္း​ေတြဟာ  သူမ၏ စကား​ေၾကာင့္  ဒုတိယ အႀကိမ္  ​ေနာက္​ေၾကာင္းျပန္ရျပတ္သည္။
ယြမ္ဟာ   ဒီခ်က္ကို  သိလို႔  ဒီအကြက္ကို ခ်ပဳံပါပဲ။
အယြင္းမခံနိုင္သည့္ ​ေရွာင္းက်န့္ကသာ  ခဝါခ်လိဳ႕။

"အ​ေရးႀကီး ​ေျပာစရာရွိတယ္။
ဝမ္ရိ​​ေပၚ အမႈ​အ​ေၾကာင္း"

ၿငိမ္သက္လွထဲ  အ​ေမွာင္ထုၾကားမွာ  ​တစ္​ေယာက္ထဲ ​ေျပးလႊား​ေနရသည္။
ကစားသူတစ္​ေယာက္တည္းရွိတဲ့  တူတူပုန္းနည္း။
မုသား​​ေတြ​​ေနာက္  ပုန္းလွ်ို​ေနမလား။
မရိုးသားမႈ​​ေတြၾကား  နစ္ျမႇုပ္​ေနမလား။

~~~~~~~~~~~~~~

​ေရွ႕သို႔​ေရာက္လာသည့္  အ​ေငြ႕တ​ေထာင္း​ေထာင္းထ​ေန​ေသာ   ဟင္းရည္ခြက္​ကို ၾကည့္ရင္း     ယြမ္က  က​ေလးငယ္တစ္​ေယာက္လို  ျမဴးထူးစြာၿပဳံးသည္။
အာ​ေငြ႕ျဖင့္ အသာမႈတ္လို႔  အ​ေအးခံကာ  အဆက္မျပတ္သုံး​ေဆာင္လိုက္သည့္   ဟင္းရည္တစ္ဇြန္းၿပီးတစ္​ဇြန္း​ေၾကာင့္  သူမ၏ ႏွာထိဖ်ား​ေလး၌ ​​​​ေခြၽးစတို႔ ​​ေဝ့သီလာသည္။

"အရသာ​က​ေတာ့  ရွယ္ပဲ။
ဒါ​ေပမယ့္   အရင္ကထက္  နည္းနည္း​ေလးသြားသလိုပဲ။
အဘြားက  အသက္​​ေတြႀကီးလာလို႔မ်ားလား"

​​ေျပာ​ေနရင္းပင္    ​ဆိုင္​ေနာက္​တြင္ တကုပ္ကုပ္ခ်က္ျပဳတ္​ေန​ေသာ အဘြားအား  ယြမ္ က က႐ုဏာသက္စြာ လွမ္းၾကည့္သည္။
ကုန္လြန္သြားခဲ့သည့္  အခ်ိန္​ေတြ၊
ကာလ၏  ယိုယြင္းတိုက္စား​မႈ​ေတြနဲ႕အတူ
သူတို႔ သုံးဦးဟာလည္း  အရင္အခ်ိန္​ေတြနဲ႕  မတူညီ​ေတာ့မွန္း မုယြမ္  သ​ေဘာ​ေပါက္ပါသည္။

" ပင္း နဲ႕အဆက္အသြယ္ရ​ေသးလား"

အတန္ၾကာတိတ္ဆိတ္​ေနရာမွာ ထုတ္​​​​ေမးလိုက္သည့္  ​​ေရွာင္းက်န့္​ေမးခြန္း​ေၾကာင့္  စိတ္မသက္သာစြာ  သက္ျပင္း​​ေမာင္းခ်သံ  ရရွည္တစ္ခု။
​​ေနရခက္သလို  ဟို​ေ႐ြ႕သည္​​ေ႐ြ႕မ်က္စံတို႔ႏွင့္အတူ သူမဟာ  မပီမျပင္  ၿပဳံးသည္။

"သူနဲ႕ငါနဲ႕က  ျပတ္ဆဲသြားၾကၿပီ ။
အခုအခ်ိန္မွာ  ဘာပတ္သတ္မႈမွ မရွိတဲ့ သူစိမ္း​ေတြပဲ"

ညိုးငယ္သြားသည့္  မုယြမ္၏ မ်က္ႏွာ အမူအရာ​ေၾကာင့္  ​ေရွာင္းက်န့္  အ​ရည္မရ အဖက္မရ​ေမးမိသည့္  မိမိကိုယ္ကိုသာ  ​ေဒါသထြက္မိသည္။
ဥပ​ေဒ ​ေက်ာင္းတတ္ကတည္းက  တ႐ုန္း႐ုန္းရွိခဲ့ၾကသည့္ ​ေရွာင္းက်န့္တို႔  သူငယ္ခ်င္း  သုံး​ေယာက္ဟာ  လုပ္ငန္းခြင္ဝင္သည္အထိလည္း  အဆက္အသြယ္ မျပတ္ရွိခဲ့ၾကသည္။
ယြီပင္း အ​​ေပၚကိုဆို  တြယ္ကပ္လြန္းသည့္ မုယြမ္ႏွင့္၊
မုယြမ္ကို  ဆတ္ဆတ္ထိမခံသည့္  ယြီပင္းတို႔   တြဲသြားၾကၿပီဟု  အသိ​ေပးလာခဲ့စဥ္က  သိပ္အံ့ၾသမ​ေန။
တြဲခဲ့ၾကစဥ္ကလဲ မိမိအား  အပူတစ္ခုမွ မကပ္ခဲ့သည့္ သူတို႔ႏွစ္​ေယာက္ဟာ  ႏွစ္ဦးသ​ေဘာျပတ္စဲၾကခ်ိန္တြင္လည္း  မိမိအား  တစ္ခြန္းမွ မတိုင္ပင္ခဲ့။

"ပင္းက  UK မွာ အ​ေျခခ်​ေတာ့မယ္ေျပာတယ္။
သူ နင့္ကို  ဒီနယ္ပယ္မွာ ဆက္ရွိ​ေစခ်င္ၿပီး
သူနဲ႕မ်က္ႏွာခ်င္ဆိုင္​ေတြ႕ရတဲ့အခါမ်ိဳးမွာ  ဝန္မပိ​ေစခ်င္ဘူးတဲ့"

ႏွစ္သိမ့္ရာမ်ား​ေရာက္​ေစမလားလို႔    ​အ​ေၾကာင္းအရာတစ္ခ်ိဳ႕ကို ​ေျပာျပလိုက္​ေသာ္လည္း  မ်က္ရည္ၾကည္မ်ား​​​ေဝ့တတ္လာသည့္  ယြမ္​ေၾကာင့္  ​​ေရွာင္းက်န့္ ျပာသြားမိသည္။

"ယြမ္  နင္အဆင္​ေျပရဲ႕လား"

"ဟင့္အင္း
ဒါ​ေပမယ့္  အတူရွိခဲ့ၾကတုန္းက ပိုအဆင္မ​ေျပဘူး။
အဲ့ကိစၥ​ေတြထားလိုက္ပါ။
ငါ အ​ေရးႀကီး ​ေျပာစရာရွိတယ္။
ငါတို႔  မ​ေန႕ ဝမ္ရိ​ေပၚရဲ႕အမႈနဲ႕ ပတ္သတ္ၿပီး  ​ေသဆုံးသူကို  ငါတိူ႕ အ​ေလာင္းခြဲစိတ္ စစ္​ေဆးခဲ့ၾကတယ္။
အစာအဆိပ္သင့္တာ​​​ေရာ  အဆိပ္မိတဲ့ လကၡဏာ​မ်ိဳး​ေရာ အ​ေတြ႕ခဲ့ၾကဘူးလား"

"သမာရိုးက် ဆုံးသြားတယ္လို႔ ​ေျပာခ်င္တာလာ"

"အ​ေပၚယံခ်ဳံၾကည့္ၿပီး ​​ေျပာရရင္​ေတာ့အဲ့တိုင္းပဲ   ျပင္ပ​ေရာ  အတြင္း​ေရာ  ဒဏ္ရာမရွိတဲ့အျပင္  သက္​​​ေသာင့္သက္သာ  အသက္ထြက္သြားတဲ့ ပုံမ်ိဳး ဖန္တီးခဲ့တာမလို႔  က်ဴးလြန္သူကို မခ်ီးက်ဴးပဲ  မ​​ေနနိုင္ဘူး။
ဒါ​ေပမယ့္  ​ေသဆုံးသူက   လုပ္ႀကံ ခံရတာ က်ိန္း​ေသတယ္။"

"ဘာလို႔ အရမ္း​ေသခ်ာ​ေနရတာလဲ"

"အဆိပ္ခတ္ခဲ့တာ။
အစာထဲ ထည့္တာမ်ိဳးမဟုတ္ပဲ  အနံ႕တစ္မ်ိဳးနဲ႕"

ကမ္း​ေပးလာသည့္  ဓါတ္ပုံအခ်ိဳ႕ကို  လွမ္းယူလိုက္ၿပီး  ယြမ္ကို တစ္လွည့္ ဓါတ္ပုံ​ေတြကို တစ္လွည့္ စူးစိုက္ၾကည့္​ေနမိသည္။
စီစီတီဗီ  မွတ္တမ္းတစ္ခုက​ေနယူထားသည့္   ဓါတ္ပုံထဲတြင္  ဝမ္ရိ​ေပၚ​ေမာင္း​ေနသည့္  ကားတစ္စီးပုံကို ဝမိရိ​ေပၚမ်က္ႏွာပါ  ရွင္းလင္းစြာ  အတိအက် ဖမ္းယူထားသည္။
ဓါတ္ပုံထဲမွာပင္  ဝမ္ရိ​​ေပၚမ်က္ႏွာမွာ  ခက္ထန္တင္းမာ​ေနမွန္း ​ေပၚလြင္​ေနသည္။

"Mrs.Wang မ​ေသဆုံးခင္  မိနစ္ ၃၀ အလိုမွာ  ဝမ္ရိ​ေပၚ  ကပြဲအတြက္ ျပင္ဆင္​ေနရာက​ေန  အလ်င္စလို ျပန္လာတဲ့ပုံကို  စီစီတီဗီ တစ္ခုက​ေန ရိုက္မိထားတာပဲ"

ယြမ္ က ပိုင္ပိုင္နိုင္နိုင္​ေျပာ​ေနသ​​ေလာက္ ​​​​ေရွာင္းက်န့္က ဘာမဟုတ္သည့္ စကၠဴ​ေလးတစ္ကတ္လို  အဖ်ားကို  တျဖတ္ျဖတ္ခတ္ရင္း  ​ေဆာ့ကစား​ေနသည္။

"ဓါတ္ပုံ​ေလး တစ္ပုံနဲ႕  ဝမ္ရိ​ေပၚကို ဆြဲခ်လိဳ႕ ​ရ​ေလာက္တဲ့အထိ ငါသိတဲ့ဝမ္က  မ​ေပ်ာ့ညံ့ဘူး"

"​​​ေရွာင္းက်န့္ !!!
ငါတို႔က အခု အမႈစစ္​ေနတာ​​ေနာ္။
အ​ေက်ာ္အ​ေမာ္တစ္​ေယာက္ကို  သြားပုတ္​ေလလြင့္​ေျပာဖို႔  သတင္း​ေရး​ေနတာဟုတ္ဘူး"

"ငါ​ေျပာတာကို ​​ေဒါသမထြက္ပါနဲ႕   ငါက  ဝမ္ရိ​ေပၚက  နင္တြက္ထားတာထက္ကို  အမ်ားႀကီး    ​မာ​ေက်ာတယ္ဆိုတာ  အသိ​​​​​ေပးခ်င္။
ၿပီး​​​ေတာ့   ​ေနာက္တစ္ခါ  နင္ရွာ​ေတြ႕ထား   အခ်က္​ေတြကို  ငါကိုမ​ေဝမွ်​ေပးပါနဲ႕​ေတာ့။
ဘာလို႔ဆို ငါက ဒီတစ္​ေခါက္က​ေတာ့   ဝမ္ရိ​ေပၚဘက္ကပဲမလို႔။
သူဘာ​ေတြ က်ဳးလြန္ခဲ့ပါ​ေစ​ေပါ့။"

ယြမ္က  ဇ​ေဝဇဝါ  အမူအရာျဖင့္  ​ေရွာင္းက်န့္အား  မယုံၾကည္နိုင္သလို   တအံ့တၾသ​ေငး​ေနသည္။
သ​ေဘာ​ေပါက္ၿပီးတဲ့​ေနာက္  သူမဟာ  ​  ​​​ေရွာင္းက်န့္၏ ​ေျပာင္းလဲမႈအ​ေပၚ လက္သင့္မခံနိုင္စြာ   ယူႀကဳံးမရစိတ္မႈ  ​​ေဒါသအသြင္​သို႔ ​ေျပာင္းလဲလာသည္။

"​​ေရွာင္းက်န့္  !!!
နင္  လမ္းမွားလိုက္​ေတာ့မယ္လို႔ဆိုလိုတာလား"

"လမ္းမွားလမ္းမွန္​ေတာ့ မသိဘူး။
ဦးတည္ခ်က္က​ေတာ့ ဝမ္ရိ​ေပၚ  အႏၱရယ္ ကင္း​ေနဖို႔ပဲ။ "

"​ေရွာင္းက်န့္  ငါတို႔က  ႏွစ္ေတြ အၾကာႀကီး ​ေပါင္းလာၾကတဲ့ သူငယ္ခ်င္း​ေတြ။
တစ္ခါတစ္​ေလ  နင္သတိမမူမိလိုက္ခင္မွာပဲ ငါတို႔ ရိပ္မိလိုက္တဲ့အရာ​ေတြရွိတယ္။
​ေရွာင္းက်န့္ နင္ အခုထိ  အဲ့အတိတ္က​ေန ႐ုန္းမထြက္နိုင္​ေသးဘူးလား။"

သူမ၏  ဆို႔နင့္နင့္ စကားအဆုံး  ေပါင္​​ေပၚသို႔  ယွက္တင္ထားသည့္ လက္တို႔မွာ တုန္ရင္လာရသည္။
​ေျခာက္​ေသြ႕လာသဘ့္ လည္​ေခ်ာင္း​ေၾကာင့္  တံ​ေတြးမ်ိဳခ်မိသည္က အႀကိမ္ႀကိမ္။

"႐ုန္းမထြက္နိုင္​ေသးဘူးလား။
ဒီ​ေလာက္ႏွစ္​ေတြၾကာ​ေနခဲ့တာကို။
​ေရွာင္းက်န့္  နင္   အခုထိ  ဆုပ္ကိုင္​ထားတုန္းပဲလား"

.
ရင္ဘက္​ေပၚ  ဖိသိပ္တင္လိုက္သည့္  လက္တစ္ဖက္​က  ႏွလုံးအိမ္၏  ​ေဝဒနာကို  ​ေခြၽးသိပ္ဖို႔ ရည္႐ြယ္သည္။
ကိုယ့္အႏွံ႕စီးဆင္းရာ ေသြး​ေၾကာ တစ္မွ်င္းခ်င္းစီကို   ဓါးတစ္လက္ျဖင့္  တိခနဲ  ျဖတ္လိုက္​ေတာ့   ခႏၶာဟာ ​ေခြက်သြားမိ​​ေတာ့မည္။


"ဝမ္ရိ​ေပၚ  အနားရွိ​ေနရတဲ့  တကယ့္ အ​ေၾကာင္းျပခ်က္က  ဘာလဲ ။"

တုန္တုန္လႈပ္လႈပ္  ယြမ္ကို   ​ေငးၾကည့္မိသည္။
သူမ၏  မ်က္ႏွာ​ေပၚတြင္လည္း မ်က္ရည္စတို႔ျဖင့္။
သည္   ​ေျခာက္ျခားဖြယ္  အ​ေျခအ​​ေနႀကီးကို ဘယ္သူ စတင္ ဖန္တီးလိုက္တာပါလိမ့္။
​ေရွာင္းက်န့္  ပင္း​ အ​ေၾကာင္း ​ေျပာတုန္းက မ်ားလား။
ယြမ္က  ဘာရည္႐ြယ္ခ်က္နဲ႕ သည္အတိတ္ဆိုးႀကီးကို ျပန္တူး​ေဖာ္ရတာလဲ။

"သူတို႔ႏွစ္​ေယာက္က အရမ္း တူလြန္းလို႔မလား။
ဝမ္ရိ​​ေပၚကို  က်ိန္း​ေသ​ေပါက္ ကာကြယ္​ေပးခ်င္​ရတဲ့အ​ေၾကာင္းက      ​​ေယာင္း ​ေၾကာင့္မလား"


​ေယာင္းဆိုသည့္  နာမ​ေၾကာင့္ ​  ​ေရွာင္းက်န့္  ကိုယ္က ​ေသြးတို႔ဟာ ​ေျပာင္းျပန္စီးဆင္းသြားရသည္။
ခုန္​ေပါက္​ေနသည့္ ႏွလုံးသား၏  ႏွိုး​ေဆာ္ခ်က္​ေၾကာင့္   ဦး​ႏွောက္က  ရင္ကြဲဖြယ္ ျဖစ္ရပ္အခ်ိဳ႕ကို   လွစ္ဟျပသည္။
ဒီအတိတ္ဆိုး​ေတြဟာ  ​​​ေရွာင္းက်န့္အတြက္  လြတ္​ေျမာက္ဖို႔  မထိုက္တန္သည့္  က်ိန္စာတစ္ခု။
အခါသင့္ရင္  သင့္သလို စိတ္ဝိဥာဥ္ကို ​​ေခ်မြလို႔   ဘဝႀကီးကို  အျပစ္​ေတြဖုံး​ေစ​သည္။
စားပြဲခုံကို ​ လက္​ေထာက္အားျပဳကာ ထလို႔   ​ေယာင္လည္လည္​ေျခလွမ္း​ေတြက  အျပင္ဘက္သို႔ ဦးတည္သည္။
တယုတယ  စု​ေဆာင္းထားသည့္   အမႈႏွင့္ပတ္သက္သည့္ ဖိုင္အခ်ိဳ႕ကို  ရင္တြင္ ​ေထြးပိုက္ရင္း   မုယြမ္၏  ​ေအာ္ဟစ္သံအခ်ိဳ႕ကို  မၾကား​ေယာင္ျပဳလို႔။

"ယြမ္ ...
ငယ္ငယ္တုန္းက ဖတ္ခဲ့ရတယ့္ ရန္ရွ မင္းက​ေတာ္ ပုံျပင္ကို မွတ္မိလား။
သူမက  လူဆယ္​ေယာက္သတ္ဖို႔ ႀကံစည္ထားေပးမယ့္လည္း ငါး​ေယာက္​​ေျမာက္သတ္ၿပီးတဲ့ညမွာ သူ႕​ေယာက္်ားက   သူမမသတ္တာ  သူယုံၾကည္တယ္လို႔   ​ေျပာျပခဲ့တယ္။
အဲ့​ေနာက္ပိုင္းမွာ  ၆ ​ေယာက္​ေျမာက္ ​ေသဆုံးသူဆိုတာ ရွိမလာခဲ့​​​ေတာ့ဘူး။
ယြမ္  လူဆိုတာ ဘယ္​ေလာက္ပဲ ဆိုးသြမ္းပါ​ေစ  တစ္စုံတစ္​ေယာက္ရဲ႕  ယုံၾကည္ျခင္းကို​ေတာ့ ခံလိုၾကတာပဲ"

မုယြမ္က ​ေခါင္းမာစြာ ျငင္းဆို​ေနဆဲပဲ။
​ေရွ႕​ေနတစ္​ေယာက္ဟာ ထိုသို႔  မလုပ္သင့္​ေၾကာင္း​ေဖ်ာင္းဖ်​ေနဆဲပဲ။
တကယ္​ေတာ့  ​​ေရွာင္းက်န့္ရဲ႕ ဆႏၵဟာ  ဝမ္ရိ​ေပၚကို ယုံၾကည္မယ့္ တစ္စုံတစ္​ေယာက္ ျဖစ္ခ်င္႐ုံသာ။

~~~~~~~~~~~~~~

ကုတင္​ေပၚတြင္ လွဲ​ေလ်ာင္း အိပ္စက္​ေနသည့္  Clara ၏ ပုံပန္းကက  သိပ္ကို အက်ည္းတန္လွသည္။
အ႐ူးတစ္​ေယာက္လို  ​ေအာ္ဟစ္ငို​​ေႂကြး​ေနသည့္  ညတို႔​ေၾကာင့္ မ်က္တြင္းတို႔ဟာ  ခ်ိဳင့္ဝင္​ေနသည္။
အစာ​ေရစာ  မဝင္သည့္  သူမအသားအ​ေရဟာ မြဲ​ေျခာက္​​ေနသလို  အရိုး​​ေပၚ အ​ေရတင္​ေနသည္။
​​​ေခါင္းရင္းစားပြဲ​ဆီမွ  ရိ​ေပၚဖြင့္ထားသည့္ Mary-Gold-Round of life က ​ေတးသြားက စည္းခ်က္ညီညီ ထြက္​ေပၚ​လို႔။
ထို​​ေတးသြားဟာ ဘဲ​ေလးတစ္​ေယာက္အျဖစ္ ​​ေလ့က်င့္ၿပီဆိုကတည္းက အႀကိမ္ႀကိမ္  ကခုန္ခဲ့ရ​ေသာ ​ေတးသြားျဖစ္သည္မလို႔ ဘဲ​ေလးအကမယ္ တစ္​ေယာက္၏  ဘဝမွတ္တိုင္တစ္ခုဟာထို​​ေတးသြားက စသည္။
Clara ဟာ သံစဥ္ကို ၾကားၾကားခ်င္း   ​ေအာ္ဟစ္​ေပါက္ခြဲလို႔  ​​ေသာင္းၾကမ္း​ေပမယ့္  ခနအၾကာတြင္  ရွိုက္ႀကီးတငင္ငို​ေႂကြးျပန္သည္။
​ေနာက္ဆုံး  သူမဟာ  သူမ၏  ​ေျခ​ေထာက္အစား ​ေနရာယူထားသည့္  စတီး​ေခ်ာင္းတို႔ကို  ​​ေစာင္ျဖင့္ လိမ့္ကာပတ္လို႔   ​ေသသပ္​လွပ​ေသာ လက္ဟန္ျဖင့္   Mary-Gold ကကြက္ကို ​ေသသပ္လွပစြာ  ကခဲ့သည္။

"သခင္​ေလး  ပန္းျခင္း​ေတြ အျပင္ထုတ္လိုက္ရမလား"

Clara ၏ မ​ေတာ္တဆမႈကို ၾကားၿပီးၿပီးခ်င္း  အလွ်ိုလွ်ို​ေရာက္လာသည့္  ပန္းျခင္း​ေတြ၏ ​ေနာက္တြင္  ကိုယ္တိုင္ကိုယ္က် လာ​ေရာက္​ေမးျမန္းသူ တစ္​ေယာက္မွ မရွိ။
Swan Queen  အျဖစ္ ​ေၾကညာခဲ့စဥ္ Clara  အနားတြင္  ရွိန္ပိန္ဖြင့္​ေဖာက္  ဂုဏ္ျပဳ​ေပးခဲ့သည့္  လူထုတစ္စုဟာ  အခုလက္ရွိတြင္​ေတာ့  ပန္း​ေလးတစ္ျခင္း၊
ဝမ္းနည္း​ေၾကာင္း ကတ္​​ေလးတစ္ကတ္ ပို႔​ေပးၾက႐ုံသာ။

"သခင္​ေလး  အရမ္းကုတ္လိုက္တာ  ​ေသြး​​ေတြ​ေတာင္ စို႔ကုန္ပါၿပီ။
ကြၽန္​​ေတာ္ ​ေဆးသြားဝယ္ၿပီး ျပန္လာပါ့မယ္"

အိမ္​ေတာ္ထိန္းႀကီးရဲ႕  ကျပာကယာ  အမူအယာ​ေၾကာင့္ ရိ​ေပၚ မိမိလက္ဖမိုးကို ျပန္ၾကည့္မိရာ လက္သည္း​ေၾကာင္းရာအလိုက္  ​ေသြးစို႔​ေနသည္ကို ​ေတြ႕ရသည္။
ျခင္းထဲတြင္ ပါသည့္ လီလီပန္း   ဝတ္ဆံႏွင့္ ရိ​ေပၚမွာ  ဓါတ္မတည့္တာ​ေၾကာင့္  အကြက္ကြက္ထ​လာ​ေသာ အသားအရည္​ေပၚတြင္ ကုတ္ရာ ဗလပြျဖင့္။
​ေဆးအ​ေျပးအလႊားသြားယူ​​ေယာ  အိမ္​​​​​ေတာ္ထိန္ႀကီးမွာ အခန္းတံခါကို  စိ႐ုံသာ ပိတ္ခဲ့တာမလို႔  ျပန္ထပိတ္ရင္း  အျပင္​ေလွ်ာက္လမ္းဆီသို႔ မရည္႐ြယ္ခင္​ေရာက္သြားမိသည္။
မနက္စာစား​ေနရင္း သတိရ​ေနၿပီျဖစ္​ေၾကာင္း  အသိ​ေပးလာသည့္  ဖုန္း​ေၾကာင့္   ​ေဆး႐ုံး​ေရာက္လာခဲ့သည့္  အခ်ိန္မွစ၍  ​ေန႕လည္  ထမင္းစားခ်ိန္​ေက်ာ္လြန္​ေနသည္အထိ  ဝမ္ရိ​ေပၚဟာ ထို​ေဆး႐ုံခန္းထဲမွ တစ္ခ်က္​မ​ေ႐ြ႕။
Clara ၏  ကေယာင္ကတမ္း  စြတ္စြဲခ်က္​အ​ေပၚ  ဝမ္ရိ​ေပၚဟာ အ​ေတြးမ်ားရသည္။
တစ္​ေခါက္လဲ သူက ဘယ္လိုပတ္သတ္ရျပန္တာလဲ ဆိုသည္ကို  ကာယကံရွင္ပင္မသိ​ေတာ့။
​ေန႕လည္စာမစားရ​ေသးသည္မလို႔  ဟာ​ေန​ေသာ ဗိုက္သည္  ခနခန အခ်က္ျပ​ေန​​ေပမည့္   ​ေဆး႐ုံအနီးအနားက  အစားအ​ေသာက္တို႔ သူလို  အ​ေလးခ်ိန္ထိန္းစားရသည့္  လူတစ္​ေယာက္အတြက္  မသင့္​ေတာ္။
​ေဆး႐ုံဝန္းထဲ ျဖစိသည္မလို႔  ​ေဆးလိပ္မ​​​ေသာက္ရ နယ္​ေျမကို ​ေက်ာ္လြန္၍  ပန္းၿခံအတြင္းရွိ  ခုံတန္းတစ္ခု​ရွိရာသို႔  ခရီးဆက္သည္။
ဝမ္ရိ​ေပၚကို  ​​ေဆးလိမ္း​​ေပးဖို႔ ရွာ​​ေနမည့္  အိမ္​ေတာ္ထိန္းႀကီး အ​ေၾကာင္း​​ေတြးမိ​ေတာ့  အနည္းငယ္​ေတာ့ စိတ္ပူမိသည္။
အၿမဲမ​​​ေသာက္ျဖစ္​ေပမယ့္  အက်င့္တစ္ခုလို  ​ေဆာင္ထားတတ္သ ည့္  ဘယ္ဘက္အိတ္ကပ္ထဲမွ Treasurer Cigarette ကို မီးညွိလိုက္​ေတာ့ ထ​ေတာက္လာသည့္  မီးဟုန္နဲ႕အတူ  သိမ္သိမ္​ေမြ႕​ေမြ႕ျပန့္ျပယ္လာသည့္  မီးခိုး​​ေငြ႕တို႔က  အစ သိမ္သိမ္​ေမြ႕​ေမြ႕။
Luxury  ​ေတြဟာ ဘာ​ေၾကာင့္ သူမတူရတာလဲဆို  တို​ေတာင္းတဲ့ အခ်ိန္ကာလတစ္ခုဆိုရင္​​​ေတာင္  ျပည့္ဝ​ေသာ  စိတ္​ေက်နပ္မႈ​ေပးစြမ္းနိုင္သည္။
တစ္လိပ္ 39$ နီးပါးရွိသည့္  ​ cigarette ဟာ​ ​ေနာက္ဆုံး မီးသင့္ကာျပာမႈန္​ အျဖစ္​ေျပာင္းသြားရမည္ဆို​ေပမယ့္   အဆုပ္ထဲထိ ရႉသြင္းလိုက္တိုင္း  အူကလီစာတို႔ကို  ျဖတ္တိုက္သြားသည့္ သိမ့္​ေမြ႕မႈကို  ရိ​ေပၚ  အရမ္းကိုမွ  ႏွစ္ၿမိဳ႕လွသည္။
​ေလကိုဆန္လို႔ မႈတ္ထုတ္လိုက္သည့္ အ​ေငြ႕​ေတြကိ  မိမိမ်က္ႏွာသိူ႕ ျပန္လာည္ရိုက္ခတ္သည္။
မ်က္ႏွာခ်င္းဆိုင္ ကားပါကင္တြင္  ထိုးရပ္သြား​​​ေသာ ကားတစ္စင္း။
ထိုကားဟာ ​ေရွာင္းက်န့္ရဲ႕ကားျဖစ္မွန္း လူမဆင္းလာခင္ကတည္းက ရိ​ေပၚ သိၿပီးသား။
​အ​ေလာတလွ်င္း  ​ေဆး႐ုံဝင္းထဲသို႔  ဝင္လာသည့္  ​ေရွာင္းက်န့္ကို  ရိ​​ေပၚ ​ေဆးလိပ္ဖြာရင္း  ​​ေအးစက္စက္လွမ္းၾကည့္​ေနသည္။
တစ္ဖန္ ကားရွိရာသို႔ ​ေနာက္​​ေၾကာင္းျပန္လွည့္လာသည့္ ​​ေရွာင္းက်န့္က တစ္စုံတစ္ခုကို ​ေမ့၍ ျပန္လာယူဟန္။
​​ေနာက္ခန္းဆီမွ ထုတ္ယူလာသည့္ ခပ္ႀကီးႀကီး လီလီ  ပန္းစည္းမွာ  ဝမ္ရိ​ေပၚ ​ေသြးတက္ခ်င္သြားရသည္။
​ေျခတံရွည္​ေတြျဖင္ြ  ခက္သြက္သြက္  ထြက္သြားျပန္သည့္ ​​​ေရွာင္းက်န႔္က သစ္ပင္​ေတြ၏ အကာအကြယ္​​ေၾကာင့္ ရိ​​ေပၚအား မ​ေတြ႕​​ေပ။

​ေရွာင္းက်န့္ လုပ္သမွ်ကို ​ေငး​ေနမိစဥ္ကာလအတြင္း  မ​ေသာက္ျဖစ္လိုက္သည့္ cigarette က လက္သည္း တစ္ဆစ္စာ  ျပာ​ေတာင့္​ျဖင့္ ​ေစာင့္ဆိုင္း​ေနသည္။
တစ္ဖန္ ထပ္ရွိုက္လိုက္​ေသာ အ​ေငြ႕တို႔နဲ႕အတူ ရိ​​ေပၚ Treasurerကို ျမန္ျမန္ကုန္သြား​ေစခ်င္မိတာ သည္တစ္​ေခါက္ ပထမဆုံးပင္။

"ရိ​ေပၚ"

အ​ေနာက္ဘက္ဆီမွ  ​ေျခသံကို သတိမထားလိုက္မိခင္  အသံတစ္ခု ထြက္​ေပၚလာ​တာ​ေၾကာင့္  လန့္သြား​ေပမယ့္  မ်က္ႏွာထားက​ေတာ့ အံ​ေသ​ေနဆဲ။

"ကား​​ေပၚက ဆင္း​ေတာ့​ေတြ႕တာ  ရိ​ေပၚမဟုတ္​ေလာက္ဘူးထင္​ေနတာ"

​ေျပာရင္းဆိုရင္း  ဝင္ထိုင္လာသည့္ ​​ေရွာင္းက်န့္က သူ၏ ပန္းစည္းႀကီး  ရိ​ေပၚလက္တစ္ဖက္အား ဖိထားသည္ကို  သတိမထားမိ။

"က်စ္"

အလိုမက်သလို  က်စ္တစ္ခ်က္သက္လို႔  ​ထိုင္​​​​ေနရာမွ မတ္တပ္ထ​ေတာ့ ​ေၾကာင္အမ္အမ္ျဖင့္ၾကည့္လာသည္။

"အတူတူ မထိုင္ခ်င္လို႔လား"

အထင္မလြဲ​​ေအာင္ ရွင္းျပတာဟာ ဝမ္ရိ​ေပၚ၏  စတိုင္မဟုတ္။
သူထင္ခ်င္သလို  ထင္ပါ​ေစ  ကိုယ့္ကိစၥမွ မဟုတ္တာပဲ။
မိမိ​​ေနာက္က  သူပါ မတ္တပ္လိုက္ရပ္​ေတာ့  အကြာအ​ေဝးတစ္ခုထိ ခ်ဲလိုက္သည္။
​ေနာက္က ကပ္ကပ္ပါ​ေအာင္လိုက္လာသည့္ ထိုလူက လက္ရဲဇတ္ရဲ႕ျဖင့္  ကုတ္ျခစ္ထားသည့္ လက္တို႔အား  ဆြဲယူလို႔ၾကည့္သည္။

"အလက္ဂ်စ္လား။
ဘာစားမိလို႔လဲ"

မ်က္​ေစာင္းထိုးလို႔ လက္ကို ျပန္​​ေဆာင့္ယူ​ေတာ့ ထိုလူက မ်က္​ေမွာင္ၾကဳတ္သည္။

"ထပ္ၿပီး ခင္မ်ား ကိစၥပဲလား။"

မွဲ႕နက္၏  ခိုနားရာ  ႏႈတ္ခမ္းပါး။
ထိုအရာက ​ေကြးၫြတ္လို႔  ခပ္လြင္လြင္ၿပဳံး​ေတာ့  ရိ​ေပၚလက္ထဲ ​ေဆးလိပ္မီးျပာ ဘယ္​ေလာက္ရွည္​ေနၿပီမွန္း ဂ႐ုမစိုက္ခ်င္​ေတာ့။

"ဝတ္မႈန္နဲ႕ ဓါတ္မ​တည့္လား"

ပါးစပ္ထဲ​ေတြရာ မွန္းလို႔   ေျပာလိုက္သည္လား၊
အကြက္က်က်​ေတြး​ေခၚလိုြ ​ေျပာလိုက္သည္လားမသိ။
​ေရွာင္းက်န့္နားသို႔ တစ္လွမ္းဆီ ျပန္တိုးကပ္သြားလိုက္သည္။
ရိ​ေပၚအနား​ေရာက္သည္ႏွင့္ ပန္းစည္းကို အ​ေနာက္ပို႔လိုက္သည့္  ​ေရွာင္းက်န့္က

"မတည့္ဘူးမလား  ​ေဝး​ေဝး​ေန​ေလ"

"ပန္း​ေတြဝယ္လာတာ  သူမကို ​ေပးဖို႔လား"

"အင္း လမ္းမွာ  ႀကဳံလို႔​ေလ"

"လီလီပန္းကို  ​ေ႐ြးတာ  ခင္မ်ား သ​ေဘာက်တဲ့ပန္းမလို႔လား"

"မဟုတ္ဘူး။
ရိ​ေပၚနဲ႕မတည့္တာ လီလီပန္းလား  ​ေနာက္တစ္ခါ လုံးဝ မထိေတာ့ဘူး"

​ေက်နပ္မိ​ေသာ ခံစားခ်က္​ေၾကာင့္ ရိ​ေပၚက ​ေရွာင္းက်န့္ မ်က္ဝန္း​ေတြထဲ နစ္ဝင္​ေန​ေအာင္ၾကည့္သည္။
အ​ေနာက္သို႔  ဝွက္ထားသည့္ ပန္းစည္းကို   ျပန္ဆြဲယူရင္း ပြင့္ခ်ပ္တစ္ခုကို ​​ေႁခြကာ  လက္ၾကားတြင္  ညွပ္ထား​ေသာ  cigarette ျဖင့္ ဖိကပ္လိုက္​သည္။
ညိုးက်လာသည့္ ပြင့္ခ်ပ္ဟာ  ႏြမ္း​ေခြလာၿပီး  အခ်ိန္တစ္ခု အၾကာတြင္  အလယ္ဤ  ကြၽမ္းရာ အ​ေပါက္တစ္ခု​ေပၚလာသည္။
​​ေနာက္တစ္ပြင့္အား ​ေႁခြမည္အလုပ္ ​လက္​ေကာက္ဝတ္အား ဖမ္း​ကိုင္လာ​​ေသာ  ​ေရွာင္းက်န့္​ေၾကာင့္  လုပ္​ေဆာင္မႈတို႔ ရပ္တန့္သြားရသည္။

"ဖ်က္စီးပစ္ခ်င္တာမလား။
ကိုယ့္တာဝန္ထားလိုက္"

"​ေရွာင္းက်န့္  ကြၽန္​ေတာ္နဲ႕ပတ္သတ္ၿပီး ဘယ္ႏွခု​ေလာက္ သိခ်င္တာလဲ"

"အင္း အရာအားလုံးပဲ"

"ကြၽန္​ေတာ္​ေျပာတာနား​ေထာင္ပါ။
ခင္မ်ား​​ေနာင္တရလိမ့္မယ္"

"ကိစၥရွိဘူး"

Hide and Seek

အနာဂတ္ ရဲ႕မိုးကုတ္စက္ဝိုင္းမွာ 
ဘဝကို ​ထပ္တဲ့​ေလာင္း​ေၾကးတစ္ခု။
သူဟာ တူတူပုန္းကစားနည္းရဲ႕  အလြတ္ရၿပီးသား  ကဗ်ာ​​​ေလးကို  အ​ေၾကာက္တရား​ေတြၾကားက အဆက္မျပတ္ ႐ြတ္​ေနမိတယ္။
သူ႕ကို  အသည္းအသန္ရွာ​ေဖြ​ေနတဲ့   ဒုကၡ​ေတြမ်ား  ဖမ္းမမိသြား အသက္ျပင္းျပင္း​ေတာင္ မရႉရဲပဲ  ပုန္း​ကြယ္​ေနရင္း။
ရင္ထိတ္ဖြယ္ ကစားနည္းတစ္ခု။

TBC ♡

Hide and Seek က arc  ​ေနာက္တစ္ခုက်န္ပါ​ေသးတယ္။
အရမ္းရွည္​ေနလို႔။

​​​


​​​

Continue Reading

You'll Also Like

35.9K 1K 12
in which kuroo's cousin falls in love w the pretty setter. black y/n! akaashi x f!reader this story WAS kuroo's cousin!
1.8K 105 7
๐๐Ž๐Ž๐Š ๐Ž๐๐„ ๐Ž๐… ๐“๐‡๐„ "๐“๐Ž ๐‡๐„๐€๐‹" ๐“๐‘๐ˆ๐‹๐Ž๐†๐˜ [ ๐—š๐—”๐—Ÿ๐—Ÿ๐—ฌ ๐—ซ ๐—™๐—˜๐— ! ๐—ข๐—– ๐—ซ ๐— ๐—œ๐—ก๐—›๐—ข ] โ ๐‘ป๐‘ฏ๐‘จ๐‘ป'๐‘บ ๐‘บ๐‘ฐ๐‘น๐‘ถ๐‘ต๐‘จ, ๐‘จ ๐‘ด๐‘ฌ...
5.9K 270 10
แ€˜แ€แ€†แ€ฏแ€ถแ€ธแ€‘แ€ญ แ€™แ€„แ€บแ€ธแ€แ€šแ€ฑแ€ฌแ€€แ€บแ€žแ€ฌแ€€แ€ญแ€ฏแ€šแ€บแ€แ€ปแ€…แ€บแ€แ€ฌแ€•แ€ซแ€›แ€พแ€ฑแ€ฌแ€„แ€บแ€ธแ€›แ€šแ€บ Wang Yibo # แ€แ€„แ€บแ€™แ€ปแ€ฌแ€ธแ€€แ€ญแ€ฏแ€žแ€ฑแ€แ€ฒแ€ทแ€™แ€ฏแ€”แ€บแ€ธแ€แ€šแ€บแ€กแ€žแ€ฝแ€ฑแ€ธแ€กแ€žแ€ฌแ€ธแ€‘แ€ฒแ€‘แ€ญแ€€แ€ญแ€ฏแ€™แ€ฏแ€”แ€บแ€ธแ€แ€šแ€บ แ€กแ€›แ€™แ€บแ€ธแ€™แ€ฏแ€”แ€บแ€ธแ€แ€šแ€บXiaoZhan#
1M 54.6K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...