ထိုကြောင့် မုသား ဆိုခဲ့သည် (C...
De KaungHtetWine
7.4K 195 7
မနာလိုစိတ်နဲ့ မုသားချိုချိုဆိုလိုက်မိတာ နောက်ဆုံးတော့ ဒုက္ခနဲ့ဝဋ် ငါ့ပြန်ခံစားလိုက်ရတယ် မနာလိုစိတ္နဲ႔ မုသ... Mai multe
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 9
Part - 10
Part - 8
463 18 0
De KaungHtetWine
<Unicode>
ဒေါ်မြမေ၏ အသုဘတွင် လူများစည်စည်ကားကားနဲ့ ဝိုင်းကူပြင်ဆင်နေကြသည်။မိုးစက်ပိုင်နဲ့ ကောင်းဆက်ပိုင်သည် ဧည့်သည်တွေ
ဧည့်ခံလိုက် လူကွယ်ရာငိုနေလိုက် အမျိုးမျိုးဖြစ်နေသည်။
အိမ်နီးချင်းဦးလေးထွန်းနဲ့ ဒေါ်မြမေတို့၏ ဖောက်သည်များဖြင့် အသုဘတစ်ခုလုံး
ကို ချောချောမွေ့မွေနဲ့ပြီးဆုံးအောင် ဝိုင်းကူညီကြသည်။အသုဘတွင်သာမကာရပ်ကွက် တစ်ခုလုံးမှာလည်း တိုးတီးစွာဖြင့် ဒေါ်မြမေဆုံးတာ
ကောင်းဆက်ပိုင်ကြောင့်ဆိုပြီး ဝိုင်းအပြစ်တင်နေကြသည်။
ကြီးကြီးသည် ဒေါ်မြမေအသုဘအတွက်
အလှူငွေလာထည့်ပြီးနောက် မိုးစက်ပိုင်တို့မောင်နှမကို အားပေးနှစ်သိမ့်ရှာသည်။
ကြီးကြီးသည် မိုးစက်ပိုင်တို့မောင်နှမကိုကြည့်ပြီး အရမ်းသနားနေသည်။ကြီးကြီး၏အားပေးစကားတွေကို မိုးစက်ပိုင်က ပြန်ပြီးနာခံပေမဲ့ ကောင်းဆက်ပိုင်သည် ကြီးကြီးကို မကျေနပ်သည့်ပုံစံ မျက်စောင်းဖြင့် ကြည့်နေသည်။ကြီးကြီးသည် ကောင်းဆက်ပိုင်၏ အကြည့်ကို သံသယဝင်နေသည်။
သွားလေသူဒေါ်မြမေ၏ ရုပ်လောင်းရှေ့ကိုထားပြီး ကောင်းဆက်ပိုင်ကြောင့် ဒေါ်မြမေဆုံးတာ အပြစ်တင်တာကို ကောင်းဆက်ပိုင်မကြားချင်ဆုံးကြားနေရသည်။မိခင်၏အသုဘ စည်စည်ကားကားနဲ့ ပြီးပါစေဆိုပြီးမကြားဟန်ဆောင်နေရပြီး အတင်းများကိုလည်း တစ်ဖက်နားဝင် တစ်ဖက်နားထွက်ပုံစံဖြင့် နားထောင်နေရသည်။
မိုးစက်ပိုင်သည်လည်း မိခင်ဆုံးရတာ ကောင်းဆက်ပိုင်ကြောင့် အများနည်းတူ ယုံကြည်ထားသည်။ဒီချိန်မှာ လိုင်းပေါ်ကကောင်းဆက်ပိုင် HDက အလွန်နာမည်ကြီးပြီး မိခင်ဆီဆေးရုံ သတင်းမေးလာသူတစ်ယောက်က ပြောပြသွားလို့ မိခင်ဟာဆုံးပါးသွားတာ ကောင်းဆက်ပိုင်ကြောင့် စိတ်ထဲအပြစ်တင်နေပြီး ထုတ်မပြောခဲ့ပါ။မိခင်ကို HDအကြောင်း လာပြောသူကို မသိရပေမဲ့ ဘေးကအခြားလူနာစောင့်က ပြောပြလို့သာသိခဲ့ရသည်။မိခင်ဒီလိုဖစ်ချိန် အတင်းလာပြောတဲ့သူကိုမသိရတော့ ဝမ်းနည်းနေရသည်။
ကြီးကြီးသည် အလှူငွေထည့်ပြီး မိုးစက်ပိုင်တို့မောင်နှမကို အားပေးစကားပြောတော့ ကောင်းဆက်ပိုင်၏ အကြည့်ကို ကြီးကြီးက ခဏခဏပြန်မြင်ယောင်နေသည်။ကြီးကြီးသည် သူစိတ်ထဲ ကောင်း ဆက်ပိုင်က ဘာလို့ဒီလိုကြည့်တာလည်း တွေးနေသည်။ယခင်ကကောင်းဆက်ပိုင်သည် လိမ္မာပြီး အခုလို့HDထွက်ပြီး ဆိုးသွမ်းသွား
လား ကြိးကြီးတွေးနေပြီး ကန်စွန်းရွက်ချွေတာ ကမောက်ကမ ဖြစ်နေသည်။
ဝင်းချွန်ထက်သည် ကန်စွန်းရွက်ချွေတာ ကမောက်ကမ ဖြစ်နေတဲ့ ကြီးကြီးကို ကြည့်ပြီး ကြီးကြီးမျက်နှာရှေ့ လက်ခါပြတော့သည်။
ကြီးကြီးသည် တူမ၏ လက်ခါပြမှုကို မြင်မှသတိပြန်ဝင်တော့သည်။
"ကြီးကြီး...ဘာတွေတွေးနေတာလည်း
အောက်ကိုလည်းကြည့်အုံး"
"ဟယ်...ငါတော့...."
ကြိးကြီးသည် ချွေပြီးလွဲသွားတဲ့ ကန်စွန်းရွက်တွေကို ကြည့်ကာ သေချာစွာ ပြန်လုပ်နေသည်။ဝင်းချွန်ထက်သည် ကြိးကြီးဘေးကခုံကို
ဆွဲပြီး ကြီးကြီးကို ကန်စွန်းရွက်ချွေကူနေသည်။
"ကြီးကြီး အသုဘက လူစည်လား"
"စည်ပါတယ်သမီးရယ်...."
"သနားပါတယ်နော်
မောင်နှမ၂ယောက်ထည်း ကျန်နေခဲ့တာ"
"ဟုတ်ပ"
မခင်ထားသည် မီးဖိုဆောင်ထဲဝင်လာပြီး ကြိးကြိးဘေးကခုံနားဝင်ထိုင်ပြီး ကြက်သွန်ဖြူထိုင်ခွာတော့သည်။ကြိးကြိးတို့တူအရီးပြောတာကြား
တော့ မခင်ထားကလည်း သူကြားတာတွေကို ပြောပြဖို့ အတွက်ပြင်ဆင်တော့သည်။
"ကြီးကြီး...ဒေါ်မြမေဆုံးတာ
ကောင်းဆက်ပိုင်ကြောင့်နော်"
မခင်ထား၏စကားကို ဝင်းချွန်ထက်ကြားတော့
မယုံကြည်နိုင်အံ့သြပြီး ပြန်ပြိးမေးမြန်းတော့ သည်။
"ဟုတ်လို့လား...မခင်ထား
ကောင်းဆက်ပိုင်က လိမ္မာရေးခြားရှိတာ
သူကြောင့်..ဘာလို့သူ့အမေကဆုံးရမှာလည်း"
"မမဝင်းကအလုပ်နဲ့များတော့ ဘယ်သိမှာလည်း
ကောင်းဆက်ပိုင်က မအေဆေးရုံတက်တဲ့ချိန် သူက-ာခံထွက်နေတာ
သူHDလိုင်းပေါ်မှာပျံတာလည်း
သူ့အမေသိရော့ဆုံးသွားတာ"
"ဟုတ်လို့လား မခင်ထား"
ကြီးကြီးသည် မဖြေချင်အဆုံး သက်ပြင်းချကာ ကြားကနေဝင်ဖြေတော့သည်။
"ဟုတ်တယ်သမီး ခင်ထားပြောတာဟုတ်တယ်
ရပ်ကွက်ထဲကလူလည်း ဒီလိုပြောနေကြတာ"
"ကံယာကံရှင်ကအဲလိုပြောလို့လား ကြီးကြီး"
"အော်...သမီးကလည်း
သူတို့ကအဲလိုပြောပါမှလား
သေချာတာက ကောင်းဆက်ပိုင်HDကြောင့်
ဒေါ်မြမေဆုံးသွားတာ"
"ကောင်လေးကလည်း လိမ္မာပါတယ်
ဘာလို့အခုလိုဖြစ်ရတာလည်း"
ဝင်းချွန်ထက်သည် ထိုသို့ပြောဆိုပြီးနောက် အောက်နှုတ်ခမ်းလေးကို အပေါ်အောက်သွားဖြင့်ကိုက်လိုက်သည်။မခင်ထားသည် မိမိကြားရ
သမျှပြောချတော့သည်။
"လိမ္မာပြီးဆိုးသွားတဲ့လူတွေက
သိပ်ကြောက်ဖို့ကောင်းတယ်
အခုကောင်းဆက်ပိုင်ကိုကြည့်လေ
အမေကဆေးရုံအသည်းသန်
တက်ရတဲ့ချိန် သူက-ာခံထွက်နေတာ
အစ်မဖြစ်သူကလည်း
သနားပါတယ် အမေကိုပြုစုစောင့်ရှောက်ဖို့ အလုပ်ကနေထွက်ပြီး
ပြုစုစောင့်ရှောက်တာ စုဆောင်းတာလည်း အကုန်ပြောင်ပြိးတော့
အိမ်ကိုလည်းပေါင်ထားတာ ကောင်းဆက်ပိုင်က
အရမ်းဆိုးတာဘဲ ပြီးတော့လေ..."
"ပြိးတော့ဘာဖြစ်လည်း...မခင်ထား"
"ကြီးကြီး...ကန်တော့ပါနော်
ခင်ထားပြောမယ်နော်
HDထဲမှာ ကောင်းဆက်ပိုင်ကခံနေတာက ယောကျာ်း၃ ၄ယောက်က
ဝိုင်းပြီး ကောင်းဆက်ပိုင်ကိုလုပ်နေတာ"
"ဘာ...."
ကြီးကြီးနဲ့ဝင်းချွန်ထက်တို့သည် ၂ယောက်သား အသံမြိုင်မြိုင်ဆိုင်ဆိုင် ကျယ်လှောင်စွာထွက်သွားသည်။တစ်ဖက်နံရံကနေ မခင်ထားပြောစကားတွေကို ကိုထူးသည် သဘောကျနေပြီး ကြိးကြိးနဲ့အစ်မဖြစ်သူ အသံပြိုင်တူထွက်တော့ ပိုပြီးသဘောကျကာ ရယ်မောနေသည်။
ကိုထူးသည် ကြားခဲ့သမျစကားတွေကို အရသာခံပြောဖို့ ငဆောင်းတို့ဆီသွားမယ်ဆိုပြီး ကိုထူးထွက်ဖို့ပြင်ဆင်နေသည်။
ပြင်ဆင်ချိန် ကိုထူးသည် ကြေးစည်သံကိုကြားနေရသည်။ဒေါ်မြမေ ရုပ်လောင်းကိုသချိုင်္ိးပို့တော့မှာလားဆိုပြီး ကိုထူးအိမ်ရှေ့ကခြံတံခါးစီသို့
ကိုထူးဆက်သွားနေသည်။အိမ်ရှေ့ခြံတံခါးဆီရောက်တော့ ငဆောင်းတို့၃ယောက်ကလည်း
ကိုထူးအိမ်ရှေ့ရောက်နေတာနဲ့တိုးတော့သည်။
ကိုထူးသည် မခင်ထားတို့ပြောတဲ့ စကားကိုအရမ်းပြောချင်တော့ ကိုထူးသည် ခြံပြင်ထွက်ပြီး အသုဘပို့တာကို သူငယ်ချင်း၄ယောက် အပြင်ကနေကြည့်ပြိးကိုထူးပြောတော့သည်။
"ယျောင့်...ဘွားတော်ကဆုံးပြီကွာ
သူ့သားHDမကြည့်ရပေမဲ့
သူ့သားHDရှိတာသိသွားပြီ"
"Congratulaionsပါ ထူးအောင်ချွန်"
သူငယ်ချင်း၃ယောက်က ကိုထူးကိုလက်ဆွဲပြီး ဂုဏ်ပြုစကားဆိုကြ သည်။အိမ်ရှေ့ဒေါ်မြမေရုပ်လောင်းကို ပို့လိုက်တဲ့ကားတွေကို ကိုထူးတို့
၄ယောက်သေသေချာချာလိုက်ကြည့်နေတော့သည်။
ကားပေါ်ကနေမျက်ရည်များအပြည့်
ကောင်းဆက်ပိုင်သည် ကိုထူးကိုနာကြည်းချက်အပြည့်ဖြင့် ကားပေါ်ကနေဖြတ်သွားပြီး စောင်းကြည့်နေခဲ့သည်။
ကိုထူးတို့၄ယောက်သည် အသုဘပို့ဖြတ်သွားတဲ့ကားကိုကြည့်ပြီး ခြံထဲဝင်လာကာ အရိပ်တစ်နေရာသို့ထိုင်နေကြသည်။၄ယောက်သားသည်
အရမ်းကို ပျော်ရွင်ပီတိနေကြသည်။
"အခုများတော့ ကောင်းဆက်ပိုင်ကို
ရပ်ကွက်ထဲကဘယ်အိမ်မှ ယှဉ်ပြီးမဆူတော့ဘူး"
"အိမ်ကဘွားတော်ဘိုးတော်လည်း
ဘာထူးလည်း ဟ ကို မ ဟ တော့ဘူး"
"ဒီရပ်ကွက်မှမဟုတ်ပါဘူး
နိုင်ငံလုံးပျံသွားတာလေ
ဒီကောင်ကျောင်းတောင်တက်ရဲမှာ မဟုတ်ဘူး"
"အလိမ္မာတုံးလေးကနေ -ာတုံးလေးဖြစ်သွားပြီ"
"ဟား....ဟား....ဟား...."
😭😭😭😭😭😭😭
ဒေါ်မြမေ၏ရက်လည်ဆွမ်းသွပ်ပြီးသည့်ထိ ဦးလေးထွန်းနဲ့ဒေါ်သိန်းမြင့် တို့ ချက်ကျွေးတာကို မစားချင်လည်း မောင်နှမ၂ယောက်စားနေကြ သည်။ကောင်းဆက်ပိုင်သည် အိပ်ယာစောစောထပြီး အစ်မဖြစ်သူကိုကြည့်တော့ ဧည့်ခန်းမှာ မျက်ရည်အပြည့်နဲ့ ငိုနေတာကို မြင်ရသည်။
မိုးစက်ပိုင်သည် ညတစ်ညလုံး အိပ်တဲ့ပုံမပေါက်တာကို ကောင်းဆက်ပိုင် သတိထားမိသည်။ အစ်မနားသွားပြီး
"မမ...မနက်စာဘာစားမှာလည်း
မောင်လေးဘာလုပ်ပေးရမှာလည်း"
"နင့်ကြိုက်တာလုပ်ခဲ့"
မိုးစက်ပိုင်သည် မျက်ရည်များသုတ်ပြီး ခုံပေါ်လှဲလိုက်ပြီး ထပ်ငိုနေသည်။ကောင်းဆက်ပိုင်သည် အစ်မကိုကြည့်ပြီး အခန်းထဲပြန်ဝင်ပြီး အစ်မဆီကို စောင်တစ်ထည်ယူလာပြီး အစ်မကိုခြုံပေးပြီး
"မမ..မောင်လေးခေါက်ဆွဲထုတ်သွားဝယ်အုံးမယ်
ခဏစောင့်နော်"
ကောင်းဆက်ပိုင်သည် အစ်မကိုနှုတ်ဆက်ပြီး ကုန်စုံဆိုင်သွားခဲ့သည်။ကောင်းဆက်ပိုင်လမ်းပေါ်ရောက်တာနဲ့ ဘေးပတ်ဝန်းကျင်က မတူမတန်အကြည့်တွေကို ကောင်းဆက်ပိုင်စတင်ခံရတော့သည်။
တချို့ကလည်းသူတို့အချင်းချင်း
ကောင်းဆက်ပိုင်ခြေလှမ်းကြိုကည့်ပြီး
အတင်းတုတ်တော့သည်။တချို့ဖြတ်သွားဖြတ်လာများက မခံချင်အောင် စနှောက်ကြတော့ သည်။
"မှိုဟင်းစားလား
စားရင်တစ်ပြိုင်နက် ၃ ၄ခါစားရတယ်"
"ရေခဲချောင်း ၃ မချောင်းစားရင်
ချောင်းဆိုးလား"
"သခြားသီး....."
"ခရမ္​းသီး....."
အမျိုးမျိုးသော လူငယ် လူလတ် လူကြိးတို့၏ မခံနိုင်အောင်ပြောဆိုစနှောက် စောင်းပြောခြင်းခံရတာတွေကို ကောင်းဆက်ပိုင်သည် သည်း
ခံကာ မကြားဟန်ဆောင်ပြီး မျက်ရည်များကို သုတ်ပြီးဆိုင်ထဲသို့ ဝင်သွားသည်။ဆိုင်မှာ ခေါက်ဆွဲထုတ် သံပုရာသီး ကြက်အူချောင်းများ ယူပြိး ရှင်းဖို့လုပ်နေချိန် ဘေးကရွဲ့ပြောခြင်းကိုခံရတော့သည်။
"အမေကို အနုနည်းနဲ့သတ်တဲ့
ရွှေကြက်ဖလေးပါလား"
"ရွှေကြက်ဖမဟုတ်ဘူး ရွှေကြက်မပါ"
ကောင်းဆက်ပိုင်သည် ကြားစကားတွေကို
ဒေါသများပွင့်ထွက်ပြီး စောင်းပြောတဲ့
အန်တီကြိး၂ယောက်ကို ရန်တွေ့တော့သည်။
"ကျွန်တော်ဘာသာ ရွှေကြက်ဖဖြစ်ဖြစ်
ရွှေကြက်မဖြစ်ဖြစ်အန်တီ-င်နဲ့ -င်-ံလို့လား"
"ငါတို့ကနင့်ကိုပြောနေလို့လား
တရုတ်နှစ်သစ်ကူးရောက်တော့မှာ
အဲထဲကရွှေကြက်ဖကိုပြောတာ
ကိုယ့်ကိုလိပ်ပြာမလုံဘဲနဲ့"
"လုံတယ်.....အန်တီ...အန်တီတို့စောင်းပြောထား
တစ်နေ့အမှန်တရားတခုပေါ်လာရင်
အန်တိတို့နောင်တရစေရမယ်
အဲအမှန်တရားပေါ်ပေါက်လာရင်
နှုတ်ကျွံခဲ့တဲ့အန်တီပါးစပ်တွေ
ကြီးလေးသောဒဏ်ကို ခံရသလို
နောင်တရပါစေ"
ကောင်းဆက်ပိုင်သည် ပစ္စည်များကိုရှင်းပြိးနောက် အပြင်ကိုခပ်မြန်မြန်ထွက်လာသည်။ဘေးကပြောတဲ့လူတွေကို မမြင်ခြင်မကြားခြင်တော့
ခပ်မြန်မြန်နဲ့အိမ်ပြနခဲ့သည်။
ကောင်းဆက်ပိုင်ခြေလှမ်းတွေနောက်
ကားတစ်စီးက အနောက်ကလေလိုက်လာသည်။လိုက်လာသည်ကားတစ်စိး ကားမှန်ဖွင့်ပြီး ကောင်းဆက်ပိုင်ကိုလှမ်းခေါ်သည်။
"ကောင်းဆက်ပိုင်..."
ကောင်းဆက်ပိုင်သည် ထိုကားကိုလှမ်းကြည့်တဲ့အခါ ကားပေါ်မှာ ကိုထူးဖြစ်နေသည်။
ကိုထူးသည် ကားပေါ်ကနေပြုံးပြတော့သည်။ကောင်းဆက်ပိုင်သည် မျက်ရည်အပြည့်နဲ့ကြည့်လိုက်ပြီး
"ကိုထူး...ဘာလို့ဒီလိုလုပ်တာလည်း"
"မင်းကို မုန်းလို့ပေါ့"
"ကျွန်တော်ကိုချစ်တယ်ဆိုတာက...."
"မုသား....."
"ဘာလို့...မုသားဆိုခဲ့တာလည်း"
"မင်းကိုမုန်းလို့....
ထိုကြောင့်...မုသားဆိုခဲ့သည်....."
"မုန်းရအောင် ကျွန်တော်ဘာလုပ်မိလို့လည်း"
"နာမည်ကောင်းရတာ မနာလိုလို့"
"ဟုတ်လား...... ဒါဘဲရမယ်"
ကောင်းဆက်ပိုင်သည် လက်ခလယ်ထောင်ပြပြီး မျက်ရည်များကျကာ ထွက်သွားတော့သည်။
ကိုထူးသည် ကောင်းဆက်ပိုင်လက်ခလယ်ကို
သဘောကျပြီးရယ်မောကာ ကားမှန်တင်လိုက်ပြိး မောင်းထွက်သွားတော့သည်။
ကောင်းဆက်ပိုင်သည် အိမ်ရောက်တော့ အစ်မကိုကြည့်တော့ အစ်မသည် ခုံပေါ်ကနေမလုပ်လှဲနေသည်။ကောင်းဆက်ပိုင်သည် မိးဖိုဆောင်ထဲဝင်ကာ ခေါက်ဆွဲပြုတ်တော့သည်။၅မိနစ်အကြာ ကောင်း ဆက်ပိုင်သည် ခေါက်ဆွဲပြုတ်ပန်းကန်၂ခုကို မိုးစက်ပိုင်နားယူလာပြီး ခုံအလွတ်မှာ ကောင်းဆက်ပိုင်ဝင်ထိုင်ပြီး ပန်းကန်ချတော့သည်။
"မမ...ထ ခေါက်ဆွဲပြုတ်စားရအောင်"
မိုးစက်ပိုင်သည် ခုံပေါ်ကနေထကာ ခေါက်ဆွဲပြုတ်လေးကို ဇွန်းလေးနဲ့မွှေလိုက်ပြီ
ငွေ့ထောင်းထောင်းလေးထနေတဲ့ အရည်ကိုမှုတ်လိုက်ပြီးစားတော့သည်။၃ ၄ ၅ဇွန်းစားပြီးနောက် မိုးစက်ပိုင်သည် ကောင်းဆက်ပိုင်ကို အေးတိအေးစက် ခပ်မာမာ မေးမြန်းတော့သည်။
"အခုနင့်HDတွေကထွက်နေတာ
ရှေ့ဆက်ပြီးဘယ်လိုလုပ်မှာလည်း"
"မမ...သဘောကရော့"
မိုးစက်ပိုင်သည် ဒေါသနဲ့အားရပါးရကောင်းဆက်ပိုင်ကို အော်တော့သည်။
"နင့်ဘာသာနင့်ဆုံးဖြတ်
ရှေ့ဆက်ပြီး-ာ-ံမှာလား"
"မမ...ဒါတွေက "
"အဲဒါကြောင့် အမေသေရတာလေ
နင့်HDထွက်တာသိသွားလို့
သေရတာလေ ရှေ့ဆက်ပြီး
ကြက်တန်းဘဝနေမှာလား"
"မမ...ဒါတွေက မောင်လေးအဓမ္မကျင့်ခံရတာပါ"
ကောင်းဆက်ပိုင်သည် မျက်ရည်များဆက်မထိန်းနိုင်ဘဲငိုချပြန်တော့ သည်။မိုးစက်ပိုင်သည် မယုံတင်ကာပုံစံမျိုးဖြင့် ပြန်မေးတော့သည်။
"ဟုတ်လား...ငါမယုံဘူး"
"မမက မယုံဘူးပေါ့....
အခြားလူတွေမယုံတာထားလိုက်
မမကမောင်လေးကို မယုံကြည်ဘူးလား"
ကောင်းဆက်ပိုင်သည် ဒေါသများထွက်ကာ စားပွဲပေါ်က ပူပူနေသောခေါက်ဆွဲပြုတ်ပန်းကန်ကို ခုံပေါ်ကနေယူပြီး ပစ်ချလိုက်သည်။ပန်းကန်၂ခြမ်းကွဲသွားပြီး ခေါက်ဆွဲဖတ်များ ငရုတ်သီးဖက်များ ကြမ်းပြင်ပေါ်သို့ ဖရိုဖရဲကျတော့သည်။အလန့်တကြားအသံတစ်ခုက အိမ်ပေါက်ဝကနေကြားလိုက်ရသည်။
"မိုးစက်...."
မိုးစက်ပိုင်တို့မောင်နှမ၂ယောက်သည် အိမ်ပေါက်ဝကနေ အလန့်ကြား အော်သံကိုကည့်တဲ့အခါ မိုးစက်ပိုင်သူငယ်ချင်းဖြစ်နေသည်။
မိုးစက်ပိုင်သည် အပေါက်ဝကရပ်နေတဲ့ သူငယ်ချင်းကို အိမ်ပေါ်တက်ဖို့ခေါ်တော့ သည်။ကောင်းဆက်ပိုင်သည် ဧည်သည်လာသော
ကြောင့် ပန်းကန်ကွဲခေါက်ဆွဲဖတ်များကိုသိမ်းဆည်းတော့သည်။မိုးစက်ပိုင်သူငယ်ချင်းက
ကောင်းဆက်ပိုင်သိမ်းဆည်းတာကြည့်ပြီး မိုးစက်ပိုင်ဘက်လှည့်ကာဆူတော့သည်။
"မိုးစက်...
ကိုယ့်မောင်ကိုပြေပြေလည်လည်ပြောတာ
မဟုတ်ဘူး"
"ပြောကိုမပြောချင်တော့ဘူး
သူ့ကိုငါစိတ်ကုန်နေပြီ"
ကောင်းဆက်ပိုင်သည် သိမ်းဆည်းပြီး ပန်းကန်ကွဲနဲ့ခေါက်ဆွဲဖတ်များကို အမှိုက်ပုံးသို့လွင့်ပစ်ဖို့သွားတော့ မိုးစက်ပိုင်သူငယ်ချင်းက
ကောင်းဆက်ပိုင်ကို လှမ်းပြောတော့သည်။
"မောင်လေး...အဲဒါတွေသိမ်းပြီးရင်
မမဆီလာခဲ့အုံး"
"ဟုတ်ကဲ့ပါ"
မျက်နှာမကောင်းစွာနဲ့ကောင်းဆက်ပိုင်သည် ပန်းကန်များကိုသွားပြီး လွင့်ပစ်တော့သည်။
"မိုးစက် ငါအလုပ်တွေများလို့
အခုမှလာတာ နားလည်ပေးပါ"
"ရပါတယ် ငါနားလည်ပါတယ်"
"ရှေ့လျောက် အမေဆိုလည်းနင်ဘဲ
အစ်မဆိုလည်းနင်ဘဲ..."
"ဒီစကားတွေကြားရတော့ရိုးနေပါပြိဟာ
မပြောတော့ပါနဲ့"
မိုးစက်သည် သူငယ်ချင်းကို အပြစ်တင်လိုက်သည်။ကောင်းဆက်ပိုင်သည် မိုးစက်ပိုင်တို့စကားဝိုင်းမှာ ဝင်ထိုင်တော့သည်။မိုးစက်ပိုင်သူငယ်ချင်းက ကောင်းဆက်ပိုင်ကို သေချာစိုက်ကြည့်ပြီး မေးမြန်းတော့သည်။
"မောင်လေး....မမတစ်ခုမေးမယ်နော်
အမှန်တိုင်းဖြေ"
"ဟုတ်"
"မောင်လေးဟိုတည်လာတုန်းက မူးနေတာလား"
မိုးစက်ပိုင်သူငယ်ချင်း၏မေးမြန်းကို မိုးစက်ပိုင်တို့မောင်နှမ အံ့အားသင့်သွားသည်။
ကောင်းဆက်ပိုင်သည် အစ်မသူငယ်ချင်း၏ မေးမြန်းမှုကို ချက်ခြင်းမဖြေနိုင်ဘဲ ခဏအနည်းငယ်စဉ်းစားလိုက်သည်။ထိုနောက်မှ
"ကျွန်တော်...အိပ်ပျော်သွားတာပါ...
နိုးလာမှ....ဟိုတည်ဖြစ်နေမှန်း....သိခဲ့ရတာပါ"
"မောင်လေး...ဘယ်လိုဖြစ်တာလည်း
ငါတို့ကိုပြောပြစမ်းဟာ"
မိုးစက်ပိုင်၏ မေးမြန်ချက်ကိုကောင်းဆက်ပိုင်သည် အားတင်းပြီး မျက်ရည်များသုတ်ကာ ပြောပြတော့သည်။
"ကျွန်တော် ကျူတိုရိရယ်ဖြေပြီး
ဦးအောင်တို့ဆီသွားခဲ့တယ်
သွားပြီးစကားတွေပြောခဲ့တယ်
မသီတာတို့ရောက်လာတယ်
မသီတာက အသံဖိုင်......ဟုတ်တယ် အသံဖိုင်...."
ကောင်းဆက်ပိုင်သည် အသံဖိုင်ဆိုပြီး ပါးစပ်ကရေရွတ်မိပြီး ထိုင်ရာကနေထကာ အိပ်ခန်းထဲသို့ဝင်သွားသည်။အိပ်ခန်းကနေမိမိဖုန်းကို ယူလာ
ပြိး Recordကိုရှာကာ ဖွင့်တော့သည်။အသံRecordကြည့်တော့
၅နာရီလောက်ကြာတဲ့အသံဖိုင်ကိုတွေ့မိပြီး
ဖွင့်ကာနားထောင်တော့သည်။ထိုအသံဖိုင်မှာ
ဦးအောင်နဲ့ မသီတာတို့ ဒေါ်မေခင်ကို အားပေးစပါးပြောထားသည့်ကနေစပြီး ဟိုတည်မှာဖြစ်ပျက်ခဲ့သည့် အသံများထိပါဝင်နေခဲ့သည်။
မိုးစက်ပိုင်တို့၃ယောက်သည် အသံဖိုင်ကို
စဆုံး ဂရုစိုက်စွာထောင်ကြတော့သည်။
"လူယုတ်မာတွေ....ငါနဲ့တွေ့မယ်...
မောင်လေး..ဒီပြသနာကို..ငါရှင်းမယ်"
"မိုးစက်...ဒေါသနဲ့မဖြေရှင်းပါနဲ့ဟာ...
အဲနေ့ကနင့်မောင်ကို ငါဟိုတည်မှာ သူတို့၂ယောက်ဝင်လာတာကို
ငါမြင်တယ် ငါလည်းနင့်ကိုတိုင်မယ်ဆိုပြီး ငါVideoရိုက်ထားတယ်"
သူငယ်ချင်းဖြစ်သူက အိတ်ထဲကနေ သူphကိုထုတ်ပြိး ထိုvideoကိုပြတော့သည်။မိုးစက်တို့မောင်နှမသည် ထိုvideoကိုကြည့်ပြီး ကိုထူးကိုသတ်ချင်စိတ်များထတော့သည်။
"ငါဆေးရုံလာတော့ နင်ကိုပြောပြဖို့ဘဲ
ဒါပေမဲ့ပြောခွင့်ငါမရခဲ့ဘူး
မကြာခင်သူတို့၄ယောက်
နင့်အမေလာကြည့်တော့ ငါအံ့သြသွားတယ်
နင့်နဲ့ငါအပြင်ထွက်တော့
ငါဖုန်းလာလို့ဆိုပြိးနှုတ်ဆက်ပြိး
ပြန်ခဲ့တာမှတ်မိလား မိုးစက်...."
"မှတ်မိတယ် နင့်ပြောတာတွေ ဟုတ်တယ်...
ဟုတ်တယ်"
"ငါချက်ခြင်းမပြန်ခဲ့ဘူး
ငါအကြာကြိးဖုန်းပြောနေတာ
ငါဖုန်းပြောပြီးတော့ ငါဆယ်ဖီဆွဲနေချိန်
သူတို့လာတော့ ငါပုံမရိုက်ဖြစ်ဘူး
သူတို့အနောက်ကနေ ငါလိုက်တာသူတို့မသိခဲ့သူး
သူတို့ကနင်တို့အကြောင်းပြောနေတာ
ငါ့ကြားခဲ့ပြီး ငါလည်းသူတို့ကိုဒေါသထွက်ပြိး လက်ထဲကဖုန်းနဲ့ သူတို့ပြောတာ
videoရိုက်ပြိး အရှိန်နဲ့ငါ သူတို့ကိုဝင်တိုက်ခဲ့တာ"
"အဲvide fileပြပါအုံး"
videoကို မောင်နှမ၂ယောက်သားကြည့်ပြီး ဒေါသများထွက်ကာ ကိုထူးတို့၄ယောက်ကို ကြုံးဝါးတော့သည်။
Part - 9 မျော်
Kaung Htet Wine
<Zawgyi>
"ဟယ်...ငါတော့...."
"စည်ပါတယ်သမီးရယ်...."
"ဟုတ်ပ"
"ဟုတ်လို့လား မခင်ထား"
သမျှပြောချတော့သည်။
"ဘာ...."
မခင်ထားတို့ပြောတဲ့ စကားကိုအရမ်းပြောချင်တော့ ကိုထူးသည် ခြံပြင်ထွက်ပြီး အသုဘပို့တာကို သူငယ်ချင်း၎ယောက် အပြင်ကနေကြည့်ပြိး
ကိုထူးပြောတော့သည်။
၎ယောက်သေသေချာချာလိုက်ကြည့်နေတော့သည်။ကားပေါ်ကနေ
ကိုထူးတို့၎ယောက်သည် အသုဘပို့ဖြတ်သွားတဲ့ကားကိုကြည့်ပြီး ခြံထဲ
ဟ ကို မ ဟ တော့ဘူး"
"ဟား....ဟား....ဟား...."
😭😭😭😭😭😭😭
"နင့်ကြိုက်တာလုပ်ခဲ့"
ခဏစောင့်နော်"
"သခြားသီး....."
"ခရမးသီး....."
"ကောင်းဆက်ပိုင်..."
"မုသား....."
"မင်းကိုမုန်းလို့....
"ဟုတ်လား...... ဒါဘဲရမယ်"
"မမ...သဘောကရော့"
အော်တော့သည်။
"မမ...ဒါတွေက "
"ဟုတ်လား...ငါမယုံဘူး"
"မိုးစက်...."
ဆူတော့သည်။
"ဟုတ်ကဲ့ပါ"
"ရပါတယ် ငါနားလည်ပါတယ်"
"ဟုတ်"
မကြာခင်သူတို့၎ယောက် နင့်အမေလာကြည့်တော့ ငါအံ့သြသွားတယ်
"အဲvide fileပြပါအုံး"
ကိုထူးတို့၎ယောက်ကို ကြုံးဝါးတော့သည်။
Part - 9 မျော်
Kaung Htet Wine
Continuă lectura
O să-ți placă și
47.9K 2.2K 13
*ကျွန်တော်ယုံတယ်ကိုကိုအချစ်စစ်၇င်ဘယ်တော့မှဝေးမှာမဟုတ်ဘူး* Myanmar yaoi fic
15M 459K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...
567K 49.3K 29
Taekook Fanfiction Jeon Kim Own creation