What is love?[အချစ်ဆိုသည်မှာ...

Oleh ShweYi163

292K 25.3K 576

မှောင်ခိုဂိုဏ်းတစ်ခုရဲ့ အနာဂတ်ခေါင်းဆောင်‌‌လေး ရှောင်ကျန့်ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ရာမှ systemတစ်ခုနဲ့ ချိ... Lebih Banyak

Intro_System Space
part 1
part 2
part 3
Part 4
Part 5
Part 6
Part 7
Part 8
part 9
part 10
part 11
part12
part 13
Part 14
part 15
part 16
part 17
Not updated
Part 18
Part 19
Part 20
Part 21
Part 22
Part 23 ♥♥♥
not update
Part 24
Part 25
Part 26
Paet 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42 ♥♥♥
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53 ( zawgyi )
Part 54
Part 55
ကျေးဇူးပြုပြီး ဖတ်ပေးပါ
Part 56
Part 57
Part 58
Part 59
Part 60
Part 61
Part 62
Part 63
The end

Part 53 ( unicode )

2.3K 221 10
Oleh ShweYi163

Part 53

(အရင်ဆုံး ကျမပြောချင်တာလေးရှိပါတယ်။ ဒါလေးက စိတ်ကူးရင်လေးလို့ ပြောဖူးပါတယ်နော် စစ်ပွဲ‌အကြောင်း ရေးတဲ့အခါမှာ ကျမလည်း အတွေ့အကြုံမရှိတာ ဖြစ်တဲ့အတွက် လုံးဝ စိတ်ကူး တစ်ခုထဲပါ မှားတာရှိရင် ပြောပြလို့ရပါတယ်)

စစ်ပွဲကြီး
__________

ဝေလီဝေလင်းဆိုသော အချိန်တွင် ခြောက်သွေ့အက်ကွဲနေတဲ့ မြေပြင်ပေါ် ရပ်နေတဲ့ မျက်နှာချင်းဆိုင် အဖွဲ့နှစ်ဖွဲ့ရှိလေတယ်။
ဗုံသံတေ အုပ်ဩဆွဲသံတေ ဆူညံနေသည်။ စစ်ပွဲခေါ်သံတေ ပြင်းထံနေတဲ့အခါ လူတေရဲ စိတ်ထဲက တိုက်ခိုက်လိုစိတ်ကို နှိုးစွနေသလို ဝိညာဉ်တေလည်း နာကြည်းစွာ အော်ညီးနေသည်။အုပ်မှိုင်းနေတဲ့ မိုးတေက မနက်ခင်းမှာတောင် မှောင်မိုက်နေသယောင်

ကျယ်ဝန်းလှတဲ့ မြစ်ထဲမှာလည်း ကြီးမားတဲ့ သ‌င်္ဘောကြီးအစီးပေါင်းများစွာ ပါတဲ့ အဖွဲ့ နှစ်ဖွဲ့က သတ်မှတ်ထားတဲ့ အကွာအဝေးထိ တိုးကပ်လာကြသည်။

စစ်မြေပြင်၌ မျက်နှာချင်းဆိုင်ထားတဲ့ အဖွဲ့ နှစ်ဖွဲ့ ရဲ့ ရှေ့မှာ ခေါင်းဆောင်တေက ဦးဆောင်နေလေတယ်။စစ်ပွဲထဲမှာ နှစ်ဖက်လုံးက ဓားတပ်၊ လှံတပ်၊ ဆင်တပ်၊ မြင်းတပ်နဲ့ သိပ်ကို ကြီးမားတဲ့ စစ်ပွဲကို ဆောင်ကျင်းနေလေတယ်။
ရေပြင် တပ်ဖွဲ့က သင်္ဘောတေကလည်း အမြှောက်ဆံတေ သူ့ထက်ငါ အရင်ပြစ်ခက်ရန် အဆင်သင့်

ဝမ်ဘက်မှာတော့ ပေဝေ့ရဲ့ တပ်ဖွဲ့နဲ့အတူ မင်းသားကြီး နှစ်ဦးလည်း အတူရှိနေသလို လျှို့အင်ပါယာက တပ်ဖွဲ့လည်း ရှိနေခဲ့တယ်။

တဆိတ် ချန်တလာအင်ပါယာရဲ့ တပ်ကို ခေါင်းဆောင်ထားတာ လင်ချူယုံတစ်ယောက်ထဲ သူမှာကြီးမားတဲ့ ဝှက်ဖဲရှိတယ်။သူ့ရဲ့ စစ်တပ်က အခုအခြေအနေ ဝမ်တပ်ဖွဲ့ထက် နည်းနေတယ် ဆိုပေမဲ့ သူစစ်တပ်ရဲ့ နောက်မှာ အသင့်ရပ်နေကြတဲ့ နတ်မိစ္ဆာ စစ်သည်ပေါင်း မြောက်များစွာ သို့ပေမဲ့လည်း ဒါက လက်ရုံး‌ရည်နဲ့ ပြည့်စုံတဲ့ သူတေကို နည်းနည်းလေးတောင် မကြောက်လန့်စေဖူး။

"ပြန်တွေ့ပြီပဲ"

လင်ချူယုံက ဝမ်ချင်းရယ်ကို ကြည့်ကာဆိုတယ်။ ဝမ်ချင်းရယ်က သံမျက်နှာဖုံးတပ်ထားတဲ့ လင်ချူယုံကို တည်ငြိမ်စွာကြည့်ရင်း

"ငါသိပ်နောင်တရတယ် ချူယုံ မင်းနဲ့ ရင်းနှီးခဲ့မိလို့"

လင်ချူယုံက ဒီစကားကို ကြားတော့ မျက်နှာပျက်ယွင်းသွားခဲ့တယ်။ လူတိုင်းက သူနဲ့ ရင်းနှီးခဲ့မိတာကို နောင်တရသည်လား ထို့အတွက်ဘာဖြစ်လည်း ဒီလူအားလုံး သူလက်ထဲမှာ ဒါမှမဟုတ် သူ့ကြောင့် သေဆုံးရတော့မှာ

"ဟား ..ဟား ...ဟား ..
ဘာလုပ်ရမှာလည်း အဲ့အတွက်
စကားများမှာလား ဒီပွဲမှာ မင်းတို့ အဆုံးသတ်ခဲ့ရင် မင်းတို့ ပိုင်ဆိုင်သမျှ ငါမဟုတ်ရင်တောင် တစ်စုံတစ်ယောက်က ဖြတ်ဆီးပြစ်ဖို့ စောင့်နေတာ"

ထိုစကားကို အားလုံးရဲ့ မျက်နှာကို ပျက်ယွင်းသွားစေတယ်။
သူတို့ဟာ ကြောက်လို့မဟုတ်ခဲ့ ချန်ဧကရာဇ်က လက်ရှိတပ်အင်အားက သူတို့ထက်အားနည်းပေမဲ့ ‌သူရဲ့ နောက်မှာ သူတို့မြင်နေရတဲ့ နတ်မိစ္ဆာစစ်သည်တေရှိနေသည်။ ချန်ဧကရာဇ်မှာ ဘာဝှက်ဖဲတေ ရှိနေမှန်း ရိပ်မိစ ပြုလာပြီ
သို့ပေမဲ့လည်း လူသားတေကို ကာကွယ်ရမှာ သူတို့တာဝန်မလို့

"တိုက်ကြ "

ဝမ်ဧကရာဇ် ဝမ်ရိရှင်းရဲ့ အချက်ပြသံကြောင့် ကျယ်လောင်တဲ့ အုပ်ဩဆွဲသံနဲ့အတူ နှစ်ဖက်အဖွဲ့ရဲ့ အားကြိုးမာန်တက် အော်သံတေ ဆူညံလာတယ်။

သန်းပေါင်းများစွာသော နှစ်ဘက်စစ်သည်တေ
ပြေးလွှားတိုးကပ်လာတာနဲ့ အညီ မြေပြင်က ဖုံတေ အလုံးအရင်းနဲ့ ဝင်လာတယ်။

ကျယ်ပြန့်တဲ့ မြေပြင်မှာလည်း ရေစီးသံတေကို အမြှောက်စံ ပြစ်သံတေကြောင့် ဆူညံလာပြီး ပြင်းထန်စွာ ရွေ့လျားရှောင်တိမ်းနေတဲ့ သင်္ဘောတေကြောင့် စီးဆင်းနေတဲ့ မြစ်မှာ လှိုင်းခတ်ထံမှုတေက ဖုံးလွှမ်းသွားသည်။

တပ်ဖွဲ့နှစ်ခုလုံးရဲ့ လူတေက ဓားပျံတေနဲ့ ခွဲထွက်ပြီး ကောင်းကင်၌ ထိပ်တိုက်တွေ့ရန်ဦးတည်နေတယ်။

အားလုံးထက် လျှင်မြန်တဲ့ အနီရောင် အလင်းတန်းလေးက ဝမ်တပ်ဖွဲ့ထဲမှ ဦးတည်ကာ ထွက်ခွါသွားပြီး ချန်တပ်သားတေကို ထိုးခွင်းသွားတယ်။

ထိုအလင်းတန်းလေးက မီးခိုးရောင် ဝံပုလွေကြီးနဲ့ ထိုပေါ် ထိုင်နေတဲ့ အနက်ရောင် ဝတ်ဆုံနဲ့ လူတစ်ဦး
ထိုအလင်းတန်းလေး ပြေးဝင်သွားတဲ့ နေရာမှာပဲ လွင့်ထွက်သွားတဲ့ လူတေအားလုံးဟာ ခေါင်းတေမပါလာတော့ မြေပြင်ပေါ်ကျလာတဲ့ ခန္ဓာကိုယ်မှ တစ်စိမ့်စိမ့်သွေးများ ပန်းထွက်လာပုံမှာ ဝမ်တပ်သားတေ အားတက်စရာပင်

သိပ်မဝေးလှတဲ့ မှောင်မိုက်နေတဲ့ ကောင်းကင်ထက် ရှည်လျားပြီး စီတန်းနေတဲ့ ငှက်အုပ်အလား အဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်တွေ့မှုနဲ့ အတူ ဆူညံလာတဲ့ အတွင်းအားလှိုင်း ရိုက်ခက်သံတေ ဓားအချင်းချင်း ပွတ်ဆွဲသံတေ ကြောက်မက်ဖွယ်အတိ

ထိုငှက်အုပ်ကြီးအလား ဓားပျံ တပ်ဖွဲ့ထဲမှာ ဖန်းရင်းဟွာနဲ့ ဒုစစ်သူကြီးနဲ့သူ၏ တပ်ဖွဲ့က ဦးဆောင်နေပြီး ဖန်းရင်းဟွာရဲ့ ဓားချက်တေက သူမရဲ့ ရုပ်ရည်လေးနဲ့မလိုက် ‌တိကျလွန်းနေသည်။ လူသန်းပေါင်းများစွာပါဝင်ပြီး ရောနှောသွားကာ
မှောင်နေတဲ့ ကောင်းကင်ယံကို ပိုမို အရိပ်ကြ မှောင်မိုက်စေသည်။

မြေပြင်ထက်မှာ ကျောချင်း ထိကပ်ထားတဲ့ ဧကရာဇ်နဲ့ သူ၏ကိုယ်ရံတော် ပက်ပက်လည်မှာလည်း ဓားတေလှံတေနဲ့ တစ်ဖက်လူကို သူသေကိုယ်သေ ရှင်ပြိုင်တိုက်ခိုက်နေကြသည်။

ဝမ်ရိရှင်းရဲ့ သိုင်းပညာညံ့မှုကြောင့် ထန်ရင်က အထိအခိုက်မခံနိုင်သလိုမျိုး ကာကွယ်ပေးနေသည်။ သိုင်းပညာ ညံ့ပေမဲ့ ညာဏ်ရည်ထက်မြက်လွန်းတဲ့ ဝမ်ရိရှင်းက တစ်ဖက်ရန်သူရဲ့ ချက်ကောင်းတေကြီးကို ဦးတည်ဇာတ်သိမ်းပေးနေသည်။

စစ်မြေပြင်တစ်နေရာမှာ ကျင်းဇူးကလည်း သူတို့လူမျိုးတေအတွက် ရန်သူ့တပ်ဖွဲ့ကို အကောင်းဆုံး ဦးဆောင်တိုက်ခိုက်နေသလို ပေဝေ့ အင်ပါယာက မင်းသားကြီးနှစ်ဦးကလည်း သူရဲ့ တပ်ဖွဲ့အကောင်းဆုံး ဦးဆောင်ကာ ပါဝင်ဆင်နွှဲနေသည်။

ရှောင်းဟေးရန်ရဲ့ အချက်ပြမှုကြောင့် တိုက်ပွဲအတွင်းပြေးဝင်သွားတဲ့ သူ၏ တောတွင်းတပ်သားများနဲ့ လျှို့အင်ပါယာရဲ့ စစ်တပ်ကြီး

အနီးရှိသေးနုတ်တဲ့ တပ်သားလေးတေကို ရှင်းထုတ်ပြစ်ကာ ချန်ဧကရာဇ် လင်ချူယုံဆီ ဦးတည်နေတဲ့ ဝမ်ချင်းရယ်
အထွတ်အတိပ် ပထမအဆင့်ထိကို မြင့်မားတဲ့ ဝမ်ချင်းရယ်၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းအောင်ပင် မည်သည့်တပ်သားများကမှ မရှင်နိုင်မှန်းသိကြပေမဲ့ စစ်သည်လေးတေက မီးထဲတိုးဝင်နေတဲ့ ပိုးဖလံငယ်လေးတေလို မနိုင်မှန်းသိရက်နဲ့ ဝမ်ချင်းရယ်ဆီ ဦးတည်နေကြသည်။

ထိုအချိန်လေးမှာပဲ အဖြူရောင် အလင်းတန်းလေးက ဝမ်ချင်းရယ်ဆီ ဦးတည်လေတယ်။ထိုနောက် အခိုးအငွေ့လေးလို အနီရောင် ဘုရင်မ အမှတ်အသားပါတဲ့ ဝံပုလွေခေါင်းကြီးဟာ ဝမ်ချင်းရယ်အနား ကပ်လာသမျှ စစ်သည်တေကို ဟိမ်းဟောက်ပြစ်တာကြောင့် ထိုစွမ်းအားဒါဏ်မခံနိုင်တဲ့ စစ်သည်တေက လွင့်ထွက်သွားသည်။

"နှမတော် ဘယ်လိုရောက်လာခဲ့တာလည်း"

ဝမ်ချင်းရယ်က စိုးရိမ်စွာမေးတော့ ထိုအခိုးအငွေ့လေးတေက ဝံပုလွေဘုရင်မ အဖြစ်ပြောင်းလည်းသွားကာ တိုးညင်းစွာပြောလာတယ်။

"မောင်တော်ကို စိတ်မချလို့ပါ"

"သမီးငယ်ကကော"

ဝမ်ချင်းရယ်က စိုးရိမ်နေတဲ့ မျက်နှာပေါ်ပေမဲ့ အတိုက်အခိုက်မပျက် စစ်ပွဲမှာ နည်းနည်းမှ သတိလစ်ဟင်းလို့မရဖူးမလား

"သမီးငယ်လေးက လူကြီးဖြစ်နေပြီရှင့် သူက နှမတို့ကိုသာ ကပ်ချွဲတက်တာ တစ်ကယ့် တစ်ကယ်တမ်းကျ ဘုရင်မငယ်လေး တစ်ပါးလို့ ဦးဆောင်နိုင်နေပြီလေ"

လီရှင်းအာက သူမရဲ့ အဖြူရောင် ရေခဲငွေ့တေထွက်နေတဲ့ ဓားနဲ့ ရန်သူတေကို တိုက်ခိုက်နေရင်းမှ ရွှင်မြူးတဲ့ လေသံနဲ့ ပြောတော့

"တကယ်ပဲ သူမလေးက အရွယ်ရောက်နေပြီလား"

ဝမ်ချင်းရယ်က တိုးတိုးလေးရေရွတ်တယ်။

"ဟုတ်တယ်။ ကြည့်ပါအုံး မောင်တော့်ရဲ့ သားသမီးလေးတေက မောင်တော့်အတိုင်း ဦးဆောင်နေပြီ"

အလှမ်းဝေးလွန်းတဲ့ နေရာမှာ ကြီးမားလွန်းတဲ့ ဝံပုလွေကြီး ထိုဝံပုလွေကြီးပေါ် ခန့်ခန့်ညားညား ထိုင်နေတဲ့ ထိုဝံပုလွေကြီးရဲ့ ကြင်ယာတော်

ထိုနှစ်ဦးက ချန်စစ်သည်နဲ့ နတ်မိစ္ဆာ စစ်သည်အပေါင်းကို ဝံပုလွေကြီးက ထိုခွင်းဖြတ်တိုက်ကာ ကြင်ယာတော်ဆိုသူကလည်း ကြောက်မက်ဖွယ် ခရမ်းရောင် ဓားနဲ့ ထိုသူတေရဲ့ ခေါင်းတေကြီးပဲ ဖြတ်ပြစ်နေသည်။

သူတို့နှစ်ဦးက ကြည့်ရသည်မှာ ဘာနဲ့ တူသလည်းဆိုတော့
လယ်ထွန်နေတဲ့ လယ်သမားက လည်ထွန်လိုက်တိုင်း မြေကြီးတေ ရွှေ့သွားသလို အနားရှိတဲ့ သက်ရှိရန်သူအားလုံးက အသက်မဲ့တဲ့ ခန္ဓာကိုယ်တေဖြစ်ကုန်ကာ ထိုနှစ်ဦးရဲ့ လမ်းကြောင်းမှ ဖယ်ခွါကုန်ကြသည်။

ချန်တပ်ဖွဲ့မှ စစ်သူကြီးချုပ်က မေဟွားအဆိပ်ကို ကိုင်ဆောင်ထားသည်။တပ်ဗိုလ်ပေါင်းများစွာကလည်း ထိုဝံပုလွေကြီးဘေး ဝိုင်းကာ အဆိပ်သုတ်ထားတဲ့ မြှားတေ လှံတေနဲ့ ချိန်ရွယ်ထားသည်။

ဝံပုလွေပေါ်က ဆံနွယ်ဖြူနဲ့ သူက သွေးဆာနေတဲ့ မျက်လုံးတေနဲ့ ကြောက်မက်ဖွယ်ပြုံးတယ်။

"ငါရှိနေသ၍ မင်းတို့ ဒီအဆိပ်ကို ဘယ်တော့မှ သူ့ကိုခပ် နိုင်မှာမဟုတ်ဖူး"

ဆံနွယ်ဖြူတေနဲ့ လူရဲ့ အေးစက်လွန်းတဲ့ အသံကြောင့် ချန်စစ်သူကြီးချုပ်တောင် အနည်းငယ်လန့်သွားပေမဲ့ ကိုယ်ဟန်ကိုဖို့ ဖို့အတွက်

"မြန်မြန်လုပ် မြှားတပ်ပြင်လိုက်ကြ အဲ့ တရိစ္ဆာန်စုပ်ကို မြန်မြန်ချေမှုန်းပြစ်"

မြှားတေက စတင်ပြစ်ခတ်လာပေတယ်။ ဆံနွယ်ဖြူတေနဲ့ လူက ဝံပုလွေကြီးပေါ်ကတေ ဖြတ်ခနဲ ဆင်းသွားကာ ဝံပုလွေကြီးကို ဦးတည်နေတဲ့ မြှားတေအားလုံး သူရဲ့ ခရမ်းရောင်ဓားက ဖျက်ဆီးပြစ်တယ်။အတွင်း မြှောက်များစွာ ပါတဲ့ များပေါင်းများစွာက ခရမ်းရောင်ဓားရဲ့ ထိပ်တိုက်လျှင်မြန်စွာ တွေ့ချိန်မှာပဲ တစ်စစီဖြစ်သွားရတယ်။

ဝံပုလွေကြီးက အနီရောင်ဝတ်စုံကို အမဲရောင်ဝတ်စုံနဲ့ ဆံနွယ်ဖြူလူနဲ့ တူညီစွာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားတယ်။

သူရဲ့ အနီရောင်ဓားနဲ့ပဲ မြှားတေကို အပိုင်းပိုင်း ဖြတ်စီးကာ မီးမြိုက်ပြစ်လေတယ်။

ရှောင်ကျန့်က ကိုယ်ဖော့သိုင်းသုံးကာ လေထဲ ပျံဝဲလိုက်တယ်။ သူဟာ ခြေထောက်တစ်ဖက် ကွေးပြီး တစ်ဖက်ကို ဆန့်တန်းထားတယ်။

ထိုခနမှာ ဝမ်ရိပေါ်ရဲ့ ဓားကို အဝေးပြစ်လွှတ်ပြီး ရန်သူမှန်သမျှ ပိုင်းဖြတ်ကုန်တယ်။

ဝမ်ရိပေါ်က ဆန့်ထားတဲ့ ခြေထောက်ကို လှမ်းဆွဲလိုက်တဲ့အခါ ရှောင်ကျန့်က လေထဲမှာ မှောက်ရပ်ပုံစံမျိုး ပြောင်းသွားသည်။ သူ့ရဲ့ ဓားကိုင်ထားတဲ့ လက်ကို သူ့တို့ရဲ့ ပတ်လည်၌ ဝိုင်းထားတဲ့ လူတေဆီကို ညွှန့်ထားတယ်။
ဝမ်ရိပေါ်က ရှောင်ကျန့်ရဲ့ ခြေထောက်ကို ကိုင်ထားရင်းပဲ ကိုယ်ဖော့သိုင်းသုံးကာ ပက်ပက်လည် ဝေ့ရမ်းလိုက်တဲ့အခါ ရှောင်ကျန့် ကိုင်ထားတဲ့ ဓားကနေ ခရမ်းရောင်နဲ့ အနီရောင်ရောဆပ်ထားတဲ့ စွမ်းအားလှိုင်းများထွက်လာသည်။

ထိုလှုပ်ရှားမှုက စက္ကန့်ပိုင်းမျှသာ ကြာပြီး သူတို့ရှိ ပြစ်လွှတ်နေတဲ့ မြှားတေထက်လျှင်မြန်လွန်းတယ်။ ပက်ပက်လည်က ကောင်းကင်အဆင့် ရှိတဲ့လူပေါင်းများစွာဟာ ပြင်းထန်လွန်းတဲ့ ထိုအတွင်းအားလှိုင်းတေ မခုခံနိုင်စွာပဲ ဒါဏ်ရာ ပလပွနဲ့ လွင့်ထွက်ကုန်တယ်။

အဆုံးမဲ့ အဆင့်နှစ်ခု ပေါင်းစည်းခြင်းစွမ်းအားက ထိုထက်များစွာ အစွမ်းထက်လေတယ်။ ဒါက အစပဲရှိပါသေးတယ်။

ဝမ်ရိပေါ်ရဲ့ လက်ထဲကို သွေးများပေကျန်နေတဲ့ အနီရောင် ဓားက ပြန်ရောက်လာတယ်။
ထိုနောက် ရှောင်ကျန့်နဲ့ ဝမ်ရိပေါ်က ဘေးချင်းကပ်ရပ် ရပ်နေရာမှ ခွဲထွက်သွားကာ အနီးအနား ရန်သူ့ဘက်က စစ်သည်တေကို ကြက်ကလေး ငှက်ကလေးသတ်သလို သတ်ဖြတ်ပြစ်နေသည်။ ဘာညှာတာမှုမှ မရှိ ရက်စက်လွန်းတဲ့ လူနှစ်ဦးကြောင့် ဝမ်တပ်သားတေတောင် မဆီမဆိုင် သူ့တို့နှစ်ဦးကို လန့်လာတယ်။ သူတို့သာ ချန်ဘက်ကဆိုရင် စစ်သူကြီးချုပ်နဲ့ သူ၏ ကြင်ယာတော်လက်ထဲ မရှူ့အလှအဆုံးသတ်ကပေမည်။

ထိုတိုက်ပွဲကို တစ်စိမ့်စိမ့်ကြည့်နေသူက ချန်ဧကရာဇ်လင်ချူယုံ နီညိုရောင် မြင်းကြီးပေါ်ထိုင်ကာ လူပေါင်းများစွာ သေကြေပျက်စီးနေသည်ကို အားရဝမ်းသာ ကြည့်နေတဲ့ လင်ချူယုံ

သူဟာ သူ့ရဲ့လက်ထဲက သွေးရောင်ပုလဲ ထည့်ထားတဲ့ ဘူးလေးကို ကိုင်ထားပြီး မြင်းပေါ်မှာ ကောင်းမွန်စွာ ထိုင်နေပြီး အချိန်ကောင်းကို စောင့်နေသည်။

♠️♣️♠️♣️♠️♣️♠️

ကောင်းကင်ထက် ‌မှောင်မိုက်နေတယ်။ အင်ပါယာကြီး လေးခုက ပြည်သူတေ တစ်ယောက်တစ်လေမှ လမ်းမှမရှိပဲ အိမ်တွင်းရှောင်ပုန်းနေကြတယ်။ တစ်ချို့မြို့ငယ်လေးတေမှာ အပျက်အစီးတေ ရှိတယ်။ တစ်ချို့မြို့တေဆို တစ်မြို့လုံးပျက်စီး‌သေကျေကုန်ကြသည်။ ထိုမြို့တေမှာဆို မြို့‌ထဲတေ အလောင်းကောင်များစွာတွေ့ရပြီး မြိုထဲ သင်းကျိုင်းအလား သက်ရှိတစ်ယောက် နှစ်ယောက်လောက်က အသက်ရှင်ဖို့အရေး စစ်ပွဲကြီးအပြီးထိ ပုန်းအောင်းကာ နေနေရပြီး သူတို့ကို လာကယ်မဲ့သူကို စောင့်ဆိုင်းနေသည်။

ပုလဲနက်ရဲ့ အသက်သွင်းမှုကြောင့် ဆိုးဝါးလာတဲ့‌ အလောင်းကောင်တေက မြို့တေကို ဖျက်စီးကြတယ်။ မြို့ကြီးပြကြီးမှာ ရွာငယ်လေးက လူတေ ကြိုတင်သွားရောက် ပုန်းနေကြပြီး တောထဲမှာ ပုန်းရှောင်နေသူများလည်းရှိသည်။

ဝမ်ရိပေါ်လွှတ်လိုက်တဲ့ အမွှာညီအကို နှစ်ယောက်ကလည်း ပျက်စီးနေတဲ့ မြို့တေထဲ သူ့တို့အတက်နိုင်ဆုံး ကယ်ဆယ်ရေးတေ လုပ်ဆောင်နေတယ်။

ရှမ်းလော့နယ်မြေကတော့ အမြဲအသင့်ဖြစ်နေခဲ့သည်။ ရှမ်းလော့မြို့က တပ်သားတေက ဖောက်ဝင်ရန်း ကြံစီနေတဲ့ မိစ္ဆာတေကို တိုက်ထုတ်နေသည်။
ဝမ်အင်ပါယာတွင်း ခိုလုံတဲ့ တိုင်းပြည်ပေါင်း မြောက်များစွာကလည်း စစ်သည်တေကလည်း ရှမ်းလော့ မြို့ကို ပံ့ပိုးပေးထားသည်မှာမနည်း

ဝမ်အင်ပါယာမှာ ခံတပ်နယ်မြေက ရှမ်းလော့တစ်ခုထဲ မဟုတ်ဘဲ အင်ပါယာ ပက်ပက်လည်မှာ ဒိုင်းသဖွယ် ကာရန်ထားတဲ့ နောက်ထက် ခံတပ် နိုင်ငံကြီး ၃ခု ရှိနေသေးသည်။
ထိုနိုင်ငံကြီးတေ ကာရံထားတာကြောင့်လည်း ဝမ်အင်ပါယာမှာ အေးအေးချမ်းချမ်းနေရတာပင်။

ယခုတော့ ထိုနိုင်ငံကြီးတေကို အင်ပါယာတွင်း တိုင်းပြည်တေက အကြီးအကျယ် ထောက်ပံ့နေကြတယ်။ သို့ပေမဲ့လည်း အင်ပါယာတွင်း ရှိနေတဲ့ ဘုရင်တေအားလုံးက စစ်ပွဲကြီးကို စစ်အင်အား ဖြည့်ရန်နဲ့ နယ်စပ်ကို စောင့်ကြပ်ရန် တာဝန်ကိုယ်စီကျနေကြတယ်။ မည်သူမျှ သူတို့ တိုင်းပြည်မှာ အေးဆေး စည်းစိမ်ခံနေနိုင်မလည်း။

ဝမ်အင်ပါယာမှာလည်း

"မင်းသမီး ချောင်တိုင်းပြည်မှာ ဘာကြောင့်မှန်းမသိပဲ ဖုတ်ကောင်တေ နိုးထလာပြီး တိုက်ခိုက်နေကြပါတယ် ပြည်သူတစ်ချို့ကလည်း ဖုတ်ကောင်အဖြစ် ပြောင်းလည်းသွားပြီး မြင်မြင်သမျှ စားသောက်နေကြ ကြောင်းပါ"

နန်းညီလာခံရဲ့ မင်းသမီး ပုလ္လင်မှာ ထိုင်နေသူ
သူမရဲ့ ပိုးသားလို နူးညံ့ပျော့ပြောင်းတဲ့ ဆံနွယ်ဖြူလေးတေနဲ့ နူးညံ့တဲ့ အသားအရေလေးကိုမှ မထောက် သူမရဲ့ မျက်နှာဟာ လေးနက်စွာ စဉ်းစားနေတယ်။

အနှီမိန်းကလေးက ဝမ်လီချင်း ယခု သူမ ပုံက အမြဲဆိုးနွဲ့တက်တဲ့ ကလေးငယ်ပုံစံဟုတ်မနေဘဲ ဦးဆောင်‌နိုင်တဲ့ ဘုရင်မ တစ်ဦးသာ

"အင်ပါယာ နန်းတော်က အထူးကာကွယ်ရေး တပ်သား သုံးပုံတစ်ပုံကို ချောင်တိုင်းပြည်နဲ့ အခြား ဒုက္ခရောက်နေတဲ့ ပြည်သူတေရှိ စေလွှတ်ပါ"

"ဒါပင်မဲ့ မင်းသမီးလေး"

အမတ်ကြီး တစ်ဦးက စိုးရိမ်နေဟန် ဝင်ထောက်တယ်

"အင်ပါယာ နန်းတော်အတွက် မစိုးရိမ်ပါနဲ့ ကျမ ပြောသလိုလုပ်ပါ ဘယ်လိုပဲ ဖြစ်ဖြစ် ပြည်သူတေကို အထိအခိုက်ခံလို့ မဖြစ်ဖူး"

ဒါ ဝမ်တော်ဝန်မိသားစုရဲ့ အမွေအနစ်စကားတစ်ခွန်းပါပဲ
ဝမ်ချင်းရယ်ကိုယ်တိုင်ကလည်း သိတတ်စ အရွယ်ထဲက ကောင်းမွန်ပြီး အရည်အချင်းရှိတဲ့ ဧကရာဇ်နဲ့ ဧကရီက သွန်သင်လာပြီး သူဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အံ့ဩစရာ ကောင်းအောင် ဦးဆောင်နိုင်ခဲ့သလို သူရဲ့ သားနှစ်ယောက်ကိုလည်း ပြီးပြည့်စုံတဲ့ အရည်အချင်းတေဖြစ်လာအောင် သူကိုယ်တိုင် သွန်သင် လမ်းပြခဲ့တယ်။

အနှီငယ်ရွယ်တဲ့ မိန်းကလေးကကော သေချာပေါက် ဝမ်မိသားစုနဲ့ ထက်မြတ်လွန်းတဲ့ ယောက်ျား သုံးယောက်ရဲ့ သွန်သင်မှုပေါ့ တိုင်းရေးပြည်ရာတေကိုပါ ငယ်ရွယ်လွန်းတဲ့ မိန်းမပျိုလေးက နားလည်ပြီး ဦးဆောင်နိုင်ပါသတဲ့

"ဟုတ်ကဲ့ပါ မင်းသမီးလေး"

"‌ချောင်ကို တောင်ပိုင်းအမတ် တာဝန်ယူထားတာမို့လား  ပြောင်းရွှေ့အင်းစာရွတ်ကို လိုသလောက်ယူသွားပါ ပြီးတော့ အရည်အချင်းရှိတဲ့ တောင်ပိုင်းအမတ်ကပဲ အားလုံးကို ဆောင်ရွတ်ပြီး ထိခိုက်ဒါဏ်ရာမရှိပဲ ပြန်လာခဲ့မယ်လို့ ဒီမင်းသမီးယုံကြည်ပါတယ်"

ပြုံးကာ ပြောလာတဲ့ မင်းသမီးလေးကို တောင်ပိုင်းအမတ်ဆိုသူက ဦးညွှတ်အရိုအသေပြုကာ

"စိတ်ချပါ မင်းသမီးလေး ဒီလူအိုကြီးက တာဝန်ကို အကောင်းဆုံး ဆောင်ရွတ်မှာမို့"

"ယုံပါတယ် အမတ်ကြီး "

အမတ်ကြီးက ထွက်ခွါသွားပြီး သေချာတာတော့ သူဟာ သူ့ရဲ့ တာဝန်ကို အသတ်ထက်ဆုံး ကျေပွန်မယ်ဆိုတာပါပဲ
ဒီညီလာခံမှာ တစ်နေကုန် ထိုင်နေကာ အင်ပါယာအတွင်း၊အပြင် ဖြစ်လာမဲ့ သတင်းတေကို စောင့်ကာ ထောက်ပံ့ပေးနေရသည်နှင့် စစ်ပွဲကြီး အချေအနေကို နားစွန့်နေရကာ ရင်ထဲက အပူတေက မည်သူမှမငြိမ်းချမ်းနိင်ကြပေ

ခေါင်းဆောင်ကောင်း ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အရာပင် အင်ပါယာနန်းတော်ကြီးမှာ ခေါင်းဆောင်မယ့် အကြီးပိုင်းမရှိပေမဲ့လည်း မင်းသမီးငယ်လေးရဲ့ ဦးဆောင်ဆုံးဖြတ်မှုနဲ့ သစ္စာရှိအမတ်တေရဲ့ အကြံပေးမှုကြောင့် နန်းတော်ကြီးထဲ ကျရာတာဝန် ကျေပွန်အောင် ထမ်းဆောင်နေကြသည်။ ဒါက သူတို့ ရှေ့တန်းကို ထွက်သွားတဲ့ အရှင်တို့အတွက် လုပ်ပေးအနိုင်ဆုံးအရာပင်

🌻🌻🌻🌻🌻🌻🌻

မြို့တော်တော်များများ ပျက်စီးပေမဲ့ ဝမ်အင်ပါယာဟာ ထိမ်းသိမ်းသူရှိသည်။ ပေဝေ့အင်ပါယာကတော့ အထိအခိုက်အနည်းဆုံးအခြေအနေ အပြင် လျှို့ကိုလည်း ပေဝေ့နဲ့ ဝမ်က ထိမ်းချုပ်ထားသည်။

ချန်တလာမှာ ဘာတေများ ဖြစ်နေပြီလည်း ဆိုးဝါးတဲ့ ခေါင်းဆောင်ရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိနေတဲ့ လူတေက ဘယ်တော့မှလည်း ငြိမ်းချမ်းမှာမဟုတ်သလို ဆိုးဝါးတဲ့ ခေါင်းဆောင်တေရဲ့ နောက်လိုက်တေကလည်း ခေါင်းဆောင်ရဲ့ ခြေလှမ်းအတိုင်းသာ ရှိနေလိမ့်မည်။ အဓိကက ခေါင်းဆောင်ကောင်းသာ လိုအပ်နေတာပင်

"မားမား ပါးပါးက ဘယ်တော့ ပြန်လာမှာလည်း"

ကလေးလေး တစ်ယောက်က သူ၏ မိခင်ကို လှုပ်ရမ်းကာ မေးနေသည်။ မိခင်ကတော့ ငိုရှိုက်ရင်းသာ

ဇရပ်လို့ ခေါ်လေမလား စုပ်ပဲ့နေပြီး အမိုးတစ်ခုသာ ရှိတဲ့ ကျယ်ဝန်းတဲ့ ထိုနေရာမှာ ဒုက္ခသည်ပေါင်း များစွာ စုဝေးနေကြသည်။ အဝတ်တစ်ထည် ဘာပစ္စည်းမှ မပါပဲ သိမ်ငယ်နေတဲ့ လူတစ်စုက အသက်ဘေးမှ ပြေးလာခဲ့သည်မှာ သိသာလှသည်။ တစ်ချို့ဆို ချမ်းသာပေ့ဆိုတဲ့ အိမ်တော်အသိုင်းအဝိုင်းက မိသားစုတေပါ ပါနေသေးသည်။

ဒေါင့်လေးတစ်နေရာမှာ စုပ်ပြဲနေရှာတဲ့ အဝတ်အစားတေနဲ့ သုံးနှစ်အရွယ် စကားမပီတဲ့ ကလေးငယ်တစ်ယောက်က ဆံပင်ရှည်များ ဖွာလန်ကျဲနေပြီး အသက်မရှိသူလို မှိုင်တွေနေတဲ့ အမျိုးသမီးကို ဖြူစင်စွာမေးခွန်း တစ်ခုမေးလေတယ်

"မား ဘာရို့ ယူတားရှားတဲ့ ယူကြီးတေယာပြီး ပါးကိုရှားတာလည်းဟင် ပါးက ရတာရှိရို့ရား"

ကလေးငယ်ရဲ့ မပီတဲ့ စကားတေကို သူ့၏မိခင်ဆိုသူကို ပို၍ အသတ်မဲ့သွားစေသည်။

"ဟေး ဟိုလူတေ မင်းတို့အတွက် စားစရာ လာပို့တာ"

ဂိတ်စောင့် တပ်သား နှစ်ဦးက ကြီးမားတဲ့ ပုံးကြီးကို မြို့ပြင်ထိ ဆွဲလာကြပြီး အထဲမှာ အန်ပက်တေအလား ခပ်ပြစ်ပြစ် ဖြူလျောလျော ဆန်ပြုတ်တေ ပါလေသည်။

သူတို့အားလုံးက ချန်အင်ပါယာတွင်း ရိုလန်နိုင်ငံဝမှာ ရှိနေကြတာပင် အချို့အနီးအနားက ဒုက္ခရောက်‌နေတဲ့ နေရာတေက ရောက်လာပြီး နိုင်ငံအတွင်း ခိုလုံခွင့်ရရန် အသနားခံနေကြတာပင် သို့သော်လည်း

"စိတ်ပျက်စရာကောင်းတဲ့ လူတေ မြန်မြန်ဆန်ပြုတ်လာယူလေ ငါတို့မှာ ပန်းကန်တော့မပါဖူး"

"အိုးလိုက်သောက်ကြလည်း ကောင်းတာပဲ ဟား ဟား"

တပ်သားနှစ်ဦးက လှောင်ရယ်နေကြသည်။ အသက်‌ဘေးက ပြေးလာချိန်မှာ မည်သူကများ အသက်ထက်ပိုပြီး ယူဆောင်လာနိုင်ကြမလည်းလေ သို့ပေမဲ့လည်း ပိုက်ဆံရှိတဲ့ လူတစ်ချို့ကတော့ ဆောင်မြဲဆောင်ထားတဲ့ အသပြာတေနဲ့ လိုအပ်တာတေ ဝယ်ထားနင့်နိုင်တယ်။ ဥပမာ ပန်းကန်လေး တစ်ချပ် ဇွန်းလေး တစ်ချောင်းလောက်ပဲ ဖြစ်ဖြစ်ပေါ့

ပန်းကန် ရှိတဲ့ လူတစ်ချို့က စားသောက်ရန် တန်းဆီနေကြပြီး ပန်းကန်မရှိတဲ့ ယောက်ျားတေကလည်း သူတို့မိသားစု စားဖို့အတွက် အဆင်ပြေတာလေး တစ်ခုခုရှာပြီး ဆန်ပြုတ် ရရန် ရငှား တန်းဆီနေကြသည်။

ဖြူလျောလျော ဆန်ပြုတ်စားနေတဲ့ ကလေးတစ်ချို့ကို ကြည့်ပြီး သုံးနှစ်အရွယ် ကလေးလေးကလည်း စားချင်းပါသတဲ့

"တားတား ဗိုက်ချာတယ် မား အင့် ဗိုက် ဗိုက်"

သနားစရာ ‌ကလေးလေးကို ကြည့်ပြီး အသက်မဲ့ နေတဲ့ မိခင်ဟာ ချမ်းသာတဲ့ လူတေအနား ရောက်သွားကာ ထည့်စားဖို့ တစ်ခုခုလေးများငှားရန် သို့ပေမဲ့

"သွား သွားစမ်းပါ ငါတို့အနား ဘာလာခိုးမလို့လည်း"

"ဟုတ်တယ် ဟုတ်တယ် တို့မှာ နင့်ကို ပေးစရာ ဘာမှမရှိဖူး"

တွန်းထုတ်ခံရတဲ့ မိခင်က အဝတ်စုပ်နဲ့ ဆင်းရဲနုံချာတဲ့ အသိုင်းအဝိုင်းက ဖြစ်တဲ့အပြင် အမှန်လည်း သူတို့မှာ ဒီလူကို ဘာမှပေးစရာမရှိ ကိုယ်တောင် ဒုက္ခရောက်နေတာပင်

"မငိုပါနဲ့ ကလေးရယ် သား စားချင်ရင် မားရအောင် လုပ်ပေးပါ့မယ်"

"အီး ... ဟင့်"

မိခင်တို့ရဲ့ နှလုံးသားက စာလောင်နေတဲ့ သူတို့ကလေးငယ်‌ကို ကြည့်ရက်လေပါ့မလား အစားအသောက် ရယူရန် လူတန်းကြီးမှာ သွားစီပြီးနောက် သူမအလှည့် ရောက်လာမှာကို စောင့်နေသတဲ့

"ဘယ်မလည်း မိန်းကလေး ထည့်စရာ"

တပ်သားက စုပ်ပျက်နေတဲ့ မိန်းကလေးကို ထည့်စရာ ပါလားမေးသည်။ ထိုတော့ သူမက ကုန်းကာ သူမရဲ့ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်ပြီး ဖြန့်ကာ ပေးလာသည်။

တပ်သားဟာ အနည်းငယ်တွေဝေသွားသည်။ ဆန်ပြုတ်တေက အခုတင် အိုးမှ ချလာပြီး ပျစ်ခဲတဲ့ အရာဖြစ်တာကြောင့် မအေးတဲ့အပြင် ခဲနေတာကြောင့် အပူတေ စုနေသည်။ သူမရဲ့ လက်ထဲ ထည့်လိုက်ရင် ခံနိုင်ပါ့မလား

ဒါပေမဲ့လည်း တပ်သားက ဇွန်းကြီးနဲ့ ခပ်ကာ သူမရဲ့ လက်ဖဝါးထဲ ထည့်ပေးလိုက်သည်။

ဆန်ပြုတ်တေက ပူလောင်လွန်းလို့ လက်အရေပြားတေ ချက်ခြင်းတိုက်စားသွားပေမဲ့ ထိုအမျိုးသမီးက မျက်နှာ တစ်ချက်မပျက်သွားခဲ့

တစ်ချို့ နာကျင်မှုတေက ရင်ထဲက နာကျင်မှုတေကို မမှီနိုင်တဲ့အခါ နာကျင်မှု‌ဆိုတာ မသိရှိနိုင်တော့ဖူးတဲ့

သူမက ဇရပ်အဝလေးမှာ ဆန်ပြုတ်အိုးလေးကို မျှော်နေတဲ့ သုံးနှစ်အရွယ်ကလေးငယ်လေးဆီ လျှောက်သွားကာ ထိုင်ချလိုက်သည်။ ထို့နောက် ထိုကလေးငယ်လေးကို နူးညံ့တဲ့ အပြုံးလေးနဲ့ ပြုံးပြကာ အချိုသာဆုံး ပြောလေတယ်။

"သား စားဖို့"

ထိုစကားကြားတော့ ဖြူစင်တဲ့ ကလေးငယ်လေးက လက်ဖဝါးကြားထဲက ဆန်ပြုတ်တေကို ကြည့်ပြီး ပျော်ရွှင်စွာ စားရန်ပြင်သည်။

"ပူတယ် မှုတ်ပြီး စားနော်"

"ဟုတ်"

ထိုကလေးလေးက နှုတ်ခမ်းသေးသေးလေးနဲ့ မှုတ်ကာစားသည်။ သူ၏ မိခင်ကတော့ ကလေးငယ်ကို ချစ်စနိုးနဲ့ ကြည့်နေလေတယ်

သူမရဲ့ လက်ဖဝါး ကြားထဲမှာတော့ သွေးတေနဲ့ ဆန်ပြုတ်အနည်းငယ်က ပြန်ဆီးကျနေလေသည်။

မိခင်‌တေဟာ ထိုသို့ပဲ ဘယ်အရာမှ ဂရုမစိုက် သားသမီးရဲ့ တောင်းဆိုမှုတေကို ဖြည့်စီးပေးတတ်ကြတာပါပဲ တစ်ချို့နာကျင်မှုတေ အပြုံးလေးနဲ့ ဖုံးကွယ်ထားတတ်လေတယ်။
မိခင်တစ်ဦးရဲ့ ချစ်တတ်မှုဆိုတာ ထိုသို့ပဲ မြင့်မြတ်လွန်းလေးတယ်။

(ဒီအပိုဒ်လေးကို စာဖတ်သူ တစ်ချို့သိကြမယ် ထင်ပါတယ်။
ဘယ်ဇာတ်ကားကမှန်း ကျမ မသိပေမဲ့ TikTok မှာ ဒီအပိုဒ်လေးတွေ့တာကြောင့် မိခင်တေရဲ့ ချစ်ခြင်းမေတ္တာကို အသက်ဝင်အောင် ဖော်‌ပြရေးခြင်းပါ ထိုသို့ ကောက်နှုပ်ရေးသားခြင်းမှာ မည်သူကိုမှ ထိခိုက်လိုစိတ်မရှိပါဖူး)

✨✨✨✨✨✨✨✨✨
6882 words

Upတာ နောက်ကျတဲ့ အတွက်တောင်းပန်ပါတယ်။ စာရေးတာ အာရုံစိုက်လို့မရလို့ပါဗျ ဖတ်ရတာ အဆက်ပျက်မှာဆိုးလို့ များများ တင်ပေးချင်ပေမဲ့လေ ဒီလောက်ပဲရေးနိုင်သေးတယ် အားဆေးမပေးချင်ဖူးလား မန့်လေးတစ်ခုပဲဖြစ်ဖြစ်








Lanjutkan Membaca

Kamu Akan Menyukai Ini

567K 49.4K 29
Taekook Fanfiction Jeon Kim Own creation
85.1K 11.4K 42
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
22.9K 2.1K 14
မြေပြင်ထက်သို့ နှင်းပွင့်လေး သက်ဆင်းလာတဲ့အခိုက်တန့်လေးမှာ စတင်လွဲမှားသွားခဲ့တဲ့ အချိန်နာရီတွေ......... အဲ့ဒီနောက်....... ကျွန်တော် သူ့ကို တွေ့ခဲ့တယ်...
100K 16.1K 52
❝ ﹏ මට මේක කියන්නකෝ අග්‍ර..බියුටි ඇන්ඩ් ද බීස්ට් එකේ කුමාරයා ශාපයක් නිසා එච්චර කැත රාක්‍ෂයෙක් වුනේ නැත්තම් බෙල් වගේ දුප්පත් කෙල්ලෙක් දිහා අඩුම තරමෙ බ...