ဂျီမင်း အိမ်မှ ထွက်လာကတည်းက မူးဝေနေသည်
ကားပေါ်တွင်လည်း သူငြိမ်ငြိမ်လေ လိုက်လာသည်
"သားငယ်လေး
နေမကောင်းရင်လည်း နားလိုက်ပါ့လားကွယ်
သားကြည့်ရတာ အဆင်မပြေသလိုဘဲ "
"ရပါတယ် ဦးလေး
သား မနက်စာလည်း သိပ်မစားခဲ့လို့မူးနေတာပါ အဆင်ပြေသွားမှာပါ "
"အေးပါကွယ် "
ထို့နောက် ဂျီမင်းတစ်ယောက်ကျောင်းသို့ ရောက်လာတော့ လူက ဖြူဖျော့နေပြီ
ခြေထောက်တွေကလဲ ခွေယိုင်ချင်နေပြီ
ဒါပေမယ့် သူတတ်နိုင်သလောက် အားတင်းကာ ဆရာများနားနေခန်းသို့ ဖြည်းဖြည်းချင်းလျှောက်လာမိသည်
တဖြည်းဖြည်းမျက်လုံးများပါ ပြာဝေလာကာ
လူသည် လဲကျသွားတော့သည်
နောက်ဆုံးသိလိုက်ရတာ Hygရဲ့ ကျွန်တော့နာမည်အော်လိုက်သောအသံနှင့် တစ်နေရာသို့ခေါ်သွားတာကိုသာ
ဂျောင်ကု အလောတကြီး ကျောင်းဆေးခန်းသို့ရောက်လာခဲ့သည်
သူရောက်လာသည်နှင့် ကွက်တိထွက်လာသော ဆရာနမ်ဂျွန်း
ကျွန်တော့အား အနည်းငယ်အံ့ဩသလိုကြည့်ကာ ဘာမှတော့မပြော
"ဂျောင်ကု
နေမကောင်းလို့လား "
"မဟုတ်ပါဘူးဆရာ
ဟို ကျွန်တော် ဒီဘက် လူလာရှာတာ မတွေ့လို့အဲ့တာအတန်းပြန်တော့မလို့ပါ "
မတတ်နိုင်တော့ လိမ်လိုက်ရသည်
မနက်စောစော လူရိုးလေးသည် မလိမ်တတ်လိမ်တတ်ဖြင့် မျက်မှန်အောက်က မျက်စံလေးများမတည်မငြိမ်ဖြင့် ပထမဆုံး စလိမ်ခဲ့သည်
"ဟုတ်လား
အချိန်ရရင် ဆရာဂျီမင်းကိုခဏလောက် ကြည့်ပေးထားနိုင်လား
ဆရာက သူ့အစ်ကို ကိုဖုန်းဆက်မလို့ပါ
ဖုန်းက နားနေခန်းမှာကျန်ခဲ့တော့ လူနာကိုလည်း တစ်ယောက်ထဲ မထားခဲ့ချင်လို့လေ "
ဂျောင်ကုမျက်နှာလေး ချက်ချင်းဝင်းပသွားကာ မျက်လုံးလေးများတလဲ့လဲ့ဖြင့် ခေါင်းငြိမ့်ပြရှာသည်
"ဟုတ် ကျွန်တော်ကြည့်ထားလိုက်ပါ့မယ်
ဆရာစိတ်ချပါ "
"ဝင်သွားလိုက် ဂျောင်ကု
ဒေါက်တာဂျင်က ဂျီမင်းကို ဆေးသွင်းပေးပြီး အပြင်ပြန်ထွက်သွားတယ် "
"ဟုတ်"
ဂျောင်ကုသည် တံခါးလေးအားအသာအယာဖွင့်ကာဝင်လာတော့
ပထမဆုံးမြင်လိုက်ရတဲ့အရာကြောင့် ရင်ထဲဆစ်ကနဲနာရသည်
လက်တွင် ဆေးသွင်းထားသောကြောင့် အပ်တန်းလန်းဖြင့် ဆရာ့ပုံသည် သူ့အား အမှန်တကယ်နာကျင်စေခဲ့သည်
လိမ်ညာခြင်းမဟုတ်ပါ
အရမ်းချစ်မိသွားသော လေတိုက်တောင်မခံစေချင်တော့
ကျွန်တော်လည်း အိပ်နေသူ ဆရာသေးသေးလေးဘေး ခုန်လေးဆွဲယူကာ ထိုင်နေမိသည်
သူဘာလုပ်ပေးရမှန်းလဲမသိ ဖြူဖျော့နေသော နှုတ်ခမ်းလေးတွေမြင်တော့ စိတ်ထဲလှုပ်လှုပ်ခပ်ခပ်ရယ်
ထို့ကြောင့် လက်လေးကိုင်ကာ ဆရာ့မျက်နှာလေးအားအသေးစိတ်ကြည့်နေမိသည်
ကြည့်နေစဉ်မှာဘဲ မဲ့ကျလာသော မျက်နှာသေးသေးလေးကြောင့် သူဘာလုပ်လို့ဘာကိုင်ရမှန်းမသိ
တစ်ခုခုဆို သူဘာမှမလုပ်တတ်
ဒေါက်ကဂျင်ကလည်း မရှိဘူးမဟုတ်လား
သူပြာယာခက်နေစဉ် အတွင်းမှာပင် မျက်ရည်များစီးကျလာကာ ရှိုက်ငိုလာသော ဆရာ့ကြောင့် ရင်ခွင်ထဲ ထည့်သိမ်းလိုက်ရသည်
"ဘာမှမဖြစ်ပါဘူး ကျွန်တော်ရှိပါတယ်
နာနေလို့လားဟင်
နေလို့မကောင်းဘူးလား
ခေါင်းတွေမူးနေသေးလား
ကျွန်တော်ဘာလုပ်ပေးရမလဲဟင်
ငိုတော့မငိုပါနဲ့ "
သူအိမ်မက်နဲ့လက်တွေ့ရောထွေးနေမိသည်
နေမကောင်းရင် အိပ်မက်ဆိုးမတ်တတ်တာ ငယ်ငယ်ကတည်းက
သူ့လက်တွေကို လက်ဖဝါးကြီးကြီးဖြင့် စုပ်ကိုင်ထားကိုလည်းသူသိသည်
ခုဖက်ထားတဲ့ရင်ခွင်ကျယ်ကြီးကိုလည်းသူသိသည်
ထိုလူဟာ ကိုကိုမဟုတ်မှန်းလည်းသူသိသည်
ဒါပေမယ့် နေမကောင်းတိုင်း ပါးစပ်က ကိုကို့ကိုဘဲ ခေါ်နေကျမို့
ယောင်းယမ်းကာ ထွက်မိသည်က "ကိုကို"ဟုသာ
"ကိုကို သား ကြောက်တယ် "
"မကြောက်ပါနဲ့ ကျွန်တော်ရှိပါတယ်
ဟို.. ကိုကိုတော့မဟုတ်ပေမယ့် ကျွန်တော်ရှိပါတယ် ဘာမှမဖြစ်ပါဘူး "
ရင်ခွင်ထဲဝင်ကာ တအီအီဖြင့် ကြောင်ပေါက်လေးလို့ကုတ်ကပ်ငိုနေသော ဆရာလေးအား သူ့ရင်ခွင်ကျယ်ကျယ်ကြီးထဲ တိုးဝင်စေကာ ကျောပြင်လေးကို ပုတ်ပေးနေမိသည်
ခဏအကြာတော့ သူလည်း ပင်ပန်းနေလို့ထင်တယ် ပြန်အိပ်ပျော်သွားသည်
စောင်လေးအားသေချာခြုံပေးကာ
မြတ်မြတ်နိုးနိုးအရာလေးအား ဆရာမသိအောင်ခိုးယူမိသည်
နေမကောင်းနေတဲ့သူကို အခွင့်အရေးယူတာမဟုတ်ပေမယ့်
ကျွန်တော်မြတ်နိုးရလွန်းလို့ပါ
ထပ်ပြီး တောင်းပန်ပါတယ်
နောက်ကျ ခွင့်တောင်းပြီးမှ ယူပါ့မယ်
ကောင်းကောင်းအနားယူပါ ဆရာ ....
အစည်းအဝေးခန်းထဲတွင် ကျယ်လောင်စွာပေါ်ထွက်လာသော ဖုန်းသံကြောင့် မင်ယွန်းဂီတစ်ယောက် စုတ်တစ်ချက်သတ်လိုက်ကာ
ခေါ်ဆိုသူကို ကြည့်လိုက်သည်
နမ်ဂျွန်းထံမှ ဖြစ်နေ၍ ချက်ချင်းကိုင်လိုက်သည်
ပြောပါတယ် သူပထမစကားစုဘဲကြားလိုက်သည် ကျန်တာမကြားတော့ အစည်းအဝေးခန်းထဲတွင်ကျန်ခဲ့သူတွေအား သူ့အတွင်းရေးမှူးရှင်းလိမ့်မည်
သူသည် တကယ်ပေါ့စတဲ့လူ
မနက်က ကိုယ်တွေနွေးနေတာ သတိထားမိရက်နဲ့ကိုကွာ
စောက်သုံးမကျဘူး မင်ယွန်းဂီ
မီးပွိုင့်တွေ့လည်း စိမ်းသလား နီသလား သူမသိတော့အကုန်ဖြတ်မောင်းလာကာ ကြမ်းကြမ်းတမ်းတမ်းရယ်
15မိနစ်လောက်အကြာတွင် ကျောင်းသို့ရောက်လာခဲ့သည်
နမ်ဂျွန်းသည် စကားတောင်မဆုံးသေး ဖုန်းတန်းချသွားသောသူကြောင့် စိတ်ပူကာ ကျောင်းဆောင်ရှေ့ထွက်စောင့်နေလိုက်သည်
မကြာပါ ရောက်လာသော သူ့သူငယ်ချင်းသည် အရူးမီးဝိုင်းပြာပြာသလဲမို့ သူခေါင်းခါမိသည်အထိ
"ဘယ်မှာလဲ
ကျောင်းဆေးခန်းမှာမဟုတ်လား "
သူ့ဘာသာ ပြောပြီးပြေးသွားပြန်သော သူငယ်ချင်းနောက် နမ်ဂျွန်းတစ်ယောက်ပြေးလိုက်ကာ လက်အားဆွဲထားလိုက်သည်
အရွယ်သာတူတာ ခန္ဓာကိုယ်ချင်းမတူတာမို့ နမ်ဂျွန်းလက်တွေကြား မင်ယွန်းဂီ ခြေလှမ်းတွေ တိကနဲရပ်ကျသွားသည်
"ခဏလေး ဂျီမင်းက အားနည်းသွားလို့ပါ
မင်းတအားစိတ်မပူလဲရပါတယ်
ခုဟာကလည်း ဂျီမင်းက ထွက်ပြေးမှာကျနေတာဘဲ ဖြေးဖြေးသွားပါ "
"ငါ့ကြောင့်
အဲ့လိုဖြစ်တာငါ့ကြောင့်
ငါ့ညီလေးကို ငါမစောင့်ရှောက်နိုင်လို့ "
"ယွန်းဂီ အတွေးမလွန်စမ်းနဲ့ငါမကြိုက်ဘူး
ဂျီမင်းလည်း အရွယ်ရောက်နေပြီ
သူ့ဘာသာဂရုစိုက်နိုင်တယ် "
"ငါ့မျက်လံုးထဲမှာ ခုထိ ကလေးလေးဘဲ
မူးလဲတယ်ဆိုတာ ငါကြားတောင်မကြားဖူးတဲ့အရာ
အလုပ်မလုပ်ခိုင်းတော့ဘူး
ငါစိတ်မချတော့ဘူး "
"ဟျောင့် မင်းဟာကမဟုတ်သေးပါဘူးကွာ
အဲ့တာချုပ်ချယ်ရာကျသွားပြီကွ
သူအိမ်ထဲဘဲနေနေရတာ အလုပ်လည်းလုပ်ပါစေကွာ "
"ငါ့မှာ ဒီတစ်ယောက်ထဲရှိတော့တာကွ
ငါ့မှာ ငါ့ညီလေးဘဲရှိတော့တာ
နမ်ဂျွန်း "
နမ်ဂျွန်းသည် ယွန်းဂီနှင့် အလယ်တန်းကတည်းကသူငယ်ချင်းတွေမို့ မိသားစုအကြောင်း ၊ကိစ္စမှန်သမျှသူသိသည်
ခုလည်း ယွန်းဂီခံစားချက်ကိုနားလည်ပါတယ်
မိဘတွေက အရွယ်မရောက်သေးခင်မှာကား accidentနဲ့ ဆုံးသွားတာမဟုတ်လား
ညီငယ်လေးနဲ့သူဘဲကျန်ခဲ့တော့
သူထပ်ဆုံးရှုံးရမှာကြောက်နေတာ
ယွန်းဂီပုခုံးလေးအား ခပ်ဖွဖွဖက်ကာ
နွေးနွေးထွေးထွေးလေးပြုံးပြမိသည်
"ငါနားလည်ပါတယ်"ဆိုသော အကြည့်တွေအား ယွန်းဂီ ပါးစပ်မှထုတ်မပြောရင်တောင်
သိခဲ့သည်
သူနဲ့နမ်ဂျွန်း ပေါင်းလာတာ နှစ်တွေက နဲတာမှမဟုတ်တာ
ဂျောင်ကု ဆရာသေးသေးလေးအား ထိုင်ကြည့်နေစဉ်
ပြန်ရောက်လာသောသူက ဒေါက်တာဂျင်
"ဟမ် ကျောင်းသား
ဟိုငါ့ဆေးထိုးအိပ်ကိုချိုးတဲ့ ဆရာကော "
"ဆရာနမ်ဂျွန်းက ဖုန်းသွားယူလို့
ကျွန်တော်က စောင့်နေပေးတာပါ "
"အော် မင်းလည်း အတန်းရှိတယ်မဟုတ်လား
ငါဆက်စောင့်လိုက်မယ်
သွားရင်သွားတော့လေ "
ဟုတ်သားဘဲ
သူအခုမှသတိရတာ ကန်တင်းက နှစ်ကောင်ကို သူဘယ်လိုရှင်းပြရမလဲမသိ
အတန်းချိန်တွေထက် ဆရာက အရေးပိုကြီးပေမယ့် အတန်းပါလာမတတ်ရင် ဟိုစပ်စုစိန်နှစ်ကောင်ကြား ညက်ညက်ကြေမည်ဆိုး၍
ဆရာ့မျက်နှာလေးအား သေချာကြည့်လိုက်ကာ ဒေါက်တာ့ကိုနှုတ်ဆက်ခဲ့ပြီး ထွက်လာတော့သည်
ဆော့ဂျင်သေချာကြည့်နေမိသည်
ထိုယုန်လေးလိုလိုဘာလိုလို သူ့အရှေ့မှကျောင်းသားလေးအား
အိပ်ယာပေါ်မှ ဆရာပိစိအားကြည့်နေသောအကြည့်တွေသည် ရိုးရိုးသားသားလေးမှ မဟုတ်တာ ..
ကလေးတွေတောင် ချစ်တတ်နေကျပြီဘဲ...
တစ်ယောက်ထဲ သံဝေဂတွေရနေတုန်း
တခါးကျိုးမတတ်ဖွင့်ချလိုက်သောအသံကြောင့် သူလန့်ဖြန့်သွားကာ လိပ်ပြာတွေပါ အော်ကုန်သည်
အမလေး ကင်ဆော့ဂျင်လိပ်ပြာလှလှလေး ကလူကလူ ..
"ရား.....
ဒါကျောင်းဆေးခန်းကွ ပေါက်လိုပဲစားနဲ့
တံခါးကိုဘယ်လိုတွေဖွင့်နေတာလဲ "
ထိုအခါမှ ကင်နမ်ဂျွန်းတစ်ယောက် ဒေါက်တာလှလှလေးအား ရှိသမျှသွားအကုန်ဖြဲကာရီပြလိုက်တော့သည်
"ဟို ..
နဲနဲလောသွားလို့ပါ "
ဆော့ဂျင်လည်း ရုပ်လည်းချော နှလုံးသားလေးကလည်းနုနုမို့ တစ်ထစ်လျှော့ကာ နေပေးလိုက်သည်
ယွန်းဂီသည်အိပ်ယာပေါ်တွင်ဖြူဖျော့နေသော ညီငယ်လေးအား
သေချာကြည့်ကာ ကိုယ့်ကိုယ်ကိုဘဲ အပစ်တင်နေမိသည်
ဟိုစပ်ဖြဲဖြဲကျောင်းဆရာအားကျော်ကာသူ့နောက်ကလူအားကြည့်မိသည်
မျက်နှာကမိုးပြိုတော့မလိုရုပ်နဲ့
မသိရင် ဟိုဆရာပိစိက ဘာဖြစ်တာကျနေတာဘဲ
ဒါ့ကြောင့် ဆော့ဂျင်တစ်ယောက်အမြင်ကပ်ကပ်ဖြင့်
"အဲ့ပိစိက ရိုးရိုးအအေးမိတာနော်
ခွဲခန်းတွေဘာတွေဝင်ထားရတာမဟုတ်ဘူး
ဘာမှစိတ်ပူစရာမရှိဘူး
သူ့ဘာသာအားနည်းသွားလို့မူးလဲတာ "
နမ်ဂျွန်းတစ်ယောက်မျက်လုံးပြူးကြီးဖြင့် ဒေါက်တာအားလှမ်းကြည့်လိုက်ကာ
ယွန်းဂီကိုအလျင်အမြန်ပြန်ကြည့်လိုက်တော့ တော်သေးတယ်
ဟိုက ကြားပေမယ့် ဘာမှမပြောလို့
ဒီဒေါက်တာ စကားကိုဘယ်လိုတွေပြောနေတာပါလိမ့်
မိမိအပေါ်ထပ်ကုတ်အင်ကျီအားချွတ်ကာ နမါဂျွန်းအားလှည့်ပေးလိုက်သည်
"ညီလေးကို ငါချီလိုက်မယ် မင်းက အဲ့အင်္ကျီနဲ့ ကလေးပေါ်အုပ်ပေးပါ "
"အော်အေးအေး "
ယွန်းဂီသည် ဆေးအရှိန်ကြောင့် အိပ်ပျော်နေသော ညီငယ်အား ပွေ့ချီလိုက်သည်
ချီလိုက်တာနဲ့တစ်ပြိုင်နက်နမ်ဂျွန်းလည်း ယွန်းဂီပြောသည့်အတိုင်း ခေါင်းလုံးလုံးလေးမှ စပြီးအုပ်ပေးလိုက်ကာ သူလည်းနောက်မှလိုက်ရသည်
"သွားလိုက်ပါဦးမယ် ဒေါက်တာ
စောင့်ရှောက်ပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ် "
"ရပါတယ်
ဒါကျွန်တော်လုပ်ရမယ့်တာဝန်မို့ပါ
ကောင်းကောင်းပြန်ပါ "
ယွန်းဂီဘေးကပ်လိုက်ကာ နမ်ဂျွန်းသည်လည်း လက်ထဲတွင် ဖုန်းတွေကော အိတ်တွေကော ရှုပ်ယှက်ခက်နေလျှက်
"သူကပြောင်းလာတာမကြာသေးဘူးလေ
မင်းကိုအဲ့တာကြောင့်မသိလို့ပြောတာနေမှာပါ
ဘာမှစိတ်ထဲထားမနေနဲ့နော် ယွန်းဂီ "
"ငါသိပါတယ်
မင်းတက္ကသိုလ်တည်းက သွသွားခိုးကြည့်နေတဲ့ ဒေါက်တာမဟုတ်လား "
"ဟမ်
မင်းကဘယ်လိုသိ "
"မင်းနဲ့ငါ ပေါင်းလာတာ ဘယ်လောက်ကြာပြီလဲ
မင်းသာ ပတ်ဝန်းကျင်ကိုရိုးရိုးရှင်းရှင်းမြင်မနေနဲ့ "
ထိုမှသာ ရှက်ရမ်းရမ်းကာ ဘာမှမပြောတော့ဘဲ 'တဟဲဟဲ' လုပ်နေပြန်သည်
"ဘာဖြစ်နေတာလဲ ငြိမ်ငြိမ်လိုက်ခဲ့စမ်းပါ
ကလေးကမှ နေမကောင်းပါဘူးဆို "
"အေးပါကွာ
sorry sorry"
ကားပေါ်သို့ ကလေးအားဂရုတစိုက်နေရာချကာ သူထားနေကျ စောင်ပါးလေးအားယူခြုံပေးထားလိုက်သည်
"ကဲ မင်းလည်းဒုက္ခများသွားရပြီ
ကျေးဇူးတင်ပါတယ် "
"လိုလားကွာ
ဂျီမင်းကို ငါလည်းငယ်ငယ်ကတည်းက ကူထိန်းပေးလာတာ
ငါ့ညီလေးလိုပါဘဲ "
"အေးပါ
နောက်မှ တစ်ဝိုင်းစားတော့
အခု ငါပြန်တော့မယ် "
"ယွန်းဂီ "
"ဘာလဲ "
နမ်ဂျွန်းရဲ့အကြည့်တွေအားသူရှောင်မိသည်
ဒီကောင်ပြောချင်တာတွေ ဖတ်တတ်နေတော့လည်း ခက်သား
"ဂျီမင်းက ကလေးမဟုတ်တော့ဘူး
ငါပြောချင်တာအဲ့တာဘဲ
ဂရုစိုက်မောင်း ငါအတန်းချိန်ဝင်ပေးရဦးမှာမလို့ သွားတော့မယ် "
လက်ပြနှုတ်ဆက်သွားသော သူငယ်ချင်းအား ခေတ္တငေးကြည့်ကာ
အိမ်ပြန်ခဲ့သည်
ဘေးတွင် အိပ်ပျော်နေသော ညီငယ်လည်းပါ၍ ကားကို ဂရုတစ်စိုက်မောင်းလာခဲ့တော့သည်။
"ဆရာဂျီမင်းကို လူတစ်ယောက်က ပွေ့ချီပြီးပြန်ခေါ်သွားတယ်တဲ့ ဘေးက ဆရာနမ်ဂျွန်းကောပါတယ် "
"ဟုတ်လား
ကမ အဲ့တာဆို ဆရာဂျီမင်းက ပိုင်ရှင်ရှိနေတာလား "
"အမလေး.....
ငါ့အသဲတွေတော့ကွဲပါပြီဟယ် "
မိန်းကလေးတွေကို စိတ်ပျက်ရခြင်းတွေသည် အဲ့အချက်တွေကြောင့်ဖြစ်သည်
သူတို့မြင်တာဘဲယုံသည်
ဘာမှတိတိကျကျမသိ
မဟုတ်တာရောဟုတ်တာရော ပြောဖို့ကဆိုထိပ်ဆုံးက
အတင်းလည်း အတော်တုတ်နိုင်ကျသည်
"ထယ် သူတို့ပြောနေတာတွေက အမှန်တွေလား "
ဂျောင်ကုသည် သိချင်သော်လည်း
ပါးစပ်မှထုတ်မမေးဖြစ် ဘာကြောင့်ဆို ဒီနှစ်ကောင်သူ့ကိုသံသယ ဝင်မှာဆိုးလို့
ခုနက ကိစ္စအား သူအတော်ဖြေရှင်းလိုက်ရတာကိုး.....
"မဟုတ်ပါဘူးဆော့ရာ
အဲ့တာ ဆရာပိစိရဲ့ အစ်ကိုတဲ့ "
ကင်ထယ်ယောင်းစကားသည်အမှန်ဆုံး
အဘယ်ကြောင့်ဆို သူသည် ကျောင်းတစ်ဝန်းလုံး၌ မသိသူမရှိ ။
သူမသိတဲ့အရာဆိုလည်းခပ်ရှားရှားရယ်
ဒါ့ကြောင့် ကင်ထယ်ယောင်းသည် မဟုတ်မမှန်တာပြောမှာကိုတော့ စိတ်မပူရ
ရာနှုန်းပြည့်စစ်မှန်ပါသည်
"အစ်ကိုက အဲ့လောက်တောင်ချစ်လား
ငါတို့မောင်နှမဆိုအမြဲသတ်နေတာကို "
"ဟုတ်တယ် ငါလည်း မနက်က ကာယဆရာမခိုင်းလို့ ရုံးခန်းသွားရင်း ဆရာနမ်ဂျွန်းနဲ့ ဆရာကြီးပြောနေတာကြားခဲ့လို့သိတာ "
ထယ်ယောင်းသည် သူတို့သူငယ်ချင်းလူရိုးကြီး အကြောင်းရိပ်မိနေပြီဖြစ်၍ ဟိုဆော့အားပြောပြသလိုလိုနှင့်ပြောပြနေသည်
ဒီကောင် ဘယ်တော့မှ ထုတ်မေးမှာမှ မဟုတ်တာ အဲ့တော့
ဒီကောင် စွံဖို့အရေး ငါတို့ဘဲ တွန်းပို့ရမှာပေါ့။
"အဲ့တော့ နောက်ထပ်ဘာကြားသေးလဲ "
"မင်ယွန်းဂီကိုသိလား "
"သိတယ်လေ ဒီကျောင်း Founderလေ
ဘာလို့လဲ "
"အေး ဆရာပိစိအစ်ကိုက အဲ့မင်ယွန်းဂီဘဲ "
"ဘာ "
"ဟိုဆော့ရာ ဖြေးဖြေးအံ့ဩလည်း ရပါတယ်
မင်းဟာက တစ်ကျောင်းလုံးကြားတော့မယ် "
ဂျောင်ကုသည် သူ့ဆရာလေးအကြောင်းသိ၍ အံ့ဩမလို့ရှိသေး
သူ့ထက်အံ့ဩကာ အော်နေသော ဟိုဆော့ကြောင့် အရှိန်တွေပျက်ကုန်သည်
"ငါ မထင်ထားလို့ပါ
ဆရာပိစိတို့က တကယ်ချမ်းသာတာဘဲ "
"အေး မိဘတွေက ဆရာပိစိမူလတန်းကတည်းက ဆုံးသွားတာလို့ပြောတယ်
ဘာလို့လဲတော့ငါမသိဘူး
အဲ့တာကြောင့် မင်ယွန်းဂီက သူ့ညီကို သဲသဲလှုပ်ဘဲတဲ့ "
"ဆရာပိစိကချစ်ဖို့ကောင်းတာကို
လှုပ်တာလဲမပြောနဲ့လေ "
ကျွန်တော့ဆရာသေးသေးလေးမှာ မိဘမရှိတော့ဘူးတဲ့လား
ဒီလိုကျတော့လည်း သူစိတ်မကောင်း
သူဆိုတာ ဖေဖေတို့မေမေတို့ ဂရုစိုက်မှုတွေနဲ့ကြီးပြင်းလာခဲ့ရတာမဟုတ်လား
ဘယ်လောက်ဘဲ အစ်ကိုက သဲသဲလှုပ်ပါစေဦး တစ်ခါတစ်ရံတော့ မိဘမေတ္တာကို တောင်းတတတ်ကျတာဘဲလေ
လိုအပ်နေတဲ့မေတ္တာတွေကို ကျွန်တော်ဖြည့်စည်းပေးချင်ပါတယ်ဆရာ
ဒီစကားက ဘာအရောင်မှမပါဘဲ ပြောမိတဲ့ အရိုးသားဆုံးစကားပါ
"ဂျောင်ကု ! ဂျောင်ကု!"
"ဟေ..ဟေ "
"ဘာတွေတွေးနေတာလဲ
ခေါင်းလောင်းထိုးသွားပြီ အိမ်ပြန်ကျစို့ "
"ကျောင်းဆင်းသွားပြီလား
ပြန်စို့ ငါဒီနေ့စောစောနားချင်လို့ "
စာကြည့်တိုက်တောင်မသွားနိုင်တော့သော လူရိုးကြီးသူငယ်ချင်းအား မေးချင်သော်လည်း ထုတ်မမေးမိ
အိမ်သာပြန်လိုက်ပို့လိုက်သည်
ဒီနေ့လည်း စာရွက်ဖြူဖြူလေးတွေအပေါ်သူရေးခြစ်မိပြန်ပြီ
တစ်ယောက်သောသူပေါ် လေးနက်မှုတွေအကြောင်း ဒီစာရွက်လေးတွေကသက်သေမို့ ညည့်နက်ခဲ့ပြန်ပြီ
ဆရာ့ခန္ဓာနွေးနွေးကြောင့် ကျွန်တော့နှလုံးတုန်ရတယ် .....
ဆရာ့နှုတ်ခမ်းဖြူဖြူကြောင့် ကျွန်တော့ရင်တွေနာရတယ်.....
ဆရာ့အတိတ်ကြောင်းဆွေးဆွေးကြောင့် ကျွန်တော့ရင်တွေပြိုရတယ် ....
ဆရာမျက်ရည်လေးတွေကြောင့် ကျွန်တော့ကမ္ဘာကြီးမျောရတယ်....
ဆရာခေါ်သံတိုးတိုးကြောင့် ကျွန်တော်စိတ်တွေပြာရတယ် .....
ကျွန်တော့အရာအားလုံး ဆရာချုပ်ကိုင်တယ်
ပထမဆုံးခိုးယူခဲ့မိသော...
လက်ဖမိုးထက်မှအနမ်းနုနုလေးတစ်ပွင့်ကို...
ကျွန်တော် မြတ်နိုးလွန်းလို့ ...
ဖျားနေလည်းချစ်ရတယ် ...
ထိုင်နေလည်းချစ်ရတယ် ...
ငိုနေလည်း ရင်နာနာနဲ့ချစ်ရပြန်ရော...
ကျွန်တော်မချစ်ဘဲ မနေနိုင်တော့ဘူး....
ရူးရူးမူးမူးဘဲ ဆရာ ......
🍁🍁🍁🍁🍁🍁
upပါဗျ🤍