ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(...

By Change_7

805K 67K 6.7K

မောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်... More

Intro
အပိုင်း✨🍁(၁)
အပိုင်း✨🍁(၂)
အပိုင်း✨🍁(၃)
Attention please❤️
အပိုင်း✨🍁(၄)
အပိုင်း✨🍁(၅)
အပိုင်း✨🍁(၆)
အပိုင်း✨🍁(၇)
အပိုင်း✨🍁(၈)
အပိုင်း✨🍁(၉)
အပိုင်း✨🍁(၁၀)
အပိုင်း✨🍁(၁၁)
အပိုင်း✨🍁(၁၂)
အပိုင်း✨🍁(၁၃)
အပိုင်း✨🍁(၁၄)
အပိုင်း✨🍁(၁၅)
အပိုင်း✨🍁(၁၆)
အပိုင်း✨🍁(၁၇)
အပိုင်း✨🍁(၁၈)
အပိုင်း✨🍁(၁၉)
အပိုင်း✨🍁(၂၀)
အပိုင်း✨🍁(၂၁)
အပိုင်း✨🍁(၂၂)
အပိုင်း✨🍁(၂၃)
အပိုင်း✨🍁(၂၄)
အပိုင်း✨🍁(၂၄)( Zawgyi)
အပိုင်း✨🍁(၂၅)
အပိုင်း✨🍁(၂၆)
အပိုင်း✨🍁(၂၇)
အပိုင်း✨🍁(၂၈)
အပိုင်း✨🍁(၂၉)
အပိုင်း✨🍁(၃၀)
အပိုင်း✨🍁(၃၁)
အပိုင်း✨🍁(၃၂)
အပိုင်း✨🍁(၃၃)
အပိုင်း✨🍁(၃၄)
အပိုင်း✨🍁(၃၅)
အပိုင်း✨🍁(၃၆)
အပိုင်း✨🍁(၃၈)
အပိုင်း✨🍁(၃၉)
အပိုင်း✨🍁(၄၀)
အပိုင်း✨🍁(၄၁)
အပိုင်း✨🍁(၄၂)
အပိုင်း✨🍁(၄၃)
အပိုင်း✨🍁(၄၄)
အပိုင်း✨🍁(၄၅)
အပိုင်း✨🍁(၄၆)
အပိုင်း✨🍁(၄၇)
အပိုင်း✨🍁(၄၈)
အပိုင်း✨🍁(၄၉)
အပိုင်း✨🍁(၅၀)
အပိုင်း✨🍁(၅၁)
အပိုင်း✨🍁(၅၂)-(Final)
Extra✨🍁(1)
Extra✨🍁(2)
Extra✨🍁(3)
Special Extra (4)
Special Donate Extra 🍁✨

အပိုင်း✨🍁(၃၇)

10.6K 1K 70
By Change_7

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၃၇)

မင်းမဟာဟော်နန်း၏ သီးသန့်ဆောင်ထဲတွင် မျက်နှာအမူအရာမကောင်းသောလူသုံးယောက်မှာ ငြိမ်သက်စွာထိုင်နေကြရင်း ရှေ့က ကုတင်ပေါ်မှ ဖြစ်တည်မှုလေးအား တိတ်ဆိတ်စွာပဲကြည့်နေကြသည်။

စဝ်မင်းကမ္ဘာဦးခိုက် သတိမရသေးသည်မှာ ဒီနေ့နှင့်ဆိုလျှင် တစ်နှစ်နှင့်ငါးရက်ရှိပြီဖြစ်သည့်အတွက် အခြေအနေဟာစိုးရိမ်ရသည့်ဘက်ကိုရောက်နေပြီဖြစ်သည်။ဆရာမှာကြားသည့်အတိုင်းဆိုလျှင် အချိန်တစ်နှစ်ပြည့်သည်နှင့် သတိပြန်လည်ကာ မူလခန္ဓာကိုယ်ထဲသို့ ဝိဉာဉ်‌ပြန်ရောက်လာမည်ဟုပြောသော်လည်း ယခုမူ ငါးရက်သာကျော်လာသည် လှုပ်ရှားမှုတစ်စုံတစ်ရာအားမတွေ့ရသေးပေ။ဆရာပေးခဲ့သည့် ဝိဉာဉ်ထိန်းဆေးဖယောင်းတိုင်မှာလည်း ကုန်ဆုံးဖို့ လက်တစ်ဆစ်မျှသာလိုတော့သည်ဖြစ်သည်။

စောဒေဝီကလျာ မကြာမှီကုန်ဆုံးတော့မည့် ဖယောင်းတိုင်အားကြည့်ရင်း ကြောက်ရုပ်ကြီးလို မလှုပ်မယှက်ထိုင်နေသော မောင်တော်ဆီအကြည့်ရောက်သွားရသည်။
စိတ်နဲ့ကိုယ်ကင်းကွာနေသလို သားဖြစ်သူအားငူငူကြီးစိုက်ကြည့်နေပါသော မောင်တော်အားကြည့်ရင်း ဒေဝီမျက်ရည်များဝဲလာရသည်။သူမကိုယ်တိုင်လည်းသားအတွက်စိတ်ပူပြီး ငိုကြွေးရလွန်းလို့ မျက်ရည်များတောင် ခန်းခြောက်လုနီးပါးဖြစ်နေပြီဖြစ်သည်။

“ဟင့်...အင့်....”
တစ်ချက်တစ်ချက်ရှိုက်သံထွက်လာကာ ကြိတ်ငိုနေပါသော သမီးငယ်လေးစောနန်းသက်လျာအား ပုခုံးလေးကိုဖွဖွပွတ်ပေးရင်း ဒေဝီနှစ်သိမ့်ပေးနေမိသည်။

“မယ်မယ်...ကိုကိုကသတိပြန်လည်လာမှာပါနော်....”

“သတိရလာမှာပါ သမီးလေးရဲ့....ကိုကိုက ခရီးလွန်နေလို့ပါ..နော်....မငိုနဲ့တော့ တိတ်တိတ် မျက်လုံးတွေယောင်နေပြီ....”

ဒေဝီ သမီးငယ်လေးရဲ့မျက်ရည်တွေကိုအသာပွတ်သုတ်ပေးရင်း

“မောင်တော်...ဆရာနဲ့အဆက်အသွယ်ရပြီလားဟင်...”

“အင်း...မကြာခင်ဆရာရောက်လာလိမ့်မယ်...”

စဝ်စံဦးခိုက် ဇနီးသည်ဖြစ်သူ၏အမေးအား တည်ငြိမ်စွာပြန်ဖြေလိုက်ရင်း ကုတင်ပေါ်မှ သားဆီသို့အကြည့်များကိုပို့ထားလိုက်သည်။သတ်မှတ်ထားသည့်အချိန်ထက်ပိုကြာသွားပါက ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များအားလုံးကို ‌သူသေချာသိသည်။လွန်ခဲ့သောရက်က နာမ်ခွာပြီးဝိဉာဉ်ဘုံတံခါးနားအထိ သား၏ဝိဉာဉ်ကိုသွားရှာသော်လည်းမတွေ့ရခဲ့သဖြင့် စဝ်စံဦးခိုက် စိတ်လျှော့ပြီးပြန်ခဲ့ရသည်။
အမွှေးတိုင် တစ်တိုင်စာရသည့်အချိန်ခဏမှာ နယ်မြေစည်းမျဉ်းကိုကျော်လို့မဖြစ်သဖြင့် လှည့်ပြန်ခဲ့ရသည်ပဲဖြစ်သည်။
အကယ်၍များ သားရဲ့ဝိဉာဉ်ဟာ ထိုအတိတ်မှရုန်းမထွက်နိုင်သေးပါက ဝိဉာဉ်ပြိုကွဲသွားပြီး တစ်သက်လုံးပြန်လာလို့မရတော့မည်ဘဲဖြစ်သည့်အတွက် စိုးရိမ်ပူဆွေးနေရသည်။

ထိုအခိုက် အလင်းရောင်တစ်ချက်ပေါ်လာပြီးနောက် အခန်းထဲမှာတံခါးပေါက်တစ်ခုပေါ်လာကာ ရှမ်းဗဲလားမှခရီးကူးလာသည့် ဆရာရောက်လာသည်။

စဝ်စံဦးခိုက်တို့သုံးယောက်လုံးဆရာအား အရိုအသေပေးလိုက်ကြသည်။

“ဆရာ သားရဲ့အခြေအနေကခန့်မှန်းမရဘူးဖြစ်နေတယ်...သူ အခုထိသတိလည်မလာသေးဘူး....ကျွန်တော် ဝိဉာဉ်တံခါးဝထိလိုက်ရှာခဲ့ပြီးပြီ... ဦးခိုက်ရဲ့ဝိဉာဉ်အပိုင်းအစလေးတွေတောင် မတွေ့ခဲ့ရဘူးဆရာ...”

“အင်း...တယ်လည်းခေါင်းမာလွန်းလှတဲ့ကလေး...မပြီးပြတ်သေးတဲ့ကိစ္စတစ်ချို့ကြောင့် ပြန်မလာနိုင်‌ဖြစ်နေတာ...ဝိဉာဉ်အပိုင်းအစတွေပြိုကွဲစပြုနေတာကို သူသတိတောင်ထားမိရဲ့လားမသိဘူး...”
ဆရာ ကုတင်ပေါ်မှစဝ်မင်းကမ္ဘာဦးခိုက်၏ ခန္ဓာကိုယ်အားကြည့်ရင်းပြောလိုက်သည်။သူသေချာမှာကြားထားသော်လည်း ထိုကလေးကခေါင်းမာစွာပင် ဆက်နေနေပြီး ယခုကျ ပြန်ဖို့ရာလမ်းပျောက်နေလေပြီဖြစ်သည်။ဆက်သွယ်ပေးထားသည့် အဆောင်ပယင်းကြိုးလည်းမရှိတော့သည့်အတွက် အပြန်လမ်းတံခါးကဝေဝါးပျောက်ကွယ်သွားခြင်းဖြစ်သည်။

“ဗျာ...”

“ရှင်...”
ဆရာစကားကြားခိုက် သားအတွက် သူတို့ပိုပြီး စိုးရိမ်ထိတ်လန့်သွားရသည်။

“ကမ္ဘာရဲ့ဝိဉာဉ်အပိုင်းအစတွေ ပြိုကွဲစပြုနေပြီ ...သူ့မှာအချိန်သိပ်မရတော့ဘူး.. ဆရာကိုယ်တိုင်လိုက်ခေါ်မှရတော့မယ်...အကုန်လုံးအပြင်ခဏထွက်ပေးပါ....ဝင်လာလို့ရပြီမပြောမချင်းတစ်ယောက်မှဝင်မလာပါနဲ့...ဆရာပြောတာနားလည်ရဲ့လား...”

“ဟုတ်ကဲ့ နားလည်ပါတယ်ဆရာ...”

“ဟုတ်ကဲ့ရှင့်....”

သားကိုပြန်ခေါ်လာနိုင်ဖို့ကသာအဓိကဖြစ်သောကြောင့် စောဒေဝီတို့စိတ်ပူနေသော်လည်း မေးခွန်းတစ်ခုမမေး စောဒကတက်မနေတော့ဘဲ အခန်းထဲမှထွက်လာလိုက်ကြသည်။
အခန်းအပြင်ဘက်တွင်တော့ သားမိသားဖသုံးယောက်စိုးရိမ်ပူပန်စွာဖြင့် အခြေအနေများကိုရပ်စောင့်နေကြသည်။
အိမ်တော်ထိန်း ဦးစောဖလုံမှာလည်း အလိုက်သိစွာပင် သခင်ကြီးတို့အတွက် ထိုင်ခုံများရွှေ့လာပေးလာသည်။
သို့သော် စိုးရိမ်ပူပန်နေသူများအတွက် ထိုင်နိုင်ခြင်းလည်းမရှိပေ။အခန်းအပြင်မှာပဲ မတ်တပ်စောင့်နေမိကြသည်။

စဝ်စံဦးခိုက်တို့ အခန်းထဲကထွက်သွားသည်နှင့်တစ်ပြိုင်နက် အစီအမံအချို့ဖြင့် စည်းဝိုင်းတစ်ခုကိုတားလိုက်ကာ ကုတင်ပေါ်မှ စဝ်မင်းကမ္ဘာဦးခိုက်၏ ခန္ဓာကိုယ်အား စိတ်စွမ်းအင်ဖြင့်ထိန်းချုပ်လိုက်ကာ ကုတင်ပေါ်မှအသာကြွစေ၍ စည်းဝိုင်းအလည်သို့ တစ်ချက်မထိ‌ဘဲရွှေ့လိုက်သည်။ထို့နောက်တွင်တော့ သူပါစည်းဝိုင်းအလည်သို့ဝင်ထိုင်လိုက်ပြီး နာမ်ခွာစိတ်လွှတ်ခြင်းအတတ်ပညာကျင့်စဉ်ဖြင့် လက်ရှိပစ္စုပ္ပန်မှ လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ခန့်ဆီသို့ အချိန်များကိုဆုတ်လိုက်ကာ ခန္ဓာကိုယ်ထဲမှအလင်းတန်းတစ်ချို့ထွက်သွားလေတော့သည်။

*********

သဲသောင်ပြင်ကြီးတစ်ခုအလည်၌ လက်ထဲတွင် ပုံတူပန်းချီတစ်ခုအားကျစ်ကျစ်ပါအောင်ပိုက်ထားပါသော လူတစ်ဦးသည် ဝေဝေ‌ဝါးဝါးဖြင့် ခြေဦးတည်ရာနေရာသို့ ဇွဲမလျှော့တမ်းခရီးဆက်နေမိသည်။ဘယ်လမ်းကအဝင် ဘယ်လမ်းကအထွက်လည်းဆိုတာမသိရသည့်အပြင် မျက်စိတစ်ဆုံးမြင်နေရသော ဒီ‌သဲသောင်ပြင်ကြီးမှာ သူမရပ်မနားသွားနေသည်မှာ 4ရက်ခန့်ပင်ရှ်ိနေပြီဖြစ်သည်။အားအင်ကုန်ခန်းပြီး မျှော်လင့်ချက်တွေကုန်ဆုံးနေသော်လည်း သေချာပေါက် ဝင်ပေါက်ကိုတွေ့မှဖြစ်မည်ကြောင့် တစ်ချက်မနားဘဲခရီးဆက်နေခြင်းဖြစ်သည်။

လျှောက်ရင်းလျှောက်ရင်း သဲမုန်တိုင်းများနှင့်ကြုံသည့်အခါမှာလည်း အကာအကွယ်မရှိသည့် ဒီလွင်ပြင်ကြီးထဲ စဝ်မင်းကမ္ဘာဦးခိုက် ကိုယ့်ကိုကိုယ်သာအားထားရသည်။
သတ်မှတ်ထားသည့်အချိန်ထက်ကျော်လွန်သွားသောကြောင့် ဒီလိုစမ်းသပ်မှုမျိုးနှင့်ကြုံရသည်ကို သူကောင်းကောင်းသိသည်။ဟော်နန်းက ခန္ဓာကိုယ်ကျင့်စဉ်များနှင့် စိတ်စွမ်းအင်ကျင့်စဉ်များကြောင့် သူ့စိတ်ကိုအားနည်းအောင် လက်လျှော့အောင်တော့ ထိုအရာများကမလုပ်နိုင်ပေ။ဝင်ပေါက်ကိုတွေ့ကိုတွေ့ရမည်ဟူသော ဆုံးဖြတ်ချက်ဖြင့် ဆက်လက်ခရီးဆက်နေမိသည်။

ထိုသို့မရပ်မနားခရီးဆက်နေခိုက် အလင်းတန်းတစ်ချို့ ထွက်ပေါ်လာသဖြင့် ကမ္ဘာရပ်ကြည့်လိုက်ရာ  ထိုအလင်းတန်းများကြားထဲမှ ဆရာ့ကိုတွေ့လိုက်ရသည်။

“ဆရာ...”
ကမ္ဘာ ဆရာ့အား အရိုအသေပေးရင်း ခေါ်လိုက်ရင်း အားကိုးရာရှာတွေ့သွားသလို ပယင်းရောင်မျက်ဝန်းများကလက်သွားသည်။

“အင်း...ဘယ်ထိခရီးဆက်ဖို့ပြင်နေတာလဲ...”

“ကျွန်တော်လမ်းရှာမတွေ့တော့လို့ပါ...”

“မင်းကိုဆရာဘာမှာထားလဲ...ဘာလို့သတ်မှတ်ထားတဲ့အချိန်အတွင်းရောက်အောင်ပြန်မလာခဲ့တာလဲ....”

“ကျွန်တော် ...”
ကမ္ဘာ လက်ထဲကကားချပ်လေးကိုတင်းတင်းလေးဆုပ်ကိုင်လိုက်ရင်း

“ကျွန်တော့် အမှားပါ...”

“ထားတော့ ...အခု မင်းရဲ့မူလခန္ဓာကိုယ်က ဝိဉာဉ်ပြိုကွဲစပြုနေပြီ ဘယ်အချိန်ထိ ဒီသဲကန္တရထဲ ခရီးဆက်ဦးမလို့လဲ....”

ကမ္ဘာ ဆရာ့ရဲ့အမေးစကားအား ပြန်ဖြေခြင်းမပြုဘဲ တိတ်ဆိတ်သွားသည်။
အကယ်၍ ဆရာသာပေါ်မလာဘူးဆိုလျှင် သူအခွင့်အရေးရသလောက် ခရီးဆက်နေမိဦးမည်ထင်၏။

ဆရာဖြစ်သူမှာ တစ်ဦးထဲသော ဇွဲကြီးလှသည့်တပည့်ဖြစ်သူအားကြည့်ရင်း ခေါင်းကိုအသာရမ်းကာ
“ပြန်ကြစို့...”

“ဟုတ်ကဲ့...”

“အဲ့ဒီကနေ ဒီဘက်ကို ပစ္စည်းတွေယူခွင့်မရှိဘူးဆိုတာသိတယ်မလား ...”

ကမ္ဘာသူ့လက်ထဲက ကားချပ်လေးအား ကြည့်ရင်းပြောလာသော ဆရာ့စကားကြောင့်

“ကျွန်တော်ယူသွားလို့ရမလား...”

“တန်ရာတန်ကြေးပေးခဲ့ရမယ်ဆိုတာ ဆရာရှင်းပြစရာမလိုဖူးလို့ထင်တယ်....”

“ဟုတ်ကဲ့ ကျွန်တော်နားလည်‌ပါတယ်....”

ထို့နောက် တန်ရာတန်ကြေးတစ်ခုအနေဖြင့် ကမ္ဘာ တစ်စုံတစ်ခုကိုပေးခဲ့ရသည်။ထိုတစ်စုံတစ်ခုဟာဆိုလျှင်ဖြင့် နှစ်ဦးလုံးကိုနာကျင်စေသည့်အရာဖြစ်နေခဲ့သည်ကကျိန်စာတစ်ခုလိုပင်။

“အင်း မူလခန္ဓာရှိရာပြန်ကြတာပေါ့...ဆရာ့နောက်ကလိုက်ခဲ့...”

“ဟုတ်ကဲ့ ဆရာ....”

ကမ္ဘာ ဆရာသွားရာလမ်းအတိုင်း လိုက်ခဲ့ရာ မကြာမှီပင် အလင်းတန်းများပျောက်ကွယ်သွား၍ ရင်းနှီးနေသည့်ပတ်ဝန်းကျင်ရှိရာနေရာသို့ရောက်လာသည်။
ထိုနေရာကတော့ မင်းမဟာဟော်နန်းအတွင်းမှ သူ့ရဲ့ကိုယ်ပိုင်အခန်းထဲပင်ဖြစ်သည်။

ကမ္ဘာ သူ့ခန္ဓာကိုအနားရောက်‌သည့်အချိန်မှ ပြိုကွဲနေသည့် ဝိဉာဉ်အပိုင်းအစများကို ထင်ထင်ရှားရှားတွေ့လိုက်သည်။
သူမကြာခင်အဆုံးသတ်ရတော့မှာလား....။

“ကဲ ဘာမှမတွေးတော့ဘဲ ခန္ဓာကိုယ်ထဲဝင်တော့...”

သူ့အတွေးတွေကိုသိသည့်အလားပြောလာသော ဆရာရဲ့စကားကြောင့် ကမ္ဘာခေါင်းညိတ်ပြလိုက်ကာ မိမိခန္ဓာကိုယ်ထဲဝင်လိုက်သည်။လက်ထဲမှကားချပ်လေးကတော့ သခင်အလိုကျ ချိတ်ပိတ်ထားသည့် စာကြည့်ခန်းထဲကတစ်နေရာသို့ရောက်သွားသည်။

အချိန်ခဏမျှကြာပြီးနောက် ဆရာ၏မျက်လုံးများပွင့်လာကာ တင်ပလင်ခွေနေရာမှ ညင်သာစွာမတ်တပ်ထရပ်လိုက်သည်။ထို့နောက် စည်းဝိုင်းထဲမှ ကမ္ဘာခန္ဓာကိုယ်အား စိတ်စွမ်းအင်ဖြင့် လေပေါ်ကြွ‌စေကာထိန်းချုပ်လိုက်ပြီး အပြင်ဘက်မှ စိုးရိမ်ပူပန်နေသူများအား အသံပေးလိုက်သည်။

“စဝ်စံဦးခိုက် ...”

ဆရာ့အသံကြားသည်နှင့် အခန်းအပြင်မှ စဝ်စံဦးခိုက်တို့ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
“ဟုတ်ကဲ့ ဆရာ....”

“ဝင်လာလို့ရပြီ....”

“ဟုတ်ကဲ့ဗျ...”

စောဒေ‌ဝီကလျာတို့ အခန်းထဲသို့ အလောတကြီးဝင်လာကြပြီးနောက် ကုတင်ပေါ်မှ ငြိမ်သက်စွာပဲ‌ရှိနေသေးသော သားဖြစ်သူကို စိုးရိမ်တကြီးကြည့်လိုက်ကြသည်။

“ဆရာ...သားအခြေအနေဘယ်လိုရှိပါသလဲဟင်...သားလေး မကြာခင်သတိရလာမှာလားဟင်...”

“အခုအခြေအနေအရ ဝိဉာဉ်ကတော့ ခန္ဓာကိုယ်ထဲပြန်ရောက်သွားပေမယ့် ပြိုကွဲနေတဲ့အပိုင်းအစတစ်ချို့ကြောင့် သတိလည်ဖို့ဆိုတာ အချိန်ကြာဦးမှာ ...ဆရာ သူ့ကို ရှမ်းဗဲလားကို‌ခေါ်ပြီး ကုသပေးဖို့ အချိန်လိုတယ်....”

“ဘယ်လောက် ဘယ်လောက်ထိကြာမှာလဲဟင်....”

“တစ်နှစ်လည်းဖြစ်နိုင်သလို သုံး၊လေးနှစ်လည်းဖြစ်နိုင်တယ်...ဒါမှမဟုတ် အဲ့ဒီထက်အချိန်ပိုကြာချင်လည်းပိုကြာသွားနိုင်တယ်...”

“ရှင်...”
စောဒေဝီဘာမှမပြောနိုင်တော့ဘဲ အောက်ကိုအပုံလေးလိုက်ခွေကျသွားသဖြင့် သခင်ကြီးအမြန်လှမ်းထိန်းလိုက်သည်။
သူမတို့သားလေးက မရဏတံခါးကပြန်လာနိုင်ခဲ့တာတောင် သတိလည်ဖို့ဆိုတာအချိန်အကြာကြီးယူရဦးမည်တဲ့လား။ဘာတွေကမှားယွင်းနေတာလဲ။ကလေးငယ်လေးပေါ်မှကံကြမ္မာက ‌ကွက်ရက်စက်နေသည်လား။

စဝ်စံဦးခိုက် ဇနီးဖြစ်သူကိုအသာအယာပွေ့ဖက်ထားရင်း ဆရာ့ကိုကြည့်ကာ ...

“ကမ္ဘာပြန်သက်သာမယ်ဆိုရင် အချိန်ဘယ်လောက်ကြာကြာ ကျွန်တော်တို့အတွက် အဆင်ပြေပါတယ်ဆရာ...ကျေးဇူးပြု၍ သားကိုကယ်ပေးပါ...”

“အင်း...စိတ်ကိုအေးအေးထားပါ...ဟိုမှာ ဆရာထက် ထက်မြတ်တဲ့ပုဂ္ဂိုလ်တွေအများကြီး ကူညီပြီး စုစည်းပေးမှာပါ..ကမ္ဘာကစိတ်ဓာတ်ကြံ့ခိုင်တဲ့ကလေးပါ...သူအမြန်ဆုံးပြန်လာပါလိမ့်မယ်....”

“ဟုတ်ကဲ့ ဆရာ...”

“ကဲ ဆရာ့ကိုခွင့်ပြုပါဦး...”
ဆရာပြောပြီးသည်နှင့် လက်ကိုဝှေ့ရမ်းလိုက်ရာ ဝင်ပေါက်တစ်ခုပေါ်လာပြီး ကမ္ဘာ၏ခန္ဓာကိုယ်နှင့်တကွ ထိုဝင်ပေါက်ထဲကိုဝင်ပြီးနောက် ဂမ္ဘီရနယ်မြေဖြစ်သည့် စွမ်းအားများနှင့်ပြည့်‌နှက်နေသော ရှမ်း‌ဗဲလားသို့ခေါ်ဆောင်သွားလေတော့သည်။

မင်းမဟာဟော်နန်းကြီးတစ်ခုလုံးလည်း တိတ်ဆိတ်သည်ထက် တိတ်ဆိတ်သွားပြီးနောက် သခင်မလေးနှစ်ယောက်၏ငိုရှိုက်သံသဲ့သဲ့နှင့်တစ်ခု သခင်ကြီး၏သက်ပြင်းချသံထွက်ပေါ်လာတော့သည်။

***********

တစ်လခန့်ကြာပြီးနောက်..,

“သားကြီး ဧကလေး...မအေးဖူးလား လက်တိုလေးနဲ့....”
ကုဋေ ရုံးမှအပြန် ဆေးရုံကိုဝင်လာရာ အခန်းတံခါးပေါက်နား wheelchairလေးဖြင့် ထိုင်ရင်း အပြင်ဘက်ကနေဝင်ချိန်ကိုငေးနေသော သားဖြစ်သူကိုတွေ့လိုက်ရသဖြင့် လက်ရှည်လေးဖြင့် လွှားပေးရင်း မေးလိုက်သည်။
သတိရလာသည့်အချိန်မှစ၍ သားက တစ်ယောက်ထဲရှိနေသည့်အချိန်ဆို ထိုကဲ့သို့မှိုင်မှိုင်တွေတွေဖြင့် ငေးနေတွေးနေတက်သည်။
သားစိတ်ထဲမှာဘာတွေတွေးနေလည်းကုဋေ‌တို့လည်းမ‌သိပေမယ့် မျက်ဝန်းပြာလေးတွေက အမြဲမှိုင်းဖျနေလေသည်။

“ဪ ဒယ်ဒီ...ဟီး မအေးပါဘူးဗျာ...သား နေဝင်ချိန်ကြည့်နေတာ....”

“ဟုတ်ပါပြီဗျာ...မင်း ပါးပါးရော...”

“ဆေးရုံဆင်းဖို့သွားလုပ်တယ်ဒယ်ဒီ...ပြန်လည်ထူထောင်ရေးလုပ်ငန်း‌ကတော့ အိမ်မှာပဲလုပ်လည်းအဆင်ပြေတာ‌မို့ ပါးပါးကို ဆေးရုံဆင်းချင်ပြီပြောလိုက်တာ...သား ဆေးရုံမှာနေရတာ မွန်းကျပ်နေပြီ...”

“အွန်းကောင်းပါတယ်...သားကိုကူဖို့ သက္ကရာဇ်လည်းရှ်ိတာ‌ပဲ...ဘယ်လိုလဲ‌ ဒီနေ့နေရတာအဆင်ပြေရဲ့လား....”

“ဟုတ်ဒယ်ဒီ အဆင်ပြေပါတယ်...”
ဧကလေး ဒယ်ဒီအားပြုံးပြရင်းပြောလိုက်သည်။ထို့နောက်တွင်တော့ သူ့ရဲ့အကြည့်များက နေဝင်ချိန်ဆီကိုပဲပြန်ရောက်သွားကာ လက်မှလက်ပတ်လေးကိုအသာပွတ်ရင်း

“ဒယ်ဒီ...”

“ဗျာ...”

“ဟိုမှာ နေဝင်ချိန်တွေကပိုလှတယ်သိလား...
မျက်စိတစ်ဆုံးမြင်နေရတဲ့ ရွှေဝါရောင်စပါးခင်းကြီးနဲ့ အိပ်တန်းတက်ဖို့ပြန်နေတဲ့ ငှက်လေးတွေရော...ပြီးတော့ ပယင်းရောင်မျက်ဝန်းလေး အဟင်း...”
ဧကလေး မျက်ရည်များဖြင့်ပြုံးရင်း တိုးတိုးလေးပြောလိုက်သည်။တစ်ယောက်သောသူကိုသူအရမ်းလွမ်းနေလေသည်။

လွန်ခဲ့သောတစ်လကသူသတိရလာတော့ ကိုမာဝင်တာအချိန်တစ်နှစ်နီးပါးကြာခဲ့ပြီမို့ ခန္ဓာကိုယ်မှ ကြွက်သားများ၊ဆဲလ်များကချက်ချင်းကောင်းကောင်းအလုပ်မလုပ်သဖြင့် သူ့မှာထိုအတိုင်း အိပ်ယာထဲအကြာကြီးနေခဲ့ရသေးသည်။နိုးနိုးချင်း ပါးပါးတို့ကလည်းငို ဒယ်ဒီလည်းငို တစ်ခါမှ မျက်ရည်တောင်မဝဲဖူးတဲ့ ဖောင်းဖောင်းလေးကပါ မျက်ရည်တွေဝဲပြီးကြည့်နေတော့ သူ့ခမျာ ဘယ်သူ့ကိုချော့ရမှန်းမသိတော့ဘဲပျာသွားခဲ့ရသည်။ထို့ကြောင့် ပါးပါးတို့နဲ့အတူဝမ်းနည်းလွန်းလို့လိုက်ငိုမိသည်။

သူဟာTime travelတစ်ခုအနေနဲ့ အချိန်ခရီးသွားခဲ့သည်လား ဒါမှမဟုတ် ရှည်လျားလွန်းတဲ့အိမ်မက်ရှည်ကြီးကိုမက်ခဲ့သည်လားဆိုသည်မှာ သူကိုယ်တိုင်အသိဆုံးပင်။
အကယ်၍ ထိုအရာကသာအိမ်မက်ရှည်ကြီးတစ်ခုဖြစ်ခဲ့ပါက ဧကလေးယုံကြည်နိုင်လိမ့်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော ပျူခေတ်တစ်ခုက မေတ္တာတွေရဲ့ နွေးထွေးလုံခြုံမှု၊ပျော်ရွှင်ရမှု၊ဝမ်းနည်းနာကျင်ရမှုကို သူပြတ်ပြတ်သားသား ခံစားမိ‌နေတုန်းပင်ဖြစ်သည်။သူ့နှဖူးပေါ် အမြဲရိုက်ခတ်တတ်သော အရှင့်၏‌ဝင်သက်ထွက်သက်နွေးနွေး၊ဖခင်တစ်ဦးလို လုံခြုံမှုပေးနိုင်လွန်းသည့် နွေးထွေးသည့်ရင်ပြင်ကျယ်ကြီးနှင့်အတူ ဧကလေးအားအရှက်သည်းစေပါသော ပယင်းရောင်အကြည့်စူးစူးများ၊သဘောတကျရယ်သံများကို သူထင်ထင်ရှားရှားပြတ်ပြတ်သားသားမှတ်မိနေသည်မှာ ရင်ဘက်ထဲတွင် နာကျင်လွန်းသည့်အထိပင်။ညတိုင်းထိုအကြောင်းအရာများကို စဉ်းစားရင်း ပါးပါးတို့မသိအောင်ကြိတ်ငိုရသည်မှာလည်း ရင်ဘက်တွေတင်းကျပ်ပြီး အသက်ရှူရပ်မတက်ခံစားရသည့်အထိပင်ဖြစ်သည်။

နောက်ရက် အင်္ကျီအဝတ်အစားလဲသည့်အချိန်ရောက်မှ သူ့လက်မှာပတ်ထားသည့် ပယင်းကြိုးလေးကို မဟေဋိဆန်စွာတွေ့ခဲ့ရသည့်အခိုက် ကြုံတွေ့သမျှအရာအားလုံးကအမှန်တကယ်ပါဆိုတာကို ပိုလို့လက်ခံသွားရပြီး ပိုလို့လွမ်းဆွတ်နာကျင်မိသည်။
ထိုအချိန်တုန်းက အတော်လေးအံ့ဩသွားပုံရသော ပါးပါးက သူ့ကိုကြည့်ကာ...

“သား ဘယ်တွေများရောက်ခဲ့တာလဲ...
ပါးပါး တစ်နှစ်လုံး သားကို ကိုယ်လက်သန့်ရှင်းပေးအဝတ်အစားလဲပေးခဲ့တာ ဒီလက်ပတ်လေးကို တစ်ခါမှမတွေ့ခဲ့ဖူးဘူး...”

ဟူ၍ လက်ပတ်လေးမှပယင်းကျောက်လေးအားဖွဖွလေးကိုင်တွယ်ရင်း မေးလာခဲ့သည်။

“ဟင်....”
ဧကလေးမှာ ပါးပါးစကားကြောင့် လက်ကိုအမြန်မြှောက်ကြည့်ပါသော်လည်း လှုပ်ရှားမရသည့်လက်ကြောင့် အချည်းနှီးဖြစ်ကာ ကိုယ့်ကိုကိုယ်ဒေါသထွက်ရလွန်းလို့ မျက်ရည်များပါကျလာသည်။

*ဘယ်လောက်တောင် သောက်သုံးမကျလိုက်တဲ့ကောင်လဲ...အရှင့်ရဲ့တစ်ခုထဲသော အမှတ်တရပစ္စည်းလေးဖြစ်တဲ့ ပယင်းကြိုးလေးကို အတည်ပြုဖို့ရာအတွက်ကိုဘာလို့ ဒီသုံးစားမရတဲ့လက်တွေက ရွှေ့လျားလို့မရ‌တာလဲ....*
ဧကလေး ဒေါသထွက်လေ မျက်ရည်များကျလာလေဖြစ်ရာ အတင်းလက်ကိုထောင်ကြည့်ဖို့ရာကြိုးစားသည်။

“သားရယ်...စိတ်လျှော့ စိတ်လျှော့ အရမ်းကြီးမလုပ်ပါနဲ့...အရမ်းကြီးမလုပ်ပါနဲ့သားရယ် ပါးပါးပြပါ့မယ်....”

ထို့နောက် ပါးပါး မ ပြလာသော သူ့လက်ကောက်ဝတ်မှ ပယင်းကြိုးလက်ပတ်လေးအားကြည့်ပြီးနောက်မှာတော့ ပိုသေချာသည်ထက်သေချာသွားကာ အသည်းအသန်ပင်ငိုကြွေးမိတော့သည်။
သူ့မျက်ရည်များကြောင့် စိုးရိမ်စွာမေးလာသော ပါးပါးစကားများကိုလည်းမဖြေနိုင် ။တစ်ကိုယ်လုံးလှုပ်ရှားမရသေးသည့်အခြေအနေမှာ သူမွန်းကျပ်လွန်းစွာငိုမိသည်။

ယခုလည်း ရင်ဘက်ထဲမှတစ်စို့လာသော ခံစားချက်ကြောင့် မျက်ရည်များမကျအောင်ထိန်းရင်းအရူးတစ်ယောက်လိုပြုံးပြီး တီးတိုးပြောမိသည်။

ကုဋေ တစ်ယောက်ထဲဝမ်းနည်းကာ မငိုမိအောင်ထိန်းထားနေသော လူဆိုးလေးကိုကြည့်ရင်း
“သား ဧကလေး....သားဘာတွေကြုံခဲ့ရလဲ...ဘာတွေခံစားနေရလဲဆိုတာ ပြောပြချင်လား...”

“သားပြောပြရင်ရော ဒယ်ဒီတို့ယုံကြည်နိုင်ပါ့မလား....”

“ယုံတာပေါ့...ဒယ်ဒီတို့ကသားကိုအကြွင်းမဲ့ယုံတယ်...ပြီးတော့ ဒီလောကကြီးရဲ့ဆန်းကျယ်မှုတွေကိုလည်းယုံတယ်...”

“သား အခုပြောပြဖို့ရာအဆင်မပြေသေးဘူးဒယ်ဒီ...သား...သား မပြောပြနိုင်သေးဘူး...”

“ဒယ်ဒီနားလည်ပါတယ်...သားမှတ်ထားရမှာက သားဘက်မှာ ဒယ်ဒီရော ပါးပါးရော ဖောင်းဖောင်းလေးရောရှိတယ်...သားတစ်ယောက်ထဲ ကြိတ်ပြီးဝမ်းနည်းမနေပါနဲ့ မိသားစုဆိုတဲ့အသိုက်အမြုံလေးမှာ ပျော်ရွှင်စရာ ဝမ်းနည်းစရာ‌တွေကိုအတူဝေမျှပေးလို့ရပါတယ်...သား အဖြေရှာမရ‌ဖြစ်နေတဲ့ပုစ္ဆာတွေကို ဒယ်ဒီတို့ငယ်ငယ်ကကူပြီး အဖြေရှာ‌ပြသလိုပဲ အခုလည်း သား အဖြေထုတ်မရတဲ့ပြဿနာတွေကို ဒယ်ဒီတို့ကူပြီအဖြေထုတ်ပေးချင်တယ်...ဒယ်ဒီပြောတာ သား နားလည်ရဲ့လား...”

“ဟုတ် ဒယ်ဒီ...”
ဧကလေး မျက်ရည်များနှင့်ခေါင်းညိတ်ပြလိုက်သည်။

ကုဋေ ဝမ်းနည်းနေသည့်သားကြီးကို အသာပွေ့ဖက်နှစ်သိမ့်ပေးလိုက်ရင်း နေဝင်ချိန်ကိုသားကြီးနည်းတူငေးကြည့်လိုက်သည်။သားကြီးဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာ သူမသိပေမယ့် နာကျင်ခံစားနေရသည်ကိုတော့သူမမြင်ရက်ပေ။သားကြီး ပြောပြလာမည့်အချိန်ကိုစောင့်ရင်း လုပ်နိုင်သမျှလုပ်ပေးဖို့ဆုံးဖြတ်ထားသည်။

ကမ္ဘာကြီး၏ မတူညီတဲ့တစ်နေရာဆီမှ
လူနှစ်ယောက်ရဲ့ထပ်တူကျနေသည့်နှလုံးသားတစ်စုံနှင့်အတူ နာကျင်မှုများဟာလည်းထပ်တူကျနေခဲ့သည်။
တစ်ယောက်က အသက်အန္တရာယ်နှင့်ရင်ဆိုင်နေရချိန် တစ်ယောက်က ရင်ကွဲမတက်နာကျင်မှုတွေခံစားနေရသည့်အချိန်။
ကံကြမ္မာဟာ စက်ဝိုင်းပုံသဏ္ဍာန်လည်ပတ်နေသည်လား။သေချာသည်ကတော့ ကျွန်ုပ်က‌သူတို့ကိုဆုံ‌တွေ့ပေးမည့် အဝိုင်းဖြတ်မျဉ်းတစ်ခုပင်ဖြစ်သည်။

CHANGE 🍁

May 13,12:12PM

အဟမ်း!!အိမ်လိပ်စာမတောင်းရပါ😷
Updateကို Dailyသွားပေးရမလား
အကယ်၍ Dailyသွားစေချင်ရင် Reviewပေးကြပါ ဟိဟိ...

ဒီနေ့ Reviewပေးချင်တဲ့ficကတော့ မကြာခင် ဒီလအတွင်း စာအုပ်လေးအဖြစ်ထွက်ရှိလာတော့မယ့်
My Universe is Oo Nyo ဆိုတဲ့ficလေးပါ🥺♥️ ဖတ်ပြီးကြပြီလားဟင်

Zawgyi

ပယင္းႀကိဳးသီခ်စ္ေသာေမာင့္ဆီ
အပိုင္း✨🍁(၃၇)

မင္းမဟာေဟာ္နန္း၏ သီးသန႔္ေဆာင္ထဲတြင္ မ်က္ႏွာအမူအရာမေကာင္းေသာလူသုံးေယာက္မွာ ၿငိမ္သက္စြာထိုင္ေနၾကရင္း ေရွ႕က ကုတင္ေပၚမွ ျဖစ္တည္မႈေလးအား တိတ္ဆိတ္စြာပဲၾကည့္ေနၾကသည္။

စဝ္မင္းကမာၻဦးခိုက္ သတိမရေသးသည္မွာ ဒီေန႔ႏွင့္ဆိုလွ်င္ တစ္ႏွစ္ႏွင့္ငါးရက္ရွိၿပီျဖစ္သည့္အတြက္ အေျခအေနဟာစိုးရိမ္ရသည့္ဘက္ကိုေရာက္ေနၿပီျဖစ္သည္။ဆရာမွာၾကားသည့္အတိုင္းဆိုလွ်င္ အခ်ိန္တစ္ႏွစ္ျပည့္သည္ႏွင့္ သတိျပန္လည္ကာ မူလခႏၶာကိုယ္ထဲသို႔ ဝိဉာဥ္‌ျပန္ေရာက္လာမည္ဟုေျပာေသာ္လည္း ယခုမူ ငါးရက္သာေက်ာ္လာသည္ လႈပ္ရွားမႈတစ္စုံတစ္ရာအားမေတြ႕ရေသးေပ။ဆရာေပးခဲ့သည့္ ဝိဉာဥ္ထိန္းေဆးဖေယာင္းတိုင္မွာလည္း ကုန္ဆုံးဖို႔ လက္တစ္ဆစ္မွ်သာလိုေတာ့သည္ျဖစ္သည္။

ေစာေဒဝီကလ်ာ မၾကာမွီကုန္ဆုံးေတာ့မည့္ ဖေယာင္းတိုင္အားၾကည့္ရင္း ေၾကာက္႐ုပ္ႀကီးလို မလႈပ္မယွက္ထိုင္ေနေသာ ေမာင္ေတာ္ဆီအၾကည့္ေရာက္သြားရသည္။
စိတ္နဲ႔ကိုယ္ကင္းကြာေနသလို သားျဖစ္သူအားငူငူႀကီးစိုက္ၾကည့္ေနပါေသာ ေမာင္ေတာ္အားၾကည့္ရင္း ေဒဝီမ်က္ရည္မ်ားဝဲလာရသည္။သူမကိုယ္တိုင္လည္းသားအတြက္စိတ္ပူၿပီး ငိုေႂကြးရလြန္းလို႔ မ်က္ရည္မ်ားေတာင္ ခန္းေျခာက္လုနီးပါးျဖစ္ေနၿပီျဖစ္သည္။

“ဟင့္...အင့္....”
တစ္ခ်က္တစ္ခ်က္ရႈိက္သံထြက္လာကာ ႀကိတ္ငိုေနပါေသာ သမီးငယ္ေလးေစာနန္းသက္လ်ာအား ပုခုံးေလးကိုဖြဖြပြတ္ေပးရင္း ေဒဝီႏွစ္သိမ့္ေပးေနမိသည္။

“မယ္မယ္...ကိုကိုကသတိျပန္လည္လာမွာပါေနာ္....”

“သတိရလာမွာပါ သမီးေလးရဲ႕....ကိုကိုက ခရီးလြန္ေနလို႔ပါ..ေနာ္....မငိုနဲ႔ေတာ့ တိတ္တိတ္ မ်က္လုံးေတြေယာင္ေနၿပီ....”

ေဒဝီ သမီးငယ္ေလးရဲ႕မ်က္ရည္ေတြကိုအသာပြတ္သုတ္ေပးရင္း

“ေမာင္ေတာ္...ဆရာနဲ႔အဆက္အသြယ္ရၿပီလားဟင္...”

“အင္း...မၾကာခင္ဆရာေရာက္လာလိမ့္မယ္...”

စဝ္စံဦးခိုက္ ဇနီးသည္ျဖစ္သူ၏အေမးအား တည္ၿငိမ္စြာျပန္ေျဖလိုက္ရင္း ကုတင္ေပၚမွ သားဆီသို႔အၾကည့္မ်ားကိုပို႔ထားလိုက္သည္။သတ္မွတ္ထားသည့္အခ်ိန္ထက္ပိုၾကာသြားပါက ျဖစ္ေပၚလာႏိုင္သည့္အက်ိဳးဆက္မ်ားအားလုံးကို ‌သူေသခ်ာသိသည္။လြန္ခဲ့ေသာရက္က နာမ္ခြာၿပီးဝိဉာဥ္ဘုံတံခါးနားအထိ သား၏ဝိဉာဥ္ကိုသြားရွာေသာ္လည္းမေတြ႕ရခဲ့သျဖင့္ စဝ္စံဦးခိုက္ စိတ္ေလွ်ာ့ၿပီးျပန္ခဲ့ရသည္။
အေမႊးတိုင္ တစ္တိုင္စာရသည့္အခ်ိန္ခဏမွာ နယ္ေျမစည္းမ်ဥ္းကိုေက်ာ္လို႔မျဖစ္သျဖင့္ လွည့္ျပန္ခဲ့ရသည္ပဲျဖစ္သည္။
အကယ္၍မ်ား သားရဲ႕ဝိဉာဥ္ဟာ ထိုအတိတ္မွ႐ုန္းမထြက္ႏိုင္ေသးပါက ဝိဉာဥ္ၿပိဳကြဲသြားၿပီး တစ္သက္လုံးျပန္လာလို႔မရေတာ့မည္ဘဲျဖစ္သည့္အတြက္ စိုးရိမ္ပူေဆြးေနရသည္။

ထိုအခိုက္ အလင္းေရာင္တစ္ခ်က္ေပၚလာၿပီးေနာက္ အခန္းထဲမွာတံခါးေပါက္တစ္ခုေပၚလာကာ ရွမ္းဗဲလားမွခရီးကူးလာသည့္ ဆရာေရာက္လာသည္။

စဝ္စံဦးခိုက္တို႔သုံးေယာက္လုံးဆရာအား အ႐ိုအေသေပးလိုက္ၾကသည္။

“ဆရာ သားရဲ႕အေျခအေနကခန႔္မွန္းမရဘူးျဖစ္ေနတယ္...သူ အခုထိသတိလည္မလာေသးဘူး....ကြၽန္ေတာ္ ဝိဉာဥ္တံခါးဝထိလိုက္ရွာခဲ့ၿပီးၿပီ... ဦးခိုက္ရဲ႕ဝိဉာဥ္အပိုင္းအစေလးေတြေတာင္ မေတြ႕ခဲ့ရဘူးဆရာ...”

“အင္း...တယ္လည္းေခါင္းမာလြန္းလွတဲ့ကေလး...မၿပီးျပတ္ေသးတဲ့ကိစၥတစ္ခ်ိဳ႕ေၾကာင့္ ျပန္မလာႏိုင္‌ျဖစ္ေနတာ...ဝိဉာဥ္အပိုင္းအစေတြၿပိဳကြဲစျပဳေနတာကို သူသတိေတာင္ထားမိရဲ႕လားမသိဘူး...”
ဆရာ ကုတင္ေပၚမွစဝ္မင္းကမာၻဦးခိုက္၏ ခႏၶာကိုယ္အားၾကည့္ရင္းေျပာလိုက္သည္။သူေသခ်ာမွာၾကားထားေသာ္လည္း ထိုကေလးကေခါင္းမာစြာပင္ ဆက္ေနေနၿပီး ယခုက် ျပန္ဖို႔ရာလမ္းေပ်ာက္ေနေလၿပီျဖစ္သည္။ဆက္သြယ္ေပးထားသည့္ အေဆာင္ပယင္းႀကိဳးလည္းမရွိေတာ့သည့္အတြက္ အျပန္လမ္းတံခါးကေဝဝါးေပ်ာက္ကြယ္သြားျခင္းျဖစ္သည္။

“ဗ်ာ...”

“ရွင္...”
ဆရာစကားၾကားခိုက္ သားအတြက္ သူတို႔ပိုၿပီး စိုးရိမ္ထိတ္လန႔္သြားရသည္။

“ကမာၻရဲ႕ဝိဉာဥ္အပိုင္းအစေတြ ၿပိဳကြဲစျပဳေနၿပီ ...သူ႔မွာအခ်ိန္သိပ္မရေတာ့ဘူး.. ဆရာကိုယ္တိုင္လိုက္ေခၚမွရေတာ့မယ္...အကုန္လုံးအျပင္ခဏထြက္ေပးပါ....ဝင္လာလို႔ရၿပီမေျပာမခ်င္းတစ္ေယာက္မွဝင္မလာပါနဲ႔...ဆရာေျပာတာနားလည္ရဲ႕လား...”

“ဟုတ္ကဲ့ နားလည္ပါတယ္ဆရာ...”

“ဟုတ္ကဲ့ရွင့္....”

သားကိုျပန္ေခၚလာႏိုင္ဖို႔ကသာအဓိကျဖစ္ေသာေၾကာင့္ ေစာေဒဝီတို႔စိတ္ပူေနေသာ္လည္း ေမးခြန္းတစ္ခုမေမး ေစာဒကတက္မေနေတာ့ဘဲ အခန္းထဲမွထြက္လာလိုက္ၾကသည္။
အခန္းအျပင္ဘက္တြင္ေတာ့ သားမိသားဖသုံးေယာက္စိုးရိမ္ပူပန္စြာျဖင့္ အေျခအေနမ်ားကိုရပ္ေစာင့္ေနၾကသည္။
အိမ္ေတာ္ထိန္း ဦးေစာဖလုံမွာလည္း အလိုက္သိစြာပင္ သခင္ႀကီးတို႔အတြက္ ထိုင္ခုံမ်ားေ႐ႊ႕လာေပးလာသည္။
သို႔ေသာ္ စိုးရိမ္ပူပန္ေနသူမ်ားအတြက္ ထိုင္ႏိုင္ျခင္းလည္းမရွိေပ။အခန္းအျပင္မွာပဲ မတ္တပ္ေစာင့္ေနမိၾကသည္။

စဝ္စံဦးခိုက္တို႔ အခန္းထဲကထြက္သြားသည္ႏွင့္တစ္ၿပိဳင္နက္ အစီအမံအခ်ိဳ႕ျဖင့္ စည္းဝိုင္းတစ္ခုကိုတားလိုက္ကာ ကုတင္ေပၚမွ စဝ္မင္းကမာၻဦးခိုက္၏ ခႏၶာကိုယ္အား စိတ္စြမ္းအင္ျဖင့္ထိန္းခ်ဳပ္လိုက္ကာ ကုတင္ေပၚမွအသာႂကြေစ၍ စည္းဝိုင္းအလည္သို႔ တစ္ခ်က္မထိ‌ဘဲေ႐ႊ႕လိုက္သည္။ထို႔ေနာက္တြင္ေတာ့ သူပါစည္းဝိုင္းအလည္သို႔ဝင္ထိုင္လိုက္ၿပီး နာမ္ခြာစိတ္လႊတ္ျခင္းအတတ္ပညာက်င့္စဥ္ျဖင့္ လက္ရွိပစၥဳပၸန္မွ လြန္ခဲ့ေသာ ႏွစ္ေပါင္း၂၀၀၀ခန႔္ဆီသို႔ အခ်ိန္မ်ားကိုဆုတ္လိုက္ကာ ခႏၶာကိုယ္ထဲမွအလင္းတန္းတစ္ခ်ိဳ႕ထြက္သြားေလေတာ့သည္။

*********

သဲေသာင္ျပင္ႀကီးတစ္ခုအလည္၌ လက္ထဲတြင္ ပုံတူပန္းခ်ီတစ္ခုအားက်စ္က်စ္ပါေအာင္ပိုက္ထားပါေသာ လူတစ္ဦးသည္ ေဝေဝ‌ဝါးဝါးျဖင့္ ေျခဦးတည္ရာေနရာသို႔ ဇြဲမေလွ်ာ့တမ္းခရီးဆက္ေနမိသည္။ဘယ္လမ္းကအဝင္ ဘယ္လမ္းကအထြက္လည္းဆိုတာမသိရသည့္အျပင္ မ်က္စိတစ္ဆုံးျမင္ေနရေသာ ဒီ‌သဲေသာင္ျပင္ႀကီးမွာ သူမရပ္မနားသြားေနသည္မွာ 4ရက္ခန႔္ပင္ရွ္ိေနၿပီျဖစ္သည္။အားအင္ကုန္ခန္းၿပီး ေမွ်ာ္လင့္ခ်က္ေတြကုန္ဆုံးေနေသာ္လည္း ေသခ်ာေပါက္ ဝင္ေပါက္ကိုေတြ႕မွျဖစ္မည္ေၾကာင့္ တစ္ခ်က္မနားဘဲခရီးဆက္ေနျခင္းျဖစ္သည္။

ေလွ်ာက္ရင္းေလွ်ာက္ရင္း သဲမုန္တိုင္းမ်ားႏွင့္ႀကဳံသည့္အခါမွာလည္း အကာအကြယ္မရွိသည့္ ဒီလြင္ျပင္ႀကီးထဲ စဝ္မင္းကမာၻဦးခိုက္ ကိုယ့္ကိုကိုယ္သာအားထားရသည္။
သတ္မွတ္ထားသည့္အခ်ိန္ထက္ေက်ာ္လြန္သြားေသာေၾကာင့္ ဒီလိုစမ္းသပ္မႈမ်ိဳးႏွင့္ႀကဳံရသည္ကို သူေကာင္းေကာင္းသိသည္။ေဟာ္နန္းက ခႏၶာကိုယ္က်င့္စဥ္မ်ားႏွင့္ စိတ္စြမ္းအင္က်င့္စဥ္မ်ားေၾကာင့္ သူ႔စိတ္ကိုအားနည္းေအာင္ လက္ေလွ်ာ့ေအာင္ေတာ့ ထိုအရာမ်ားကမလုပ္ႏိုင္ေပ။ဝင္ေပါက္ကိုေတြ႕ကိုေတြ႕ရမည္ဟူေသာ ဆုံးျဖတ္ခ်က္ျဖင့္ ဆက္လက္ခရီးဆက္ေနမိသည္။

ထိုသို႔မရပ္မနားခရီးဆက္ေနခိုက္ အလင္းတန္းတစ္ခ်ိဳ႕ ထြက္ေပၚလာသျဖင့္ ကမာၻရပ္ၾကည့္လိုက္ရာ  ထိုအလင္းတန္းမ်ားၾကားထဲမွ ဆရာ့ကိုေတြ႕လိုက္ရသည္။

“ဆရာ...”
ကမာၻ ဆရာ့အား အ႐ိုအေသေပးရင္း ေခၚလိုက္ရင္း အားကိုးရာရွာေတြ႕သြားသလို ပယင္းေရာင္မ်က္ဝန္းမ်ားကလက္သြားသည္။

“အင္း...ဘယ္ထိခရီးဆက္ဖို႔ျပင္ေနတာလဲ...”

“ကြၽန္ေတာ္လမ္းရွာမေတြ႕ေတာ့လို႔ပါ...”

“မင္းကိုဆရာဘာမွာထားလဲ...ဘာလို႔သတ္မွတ္ထားတဲ့အခ်ိန္အတြင္းေရာက္ေအာင္ျပန္မလာခဲ့တာလဲ....”

“ကြၽန္ေတာ္ ...”
ကမာၻ လက္ထဲကကားခ်ပ္ေလးကိုတင္းတင္းေလးဆုပ္ကိုင္လိုက္ရင္း

“ကြၽန္ေတာ့္ အမွားပါ...”

“ထားေတာ့ ...အခု မင္းရဲ႕မူလခႏၶာကိုယ္က ဝိဉာဥ္ၿပိဳကြဲစျပဳေနၿပီ ဘယ္အခ်ိန္ထိ ဒီသဲကႏၲရထဲ ခရီးဆက္ဦးမလို႔လဲ....”

ကမာၻ ဆရာ့ရဲ႕အေမးစကားအား ျပန္ေျဖျခင္းမျပဳဘဲ တိတ္ဆိတ္သြားသည္။
အကယ္၍ ဆရာသာေပၚမလာဘူးဆိုလွ်င္ သူအခြင့္အေရးရသေလာက္ ခရီးဆက္ေနမိဦးမည္ထင္၏။

ဆရာျဖစ္သူမွာ တစ္ဦးထဲေသာ ဇြဲႀကီးလွသည့္တပည့္ျဖစ္သူအားၾကည့္ရင္း ေခါင္းကိုအသာရမ္းကာ
“ျပန္ၾကစို႔...”

“ဟုတ္ကဲ့...”

“အဲ့ဒီကေန ဒီဘက္ကို ပစၥည္းေတြယူခြင့္မရွိဘူးဆိုတာသိတယ္မလား ...”

ကမာၻသူ႔လက္ထဲက ကားခ်ပ္ေလးအား ၾကည့္ရင္းေျပာလာေသာ ဆရာ့စကားေၾကာင့္

“ကြၽန္ေတာ္ယူသြားလို႔ရမလား...”

“တန္ရာတန္ေၾကးေပးခဲ့ရမယ္ဆိုတာ ဆရာရွင္းျပစရာမလိုဖူးလို႔ထင္တယ္....”

“ဟုတ္ကဲ့ ကြၽန္ေတာ္နားလည္‌ပါတယ္....”

ထို႔ေနာက္ တန္ရာတန္ေၾကးတစ္ခုအေနျဖင့္ ကမာၻ တစ္စုံတစ္ခုကိုေပးခဲ့ရသည္။ထိုတစ္စုံတစ္ခုဟာဆိုလွ်င္ျဖင့္ ႏွစ္ဦးလုံးကိုနာက်င္ေစသည့္အရာျဖစ္ေနခဲ့သည္ကက်ိန္စာတစ္ခုလိုပင္။

“အင္း မူလခႏၶာရွိရာျပန္ၾကတာေပါ့...ဆရာ့ေနာက္ကလိုက္ခဲ့...”

“ဟုတ္ကဲ့ ဆရာ....”

ကမာၻ ဆရာသြားရာလမ္းအတိုင္း လိုက္ခဲ့ရာ မၾကာမွီပင္ အလင္းတန္းမ်ားေပ်ာက္ကြယ္သြား၍ ရင္းႏွီးေနသည့္ပတ္ဝန္းက်င္ရွိရာေနရာသို႔ေရာက္လာသည္။
ထိုေနရာကေတာ့ မင္းမဟာေဟာ္နန္းအတြင္းမွ သူ႔ရဲ႕ကိုယ္ပိုင္အခန္းထဲပင္ျဖစ္သည္။

ကမာၻ သူ႔ခႏၶာကိုအနားေရာက္‌သည့္အခ်ိန္မွ ၿပိဳကြဲေနသည့္ ဝိဉာဥ္အပိုင္းအစမ်ားကို ထင္ထင္ရွားရွားေတြ႕လိုက္သည္။
သူမၾကာခင္အဆုံးသတ္ရေတာ့မွာလား....။

“ကဲ ဘာမွမေတြးေတာ့ဘဲ ခႏၶာကိုယ္ထဲဝင္ေတာ့...”

သူ႔အေတြးေတြကိုသိသည့္အလားေျပာလာေသာ ဆရာရဲ႕စကားေၾကာင့္ ကမာၻေခါင္းညိတ္ျပလိုက္ကာ မိမိခႏၶာကိုယ္ထဲဝင္လိုက္သည္။လက္ထဲမွကားခ်ပ္ေလးကေတာ့ သခင္အလိုက် ခ်ိတ္ပိတ္ထားသည့္ စာၾကည့္ခန္းထဲကတစ္ေနရာသို႔ေရာက္သြားသည္။

အခ်ိန္ခဏမွ်ၾကာၿပီးေနာက္ ဆရာ၏မ်က္လုံးမ်ားပြင့္လာကာ တင္ပလင္ေခြေနရာမွ ညင္သာစြာမတ္တပ္ထရပ္လိုက္သည္။ထို႔ေနာက္ စည္းဝိုင္းထဲမွ ကမာၻခႏၶာကိုယ္အား စိတ္စြမ္းအင္ျဖင့္ ေလေပၚႂကြ‌ေစကာထိန္းခ်ဳပ္လိုက္ၿပီး အျပင္ဘက္မွ စိုးရိမ္ပူပန္ေနသူမ်ားအား အသံေပးလိုက္သည္။

“စဝ္စံဦးခိုက္ ...”

ဆရာ့အသံၾကားသည္ႏွင့္ အခန္းအျပင္မွ စဝ္စံဦးခိုက္တို႔ လႈပ္လႈပ္ရွားရွားျဖစ္သြားသည္။
“ဟုတ္ကဲ့ ဆရာ....”

“ဝင္လာလို႔ရၿပီ....”

“ဟုတ္ကဲ့ဗ်...”

ေစာေဒ‌ဝီကလ်ာတို႔ အခန္းထဲသို႔ အေလာတႀကီးဝင္လာၾကၿပီးေနာက္ ကုတင္ေပၚမွ ၿငိမ္သက္စြာပဲ‌ရွိေနေသးေသာ သားျဖစ္သူကို စိုးရိမ္တႀကီးၾကည့္လိုက္ၾကသည္။

“ဆရာ...သားအေျခအေနဘယ္လိုရွိပါသလဲဟင္...သားေလး မၾကာခင္သတိရလာမွာလားဟင္...”

“အခုအေျခအေနအရ ဝိဉာဥ္ကေတာ့ ခႏၶာကိုယ္ထဲျပန္ေရာက္သြားေပမယ့္ ၿပိဳကြဲေနတဲ့အပိုင္းအစတစ္ခ်ိဳ႕ေၾကာင့္ သတိလည္ဖို႔ဆိုတာ အခ်ိန္ၾကာဦးမွာ ...ဆရာ သူ႔ကို ရွမ္းဗဲလားကို‌ေခၚၿပီး ကုသေပးဖို႔ အခ်ိန္လိုတယ္....”

“ဘယ္ေလာက္ ဘယ္ေလာက္ထိၾကာမွာလဲဟင္....”

“တစ္ႏွစ္လည္းျဖစ္ႏိုင္သလို သုံး၊ေလးႏွစ္လည္းျဖစ္ႏိုင္တယ္...ဒါမွမဟုတ္ အဲ့ဒီထက္အခ်ိန္ပိုၾကာခ်င္လည္းပိုၾကာသြားႏိုင္တယ္...”

“ရွင္...”
ေစာေဒဝီဘာမွမေျပာႏိုင္ေတာ့ဘဲ ေအာက္ကိုအပုံေလးလိုက္ေခြက်သြားသျဖင့္ သခင္ႀကီးအျမန္လွမ္းထိန္းလိုက္သည္။
သူမတို႔သားေလးက မရဏတံခါးကျပန္လာႏိုင္ခဲ့တာေတာင္ သတိလည္ဖို႔ဆိုတာအခ်ိန္အၾကာႀကီးယူရဦးမည္တဲ့လား။ဘာေတြကမွားယြင္းေနတာလဲ။ကေလးငယ္ေလးေပၚမွကံၾကမၼာက ‌ကြက္ရက္စက္ေနသည္လား။

စဝ္စံဦးခိုက္ ဇနီးျဖစ္သူကိုအသာအယာေပြ႕ဖက္ထားရင္း ဆရာ့ကိုၾကည့္ကာ ...

“ကမာၻျပန္သက္သာမယ္ဆိုရင္ အခ်ိန္ဘယ္ေလာက္ၾကာၾကာ ကြၽန္ေတာ္တို႔အတြက္ အဆင္ေျပပါတယ္ဆရာ...ေက်းဇူးျပဳ၍ သားကိုကယ္ေပးပါ...”

“အင္း...စိတ္ကိုေအးေအးထားပါ...ဟိုမွာ ဆရာထက္ ထက္ျမတ္တဲ့ပုဂၢိဳလ္ေတြအမ်ားႀကီး ကူညီၿပီး စုစည္းေပးမွာပါ..ကမာၻကစိတ္ဓာတ္ႀကံ့ခိုင္တဲ့ကေလးပါ...သူအျမန္ဆုံးျပန္လာပါလိမ့္မယ္....”

“ဟုတ္ကဲ့ ဆရာ...”

“ကဲ ဆရာ့ကိုခြင့္ျပဳပါဦး...”
ဆရာေျပာၿပီးသည္ႏွင့္ လက္ကိုေဝွ႔ရမ္းလိုက္ရာ ဝင္ေပါက္တစ္ခုေပၚလာၿပီး ကမာၻ၏ခႏၶာကိုယ္ႏွင့္တကြ ထိုဝင္ေပါက္ထဲကိုဝင္ၿပီးေနာက္ ဂမၻီရနယ္ေျမျဖစ္သည့္ စြမ္းအားမ်ားႏွင့္ျပည့္‌ႏွက္ေနေသာ ရွမ္း‌ဗဲလားသို႔ေခၚေဆာင္သြားေလေတာ့သည္။

မင္းမဟာေဟာ္နန္းႀကီးတစ္ခုလုံးလည္း တိတ္ဆိတ္သည္ထက္ တိတ္ဆိတ္သြားၿပီးေနာက္ သခင္မေလးႏွစ္ေယာက္၏ငိုရႈိက္သံသဲ့သဲ့ႏွင့္တစ္ခု သခင္ႀကီး၏သက္ျပင္းခ်သံထြက္ေပၚလာေတာ့သည္။

***********

တစ္လခန႔္ၾကာၿပီးေနာက္..,

“သားႀကီး ဧကေလး...မေအးဖူးလား လက္တိုေလးနဲ႔....”
ကုေဋ ႐ုံးမွအျပန္ ေဆး႐ုံကိုဝင္လာရာ အခန္းတံခါးေပါက္နား wheelchairေလးျဖင့္ ထိုင္ရင္း အျပင္ဘက္ကေနဝင္ခ်ိန္ကိုေငးေနေသာ သားျဖစ္သူကိုေတြ႕လိုက္ရသျဖင့္ လက္ရွည္ေလးျဖင့္ လႊားေပးရင္း ေမးလိုက္သည္။
သတိရလာသည့္အခ်ိန္မွစ၍ သားက တစ္ေယာက္ထဲရွိေနသည့္အခ်ိန္ဆို ထိုကဲ့သို႔မႈိင္မႈိင္ေတြေတြျဖင့္ ေငးေနေတြးေနတက္သည္။
သားစိတ္ထဲမွာဘာေတြေတြးေနလည္းကုေဋ‌တို႔လည္းမ‌သိေပမယ့္ မ်က္ဝန္းျပာေလးေတြက အၿမဲမႈိင္းဖ်ေနေလသည္။

“ဪ ဒယ္ဒီ...ဟီး မေအးပါဘူးဗ်ာ...သား ေနဝင္ခ်ိန္ၾကည့္ေနတာ....”

“ဟုတ္ပါၿပီဗ်ာ...မင္း ပါးပါးေရာ...”

“ေဆး႐ုံဆင္းဖို႔သြားလုပ္တယ္ဒယ္ဒီ...ျပန္လည္ထူေထာင္ေရးလုပ္ငန္း‌ကေတာ့ အိမ္မွာပဲလုပ္လည္းအဆင္ေျပတာ‌မို႔ ပါးပါးကို ေဆး႐ုံဆင္းခ်င္ၿပီေျပာလိုက္တာ...သား ေဆး႐ုံမွာေနရတာ မြန္းက်ပ္ေနၿပီ...”

“အြန္းေကာင္းပါတယ္...သားကိုကူဖို႔ သကၠရာဇ္လည္းရွ္ိတာ‌ပဲ...ဘယ္လိုလဲ‌ ဒီေန႔ေနရတာအဆင္ေျပရဲ႕လား....”

“ဟုတ္ဒယ္ဒီ အဆင္ေျပပါတယ္...”
ဧကေလး ဒယ္ဒီအားၿပဳံးျပရင္းေျပာလိုက္သည္။ထို႔ေနာက္တြင္ေတာ့ သူ႔ရဲ႕အၾကည့္မ်ားက ေနဝင္ခ်ိန္ဆီကိုပဲျပန္ေရာက္သြားကာ လက္မွလက္ပတ္ေလးကိုအသာပြတ္ရင္း

“ဒယ္ဒီ...”

“ဗ်ာ...”

“ဟိုမွာ ေနဝင္ခ်ိန္ေတြကပိုလွတယ္သိလား...
မ်က္စိတစ္ဆုံးျမင္ေနရတဲ့ ေ႐ႊဝါေရာင္စပါးခင္းႀကီးနဲ႔ အိပ္တန္းတက္ဖို႔ျပန္ေနတဲ့ ငွက္ေလးေတြေရာ...ၿပီးေတာ့ ပယင္းေရာင္မ်က္ဝန္းေလး အဟင္း...”
ဧကေလး မ်က္ရည္မ်ားျဖင့္ၿပဳံးရင္း တိုးတိုးေလးေျပာလိုက္သည္။တစ္ေယာက္ေသာသူကိုသူအရမ္းလြမ္းေနေလသည္။

လြန္ခဲ့ေသာတစ္လကသူသတိရလာေတာ့ ကိုမာဝင္တာအခ်ိန္တစ္ႏွစ္နီးပါးၾကာခဲ့ၿပီမို႔ ခႏၶာကိုယ္မွ ႂကြက္သားမ်ား၊ဆဲလ္မ်ားကခ်က္ခ်င္းေကာင္းေကာင္းအလုပ္မလုပ္သျဖင့္ သူ႔မွာထိုအတိုင္း အိပ္ယာထဲအၾကာႀကီးေနခဲ့ရေသးသည္။ႏိုးႏိုးခ်င္း ပါးပါးတို႔ကလည္းငို ဒယ္ဒီလည္းငို တစ္ခါမွ မ်က္ရည္ေတာင္မဝဲဖူးတဲ့ ေဖာင္းေဖာင္းေလးကပါ မ်က္ရည္ေတြဝဲၿပီးၾကည့္ေနေတာ့ သူ႔ခမ်ာ ဘယ္သူ႔ကိုေခ်ာ့ရမွန္းမသိေတာ့ဘဲပ်ာသြားခဲ့ရသည္။ထို႔ေၾကာင့္ ပါးပါးတို႔နဲ႔အတူဝမ္းနည္းလြန္းလို႔လိုက္ငိုမိသည္။

သူဟာTime travelတစ္ခုအေနနဲ႔ အခ်ိန္ခရီးသြားခဲ့သည္လား ဒါမွမဟုတ္ ရွည္လ်ားလြန္းတဲ့အိမ္မက္ရွည္ႀကီးကိုမက္ခဲ့သည္လားဆိုသည္မွာ သူကိုယ္တိုင္အသိဆုံးပင္။
အကယ္၍ ထိုအရာကသာအိမ္မက္ရွည္ႀကီးတစ္ခုျဖစ္ခဲ့ပါက ဧကေလးယုံၾကည္ႏိုင္လိမ့္မည္မဟုတ္ေပ။

အဘယ္ေၾကာင့္ဆိုေသာ ပ်ဴေခတ္တစ္ခုက ေမတၱာေတြရဲ႕ ေႏြးေထြးလုံၿခဳံမႈ၊ေပ်ာ္႐ႊင္ရမႈ၊ဝမ္းနည္းနာက်င္ရမႈကို သူျပတ္ျပတ္သားသား ခံစားမိ‌ေနတုန္းပင္ျဖစ္သည္။သူ႔ႏွဖူးေပၚ အၿမဲ႐ိုက္ခတ္တတ္ေသာ အရွင့္၏‌ဝင္သက္ထြက္သက္ေႏြးေႏြး၊ဖခင္တစ္ဦးလို လုံၿခဳံမႈေပးႏိုင္လြန္းသည့္ ေႏြးေထြးသည့္ရင္ျပင္က်ယ္ႀကီးႏွင့္အတူ ဧကေလးအားအရွက္သည္းေစပါေသာ ပယင္းေရာင္အၾကည့္စူးစူးမ်ား၊သေဘာတက်ရယ္သံမ်ားကို သူထင္ထင္ရွားရွားျပတ္ျပတ္သားသားမွတ္မိေနသည္မွာ ရင္ဘက္ထဲတြင္ နာက်င္လြန္းသည့္အထိပင္။ညတိုင္းထိုအေၾကာင္းအရာမ်ားကို စဥ္းစားရင္း ပါးပါးတို႔မသိေအာင္ႀကိတ္ငိုရသည္မွာလည္း ရင္ဘက္ေတြတင္းက်ပ္ၿပီး အသက္ရႉရပ္မတက္ခံစားရသည့္အထိပင္ျဖစ္သည္။

ေနာက္ရက္ အက်ႌအဝတ္အစားလဲသည့္အခ်ိန္ေရာက္မွ သူ႔လက္မွာပတ္ထားသည့္ ပယင္းႀကိဳးေလးကို မေဟဋိဆန္စြာေတြ႕ခဲ့ရသည့္အခိုက္ ႀကဳံေတြ႕သမွ်အရာအားလုံးကအမွန္တကယ္ပါဆိုတာကို ပိုလို႔လက္ခံသြားရၿပီး ပိုလို႔လြမ္းဆြတ္နာက်င္မိသည္။
ထိုအခ်ိန္တုန္းက အေတာ္ေလးအံ့ဩသြားပုံရေသာ ပါးပါးက သူ႔ကိုၾကည့္ကာ...

“သား ဘယ္ေတြမ်ားေရာက္ခဲ့တာလဲ...
ပါးပါး တစ္ႏွစ္လုံး သားကို ကိုယ္လက္သန႔္ရွင္းေပးအဝတ္အစားလဲေပးခဲ့တာ ဒီလက္ပတ္ေလးကို တစ္ခါမွမေတြ႕ခဲ့ဖူးဘူး...”

ဟူ၍ လက္ပတ္ေလးမွပယင္းေက်ာက္ေလးအားဖြဖြေလးကိုင္တြယ္ရင္း ေမးလာခဲ့သည္။

“ဟင္....”
ဧကေလးမွာ ပါးပါးစကားေၾကာင့္ လက္ကိုအျမန္ေျမႇာက္ၾကည့္ပါေသာ္လည္း လႈပ္ရွားမရသည့္လက္ေၾကာင့္ အခ်ည္းႏွီးျဖစ္ကာ ကိုယ့္ကိုကိုယ္ေဒါသထြက္ရလြန္းလို႔ မ်က္ရည္မ်ားပါက်လာသည္။

*ဘယ္ေလာက္ေတာင္ ေသာက္သုံးမက်လိုက္တဲ့ေကာင္လဲ...အရွင့္ရဲ႕တစ္ခုထဲေသာ အမွတ္တရပစၥည္းေလးျဖစ္တဲ့ ပယင္းႀကိဳးေလးကို အတည္ျပဳဖို႔ရာအတြက္ကိုဘာလို႔ ဒီသုံးစားမရတဲ့လက္ေတြက ေ႐ႊ႕လ်ားလို႔မရ‌တာလဲ....*
ဧကေလး ေဒါသထြက္ေလ မ်က္ရည္မ်ားက်လာေလျဖစ္ရာ အတင္းလက္ကိုေထာင္ၾကည့္ဖို႔ရာႀကိဳးစားသည္။

“သားရယ္...စိတ္ေလွ်ာ့ စိတ္ေလွ်ာ့ အရမ္းႀကီးမလုပ္ပါနဲ႔...အရမ္းႀကီးမလုပ္ပါနဲ႔သားရယ္ ပါးပါးျပပါ့မယ္....”

ထို႔ေနာက္ ပါးပါး မ ျပလာေသာ သူ႔လက္ေကာက္ဝတ္မွ ပယင္းႀကိဳးလက္ပတ္ေလးအားၾကည့္ၿပီးေနာက္မွာေတာ့ ပိုေသခ်ာသည္ထက္ေသခ်ာသြားကာ အသည္းအသန္ပင္ငိုေႂကြးမိေတာ့သည္။
သူ႔မ်က္ရည္မ်ားေၾကာင့္ စိုးရိမ္စြာေမးလာေသာ ပါးပါးစကားမ်ားကိုလည္းမေျဖႏိုင္ ။တစ္ကိုယ္လုံးလႈပ္ရွားမရေသးသည့္အေျခအေနမွာ သူမြန္းက်ပ္လြန္းစြာငိုမိသည္။

ယခုလည္း ရင္ဘက္ထဲမွတစ္စို႔လာေသာ ခံစားခ်က္ေၾကာင့္ မ်က္ရည္မ်ားမက်ေအာင္ထိန္းရင္းအ႐ူးတစ္ေယာက္လိုၿပဳံးၿပီး တီးတိုးေျပာမိသည္။

ကုေဋ တစ္ေယာက္ထဲဝမ္းနည္းကာ မငိုမိေအာင္ထိန္းထားေနေသာ လူဆိုးေလးကိုၾကည့္ရင္း
“သား ဧကေလး....သားဘာေတြႀကဳံခဲ့ရလဲ...ဘာေတြခံစားေနရလဲဆိုတာ ေျပာျပခ်င္လား...”

“သားေျပာျပရင္ေရာ ဒယ္ဒီတို႔ယုံၾကည္ႏိုင္ပါ့မလား....”

“ယုံတာေပါ့...ဒယ္ဒီတို႔ကသားကိုအႂကြင္းမဲ့ယုံတယ္...ၿပီးေတာ့ ဒီေလာကႀကီးရဲ႕ဆန္းက်ယ္မႈေတြကိုလည္းယုံတယ္...”

“သား အခုေျပာျပဖို႔ရာအဆင္မေျပေသးဘူးဒယ္ဒီ...သား...သား မေျပာျပႏိုင္ေသးဘူး...”

“ဒယ္ဒီနားလည္ပါတယ္...သားမွတ္ထားရမွာက သားဘက္မွာ ဒယ္ဒီေရာ ပါးပါးေရာ ေဖာင္းေဖာင္းေလးေရာရွိတယ္...သားတစ္ေယာက္ထဲ ႀကိတ္ၿပီးဝမ္းနည္းမေနပါနဲ႔ မိသားစုဆိုတဲ့အသိုက္အၿမဳံေလးမွာ ေပ်ာ္႐ႊင္စရာ ဝမ္းနည္းစရာ‌ေတြကိုအတူေဝမွ်ေပးလို႔ရပါတယ္...သား အေျဖရွာမရ‌ျဖစ္ေနတဲ့ပုစာၦေတြကို ဒယ္ဒီတို႔ငယ္ငယ္ကကူၿပီး အေျဖရွာ‌ျပသလိုပဲ အခုလည္း သား အေျဖထုတ္မရတဲ့ျပႆနာေတြကို ဒယ္ဒီတို႔ကူၿပီအေျဖထုတ္ေပးခ်င္တယ္...ဒယ္ဒီေျပာတာ သား နားလည္ရဲ႕လား...”

“ဟုတ္ ဒယ္ဒီ...”
ဧကေလး မ်က္ရည္မ်ားႏွင့္ေခါင္းညိတ္ျပလိုက္သည္။

ကုေဋ ဝမ္းနည္းေနသည့္သားႀကီးကို အသာေပြ႕ဖက္ႏွစ္သိမ့္ေပးလိုက္ရင္း ေနဝင္ခ်ိန္ကိုသားႀကီးနည္းတူေငးၾကည့္လိုက္သည္။သားႀကီးဘာေတြႀကဳံေတြ႕ခဲ့ရလဲဆိုတာ သူမသိေပမယ့္ နာက်င္ခံစားေနရသည္ကိုေတာ့သူမျမင္ရက္ေပ။သားႀကီး ေျပာျပလာမည့္အခ်ိန္ကိုေစာင့္ရင္း လုပ္ႏိုင္သမွ်လုပ္ေပးဖို႔ဆုံးျဖတ္ထားသည္။

ကမာၻႀကီး၏ မတူညီတဲ့တစ္ေနရာဆီမွ
လူႏွစ္ေယာက္ရဲ႕ထပ္တူက်ေနသည့္ႏွလုံးသားတစ္စုံႏွင့္အတူ နာက်င္မႈမ်ားဟာလည္းထပ္တူက်ေနခဲ့သည္။
တစ္ေယာက္က အသက္အႏၲရာယ္ႏွင့္ရင္ဆိုင္ေနရခ်ိန္ တစ္ေယာက္က ရင္ကြဲမတက္နာက်င္မႈေတြခံစားေနရသည့္အခ်ိန္။
ကံၾကမၼာဟာ စက္ဝိုင္းပုံသ႑ာန္လည္ပတ္ေနသည္လား။ေသခ်ာသည္ကေတာ့ ကြၽႏ္ုပ္က‌သူတို႔ကိုဆုံ‌ေတြ႕ေပးမည့္ အဝိုင္းျဖတ္မ်ဥ္းတစ္ခုပင္ျဖစ္သည္။

CHANGE 🍁

May 13,12:12PM

အဟမ္း!!အိမ္လိပ္စာမေတာင္းရပါ😷
Updateကို Dailyသြားေပးရမလား
အကယ္၍ Dailyသြားေစခ်င္ရင္ Reviewေပးၾကပါ ဟိဟိ...

ဒီေန႔ Reviewေပးခ်င္တဲ့ficကေတာ့ မၾကာခင္ ဒီလအတြင္း စာအုပ္ေလးအျဖစ္ထြက္ရွိလာေတာ့မယ့္
My Universe is Oo Nyo ဆိုတဲ့ficေလးပါ🥺♥️ ဖတ္ၿပီးၾကၿပီလားဟင္

Continue Reading

You'll Also Like

202K 12.1K 20
The third Mafia October 12 .... October 31,2021
563K 54.9K 174
ဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ...
243K 14.6K 33
ပထမဆုံးရေးဖူးတဲ့ Omegaverse လေးပါ Hawk (Blue Heart) က ပါဝင်ကူညီပေးထားပါတယ် September 27 ... November 28,2022
13.5K 717 50
Zawgyi## " ငါ့အခ်စ္ကို ေမွ်ာ္လင့္ေနရတာ မပင္ပန္းဘူးလား" " မပင္ပန္းေစခ်င္ရင္... ငါ့ကိုျပန္ခ်စ္လိုက္ေတာ့ေလ " Unicode## " ငါ့အချစ်ကို မျှော်လင့်နေရတာ မပင...