ကမ္ဘာပျက်ကပ်အတွင်းကျိကျိတက်ချ...
By Raven25Aunn
6K 580 21
Credited to original Author and eng translaters MM translation Of A Filthy Rich Hamster In The Apocalypse S... More
Summary
ဝူယီဟာဟမ်းစတားလေးတစ်ကောင်ပါ(1)
Chapter1.2
Chapter 1.4
ဝူယီငါးစားလို့မရဘူး
Chapter 2.2
Chapter2.3
ဝူယီကအထီးကျန်တဲ့ဟမ်းစတားလေးပါ
Chapter-3. 2
Chapter 3.3
ဝူယီရဲ့နောက်ဆုံးဖုန်းခေါ်ဆိုမှု
chapter 4.2
Chapter 4.3
ဝူယီကနက်ရှိုင်းစွာအိပ်မောကျသွားပြီ
Chapter 5.2
Chapter 5.3
Chapter 5.4
Chapter 5.5
ဝူယီခြေနှစ်ချောင်းသတ္တဝါဖြစ်သွားပြီ
Chapter 6.2
chapter 1.3
232 29 1
By Raven25Aunn
Unicode
နျဲ့ရှောင်သည် နှုတ်ခမ်းများပေါ် သေးငယ်သော အပြုံးတစ်ခုဖြင့်   အညံ့မခံသော ဟမ်စတားလေးကို မနက်စာစားရန်အတွက် အောက်ထပ်သို့ လန်းဆန်းစွာ သယ်ဆောင်လာခဲ့သည်။  ဗီလာရှိ အစေခံများသည် အစားအသောက်ကို စောစောပြင်ဆင်ပြီး ပန်းကန်ခွက်ယောက် နှစ်စုံကို စားပွဲပေါ်တွင် တင်ထားကြသည်။
သာမာန်အရွယ် အစုံနှင့် သပ်ရပ်စွာ ဒီဇိုင်းထုတ်ထားသော သေးငယ်တဲ့ အစုံ။
နျဲ့ရှောင်ထိုင်ပြီးတာနဲ့  ဟမ်စတားလေးကို စားပွဲပေါ်တင်လိုက်တယ်။  ဟမ်းစတားငယ်လေးသည် ထမင်းပန်းကန်လုံးထဲတွင် လတ်ဆတ်သော ဆန်စေ့ပြောင်းစေ့ ရဲ့ မွှေးရနံ့ ကိုရှုသွင်းလိုက်သည်။  သူ ဗိုက်အလွန်ဆာနေသဖြင့် အူတွေတောင် တဆတ်ဆတ်တုန်နေသည်။  သူ အမြန်ပြေးပြီး သူ့ဇလုံလေးကို ကိုင်လိုက်သည်။  သူ့သွားလေးတွေနှင့် တတိတိ ကိုက်ကာစားရင်း သူ့လက်သည်းသေးသေးလေးတွေက စပါးစေ့တွေကို တစ်စေ့ပြီးတစ်စေ့ မြန်မြန်ဆန်ဆန်ကောက်လျက် ချစ်စဖွယ်စားခဲ့သည်။
နျဲ့ရှောင်သည် အေးအေးဆေးဆေးသပ်ရပ်စွာ စားနေရင်း မပြုံး၍မနေနိုင်ပေ။
ဗိုက်ပြည့်အောင်ဖြည့်ပြီးနောက် ဟမ်စတားငယ်လေးသည် စားကြွင်းစားကျန်အချို့ရှိနေသည့် ထမင်းပန်းကန်လုံးလေးကို တစ်ချက်ကြည့်လိုက်ကာ သိုလှောင်မှု လုပ်ရန်သဘောဖြင့် ကျန်သော အစေ့အဆံများကို  ပါးပြင်နှစ်ဖက်ရှိအိတ်ထဲသို့ ထည့်ကာသိမ်းခြင်းကြောင့် ပါးပြင်နှစ်ဖက်စလုံး ဖောင်းထွက်လာသည်။
ပြည့်ဖောင်းနေသော မျက်နှာလေးသည် ချစ်စရာကောင်းလွန်းသဖြင့် နင်းရှောင်သည် ၎င်းကို ပွတ်သပ်ရန် လက်ချောင်းများကို ဆန့်မထုတ်ဘဲ မနေနိုင်ပေ။  ဤပွတ်သပ်မှုကြောင့် ဟမ်စတားလေးသည် “ဂိုဒေါင်ဖွင့်ပြီး ကုန်ပစ္စည်းများကို စွန့်ပစ်ခြင်း”(1)လုပ်ဆောင်လုနီးပါး ဖြစ်စေခဲ့သည်။
ကံကောင်းထောက်မစွာ၊ သူရဲ့လက်သည်းသေးသေးလေးတွေက ပါးစပ်ကို မြန်မြန်ဖုံးပြီး အစာတွေ ထွက်မလာအောင် တားဆီးလိုက်နိုင်တယ်။
ဟမ်စတာလေးဟာ ဝမ်းနည်းပူဆွေးမှုကို မခံစားနိုင်ဘဲ ခေါင်းကို ချက်ချင်းမော့ပြီး အရှက်မဲ့တဲ့ Daddyကို ဒေါသတကြီး စိုက်ကြည့်လိုက်တယ်။  ဒီလူက သူ့Daddyသာ မဟုတ်ရင် အသေသတ်ပစ်မိမှာ သေချာတယ်။
ဒီ ဟမ်းစတားလေး ရဲ့ပါးကို ပွတ်ရလား။ ဟင့် စိတ်ဆိုးတယ်။
ဝမ်းနည်းသောအမူအရာဖြင့် အကြည့်ခံရသော နျဲ့ရှောင်သည် လက်ကိုဆွဲထုတ်ကာ ဇလုံသေးလေးထဲက နောက်ဆုံးကျန်နေသော အစားအစာများကို ပြောင်ရှင်းအောင်စားနေသည်ကိုသာ ကြည့်နေတော့သည်။  ထို့နောက် ဟမ်းစတားလေး စားပြီးသွားသည်နှင့် တစ်ဖက်မှ ရေဘူးလေးကို ကောက်ကိုင်ကာ ပိုက်ကို ဝူယီရဲ့ပါးစပ်အနီးတွင် ထားလိုက်သည်။
ဟမ်စတားလေးဟာ ဒီလုပ်ရပ်တွေနဲ့ အတော်လေး ရင်းနှီးနေပါတယ်။  သူက ခေါင်းလေးကိုမော့ပြီး ရေသောက်ဖို့ ဖန်ဘူးသေးသေးလေးကို ပွေ့ဖက်လိုက်တယ်။  တစ်ညလုံး အိပ်ပြီးနောက် သူလည်း ရေအလွန်ငတ်နေခဲ့တယ်။
လုံလုံလောက်လောက်စားပြီးနောက် နောင်စားရန် သရေစာများကို သိမ်းဆည်းပြီးသော ဖက်ထုပ်လေးသည်  ဗိုက်ပြည့်လွန်းသဖြင့် လုံးလုံးလျားလျား လှုပ်ရှားချင်စိတ်မရှိတော့ပဲ စားပွဲခင်းပေါ်တွင် ချက်ချင်းလှဲလိုက်ချသည် ။
နျဲ့ရှောင်သည် စားသောက်ပြီးသည်နှင့် ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းရန် လာခွင့်ပြုသည်။  သူသည် လက်ဖဝါးအရွယ် အီလက်ထရွန်းနစ် အလေးချိန်စက်လေးကို လှမ်းယူလိုက်ပြီး သေးငယ်ပြီး အဆီများသော ဟမ်းစတားလေး ၏ အာရုံပျံ့လွင့်မှုကို အခွင့်ကောင်းယူကာ အမြန်ဆွဲကိုင်ပြီး စက်ပေါ်သို့ တင်လိုက်သည်။ (2)
မျက်နှာပြင်ပေါ်တွင် ဖော်ပြနေသော ကိန်းဂဏာန်းများကို ကြည့်လိုက်ပြီးတော့ အကြီး အသေးလေး နှစ်ယောက်စလုံးက တုန်လှုပ်ခြောက်ခြားသွားတဲ့ အသွင်အပြင်ဖြစ်သွားတယ်။
ဟမ်စတားငယ်- OvO
"နံစော်တုံးလေး၊ မင်းက ထမင်းတစ်နပ်စားပြီးတာ 10 ဂရမ် ပိုလေးလာတယ်။  မင်းက ကြီးပြီး အဆီတစ်တဲ့ ကလေး ဖြစ်လာလိမ့်မယ်။"  နျဲ့ရှောင်သည်လည်း အံ့အားသင့်သွားခဲ့သည်၊။ ၎င်းသည် သူ့ကိုယ်အလေးချိန်၏ ငါးပုံတစ်ပုံနီးပါးဖြစ်သည်။  "မင်းက ဆန်ပုံးသေးလေးတစ်ပုံးပဲ!"
"Chi!"  ငါမဟုတ်ဘူး, ငါမဟုတ်ဘူး!
ဟမ်စတားလေးဟာ သူ့ကြွက်တစ်ကိုယ်လုံး ထိတွေ့နေသလို ခံစားရတယ်။  သူသည် ချိန်စက်အောက်သို့ လျင်မြန်စွာ ဆင်းသွားသည်။  သေးငယ်သော ခြေသည်းနှစ်ချောင်းသည် ၎င်း၏ ဖောင်းကားနေသော ပါးပြင်ငယ်များကို ကိုင်ဆောင်ထားကာ ထိုအရာသည် ၎င်း၏ အလေးချိန်အစစ်အမှန်မဟုတ်ဟု ဆိုလေသည်။
Note.
1. ဟမ်းစတားတို့ရှဥ့်တို့က သူတို့ အန္တရာယ်ရှိနေတယ်လို့ခံစားရရင် သူတို့ပါးစောင်အိတ်ထဲကအစေ့အဆံတွေကိုထွေးထုတ်ပြီး ရန်သူကိုအာရုံပြောင်းအောင်လုပ်တတ်ကြတယ်။သူတို့ရဲ့ ကာကွယ်တဲ့နည်းလမ်းလေးပေါ့။
Google ခေါက်ထားတာ😁။
2. ဝူယီချိန်စက်ပေါ်မှာရပ်နေသလိုပုံလေး Pinterest က မ လာတာမို့ ပိုင်ရှင်ကိုcredit ပေးပါတယ်။
ချစ်ဖို့မကောင်းဘူးလား။ပါးလေးကိုတို့ချင်စရာလေး
နောက်တစ်ပိုင်းတင်ထားသေးတယ်နော်😚
Zawgyi
ဟမ်စတားငယ်- OvO
Note.
Google ခေါက်ထားတာ😁။
Continue Reading
You'll Also Like
194K 5.8K 96
A villainess known by all as a wicked woman who has done all sorts of evil deeds-Ducal Lady Violet. She regained her memories of her previous life af...
163K 6.2K 22
Oc female Jackson x Hermes x Apollo x Ares
70.1K 3.4K 25
Abhimanyu Agnivanshi Rathore, Business Tycoon & the king of Udaipur. Hates everyone except his work. Family, friends all betrayed him. "I live in a...
142K 5.5K 73
Elite3532, an individual who can be considered as an icon among the Tensura fandom community failed in accomplishing his dream... As he regretted his...