//UNICODE//
အခန်း 53 - လက်ဆောင်
ကုလီဟန် ထမလို့ ဟန်ပြင်နေသည်ကို ရပ်တန့်လိုက်ပြီး
"ကိုယ် မသွားဘူးနော်"
စကားဆိုလိုက်ရာတွင် သံလိုက်ဓါတ်လို ဆွဲငင်နိုင်သော အသံက နိမ့်ပြီး တည်ငြိမ်နေလျက်။
ထို့နောက် ကုလီဟန် ခါးကိုင်းကာ လက်ဆန့်ထုတ်ပြီး အိပ်ယာဘေး စားပွဲပေါ်မှ ရေဖန်ခွက်ကို ကောက်ယူပြီး
"ရေလေး အရင်သောက်လိုက်ဦး"
စုလင်း ဖန်ခွက်ထဲမှ ရေတစ်ဝက်ကို နာခံစွာ သောက်လိုက်ရာ သူ့ခန္ဓာကိုယ်တွင်းရှိ အပူများ အနည်းငယ် ပြေပျောက်သွားသလို ခံစားလိုက်ရသည်။ သူ့နှုတ်ခမ်းတွေ စိုစွတ်နေခဲ့တာကြောင့် နှုတ်ခမ်းသပ်လိုက်ပြီး စုလင်း တိုးညှင်းစွာ ခပ်ဖွဖွ ရယ်လိုက်သည်။
"ကျွန်တော် ကိုယ့်တုံ့ပြန်မှုကိုကိုယ် မထိန်းနိုင်တော့ဘူး"
ဖန်ခွက်ကိုချလိုက်ပြီး ကုလီဟန်က စုလင်း၏လည်ပင်းနောက်ဘက်ကို သူ့လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်ရင်း သူ့အသံက လုံးဝကို အက်ရှနေခဲ့သည်။
"ကိုယ်လည်း ထိန်းမရတော့ဘူး"
သူတို့ရဲ့Pheromoneနံ့က လေထုထဲမှာ ပိုကြွယ်ဝလာခဲ့သည်။ Pheromone နှစ်ခု ပေါင်းစပ်လိုက်သည်နှင့်အမျှ အပူချိန်က လျင်မြန်စွာ မြင့်တက်လာခဲ့ပြီး အခန်းတွင်းမှာ ပင့်သက်ရှိုက်သံများကို ကြားနေရသည်။ စုလင်း၏ အတွေးများသည် နေရာအနှံ့ ပျံ့ကျဲနေခဲ့ပြီး ဘာကိုမှ ကောင်းစွာ မတွေးတောနိုင်တော့ပေ။ ရုတ်တရက် သူ့glandထဲက နာကျင်တဲ့ ခံစားမှုတစ်ခုကို ခံစားလိုက်ရပြီး စုလင်း မျက်လုံးကို အနည်းငယ်ဖွင့်ကြည့်လိုက်သည်။ ပြင်းထန်ပြီး ရှုပ်ထွေးလှသော ခံစားချက်တစ်ခုက ဒီရေလို သူ့ကို တိုက်စားသွားခဲ့ပြီး သူ့ခန္ဓာကိုယ်က တုန်ရီနေရုံမှတစ်ပါး အခြားမရှိ။
......
[ကားလေးဟာ တိတ်တဆိတ် ဖြတ်သွားခဲ့🥺]
အခန်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ချိန်မှာတော့ အချိန်အတော် ကြာသွားခဲ့ချေပြီ။ စုလင်း သူ့ကိုယ်မှာ အားအင်တွေ အများကြီး မကျန်တော့ပေမယ့် ခံစားချက်ကောင်းမွန်နေခဲ့သည်။ ဒီလိုပျော်ရွင်မှုမျိုးကို သူတစ်ခါမှ မခံစားဖူးပါပေ။ သူ့ဘေးတွင် လဲလျောင်းနေသော ကုလီဟန်က သူ့ရဲ့ နက်မှောင်ပျော့ပျောင်းသော ဆံနွယ်များကို ညင်ညင်သာသာ ပွတ်သပ်ပေးပြီး မိန်းမောသာယာမှုမှ လွတ်မြောက်စေသည်။ သူ့ရဲ့ သံလိုက်လို ဆွဲငင်နိုင်သောအသံက ပုံမှန်ထက် အများကြီးနိမ့်နေခဲ့သည်။
"မင်း အဆင်ပြေရဲ့လား?"
စုလင်း လက်ဖဝါးကို အနည်းငယ်ရွှေ့ကာ လက်ညိုးကို အပေါ်သို့မြှောက်လိုက်ကာ ခေါင်းညိတ်ပြသလို အောက်သို့ ချလိုက်ပြန်သည်။ တစ်ချိန်တည်းမှာပင် သူက အမ်းဟု တိုးညှင်းစွာ ဖြေလိုက်သည်။ သို့သော် အသံထွက်ပြီးနောက် သူမျက်မှောင်ကြုတ်မိသွားရကာ သူ့အသံက အလွန်အက်ကွဲနေသည်ကို သတိပြုမိလိုက်သည်။ ဖြစ်ပျက်ခဲ့သည်များကို တွေးရင်း သူ့မျက်နှာ နီရဲသွားခဲ့သည်။
ရှက်ဖို့ကောင်းလိုက်တာ
ကုလီဟန် စုလင်း မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးများတွင် အပြုံးများအပြည့်ဖြင့် ရေနွေးနွေးတစ်ခွက်ကို လောင်းထည့်ရန် လှည့်လိုက်သည်။ စုလင်း ရေနွေးသောက်ပြီးတဲ့နောက် ရေချိုးဖို့ ရေချိုးခန်းသို့ ခေါ်သွားခဲ့သည်။ သူတို့ အိပ်ယာထဲ ပြန်ဝင်ချိန်မှာတော့ စုလင်းဟာ တစ်ကိုယ်လုံး လန်းဆန်းနေပေမယ့် သူ့မှာ အားအင်တွေ မကျန်တော့တာကြောင့် ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ စုလင်းကို ကြည့်လိုက်တော့ ကုလီဟန်ရဲ့ အမူအရာက အရင်ကထက် ပိုပျော့ပျောင်းသွားသည်။ သူသည် ကောင်ငယ်လေးရဲ့နဖူးကို နမ်းလိုက်ပြီး အိပ်စက်ရန် သူ့ရင်ခွင်ထဲသို့ ရွှေ့လိုက်သည်။ အိပ်မက်မရှိသော ညတစ်ညပင်။
ကုလီဟန် နံနက်အိပ်ရာနိုးသောအခါတွင် သူ ဒီလို ကောင်းကောင်း အိပ်မပျော်ခဲ့သည်မှာ ကြာပြီမို့ နည်းနည်း အံ့သြသွားရသည်။ ခေါင်းကို အနည်းငယ် ငုံ့ကြည့်လိုက်တော့ ကောင်ငယ်လေးက သူ့ဘေးမှာ မျက်နှာချင်းဆိုင် လဲလျောင်းနေပြီး မျက်လုံးမှိတ်ထားလျက် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ရှည်လျားသော မျက်တောင်များသည် အနည်းငယ် လှန်နေကာ သူ့မျက်နှာဖွေးဖွေးလေးက ကျန်းမာပြီး နီမြန်းနေသည်မှာ အရမ်းလှပပေသည်။ တိတ်ဆိတ်ပြီး နွေးထွေးတဲ့လေထုက သူ့ကို အတွင်းထဲကနေ နွေးထွေးစေပြီး ဒီခံစားချက်ကို သူတကယ်သဘောကျပေသည်။ ကုလီဟန် အသံမထွက်သလို လှုပ်ရှားမှုလည်း မလုပ်ဘဲ ကောင်ငယ်လေး အိပ်ပျော်နေတာကိုပဲ ကြည့်နေခဲ့သည်။ တစ်နာရီခန့်အကြာတွင် အခန်းတံခါးမှ အသံတစ်ခုထွက်လာသည်။ ကုလီဟန် အလွန်တရာ ပေါ့ပါးသော လှုပ်ရှားမှုများဖြင့် အိပ်ရာမှ အသာထကာ တံခါးကိုဖွင့်လိုက်သည်။
ရှန်းမိုယွီ၏ အမြစ်နှစ်ခုသည် တံခါးဝတွင် အပြန်ပြန်အလှန်လှန် လှည့်ပတ်နေပြီး တံခါးကို ထပ်မံ ခေါက်တော့မှာပင်။ တံခါးဖွင့်လိုက်သောအခါတွင် အမြစ်များသည် ကုလီဟန် ရှေ့တွင် ချက်ချင်းရပ်သွားသည်။ ထို့နောက် ကုလီဟန်၏ ဘယ်ဘက်လက်ရှိ လွတ်နေသောနေရာဆီသို့ လှည့်ကာ အခန်းထဲသို့ ဝင်ချင်နေသည်။ ကုလီဟန်က အမြစ်များကို လျင်မြန်စွာ ဖမ်းကိုင်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"သူ အနားယူနေတယ်"
ကုလီဟန် အိပ်ယာက ထသွားပြီးနောက်၊ စုလင်း မသိစိတ်က ကုလီဟန် အစက အိပ်ရာနေရာဆီသို့ ရွေ့သွားသော်လည်း ရင်းနှီးသောအပူချိန်ကို ရှာမတွေ့ခဲ့ပေ။ သူ့မျက်ခွံများ လှုပ်ခါကာ လက်ကိုဆန့်ပြီး ပတ်ပတ်လည်ကို လိုက်ထိတော့သည်။ ဘာကိုမှ ရှာမတွေ့တော့ စုလင်း မျက်လုံးဖွင့်လိုက်သည်။ ကုလီဟန်ကို ခေါ်ဖို့ကြိုးစားပြီး သူ့ပါးစပ်ကို ဖွင့်လိုက်ပေမယ့် သူ့ကို ဘယ်လိုခေါ်ရမှန်းမသိဖြစ်နေတာကို သိလိုက်ရသည်။
'ဥက္ကဋ္ဌကု' က သိပ်မရင်းနှီးလွန်းသလိုပဲ။ 'မစ္စတာကု' ကျတော့ သူ့ကို ကစားနေသလို ခံစားရတယ်။ 'အားဟန်' က သူ့အမေ ခေါ်တာဆိုတော့ သူလိုက်ခေါ်ရင် ထူးထူးခြားခြားကြီး ခံစားရပြန်တယ်
ရောက်တက်ရာရာကိစ္စတွေကို တွေးရင်း အိပ်ရာက ထလိုက်တော့ လေ့ကျင့်ခန်းမလုပ်တဲ့ ခန္ဓာကိုယ်က မနေ့ညက သူ့ရဲ့ 'လှုပ်ရှားမှု' ကို ဆန့်ကျင်ကြောင်း ချက်ချင်းထုတ်ဖော်လာသည်။ သူ့တစ်ကိုယ်လုံး နာကျင်လွန်းသဖြင့် ကုကယ်ရာမဲ့စွာ တကျွတ်ကျွတ် အော်ဟစ်ညည်းတွားမိတော့သည်။
သူ လေ့ကျင့်ခန်းကို အမှန်တကယ်ပြုလုပ်ရန် လိုအပ်နေသည်။
ကုလီဟန် သူ့အသံကိုကြားပြီး အမြစ်များကို ဆုပ်ကိုင်တာ ဖြေလျှော့လိုက်သည်။ သူ နောက်ပြန်လှည့်ကာ ကုတင်ဆီသို့ လျှောက်သွားကာ
"ဘယ်နား အဆင်မပြေလို့လဲ"
စုလင်း လက်မောင်းလေးကို ကိုင်လိုက်ပြီး သူ့ပေါင်ကို ထုကာ
"ကျွန်တော် တစ်ကိုယ်လုံးနာနေတယ်၊ ပုံမှန်ဆို ကျွန်တော် လေ့ကျင့်ခန်း သိပ်မလုပ်ဖြစ်ဘူး"
စုလင်း ပြောရင်း နားရွက်တွေ နီစွေးလာသည်။ မနေ့ညက သူ့နတ်ဘုရားဟာ အစပိုင်းမှာတော့ အတော်လေး ထိန်းထားနိုင်ပေမယ့် စိတ်အားထက်သန်လွန်းသည်။ နောက်ဆုံးတွင်တော့ နှစ်ယောက်စလုံး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားကြသည်။ Lu-st ထဲကို Omega ကျရောက်သွားတဲ့အခါ တကယ့်ကို ကြောက်စရာကောင်းသည်။ ယခုအချိန်တွင်ပင် နတ်ဘုရားအတွက် သူ့ရဲ့ စိတ်အားထက်သန်မှုနှင့် ဆန္ဒကို သတိရမိခြင်းက သူ့နှလုံးသားကို လျင်မြန်စွာ ခုန်ပေါက်စေသည်။
ကုလီဟန် စုလင်းရဲ့ နားရွက်ကို ဖျတ်ခနဲ ခပ်မြန်မြန်ကြည့်လိုက်ပြီး လေးနက်စွာပင် သူ့ကို အရှက်ရစေမည့် တစ်စုံတစ်ရာကိုမှ မပြောပါချေ။ သူက ကုတင်အစွန်းမှာ ထိုင်ပြီး စုလင်းကို နှိပ်နယ်ပေးသည်။
အမြစ်နှစ်ချောင်းထဲက တစ်ချောင်းက စုလင်းရဲ့ လက်ကောက်ဝတ်မှာ ရစ်ပတ်ထားကာ ကျန်တစ်ခုက သူ့ဘေးမှာ လှုပ်လှုပ်ရွရွ ဖြစ်နေပြီး အရမ်းပျော်နေပုံပါပင်။ စုလင်း စိတ်ထဲတွင် မြက်ပင်များနှင့် တွဲနေသော အမြစ်နှစ်ချောင်း၏ ပုံရိပ်တစ်ခုပေါ်လာသည်။ စုလင်းက မနေ့ညက ဖြစ်ပျက်ခဲ့တာတွေကို ပြန်သတိရလိုက်ပြီး မေးသည်။
"ဒါက မနေ့ညက မင်းရှာနေတဲ့ သူငယ်ချင်းလေးလား"
အမြစ်များသည် အတက်အဆင်း လှုပ်ရှားကြသည်။
ဆိုလိုတာ မနေ့က ရှန်းမိုယွီ သူ့အတိတ်က အတွေ့အကြုံတွေ စုလင်းကို ဝေမျှတုန်းက စုလင်း ရှန်းမိုယွီပြချင်တာကို မှားပြီး အာရုံစိုက်မိသွားတာလား? ဒါက သူစိတ်ထဲ ပေါ်လာတဲ့ နွယ်ပင်တွေ မဟုတ်ဘဲ သူသတိမထားမိလိုက်တဲ့ မြက်ပင်တွေလား?
မဖြစ်နိုင်။ ရှန်းမိုယွီက နွယ်ပင်တွေရဲ့ အနီးကပ်ပုံကိုပင် ပြခဲ့သေးသည်။ ထို့ကြောင့် စုလင်းမေးလိုက်သည်။
“မနေ့က နွယ်ပင်တွေရဲ့ ပုံတွေကို ပြတာ ဘာကို ဆိုလိုတာလဲ”
စုလင်း စိတ်ထဲတွင် လက်ဆွဲထားသော သူငယ်ချင်း၂ယောက်ပုံတစ်ပုံ ပေါ်လာပြန်သည်။ တစ်ချိန်တည်းမှာပင် သူ့လက်များကို ရစ်ပတ်ထားသော အမြစ်များသည် အနည်းငယ် တွန်းထိုးကာ သူ့ကို အပြင်သို့ ဆွဲထုတ်ရန် ကြိုးစားသည်။
စုလင်း ကြည့်လိုက်တော့ ရှစ်နာရီခွဲခါနီးနေလေပြီ။ နတ်ဘုရားရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး
"အို ဘုရားရေ၊ အခု ကျွန်တော်အရမ်းနောက်ကျနေပြီ၊ အဲဒါဆို ကျွန်တော်တို့လုပ်ခဲ့တာကို ရဲ့လဲ့ သိသွားလောက်ပြီလား"
"လူသိမှာကြောက်လို့လား"
"မဟုတ်ဘူး"
စုလင်း လည်ချောင်းရှင်းကာ ချောင်းဟန့်လိုက်ပြီး ပြောလာသည်။
"နည်းနည်း ရှက်လို့"
ကုလီဟန်ရဲ့ လက်ဖဝါးက သူ့လည်ပင်းနောက်ဘက်သို့ ညင်သာစွာ ဖိညှစ်လိုက်တော့ သူ့မသိစိတ်ကနေ လည်ပင်းကို အနည်းငယ် ကျုံ့လိုက်မိသည်။
ကုလီဟန်: "မင်း နောက်မကျရင်တောင် သူသိမှာပဲ"
သူ့အသံက နက်ရှိုင်းနေပြီး
"မင်းမှာ ကိုယ့် ရနံ့ရှိနေတယ်"
စုလင်း - "အင်း၊ ကျွန်တော် မေ့သွားတယ်။"
ဤနေရာသည် ကမ္ဘာမြေမဟုတ်ပါ၊ ယခု သူသည် အိုမီဂါဖြစ်နေပြီ ဖြစ်သည်။
မျက်လုံးများကိုမှိတ်ထားရင်း စုလင်း သူ့လက်များကို သူ့နတ်ဘုရားရဲ့ လည်ပင်းတွင် ရစ်ပတ်ထားပြီး နမ်းရှိုက်လိုက်သည်။ ထို့နောက် မကျေမနပ် ညည်းညူလိုက်သည်။
“ခင်ဗျားမှာကျ ကျွန်တော့်အနံ့မရှိဘူး”
"ကိုယ့်ရဲ့Pheromoneတွေက ပြီးခဲ့တဲ့ အပတ်ကတည်းက တည်ငြိမ်သွားပြီ။ အဲ့ဒါက မင်းအတွက်ကြောင့်သာ ထိန်းချုပ်မှု လွတ်သွားတာ"
ကုလီဟန်ရဲ့ မျက်လုံးများက နက်မှောင်လာသည်။
စုလင်း ချက်ချင်းဆိုသလို သတိရသွားပြီး
"အိုး၊ အချိန်ပိုကြာတဲ့ ယာယီအမှတ်အသားတစ်ခု?"
ကုလီဟန်က ခေါင်းညိတ်လိုက်သည်။
ပထမတော့ စုလင်း ကုလီဟန်ကို ကြည့်နေခဲ့တာ ဖြစ်သည်။ ဒါပေမယ့် ကုလီဟန်က ခေါင်းညိတ်ပြတဲ့အခါမှာတော့ သူ အံ့သြတဲ့အမူအရာနဲ့ အကူအညီမဲ့စွာ ငုံ့မကြည့်ဘဲ မနေနိုင်တော့ချေ။
"ဒါဆို ကျ...ကျွန်တော်တို့က အမြဲတမ်း အမှတ်အသားလုပ်ထားရင် ခ..ခင်ဗျားတကယ်ပဲ knot လုပ်ရမှာပေါ့?"
[Knotအကြောင်းမေ့သွားရင် novelရဲ့ ဟိုးအစမှာ omegaverse ဆိုပြီး ရေးထားတဲ့ နေရာမှာ ပြန်ဖတ်ကြည့်နော်]
ကုလီဟန် အသက်ရှုသံကို အနည်းငယ် ပင့်သက်ရှိုက်မိသွားပြီး
"အမ်း"
ဒါပေမယ့် သူက ထိုအကြောင်းအရာကို ဆက်မပြောဘဲ စုလင်း ကို ရေချိုးခန်းထဲ ခေါ်သွားကာ
"မင်းကို ရေချိုးပေးစေချင်လား?"
စုလင်းလည်း သူ့အရင်မေးခွန်းကို လျစ်လျူရှုလိုက်ပြီး
"ဟင့်အင်း၊ ကျွန်တော် ကိုယ်တိုင် လုပ်နိုင်ပါတယ်"
ကုလီဟန်၏ မျက်လုံးများတွင် အပြုံးတစ်ခု တောက်ပလာပြီး
"ဒါဆို မင်း မနက်စာ ဘာစားချင်လဲ ကိုယ် မင်းအတွက် မှာထားလိုက်မယ်"
စုလင်း: "ဝက်သားပေါင်းပေါက်စီ၊ ဆေးဘဲဥနဲ့ အသားဆန်ပြုတ်၊ ကြက်ဥ ပဲငံပြာရည်စိမ်"
"ပြောင်းဖူးထည့်ရင်ကော? မင်း အသီးအရွက်တွေလည်း စားသင့်တယ်။"
ကုလီဟန်က အကြံပြုလာသည်။
စုလင်း : "အဲ့ဒါဆို ကျွန်တော် ကုန်အောင်စားနိုင်မှာ မဟုတ်တော့ဘူး"
"စိတ်မပူပါနဲ့ ကိုယ် ရှိတယ်။"
ကုလီဟန်က အခန်းမှ ထွက်မသွားခင် စုလင်းရဲ့ ပျော့ပျောင်းနက်မှောင်သော ဆံပင်များကို ပွတ်သပ်ပေးပြီးနောက် အဝတ်အစား လဲလှယ်ရန် ထွက်သွားသည်။
စုလင်း သူ့လက်ကောက်ဝတ်တစ်ဝိုက်က အမြစ်တွေကို ညှစ်ပြီး ပြောလိုက်သည်။
"မင်းလည်း သွားတော့လေ"
အမြစ်များ ပြေလျော့သွားပြီး ထွက်သွားသည်။ သူက ကုလီဟန်ရဲ့ ပတ်ပတ်လည် 360 ဒီဂရီကို လှည့်ပြီး ကြည့်ရှုစစ်ဆေးသည်။
ကုလီဟန် အဲ့ဒါကို သတိပြုမိပေမယ့် သူ့ထိုအကြောင်း သိပ်ပြီး မစဉ်းစားခဲ့ပါချေ။ ရှန်းမိုယွီက IQ မြင့်သည်ကို သူသိသည်။ ထို့ကြောင့် သူက စပ်စုရုံမျှသာဟု ထင်ကာ အစားအသောက်ကို မှာကြားပြီး အခန်းသန့်ရှင်းရေးလုပ်ရန် အိမ်ထိန်းစက်ရုပ်ကို အမိန့်ပေးခဲ့သည်။
Room No.1 တွင် ရှန်းမိုယွီက သူ၏အဖော်ငယ်လေးအား စိတ်ဓါတ်ကျနေသော အရိပ်အယောင်များဖြင့် ထိုသတင်းကို ပြန်ပြောပြနေသည်။
"ငါ့သားက စောစောစီးစီး ချစ်တတ်နေပြီ၊ သူက အသက် 18 နှစ်ပဲရှိသေးတယ်!"
လုံမော့ထန်: "မင်းရဲ့ မိုက်မဲတဲ့ အပြုအမူတွေကို ရပ်လိုက်စမ်း။ သူက လူသားတစ်ယောက်ပါ။ ဆက်ဆံရေးတစ်ခု တည်ဆောက်ရဖို့ အသက် 300 လောက်အထိ စောင့်စေချင်လို့လား?။ သူ့အုတ်ဂူနဲ့ တည်ဆောက်ရမှာလား?"
ပျော့ပျောင်းသော အမြစ်များသည် ချက်ချင်းပင် လှုပ်ယမ်းသွားကာ
"ဟာဟားဟား၊ မင်းက အရမ်း စမတ်ကျတာပဲ၊ ဒါပေမယ့် အခု မင်း တွေ့ဆုံခြင်း လက်ဆောင် နှစ်ခု ပြင်ဆင်ရတော့မယ်"
လုံမော့ထန်: "အရူး သူတို့လက်ထပ်ပြီးကြပြီလား? အခုက မိသားစုတစ်ခု ဖြစ်သွားပြီလား? လက်ဆောင်ပေးဖို့ ဘာအလျင်လိုနေတာလဲ?"
ရှန်းမိုယွီ : "မင်းပြောတာက အဓိပ္ပါယ်တော့ရှိပါတယ်... ဒါမှမဟုတ် မင်း ကပ်စေးနှဲနေပြီး သူတို့ကို လက်ဆောင်မပေးချင်တာလား?"
လုံမော့ထန် က တုံ့ပြန်ခြင်းမရှိပေ။
ရှန်းမိုယွီ: "အင်း၊ ငါ့သားမက်ကို လက်ဆောင်ပေးဖို့ သူတို့ လက်ထပ်ပြီးတဲ့အထိ စောင့်ကြရအောင်။"
လုံမော့ထန် - "မင်းက အရမ်းအရစ်ရှည်တာပဲ၊ ဒါ ငါ စီစဉ်ထားတာပဲ"
မနက်စာစားပြီးသောအခါ စုလင်းနဲ့ကုလီဟန်တို့ အောက်ထပ်သို့ဆင်းလာပြီး Room No.1 ရှေ့တွင် ရဲ့လဲ့ကို လှမ်းမြင်လိုက်ရသည်။ ရဲ့လဲ့က သူတို့ကိုတွေ့တော့ လမ်းလျှောက်တာကို ရပ်လိုက်ပြီး စုလင်းကို ပြောသည်။
"ဝင်ကြည့်လိုက်ပါဦး။ တစ်ခုခုတော့ မှားနေပြီ၊ ရှန်းမိုယွီက ငါ့ကို ၀င်ခွင့်မပေးဘူး"
စုလင်း: "ဘာဖြစ်နေတာလဲ?"
ရဲ့လဲ့: "ရုတ်တရက် တစ်ခုခုပေါ်လာတယ်။"
စုလင်း အံ့အားသင့်စွာ မျက်ခုံးပင့်မိရကာ Room No.1 သို့ လျှောက်သွားလိုက်သည်။
သူဝင်လိုက်သည်နှင့် ရှန်းမိုယွီ၏ အနီရောင်ပန်းပွင့်များနှင့် ရွေ့လျားနေသော အမြစ်များအပြင် ချွန်ထက်သော ခြေသည်းကဲ့သို့ အရွက်များပါသည့် နွယ်ပင်အချို့ကို သူမြင်လိုက်ရသည်။ နွယ်ပင်က ပန်းပွင့်ချပ်များအလယ်တွင် စက်ဝိုင်းပုံ လုပ်နေသည်။ ရုတ်တရက် ဖျတ်ခနဲ ကြည့်လိုက်လျှင် သူက ပန်းပွင့်များပေါ်တွင် မူလကတည်းက ပေါက်နေသလိုပင်။ ရှန်းမိုယွီ၏အမြစ်က ဆွဲခေါ်ရာ နောက်တွင် စုလင်း အနီရောင် ပွင့်ချပ်ဆီသို့ လျှောက်သွားခဲ့ရသည်။ ပွင့်ချပ်က မြေပြင်ပေါ်သို့ နိမ့်ဆင်းသွားပြီးနောက် ထိုပွင့်ချပ်ပေါ်မှ နွယ်ပင်ရဲ့ သစ်ရွက် တစ်ရွက်က စက္ကူပန်ကာအရွယ်လောက်အထိ ကြီးလာခဲ့သည်။ အရွက်၏အညှာသည် ပင်မနွယ်ပင်မှ ကျိုးကျလာပြီး ထိုသစ်ရွက် အကြီးကြီးရဲ့ အရင်းတစ်ဖက်က ဆန့်ထွက်လာကာ စုလင်းရဲ့ရှေ့တွင် တွဲလောင်းကျနေသည်။
စုလင်း အံ့ဩသွားပြီး 'ဘာကို ဆိုလိုတာလဲ'ဟု မေးရန် ပြင်လိုက်သည်။ ထို့နောက် အမြစ်တစ်ခုက အရွက်ကို လျင်မြန်စွာ ချည်နှောင်ပြီး ဆွဲထုတ်ကာ စုလင်း လက်ထဲသို့ ထည့်ရန် ကြိုးစားသည်။ သို့သော် ရှန်းမိုယွီက ထိုသို့ပြုလုပ်သောအခါ နွယ်ပင်သည် ကြာပွတ်နှင့်ခပ်ဆင်ဆင် တူသော အရွယ်အစားထိ ရုတ်ခြည်း ရှည်ထွက်လာပြီး ထိုအမြစ်ကို ကြာပွတ်ဖြင့် ခေါက်လိုက်သည်။
လုံမော့ထန်က အံ့သြစွာ ဒေါသတကြီးဖြင့်
"မိုက်မဲတဲ့ကောင်၊ မင်း ငါ့ရဲ့ ပြီးပြည့်စုံတဲ့ လက်ဆောင်ပေးတဲ့ လုပ်ရပ်ကို ဖျက်ပစ်ဝံ့သလား?"
ကြာပွတ်ဒဏ်ခံရတော့ အမြစ်က တအိအိကျလာပြီး သစ်ရွက်ကို ဆုပ်ကိုင်ထားတာကို ဖြေလျော့ရင်း
"တောင်းပန်ပါတယ်။ မင်းနောင်တရမှာကို ကြောက်လို့၊ ပြီးတော့ ငါ့သားကလည်း မင်းပြောချင်တာကို နားမလည်ဘူးလေ"
သစ်ရွက်ကြွေကျသွားပြီး စုလင်း မသိစိတ်အရ လက်ဖြင့် လှမ်းဖမ်းလိုက်သည်။
ဝက်သားပေါင်းပေါက်စီ
ဆေးဘဲဥနဲ့အသားဆန်ပြုတ်
ကြက်ဥပဲငံပြာရည်စိမ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
See U next weekend❤
နာမ်စားတွေ သုံးတာကလေ အရံဇာတ်ကောင်တွေမှာ ငါဖြစ်လိုက်၊ ကျွန်တော်ဖြစ်လိုက် ဖြစ်နေတာ သိပါတယ်။ စိတ်ကူးပေါက်သလို ကောင်းမယ်ထင်တာချနေတာမလို့ အစအဆုံးပြီးမှ စာသေချာပြန်ပြင်တော့မယ်❤
Jue ကြိုပြောထားတယ်နော် စုလင်းတို့ပြီးတာနဲ့ ၂ပတ် ထားပေးပြီးရင် ရှေ့မညီနောက်မညီဖြစ်နေတဲ့စာတွေ ပြန်ပြင်ဖို့ Unpublish လုပ်မှာပါ။ perfect ဖြစ်တဲ့ လက်ရာလေးလိုချင်လို့ Unမှာပါနော် ကြိုပြောထားပါတယ်ရှင့်❤
ပြီးတော့ နောက်တစ်ချက် CommentလေးVoteလေးတွေက တကယ်အားဆေးနော် Jue အကုန်တစ်ခုမကျန် ဖတ်ဖြစ်ပါတယ်။ အရင်လို အချိန်မရလို့ reply မပြန်ဖြစ်တာပါ🥺 ကြုံတာလေးတွေတော့ ကောက်ပြန်ဖြစ်တယ်။ အနားမှာရှိပြီး အားပေးပေးကြတဲ့ ဘေဘီလေးတွေ ကျေးဇူးပါ❤
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
//ZAWGYI//
အခန္း 53 - လက္ေဆာင္
ကုလီဟန္ ထမလို႔ ဟန္ျပင္ေနသည္ကို ရပ္တန္႔လိုက္ၿပီး
"ကိုယ္ မသြားဘူးေနာ္"
စကားဆိုလိုက္ရာတြင္ သံလိုက္ဓါတ္လို ဆြဲငင္ႏိုင္ေသာ အသံက နိမ့္ၿပီး တည္ၿငိမ္ေနလ်က္။
ထို႔ေနာက္ ကုလီဟန္ ခါးကိုင္းကာ လက္ဆန္႔ထုတ္ၿပီး အိပ္ယာေဘး စားပြဲေပၚမွ ေရဖန္ခြက္ကို ေကာက္ယူၿပီး
"ေရေလး အရင္ေသာက္လိုက္ဦး"
စုလင္း ဖန္ခြက္ထဲမွ ေရတစ္ဝက္ကို နာခံစြာ ေသာက္လိုက္ရာ သူ႕ခႏၶာကိုယ္တြင္း႐ွိ အပူမ်ား အနည္းငယ္ ေျပေပ်ာက္သြားသလို ခံစားလိုက္ရသည္။ သူ႕ႏႈတ္ခမ္းေတြ စိုစြတ္ေနခဲ့တာေၾကာင့္ ႏႈတ္ခမ္းသပ္လိုက္ၿပီး စုလင္း တိုးညႇင္းစြာ ခပ္ဖြဖြ ရယ္လိုက္သည္။
"ကြၽန္ေတာ္ ကိုယ့္တုံ႔ျပန္မႈကိုကိုယ္ မထိန္းႏိုင္ေတာ့ဘူး"
ဖန္ခြက္ကိုခ်လိုက္ၿပီး ကုလီဟန္က စုလင္း၏လည္ပင္းေနာက္ဘက္ကို သူ႕လက္ေခ်ာင္းမ်ားျဖင့္ ညင္သာစြာ ပြတ္သပ္ရင္း သူ႕အသံက လုံးဝကို အက္႐ွေနခဲ့သည္။
"ကိုယ္လည္း ထိန္းမရေတာ့ဘူး"
သူတို႔ရဲ႕Pheromoneနံ႔က ေလထုထဲမွာ ပိုႂကြယ္ဝလာခဲ့သည္။ Pheromone ႏွစ္ခု ေပါင္းစပ္လိုက္သည္ႏွင့္အမွ် အပူခ်ိန္က လ်င္ျမန္စြာ ျမင့္တက္လာခဲ့ၿပီး အခန္းတြင္းမွာ ပင့္သက္႐ိႈက္သံမ်ားကို ၾကားေနရသည္။ စုလင္း၏ အေတြးမ်ားသည္ ေနရာအႏွံ႔ ပ်ံ႕က်ဲေနခဲ့ၿပီး ဘာကိုမွ ေကာင္းစြာ မေတြးေတာႏိုင္ေတာ့ေပ။ ႐ုတ္တရက္ သူ႕glandထဲက နာက်င္တဲ့ ခံစားမႈတစ္ခုကို ခံစားလိုက္ရၿပီး စုလင္း မ်က္လုံးကို အနည္းငယ္ဖြင့္ၾကည့္လိုက္သည္။ ျပင္းထန္ၿပီး ႐ႈပ္ေထြးလွေသာ ခံစားခ်က္တစ္ခုက ဒီေရလို သူ႕ကို တိုက္စားသြားခဲ့ၿပီး သူ႕ခႏၶာကိုယ္က တုန္ရီေန႐ုံမွတစ္ပါး အျခားမ႐ွိ။
......
[ကားေလးဟာ တိတ္တဆိတ္ ျဖတ္သြားခဲ့🥺]
အခန္း တိတ္ဆိတ္ၿငိမ္သက္သြားခဲ့ခ်ိန္မွာေတာ့ အခ်ိန္အေတာ္ ၾကာသြားခဲ့ေခ်ၿပီ။ စုလင္း သူ႕ကိုယ္မွာ အားအင္ေတြ အမ်ားႀကီး မက်န္ေတာ့ေပမယ့္ ခံစားခ်က္ေကာင္းမြန္ေနခဲ့သည္။ ဒီလိုေပ်ာ္႐ြင္မႈမ်ိဳးကို သူတစ္ခါမွ မခံစားဖူးပါေပ။ သူ႕ေဘးတြင္ လဲေလ်ာင္းေနေသာ ကုလီဟန္က သူ႕ရဲ႕ နက္ေမွာင္ေပ်ာ့ေပ်ာင္းေသာ ဆံႏြယ္မ်ားကို ညင္ညင္သာသာ ပြတ္သပ္ေပးၿပီး မိန္းေမာသာယာမႈမွ လြတ္ေျမာက္ေစသည္။ သူ႕ရဲ႕ သံလိုက္လို ဆြဲငင္ႏိုင္ေသာအသံက ပုံမွန္ထက္ အမ်ားႀကီးနိမ့္ေနခဲ့သည္။
"မင္း အဆင္ေျပရဲ႕လား?"
စုလင္း လက္ဖဝါးကို အနည္းငယ္ေ႐ႊ႕ကာ လက္ညိဳးကို အေပၚသို႔ေျမႇာက္လိုက္ကာ ေခါင္းညိတ္ျပသလို ေအာက္သို႔ ခ်လိုက္ျပန္သည္။ တစ္ခ်ိန္တည္းမွာပင္ သူက အမ္းဟု တိုးညႇင္းစြာ ေျဖလိုက္သည္။ သို႔ေသာ္ အသံထြက္ၿပီးေနာက္ သူမ်က္ေမွာင္ၾကဳတ္မိသြားရကာ သူ႕အသံက အလြန္အက္ကြဲေနသည္ကို သတိျပဳမိလိုက္သည္။ ျဖစ္ပ်က္ခဲ့သည္မ်ားကို ေတြးရင္း သူ႕မ်က္ႏွာ နီရဲသြားခဲ့သည္။
႐ွက္ဖို႔ေကာင္းလိုက္တာ
ကုလီဟန္ စုလင္း မ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူ႕မ်က္လုံးမ်ားတြင္ အျပဳံးမ်ားအျပည့္ျဖင့္ ေရေႏြးေႏြးတစ္ခြက္ကို ေလာင္းထည့္ရန္ လွည့္လိုက္သည္။ စုလင္း ေရေႏြးေသာက္ၿပီးတဲ့ေနာက္ ေရခ်ိဳးဖို႔ ေရခ်ိဳးခန္းသို႔ ေခၚသြားခဲ့သည္။ သူတို႔ အိပ္ယာထဲ ျပန္ဝင္ခ်ိန္မွာေတာ့ စုလင္းဟာ တစ္ကိုယ္လုံး လန္းဆန္းေနေပမယ့္ သူ႕မွာ အားအင္ေတြ မက်န္ေတာ့တာေၾကာင့္ ခ်က္ခ်င္း အိပ္ေပ်ာ္သြားခဲ့သည္။ စုလင္းကို ၾကည့္လိုက္ေတာ့ ကုလီဟန္ရဲ႕ အမူအရာက အရင္ကထက္ ပိုေပ်ာ့ေပ်ာင္းသြားသည္။ သူသည္ ေကာင္ငယ္ေလးရဲ႕နဖူးကို နမ္းလိုက္ၿပီး အိပ္စက္ရန္ သူ႕ရင္ခြင္ထဲသို႔ ေ႐ႊ႕လိုက္သည္။ အိပ္မက္မ႐ွိေသာ ညတစ္ညပင္။
ကုလီဟန္ နံနက္အိပ္ရာႏိုးေသာအခါတြင္ သူ ဒီလို ေကာင္းေကာင္း အိပ္မေပ်ာ္ခဲ့သည္မွာ ၾကာၿပီမို႔ နည္းနည္း အံ့ၾသသြားရသည္။ ေခါင္းကို အနည္းငယ္ ငုံ႔ၾကည့္လိုက္ေတာ့ ေကာင္ငယ္ေလးက သူ႕ေဘးမွာ မ်က္ႏွာခ်င္းဆိုင္ လဲေလ်ာင္းေနၿပီး မ်က္လုံးမွိတ္ထားလ်က္ အိပ္ေပ်ာ္ေနသည္ကို ေတြ႕လိုက္ရသည္။ သူ၏ ႐ွည္လ်ားေသာ မ်က္ေတာင္မ်ားသည္ အနည္းငယ္ လွန္ေနကာ သူ႕မ်က္ႏွာေဖြးေဖြးေလးက က်န္းမာၿပီး နီျမန္းေနသည္မွာ အရမ္းလွပေပသည္။ တိတ္ဆိတ္ၿပီး ေႏြးေထြးတဲ့ေလထုက သူ႕ကို အတြင္းထဲကေန ေႏြးေထြးေစၿပီး ဒီခံစားခ်က္ကို သူတကယ္သေဘာက်ေပသည္။ ကုလီဟန္ အသံမထြက္သလို လႈပ္႐ွားမႈလည္း မလုပ္ဘဲ ေကာင္ငယ္ေလး အိပ္ေပ်ာ္ေနတာကိုပဲ ၾကည့္ေနခဲ့သည္။ တစ္နာရီခန္႔အၾကာတြင္ အခန္းတံခါးမွ အသံတစ္ခုထြက္လာသည္။ ကုလီဟန္ အလြန္တရာ ေပါ့ပါးေသာ လႈပ္႐ွားမႈမ်ားျဖင့္ အိပ္ရာမွ အသာထကာ တံခါးကိုဖြင့္လိုက္သည္။
႐ွန္းမိုယြီ၏ အျမစ္ႏွစ္ခုသည္ တံခါးဝတြင္ အျပန္ျပန္အလွန္လွန္ လွည့္ပတ္ေနၿပီး တံခါးကို ထပ္မံ ေခါက္ေတာ့မွာပင္။ တံခါးဖြင့္လိုက္ေသာအခါတြင္ အျမစ္မ်ားသည္ ကုလီဟန္ ေ႐ွ႕တြင္ ခ်က္ခ်င္းရပ္သြားသည္။ ထို႔ေနာက္ ကုလီဟန္၏ ဘယ္ဘက္လက္႐ွိ လြတ္ေနေသာေနရာဆီသို႔ လွည့္ကာ အခန္းထဲသို႔ ဝင္ခ်င္ေနသည္။ ကုလီဟန္က အျမစ္မ်ားကို လ်င္ျမန္စြာ ဖမ္းကိုင္လိုက္ၿပီး တိုးတိုးေလး ေျပာလိုက္သည္။
"သူ အနားယူေနတယ္"
ကုလီဟန္ အိပ္ယာက ထသြားၿပီးေနာက္၊ စုလင္း မသိစိတ္က ကုလီဟန္ အစက အိပ္ရာေနရာဆီသို႔ ေ႐ြ႕သြားေသာ္လည္း ရင္းႏွီးေသာအပူခ်ိန္ကို ႐ွာမေတြ႕ခဲ့ေပ။ သူ႕မ်က္ခြံမ်ား လႈပ္ခါကာ လက္ကိုဆန္႔ၿပီး ပတ္ပတ္လည္ကို လိုက္ထိေတာ့သည္။ ဘာကိုမွ ႐ွာမေတြ႕ေတာ့ စုလင္း မ်က္လုံးဖြင့္လိုက္သည္။ ကုလီဟန္ကို ေခၚဖို႔ႀကိဳးစားၿပီး သူ႕ပါးစပ္ကို ဖြင့္လိုက္ေပမယ့္ သူ႕ကို ဘယ္လိုေခၚရမွန္းမသိျဖစ္ေနတာကို သိလိုက္ရသည္။
'ဥကၠ႒ကု' က သိပ္မရင္းႏွီးလြန္းသလိုပဲ။ 'မစၥတာကု' က်ေတာ့ သူ႕ကို ကစားေနသလို ခံစားရတယ္။ 'အားဟန္' က သူ႕အေမ ေခၚတာဆိုေတာ့ သူလိုက္ေခၚရင္ ထူးထူးျခားျခားႀကီး ခံစားရျပန္တယ္
ေရာက္တက္ရာရာကိစၥေတြကို ေတြးရင္း အိပ္ရာက ထလိုက္ေတာ့ ေလ့က်င့္ခန္းမလုပ္တဲ့ ခႏၶာကိုယ္က မေန႔ညက သူ႕ရဲ႕ 'လႈပ္႐ွားမႈ' ကို ဆန္႔က်င္ေၾကာင္း ခ်က္ခ်င္းထုတ္ေဖာ္လာသည္။ သူ႕တစ္ကိုယ္လုံး နာက်င္လြန္းသျဖင့္ ကုကယ္ရာမဲ့စြာ တကြၽတ္ကြၽတ္ ေအာ္ဟစ္ညည္းတြားမိေတာ့သည္။
သူ ေလ့က်င့္ခန္းကို အမွန္တကယ္ျပဳလုပ္ရန္ လိုအပ္ေနသည္။
ကုလီဟန္ သူ႕အသံကိုၾကားၿပီး အျမစ္မ်ားကို ဆုပ္ကိုင္တာ ေျဖေလွ်ာ့လိုက္သည္။ သူ ေနာက္ျပန္လွည့္ကာ ကုတင္ဆီသို႔ ေလွ်ာက္သြားကာ
"ဘယ္နား အဆင္မေျပလို႔လဲ"
စုလင္း လက္ေမာင္းေလးကို ကိုင္လိုက္ၿပီး သူ႕ေပါင္ကို ထုကာ
"ကြၽန္ေတာ္ တစ္ကိုယ္လုံးနာေနတယ္၊ ပုံမွန္ဆို ကြၽန္ေတာ္ ေလ့က်င့္ခန္း သိပ္မလုပ္ျဖစ္ဘူး"
စုလင္း ေျပာရင္း နား႐ြက္ေတြ နီေစြးလာသည္။ မေန႔ညက သူ႕နတ္ဘုရားဟာ အစပိုင္းမွာေတာ့ အေတာ္ေလး ထိန္းထားႏိုင္ေပမယ့္ စိတ္အားထက္သန္လြန္းသည္။ ေနာက္ဆုံးတြင္ေတာ့ ႏွစ္ေယာက္စလုံး ထိန္းမႏိုင္သိမ္းမရ ျဖစ္သြားၾကသည္။ Lu-st ထဲကို Omega က်ေရာက္သြားတဲ့အခါ တကယ့္ကို ေၾကာက္စရာေကာင္းသည္။ ယခုအခ်ိန္တြင္ပင္ နတ္ဘုရားအတြက္ သူ႕ရဲ႕ စိတ္အားထက္သန္မႈႏွင့္ ဆႏၵကို သတိရမိျခင္းက သူ႕ႏွလုံးသားကို လ်င္ျမန္စြာ ခုန္ေပါက္ေစသည္။
ကုလီဟန္ စုလင္းရဲ႕ နား႐ြက္ကို ဖ်တ္ခနဲ ခပ္ျမန္ျမန္ၾကည့္လိုက္ၿပီး ေလးနက္စြာပင္ သူ႕ကို အ႐ွက္ရေစမည့္ တစ္စုံတစ္ရာကိုမွ မေျပာပါေခ်။ သူက ကုတင္အစြန္းမွာ ထိုင္ၿပီး စုလင္းကို ႏွိပ္နယ္ေပးသည္။
အျမစ္ႏွစ္ေခ်ာင္းထဲက တစ္ေခ်ာင္းက စုလင္းရဲ႕ လက္ေကာက္ဝတ္မွာ ရစ္ပတ္ထားကာ က်န္တစ္ခုက သူ႕ေဘးမွာ လႈပ္လႈပ္႐ြ႐ြ ျဖစ္ေနၿပီး အရမ္းေပ်ာ္ေနပုံပါပင္။ စုလင္း စိတ္ထဲတြင္ ျမက္ပင္မ်ားႏွင့္ တြဲေနေသာ အျမစ္ႏွစ္ေခ်ာင္း၏ ပုံရိပ္တစ္ခုေပၚလာသည္။ စုလင္းက မေန႔ညက ျဖစ္ပ်က္ခဲ့တာေတြကို ျပန္သတိရလိုက္ၿပီး ေမးသည္။
"ဒါက မေန႔ညက မင္း႐ွာေနတဲ့ သူငယ္ခ်င္းေလးလား"
အျမစ္မ်ားသည္ အတက္အဆင္း လႈပ္႐ွားၾကသည္။
ဆိုလိုတာ မေန႔က ႐ွန္းမိုယြီ သူ႕အတိတ္က အေတြ႕အၾကဳံေတြ စုလင္းကို ေဝမွ်တုန္းက စုလင္း ႐ွန္းမိုယြီျပခ်င္တာကို မွားၿပီး အာ႐ုံစိုက္မိသြားတာလား? ဒါက သူစိတ္ထဲ ေပၚလာတဲ့ ႏြယ္ပင္ေတြ မဟုတ္ဘဲ သူသတိမထားမိလိုက္တဲ့ ျမက္ပင္ေတြလား?
မျဖစ္ႏိုင္။ ႐ွန္းမိုယြီက ႏြယ္ပင္ေတြရဲ႕ အနီးကပ္ပုံကိုပင္ ျပခဲ့ေသးသည္။ ထို႔ေၾကာင့္ စုလင္းေမးလိုက္သည္။
“မေန႔က ႏြယ္ပင္ေတြရဲ႕ ပုံေတြကို ျပတာ ဘာကို ဆိုလိုတာလဲ”
စုလင္း စိတ္ထဲတြင္ လက္ဆြဲထားေသာ သူငယ္ခ်င္း၂ေယာက္ပုံတစ္ပုံ ေပၚလာျပန္သည္။ တစ္ခ်ိန္တည္းမွာပင္ သူ႕လက္မ်ားကို ရစ္ပတ္ထားေသာ အျမစ္မ်ားသည္ အနည္းငယ္ တြန္းထိုးကာ သူ႕ကို အျပင္သို႔ ဆြဲထုတ္ရန္ ႀကိဳးစားသည္။
စုလင္း ၾကည့္လိုက္ေတာ့ ႐ွစ္နာရီခြဲခါနီးေနေလၿပီ။ နတ္ဘုရားရဲ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး
"အို ဘုရားေရ၊ အခု ကြၽန္ေတာ္အရမ္းေနာက္က်ေနၿပီ၊ အဲဒါဆို ကြၽန္ေတာ္တို႔လုပ္ခဲ့တာကို ရဲ႕လဲ့ သိသြားေလာက္ၿပီလား"
"လူသိမွာေၾကာက္လို႔လား"
"မဟုတ္ဘူး"
စုလင္း လည္ေခ်ာင္း႐ွင္းကာ ေခ်ာင္းဟန္႔လိုက္ၿပီး ေျပာလာသည္။
"နည္းနည္း ႐ွက္လို႔"
ကုလီဟန္ရဲ႕ လက္ဖဝါးက သူ႕လည္ပင္းေနာက္ဘက္သို႔ ညင္သာစြာ ဖိညႇစ္လိုက္ေတာ့ သူ႕မသိစိတ္ကေန လည္ပင္းကို အနည္းငယ္ က်ံဳ႕လိုက္မိသည္။
ကုလီဟန္: "မင္း ေနာက္မက်ရင္ေတာင္ သူသိမွာပဲ"
သူ႕အသံက နက္႐ိႈင္းေနၿပီး
"မင္းမွာ ကိုယ့္ ရနံ႔႐ွိေနတယ္"
စုလင္း - "အင္း၊ ကြၽန္ေတာ္ ေမ့သြားတယ္။"
ဤေနရာသည္ ကမ႓ာေျမမဟုတ္ပါ၊ ယခု သူသည္ အိုမီဂါျဖစ္ေနၿပီ ျဖစ္သည္။
မ်က္လုံးမ်ားကိုမွိတ္ထားရင္း စုလင္း သူ႕လက္မ်ားကို သူ႕နတ္ဘုရားရဲ႕ လည္ပင္းတြင္ ရစ္ပတ္ထားၿပီး နမ္း႐ိႈက္လိုက္သည္။ ထို႔ေနာက္ မေက်မနပ္ ညည္းညဴလိုက္သည္။
“ခင္ဗ်ားမွာက် ကြၽန္ေတာ္႕အနံ႔မ႐ွိဘူး”
"ကိုယ့္ရဲ႕Pheromoneေတြက ၿပီးခဲ့တဲ့ အပတ္ကတည္းက တည္ၿငိမ္သြားၿပီ။ အဲ့ဒါက မင္းအတြက္ေၾကာင့္သာ ထိန္းခ်ဳပ္မႈ လြတ္သြားတာ"
ကုလီဟန္ရဲ႕ မ်က္လုံးမ်ားက နက္ေမွာင္လာသည္။
စုလင္း ခ်က္ခ်င္းဆိုသလို သတိရသြားၿပီး
"အိုး၊ အခ်ိန္ပိုၾကာတဲ့ ယာယီအမွတ္အသားတစ္ခု?"
ကုလီဟန္က ေခါင္းညိတ္လိုက္သည္။
ပထမေတာ့ စုလင္း ကုလီဟန္ကို ၾကည့္ေနခဲ့တာ ျဖစ္သည္။ ဒါေပမယ့္ ကုလီဟန္က ေခါင္းညိတ္ျပတဲ့အခါမွာေတာ့ သူ အံ့ၾသတဲ့အမူအရာနဲ႔ အကူအညီမဲ့စြာ ငုံ႔မၾကည့္ဘဲ မေနႏိုင္ေတာ့ေခ်။
"ဒါဆို က်...ကြၽန္ေတာ္တို႔က အၿမဲတမ္း အမွတ္အသားလုပ္ထားရင္ ခ..ခင္ဗ်ားတကယ္ပဲ knot လုပ္ရမွာေပါ့?"
[Knotအေၾကာင္းေမ့သြားရင္ novelရဲ႕ ဟိုးအစမွာ omegaverse ဆိုၿပီး ေရးထားတဲ့ ေနရာမွာ ျပန္ဖတ္ၾကည့္ေနာ္]
ကုလီဟန္ အသက္႐ႈသံကို အနည္းငယ္ ပင့္သက္႐ိႈက္မိသြားၿပီး
"အမ္း"
ဒါေပမယ့္ သူက ထိုအေၾကာင္းအရာကို ဆက္မေျပာဘဲ စုလင္း ကို ေရခ်ိဳးခန္းထဲ ေခၚသြားကာ
"မင္းကို ေရခ်ိဳးေပးေစခ်င္လား?"
စုလင္းလည္း သူ႕အရင္ေမးခြန္းကို လ်စ္လ်ဴ႐ႈလိုက္ၿပီး
"ဟင့္အင္း၊ ကြၽန္ေတာ္ ကိုယ္တိုင္ လုပ္ႏိုင္ပါတယ္"
ကုလီဟန္၏ မ်က္လုံးမ်ားတြင္ အျပဳံးတစ္ခု ေတာက္ပလာၿပီး
"ဒါဆို မင္း မနက္စာ ဘာစားခ်င္လဲ ကိုယ္ မင္းအတြက္ မွာထားလိုက္မယ္"
စုလင္း: "ဝက္သားေပါင္းေပါက္စီ၊ ေဆးဘဲဥနဲ႔ အသားဆန္ျပဳတ္၊ ၾကက္ဥ ပဲငံျပာရည္စိမ္"
"ေျပာင္းဖူးထည့္ရင္ေကာ? မင္း အသီးအ႐ြက္ေတြလည္း စားသင့္တယ္။"
ကုလီဟန္က အၾကံျပဳလာသည္။
စုလင္း : "အဲ့ဒါဆို ကြၽန္ေတာ္ ကုန္ေအာင္စားႏိုင္မွာ မဟုတ္ေတာ့ဘူး"
"စိတ္မပူပါနဲ႔ ကိုယ္ ႐ွိတယ္။"
ကုလီဟန္က အခန္းမွ ထြက္မသြားခင္ စုလင္းရဲ႕ ေပ်ာ့ေပ်ာင္းနက္ေမွာင္ေသာ ဆံပင္မ်ားကို ပြတ္သပ္ေပးၿပီးေနာက္ အဝတ္အစား လဲလွယ္ရန္ ထြက္သြားသည္။
စုလင္း သူ႕လက္ေကာက္ဝတ္တစ္ဝိုက္က အျမစ္ေတြကို ညႇစ္ၿပီး ေျပာလိုက္သည္။
"မင္းလည္း သြားေတာ့ေလ"
အျမစ္မ်ား ေျပေလ်ာ့သြားၿပီး ထြက္သြားသည္။ သူက ကုလီဟန္ရဲ႕ ပတ္ပတ္လည္ 360 ဒီဂရီကို လွည့္ၿပီး ၾကည့္႐ႈစစ္ေဆးသည္။
ကုလီဟန္ အဲ့ဒါကို သတိျပဳမိေပမယ့္ သူ႕ထိုအေၾကာင္း သိပ္ၿပီး မစဥ္းစားခဲ့ပါေခ်။ ႐ွန္းမိုယြီက IQ ျမင့္သည္ကို သူသိသည္။ ထို႔ေၾကာင့္ သူက စပ္စု႐ုံမွ်သာဟု ထင္ကာ အစားအေသာက္ကို မွာၾကားၿပီး အခန္းသန္႔႐ွင္းေရးလုပ္ရန္ အိမ္ထိန္းစက္႐ုပ္ကို အမိန္႔ေပးခဲ့သည္။
Room No.1 တြင္ ႐ွန္းမိုယြီက သူ၏အေဖာ္ငယ္ေလးအား စိတ္ဓါတ္က်ေနေသာ အရိပ္အေယာင္မ်ားျဖင့္ ထိုသတင္းကို ျပန္ေျပာျပေနသည္။
"ငါ့သားက ေစာေစာစီးစီး ခ်စ္တတ္ေနၿပီ၊ သူက အသက္ 18 ႏွစ္ပဲ႐ွိေသးတယ္!"
လုံေမာ့ထန္: "မင္းရဲ႕ မိုက္မဲတဲ့ အျပဳအမူေတြကို ရပ္လိုက္စမ္း။ သူက လူသားတစ္ေယာက္ပါ။ ဆက္ဆံေရးတစ္ခု တည္ေဆာက္ရဖို႔ အသက္ 300 ေလာက္အထိ ေစာင့္ေစခ်င္လို႔လား?။ သူ႕အုတ္ဂူနဲ႔ တည္ေဆာက္ရမွာလား?"
ေပ်ာ့ေပ်ာင္းေသာ အျမစ္မ်ားသည္ ခ်က္ခ်င္းပင္ လႈပ္ယမ္းသြားကာ
"ဟာဟားဟား၊ မင္းက အရမ္း စမတ္က်တာပဲ၊ ဒါေပမယ့္ အခု မင္း ေတြ႕ဆုံျခင္း လက္ေဆာင္ ႏွစ္ခု ျပင္ဆင္ရေတာ့မယ္"
လုံေမာ့ထန္: "အ႐ူး သူတို႔လက္ထပ္ၿပီးၾကၿပီလား? အခုက မိသားစုတစ္ခု ျဖစ္သြားၿပီလား? လက္ေဆာင္ေပးဖို႔ ဘာအလ်င္လိုေနတာလဲ?"
႐ွန္းမိုယြီ : "မင္းေျပာတာက အဓိပၸါယ္ေတာ့႐ွိပါတယ္... ဒါမွမဟုတ္ မင္း ကပ္ေစးႏွဲေနၿပီး သူတို႔ကို လက္ေဆာင္မေပးခ်င္တာလား?"
လုံေမာ့ထန္ က တုံ႔ျပန္ျခင္းမ႐ွိေပ။
႐ွန္းမိုယြီ: "အင္း၊ ငါ့သားမက္ကို လက္ေဆာင္ေပးဖို႔ သူတို႔ လက္ထပ္ၿပီးတဲ့အထိ ေစာင့္ၾကရေအာင္။"
လုံေမာ့ထန္ - "မင္းက အရမ္းအရစ္႐ွည္တာပဲ၊ ဒါ ငါ စီစဥ္ထားတာပဲ"
မနက္စာစားၿပီးေသာအခါ စုလင္းနဲ႔ကုလီဟန္တို႔ ေအာက္ထပ္သို႔ဆင္းလာၿပီး Room No.1 ေ႐ွ႕တြင္ ရဲ႕လဲ့ကို လွမ္းျမင္လိုက္ရသည္။ ရဲ႕လဲ့က သူတို႔ကိုေတြ႕ေတာ့ လမ္းေလွ်ာက္တာကို ရပ္လိုက္ၿပီး စုလင္းကို ေျပာသည္။
"ဝင္ၾကည့္လိုက္ပါဦး။ တစ္ခုခုေတာ့ မွားေနၿပီ၊ ႐ွန္းမိုယြီက ငါ့ကို ၀င္ခြင့္မေပးဘူး"
စုလင္း: "ဘာျဖစ္ေနတာလဲ?"
ရဲ႕လဲ့: "႐ုတ္တရက္ တစ္ခုခုေပၚလာတယ္။"
စုလင္း အံ့အားသင့္စြာ မ်က္ခုံးပင့္မိရကာ Room No.1 သို႔ ေလွ်ာက္သြားလိုက္သည္။
သူဝင္လိုက္သည္ႏွင့္ ႐ွန္းမိုယြီ၏ အနီေရာင္ပန္းပြင့္မ်ားႏွင့္ ေ႐ြ႕လ်ားေနေသာ အျမစ္မ်ားအျပင္ ခြၽန္ထက္ေသာ ေျခသည္းကဲ့သို႔ အ႐ြက္မ်ားပါသည့္ ႏြယ္ပင္အခ်ိဳ႕ကို သူျမင္လိုက္ရသည္။ ႏြယ္ပင္က ပန္းပြင့္ခ်ပ္မ်ားအလယ္တြင္ စက္ဝိုင္းပုံ လုပ္ေနသည္။ ႐ုတ္တရက္ ဖ်တ္ခနဲ ၾကည့္လိုက္လွ်င္ သူက ပန္းပြင့္မ်ားေပၚတြင္ မူလကတည္းက ေပါက္ေနသလိုပင္။ ႐ွန္းမိုယြီ၏အျမစ္က ဆြဲေခၚရာ ေနာက္တြင္ စုလင္း အနီေရာင္ ပြင့္ခ်ပ္ဆီသို႔ ေလွ်ာက္သြားခဲ့ရသည္။ ပြင့္ခ်ပ္က ေျမျပင္ေပၚသို႔ နိမ့္ဆင္းသြားၿပီးေနာက္ ထိုပြင့္ခ်ပ္ေပၚမွ ႏြယ္ပင္ရဲ႕ သစ္႐ြက္ တစ္႐ြက္က စကၠဴပန္ကာအ႐ြယ္ေလာက္အထိ ႀကီးလာခဲ့သည္။ အ႐ြက္၏အညႇာသည္ ပင္မႏြယ္ပင္မွ က်ိဳးက်လာၿပီး ထိုသစ္႐ြက္ အႀကီးႀကီးရဲ႕ အရင္းတစ္ဖက္က ဆန္႔ထြက္လာကာ စုလင္းရဲ႕ေ႐ွ႕တြင္ တြဲေလာင္းက်ေနသည္။
စုလင္း အံ့ဩသြားၿပီး 'ဘာကို ဆိုလိုတာလဲ'ဟု ေမးရန္ ျပင္လိုက္သည္။ ထို႔ေနာက္ အျမစ္တစ္ခုက အ႐ြက္ကို လ်င္ျမန္စြာ ခ်ည္ေႏွာင္ၿပီး ဆြဲထုတ္ကာ စုလင္း လက္ထဲသို႔ ထည့္ရန္ ႀကိဳးစားသည္။ သို႔ေသာ္ ႐ွန္းမိုယြီက ထိုသို႔ျပဳလုပ္ေသာအခါ ႏြယ္ပင္သည္ ၾကာပြတ္ႏွင့္ခပ္ဆင္ဆင္ တူေသာ အ႐ြယ္အစားထိ ႐ုတ္ျခည္း ႐ွည္ထြက္လာၿပီး ထိုအျမစ္ကို ၾကာပြတ္ျဖင့္ ေခါက္လိုက္သည္။
လုံေမာ့ထန္က အံ့ၾသစြာ ေဒါသတႀကီးျဖင့္
"မိုက္မဲတဲ့ေကာင္၊ မင္း ငါ့ရဲ႕ ၿပီးျပည့္စုံတဲ့ လက္ေဆာင္ေပးတဲ့ လုပ္ရပ္ကို ဖ်က္ပစ္ဝံ့သလား?"
ၾကာပြတ္ဒဏ္ခံရေတာ့ အျမစ္က တအိအိက်လာၿပီး သစ္႐ြက္ကို ဆုပ္ကိုင္ထားတာကို ေျဖေလ်ာ့ရင္း
"ေတာင္းပန္ပါတယ္။ မင္းေနာင္တရမွာကို ေၾကာက္လို႔၊ ၿပီးေတာ့ ငါ့သားကလည္း မင္းေျပာခ်င္တာကို နားမလည္ဘူးေလ"
သစ္႐ြက္ေႂကြက်သြားၿပီး စုလင္း မသိစိတ္အရ လက္ျဖင့္ လွမ္းဖမ္းလိုက္သည္။
ဝက္သားေပါင္းေပါက္စီ
ေဆးဘဲဥနဲ႔အသားဆန္ျပဳတ္
ၾကက္ဥပဲငံျပာရည္စိမ္
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
See U next weekend❤
နာမ္စားေတြ သုံးတာကေလ အရံဇာတ္ေကာင္ေတြမွာ ငါျဖစ္လိုက္၊ ကြၽန္ေတာ္ျဖစ္လိုက္ ျဖစ္ေနတာ သိပါတယ္။ စိတ္ကူးေပါက္သလို ေကာင္းမယ္ထင္တာခ်ေနတာမလို႔ အစအဆုံးၿပီးမွ စာေသခ်ာျပန္ျပင္ေတာ့မယ္❤
Jue ႀကိဳေျပာထားတယ္ေနာ္ စုလင္းတို႔ၿပီးတာနဲ႔ ၂ပတ္ ထားေပးၿပီးရင္ ေ႐ွ႕မညီေနာက္မညီျဖစ္ေနတဲ့စာေတြ ျပန္ျပင္ဖို႔ Unpublish လုပ္မွာပါ။ perfect ျဖစ္တဲ့ လက္ရာေလးလိုခ်င္လို႔ Unမွာပါေနာ္ ႀကိဳေျပာထားပါတယ္႐ွင့္❤
ၿပီးေတာ့ ေနာက္တစ္ခ်က္ CommentေလးVoteေလးေတြက တကယ္အားေဆးေနာ္ Jue အကုန္တစ္ခုမက်န္ ဖတ္ျဖစ္ပါတယ္။ အရင္လို အခ်ိန္မရလို႔ reply မျပန္ျဖစ္တာပါ🥺 ၾကဳံတာေလးေတြေတာ့ ေကာက္ျပန္ျဖစ္တယ္။ အနားမွာ႐ွိၿပီး အားေပးေပးၾကတဲ့ ေဘဘီေလးေတြ ေက်းဇူးပါ❤
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~