ဒီချစ်စရာလေးကို ပြုစုပျိုးထော...

By PoRoRo0812

480K 82.3K 1.5K

Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Cre... More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အပိုင်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
No Update
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁ (final)
Extra 1
Extra 2

အခန်း ၁၉

6K 1.1K 46
By PoRoRo0812

Raising You This Small Stuff

Unicode

အခန်း ၁၉ : မိုရိချန်၏တိုင်ကြားချက်

မိုရိချန်က မျက်မှောင်ကြုတ်နေရင်း  ချန်ကျောင်နဲ့ဖုန်းပြောနေတာကို ချလိုက်သည်။ 

ယွမ်းစွော်က အဝတ်အစားလဲပြီးနောက် ရေချိုးခန်းထဲက ထွက်လာတော့ မိုရိချန်ရဲ့ မည်းမှောင်နေတဲ့မျက်နှာကို မြင်လိုက်သည်။ မိုရိချန်ရဲ့ ကြမ်းတမ်းတဲ့မျက်နှာက မြင်ရခဲတာကြောင့် သူက လန့်သွားပြီး ကြောက်ကာ ထိန်းမရတော့ပဲ ကျို့တောင်ထိုးလာခဲ့သည်။ 

မိုရိချန်က သူ့လေသံကို အတတ်နိုင်ဆုံး လျှော့ဖို့ ကြိုးစားခဲ့ပေမယ့် သူ့မျက်နှာပေါ်က ဒေါသတွေက ထိန်းမရဖြစ်နေပြီးပြောလာသည်။ "မင်းခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက ဘယ်လိုဖြစ်တာလဲ"

ဟမ် မိုရိချန်က ဘယ်လိုသိပါလိမ့်။ သူ ဒဏ်ရာရတော့ စနစ်က အလိုအလျောက် အသိပေးချက်ပေးပို့တာဖြစ်ရမည်လို့တွေးပြီး မိုရိချန်က သူ့ကို ချောင်းကြည့်နေတာဖြစ်မယ်လို့ သံသယမဝင်ခဲ့ပေ။ 

အင်္ကျီလက်ဖျားလေးကို ဆွဲကာ မသဲမကွဲရေရွတ်လာသည်။ "ကျွန်တော်ကားပေါ်ကဆင်းတော့ လဲကျသွားပေမယ့် ဘာမှမထိခိုက်မိပါဘူး"

ယွမ်းစွော်ရဲ့ပျာယာခတ်နေတဲ့အမူအရာကို မြင်တော့ မိုရိချန်က တစ်ခုခုမှားနေပြီလို့ ခံစားလိုက်ရသည်။ 

"တကယ်ပဲ မင်းဘာသာ လဲကျတာလား"

"...တစ်ယောက်ယောက်က အနောက်က တွန်းလိုက်သလိုပဲ ဒါပေမယ့် သိပ်မသေချာပါဘူး" သူ့ရဲ့လိမ်ညာတဲ့စွမ်းရည်က တကယ့်ကို သုညပင် ဖြစ်ပြီး နည်းနည်းလောက် ဖိအားပေးလိုက်တာနဲ့ ဇာတ်ကြောင်းကိုအကုန်ဖော်ထုတ်လိုက်နိုင်သည်။

မိုရိချန်ကမေးလိုက်သည်။ "အဲဒီ့အချိန်တုန်းက မင်းအနောက်မှာရှိနေတာ ဘယ်သူလဲ"

ယွမ်းစွော် : " မနေ့က ကျွန်တော့်ရဲ့ ကျောင်းလွယ်အိတ်ကို ကူပေးတဲ့ ကြင်နာတတ်တဲ့ကောင်လေးလေ။ ဒါပေမယ့် သူလုပ်တဲ့ပုံတော့မရပါဘူး။ ကျွန်တော်လည်း မသေချာဘူး"

မိုရိချန်က ဒေါသထွက်လာပြီး ဒီအကောင်ပေါက်လေးကတော့ သူ့ကို ရောင်းစားသွားရင်တောင် ပိုက်ဆံကူရေပေးနေမယ့်ပုံပင်။ 

"ဒီကို အရင်လာခဲ့ မင်းအဝတ်တွေကို ချွတ်လိုက်"

"ဟမ်" 

ယွမ်းစွော်က မသိစိတ်ဖြင့် သူ့ရင်ဘတ်လေးကို ကာလိုက်သည်။ တကယ်တော့ သူ့စိတ်ထဲမှာ မိုရိချန်ကို အဝတ်မပါပဲ မြင်ရတာကပြသာနာ မရှိပေမယ့် သူက မူရင်းသူ့ပုံစံမဟုတ်ပဲ Q version အသားအရည်ဖြစ်နေပြီး စနစ်က သူ့ရဲ့မူရင်းပုံစံကို အခြေခံကာ စနစ်ရဲ့နိမ့်ကျတဲ့ ပုံတူကူးမှုသာ ဖြစ်တာကြောင့် ဘာကြောင့်မှန်း မသိပေမယ့် မိုရိချန်ရှေ့မှာ အဝတ်ချွတ်ရမှာ အလွန်ရှက်သည်။

 "ကျွန်တော်...ကျွန်တော် အထဲဝင်ပြီး ချွတ်လိုက်ပါ့မယ်"

မိုရိချန်က ကူကယ်ရာမဲ့ဖြစ်သွားကာ ပြောလိုက်သည်။ 

" မင်းချွတ်ပြီးရင်လည်း ပြန်ထွက်လာရမှာပဲလေ။ အတူတူပဲ မဟုတ်ဘူးလား"

ယွမ်းစွော်က ခဏလောက်တွေးလိုက်သည်။ ထို့နောက် မိုရိချန်ရဲ့ညွှန်ကြားချက်အတိုင်း အင်္ကျီချွတ်ရန် ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ အခုမှဗိုက်ဝအောင်စားထားတဲ့ ဗိုက်လေးက နူးညံ့တဲ့ ဘမ်းမုန့်ဖြူလေးလိုဖောင်းကားနေကာ ယွမ်းစွော်က ရှက်ရွံ့စွာဖြင့် သူ့ဗိုက်ရှေ့မှာဖုံးဖို့ ပန်ဒါခေါင်းအုံးလေးကို ဆွဲယူချင်ခဲ့သည်။ 

မိုရိချန်က ကူကယ်ရာမဲ့စွာခေါင်းယမ်းလိုက်ပြီး ဂိမ်းရဲ့လုပ်ဆောင်ချက်အတိုင်းဒဏ်ရာတွေကို ညင်သာစွာထိလိုက်ပြီး ယွမ်းစွော်ကို အသက်ပြင်းပြင်း ရှူသွားမိစေသည်။ ဖုန်းမျက်နှာပြင်ကို ထိထားတဲ့မိုရိချန်ရဲ့လက်က ချက်ချင်းနူးညံ့သွားကာ လမ်းလျှောက်တဲ့အခါ နာသလားလို့ စိုးရိမ်စွာဖြင့် မေးလိုက်သည်။ ယွမ်းစွော်က ခေါင်းညိတ်ပြလိုက်သည်။

မိုရိချန်က ပိုပြီးဒေါသထွက်လာခဲ့သည်။ သူ့ကို အရင်ဆုံးပြောပြရမယ့်အစား ပျော်ပျော်ကြီးတောင် ပြီးအောင် စားနေသေးသည်။ ရုပ်ရှင်ကြည့်ဖို့ကို ရွေ့ဆိုင်းရမည့်ပုံပင်။ သူက လျန်ရှောင်းနင်ကို ဖုန်းခေါ်ပြီးနောက် အနောက်တိုင်းစားသောက်ဆိုင်မှ ထွက်လာခဲ့သည်။

စားသောက်ဆိုင်မှ ထွက်ခွာသွားသော ရုပ်ရှင်ဧကရာဇ်က စားပွဲထိုးတွေနဲ့ မန်နေဂျာတွေ အုပ်လိုက်ကြီး ပြိုလဲကျန်နေခဲ့တာကို မသိလိုက်ပေ။ ရုပ်ရှင်ဧကရာဇ် စားသောက်ပြီးတော့ ဘာကြောင့် ပန်းကန်ခွက်ယောက်တဝက်က ပျောက်ဆုံးသွားရတာလဲ။ ပြီးတော့ ဘာကြောင့် တရုတ်နံနံနဲ့ပုစွန်ကြော်အပိုတစ်ပန်းကန်ရှိနေရတာလဲ။

"မင်းသားက ငါတို့ရဲ့ပန်းကန်ခွက်ယောက်တွေကို ခိုးသွားတာလား!"

"ဒါက...ဒါက တွက်ကြည့်လိုက်ရင် ပစ္စည်းတစ်ခုအတွက် တစ်ခုပြန်ပေးထားခဲ့တယ်လေ ဟုတ်တယ်မလား။ သူက တရုတ်နံနံနဲ့ပုစွန်ကြော် တစ်ပန်းကန်မချန်ထားခဲ့ဘူးလား..."

"ပြီးတော့ သူပြန်ထွက်သွားတော့ သူက ဝတ်စုံပြည့်ဝတ်ထားတာလေ ဒီလောက်ပစ္စည်းတွေအများကြီးဘယ်နေရာမှာ သွားဖွက်ထားတာလဲ "

"ပန်းကန်တွေ၊ ဓားတွေ၊ ခက်ရင်းတွေ စားရတာ ကြိုက်တဲ့ ထူးဆန်းတဲ့ရောဂါတစ်မျိုးရှိတယ်လို့ ငါကြားဖူးတာပဲ...."

".............."

မိုရိချန်က ကားကို အမြန်မောင်းခဲ့ပြီး ဖုန်းထဲတွင် ဆိုဖာပေါ်၌ထိုင်နေသည့် ယွမ်းစွော်ကို စိုးရိမ်စိတ်ကြောင့် လက်ချောင်းလေးတွေကို လိမ်ညှစ်မိအောင် ဖြစ်နေစေသည်။ သူက မိုရိချန်ကို ဖုံးကွယ်ထားဖို့ တကယ်မရည်ရွယ်ထားပေ။ ဒီနေ့ ရုပ်ရှင်က ပျက်သွားပြီလား။

ဒေါက်တာလျန်နဲ့ မိုရိချန်က တစ်ချိန်တည်းနီးပါး တိုက်ခန်းသို့ရောက်လာကြပြီး အပေါ်ထပ်သို့ တိတ်တဆိတ်တက်လာခဲ့ကြသည်။ 

မိုရိချန်က ဂိမ်းမျက်နှာပြင်ကို ဖွင့်လိုက်ပြီး ဒေါက်တာလျန်ကလည်း ဒီအခြေအနေနဲ့ ရင်းနှီးနေပြီဖြစ်တာကြောင့် ဆေးဘက်ဆိုင်ရာ မျက်နှာပြင်ဆီသို့ သွားလိုက်သည်။ ဆူခံထားရတဲ့ပုံဖြင့် ဝန်းနည်းနေတဲ့မျက်နှာဖြင့် ဆိုဖာပေါ်တွင်ထိုင်နေတဲ့ယွမ်းစွော်ကိုမြင်တော့ မတတ်နိုင်တော့ပဲ ရယ်မောလိုက်သည်။

"ဒီကလေးက အရင်ကထက် ဝလာပုံပဲ" ဒေါက်တာလျန်က သက်ပြင်းချလိုက်သည်။ မိုရိချန်က ဒီအထဲတွင် အတော်လေး အားစိုက်ထုတ်ထားပုံပင်။ဝတာက ကြီးမားတဲ့ ပြသာနာမဟုတ်ကြောင်းတွေးထားတဲ့ မိုရိချန်ကို စိတ်ပူနေတာမှ စိတ်ရှုပ်ထွေးသွားစေတဲ့ သူ့ရဲ့ဘေးမှ ကျန်းမာရေးအခြေအနေက ပြသနေတာက: ထူးကဲ+။ 

ယွမ်းစွော်က နှုတ်ခမ်းလေးကို ကိုက်လိုက်သည်။"အို့" တကယ်လား။ သူက တကယ်ဝနေတာလား။ မိုရိချန်က အဝတ်အစား အရွယ်အစားတွေက သေးသွားတယ်လို့ သေချာပြောခဲ့ပေမယ့် အဝတ်တွေက ကျုံ့သွားတာလား ဒါမှမဟုတ် တစ်ခုခုလား...... ဘယ်သူမှမကြည့်လောက်ဘူးလို့တွေးကာ သူ့ဗိုက်ကို လုံးဝကာထားဖို့ နောက်ထပ်ခေါင်းအုံးတစ်လုံးကို တိတ်တိတ်လေး ယူလိုက်သည်။

မိုရိချန်က အေးစက်စွာ တစ်ချက်ကြည့်လိုက်တာကြောင့် လျန်ရှောင်းနင်က ချက်ချင်းတိတ်သွားကာ ဆရာဝန်တစ်ဦးရှိသင့်သည့် လေးနက်တဲ့အသွင်သို့ ပြန်ရောက်သွားသည်။ 

လျန်ရှောင်းနင်က ယွမ်းစွော်ကို ဂရုတစိုက်စစ်ဆေးလိုက်သည်။ အရိုးနဲ့ ကြွက်သားတွေကို ထိခိုက်မှုမရှိပဲ အပေါ်ယံဒဏ်ရာများသာဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ နှစ်ရက်လောက် လေ့ကျင့်ခန်း မလုပ်ပဲ ဆေးလိမ်းလိုက်လျှင် ဒဏ်ရာတွေက ပျောက်ကွယ်သွားလိမ့်မည်။ မိုရိချန်က ဆေးအညွှန်းတွေကို တစ်ခုချင်းစီ သေချာချရေးခဲ့သည်။

"ငါအမြဲတမ်းမေးချင်နေတာရှိတယ်။ ဒီဂိမ်းကို ပြည်တွင်းအာဏာပိုင်တွေက တီထွင်ထားတာလား။ ဉာဏ်ရည်က ဒီလောက်တောင်မြင့်နေတာ ကမ္ဘာကြီးကို နည်းနည်းတော့သံသယဝင်မိတယ် " လျန်ရှောင်းနင်က မပြန်ခင်မေးလိုက်သည်။

မိုရိချန်က ခေတ္တရပ်လိုက်သည်။ "အသိဉာဏ်မရှိတာက မင်းတစ်ယောက်တည်း"

ဒေါက်တာလျန်: "..........."

မိုရိချန် : "ဒါကိုလျှို့ဝှက်ထားဖို့သတိရပါ"

"...ကောင်းပြီ"

ဒေါက်တာလျန်က အမြန်ပြန်သွားခဲ့သည်။

မိုရိချန်က ယွမ်းစွော်ကို ဆေးလိမ်းဖို့ ကူညီပေးခဲ့ပြီး အေးမြနေတဲ့ဆေးက အရေပြားပေါ် ပွတ်မိတော့ ထိခိုက်မိထားတာတွေက ပေါ်ထွက်လာခဲ့သည်။ မိုရိချန်က စိတ်မကောင်းဖြစ်သွားကာ ဆေးလိမ်းပေးနေတဲ့အားကို အနိမ့်ဆုံးထိ ချိန်ညှိလိုက်ကာ သူ့လက်အားကလည်း အလိုအလျောက်ပေါ့ပါးလာသည်။ 

ယွမ်းစွော်ရဲ့နောက်ကျောက နာနေပေမယ့် ရုပ်ရှင်ရောသွားကြည့်ရပါ့ဦးမလားလို့ တွေးနေခဲ့သည်။ 

တစ်ခုခုကြုံခဲ့ရရင် သူ့ကိုပြောပါ့မယ်လို့ မိုရိချန်ကို အရင်တုန်းက ကတိပေးခဲ့ပြီး ပြောမလို့လုပ်ထားပေမယ့် အိမ်ပြန်ရောက်တော့ တရုတ်နံနံနဲ့ပုစွန်ကြော်ရဲ့အနံ့ကြောင့် အရင်ဆုံး အာရုံပြောင်းသွားပြီး သူ့ပါးစပ်ကိုsteakက ပိတ်ထားလိုက်ပြီးတော့ နောက်ဆုံးတွင် ရုပ်ရှင်ကြည့်ဖို့အမြန်လိုနေတာကြောင့် နှောင့်နှေးသွားခဲ့သည်။

မိုရိချန်က ယွမ်းစွော်ရဲ့တွန့်ဆုတ်နေတဲ့ အမူအရာကို ကြည့်လိုက်သည်။ အိမ်ပြန်လာတဲ့လမ်းမှာ ဆူခဲ့ပြီးပြီဖြစ်ပြီး ဘာမှအများကြီးထပ်မပြောချင်တော့တာကြောင့် ဆေးလိမ်းပြီးနောက် ပြောလိုက်သည်။ 

"အင်း အိပ်ရာထဲသွားပြီးလှဲနေတော့ ဒီညလျှောက်ပြေးမနေနဲ့ဦး"

ယွမ်းစွော်က ခေါင်းညိတ်ပြကာ ဆေးတွေကို ပွတ်မိမှာစိုးတာကြောင့် အဝတ်တောင် ပြန်မဝတ်တော့ပဲ ခေါင်းအုံးလေးကိုဖက်ကာ အိပ်ခန်းဆီ လျှောက်သွားရင်း အလွန်စိတ်ပျက်နေတဲ့ပုံပေါ်နေသည်။

မိုရိချန်က ဆေးဘက်ဆိုင်ရာမျက်နှာပြင်ကို ပိတ်ကာ ကူကယ်ရာမဲ့စွာပြောလိုက်သည်။ "တရေးအိပ်လိုက်ဦး။ ငါမင်းကို နှိုးမယ်။ ဒီနေ့နေ့လည်စာက အများကြီးစားထားတာကြောင့် ရုပ်ရှင်ကြည့်ရင်း ဖျော်ရည်ပဲ သောက်လို့ရမယ်။ သရေစာတွေ စားခွင့်မပြုဘူး "

ဘာကြီး? ယွမ်းစွော်ရဲ့စိတ်ဓာတ်ကျစွာငုံ့နေတဲ့ ခေါင်းလေးက ချက်ချင်းမော့လာသည်။ သူက ပြန်လှည့်ကြည့်ကာ မိုရိချန်ကို အံ့သြစွာကြည့်ရင်း ခဏလောက် ဘယ်လိုတုံ့ပြန်ရမှန်းမသိ ဖြစ်နေသည်။ မိုရိချန်က သူ့ကိုရုပ်ရှင်ကြည့်ဖို့ ခေါ်သွားမယ်လို့ အတည်မပြုခင် မိနစ်အနည်းငယ်လောက် ကြာလိုက်သည်။

မိုရိချန် သက်တော်ရာကျော် ရှည်ပါစေ!

ဗိုက်ကလေးကို ကာဖို့သုံးထားတဲ့ ခေါင်းအုံးလေးက စိတ်လှုပ်ရှားမှုကြောင့် ပြုတ်ကျသွားကာ ဖျော်ရည်ပြင်ဆင်ဖို့ ပျော်ရွှင်စွာ ပြေးသွားခဲ့သည်။ 

မိုရိချန်က သူ့နဖူးကိုသာ ကိုင်ထားလိုက်မိသည်။

ဒီတစ်ခါတွင် မိုရိချန်စီစဥ်ထားတဲ့ဇာတ်ကားက ယွမ်းစွော်ရဲ့အကြိုက်ဆုံးဖြစ်တဲ့ 'A Dog's Mission'ဖြစ်သည်။ ယွမ်းစွော်က ဆိုဖာပေါ်တွင် ထိုင်ကာ အသေးစိတ်အချက်အလက်လေးကအစ လွတ်မသွားစေရန် အာရုံစူးစိုက်စွာကြည့်ရင်း မကြာခဏနှာရှုံ့နေကာ မျက်ရည်တွေက စီးကျနေသည်။

ရုပ်ရှင်ပြီးသွာတော့ မိုရိချန်ကအိမ်ပြန်လာတဲ့အခါ ယွမ်းစွော်က ပင်ပန်းတာ၊ ကြောက်နေခဲ့တာအပြင် အများကြီး စားထားတာတွေကြောင့် ဖြစ်နိုင်ကာ ဆိုဖာပေါ်တွင် အိပ်ပျော်သွားခဲ့သည်။ မိုရိချန်က သူ့ကိုခြုံပေးဖို့ စောင်တစ်ထည် ရှာတွေ့ခဲ့ပြီး ဂိမ်း၏အကူအညီနှင့် တိုင်ပင်ဆွေးနွေးခြင်း စာမျက်နှာထဲဝင်ကာ ဂိမ်းအကြောင်းကို ထပ်မံလေ့လာလိုက်သည်။ elfကြော်ငြာစနစ်၊ လှုပ်ရှားမှုနယ်ပယ်၊ ပြင်ပကမ္ဘာနှင့်အပြန်အလှန် ဆက်သွယ်မှု၊ ကျောင်းနေဘဝ စသည်ဖြင့် ပါဝင်သည်။ 

စာမျက်နှာတွေထဲက တစ်ခုမှာတော့ ကစားသမားက ကျောင်းရဲ့သင်ကြားရေး သို့မဟုတ် အခြားအခြေအနေများနဲ့ပတ်သက်၍ မှတ်ချက် သို့မဟုတ် အကြံပေးချက်များရှိပါက XXXXXXXX@XXX.comသို့ emailပေးပို့နိုင်ကြောင်း  ဖတ်လိုက်မိသည်။

သို့သော်မိုရိချန်က ဘယ်လိုပဲဖြစ်ဖြစ် သူက ဂိမ်းကမ္ဘာထဲမဝင်ရောက်နိုင်တာကြောင့် အလျင်စလိုမပြုမူခဲ့ပေ။ သူက ခက်ထန်တဲ့email တစ်စောင်ပို့ခဲ့ပြီး ကျောင်းက ညံ့ဖျင်းစွာ စီမံခန့်ခွဲ့ခဲ့လျှင် တစ်ဘက်လူကို လှုံ့ဆော်ရာ ရောက်ပြီး မတော်တဆမှုဖြစ်မသွားနိုင်ဘူးလား။ ဖြစ်ပြီးသွားမှ နောင်တရလျှင် အလွန်နောက်ကျသွားပြီ။

မိုရိချန်က အောက်ကို ဆက်ဖတ်သွားခဲ့သည်။ ကျောင်းအုပ်ကြီးရဲ့hotlineလည်း ရှိပေမယ့် ဖုန်းနံပါတ်ကမယုံနိုင်စရာကောင်းလောက်အောင် ရိုးရှင်းလွန်းနေသည်။ ဒါက ဖုန်းနံပါတ်မဟုတ်ပေမယ့်.........

ဒါတွေက သူသရုပ်ဆောင်ခဲ့တဲ့  [The Wind Rises] ရုပ်ရှင်ကားမှတဆင့် မော့စ်အချက်ပြသင်္ကေတတွေ ဖြစ်ကြောင်း မှတ်မိသည်။ တကယ်တော့ မော့စ်အချက်ပြသင်္ကေတတွေက တစ်ခါ ကျွမ်းကျင်ပြီးရင် ဖြေရှင်းဖို့ မခက်ပေ။ သူက ပြန်ကူးယူကာ အချိန်အနည်းငယ်ကြာအောင် ဘာသာပြန်ပြီးနောက် နောက်ဆုံးတွင် ကျောင်းအုပ်ကြီးရဲ့ hotlineကို ခေါ်ဖို့ အောက်နားမှာ ဖြည့်ရမယ့် နံပါတ်အတွဲလိုက်ကို ရရှိခဲ့သည်။

နေရာလွတ်တွင် တိုက်ရိုက်ပေါ်လာသော ဖုန်းခေါ်ဆိုမှုအခြေအနေ: elfကစားသမား ကျေးဇူးပြုပြီး ခေါ်ဆိုမည့်ကူပွန်နံပါတ်ကို ထည့်ပါ [ခေါ်ဆိုမည့်ကူပွန်ကို ဘယ်လိုရနိုင်မလဲ: 1. elfရဲ့ အဆင့်က ၅၀နှင့် ၉၉ အသီးသီးရောက်ရှိခဲ့လျှင် ကူပွန်များကို အခမဲ့ရယူနိုင်ပါသည်။ 2.ကစားသမားများက hotlineသို့ သီးသန့်ဆက်သွယ်ချင်လျှင် စတိုးဆိုင်မှ VIP ငွေဖြည့်ကတ်ကို တိုက်ရိုက်ဝယ်ယူနိုင်သည်။  ]

ယွမ်းစွော်ရဲ့အဆင့်က အခုမှ ဂဏန်းတစ်လုံးအဆင့်သာ ရှိသေးတာကြောင့် သဘာဝကျစွာပဲ အခမဲ့ကူပွန်ရစရာ အကြောင်းမရှိပေ။

မိုရိချန်က ရှာဖွေတဲ့နယ်ပယ်ထဲက စတိုးဆိုင်ထဲ ဝင်ကာ သေချာပေါက်ပင် hotlineသို့ သီးသန့်ဆက်သွယ်ရန်VIPငွေဖြည့်ကတ် ရှိနေခဲ့ပြီး စျေးနှုန်းက အလွန်မြင့်မားကာ အခုလအတွက် ဝယ်ယူသုံးစွဲမှုစာရင်းက သုံညဖြစ်သည်။ 

မိုရိချန်က တစ်ခါတည်းဝယ်လိုက်ကာ ဖုန်းခေါ်မည်ကို ထပ်နှိပ်လိုက်ပြီး သေချာပေါက်ပင် ဖုန်းက ဝင်သွားခဲ့သည်......

မော့စ်အချက်ပြသင်္ကေတ

(commentတွေကို အကုန်replyမပြန်ဖြစ်ပေမယ့် အကုန်ဖတ်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင့်)

Zawgyi

အခန္း ၁၉ : မိုရိခ်န္၏တိုင္ၾကားခ်က္

မိုရိခ်န္က မ်က္ေမွာင္ၾကဳတ္ေနရင္း  ခ်န္ေက်ာင္နဲ႔ဖုန္းေျပာေနတာကို ခ်လိုက္သည္။ 

ယြမ္းေစြာ္က အဝတ္အစားလဲၿပီးေနာက္ ေရခ်ိဳးခန္းထဲက ထြက္လာေတာ့ မိုရိခ်န္ရဲ႕ မည္းေမွာင္ေနတဲ့မ်က္ႏွာကို ျမင္လိုက္သည္။ မိုရိခ်န္ရဲ႕ ၾကမ္းတမ္းတဲ့မ်က္ႏွာက ျမင္ရခဲတာေၾကာင့္ သူက လန္႔သြားၿပီး ေၾကာက္ကာ ထိန္းမရေတာ့ပဲ ႀကိဳ႕ေတာင္ထိုးလာခဲ့သည္။ 

မိုရိခ်န္က သူ႕ေလသံကို အတတ္ႏိုင္ဆုံး ေလွ်ာ့ဖို႔ ႀကိဳးစားခဲ့ေပမယ့္ သူ႕မ်က္ႏွာေပၚက ေဒါသေတြက ထိန္းမရျဖစ္ေနၿပီးေျပာလာသည္။ "မင္းခႏၶာကိုယ္ေပၚက ဒဏ္ရာေတြက ဘယ္လိုျဖစ္တာလဲ"

ဟမ္ မိုရိခ်န္က ဘယ္လိုသိပါလိမ့္။ သူ ဒဏ္ရာရေတာ့ စနစ္က အလိုအေလ်ာက္ အသိေပးခ်က္ေပးပို႔တာျဖစ္ရမည္လို႔ေတြးၿပီး မိုရိခ်န္က သူ႕ကို ေခ်ာင္းၾကည့္ေနတာျဖစ္မယ္လို႔ သံသယ မဝင္ခဲ့ေပ။ 

အက်ႌလက္ဖ်ားေလးကို ဆြဲကာ မသဲမကြဲေရ႐ြတ္လာသည္။ "ကြၽန္ေတာ္ကားေပၚကဆင္းေတာ့ လဲက်သြားေပမယ့္ ဘာမွမထိခိုက္မိပါဘူး"

ယြမ္းေစြာ္ရဲ႕ပ်ာယာခတ္ေနတဲ့အမူအရာကို ျမင္ေတာ့ မိုရိခ်န္က တစ္ခုခုမွားေနၿပီလို႔ ခံစားလိုက္ရသည္။ 

"တကယ္ပဲ မင္းဘာသာ လဲက်တာလား"

"...တစ္ေယာက္ေယာက္က အေနာက္က တြန္းလိုက္သလိုပဲ ဒါေပမယ့္ သိပ္မေသခ်ာပါဘူး" သူ႕ရဲ႕လိမ္ညာတဲ့စြမ္းရည္က တကယ့္ကို သုညပင္ ျဖစ္ၿပီး နည္းနည္းေလာက္ ဖိအားေပးလိုက္တာနဲ႔ ဇာတ္ေၾကာင္းကိုအကုန္ေဖာ္ထုတ္လိုက္ႏိုင္သည္။

မိုရိခ်န္ကေမးလိုက္သည္။ "အဲဒီ့အခ်ိန္တုန္းက မင္းအေနာက္မွာ႐ွိေနတာ ဘယ္သူလဲ"

ယြမ္းေစြာ္ : " မေန႔က ကြၽန္ေတာ္႕ရဲ႕ ေက်ာင္းလြယ္အိတ္ကို ကူေပးတဲ့ ၾကင္နာတတ္တဲ့ေကာင္ေလးေလ။ ဒါေပမယ့္ သူလုပ္တဲ့ပုံေတာ့မရပါဘူး။ ကြၽန္ေတာ္လည္း မေသခ်ာဘူး"

မိုရိခ်န္က ေဒါသထြက္လာၿပီး ဒီအေကာင္ေပါက္ေလးကေတာ့ သူ႕ကို ေရာင္းစားသြားရင္ေတာင္ ပိုက္ဆံကူေရေပးေနမယ့္ပုံပင္။ 

"ဒီကို အရင္လာခဲ့ မင္းအဝတ္ေတြကို ခြၽတ္လိုက္"

"ဟမ္" ယြမ္းေစြာ္က မသိစိတ္ျဖင့္ သူ႕ရင္ဘတ္ေလးကို ကာလိုက္သည္။ တကယ္ေတာ့ သူ႕စိတ္ထဲမွာ မိုရိခ်န္ကို အဝတ္မပါပဲ ျမင္ရတာကျပသာနာ မ႐ွိေပမယ့္ သူက မူရင္းသူ႕ပုံစံမဟုတ္ပဲ Q version အသားအရည္ျဖစ္ေနၿပီး စနစ္က သူ႕ရဲ႕မူရင္းပုံစံကို အေျခခံကာ စနစ္ရဲ႕နိမ့္က်တဲ့ ပုံတူကူးမႈသာ ျဖစ္တာေၾကာင့္ ဘာေၾကာင့္မွန္း မသိေပမယ့္ မိုရိခ်န္ေ႐ွ႕မွာ အဝတ္ခြၽတ္ရမွာ အလြန္႐ွက္သည္။

 "ကြၽန္ေတာ္...ကြၽန္ေတာ္ အထဲဝင္ၿပီး ခြၽတ္လိုက္ပါ့မယ္"

မိုရိခ်န္က ကူကယ္ရာမဲ့ျဖစ္သြားကာ ေျပာလိုက္သည္။ 

" မင္းခြၽတ္ၿပီးရင္လည္း ျပန္ထြက္လာရမွာပဲေလ။ အတူတူပဲ မဟုတ္ဘူးလား"

ယြမ္းေစြာ္က ခဏေလာက္ေတြးလိုက္သည္။ ထို႔ေနာက္ မိုရိခ်န္ရဲ႕ၫႊန္ၾကားခ်က္အတိုင္း အက်ႌခြၽတ္ရန္ ဆိုဖာေပၚတြင္ ထိုင္ခ်လိုက္သည္။ အခုမွဗိုက္ဝေအာင္စားထားတဲ့ ဗိုက္ေလးက ႏူးညံ့တဲ့ ဘမ္းမုန္႔ျဖဴေလးလိုေဖာင္းကားေနကာ ယြမ္းေစြာ္က ႐ွက္႐ြံ႕စြာျဖင့္ သူ႕ဗိုက္ေ႐ွ႕မွာဖုံးဖို႔ ပန္ဒါေခါင္းအုံးေလးကို ဆြဲယူခ်င္ခဲ့သည္။ 

မိုရိခ်န္က ကူကယ္ရာမဲ့စြာေခါင္းယမ္းလိုက္ၿပီး ဂိမ္းရဲ႕လုပ္ေဆာင္ခ်က္အတိုင္းဒဏ္ရာေတြကို ညင္သာစြာထိလိုက္ၿပီး ယြမ္းေစြာ္ကို အသက္ျပင္းျပင္း ႐ွဴသြားမိေစသည္။ ဖုန္းမ်က္ႏွာျပင္ကို ထိထားတဲ့မိုရိခ်န္ရဲ႕လက္က ခ်က္ခ်င္းႏူးညံ့သြားကာ လမ္းေလွ်ာက္တဲ့အခါ နာသလားလို႔ စိုးရိမ္စြာျဖင့္ ေမးလိုက္သည္။ ယြမ္းေစြာ္က ေခါင္းညိတ္ျပလိုက္သည္။

မိုရိခ်န္က ပိုၿပီးေဒါသထြက္လာခဲ့သည္။ သူ႕ကို အရင္ဆုံးေျပာျပရမယ့္အစား ေပ်ာ္ေပ်ာ္ႀကီးေတာင္ ၿပီးေအာင္ စားေနေသးသည္။ ႐ုပ္႐ွင္ၾကည့္ဖို႔ကို ေ႐ြ႕ဆိုင္းရမည့္ပုံပင္။ သူက လ်န္ေ႐ွာင္းနင္ကို ဖုန္းေခၚၿပီးေနာက္ အေနာက္တိုင္းစားေသာက္ဆိုင္မွ ထြက္လာခဲ့သည္။

စားေသာက္ဆိုင္မွ ထြက္ခြာသြားေသာ ႐ုပ္႐ွင္ဧကရာဇ္က စားပြဲထိုးေတြနဲ႔ မန္ေနဂ်ာေတြ အုပ္လိုက္ႀကီး ၿပိဳလဲက်န္ေနခဲ့တာကို မသိလိုက္ေပ။ ႐ုပ္႐ွင္ဧကရာဇ္ စားေသာက္ၿပီးေတာ့ ဘာေၾကာင့္ ပန္းကန္ခြက္ေယာက္တဝက္က ေပ်ာက္ဆုံးသြားရတာလဲ။ ၿပီးေတာ့ ဘာေၾကာင့္ တ႐ုတ္နံနံနဲ႔ပုစြန္ေၾကာ္အပိုတစ္ပန္းကန္႐ွိေနရတာလဲ။

"မင္းသားက ငါတို႔ရဲ႕ပန္းကန္ခြက္ေယာက္ေတြကို ခိုးသြားတာလား!"

"ဒါက...ဒါက တြက္ၾကည့္လိုက္ရင္ ပစၥည္းတစ္ခုအတြက္ တစ္ခုျပန္ေပးထားခဲ့တယ္ေလ ဟုတ္တယ္မလား။ သူက တ႐ုတ္နံနံနဲ႔ပုစြန္ေၾကာ္ တစ္ပန္းကန္မခ်န္ထားခဲ့ဘူးလား..."

"ၿပီးေတာ့ သူျပန္ထြက္သြားေတာ့ သူက ဝတ္စုံျပည့္ဝတ္ထားတာေလ ဒီေလာက္ပစၥည္းေတြအမ်ားႀကီးဘယ္ေနရာမွာ သြားဖြက္ထားတာလဲ "

"ပန္းကန္ေတြ၊ ဓားေတြ၊ ခက္ရင္းေတြ စားရတာ ႀကိဳက္တဲ့ ထူးဆန္းတဲ့ေရာဂါတစ္မ်ိဳး႐ွိတယ္လို႔ ငါၾကားဖူးတာပဲ...."

".............."

မိုရိခ်န္က ကားကို အျမန္ေမာင္းခဲ့ၿပီး ဖုန္းထဲတြင္ ဆိုဖာေပၚ၌ထိုင္ေနသည့္ ယြမ္းေစြာ္ကို စိုးရိမ္စိတ္ေၾကာင့္ လက္ေခ်ာင္းေလးေတြကို လိမ္ညႇစ္မိေအာင္ ျဖစ္ေနေစသည္။ သူက မိုရိခ်န္ကို ဖုံးကြယ္ထားဖို႔ တကယ္မရည္႐ြယ္ထားေပ။ ဒီေန႔ ႐ုပ္႐ွင္က ပ်က္သြားၿပီလား။

ေဒါက္တာလ်န္နဲ႔ မိုရိခ်န္က တစ္ခ်ိန္တည္းနီးပါး တိုက္ခန္းသို႔ေရာက္လာၾကၿပီး အေပၚထပ္သို႔ တိတ္တဆိတ္တက္လာခဲ့ၾကသည္။ 

မိုရိခ်န္က ဂိမ္းမ်က္ႏွာျပင္ကို ဖြင့္လိုက္ၿပီး ေဒါက္တာလ်န္ကလည္း ဒီအေျခအေနနဲ႔ ရင္းႏွီးေနၿပီျဖစ္တာေၾကာင့္ ေဆးဘက္ဆိုင္ရာ မ်က္ႏွာျပင္ဆီသို႔ သြားလိုက္သည္။ ဆူခံထားရတဲ့ပုံျဖင့္ ဝန္းနည္းေနတဲ့မ်က္ႏွာျဖင့္ ဆိုဖာေပၚတြင္ထိုင္ေနတဲ့ယြမ္းေစြာ္ကိုျမင္ေတာ့ မတတ္ႏိုင္ေတာ့ပဲ ရယ္ေမာလိုက္သည္။

"ဒီကေလးက အရင္ကထက္ ဝလာပုံပဲ" ေဒါက္တာလ်န္က သက္ျပင္းခ်လိုက္သည္။ မိုရိခ်န္က ဒီအထဲတြင္ အေတာ္ေလး အားစိုက္ထုတ္ထားပုံပင္။ဝတာက ႀကီးမားတဲ့ ျပသာနာမဟုတ္ေၾကာင္းေတြးထားတဲ့ မိုရိခ်န္ကို စိတ္ပူေနတာမွ စိတ္႐ႈပ္ေထြးသြားေစတဲ့ သူ႕ရဲ႕ေဘးမွ က်န္းမာေရးအေျခအေနက ျပသေနတာက: ထူးကဲ+။ 

ယြမ္းေစြာ္က ႏႈတ္ခမ္းေလးကို ကိုက္လိုက္သည္။"အို႔" တကယ္လား။ သူက တကယ္ဝေနတာလား။ မိုရိခ်န္က အဝတ္အစား အ႐ြယ္အစားေတြက ေသးသြားတယ္လို႔ ေသခ်ာေျပာခဲ့ေပမယ့္ အဝတ္ေတြက က်ံဳ႕သြားတာလား ဒါမွမဟုတ္ တစ္ခုခုလား...... ဘယ္သူမွမၾကည့္ေလာက္ဘူးလို႔ေတြးကာ သူ႕ဗိုက္ကို လုံးဝကာထားဖို႔ ေနာက္ထပ္ေခါင္းအုံးတစ္လုံးကို တိတ္တိတ္ေလး ယူလိုက္သည္။

မိုရိခ်န္က ေအးစက္စြာ တစ္ခ်က္ၾကည့္လိုက္တာေၾကာင့္ လ်န္ေ႐ွာင္းနင္က ခ်က္ခ်င္းတိတ္သြားကာ ဆရာဝန္တစ္ဦး႐ွိသင့္သည့္ ေလးနက္တဲ့အသြင္သို႔ ျပန္ေရာက္သြားသည္။ 

လ်န္ေ႐ွာင္းနင္က ယြမ္းေစြာ္ကို ဂ႐ုတစိုက္စစ္ေဆးလိုက္သည္။ အ႐ိုးနဲ႔ ႂကြက္သားေတြကို ထိခိုက္မႈမ႐ွိပဲ အေပၚယံဒဏ္ရာမ်ားသာျဖစ္ေၾကာင္း ေတြ႕႐ွိခဲ့သည္။ ႏွစ္ရက္ေလာက္ ေလ့က်င့္ခန္း မလုပ္ပဲ ေဆးလိမ္းလိုက္လွ်င္ ဒဏ္ရာေတြက ေပ်ာက္ကြယ္သြားလိမ့္မည္။ မိုရိခ်န္က ေဆးအၫႊန္းေတြကို တစ္ခုခ်င္းစီ ေသခ်ာခ်ေရးခဲ့သည္။

"ငါအၿမဲတမ္းေမးခ်င္ေနတာ႐ွိတယ္။ ဒီဂိမ္းကို ျပည္တြင္းအာဏာပိုင္ေတြက တီထြင္ထားတာလား။ ဉာဏ္ရည္က ဒီေလာက္ေတာင္ျမင့္ေနတာ ကမ႓ာႀကီးကို နည္းနည္းေတာ့သံသယဝင္မိတယ္ " လ်န္ေ႐ွာင္းနင္က မျပန္ခင္ေမးလိုက္သည္။

မိုရိခ်န္က ေခတၱရပ္လိုက္သည္။ "အသိဉာဏ္မ႐ွိတာက မင္းတစ္ေယာက္တည္း"

ေဒါက္တာလ်န္: "..........."

မိုရိခ်န္ : "ဒါကိုလွ်ိဳ႕ဝွက္ထားဖို႔သတိရပါ"

"...ေကာင္းၿပီ"

ေဒါက္တာလ်န္က အျမန္ျပန္သြားခဲ့သည္။

မိုရိခ်န္က ယြမ္းေစြာ္ကို ေဆးလိမ္းဖို႔ ကူညီေပးခဲ့ၿပီး ေအးျမေနတဲ့ေဆးက အေရျပားေပၚ ပြတ္မိေတာ့ ထိခိုက္မိထားတာေတြက ေပၚထြက္လာခဲ့သည္။ မိုရိခ်န္က စိတ္မေကာင္းျဖစ္သြားကာ ေဆးလိမ္းေပးေနတဲ့အားကို အနိမ့္ဆုံးထိ ခ်ိန္ညႇိလိုက္ကာ သူ႕လက္အားကလည္း အလိုအေလ်ာက္ေပါ့ပါးလာသည္။ 

ယြမ္းေစြာ္ရဲ႕ေနာက္ေက်ာက နာေနေပမယ့္ ႐ုပ္႐ွင္ေရာသြားၾကည့္ရပါ့ဦးမလားလို႔ ေတြးေနခဲ့သည္။ 

တစ္ခုခုၾကဳံခဲ့ရရင္ သူ႕ကိုေျပာပါ့မယ္လို႔ မိုရိခ်န္ကို အရင္တုန္းက ကတိေပးခဲ့ၿပီး ေျပာမလို႔လုပ္ထားေပမယ့္ အိမ္ျပန္ေရာက္ေတာ့ တ႐ုတ္နံနံနဲ႔ပုစြန္ေၾကာ္ရဲ႕အနံ႔ေၾကာင့္ အရင္ဆုံး အာ႐ုံေျပာင္းသြားၿပီး သူ႕ပါးစပ္ကိုsteakက ပိတ္ထားလိုက္ၿပီးေတာ့ ေနာက္ဆုံးတြင္ ႐ုပ္႐ွင္ၾကည့္ဖို႔အျမန္လိုေနတာေၾကာင့္ ေႏွာင့္ေႏွးသြားခဲ့သည္။

မိုရိခ်န္က ယြမ္းေစြာ္ရဲ႕တြန္႔ဆုတ္ေနတဲ့ အမူအရာကို ၾကည့္လိုက္သည္။ အိမ္ျပန္လာတဲ့လမ္းမွာ ဆူခဲ့ၿပီးၿပီျဖစ္ၿပီး ဘာမွအမ်ားႀကီးထပ္မေျပာခ်င္ေတာ့တာေၾကာင့္ ေဆးလိမ္းၿပီးေနာက္ ေျပာလိုက္သည္။ 

"အင္း အိပ္ရာထဲသြားၿပီးလွဲေနေတာ့ ဒီညေလွ်ာက္ေျပးမေနနဲ႔ဦး"

ယြမ္းေစြာ္က ေခါင္းညိတ္ျပကာ ေဆးေတြကို ပြတ္မိမွာစိုးတာေၾကာင့္ အဝတ္ေတာင္ ျပန္မဝတ္ေတာ့ပဲ ေခါင္းအုံးေလးကိုဖက္ကာ အိပ္ခန္းဆီ ေလွ်ာက္သြားရင္း အလြန္စိတ္ပ်က္ေနတဲ့ပုံေပၚေနသည္။

မိုရိခ်န္က ေဆးဘက္ဆိုင္ရာမ်က္ႏွာျပင္ကို ပိတ္ကာ ကူကယ္ရာမဲ့စြာေျပာလိုက္သည္။ "တေရးအိပ္လိုက္ဦး။ ငါမင္းကို ႏိႈးမယ္။ ဒီေန႔ေန႔လည္စာက အမ်ားႀကီးစားထားတာေၾကာင့္ ႐ုပ္႐ွင္ၾကည့္ရင္း ေဖ်ာ္ရည္ပဲ ေသာက္လို႔ရမယ္။ သေရစာေတြ စားခြင့္မျပဳဘူး "

ဘာႀကီး? ယြမ္းေစြာ္ရဲ႕စိတ္ဓာတ္က်စြာငုံ႔ေနတဲ့ ေခါင္းေလးက ခ်က္ခ်င္းေမာ့လာသည္။ သူက ျပန္လွည့္ၾကည့္ကာ မိုရိခ်န္ကို အံ့ၾသစြာၾကည့္ရင္း ခဏေလာက္ ဘယ္လိုတုံ႔ျပန္ရမွန္းမသိ ျဖစ္ေနသည္။ မိုရိခ်န္က သူ႕ကို႐ုပ္႐ွင္ၾကည့္ဖို႔ ေခၚသြားမယ္လို႔ အတည္မျပဳခင္ မိနစ္အနည္းငယ္ေလာက္ ၾကာလိုက္သည္။

မိုရိခ်န္ သက္ေတာ္ရာေက်ာ္ ႐ွည္ပါေစ!

ဗိုက္ကေလးကို ကာဖို႔သုံးထားတဲ့ ေခါင္းအုံးေလးက စိတ္လႈပ္႐ွားမႈေၾကာင့္ ျပဳတ္က်သြားကာ ေဖ်ာ္ရည္ျပင္ဆင္ဖို႔ ေပ်ာ္႐ႊင္စြာ ေျပးသြားခဲ့သည္။ 

မိုရိခ်န္က သူ႕နဖူးကိုသာ ကိုင္ထားလိုက္မိသည္။

ဒီတစ္ခါတြင္ မိုရိခ်န္စီစဥ္ထားတဲ့ဇာတ္ကားက ယြမ္းေစြာ္ရဲ႕အႀကိဳက္ဆုံးျဖစ္တဲ့ 'A Dog's Mission'ျဖစ္သည္။ ယြမ္းေစြာ္က ဆိုဖာေပၚတြင္ ထိုင္ကာ အေသးစိတ္အခ်က္အလက္ေလးကအစ လြတ္မသြားေစရန္ အာ႐ုံစူးစိုက္စြာၾကည့္ရင္း မၾကာခဏႏွာ႐ႈံ႕ေနကာ မ်က္ရည္ေတြက စီးက်ေနသည္။

႐ုပ္႐ွင္ၿပီးသြာေတာ့ မိုရိခ်န္ကအိမ္ျပန္လာတဲ့အခါ ယြမ္းေစြာ္က ပင္ပန္းတာ၊ ေၾကာက္ေနခဲ့တာအျပင္ အမ်ားႀကီး စားထားတာေတြေၾကာင့္ ျဖစ္ႏိုင္ကာ ဆိုဖာေပၚတြင္ အိပ္ေပ်ာ္သြားခဲ့သည္။ မိုရိခ်န္က သူ႕ကိုျခဳံေပးဖို႔ ေစာင္တစ္ထည္ ႐ွာေတြ႕ခဲ့ၿပီး ဂိမ္း၏အကူအညီႏွင့္ တိုင္ပင္ေဆြးေႏြးျခင္း စာမ်က္ႏွာထဲဝင္ကာ ဂိမ္းအေၾကာင္းကို ထပ္မံေလ့လာလိုက္သည္။ elfေၾကာ္ျငာစနစ္၊ လႈပ္႐ွားမႈနယ္ပယ္၊ ျပင္ပကမ႓ာႏွင့္အျပန္အလွန္ ဆက္သြယ္မႈ၊ ေက်ာင္းေနဘဝ စသည္ျဖင့္ ပါဝင္သည္။ 

စာမ်က္ႏွာေတြထဲက တစ္ခုမွာေတာ့ ကစားသမားက ေက်ာင္းရဲ႕သင္ၾကားေရး သို႔မဟုတ္ အျခားအေျခအေနမ်ားနဲ႔ပတ္သက္၍ မွတ္ခ်က္ သို႔မဟုတ္ အၾကံေပးခ်က္မ်ား႐ွိပါက XXXXXXXX@XXX.comသို႔ emailေပးပို႔ႏိုင္ေၾကာင္း  ဖတ္လိုက္မိသည္။

သို႔ေသာ္မိုရိခ်န္က ဘယ္လိုပဲျဖစ္ျဖစ္ သူက ဂိမ္းကမ႓ာထဲမဝင္ေရာက္ႏိုင္တာေၾကာင့္ အလ်င္စလိုမျပဳမူခဲ့ေပ။ သူက ခက္ထန္တဲ့email တစ္ေစာင္ပို႔ခဲ့ၿပီး ေက်ာင္းက ညံ့ဖ်င္းစြာ စီမံခန္႔ခြဲ႕ခဲ့လွ်င္ တစ္ဘက္လူကို လႈံ႕ေဆာ္ရာ ေရာက္ၿပီး မေတာ္တဆမႈျဖစ္မသြားႏိုင္ဘူးလား။ ျဖစ္ၿပီးသြားမွ ေနာင္တရလွ်င္ အလြန္ေနာက္က်သြားၿပီ။

မိုရိခ်န္က ေအာက္ကို ဆက္ဖတ္သြားခဲ့သည္။ ေက်ာင္းအုပ္ႀကီးရဲ႕hotlineလည္း ႐ွိေပမယ့္ ဖုန္းနံပါတ္ကမယုံႏိုင္စရာေကာင္းေလာက္ေအာင္ ႐ိုး႐ွင္းလြန္းေနသည္။ ဒါက ဖုန္းနံပါတ္မဟုတ္ေပမယ့္.........

ဒါေတြက သူသ႐ုပ္ေဆာင္ခဲ့တဲ့  [The Wind Rises] ႐ုပ္႐ွင္ကားမွတဆင့္ ေမာ့စ္အခ်က္ျပသေကၤတေတြ ျဖစ္ေၾကာင္း မွတ္မိသည္။ တကယ္ေတာ့ ေမာ့စ္အခ်က္ျပသေကၤတေတြက တစ္ခါ ကြၽမ္းက်င္ၿပီးရင္ ေျဖ႐ွင္းဖို႔ မခက္ေပ။ သူက ျပန္ကူးယူကာ အခ်ိန္အနည္းငယ္ၾကာေအာင္ ဘာသာျပန္ၿပီးေနာက္ ေနာက္ဆုံးတြင္ ေက်ာင္းအုပ္ႀကီးရဲ႕ hotlineကို ေခၚဖို႔ ေအာက္နားမွာ ျဖည့္ရမယ့္ နံပါတ္အတြဲလိုက္ကို ရ႐ွိခဲ့သည္။

ေနရာလြတ္တြင္ တိုက္႐ိုက္ေပၚလာေသာ ဖုန္းေခၚဆိုမႈအေျခအေန: elfကစားသမား ေက်းဇူးျပဳၿပီး ေခၚဆိုမည့္ကူပြန္နံပါတ္ကို ထည့္ပါ [ေခၚဆိုမည့္ကူပြန္ကို ဘယ္လိုရႏိုင္မလဲ: 1. elfရဲ႕ အဆင့္က ၅၀ႏွင့္ ၉၉ အသီးသီးေရာက္႐ွိခဲ့လွ်င္ ကူပြန္မ်ားကို အခမဲ့ရယူႏိုင္ပါသည္။ 2.ကစားသမားမ်ားက hotlineသို႔ သီးသန္႔ဆက္သြယ္ခ်င္လွ်င္ စတိုးဆိုင္မွ VIP ေငြျဖည့္ကတ္ကို တိုက္႐ိုက္ဝယ္ယူႏိုင္သည္။  ]

ယြမ္းေစြာ္ရဲ႕အဆင့္က အခုမွ ဂဏန္းတစ္လုံးအဆင့္သာ ႐ွိေသးတာေၾကာင့္ သဘာဝက်စြာပဲ အခမဲ့ကူပြန္ရစရာ အေၾကာင္းမ႐ွိေပ။

မိုရိခ်န္က ႐ွာေဖြတဲ့နယ္ပယ္ထဲက စတိုးဆိုင္ထဲ ဝင္ကာ ေသခ်ာေပါက္ပင္ hotlineသို႔ သီးသန္႔ဆက္သြယ္ရန္VIPေငြျဖည့္ကတ္ ႐ွိေနခဲ့ၿပီး ေစ်းႏႈန္းက အလြန္ျမင့္မားကာ အခုလအတြက္ ဝယ္ယူသုံးစြဲမႈစာရင္းက သုံညျဖစ္သည္။ 

မိုရိခ်န္က တစ္ခါတည္းဝယ္လိုက္ကာ ဖုန္းေခၚမည္ကို ထပ္ႏွိပ္လိုက္ၿပီး ေသခ်ာေပါက္ပင္ ဖုန္းက ဝင္သြားခဲ့သည္......

ေမာ့စ္အခ်က္ျပသေကၤတ

Continue Reading

You'll Also Like

39K 5.7K 6
Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ ချစ်ဖို့ကောင်းတဲ့short storyလေးပါ♡˖꒰ᵕ༚ᵕ⑅꒱ This is just a fun translation. I do not...
171K 18.2K 33
Title - 替婚 ( Substitute Marriage ) Original Author- 新苗/XinMiao English Translator - Oceanpuff Total Chapters - 60 Chapters ☆I don't own this novel,I...
195K 29.9K 28
✔️ Completed✔️ Description: Short Stories Collection Associated Name: 甜,就是短 Original Author: Long Qi (龙柒) From novel updates. I do not own this story...
780K 8.2K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...