Burmese Translation of "Doomed to be Cannon Fodder".
Translator - NC
(၂၀၁) စစ်ရေး အကြံပေးကို လုပ်ကြံ
ပိုင်ရှန်းရှို့ လက်ညိုးထိုးပြလိုက်တဲ့နေရာကို စစ်ရေးအကြံပေးလှမ်းကြည့်လိုက်ပေမဲ့ ဘာမှ မတွေ့ဘူး။
"အလင်းရောင်က ဆန်းကြယ်လိုက်တာနော်၊ သိပ်လှနေတော့တာပဲ" သူ မမြင်မိလိုက်တာနေမှာလို့ပဲ စစ်ရေးအကြံပေးက ယူဆလိုက်တယ်။ ဒါပေမဲ့ ဒီထူးခြားတဲ့ အရာကို အလှလေးက သိပ်ကို သဘောကျသွားတာဆိုတော့ သူ သေချာ မြင်အောင် ကြည့်မှ ဖြစ်မယ်လေ။ မမျှော်လင့်ပါဘဲ အမှောင်ရိပ်ထဲကနေ လူရိပ်တစ်ရိပ် ထွက်လာလေတယ်။ ဒီလူအရိပ်က လျင်တယ်၊ ဒါပေမဲ့ သူ့ဓားက ပိုတောင် လျင်နေသေးတယ်။
စစ်ရေးအကြံပေးက သူ့လက်နက်သူ ပြန်ထုတ်ပြီး ဝင်လာတဲ့ ဓားချက်ကို ကာကွယ်လိုက်နိုင်သေးတယ်။ ဒါပေမဲ့ သူ့နောက်ကနေ နောက်တစ်ယောက်က တိုက်ခိုက်လာမယ် မထင်ခဲ့ဘူး။ ရှေ့က လာတဲ့ ဓားချက်ကို ခုခံကာကွယ်နေတုန်းမှာ နောက်ကျောက လက်ဝါးချက် မိသွားခဲ့တယ်။ သေလောက်တဲ့ အရှိန်ပဲ၊ သူ့နှလုံးက သွေးကြောတွေပါ ပေါက်ထွက်သွားလေတယ်။ အော်ဖို့တောင် အချိန်မရလိုက်ဘူး၊ ပါးစပ်ထဲကနေ သွေးတွေ ထွက်လာပြီး အသံမထွက် သေသွားတော့တယ်။
ပိုင်ရှန်းရှို့လဲ လန့်သွားတာပဲ။ သူတို့ သူ့ကို ဘာလို့ သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်ရတာလဲ။ သူမက ထွက်ပြေးလို့ရအောင်လို့သာ စစ်ရေးအကြံပေးကို မေ့အောင် ရိုက်လိုက်စေချင်တာ။ ဒီလိုမျိုး ရက်စက်ခက်ထန်စွာ ကိစ္စတုံးပစ်လိုက်မယ် မထင်ထားမိဘူး။ အရင်တုန်းက အတွေ့အကြုံတွေအရဆို သူမ မေ့လဲသွားမှာ၊ ဒါပေမဲ့ မေ့လဲမသွားအောင် မနည်း တောင့်ခံနေရတယ်။ လက်တစ်ဖက်ကို ရင်ဘတ်မှာ ဖိထားပြီး နောက်လက်တစ်ဖက်ကယွီခွမ်းကို အမှီသဘော အားပြုထားလိုက်ရတယ်။ ယွီခွမ်းက သူမကို ကျောပိုးလိုက်ပြီး ညအမှောင်ကို အကာအကွယ်ယူကာ စစ်စခန်းထဲကနေ ထွက်လာလိုက်တော့လေတယ်။
သူတို့ သုံးယောက် ရန်သူ့စစ်စခန်းထဲ ခိုးဝင်ပြီး လူမသိ သူမသိ လူတစ်ယောက်ကို သတ်လာတာ။ ဒီကြားမှာ အဖုအထစ် ခလုတ်ကန်သင်းမတွေ့တာ အတော်ကံကောင်းတာပဲ။ ပိုင်ရှန်းရှို့သာ စစ်ရေးအကြံပေးကို ငြို့ငင် မမြူဆွယ်ထားနိုင်ရင်၊ ဒါမှမဟုတ် သူတို့ မသတ်သေးဘဲ စက္ကန့်ပိုင်းလောက် တွေဝေနေမိရင်ကို ရန်သူ့စစ်စခန်းထဲကနေ ဘေးမသီရန်မခ ထွက်လာနိုင်မှာ မဟုတ်ဘူး။
သူတို့ သုံးယောက်စလုံး အခုလို လွတ်လွတ်ကျွတ်ကျွတ် ထွက်လာနိုင်တာကို အံ့သြနေမိကြတယ်။ သူတို့ ပုန်းမဲ့နေရာကို ရောက်တော့မှ ပိုင်ရှန်းရှို့လဲ သတိလစ်သွားလေတယ်။ သူမ အချိန်တစ်ခုလောက်အထိ မေ့နေပြီးမှ သတိပြန်ရလာတယ်။ 'ငါ သွေးကြောက်တဲ့ ရောဂါကြီးကလဲ အရေးအကြောင်းဆို အဆင်မပြေလိုက်တာ...! ဒါ စစ်မြေပြင်ကြီးဟယ်၊ တစ်ချိန်လုံး သတိလစ်နေလို့မှ မရတာနော်' သူမ မော်ဒန်ခေတ်မှာတုန်းက ဒီပြဿနာ မရှိခဲ့ပါဘူး။ ပိုင်ရှန်းရှို့ မျက်မှောင်ကြုတ်လိုက်ပြီးတော့ အားချွမ်ကို ပြောလိုက်တော့တယ်။ "တို့ကို ကြက်သေတစ်ကောင် ရှာပေး"
"ဒါပေမဲ့ ခင်ဗျားက သွေးမြင်တာနဲ့ မူးမေ့တတ်တယ်လေ" စုန့်ကျောင်းယွဲ့ နဖူးကို အသာတွန့်လိုက်ရင်း ပြန်ပြောလေတယ်။
"ကျွန်မ ဒီအကြောက်တရားကြီးနဲ့ ဆက်နေလို့ မဖြစ်တော့ဘူး၊ တစ်ချိန်လုံး ကျွန်မက မေ့လဲနေရင် မင်းသားကို ဘယ်လို ကယ်လို့ရတော့မလဲ၊ ကျွန်မ ခန္ဓာကိုယ်ကလဲ ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး..." ပိုင်ရှန်းရှို့တစ်ယောက် အရံဇာတ်ကောင် ခန္ဓာကိုယ်ကြီးကို စိတ်ကုန်လာပြီရယ်။
စုန့်ကျောင်းယွဲ့ သူမ လက်မောင်းကို ဆွဲထားလိုက်ပြီး ဆိုတယ်။ "အလျင်လိုဖို့ မလိုပါဘူး၊ အခုတော့ ခဏနားလိုက်ပါ... သံကြိုးတွဲ မြင်းတပ် စစ်ခင်းပုံကို ဖြိုခွင်းဖို့ နည်းလမ်းပဲ အရင် စဉ်းစားတာပေါ့၊ ဒီအထိ ခင်ဗျား လိုက်လာရတဲ့ ရည်ရွယ်ချက်ကလဲ ဒီဗျူဟာကို ဖြိုခွင်းဖို့ မဟုတ်လား"
"ဟုတ်တယ်... ဒါပေမဲ့ ကျွန်မ အဲ့ဗျူဟာခွင်းမဲ့နည်း စဉ်းစားအဖြေထုတ်ပြီးသွားပြီ"
"မြန်လှချည်လား"
"ဟုတ်တယ်၊ ဒါပေမဲ့ ကျွန်မ မြို့ထဲကို ဝင်မှ ဖြစ်မယ်၊ ဒီလူစုလောက်နဲ့ အဲ့ဒီဗျူဟာကို ဖြိုခွင်းအနိုင်ယူနိုင်စရာ အကြောင်းမရှိဘူး"
ဒါပေမဲ့ သူတို့ မြို့ထဲကို ဘယ်လို ဝင်လို့ရပါ့မလဲ။ မြို့တံတိုင်းပတ်ပတ်လည်ကို ရန်သူစစ်တပ်က ဝိုင်းထားတာ။ မြို့တံခါးကြီးကိုလဲ အထဲကနေ လုံနေအောင် ပိတ်ထားပြန်တယ်။ အကြောင်းရင်း ခိုင်ခိုင်လုံလုံ မရှိဘဲနဲ့ တံခါးဖွင့်ပေးမှာ မဟုတ်ဘူး။ ဒီကိစ္စက သူတို့ အရင်ကျော်လွှားရမဲ့ ပြဿနာကြီး ဖြစ်လို့နေတယ်။ ယွီခွမ်း တစ်ခဏတော့ စဉ်းစားလိုက်တယ်။ "ကျုပ် တစ်ယောက်တည်း ဝင်သွားလို့တော့ရတယ်၊ ပြောချင်တာတွေကို စာတစ်ရွက်မှာ ချရေးပေးလိုက်... ခင်ဗျားစကားကို သူတို့ဆီ ယူသွားပေးလိုက်မယ်"
"ဒါက နောက်ရမဲ့ အချိန်မဟုတ်ဘူး၊ မြို့တံတိုင်းက သိပ်မြင့်လွန်းတာ၊ မင်း တံတိုင်းကျော်တက်ဖို့ လုပ်နေတာကို ရန်သူတပ်က မြင်တာနဲ့ မျှားနဲ့ ပစ်ချမှာပဲ... အဲ့သလ်ုဆို မင်းအတွက် အန္တရာယ်ရှိနိုင်တယ်"
"အာရုံလွှဲဖို့ တစ်ခုခုလုပ်ကြမယ်လေ၊ ရန်သူတွေ သူ့ကို သတိမထားမိအောင်လို့... အခြား ဆန့်ကျင်ဘက် အရပ်မျက်နှာမှာ မွှေကြမယ်၊ အဲ့အချိန် ယွီခွမ်းက ခိုးဝင်ပေါ့လေ" ပိုင်ရှန်းရှို့ ချက်ချင်း အကြံပြုလိုက်တယ်။ ဒါက စစ်တိုက်တဲ့ ရုပ်ရှင်တွေ ကြည့်ပြီး ကြီးပျင်းလာတဲ့ မိန်းကလေးတစ်ယောက်ဆီက ထွက်လာသင့်တဲ့ တုံ့ပြန်မှုမျိုးပါပဲ။ ဒါပေမဲ့ စုန့်ကျောင်းယွဲ့နဲ့ ယွီခွမ်းအတွက်ကတော့ အံ့အားသင့် သြချရလောက်တဲ့ စကားမျိုး ဖြစ်နေတယ်။ ပုံမှန်အားဖြင့်၊ အိမ်အနောက်ဆောင်မှာသာ နေရတဲ့ ကိုယ်လုပ်တော်တစ်ယောက်အတွက် အကြီးမားဆုံး စွမ်းဆောင်ရည်ဆိုတာဟာ သားယောက်ျားလေး မွေးပေးနိုင်ဖို့လောက်ပဲရှိတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးလေးကတော့ စစ်မြေပြင်မှာ ဗျူဟာတွေ စဉ်းစားပေးနိုင်တယ်။ ပြီးတော့ သူမရဲ့ အကြံပြုချက်တွေက သိပ်ကောင်းပြီး အသုံးဝင်နေတယ်။ သူမက အမြင်တင့်တယ်ရုံလောက် ရိုးရှင်းသူ မဟုတ်ဘူးပဲ။
"ခင်ဗျား... ဒါတွေ အကုန်လုံး ဘယ်လိုလုပ် သိနေတာလဲ"
"ကျွန်မက စာဖတ်တယ်လေ" ပိုင်ရှန်းရှို့ ခပ်တည်တည်နဲ့ ရွှီးလိုက်တယ်။ အံ့အားသင့်စရာပဲ၊ အားလုံးက သူမရဲ့ ဆင်ခြေကို ယုံကြတယ်လေ။
စုန့်ကျောင်းယွဲ့ ပါးစပ်ဟလာတော့တယ်။ သူလဲပဲ စာအုပ်တွေ အများကြီး ဖတ်ဖူးတာပဲလေ။
"ခင်ဗျားက စစ်ရေးဗျူဟာ စာအုပ်တွေပါ ဖတ်တာလား"
"အင်း၊ ဖတ်ဖူးတယ်" ပိုင်ရှန်းရှို့ တကယ်ကြီး စစ်ရေးဗျူဟာကျမ်းတွေ ဖတ်ဖူးတယ်။ ဒါတော့ တကယ်ပဲ၊ လိမ်ပြောနေတာ မဟုတ်ဘူး။ စုန့်ကျောင်းယွဲ့ ကောင်းကင်ကြီးကို မော့ကြည့်နေမိတော့တယ်။ စာပပညာရှိမျိုးရိုးက ဆင်းသက်လာသူ ပီသပါပေတယ်။ လောကက စာအုပ်မျိုးစုံကို လေ့လာဖတ်မှတ်ဖူးတယ်။
"ဒါဆို ကျုပ်တို့ ဘာလုပ်ကြရမလဲ" ယွီခွမ်းကတော့ သိပ်စိတ်ပူမနေဘူး။ သူ ဘာမှ တွေဝေတုံ့ဆိုင်းမနေဘဲ အစီအစဉ်ကို သဘောတူလိုက်တယ်။ စုန့်ကျောင်းယွဲ့မှာ ရွေးချယ်စရာ မရှိတော့ဘူး၊ အခုချိန်မှာ သူ ရန်သူကို အာရုံ ဘယ်လို လွှဲရမယ်ဆိုတဲ့ နည်းလမ်းရှာဖို့သာ အာရုံစိုက်ရတော့တယ်။
ဒါပေမဲ့ ပိုင်ရှန်းရှို့ကတော့ နည်းလမ်းတစ်ခု စဉ်းစားမိပြီးသွားပြီ။ အရင်ဆုံး သူမ လုံဟန့်အတွက် စာတစ်စောင်ရေးတယ်။ စာထဲမှာ မြင်းတွဲ ဗျူဟာကို ဘယ်လို အနိုင်ယူရမယ်ဆိုတဲ့ နည်းလမ်းတွေ အသေးစိတ်ရေးပေးထားတယ်။ သူမ စာကို ရေးဖို့ အချိန်အကြာကြီးယူလိုက်တယ်။ ဘာလို့ဆို တတ်နိုင်သမျှ အသေးစိတ်ကျအောင် စေ့စေ့စပ်စပ်ဖြစ်စေချင်လို့လေ။ စုန့်ကျောင်းယွဲ့က စာကို လှမ်းတောင် မဖတ်ကြည့်ရဲဘူး။ သူမ လုံဟန့်ကို သတိရကြောင်း၊ လွမ်းဆွတ်ကြောင်းတွေပါ ထည့်ရေးထားမှာ စိုးလို့တဲ့လေ။ သူ ထောင့်တစ်နေရာမှာသာ ကြေကွဲဝမ်းနည်းနေဟန်နဲ့ မှိုင်ထိုင်နေတော့တယ်။ ဒါပေမဲ့ ပိုင်ရှန်းရှို့က စာရေးပြီးတာနဲ့ သူ့ကို ပြန်စစ်ခိုင်းတော့တာပဲ။ "သခင်စုန့် တစ်ချက်လောက် ပြန်ကြည့်ပေးလို့ရမလား၊ ကျွန်မ ရေးတဲ့အထဲ အရေးကြီးတာတွေ ကျန်ခဲ့မှာစိုးလို့"
"အာ၊ ကျွန်တော် ကြည့်လို့ရတယ်လား" 'သူ့ချစ်သဝဏ်လွှာ မေတ္တာစာကို ငါ ဖတ်လို့ ရတယ်ပေါ့' ဒါပေမဲ့ စာပါ အကြောင်းအရာကို သူ ဖတ်ပြီးတဲ့ အခါမှာတော့ အံ့အားသင့်သွားရတော့တယ်။ မိန်းမတစ်ယောက်ဖြစ်ပေမဲ့လို့ ပိုင်ရှန်းရှို့ရဲ့ စာဟာ အသေးစိတ်ကျပြီး လိုရင်းကို တိုက်ရိုက်ရောက်အောင် ရေးနိုင်တယ်။ သူမ ခံစားချက်ပေါ်လွင်စေမဲ့ အရေးမျိုး တစ်ကြောင်းတလေတောင် မပါဘူး။ စာတစ်စောင်လုံးမှာ ဗျူဟာခွင်းမဲ့ တပ်အတွက် လေ့ကျင့်ရေး နည်းလမ်း အဆင့်ဆင့်တွေ၊ တံစဉ်းသုံးတတ်အောင် တပ်သားတွေကို ဘယ်လို လေ့ကျင့်ပေးရမယ်ဆိုတာတွေ၊ ပြီးတော့ နောက်ဆုံးတန်းက မြင်းတွေက ရှေ့က မြင်းတွေကို နင်းသတ်မိအောင်လို့ ဘယ်လို လုပ်ရမယ်ဆိုတာတွေ၊ အစရှိတဲ့ နည်းစနစ်တွေ တစ်ခုချင်းကို ရှင်းရှင်းလင်းလင်း ပြတ်ပြတသားသား လိုရင်းရောက်အောင် ရေးထားတာ။ မိန်းကလေးက ချစ်သူဆီ ပို့တဲ့ ဒီစာမှာ ချစ်ကြောင်း လွမ်းကြောင်းတွေ မပါဘဲ၊ သတ်တာ ဖြတ်တာတွေချည်း ပါနေတာ။
သူမ စာက အသေးစိတ်လဲ ကျတယ်၊ နားလည်ရလဲ လွယ်တာမို့ သူ သူမကို မချီးကျူးပဲ မနေနိုင်ခဲ့ဘူး။ "ဒါ နည်းလမ်းကောင်းပဲ၊ မဟုတ်ဘူး၊ သိပ်ကို ပြောင်မြောက်တဲ့ နည်းဗျူဟာ... ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီနည်းလမ်းကို စဉ်းစားမိသွားတာလဲ၊ ခင်ဗျားရဲ့ ဒီနည်းလမ်းက မြင်းတွဲ စစ်ခင်းပုံကို ဖြိုခွင်းနိုင်ရုံတင်မကဘူး၊ ရန်သူ စစ်တပ်ကိုပါ စိတ်ဓာတ်ပျက်ပြားသွားစေနိုင်တယ်"
သူ့မျက်ဝန်းတွေက အရောင်တောက်ပလို့နေတော့တယ်။ သူ ပိုင်ရှန်းရှို့ကိုလဲ တစ်ချိန်လုံး ကာကွယ်ပေးဖို့ လိုတဲ့ အနောက်ဆောင်က ကိုယ်လုပ်တော်တစ်ပါးလို့ မမြင်တော့ဘူး။ တစ်ချိန်တည်းမှာပဲ၊ အရင်တုန်းက သူမဟာ ကိုယ်လုပ်တော်တစ်ပါးသာ ဖြစ်ပေရက်နဲ့ သူ့ကို ဘာကြောင့် စွဲဆောင်ရဲသလဲဆိုတာကို သူ သဘောပေါက်သွားတော့တယ်။ သူမဟာ ကိုယ်အလိုရှိတဲ့အရာ ကိုယ် ကောင်းကောင်းသိတတ်ပြီး ဘယ်လို အရယူရမယ်ဆိုတာကို သိတတ်သူ၊ အရယူဖို့ ကြိုးစားတတ်သူပဲ။ သူ သူမကို ငြင်းလိုက်တဲ့အခါမှာလဲ အချိန်အကြာကြီး တွယ်ငြိမနေဘဲ ဝမ်းနည်း ကြေကွဲနေတာတောင် ပြန်ထူထောင်ထလာနိုင်ခဲ့တယ်။ ဒါကြောင့်မို့ပဲ၊ စုန့်ကျောင်းယွဲ့အတွက် ပိုင်ရှန်းရှို့က ပိုလို့ကို စွဲဆောင်မှုရှိကာ မက်မောစရာ ဖြစ်နေခဲ့တာ။ သူမ ဘေးနားမှာ ရပ်နေခွင့်ရတာနဲ့ကို သူ့အတွက် ကျေနပ်စရာ ဖြစ်နေပြီလေ။
"စာ ဖတ်ကြည့်လို့ ပြီးသွားပြီလား" သူမ အမှားတစ်ခုခု ဟာကွက် တစ်နေရာရာ ပါသွားမိတယ်လို့ ပိုင်ရှန်းရှို့ ထင်သွားမိတယ်။ မဟုတ်ရင် သူ စာကို အကြာကြီး ငေးကြည့်နေတော့မှာလဲ။
"အင်း၊ ရေးထားတာ သိပ်ကောင်းတယ်၊ လုံဟန့် ဒီစာကို ဖတ်ရရင် သိပ်ဝမ်းသာသွားမှာ" 'မင်းလို အမျိုးသမီးမျိုး သူပိုင်ဆိုင်ရတဲ့အတွက် သိပ်ဝမ်းသာသွားမှာ၊ မင်းသာ ကိုယ်လုပ်တော်အဆင့်မဟုတ်ဘဲ ပဏာမကြင်ယာတော်ဆို ဘယ်လောက်ကောင်းမလဲ၊ နိမ့်ကျလွန်းတဲ့ ကိုယ်လုပ်တော်အဆင့်မျိုးနဲ့ မင်းလို မိန်းကလေးက မလိုက်ဖက်ပါဘူး'
သူ့ထင်မြင်ချက်ကို ပြန်ကြားရတော့ ပိုင်ရှန်းရှို့ အတော်လေး ဝမ်းသာသွားမိတော့တယ်။ သူမ စာကို ယွီခွမ်းလက်ထဲ ချက်ချင်း ထည့်ပေးလိုက်တော့တာပဲ။ "ကျွန်မ စစ်မြေပြင်က အခြေအနေတွေကို အသားကျသွားတော့မှ စလှုပ်ရှားမယ်လို့ စဉ်းစားခဲ့တာပဲ၊ ဒါပေမဲ့ ရှင်က ရှင့်ဖာသာ တံတိုင်းကို ကျော်တက်လို့ ရတယ်ဆိုတော့ ကျွန်မ ကြက်သေသုံးစရာ မလိုတော့ဘူးပေါ့... ရန်သူကိုပဲ အသုံးချကြရအောင်"
"ခင်ဗျား ဘာကို ဆိုလိုတာလဲ" စုန့်ကျောင်းယွဲ့ ပြုံးကာ မေးလိုက်တယ်။ သူမမျက်ဝန်းတွေထဲက မိမိကိုယ်ကိုယ် ယုံကြည်မှုကို သူ မြင်ရတယ်လေ။ သူမ ရန်သူကို အာရုံလွှဲနိုင်မဲ့ နည်းလမ်း စဉ်းစားထားပြီးပြီနဲ့တူရဲ့။
ပိုင်ရှန်းရှို့ အားချွမ်ကို လက်ညိုးထိုးပြလိုက်တယ်။ "အားချွမ်၊ မြင်းတစ်ကောင်ရဲ့ အနောက်မှာ သစ်ကိုင်းအကြီးကြီးတစ်ခု တရွတ်ဆွဲ ချည်လိုက်၊ ပြီးတော့ ခဏနေကျရင် ရန်သူ့ တပ်စခန်းရှေ့ကနေ ပတ်စီးနေလိုက်... လူတွေအများကြီး ခြုံခိုတိုက်ခိုက်ဖို့ ရှိနေသလို ပုံစံပေါက်အောင်လို့... သခင်စုန့်ကတော့... လေးမျှားအတတ်ကျွမ်းတယ် မဟုတ်လား"
"ဟုတ်၊ ရပါတယ်" ဘာကြောင့်မှန်း မသိဘူး၊ စုန့်ကျောင်းယွဲ့ သိပ်ပြီး စိတ်အား ထက်သန်မိနေတယ်။
"ဆီစိမ်ထားတဲ့ အဝတ်စကို မျှားဦးမှာ ချည်ပြီး ရန်သူ တပ်စခန်းကို မီးရှို့ဖို့ ပစ်ပေးပါ၊ အခု သူတို့ရဲ့ စစ်ရေးအကြံပေး လုပ်ကြံခံလိုက်ရပြီဆိုတော့ အတော်လေးတော့ ဗျာများနေကြမှာ... အခုနေ ကျွန်မတို့ တိုက်ခိုက်လိုက်ရင် သူတို့ ယုန်ထင်ကြောင်ထင် ထင်တော့မယ်၊ တစ်ဖက်က တိုက်စစ်ဆင်လာပြီလို့ ထင်ကြမှာပဲ... သူတို့ ဒီဘက်ကို အာရုံစိုက်လာပြီဆိုတာနဲ့ ယွီခွမ်းက မြို့ထဲကို ဘေးအန္တရာယ်ကင်းကင်း ဝင်သွားနိုင်မယ်"
ပိုင်ရှန်းရှို့ရဲ့ အစီအစဉ်ကို နားထောင်ရင်း စုန့်ကျောင်းယွဲ့ ခေါင်းတညိတ်ညိတ် ဖြစ်နေမိတော့တယ်။ "ကျွန်တော်တို့ လှုပ်ရှားတာကို အခုချက်ချင်း လုပ်တာကောင်းမယ်၊ မနက်ဖြန်ညမှ လုပ်ရင် သူတို့ဘက်က သတိရှိသွားပြီး အစောင့်အကြပ်ထူထပ်နေလောက်ပြီ"
____
[Zawgyi]
Burmese Translation of "Doomed to be Cannon Fodder".
Translator - NC
(၂၀၁) စစ္ေရး အႀကံေပးကို လုပ္ႀကံ
ပိုင္ရွန္းရိႈ႔ လက္ညိုးထိုးျပလိုက္တဲ့ေနရာကို စစ္ေရးအႀကံေပးလွမ္းၾကည့္လိုက္ေပမဲ့ ဘာမွ မေတြ့ဘူး။
"အလင္းေရာင္က ဆန္းၾကယ္လိုက္တာေနာ္၊ သိပ္လွေနေတာ့တာပဲ" သူ မျမင္မိလိုက္တာေနမွာလို႔ပဲ စစ္ေရးအႀကံေပးက ယူဆလိုက္တယ္။ ဒါေပမဲ့ ဒီထူးျခားတဲ့ အရာကို အလွေလးက သိပ္ကို သေဘာက်သြားတာဆိုေတာ့ သူ ေသခ်ာ ျမင္ေအာင္ ၾကည့္မွ ျဖစ္မယ္ေလ။ မေမ်ွာ္လင့္ပါဘဲ အေမွာင္ရိပ္ထဲကေန လူရိပ္တစ္ရိပ္ ထြက္လာေလတယ္။ ဒီလူအရိပ္က လ်င္တယ္၊ ဒါေပမဲ့ သူ႔ဓားက ပိုေတာင္ လ်င္ေနေသးတယ္။
စစ္ေရးအႀကံေပးက သူ႔လက္နက္သူ ျပန္ထုတ္ၿပီး ဝင္လာတဲ့ ဓားခ်က္ကို ကာကြယ္လိုက္ႏိုင္ေသးတယ္။ ဒါေပမဲ့ သူ႔ေနာက္ကေန ေနာက္တစ္ေယာက္က တိုက္ခိုက္လာမယ္ မထင္ခဲ့ဘူး။ ေရ႔ွက လာတဲ့ ဓားခ်က္ကို ခုခံကာကြယ္ေနတုန္းမွာ ေနာက္ေက်ာက လက္ဝါးခ်က္ မိသြားခဲ့တယ္။ ေသေလာက္တဲ့ အရိွန္ပဲ၊ သူ႔ႏွလံုးက ေသြးေၾကာေတြပါ ေပါက္ထြက္သြားေလတယ္။ ေအာ္ဖို႔ေတာင္ အခ်ိန္မရလိုက္ဘူး၊ ပါးစပ္ထဲကေန ေသြးေတြ ထြက္လာၿပီး အသံမထြက္ ေသသြားေတာ့တယ္။
ပိုင္ရွန္းရိႈ႔လဲ လန္႔သြားတာပဲ။ သူတို႔ သူ႔ကို ဘာလို႔ ေသြးေအးေအးနဲ႔ သတ္ပစ္လိုက္ႏိုင္ရတာလဲ။ သူမက ထြက္ေျပးလို႔ရေအာင္လို႔သာ စစ္ေရးအႀကံေပးကို ေမ့ေအာင္ ရိုက္လိုက္ေစခ်င္တာ။ ဒီလိုမ်ိဳး ရက္စက္ခက္ထန္စြာ ကိစၥတံုးပစ္လိုက္မယ္ မထင္ထားမိဘူး။ အရင္တုန္းက အေတြ့အႀကံဳေတြအရဆို သူမ ေမ့လဲသြားမွာ၊ ဒါေပမဲ့ ေမ့လဲမသြားေအာင္ မနည္း ေတာင့္ခံေနရတယ္။ လက္တစ္ဖက္ကို ရင္ဘတ္မွာ ဖိထားၿပီး ေနာက္လက္တစ္ဖက္ကယြီခြမ္းကို အမွီသေဘာ အားျပဳထားလိုက္ရတယ္။ ယြီခြမ္းက သူမကို ေက်ာပိုးလိုက္ၿပီး ညအေမွာင္ကို အကာအကြယ္ယူကာ စစ္စခန္းထဲကေန ထြက္လာလိုက္ေတာ့ေလတယ္။
သူတို႔ သံုးေယာက္ ရန္သူ႔စစ္စခန္းထဲ ခိုးဝင္ၿပီး လူမသိ သူမသိ လူတစ္ေယာက္ကို သတ္လာတာ။ ဒီၾကားမွာ အဖုအထစ္ ခလုတ္ကန္သင္းမေတြ့တာ အေတာ္ကံေကာင္းတာပဲ။ ပိုင္ရွန္းရိႈ႔သာ စစ္ေရးအႀကံေပးကို ၿငိဳ႔ငင္ မျမဴဆြယ္ထားႏိုင္ရင္၊ ဒါမွမဟုတ္ သူတို႔ မသတ္ေသးဘဲ စကၠန္႔ပိုင္းေလာက္ ေတြေဝေနမိရင္ကို ရန္သူ႔စစ္စခန္းထဲကေန ေဘးမသီရန္မခ ထြက္လာႏိုင္မွာ မဟုတ္ဘူး။
သူတို႔ သံုးေယာက္စလံုး အခုလို လြတ္လြတ္ကြၽတ္ကြၽတ္ ထြက္လာႏိုင္တာကို အံ့ၾသေနမိၾကတယ္။ သူတို႔ ပုန္းမဲ့ေနရာကို ေရာက္ေတာ့မွ ပိုင္ရွန္းရိႈ႔လဲ သတိလစ္သြားေလတယ္။ သူမ အခ်ိန္တစ္ခုေလာက္အထိ ေမ့ေနၿပီးမွ သတိျပန္ရလာတယ္။ 'ငါ ေသြးေၾကာက္တဲ့ ေရာဂါႀကီးကလဲ အေရးအေၾကာင္းဆို အဆင္မေျပလိုက္တာ...! ဒါ စစ္ေျမျပင္ႀကီးဟယ္၊ တစ္ခ်ိန္လံုး သတိလစ္ေနလို႔မွ မရတာေနာ္' သူမ ေမာ္ဒန္ေခတ္မွာတုန္းက ဒီျပႆနာ မရိွခဲ့ပါဘူး။ ပိုင္ရွန္းရိႈ႔ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီးေတာ့ အားခြၽမ္ကို ေျပာလိုက္ေတာ့တယ္။ "တို႔ကို ၾကက္ေသတစ္ေကာင္ ရွာေပး"
"ဒါေပမဲ့ ခင္ဗ်ားက ေသြးျမင္တာနဲ႔ မူးေမ့တတ္တယ္ေလ" စုန္႔ေက်ာင္းယြဲ႔ နဖူးကို အသာတြန္႔လိုက္ရင္း ျပန္ေျပာေလတယ္။
"ကြၽန္မ ဒီအေၾကာက္တရားႀကီးနဲ႔ ဆက္ေနလို႔ မျဖစ္ေတာ့ဘူး၊ တစ္ခ်ိန္လံုး ကြၽန္မက ေမ့လဲေနရင္ မင္းသားကို ဘယ္လို ကယ္လို႔ရေတာ့မလဲ၊ ကြၽန္မ ခႏၶာကိုယ္ကလဲ ခံႏိုင္ရည္ ရိွမွာ မဟုတ္ဘူး..." ပိုင္ရွန္းရိႈ႔တစ္ေယာက္ အရံဇာတ္ေကာင္ ခႏၶာကိုယ္ႀကီးကို စိတ္ကုန္လာၿပီရယ္။
စုန္႔ေက်ာင္းယြဲ႔ သူမ လက္ေမာင္းကို ဆြဲထားလိုက္ၿပီး ဆိုတယ္။ "အလ်င္လိုဖို႔ မလိုပါဘူး၊ အခုေတာ့ ခဏနားလိုက္ပါ... သံႀကိဳးတြဲ ျမင္းတပ္ စစ္ခင္းပံုကို ၿဖိဳခြင္းဖို႔ နည္းလမ္းပဲ အရင္ စဉ္းစားတာေပါ့၊ ဒီအထိ ခင္ဗ်ား လိုက္လာရတဲ့ ရည္ရြယ္ခ်က္ကလဲ ဒီဗ်ူဟာကို ၿဖိဳခြင္းဖို႔ မဟုတ္လား"
"ဟုတ္တယ္... ဒါေပမဲ့ ကြၽန္မ အဲ့ဗ်ူဟာခြင္းမဲ့နည္း စဉ္းစားအေျဖထုတ္ၿပီးသြားၿပီ"
"ျမန္လွခ်ည္လား"
"ဟုတ္တယ္၊ ဒါေပမဲ့ ကြၽန္မ ၿမိဳ႔ထဲကို ဝင္မွ ျဖစ္မယ္၊ ဒီလူစုေလာက္နဲ႔ အဲ့ဒီဗ်ူဟာကို ၿဖိဳခြင္းအႏိုင္ယူႏိုင္စရာ အေၾကာင္းမရိွဘူး"
ဒါေပမဲ့ သူတို႔ ၿမိဳ႔ထဲကို ဘယ္လို ဝင္လို႔ရပါ့မလဲ။ ၿမိဳ႔တံတိုင္းပတ္ပတ္လည္ကို ရန္သူစစ္တပ္က ဝိုင္းထားတာ။ ၿမိဳ႔တံခါးႀကီးကိုလဲ အထဲကေန လံုေနေအာင္ ပိတ္ထားျပန္တယ္။ အေၾကာင္းရင္း ခိုင္ခိုင္လံုလံု မရိွဘဲနဲ႔ တံခါးဖြင့္ေပးမွာ မဟုတ္ဘူး။ ဒီကိစၥက သူတို႔ အရင္ေက်ာ္လႊားရမဲ့ ျပႆနာႀကီး ျဖစ္လို႔ေနတယ္။ ယြီခြမ္း တစ္ခဏေတာ့ စဉ္းစားလိုက္တယ္။ "က်ဳပ္ တစ္ေယာက္တည္း ဝင္သြားလို႔ေတာ့ရတယ္၊ ေျပာခ်င္တာေတြကို စာတစ္ရြက္မွာ ခ်ေရးေပးလိုက္... ခင္ဗ်ားစကားကို သူတို႔ဆီ ယူသြားေပးလိုက္မယ္"
"ဒါက ေနာက္ရမဲ့ အခ်ိန္မဟုတ္ဘူး၊ ၿမိဳ႔တံတိုင္းက သိပ္ျမင့္လြန္းတာ၊ မင္း တံတိုင္းေက်ာ္တက္ဖို႔ လုပ္ေနတာကို ရန္သူတပ္က ျမင္တာနဲ႔ မ်ွားနဲ႔ ပစ္ခ်မွာပဲ... အဲ့သလ္ုဆို မင္းအတြက္ အႏၲရာယ္ရိွႏိုင္တယ္"
"အာရံုလႊဲဖို႔ တစ္ခုခုလုပ္ၾကမယ္ေလ၊ ရန္သူေတြ သူ႔ကို သတိမထားမိေအာင္လို႔... အျခား ဆန္႔က်င္ဘက္ အရပ္မ်က္ႏွာမွာ ေမႊၾကမယ္၊ အဲ့အခ်ိန္ ယြီခြမ္းက ခိုးဝင္ေပါ့ေလ" ပိုင္ရွန္းရိႈ႔ ခ်က္ခ်င္း အႀကံျပဳလိုက္တယ္။ ဒါက စစ္တိုက္တဲ့ ရုပ္ရွင္ေတြ ၾကည့္ၿပီး ႀကီးပ်င္းလာတဲ့ မိန္းကေလးတစ္ေယာက္ဆီက ထြက္လာသင့္တဲ့ တံု႔ျပန္မႈမ်ိဳးပါပဲ။ ဒါေပမဲ့ စုန္႔ေက်ာင္းယြဲ႔နဲ႔ ယြီခြမ္းအတြက္ကေတာ့ အံ့အားသင့္ ၾသခ်ရေလာက္တဲ့ စကားမ်ိဳး ျဖစ္ေနတယ္။ ပံုမွန္အားျဖင့္၊ အိမ္အေနာက္ေဆာင္မွာသာ ေနရတဲ့ ကိုယ္လုပ္ေတာ္တစ္ေယာက္အတြက္ အႀကီးမားဆံုး စြမ္းေဆာင္ရည္ဆိုတာဟာ သားေယာက္်ားေလး ေမြးေပးႏိုင္ဖို႔ေလာက္ပဲရိွတယ္။ ဒါေပမဲ့ ဒီအမ်ိဳးသမီးေလးကေတာ့ စစ္ေျမျပင္မွာ ဗ်ူဟာေတြ စဉ္းစားေပးႏိုင္တယ္။ ၿပီးေတာ့ သူမရဲ့ အႀကံျပဳခ်က္ေတြက သိပ္ေကာင္းၿပီး အသံုးဝင္ေနတယ္။ သူမက အျမင္တင့္တယ္ရံုေလာက္ ရိုးရွင္းသူ မဟုတ္ဘူးပဲ။
"ခင္ဗ်ား... ဒါေတြ အကုန္လံုး ဘယ္လိုလုပ္ သိေနတာလဲ"
"ကြၽန္မက စာဖတ္တယ္ေလ" ပိုင္ရွန္းရိႈ႔ ခပ္တည္တည္နဲ႔ ရႊီးလိုက္တယ္။ အံ့အားသင့္စရာပဲ၊ အားလံုးက သူမရဲ့ ဆင္ေျခကို ယံုၾကတယ္ေလ။
စုန္႔ေက်ာင္းယြဲ႔ ပါးစပ္ဟလာေတာ့တယ္။ သူလဲပဲ စာအုပ္ေတြ အမ်ားႀကီး ဖတ္ဖူးတာပဲေလ။
"ခင္ဗ်ားက စစ္ေရးဗ်ူဟာ စာအုပ္ေတြပါ ဖတ္တာလား"
"အင္း၊ ဖတ္ဖူးတယ္" ပိုင္ရွန္းရိႈ႔ တကယ္ႀကီး စစ္ေရးဗ်ူဟာက်မ္းေတြ ဖတ္ဖူးတယ္။ ဒါေတာ့ တကယ္ပဲ၊ လိမ္ေျပာေနတာ မဟုတ္ဘူး။ စုန္႔ေက်ာင္းယြဲ႔ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ေနမိေတာ့တယ္။ စာပပညာရိွမ်ိဳးရိုးက ဆင္းသက္လာသူ ပီသပါေပတယ္။ ေလာကက စာအုပ္မ်ိဳးစံုကို ေလ့လာဖတ္မွတ္ဖူးတယ္။
"ဒါဆို က်ဳပ္တို႔ ဘာလုပ္ၾကရမလဲ" ယြီခြမ္းကေတာ့ သိပ္စိတ္ပူမေနဘူး။ သူ ဘာမွ ေတြေဝတံု႔ဆိုင္းမေနဘဲ အစီအစဉ္ကို သေဘာတူလိုက္တယ္။ စုန္႔ေက်ာင္းယြဲ႔မွာ ေရြးခ်ယ္စရာ မရိွေတာ့ဘူး၊ အခုခ်ိန္မွာ သူ ရန္သူကို အာရံု ဘယ္လို လႊဲရမယ္ဆိုတဲ့ နည္းလမ္းရွာဖို႔သာ အာရံုစိုက္ရေတာ့တယ္။
ဒါေပမဲ့ ပိုင္ရွန္းရိႈ႔ကေတာ့ နည္းလမ္းတစ္ခု စဉ္းစားမိၿပီးသြားၿပီ။ အရင္ဆံုး သူမ လံုဟန္႔အတြက္ စာတစ္ေစာင္ေရးတယ္။ စာထဲမွာ ျမင္းတြဲ ဗ်ူဟာကို ဘယ္လို အႏိုင္ယူရမယ္ဆိုတဲ့ နည္းလမ္းေတြ အေသးစိတ္ေရးေပးထားတယ္။ သူမ စာကို ေရးဖို႔ အခ်ိန္အၾကာႀကီးယူလိုက္တယ္။ ဘာလို႔ဆို တတ္ႏိုင္သမ်ွ အေသးစိတ္က်ေအာင္ ေစ့ေစ့စပ္စပ္ျဖစ္ေစခ်င္လို႔ေလ။ စုန္႔ေက်ာင္းယြဲ႔က စာကို လွမ္းေတာင္ မဖတ္ၾကည့္ရဲဘူး။ သူမ လံုဟန္႔ကို သတိရေၾကာင္း၊ လြမ္းဆြတ္ေၾကာင္းေတြပါ ထည့္ေရးထားမွာ စိုးလို႔တဲ့ေလ။ သူ ေထာင့္တစ္ေနရာမွာသာ ေၾကကြဲဝမ္းနည္းေနဟန္နဲ႔ မိႈင္ထိုင္ေနေတာ့တယ္။ ဒါေပမဲ့ ပိုင္ရွန္းရိႈ႔က စာေရးၿပီးတာနဲ႔ သူ႔ကို ျပန္စစ္ခိုင္းေတာ့တာပဲ။ "သခင္စုန္႔ တစ္ခ်က္ေလာက္ ျပန္ၾကည့္ေပးလို႔ရမလား၊ ကြၽန္မ ေရးတဲ့အထဲ အေရးႀကီးတာေတြ က်န္ခဲ့မွာစိုးလို႔"
"အာ၊ ကြၽန္ေတာ္ ၾကည့္လို႔ရတယ္လား" 'သူ႔ခ်စ္သဝဏ္လႊာ ေမတၲာစာကို ငါ ဖတ္လို႔ ရတယ္ေပါ့' ဒါေပမဲ့ စာပါ အေၾကာင္းအရာကို သူ ဖတ္ၿပီးတဲ့ အခါမွာေတာ့ အံ့အားသင့္သြားရေတာ့တယ္။ မိန္းမတစ္ေယာက္ျဖစ္ေပမဲ့လို႔ ပိုင္ရွန္းရိႈ႔ရဲ့ စာဟာ အေသးစိတ္က်ၿပီး လိုရင္းကို တိုက္ရိုက္ေရာက္ေအာင္ ေရးႏိုင္တယ္။ သူမ ခံစားခ်က္ေပၚလြင္ေစမဲ့ အေရးမ်ိဳး တစ္ေၾကာင္းတေလေတာင္ မပါဘူး။ စာတစ္ေစာင္လံုးမွာ ဗ်ူဟာခြင္းမဲ့ တပ္အတြက္ ေလ့က်င့္ေရး နည္းလမ္း အဆင့္ဆင့္ေတြ၊ တံစဉ္းသံုးတတ္ေအာင္ တပ္သားေတြကို ဘယ္လို ေလ့က်င့္ေပးရမယ္ဆိုတာေတြ၊ ၿပီးေတာ့ ေနာက္ဆံုးတန္းက ျမင္းေတြက ေရ႔ွက ျမင္းေတြကို နင္းသတ္မိေအာင္လို႔ ဘယ္လို လုပ္ရမယ္ဆိုတာေတြ၊ အစရိွတဲ့ နည္းစနစ္ေတြ တစ္ခုခ်င္းကို ရွင္းရွင္းလင္းလင္း ျပတ္ျပတသားသား လိုရင္းေရာက္ေအာင္ ေရးထားတာ။ မိန္းကေလးက ခ်စ္သူဆီ ပို႔တဲ့ ဒီစာမွာ ခ်စ္ေၾကာင္း လြမ္းေၾကာင္းေတြ မပါဘဲ၊ သတ္တာ ျဖတ္တာေတြခ်ည္း ပါေနတာ။
သူမ စာက အေသးစိတ္လဲ က်တယ္၊ နားလည္ရလဲ လြယ္တာမို႔ သူ သူမကို မခ်ီးက်ူးပဲ မေနႏိုင္ခဲ့ဘူး။ "ဒါ နည္းလမ္းေကာင္းပဲ၊ မဟုတ္ဘူး၊ သိပ္ကို ေျပာင္ေျမာက္တဲ့ နည္းဗ်ူဟာ... ခင္ဗ်ား ဘယ္လိုလုပ္ၿပီး ဒီနည္းလမ္းကို စဉ္းစားမိသြားတာလဲ၊ ခင္ဗ်ားရဲ့ ဒီနည္းလမ္းက ျမင္းတြဲ စစ္ခင္းပံုကို ၿဖိဳခြင္းႏိုင္ရံုတင္မကဘူး၊ ရန္သူ စစ္တပ္ကိုပါ စိတ္ဓာတ္ပ်က္ျပားသြားေစႏိုင္တယ္"
သူ႔မ်က္ဝန္းေတြက အေရာင္ေတာက္ပလို႔ေနေတာ့တယ္။ သူ ပိုင္ရွန္းရိႈ႔ကိုလဲ တစ္ခ်ိန္လံုး ကာကြယ္ေပးဖို႔ လိုတဲ့ အေနာက္ေဆာင္က ကိုယ္လုပ္ေတာ္တစ္ပါးလို႔ မျမင္ေတာ့ဘူး။ တစ္ခ်ိန္တည္းမွာပဲ၊ အရင္တုန္းက သူမဟာ ကိုယ္လုပ္ေတာ္တစ္ပါးသာ ျဖစ္ေပရက္နဲ႔ သူ႔ကို ဘာေၾကာင့္ စြဲေဆာင္ရဲသလဲဆိုတာကို သူ သေဘာေပါက္သြားေတာ့တယ္။ သူမဟာ ကိုယ္အလိုရိွတဲ့အရာ ကိုယ္ ေကာင္းေကာင္းသိတတ္ၿပီး ဘယ္လို အရယူရမယ္ဆိုတာကို သိတတ္သူ၊ အရယူဖို႔ ႀကိဳးစားတတ္သူပဲ။ သူ သူမကို ျငင္းလိုက္တဲ့အခါမွာလဲ အခ်ိန္အၾကာႀကီး တြယ္ၿငိမေနဘဲ ဝမ္းနည္း ေၾကကြဲေနတာေတာင္ ျပန္ထူေထာင္ထလာႏိုင္ခဲ့တယ္။ ဒါေၾကာင့္မို႔ပဲ၊ စုန္႔ေက်ာင္းယြဲ႔အတြက္ ပိုင္ရွန္းရိႈ႔က ပိုလို႔ကို စြဲေဆာင္မႈရိွကာ မက္ေမာစရာ ျဖစ္ေနခဲ့တာ။ သူမ ေဘးနားမွာ ရပ္ေနခြင့္ရတာနဲ႔ကို သူ႔အတြက္ ေက်နပ္စရာ ျဖစ္ေနၿပီေလ။
"စာ ဖတ္ၾကည့္လို႔ ၿပီးသြားၿပီလား" သူမ အမွားတစ္ခုခု ဟာကြက္ တစ္ေနရာရာ ပါသြားမိတယ္လို႔ ပိုင္ရွန္းရိႈ႔ ထင္သြားမိတယ္။ မဟုတ္ရင္ သူ စာကို အၾကာႀကီး ေငးၾကည့္ေနေတာ့မွာလဲ။
"အင္း၊ ေရးထားတာ သိပ္ေကာင္းတယ္၊ လံုဟန္႔ ဒီစာကို ဖတ္ရရင္ သိပ္ဝမ္းသာသြားမွာ" 'မင္းလို အမ်ိဳးသမီးမ်ိဳး သူပိုင္ဆိုင္ရတဲ့အတြက္ သိပ္ဝမ္းသာသြားမွာ၊ မင္းသာ ကိုယ္လုပ္ေတာ္အဆင့္မဟုတ္ဘဲ ပဏာမၾကင္ယာေတာ္ဆို ဘယ္ေလာက္ေကာင္းမလဲ၊ နိမ့္က်လြန္းတဲ့ ကိုယ္လုပ္ေတာ္အဆင့္မ်ိဳးနဲ႔ မင္းလို မိန္းကေလးက မလိုက္ဖက္ပါဘူး'
သူ႔ထင္ျမင္ခ်က္ကို ျပန္ၾကားရေတာ့ ပိုင္ရွန္းရိႈ႔ အေတာ္ေလး ဝမ္းသာသြားမိေတာ့တယ္။ သူမ စာကို ယြီခြမ္းလက္ထဲ ခ်က္ခ်င္း ထည့္ေပးလိုက္ေတာ့တာပဲ။ "ကြၽန္မ စစ္ေျမျပင္က အေျခအေနေတြကို အသားက်သြားေတာ့မွ စလႈပ္ရွားမယ္လို႔ စဉ္းစားခဲ့တာပဲ၊ ဒါေပမဲ့ ရွင္က ရွင့္ဖာသာ တံတိုင္းကို ေက်ာ္တက္လို႔ ရတယ္ဆိုေတာ့ ကြၽန္မ ၾကက္ေသသံုးစရာ မလိုေတာ့ဘူးေပါ့... ရန္သူကိုပဲ အသံုးခ်ၾကရေအာင္"
"ခင္ဗ်ား ဘာကို ဆိုလိုတာလဲ" စုန္႔ေက်ာင္းယြဲ႔ ၿပံဳးကာ ေမးလိုက္တယ္။ သူမမ်က္ဝန္းေတြထဲက မိမိကိုယ္ကိုယ္ ယံုၾကည္မႈကို သူ ျမင္ရတယ္ေလ။ သူမ ရန္သူကို အာရံုလႊဲႏိုင္မဲ့ နည္းလမ္း စဉ္းစားထားၿပီးၿပီနဲ႔တူရဲ့။
ပိုင္ရွန္းရိႈ႔ အားခြၽမ္ကို လက္ညိုးထိုးျပလိုက္တယ္။ "အားခြၽမ္၊ ျမင္းတစ္ေကာင္ရဲ့ အေနာက္မွာ သစ္ကိုင္းအႀကီးႀကီးတစ္ခု တရြတ္ဆြဲ ခ်ည္လိုက္၊ ၿပီးေတာ့ ခဏေနက်ရင္ ရန္သူ႔ တပ္စခန္းေရ႔ွကေန ပတ္စီးေနလိုက္... လူေတြအမ်ားႀကီး ၿခံဳခိုတိုက္ခိုက္ဖို႔ ရိွေနသလို ပံုစံေပါက္ေအာင္လို႔... သခင္စုန္႔ကေတာ့... ေလးမ်ွားအတတ္ကြၽမ္းတယ္ မဟုတ္လား"
"ဟုတ္၊ ရပါတယ္" ဘာေၾကာင့္မွန္း မသိဘူး၊ စုန္႔ေက်ာင္းယြဲ႔ သိပ္ၿပီး စိတ္အား ထက္သန္မိေနတယ္။
"ဆီစိမ္ထားတဲ့ အဝတ္စကို မ်ွားၪီးမွာ ခ်ည္ၿပီး ရန္သူ တပ္စခန္းကို မီးရိႈ႔ဖို႔ ပစ္ေပးပါ၊ အခု သူတို႔ရဲ့ စစ္ေရးအႀကံေပး လုပ္ႀကံခံလိုက္ရၿပီဆိုေတာ့ အေတာ္ေလးေတာ့ ဗ်ာမ်ားေနၾကမွာ... အခုေန ကြၽန္မတို႔ တိုက္ခိုက္လိုက္ရင္ သူတို႔ ယုန္ထင္ေၾကာင္ထင္ ထင္ေတာ့မယ္၊ တစ္ဖက္က တိုက္စစ္ဆင္လာၿပီလို႔ ထင္ၾကမွာပဲ... သူတို႔ ဒီဘက္ကို အာရံုစိုက္လာၿပီဆိုတာနဲ႔ ယြီခြမ္းက ၿမိဳ႔ထဲကို ေဘးအႏၲရာယ္ကင္းကင္း ဝင္သြားႏိုင္မယ္"
ပိုင္ရွန္းရိႈ႔ရဲ့ အစီအစဉ္ကို နားေထာင္ရင္း စုန္႔ေက်ာင္းယြဲ႔ ေခါင္းတညိတ္ညိတ္ ျဖစ္ေနမိေတာ့တယ္။ "ကြၽန္ေတာ္တို႔ လႈပ္ရွားတာကို အခုခ်က္ခ်င္း လုပ္တာေကာင္းမယ္၊ မနက္ျဖန္ညမွ လုပ္ရင္ သူတို႔ဘက္က သတိရိွသြားၿပီး အေစာင့္အၾကပ္ထူထပ္ေနေလာက္ၿပီ"