{Unicode}
"မူမမှန်"
ငလျင်လှုပ်သည့် ထိုနေ့ညက ဝမ်ယန်ရော ရှောက်ယယ်ပါ မတော်တဆမှု ဖြစ်ခဲ့ကြသည်။
ဝမ်ယန်က ပြုတ်ကျလာသည့် အရာဝတ္ထု တစ်ခုနှင့် ထိမှန်ခဲ့ပြီး ဦးခေါင်း ဒဏ်ရာရသွားသည့်အတွက် ဒဏ်ရာချုပ်ဖို့ လိုပေသည်။
ရှောက်ယယ်၏ အခြေအနေမှာတော့ ပိုလို့ပင် ပြင်းထန်ပါသေးသည်။ တောင်ပြိုကျလာသည့် တဒင်္ဂတွင် ကျောက်ရှန့်ဟိုင်နှင့် သမီးဖြစ်သူကို ကာကွယ်ရန်အတွက် ကိုယ်ခန္ဓာအောက်တွင် ဖုံးကာထားပေးပြီး ကိုယ်တိုင်ကတော့ ပြုတ်ကျလာသည့် ကျောက်တုံးနှင့် တိုက်မိသွားရာ နောက်ကျောက ဆိုးဆိုးဝါးဝါး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့၍ ကယ်ဆယ်ရေးအတွက် ခွဲစိတ်ခန်းသို့ တိုက်ရိုက် ပို့ဆောင်ခဲ့ရသည်။
ထိုနေ့ညက ရန်ကျားလိနှင့် ယဲ့ထင်တို့မှာ အလွန် ပရမ်းပတာနိုင်သော တစ်ညတာကို ဖြတ်သန်းခဲ့ရသည်။
နှစ်ယောက်သားက ဆေးရုံနှစ်ခုတွင် ပြေးလိုက်လွှားလိုက် ဖြစ်နေကြသည်မှာ ဝမ်ယန် ဘေးကင်းကင်းနှင့် လူနာခန်းထဲ ရောက်လာသည် အထိပင်။ ရှောက်ယယ်က သတိမရလာသေးသော်လည်း လောလောဆယ်တော့ အသက် ဘေးအန္တရာယ် မရှိတော့ပြီမို့ သူတို့ စိတ်လုံးလုံး ချရတော့သည်။
ရန်ကျားလိက ကျောက်ရှန့်ဟိုင်ကို နှစ်သိမ့်ပေးပြီးနောက် ပင်ပန်း နွမ်းနယ်နေသော ကိုယ်ခန္ဓာကို ဆွဲရင်း ဆေးရုံမှ ထွက်လာသည်။
တိုက်တိုက်ဆိုင်ဆိုင် ယဲ့ထင်ကလည်း ကားမောင်းလာချိန်ဖြစ်ပြီး ရန်ကျားလိကို တွေ့သည်နှင့် သူ့လက်ဖဝါးထဲ ပူပူနွေးနွေး နို့သာကူတစ်ခွက် ကမန်းကတန်း ထည့်ပေးလိုက်ကာ ရန်ကျားလိ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"ပင်ပန်းနေပြီမလား"
ရန်ကျားလိက ခေါင်းညိတ်ပြပြီး ပူနွေးနေသည့် သောက်စရာကို အနည်းငယ် သောက်လိုက်သည်။
သူက ခေါင်းမော့ပြီး ပြောလာသည်။
"ငါအခုထိ အိပ်မက်လို ခံစားနေရတုန်းပဲ။ ဝမ်ယန်နဲ့ ရှောက်.....ဥက္ကဌရှောက်၊ အကောင်းကြီးကနေ.....ငါပထမဆုံး ငလျင်ကို ကြုံဖူးတာပဲ။ အရမ်း ကြောက်ဖို့ကောင်းတယ်"
ယဲ့ထင်က ရန်ကျားလိကို ဖက်လိုက်ပြီး သူ့နဖူးထက် ခပ်ဖွဖွ နမ်းလိုက်ကာ နှစ်သိမ့်စကားဆိုသည်။
"ဘာမှမဖြစ်တော့ပါဘူး၊ အားလုံး အဆင်ပြေသွားပါပြီ"
ရန်ကျားလိ ငြိမ်သက်လာတော့မှ ယဲ့ထင်က သူ့လက်ကို ဆွဲလိုက်ပြီး နောက်ထပ်တစ်ကြိမ် သေသေချာချာ စစ်ဆေးကြည့်လိုက်ကာ စိုးရိမ်တကြီး မေးခွန်းထုတ်လာသည်။
"မင်းတကယ် ဒဏ်ရာ မရထားပါဘူးနော်။ တစ်နေရာရာက မသက်မသာ ဖြစ်နေရင် သေချာပေါက် ကိုယ့်ကိုယ် ပြောပြရမယ်နော်။ ကိုယ့်ကို စိတ်ပူရအောင် မလုပ်ပါနဲ့"
ရန်ကျားလိက အင်္ကျီလက်ကို ဆွဲပြလိုက်ကာ
"ငါက ကံကောင်းတယ်။ လက်မောင်းပဲ တိုက်မိပြီး နီသွားတာ။ ကျန်တဲ့နေရာက တကယ် ဘာမှမဖြစ်ပါဘူး။ မင်း စစ်ဆေးနေတာ ဘယ်နှစ်ခေါက်တောင် ရှိပြီလဲ။ ဘာလို့အဲ့လောက် ရှုပ်နေရတာတုံး"
ယဲ့ထင်က သက်ပြင်းချလိုက်ပြီး
"ကိုယ် ကြောက်လို့"
ရန်ကျားလိက ညည်းသံပြုသည်။
"မင်းမှာလည်း ကြောက်တတ်တဲ့ အရာရှိသေးတယ်ပေါ့"
ယဲ့ထင်က တလေးတနက် ခေါင်းညိတ်လိုက်ကာ
"သေချာတာပေါ့၊ ကိုယ် တခြားအရာတွေ ဘာဆိုဘာမှ မကြောက်ပါဘူး။ မင်း နေမကောင်းဖြစ်ပြီး အနာတရ ဖြစ်မှာကိုပဲ ကိုယ်ကြောက်တာ။ ကိုယ်က ကိုယ်ကိုယ်တိုင် နာကျင်ရဖို့ကိုတော့ ဆန္ဒရှိပေမယ့် မင်းကိုတော့ နည်းနည်းလေးတောင် မထိခိုက်စေချင်ဘူး။ မင်းတော့ မသိလောက်ဘူး။ ကိုယ်မင်းကို ဖုန်းဆက်တုန်းက မင်း ဖုန်းမကိုင်တော့ ကိုယ် ခြေထောက်တွေတောင် ပျော့ခွေသွားတယ်.....တော်သေးတာပေါ့၊ မင်း ဘာမှမဖြစ်လို့။ တော်သေးတယ်၊ တော်သေးတယ်"
ရန်ကျားလိက ခေါင်းငုံ့နေရင်း အတန်ကြာသော် ရုတ်တရက် မျက်လုံးကျယ်လာကာ ယဲ့ထင်၏ ခြေထောက်ကို ကန်ထည့်လိုက်သည်။
ယဲ့ထင်က နစ်နာရသလို ဖြစ်သွားပြီး
"ဘာလုပ်တာတုံး"
ရန်ကျားလိမှာ အတင်းအကျပ် မာရေကျောရေ ဖြစ်လာလိုက်ကာ ဆူပူ ကျိန်းမောင်းတော့သည်။
"ဘယ်သူက မင်းကို ဘာမှ မစဥ်းစား မဆင်ခြင်တော့ဘဲ ကမူးရှူးထိုး ကားနဲ့ မောင်းပြေးလာခိုင်းလို့လဲ။ လမ်းတွေက ဒီလောက် ရှုပ်ထွေးနေတာ၊ ကယ်ဆယ်ရေး အဖွဲ့တွေတောင် လမ်းပေါ်မှာပဲ ရှိသေးတယ်။ မင်းကတော့ သတ္တိတွေရှိပြီး ဘေးအန္တရာယ် ရှိနေတဲ့ နေရာကို တည့်တည့်မတ်မတ် တိုးဝင်လာလိုက်သေးတယ်ပေါ့လေ"
ယဲ့ထင်က ရန်ကျားလိကို ဆွဲဖက်လိုက်ပြီး မှုန်ကုပ်ကုပ်နှင့် ပြောလာလေသည်။
".....ကိုယ့်လိပ်ပြာကတောင် လန့်ပြီး လွင့်ထွက်တော့မှာကို၊ ကိုယ်က ဘယ်လိုလုပ် အဲ့ဒါကို ဂရုစိုက်နိုင်တော့မှာလဲ"
ရန်ကျားလိက သက်ပြင်းချလိုက်ပြီး ယဲ့ထင် နားရွက်ကို ဆွဲကာ
"နောက်ဆို အဲ့လောက် တဇွတ်ထိုး မလုပ်ရဘူးနော်"
ယဲ့ထင်က ခေါင်းညိတ်လိုက်ပြီး ခေါင်းပြန်ခါသွားကာ
"နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူး"
အရုဏ်တက်တွင် နှစ်ယောက်သားက စိတ်ပင်ပန်း နွမ်းနယ်မှု အပြည့်နှင့် အိမ်ပြန်လာကြပြီး အလိုအလျောက်ပါပင်၊ ဘာဆိုဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိကြတော့၍ ပွေ့ဖက်ပြီး တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်သွားကြတော့သည်။
နောက်တစ်နေ့၊ ရန်ကျားလိ ကျောက်ရှန့်ဟိုင်ကို ပြန်သွားကြည့်သည့်အခါ သူက စာရွက်တစ်ရွက် ကိုင်ထားပြီး မျက်လုံးတစ်ခုလုံး နီရဲတွတ်နေသည်ကို တွေ့လိုက်ရသည်။ ညလုံးပေါက် နေခဲ့၍ပဲလား၊ ငိုနေခဲ့၍ပဲလားတော့ မသိနိုင်ပါ။
ရန်ကျားလိသည် ဘယ်တုန်းကမှ သူ၏ ထိုသို့ သနားစဖွယ် ကောင်းသည့်ပုံစံကို မမြင်ဖူးခဲ့ပေ။
ရန်ကျားလိသည် သူ့နံဘေးတွင် ဝင်ထိုင်လိုက်ပြီး ပထမဆုံး အနေဖြင့် ဤမြင့်မြတ် သိမ်မွေ့သည့် အမျိုးသားအား မိမိထံ၌ မှီဝဲစေသည်။ ရှောက်ယယ်မှာ စောင့်ကြည့်ဆဲ ကာလတွင်သာ ရှိနေသေးပြီး ထိုအချိန်ကို ကျော်သွားခဲ့ပါကလည်း အချိန်အတော်ကြာ မေ့မြောနေလိမ့်ဦးမည်ဟု ကြားသိခဲ့ရပြီးနောက် ခက်ခက်ခဲခဲ တံတွေး မျိုချလိုက်ကာ ကျောက်ရှန့်ဟိုင်၏ ကျောပြင်ကို ပုတ်ပေးရင်း ခပ်ဖွဖွ နှစ်သိမ့်ပေးမိသည်။
တတိယနေ့တွင် ဝမ်ယန် သတိရလာသည်။
ရန်ကျားလိက သူ့လူနာဆောင်ကို သွားလိုက်သည်။
ယဲ့ထင်က ရန်ကျားလိ စိတ်ပူနေမှန်းသိ၍ အသံမထွက်ဘဲ တိတ်တိတ်ကလေး နာမည်ရှိသော ကျွမ်းကျင် အတတ်ပညာရှင်များကို ဖိတ်ကြားကာ တိုင်ပင်ဆွေးနွေးမှု တစ်ခု စီစဥ်လိုက်သည်။
ကျွမ်းကျင်သူများက ဝမ်ယန်၏ အခြေအနေကို ကြည့်ရှုပြီးနောက် ဒဏ်ရာအတွက် ကုသမှုအစီအစဉ်ကို ဆုံးဖြတ်ခဲ့ကြသည်။ လီမျိုးရိုး အမည်ရှိ အကြီးအကဲ တစ်ယောက်က အထူးတလည် အသေးစိတ်ကျသည်ဖြစ်၍ လူနာခန်းထဲဝင်ကာ သတိရနေပြီဖြစ်သော ဝမ်ယန်နှင့် အချိန်အတော်ကြာ မျက်နှာချင်းဆိုင် စိစစ် မေးမြန်းနေခဲ့သည်။ ပြန်ထွက်လာပြီးနောက် ရန်ကျားလိနှင့် ယဲ့ထင်ကို တွေ့တော့ မျက်နှာက အနည်းငယ် လေးထန်နေသည်။
ရန်ကျားလိ၏ နှလုံးသားက တစ်ချက် ခုန်တက်သွားကာ အလောတကြီး အမေးပြုသည်။
"သူ ဘာဖြစ်လို့လဲ"
အကြီးအကဲလီက ပြောသည်။
"သူ ခိုက်မိတဲ့ နေရာကို ကျွန်တော် ကြည့်ပြီးပါပြီ။ ပြဿနာက အဆိုးကြီးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ရောဂါကု ဆရာဝန်နဲ့ ပြရင်တော့ ပိုကောင်းမယ်ထင်တယ်။ ကျွန်တော့်အထင်.....သိပ်ပုံမှန် မဟုတ်လို့"
ရန်ကျားလိက မျက်မှောင်ကြုတ်သွားပြီး ယဲ့ထင်ကို ကြည့်လိုက်သည်။
ယဲ့ထင်က ရန်ကျားလိလက်ကို တိတ်တိတ်ကလေး ညှစ်လိုက်ကာ အသံသြသြနှင့် ဆိုလာသည်။
"သူအရင်က စိတ်ပိုင်းဆိုင်ရာမှာ ပြဿနာ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ကုသမှုကို ခံယူပြီးပါပြီ။ အခြေအနေကလည်း တိုးတက်လာပါတယ်။ ဆရာက သူ့ရောဂါ ပြန်ဖြစ်လာတယ် ဆိုလိုချင်တာလား"
အကြီးအကဲလီက ဆိုသည်။
"ဒါကတော့ ကျွန်တော်ပြောတာ မတိကျလောက်ပါဘူး။ စိတ်ရောဂါ အထူးပြုကိုပဲ ကြည့်ခိုင်းသင့်တယ်"
ရန်ကျားလိက ကျေးဇူးတင်စကား ဆိုလိုက်ပြီး အကြီးအကဲလီကို လိုက်ပို့ပြီးနောက် ပြတင်းပေါက်ရှေ့တွင် ကိုယ်ကိုင်းကြည့်လိုက်ကာ ခေါင်းပြန်လှည့်လာပြီး ယဲ့ထင်ကို ပြောသည်။
"တကယ်ကို ကြည့်ရတာ မူမမှန်ဘူးပဲ။ အရင်က ဒီအတိုင်း သတ္တိနည်းရုံလေး၊ အခုကျတော့ လူက ဝိညာဉ် မရှိတော့သလိုပဲ။ လူကို မကြည့်နဲ့ဦး၊ ငါဖြစ်ခဲ့တဲ့ အခေါက်တုန်းကထက်တောင်......"
ယဲ့ထင်သည် ရန်ကျားလိက ရှေးအချိန်က တစ်ခါတစ်ခေါက် အကြောင်းကို ပြန်အစဖော်လာသည်ကို ကြားသောအခါ နှလုံးသားက အပ်ထိုးဖုံလို နာကျင်လာပါတော့သည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီး လူနာခန်းထဲမှ ဝမ်ယန်ကို ကြည့်မိလိုက်တော့ အကြည့်များက ထုံထိုင်းနေပြီး မျက်လုံးမှာလည်း အသက်မဲ့နေလျက် နေ့တစ်ဝက်လောက် ကြာသွားသည့်တိုင် သူက တစ်ချက် မလှုပ်လာခဲ့ပေ။
ယဲ့ထင်က သက်ပြင်းရှိူက်ကာ ထောင့်တစ်နေရာ သွားပြီး ဖုန်းဆက်လိုက်သည်။
ထိုနေ့ညတွင် ဝမ်ယန်အား အခြားသော ဆေးရုံတစ်ခုဆီ ပြောင်းရွှေ့လိုက်ကြသည်။
လီတာ့နှင့် လီအော့လည်း ဝမ်ယန်သတင်းကို ကြားပြီးနောက် အိမ်မှ ကပျာကယာ ထွက်လာပြီး အပြေးတပိုင်း ရောက်လာကြသည်။
လီတာ့ ပြေးသည်မှာ အလျင်မြန်ဆုံး ဖြစ်နေပြီး ဆွေးနွေးတိုင်ပင်ခန်း တံခါးဝတွင် စောင့်ဆိုင်းနေသည့် ရန်ကျားလိကို ရှာတွေ့သွားတော့ အမောတကောနှင့်ပင် ဖွင့်ဟ မေးမြန်းလာသည်။
"ဘယ်လိုဖြစ်တာလဲ၊ ဆရာဝန်က ဘာပြောလဲ"
ရန်ကျားလိက မေးပင့်လိုက်ပြီး
"မထွက်လာသေးဘူး"
လီတာ့က တံတွေးမျိုလိုက်ပြီး ခဲရာခဲဆစ် ခေါင်းညိတ်သည်။
နာရီဝက် အကြာတွင် ဆရာဝန်က ဆွေးနွေး တိုင်ပင်ခန်းမှ ထွက်လာပြီး တံခါးကို ညင်သာစွာ ပြန်ပိတ်လိုက်ကာ မျက်နှာကလည်း အတော်လေး အကောင်းကြီးတော့ မဟုတ်ပါပေ။ သူသည် တံခါးအပြင်မှ ဝိုင်းနေသော လူများကို ကြည့်လိုက်ကာ ဆေးမှတ်တမ်းကို ပြန်ကြည့်ပြီး မေးခွန်းထုတ်သည်။
"ဘယ်သူက မိသားစုဝင်လဲ"
အခြေအနေက နှစ်စက္ကန့်လောက် ခဲရပ်သွားပြီး လီတာ့တစ်ယောက် မဆိုင်းမတွ လက်မြှောက်လာကာ
"ကျွန်တော်ပါ"
ဆရာဝန်က အထူးတဆန်းနှင့် သူ့ကို ကြည့်လိုက်ပြီး
"ဘာတော်တာလဲ"
လီတာ့က အကြောက်အရွံ့ ကင်းစွာဖြင့်
"ကျွန်တော်က သူ့အစ်ကိုပါ"
နံဘေးမှ လီအော့က ခေါင်းကုတ်ပြီး လီတာ့ကို ကြည့်လာသည်။ ရန်ကျားလိမှာ သူ့ခေါင်းပေါ်တွင် မေးခွန်းအမှတ်အသား တစ်ခုပေါ်လာသည်ကို မြင်လိုက်ရသလိုပင်။
ဆရာဝန်က သက်ပြင်းချလိုက်ကာ
"ခင်ဗျား ကျွန်တော်နဲ့ လိုက်ဝင်ခဲ့ပါ။ ကျွန်တော့်မှာ ပြောစရာရှိတယ်"
.
.
.
.
.
စာရေးသူတွင် ပြောစရာရှိသည်။
လီတာ့ : ကျွန်တော်က သူ့အစ်ကို။
လီအော့ : ???
လီအော့ : ကော၊ မျက်လုံးဖွင့်ပြီး ထပ်ကြည့်ကြည့်ပါဦး? ဒုတိယ ညီလေးက ဒီမှာလေ?
×××
{Zawgyi}
"မူမမွန္"
ငလ်င္လႈပ္သည့္ ထိုေန့ညက ဝမ္ယန္ေရာ ေရွာက္ယယ္ပါ မေတာ္တဆမႈ ျဖစ္ခဲ့ၾကသည္။
ဝမ္ယန္က ျပဳတ္က်လာသည့္ အရာဝတၴု တစ္ခုႏွင့္ ထိမွန္ခဲ့ၿပီး ဦးေခါင္း ဒဏ္ရာရသြားသည့္အတြက္ ဒဏ္ရာခ်ဳပ္ဖို႔ လိုေပသည္။
ေရွာက္ယယ္၏ အေျခအေနမွာေတာ့ ပိုလို႔ပင္ ျပင္းထန္ပါေသးသည္။ ေတာင္ၿပိဳက်လာသည့္ တဒဂၤတြင္ ေက်ာက္ရွန္႔ဟိုင္ႏွင့္ သမီးျဖစ္သူကို ကာကြယ္ရန္အတြက္ ကိုယ္ခႏၶာေအာက္တြင္ ဖံုးကာထားေပးၿပီး ကိုယ္တိုင္ကေတာ့ ျပဳတ္က်လာသည့္ ေက်ာက္တံုးႏွင့္ တိုက္မိသြားရာ ေနာက္ေက်ာက ဆိုးဆိုးဝါးဝါး ရုပ္ပ်က္ဆင္းပ်က္ ျဖစ္သြားခဲ့၍ ကယ္ဆယ္ေရးအတြက္ ခြဲစိတ္ခန္းသို႔ တိုက္ရိုက္ ပို႔ေဆာင္ခဲ့ရသည္။
ထိုေန့ညက ရန္က်ားလိႏွင့္ ယဲ့ထင္တို႔မွာ အလြန္ ပရမ္းပတာႏိုင္ေသာ တစ္ညတာကို ျဖတ္သန္းခဲ့ရသည္။
ႏွစ္ေယာက္သားက ေဆးရံုႏွစ္ခုတြင္ ေျပးလိုက္လႊားလိုက္ ျဖစ္ေနၾကသည္မွာ ဝမ္ယန္ ေဘးကင္းကင္းႏွင့္ လူနာခန္းထဲ ေရာက္လာသည္ အထိပင္။ ေရွာက္ယယ္က သတိမရလာေသးေသာ္လည္း ေလာေလာဆယ္ေတာ့ အသက္ ေဘးအႏၲရာယ္ မရိွေတာ့ၿပီမို႔ သူတို႔ စိတ္လံုးလံုး ခ်ရေတာ့သည္။
ရန္က်ားလိက ေက်ာက္ရွန္႔ဟိုင္ကို ႏွစ္သိမ့္ေပးၿပီးေနာက္ ပင္ပန္း ႏြမ္းနယ္ေနေသာ ကိုယ္ခႏၶာကို ဆြဲရင္း ေဆးရံုမွ ထြက္လာသည္။
တိုက္တိုက္ဆိုင္ဆိုင္ ယဲ့ထင္ကလည္း ကားေမာင္းလာခ်ိန္ျဖစ္ၿပီး ရန္က်ားလိကို ေတြ့သည္ႏွင့္ သူ႔လက္ဖဝါးထဲ ပူပူေနြးေနြး ႏို႔သာကူတစ္ခြက္ ကမန္းကတန္း ထည့္ေပးလိုက္ကာ ရန္က်ားလိ၏ ေခါင္းကို ပြတ္သပ္ေပးလိုက္သည္။
"ပင္ပန္းေနၿပီမလား"
ရန္က်ားလိက ေခါင္းညိတ္ျပၿပီး ပူေနြးေနသည့္ ေသာက္စရာကို အနည္းငယ္ ေသာက္လိုက္သည္။
သူက ေခါင္းေမာ့ၿပီး ေျပာလာသည္။
"ငါအခုထိ အိပ္မက္လို ခံစားေနရတုန္းပဲ။ ဝမ္ယန္နဲ႔ ေရွာက္.....ဥကၠဌေရွာက္၊ အေကာင္းႀကီးကေန.....ငါပထမဆံုး ငလ်င္ကို ႀကံဳဖူးတာပဲ။ အရမ္း ေၾကာက္ဖို႔ေကာင္းတယ္"
ယဲ့ထင္က ရန္က်ားလိကို ဖက္လိုက္ၿပီး သူ႔နဖူးထက္ ခပ္ဖြဖြ နမ္းလိုက္ကာ ႏွစ္သိမ့္စကားဆိုသည္။
"ဘာမွမျဖစ္ေတာ့ပါဘူး၊ အားလံုး အဆင္ေျပသြားပါၿပီ"
ရန္က်ားလိ ၿငိမ္သက္လာေတာ့မွ ယဲ့ထင္က သူ႔လက္ကို ဆြဲလိုက္ၿပီး ေနာက္ထပ္တစ္ႀကိမ္ ေသေသခ်ာခ်ာ စစ္ေဆးၾကည့္လိုက္ကာ စိုးရိမ္တႀကီး ေမးခြန္းထုတ္လာသည္။
"မင္းတကယ္ ဒဏ္ရာ မရထားပါဘူးေနာ္။ တစ္ေနရာရာက မသက္မသာ ျဖစ္ေနရင္ ေသခ်ာေပါက္ ကိုယ့္ကိုယ္ ေျပာျပရမယ္ေနာ္။ ကိုယ့္ကို စိတ္ပူရေအာင္ မလုပ္ပါနဲ႔"
ရန္က်ားလိက အက်ႌလက္ကို ဆြဲျပလိုက္ကာ
"ငါက ကံေကာင္းတယ္။ လက္ေမာင္းပဲ တိုက္မိၿပီး နီသြားတာ။ က်န္တဲ့ေနရာက တကယ္ ဘာမွမျဖစ္ပါဘူး။ မင္း စစ္ေဆးေနတာ ဘယ္ႏွစ္ေခါက္ေတာင္ ရိွၿပီလဲ။ ဘာလို႔အဲ့ေလာက္ ရႈပ္ေနရတာတံုး"
ယဲ့ထင္က သက္ျပင္းခ်လိုက္ၿပီး
"ကိုယ္ ေၾကာက္လို႔"
ရန္က်ားလိက ညည္းသံျပဳသည္။
"မင္းမွာလည္း ေၾကာက္တတ္တဲ့ အရာရိွေသးတယ္ေပါ့"
ယဲ့ထင္က တေလးတနက္ ေခါင္းညိတ္လိုက္ကာ
"ေသခ်ာတာေပါ့၊ ကိုယ္ တျခားအရာေတြ ဘာဆိုဘာမွ မေၾကာက္ပါဘူး။ မင္း ေနမေကာင္းျဖစ္ၿပီး အနာတရ ျဖစ္မွာကိုပဲ ကိုယ္ေၾကာက္တာ။ ကိုယ္က ကိုယ္ကိုယ္တိုင္ နာက်င္ရဖို႔ကိုေတာ့ ဆႏၵရိွေပမယ့္ မင္းကိုေတာ့ နည္းနည္းေလးေတာင္ မထိခိုက္ေစခ်င္ဘူး။ မင္းေတာ့ မသိေလာက္ဘူး။ ကိုယ္မင္းကို ဖုန္းဆက္တုန္းက မင္း ဖုန္းမကိုင္ေတာ့ ကိုယ္ ေျခေထာက္ေတြေတာင္ ေပ်ာ့ေခြသြားတယ္.....ေတာ္ေသးတာေပါ့၊ မင္း ဘာမွမျဖစ္လို႔။ ေတာ္ေသးတယ္၊ ေတာ္ေသးတယ္"
ရန္က်ားလိက ေခါင္းငံု႔ေနရင္း အတန္ၾကာေသာ္ ရုတ္တရက္ မ်က္လံုးက်ယ္လာကာ ယဲ့ထင္၏ ေျခေထာက္ကို ကန္ထည့္လိုက္သည္။
ယဲ့ထင္က နစ္နာရသလို ျဖစ္သြားၿပီး
"ဘာလုပ္တာတံုး"
ရန္က်ားလိမွာ အတင္းအက်ပ္ မာေရေက်ာေရ ျဖစ္လာလိုက္ကာ ဆူပူ က်ိန္းေမာင္းေတာ့သည္။
"ဘယ္သူက မင္းကို ဘာမွ မစဥ္းစား မဆင္ျခင္ေတာ့ဘဲ ကမူးရႉးထိုး ကားနဲ႔ ေမာင္းေျပးလာခိုင္းလို႔လဲ။ လမ္းေတြက ဒီေလာက္ ရႈပ္ေထြးေနတာ၊ ကယ္ဆယ္ေရး အဖြဲ႔ေတြေတာင္ လမ္းေပၚမွာပဲ ရိွေသးတယ္။ မင္းကေတာ့ သတၲိေတြရိွၿပီး ေဘးအႏၲရာယ္ ရိွေနတဲ့ ေနရာကို တည့္တည့္မတ္မတ္ တိုးဝင္လာလိုက္ေသးတယ္ေပါ့ေလ"
ယဲ့ထင္က ရန္က်ားလိကို ဆြဲဖက္လိုက္ၿပီး မႈန္ကုပ္ကုပ္ႏွင့္ ေျပာလာေလသည္။
".....ကိုယ့္လိပ္ျပာကေတာင္ လန္႔ၿပီး လြင့္ထြက္ေတာ့မွာကို၊ ကိုယ္က ဘယ္လိုလုပ္ အဲ့ဒါကို ဂရုစိုက္ႏိုင္ေတာ့မွာလဲ"
ရန္က်ားလိက သက္ျပင္းခ်လိုက္ၿပီး ယဲ့ထင္ နားရြက္ကို ဆြဲကာ
"ေနာက္ဆို အဲ့ေလာက္ တဇြတ္ထိုး မလုပ္ရဘူးေနာ္"
ယဲ့ထင္က ေခါင္းညိတ္လိုက္ၿပီး ေခါင္းျပန္ခါသြားကာ
"ေနာက္တစ္ႀကိမ္ဆိုတာ မရိွေတာ့ဘူး"
အရုဏ္တက္တြင္ ႏွစ္ေယာက္သားက စိတ္ပင္ပန္း ႏြမ္းနယ္မႈ အျပည့္ႏွင့္ အိမ္ျပန္လာၾကၿပီး အလိုအေလ်ာက္ပါပင္၊ ဘာဆိုဘာမွ လုပ္ခ်င္ကိုင္ခ်င္စိတ္ မရိွၾကေတာ့၍ ေပြ့ဖက္ၿပီး တစ္ညလံုး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္သြားၾကေတာ့သည္။
ေနာက္တစ္ေန့၊ ရန္က်ားလိ ေက်ာက္ရွန္႔ဟိုင္ကို ျပန္သြားၾကည့္သည့္အခါ သူက စာရြက္တစ္ရြက္ ကိုင္ထားၿပီး မ်က္လံုးတစ္ခုလံုး နီရဲတြတ္ေနသည္ကို ေတြ့လိုက္ရသည္။ ညလံုးေပါက္ ေနခဲ့၍ပဲလား၊ ငိုေနခဲ့၍ပဲလားေတာ့ မသိႏိုင္ပါ။
ရန္က်ားလိသည္ ဘယ္တုန္းကမွ သူ၏ ထိုသို႔ သနားစဖြယ္ ေကာင္းသည့္ပံုစံကို မျမင္ဖူးခဲ့ေပ။
ရန္က်ားလိသည္ သူ႔နံေဘးတြင္ ဝင္ထိုင္လိုက္ၿပီး ပထမဆံုး အေနျဖင့္ ဤျမင့္ျမတ္ သိမ္ေမြ့သည့္ အမ်ိဳးသားအား မိမိထံ၌ မွီဝဲေစသည္။ ေရွာက္ယယ္မွာ ေစာင့္ၾကၫ့္ဆဲ ကာလတြင္သာ ရိွေနေသးၿပီး ထိုအခ်ိန္ကို ေက်ာ္သြားခဲ့ပါကလည္း အခ်ိန္အေတာ္ၾကာ ေမ့ေျမာေနလိမ့္ဦးမည္ဟု ၾကားသိခဲ့ရၿပီးေနာက္ ခက္ခက္ခဲခဲ တံေတြး မ်ိဳခ်လိုက္ကာ ေက်ာက္ရွန္႔ဟိုင္၏ ေက်ာျပင္ကို ပုတ္ေပးရင္း ခပ္ဖြဖြ ႏွစ္သိမ့္ေပးမိသည္။
တတိယေန့တြင္ ဝမ္ယန္ သတိရလာသည္။
ရန္က်ားလိက သူ႔လူနာေဆာင္ကို သြားလိုက္သည္။
ယဲ့ထင္က ရန္က်ားလိ စိတ္ပူေနမွန္းသိ၍ အသံမထြက္ဘဲ တိတ္တိတ္ကေလး နာမည္ရိွေသာ ကြၽမ္းက်င္ အတတ္ပညာရွင္မ်ားကို ဖိတ္ၾကားကာ တိုင္ပင္ေဆြးေနြးမႈ တစ္ခု စီစဥ္လိုက္သည္။
ကြၽမ္းက်င္သူမ်ားက ဝမ္ယန္၏ အေျခအေနကို ၾကၫ့္ရႈၿပီးေနာက္ ဒဏ္ရာအတြက္ ကုသမႈအစီအစဉ္ကို ဆံုးျဖတ္ခဲ့ၾကသည္။ လီမ်ိဳးရိုး အမည္ရိွ အႀကီးအကဲ တစ္ေယာက္က အထူးတလည္ အေသးစိတ္က်သည္ျဖစ္၍ လူနာခန္းထဲဝင္ကာ သတိရေနၿပီျဖစ္ေသာ ဝမ္ယန္ႏွင့္ အခ်ိန္အေတာ္ၾကာ မ်က္ႏွာခ်င္းဆိုင္ စိစစ္ ေမးျမန္းေနခဲ့သည္။ ျပန္ထြက္လာၿပီးေနာက္ ရန္က်ားလိႏွင့္ ယဲ့ထင္ကို ေတြ့ေတာ့ မ်က္ႏွာက အနည္းငယ္ ေလးထန္ေနသည္။
ရန္က်ားလိ၏ ႏွလံုးသားက တစ္ခ်က္ ခုန္တက္သြားကာ အေလာတႀကီး အေမးျပဳသည္။
"သူ ဘာျဖစ္လို႔လဲ"
အႀကီးအကဲလီက ေျပာသည္။
"သူ ခိုက္မိတဲ့ ေနရာကို ကြၽန္ေတာ္ ၾကည့္ၿပီးပါၿပီ။ ျပႆနာက အဆိုးႀကီးေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ စိတ္ေရာဂါကု ဆရာဝန္နဲ႔ ျပရင္ေတာ့ ပိုေကာင္းမယ္ထင္တယ္။ ကြၽန္ေတာ့္အထင္.....သိပ္ပံုမွန္ မဟုတ္လို႔"
ရန္က်ားလိက မ်က္ေမွာင္ၾကဳတ္သြားၿပီး ယဲ့ထင္ကို ၾကည့္လိုက္သည္။
ယဲ့ထင္က ရန္က်ားလိလက္ကို တိတ္တိတ္ကေလး ၫွစ္လိုက္ကာ အသံၾသၾသႏွင့္ ဆိုလာသည္။
"သူအရင္က စိတ္ပိုင္းဆိုင္ရာမွာ ျပႆနာ ရိွခဲ့ဖူးတယ္။ ဒါေပမဲ့ ကုသမႈကို ခံယူၿပီးပါၿပီ။ အေျခအေနကလည္း တိုးတက္လာပါတယ္။ ဆရာက သူ႔ေရာဂါ ျပန္ျဖစ္လာတယ္ ဆိုလိုခ်င္တာလား"
အႀကီးအကဲလီက ဆိုသည္။
"ဒါကေတာ့ ကြၽန္ေတာ္ေျပာတာ မတိက်ေလာက္ပါဘူး။ စိတ္ေရာဂါ အထူးျပဳကိုပဲ ၾကည့္ခိုင္းသင့္တယ္"
ရန္က်ားလိက ေက်းဇူးတင္စကား ဆိုလိုက္ၿပီး အႀကီးအကဲလီကို လိုက္ပို႔ၿပီးေနာက္ ျပတင္းေပါက္ေရ႔ွတြင္ ကိုယ္ကိုင္းၾကည့္လိုက္ကာ ေခါင္းျပန္လွည့္လာၿပီး ယဲ့ထင္ကို ေျပာသည္။
"တကယ္ကို ၾကည့္ရတာ မူမမွန္ဘူးပဲ။ အရင္က ဒီအတိုင္း သတၲိနည္းရံုေလး၊ အခုက်ေတာ့ လူက ဝိညာဉ္ မရိွေတာ့သလိုပဲ။ လူကို မၾကည့္နဲ႔ဦး၊ ငါျဖစ္ခဲ့တဲ့ အေခါက္တုန္းကထက္ေတာင္......"
ယဲ့ထင္သည္ ရန္က်ားလိက ေရွးအခ်ိန္က တစ္ခါတစ္ေခါက္ အေၾကာင္းကို ျပန္အစေဖာ္လာသည္ကို ၾကားေသာအခါ ႏွလံုးသားက အပ္ထိုးဖံုလို နာက်င္လာပါေတာ့သည္။
သူ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး လူနာခန္းထဲမွ ဝမ္ယန္ကို ၾကည့္မိလိုက္ေတာ့ အၾကည့္မ်ားက ထံုထိုင္းေနၿပီး မ်က္လံုးမွာလည္း အသက္မဲ့ေနလ်က္ ေန့တစ္ဝက္ေလာက္ ၾကာသြားသည့္တိုင္ သူက တစ္ခ်က္ မလႈပ္လာခဲ့ေပ။
ယဲ့ထင္က သက္ျပင္းရိွူက္ကာ ေထာင့္တစ္ေနရာ သြားၿပီး ဖုန္းဆက္လိုက္သည္။
ထိုေန့ညတြင္ ဝမ္ယန္အား အျခားေသာ ေဆးရံုတစ္ခုဆီ ေျပာင္းေရႊ့လိုက္ၾကသည္။
လီတာ့ႏွင့္ လီေအာ့လည္း ဝမ္ယန္သတင္းကို ၾကားၿပီးေနာက္ အိမ္မွ ကပ်ာကယာ ထြက္လာၿပီး အေျပးတပိုင္း ေရာက္လာၾကသည္။
လီတာ့ ေျပးသည္မွာ အလ်င္ျမန္ဆံုး ျဖစ္ေနၿပီး ေဆြးေနြးတိုင္ပင္ခန္း တံခါးဝတြင္ ေစာင့္ဆိုင္းေနသည့္ ရန္က်ားလိကို ရွာေတြ့သြားေတာ့ အေမာတေကာႏွင့္ပင္ ဖြင့္ဟ ေမးျမန္းလာသည္။
"ဘယ္လိုျဖစ္တာလဲ၊ ဆရာဝန္က ဘာေျပာလဲ"
ရန္က်ားလိက ေမးပင့္လိုက္ၿပီး
"မထြက္လာေသးဘူး"
လီတာ့က တံေတြးမ်ိဳလိုက္ၿပီး ခဲရာခဲဆစ္ ေခါင္းညိတ္သည္။
နာရီဝက္ အၾကာတြင္ ဆရာဝန္က ေဆြးေနြး တိုင္ပင္ခန္းမွ ထြက္လာၿပီး တံခါးကို ညင္သာစြာ ျပန္ပိတ္လိုက္ကာ မ်က္ႏွာကလည္း အေတာ္ေလး အေကာင္းႀကီးေတာ့ မဟုတ္ပါေပ။ သူသည္ တံခါးအျပင္မွ ဝိုင္းေနေသာ လူမ်ားကို ၾကည့္လိုက္ကာ ေဆးမွတ္တမ္းကို ျပန္ၾကည့္ၿပီး ေမးခြန္းထုတ္သည္။
"ဘယ္သူက မိသားစုဝင္လဲ"
အေျခအေနက ႏွစ္စကၠန္႔ေလာက္ ခဲရပ္သြားၿပီး လီတာ့တစ္ေယာက္ မဆိုင္းမတြ လက္ေျမႇာက္လာကာ
"ကြၽန္ေတာ္ပါ"
ဆရာဝန္က အထူးတဆန္းႏွင့္ သူ႔ကို ၾကည့္လိုက္ၿပီး
"ဘာေတာ္တာလဲ"
လီတာ့က အေၾကာက္အရြံ႔ ကင္းစြာျဖင့္
"ကြၽန္ေတာ္က သူ႔အစ္ကိုပါ"
နံေဘးမွ လီေအာ့က ေခါင္းကုတ္ၿပီး လီတာ့ကို ၾကည့္လာသည္။ ရန္က်ားလိမွာ သူ႔ေခါင္းေပၚတြင္ ေမးခြန္းအမွတ္အသား တစ္ခုေပၚလာသည္ကို ျမင္လိုက္ရသလိုပင္။
ဆရာဝန္က သက္ျပင္းခ်လိုက္ကာ
"ခင္ဗ်ား ကြၽန္ေတာ္နဲ႔ လိုက္ဝင္ခဲ့ပါ။ ကြၽန္ေတာ့္မွာ ေျပာစရာရိွတယ္"
.
.
.
.
.
စာေရးသူတြင္ ေျပာစရာရိွသည္။
လီတာ့ : ကြၽန္ေတာ္က သူ႔အစ္ကို။
လီေအာ့ : ???
လီေအာ့ : ေကာ၊ မ်က္လံုးဖြင့္ၿပီး ထပ္ၾကည့္ၾကည့္ပါဦး? ဒုတိယ ညီေလးက ဒီမွာေလ?
×××