ရည်းစားဟောင်းက ငါ့ကိုမျက်စိကျ...

By Kiyoiko__

2.1M 322K 20.9K

Title - 又被前男友盯上了(Be watched by my Ex again) Author - 橘猫哥哥(Ju Mao Gege) Status - 183 chapters + 36 extras I do... More

Please take a look!
Summary
All about Ju Mao Gege
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
💌
33
34
35
36
37
38
Special Episode I
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
🤍
57
58
59
60
61
62
63
64
65
66
67
68
69
70
Special Episode II
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132
133
134
135
136
137
138
139
140
141
142
143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168
169
170
171
172
173
174
176
177
178
179
180
181
182
183
Hello

175

7K 998 26
By Kiyoiko__

{Unicode}

"ခွေး"

ဝမ်ယန်က ခွေးဟောင်သံကြောင့် ဆူညံပြီး နိုးလာသည်။

သူ အိပ်မက်ထဲမှ ရုန်းကန်ရင်း နိုးထလာချိန်မှာတော့ တစ်ကိုယ်လုံးမှာ အေးစက်နေသော ချွေးစေးများဖြင့် စိုရွှဲနေသည်။

ဝမ်ယန်က ခြောက်ကပ်နေသော လည်ချောင်းထဲ တံတွေးမျိုချလိုက်သည်။ နံဘေးမှ လက်ကိုင်ဖုန်းကို ယူပြီး မျက်လုံးမှေးကြည့်လိုက်ရာ နံနက် တစ်နာရီပင် ထိုးလုနေပြီ။

အခန်းအပြင်မှ ခွေးဟောင်သံမှာလည်း ဆက်လက် ဖြစ်တည်နေဆဲပင်။

ဝမ်ယန်က အင်အားစုပြီး ထထိုင်လိုက်ကာ သက်ပြင်းရှိူက်ရုံ ရှိသေး၊ အပြင်ဘက်မှ ယုတ်ညံ့သော ဆဲရေးတိုင်းထွာသံများ ပျံ့လွှင့်လာသံကို ကြားလိုက်ရသည်။

ဝမ်ယန်က အားသွန်ခွန်စိုက်နှင့် ကုတင်ပေါ်မှ ဆင်းလိုက်ပြီး ကွင်းထိုးစီး ဖိနပ်ဝတ်လိုက်ကာ တရွေ့ရွေ့နှင့် ပြတင်းပေါက်နား ရွှေ့သွားပြီး အပြင်ဘက်ကို ကြည့်ကြည့်သည်။

အပြင်တွင် ရပ်နေသူ အများအပြားရှိပြီး အချို့က ရှိုးအဖွဲ့၏ ဝန်ထမ်းတွေဖြစ်ကာ တချို့က နျဲ့ယွင်၏ လက်အောက်ငယ်သားများ ဖြစ်သည်။ နျဲ့ယွင်က စင်တာအကျဆုံး နေရာမှာ ရပ်နေပြီး ညအိပ်အင်္ကျီ ဝတ်ထားကာ ဂျာကင်အင်္ကျီကို ထပ်ဝတ်ထားသည်။ လက်နှစ်ဖက်ကို ပိုက်လျက်ရှိနေပြီး မျက်နှာက မှုန်မှိုင်းမှိုင်းနှင့် ကြည့်ရသည်မှာ အတော်လေး စိတ်မကြည်နေပုံ ပေါ်သည်။

တစ်လျှောက်လုံး သဲကြီးမဲကြီး ဟောင်နေသည့် ထိုခွေးကတော့ ဝါယာကြိုးဖြင့် ပါးစပ်ကို အစည်းခံလိုက်ရပြီး လည်ပင်းညှစ်ကာ မြေကြီးပေါ် အဖိခံထားရသည်။ ထိုခွေး၏ လည်ချောင်းနှင့် မျက်လုံးထဲတွင်တော့ တဝူးဝူးနှင့် ငိုသံထွက်နေပါသေးသည်။

အလုပ်သမား ဝန်ထမ်းက နျဲ့ယွင်ကို မေးသည်။

"ယွင်ကော၊ ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲဗျ"

နျဲ့ယွင်က အေးစက်စက် မျက်နှာနှင့် ပြောသည်။

"-ီးပဲ၊ ဒီခွေးကောင်က တစ်ချိန်လုံး ဟောင်နေတာ။ ဆူညံလွန်းလို့ ငါတောင် အိပ်မရတော့ဘူး။ သေအောင် သတ်ရင်သတ်၊ ဒါမှမဟုတ်လည်း မောင်းထုတ်လိုက်တော့"

အလုပ်သမား ဝန်ထမ်းက သတိကြီးကြီးနှင့် မျက်နှာလို မျက်နှာရ ရယ်လိုက်ပြီး

"ဒါပေမဲ့ ဒါက သူများရဲ့ ခွေး...."

နျဲ့ယွင်က လှောင်ပြုံးပြုံးကာ

"ခွေးတစ်ကောင်လေးပဲဟာ၊ အဲ့အချိန် ရောက်ရင်သာ ပိုက်ဆံ နည်းနည်းလောက် ထည့်ပေးလိုက်၊ ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်တော့ဘူး"

မြေကြီးပေါ် ဝပ်တွားနေသည့် ထိုခွေးမှာ မူလက တအီအီ ညည်းတွားသံ ပြုနေသော်လည်း နျဲ့ယွင် စကား ဆုံးသည်နှင့် ၎င်းက နျဲ့ယွင်၏ စကားကို နားလည်နေသလိုမျိုး ရုတ်တရက် ဒေါသတကြီး ထခုန်လာကာ ခွေးရူးပြန်နေသကဲ့သို့ နျဲ့ယွင်ကိုယ်ပေါ် ခုန်အုပ်တော့မည်။

နျဲ့ယွင်က လန့်တုန်သွားပြီး အနောက်သို့ လေးငါးလှမ်းလောက် စဥ်ဆက်မပြတ် ဆုတ်ခွာသွားသည်။

သူ အသိပြန်ဝင်သွားသောအခါ သူလည်း ဒေါသထွက်သွားပြီး မဆိုင်းမတွပါပင်၊ နံဘေးမှ တုတ်တစ်ချောင်း ယူပြီး ထိုအဝါရောင်ခွေး၏ ခေါင်းပေါ် ရိုက်ချလိုက်သည်။

သူ တစ်ဖက်က ရိုက်နှက်ရင်း တစ်ဖက်က ဆဲဆိုသည်။

"အစကတည်းက နောက်ခွေးတစ်ကောင် ထွက်လာတာကို မြင်ပြီး စိတ်မကြည်ဘူး ဖြစ်နေပါတယ်ဆို မင်းကများ ငါ့ကို လာရှုပ်ရဲသေးတယ်။ မင်း ထပ်ဟောင်ချင်နေရင် ငါမင်းကို ဟောင်ခိုင်းမယ်"

အဝါရောင်ခွေးသည် နျဲ့ယွင်ထံမှ လေးငါးချက်လောက် အရိုက်ခံရပြီးနောက် ခေါင်းမှ သွေးထွက်လာပြီး လေသံမှာလည်း အနုစား ပင့်ကူမျှင်ကဲ့သို့ အားနည်း မှိန်ဖျော့သွားသည်။

နျဲ့ယွင်က ရိုက်ပြီးနောက် ဒေါသပြေသွားပြီး ညည်းညူသံပြုသည်။

"တော်ပြီ၊ ထွက်သွားခိုင်းလိုက်တော့"

အလုပ်သမားဝန်ထမ်းက သက်ပြင်းချလိုက်သည်။ အနုပညာရှင်ကြီး ဆိုတော့လည်း စိတ်အနှောင့်အယှက် ပေးဖို့ရန် မသင့်တော်တာကြောင့် သွေးတရွှဲရွှဲနှင့် အဝါရောင်ခွေးကို အပြင်ဆွဲထုတ်သွားဖို့သာ တတ်နိုင်သည်။

ဝမ်ယန်က အခန်းထဲမှာ ရပ်နေပြီး ထိုခွေး၏ ငိုကြွေးသံနှင့် မျက်လုံးနက်ထဲမှ တောက်ပြောင်စွာ ကျဆင်းလာသော မျက်ရည်တစ်စက်ကို မြင်သော် ဘာကြောင့်ရယ်မသိ၊ နှလုံးသားထဲ ရုတ်တရက် အလွန်အမင်း ကျပ်တင်းသွားပြီး တွန်းအားတစ်ခုနှင့်အတူ တံခါးအပြင် ထွက်လာသည်။

"သူ့ကို သေအောင် မလုပ်နဲ့"

နျဲ့ယွင်သည် မူလက မပျော်မရွှင် ဖြစ်နေခဲ့သော်လည်း ဝမ်ယန်က သူ့ဘာသာသူ ပြေးထွက်လာသည်ကို မြင်သောအခါ အံ့သြစွာဖြင့် မျက်ခုံးများ ပင့်သွားသည်။

နျဲ့ယွင်က နှုတ်ခမ်းများ ကွေးတက်သွားပြီး မေးခွန်းထုတ်သည်။

"မင်း ခုနက၊ ဘာပြောလိုက်တာ"

ဝမ်ယန်က ဆိုသည်။

"သူ့ကို သေအောင် မလုပ်နဲ့လို့၊ အဲ့ခွေး"

နျဲ့ယွင်က အေးစက်စက် အသံနှင့်

"သူကငါ့ကို နားငြီးအောင် လုပ်နေတာကို"

ဝမ်ယန်က စိတ်လှုပ်ရှားစွာဖြင့် တံတွေးမျိုချလိုက်ပြီး

"သူ့ကိုပါးစပ် ပိတ်ထားလိုက်ရင် ရပါပြီ။ သေအောင်တော့....မလုပ်ပါနဲ့"

နျဲ့ယွင်က ရယ်လိုက်ပြီး

"ဘာလုပ်တာလဲ၊ မင်းကသူ့ကို သနားနေလို့လား"

နျဲ့ယွင်က လက်ဝှေ့ယမ်းပြီး လူများကို ရုန်းကန်ဖို့ပင် မစွမ်းသာတော့သည့် အဝါရောင်ခွေးကို ခေါ်ထုတ်သွားဖို့ အရိပ်ပြလိုက်ကာ ခြေလှမ်းနှေးနှေးနှင့် ဝမ်ယန်ဆီ လှမ်းလျှောက်လာကာ ရွဲ့စောင်းသောလေသံဖြင့် ပြုံးလျက်ပြောသည်။

"မင်းကဘာလို့ သနားစရာကောင်းတဲ့ ကိုယ့်ဘာသာကိုယ့် အရင် မသနားရတာလဲ"

ဝမ်ယန်က ကြောင်အမ်းသွားပြီး တိတ်တိတ်ကလေး တံခါးဘောင်ကို မှီလိုက်သည်။

နျဲ့ယွင်က ဘေးဘီဝဲယာကို တစ်ချက် ကြည့်လိုက်တော့ ရန်ကျားလိကို အနီးနားတွင် မတွေ့ရသည်မို့ လောလောဆယ်တော့ စိတ်သက်သာရာ ရသွားသည်။

သူက ခေါင်းပြန်လှည့်လာပြီး ဝမ်ယန်ကို ကြည့်လိုက်ရာ မျက်လုံးထဲ အေးစက်မှု အတိဖြင့်။

"ဝမ်ယန်၊ ငါတကယ် မင်းကို လျှော့တွက်မိသွားတာပဲ။ အရင်က ရန်ကျားလိနဲ့ အဲ့လိုတွေ ပြဿနာတက်ဖူးပေမယ့် အခုတော့ သူ့လူက အရမ်း အင်အားကြီးတယ်ဆိုတာ သိလိုက်ရတော့ အရှက်မရှိဘဲ မင်းကို မြန်မြန် ခေါ်ထားပေးဖို့ သူများကို တောင်းဆိုပစ်လိုက်တယ်ပေါ့။ မင်းကလေ တော်တော်ကို စျေးပေါတာပဲနော်"

နျဲ့ယွင်လေသံက အနည်းငယ် လေးနက်သွားပြီး

"အခု ရန်ကျားလိက မင်းကို ထောက်ခံပေးနေတာဆိုတော့ ​​ငါ မင်းကို ဘာမှ မလုပ်ရဲပါဘူး။ ဒါပေမဲ့ မင်းစိတ်ထဲမှာ သေချာမှတ်ထား၊ တစ်နေ့နေ့မှာ သူများက မင်းကို လျစ်လျူရှူသွားပြီဆိုရင် မင်းကို မုန်းတဲ့သူတွေနဲ့ မင်းရဲ့ အပြစ်တွေကလည်း အဲ့လောက်များတာဆိုတော့ မင်းရဲ့ အဆုံးသတ်က ဒီခွေးလောက်တောင် ကောင်းပါ့မလား စိုးရိမ်မိတယ်။ မင်း စောင့်နေလိုက်ပေါ့"

ဝမ်ယန်၏ မျက်နှာမှာ ရုတ်ခြည်း ဖြူလျော်သွားသည်။

အလုပ်သမား ဝန်ထမ်းက အပြင်မှ ပြန်လာပြီး ရေပိုက်ခေါင်းရှေ့တွင် လက်ဆေးလိုက်ကာ ပြောဆိုလာသည်။

"ယွင်ကော၊ ခွေးကို ဖြေရှင်းပြီးပါပြီ။ အစ်ကို့ကို ထပ်ပြီး အနှောင့်အယှက် မပေးလောက်တော့ပါဘူး။ စိတ်အေးလက်အေး အိပ်လို့ရပါတယ်"

နျဲ့ယွင်က ခပ်ဖျော့ဖျော့နှင့် အင်းဟု အသံပြုသည်။

သူက ခေါင်းပြန်လှည့်လာပြီး မကြာသေးခင်က ခွေးကို ကြည့်ခဲ့သည့် မျက်လုံးများအတိုင်း ဝမ်ယန်ကို အထင်သေးစွာ ကြည့်လိုက်ပြီး အတန်ကြာသော် ခပ်ဖွဖွ ပြုံးကာ

"ခွေးဆိုတာက ခွေးပဲ။ ဘယ်လောက်ပဲ ပျော်ပျော်ရွှင်ရွှင် ဟောင်နေပါစေ၊ လူမဖြစ်လာနိုင်ဘူး။ လူဖြစ်ဖို့လည်း မတန်ဘူး"

နျဲ့ယွင်တစ်ယောက် ထွက်သွားတော့၏။

ဝမ်ယန်က တံခါးဘောင်နားတွင် အချိန်အတော်ကြာ မှင်သေနေခဲ့ပြီးမှ တိတ်တိတ်ကလေး တံခါးပိတ်ကာ အခန်းထဲ ပြန်တော့သည်။

နောက်တစ်နေ့ ဝမ်ယန် အပြင်ထွက်လာတော့ ခွေးလှောင်အိမ်က လစ်ဟင်းနေခဲ့သည်ကို မြင်လိုက်ရပြီး အဝါရောင်ခွေးသည်လည်း ဘယ်သောအခါမှ ပြန်မလာတော့ပေ။

ခွေးပိုင်ရှင်၊ အမျိုးသားနှင့် အမျိုးသမီးက နံဘေးတွင် ရပ်နေပြီး မပျော်မရွှင် ဖြစ်နေသည့် အမူအရာမျိုး တချို့တစ်ဝက်ပင် ရှိမနေခဲ့။ ပိုင်ရှင်အမျိုးသား လက်ထဲ အနီရောင် မျက်နှာပြင်နှင့် ငွေစက္ကူ အထပ်လိုက်ကို ကိုင်ထားပြီး တံတွေးဆွတ်ကာ တစ်ရွက်ပြီးတစ်ရွက် ရေနေပြီး ပြုံးရယ်နေသည်မှာ မျက်လုံးထောင့်သည်ပင် တွန့်ကြေ ရှုံ့တွနေသည်။

ဝမ်ယန်က သူ လေသံနိမ့်နှင့် ပြောသည်ကို ကြားလိုက်ရသည်။

"ကြီးပွားပြီ"

ဝမ်ယန်က ထိုစကားကို ကြားသောအခါ နှလုံးသားက ရုတ်တရက် တုန်ရီသွားသည်။

သူသည် လစ်ဟာနေသည့် ခွေးလှောင်အိမ်ကို ကြည့်ရင်း ရင်ဘတ်ထဲမှ ညှိုးငယ် ထိုင်းမှိုင်းမှုနှင့် စိတ်မကောင်းမှုတို့က ပြန့်ကွဲ ဖြာထွက်လာကာ ဦးနှောက်ထဲ မနေ့ညက နျဲ့ယွင် ပြောခဲ့သည့် စကားများကို ရုတ်တရက် ပြန်တွေးမိလာသည်။ ခွေးဆိုတာက ခွေးပဲ၊ ဘယ်လိုပဲ ဟောင်ဟောင်၊ လူဖြစ်လာဖို့ မထိုက်တန်ဘူး။ လူတွေအတွက် ဘယ်လိုပဲ ကြိုးကြိုးစားစားနဲ့ တံခါးစောင့်စောင့်၊ အလုပ်တွေ အများကြီး ပိုလုပ်ပေးနေလည်း အိမ်မွေး တိရစ္ဆာန်က တိရစ္ဆာန်ပဲ။

ဝမ်ယန်က အကြည့်များကို ပြန်ရုတ်သိမ်းပြီးနောက် ခြေဆုတ်ကာ ထွက်လာတော့သည်။

နေ့ခင်းဘက် ရိုက်ကူးရာတွင် ရန်ကျားလိသည် ဝမ်ယန်က အမြဲလိုလို တွေဝေနစ်မောနေပြီး ယခင်နေ့များထက်ပင် ပိုပိုသာသာ စိတ်ဓာတ်ကျနေကြောင်း တွေ့ရှိလိုက်ရသည်။

ရန်ကျားလိက တိတ်တိတ်ကလေး ဝမ်ယန်ကို တို့လိုက်ကာ လေသံတိုးတိုးနှင့် မေးသည်။

"မင်း ဘာဖြစ်နေတာလဲ"

ဝမ်ယန်က ခေါင်းယမ်းလိုက်ပြီး တောင့်တောင့်တင်းတင်းနှင့် ရယ်ပြလိုက်ကာ

"ဘာမှမဖြစ်တော့ပါဘူး"

ရန်ကျားလိက မျက်မှောင်ကြုတ်သွားပြီး ဆက်မေးချင်နေတုန်း အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းက အသံမြည်လာသည်။

ရန်ကျားလိ လက်ကိုင်ဖုန်းကို ထုတ်ကြည့်လိုက်ရာ ကျောက်ရှန့်ဟိုင်၏ ခေါ်ဆိုမှုပင်။

သူက ပြုံးပြုံးရွှင်ရွှင်နှင့် ဖုန်းလက်ခံလိုက်ကာ

"ဟိုင်ကော၊ ဘာဖြစ်လို့လဲ.....ကျွန်တော်က အခု အပြင်မှာ ကွင်းဆင်း ရိုက်ကူးနေတာ၊ တောင်ပေါ်မှာ၊ အရမ်း ခေါင်တယ်။ ရိုက်ကူးရေးက မပြီးသေးတော့ လောလောဆယ်တော့ ပြန်လာနိုင်ဦးမှာ မဟုတ်ဘူး။ လဲ့လဲ့ရဲ့ မွေးနေ့လည်း ကျွန်တော် မလာနိုင်လောက်တော့ဘူး ထင်တယ်။ ယဲ့ထင်က ကျွန်တော့်အစား လက်ဆောင် ယူလာပေးလိမ့်မယ်။ ကျွန်တော် ပြန်လာမှ ခင်ဗျားအိမ်ကို တစ်ခေါက် လာလည်ပါ့မယ်.....ဟုတ်သား၊ ဟုတ်သား၊ ကျွန်တော့်အစား လဲ့လဲ့ကို မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ပြောပေးပါဦး။ ချလိုက်တော့မယ်နော်"

ဖုန်းကို အိတ်ကပ်ထဲ ပြန်ထည့်ပြီးနောက် ရန်ကျားလိသည် ဝမ်ယန်ကို နံဘေးသို့ ဆွဲလိုက်လေ၏။

(TN/ ဒီမှာ Mao Ge က မှားရေးထားသလားတော့ မသိဘူး အိတ်ကပ်ကို အိတ်ထဲ ပြန်ထည့်တယ်ဆိုပြီး ရေးထားလို့ ဖုန်းလို့ပဲ ပြင်ထားလိုက်တယ်နော်)

ရန်ကျားလိက သက်ပြင်းချကာ ​ဖျောင်းဖျသည်။

"မင်း အများကြီး တွေးမနေပါနဲ့။ ဘာကိစ္စရှိရှိ ငါ့ကို ရင်ဖွင့်ဖို့သာ သတိရ။ မင်းအခု ကိုယ့်ဘာသာကိုယ် ပြန်ကြည့်ကြည့်၊ ငိုလည်းမငို ဆူလည်းမဆူ၊ တစ်ယောက်တည်းပဲ မျိုသိပ်ထားတယ်။ မပင်ပန်းဘူးလား"

ဝမ်ယန်က ခေါင်းငုံ့ထားပြီး အတော်ကြာမှ ခေါင်းညိတ်ကာ

"သိပါပြီ"

ထိုအခါမှသာ ရန်ကျားလိက ပြုံးရွှင်ရွှင်နှင့် ဝမ်ယန်၏ ပခုံးကို ဖက်လိုက်သည်။ တောက်ပနေသော အပြုံးက နေဝင်ချိန်၏ ရောင်ခြည်စက်ဝန်းကြား နစ်ဝင် စီးမျောသွားတော့၏။ သူသည် အဝေးမှ အနီရောင် သန်းနေသော နေဝင်ဆည်းဆာနှင့် မိုးကုပ်စက်ဝိုင်း၏ အလင်းရောင်ကို ကြည့်လိုက်ကာ

"နေဝင်ချိန်က အဆုံးမရှိ ခမ်းနားပြီး ရှူခင်းတွေကလည်း ဒီလောက်လှတာ။ ငါတို့ရဲ့ အနာဂတ်ဆိုတာလည်း အဆုံးမရှိဘူး၊ အရာအားလုံးက အများကြီး အဆင်ပြေလာမှာ။ မင်းကတော့လေ၊ စိတ်ကို တည်ငြိမ်အောင်ထားပြီး ထိုင်းမှိုင်း မနေတော့နဲ့"

ဝမ်ယန်က ငြိမ်ငြိမ်သက်သက်လေး အင်းဟု အသံပြုသည်။

သူက ခေါင်းမော့လာပြီး ရန်ကျားလိ၏ အကြည့်လားရာကို အတူတူ လိုက်ကြည့်မိသည်။

သူ မိုးကုပ်စက်ဝိုင်းပေါ်မှ တမူထူးခြားနေသည့် အဖြူရောင် အလင်းတန်းကို တွေ့လိုက်ရသောအခါ ဘာကြောင့်ရယ်မသိ၊ နှလုံးသားက အကြိမ်အနည်းငယ် ခုန်လှပ်လာသည်။
.
.
.
.
.
13/5/2022(Fri)

Translator's Note >>>

Ju Mao Gege က နောက်အပိုင်းအတွက် စပွိုင်လာကို AN ထဲတော့ ထည့်ရေးထားတယ်။ အဲ့အဖြူရောင် အလင်းတန်းနဲ့ ပတ်သတ်ပြီးတော့ပဲ....ဒါပေမဲ့ စာဖတ်သူတွေထဲမှာ အိုင့်လို စပွိုင်လာ မကြိုက်တဲ့သူတွေ ရှိမှာသိလို့ မပြန်တော့ဘူးနော် >< ဘာပဲဖြစ်ဖြစ် နောက်အပိုင်းကျ သိမှာပဲဥစ္စာ......

နောက်တော့ တစ်စုံတစ်ယောက်ရဲ့ မာနတံတိုင်းကြီးကလည်း ပြိုကျလာပါတော့မယ်^^ ဒီလောက်တော့ စပွိုင်းလို့ ဖြစ်တယ်ဟုတ် :P

ဒီမှာလည်း ကြည့်ကြပါဦး ယဲ့ဖန်ကို မလိမ့်တပတ်လုပ်ဖို့ နှစ်ယောက်သား အတိုင်အဖောက်တွေ ညီပြီး အချင်းချင်း အချက်ပြနေကြတာ ချစ်စရာကြီးတွေ ˃ᴗ˂


×××


{Zawgyi}

"ေခြး"

ဝမ္ယန္က ေခြးေဟာင္သံေၾကာင့္ ဆူညံၿပီး ႏိုးလာသည္။

သူ အိပ္မက္ထဲမွ ရုန္းကန္ရင္း ႏိုးထလာခ်ိန္မွာေတာ့ တစ္ကိုယ္လံုးမွာ ေအးစက္ေနေသာ ေခြၽးေစးမ်ားျဖင့္ စိုရႊဲေနသည္။

ဝမ္ယန္က ေျခာက္ကပ္ေနေသာ လည္ေခ်ာင္းထဲ တံေတြးမ်ိဳခ်လိုက္သည္။ နံေဘးမွ လက္ကိုင္ဖုန္းကို ယူၿပီး မ်က္လံုးေမွးၾကည့္လိုက္ရာ နံနက္ တစ္နာရီပင္ ထိုးလုေနၿပီ။

အခန္းအျပင္မွ ေခြးေဟာင္သံမွာလည္း ဆက္လက္ ျဖစ္တည္ေနဆဲပင္။

ဝမ္ယန္က အင္အားစုၿပီး ထထိုင္လိုက္ကာ သက္ျပင္းရိွူက္ရံု ရိွေသး၊ အျပင္ဘက္မွ ယုတ္ညံ့ေသာ ဆဲေရးတိုင္းထြာသံမ်ား ပ်ံ့လႊင့္လာသံကို ၾကားလိုက္ရသည္။

ဝမ္ယန္က အားသြန္ခြန္စိုက္ႏွင့္ ကုတင္ေပၚမွ ဆင္းလိုက္ၿပီး ကြင္းထိုးစီး ဖိနပ္ဝတ္လိုက္ကာ တေရြ့ေရြ့ႏွင့္ ျပတင္းေပါက္နား ေရႊ့သြားၿပီး အျပင္ဘက္ကို ၾကည့္ၾကည့္သည္။

အျပင္တြင္ ရပ္ေနသူ အမ်ားအျပားရိွၿပီး အခ်ိဳ႕က ရိႈးအဖြဲ႔၏ ဝန္ထမ္းေတျြဖစ္ကာ တခ်ိဳ႕က န်ဲ့ယြင္၏ လက္ေအာက္ငယ္သားမ်ား ျဖစ္သည္။ န်ဲ့ယြင္က စင္တာအက်ဆံုး ေနရာမွာ ရပ္ေနၿပီး ညအိပ္အက်ႌ ဝတ္ထားကာ ဂ်ာကင္အက်ႌကို ထပ္ဝတ္ထားသည္။ လက္ႏွစ္ဖက္ကို ပိုက္လ်က္ရိွေနၿပီး မ်က္ႏွာက မႈန္မိႈင္းမိႈင္းႏွင့္ ၾကည့္ရသည္မွာ အေတာ္ေလး စိတ္မၾကည္ေနပံု ေပၚသည္။

တစ္ေလ်ွာက္လံုး သဲႀကီးမဲႀကီး ေဟာင္ေနသည့္ ထိုေခြးကေတာ့ ဝါယာႀကိဳးျဖင့္ ပါးစပ္ကို အစည္းခံလိုက္ရၿပီး လည္ပင္းၫွစ္ကာ ေျမၾကီးေပၚ အဖိခံထားရသည္။ ထိုေခြး၏ လည္ေခ်ာင္းႏွင့္ မ်က္လံုးထဲတြင္ေတာ့ တဝူးဝူးႏွင့္ ငိုသံထြက္ေနပါေသးသည္။

အလုပ္သမား ဝန္ထမ္းက န်ဲ့ယြင္ကို ေမးသည္။

"ယြင္ေကာ၊ ဘယ္လိုလုပ္မယ္ စိတ္ကူးထားလဲဗ်"

န်ဲ့ယြင္က ေအးစက္စက္ မ်က္ႏွာႏွင့္ ေျပာသည္။

"-ီးပဲ၊ ဒီေခြးေကာင္က တစ္ခ်ိန္လံုး ေဟာင္ေနတာ။ ဆူညံလြန္းလို႔ ငါေတာင္ အိပ္မရေတာ့ဘူး။ ေသေအာင္ သတ္ရင္သတ္၊ ဒါမွမဟုတ္လည္း ေမာင္းထုတ္လိုက္ေတာ့"

အလုပ္သမား ဝန္ထမ္းက သတိႀကီးႀကီးႏွင့္ မ်က္ႏွာလို မ်က္ႏွာရ ရယ္လိုက္ၿပီး

"ဒါေပမဲ့ ဒါက သူမ်ားရဲ့ ေခြး...."

န်ဲ့ယြင္က ေလွာင္ၿပံဳးၿပံဳးကာ

"ေခြးတစ္ေကာင္ေလးပဲဟာ၊ အဲ့အခ်ိန္ ေရာက္ရင္သာ ပိုက္ဆံ နည္းနည္းေလာက္ ထည့္ေပးလိုက္၊ ဘာမွ ေရးႀကီးခြင္က်ယ္ မဟုတ္ေတာ့ဘူး"

ေျမၾကီးေပၚ ဝပ္တြားေနသည့္ ထိုေခြးမွာ မူလက တအီအီ ညည္းတြားသံ ျပဳေနေသာ္လည္း န်ဲ့ယြင္ စကား ဆံုးသည္ႏွင့္ ၄က န်ဲ့ယြင္၏ စကားကို နားလည္ေနသလိုမ်ိဳး ရုတ္တရက္ ေဒါသတႀကီး ထခုန္လာကာ ေခြးရူးျပန္ေနသကဲ့သို႔ န်ဲ့ယြင္ကိုယ္ေပၚ ခုန္အုပ္ေတာ့မည္။

န်ဲ့ယြင္က လန္႔တုန္သြားၿပီး အေနာက္သို႔ ေလးငါးလွမ္းေလာက္ စဥ္ဆက္မျပတ္ ဆုတ္ခြာသြားသည္။

သူ အသိျပန္ဝင္သြားေသာအခါ သူလည္း ေဒါသထြက္သြားၿပီး မဆိုင္းမတြပါပင္၊ နံေဘးမွ တုတ္တစ္ေခ်ာင္း ယူၿပီး ထိုအဝါေရာင္ေခြး၏ ေခါင္းေပၚ ရိုက္ခ်လိုက္သည္။

သူ တစ္ဖက္က ရိုက္ႏွက္ရင္း တစ္ဖက္က ဆဲဆိုသည္။

"အစကတည္းက ေနာက္ေခြးတစ္ေကာင္ ထြက္လာတာကို ျမင္ၿပီး စိတ္မၾကည္ဘူး ျဖစ္ေနပါတယ္ဆို မင္းကမ်ား ငါ့ကို လာရႈပ္ရဲေသးတယ္။ မင္း ထပ္ေဟာင္ခ်င္ေနရင္ ငါမင္းကို ေဟာင္ခိုင္းမယ္"

အဝါေရာင္ေခြးသည္ န်ဲ့ယြင္ထံမွ ေလးငါးခ်က္ေလာက္ အရိုက္ခံရၿပီးေနာက္ ေခါင္းမွ ေသြးထြက္လာၿပီး ေလသံမွာလည္း အႏုစား ပင့္ကူမ်ွင္ကဲ့သို႔ အားနည္း မိွန္ေဖ်ာ့သြားသည္။

န်ဲ့ယြင္က ရိုက္ၿပီးေနာက္ ေဒါသေျပသြားၿပီး ညည္းၫူသံျပဳသည္။

"ေတာ္ၿပီ၊ ထြက္သြားခိုင္းလိုက္ေတာ့"

အလုပ္သမားဝန္ထမ္းက သက္ျပင္းခ်လိုက္သည္။ အႏုပညာရွင္ႀကီး ဆိုေတာ့လည္း စိတ္အေနွာင့္အယွက္ ေပးဖို႔ရန္ မသင့္ေတာ္တာေၾကာင့္ ေသြးတရႊဲရႊဲႏွင့္ အဝါေရာင္ေခြးကို အျပင္ဆြဲထုတ္သြားဖို႔သာ တတ္ႏိုင္သည္။

ဝမ္ယန္က အခန္းထဲမွာ ရပ္ေနၿပီး ထိုေခြး၏ ငိုေႂကြးသံႏွင့္ မ်က္လံုးနက္ထဲမွ ေတာက္ေျပာင္စြာ က်ဆင္းလာေသာ မ်က္ရည္တစ္စက္ကို ျမင္ေသာ္ ဘာေၾကာင့္ရယ္မသိ၊ ႏွလံုးသားထဲ ရုတ္တရက္ အလြန္အမင္း က်ပ္တင္းသြားၿပီး တြန္းအားတစ္ခုႏွင့္အတူ တံခါးအျပင္ ထြက္လာသည္။

"သူ႔ကို ေသေအာင္ မလုပ္နဲ႔"

န်ဲ့ယြင္သည္ မူလက မေပ်ာ္မရႊင္ ျဖစ္ေနခဲ့ေသာ္လည္း ဝမ္ယန္က သူ႔ဘာသာသူ ေျပးထြက္လာသည္ကို ျမင္ေသာအခါ အံ့ၾသစြာျဖင့္ မ်က္ခံုးမ်ား ပင့္သြားသည္။

န်ဲ့ယြင္က ႏႈတ္ခမ္းမ်ား ေကြးတက္သြားၿပီး ေမးခြန္းထုတ္သည္။

"မင္း ခုနက၊ ဘာေျပာလိုက္တာ"

ဝမ္ယန္က ဆိုသည္။

"သူ႔ကို ေသေအာင္ မလုပ္နဲ႔လို႔၊ အဲ့ေခြး"

န်ဲ့ယြင္က ေအးစက္စက္ အသံႏွင့္

"သူကငါ့ကို နားၿငီးေအာင္ လုပ္ေနတာကို"

ဝမ္ယန္က စိတ္လႈပ္ရွားစြာျဖင့္ တံေတြးမ်ိဳခ်လိုက္ၿပီး

"သူ႔ကိုပါးစပ္ ပိတ္ထားလိုက္ရင္ ရပါၿပီ။ ေသေအာင္ေတာ့....မလုပ္ပါနဲ႔"

န်ဲ့ယြင္က ရယ္လိုက္ၿပီး

"ဘာလုပ္တာလဲ၊ မင္းကသူ႔ကို သနားေနလို႔လား"

န်ဲ့ယြင္က လက္ေဝ႔ွယမ္းၿပီး လူမ်ားကို ရုန္းကန္ဖို႔ပင္ မစြမ္းသာေတာ့သည့္ အဝါေရာင္ေခြးကို ေခၚထုတ္သြားဖို႔ အရိပ္ျပလိုက္ကာ ေျခလွမ္းေနွးေနွးႏွင့္ ဝမ္ယန္ဆီ လွမ္းေလ်ွာက္လာကာ ရြဲ႔ေစာင္းေသာေလသံျဖင့္ ၿပံဳးလ်က္ေျပာသည္။

"မင္းကဘာလို႔ သနားစရာေကာင္းတဲ့ ကိုယ့္ဘာသာကိုယ့္ အရင္ မသနားရတာလဲ"

ဝမ္ယန္က ေၾကာင္အမ္းသြားၿပီး တိတ္တိတ္ကေလး တံခါးေဘာင္ကို မွီလိုက္သည္။

န်ဲ့ယြင္က ေဘးဘီဝဲယာကို တစ္ခ်က္ ၾကၫ့္လိုက္ေတာ့ ရန္က်ားလိကို အနီးနားတြင္ မေတြ့ရသည္မို႔ ေလာေလာဆယ္ေတာ့ စိတ္သက္သာရာ ရသြားသည္။

သူက ေခါင္းျပန္လွည့္လာၿပီး ဝမ္ယန္ကို ၾကည့္လိုက္ရာ မ်က္လံုးထဲ ေအးစက္မႈ အတိျဖင့္။

"ဝမ္ယန္၊ ငါတကယ္ မင္းကို ေလ်ွာ့တြက္မိသြားတာပဲ။ အရင္က ရန္က်ားလိနဲ႔ အဲ့လိုေတြ ျပႆနာတက္ဖူးေပမယ့္ အခုေတာ့ သူ႔လူက အရမ္း အင္အားႀကီးတယ္ဆိုတာ သိလိုက္ရေတာ့ အရွက္မရိွဘဲ မင္းကို ျမန္ျမန္ ေခၚထားေပးဖို႔ သူမ်ားကို ေတာင္းဆိုပစ္လိုက္တယ္ေပါ့။ မင္းကေလ ေတာ္ေတာ္ကို ေစ်းေပါတာပဲေနာ္"

န်ဲ့ယြင္ေလသံက အနည္းငယ္ ေလးနက္သြားၿပီး

"အခု ရန္က်ားလိက မင္းကို ေထာက္ခံေပးေနတာဆိုေတာ့ ​​ငါ မင္းကို ဘာမွ မလုပ္ရဲပါဘူး။ ဒါေပမဲ့ မင္းစိတ္ထဲမွာ ေသခ်ာမွတ္ထား၊ တစ္ေန့ေန့မွာ သူမ်ားက မင္းကို လ်စ္လ်ူရႉသြားၿပီဆိုရင္ မင္းကို မုန္းတဲ့သူေတြနဲ႔ မင္းရဲ့ အျပစ္ေတြကလည္း အဲ့ေလာက္မ်ားတာဆိုေတာ့ မင္းရဲ့ အဆံုးသတ္က ဒီေခြးေလာက္ေတာင္ ေကာင္းပါ့မလား စိုးရိမ္မိတယ္။ မင္း ေစာင့္ေနလိုက္ေပါ့"

ဝမ္ယန္၏ မ်က္ႏွာမွာ ရုတ္ျခည္း ျဖဴေလ်ာ္သြားသည္။

အလုပ္သမား ဝန္ထမ္းက အျပင္မွ ျပန္လာၿပီး ေရပိုက္ေခါင္းေရ႔ွတြင္ လက္ေဆးလိုက္ကာ ေျပာဆိုလာသည္။

"ယြင္ေကာ၊ ေခြးကို ေျဖရွင္းၿပီးပါၿပီ။ အစ္ကို႔ကို ထပ္ၿပီး အေနွာင့္အယွက္ မေပးေလာက္ေတာ့ပါဘူး။ စိတ္ေအးလက္ေအး အိပ္လို႔ရပါတယ္"

န်ဲ့ယြင္က ခပ္ေဖ်ာ့ေဖ်ာ့ႏွင့္ အင္းဟု အသံျပဳသည္။

သူက ေခါင္းျပန္လွၫ့္လာၿပီး မၾကာေသးခင္က ေခြးကို ၾကၫ့္ခဲ့သည့္ မ်က္လံုးမ်ားအတိုင္း ဝမ္ယန္ကို အထင္ေသးစြာ ၾကၫ့္လိုက္ၿပီး အတန္ၾကာေသာ္ ခပ္ဖြဖြ ၿပံဳးကာ

"ေခြးဆိုတာက ေခြးပဲ။ ဘယ္ေလာက္ပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေဟာင္ေနပါေစ၊ လူမျဖစ္လာႏိုင္ဘူး။ လူျဖစ္ဖို႔လည္း မတန္ဘူး"

န်ဲ့ယြင္တစ္ေယာက္ ထြက္သြားေတာ့၏။

ဝမ္ယန္က တံခါးေဘာင္နားတြင္ အခ်ိန္အေတာ္ၾကာ မွင္ေသေနခဲ့ၿပီးမွ တိတ္တိတ္ကေလး တံခါးပိတ္ကာ အခန္းထဲ ျပန္ေတာ့သည္။

ေနာက္တစ္ေန့ ဝမ္ယန္ အျပင္ထြက္လာေတာ့ ေခြးေလွာင္အိမ္က လစ္ဟင္းေနခဲ့သည္ကို ျမင္လိုက္ရၿပီး အဝါေရာင္ေခြးသည္လည္း ဘယ္ေသာအခါမွ ျပန္မလာေတာ့ေပ။

ေခြးပိုင္ရွင္၊ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးက နံေဘးတြင္ ရပ္ေနၿပီး မေပ်ာ္မရႊင္ ျဖစ္ေနသည့္ အမူအရာမ်ိဳး တခ်ိဳ႕တစ္ဝက္ပင္ ရိွမေနခဲ့။ ပိုင္ရွင္အမ်ိဳးသား လက္ထဲ အနီေရာင္ မ်က္ႏွာျပင္ႏွင့္ ေငြစကၠူ အထပ္လိုက္ကို ကိုင္ထားၿပီး တံေတြးဆြတ္ကာ တစ္ရြက္ၿပီးတစ္ရြက္ ေရေနၿပီး ၿပံဳးရယ္ေနသည္မွာ မ်က္လံုးေထာင့္သည္ပင္ တြန္႔ေၾက ရႈံ႔တြေနသည္။

ဝမ္ယန္က သူ ေလသံနိမ့္ႏွင့္ ေျပာသည္ကို ၾကားလိုက္ရသည္။

"ႀကီးပြားၿပီ"

ဝမ္ယန္က ထိုစကားကို ၾကားေသာအခါ ႏွလံုးသားက ရုတ္တရက္ တုန္ရီသြားသည္။

သူသည္ လစ္ဟာေနသည့္ ေခြးေလွာင္အိမ္ကို ၾကည့္ရင္း ရင္ဘတ္ထဲမွ ၫွိုးငယ္ ထိုင္းမိႈင္းမႈႏွင့္ စိတ္မေကာင္းမႈတို႔က ျပန္႔ကြဲ ျဖာထြက္လာကာ ဦးေနွာက္ထဲ မေန့ညက န်ဲ့ယြင္ ေျပာခဲ့သည့္ စကားမ်ားကို ရုတ္တရက္ ျပန္ေတြးမိလာသည္။ ေခြးဆိုတာက ေခြးပဲ၊ ဘယ္လိုပဲ ေဟာင္ေဟာင္၊ လူျဖစ္လာဖို႔ မထိုက္တန္ဘူး။ လူေတြအတြက္ ဘယ္လိုပဲ ႀကိဳးႀကိဳးစားစားနဲ႔ တံခါးေစာင့္ေစာင့္၊ အလုပ္ေတြ အမ်ားႀကီး ပိုလုပ္ေပးေနလည္း အိမ္ေမြး တိရစၧာန္က တိရစၧာန္ပဲ။

ဝမ္ယန္က အၾကည့္မ်ားကို ျပန္ရုတ္သိမ္းၿပီးေနာက္ ေျခဆုတ္ကာ ထြက္လာေတာ့သည္။

ေန့ခင္းဘက္ ရိုက္ကူးရာတြင္ ရန္က်ားလိသည္ ဝမ္ယန္က အၿမဲလိုလို ေတြေဝနစ္ေမာေနၿပီး ယခင္ေန့မ်ားထက္ပင္ ပိုပိုသာသာ စိတ္ဓာတ္က်ေနေၾကာင္း ေတြ့ရိွလိုက္ရသည္။

ရန္က်ားလိက တိတ္တိတ္ကေလး ဝမ္ယန္ကို တို႔လိုက္ကာ ေလသံတိုးတိုးႏွင့္ ေမးသည္။

"မင္း ဘာျဖစ္ေနတာလဲ"

ဝမ္ယန္က ေခါင္းယမ္းလိုက္ၿပီး ေတာင့္ေတာင့္တင္းတင္းႏွင့္ ရယ္ျပလိုက္ကာ

"ဘာမွမျဖစ္ေတာ့ပါဘူး"

ရန္က်ားလိက မ်က္ေမွာင္ၾကဳတ္သြားၿပီး ဆက္ေမးခ်င္ေနတုန္း အိတ္ကပ္ထဲမွ လက္ကိုင္ဖုန္းက အသံျမည္လာသည္။

ရန္က်ားလိ လက္ကိုင္ဖုန္းကို ထုတ္ၾကည့္လိုက္ရာ ေက်ာက္ရွန္႔ဟိုင္၏ ေခၚဆိုမႈပင္။

သူက ၿပံဳးၿပံဳးရႊင္ရႊင္ႏွင့္ ဖုန္းလက္ခံလိုက္ကာ

"ဟိုင္ေကာ၊ ဘာျဖစ္လို႔လဲ.....ကြၽန္ေတာ္က အခု အျပင္မွာ ကြင္းဆင္း ရိုက္ကူးေနတာ၊ ေတာင္ေပၚမွာ၊ အရမ္း ေခါင္တယ္။ ရိုက္ကူးေရးက မၿပီးေသးေတာ့ ေလာေလာဆယ္ေတာ့ ျပန္လာႏိုင္ဦးမွာ မဟုတ္ဘူး။ လဲ့လဲ့ရဲ့ ေမြးေန့လည္း ကြၽန္ေတာ္ မလာႏိုင္ေလာက္ေတာ့ဘူး ထင္တယ္။ ယဲ့ထင္က ကြၽန္ေတာ့္အစား လက္ေဆာင္ ယူလာေပးလိမ့္မယ္။ ကြၽန္ေတာ္ ျပန္လာမွ ခင္ဗ်ားအိမ္ကို တစ္ေခါက္ လာလည္ပါ့မယ္.....ဟုတ္သား၊ ဟုတ္သား၊ ကြၽန္ေတာ့္အစား လဲ့လဲ့ကို ေမြးေန့မွာ ေပ်ာ္ရႊင္ပါေစလို႔ ေျပာေပးပါဦး။ ခ်လိုက္ေတာ့မယ္ေနာ္"

ဖုန္းကို အိတ္ကပ္ထဲ ျပန္ထည့္ၿပီးေနာက္ ရန္က်ားလိသည္ ဝမ္ယန္ကို နံေဘးသို႔ ဆြဲလိုက္ေလ၏။

(TN/ ဒီမွာ Mao Ge က မွားေရးထားသလားေတာ့ မသိဘူး အိတ္ကပ္ကို အိတ္ထဲ ျပန္ထည့္တယ္ဆိုၿပီး ေရးထားလို႔ ဖုန္းလို႔ပဲ ျပင္ထားလိုက္တယ္ေနာ္)

ရန္က်ားလိက သက္ျပင္းခ်ကာ ​ေဖ်ာင္းဖ်သည္။

"မင္း အမ်ားႀကီး ေတြးမေနပါနဲ႔။ ဘာကိစၥရိွရိွ ငါ့ကို ရင္ဖြင့္ဖို႔သာ သတိရ။ မင္းအခု ကိုယ့္ဘာသာကိုယ္ ျပန္ၾကည့္ၾကည့္၊ ငိုလည္းမငို ဆူလည္းမဆူ၊ တစ္ေယာက္တည္းပဲ မ်ိဳသိပ္ထားတယ္။ မပင္ပန္းဘူးလား"

ဝမ္ယန္က ေခါင္းငံု႔ထားၿပီး အေတာ္ၾကာမွ ေခါင္းညိတ္ကာ

"သိပါၿပီ"

ထိုအခါမွသာ ရန္က်ားလိက ၿပံဳးရႊင္ရႊင္ႏွင့္ ဝမ္ယန္၏ ပခံုးကို ဖက္လိုက္သည္။ ေတာက္ပေနေသာ အၿပံဳးက ေနဝင္ခ်ိန္၏ ေရာင္ျခည္စက္ဝန္းၾကား နစ္ဝင္ စီးေမ်ာသြားေတာ့၏။ သူသည္ အေဝးမွ အနီေရာင္ သန္းေနေသာ ေနဝင္ဆည္းဆာႏွင့္ မိုးကုပ္စက္ဝိုင္း၏ အလင္းေရာင္ကို ၾကည့္လိုက္ကာ

"ေနဝင္ခ်ိန္က အဆံုးမရိွ ခမ္းနားၿပီး ရႉခင္းေတြကလည္း ဒီေလာက္လွတာ။ ငါတို႔ရဲ့ အနာဂတ္ဆိုတာလည္း အဆံုးမရိွဘူး၊ အရာအားလံုးက အမ်ားႀကီး အဆင္ေျပလာမွာ။ မင္းကေတာ့ေလ၊ စိတ္ကို တည္ၿငိမ္ေအာင္ထားၿပီး ထိုင္းမိႈင္း မေနေတာ့နဲ႔"

ဝမ္ယန္က ၿငိမ္ၿငိမ္သက္သက္ေလး အင္းဟု အသံျပဳသည္။

သူက ေခါင္းေမာ့လာၿပီး ရန္က်ားလိ၏ အၾကည့္လားရာကို အတူတူ လိုက္ၾကည့္မိသည္။

သူ မိုးကုပ္စက္ဝိုင္းေပၚမွ တမူထူးျခားေနသည့္ အျဖဴေရာင္ အလင္းတန္းကို ေတြ့လိုက္ရေသာအခါ ဘာေၾကာင့္ရယ္မသိ၊ ႏွလံုးသားက အႀကိမ္အနည္းငယ္ ခုန္လွပ္လာသည္။
.
.
.
.
.
13/5/2022(Fri)

Translator's Note >>>

Ju Mao Gege က ေနာက္အပိုင္းအတြက္ စပြိုင္လာကို AN ထဲေတာ့ ထည့္ေရးထားတယ္။ အဲ့အျဖဴေရာင္ အလင္းတန္းနဲ႔ ပတ္သတ္ၿပီးေတာ့ပဲ....ဒါေပမဲ့ စာဖတ္သူေတြထဲမွာ အိုင့္လို စပြိုင္လာ မႀကိဳက္တဲ့သူေတြ ရိွမွာသိလို႔ မျပန္ေတာ့ဘူးေနာ္ >< ဘာပဲျဖစ္ျဖစ္ ေနာက္အပိုင္းက် သိမွာပဲဥစၥာ......

ေနာက္ေတာ့ တစ္စံုတစ္ေယာက္ရဲ့ မာနတံတိုင္းႀကီးကလည္း ၿပိဳက်လာပါေတာ့မယ္^^ ဒီေလာက္ေတာ့ စပြိုင္းလို႔ ျဖစ္တယ္ဟုတ္ :P

ဒီမွာလည္း ၾကည့္ၾကပါဦး ယဲ့ဖန္ကို မလိမ့္တပတ္လုပ္ဖို႔ ႏွစ္ေယာက္သား အတိုင္အေဖာက္ေတြ ညီၿပီး အခ်င္းခ်င္း အခ်က္ျပေနၾကတာ ခ်စ္စရာႀကီးေတြ ˃ᴗ˂

×××

Continue Reading

You'll Also Like

65.8K 8.5K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...
1.2M 50.8K 62
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.5M 245K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...
1.5M 201K 74
Status: Completed in Myanmar Translation Author: Little Ice Cube(冰块儿) Status: 58Chapter + 11 extra (completed) Type: webnovel Associated name: Shh...