//Unicode//
အခန်း 52 - ပြန်လည်ဆုံဆည်းခြင်း
စုလင်း ခဏလောက်စဉ်းစားပြီး နီအန်းကို မေးလိုက်သည်။
“ဘယ်ဈေးဆို သင့်တော်လောက်မယ်လို့ထင်လဲ”
နီအန်းက ချင့်ချိန် တွေးဆလျက် ပြောလာသည်။
"ရှန်းမိုယွီရဲ့ ကုန်ကြမ်းက စစ်တပ်အတွက် အရမ်းအရေးပါတယ်။ အာကာသထဲက အမှောင်ထုတွေကြောင့် ပျက်စီးထိခိုက်သွားတဲ့ အရာတွေကို ကုသပေးနိုင်တယ်။ ဆိုလိုတာက စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်။"
"ကျွန်တော်တို့ဂြိုဟ်က ထူးချွန်တဲ့ စစ်သားတိုင်းအတွက် အချိန်၊ စွမ်းအင်နှင့် ငွေကြေးများစွာကို သုံးစွဲခဲ့တယ်။ ထူးချွန်ထက်မြက်တဲ့ ဗိုလ်ချုပ်တွေအများအပြားက အမှောင်ထုကြောင့် နာမကျန်းမှုကို ခံစားနေရပြီး သူတို့ရဲ့ ပြန်လည်ကောင်းမွန်လာမှုက စစ်တပ်အတွက် အရမ်းအရေးကြီးတယ်။"
“ကုန်ကြမ်းဘယ်လောက်ပဲဈေးကြီးနေပါစေ ထိရောက်မှုသာရှိမယ်ဆို ကျိုးကြောင်းဆီလျော်မှုရှိနေဆဲပဲ။ဒါပေမယ့် စစ်တပ်က ကုန်ကြမ်းတွေအကုန်ဝယ်ပြီး အချိန်အကြာကြီးစုထားဖို့ ရည်ရွယ်ထားရင်တော့ ကုန်ကြမ်းစျေး အရမ်းကြီးနေရင် သူတို့အတွက် ကုန်ကျစရိတ်က ကြီးနေလိမ့်မယ်။"
အစောပိုင်းက အဆိုပါအဖွဲ့ကို ဦးဆောင်သူတဦးက ဆိုလာသည်။
"မင်းတို့ စျေးမတက်သရွေ့ စစ်တပ်က လက်ခံနိုင်တယ်။ စစ်တပ်က လူတစ်ဦးချင်း ဒါမှမဟုတ် ပုဂ္ဂလိက ကုမ္ပဏီတွေဆီကနေ ပစ္စည်းတွေဝယ်တဲ့အခါတိုင်း စျေးကွက်ပေါက်ဈေးအတိုင်း ပေးချေတာမို့ မင်းကို အခွင့်ကောင်းမယူပါဘူး။"
စုလင်း ခဏလောက် တွေးဆကြည့်ပြီးနောက်
"ဒါဆို ကျွန်တော်တို့ စျေးနှုန်းကို အဆင့်မြင့် အမှောင်ထု inhibitorနဲ့ အတူတူထားလိုက်မယ်"
(အာကာသထဲက အမှောင်ထုကို ကာကွယ်တားဆီးပေးနိုင်တဲ့ကိရိယာ)
စုလင်း ၏ စကားကြောင့် စစ်သားလေးယောက်လုံး အံ့ဩသွားကြသည်။ အစပိုင်းက ကုန်ကြမ်းသည် အရေးကြီးကြောင်း သိပြီးနောက် သူတို့က စုလင်း အမြတ်ပိုရရန် စျေးနှုန်းမြှင့်မည်ကို စိုးရိမ်ခဲ့ကြသည်။ ဒါပေမယ့် ဒီလောက် သက်သာတဲ့ စျေးနှုန်းကို သတ်မှတ်ဖို့ မမျှော်လင့်ထားခဲ့ပါချေ။
နီအန်း စုလင်းရဲ့ဆုံးဖြတ်ချက်ကြောင့် အနည်းငယ် အံ့အားသင့်သွားကာ
"သေချာပြီလား"
စုလင်းက ခေါင်းညိတ်ကာ ပြုံးပြီး
"ဒါက စစ်တပ်နဲ့ ကျွန်တော် ဒုတိယအကြိမ် ပူးပေါင်းတာ ဖြစ်တယ်။ ဗိုလ်မှူးချန် နဲ့ ကျွန်တော် ပုလဲသွယ်ပင်ပျို ရဲ့ ကုန်ကြမ်းအတွက် စာချုပ်ချုပ်ခဲ့သေးတယ်။"
ဦးဆောင်လာသည့် စစ်သား၏ လေးနက်သော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး
"အဲဒီ လူယုတ်မာကတော့။ ဒီမတိုင်ခင်တုန်းက သူ ငါ့ရှေ့မှာ တစ်ချိန်လုံး ကြွားနေတော့တာပဲ။ ဒင်းက လက်သွက်ခြေသွက်ရှိတာပဲ"
သူက စုလင်းရှေ့ကို့ သူ့လက် ဆန့်တန်းပြီး သူ့ကိုယ်သူ မိတ်ဆက်လာသည်။
"Belle City ထောက်ပံပို့ဆောင်ရေး ဌာနခေါင်းဆောင် ဝမ်ချင်ပါ တွေ့ရတာ ဝမ်းသာပါတယ်"
စုလင်း လက်ဆွဲနှုတ်ဆက်ပြီး ပြုံးကာ
"အရင်က ရိုင်းပြသလိုဖြစ်ခဲ့မိရင် တောင်းပန်ပါတယ်။ တွေ့ရတာ ဝမ်းသာပါတယ်၊ ခေါင်းဆောင်ဝမ်"
ဝမ်ချင်က ခေါင်းယမ်းပြီး
"မဟုတ်ဘူး၊ ငါက မယဉ်ကျေးမိပြီး စိတ်မရှည်ဖြစ်လွန်းသွားခဲ့တာပါ။ စောစော မိတ်မဆက်မိလိုက်ဘူး။ မင်းသတ်မှတ်ထားတဲ့ ဈေးနှုန်းက တကယ်ကို သက်သာလွန်းတယ်။ မင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်"
စုလင်းက တည်ကြည်စွာ ပြန်ပြောလိုက်သည်။
"မြို့တော်မှာ နေထိုင်တဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ စစ်တပ်မရှိရင် အေးချမ်းတဲ့ ပတ်ဝန်းကျင်မှာ ခံစားနေထိုင်ရနိုင်မှာ မဟုတ်ပါဘူး"
သူက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး
"ဒီစျေးက ကျွန်တော့်ဆီက လဲလှယ်လို့ရတဲ့ သင်္ကေတတစ်ခုပဲ၊ ကျွန်တော် လက်ဆောင်အနေနဲ့ မပေးနိုင်လို့ စိတ်မကောင်းပါဘူး။ တကယ်တမ်းကျွန်တော်က တော်တော်လေး ဆင်းရဲပါတယ်၊ ရှန်းမိုယွီရဲ့ နေ့စဉ်အသုံးစရိတ်အတွက် ပိုက်ဆံအများကြီးသုံးဖို့ လိုတယ်။"
အဲဒါကိုကြားတော့ ခေါင်းဆောင်ဝမ်က
"မင်း လုံးဝနောင်တရ စိတ်မကောင်းဖြစ်နေစရာ မလိုပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုမျိုး တွေးနိုင်တာက တကယ့်ကို အံ့သြစရာပဲ"
အခြားစစ်သားအများအပြားက သဘောတူပြီး ခေါင်းညိတ်ကြသည်။
စုလင်း ပြုံးလိုက်သည်။ သူ့အတွက်ကတော့ 1mlအတွက် ကြယ်ဒင်္ဂါး ၁၀၀၀၀ က အရမ်းများနေပြီးတော့ သူလည်း အလုပ်အရမ်းလုပ်စရာမလိုခဲ့ပေ။ သူပြောလိုက်တဲ့ နောက်ဆုံးစကားမှာ နှလုံးသားထဲမှ စကားလုံးဖြစ်ပြီး သူ့ရဲ့ ဖော်ရွေသော ရည်ရွယ်ချက်ကို ပြသလိုခြင်း ဖြစ်သည်။ ကောင်းမွန်တဲ့ အထင်အမြင်တွေကို ချန်ထားခဲ့ခြင်းက ဘာမှ မမှားနိုင်ပေ။
စျေးနှုန်းညှိနှိုင်းပြီးနောက် နှစ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ လက်ရှိရရှိနိုင်သော အနီရောင်နှင့် အနက်ရောင်အရည်များသည် စုစုပေါင်း 1,000 ml အထိ ပေါင်းထည့်နိုင်သည်။ ဒါကြောင့် စုလင်း ရဲ့ ကိုယ်ရေးကိုယ်တာ အကောင့်ဟာ 10 သန်း တိုးလာပါတယ်။ သူတော်တော်လေး စိတ်လှုပ်ရှားနေပေမယ့် အပြင်မှာ ငြိမ်ငြိမ်လေးနေခဲ့သည်။ ကမ္ဘာမြေကို ပြန်ကြည့်မယ်ဆိုရင် ဘဏ်အကောင့်ထဲမှာ ဒီလောက် ပမာဏရှိတဲ့လူကို သူဌေးတစ်ယောက်လို့ သတ်မှတ်နိုင်ပေသည်။ ငွေကြေးဆိုတာ ပမာဏတစ်ခုထိ ရောက်လာသောအခါ ဂဏန်းများသာဖြစ်ကြောင်း သူကောင်းကောင်းသိပေသည်။
နီအန်းနှင့် ကျန်လူများက စုလင်းကို သဘောကျစွာ ကြည့်ကြသည်။ သူသည် အရွယ်ရောက်နေပြီဖြစ်သော်လည်း တည်ငြိမ်သော စိတ်နေသဘောထားကို ထိန်းသိမ်းနိုင်ခဲ့သည်။ အဲဒါ အရမ်းရှားပါးပေသည်။ ခေါင်းဆောင်ဝမ်က သူ့ဘေးနားက စစ်သားကို လက်ညှိုးထိုးပြပြီး
"ဒါတွေက ငါတို့ အထူးတပ်ဖွဲ့ရဲ့ ထိပ်တန်းစစ်သားတွေပဲ။ ရှန်းမိုယွီက ငါတို့အတွက် အရေးကြီးတယ်၊ ဒါကြောင့် မင်းနဲ့ ရှန်းမိုယွီရဲ့ အနာဂတ်မှာ နှစ်ယောက်လုံး ဘေးကင်းစေဖို့ သူတို့က အာမခံပေးလိမ့်မယ်"
ဒါ ချဲ့ကားလွန်းနေတာမဟုတ်လား?
စုလင်း သူ့လက်ကို ဝှေ့ယမ်းပြီး
"မလိုပါဘူး ရှန်းမိုယွီက ဘာအကာအကွယ်မှ မလိုဘူး"
"ဒါဆို မင်းရဲ့လုံခြုံရေးကရော ဘယ်လိုလဲ။"
ခေါင်းဆောင်ဝမ် မမေးမီ တုံ့ဆိုင်းသွားသည်။
ယေဘူယျအားဖြင့် စိတ်ဝိညာဉ်ပင် ကျွမ်းကျင်သူသည် အဆင့် S မဆိုထားနှင့်၊ Aအဆင့် စိတ်ဝိညာဉ်ပင်နှင့်ပင် ပေါင်းသင်းရန် မလွယ်ကူပေ။ စုလင်း မတော်တဆမှုတစ်ခုခု ဖြစ်လျှင် ရှန်းမိုယွီက သေချာပေါက် ထပ်ပြီး ရှောင်လွှဲသွားပေလိမ့်မည်။ ဒါဆို ကုန်ကြမ်းကို ချောချောမောမော ရဖို့နေနေသာသာ သူ့(XMY) ရှာရတာ သူတို့အတွက် အရမ်းခက်လိမ့်မည်။
စုလင်း: "ရှန်းမိုယွီနဲ့အတူဆို ကျွန်တော်ဘေးကင်းပါတယ်။ သူ့အရည်ရဲ့ အဆိပ်သင့်မှုသဘာဝကို မြင်ခဲ့တယ်မလား?စိတ်မပူပါနဲ့။"
စုလင်းက အကြံပြုချက်ကို ငြင်းပယ်တာကိုမြင်တော့ ခေါင်းဆောင်ဝမ်က ခေါင်းညိတ်ပြီး
"ဒါဆို ငါ မင်းကို ကိုယ်ရေးကိုယ်တာ အစောင့်တွေ မချထားဘူး။ မင်း စစ်တပ်ကို ပြောင်းရွှေ့ချင်လား ရှန်းမိုယွီနဲ့ အတူတူ?"
စုလင်းက ခေါင်းခါလိုက်ပြီး
"စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုက ကျွန်တော့်နေ့စဉ်ဘ၀ကို ထိခိုက်မှာမဟုတ်ဘူးလို့ ကျွန်တော်မျှော်လင့်တယ်"
ခေါင်းဆောင်ဝမ်က သူဘာကိုဆိုလိုသည်ကို ချက်ချင်းနားလည်လိုက်သည်။ စုလင်း သည် ငယ်ရွယ်သော Omega မျှသာဖြစ်ပြီး လေးနက်ပြီး စည်းမျဥ်းများနှင့်ပတ်ဝန်းကျင်တွင် နေထိုင်ခြင်းကို မကြိုက်ကြောင်း သူနားလည်နိုင်သည်။
"ကောင်းပြီ မင်းမေးစရာရှိရင် အချိန်မရွေး ဆက်သွယ်လို့ရတယ်။"
စုလင်းက ခေါင်းညိတ်ပြီး
"ကောင်းပြီ"
အဖွဲ့ထွက်သွားပြီးနောက် စုလင်း Room No.1 တွင် ရှန်းမိုယွီကို သွားတွေ့သည်။ ရှန်းမိုယွီ၏ ပန်းပွင့်ချပ်များသည် ပြားချပ်နေကာ သူ့အမြစ်များကလည်း မြေပြင်ပေါ်တွင် တအိအိကျလာနေပြီး အလွန်စိတ်ပျက်နေပုံရသည်။ ရှန်းမိုယွီက စုလင်းကိုမြင်လိုက်သည်နှင့် အမြစ်များက ချက်ချင်းပင် သူ့လက်ကောက်ဝတ်တွင် ရစ်ပတ်လာကာ ရုံးအဆောက်အအုံ ဥယျာဉ်၏ ပုံရိပ်တစ်ခု စုလင်းစိတ်ထဲတွင် ပေါ်လာသည်။ တစ်ဖက်တွင်မူ အမြစ်များက သူ့ကို အပြင်သို့ ဆွဲထုတ်ရန် ကြိုးစားသည်။
"မင်း အဲဒီကို သွားချင်တာလား"
ရှန်းမိုယွီ၏ အမြစ်များက ခေါင်းညိတ်လိုက်သည်။
စုလင်း: "မင်းသူငယ်ချင်းကိုတွေ့ပြီလား"
ရှန်းမိုယွီ၏ ပွင့်ချပ်များသည် ပေါ့ပေါ့ပါးပါး ကြွသွားကာ အမြစ်များ ရောထွေးသွားသော်လည်း ရှင်းရှင်းလင်းလင်း အဖြေမပေးပေ။
ရှန်းမိုယွီက သူ့မေးခွန်းကို ဖြေဖို့ ရှောင်တာ ဒါပထမဆုံးအကြိမ် ဖြစ်သည်။ စုလင်း စိတ်ထဲမှာ မှန်းဆချက်တချို့ ပေါ်လာပေမယ့် သူ ဆက်မမေးတော့ပါ။
"ဒီမှာ ခဏစောင့်၊ သုတေသီအဖွဲ့ကို မေးရဦးမယ်။ မင်းအဲဒီကို သွားမယ်ဆိုရင် သူတို့ရဲ့ စောင့်ကြည့်ရေးစနစ်ကိုလည်း လွှဲပြောင်းပေးဖို့ လိုလိမ့်မယ်။"
ထိုစကားကိုကြားတော့ ရှန်းမိုယွီ၏ အမြစ်များ တောင့်တင်းသွားသည်။ ထို့နောက် ကြည့်နေရင်းပင် မြေပြင်ပေါ်သို့ ပျော့ခွေကျသွားသည်။ ရှန်းမိုယွီက သူ့၏ အမြစ်များကို နောက်ဆုတ်လိုက်ပြီး အိပ်ပျော်သွားသလိုမျိုး ၎င်း၏ ပွင့်ချပ်များကို ပိတ်လိုက်သည်။
ချက်ချင်းကို စိတ်ပြောင်းသွားပြီလား?
စုလင်းက ပြုံးပြီး
"မသွားတော့ဘူးလား။"
ရှန်းမိုယွီက အမြစ်ကို ဆန့်ထုတ်ကာ ခေါင်းညိတ်ပြတော့ စုလင်းက နှုတ်ဆက်လိုက်သည်။
"ကောင်းသောညပါ။"
Room No.1မှ ထွက်သွားပြီး စုလင်း ကုလီဟန် နှင့်အတူ အပေါ်ထပ်သို့ တက်သွားသည်။သူ့အခန်းကို ပြန်သွားမယ့်အစား ကုလီဟန်ရဲ့အခန်းကိုသွားပြီး အိပ်ခန်းထဲကို တိုက်ရိုက်သွားလိုက်တယ်။ သူ အထဲကို ခြေ၂လှမ်းလောက်သာ လှမ်းရသေးသည်။ ကုလီဟန်က သူ့ကို တားလာသည်။
"လင်းလင်း"
စုလင်း ပြန်လှည့်လာပြီး
"ဘာဖြစ်လို့လဲ"
ကုလီဟန် က သူ့မျက်လုံးတွေကို ကြည့်ပြီး ချီတုံချတုံနဲ့ မေးလာသည်။
"မင်း..မင်း... ဒီည ဒီမှာနေချင်တာ တကယ်လား? ကိုယ် စိတ်မထိန်းနိုင်တော့မှာ ကြောက်တယ်။"
စုလင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပုလင်းငယ်လေးကို ထုတ်ပြီး လေထဲသို့ ဖြန်းလိုက်သည်။
"ကျွန်တော်လုပ်ထားတဲ့ ရနံ့ကို စမ်းကြည့်ရင်း အဲ့ဒါက ခင်ဗျားရဲ့ အိပ်စက်ခြင်းကို ပိုကောင်းစေမလား ကြည့်ချင်ရုံပါ"
ကုလီဟန်ရဲ့ မျက်နှာပေါ်တွင် ရှက်ရွံ့မှုအရိပ်အမြွက် ထွက်ပေါ်လာသည်။ စုလင်းရဲ့ မျက်လုံးများက အပြုံးများဖြင့် ကွေးညွှန်နေကာ လမ်းလျှောက်လာရင်း မွှေးရနံ့များ ပက်ဖျန်းကာ
"ကျွန်တော် အစက နေဖို့ မစီစဉ်ထားဘူး၊ ဒါပေမယ့် အိပ်စက်နိုင်စွမ်းကို မြှင့်တင်နိုင်တဲ့နည်းလမ်းကောင်းရှိတယ်ဆိုတာ ခင်ဗျားက ကျွန်တော့်ကို သတိပေးခဲ့တယ်၊ ဒါကြောင့် ကျွန်တော် နေမှာပါ"
ဘာမှ မပြောဘဲ ကုလီဟန်က ထိုနေရာမှာပဲ ရပ်နေခဲ့သည်။ သူ့မျက်လုံးများက စုလင်းရဲ့နောက်ကို လိုက်နေပြီး သူ့အကြည့်တွေက နက်မှောင်သွားသည်။
နေရာတိုင်းကို အထူးသဖြင့် ကုတင်ခေါင်းရင်းမှာ ဖြန်းပြီးတဲ့အခါ စုလင်းက ပုလင်းကို ကျောပိုးအိတ်ထဲ ပြန်မထည့်ခင် တစ်ခန်းလုံး မွှေးရနံ့တွေ ပြည့်နေတာ သေချာအောင်လုပ်ခဲ့သည်။ ကုလီဟန် သူ့ အရင်နေရာက ရွေ့မသွားသည်ကို မြင်လိုက်ရသဖြင့် သူ မရယ်ဘဲ မနေနိုင်ခဲ့ပေ။ သူ ကုလီဟန်ဆီကို လျှောက်သွားပြီး သူ့လက်ကို မြှောက်ပြီး ကုလီဟန်ရဲ့ လည်ပင်းကို ချိတ်ကာသူ့(GLH) လည်ပင်းနောက်ဘက်ကို ပွတ်လိုက်သည်။
ကုလီဟန် တုန်လှုပ်သွားပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး
"လင်းလင်း!"
စုလင်းက ခေါင်းလေးစောင်းပြီး မျက်လုံးစွေကြည့်ကာ
"တရားမျှတသွားအောင် ခင်ဗျား ကျွန်တော့်ဟာ(Isolator)ကို ဖြုတ်ဖို့ ကူညီပေးနိုင်တယ်"
ကုလီဟန် မလှုပ်ပေမယ့် စုလင်းကို စေ့စေ့ကြည့်ပြီး မေးသည်။
"မင်းဘာလုပ်နေလဲ မင်းသိလား"
ထိုစကားကြားတော့ စုလင်း ရှက်သွေးဖြာသွားသော်လည်း သူက ခေါင်းညိတ်ကာ
"သိတယ်"
"ကိုယ် အရင်ရေချိုးလိုက်ဦးမယ်။"
ကုလီဟန် က သူ့လက်ကို မလွှတ်ခင် ငြိမ်သက်စွာ စဉ်းစားပြီးနောက် ပြောလိုက်သည်။
စုလင်း : "...ခင်ဗျား အခုဘာတွေတွေးနေတာလဲ"
ကုလီဟန်က မပြောလာခင် ခပ်ဝေးဝေးကို ကြည့်လိုက်ပြီး
"Omegaနဲ့ အတူနေရင် သတိထားရမယ့်အချက်တွေနဲ့ ကြိုတင်ကာကွယ်မှုတွေ"
စုလင်းရဲ့ နှုတ်ခမ်းထောင့်မှာ ကွေးညွတ်သွားသည်။ ကုလီဟန်ရဲ့ ချောမောသော်လည်း တင်းမာသော မျက်နှာအသွင်အပြင်ကို စိုက်ကြည့်ရင်း တွေးမိသည်မှာ သူ သူ့ရဲ့ (GLH) ရိုးသားသော စရိုက်ကို သေလောက်အောင် သဘောကျသည်။
"ဘာတွေ သတိထားရမှာလဲ"
သူက မေးလိုက်သည်။
ကုလီဟန်က အမေးကို မဖြေချင်သည့်ပုံရပြီး ရေချိုးခန်းဘက်သို့ အနည်းငယ်ရွေ့သွားသည်။
ထို့ကြောင့် စုလင်း သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ချောင်းကို အသာအယာ ညှစ်လိုက်ကာ
"ခင်ဗျား ကျွန်တော့်ကို မပြောပြနိုင်ဘူးလား? ကောင်းပြီလေ။ Alpha နဲ့ အတူရှိဖို့ ဘာတွေ သတိထားသင့်လဲဆိုတာ ကျွန်တော်လည်း စစ်ဆေးကြည့်လိုက်မယ်"
"မင်း စစ်ဆေးစရာ မလိုဘူး"
ကုလီဟန်ရဲ့ မျက်လုံးများက သူ့ကို စိုက်ကြည့်ကာ
"မင်း အာရုံစိုက်နေဖို့ မလိုဘူး"
"တကယ်လား ဒါဆို ခင်ဗျားက ဘာကို အာရုံစိုက်ရမှာလဲ။"
စုလင်း အစကတော့ သူ့ကို ကျီစားချင်ခဲ့တာပင်။ သူ့တုံ့ပြန်မှုကို သူတကယ်သိချင်ခဲ့သည်။
ကုလီဟန်: "အိုမီဂါက နူးညံ့သိမ်မွေ့ပြီး သူတို့မှာ သိမ်မွေ့တဲ့စိတ်ရှိတယ်။ စက်ဆုပ်ရွံရှာမှုမဖြစ်စေဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ဖို့ လိုပါတယ်။ Omega ရဲ့တုံ့ပြန်မှုကို အမြဲအာရုံစိုက်ထားရမယ် ပြီးတော့ ဂရုတစိုက်ကို ဂရုစိုက်ပေးရမယ်..."
"ကောင်းပြီ၊ ကျွန်တော်သိပြီ"
စုလင်း အဲဒါကိုကြားတော့ လုံးဝကို ရှက်သွားရတော့သည်။
"ခင်ဗျား ရေချိုးလိုက်ဦး"
ကုလီဟန် နီရဲနေသော ပါးပြင်များကို တစ်ချက်ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် အပြုံးတစ်ခု တောက်ပလာသည်။ လူငယ်သည် ရဲတင်းစွာ ပြုမူနေသော်လည်း အတွင်းထဲတွင် အလွန်ရိုးရှင်းပါသည်။ အရမ်းချစ်စရာကောင်းပြီး တစ်ဖက်လူရဲ့ နှလုံးသားကို နူးညံ့သိမ်မွေ့သွားစေသည်။
ကုလီဟန် ရေချိုးခန်းထဲဝင်သွားတော့ စုလင်း က ချက်ချင်းထွက်ပြေးပြီး သူ့အခန်းထဲကို ပြေးသွားလိုက်သည်။ ထို့နောက် ရေချိုးဝတ်ရုံကိုယူပြီး ရေချိုးခန်းထဲသို့ ပြေးသွားခဲ့သည်။
တကယ်လို့ တစ်စုံတစ်ယောက်က ဘာအတွေးမှရှိမနေဘူးဆိုရင် အေးအေးဆေးဆေး တည်ငြိမ်နိုင်သေးသည်။ သို့သော် အကြံအစည်တစ်ခုလောက် ပေါ်လာသည်နှင့် ဆက်လက်တည်ငြိမ်မနေနိုင်တော့ဘဲ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ကာ စိတ်လှုပ်ရှားနေမိလိမ့်မည်။ နှစ်ယောက်သား ရေချိုးနေကြစဉ် ပင်မအဆောက်အဦနောက်ကွယ်တွင် အခြားမြင်ကွင်းတစ်ခု ဖြစ်ပျက်နေသည်။ နှစ်ပေါင်းများစွာ မတွေ့ရတဲ့ သူငယ်ချင်း ၂ ယောက်က ပြန်လည်ဆုံဆည်းရတဲ့ ခံစားချက်ကို ပြောပြနေကြသည်။
အတိအကျပြောရလျှင် ရှန်းမိုယွီက စကားပြောခဲ့ပြီး လုံမော့ထန် နားထောင်ခဲ့သည်။
[Eng trans Banana : အနှောင့်အယှက်ပေးတဲ့အတွက် တောင်းပန်ပါတယ်။ မင်းတို့ကို အောက်ခြေမှတ်စုအတွက် တက်လိုက်ဆင်းလိုက် လုပ်တာထက် ဒီမှာ LMT အကြောင်း ရှင်းပြတာက ပိုကောင်းပါတယ်။ 龙魔藤/Lóng Mo Téng က သူငယ်ချင်းဖြစ်ပြီး Dragon Devil Vine ဟု ဘာသာပြန်ဆိုနိုင်သော်လည်း Xian Mo Yu ၏အမည်ကို ဘာသာပြန်မရသေးသောကြောင့် နာမည်ကို ထိန်းသိမ်းထားရန် အနည်းငယ်ရှည်လျားသည်ဟု ခံစားရသည်။ အခုလိုဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်~]
ရှန်းမိုယွီ၏ အမြစ် 3 ခုသည် မြေပြင်မှ ထွက်ပေါ်လာပြီး အလွန် အလှမ်းဝေးတာကြောင့် အမြစ်များသည် မြေပြင်မှ 10 စင်တီမီတာခန့်သာ အစွန်းထွက်နိုင်သည်။ ကံကောင်းထောက်မစွာ၊ ၎င်းတို့သည် အလွန်လိုက်လျောညီထွေရှိသောကြောင့် ရှန်းမိုယွီသည် ၎င်း၏ပုံစံများကို အဆက်မပြတ်ပြောင်းလဲနိုင်ခဲ့သည်။ သူ့သူငယ်ချင်းနှင့် ဆက်သွယ်ရန် မွှေးရနံ့ အနည်းငယ် ထွက်လာသည်။
ရှန်းမိုယွီ : "စိတ်ဆိုးတယ်!! ဒီလောက် နှစ်တွေအများကြီးကြာနေခဲ့တာ မင်းငါ့ကိုတွေ့တော့ နှုတ်ဆက်စကားတောင် မပြောခဲ့သလို လူသားတွေကို မတွေ့ဖို့လည်း တောင်းဆိုနေတုန်းပဲ။"
ရှန်းမိုယွီ: "ယုတ္တိကို မရှိဘူး!!၊ မင်းကို ငါရှာနေတာ ဘယ်လောက်ကြာပြီလဲ သိလား"
ရှန်းမိုယွီ: "မှားတယ်!!၊ ငါကသာ မင်းကို လွမ်းနေတာ၊ ဒါပေမယ့် မင်း ငါ့ကို မလွမ်းဘူး။"
လုံမော့ထန်- "မင်းရဲ့မိုက်မဲတဲ့စွပ်စွဲမှုတွေကို ရပ်လိုက်ပါ။ လူသားတွေသာ ရှာတွေ့သွားရင် နဂါးနတ်ဆိုးသွေးကြော ဆိုတဲ့ ငါ့ရဲ့ဝိသေသလက္ခဏာကို စော်ကားလိုက်တာပဲ။ ပြီးတော့ မင်းငါ့ကိုမရှာဘူး၊ မင်းရဲ့သားကို မင်းရှာနေတာပါ။ ငါဒီမှာနေနေတာ ဘာအတွက်လို့ထင်လဲ။"
ရှန်းမိုယွီက မေးခွန်းကြီးတစ်ခု ထုတ်လိုက်သည်။
လုံမော့ထန် ရှင်းပြလာတဲ့အခါ အမြစ်ဘေးက သွယ်လျတဲ့ မြက်ပင်လေးဟာ အစိမ်းရောင် အလင်းတွေ လင်းထိန်နေခဲ့သည်။
"ဒါက စိတ်ဝိညာဉ်ပင် မှတ်ပုံတင်အသင်းလေ။ မင်းရဲ့သားကို လူတွေက ခေါ်သွားတာ။ မင်းသိရင် မင်း ဒီကို သေချာပေါက် လာမှာပဲ"
ရှန်းမိုယွီ၏ အမြစ်များသည် ဝမ်းသာအားရ ယိမ်းနွဲ့ကာ
"ငါ သိတယ်၊ မင်းလည်း ငါ့ကို လွမ်းတယ်၊ မင်းက ငါ့ရဲ့ အကောင်းဆုံး လက်တွဲဖော်ပဲ!"
လုံမော့ထန်: "မင်းရဲ့ မိုက်မဲတဲ့ အပြုအမူကို ရပ်လိုက်ပါ။ ငါ တောထဲမှာ ငြီးငွေ့နေလို့မဟုတ်ဘူးဆိုရင်၊ ဒီနေရာက လူတွေအများကြီး ဝင်ထွက်နေတာကို ငါဒီလောက် ကြာကြာနေမှာ မဟုတ်ဘူး။"
ရှန်းမိုယွီ: "ဟီးဟီး ဝန်ခံပါ၊ မင်းငါ့ကိုရှာနေတာလား။"
လုံမော့ထန် - "မင်း အခု ထွက်သွားလို့ရပြီ၊ ငါ့ကို မဆက်သွယ်နဲ့တော့"
ရှန်းမိုယွီ၏ အမြစ်များသည် မြက်ပင်ငယ်တစ်ဝိုက်တွင် တွယ်ကပ်လျက်
"ဟင့်အင်း။ ငါနဲ့လိုက်ခဲ့"
လုံမော့ထန် - "လူသားတွေက ငါတို့ကို ဖျက်ဆီးလိမ့်မယ်"
"ဟင့်အင်း ငါ့သားက အဲ့ဒီလိုမလုပ်ဘူး!"
"အဲဒါက မင်းရဲ့သားမဟုတ်ဘူး"
ရှန်းမိုယွီ: "သူက ငါ့သား၊ မင်းခံစားရတယ်မဟုတ်လား? သူ့ခန္ဓာကိုယ်ပေါ်က ရောင်ဝါက ငါ့အတိုင်းတစ်ပုံစံတည်းပဲလေ။ သဘာဝ ရနံ့တွေအပြည့်နဲ့။"
လုံမော့ထန်: "မိုက်မဲတဲ့ကောင်။ ငါနဲ့အတူ တောကို ပြန်လိုက်ခဲ့ပါ။"
"ဟင့်အင်း ငါ့သားက အသက် 19 နှစ်ပဲရှိသေးတာ။ သူက အရမ်းငယ်တယ်၊ ငါ သူ့ကို ကာကွယ်ရမယ်။ မင်းလည်း သူ့ထက် အကြီးမို့ မင်း သူ့ကို ငါနဲ့ ကာကွယ်ရမယ်။"
လုံမော့ထန်: "ဘယ်လောက်ကြာကြာထိလဲ?"
ရှန်းမိုယွီ- "ငါတို့ အသက်ဘယ်လောက်ရှိပြီလဲ။ 1860 ဒါမှမဟုတ် 1680 ၊ ပြီးတော့ အနည်းဆုံး နှစ် 600 လောက်ကွာ။"
လုံမော့ထန် - "ငါတို့ လူသားတွေရဲ့ အတန်းတွေ ခိုးနားထောင်တုန်းက မင်း အိပ်ပျော်နေတာလား။ သူက အနည်းဆုံး အသက် 300 လောက်ထိပဲ အသက်ရှင်နေနိုင်တယ်။"
လုံမော့ထန် စိတ်ထဲမှာ မျက်ရည်ကျနေသော ကြီးမားသော TwT ပုံက အပြည့်ဖြစ်လာသည်။
လုံမော့ထန် "မင်းရဲ့မျက်ရည်ကျတဲ့ အပြုအမူကို ရပ်လိုက်ပါ၊ မင်းက လူမိုက်လား။ အသက် 300 မှာ သေတာက သဘာဝကျတဲ့ သေခြင်းပါပဲ။ လူသားတွေဟာ ဘဝကို ဖြတ်သန်းပြီး ဒီလိုမျိုး သေဆုံးနေကြတာပါ။"
ရှန်းမိုယွီ : "သူ့ကို တစ်ယောက်တည်း ထားခဲ့ဖို့နေနေသာသာ သူနဲ့ အတူနေဖို့ အချိန်နည်းနည်းပဲရှိတော့တယ်၊ မင်းနဲ့ငါ သူ့ကို အတူတူကာကွယ်ပေးမယ်။ သူမရှိတော့ရင် တောထဲပြန်ဝင်မယ်။"
လုံမော့ထန်က ပြန်လည်ဖြေကြားခြင်းမရှိပေ။
ရှန်းမိုယွီ ၏ အမြစ်များ လှုပ်ယမ်းသွားပြီး လုံမော့ထန်ကို အာဟာရပျော်ရည်ပုံကို ပြကာ
"ဒီ အာဟာရ ပျော်ရည်က အရမ်းအရသာရှိတာမို့ အမဲလိုက်ဖို့ မလိုပါဘူး၊ အေးအေးဆေးဆေးပဲ။ မင်း လူတွေလုပ်ထားတဲ့ အရာတွေကို ကြည့်ရတာ ကြိုက်တယ် မဟုတ်လား။ မင်းဖို့ ငါ့သားကို ကိုယ်ပိုင်လက်ကောက်တစ်လက် ပေးခိုင်းလို့ရတယ်!"
မြက်ပင်လေးက လှုပ်ခါပြီး လုံမော့ထန်က
"ဒါကို အရင်ပြောပါရစေ။ လူတွေက ငါတို့ကို မကောင်းတာ တစ်ခုခု လုပ်လာရင် ငါတို့ တောထဲကို အတူတူ ပြန်ကြမယ်"
"ငါ့သားက ဒီလိုလုပ်မှာမဟုတ်ဘူး!"
မြက်ပင်လေးက မြေကြီးထဲကို တစ်လက်မနဲ့ တစ်လက်မလောက် ပြန်ဝင်သွားသည်။
"မဟုတ်ဘူးလား။ ဒါဆို တောကိုပြန်တော့မယ်၊ နှုတ်ဆက်ပါတယ်!"
"ငါကတိပေးပါတယ်!"
မြက်ပင်ငယ်လေး တစ်ဝိုက်တွင် အမြစ်များ ရစ်ပတ်ကာ
"မင်းကို ငါကာကွယ်မယ်!"
လုံမော့ထန်: "ဟမ့်။"
...
စုလင်း သူ့ 'အဖေအသစ်' က သူ့ကို ကိုယ်ရံတော်ဦးလေး တစ်ယောက် ပေးထားမှန်း မသိခဲ့ပါချေ။ သူက ရေချိုးပြီးနောက် ကုလီဟန်ရဲ့အခန်းထဲသို့ ပြေးသွားခဲ့သည်။ သူ လျှောက်လမ်းကိုဖြတ်သွားသောအခါ ရှန်းမိုယွီ၏ သင်းပျံ့သောရနံ့ကို ရခဲ့သည်။
ဘာများ ဒီလောက်ပျော်သွားရတာလဲ။
သူ့စိတ်ထဲမှာ သံသယစိတ်တွေ တစ်စက္ကန့်လောက် ပေါ်လာပေမယ့် တွေးဖို့ အချိန်မရှိတော့ပေ။ သူ ကုလီဟန် ရဲ့အခန်းထဲကို ပြေးသွားပြီး တံခါးထဲဝင်လိုက်တာနဲ့ ခပ်ကြမ်းကြမ်း တင်းကျပ်စွာ ပွေ့ဖက်ခြင်းခံလိုက်ရသည်။ အာရဇ်သစ်ရနံ့နှင့် ရောစပ်ထားသော ဝိုင်နီရနံ့သည် သူ့မျက်နှာကို ထိမှန်သွားကာ ခြေထောက်များကို ချက်ချင်း ပျော့ပျောင်းသွားစေသည်။ သူ့လည်ပင်းနောက်က ပူလာပြီး၊ လိမ္မော်ရနံ့သင်းနေသော Citrus mintအနံ့က သူ့ဂလင်းကနေ အဆက်မပြတ် ထွက်ပေါ်လာသည်။ သူမေးလိုက်ချိန်မှာ သူ့အသံက အနည်းငယ် အက်ရှနေခဲ့သည်။
"ခင်ဗျားIsolator ဖြုတ်ထားပြီးပြီလား"
စုလင်း ရေချိုးနေစဉ်အတွင်း သူ၏ isolatorကို ဖယ်ရှားခဲ့သည်။
ကုလီဟန်က အသံနိမ်နိမ့်ဖြင့် အမ်း ဟု ပြန်ဖြေသည်။ သူက စုလင်းကိုဆွဲယူကာ အိပ်ခန်းဆီသို့ လျှောက်သွားသည်။
စုလင်း ကုလီဟန်ရဲ့ ပုခုံးများကို နဖူးနဲ့ ပွတ်သပ်လိုက်သည်။ သူ့တစ်ကိုယ်လုံး အပူတွေ ဆက်တိုက်တက်လာပြီး သူ့လည်ပင်းနောက်ဘက်မှာရှိတဲ့ ဂလင်းက တုန်ခါနေသလို ခံစားနေရသည်။ ထို့ထက် သူ့ခန္ဓာကိုယ်က လှစ်ဟာနေခဲ့ပြီး ထိုခံစားချက်က သူ့ကို နတ်ဘုရားနားကို ပိုတိုးလို့ ချဥ်းကပ်စေလိုသည်။ ကုလီဟန်က သူ့ကို ခုတင်ပေါ်တင်ပြီး သူ့နတ်ဘုရား မတ်တပ်ပြန်ရပ်တော့မှာကို မြင်တော့ စုလင်း မသိစိတ်က သူ့လက်ခြေတွေကို သူ့နတ်ဘုရားကို ဖက်တွယ်ပြီး ပြောလိုက်သည်။
"ဟင့်အင်း... မသွားပါနဲ့"
သူပြောပြီးသည်နှင့် စုလင်း မျက်မှောင်ကြုတ်ကာ ခေါင်းလေးကို စောင်းငဲ့လိုက်မိသည်။
သူဘယ်အချိန်ကတည်းက ဒီလောက်ထိ ကပ်နေရတာလဲ။
လုံမော့ထန်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရယ်ချင်ဆုံးက ကိုယ်တွေက ရှန်းမိုယွီကို စုလင်းနဲ့ကုလီဟန်ရဲ့ ကလေးလေးလို့ တွေးနေချိန်မှာ ဟိုက စုလင်းကို သားတဲ့😂အူတက်နေပြီ။ နောက်တစ်ပိုင်း နက်ဖြန် တင်ပေးမယ်နော်❤
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋
//Zawgyi//
အခန္း 52 - ျပန္လည္ဆုံဆည္းျခင္း
စုလင္း ခဏေလာက္စဥ္းစားၿပီး နီအန္းကို ေမးလိုက္သည္။
“ဘယ္ေဈးဆို သင့္ေတာ္ေလာက္မယ္လို႔ထင္လဲ”
နီအန္းက ခ်င့္ခ်ိန္ ေတြးဆလ်က္ ေျပာလာသည္။
"႐ွန္းမိုယြီရဲ႕ ကုန္ၾကမ္းက စစ္တပ္အတြက္ အရမ္းအေရးပါတယ္။ အာကာသထဲက အေမွာင္ထုေတြေၾကာင့္ ပ်က္စီးထိခိုက္သြားတဲ့ အရာေတြကို ကုသေပးႏိုင္တယ္။ ဆိုလိုတာက စစ္တပ္ရဲ႕ တိုက္ခိုက္ေရးစြမ္းရည္ကို ျမႇင့္တင္ေပးႏိုင္တယ္။"
"ကြၽန္ေတာ္တို႔ၿဂိဳဟ္က ထူးခြၽန္တဲ့ စစ္သားတိုင္းအတြက္ အခ်ိန္၊ စြမ္းအင္ႏွင့္ ေငြေၾကးမ်ားစြာကို သုံးစြဲခဲ့တယ္။ ထူးခြၽန္ထက္ျမက္တဲ့ ဗိုလ္ခ်ဳပ္ေတြအမ်ားအျပားက အေမွာင္ထုေၾကာင့္ နာမက်န္းမႈကို ခံစားေနရၿပီး သူတို႔ရဲ႕ ျပန္လည္ေကာင္းမြန္လာမႈက စစ္တပ္အတြက္ အရမ္းအေရးႀကီးတယ္။"
“ကုန္ၾကမ္းဘယ္ေလာက္ပဲေဈးႀကီးေနပါေစ ထိေရာက္မႈသာ႐ွိမယ္ဆို က်ိဳးေၾကာင္းဆီေလ်ာ္မႈ႐ွိေနဆဲပဲ။ဒါေပမယ့္ စစ္တပ္က ကုန္ၾကမ္းေတြအကုန္ဝယ္ၿပီး အခ်ိန္အၾကာႀကီးစုထားဖို႔ ရည္႐ြယ္ထားရင္ေတာ့ ကုန္ၾကမ္းေစ်း အရမ္းႀကီးေနရင္ သူတို႔အတြက္ ကုန္က်စရိတ္က ႀကီးေနလိမ့္မယ္။"
အေစာပိုင္းက အဆိုပါအဖြဲ႕ကို ဦးေဆာင္သူတဦးက ဆိုလာသည္။
"မင္းတို႔ ေစ်းမတက္သေ႐ြ႕ စစ္တပ္က လက္ခံႏိုင္တယ္။ စစ္တပ္က လူတစ္ဦးခ်င္း ဒါမွမဟုတ္ ပုဂၢလိက ကုမၸဏီေတြဆီကေန ပစၥည္းေတြဝယ္တဲ့အခါတိုင္း ေစ်းကြက္ေပါက္ေဈးအတိုင္း ေပးေခ်တာမို႔ မင္းကို အခြင့္ေကာင္းမယူပါဘူး။"
စုလင္း ခဏေလာက္ ေတြးဆၾကည့္ၿပီးေနာက္
"ဒါဆို ကြၽန္ေတာ္တို႔ ေစ်းႏႈန္းကို အဆင့္ျမင့္ အေမွာင္ထု inhibitorနဲ႔ အတူတူထားလိုက္မယ္"
(အာကာသထဲက အေမွာင္ထုကို ကာကြယ္တားဆီးေပးႏိုင္တဲ့ကိရိယာ)
စုလင္း ၏ စကားေၾကာင့္ စစ္သားေလးေယာက္လုံး အံ့ဩသြားၾကသည္။ အစပိုင္းက ကုန္ၾကမ္းသည္ အေရးႀကီးေၾကာင္း သိၿပီးေနာက္ သူတို႔က စုလင္း အျမတ္ပိုရရန္ ေစ်းႏႈန္းျမႇင့္မည္ကို စိုးရိမ္ခဲ့ၾကသည္။ ဒါေပမယ့္ ဒီေလာက္ သက္သာတဲ့ ေစ်းႏႈန္းကို သတ္မွတ္ဖို႔ မေမွ်ာ္လင့္ထားခဲ့ပါေခ်။
နီအန္း စုလင္းရဲ႕ဆုံးျဖတ္ခ်က္ေၾကာင့္ အနည္းငယ္ အံ့အားသင့္သြားကာ
"ေသခ်ာၿပီလား"
စုလင္းက ေခါင္းညိတ္ကာ ျပဳံးၿပီး
"ဒါက စစ္တပ္နဲ႔ ကြၽန္ေတာ္ ဒုတိယအႀကိမ္ ပူးေပါင္းတာ ျဖစ္တယ္။ ဗိုလ္မႉးခ်န္ နဲ႔ ကြၽန္ေတာ္ ပုလဲသြယ္ပင္ပ်ိဳ ရဲ႕ ကုန္ၾကမ္းအတြက္ စာခ်ဳပ္ခ်ဳပ္ခဲ့ေသးတယ္။"
ဦးေဆာင္လာသည့္ စစ္သား၏ ေလးနက္ေသာ မ်က္ႏွာေပၚတြင္ အျပဳံးတစ္ခု ေပၚလာၿပီး
"အဲဒီ လူယုတ္မာကေတာ့။ ဒီမတိုင္ခင္တုန္းက သူ ငါ့ေ႐ွ႕မွာ တစ္ခ်ိန္လုံး ႂကြားေနေတာ့တာပဲ။ ဒင္းက လက္သြက္ေျခသြက္႐ွိတာပဲ"
သူက စုလင္းေ႐ွ႕ကို႔ သူ႕လက္ ဆန္႔တန္းၿပီး သူ႕ကိုယ္သူ မိတ္ဆက္လာသည္။
"Belle City ေထာက္ပံပို႔ေဆာင္ေရး ဌာနေခါင္းေဆာင္ ဝမ္ခ်င္ပါ ေတြ႕ရတာ ဝမ္းသာပါတယ္"
စုလင္း လက္ဆြဲႏႈတ္ဆက္ၿပီး ျပဳံးကာ
"အရင္က ႐ိုင္းျပသလိုျဖစ္ခဲ့မိရင္ ေတာင္းပန္ပါတယ္။ ေတြ႕ရတာ ဝမ္းသာပါတယ္၊ ေခါင္းေဆာင္ဝမ္"
ဝမ္ခ်င္က ေခါင္းယမ္းၿပီး
"မဟုတ္ဘူး၊ ငါက မယဥ္ေက်းမိၿပီး စိတ္မ႐ွည္ျဖစ္လြန္းသြားခဲ့တာပါ။ ေစာေစာ မိတ္မဆက္မိလိုက္ဘူး။ မင္းသတ္မွတ္ထားတဲ့ ေဈးႏႈန္းက တကယ္ကို သက္သာလြန္းတယ္။ မင္းရဲ႕ ေစတနာအတြက္ ေက်းဇူးတင္ပါတယ္"
စုလင္းက တည္ၾကည္စြာ ျပန္ေျပာလိုက္သည္။
"ၿမိဳ႕ေတာ္မွာ ေနထိုင္တဲ့ ႏိုင္ငံသားတစ္ေယာက္အေနနဲ႔ စစ္တပ္မ႐ွိရင္ ေအးခ်မ္းတဲ့ ပတ္ဝန္းက်င္မွာ ခံစားေနထိုင္ရႏိုင္မွာ မဟုတ္ပါဘူး"
သူက ႐ွက္႐ြံ႕စြာ ျပဳံးလိုက္ၿပီး
"ဒီေစ်းက ကြၽန္ေတာ္႕ဆီက လဲလွယ္လို႔ရတဲ့ သေကၤတတစ္ခုပဲ၊ ကြၽန္ေတာ္ လက္ေဆာင္အေနနဲ႔ မေပးႏိုင္လို႔ စိတ္မေကာင္းပါဘူး။ တကယ္တမ္းကြၽန္ေတာ္က ေတာ္ေတာ္ေလး ဆင္းရဲပါတယ္၊ ႐ွန္းမိုယြီရဲ႕ ေန႔စဥ္အသုံးစရိတ္အတြက္ ပိုက္ဆံအမ်ားႀကီးသုံးဖို႔ လိုတယ္။"
အဲဒါကိုၾကားေတာ့ ေခါင္းေဆာင္ဝမ္က
"မင္း လုံးဝေနာင္တရ စိတ္မေကာင္းျဖစ္ေနစရာ မလိုပါဘူး။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ဒီလိုမ်ိဳး ေတြးႏိုင္တာက တကယ့္ကို အံ့ၾသစရာပဲ"
အျခားစစ္သားအမ်ားအျပားက သေဘာတူၿပီး ေခါင္းညိတ္ၾကသည္။
စုလင္း ျပဳံးလိုက္သည္။ သူ႕အတြက္ကေတာ့ 1mlအတြက္ ၾကယ္ဒဂၤါး ၁၀၀၀၀ က အရမ္းမ်ားေနၿပီးေတာ့ သူလည္း အလုပ္အရမ္းလုပ္စရာမလိုခဲ့ေပ။ သူေျပာလိုက္တဲ့ ေနာက္ဆုံးစကားမွာ ႏွလုံးသားထဲမွ စကားလုံးျဖစ္ၿပီး သူ႕ရဲ႕ ေဖာ္ေ႐ြေသာ ရည္႐ြယ္ခ်က္ကို ျပသလိုျခင္း ျဖစ္သည္။ ေကာင္းမြန္တဲ့ အထင္အျမင္ေတြကို ခ်န္ထားခဲ့ျခင္းက ဘာမွ မမွားႏိုင္ေပ။
ေစ်းႏႈန္းညႇိႏိႈင္းၿပီးေနာက္ ႏွစ္ဖက္သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့သည္။ လက္႐ွိရ႐ွိႏိုင္ေသာ အနီေရာင္ႏွင့္ အနက္ေရာင္အရည္မ်ားသည္ စုစုေပါင္း 1,000 ml အထိ ေပါင္းထည့္ႏိုင္သည္။ ဒါေၾကာင့္ စုလင္း ရဲ႕ ကိုယ္ေရးကိုယ္တာ အေကာင့္ဟာ 10 သန္း တိုးလာပါတယ္။ သူေတာ္ေတာ္ေလး စိတ္လႈပ္႐ွားေနေပမယ့္ အျပင္မွာ ၿငိမ္ၿငိမ္ေလးေနခဲ့သည္။ ကမ႓ာေျမကို ျပန္ၾကည့္မယ္ဆိုရင္ ဘဏ္အေကာင့္ထဲမွာ ဒီေလာက္ ပမာဏ႐ွိတဲ့လူကို သူေဌးတစ္ေယာက္လို႔ သတ္မွတ္ႏိုင္ေပသည္။ ေငြေၾကးဆိုတာ ပမာဏတစ္ခုထိ ေရာက္လာေသာအခါ ဂဏန္းမ်ားသာျဖစ္ေၾကာင္း သူေကာင္းေကာင္းသိေပသည္။
နီအန္းႏွင့္ က်န္လူမ်ားက စုလင္းကို သေဘာက်စြာ ၾကည့္ၾကသည္။ သူသည္ အ႐ြယ္ေရာက္ေနၿပီျဖစ္ေသာ္လည္း တည္ၿငိမ္ေသာ စိတ္ေနသေဘာထားကို ထိန္းသိမ္းႏိုင္ခဲ့သည္။ အဲဒါ အရမ္း႐ွားပါးေပသည္။ ေခါင္းေဆာင္ဝမ္က သူ႕ေဘးနားက စစ္သားကို လက္ညိႇဳးထိုးျပၿပီး
"ဒါေတြက ငါတို႔ အထူးတပ္ဖြဲ႕ရဲ႕ ထိပ္တန္းစစ္သားေတြပဲ။ ႐ွန္းမိုယြီက ငါတို႔အတြက္ အေရးႀကီးတယ္၊ ဒါေၾကာင့္ မင္းနဲ႔ ႐ွန္းမိုယြီရဲ႕ အနာဂတ္မွာ ႏွစ္ေယာက္လုံး ေဘးကင္းေစဖို႔ သူတို႔က အာမခံေပးလိမ့္မယ္"
ဒါ ခ်ဲ႕ကားလြန္းေနတာမဟုတ္လား?
စုလင္း သူ႕လက္ကို ေဝွ႔ယမ္းၿပီး
"မလိုပါဘူး ႐ွန္းမိုယြီက ဘာအကာအကြယ္မွ မလိုဘူး"
"ဒါဆို မင္းရဲ႕လုံျခဳံေရးကေရာ ဘယ္လိုလဲ။"
ေခါင္းေဆာင္ဝမ္ မေမးမီ တုံ႔ဆိုင္းသြားသည္။
ေယဘူယ်အားျဖင့္ စိတ္ဝိညာဥ္ပင္ ကြၽမ္းက်င္သူသည္ အဆင့္ S မဆိုထားႏွင့္၊ Aအဆင့္ စိတ္ဝိညာဥ္ပင္ႏွင့္ပင္ ေပါင္းသင္းရန္ မလြယ္ကူေပ။ စုလင္း မေတာ္တဆမႈတစ္ခုခု ျဖစ္လွ်င္ ႐ွန္းမိုယြီက ေသခ်ာေပါက္ ထပ္ၿပီး ေ႐ွာင္လႊဲသြားေပလိမ့္မည္။ ဒါဆို ကုန္ၾကမ္းကို ေခ်ာေခ်ာေမာေမာ ရဖို႔ေနေနသာသာ သူ႕(XMY) ႐ွာရတာ သူတို႔အတြက္ အရမ္းခက္လိမ့္မည္။
စုလင္း: "႐ွန္းမိုယြီနဲ႔အတူဆို ကြၽန္ေတာ္ေဘးကင္းပါတယ္။ သူ႕အရည္ရဲ႕ အဆိပ္သင့္မႈသဘာဝကို ျမင္ခဲ့တယ္မလား?စိတ္မပူပါနဲ႔။"
စုလင္းက အၾကံျပဳခ်က္ကို ျငင္းပယ္တာကိုျမင္ေတာ့ ေခါင္းေဆာင္ဝမ္က ေခါင္းညိတ္ၿပီး
"ဒါဆို ငါ မင္းကို ကိုယ္ေရးကိုယ္တာ အေစာင့္ေတြ မခ်ထားဘူး။ မင္း စစ္တပ္ကို ေျပာင္းေ႐ႊ႕ခ်င္လား ႐ွန္းမိုယြီနဲ႔ အတူတူ?"
စုလင္းက ေခါင္းခါလိုက္ၿပီး
"စစ္တပ္နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈက ကြၽန္ေတာ္႕ေန႔စဥ္ဘ၀ကို ထိခိုက္မွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ေမွ်ာ္လင့္တယ္"
ေခါင္းေဆာင္ဝမ္က သူဘာကိုဆိုလိုသည္ကို ခ်က္ခ်င္းနားလည္လိုက္သည္။ စုလင္း သည္ ငယ္႐ြယ္ေသာ Omega မွ်သာျဖစ္ၿပီး ေလးနက္ၿပီး စည္းမ်ဥ္းမ်ားႏွင့္ပတ္ဝန္းက်င္တြင္ ေနထိုင္ျခင္းကို မႀကိဳက္ေၾကာင္း သူနားလည္ႏိုင္သည္။
"ေကာင္းၿပီ မင္းေမးစရာ႐ွိရင္ အခ်ိန္မေ႐ြး ဆက္သြယ္လို႔ရတယ္။"
စုလင္းက ေခါင္းညိတ္ၿပီး
"ေကာင္းၿပီ"
အဖြဲ႕ထြက္သြားၿပီးေနာက္ စုလင္း Room No.1 တြင္ ႐ွန္းမိုယြီကို သြားေတြ႕သည္။ ႐ွန္းမိုယြီ၏ ပန္းပြင့္ခ်ပ္မ်ားသည္ ျပားခ်ပ္ေနကာ သူ႕အျမစ္မ်ားကလည္း ေျမျပင္ေပၚတြင္ တအိအိက်လာေနၿပီး အလြန္စိတ္ပ်က္ေနပုံရသည္။ ႐ွန္းမိုယြီက စုလင္းကိုျမင္လိုက္သည္ႏွင့္ အျမစ္မ်ားက ခ်က္ခ်င္းပင္ သူ႕လက္ေကာက္ဝတ္တြင္ ရစ္ပတ္လာကာ ႐ုံးအေဆာက္အအုံ ဥယ်ာဥ္၏ ပုံရိပ္တစ္ခု စုလင္းစိတ္ထဲတြင္ ေပၚလာသည္။ တစ္ဖက္တြင္မူ အျမစ္မ်ားက သူ႕ကို အျပင္သို႔ ဆြဲထုတ္ရန္ ႀကိဳးစားသည္။
"မင္း အဲဒီကို သြားခ်င္တာလား"
႐ွန္းမိုယြီ၏ အျမစ္မ်ားက ေခါင္းညိတ္လိုက္သည္။
စုလင္း: "မင္းသူငယ္ခ်င္းကိုေတြ႕ၿပီလား"
႐ွန္းမိုယြီ၏ ပြင့္ခ်ပ္မ်ားသည္ ေပါ့ေပါ့ပါးပါး ႂကြသြားကာ အျမစ္မ်ား ေရာေထြးသြားေသာ္လည္း ႐ွင္း႐ွင္းလင္းလင္း အေျဖမေပးေပ။
႐ွန္းမိုယြီက သူ႕ေမးခြန္းကို ေျဖဖို႔ ေ႐ွာင္တာ ဒါပထမဆုံးအႀကိမ္ ျဖစ္သည္။ စုလင္း စိတ္ထဲမွာ မွန္းဆခ်က္တခ်ိဳ႕ ေပၚလာေပမယ့္ သူ ဆက္မေမးေတာ့ပါ။
"ဒီမွာ ခဏေစာင့္၊ သုေတသီအဖြဲ႕ကို ေမးရဦးမယ္။ မင္းအဲဒီကို သြားမယ္ဆိုရင္ သူတို႔ရဲ႕ ေစာင့္ၾကည့္ေရးစနစ္ကိုလည္း လႊဲေျပာင္းေပးဖို႔ လိုလိမ့္မယ္။"
ထိုစကားကိုၾကားေတာ့ ႐ွန္းမိုယြီ၏ အျမစ္မ်ား ေတာင့္တင္းသြားသည္။ ထို႔ေနာက္ ၾကည့္ေနရင္းပင္ ေျမျပင္ေပၚသို႔ ေပ်ာ့ေခြက်သြားသည္။ ႐ွန္းမိုယြီက သူ႕၏ အျမစ္မ်ားကို ေနာက္ဆုတ္လိုက္ၿပီး အိပ္ေပ်ာ္သြားသလိုမ်ိဳး ၎၏ ပြင့္ခ်ပ္မ်ားကို ပိတ္လိုက္သည္။
ခ်က္ခ်င္းကို စိတ္ေျပာင္းသြားၿပီလား?
စုလင္းက ျပဳံးၿပီး
"မသြားေတာ့ဘူးလား။"
႐ွန္းမိုယြီက အျမစ္ကို ဆန္႔ထုတ္ကာ ေခါင္းညိတ္ျပေတာ့ စုလင္းက ႏႈတ္ဆက္လိုက္သည္။
"ေကာင္းေသာညပါ။"
Room No.1မွ ထြက္သြားၿပီး စုလင္း ကုလီဟန္ ႏွင့္အတူ အေပၚထပ္သို႔ တက္သြားသည္။သူ႕အခန္းကို ျပန္သြားမယ့္အစား ကုလီဟန္ရဲ႕အခန္းကိုသြားၿပီး အိပ္ခန္းထဲကို တိုက္႐ိုက္သြားလိုက္တယ္။ သူ အထဲကို ေျခ၂လွမ္းေလာက္သာ လွမ္းရေသးသည္။ ကုလီဟန္က သူ႕ကို တားလာသည္။
"လင္းလင္း"
စုလင္း ျပန္လွည့္လာၿပီး
"ဘာျဖစ္လို႔လဲ"
ကုလီဟန္ က သူ႕မ်က္လုံးေတြကို ၾကည့္ၿပီး ခ်ီတုံခ်တုံနဲ႔ ေမးလာသည္။
"မင္း..မင္း... ဒီည ဒီမွာေနခ်င္တာ တကယ္လား? ကိုယ္ စိတ္မထိန္းႏိုင္ေတာ့မွာ ေၾကာက္တယ္။"
စုလင္း မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္လုပ္ကာ ပုလင္းငယ္ေလးကို ထုတ္ၿပီး ေလထဲသို႔ ျဖန္းလိုက္သည္။
"ကြၽန္ေတာ္လုပ္ထားတဲ့ ရနံ႔ကို စမ္းၾကည့္ရင္း အဲ့ဒါက ခင္ဗ်ားရဲ႕ အိပ္စက္ျခင္းကို ပိုေကာင္းေစမလား ၾကည့္ခ်င္႐ုံပါ"
ကုလီဟန္ရဲ႕ မ်က္ႏွာေပၚတြင္ ႐ွက္႐ြံ႕မႈအရိပ္အႁမြက္ ထြက္ေပၚလာသည္။ စုလင္းရဲ႕ မ်က္လုံးမ်ားက အျပဳံးမ်ားျဖင့္ ေကြးၫႊန္ေနကာ လမ္းေလွ်ာက္လာရင္း ေမႊးရနံ႔မ်ား ပက္ဖ်န္းကာ
"ကြၽန္ေတာ္ အစက ေနဖို႔ မစီစဥ္ထားဘူး၊ ဒါေပမယ့္ အိပ္စက္ႏိုင္စြမ္းကို ျမႇင့္တင္ႏိုင္တဲ့နည္းလမ္းေကာင္း႐ွိတယ္ဆိုတာ ခင္ဗ်ားက ကြၽန္ေတာ္႕ကို သတိေပးခဲ့တယ္၊ ဒါေၾကာင့္ ကြၽန္ေတာ္ ေနမွာပါ"
ဘာမွ မေျပာဘဲ ကုလီဟန္က ထိုေနရာမွာပဲ ရပ္ေနခဲ့သည္။ သူ႕မ်က္လုံးမ်ားက စုလင္းရဲ႕ေနာက္ကို လိုက္ေနၿပီး သူ႕အၾကည့္ေတြက နက္ေမွာင္သြားသည္။
ေနရာတိုင္းကို အထူးသျဖင့္ ကုတင္ေခါင္းရင္းမွာ ျဖန္းၿပီးတဲ့အခါ စုလင္းက ပုလင္းကို ေက်ာပိုးအိတ္ထဲ ျပန္မထည့္ခင္ တစ္ခန္းလုံး ေမႊးရနံ႔ေတြ ျပည့္ေနတာ ေသခ်ာေအာင္လုပ္ခဲ့သည္။ ကုလီဟန္ သူ႕ အရင္ေနရာက ေ႐ြ႕မသြားသည္ကို ျမင္လိုက္ရသျဖင့္ သူ မရယ္ဘဲ မေနႏိုင္ခဲ့ေပ။ သူ ကုလီဟန္ဆီကို ေလွ်ာက္သြားၿပီး သူ႕လက္ကို ေျမႇာက္ၿပီး ကုလီဟန္ရဲ႕ လည္ပင္းကို ခ်ိတ္ကာသူ႕(GLH) လည္ပင္းေနာက္ဘက္ကို ပြတ္လိုက္သည္။
ကုလီဟန္ တုန္လႈပ္သြားၿပီး သူ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး
"လင္းလင္း!"
စုလင္းက ေခါင္းေလးေစာင္းၿပီး မ်က္လုံးေစြၾကည့္ကာ
"တရားမွ်တသြားေအာင္ ခင္ဗ်ား ကြၽန္ေတာ္႕ဟာ(Isolator)ကို ျဖဳတ္ဖို႔ ကူညီေပးႏိုင္တယ္"
ကုလီဟန္ မလႈပ္ေပမယ့္ စုလင္းကို ေစ့ေစ့ၾကည့္ၿပီး ေမးသည္။
"မင္းဘာလုပ္ေနလဲ မင္းသိလား"
ထိုစကားၾကားေတာ့ စုလင္း ႐ွက္ေသြးျဖာသြားေသာ္လည္း သူက ေခါင္းညိတ္ကာ
"သိတယ္"
"ကိုယ္ အရင္ေရခ်ိဳးလိုက္ဦးမယ္။"
ကုလီဟန္ က သူ႕လက္ကို မလႊတ္ခင္ ၿငိမ္သက္စြာ စဥ္းစားၿပီးေနာက္ ေျပာလိုက္သည္။
စုလင္း : "...ခင္ဗ်ား အခုဘာေတြေတြးေနတာလဲ"
ကုလီဟန္က မေျပာလာခင္ ခပ္ေဝးေဝးကို ၾကည့္လိုက္ၿပီး
"Omegaနဲ႔ အတူေနရင္ သတိထားရမယ့္အခ်က္ေတြနဲ႔ ႀကိဳတင္ကာကြယ္မႈေတြ"
စုလင္းရဲ႕ ႏႈတ္ခမ္းေထာင့္မွာ ေကြးၫြတ္သြားသည္။ ကုလီဟန္ရဲ႕ ေခ်ာေမာေသာ္လည္း တင္းမာေသာ မ်က္ႏွာအသြင္အျပင္ကို စိုက္ၾကည့္ရင္း ေတြးမိသည္မွာ သူ သူ႕ရဲ႕ (GLH) ႐ိုးသားေသာ စ႐ိုက္ကို ေသေလာက္ေအာင္ သေဘာက်သည္။
"ဘာေတြ သတိထားရမွာလဲ"
သူက ေမးလိုက္သည္။
ကုလီဟန္က အေမးကို မေျဖခ်င္သည့္ပုံရၿပီး ေရခ်ိဳးခန္းဘက္သို႔ အနည္းငယ္ေ႐ြ႕သြားသည္။
ထို႔ေၾကာင့္ စုလင္း သူ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး သူ႕လက္ေခ်ာင္းကို အသာအယာ ညႇစ္လိုက္ကာ
"ခင္ဗ်ား ကြၽန္ေတာ္႕ကို မေျပာျပႏိုင္ဘူးလား? ေကာင္းၿပီေလ။ Alpha နဲ႔ အတူ႐ွိဖို႔ ဘာေတြ သတိထားသင့္လဲဆိုတာ ကြၽန္ေတာ္လည္း စစ္ေဆးၾကည့္လိုက္မယ္"
"မင္း စစ္ေဆးစရာ မလိုဘူး"
ကုလီဟန္ရဲ႕ မ်က္လုံးမ်ားက သူ႕ကို စိုက္ၾကည့္ကာ
"မင္း အာ႐ုံစိုက္ေနဖို႔ မလိုဘူး"
"တကယ္လား ဒါဆို ခင္ဗ်ားက ဘာကို အာ႐ုံစိုက္ရမွာလဲ။"
စုလင္း အစကေတာ့ သူ႕ကို က်ီစားခ်င္ခဲ့တာပင္။ သူ႕တုံ႔ျပန္မႈကို သူတကယ္သိခ်င္ခဲ့သည္။
ကုလီဟန္: "အိုမီဂါက ႏူးညံ့သိမ္ေမြ႕ၿပီး သူတို႔မွာ သိမ္ေမြ႕တဲ့စိတ္႐ွိတယ္။ စက္ဆုပ္႐ြံ႐ွာမႈမျဖစ္ေစဖို႔အတြက္ တစ္ကိုယ္ေရသန္႔႐ွင္းေရးကို ဂ႐ုစိုက္ဖို႔ လိုပါတယ္။ Omega ရဲ႕တုံ႔ျပန္မႈကို အၿမဲအာ႐ုံစိုက္ထားရမယ္ ၿပီးေတာ့ ဂ႐ုတစိုက္ကို ဂ႐ုစိုက္ေပးရမယ္..."
"ေကာင္းၿပီ၊ ကြၽန္ေတာ္သိၿပီ"
စုလင္း အဲဒါကိုၾကားေတာ့ လုံးဝကို ႐ွက္သြားရေတာ့သည္။
"ခင္ဗ်ား ေရခ်ိဳးလိုက္ဦး"
ကုလီဟန္ နီရဲေနေသာ ပါးျပင္မ်ားကို တစ္ခ်က္ၾကည့္လိုက္ၿပီး သူ႕မ်က္လုံးထဲတြင္ အျပဳံးတစ္ခု ေတာက္ပလာသည္။ လူငယ္သည္ ရဲတင္းစြာ ျပဳမူေနေသာ္လည္း အတြင္းထဲတြင္ အလြန္႐ိုး႐ွင္းပါသည္။ အရမ္းခ်စ္စရာေကာင္းၿပီး တစ္ဖက္လူရဲ႕ ႏွလုံးသားကို ႏူးညံ့သိမ္ေမြ႕သြားေစသည္။
ကုလီဟန္ ေရခ်ိဳးခန္းထဲဝင္သြားေတာ့ စုလင္း က ခ်က္ခ်င္းထြက္ေျပးၿပီး သူ႕အခန္းထဲကို ေျပးသြားလိုက္သည္။ ထို႔ေနာက္ ေရခ်ိဳးဝတ္႐ုံကိုယူၿပီး ေရခ်ိဳးခန္းထဲသို႔ ေျပးသြားခဲ့သည္။
တကယ္လို႔ တစ္စုံတစ္ေယာက္က ဘာအေတြးမွ႐ွိမေနဘူးဆိုရင္ ေအးေအးေဆးေဆး တည္ၿငိမ္ႏိုင္ေသးသည္။ သို႔ေသာ္ အၾကံအစည္တစ္ခုေလာက္ ေပၚလာသည္ႏွင့္ ဆက္လက္တည္ၿငိမ္မေနႏိုင္ေတာ့ဘဲ ထိန္းမႏိုင္သိမ္းမႏိုင္ျဖစ္ကာ စိတ္လႈပ္႐ွားေနမိလိမ့္မည္။ ႏွစ္ေယာက္သား ေရခ်ိဳးေနၾကစဥ္ ပင္မအေဆာက္အဦေနာက္ကြယ္တြင္ အျခားျမင္ကြင္းတစ္ခု ျဖစ္ပ်က္ေနသည္။ ႏွစ္ေပါင္းမ်ားစြာ မေတြ႕ရတဲ့ သူငယ္ခ်င္း ၂ ေယာက္က ျပန္လည္ဆုံဆည္းရတဲ့ ခံစားခ်က္ကို ေျပာျပေနၾကသည္။
အတိအက်ေျပာရလွ်င္ ႐ွန္းမိုယြီက စကားေျပာခဲ့ၿပီး လုံေမာ့ထန္ နားေထာင္ခဲ့သည္။
[Eng trans Banana : အေႏွာင့္အယွက္ေပးတဲ့အတြက္ ေတာင္းပန္ပါတယ္။ မင္းတို႔ကို ေအာက္ေျခမွတ္စုအတြက္ တက္လိုက္ဆင္းလိုက္ လုပ္တာထက္ ဒီမွာ LMT အေၾကာင္း ႐ွင္းျပတာက ပိုေကာင္းပါတယ္။ 龙魔藤/Lóng Mo Téng က သူငယ္ခ်င္းျဖစ္ၿပီး Dragon Devil Vine ဟု ဘာသာျပန္ဆိုႏိုင္ေသာ္လည္း Xian Mo Yu ၏အမည္ကို ဘာသာျပန္မရေသးေသာေၾကာင့္ နာမည္ကို ထိန္းသိမ္းထားရန္ အနည္းငယ္႐ွည္လ်ားသည္ဟု ခံစားရသည္။ အခုလိုဖတ္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္~]
႐ွန္းမိုယြီ၏ အျမစ္ 3 ခုသည္ ေျမျပင္မွ ထြက္ေပၚလာၿပီး အလြန္ အလွမ္းေဝးတာေၾကာင့္ အျမစ္မ်ားသည္ ေျမျပင္မွ 10 စင္တီမီတာခန္႔သာ အစြန္းထြက္ႏိုင္သည္။ ကံေကာင္းေထာက္မစြာ၊ ၎တို႔သည္ အလြန္လိုက္ေလ်ာညီေထြ႐ွိေသာေၾကာင့္ ႐ွန္းမိုယြီသည္ ၎၏ပုံစံမ်ားကို အဆက္မျပတ္ေျပာင္းလဲႏိုင္ခဲ့သည္။ သူ႕သူငယ္ခ်င္းႏွင့္ ဆက္သြယ္ရန္ ေမႊးရနံ႔ အနည္းငယ္ ထြက္လာသည္။
႐ွန္းမိုယြီ : "စိတ္ဆိုးတယ္!! ဒီေလာက္ ႏွစ္ေတြအမ်ားႀကီးၾကာေနခဲ့တာ မင္းငါ့ကိုေတြ႕ေတာ့ ႏႈတ္ဆက္စကားေတာင္ မေျပာခဲ့သလို လူသားေတြကို မေတြ႕ဖို႔လည္း ေတာင္းဆိုေနတုန္းပဲ။"
႐ွန္းမိုယြီ: "ယုတၱိကို မ႐ွိဘူး!!၊ မင္းကို ငါ႐ွာေနတာ ဘယ္ေလာက္ၾကာၿပီလဲ သိလား"
႐ွန္းမိုယြီ: "မွားတယ္!!၊ ငါကသာ မင္းကို လြမ္းေနတာ၊ ဒါေပမယ့္ မင္း ငါ့ကို မလြမ္းဘူး။"
လုံေမာ့ထန္- "မင္းရဲ႕မိုက္မဲတဲ့စြပ္စြဲမႈေတြကို ရပ္လိုက္ပါ။ လူသားေတြသာ ႐ွာေတြ႕သြားရင္ နဂါးနတ္ဆိုးေသြးေၾကာ ဆိုတဲ့ ငါ့ရဲ႕ဝိေသသလကၡဏာကို ေစာ္ကားလိုက္တာပဲ။ ၿပီးေတာ့ မင္းငါ့ကိုမ႐ွာဘူး၊ မင္းရဲ႕သားကို မင္း႐ွာေနတာပါ။ ငါဒီမွာေနေနတာ ဘာအတြက္လို႔ထင္လဲ။"
႐ွန္းမိုယြီက ေမးခြန္းႀကီးတစ္ခု ထုတ္လိုက္သည္။
လုံေမာ့ထန္ ႐ွင္းျပလာတဲ့အခါ အျမစ္ေဘးက သြယ္လ်တဲ့ ျမက္ပင္ေလးဟာ အစိမ္းေရာင္ အလင္းေတြ လင္းထိန္ေနခဲ့သည္။
"ဒါက စိတ္ဝိညာဥ္ပင္ မွတ္ပုံတင္အသင္းေလ။ မင္းရဲ႕သားကို လူေတြက ေခၚသြားတာ။ မင္းသိရင္ မင္း ဒီကို ေသခ်ာေပါက္ လာမွာပဲ"
႐ွန္းမိုယြီ၏ အျမစ္မ်ားသည္ ဝမ္းသာအားရ ယိမ္းႏြဲ႕ကာ
"ငါ သိတယ္၊ မင္းလည္း ငါ့ကို လြမ္းတယ္၊ မင္းက ငါ့ရဲ႕ အေကာင္းဆုံး လက္တြဲေဖာ္ပဲ!"
လုံေမာ့ထန္: "မင္းရဲ႕ မိုက္မဲတဲ့ အျပဳအမူကို ရပ္လိုက္ပါ။ ငါ ေတာထဲမွာ ၿငီးေငြ႕ေနလို႔မဟုတ္ဘူးဆိုရင္၊ ဒီေနရာက လူေတြအမ်ားႀကီး ဝင္ထြက္ေနတာကို ငါဒီေလာက္ ၾကာၾကာေနမွာ မဟုတ္ဘူး။"
႐ွန္းမိုယြီ: "ဟီးဟီး ဝန္ခံပါ၊ မင္းငါ့ကို႐ွာေနတာလား။"
လုံေမာ့ထန္ - "မင္း အခု ထြက္သြားလို႔ရၿပီ၊ ငါ့ကို မဆက္သြယ္နဲ႔ေတာ့"
႐ွန္းမိုယြီ၏ အျမစ္မ်ားသည္ ျမက္ပင္ငယ္တစ္ဝိုက္တြင္ တြယ္ကပ္လ်က္
"ဟင့္အင္း။ ငါနဲ႔လိုက္ခဲ့"
လုံေမာ့ထန္ - "လူသားေတြက ငါတို႔ကို ဖ်က္ဆီးလိမ့္မယ္"
"ဟင့္အင္း ငါ့သားက အဲ့ဒီလိုမလုပ္ဘူး!"
"အဲဒါက မင္းရဲ႕သားမဟုတ္ဘူး"
႐ွန္းမိုယြီ: "သူက ငါ့သား၊ မင္းခံစားရတယ္မဟုတ္လား? သူ႕ခႏၶာကိုယ္ေပၚက ေရာင္ဝါက ငါ့အတိုင္းတစ္ပုံစံတည္းပဲေလ။ သဘာဝ ရနံ႔ေတြအျပည့္နဲ႔။"
လုံေမာ့ထန္: "မိုက္မဲတဲ့ေကာင္။ ငါနဲ႔အတူ ေတာကို ျပန္လိုက္ခဲ့ပါ။"
"ဟင့္အင္း ငါ့သားက အသက္ 19 ႏွစ္ပဲ႐ွိေသးတာ။ သူက အရမ္းငယ္တယ္၊ ငါ သူ႕ကို ကာကြယ္ရမယ္။ မင္းလည္း သူ႕ထက္ အႀကီးမို႔ မင္း သူ႕ကို ငါနဲ႔ ကာကြယ္ရမယ္။"
လုံေမာ့ထန္: "ဘယ္ေလာက္ၾကာၾကာထိလဲ?"
႐ွန္းမိုယြီ- "ငါတို႔ အသက္ဘယ္ေလာက္႐ွိၿပီလဲ။ 1860 ဒါမွမဟုတ္ 1680 ၊ ၿပီးေတာ့ အနည္းဆုံး ႏွစ္ 600 ေလာက္ကြာ။"
လုံေမာ့ထန္ - "ငါတို႔ လူသားေတြရဲ႕ အတန္းေတြ ခိုးနားေထာင္တုန္းက မင္း အိပ္ေပ်ာ္ေနတာလား။ သူက အနည္းဆုံး အသက္ 300 ေလာက္ထိပဲ အသက္႐ွင္ေနႏိုင္တယ္။"
လုံေမာ့ထန္ စိတ္ထဲမွာ မ်က္ရည္က်ေနေသာ ႀကီးမားေသာ TwT ပုံက အျပည့္ျဖစ္လာသည္။
လုံေမာ့ထန္ "မင္းရဲ႕မ်က္ရည္က်တဲ့ အျပဳအမူကို ရပ္လိုက္ပါ၊ မင္းက လူမိုက္လား။ အသက္ 300 မွာ ေသတာက သဘာဝက်တဲ့ ေသျခင္းပါပဲ။ လူသားေတြဟာ ဘဝကို ျဖတ္သန္းၿပီး ဒီလိုမ်ိဳး ေသဆုံးေနၾကတာပါ။"
႐ွန္းမိုယြီ : "သူ႕ကို တစ္ေယာက္တည္း ထားခဲ့ဖို႔ေနေနသာသာ သူနဲ႔ အတူေနဖို႔ အခ်ိန္နည္းနည္းပဲ႐ွိေတာ့တယ္၊ မင္းနဲ႔ငါ သူ႕ကို အတူတူကာကြယ္ေပးမယ္။ သူမ႐ွိေတာ့ရင္ ေတာထဲျပန္ဝင္မယ္။"
လုံေမာ့ထန္က ျပန္လည္ေျဖၾကားျခင္းမ႐ွိေပ။
႐ွန္းမိုယြီ ၏ အျမစ္မ်ား လႈပ္ယမ္းသြားၿပီး လုံေမာ့ထန္ကို အာဟာရေပ်ာ္ရည္ပုံကို ျပကာ
"ဒီ အာဟာရ ေပ်ာ္ရည္က အရမ္းအရသာ႐ွိတာမို႔ အမဲလိုက္ဖို႔ မလိုပါဘူး၊ ေအးေအးေဆးေဆးပဲ။ မင္း လူေတြလုပ္ထားတဲ့ အရာေတြကို ၾကည့္ရတာ ႀကိဳက္တယ္ မဟုတ္လား။ မင္းဖို႔ ငါ့သားကို ကိုယ္ပိုင္လက္ေကာက္တစ္လက္ ေပးခိုင္းလို႔ရတယ္!"
ျမက္ပင္ေလးက လႈပ္ခါၿပီး လုံေမာ့ထန္က
"ဒါကို အရင္ေျပာပါရေစ။ လူေတြက ငါတို႔ကို မေကာင္းတာ တစ္ခုခု လုပ္လာရင္ ငါတို႔ ေတာထဲကို အတူတူ ျပန္ၾကမယ္"
"ငါ့သားက ဒီလိုလုပ္မွာမဟုတ္ဘူး!"
ျမက္ပင္ေလးက ေျမႀကီးထဲကို တစ္လက္မနဲ႔ တစ္လက္မေလာက္ ျပန္ဝင္သြားသည္။
"မဟုတ္ဘူးလား။ ဒါဆို ေတာကိုျပန္ေတာ့မယ္၊ ႏႈတ္ဆက္ပါတယ္!"
"ငါကတိေပးပါတယ္!"
ျမက္ပင္ငယ္ေလး တစ္ဝိုက္တြင္ အျမစ္မ်ား ရစ္ပတ္ကာ
"မင္းကို ငါကာကြယ္မယ္!"
လုံေမာ့ထန္: "ဟမ့္။"
...
စုလင္း သူ႕ 'အေဖအသစ္' က သူ႕ကို ကိုယ္ရံေတာ္ဦးေလး တစ္ေယာက္ ေပးထားမွန္း မသိခဲ့ပါေခ်။ သူက ေရခ်ိဳးၿပီးေနာက္ ကုလီဟန္ရဲ႕အခန္းထဲသို႔ ေျပးသြားခဲ့သည္။ သူ ေလွ်ာက္လမ္းကိုျဖတ္သြားေသာအခါ ႐ွန္းမိုယြီ၏ သင္းပ်ံ႕ေသာရနံ႔ကို ရခဲ့သည္။
ဘာမ်ား ဒီေလာက္ေပ်ာ္သြားရတာလဲ။
သူ႕စိတ္ထဲမွာ သံသယစိတ္ေတြ တစ္စကၠန္႔ေလာက္ ေပၚလာေပမယ့္ ေတြးဖို႔ အခ်ိန္မ႐ွိေတာ့ေပ။ သူ ကုလီဟန္ ရဲ႕အခန္းထဲကို ေျပးသြားၿပီး တံခါးထဲဝင္လိုက္တာနဲ႔ ခပ္ၾကမ္းၾကမ္း တင္းက်ပ္စြာ ေပြ႕ဖက္ျခင္းခံလိုက္ရသည္။ အာရဇ္သစ္ရနံ႔ႏွင့္ ေရာစပ္ထားေသာ ဝိုင္နီရနံ႔သည္ သူ႕မ်က္ႏွာကို ထိမွန္သြားကာ ေျခေထာက္မ်ားကို ခ်က္ခ်င္း ေပ်ာ့ေပ်ာင္းသြားေစသည္။ သူ႕လည္ပင္းေနာက္က ပူလာၿပီး၊ လိေမၼာ္ရနံ႔သင္းေနေသာ Citrus mintအနံ႔က သူ႕ဂလင္းကေန အဆက္မျပတ္ ထြက္ေပၚလာသည္။ သူေမးလိုက္ခ်ိန္မွာ သူ႕အသံက အနည္းငယ္ အက္႐ွေနခဲ့သည္။
"ခင္ဗ်ားIsolator ျဖဳတ္ထားၿပီးၿပီလား"
စုလင္း ေရခ်ိဳးေနစဥ္အတြင္း သူ၏ isolatorကို ဖယ္႐ွားခဲ့သည္။
ကုလီဟန္က အသံနိမ္နိမ့္ျဖင့္ အမ္း ဟု ျပန္ေျဖသည္။ သူက စုလင္းကိုဆြဲယူကာ အိပ္ခန္းဆီသို႔ ေလွ်ာက္သြားသည္။
စုလင္း ကုလီဟန္ရဲ႕ ပုခုံးမ်ားကို နဖူးနဲ႔ ပြတ္သပ္လိုက္သည္။ သူ႕တစ္ကိုယ္လုံး အပူေတြ ဆက္တိုက္တက္လာၿပီး သူ႕လည္ပင္းေနာက္ဘက္မွာ႐ွိတဲ့ ဂလင္းက တုန္ခါေနသလို ခံစားေနရသည္။ ထို႔ထက္ သူ႕ခႏၶာကိုယ္က လွစ္ဟာေနခဲ့ၿပီး ထိုခံစားခ်က္က သူ႕ကို နတ္ဘုရားနားကို ပိုတိုးလို႔ ခ်ဥ္းကပ္ေစလိုသည္။ ကုလီဟန္က သူ႕ကို ခုတင္ေပၚတင္ၿပီး သူ႕နတ္ဘုရား မတ္တပ္ျပန္ရပ္ေတာ့မွာကို ျမင္ေတာ့ စုလင္း မသိစိတ္က သူ႕လက္ေျခေတြကို သူ႕နတ္ဘုရားကို ဖက္တြယ္ၿပီး ေျပာလိုက္သည္။
"ဟင့္အင္း... မသြားပါနဲ႔"
သူေျပာၿပီးသည္ႏွင့္ စုလင္း မ်က္ေမွာင္ၾကဳတ္ကာ ေခါင္းေလးကို ေစာင္းငဲ့လိုက္မိသည္။
သူဘယ္အခ်ိန္ကတည္းက ဒီေလာက္ထိ ကပ္ေနရတာလဲ။
လုံေမာ့ထန္
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အရယ္ခ်င္ဆုံးက ကိုယ္ေတြက ႐ွန္းမိုယြီကို စုလင္းနဲ႔ကုလီဟန္ရဲ႕ ကေလးေလးလို႔ ေတြးေနခ်ိန္မွာ ဟိုက စုလင္းကို သားတဲ့😂အူတက္ေနၿပီ။ ေနာက္တစ္ပိုင္း နက္ျဖန္ တင္ေပးမယ္ေနာ္❤
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jue Freesia🦋