ဝမ်ပိုင်မှာဇာတ်လိုက်ပြန်သွားလို့ နားအေးမလားမှတ်တယ် ဇာတ်လိုက်မကရောက်လာပြီး ဒရမ်မာလာချိုးနေပြန်သည်။
ပြောရင်းဆိုရင်း ပျာယာပျာယာနဲ့ ရောက်လာသောဇာတ်လိုက်မကြောင့်နောက်နေတဲ့စိတ်လေးကို လက်ဆေးရေနဲ့လာတို့နေသလိုပင် ဝမ်ပိုင်ခံစားနေရသည်။
ရှားမေယွဲ့- " ဝမ်ပိုင် ဘာမှမဖြစ်ဘူးမလား...နင်ရန်ဖြစ်တယ်ကြားလို့...ဒဏ်ရာတွေဘာတွေများရသွားသေးလား...နင်ကလည်းဟယ်...ငြိမ်ခံနေလိုက်ရင်ရနေတာကို...ကိုယ့်ဗလလေးနဲ့...ရန်သွားဖြစ်နေတယ်"
မေယွဲ့မှာ ပါးစပ်ကသာ စိတ်ပူနေဟန်နဲ့ စိတ်ထဲတွင်တော့
ဝမ်ပိုင် sorry...နင်ကငါ့လူကိုအရင်လာထိတာ...ငါသူ့ကိုအဆုံးရှုံးမခံနိုင်ဘူး...အချစ်နဲ့စစ်မှာမတရားတာမရှိဘူး...ငါနဲ့စေ့စပ်ထားမှန်းသိသိနဲ့လာကြိုက်တာနင့်အမှားပဲ...
ဝမ်ပိုင်မှာ ဇာတ်လိုက်မရဲ့အပြောကြောင့် သူကိုစိတ်ပူနေတယ်လို့ထင်သွားမယ်လို့ မထင်လေနဲ့။ သူ့လိုပန်ကာက ဇာတ်လိုက်မကိုယုံရင် ဖင်ပေးလိုက်မယ်။နောက်ပြိီး သက်သက်ဖဲ့နေတယ်လို့တောင်ထင်သည်။
Host-ဘာတဲ့...ဗလမရှိဘူးဟုတ်လား....သူ့ကိုတက်လုပ်နေလို့လာပြောနေတာလားကွ...ဗလမရှိတဲ့ကောင်လည်း... နင့်ကိုတက်လုပ်လို့ရတယ်နော်...အဟွင်း
Host- " ငြိမ်ခံနေရအောင်...ငါက အသက်မရှိတဲ့လူမဟုတ်ဘူး
...သူတို့ကတော့ငါ့ကိုလုပ်ကြပြီး ...ငါကသူ့ကိုပြန်မလုပ်ရဘူးလို့ပြောနေတာလား...အဲ့လို့ဆိုလိ့လိုပဲဖြစ်နေတော့မှာပေါ့ကွ!! "
ဝမ်ပိုင်မှာ ဘာရယ်မဟုတ် အကျင့်ပါနေခြင်းသာ ။
Six- host ကပြုပြင်မရတော့ဘူးပဲ...hostလိုအရိုင်းအစိုင်းက...ငါ့လိုလူလိမ္မာ တန်တန်လေးနဲ့...မလိုက်ချက်😱
ထိုစကား host သာကြားရင် သေအန်သေသွားလိမ့်မည်။
ရှားမေယွဲ့- " ..... "
သူ...သူ...ငါ့ကိုဆဲလိုက်တာလား ...ဘယ်လိုတောင်...ရိုင်းရတာလဲ
မေယွဲ့မှာ သူကိုဆဲလိုက်သဖြင့် ကြောင်နေသည်။နောက်မှဒေါသတွေထွက်လွန်းလို့စကားတောင်မပြောနိုင်တော့ပေ။
ဒါပေမယ့်လူတွေက သူ့တို့ကိုကြည့်နေသဖြင့် မေယွဲ့မှာအတတ်နိုင်ဆုံး မျက်နှာမပျက်အောင်ထိန်းနေရသည်။ မော့ပိုင်လည်းရှိနေသည်မလား။မေယွဲ့ အကြံတစ်ချို့ ဖြတ်ကနဲ ရလိုက်သည်။
ရှားမေယွဲ့- " နင်ကလည်းဟာ...နင်ပြသနာဖြစ်တိုင်းငါပဲလိုက်ရှင်းနေရတာ...ငါကိုလည်းသနားပါအုံးဟာ "
မေယွဲ့က အသံကိုတမင်ကျယ်ကာပြောလိုက်သည်။အကြောင်းစုံမသိတဲ့ငတုံးတွေက သူ့ကို သူငယ်ချင်းကိုအရမ်းလေးထားတဲ့လူလို့မြင်ပြီး ဝမ်ပိုင်ကိုတော့ လူဆိုးလူရမ်းကားလို့မြင်လာလိမ့်မည်။
Others-" ဟယ်ဟုတ်ပ...အားနာမှုလည်းမရှိဘူး...ဒီလိုလူမျိုးကိုမေယွဲ့က...ဘာလို့ခယပြီးပေါင်းနေရတာလည်း "
Others- " နင်ကလည်းဟယ်...မေယွဲ့က ဖြူစင်ပြီး...ကြင်နာတတ်တာကို "
မေယွဲ့မှာ သူဖြစ်ချင်သလိုဖြစ်လာသဖြင့် နောက်တစ်လှမ်းတိုးရန်ကြံတုန်း ဝမ်ပိုင်ဆီက စကားပြောသံထွက်လာသည်။
Host- " အဲ့တာက...သူတို့ကနင့်ကိုအနိုင်ကျင့်တယ်ဆိုပြီး...ငါကိုလာပြောလို့...ငါကနင့်အတွက်လက်စားချေပေးတာလေ...နင်မမှတ်မိတာလား...မေ့ချင်ဟန်ဆောင်နေတာလား "
တကယ်လည်းဟုတ်သည် ဒီကိုယ်ပိုင်ရှင်မှာ ဗလသာမရှိတာ သူများကိုကာကွယ်ပေးချင်နေသေးသည်။တစ်နည်းဆိုရလျှင် သူငယ်ချင်းအပေါ်သစ္စာရှိလွန်းပြီး သူငယ်ချင်းကိုထိရင်မခံတတ်သောလူမျိုးဖြစ်သည်။ သူငယ်ချင်းပင် မဟုတ် မိဘ၊ဆွေမျိုး ကိုယ်ချစ်တဲ့လူတွေအပေါ်ကိုလည်း ထိုနည်းတူစွာပင် ပြုမှုသည်။ ဒါပေမယ့် သူမသိခဲ့တာက ကိုယ်က စိတ်ရင်းအမှန်နဲ့ဆက်ဆံပေမယ့် ကိုယ်နောက်ကျောကိုဓားနဲ့ထိုးဖို့ချောင်းမြောင်းနေတဲ့ လူတွေရှိတာကိုမေ့နေချင်းပင်။ မေတ္တာတွေရောင်ပြန်မဟက်ခဲ့တာတော့ခက်သည်။ သူ့မှာဇာတ်လိုက်မပြောသံကြားတော့စိတ်ဆိုးပြီး အဲ့လူတွေကိုရန်သွားလုပ်လို့ အရိုက်နှက်ကခံလာရတတ်သေးသည်။
Others- " ဟယ်!...အဲ့လိုကြီးလား ...ဒါဆိုဘာလို့မေယွဲ့ကဘာလို့...သူခံရသလိုပြောနေတာလည်း "
Others- " လူကြားအောင်အောင်ပြောတာပါဟယ် "
ရှားမေယွဲ့- " ငါက...အဲ့လိုသဘောမဟုတ်ပါဘူး...နင်ဒဏ်ရာရမှာစိုးရိမ်လို့ပါ "
မေယွဲ့မှာ ဝမ်ပိုင်ကပြန်ပြီးပြောမယ်လို့မထင်ထားသဖြင့် အနည်းငယ်ထိတ်လန့်သွားရသည်။ဘာပဲဖြစ်ဖြစ် တစ်ခုလိုချင်ရင်တစ်ခုကိုစွန့်လွှတ်ရမှာပဲ။ ထိုနည်းတူ မော့ပိုင်ကိုလိုချင်ရင် သူမရဲ့ကိုယ်ကျင့်သိက္ခာနဲ့အရှက်တရားကို စွန့်လွှတ်နိုင်သည်။ ဘာပဲဖြစ်လာဖြစ်လာ သူမလိုအပ်သည်က မော့ပိုင်သာ။
Host- " အင်း "
ဝမ်ပိုင် ဒရမ်မာချိုးရတာပျင်းလာသဖြင့်ရပ်လိုက်သည်။
ဇာတ်လိုက်မလည်း ဆရာရောက်လာသဖြင့်သူခုံကိုသာသွားထိုင်လိုက်သည်။
ဝမ်ပိုင်ဇာတ်လိုက်ကို လှမ်းရှိုးလိုက်တော့ ဇာတ်လိုက်မှာ စာအုပ်ထဲ ခေါင်းကြီးဝင်တော့မတတ် ဖြစ်နေသည်။ သေချာပြီ ဇာတ်လိုက်ခုနက ဒရမ်မာကိုမမြင်လိုက်ဘူးဆိုတာ။ မမြင်တာထားပါတော့ မကြားတာကတော့လွန်သွားပြီလို့မထင်ဘူးလား ဒီလောက်ကျယ်တာကို။
........
Host- ဒီကမ္ဘာဇာတ်လိုက်က...
ရုပ်ကမထင်ရပေမယ့်...တကယ်တော့...စာကျမ်းပိုးဖြစ်နေတာကို
လင်းမော့ပိုင်-စာလုပ်မှ...ဗဟုသုတရှိမှာ...ခွေးပေါက်လေးမသိဘူးလား
Host-ဟွန့်...ကျွန်တော်လည်းစာလုပ်ပါတယ်နော်...တနေကုန်စာနဲ့မျက်နှာနဲ့ကိုမခွာတာ
Six- wattpad နဲ့လေ
လင်းမော့ပိုင်- ဘာနဲ့လုပ်လုပ်...စာလုပ်တာကောင်းတာပေါ့...ခွေးပေါက်လေးကလိမ္မာလိုက်တာ
Host-ဟုတ်တယ်...ဘာနဲ့လုပ်လုပ် အဓိကစာလုပ်ဖို့လေ
Six- 😑😑