ကြၽန္ေတာ့္ဘဝက ေမာင့္ရဲ႕ေစစားရာ ျဖစ္ေနေပမယ့္...
ေမာင္တစ္ခါ ကြၽန္ေတာ့္ကိုခ်ဳပ္ကိုင္ေလ ကြၽန္ေတာ္ဆိုတဲ့ ႏြံမွာ ေမာင္တစ္ခါနစ္ေလဆိုတာ...
ေမာင္ဆိုတဲ့ လူဆိုးေလးက သိလိမ့္မယ္မထင္ဘူး..
.... ..... ..... ..... ..... ..... ..... ..... ..... .....
"ေက်ာင္းသားေလး အိမ္ကလူေတြ အေပၚထပ္ကို လိုက္ခြင့္မ႐ွိဘူး"
ဆယ္ေက်ာ္သက္ေလးJeon ရဲ႕ အၾကည့္ေတြက အေဆာင္မႉး အစ္မႀကီးအေပၚ က်ေရာက္လာေလသည္။ guard ေတြကလည္း အတုံတံု အခ်ိခ်ိျဖင့္ သခင္ေလးရဲ႕ လက္ထဲကို Luggage ထည့္ေပးကာ ေဒါသအိုးေလး၏ မ်က္ႏွာအရိပ္အကဲကို အကဲခတ္ ေနၾကသည္။ေလွကားက ႏွစ္ဆစ္ခ်ိဳးမ်ားမို႔ ပထမေလွကား အဆံုး၏ အခ်ိဳးေနရာတစ္ခုသို႔ေရာက္ေနျခင္းပင္။ ေနာက္ထပ္ ႏွစ္ထပ္ေျမာက္သို႔ ထပ္တက္ရေပလိမ့္ဦးမည္ ။
ပထမဆံုး အေဆာင္စေရာက္သည့္ေန႔မွာ ပင္ Jeon ရဲ႕မ်က္လံုးေတြကို ကန္႔လန္႔ျဖတ္အရာတစ္ခုက ဝင္ေရာက္လာခဲ့သည္။ စိတ္အရင္းခံက ကိုမၾကည္လင္ရသည့္အထဲ ျမင္ကြင္း သည္ သူ႔စိတ္ကို ခ်ဥ္ရံုမက တူးနံ့ေတြေတာင္ရလာသည္အထိ။အခ်ိန္ပိုင္း နည္းျပဝတ္စံုနဲ႔ထိုလူသားဟာ ေဘးနားကသူ႔ထက္အရပ္ခပ္႐ွည္႐ွည္ႏွင့္သူအား ျပံဳးရယ္ ျပေနကာ ေအာက္မွ ေမ်ွာ္ၾကည့္ၿပီးအကဲခတ္ေနတဲ့ အေဆာင္မႈး ေနာက္မွ သူတို႔ဘက္ဆီသို႔ လာေနေလသည္။
"ဝုန္း!!!!"
ေဒါသ မင္းသားေလး၏ အ႐ွိန္ျပင္းျပင္းကန္ခ်က္ေၾကာင့္ Luggage သည္ log မျပဳတ္ခဲ့ေသာ္ျငား အေဆာင္မႉး ေျခေထာက္ ႏွစ္ေခ်ာင္းေ႐ွ႕သို႔ သြားေရာက္ ခစားေတာ့ သည္။ ျဖဴေဖ်ာ့ သြားတဲ့ အေဆာင္မႉး ၏မ်က္ႏွာမွာ ေသြးပင္မ႐ွိေတာ့သလို ေနာက္အနည္းငယ္ ဆုတ္သြားကာ လဲက်ေတာ့မည္မို႔ Jimin အသာထိန္းေပးလိုက္ရသည္။
"သခင္ေလး"
"အိတ္သယ္ကူေပး Ji Ji"
"ဒီေနရာက.. "
ကြၽတ္က်မတတ္ျဖစ္သြားေသာ မ်က္မွန္ကိုပင့္တင္ကာ အေဆာင္မႉးအစ္မကမတ္မတ္ရပ္လိုက္ၿပီး လတ္တေလာမွ ကုန္ဆံုးသြားေသာ အားအခ်ိဳ႕ ကို စုစည္းလိုက္ကာ ယေန႔မွ အသစ္ဝင္လာတဲ့ ေဒါသအိုး ေလးအား တစ္ခုခုကို ေျပာမည္ ၾကံခိုက္
"ကြၽန္ေတာ္ သယ္ေပးလိုက္ပါ့မယ္ အစ္မ "
"Jimin ဒါက"
အံျသရိပ္ေတြႏွင့္ အေဆာင္မႉးအစ္မက ၾကည့္လာေတာ့ နားလည္ဟန္ေခါင္းၿငိမ့္ျပလာတဲ့ သူေၾကာင့္ သက္ျပင္း ခပ္ဖြဖြခ်ကာ ထိုအစ္မက မည္သည့္စကားမွ ဝင္မဆိုေတာ့
အေပၚစီးက ၾကည့္ေနတဲ့တစ္စံုတစ္ေယာက္ကေတာ့ ခပ္လြန္႔လြန္႔ ျပံဳးကာ ေဘာင္းဘီ အိတ္ထဲ လက္ထည့္လို႔ တက္သြားေလသည္။
"Min ကိုယ္ကူသယ္ေပးမယ္ ေနာ္"
အေပၚထပ္သို႔ တက္ေနဆဲ ေျခလွမ္းေတြသည္ တံု႔ခနဲ ခပ္ေစာင္းေစာင္းၾကည့္လာတဲ့ မ်က္ဝန္းေတြသည္ ေဘးေစာင္းအေနအထားနဲ႔ေတာင္ စူးကနဲ လက္ကနဲ ခပ္ထက္ထက္ ဓားတစ္လက္ကိုျမင္လိုက္ရ သလို ခံစားမႈမ်ိဳးက အလံုးအရင္း ဝင္ေရာက္လာသည္။
Luggage အိတ္ေပၚမွ လက္ေသးေသးေတြ အေပၚ ဖိထပ္ထားတဲ့ senior ရဲ႕ လက္ေတြေအာက္မွ ညင္သာေသာ္လည္း အလ်ွင္အျမန္ ႐ုန္းဖယ္မိလ်ွက္သား
အဲအၾကည့္ အဲအျပံဳးေတြအေၾကာင္းကို သူ႔ေလာက္ ဘယ္သူကမ်ား ေနာေၾကႏိုင္မလဲ
"ရပါတယ္ senior ကြၽန္ေတာ္ သယ္သြားလိုက္ပါ့မယ္"
"အဆင္ေျပ လို႔လားကြာ"
Senior သည္ သိပ္လက္ေလ်ွာ့ ခ်င္ဟန္မတူေသး ခဏေလးေတြ႔သည့္ အခ်ိန္အပိုင္းအျခားတြင္ပင္ သူ႔နဲ႔ စကားေတြအမ်ားႀကီးေျပာကာ အခုလည္းသူ႔ေနာက္က လိုက္ရဖို္႔အေရး အားသြန္ခြန္စိုက္ ႀကိဳးပမ္းေနသည္။ တစ္ခါတစ္ရံ သူ႔ကို senior ၾကည့္တဲ့အၾကည့္ေတြကို မငယ္ေတာ့တဲ့ အသက္အရြယ္ျဖစ္တဲ့သူက ေကာင္းေကာင္းႀကီး ရိပ္မိပါသည္။
"က်ဳပ္အိမ္မွာဆို ဒီထက္ေလးတဲ့တိုင္ကီေတာင္ သူထမ္းႏိုင္တာမိုလို႔ ခင္ဗ်ား စိတ္မပူလည္းျဖစ္တယ္"
"မင္းက တအား႐ိုင္းတယ္ေနာ္ ေက်ာင္းသားေလး"
"က်ဳပ္ ဘဝမွာ ဘယ္သူ႔ကိုမွ အထူးတလည္ ယဥ္ေက်းျပေနဖို႔ မလိုဘူး
လူတိုင္းက စစ္မွန္မေနဘူးေလ
တစ္ခုကိုလိုခ်င္လို႔ တစ္ခုကို ရက္ေရာဟန္ ေဆာင္ေနၾကတာခ်ည္းပဲဟာ
အေပၚယံ ဟန္ေတြလုပ္ရမွာ ကို က်ဳပ္က သိပ္ေအာ္ဂလီဆန္တတ္တာ"
Senior သည္ ပ်က္က်လု ျဖစ္ေနတဲ့ မ်က္ႏွာကို အေတာ္ေလးထိန္းသိမ္းေနခဲ့ ဟန္႐ွိသည္။ Jimin သခင္ေလးရဲ႕ မ်က္ဝန္းေတြကို ၾကည့္မိေတာ့ သူ႔ကိုစိုက္ၾကည့္ ေနတာေတြရသည္။ ၾကာၾကာ အားၿပိဳင္ၾကည့္ေနဖို႔မျဖစ္ ဒါဟာ Jeon ရဲ႕လက္နက္တစ္မ်ိဳးကိုသာထုတ္ျပျခင္းေပ Jeon ရဲ႕သြင္ျပင္ဟာ အေကာင္ငယ္ေသာ္လည္း သိပ္အစြယ္ေတြထက္ေနတဲ့ ေတာဘုရင္ေလာင္းေလးႏွယ္ သိပ္ကို ထီမထင္ခဲ့တာပါ
"Senior ကြၽန္ေတာ္ အဆင္ေျပပါတယ္ ကြၽန္ေတာ္ပဲ လိုက္ပို႔လိုက္ပါ့မယ္"
စကားအေခ်အတင္းျဖစ္မႈသည္ သူမွၾကားမျဖတ္လ်ွင္ ႏွစ္ဦးႏွစ္ဖက္ေကာင္းႏိုင္ေတာ့မည္ မဟုတ္ senior ကJimin ကိုျပံဳးၾကည့္လာကာ
"ေကာင္းၿပီ ကိုယ္ညက်ဖုန္းဆက္မယ္ေနာ္ စာေတြအဆင္ေျပလား တစ္ခ်က္သိခ်င္လို႔"
"ဟုတ္ senior"
"က်ဳပ္ ေစာင့္ဆိုင္းေနရတာကို အရမ္းမုန္းတယ္ Ji Ji"
Jimin သက္ျပင္းကို ခိုးခ်လိုက္ရကာ Luggage ကို ဆြဲလ်ွက္တက္လာသည့္တိုင္ ေလွကားေပၚမွ ရပ္ၾကည့္ေနသူဟာ မလႈတ္မယွက္ Jeon အနီးအပါးကိုေရာက္လာသည့္တိုင္ ေအာက္မွရပ္ၾကည့္ေနသည့္ senior ကလည္း မတ္တပ္ေမ့ေနပံုပင္
"ညဘက္ ဟင္းခ်က္ေပးရမယ္ Ji Ji က်ဳပ္ ေအာ္ဂလီေတြဆန္လာလို႔ ဒီည ခင္ဗ်ားခ်က္ေပးမွကို ရမယ္"
ထို႔ေနာက္ ခပ္ရြဲ႔ရြဲ႔ ျပံဳးျပသြားသူဟာ တစ္ကမၻာလံုးမွာ သူတစ္ေယာက္တည္းသာ႐ွိနိုင္တဲ့ ျမင့္မားလြန္းတဲ့ မာနေတြနဲ႔
Luggage ကိုင္ထားတဲ့ လက္ေသးေသးေတြဟာ ျဖဴေဖ်ာ့ လာတဲ့အထိ
အဲအျပံဳး အဲေျခလွမ္းေတြရဲ႕ေအာက္မွာ သူဆိုတဲ့ Park Jimin ရဲ႕မာန ေတြကလည္း အလူးလူးအလဲလဲပါပဲ...
Jiminအခန္းထဲ ေရာက္လာေတာ့ Jeon တစ္ေယာက္ ျဖဴလႊလႊအိပ္ယာထက္ မွံုကုတ္ေနခဲ့သည္မွာ တေလာကလံုးႏွင့္ရန္ျဖစ္ထားသည့္သူလို
အခန္းေထာင့္ မွာ Luggage ကို ထားရံု႐ွိေသး
"အိပ္ယာခင္းေတြလဲေပး"
"မသန္႔လို႔လား"
"မဟုတ္ဘူး အနက္ေရာင္မဟုတ္လို႔"
Jeon က အနက္ေရာင္ေတြကို သိပ္တြယ္တာတတ္တာ Jeon ဟုဆိုလိုက္တာႏွင့္ မဟူရာမင္းသားေလးလို႔ အားလံုးက အတပ္သိရသည္အထိ
"ဒါကအေဆာင္မိုလို႔.."
"ဘာလဲ အေရာင္ကန္႔သတ္ခ်က္ေတြ႐ွိေသးတာလား က်ဳပ္အေဖက ခိုင္းထားလို႔လား က်ဳပ္ကို စိတ္အေႏွာက္အယွက္ေပးဖို႔ဆိုတာဒါလား ဒီလို အခန္းက်ဥ္းေလး ထဲ ပို႔လိုက္ရံုနဲ႔ Jeon က ယူပစ္သလိုေျပာင္းလဲမသြားတတ္ဘူး"
"ဒယ္ဒီက အဲလို မဟုတ္ပါဘူး"
"က်ဳပ္က သူ႔ေ႐ွ႕ေနကိုမွ သူ႔မေကာင္းေၾကာင္းေတြ ေျပာေနမိျပန္ၿပီကို
ထားလိုက္ပါေတာ့ အိပ္ယာခင္းက ေတာ့ အနက္မွရမယ္ က်ဳပ္ ဒါေတြကို ဆြဲမျဖဲေစခ်င္ဘူးဆိုရင္
ေအာက္ထပ္က Date လြန္ ဘြားဘြားကို ေျပာလိုက္ပါ"
"ေကာင္းပါၿပီ"
သိပ္ေက်နပ္တဲ့ အျပံဳးေလးတစ္ခုက Jeon ရဲ႕ ပါးခ်ိဳင့္တစ္ဖက္ေလးေတာင္ လွစ္ကနဲ ေပၚလာသည္အထိ
ဆယ္ေက်ာ္သက္ Jeon ဟာ ခဏခဏ ျပံဳးတတ္ခဲ့ပါတယ္ ကြဲလြဲေနတဲ့ အဓိပၸယ္တစ္ခ်ိဳ႕ေတြနဲ႔
လွည့္ထြက္သြားတဲ့ ေက်ာျပင္ေလး တံခါးဝနားအေရာက္မွာ
"က်ဳပ္ကို ဖုန္းေပး"
"သခင္ေလး ဒါက"
"က်ဳပ္ ကိုေဒါသထြက္ေအာင္မလုပ္နဲ႔"
အတုံတံု အခ်ိခ်ိ ထုတ္ေပးလာတဲ့ ဖုန္းကို ဆြဲယူလိုက္ကာ
"က်ဳပ္ ဒီဖုန္းကိုႀကိဳက္တယ္ ဘိုးေတာ္ဆီက အသစ္တစ္လံုးေတာင္းလိုက္ေတာ့"
"ကြၽန္ေတာ့္ကို ဒီဖုန္းေလးေတာ့ ခဏျပန္ေပးပါ"
မ်က္ဝန္ဝိုင္းေတြသည္ ေပါက္ထြက္ေတာ့မတတ္ ၾကည့္လာခဲ့သည္။
"ခင္ဗ်ားအတြက္ ခ်စ္ဖို႔ မုန္းဖို႔ က်ဳပ္ပဲ႐ွိတာ ခင္ဗ်ားရဲ႔ အရာအားလံုး ကက်ဳပ္အတြက္ပဲ ေလ ဘယ္သူ႔ကို ခင္ဗ်ားက ဆက္ႏြယ္ခ်င္ေနတာလဲ"
တရားခံတစ္ေယာက္လို ဆက္ဆံခံေနရတာက အေတာ္ေလး အသက္႐ွဴ ၾကပ္ေစသည္။ မ်က္ေရၾကည္ေတြ ရစ္သိုင္းေနတဲ့ မ်က္ဝန္းလွလွေတြက စူး႐ွ႐ွမ်က္ဝန္းေတြနဲ႔အားၿပိဳင္လ်ွက္
"သခင္ေလးက ကြၽန္ေတာ့္ကို ဘာ့လို႔ဂ႐ုစိုက္ေနရတာလဲ သခင္ေလးေနစဥ္ျဖတ္သန္းေနက် အတိုင္း ကြၽန္ေတာ့္ကို လ်စ္လ်ဴ ႐ႈေနလို႔မရဘူးလား ကြၽန္ေတာ့္မွာ ဘာအျပစ္႐ွိေနလို႔လဲ"
"ဘာအျပစ္လဲ ဟုတ္လား ခင္ဗ်ားက အရမ္းကို !!!!...."
စကားေတြ ကို ေနာက္ျပန္လွည့္ဖို့အခြင့္မသာတဲ့ တစ္ဖက္ကမ္းမေရာက္ခင္ ျမန္ျမန္ဘရိတ္အုပ္ေနရသည္။ Jeon စိတ္႐ႈတ္စြာ ဆံပင္ကို ထိုးဖြေနမိသည္။
စိတ္ထဲက အျပစ္တင္ခ်င္တဲ့ အေၾကာင္းအရာသည္ ထြက္အံက်လာဖို႔ မျဖစ္ႏိုင္
"က်ဳပ္ကို ႐ွည္႐ွည္ ေဝးေဝးေတြ မေျပာနဲ႔ Ji Ji က်ဳပ္ေပးတဲ့ ဖုန္းကို ယူမလား ဒယ္ဒီ့ဆီေတာင္း မလား"
"ကြၽန္ေတာ့္ ဖုန္းကိုျပန္လိုခ်င္တယ္"
ေခါင္းမာသူဟာ ဆက္လက္ေခါင္းမာေနဆဲ လက္႐ွိဖုန္းထက္ အဆမ်ားစြာသာသည့္ ဖုန္းကို မက္လံုးေပးထား လ်ွက္ႏွင့္ ဘာမဟုတ္တဲ့ ဖုန္းတစ္လံုးအတြက္နဲ႔ Jeonကို ဆနၵျပေနတာ ဟာ သိပ္သဘာဝမက်
"အဲဒီလူ နဲ႔ဖုန္းေျပာဖို႔အတြက္ေလာက္နဲ႔ က်ဳပ္ကိုလာၿပီး ေခါင္းစားမေနနဲ႔ ဖုန္းဆက္မွာကို အရမ္းေပ်ာ္ေနတာလား အရမ္းေမ်ွာ္လင့္ေနတာလား အဲလူကို"
"အရမ္းေပ်ာ္တယ္ အရမ္းလဲ ေမ်ွာ္လင့္တယ္ အနည္းဆံုးေတာ့ အ႐ုပ္ဘဝကေန ျပံဳးရယ္လို႔ ရေသးတယ္"
"ခင္ဗ်ား!!"
လ်ွင္ျမန္တဲ့ အ႐ွိန္တစ္ခုနဲ႔ အနားေရာက္လာသူဟာ ခနၶာကိုယ္ကို အၾကမ္းပတမ္း ဆြဲေပြ႔လိုက္ၿပီး ကုတင္ေပၚ ျပစ္တင္လိုက္သည္။ လက္ေကာက္ဝတ္ ျဖဴ ျဖဴေလးႏွစ္ဖက္အား ဖိဆုပ္ထားခဲ့သည္မွာ အညႇာအတာကင္းကင္း Jeonရဲ႕ မ်က္ႏွာေခ်ာေခ်ာက Jimin ရဲ႕ မ်က္ႏွာ အနား ထိလုထိခင္အထိ ကိုင္းခ်လာခဲ့သည္။
Jeon ရဲ႕မ်က္ဝန္းေတြဟာ ေသြးေၾကာ ေတြပင္ထလို႔ သတ္ခ်င္ျဖတ္ခ်င္ေနတဲ့ သားရဲတစ္ေကာင္လို
"က်ဳပ္ကို လူသတ္ခ်င္လာေအာင္ မလုပ္နဲ႔ အဲေကာင္ကို မသတ္ေစခ်င္ဘူးဆိုရင္ ခင္ဗ်ား က်ဳပ္ေဒါသေတြကို ဆြေနတာရပ္ဖို႔ ေမ်ွာ္လင့္တယ္ "
တင္းၾကပ္စြာဖိဆုပ္ထားတဲ့ လက္ေတြကိုျဖည္ လႊတ္လိုက္ကာ မတ္မတ္ရပ္လိုက္သူေၾကာင့္ အိပ္ယာထက္မွ အလူးအလဲ ထလာသူဟာ မ်က္နွာကို တစ္ဖက္လြဲလို့ မ်က္ရည္ေတြ ကို ခပ္ၾကမ္းၾကမ္း ဖိသုတ္ကာ အခန္းထဲ မွထြက္သြားမည္အျပဳ
"ခြမ္း!!!"
က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚလာတဲ့ က်ကြဲသံတစ္ခုရဲအဆံုးမွာ Jimin ဟာစိတ္ႏွလံုးသားေတြၿပိဳက်သြားသည့္အလား မရဲတရဲ ျဖင့္ဖုန္းအကြဲေလးကို ေကာက္ကိုင္လိုက္ကာ power ဖြင့္ဖို႔ အသဲအသန္ ႀကိဳးစားပါေတာ့သည္။ လက္ေသးေသးေတြ၏ တုန္ယင္မႈေတြသည္ ထိန္းခ်ဳပ္လို႔မရႏိုင္ခဲ့
ဖုန္းကို ႀကိဳးႀကိဳးစားစားဖြင့္ေနသူရဲ႕ မ်က္ေရေတြဟာ တာက်ိ ဳးေနခဲ့သည္။ရပ္ၾကည့္ေနခဲ့သူရဲ ႏွလံုးသားေတြသည္လည္းဗရမ္းဗတာ..
ေက်ာက္႐ုပ္ႀကီးတစ္႐ုပ္လို အသက္ဝင္လွတဲ့ သက္႐ွိပန္းပုေလးရဲ႕ေ႐ွ႕မွာ သတိလက္လြတ္ ျဖစ္ေနခဲ့သည္။
ဖုန္းအကြဲေလးကို က်စ္က်စ္ပါေအာင္ဆုပ္ထားၿပီး ျပန္ၾကည့္လာခဲ့တဲ့ အၾကည့္ေတြဟာ..Jeon ဒီလူ ့ဆီက တစ္ခါမွမရဘူးတဲ့ အစိတ္အပိုင္း ေတြ
" သခင္ေလးတန္ဖိုးအထားဆံုး အရာေတြ ဒီဖုန္းလိုပ်က္စီးသြားဖို႔ ေမ်ွာ္လင့္တယ္ "
က်ိန္စာဆန္တဲ့ ခပ္စူးစူးအသံဟာ Jeon ဝဲဘက္ရင္ဘတ္ထဲ စစ္ကနဲ
သူတို႔ရဲ႕ ငယ္ရြယ္ႏုနယ္တဲ့ ႏွလံုးသားေတြဟာ တစ္ခုခုကိုေျဖ႐ွင္းဖို႔ မာနေလးေတြ ၾကာခံေနခဲ့ျခင္းေၾကာင့္ေပလား အေၾကာင္းတရားသည္ အက် ဥ္းတန္ခဲ့ျခင့္ေၾကာင့္ အက်ိဳးတရားေတြသည္ မလွပႏိုင္ခဲ့
အျပင္သို႔ေျပးထြက္သြားသူ ဟာ တံခါးကိုခပ္ေဆာင့္ေဆာင့္ ပိတ္ပစ္ခဲ့သည္။တိတ္ဆိတ္ျခင္းေတြသည္ ေစာေစာက မုန္းတိုင္ေတြထန္ခဲ့တာ မဟုတ္ခဲ့သလိုပါပဲ
အခန္းထဲက်န္ခဲ့တဲ့ ေဒါသအိုးေလးက ကုတင္ေပၚမွ ေမြ႔ယာ ကို ဆြဲယူလႊင့္ျပစ္လိုက္ျပန္သည္။ ျဖစ္ႏိုင္လ်ွင္ တစ္ခန္းလံုးက အရာေတြ အကုန္လႊတ္ပစ္ခ်င္မိသည္။
"အဲလူက ဘာေကာင္းေနလို႔လဲ..
ဖုန္းတစ္လံုးကြဲတာနဲ႔ ဒီေလာက္ကမၻာ ပ်က္ေနစရာလိုလို႔လား
ဘာျဖစ္လို႔ သူကေရာ ငိုေနတာေတာင္ ဒီေလာက္ လွေနရတာလဲ!!အား!!!"
.... .... ..... .... ..... ...... ..... .... ...... .....
တ႐ုတ္ႏိုင္ငံ နယ္စပ္ၿမိဳ႕ တစ္ၿမိဳ႕ ၏ ဂိုေထာင္ထဲတြင္
"ဝွစ္...ဝွစ္...ဝွစ္"
က်ာပြတ္ကို လြဲယမ္းေနတဲ့ Hosoek ရဲ႕ မ်က္ႏွာက မာန္ဖီေနတဲ့ က်ားတစ္ေကာင္လို မ်က္ဝန္းေတြ ကလဲ တရားခံကိုစူးစိုက္႐ွာ ေဖြ ေနခဲ့သည္။ နံရံကို ေက်ာမွီကာ လက္ပိုက္ရပ္ေနသူ နယ္ေျမသခင္ေလး ဟာ အေတာ္ေလးပ်င္းရိ ၿငီးေငြ႔ေနဟန္
"ဘယ္သူလဲ ေ႐ွ႕ထြက္ခဲ့"
အတြင္းေရးမႉးရဲ႕ ေအးစက္စက္ အသံဟာ တိတ္ဆိတ္ေနတဲ့ အခန္းထဲမွာ ေျခာက္ျခားဖြယ္ရာ တစ္ခုလိုပဲ အေ႐ွ႕တြင္ရပ္ေနသည့္ လူငါးေယာက္သည္လည္း ေခါင္းပင္မေဖာ္ရဲ ထိုငါးေယာက္ႏွင့္ ခပ္ခြာခြာ တြင္ေတာ့ guard အေယာက္ တစ္ရာေလာက္က ခပ္မတ္မတ္ ရပ္ေနၾကသည္။
"ငါေခၚ မွဆိုရင္ေတာ့ မလြယ္ဘူးေနာ္"
ေျပာရင္ေျပာသေလာက္တိက်တဲ့ အတြင္းေရးမႉး ရဲ႕ သတိေပးခ်က္ဟာ သူတရားခံကို သိေနပါၿပီလို႔ အသိေပးေနျခင္းရယ္ပါ
"အံ့ျသ စရာပဲ မင္းတို႔ေတြ ဒီအဖြဲ႔ထဲ ဝင္မယ္ဆိုတုန္းက ဘာေတြလုပ္ခဲ့ရလဲ သစၥာ႐ွိျခင္းရဲ႕ ရပိုင္ခြင့္ေတြက ဘာလဲ
သစၥာမ႐ွိျခင္းရဲ႕ ျပစ္ဒဏ္က ဘာလဲ
ေမ့ေနၾကတယ္ထင္တယ္ "
"ေခ်ာက္..ဒိုင္း!!!"
ပထမ က်ည္ဆန္က ဘယ္ဘက္စြန္းလူ၏ ေခါင္းတည့္တည့္သို္္ ့အညႇာအတာကင္းကင္း ထိုးထြင္းဝင္ေရာက္ သြားကာ အ႐ုပ္ႀကိဳးျပတ္လဲ က်သြားေလသည္။
"နံပတ္ ၁ သစၥာ ႐ွိရမယ္"
အတြင္းေရးမႉး ရဲ႕ စကားသံက က်ယ္က်ယ္ ေလာင္ေလာင္ ထြက္ေပၚလာသည္။ဒါသည္ ျပန္လမ္းမ႐ွိသြား သူအတြက္ ကိုယ္စားေျဖေပးျခင္းေတြ
ဒုတိယေျမာက္လူကို ခ်ိန္တြယ္ျခင္းမွာ ထိုသူဟာ ထစ္ထစ္ေငါ့ေငါ့ အသံျဖင့္
"နံ.. နံ . .ပတ္ ၂ ႏႈတ္ မဖြာ...ဖြာရဘူး"
"အိုး...မွတ္မိသားပဲ"
"ဒိုင္း !!!အား!!!"
ဒုတိယေျမာက္ က် ဥ္ဆံသည္ ထိုလူ ၏ညာဘက္ ေပါင္ တည့္တည့္သို႔ ဝင္ေရာက္သြားမႈ အဆံုးတြင္ ဒူးေထာက္ က်သြားသည့္သူ
"နံ နံပတ္ ၃ ေသ..ရဲ..သတ္..ရဲ.. ရ..ပါမယ္"
"ေတာ္ ခ်က္"
"ဒိုင္း!!! အား!!"
လက္ေကာက္ဝတ္ ကိုဖိဆုပ္ ထားသည့္သူသည္ အေတာ္ေလး သည္းခံ ကာ မတ္တပ္ရပ္ေနခဲ့ေသာ္လည္း ေသြးေတြ ကျမင္မေကာင္းစြာ ေျမႀကီးေပၚ တြင္ တစ္စက္စက္က်လို႔
စတုတၳ ေျမာက္လူသည္ ႐ွဴ းေတြပင္ ထြက္က် လာေလသည္ ။ အတြင္းေရးမႉး သည္ ခပ္လြန္႔လြန္႔ ျပံဳးေနခဲ့တာမို႔ ထိုသူသည္ ပို၍ပင္ ဒူးတုန္ ေနခဲ့သည္။
"နံ..ပတ္. ၄ မိ..မိ..တို႔ တာဝန္..ယူထားတဲ့.. လုပ္ငန္းခြင္ အသီးသီး က အျမတ္ သံုးပုံ ႏွစ္ပံုကို ခံစားခြင့္႐ွိသည္"
"အဲဒါက မင္းတို႔အတြက္ နည္းလား"
"မ..မနည္းပါဘူး"
"အတိအက် ေျပာစမ္းပါ"
ေသနတ္ကိုလွည့္ပတ္ ေဆာ့ကစားေနတဲ့ Hosoek က ေမးေငါ့ၿပီး ထိုသူကို ဆက္ေမးေနျပန္သည္။အနည္းငယ္ စိတ္ၿငိမ္သြား ဟန္႐ွိၿပီ ျဖစ္တဲ့ သူဟာ စကားကို ေျပျပစ္ဖို႔အတြက္ အသည္းအသန္ ႀကိဳးစားေန႐ွာသည္။
"အတိအက် ေျပာရရင္ ကြၽန္ေတာ္တို႔ တစ္သက္စာ သံုးမကုန္ပါဘူး"
"မင္တို႔ လုပ္ငန္းေတြ ရဲ႕ပိုင္႐ွင္ ကဘယ္သူလဲ"
"နယ္ေျမ သခင္ေလး Phoenix ပါ"
"ဒါကိုေတာ့ မွတ္မိေသးသားပဲ ဒါျဖင့္ ေကြၽးတဲ့ လက္ကိုကိုက္ေနၾကတာက မေကာင္းတဲ့ ဗီဇေတြ ပါလာၾကပံုပဲ..
အသက္နဲ႔ကစားရတာကို သိပ္ႀကိဳက္ေနၾကတယ္ ေပါ့ ငါတို႔က ကစားေပးဖို႔ ဝန္မေလးဘူးေနာ္
ဒါေလးအတြက္နဲ႔ဆို သိပ္ပ်င္းစရာ ေကာင္းေနလို႔ "
"ကြၽန္ေတာ္ သခင္ေလးကို ဘယ္တုန္းက မွ သစၥာ မေဖာက္ခဲ့ပါဘူး"
"ဒူး ေထာက္လိုက္စမ္း!!"
အတြင္း ေရးမႉးႀကီး က အမိန္႔ေပးရင္း အေပၚ coat ကိုခြၽတ္လိုက္ကာ အက်ႌလက္ေမာင္း စေတြကို ေခါက္တင္ေနခဲ့သည္။က်ာပြတ္ကို ဟန္ပါပါတစ္ခ်က္ လႊဲရမ္းကာ
"စိတ္ေျပေအာင္ ငါးခ်က္ေလာက္အ႐ိုက္ ခံလိုက္"
တစ္ခ်က္ဆို တစ္ခ်က္ က်ာပြတ္၏ ႐ိုက္ခ်က္ေတြက နာက်င္မႈ ေတြ စိမ့္တက္သြားသည္အထိ ျပင္းျပင္းျပျပ..
ငါးခ်က္ေလာက္႐ိုက္ အၿပီးမွာေတာ့ က်ားပြတ္ကို ေျမႀကီးေပၚ ပစ္ခ်လိုက္ကာ ဆံပင္ေတြကိုသပ္တင္လိုက္သည့္ဟန္ပန္သည္ ရပ္ၾကည္ေနသူ အားလံုးအဖို႔ တေမ့တေမာ ျဖစ္သြားျကသည္အထိ
သိပ္ကို ေတာက္ပေနခဲ့သည္ပင္
႐ွားပါးတဲ့ ေဒါသမီးေတာက္ေလးေတြကို ေဘးဖယ္ၾကည့္မည္ဆိုလ်ွင္ေပါ့
"ငါမင္းကို train ခဲ့တုန္းက ဘာေျပာခဲ့လဲ မင္းအျပစ္မင္းသိမွာပါ"
"ကိုယ္ မဟုတ္တာ မလုပ္ ထားရင္ ဘယ္အရာကိုမွ မေၾကာက္ရဘူး"
ငါးေယာက္ေျမာက္ေသာ သူဆီသို႔ ေလ်ွာက္လွမ္း သြားၿပီး အေ႐ွ႕ တည့္တည့္ တြင္ ရပ္လိုက္ကာမ်က္ဝန္းေတြကို စိုက္ၾကည့္ရင္း ရင္ဘတ္ကို ေသနတ္ျဖင့္ ေထာက္လိုက္ၿပီး
"နံပတ္ ငါးက ဘာလဲ"
"အလင္း အေမွာင္ မည္သည့္ ကိစၥမဆို သက္ဆိုင္ရာ နယ္ေျမမႉးေတြကို အေၾကာင္းၾကားၿပီး ဆံုးျဖတ္ရပါမယ္"
"မင္းမွာ အျပစ္႐ွိလား"
အသက္ႏွစ္ဆယ္ ခန္႔႐ွိတဲ့ ေကာင္ငယ္ေလးရဲ႕ မ်က္ဝန္းေတြသည္ ပို၍ စူးရဲသြားရကာ
"ကြၽန္ေတာ္ အျပစ္တစ္ခုမွ မလုပ္ထားဘူး"
အတြင္းေရး မႉးႀကီးေနာက္မွ နယ္ေျမသခင္ေလး၏ မ်က္ခံုးတစ္ဖက္ သည္ ပင့္တက္သြားရကာ တစ္ခ်ိန္လံုး တစ္ကမၻာတည္ေနရာမွ ေပေစာင္းေစာင္း ၾကည့္လာသည္။
"သက္ေသျပ"
"ကြၽန္ေတာ့္ spy သြားလုပ္ခဲ့ရတာပါ က်ြန္ေတာ့္ နယ္ေျမမႉးသိပါတယ္"
"ဒါျဖင့္ မင္းက သတင္းေပးခံရတဲ့ ငါးေယာက္မွာ ဘာလို႔ ပါလာတာလဲ"
"ပထမဆံုး သူက ကြၽန္ေတာ့္ကို သူနဲ႔ အပါေခၚသြားဖို႔ စဥ္းစားခဲ့ ပံုပါပဲ သူ ကြၽန္ေတာ့္ကို သတ္ခ်င္ေနတာ ၾကာၿပီ ကြၽန္ေတာ္တို႔ ရဲ႕ ကိုယ္ေရးကိုယ္တာ ျပသနာ တစ္ခုေၾကာင့္"
"သိလို႔ရမလား"
အတြင္းေရးမႉး သည္ ကိုယ္ေရးကိုယ္တာကိုေတာ့ ေလးစားေပးခဲ့ပါသည္။
"သူသေဘာက်ေနတဲ့ လူတစ္ေယာက္က ကြၽန္ေတာ့္ကို သေဘာက်ေနလို႔"
"ဟား..ဟား..ဟား!!!"
တစ္ခ်ိန္လံုး ၿငိမ္ေနခဲ့ သူရဲ႕ ရယ္ေမာ သံဟာ အားလံုးေၾကာင္အ သြားေစတဲ့အထိ ေျဖ႐ွင္းခ်က္တြင္ ရယ္စရာသည္ ပါမေနခဲ့
" ေဆးလိပ္တစ္လိပ္ ..ဝီစကီတစ္ခြက္...
ေလာက္ေတာင္ စိတ္ဝင္စားဖို႔ မေကာင္းတဲ့ မင္းတို႔ရဲ႕ အခ်စ္က
လူသတ္ဖို႔အထိ တဲ့လား ..ဘာ့ေၾကာင့္ ဒီေလာက္အေရး မပါတဲ့ အရာအတြက္နဲ႔ ႐ူးေနၾကတာလဲ"
Phoenix သည္ ႏွလံုးသားမ႐ွိဘူးဟု နာမည္ႀကီးျခင္းကို သူ၏ႏႈတ္ထြက္စကားေၾကာင့္ လက္ေတြ႔ လက္ခံလိုက္ရေပသည္။
သို႔ေသာ္ သူတို႔အလံုးစံုကို မယံုၾကည္ႏိုင္ခဲ့ၾက လူတိုင္းတစ္ႀကိမ္တစ္ခါေတာ့ ဘဝတြင္ အခ်စ္ဆို႔သည့္ ေႏွာင္ႀကိဳးေလးႏွင့္ရစ္ပတ္မိတတ္ၾကသည္။ကိုယ္ကေ႐ွာင္ေနလ်ွင္ေတာင္ သူကလာရစ္တတ္တဲ့ ဆြဲေဆာင္မႈ အားေကာင္းတဲ့ ႀကိဳးမ်ွင္လွလွေလး
အခ်စ္နဲမေတြ႔ေသးသည့္သူ ..
အခ်စ္ကို ေတြ႔ၿပီး မျမင္ေသးသည့္သူ.. အခ်စ္ကိုမျမင္ခ်င္ေယာင္ေဆာင္တဲ့သူ..
တစ္ေယာက္ ေယာက္ထဲသခင္ေလးပါေနေပလိမ့္မည္။
ထိုမ်ွသာေျပာၿပီး တိတ္ဆိတ္သြားသူဟာ ၾကာျဖတ္ေၾကာ္ျငာဝင္ခဲ့ျခင္းသာ
"မင္းစံုစမ္းခဲ့ ရသမ်ွေျပာ"
"သူက သခင္ႀကီး Jeon ရဲ႕ေမြးစားသား Park Jimin ကိုလက္ထပ္ခ်င္ေနတဲ့အျပင္ ျငင္းဆန္ခဲ့မယ္ဆိုရင္ လည္းတစ္ခုခုလုပ္ဖို႔ စီစဥ္ေနတဲ့ပံုပါပဲ"
ကို SPY ၏ စကားမ်ားသည္ အရမ္းေက်ာခ်မ္းစရာေကာင္းမွန္း မၾကာေသးမီက ေသနတ္ဆြဲ က်ာပြတ္ဆြဲကာ ၾကမ္းရမ္းျပေနခဲ့ေသာ အတြင္းေရးမႉး ႀကီးပင္လ်ွင္ မ်က္ဝန္းေတြပင္ ဆိုးလ္နဲ႔ ဂြမ္ဂ်ဴ ခရီးေလာက္ က်ယ္သြားတဲ့အထိ
"ဘာ!!! ဘယ္သူ႔ သေဘာနဲ႔ လဲ ငါ့အပိုင္ကို.!!! မင္းတို့အဲေခြးကို႔ေျပာလိုက္ အသက္နဲ႔ ခနၶာျမဲခ်င္ေသးတယ္ဆိုရင္ Phoenix ရဲ႕ အပိုင္ကို လက္ဖ်ားနဲ႔ေတာင္ထိဖို႔ မႀကိဳးစားနဲ႔လို႔ လက္နဲ႔ထိရင္ လက္ျဖတ္ပစ္ႏိုင္သလို ေျခနဲ႔ထိရင္လည္း တသက္လံုးဒူးသြားေစရမယ္"
ေဒါသေတြ သည္ ငယ္ထိပ္အထိတရိပ္ရိပ္တက္လာဟန္ပါပဲ
အရာအားလံုးကို ဖ်က္ဆီးခ်င္စိတ္ေတြသည္ တဖြားဖြား..
သတ္မွာ သူ႔အပိုင္ကိုထိသူဟာ အေလာင္ေတာင္လွမည့္ အေျခအေနမ႐ွိႏိုင္
"ငါအားလံုးကို ေၾကျငာစရာ ႐ွိတယ္ Park Jimin ဆိုတာ
လြန္ခဲ့တဲ့ ေလးႏွစ္ကတည္းက ငါနဲ႔ တရားဝင္လက္ထပ္ ထားတဲ့
ငါ့ေယာက်္ား မင္းတို႔ရဲ႕ အ႐ွင္သခင္ပဲ သူ႔ကိုထိပါးဖို႔ႀကိဳးစားသူမွန္သမ်ွ ေတြ႔တဲ့ေနရာမွာ သတ္ပစ္လိုက္"
အမိန္႔ေတြသည္ ဇယ္ဆက္ေနခဲ့သလို ရင္ဘတ္ႀကီး နိမ့္ခ်ီျမင့္ခ်ီဳျဖစ္ေနသူဟာ ေဒါသမီးေတြ အလ်ွံညီးညီးပါပဲ မ်က္ႏွာေခ်ာေခ်ာသည္ နီရဲေနခဲ့ကာ အခန္းထဲမွ ဝုန္းဒိုင္းက်ဲ ထြက္သြားသူေၾကာင့္ အတြင္းေရးမႉး သည္လည္း အလ်ွင္ အျမန္ ေျပးလိုက္ရေတာ့သည္။
အခန္းထဲ က်န္ရစ္သူမ်ားမွာေတာ့
"သခင္ေလးက လက္ထပ္ထားတယ္"
"သူ႔မာနေတြကို သြားပုတ္ႏိႈးလိုက္ျပန္ၿပီ"
"ဒါနဲ႔ သခင္ေလးက ႏွလံုးသား မ႐ွိဘူးဆိုတာ က ဟုတ္ေရာ ဟုတ္လို႔လား"
သို႔ေလာ သို႔ေလာေတြသည္ ပြက္ေလာ႐ိုက္လို႔
18.5.22
Unicode
ကျွန်တော့်ဘဝက မောင့်ရဲ့စေစားရာ ဖြစ်နေပေမယ့်...
မောင်တစ်ခါ ကျွန်တော့်ကိုချုပ်ကိုင်လေ ကျွန်တော်ဆိုတဲ့ နွံမှာ မောင်တစ်ခါနစ်လေဆိုတာ...
မောင်ဆိုတဲ့ လူဆိုးလေးက သိလိမ့်မယ်မထင်ဘူး..
.... ..... ..... ..... ..... ..... ..... ..... ..... .....
"ကျောင်းသားလေး အိမ်ကလူတွေ အပေါ်ထပ်ကို လိုက်ခွင့်မရှိဘူး"
ဆယ်ကျော်သက်လေးJeon ရဲ့ အကြည့်တွေက အဆောင်မှူး အစ်မကြီးအပေါ် ကျရောက်လာလေသည်။ guard တွေကလည်း အတုန်တုန် အချိချိဖြင့် သခင်လေး၏ လက်ထဲကို Luggage ထည့်ပေးကာ ဒေါသအိုးလေး၏ မျက်နှာအရိပ်အကဲကို အကဲခတ် နေကြသည်။
လှေကားက နှစ်ဆစ်ချိုးများမို့ ပထမလှေကား အဆုံး၏ အချိုးနေရာတစ်ခုသို့ရောက်နေခြင်းပင်။ နောက်ထပ် နှစ်ထပ်မြောက်သို့ ထပ်တက်ရပေလိမ့်ဦးမည် ။
ပထမဆုံး အဆောင်စရောက်သည့်နေ့မှာ ပင် Jeon ရဲ့မျက်လုံးတွေကို ကန့်လန့်ဖြတ်အရာတစ်ခုက ဝင်ရောက်လာခဲ့သည်။ စိတ်အရင်းခံက ကိုမကြည်လင်ရသည့်အထဲ မြင်ကွင်း သည် သူ့စိတ်ကို ချဉ်ရုံမက တူးနံ့တွေတောင်ရလာသည်အထိ။
အချိန်ပိုင်း နည်းပြဝတ်စုံနဲ့ထိုလူသားဟာ ဘေးနားကသူ့ထက်အရပ်ခပ်ရှည်ရှည်နှင့်သူအား ပြုံးရယ် ပြနေကာ အောက်မှ မျှော်ကြည့်ပြီးအကဲခတ်နေတဲ့ အဆောင်မှုး နောက်မှ သူတို့ဘက်ဆီသို့ လာနေလေသည်။
"ဝုန်း!!!!"
ဒေါသ မင်းသားလေး၏ အရှိန်ပြင်းပြင်းကန်ချက်ကြောင့် Luggage သည် log မပြုတ်ခဲ့သော်ငြား အဆောင်မှူး ခြေထောက် နှစ်ချောင်းရှေ့သို့ သွားရောက် ခစားတော့ သည်။ ဖြူဖျော့ သွားတဲ့ အဆောင်မှူး ၏မျက်နှာမှာ သွေးပင်မရှိတော့သလို နောက်အနည်းငယ် ဆုတ်သွားကာ လဲကျတော့မည်မို့ Jimin အသာထိန်းပေးလိုက်ရသည်။
"သခင်လေး"
"အိတ်သယ်ကူပေး Ji Ji"
"ဒီနေရာက.. "
ကျွတ်ကျမတတ်ဖြစ်သွားသော မျက်မှန်ကိုပင့်တင်ကာ အဆောင်မှူးအစ်မကမတ်မတ်ရပ်လိုက်ပြီး လတ်တလောမှ ကုန်ဆုံးသွားသော အားအချို့ ကို စုစည်းလိုက်ကာ ယနေ့မှ အသစ်ဝင်လာတဲ့ ဒေါသအိုး လေးအား တစ်ခုခုကို ပြောမည် ကြံခိုက်
"ကျွန်တော် သယ်ပေးလိုက်ပါ့မယ် အစ်မ "
"Jimin ဒါက"
အံသြရိပ်တွေနှင့် အဆောင်မှူးအစ်မက ကြည့်လာတော့ နားလည်ဟန်ခေါင်းငြိမ့်ပြလာတဲ့ သူကြောင့် သက်ပြင်း ခပ်ဖွဖွချကာ ထိုအစ်မက မည်သည့်စကားမှ ဝင်မဆိုတော့
အပေါ်စီးက ကြည့်နေတဲ့တစ်စုံတစ်ယောက်ကတော့ ခပ်လွန့်လွန့် ပြုံးကာ ဘောင်းဘီ အိတ်ထဲ လက်ထည့်လို့ တက်သွားလေသည်။
"Min ကိုယ်ကူသယ်ပေးမယ် နော်"
အပေါ်ထပ်သို့ တက်နေဆဲ ခြေလှမ်းတွေသည် တုံ့ခနဲ
ခပ်စောင်းစောင်းကြည့်လာတဲ့ မျက်ဝန်းတွေသည် ဘေးစောင်းအနေအထားနှင့်တောင် စူးကနဲ လက်ကနဲ
ခပ်ထက်ထက် ဓားတစ်လက်ကိုမြင်လိုက်ရ သလို ခံစားမှုမျိုးက အလုံးအရင်း ဝင်ရောက်လာသည်။
Luggage အိတ်ပေါ်မှ လက်သေးသေးတွေ အပေါ် ဖိထပ်ထားတဲ့ senior ရဲ့ လက်တွေအောက်မှ ညင်သာသော်လည်း အလျှင်အမြန် ရုန်းဖယ်မိလျှက်သား
အဲအကြည့် အဲအပြုံးတွေအကြောင်းကို သူ့လောက် ဘယ်သူကများ နောကြေနိုင်မလဲ
"ရပါတယ် senior ကျွန်တော် သယ်သွားလိုက်ပါ့မယ်"
"အဆင်ပြေ လို့လားကွာ"
Senior သည် သိပ်လက်လျှော့ ချင်ဟန်မတူသေး
ခဏလေးတွေ့သည့် အချိန်အပိုင်းအခြားတွင်ပင် သူ့နှင့် စကားတွေအများကြီးပြောကာ အခုလည်းသူ့နောက်က လိုက်ရဖ်ို့အရေး အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်။
တစ်ခါတစ်ရံ သူ့ကို senior ကြည့်တဲ့အကြည့်တွေကို မငယ်တော့တဲ့ အသက်အရွယ်ဖြစ်တဲ့သူက ကောင်းကောင်းကြီး ရိပ်မိပါသည်။
"ကျုပ်အိမ်မှာဆို ဒီထက်လေးတဲ့တိုင်ကီတောင် သူထမ်းနိုင်တာမိုလို့ ခင်ဗျား စိတ်မပူလည်းဖြစ်တယ်"
"မင်းက တအားရိုင်းတယ်နော် ကျောင်းသားလေး"
"ကျုပ် ဘဝမှာ ဘယ်သူ့ကိုမှ အထူးတလည် ယဉ်ကျေးပြနေဖို့ မလိုဘူး
လူတိုင်းက စစ်မှန်မနေဘူးလေ
တစ်ခုကိုလိုချင်လို့ တစ်ခုကို ရက်ရောဟန် ဆောင်နေကြတာချည်းပဲဟာ
အပေါ်ယံ ဟန်တွေလုပ်ရမှာ ကို ကျုပ်က သိပ်အော်ဂလီဆန်တတ်တာ"
Senior သည် ပျက်ကျလု ဖြစ်နေတဲ့ မျက်နှာကို အတော်လေးထိန်းသိမ်းနေခဲ့ ဟန်ရှိသည်။
Jimin သခင်လေးရဲ့ မျက်ဝန်းတွေကို ကြည့်မိတော့ သူ့ကိုစိုက်ကြည့် နေတာတွေ့ရသည်။ ကြာကြာ အားပြိုင်ကြည့်နေဖို့မဖြစ် ဒါဟာ Jeon ရဲ့လက်နက်တစ်မျိုးကိုသာထုတ်ပြခြင်းပေ
Jeon ရဲ့သွင်ပြင်ဟာ အကောင်ငယ်သော်လည်း သိပ်အစွယ်တွေထက်နေတဲ့ တောဘုရင်လောင်းလေးနှယ် သိပ်ကို ထီမထင်ခဲ့တာပါ
"Senior ကျွန်တော် အဆင်ပြေပါတယ် ကျွန်တော်ပဲ လိုက်ပို့လိုက်ပါ့မယ်"
စကားအချေအတင်းဖြစ်မှုသည် သူမှကြားမဖြတ်လျှင် နှစ်ဦးနှစ်ဖက်ကောင်းနိုင်တော့မည် မဟုတ်
senior ကJimin ကိုပြုံးကြည့်လာကာ
"ကောင်းပြီ ကိုယ်ညကျဖုန်းဆက်မယ်နော် စာတွေအဆင်ပြေလား တစ်ချက်သိချင်လို့"
"ဟုတ် senior"
"ကျုပ် စောင့်ဆိုင်းနေရတာကို အရမ်းမုန်းတယ် Ji Ji"
Jimin သက်ပြင်းကို ခိုးချလိုက်ရကာ Luggage ကို ဆွဲလျှက်တက်လာသည့်တိုင် လှေကားပေါ်မှ ရပ်ကြည့်နေသူဟာ မလှုတ်မယှက်
Jeon အနီးအပါးကိုရောက်လာသည့်တိုင် အောက်မှရပ်ကြည့်နေသည့် senior ကလည်း မတ်တပ်မေ့နေပုံပင်
"ညဘက် ဟင်းချက်ပေးရမယ် Ji Ji ကျုပ် အော်ဂလီတွေဆန်လာလို့ ဒီည ခင်ဗျားချက်ပေးမှကို ရမယ်"
ထို့နောက် ခပ်ရွဲ့ရွဲ့ ပြုံးပြသွားသူဟာ တစ်ကမ္ဘာလုံးမှာ သူတစ်ယောက်တည်းသာရှိနိုင်တဲ့ မြင့်မားလွန်းတဲ့ မာနတွေနှင့်
Luggage ကိုင်ထားတဲ့ လက်သေးသေးတွေဟာ ဖြူဖျော့ လာတဲ့အထိ
အဲအပြုံး အဲခြေလှမ်းတွေရဲ့အောက်မှာ သူဆိုတဲ့ Park Jimin ရဲ့မာန တွေကလည်း အလူးလူးအလဲလဲပါပဲ...
Jiminအခန်းထဲ ရောက်လာတော့ Jeon တစ်ယောက် ဖြူလွှလွှအိပ်ယာထက် မှုံကုတ်နေခဲ့သည်မှာ တစ်လောကလုံးနှင့်ရန်ဖြစ်ထားသည့်သူလို
အခန်းထောင့် မှာ Luggage ကို ထားရုံရှိသေး
"အိပ်ယာခင်းတွေလဲပေး"
"မသန့်လို့လား"
"မဟုတ်ဘူး အနက်ရောင်မဟုတ်လို့"
Jeon က အနက်ရောင်တွေကို သိပ်တွယ်တာတတ်တာ
Jeon ဟုဆိုလိုက်တာနှင့် မဟူရာမင်းသားလေးလို့ အားလုံးက အတတ်သိရသည်အထိ
"ဒါကအဆောင်မိုလို့.."
"ဘာလဲ အရောင်ကန့်သတ်ချက်တွေရှိသေးတာလား ကျုပ်အဖေက ခိုင်းထားလို့လား
ကျုပ်ကို စိတ်အနှောက်အယှက်ပေးဖို့ဆိုတာဒါလား
ဒီလို အခန်းကျဉ်းလေး ထဲ ပို့လိုက်ရုံနဲ့ Jeon က ယူပစ်သလိုပြောင်းလဲမသွားတတ်ဘူး"
"ဒယ်ဒီက အဲလို မဟုတ်ပါဘူး"
"ကျုပ်က သူ့ရှေ့နေကိုမှ သူ့မကောင်းကြောင်းတွေ ပြောနေမိပြန်ပြီကို
ထားလိုက်ပါတော့ အိပ်ယာခင်းက တော့ အနက်မှရမယ် ကျုပ် ဒါတွေကို ဆွဲမဖြဲစေချင်ဘူးဆိုရင်
အောက်ထပ်က Date လွန် ဘွားဘွားကို ပြောလိုက်ပါ"
"ကောင်းပါပြီ"
သိပ်ကျေနပ်တဲ့ အပြုံးလေးတစ်ခုက Jeon ရဲ့ ပါးချိုင့်တစ်ဖက်လေးတောင် လှစ်ကနဲ ပေါ်လာသည်အထိ
ဆယ်ကျော်သက် Jeon ဟာ ခဏခဏ ပြုံးတတ်ခဲ့ပါတယ် ကွဲလွဲနေတဲ့ အဓိပ္ပယ်တစ်ချို့တွေနဲ့
လှည့်ထွက်သွားတဲ့ ကျောပြင်လေး တံခါးဝနားအရောက်မှာ
"ကျုပ်ကို ဖုန်းပေး"
"သခင်လေး ဒါက"
"ကျုပ် ကိုဒေါသထွက်အောင်မလုပ်နဲ့"
အတုန်တုန် အချိချိ ထုတ်ပေးလာတဲ့ ဖုန်းကို ဆွဲယူလိုက်ကာ
"ကျုပ် ဒီဖုန်းကိုကြိုက်တယ် ဘိုးတော်ဆီက အသစ်တစ်လုံးတောင်းလိုက်တော့"
"ကျွန်တော့်ကို ဒီဖုန်းလေးတော့ ခဏပြန်ပေးပါ"
မျက်ဝန်ဝိုင်းတွေသည် ပေါက်ထွက်တော့မတတ် ကြည့်လာခဲ့သည်။
"ခင်ဗျားအတွက် ချစ်ဖို့ မုန်းဖို့ ကျုပ်ပဲရှိတာ ခင်ဗျားရဲ့ အရာအားလုံး ကကျုပ်အတွက်ပဲ လေ ဘယ်သူ့ကို ခင်ဗျားက ဆက်နွယ်ချင်နေတာလဲ"
တရားခံတစ်ယောက်လို ဆက်ဆံခံနေရတာက အတော်လေး အသက်ရှူ ကြပ်စေသည်။ မျက်ရေကြည်တွေ ရစ်သိုင်းနေတဲ့ မျက်ဝန်းလှလှတွေက စူးရှရှမျက်ဝန်းတွေနဲ့အားပြိုင်လျှက်
"သခင်လေးက ကျွန်တော့်ကို ဘာ့လို့ဂရုစိုက်နေရတာလဲ သခင်လေးနေ့စဉ်ဖြတ်သန်းနေကျ အတိုင်း ကျွန်တော့်ကို လျစ်လျူ ရှုနေလို့မရဘူးလား ကျွန်တော့်မှာ ဘာအပြစ်ရှိနေလို့လဲ"
"ဘာအပြစ်လဲ ဟုတ်လား ခင်ဗျားက အရမ်းကို !!!!...."
စကားတွေ ကို နောက်ပြန်လှည့်ဖို့အခွင့်မသာတဲ့ တစ်ဖက်ကမ်းမရောက်ခင် မြန်မြန်ဘရိတ်အုပ်နေရသည်။ Jeon စိတ်ရှုတ်စွာ ဆံပင်ကို ထိုးဖွနေမိသည်။
စိတ်ထဲက အပြစ်တင်ချင်တဲ့ အကြောင်းအရာသည် ထွက်အံကျလာဖို့ မဖြစ်နိုင်
"ကျုပ်ကို ရှည်ရှည် ဝေးဝေးတွေ မပြောနဲ့ Ji Ji ကျုပ်ပေးတဲ့ ဖုန်းကို ယူမလား ဒယ်ဒီ့ဆီတောင်း မလား"
"ကျွန်တော့် ဖုန်းကိုပြန်လိုချင်တယ်"
ခေါင်းမာသူဟာ ဆက်လက်ခေါင်းမာနေဆဲ လက်ရှိဖုန်းထက် အဆများစွာသာသည့် ဖုန်းကို မက်လုံးပေးထား လျှက်နှင့် ဘာမဟုတ်တဲ့ ဖုန်းတစ်လုံးအတွက်နှင့် Jeonကို ဆန္ဒပြနေတာ ဟာ သိပ်သဘာဝမကျ
"အဲဒီလူ နဲ့ဖုန်းပြောဖို့အတွက်လောက်နဲ့ ကျုပ်ကိုလာပြီး ခေါင်းစားမနေနဲ့ ဖုန်းဆက်မှာကို အရမ်းပျော်နေတာလား အရမ်းမျှော်လင့်နေတာလား အဲလူကို"
"အရမ်းပျော်တယ် အရမ်းလဲ မျှော်လင့်တယ် အနည်းဆုံးတော့ အရုပ်ဘဝကနေ ပြုံးရယ်လို့ ရသေးတယ်"
"ခင်ဗျား!!"
လျှင်မြန်တဲ့ အရှိန်တစ်ခုနဲ့ အနားရောက်လာသူဟာ ခန္ဓာကိုယ်ကို အကြမ်းပတမ်း ဆွဲပွေ့လိုက်ပြီး ကုတင်ပေါ် ပစ်တင်လိုက်သည်။ လက်ကောက်ဝတ် ဖြူ ဖြူလေးနှစ်ဖက်အား ဖိဆုပ်ထားခဲ့သည်မှာ အညှာအတာကင်းကင်း Jeonရဲ့ မျက်နှာချောချောက Jimin ရဲ့ မျက်နှာ အနား ထိလုထိခင်အထိ ကိုင်းချလာခဲ့သည်။
Jeon ရဲ့မျက်ဝန်းတွေဟာ သွေးကြော တွေပင်ထလို့ သတ်ချင်ဖြတ်ချင်နေတဲ့ သားရဲတစ်ကောင်လို
"ကျုပ်ကို လူသတ်ချင်လာအောင် မလုပ်နဲ့ အဲကောင်ကို မသတ်စေချင်ဘူးဆိုရင် ခင်ဗျား ကျုပ်ဒေါသတွေကို ဆွနေတာရပ်ဖို့ မျှော်လင့်တယ် "
တင်းကြပ်စွာဖိဆုပ်ထားတဲ့ လက်တွေကိုဖြည် လွှတ်လိုက်ကာ မတ်မတ်ရပ်လိုက်သူကြောင့် အိပ်ယာထက်မှ အလူးအလဲ ထလာသူဟာ မျက်နှာကို တစ်ဖက်လွှဲလို့ မျက်ရည်တွေ ကို ခပ်ကြမ်းကြမ်း ဖိသုတ်ကာ အခန်းထဲ မှထွက်သွားမည်အပြု
"ခွမ်း!!!"
ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့ ကျကွဲသံတစ်ခုရဲအဆုံးမှာ Jimin ဟာစိတ်နှလုံးသားတွေပြိုကျသွားသည့်အလား မရဲတရဲ ဖြင့်ဖုန်းအကွဲလေးကို ကောက်ကိုင်လိုက်ကာ power ဖွင့်ဖို့ အသဲအသန် ကြိုးစားပါတော့သည်။ လက်သေးသေးတွေ၏ တုန်ယင်မှုတွေသည် ထိန်းချုပ်လို့မရနိုင်ခဲ့
ဖုန်းကို ကြိုးကြိုးစားစားဖွင့်နေသူ၏မျက်ရေတွေဟာ တာကျိုးနေခဲ့သည်။ရပ်ကြည့်နေခဲ့သူ၏ နှလုံးသားတွေသည်လည်းဗရမ်းဗတာ..
ကျောက်ရုပ်ကြီးတစ်ရုပ်လို အသက်ဝင်လှတဲ့ သက်ရှိပန်းပုလေးရဲ့ရှေ့မှာ သတိလက်လွတ် ဖြစ်နေခဲ့သည်။
ဖုန်းအကွဲလေးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ပြန်ကြည့်လာခဲ့တဲ့ အကြည့်တွေဟာ..Jeon သည်လူ့ဆီက တစ်ခါမှမရဖူးတဲ့ အစိတ်အပိုင်း တွေ
" သခင်လေးတန်ဖိုးအထားဆုံး အရာတွေ ဒီဖုန်းလိုပျက်စီးသွားဖို့ မျှော်လင့်တယ် "
ကျိန်စာဆန်တဲ့ ခပ်စူးစူးအသံဟာ Jeon ဝဲဘက်ရင်ဘတ်ထဲ စစ်ကနဲ
သူတို့ရဲ့ ငယ်ရွယ်နုနယ်တဲ့ နှလုံးသားတွေဟာ တစ်ခုခုကိုဖြေရှင်းဖို့ မာနလေးတွေ ကြာခံနေခဲ့ခြင်းကြောင့်ပေလား အကြောင်းတရားသည် အကျည်းတန်ခဲ့ခြင်းကြောင့် အကျိုးတရားတွေသည် မလှပနိုင်ခဲ့
အပြင်သို့ပြေးထွက်သွားသူ ဟာ တံခါးကိုခပ်ဆောင့်ဆောင့် ပိတ်ပစ်ခဲ့သည်။တိတ်ဆိတ်ခြင်းတွေသည် စောစောက မုန်းတိုင်တွေထန်ခဲ့တာ မဟုတ်ခဲ့သလိုပါပဲ
အခန်းထဲကျန်ခဲ့တဲ့ ဒေါသအိုးလေးက ကုတင်ပေါ်မှ မွေ့ယာ ကို ဆွဲယူလွှင့်ပစ်လိုက်ပြန်သည်။ ဖြစ်နိုင်လျှင် တစ်ခန်းလုံးက အရာတွေ အကုန်လွှတ်ပစ်ချင်မိသည်။
"အဲလူက ဘာကောင်းနေလို့လဲ..
ဖုန်းတစ်လုံးကွဲတာနဲ့ ဒီလောက်ကမ္ဘာ ပျက်နေစရာလိုလို့လား
ဘာဖြစ်လို့ သူကရော ငိုနေတာတောင် ဒီလောက် လှနေရတာလဲ!!အား!!!"
.... .... ..... .... ..... ...... ..... .... ...... .....
တရုတ်နိုင်ငံ နယ်စပ်မြို့ တစ်မြို့ ၏ ဂိုထောင်ထဲတွင်
"ဝှစ်...ဝှစ်...ဝှစ်"
ကျာပွတ်ကို လွဲယမ်းနေတဲ့ Hosoek ရဲ့ မျက်နှာက မာန်ဖီနေတဲ့ ကျားတစ်ကောင်လို မျက်ဝန်းတွေ ကလည်း တရားခံကိုစူးစိုက်ရှာ ဖွေ နေခဲ့သည်။ နံရံကို ကျောမှီကာ လက်ပိုက်ရပ်နေသူ နယ်မြေသခင်လေး ဟာ အတော်လေးပျင်းရိ ငြီးငွေ့နေဟန်
"ဘယ်သူလဲ ရှေ့ထွက်ခဲ့"
အတွင်းရေးမှူးရဲ့ အေးစက်စက် အသံဟာ တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ခြောက်ခြားဖွယ်ရာ တစ်ခုလိုပဲ
အရှေ့တွင်ရပ်နေသည့် လူငါးယောက်သည်လည်း ခေါင်းပင်မဖော်ရဲ ထိုငါးယောက်နှင့် ခပ်ခွာခွာ တွင်တော့ guard အယောက် တစ်ရာလောက်က ခပ်မတ်မတ် ရပ်နေကြသည်။
"ငါခေါ် မှဆိုရင်တော့ မလွယ်ဘူးနော်"
ပြောလျှင်ပြောသလောက်တိကျတဲ့ အတွင်းရေးမှူး ရဲ့ သတိပေးချက်ဟာ သူတရားခံကို သိနေပါပြီလို့ အသိပေးနေခြင်းရယ်ပါ
"အံ့သြ စရာပဲ မင်းတို့တွေ ဒီအဖွဲ့ထဲ ဝင်မယ်ဆိုတုန်းက ဘာတွေလုပ်ခဲ့ရလဲ သစ္စာရှိခြင်းရဲ့ ရပိုင်ခွင့်တွေက ဘာလဲ
သစ္စာမရှိခြင်းရဲ့ ပြစ်ဒဏ်က ဘာလဲ
မေ့နေကြတယ်ထင်တယ် "
"ချောက်..ဒိုင်း!!!"
ပထမ ကျည်ဆန်က ဘယ်ဘက်စွန်းလူ၏ ခေါင်းတည့်တည့်သ်ို့အညှာအတာကင်းကင်း ထိုးထွင်းဝင်ရောက် သွားကာ အရုပ်ကြိုးပြတ်လဲ ကျသွားလေသည်။
"နံပတ် ၁ သစ္စာ ရှိရမယ်"
အတွင်းရေးမှူး ရဲ့ စကားသံက ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လာသည်။ဒါသည် ပြန်လမ်းမရှိသွား သူအတွက် ကိုယ်စားဖြေပေးခြင်းတွေ
ဒုတိယမြောက်လူကို ချိန်တွယ်ခြင်းမှာ ထိုသူဟာ ထစ်ထစ်ငေါ့ငေါ့ အသံဖြင့်
"နံ.. နံ . .ပတ် ၂ နှုတ် မဖွာ...ဖွာရဘူး"
"အိုး...မှတ်မိသားပဲ"
"ဒိုင်း !!!အား!!!"
ဒုတိယမြောက် ကျည်ဆံသည် ထိုလူ ၏ညာဘက် ပေါင် တည့်တည့်သို့ ဝင်ရောက်သွားမှု အဆုံးတွင် ဒူးထောက် ကျသွားသည်
"နံ နံပတ် ၃ သေ..ရဲ..သတ်..ရဲ.. ရ..ပါမယ်"
"တော် ချက်"
"ဒိုင်း!!! အား!!"
လက်ကောက်ဝတ် ကိုဖိဆုပ် ထားသည့်သူသည် အတော်လေး သည်းခံ ကာ မတ်တပ်ရပ်နေခဲ့သော်လည်း သွေးတွေ ကမြင်မကောင်းစွာ မြေကြီးပေါ် တွင် တစ်စက်စက်ကျလို့
စတုတ္ထ မြောက်လူသည် ရှူးတွေပင် ထွက်ကျ လာလေသည် ။ အတွင်းရေးမှူး သည် ခပ်လွန့်လွန့် ပြုံးနေခဲ့တာမို့ ထိုသူသည် ပို၍ပင် ဒူးတုန် နေခဲ့သည်။
"နံ..ပတ်. ၄ မိ..မိ..တို့ တာဝန်..ယူထားတဲ့.. လုပ်ငန်းခွင် အသီးသီး က အမြတ် သုံးပုံ နှစ်ပုံကို ခံစားခွင့်ရှိသည်"
"အဲဒါက မင်းတို့အတွက် နည်းလား"
"မ..မနည်းပါဘူး"
"အတိအကျ ပြောစမ်းပါ"
သေနတ်ကိုလှည့်ပတ် ဆော့ကစားနေတဲ့ Hosoek က မေးငေါ့ပြီး ထိုသူကို ဆက်မေးနေပြန်သည်။အနည်းငယ် စိတ်ငြိမ်သွား ဟန်ရှိပြီ ဖြစ်တဲ့ သူဟာ စကားကို ပြေပြစ်ဖို့အတွက် အသည်းအသန် ကြိုးစားနေရှာသည်။
"အတိအကျ ပြောရရင် ကျွန်တော်တို့ တစ်သက်စာ သုံးမကုန်ပါဘူး"
"မင်တို့ လုပ်ငန်းတွေ ရဲ့ပိုင်ရှင် ကဘယ်သူလဲ"
"နယ်မြေ သခင်လေး Phoenix ပါ"
"ဒါကိုတော့ မှတ်မိသေးသားပဲ ဒါဖြင့် ကျွေးတဲ့ လက်ကိုကိုက်နေကြတာက မကောင်းတဲ့ ဗီဇတွေ ပါလာကြပုံပဲ..
အသက်နဲ့ကစားရတာကို သိပ်ကြိုက်နေကြတယ် ပေါ့ ငါတို့က ကစားပေးဖို့ ဝန်မလေးဘူးနော်
ဒါလေးအတွက်နဲ့ဆို သိပ်ပျင်းစရာ ကောင်းနေလို့ "
"ကျွန်တော် သခင်လေးကို ဘယ်တုန်းက မှ သစ္စာ မဖောက်ခဲ့ပါဘူး"
"ဒူး ထောက်လိုက်စမ်း!!"
အတွင်း ရေးမှူးကြီး က အမိန့်ပေးရင်း အပေါ် coat ကိုချွတ်လိုက်ကာ အင်္ကျီလက်မောင်း စတွေကို ခေါက်တင်နေခဲ့သည်။ကျာပွတ်ကို ဟန်ပါပါတစ်ချက် လွှဲရမ်းကာ
"စိတ်ပြေအောင် ငါးချက်လောက်အရိုက် ခံလိုက်"
တစ်ချက်ဆို တစ်ချက် ကျာပွတ်၏ ရိုက်ချက်တွေက နာကျင်မှု တွေ စိမ့်တက်သွားသည်အထိ ပြင်းပြင်းပြပြ..
ငါးချက်လောက်ရိုက် အပြီးမှာတော့ ကျားပွတ်ကို မြေကြီးပေါ် ပစ်ချလိုက်ကာ ဆံပင်တွေကိုသပ်တင်လိုက်သည့်ဟန်ပန်သည် ရပ်ကြည်နေသူ အားလုံးအဖို့ တမေ့တမော ဖြစ်သွားကြသည်အထိ
သိပ်ကို တောက်ပနေခဲ့သည်ပင်
ရှားပါးတဲ့ ဒေါသမီးတောက်လေးတွေကို ဘေးဖယ်ကြည့်မည်ဆိုလျှင်ပေါ့
"ငါမင်းကို train ခဲ့တုန်းက ဘာပြောခဲ့လဲ မင်းအပြစ်မင်းသိမှာပါ"
"ကိုယ် မဟုတ်တာ မလုပ် ထားရင် ဘယ်အရာကိုမှ မကြောက်ရဘူး"
ငါးယောက်မြောက်သော သူဆီသို့ လျှောက်လှမ်း သွားပြီး အရှေ့ တည့်တည့် တွင် ရပ်လိုက်ကာမျက်ဝန်းတွေကို စိုက်ကြည့်ရင်း ရင်ဘတ်ကို သေနတ်ဖြင့် ထောက်လိုက်ပြီး
"နံပတ် ငါးက ဘာလဲ"
"အလင်း အမှောင် မည်သည့် ကိစ္စမဆို သက်ဆိုင်ရာ နယ်မြေမှူးတွေကို အကြောင်းကြားပြီး ဆုံးဖြတ်ရပါမယ်"
"မင်းမှာ အပြစ်ရှိလား"
အသက်နှစ်ဆယ် ခန့်ရှိတဲ့ ကောင်ငယ်လေးရဲ့ မျက်ဝန်းတွေသည် ပို၍ စူးရဲသွားရကာ
"ကျွန်တော် အပြစ်တစ်ခုမှ မလုပ်ထားဘူး"
အတွင်းရေး မှူးကြီးနောက်မှ နယ်မြေသခင်လေး၏ မျက်ခုံးတစ်ဖက် သည် ပင့်တက်သွားရကာ တစ်ချိန်လုံး တစ်ကမ္ဘာတည်နေရာမှ ပေစောင်းစောင်း ကြည့်လာသည်။
"သက်သေပြ"
"ကျွန်တော့် spy သွားလုပ်ခဲ့ရတာပါ ကျွန်တော့် နယ်မြေမှူးသိပါတယ်"
"ဒါဖြင့် မင်းက သတင်းပေးခံရတဲ့ ငါးယောက်မှာ ဘာလို့ ပါလာတာလဲ"
"ပထမဆုံး သူက ကျွန်တော့်ကို သူနဲ့ အပါခေါ်သွားဖို့ စဉ်းစားခဲ့ ပုံပါပဲ သူ ကျွန်တော့်ကို သတ်ချင်နေတာ ကြာပြီ ကျွန်တော်တို့ ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာ တစ်ခုကြောင့်"
"သိလို့ရမလား"
အတွင်းရေးမှူး သည် ကိုယ်ရေးကိုယ်တာကိုတော့ လေးစားပေးခဲ့ပါသည်။
"သူသဘောကျနေတဲ့ လူတစ်ယောက်က ကျွန်တော့်ကို သဘောကျနေလို့"
"ဟား..ဟား..ဟား!!!"
တစ်ချိန်လုံး ငြိမ်နေခဲ့ သူရဲ့ ရယ်မော သံဟာ အားလုံးကြောင်အ သွားစေတဲ့အထိ ဖြေရှင်းချက်တွင် ရယ်စရာသည် ပါမနေခဲ့
" ဆေးလိပ်တစ်လိပ် ..ဝီစကီတစ်ခွက်...
လောက်တောင် စိတ်ဝင်စားဖို့ မကောင်းတဲ့ မင်းတို့ရဲ့ အချစ်က
လူသတ်ဖို့အထိ တဲ့လား ..ဘာ့ကြောင့် ဒီလောက်အရေး မပါတဲ့ အရာအတွက်နဲ့ ရူးနေကြတာလဲ"
Phoenix သည် နှလုံးသားမရှိဘူးဟု နာမည်ကြီးခြင်းကို သူ၏နှုတ်ထွက်စကားကြောင့် လက်တွေ့ လက်ခံလိုက်ရပေသည်။
သို့သော် သူတို့အလုံးစုံကို မယုံကြည်နိုင်ခဲ့ကြ လူတိုင်းတစ်ကြိမ်တစ်ခါတော့ ဘဝတွင် အချစ်ဆိုသည့် နှောင်ကြိုးလေးနှင့်ရစ်ပတ်မိတတ်ကြသည်။ကိုယ်ကရှောင်နေလျှင်တောင် သူကလာရစ်တတ်တဲ့ ဆွဲဆောင်မှု အားကောင်းတဲ့ ကြိုးမျှင်လှလှလေး
အချစ်နဲမတွေ့သေးသည့်သူ ..
အချစ်ကို တွေ့ပြီး မမြင်သေးသည့်သူ.. အချစ်ကိုမမြင်ချင်ယောင်ဆောင်တဲ့သူ..
တစ်ယောက် ယောက်ထဲသခင်လေးပါနေပေလိမ့်မည်။
ထိုမျှသာပြောပြီး တိတ်ဆိတ်သွားသူဟာ ကြားဖြတ်ကြော်ငြာဝင်ခဲ့ခြင်းသာ
"မင်းစုံစမ်းခဲ့ ရသမျှပြော"
"သူက သခင်ကြီး Jeon ရဲ့မွေးစားသား Park Jimin ကိုလက်ထပ်ချင်နေတဲ့အပြင် ငြင်းဆန်ခဲ့မယ်ဆိုရင် လည်းတစ်ခုခုလုပ်ဖို့ စီစဉ်နေတဲ့ပုံပါပဲ"
ကို SPY ၏ စကားများသည် အရမ်းကျောချမ်းစရာကောင်းမှန်း မကြာသေးမီက သေနတ်ဆွဲ ကျာပွတ်ဆွဲကာ ကြမ်းရမ်းပြနေခဲ့သော အတွင်းရေးမှူး ကြီးပင်လျှင် မျက်ဝန်းတွေပင် ဆိုးလ်နဲ့ ဂွမ်ဂျူ ခရီးလောက် ကျယ်သွားတဲ့အထိ
"ဘာ!!! ဘယ်သူ့ သဘောနဲ့ လဲ ငါ့အပိုင်ကို.!!! မင်းတို့အဲခွေးကိုပြောလိုက် အသက်နဲ့ ခန္ဓာမြဲချင်သေးတယ်ဆိုရင် Phoenix ရဲ့ အပိုင်ကို လက်ဖျားနဲ့တောင်ထိဖို့ မကြိုးစားနဲ့လို့ လက်နဲ့ထိရင် လက်ဖြတ်ပစ်နိုင်သလို ခြေနဲ့ထိရင်လည်း တသက်လုံးဒူးသွားစေရမယ်"
ဒေါသတွေ သည် ငယ်ထိပ်အထိတရိပ်ရိပ်တက်လာဟန်ပါပဲ
အရာအားလုံးကို ဖျက်ဆီးချင်စိတ်တွေသည် တဖွားဖွား..
သတ်မှာ သူ့အပိုင်ကိုထိသူဟာ အလောင်းတောင်လှမည့် အခြေအနေမရှိနိုင်
"ငါအားလုံးကို ကြေငြာစရာ ရှိတယ် Park Jimin ဆိုတာ
လွန်ခဲ့တဲ့ လေးနှစ်ကတည်းက ငါနဲ့ တရားဝင်လက်ထပ် ထားတဲ့
ငါ့ယောက်ျား မင်းတို့ရဲ့ အရှင်သခင်ပဲ သူ့ကိုထိပါးဖို့ကြိုးစားသူမှန်သမျှ တွေ့တဲ့နေရာမှာ သတ်ပစ်လိုက်"
အမိန့်တွေသည် ဇယ်ဆက်နေခဲ့သလို ရင်ဘတ်ကြီး နိမ့်ချီမြင့်ချီဖြစ်နေသူဟာ ဒေါသမီးတွေ အလျှံညီးညီးပါပဲ မျက်နှာချောချောသည် နီရဲနေခဲ့ကာ အခန်းထဲမှ ဝုန်းဒိုင်းကြဲ ထွက်သွားသူကြောင့် အတွင်းရေးမှူး သည်လည်း အလျှင် အမြန် ပြေးလိုက်ရတော့သည်။
အခန်းထဲ ကျန်ရစ်သူများမှာတော့
"သခင်လေးက လက်ထပ်ထားတယ်"
"သူ့မာနတွေကို သွားပုတ်နှိုးလိုက်ပြန်ပြီ"
"ဒါနဲ့ သခင်လေးက နှလုံးသား မရှိဘူးဆိုတာ က ဟုတ်ရော ဟုတ်လို့လား"
သို့လော သို့လောတွေသည် ပွက်လောရိုက်လို့
18.5.22