ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(...
Change_7 tarafından
742K 64.6K 6.6K
မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်... Daha Fazla
Intro
အပိုင်း✨🍁(၁)
အပိုင်း✨🍁(၂)
အပိုင်း✨🍁(၃)
Attention please❤️
အပိုင်း✨🍁(၄)
အပိုင်း✨🍁(၅)
အပိုင်း✨🍁(၆)
အပိုင်း✨🍁(၇)
အပိုင်း✨🍁(၈)
အပိုင်း✨🍁(၉)
အပိုင်း✨🍁(၁၀)
အပိုင်း✨🍁(၁၁)
အပိုင်း✨🍁(၁၂)
အပိုင်း✨🍁(၁၃)
အပိုင်း✨🍁(၁၄)
အပိုင်း✨🍁(၁၅)
အပိုင်း✨🍁(၁၆)
အပိုင်း✨🍁(၁၇)
အပိုင်း✨🍁(၁၈)
အပိုင်း✨🍁(၁၉)
အပိုင်း✨🍁(၂၀)
အပိုင်း✨🍁(၂၁)
အပိုင်း✨🍁(၂၂)
အပိုင်း✨🍁(၂၃)
အပိုင်း✨🍁(၂၄)
အပိုင်း✨🍁(၂၄)( Zawgyi)
အပိုင်း✨🍁(၂၅)
အပိုင်း✨🍁(၂၆)
အပိုင်း✨🍁(၂၇)
အပိုင်း✨🍁(၂၈)
အပိုင်း✨🍁(၂၉)
အပိုင်း✨🍁(၃၀)
အပိုင်း✨🍁(၃၁)
အပိုင်း✨🍁(၃၂)
အပိုင်း✨🍁(၃၃)
အပိုင်း✨🍁(၃၄)
အပိုင်း✨🍁(၃၅)
အပိုင်း✨🍁(၃၆)
အပိုင်း✨🍁(၃၇)
အပိုင်း✨🍁(၃၉)
အပိုင်း✨🍁(၄၀)
အပိုင်း✨🍁(၄၁)
အပိုင်း✨🍁(၄၂)
အပိုင်း✨🍁(၄၃)
အပိုင်း✨🍁(၄၄)
အပိုင်း✨🍁(၄၅)
အပိုင်း✨🍁(၄၆)
အပိုင်း✨🍁(၄၇)
အပိုင်း✨🍁(၄၈)
အပိုင်း✨🍁(၄၉)
အပိုင်း✨🍁(၅၀)
အပိုင်း✨🍁(၅၁)
အပိုင်း✨🍁(၅၂)-(Final)
Extra✨🍁(1)
Extra✨🍁(2)
Extra✨🍁(3)
Special Extra (4)
အပိုင်း✨🍁(၃၈)
9.6K 1K 106
Change_7 tarafından
ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၃၈)
ဧကလေး ဆေးရုံမှဆင်းပြီး ငါးလခန့်အကြာတွင် နေ့အချိန်ဆိုလျှင် အိမ်ထဲက Gymဆော့တဲ့အခန်းထဲမှာပဲ အချိန်ကုန်တတ်သလို ညဆိုလျှင်လည်း အခန်းထဲက ပန်းချီကားချပ်တစ်ခုခုရှေ့မှာ အချိန်ကုန်နေတတ်သည်။
မှိန်ဖျဖျမျက်ဝန်းပြာလေးများဆီမှ အပြုံးရိပ်များကိုမြင်တွေ့ရဖို့ခက်ခဲသွားသလို ပြုံးသည့်အချိန်တွင်လည်း ထိုအပြုံးထဲမှာနာကျင်မှုတွေကိန်းဝပ်နေပြန်သည်။
အမြဲတစ်စုံတစ်ခုကိုတွေး တစ်နေရာရာကိုငေးနေတတ်သော သားကြီးကိုကြည့်ပြီး ဦးညိုရင်နာမိသည်။ပျော်ပျော်နေတတ်တဲ့ကလေးက ဘာတွေများကြုံတွေ့ခဲ့ရလို့ ယခုလိုဖြစ်သွားရသည်လည်းဆိုတာသူမသိ။
ကလေးဆိုးလေးလို မိမိရင်ခွင်ထဲတိုးဝှေ့ချွဲ့နွဲ့တတ်တဲ့ကလေးက တိတ်ဆိတ်သွားသည်။တီတီတာတာအသံလေးတွေဝေဆာနေတတ်သော သူ့ဒယ်ဒီနဲ့အမြဲစကားနိုင်လုနေတတ်သော ညီဖြစ်သူကိုစနောက်ပျော်ရွှင်နေတတ်သော ကလေးငယ်က ယခုလိုတိတ်ဆိတ်သွားသည့်အခါ နေ့ရက်‌တိုင်းကဝမ်းနည်းဖွယ်ရာပင်။သားကြီးကအိမ်ရဲ့ဆည်းလည်းလေးဆို သားငယ်ကအိမ်ရဲ့ကံ‌ကောင်းမှုလေးပင်ဖြစ်သည်။ယခုအိမ်ကဆည်းလည်းလေးတိတ်ဆိတ်နေသည့်အခါ ကံကောင်းမှုလေးကလည်းမပျော်ရွှင်တော့ပေ။
ယခုလည်း ညစာထမင်းစားဖို့တက်အခေါ် ပန်းချီကားရှေ့မှာ တမေ့တမောငေးကြည့်နေသာ သားကြီးကိုတွေ့လိုက်ရသည်။သားကြီးဆွဲနေသည့်အရာအားကြည့်မိတော့ စူးရှနေသည့် ပယင်းရောင်မျက်ဝန်းတစ်စုံပင်။
ဦးညို ထိုပန်းချီကားချပ်ထားမှ ပယင်းရောက်မျက်ဝန်းတစ်စုံကိုကြည့်ရင်း ထိုမျက်ဝန်းထဲမှ အရှိန်အဝါများကိုခံစားမိနေသည်။အသက်ဝင်လွန်းလှသည့် မျက်ဝန်းလှလှလေးများပင်။အဆိုးထဲကအကောင်းတစ်ခုကိုပြောရမည်ဆိုလျှင် သားကြီး၏မျက်လုံးများက ပြန်ကောင်းလာကာ အရောင်တွေကိုပြန်ခွဲခြားလာနိုင်တာပင်ဖြစ်သည်။
ထို့နောက် ဦးညို သားကြီး၏ နောက်နားအသာရပ်ပြီး ခေါ်လိုက်သည်။
“သားကြီး...ဧကလေး....”
“ဗျာ ပါးပါး...”
ဧကလေး ပါးပါးအသံကြောင့် ဆွဲလက်စ စုတ်တံကိုချလိုက်ပြီး နောက်လှည့်ကာပြုံးပြလိုက်သည်။
“ထမင်းစားရအောင်လေသား...အောက်မှာ ဒယ်ဒီတို့ရောက်နေပြီ....ဒီနေ့သက္ကရာဇ်လေးလည်း ရုံးစောဆင်းလာတယ်...ပါးပါးတို့ မိသားစုလေး ထမင်းလက်‌စုံစားကြတာပေါ့...ပါးပါး သားကြိုက်တဲ့ဟင်းလေးတွေချက်ထားတယ်...”
အမှန်တိုင်းပြောရလျှင် ဧကလေးစားချင်စိတ်မရှိပေ။ဧကလေး စားချင်စိတ်မရှိ၊သွားချင်လာချင်စိတ်မရှိဘဲ gymအခန်းနဲ့ ပန်းချီခန်းထဲ‌တွင် ကိုယ့်ကိုကိုယ်ပိတ်လှောင်ခဲ့တာ နှစ်ဝက်နီးပါးရှိနေပြီဖြစ်သည်။
သို့သော်လည်း သူ့အားမျှော်လင့်တကြီးကြည့်နေသော ပါးပါးနှင့် အောက်မှာစောင့်နေကြမည့် ဒယ်ဒီတို့ကြောင့် မစားချင်သော်လည်း နည်းနည်းပါးပါးစားဖို့ဆုံးဖြတ်လိုက်သည်။
“ဟုတ်ကဲ့ပါးပါး သား လက်ဆေးပြီးရင်လိုက်ခဲ့မယ်နော် ပါးပါးအရင်သွားနှင့်လိုက်...သား‌ နောက်ကလိုက်ခဲ့မယ်....”
“အင်း အင်း ...အဲ့ဒါဆို ပါးပါးအောက်ကစောင့်နေမယ်နော်...”
“ဟုတ်...”
ဧကလေး ပါးပါးဆင်းသွားသည်နှင့် ဆွဲလက်စပန်းချီကားချပ်ကို လက်စသတ်ပြီး အသာဖြုတ်လိုက်ကာ အခန်းထောင့်က ပန်းချီstandများထားရာနေရာဆီသွားပြီးထားလိုက်သည်။
ထိုနေရာတွင်တော့ ပိတ်ဖြူစများဖြင့်အုပ်ထားသော ပန်းချီကားချပ်များ များစွာနေရာယူထားသည်။ထိုပန်းချီကားချပ်များကိုသာ ဖွင့်ကြည့်လိုက်ပါက တူညီသည့်မျက်ဝန်းတစ်စုံ၏ အမူအရာအမျိုးမျိုးကိုတွေ့မြင်ရမည်ဖြစ်သည်။
ထို့နောက်တွင်တော့ ဧကလေး ပန်းချီကားချပ်ကိုသေချာနေရာချလိုက်ပြီး လက်ကိုသေချာဆေးကာ အောက်ဆင်းလာလိုက်သည်။
**********
ထမင်းစားခန်းထဲကစားပွဲဝိုင်းတွင် လူသုံးယောက် လည်တဆန့်ဆန့်ဖြင့် လှေကားပေါ်မှ ဆင်းလာမည့်အရိပ်လေးအားမျှော်နေကြသည်။
“ကိုယ့်အချစ် သားက ထမင်းဆင်းစားမယ်တဲ့လား...”
“ဟုတ်ကိုကို...ဦးညိုကိုအရင်ဆင်းနှင့် သူကိုယ်လက်သန့်စင်ပြီးရင်ဆင်းလာခဲ့မယ်လို့ပြောတယ်...မပြီးသေးလို့ထင်တယ်...”
“အွန်းအွန်း....”
ကုဋေခေါင်းညိတ်ပြလိုက်ရင်း
“သားငယ် ဒီနေ့ ပရောဂျက်အသစ်ကအဆင်ပြေခဲ့လား...”
“အဆင်ပြေပါတယ်ဒယ်ဒီ...”
“ဒယ်ဒီ့အကူအညီလိုရင်ပြောနော်...သား ပြောထားတဲ့ ဂေဟာကို လစဉ်ဘက်စုံထောက်ပံ့ဖို့ ဒယ်ဒီစီစဉ်ပြီးပြီ...သားကိုယ်တိုင်သွားမှာလား..”
“ဟုတ်ကဲ့ ဒယ်ဒီ ကိုယ် ကိုယ်တိုင်သွားမှာပါ...”
“ဟက်...ဟုတ်ပါပြီ‌ဗျာ အလုပ်တွေပဲဖိလုပ်မနေနဲ့ဦးနော်သား..ငယ်တုန်းလေး လွတ်လွတ်လပ်လပ်နေပါကလေးရဲ့...”
“ဟုတ်ကဲ့ ဒယ်ဒီ....”
ကုဋေ မျက်လွှာလေးချလျှက် သူပြောသမျှကို လိုတာထက်ပိုမဖြေသည့် သားငယ်ကိုကြည့်ရင်းသဘောတကျပြုံးမိသည်။
ဦးညိုသည်လည်း သူ့အပြုံးများကိုနားလည်သည်အလား သားကြီးပါးလေးကိုလှမ်းဖဲ့ကာ ရယ်နေသည်။
သက္ကရာဇ် သူ့ပါးလေးအားလာဖဲ့သော ပါးပါးကြောင့် မော့ကြည့်လိုက်ရင်း မျက်ဝန်းညိုလေးများက ပြုံးရိပ်သမ်းသွားသည်။
ထိုအချိန် အပေါ်ထပ်မှအရိပ်လေးဆင်းလာသဖြင့် အားလုံးရဲ့အကြည့်များက ထိုအရိပ်လေးဆီရောက်သွားသည်။
“ဟော သားကြီးလာပြီ...လာသားကြီး ပါးပါးဘေးလာခဲ့...”
“ဟုတ်ပါးပါး...”
ဧကလေး ပါးပါးခေါ်သည့်နေရာကိုဝင်ထိုင်လိုက်သည်။
ထို့နောက် ပါးပါးခပ်ထည့်ပေးလာသည့် ထမင်းနှင့်ဟင်းများကို ဇွန်းနှင့်သေချာခပ်စားလိုက်သည်။အဘယ်ကြောင့်ဆိုသော သူမစားမချင်းစာမည့်ပုံမရသော ဒယ်ဒီ၊ပါးပါးနှင့်ဖောင်းဖောင်းလေးကြောင့်ပင်။
ကုဋေ ထမင်းကိုသေချာစားနေသော ဧကလေးကိုကြည့်လိုက်ပြီး...
“သားကြီး ဒီနေ့ နေရတာအဆင်ပြေရဲ့လား...”
“ဟုတ် အဆင်ပြေပါတယ် ဒယ်ဒီ....”
“အင်း သားအတွက် ဒယ်ဒီပြခန်းတစ်ခုစီစဉ်ပေးထားတယ် ဒီလကုန်ဆိုရင် အကုန်အဆင်သင့်ဖြစ်ပြီ....သား မနက်ဖြန်ဖြစ်ဖြစ် ပြခန်းကိုလာကြည့်လှည့်ဦး လိုတာလေးတွေသား ထည့်ချင်တာလေးတွေထည့်ရအောင်....”
“ဟုတ် ဒယ်ဒီ သား သက္က Tsk! ထူးခြားနဲ့အတူလာကြည့်လိုက်ပါ့မယ်...”
ဧကလေး သတိလက်လွှတ် ထူးခြားကို သက္ကဟုမှားခေါ်မိသည်ကအခါခါပင်။ထိုသို့မှားခေါ်မိချိန်တိုင်း သူ‌သရေခေတ္တရာကိုရောက်ကာစအချိန်ကိုသတိရမိသွားသည်။ထိုအချိန်တုန်းက သူက သက္ကကို ထူးခြားလို့ခေါ်ပြီး လှောင်ခဲ့တာပင်မဟုတ်လား။
ရင်းနှီးနေသောစိမ်းသက်ဖွယ်ရာများပင်။
“ပြည်ကိုသွားမယ်စီစဉ်ထားတယ်ဆို... ဘယ်တော့လောက်သွားမှာလဲ...”
ဒယ်ဒီဆီမှ ပြည်ဆိုသည့်စကားကြောင့် ဧကလေး ဇွန်းကိုင်ထားသောလက်များခဏတန့်သွားရသည်။ထို့နောက် အမူအရာမပျက်..
“နောက်လထဲလောက် သွားဖြစ်မယ်ထင်တယ် ဒယ်ဒီ ...”
“ဒယ်ဒီတို့လည်းမိသားစုလိုက် ခရီးမသွားရတာ ကြာပြီဆိုတော့ အခါသင့်သွားတာပဲ...”
*ဟင် ဒယ်ဒီတို့ရောလိုက်မလို့လား...*
ဧကလေး အတည်ပြုရှာဖွေစရာတွေရှိသေးသည့်ဖြစ်နိုင်လျှင်သူတစ်ယောက်ထဲပဲသွားချင်မိသည်။ထို့ကြောင့်...
“သား သား တစ်ယောက်ထဲသွားလို့ရမလား ဒယ်ဒီ....”
သားကြီးအမေးစကားက ကိုကို့ဆီဦးတည်ပေမယ့် ဦးညိုဝင်ပြောလိုက်သည်။
“ဘာလို့လဲသား...ပြည်မှာဘယ်လောက်ကြာမှာမို့လို့လဲ...ပါးပါးတို့ သားနေချင်သလောက်နေပေးမှာပါသားရဲ့....”
“မဟုတ်ပါဘူး ပါးပါး...ဒီတိုင်းသားရှာဖွေစရာ အတည်ပြုစရာလေးတွေရှိလို့ သားတစ်ယောက်ထဲသွားချင်တာပါ...သားကိုယ်တိုင်အဖြေထုတ်စရာလေးတွေရှိလို့ပါ...သား ပြန်လာရင် ပါးပါးတို့ကို အကုန်ပြောပြပါ့မယ်...သားကို ခွင့်ပြုပေးနိုင်မလားဟင်...”
“သားရယ် ပါးပါးတို့က သားကိုစိုးရိမ်လို့ပါ...ဒါပေမဲ့ သားတစ်ယောက်ထဲသွားချင်တယ်ဆိုရင် သားသဘောပါ‌...ပါးပါးတို့ခွင့်ပြုပါတယ်...ကိုယ့်ကိုကိုယ်တော့ သေချာဂရုစိုက်ရမယ်နော်...သားတစ်ခုခုထပ်ဖြစ်မှာပါးပါးစိုးရိမ်တယ်...”
“ဟုတ် ကျေးဇူးတင်ပါတယ် ပါးပါး...”
ဦးညို သားကြီးဆီမှကျေးဇူးတင်စကားကြားတော့ အပြုံးယဲ့ယဲ့ဖြင့် စိတ်မကောင်းဖြစ်မိသည်။သားကသူတို့ကိုအများကြီးစိမ်းကားလာသည်ပင်။
ဦးညိုမျက်နှာကိုမှန်တစ်ချပ်လိုကြည့်နေသောကုဋေ့မှာ ဦးညိုမျက်နှာနွမ်းသွားသည်နှင့်....
“သားကြီး မိသားစုတွေကြားထဲမှာ ကျေးဇူးတင်စကားဆိုတာမပြောရဘူး သား... ကျေးဇူးတင်စရာလည်းမလိုဘူး...မိသားစုတွေကြားထဲမှာ စွန့်လွှတ်အနစ်နာခံမှုတွေ ကျေးဇူးတရားတွေမရှိဘူး...ချစ်ခြင်းမေတ္တာနဲ့လုံခြုံနွေးထွေးမှူ အချင်းချင်းဖေးမကူညီလမ်းညွှန်မှုတွေပဲရှိတယ်...သားတို့နှစ်ယောက်လုံးကိုအဆင်ပြေပျော်ရွှင်စေချင်တာ ဒယ်ဒီတို့ဆန္ဒပါ...သားတို့ဆီကနေ ဘာတစ်စုံတစ်ခုကိုမှ ဒယ်ဒီတို့မမျှော်လင့်ပါဘူး...သားတို့ဘဝလေးတွေ အေးအေးချမ်းချမ်းနဲ့ အကောင်းမွန်ဆုံးကြီးပြင်းလာ‌တာကိုပဲ ဒယ်ဒီတို့လိုချင်တာပါ...ဒယ်ဒီတို့မေတ္တာတွေနဲ့ နွေးထွေးလုံခြုံစေချင်တာ ဒယ်ဒီတို့ဆန္ဒပါ....”
“ကိုကို....ဦးညိုတို့ဆက်စားရအောင်လေ...ဟင်းတွေအေးကုန်လိမ့်မယ်...”
ဦးညို ကိုကိုအားဝင်တား၍စကားလမ်းကြောင်းလွှဲလိုက်သည်။နဂိုကမှ တစ်ယောက်ထဲဝမ်းနည်းနေသော ကလေးကိုသူတို့ကြောင့်ထပ်ပြီးဝမ်းမနည်းစေချင်ပါ။
ကုဋေ ဦးညိုဘာပြောချင်တာလဲဆိုတာ နားလည်၍ ဘာမှမပြောတော့ဘဲ ခေါင်းကိုညိတ်ပြပြီး ထမင်းကိုပဲအာရုံစိုက်စားလိုက်သည်။
ဧကလေး သူ့စကားအမှားကြောင့် ပါးပါးဝမ်းနည်းသွားရသလို ဒယ်ဒီစိတ်မကောင်းဖြစ်သွားသည်ကိုတွေ့လိုက်ရသဖြင့် ခေါင်းကိုငုံ့ချလိုက်ပြီး မျက်ဝန်းပြာလေးများ‌ထဲ မျက်ရည်တွေရစ်သိုင်းလာသည်။သူ၏စိတ်ရှုပ်ထွေးမှုတွေကြားထဲ မိသားစုနှင့် တဖြည်းဖြည်းဝေးကွာလာခဲ့သည်ဆိုတာ သူသိသည်။ဘယ်သူနှင့်မှစကားပြောချင်စိတ်မရှိသောကြောင့် အေးစက်စက်ပဲဆက်ဆံဖြစ် ‌ပြောဆ်ိုဖြစ်တာတွေသူသိပါသည်။
ဘာတွေကမှားယွင်းနေသည်လည်းဆိုတာသူမသိပေမယ့် စိတ်ခံစားမှုတွေကြောင့် မိသားစုကိုခုလိုမဆက်ဆံသင့်မှန်း သူ့ကိုယ်သူလည်းသိပေမယ့် ဧကလေးမတတ်နိုင်ဖြစ်နေသည်။သူလည်း အရင်လိုပေါ့ပေါ့ပါးပါးနေချင်သည်။သို့သော် အရှင့်၏မျက်နှာတော်အားမြင်ယောင်မိလာတိုင်း ရင်ဘက်ထဲမှာတင်းကျပ်လွန်းလို့ ကိုယ့်ကိုကိုယ်အဆုံးသတ်ချင်မိသည့်အထိပင်ဖြစ်လာသည်ကအခါခါပင်။ထို့ကြောင့်လည်း ပိုတိတ်ဆိတ်မိလာခြင်းဖြစ်လေသည်။
သက္ကရာဇ်‌ ဒယ်ဒီ၊ပါးပါးနဲ့ကိုကိုတို့ကိုကြည့်ရင်း မျက်ဝန်းညိုလေးက တစ်ခုခုပြောပြီး စိတ်သက်သာအောင်လုပ်ပေးချင်ပေမယ့် ဘာပြောရမှန်းမသိသောကြောင့် မျက်လွှာပြန်ချထားလိုက်သည်။
ပါးပါးမျက်ဝန်းထဲက ဝမ်းနည်းရိပ်တွေကိုသူမြင်သလို စိတ်မကောင်းဖြစ်နေသောဒယ်ဒီ၊စိတ်ရှုပ်ထွေးမှုတွေကြောင့် မရည်ရွယ်ပါပဲ ပါးပါးကိုဝမ်းနည်းအောင်လုပ်မိပြီလားဆိုသည့် ကိုကို့ရဲ့မျက်ဝန်းထဲကမိမိကိုယ်ကိုအပြစ်တင်နေမှုတွေ အကုန်လုံးကိုသူနားလည်ပါသည်။ဒါပေမဲ့ သူဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာမသိဖြစ်နေသောကြောင့် ဇွန်းကြီးကိုင်ပြီးတွေးနေမိသည်။
*သူတစ်ခုခုဝင်ပြောလိုက်သင့်လား..*
တိတ်ဆိတ်နေသော ထမင်းဝိုင်းတွင် ဇွန်းသံ၊ပန်းကန်သံမှလွဲ၍ တခြားသံမကြားရ။
ဧကလေး သူ့ကြောင့်ဖြစ်သွားသော ဒီအခြေအနေကြီးကိုဆက်မခံစားနိုင်တော့ဘဲ ဘယ်လိုဖြိုခွဲရမလဲတွေးရင်း မျက်ရည်များကိုကျမလာအောင်ထိန်းရင်း ပုဇွန်‌ကွေးလေးနှင့်ထမင်းကိုပါးစပ်ထဲတစ်ဇွန်းသွပ်လိုက်သည်။
“သား တောင်းပန်ပါတယ်...”
ဧကလေး၏ ထမင်းလုပ်သံနှင့်ပြောသောစကားကြောင့် ထမင်းဝိုင်းတစ်ခုလုံးဘာအသံမှမကြားရအောင်ထိတိတ်ဆိတ်သွားသည်။
“သား အဲ့ဒီလိုပြောချင်တာမဟုတ်ပါဘူး...သားတောင်းပန်ပါတယ်နော်...ပါးပါးကိုဝမ်းနည်းစေဖို့..သား သားမရည်ရွယ်ခဲ့ပါဘူး အင့်....”
ဧကလေးထမင်းဝါးရင်းပြောရာ ဝမ်းနည်းလွန်းလို့  မျက်ရည်များနှင့်အတူရှိုက်သံလေးများထွက်ပေါ်လာသည်။
သားဆီကရှိုက်သံလေးထွက်လာတော့မှ ဦးညိုပျာသွားရကာ ဧကလေးအနားသွားလိုက်ပြီး ပခုံးလေးကိုအသာပွတ်ပေးရင်းပြောလိုက်သည်။
“အာ...သားရယ်...မငိုပါနဲ့...ပါးပါးတို့ဘာမှမဖြစ်ပါဘူး.. မငိုနဲ့နော်...သားငိုတော့ ပါးပါးလည်းစိတ်မ‌ကောင်းဘူး ငိုချင်တာပေါ့...”
“ပါးပါး အီးဟီး....သားတောင်းပန်ပါတယ်...သားကအဲ့လိုပြောချင်တာမဟုတ်ပါဘူး....အီးဟီး...သားတကယ်တောင်းပန်ပါတယ်...အီးဟီး.....”
ချော့တဲ့ကလေးပိုငိုဆိုသလို ဧကလေးထိုအခါမှ ပါးပါးရင်ခွင်ထဲဝင်ပြီး အားရပါးရငိုမိသည်။ဒီအတောအတွင်း ကြိတ်ငိုခဲ့သမျှအကုန်လုံး ဝမ်းနည်းသမျှအကုန်လုံး ပါးပါးကိုဖက်ပြီး ပါးစပ်ထဲမှာလည်း ဝါးလက်စထမင်းများနှင့် အော်ငိုမိသည်။
ကုဋေနှင့်သက္ကရာဇ်လေးမှာ ဧကလေး၏ကလေးပေါက်စလေးသဖွယ် သူ့ပါးပါးရင်ခွင်ထဲအတင်းတိုး‌ဝင်၍ ဗလုံးဗထွေးငိုနေပါသော လူကြီးပေါက်‌စလေးအားကြည့်ရင်း ပြုံးမိသည်။ယခုလိုပုံစံလေးကမှ မင်းမြတ်ဧကဦးမာန်လေးပင်။
“ဟုတ်တာပေါ့ ပါးပါးသိပါတယ်...ပါးပါးသိပါတယ် ကလေးရယ်...မငိုပါနဲ့...တိတ်တိတ်...”
ဦးညို ဧကလေးကျောလေးကိုအသာပွတ်ပေးရင်း ပါးစပ်ကတဖွဖွနှစ်သိမ့်ပေးလိုက်သည်။
“အီးဟီး ပါးပါး ဒယ်ဒီကသားကိုဆူတယ်...”
“ဟောဗျာ ဒယ်ဒီကဘယ်မှာဆူလို့တုန်း...”
ကုဋေ ရုတ်တရက် သူ့ဘက်ကိုမကျေမနပ်ကြည့်၍ နှုတ်ခမ်းဆူကာပြောလာသောသားကြောင့် ကြောင်သွားရသည်။
“သားကို လေသံမာမာနဲ့ပြောတယ်လေ...ပါးပါး ဒယ်ဒီကိုဆူလိုက်...သားကဝမ်းနည်းနေတာကို ဒယ်ဒီကဆူတယ်...အင့်...”
“အွန်း အွန်း ပါးပါးဆူလိုက်မယ်နော်...ဟုတ်ပါ့ ကလေးကိုပြောတာ ကိုကိုနော်...”
ဦးညို ဧကလေးစိတ်ကြိုက် ကိုကို့ကိုဆူသလိုလုပ်လိုက်သည်။
“ဟက်!!အဆိုးလေး...”
“ဟီးဟီး...ကျေနပ်သွားပြီ...”
“ဟွန်း!!!”
သက္ကရာဇ် ကိုကို၏အခုငိုလိုက် အခုရယ်လိုက်နှင့်ချစ်စဖွယ် ကလေးဆန်မှုလေးအားကြည့်ပြီး မေးချိုင့်လေးများပေါ်သည်အထိရယ်လိုက်မိသည်။
ထိုအခါမှမိသားစုလေးယောက်လုံးစိတ်လွတ်လက်လွှတ်ရယ်လိုက်မိသည်။ဧကလေးသည်လည်း ကိုယ့်ကိုကိုယ်မှိုင်တွေနေပြီး မိသားစုကိုဒီထက်ပိုပြီးလျစ်လျူမရှူဘဲ အရင်လိုပုံစံလေးဖြစ်ဖို့ကြိုးစားမည်ဟုဆုံးဖြတ်လိုက်သည်။သူ့မျက်နှာအားအရိပ်တကြည့်ကြည့် ကြည့်နေတတ်သော ဒီမိသားစုလေးက သူမပျော်ရွှင်လျှင် ပျော်ရွှင်နိုင်လိမ့်မည်မဟုတ်ဆိုတာနားလည်သဖြင့် ဒီမိသားစုရှေ့ အတတ်နိုင်ဆုံးအဆင်ပြေအောင်ကြိုးစားနေသွားမည်ဟု စိတ်ပိုင်းဖြတ်ကာ ကြည်ကြည်စင်စင်ပြုံးပြလိုက်သည်။
*************
ဒီနေ့ကိုယ်လက်လေ့ကျင့်ခန်းပြီးသည်နှင့် ဧကလေးတစ်ယောက်ထဲ ပန်းချီခန်းထဲမှ ပန်းချီကားချပ်များကို အစဉ်အတိုင်းပြန်နေရာချနေမိသည်။ဒီနှစ်အတောအတွင်း သူဆွဲမိသည်က ပယင်းရောင်မျက်ဝန်းများ၏ အမူအယာအမျိုးမျိုးပင်ဖြစ်သည်။
သရေခေတ္တရာကိုသူစရောက်သည့်နေ့ သရက်‌ပင်ပေါ်ကပြုတ်ကျကာ အမှောင်ထဲကတွေ့ခဲ့သည့် ပယင်းရောင်မျက်ဝန်းများ၊
နောက်တစ်နေ့မနက်အိပ်ယာနိုးသည့်အချိန် မိမိအားစိုက်ကြည့်နေပါသော အကြည့်စူးစူးများ၊ချစ်မြတ်နိုးဖွယ်အကြည့်များ၊ရယ်မြူးရိပ်သန်းနေသည့်မျက်ဝန်းများ၊အမြဲတမ်းခွင့်လွှတ်နားလည်နွေးထွေးစွာကြည့်တတ်သော အကြည့်လေးများ စသည့်တစ်ခုချင်းဆီတိုင်းကို ဧကလေးအသေးစိတ်မှတ်တမ်းတင်မိသည်။
လူပုံတစ်ပုံမှမပါသည့် သူ့ပန်းချီကားချပ်များအားလုံးက မျက်လုံးပုံများကြည့်ပင်ဖြစ်သည်။ဧကလေး တစ်ပုံချင်းစေ့စေ့ကြည့်ရင်း နှုတ်ခမ်း‌လေးများကကော့တက်နေသလို မျက်ဝန်းပြာလေးများက အရည်ကြည်လေးများရစ်သိုင်းနေသည်။
အာရုံထဲဆွဲထင်နေသည့် မဟာဆန်သည့်နှဖူးပြေပြေ၊ထူထဲ‌ဖြောင့်တန့်နေသည့်မျက်ခုံးတစ်စုံ၊ စူးရှရှပယင်းရောင်မျက်ဝန်းများနှင့် ဖြောင့်စင်းသောနှာတံ၊ပိရိပြတ်သားသော နှုတ်ခမ်း၊လေးကိုင်းသဖွယ်မေးရိုးများ စသည့်အစိတ်အပိုင်းတစ်ခုချင်းဆီကိုအလွတ်မှတ်မိနေသည့် သူ့အတွက် ပုံအဖြစ်ဖော်လိုက်ဖို့ကိုလက်မရဲသည်အထိဖြစ်သည်။
ဧကလေး တစ်ပုံချင်းဆီကိုခပ်ဖွဖွကိုင်တွယ်ပွတ်သပ်ရင်း မျက်ရည်များကျလာမိသည်။
“လွမ်းတယ်...ကျွန်တော်လွမ်းလွန်းလို့ ရူးတော့မလိုပါဘဲ အရှင်ရယ်...အရှင့်ကိုတွေ့ဖို့ ကျွန်တော် ဘယ်ကိုလိုက်ရှာရပါ့မလဲ...ကျွန်တော်တို့ ဒီသံသရာမှာ ဆုံနိုင်ဦးပါ့မလားဟင်..ဆုံတွေ့ကြပါဦးမလား...အရှင်ဘယ်ကိုပဲရောက်နေ‌ရောက်နေ ကျွန်တော်က ပထမတစ်ခါကလိုပဲ အရှင့်ဆီရောက်အောင်လာခဲ့မှာမို့ ကျေးဇူးပြု၍ ဘယ်မှာရှိနေလဲဆိုတာ အရိပ်အမြွက်လေးဖြစ်ဖြစ်ပြောပြပေးပါ..အကယ်၍ အဲ့ဒီမှာပဲရှိနေသေးတယ်ဆိုရင်တောင် ဘယ်နည်းလမ်းကိုသုံးရသုံးရရောက်အောင်လာခဲ့ပါ့မယ်....”
ဧကလေး မျက်ရည်တစ်ချို့ကို လက်ခုံဖြင့် အသာပွတ်သုတ်လိုက်ရင်း...
“ပြီးတော့ အရှင့်ကိုလက်ဆောင်ပေးမယ်ဆိုပြီး မပေးခဲ့ရတဲ့ အဲ့ဒီပန်းချီကားချပ်လေး...ကျွန်တော် အရှင့်လက်ထဲရောက်အောင်ထည့်ပေးချင်မိတယ်...သျှင်းငယ်ကတော်လိုက်တာဆိုတဲ့ အရှင့်ရဲ့ချီးကျူးစကားတွေကိုလည်းကြားချင်တယ်...ကျွန်တော့်အမူအရာတွေကိုအူယားတိုင်း အသည်းယားစရာလို့ပြောတာတွေရော မထိတထိ မျက်ခုံးပင့်ပြီး အဟွန်း ဆိုပြီးသဘောတကျရယ်သံလေးတွေရော အကုန်လုံးကို ကျွန်တော်လွမ်းတယ်...ကြားချင်မိတယ်...”
“လူတွေကအချစ်ဦးကိုရူးကြတယ်တဲ့...ကျွန်တော်ကအဖေတူသားမို့ထင်တယ် ...အချစ်ဦးရော အချစ်ဆုံးရော ဒီဘဝဒီခန္ဓာကပေါက်ဖွားရှင်သန်လာသမျှ အချစ်တွေအားလုံးက အရှင့်ဆီကိုပဲမြစ်ဖျားခံစီးဆင်းနေတယ်... အရှင့်ဆီကရမယ့် မြေဆီလွှာအာဟာရနဲ့မှပေါက်ရောက်ဖြစ်ထွန်းမယ့် မြေရွေးတဲ့သစ်ပင်လေးမို့...ဒီသစ်ပင်လေးဘဝက အရှင်နဲ့မှဖြစ်မှာမို့ ကျွန်တော့်ဆီကိုရောက်လာပေးပါ...ဒါမှမဟုတ် အရှင့်ဆီကိုရောက်လာနိုင်အောင် လမ်းညွှန်ပေးပါ...”
နင့်နင့်နဲနဲလွမ်းနေရပါတယ်....မောင်....”
ဧကလေးတစ်ယောက်ထဲ ပန်းချီကားချပ်လေးတွေကိုပွတ်သပ်ကိုင်တွယ်ရေရွတ်ရင်းငိုကြွေးနေမိသည်။
CHANGE 🍁
May 14,2:34PM
အဟမ်း😷
ဖတ်လို့အဆင်ပြေကြရဲ့လားဟင်....
Reviewမရလည်း အတတ်နိုင်ဆုံး
Daily updateပေးပါ့မယ် စိတ်ဆိုးသွားကြပြီလားဟင်👉👈
Zawgyi
အပိုင်း✨🍁(၃၈)
“သားကြီး...ဧကလေး....”
“ဗျာ ပါးပါး...”
“ဟုတ်...”
**********
“အွန်းအွန်း....”
“အဆင်ပြေပါတယ်ဒယ်ဒီ...”
“ဟုတ်ကဲ့ ဒယ်ဒီ....”
“ဟုတ်ပါးပါး...”