ဒီချစ်စရာလေးကို ပြုစုပျိုးထော...

Per PoRoRo0812

480K 82.3K 1.5K

Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Cre... Més

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အပိုင်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
No Update
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁ (final)
Extra 1
Extra 2

အခန်း ၂၁

5.9K 1.1K 28
Per PoRoRo0812

Raising You This Small Stuff

Unicode

အခန်း ၂၁: ဒူဒူ့မှာ ဒီပြသာနာကို ဖြေရှင်းပြီး ညှိနှိုင်းလို့ရတာ ရှိတယ်

မိုရိချန်က ချန်​ကျောင်ဆီမှ စာကို လက်ခံရရှိခဲ့ကာ ပထမတစ်ပိုင်းက တောင်းပန်တာဖြစ်ပြီး ဒုတိယတစ်ပိုင်းက သူမလုပ်ခဲ့ကြောင်း ရှင်းပြတာဖြစ်သည်။ ဒီကိစ္စမှာ သူ့အပြစ်ထက် သူခံစားရတဲ့ နာကျင်မှုက ပိုတာကို မြင်နိုင်သည်။

မိုရိချန်က ချန်ကျောင်ရဲ့စရိုက်ကို သဘာဝကျစွာ နားလည်သည်။ ဒီချင်ဟယ်က ဉာဏ်ကောင်းသည်။ သူက ချန်ကျောင်ကို အနိုင်ကျင့်လို့မရတော့ ရုပ်ရှင်မိတ်ဆက်ကြော်ငြာနေတဲ့ကာလတွင် ရုပ်ရှင်ရဲ့​ကျော်ကြားမှုကို ဆွဲယူရန် သတင်းတွေကို ချိန်ညှိကာ လှည့်စားမှု လုပ်ခဲ့တာပင်။ သို့သော် ဒီတစ်ခေါက်မှာ သူ့ကို ဆေးရုံကို အမှန်တကယ်ခေါ်ဆောင်သွားပါက ဘာဒဏ်ရာမှ ရှာမတွေ့မှာစိုးရသည် မဟုတ်လျှင် ချန်ကျောင်က သူ့ရှေ့နေဆီက ဆင့်ခေါ်စာတောင် ရလောက်နေပြီ။

နှစ်သိမ့်ပေးတဲ့စာတစ်စောင်ပြန်ပို့ကာ မိုရိချန်က သု့ကုမ္ပဏီကို ဆက်သွယ်လိုက်သည်။

ယွမ်းစွော်က ဒီနေ့ အချိုပွဲအမျိုးမျိုးကို ပြင်ဆင်ကာ မအောင်မြင်ခဲ့တာကြောင့် မိုရိချန်ကို မြည်းခိုင်းရမှာ ရှက်ပြီး ရေခဲသေတ္တာထဲတွင် တိတ်တိတ်လေးသိမ်းထားကာ မနက်စာအနေဖြင့် စားဖို့ပြင်ထားလိုက်သည်။

လိုအပ်တဲ့ပစ္စည်းတွေ ပြင်ဆင်ခွဲခြားပြီးနောက် ပုံဆွဲဘုတ်ပြားကို ထုတ်ကာ ပုံဆွဲဖို့ပြင်လိုက်သည်။ ခေါင်းကိုမော့လိုက်တဲ့အခါ မိုရိချန်ရဲ့မျက်မှောင်ကြုတ်နေတဲ့မျက်နှာကို မြင်လိုက်ရတာကြောင့် ဂရုတစိုက်မေးလိုက်သည်။ 

"မိုရိချန် မင်းကို မပျော်အောင်လုပ်တဲ့တစ်ခုခုနဲ့ ရင်ဆိုင်နေရလို့လား"

မိုရိချန်က ခေါင်းငုံ့လိုက်တော့ သူ့ဖုန်းထဲမှ ယုန်ညအိတ်ဝတ်စုံလေးဝတ်ကာ ဆိုဖာပေါ်တွင် ပုံဆွဲဘုတ်ပြားဖြင့် ထိုင်နေပြီး သူ့ကို ကြည့်နေတဲ့ ယွမ်းစွော်ကို မြင်လိုက်သည်။ 

ဒီအကောင်ပေါက်လေးက သက်ရှိအရာမဟုတ်တာကို ရုတ်တရက် နောင်တရသွားသည်။ မဟုတ်ရင်.... သူ့မျက်နှာလေးကို ညှစ်မိလိမ့်မည်။ ဒါက သူ့ရဲ့စိတ်ညစ်စရာတွေကို သက်သာသွားစေလိမ့်မည်။

မိုရိချန်က ပြန်ဖြေလိုက်သည်။ "ဒါက...အလုပ်ကကိစ္စပါ" စဥ်းစားလိုက်ပြီး ယွမ်းစွော်စိတ်ပူနေမှာစိုးတာကြောင့် ထပ်ပြောလိုက်သည်။ 

"ချန်ကျောင်က ပြသာနာအချို့ ရင်ဆိုင်နေရလို့ပါ"

ယွမ်းစွော်က ချန်ကျောင်ကို သိသည်။ သူတို့နှစ်ယောက်ကြားတွင် တိုက်ရိုက်ပြောဆို ဆက်ဆံဖူးတာမရှိဖူးပေမယ့် ချန်ကျောင်က သူ့လက်ထောက်ဖြစ်ပြီး အရမ်းကောင်းတဲ့သူလို့ မိုရိချန်ကသူ့ကိုတစ်ခါပြောဖူးသည်။ မိုရိချန်က ကောင်းတဲ့လူလို့ပြောမှတော့ ဒီဝဝနဲ့လူက တကယ့်ကိုကောင်းတဲ့သူဖြစ်ရမည်။

သူက မိုရိချန်ကအလုပ်က ကိစ္စလို့ပြောလို့ ဘာမှမမေးချင်ပေမယ့် ချန်ကျောင်က ဒီနေ့ စင်အနောက်မှာ ကြောက်စရာကောင်းတဲ့ မျက်နှာနဲ့လူနဲ့ တစ်ခုခု ရင်ဆိုင်ခဲ့ရတယ်လို့ ယောင်ဝါးဝါးခံစားမိသွားသည်။

"အဲ့ဒါ စင်အနောက်မှာ လဲကျသွားတဲ့ လူကြောင့်လား" 

မိုရိချန်ကအေးခဲသွားပြီး ထိုအချိန်က သူ ဂိမ်းထဲက မထွက်ရသေး​ပဲ ဖုန်းမျက်နှာပြင်ကို သော့ခတ်ထားပေမယ့် ယွမ်းစွော်က အပြင်ဘက်ကို မြင်နိုင်ဆဲဖြစ်ကြောင်း သတိရသွားသည်။

"မင်း တစ်ခုခုမြင်ခဲ့တာလား" သူက အတည်ပြုချင်တာကြောင့် မေးလိုက်သည်။

ယွမ်းစွော်က ပုံဆွဲဘုတ်ပြားလေးကို ချကာ စင်အနောက်တွင်ဖြစ်ခဲ့သမျှကို သေချာရှင်းပြတော့သည်။ အားလုံးပြောပြီးသွားတော့ သူက နောက်ဆုံးတွင် လက်မောင်းတိုတိုလေးတွေကို ခံစားချက်အပြည့်ဖြင့် လေထဲတွင် ဝှေ့ယမ်းကာ ကျယ်လောင်တဲ့အသံဖြင့် ပြောလိုက်သည်။ 

"ပြီးတော့ ဒီလိုမျိုး ဘုန်း မြေပြင်ပေါ် လဲကျသွားတယ်"

ယွမ်းစွော်က ချင်ဟယ်လဲကျသွားတဲ့အတိုင်း အတုခိုးကာ ဆိုဖာပေါ်တွင်လဲကာ ခြေထောက်လေးကို လှုပ်ပြနေတာမြင်တော့ မိုရိချန်က ကြည့်ရင်း မရယ်ပဲမနေနိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် စင်အနောက်မှာ ဘာတွေဖြစ်ခဲ့လဲ နားလည်သွားခဲ့သည်။ သတင်းတွေကို ချေမှုန်းဖို့က မခက်ပေမယ့် ချန်ကျောင်ရဲ့ခေါင်းပေါ်ကို ရေဆိုးတွေ လောင်းချတာကိုတော့ မကျေနပ်နိုင်ပေ။ ချင်ဟယ်လိုလူမျိုး သူ့အစ်ကိုရဲ့ဘေးမှာ ရှိနေတာက အနှေးနဲ့အမြန် ဒုက္ခဖြစ်စေမှာပင်။

ထိုအချိန်တွင် ယွမ်းစွော်က ဆိုဖာပေါ်မှထလိုက်သည်။ သရုပ်ဆောင်ပြတဲ့ အထဲကို စိတ်ပါသွားတာကြောင့် ဘောင်းဘီအနားတွေက ခြေသလုံးပေါ် တက်နေသည်။

 "မိုရိချန် ဒီနေ့ ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို ကျွန်တော် မှတ်တမ်းတင်ထားတယ်။ မင်းလိုချင်ရင်....."

မိုရိချန်ရဲ့မျက်လုံးတွေက လက်သွားကာ ဒီအသေးလေးက တကယ်ကို ဉာဏ်ကောင်းတာပဲ။

"အဲ့ဒါက...မင်းရဲ့ဗီဒီယိုအယ်လ်ဘမ်ထဲမှာ ရှိတယ်"

မိုရိချန်ရဲ့ဆန့်တန်းထားတဲ့လက်တွေက တစ်ခုခုကို တွေးမိသလို လေထဲတွင် ရပ်သွားသည်။ ဖုန်းကို အရင်ဆုံး ကြည့်ရမယ့်အစား မေးလိုက်သည်။

 "မင်းမှာ ဗီဒီယိုရိုက်ကူးရေး လုပ်ဆောင်ချက်ရော ရှိတာလား "

ယွမ်းစွော်က ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်။ ဒူဒူက အဆင့်မြှင့်ထားပြီးပြီလေ။ အပြင်ဘက်ကမြင်ကွင်းတွေကို ရိုက်ကူးထားလို့ ရပြီး ဓာတ်ပုံလည်းရိုက်ပြီး သိမ်းထားလို့ရတယ်။ ကျွန်တော့်မှာ ဓာတ်ပုံအယ်လ်ဘမ်တောင်ရှိ အို့..." သူ့စကားဆုံးတော့ သူတစ်ခုခုကို နားလည်သွားခဲ့သည်။ ပါးစပ်ကို အမြန်ပိတ်လိုက်ပြီး ရုတ်တရက် သူ့အကြည့်တွေကို ရှောင်ဖို့ကြိုးစားလိုက်သည်။

မိုရိချန်က ယွမ်းစွော်ကိုကြည့်နေကာ ဂိမ်းထဲမှ ခေတ္တထွက်လိုက်ပြီး ဗီဒီယိုအယ်လ်ဘမ်ကို နှိပ်လိုက်တော့ သုံးမိနစ်အောက်သာကြာတဲ့ ဗီဒီယိုတစ်ခုကို သေချာမြင်လိုက်ရသည်။

မြင်ကွင်းကရှင်းလင်းနေကာ ချင်ဟယ်က ဝင်တိုက်ပုံ၊သူ့လက်ထောက်ကို ဆူပူနေကာ ချန်ကျောင်ကို အပြင်းအထန် ကြိမ်းမောင်းနေတာတွေကို မှတ်တမ်းတင်ထားသည်။ 

ချင်ဟယ်မှာ ဆိုးဝါးတဲ့စရိုက်ရှိတာကို သိတာ ကြာပြီဖြစ်ပေမယ့် ဗီဒီယိုကိုကြည့်နေရင်း မျက်မှောင်မကြုတ်ပဲ မနေနိုင်ပေ။

ခဏနေပါဦး!

သူက ခဏရပ်ပြီး ပြန်ဖွင့်လိုက်သည်။ ထောင့်ကို ပြောင်းကာ ဗီဒီယိုရဲ့အစကို သေချာကြည့်လိုက်သည်။ချင်ဟယ်က ချန်ကျောင်ကို ဝင်တိုက်တဲ့အခါ ချန်ကျောင်ရဲ့ လက်ထဲကကိုင်ထားတဲ့ဖုန်းကို ရှင်းရှင်းလင်းလင်း ကြည့်နေခဲ့သည်။ သူက ချန်ကျောင်လက်ထဲကနေ ဖုန်းကို လွတ်ကျသွားစေချင်ခဲ့တာလား။ဖုန်းသာ ကျကွဲသွားရင် ယွမ်းစွော် ဘာတွေ ဖြစ်ကုန်မလဲ သူမတွေးရဲပေ။ အေးစက်တဲ့နှင်းထုကြီးလို ကြောက်လန့်မှုတွေက သူ့ရဲ့ခြေထောက်ကနေ လည်ပင်းအထိ တက်လာခဲ့သည်။

ချင်ဟယ် မင်းဒီတစ်ခါတော့ မျဥ်းကို တကယ် ဖြတ်သွားပြီ။

သူက မျက်မှောင်ကြုတ်ကာ နှောင့်နှေးမနေပဲ ဗီဒီယိုကို သူ့ရဲ့ ကိုယ်စားလှယ်ဆီသို့ ပို့လိုက်သည်။ သဘာဝကျစွာပဲ ကျန်တာကို PR teamက ဆက်လုပ်သွားလိမ့်မည်။ ဒါကို တွေးပြီးနောက် မိုရိယန်ဆီကိုလည်း ကော်ပီတစ်ခု ပို့ပေးလိုက်သည်။ဗီဒီယို ပို့ပေးပြီးမိနစ်အနည်းငယ်အကြာတွင် မိုရိယန်က တစ်ခွန်းသာ ပြန်ပြောသည်: ကောင်းပြီ

မိုရိချန်က မျက်ခုံးပင့်လိုက်မိသည်။ မိုရိယန်က အခုချိန်မှာ အရမ်းဒေါသထွက်နေပြီး သူစကားတစ်ခွန်းတည်းပြန်ပြောမှတော့ သူ့ရည်ရွယ်ချက်ရှင်းနေပြီပင်။

ချင်ဟယ်ရဲ့ကိစ္စပြီးနောက် သူက ဂိမ်းထဲကို ထပ်ဝင်လိုက်သည်။ ယွမ်းစွော်က ဆိုဖာပေါ်တွင် ခြေထာက်တိုတိုလေးတွေဖြင့် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ ဒီတစ်ခါမှာတော့ သူက ပုံဆွဲဘုတ်ပြားကို ကိုင်ထားရမယ့်အစား Tvဘက်လှည့်ကာ လိုင်းတစ်ခုကို ပေါ့ပေါ့ပါးပါးဖွင့်ထားသည်။ မိုရိချန်ကိုမြင်တော့ သူကအမြန်နှုတ်ဆက်ပြီး အပြစ်မကင်းတဲ့စိတ်ဖြင့်  ခေါင်းက Tvဘက်ကို ပြန်လှည့်သွားခဲ့သည်။

မိုရိချန်က ဖုန်းမျက်နှာပြင်ကို အနီးကပ်ကာ မျက်လုံးကိုမှေးစင်းပြီး ယွမ်းစွော်ရဲ့နောက်ကျောလေးကို တိတ်တဆိတ်ကြည့်နေခဲ့သည်။

ယွမ်းစွော်ရဲ့လက်ဝတုတ်လေးက Tv controlကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ နားရွက်လေးတွေကလည်း သူဝတ်ထားတဲ့ ညအိပ်ဝတ်စုံထဲတွင် မြှုပ်နေပြီး တောင့်တင်းနေခဲ့သည်။ သူ့နားကလေထုကလည်း ဖွင့်ပြောဖို့ တင်းကြပ်နေခဲ့သည်။ အာ...မိုရိချန်က ဒီလောက်ထက်မြက်တာ သူခန့်မှန်းမိမှာပဲ ဟုတ်တယ်မို့လား။ ဒါဆို...သူက အရင် လက်ဦးမှုယူပြီး ရှင်းပြလိုက်သင့်လား။ သူအရင်က ကြည့်ဖူးတဲ့ရုပ်ရှင်မှာဆို ကမ္ဘာကြီးက စည်းမျဥ်းတွေကိုတောင် တွန်းလှန်နိုင်တယ်လို့ ပြောကြတယ် : ခုခံနိုင်စွမ်းက စည်းကမ်းတွေနဲ့ တွေ့ဆုံတယ်၊ ဝန်ခံခြင်းက သက်ညှာမှုနဲ့ တွေ့ဆုံတယ်။

"ဒူဒူ Tvကို ပိတ်လိုက်တော့ " မိုရိချန်က ပေါ့ပေါ့ပါပါး ပြောလိုက်သည်။

ယွမ်းစွော်က နာခံစွာဖြင့် "အို့ " လို့ပြောကာ သူ ကြည့်ချင်မနေတဲ့Tvကို ပိတ်လိုက်ပေမယ့် မိုရိချန်ကို မကြည့်ရဲပဲ သူ့ညအိပ်ဝတ်စုံက မုန်လာဥပုံကြယ်သီးလေးတွေကို တစ်လုံးချင်းစီ ကိုင်ကာ ခေါင်းကို ငုံ့ထားသည်။

မိုရိချန်ရဲ့ နှုတ်ခမ်းထောင့်က တွန့်သွားပေမယ့် ပြုံးချင်နေတာကို ထိန်းကာ ဘာခံစားချက်မှ မရှိသလို ပြောလိုက်သည်။ 

"မင်းမှာ ဓာတ်ပုံအယ်လ်ဘမ်လည်း ရှိတာလား"

ယွမ်းစွော်ရဲ့လက်က တုန်သွားကာ မုန်လာဥပုံပေါ်က သစ်ရွက်စိမ်းလေးက ပြုတ်ကျသွားခဲ့သည်။ "ကျွန်တော်..ကျွန်တော်..ကျွန်တော်...ကျွန်တော့်မှာ အယ်လ်ဘမ်အသေးစားလေးပဲရှိတာပါ"

"အသေးစားလေးလား"

"ဓာတ်ပုံဆယ်ပုံပဲ သိမ်းထားလို့ရတာ" ယွမ်းစွော်ရဲ့မျက်လုံးထဲတွင် စိတ်ပျက်နေမှုတွေ ထင်ဟပ်နေပြီး သိမ်းထားစရာ နေရာနည်းတဲ့အတွက် နောင်တရနေတဲ့ပုံ ပေါ်သည်။

"အယ်လ်ဘမ်ထဲမှာ မင်းရိုက်ထားတဲ့ပုံတွေ ရှိလား"

ယွမ်းစွော်က တုံ့ဆိုင်းနေကာ လက်တွေကလည်း လေလျှော့ထားတဲ့မီးပုံးပျံလို လိမ်ပတ်နေကာ သက်ညှာမှုနဲ့တွေ့ရဖို့ ဝန်ခံလိုက်ဖို့သာ ဆုံးဖြတ်လိုက်တော့သည်။ "အမ် ကျွန်တော်... ကျွန်တော်က နည်းနည်းလေးပဲ ရိုက်ထားတာပါ။ မဟုတ်ဘူး... မိုရိချန်ရဲ့privacyပုံတွေကို ခိုးရိုက်ထားတာ မဟုတ်ပါဘူး။ အိုး... သူတို့က သိပ်တော့ privacyပုံတွေ မဟုတ်ပါဘူး။ တကယ်တော့ သူတို့ထဲက တစ်ချို့ကပဲ နည်းနည်းလေး privacyပုံပါ နည်းနည်းလေးပါပဲ "

မိုရ်ချန်က အယ်လ်ဘမ်ရဲ့ အကြောင်းအရာတွေကို အ​ကြမ်းဖျဥ်း ဆုံးဖြတ်လိုက်သည်။ ခြေထောက်ပေါ်တင်ထားတဲ့လက်ချောင်းတွေက အလိုအလျောက် စည်းချက်ညီညီ လှုပ်နေကာ တစ်ဘက်လက်ညိုးကို အနည်းငယ်ကွေးကာ သူ့နဖူးပေါ်ထိလိုက်သည်။ သူ့အနောက်မှ နွေးထွေးတဲ့အဝါရောင်အလင်းတန်းတစ်ခုက လင်းလက်တောက်ပနေပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ကောင်းမွန်တဲ့ အလင်းရောင်အလွှာဖြင့် ဖုံးအုပ်ထားသည်။ သူ့မျက်လုံးထဲက ချစ်မြတ်နိုးမှုနှင့် အလိုလိုက်ချင်မှုတို့ကို ဖုံးကွယ်ထား၍မရတော့ပေ။

"ဒူဒူ့ရဲ့ ဓာတ်ပုံအယ်လ်ဘမ်ကို ကြည့်လို့ရမလား"

ဟမ် မိုရိချန်က သူ့ရဲ့ခွင့်ပြုချက်ကို မေးနေတာလား။ အယ်လ်ဘမ်ဖွင့်ဖို့က ကစားသမားတစ်ဦးအနေဖြင့် သူ့ရဲ့အခွင့်အရေးကို တိုက်ရိုက်အသုံးပြုမယ်လို့ သူထင်ခဲ့တာကြောင့် ခဏလောက် အေးခဲသွားပြီးနောက် ယွမ်းစွော်က ဒါက မိုရိချန်က သူ့အပေါ်ကို လေးစားမှုတစ်မျိုးဖြစ်ကြောင်း နားလည်ခဲ့သည်။ သူက သိပ်မတော်ပေမယ့် သူ့အနီးနားက ကြင်နာမှုကို ခံစားနိုင်ပြီး ပေးတဲ့သူတွေရဲ့ နွေးထွေးမှုကိုလည်း ခံစားရနိုင်ပါသေးသည်။

အရင်က ဖမ်းမိသွားတော့ နှိုင်းယှဥ်လို့မရနိုင်တဲ့စိုးရိမ်စိတ်တွေ ရှိခဲ့သော်လည်း ယခုတော့ စိတ်သက်သာသွားခဲ့သည်။ သူက ခေါင်းကိုမော့ပြီး မိုရိချန်ရဲ့ မျက်လုံးတွေကို တည့်တည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။ 

 "မိုရိချန်က အဲဒါကို ကြည့်လို့ရတယ်"

သူငဓါတ်ပုံတွေယူလာဖို့ အစပြုလိုက်သည်။

ယွမ်းစွော်ရဲ့ရှုထောင့်မှကြည့်လျှင် ဒါကို နံရံပေါ်တွင် အီလက်ထရွန်နစ်ဓာတ်ပုံ အယ်လ်ဘမ်တစ်ခုကို ပြထားသော်လည်း မိုရိချန်ဘက်ကမြင်ရတာက ဒါက သူ့ဖုန်းရဲ့ညာဘက်အောက်ထောင့်တွင် ကိုယ်တိုင်ချိန်ညှိနိုင်တဲ့ ဓာတ်ပုံအယ်လ်ဘမ်အသေးလေးတစ်ခုဖြစ်သည်။

မိုရိချန်ကဓာတ်ပုံတွေကို ဖုန်းမျက်နှာပြင်အား လက်ချောင်းလေးဖြင့် ရှေ့တိုးကာ တစ်ပုံပြီးတစ်ပုံ ကြည့်နေခဲ့သည်။ သူ့ရဲ့လှုပ်ရှားမှုတိုင်းတွင် ယွမ်းစွော်ရဲ့နှလုံးသားက  ပြင်းထန်စွာ ခုန်နေပြီး ဖြူဖပ်နေတဲ့မျက်နှာ နီမြန်းလာကာ သူ့နဖူးကလည်း ခုန်နေသည်။ ရုတ်တရက် သူ နည်းနည်းနောင်တရသွားကာ သူ့ကို ဓာတ်ပုံတွေမပေးလိုက်သင့်ဘူး။ မိုရိချန်က သူ့ကို လူဆိုးတစ်ယောက်လို့ မထင်လောက်ဘူးလား။

မိုရိချန်က သူ့ဓာတ်ပုံတွေကို ကြည့်နေခဲ့သည်။

စားပွဲမီးအိမ်ရဲ့ အလင်းရောင်အောက်တွင် ဇာတ်ညွှန်းထဲ၌ အာရုံစိုက်နေတဲ့ သူ့မျက်နှာရဲ့ ဘေးဘက်ပုံ၊  ရုပ်ရှင်ရိုက်ကွင်းမှာ ရှေးခေတ်၀တ်စုံဝတ်ထားတဲ့ သူ့ဓာတ်ပုံ၊ မနက်ခင်းမှာ အိပ်ငိုက်နေတဲ့မျက်လုံးနှင့်လူပုံနဲ့... ပျော့ပျောင်းတဲ့ အကြည့်တွေဖြင့် ဒါက ယွမ်းစွော်အတွက် ဖုန်းထဲက လုပ်ဆောင်ချက်အတိုင်း မနက်စာ ပြင်ပေးနေတဲ့ပုံပင်ဖြစ်ပြီး ပြတင်းပေါက်ကနေ ဖြာကျနေတဲ့ပူနွေးတဲ့နေရောင်ခြည်ဖြင့် ဒီဓာတ်ပုံရဲ့အနေအထားက အလွန်နူးညံ့နေတယ်...

ဓာတ်ပုံကို ကြည့်လိုက်တော့ သူ့ရင်ဘတ်ထဲတွင် ထူးဆန်းတဲ့ ခံစားမှုတစ်ခုနဲ့ ပြည့်လာနေပြီး... ပြည့်လျှံကျနေပုံပင်။

"မို...မိုရိချန်"

 မိုရိချန်က အချိန်အကြာကြီး စကားမပြောတာကို မြင်တော့ ယွမ်းစွော်က အလွန်စိတ်လှုပ်ရှားလာသည်။

ယွမ်းစွော်ရဲ့အသံကြောင့် မိုရိချန်က အသိစိတ်ပြန်ဝင်သွားခဲ့သည်။ သူ့လက်က အယ်လ်ဘမ်ရဲ့နောက်ဆုံးစာမျက်နှာဆီ ရောက်တော့ နောက်တစ်ခါ အေးခဲသွားပြန်သည်။ မမျှော်လင့်ပဲ သူ အိပ်ပျော်ပြီးနောက် ရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ဖြစ်နေသည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က အလုပ် အရမ်းရှုပ်နေချိန်တုန်းက ဖြစ်မည်။ သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး သူ့ရဲ့ လှုပ်ရှားမှုတွေက ပိုကြီးလာသည်။ သူ့မျက်နှာတစ်ဝက်က ခေါင်းအုံးထဲမှာ မြှုပ်နေပြီး ဆံပင်တွေက ပွနေကာ ပါးစပ်က အနည်းငယ်ဟနေပြီး ဓာတ်ပုံရိုက်ထားတဲ့ ထောင့်ကြောင့် သူ့မျက်လုံးတွေတောင်  လှိမ့်နေသလို ပုံရိပ်ယောင်တွေ ဖြစ်လာသည်။ 

ဒီအသေးလေးက တကယ်သတ္တိရှိလွန်းတယ်!သူ့မျက်စိတွေကိုသာ မှိတ်လိုက်မိသည်။ ဒါက သူရဲ့အသက်၂၈နှစ်တာ ကာလပတ်လုံးတွင် သူ့အတွက် အနည်းဆုံး 'လက်ခံနိုင်တဲ့' ဓာတ်ပုံဖြစ်နိုင်တယ်! ငယ်စဉ်ကလေးဘဝက ဓာတ်ပုံတွေမှာတောင် မိုရိချန်က idol စွမ်းရည်အငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။

"ဒူဒူ"

"အမ်"  ယွမ်းစွော်က စိတ်လှုပ်ရှားစွာ ရှေ့ကို တိုးလိုက်သည်။

"… ဒီဓါတ်ပုံ"

"အဲ့ဒါက...ရှိသင့်တယ်လေ" သူ့အသံက သေးသေးလေးဖြစ်နေကာ သူကြိုးစား သိမ်းထားခဲ့ရတဲ့ ဓာတ်ပုံတွေအများကြီးကို မိုရိချန်က မကျေမနပ်ဖြစ်ကာ သူတို့ကို အချိန်အတော်ကြာအောင် ကြည့်ရှုပြီးနောက် ဖျက်ပစ်လိုက်မှာကို စိုးရိမ်နေခဲ့သည်။

"သိမ်းထားလို့မရဘူး" 

မိုရိချန် ဆိုလိုတာက နောက်ဆုံးတစ်ခုကို သိမ်းထားလို့ မရဘူးဖြစ်သည်။

ယွမ်းစွော်ရဲ့မျက်လုံးတွေက ချက်ချင်းပင် နီရဲလာကာ စိုးရိမ်စိတ်​ဖြင့် ဘေးနှစ်ဘက်တွင် တွဲလောင်းကျနေတဲ့ သူ့ရဲ့နူးညံ့တဲ့ညဝတ်အင်္ကျီကို တင်းတင်းဆုပ်ကိုင်ထားသည်။ 

"ဝူး…"

မိုရိချန်က ခေတ္တမျှတုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ဒီလိုပုံမလာတဲ့ ဓာတ်ပုံကို ဖျက်လိုက်တာက ပိုကောင်းမယ်ဟု ခံစားမိသည်။သူ့စိတ်ထဲတွင် မသိစိတ်ဖြင့် ကောင်လေးရဲ့ စိတ်ထဲမှာ သူ့ပုံစံကို ချို့ယွင်းချက် ရှိခွင့် မပေးနိုင်ပေ။

မိုရိချန်က 'ဖျက်မည်' ခလုတ်ကို နှိပ်တော့မှာကို မြင်လိုက်ရတော့ ယွမ်းစွော်က စိုးရိမ်သွားသည်။ သူ့သွေးတွေက ဆန်တက်လာပြီး သူ့ရဲ့သတ္တိက ကောင်းကင်ကို ရုတ်တရက် ဖောက်ထွက်သွားသည်။

"မရဘူး... ဖျက်လို့မရဘူး!"

မိုရိချန်ရဲ့လက်က ရပ်တန့်သွားသည်။ ဖုန်းအတွင်းမှ မျက်လုံးတွေနီရဲနေကာ  လက်သီးလေးတွေကို ဆုပ်ထားပြီး အာဏာရှင်ကို ဆန့်ကျင်နေတဲ့ စစ်သည်တော်လေးတစ်ယောက်လို ဖြစ်နေတဲ့ ယွမ်းစွော်ကိုမြင်လိုက်ရသည်။

"ဘာလို့ ဖျက်လို့မရတာလဲ" 

အသေးလေးက သဘောကျရင် သိမ်းထားလို့လည်း ဘာထိခိုက်မှုမရှိပေမယ့်... ဘယ်လိုအဖြေမျိုးကို မျှော်လင့်မိနေမှန်း မသိပေမယ့် သူမေးလိုက်မိသည်။

သို့သော် နောက်အခိုက်အတန့်မှာပဲ သူပြောလာတဲ့အဖြေက သူကြားချင်တဲ့အရာ မဟုတ်ဘူးဆိုတာ သေချာပေါက်ပင်။

"ဘာလို့လဲဆိုတော့.... ဘာကြောင့်လဲဆိုတော့ မိုရိချန်လည်း လျှို့ဝှက်ဓာတ်ပုံရိုက်ထားလို့ပဲ!"

"ဟင်"

 မိုရိချန်က အံ့အားသင့်သွားခဲ့သည်။ သူဘယ်တုန်းက လျှို့ဝှက်ဓာတ်ပုံရိုက်ခဲ့မိတာလဲ။

"မင်း... screenshotတွေ screenshotတွေ အများကြီးရိုက်ထားတယ်လေ" 

ယွမ်းစွော်က စကားပြောပြီးနောက် သူ့ပါးစပ်ကို ပွတ်လိုက်ပြီး ခဏတာ စိတ်မြန်လက်မြန်ဖြစ်ကာ အနည်းငယ် ကြောက်လန့်နေသေးပုံပေါ်သော်လည်း သူ့ဓာတ်ပုံတွေကို ခုခံကာကွယ်ရန်အတွက် သူ ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။ သူ့မျက်နှာငယ်လေးက ခိုင်မာမှုနှင့် စိတ်ပိုင်းဖြတ်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူ့မျက်လုံးကြီးတွေတစ်စုံက စိုစွတ်နေသည်။

မိုရိချန်က အသေးလေးပြောတဲ့အဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားပြီး ရှားရှားပါးပါး ရှက်ရွံ့မှုကို ခံစားလိုက်ရကာ ချောင်းဆိုးနေသလို ဟန်ဆောင်လိုက်သည်။ ယွမ်းစွော်က သူ့ခေါင်းကို သံချောင်းနဲ့ ရိုက်ခဲ့တယ်လို့ ပြောလို့ရသည်။ သူကအမှန်တကယ်ကို screenshotတွေ အများကြီးကို တိတ်တိတ်လေး ရိုက်ထားပေမယ့် ဖုန်းထဲမှာ ရှိနေရင် ဘယ်သူ့ကိုမှ မယုံရဘူးလို့ တွေးပြီး ကော်ပီကူးကာ cloudထဲမှာ သိမ်းထားခဲ့သည်။

"ဒူဒူက ဒီဓာတ်ပုံတွေကို သိမ်းထားချင်တာလား" စက္ကန့်အနည်းငယ်လောက် ချိန်ညှိပြီးနောက် အသေးလေးကို လှည့်စားရန် ဆုံးဖြတ်လိုက်သည်။

ယွမ်းစွော်က ကြက်ကလေး ဆန်စေ့ကောက်သလို ခေါင်းညိတ်ပြလိုက်သည်။ 

"အွမ်း!"

"ဒါဆို … ငါတို့ ညှိနှိုင်းမယ်လေ  ဒီနည်းလမ်းက ပိုသင့်တော်တယ် "

ယွမ်းစွော်က ပြန်တုံ့ပြန်ဖို့ အချိန်အနည်းငယ် ယူပြီးနောက် ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။  

"အင်း ညှိနှိုင်းလို့ ရနိုင်တယ်"

Zawgyi

အခန္း ၂၁: ဒူဒူ႕မွာ ဒီျပသာနာကို ေျဖ႐ွင္းၿပီး ညႇိႏိႈင္းလို႔ရတာ ႐ွိတယ္

မိုရိခ်န္က ခ်န္​ေက်ာင္ဆီမွ စာကို လက္ခံရ႐ွိခဲ့ကာ ပထမတစ္ပိုင္းက ေတာင္းပန္တာျဖစ္ၿပီး ဒုတိယတစ္ပိုင္းက သူမလုပ္ခဲ့ေၾကာင္း ႐ွင္းျပတာျဖစ္သည္။ ဒီကိစၥမွာ သူ႕အျပစ္ထက္ သူခံစားရတဲ့ နာက်င္မႈက ပိုတာကို ျမင္ႏိုင္သည္။

မိုရိခ်န္က ခ်န္ေက်ာင္ရဲ႕စ႐ိုက္ကို သဘာဝက်စြာ နားလည္သည္။ ဒီခ်င္ဟယ္က ဉာဏ္ေကာင္းသည္။ သူက ခ်န္ေက်ာင္ကို အႏိုင္က်င့္လို႔မရေတာ့ ႐ုပ္႐ွင္မိတ္ဆက္ေၾကာ္ျငာေနတဲ့ကာလတြင္ ႐ုပ္႐ွင္ရဲ႕​ေက်ာ္ၾကားမႈကို ဆြဲယူရန္ သတင္းေတြကို ခ်ိန္ညႇိကာ လွည့္စားမႈ လုပ္ခဲ့တာပင္။ သို႔ေသာ္ ဒီတစ္ေခါက္မွာ သူ႕ကို ေဆး႐ုံကို အမွန္တကယ္ေခၚေဆာင္သြားပါက ဘာဒဏ္ရာမွ ႐ွာမေတြ႕မွာစိုးရသည္ မဟုတ္လွ်င္ ခ်န္ေက်ာင္က သူ႕ေ႐ွ႕ေနဆီက ဆင့္ေခၚစာေတာင္ ရေလာက္ေနၿပီ။

ႏွစ္သိမ့္ေပးတဲ့စာတစ္ေစာင္ျပန္ပို႔ကာ မိုရိခ်န္က သု႔ကုမၸဏီကို ဆက္သြယ္လိုက္သည္။

ယြမ္းေစြာ္က ဒီေန႔ အခ်ိဳပြဲအမ်ိဳးမ်ိဳးကို ျပင္ဆင္ကာ မေအာင္ျမင္ခဲ့တာေၾကာင့္ မိုရိခ်န္ကို ျမည္းခိုင္းရမွာ ႐ွက္ၿပီး ေရခဲေသတၱာထဲတြင္ တိတ္တိတ္ေလးသိမ္းထားကာ မနက္စာအေနျဖင့္ စားဖို႔ျပင္ထားလိုက္သည္။

လိုအပ္တဲ့ပစၥည္းေတြ ျပင္ဆင္ခြဲျခားၿပီးေနာက္ ပုံဆြဲဘုတ္ျပားကို ထုတ္ကာ ပုံဆြဲဖို႔ျပင္လိုက္သည္။ ေခါင္းကိုေမာ့လိုက္တဲ့အခါ မိုရိခ်န္ရဲ႕မ်က္ေမွာင္ၾကဳတ္ေနတဲ့မ်က္ႏွာကို ျမင္လိုက္ရတာေၾကာင့္ ဂ႐ုတစိုက္ေမးလိုက္သည္။ 

"မိုရိခ်န္ မင္းကို မေပ်ာ္ေအာင္လုပ္တဲ့တစ္ခုခုနဲ႔ ရင္ဆိုင္ေနရလို႔လား"

မိုရိခ်န္က ေခါင္းငုံ႔လိုက္ေတာ့ သူ႕ဖုန္းထဲမွ ယုန္ညအိတ္ဝတ္စုံေလးဝတ္ကာ ဆိုဖာေပၚတြင္ ပုံဆြဲဘုတ္ျပားျဖင့္ ထိုင္ေနၿပီး သူ႕ကို ၾကည့္ေနတဲ့ ယြမ္းေစြာ္ကို ျမင္လိုက္သည္။ 

ဒီအေကာင္ေပါက္ေလးက သက္႐ွိအရာမဟုတ္တာကို ႐ုတ္တရက္ ေနာင္တရသြားသည္။ မဟုတ္ရင္.... သူ႕မ်က္ႏွာေလးကို ညႇစ္မိလိမ့္မည္။ ဒါက သူ႕ရဲ႕စိတ္ညစ္စရာေတြကို သက္သာသြားေစလိမ့္မည္။

မိုရိခ်န္က ျပန္ေျဖလိုက္သည္။ "ဒါက...အလုပ္ကကိစၥပါ" စဥ္းစားလိုက္ၿပီး ယြမ္းေစြာ္စိတ္ပူေနမွာစိုးတာေၾကာင့္ ထပ္ေျပာလိုက္သည္။ 

"ခ်န္ေက်ာင္က ျပသာနာအခ်ိဳ႕ ရင္ဆိုင္ေနရလို႔ပါ"

ယြမ္းေစြာ္က ခ်န္ေက်ာင္ကို သိသည္။ သူတို႔ႏွစ္ေယာက္ၾကားတြင္ တိုက္႐ိုက္ေျပာဆို ဆက္ဆံဖူးတာမ႐ွိဖူးေပမယ့္ ခ်န္ေက်ာင္က သူ႕လက္ေထာက္ျဖစ္ၿပီး အရမ္းေကာင္းတဲ့သူလို႔ မိုရိခ်န္ကသူ႕ကိုတစ္ခါေျပာဖူးသည္။ မိုရိခ်န္က ေကာင္းတဲ့လူလို႔ေျပာမွေတာ့ ဒီဝဝနဲ႔လူက တကယ့္ကိုေကာင္းတဲ့သူျဖစ္ရမည္။

သူက မိုရိခ်န္ကအလုပ္က ကိစၥလို႔ေျပာလို႔ ဘာမွမေမးခ်င္ေပမယ့္ ခ်န္ေက်ာင္က ဒီေန႔ စင္အေနာက္မွာ ေၾကာက္စရာေကာင္းတဲ့ မ်က္ႏွာနဲ႔လူနဲ႔ တစ္ခုခု ရင္ဆိုင္ခဲ့ရတယ္လို႔ ေယာင္ဝါးဝါးခံစားမိသြားသည္။

"အဲ့ဒါ စင္အေနာက္မွာ လဲက်သြားတဲ့ လူေၾကာင့္လား" 

မိုရိခ်န္ကေအးခဲသြားၿပီး ထိုအခ်ိန္က သူ ဂိမ္းထဲက မထြက္ရေသး​ပဲ ဖုန္းမ်က္ႏွာျပင္ကို ေသာ့ခတ္ထားေပမယ့္ ယြမ္းေစြာ္က အျပင္ဘက္ကို ျမင္ႏိုင္ဆဲျဖစ္ေၾကာင္း သတိရသြားသည္။

"မင္း တစ္ခုခုျမင္ခဲ့တာလား" သူက အတည္ျပဳခ်င္တာေၾကာင့္ ေမးလိုက္သည္။

ယြမ္းေစြာ္က ပုံဆြဲဘုတ္ျပားေလးကို ခ်ကာ စင္အေနာက္တြင္ျဖစ္ခဲ့သမွ်ကို ေသခ်ာ႐ွင္းျပေတာ့သည္။ အားလုံးေျပာၿပီးသြားေတာ့ သူက ေနာက္ဆုံးတြင္ လက္ေမာင္းတိုတိုေလးေတြကို ခံစားခ်က္အျပည့္ျဖင့္ ေလထဲတြင္ ေဝွ႔ယမ္းကာ က်ယ္ေလာင္တဲ့အသံျဖင့္ ေျပာလိုက္သည္။ 

"ၿပီးေတာ့ ဒီလိုမ်ိဳး ဘုန္း ေျမျပင္ေပၚ လဲက်သြားတယ္"

ယြမ္းေစြာ္က ခ်င္ဟယ္လဲက်သြားတဲ့အတိုင္း အတုခိုးကာ ဆိုဖာေပၚတြင္လဲကာ ေျခေထာက္ေလးကို လႈပ္ျပေနတာျမင္ေတာ့ မိုရိခ်န္က ၾကည့္ရင္း မရယ္ပဲမေနႏိုင္ေတာ့ေပ။

တစ္ခ်ိန္တည္းမွာပင္ စင္အေနာက္မွာ ဘာေတြျဖစ္ခဲ့လဲ နားလည္သြားခဲ့သည္။ သတင္းေတြကို ေခ်မႈန္းဖို႔က မခက္ေပမယ့္ ခ်န္ေက်ာင္ရဲ႕ေခါင္းေပၚကို ေရဆိုးေတြ ေလာင္းခ်တာကိုေတာ့ မေက်နပ္ႏိုင္ေပ။ ခ်င္ဟယ္လိုလူမ်ိဳး သူ႕အစ္ကိုရဲ႕ေဘးမွာ ႐ွိေနတာက အေႏွးနဲ႔အျမန္ ဒုကၡျဖစ္ေစမွာပင္။

ထိုအခ်ိန္တြင္ ယြမ္းေစြာ္က ဆိုဖာေပၚမွထလိုက္သည္။ သ႐ုပ္ေဆာင္ျပတဲ့ အထဲကို စိတ္ပါသြားတာေၾကာင့္ ေဘာင္းဘီအနားေတြက ေျခသလုံးေပၚ တက္ေနသည္။

 "မိုရိခ်န္ ဒီေန႔ ဘာေတြျဖစ္ခဲ့တာလဲဆိုတာကို ကြၽန္ေတာ္ မွတ္တမ္းတင္ထားတယ္။ မင္းလိုခ်င္ရင္....."

မိုရိခ်န္ရဲ႕မ်က္လုံးေတြက လက္သြားကာ ဒီအေသးေလးက တကယ္ကို ဉာဏ္ေကာင္းတာပဲ။

"အဲ့ဒါက...မင္းရဲ႕ဗီဒီယိုအယ္လ္ဘမ္ထဲမွာ ႐ွိတယ္"

မိုရိခ်န္ရဲ႕ဆန္႔တန္းထားတဲ့လက္ေတြက တစ္ခုခုကို ေတြးမိသလို ေလထဲတြင္ ရပ္သြားသည္။ ဖုန္းကို အရင္ဆုံး ၾကည့္ရမယ့္အစား ေမးလိုက္သည္။

 "မင္းမွာ ဗီဒီယို႐ိုက္ကူးေရး လုပ္ေဆာင္ခ်က္ေရာ ႐ွိတာလား "

ယြမ္းေစြာ္က ေခါင္းညိတ္ျပလိုက္သည္။ "ဟုတ္တယ္။ ဒူဒူက အဆင့္ျမႇင့္ထားၿပီးၿပီေလ။ အျပင္ဘက္ကျမင္ကြင္းေတြကို ႐ိုက္ကူးထားလို႔ ရၿပီး ဓာတ္ပုံလည္း႐ိုက္ၿပီး သိမ္းထားလို႔ရတယ္။ ကြၽန္ေတာ္႕မွာ ဓာတ္ပုံအယ္လ္ဘမ္ေတာင္႐ွိ အို႔..." သူ႕စကားဆုံးေတာ့ သူတစ္ခုခုကို နားလည္သြားခဲ့သည္။ ပါးစပ္ကို အျမန္ပိတ္လိုက္ၿပီး ႐ုတ္တရက္ သူ႕အၾကည့္ေတြကို ေ႐ွာင္ဖို႔ႀကိဳးစားလိုက္သည္။

မိုရိခ်န္က ယြမ္းေစြာ္ကိုၾကည့္ေနကာ ဂိမ္းထဲမွ ေခတၱထြက္လိုက္ၿပီး ဗီဒီယိုအယ္လ္ဘမ္ကို ႏွိပ္လိုက္ေတာ့ သုံးမိနစ္ေအာက္သာၾကာတဲ့ ဗီဒီယိုတစ္ခုကို ေသခ်ာျမင္လိုက္ရသည္။

ျမင္ကြင္းက႐ွင္းလင္းေနကာ ခ်င္ဟယ္က ဝင္တိုက္ပုံ၊သူ႕လက္ေထာက္ကို ဆူပူေနကာ ခ်န္ေက်ာင္ကို အျပင္းအထန္ ႀကိမ္းေမာင္းေနတာေတြကို မွတ္တမ္းတင္ထားသည္။ 

ခ်င္ဟယ္မွာ ဆိုးဝါးတဲ့စ႐ိုက္႐ွိတာကို သိတာ ၾကာၿပီျဖစ္ေပမယ့္ ဗီဒီယိုကိုၾကည့္ေနရင္း မ်က္ေမွာင္မၾကဳတ္ပဲ မေနႏိုင္ေပ။

ခဏေနပါဦး!

သူက ခဏရပ္ၿပီး ျပန္ဖြင့္လိုက္သည္။ ေထာင့္ကို ေျပာင္းကာ ဗီဒီယိုရဲ႕အစကို ေသခ်ာၾကည့္လိုက္သည္။ခ်င္ဟယ္က ခ်န္ေက်ာင္ကို ဝင္တိုက္တဲ့အခါ ခ်န္ေက်ာင္ရဲ႕ လက္ထဲကကိုင္ထားတဲ့ဖုန္းကို ႐ွင္း႐ွင္းလင္းလင္း ၾကည့္ေနခဲ့သည္။ သူက ခ်န္ေက်ာင္လက္ထဲကေန ဖုန္းကို လြတ္က်သြားေစခ်င္ခဲ့တာလား။ဖုန္းသာ က်ကြဲသြားရင္ ယြမ္းေစြာ္ ဘာေတြ ျဖစ္ကုန္မလဲ သူမေတြးရဲေပ။ ေအးစက္တဲ့ႏွင္းထုႀကီးလို ေၾကာက္လန္႔မႈေတြက သူ႕ရဲ႕ေျခေထာက္ကေန လည္ပင္းအထိ တက္လာခဲ့သည္။

ခ်င္ဟယ္ မင္းဒီတစ္ခါေတာ့ မ်ဥ္းကို တကယ္ ျဖတ္သြားၿပီ။

သူက မ်က္ေမွာင္ၾကဳတ္ကာ ေႏွာင့္ေႏွးမေနပဲ ဗီဒီယိုကို သူ႕ရဲ႕ ကိုယ္စားလွယ္ဆီသို႔ ပို႔လိုက္သည္။ သဘာဝက်စြာပဲ က်န္တာကို PR teamက ဆက္လုပ္သြားလိမ့္မည္။ ဒါကို ေတြးၿပီးေနာက္ မိုရိယန္ဆီကိုလည္း ေကာ္ပီတစ္ခု ပို႔ေပးလိုက္သည္။ဗီဒီယို ပို႔ေပးၿပီးမိနစ္အနည္းငယ္အၾကာတြင္ မိုရိယန္က တစ္ခြန္းသာ ျပန္ေျပာသည္: ေကာင္းၿပီ

မိုရိခ်န္က မ်က္ခုံးပင့္လိုက္မိသည္။ မိုရိယန္က အခုခ်ိန္မွာ အရမ္းေဒါသထြက္ေနၿပီး သူစကားတစ္ခြန္းတည္းျပန္ေျပာမွေတာ့ သူ႕ရည္႐ြယ္ခ်က္႐ွင္းေနၿပီပင္။

ခ်င္ဟယ္ရဲ႕ကိစၥၿပီးေနာက္ သူက ဂိမ္းထဲကို ထပ္ဝင္လိုက္သည္။ ယြမ္းေစြာ္က ဆိုဖာေပၚတြင္ ေျခထာက္တိုတိုေလးေတြျဖင့္ ၿငိမ္သက္စြာ ထိုင္ေနခဲ့သည္။ ဒီတစ္ခါမွာေတာ့ သူက ပုံဆြဲဘုတ္ျပားကို ကိုင္ထားရမယ့္အစား Tvဘက္လွည့္ကာ လိုင္းတစ္ခုကို ေပါ့ေပါ့ပါးပါးဖြင့္ထားသည္။ မိုရိခ်န္ကိုျမင္ေတာ့ သူကအျမန္ႏႈတ္ဆက္ၿပီး အျပစ္မကင္းတဲ့စိတ္ျဖင့္  ေခါင္းက Tvဘက္ကို ျပန္လွည့္သြားခဲ့သည္။

မိုရိခ်န္က ဖုန္းမ်က္ႏွာျပင္ကို အနီးကပ္ကာ မ်က္လုံးကိုေမွးစင္းၿပီး ယြမ္းေစြာ္ရဲ႕ေနာက္ေက်ာေလးကို တိတ္တဆိတ္ၾကည့္ေနခဲ့သည္။

ယြမ္းေစြာ္ရဲ႕လက္ဝတုတ္ေလးက Tv controlကို တင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားကာ နား႐ြက္ေလးေတြကလည္း သူဝတ္ထားတဲ့ ညအိပ္ဝတ္စုံထဲတြင္ ျမႇဳပ္ေနၿပီး ေတာင့္တင္းေနခဲ့သည္။ သူ႕နားကေလထုကလည္း ဖြင့္ေျပာဖို႔ တင္းၾကပ္ေနခဲ့သည္။ အာ...မိုရိခ်န္က ဒီေလာက္ထက္ျမက္တာ သူခန္႔မွန္းမိမွာပဲ ဟုတ္တယ္မို႔လား။ ဒါဆို...သူက အရင္ လက္ဦးမႈယူၿပီး ႐ွင္းျပလိုက္သင့္လား။ သူအရင္က ၾကည့္ဖူးတဲ့႐ုပ္႐ွင္မွာဆို ကမ႓ာႀကီးက စည္းမ်ဥ္းေတြကိုေတာင္ တြန္းလွန္ႏိုင္တယ္လို႔ ေျပာၾကတယ္ : ခုခံႏိုင္စြမ္းက စည္းကမ္းေတြနဲ႔ ေတြ႕ဆုံတယ္၊ ဝန္ခံျခင္းက သက္ညႇာမႈနဲ႔ ေတြ႕ဆုံတယ္။

"ဒူဒူ Tvကို ပိတ္လိုက္ေတာ့ " မိုရိခ်န္က ေပါ့ေပါ့ပါပါး ေျပာလိုက္သည္။

ယြမ္းေစြာ္က နာခံစြာျဖင့္ "အို႔ " လို႔ေျပာကာ သူ ၾကည့္ခ်င္မေနတဲ့Tvကို ပိတ္လိုက္ေပမယ့္ မိုရိခ်န္ကို မၾကည့္ရဲပဲ သူ႕ညအိပ္ဝတ္စုံက မုန္လာဥပုံၾကယ္သီးေလးေတြကို တစ္လုံးခ်င္းစီ ကိုင္ကာ ေခါင္းကို ငုံ႔ထားသည္။

မိုရိခ်န္ရဲ႕ ႏႈတ္ခမ္းေထာင့္က တြန္႔သြားေပမယ့္ ျပဳံးခ်င္ေနတာကို ထိန္းကာ ဘာခံစားခ်က္မွ မ႐ွိသလို ေျပာလိုက္သည္။ 

"မင္းမွာ ဓာတ္ပုံအယ္လ္ဘမ္လည္း ႐ွိတာလား"

ယြမ္းေစြာ္ရဲ႕လက္က တုန္သြားကာ မုန္လာဥပုံေပၚက သစ္႐ြက္စိမ္းေလးက ျပဳတ္က်သြားခဲ့သည္။ "ကြၽန္ေတာ္..ကြၽန္ေတာ္..ကြၽန္ေတာ္...ကြၽန္ေတာ္႕မွာ အယ္လ္ဘမ္အေသးစားေလးပဲ႐ွိတာပါ"

"အေသးစားေလးလား"

"ဓာတ္ပုံဆယ္ပုံပဲ သိမ္းထားလို႔ရတာ" ယြမ္းေစြာ္ရဲ႕မ်က္လုံးထဲတြင္ စိတ္ပ်က္ေနမႈေတြ ထင္ဟပ္ေနၿပီး သိမ္းထားစရာ ေနရာနည္းတဲ့အတြက္ ေနာင္တရေနတဲ့ပုံ ေပၚသည္။

"အယ္လ္ဘမ္ထဲမွာ မင္း႐ိုက္ထားတဲ့ပုံေတြ ႐ွိလား"

ယြမ္းေစြာ္က တုံ႔ဆိုင္းေနကာ လက္ေတြကလည္း ေလေလွ်ာ့ထားတဲ့မီးပုံးပ်ံလို လိမ္ပတ္ေနကာ သက္ညႇာမႈနဲ႔ေတြ႕ရဖို႔ ဝန္ခံလိုက္ဖို႔သာ ဆုံးျဖတ္လိုက္ေတာ့သည္။ "အမ္ ကြၽန္ေတာ္... ကြၽန္ေတာ္က နည္းနည္းေလးပဲ ႐ိုက္ထားတာပါ။ မဟုတ္ဘူး... မိုရိခ်န္ရဲ႕privacyပုံေတြကို ခိုး႐ိုက္ထားတာ မဟုတ္ပါဘူး။ အိုး... သူတို႔က သိပ္ေတာ့ privacyပုံေတြ မဟုတ္ပါဘူး။ တကယ္ေတာ့ သူတို႔ထဲက တစ္ခ်ိဳ႕ကပဲ နည္းနည္းေလး privacyပုံပါ နည္းနည္းေလးပါပဲ "

မိုရ္ခ်န္က အယ္လ္ဘမ္ရဲ႕ အေၾကာင္းအရာေတြကို အ​ၾကမ္းဖ်ဥ္း ဆုံးျဖတ္လိုက္သည္။ ေျခေထာက္ေပၚတင္ထားတဲ့လက္ေခ်ာင္းေတြက အလိုအေလ်ာက္ စည္းခ်က္ညီညီ လႈပ္ေနကာ တစ္ဘက္လက္ညိဳးကို အနည္းငယ္ေကြးကာ သူ႕နဖူးေပၚထိလိုက္သည္။ သူ႕အေနာက္မွ ေႏြးေထြးတဲ့အဝါေရာင္အလင္းတန္းတစ္ခုက လင္းလက္ေတာက္ပေနၿပီး သူ႕ခႏၶာကိုယ္ တစ္ခုလုံးကို ေကာင္းမြန္တဲ့ အလင္းေရာင္အလႊာျဖင့္ ဖုံးအုပ္ထားသည္။ သူ႕မ်က္လုံးထဲက ခ်စ္ျမတ္ႏိုးမႈႏွင့္ အလိုလိုက္ခ်င္မႈတို႔ကို ဖုံးကြယ္ထား၍မရေတာ့ေပ။

"ဒူဒူ႕ရဲ႕ ဓာတ္ပုံအယ္လ္ဘမ္ကို ၾကည့္လို႔ရမလား"

ဟမ္ မိုရိခ်န္က သူ႕ရဲ႕ခြင့္ျပဳခ်က္ကို ေမးေနတာလား။ အယ္လ္ဘမ္ဖြင့္ဖို႔က ကစားသမားတစ္ဦးအေနျဖင့္ သူ႕ရဲ႕အခြင့္အေရးကို တိုက္႐ိုက္အသုံးျပဳမယ္လို႔ သူထင္ခဲ့တာေၾကာင့္ ခဏေလာက္ ေအးခဲသြားၿပီးေနာက္ ယြမ္းေစြာ္က ဒါက မိုရိခ်န္က သူ႕အေပၚကို ေလးစားမႈတစ္မ်ိဳးျဖစ္ေၾကာင္း နားလည္ခဲ့သည္။ သူက သိပ္မေတာ္ေပမယ့္ သူ႕အနီးနားက ၾကင္နာမႈကို ခံစားႏိုင္ၿပီး ေပးတဲ့သူေတြရဲ႕ ေႏြးေထြးမႈကိုလည္း ခံစားရႏိုင္ပါေသးသည္။

အရင္က ဖမ္းမိသြားေတာ့ ႏိႈင္းယွဥ္လို႔မရႏိုင္တဲ့စိုးရိမ္စိတ္ေတြ ႐ွိခဲ့ေသာ္လည္း ယခုေတာ့ စိတ္သက္သာသြားခဲ့သည္။ သူက ေခါင္းကိုေမာ့ၿပီး မိုရိခ်န္ရဲ႕ မ်က္လုံးေတြကို တည့္တည့္ၾကည့္ကာ ေခါင္းညိတ္ျပလိုက္သည္။ 

 "မိုရိခ်န္က အဲဒါကို ၾကည့္လို႔ရတယ္"

သူငဓါတ္ပုံေတြယူလာဖို႔ အစျပဳလိုက္သည္။

ယြမ္းေစြာ္ရဲ႕႐ႈေထာင့္မွၾကည့္လွ်င္ ဒါကို နံရံေပၚတြင္ အီလက္ထ႐ြန္နစ္ဓာတ္ပုံ အယ္လ္ဘမ္တစ္ခုကို ျပထားေသာ္လည္း မိုရိခ်န္ဘက္ကျမင္ရတာက ဒါက သူ႕ဖုန္းရဲ႕ညာဘက္ေအာက္ေထာင့္တြင္ ကိုယ္တိုင္ခ်ိန္ညႇိႏိုင္တဲ့ ဓာတ္ပုံအယ္လ္ဘမ္အေသးေလးတစ္ခုျဖစ္သည္။

မိုရိခ်န္ကဓာတ္ပုံေတြကို ဖုန္းမ်က္ႏွာျပင္အား လက္ေခ်ာင္းေလးျဖင့္ ေ႐ွ႕တိုးကာ တစ္ပုံၿပီးတစ္ပုံ ၾကည့္ေနခဲ့သည္။ သူ႕ရဲ႕လႈပ္႐ွားမႈတိုင္းတြင္ ယြမ္းေစြာ္ရဲ႕ႏွလုံးသားက  ျပင္းထန္စြာ ခုန္ေနၿပီး ျဖဴဖပ္ေနတဲ့မ်က္ႏွာ နီျမန္းလာကာ သူ႕နဖူးကလည္း ခုန္ေနသည္။ ႐ုတ္တရက္ သူ နည္းနည္းေနာင္တရသြားကာ သူ႕ကို ဓာတ္ပုံေတြမေပးလိုက္သင့္ဘူး။ မိုရိခ်န္က သူ႕ကို လူဆိုးတစ္ေယာက္လို႔ မထင္ေလာက္ဘူးလား။

မိုရိခ်န္က သူ႕ဓာတ္ပုံေတြကို ၾကည့္ေနခဲ့သည္။

စားပြဲမီးအိမ္ရဲ႕ အလင္းေရာင္ေအာက္တြင္ ဇာတ္ၫႊန္းထဲ၌ အာ႐ုံစိုက္ေနတဲ့ သူ႕မ်က္ႏွာရဲ႕ ေဘးဘက္ပုံ၊  ႐ုပ္႐ွင္႐ိုက္ကြင္းမွာ ေ႐ွးေခတ္၀တ္စုံဝတ္ထားတဲ့ သူ႕ဓာတ္ပုံ၊ မနက္ခင္းမွာ အိပ္ငိုက္ေနတဲ့မ်က္လုံးႏွင့္လူပုံနဲ႔... ေပ်ာ့ေပ်ာင္းတဲ့ အၾကည့္ေတြျဖင့္ ဒါက ယြမ္းေစြာ္အတြက္ ဖုန္းထဲက လုပ္ေဆာင္ခ်က္အတိုင္း မနက္စာ ျပင္ေပးေနတဲ့ပုံပင္ျဖစ္ၿပီး ျပတင္းေပါက္ကေန ျဖာက်ေနတဲ့ပူေႏြးတဲ့ေနေရာင္ျခည္ျဖင့္ ဒီဓာတ္ပုံရဲ႕အေနအထားက အလြန္ႏူးညံ့ေနတယ္...

ဓာတ္ပုံကို ၾကည့္လိုက္ေတာ့ သူ႕ရင္ဘတ္ထဲတြင္ ထူးဆန္းတဲ့ ခံစားမႈတစ္ခုနဲ႔ ျပည့္လာေနၿပီး... ျပည့္လွ်ံက်ေနပုံပင္။

"မို...မိုရိခ်န္"

 မိုရိခ်န္က အခ်ိန္အၾကာႀကီး စကားမေျပာတာကို ျမင္ေတာ့ ယြမ္းေစြာ္က အလြန္စိတ္လႈပ္႐ွားလာသည္။

ယြမ္းေစြာ္ရဲ႕အသံေၾကာင့္ မိုရိခ်န္က အသိစိတ္ျပန္ဝင္သြားခဲ့သည္။ သူ႕လက္က အယ္လ္ဘမ္ရဲ႕ေနာက္ဆုံးစာမ်က္ႏွာဆီ ေရာက္ေတာ့ ေနာက္တစ္ခါ ေအးခဲသြားျပန္သည္။ မေမွ်ာ္လင့္ပဲ သူ အိပ္ေပ်ာ္ၿပီးေနာက္ ႐ိုက္ထားတဲ့ ဓာတ္ပုံတစ္ပုံ ျဖစ္ေနသည္။ လြန္ခဲ့တဲ့ ရက္အနည္းငယ္ေလာက္က အလုပ္ အရမ္း႐ႈပ္ေနခ်ိန္တုန္းက ျဖစ္မည္။ သူ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္သြားၿပီး သူ႕ရဲ႕ လႈပ္႐ွားမႈေတြက ပိုႀကီးလာသည္။ သူ႕မ်က္ႏွာတစ္ဝက္က ေခါင္းအုံးထဲမွာ ျမႇဳပ္ေနၿပီး ဆံပင္ေတြက ပြေနကာ ပါးစပ္က အနည္းငယ္ဟေနၿပီး ဓာတ္ပုံ႐ိုက္ထားတဲ့ ေထာင့္ေၾကာင့္ သူ႕မ်က္လုံးေတြေတာင္  လွိမ့္ေနသလို ပုံရိပ္ေယာင္ေတြ ျဖစ္လာသည္။ 

ဒီအေသးေလးက တကယ္သတၱိ႐ွိလြန္းတယ္!သူ႕မ်က္စိေတြကိုသာ မွိတ္လိုက္မိသည္။ ဒါက သူရဲ႕အသက္၂၈ႏွစ္တာ ကာလပတ္လုံးတြင္ သူ႕အတြက္ အနည္းဆုံး 'လက္ခံႏိုင္တဲ့' ဓာတ္ပုံျဖစ္ႏိုင္တယ္! ငယ္စဥ္ကေလးဘဝက ဓာတ္ပုံေတြမွာေတာင္ မိုရိခ်န္က idol စြမ္းရည္အေငြ႕အသက္မ်ားျဖင့္ ျပည့္ႏွက္ေနခဲ့သည္။

"ဒူဒူ"

"အမ္"  ယြမ္းေစြာ္က စိတ္လႈပ္႐ွားစြာ ေ႐ွ႕ကို တိုးလိုက္သည္။

"… ဒီဓါတ္ပုံ"

"အဲ့ဒါက...႐ွိသင့္တယ္ေလ" သူ႕အသံက ေသးေသးေလးျဖစ္ေနကာ သူႀကိဳးစား သိမ္းထားခဲ့ရတဲ့ ဓာတ္ပုံေတြအမ်ားႀကီးကို မိုရိခ်န္က မေက်မနပ္ျဖစ္ကာ သူတို႔ကို အခ်ိန္အေတာ္ၾကာေအာင္ ၾကည့္႐ႈၿပီးေနာက္ ဖ်က္ပစ္လိုက္မွာကို စိုးရိမ္ေနခဲ့သည္။

"သိမ္းထားလို႔မရဘူး" 

မိုရိခ်န္ ဆိုလိုတာက ေနာက္ဆုံးတစ္ခုကို သိမ္းထားလို႔ မရဘူးျဖစ္သည္။

ယြမ္းေစြာ္ရဲ႕မ်က္လုံးေတြက ခ်က္ခ်င္းပင္ နီရဲလာကာ စိုးရိမ္စိတ္​ျဖင့္ ေဘးႏွစ္ဘက္တြင္ တြဲေလာင္းက်ေနတဲ့ သူ႕ရဲ႕ႏူးညံ့တဲ့ညဝတ္အက်ႌကို တင္းတင္းဆုပ္ကိုင္ထားသည္။ 

"ဝူး…"

မိုရိခ်န္က ေခတၱမွ်တုံ႔ဆိုင္းသြားေသာ္လည္း ေနာက္ဆုံးတြင္ ဒီလိုပုံမလာတဲ့ ဓာတ္ပုံကို ဖ်က္လိုက္တာက ပိုေကာင္းမယ္ဟု ခံစားမိသည္။သူ႕စိတ္ထဲတြင္ မသိစိတ္ျဖင့္ ေကာင္ေလးရဲ႕ စိတ္ထဲမွာ သူ႕ပုံစံကို ခ်ိဳ႕ယြင္းခ်က္ ႐ွိခြင့္ မေပးႏိုင္ေပ။

မိုရိခ်န္က 'ဖ်က္မည္' ခလုတ္ကို ႏွိပ္ေတာ့မွာကို ျမင္လိုက္ရေတာ့ ယြမ္းေစြာ္က စိုးရိမ္သြားသည္။ သူ႕ေသြးေတြက ဆန္တက္လာၿပီး သူ႕ရဲ႕သတၱိက ေကာင္းကင္ကို ႐ုတ္တရက္ ေဖာက္ထြက္သြားသည္။

"မရဘူး... ဖ်က္လို႔မရဘူး!"

မိုရိခ်န္ရဲ႕လက္က ရပ္တန္႔သြားသည္။ ဖုန္းအတြင္းမွ မ်က္လုံးေတြနီရဲေနကာ  လက္သီးေလးေတြကို ဆုပ္ထားၿပီး အာဏာ႐ွင္ကို ဆန္႔က်င္ေနတဲ့ စစ္သည္ေတာ္ေလးတစ္ေယာက္လို ျဖစ္ေနတဲ့ ယြမ္းေစြာ္ကိုျမင္လိုက္ရသည္။

"ဘာလို႔ ဖ်က္လို႔မရတာလဲ" 

အေသးေလးက သေဘာက်ရင္ သိမ္းထားလို႔လည္း ဘာထိခိုက္မႈမ႐ွိေပမယ့္... ဘယ္လိုအေျဖမ်ိဳးကို ေမွ်ာ္လင့္မိေနမွန္း မသိေပမယ့္ သူေမးလိုက္မိသည္။

သို႔ေသာ္ ေနာက္အခိုက္အတန္႔မွာပဲ သူေျပာလာတဲ့အေျဖက သူၾကားခ်င္တဲ့အရာ မဟုတ္ဘူးဆိုတာ ေသခ်ာေပါက္ပင္။

"ဘာလို႔လဲဆိုေတာ့.... ဘာေၾကာင့္လဲဆိုေတာ့ မိုရိခ်န္လည္း လွ်ိဳ႕ဝွက္ဓာတ္ပုံ႐ိုက္ထားလို႔ပဲ!"

"ဟင္"

 မိုရိခ်န္က အံ့အားသင့္သြားခဲ့သည္။ သူဘယ္တုန္းက လွ်ိဳ႕ဝွက္ဓာတ္ပုံ႐ိုက္ခဲ့မိတာလဲ။

"မင္း... screenshotေတြ screenshotေတြ အမ်ားႀကီး႐ိုက္ထားတယ္ေလ" 

ယြမ္းေစြာ္က စကားေျပာၿပီးေနာက္ သူ႕ပါးစပ္ကို ပြတ္လိုက္ၿပီး ခဏတာ စိတ္ျမန္လက္ျမန္ျဖစ္ကာ အနည္းငယ္ ေၾကာက္လန္႔ေနေသးပုံေပၚေသာ္လည္း သူ႕ဓာတ္ပုံေတြကို ခုခံကာကြယ္ရန္အတြက္ သူ ဆက္လက္လုပ္ေဆာင္ရမည္ျဖစ္သည္။ သူ႕မ်က္ႏွာငယ္ေလးက ခိုင္မာမႈႏွင့္ စိတ္ပိုင္းျဖတ္မႈတို႔ျဖင့္ ျပည့္ႏွက္ေနၿပီး သူ႕မ်က္လုံးႀကီးေတြတစ္စုံက စိုစြတ္ေနသည္။

မိုရိခ်န္က အေသးေလးေျပာတဲ့အဓိပၸါယ္ကို ခ်က္ခ်င္းနားလည္သြားၿပီး ႐ွား႐ွားပါးပါး ႐ွက္႐ြံ႕မႈကို ခံစားလိုက္ရကာ ေခ်ာင္းဆိုးေနသလို ဟန္ေဆာင္လိုက္သည္။ ယြမ္းေစြာ္က သူ႕ေခါင္းကို သံေခ်ာင္းနဲ႔ ႐ိုက္ခဲ့တယ္လို႔ ေျပာလို႔ရသည္။ သူကအမွန္တကယ္ကို screenshotေတြ အမ်ားႀကီးကို တိတ္တိတ္ေလး ႐ိုက္ထားေပမယ့္ ဖုန္းထဲမွာ ႐ွိေနရင္ ဘယ္သူ႕ကိုမွ မယုံရဘူးလို႔ ေတြးၿပီး ေကာ္ပီကူးကာ cloudထဲမွာ သိမ္းထားခဲ့သည္။

"ဒူဒူက ဒီဓာတ္ပုံေတြကို သိမ္းထားခ်င္တာလား" စကၠန္႔အနည္းငယ္ေလာက္ ခ်ိန္ညႇိၿပီးေနာက္ အေသးေလးကို လွည့္စားရန္ ဆုံးျဖတ္လိုက္သည္။

ယြမ္းေစြာ္က ၾကက္ကေလး ဆန္ေစ့ေကာက္သလို ေခါင္းညိတ္ျပလိုက္သည္။ 

"အြမ္း!"

"ဒါဆို … ငါတို႔ ညႇိႏိႈင္းမယ္ေလ  ဒီနည္းလမ္းက ပိုသင့္ေတာ္တယ္ "

ယြမ္းေစြာ္က ျပန္တုံ႔ျပန္ဖို႔ အခ်ိန္အနည္းငယ္ ယူၿပီးေနာက္ ယုံၾကည္မႈအျပည့္ျဖင့္ ေခါင္းညိတ္လိုက္သည္။  

"အင္း ညႇိႏိႈင္းလို႔ ရႏိုင္တယ္"

Continua llegint

You'll Also Like

93.9K 16K 30
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
155K 20K 70
အနုပညာလောကမှ ပုရိသနတ်ဘုရားနှင့် သာမန်လက်ထောက်လေးတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ
31.5K 4.2K 13
Author(s) 曳萝 Status in COO 66 Chapters (Complete) Type Web Novel (CN) Genre Comedy ,Fantasy, Romance, Shounen Ai Associated Name Transmigrated as a S...
264K 16.9K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...