“ကျွန်တော် S မြို့ကိုသွားရမယ်”
အသိပေးလာသည်ကို ဝမ်းသာပေမဲ့ ဘာကြောင့်သွားရသလဲသူသိနေပြန်တော့ မင်းထက်စိတ်မအေးနိုင်ပေ။
“အဆင်ပြေသွားမှာ၊ ကျွန်တော်က အရမ်းတော်တာ ကိုကိုသိတယ်မလား”
ပြုံးရယ်ကာပြောလေသည်က သူ့အပူတွေကို မြင်နေသည့်အတိုင်းပင်မို့ ပြုံးမိရသည်။
ဆံနွယ်တွေထဲတချက်ထိုးမွှေလိုက်တော့ ရင်ခွင်ထဲတိုးဝင်လာသည့်ကောင်လေး။
သူ့ထက်လေးနှစ်ငယ်သည့် ဒီကောင်လေးက စိတ်ဓာတ်ပိုင်းဆိုင်ရာကော အရာရာသူ့ထက်သာသည်။
ဒီလိုကောင်လေးကို မမျှော်လင့်ပဲ တွေ့ဆုံခဲ့ရသလို ဒီကောင်လေးအပေါ် စိတ်ရှိလာမည်ဟူ၍လည်း မတွေးဖူးခဲ့။
ကံကြမ္မာစီမံလေရာလိုက်ပါရသည့်နောက် အန္တရာယ်ကြားထဲသွားခွင့်ပြုရမည့်အပေါ် စိုးရိမ်စိတ်အလုံးအရင်း ဖြစ်ပေါ်နေရသည်။ တစ်ခါမျှဤမျှစိတ်မပူဖူးခဲ့။
“မထိခိုက်ရဘူးနော်”
လေးလံနေသည့်စိတ်ကြောင့် မသွားလို့မရဘူးလားဟူ၍ ဆွဲတားပစ်ချင်ပေမဲ့ ထိုစကားတစ်ခွန်းသာ ထွက်သွားသည်။
“အင်း”
ရင်ခွင်ထဲခေါင်းအပ်ရာမှမော့လာရင်း သူ့နှုတ်ခမ်းတွေဆီတိုးကပ်လာတော့ မျက်ဝန်းတွေပိတ်ချမိသည်။
သူ့စိုးရိမ်စိတ်တွေကို ချွေးသိပ်သည့်သဘောမျိုးလားတော့မသိ အနမ်းတွေဟာ နွေးထွေးမှုအပြည့်ပါလျက် နှလုံးသားတို့ကပါ လိုက်ပါခုန်လှုပ်ကြသည်။
“လွမ်းနေပေး”
သူ့ရှေ့တွင်တော့ ချွဲနှစ်ကာရယ် ကလေးသဖွယ်ပေမဲ့ ငယ်သားတွေရဲ့ရှေ့တွင်တော့ ရိုင်ယန်ဟာ ဟိန်ဟန်အပြည့်နှင့် မျက်နှာထားတင်း၏။
ငယ်ရွယ်ပေမဲ့ တဇွတ်ထိုးမလုပ်တက်ပဲ ငယ်သားတွေဖက်အမြဲကြည့်သည့်ခေါင်းဆောင်ကောင်းတစ်ယောက်လည်း ဖြစ်သေးသည်။
ကာကွယ်မှုအပြည့်ပေးသည့်ယောကျာ်းတစ်ယောက်မို့ သူယုံစားမိသည်မှာလည်း အမှားတော့မဟုတ်ခဲ့ပါ။
အေးသည်တော့မဟုတ်ပေမဲ့ ရိုင်ယန့်ကိုသာထွေးပွေ့ရင်း အိမ်မက်ထဲတွင်တော့ စိုးရိမ်မှုကင်းကင်းနှင့် အေးချမ်းပါစေကြောင်း တောင်းဆုပြုမိသည်။
.........................................................
“သားလေး ဖေဖေသွားမယ်”
အိမ်ရှိ လူစုံတက်စုံ ရိုင်ယန်တို့လက်ရွေးစင်အဖွဲ့ကို လိုက်ပါနှုတ်ဆက်ကြသည်။ လက်ရုံးတွေသာ ရိုင်ယန့်အနားကျန်နေပြီး ကျန်လူတွေကတော့ apartment အောက်တွင် အသင့်စောင့်စားနေကြပြီးဖြစ်သည်။
“အွင်း...လူချိုးတွေ တေတတ်ပြိုက်နော်”
သားကိုတော့ လူဆိုးတွေအား သွားရောက်ချေမှုန်းရမည်ဟု ပြောဆိုထားဟန်ရသည်။
“ဟားဟား”
သားရဲ့ပါးကိုနမ်းပြီး အသာချကာသူ့အားငေးကာရိုင်ယန်ကပြုံးသည်။
“ကျွန်တော်သွားမယ်”
“အင်း၊ ဂရုစိုက်”
“ကံကောင်းအောင် အနမ်းလေးမပေးတော့ဘူးလား”
လူကြားထဲတွင်မေးရဲသေးသည်က ဆွဲထိုးပစ်ချင်စရာပင်။ စိုးရိမ်နေသည့်စိတ်ဟာလည်း ကြက်ပျောက်ငှက်ပျောက်နှင့် ရိုင်ယန့်ရှေ့ အနည်းငယ်တိုးကပ်သွားတော့ အားလုံးရဲ့“တကယ်နမ်းမှာလား”ဆိုတဲ့ အကြည့်တွေ လွင့်လာကုန်၏။
ကော်လည်စကိုဆောင့်ဆွဲလေတော့ တုန့်ခနဲဖြစ်သွားသည့်ရိုင်ယန်အား ပါးချင်းကပ်လျက် မင်းထက် ခပ်တိုးတိုးပြောလိုက်သည်။
“ထိခိုက်လာရင် မင်းကိုပစ်ပြီး မိန်းမယူမှာမို့ ခြစ်ရာလေးတောင်မထိစေနဲ့”
ပါးကိုနမ်းပြီး မျက်နှာချင်းဆိုင်လျက်သူပြုံးတော့ ရိုင်ယန်ဟာ ဟက်ခနဲရယ်၏။
“အဲ့လိုမဖြစ်ရအောင် ကျွန်တော်အစွမ်းကုန်ကြိုးစားရမှာပေါ့”
မင်းထက်ခါးကို ရိုင်ယန်ဆတ်ခနဲဆွဲဖက်လိုက်သည်နှင့် မေရီဟာ ယံယံ့မျက်ဝန်းတွေကိုအုပ်ရင်း မချိ့ပြုံးကြီးနှင့်။
ကျန်လက်ရုံးတွေရဲ့မျက်ဝန်းတွေကတော့ စိတ်ဝင်တစားနှင့်အရောင်ပင် လက်လာကြသယောင်။
နှုတ်ခမ်းတွေဆီတိုးကပ်လာချိန် ရိုင်ယန့်ညှပ်ရိုးကိုလက်ဖျံဖြင့်ကာဆီးတွန်းရင်း မျက်နှာကို တဖက်သို့ ရှောင်တိမ်းပစ်လိုက်ရသည်။
“လူကြားထဲမလုပ်နဲ့”
ခပ်တိုးတိုးပြောမိသည့် သူ့မျက်နှာဟာ ရဲရဲတွတ်နေလောက်မည်ပင်။
“ကိုကို့သဘောပါဗျာ၊ အပြန်ကျရင်တော့ မရတော့ဘူး သိထား”
ခါးကိုအလွှတ်ပေးပြီး ဓာတ်လှေကားထဲလျှောက်ဝင်သွားတော့ လက်ရုံးတွေလည်းခပ်သုတ်သုတ်လိုက်ဝင်သွားကြသည်။
“မေရီ....”
လက်ကိုဖြုတ်ချဖို့ကြိုးစားနေသည့်ကြားမှ သားက အော်လာတာကြောင့် မေရီက ကာထားသည့်လက်ကို ဖယ်ရှားပေးလိုက်တော့ ခေါင်းမော့ကာ ဟွန့်ခနဲ နှုတ်ခမ်းဆူပြ၏။
မေရီကပြုံးရယ်ကာ ခေါင်းလုံးလုံးလေးကိုပွတ်တော့မှ သား မျက်နှာလေးဟာ ပြန်လည်ပြုံးရွှင်လာပြီး ရိုင်ယန် ဓာတ်လှေကားထဲရောက်နေသည်ကိုမြင်တော့ လက်လှမ်းပြသည်။
“အော...လိုင်ယံ တာ့တာ”
သားကိုလက်ပြန်ပြရင်း လက်ရုံးတချို့ကြားထဲရပ်နေသည့်ရိုင်ယန်ဟာ ဓာတ်လှေကားတံခါးပိတ်သွားသည့်တိုင်အောင် သူ့အား ပြုံးမြဲ ပြုံးပြသွားခဲ့သေးသည်။
“ယံယံလေးတော့ ဘော့စ်နဲ့မတူရင် သိပ်ကောင်းမယ်နော်”
“အင်း၊ ကျွန်တော်လည်းတွေးနေတာ”
တခြားအရာတွေတူချင်တူပါစေ။ အနိုင်မကျင့်တက်ရင် ရပါပြီမို့ မေရီ့စကားကို မင်းထက် ထောက်ခံခေါင်းငြိမ့်မိသည်။
ဆိုးလိုက်တဲ့ကောင်လေး။ လူကြားထဲတွင် သူ့အား ရှက်ရအောင် လုပ်သွားသေးသည်။
လူဆိုသည်မှာထိုအတိုင်း။ အများသူငှာ၏အပြုအမူကိုသာ အဓိပ္ပာယ်ကောက်တက်၏။ မင်းထက်သည်လည်း သူ့လုပ်ရပ်ကိုတော့ ဘာအဓိပ္ပာယ်ရှိနိုင်သလဲတွေးဖြစ်မည်မဟုတ်။
..................................................
“ဟေး...သေပြီလား၊ အဲ့လိုဖြစ်လို့မရသေးဘူးနော်”
ဖြန်း
ခနဲ့တဲ့တဲ့စကားသံနှင့်အတူ ထိုင်ခုံတွင် ကြိုးတုပ်ခံထားရသော ပိုးချို၏ပါးပြင်တချက်ဟာ ပြင်းထန်သည့်ရိုက်ချက်ကြောင့်ရဲတွတ်ထွက်သွားသည်။
သွေးစ ချွေးစတို့နှင့်နစ်နေသည့်ပိုးချို၏မျက်နှာဟာ ရိုက်နှက်ခံထားရသလို ညှင်းပန်းနှိပ်စက်ဒဏ်ကြီးကြီးမားမားတို့ကိုလည်း ခံထားရဟန်ရှိ၏။
နယ်စပ်တည်းခိုဆောင်မှထွက်ကာ ပုန်းခိုစရာနေရာကောင်းရှာဖွေပေမဲ့ လမ်းတဝက်တင် Derusa လက်ထဲသို့ ကျရောက်သွားခဲ့ရပြီး အခုလိုအဆုံးသတ်ရခြင်းဖြစ်သည်။
“စာရင်းဘယ်မှာလဲ”
ပါးနှစ်ဖက်ကို လက်ချောင်းတို့ဖြင့် ဖြစ်ညှစ်ကာ ပိုးချိုမျက်နှာအားဆွဲမော့စေလို့ ထိုလူက ကိုယ်ကိုကိုင်းလျက်မေးပြန်သည်။
နာကျဥ်နေရသည်တိုင်အောင် ပိုးချိုဟာ မည်သည့်စကားတခွန်းမျှမထွက်ပေ။
“အဆုံးထိ ဒီလိုလုပ်မှဖြစ်မှာလား”
အသံတိတ်မြဲတိတ်နေသည့်ပိုးချိုကြောင့် ထိုလူက ပိုးချို၏ပါးပြင်အား ညှစ်ထားရာမှအလွှတ်ပေးကာ ကိုယ်ကိုပြန်မတ်လိုက်သည်။
“ဒီလိုဆိုလည်း ဘယ်တက်နိုင်ပါ့မလဲ”
ထိုင်ခုံဘေးရှိ လက်တွန်းစင်တစ်ခုပေါ်မှ နှိပ်စက်ပစ္စည်းတို့အား လက်ချောင်းတို့နှင့်အသာသပ်ရင်း ထိုလူက
“မင်းသိလား၊ မင်း ဂိုဏ်းထဲမှာရှိနေကတည်းက ကြည့်နေခဲ့တာ၊ မင်းလက်ချောင်းလေးတွေက အရမ်းလှတာပဲလို့”
လက်ချောင်းဖြတ်သည့်ကိရိယာလေးအား ကောက်ယူလိုက်ပြီး ပိုးချိုအား တချက်လှည့်ကြည့်လို့ ကျေကျေနပ်နပ်ပြုံး၏။
“အဲ့လက်ချောင်းလေးတွေ ငါသိမ်းထားလို့ရမလား”
“ဝုန်း”
ပြင်းထန်လွန်းသည့်ပေါက်ကွဲသံကြောင့် အခန်းအတွင်းမှထိုလူကော ပိုးချိုအပြင် အပေါက်ဝမှအစောင့်ပင် တုန်လှုပ်သွားကြသည်။
အချက်ပြသံသည်လည်း ရုတ်ချည်းဆိုသလို ပျံ့လွှင့်လာ၏။
“ဘာဖြစ်တာလဲကွ”
ပိုးချိုရှေ့ရှိလူမှ အပေါက်ဝတွင် ရပ်စောင့်နေသူအား လှမ်းမေးလိုက်ရာ ထိုလူကလည်း ဘာဖြစ်မှန်းမသိတာကြောင့် စစ်ဆေးရန် နေရာမှပြေးထွက်သွားလေသည်။
“ကျစ်...၊ မင်းကိုကယ်မဲ့လူက ရှိသေးတာလား”
ထိုလူဟာ စိတ်ရှုပ်စွာညီးညူလိုက်ပြီး လက်တွန်းစင်ပေါ်မှ သေနတ်အားဆွဲယူကာ ပိုးချို၏နားထင်သို့ တေ့ထားလိုက်သည်။
ပိုးချိုမှာတော့ ခေါင်းဒဏ်ရာကြောင့် ပတ်ဝန်းကျင်ကိုပင် အားယူကြည့်နေရသည်မို့ မိမိ၏အသက်အန္တရာယ်ကိုပင် သတိမပြုမိပေ။
“ဒိုင်း”
သွေးစတွေဖြာကျလာကာ ပိုးချို၏ပါးပြင်ထက်သို့ စင်ကျလာ၏။
မျက်စိရှေ့တင်လဲကျသွားတဲ့လူကြောင့် ကျည်လာရာကိုပိုးချို ငေးကြည့်မိသည်။
လျှောက်ဝင်လာသည့်ရိုင်ယန်က အနားရောက်လာတော့ သူ့အားဘာစကားမှမပြောပဲစိုက်ကြည့်နေ၏။
လက်ရှိ ကြိုးများဖြည်လျော့သွားပြီးနောက် နိုင်းနှင့်ဒေးက သူ့အားတွဲထူပေးပြီး အခန်းထဲမှခေါ်ထုတ်သွားကြသည်။
ရိုင်ယန့်ကိုငေးရင်း ပိုးချိုဘာစကားတခွန်းမှပြောမထွက်ခဲ့ပေ။
................................................
“အကုန်အဆင်သင့်ပါပဲဘော့စ်”
ဒေးရဲ့စကားကို ရိုင်ယန်ခေါင်းညိတ်လိုက်သည်။ ထိုင်ရာမှထရင်း အခန်းကျယ်တစ်ခုထဲကိုဝင်ခဲ့လိုက်တော့ သက်တောင့်သက်သာနားနေကြသည့် ဂိုဏ်းသားတို့က ရိုင်ယန့်ကိုမြင်ပြီး အပြေးအလွှားတန်းစီကြသည်။
လက်ရွေးစင်တွေသာရွေးခေါ်ခဲ့တာဖြစ်ပေမဲ့ အဆုံးအရှုံးများနိုင်သည်မို့ ဂိုဏ်းသားတွေကို သူတစ်ခုခုတော့ပြောမှဖြစ်မည်။
“အားလုံးသိထားပြီးဖြစ်မှာပါ၊ ဒီကိစ္စမှာ မင်းတို့အသက်ပေးထားရတယ်ဆိုတာ၊ ဒါအတွက်လည်း မင်းတို့ကိုကျေးဇူးတင်တယ်၊ ဂုဏ်ယူတယ်”
အားလုံးက ရိုင်ယန့်စကားကြောင့်ပြုံးကြသည်။ ဂိုဏ်းထဲဝင်ပြီးမှ သူတို့ဘဝက ခက်ခဲကြမ်းတမ်းရာက လွယ်ကူချောမွေ့ခဲ့ခြင်းဖြစ်သည်။
ဂိုဏ်းသားဆိုတာထက် အချင်းချင်းလေးစားရင်း မိသားစုတွေလို မှီခိုခဲ့ကြတာ။ မိသားစုရှိသည့်တချို့တဝက်ဟာလည်း ဂိုဏ်းကြောင့် ကိုယ့်မိသားစုကိုယ် ကောင်းကောင်းမွန်မွန်ထားနိုင်ခဲ့တာ။
မှီခိုအားထားရာမို့ ဂိုဏ်းအပေါ်သစ္စာရှိမှုဟာ ဘာနဲ့မှလဲမရနိုင်။
“သိထားတဲ့အတိုင်း တဖက်လူကအင်အားများတယ်၊ ငါတို့စီစဉ်ထားသလိုဖြစ်ဖို့ တပ်အပ်မပြောနိုင်ပေမဲ့ လာထိပါးတဲ့ကြွက်...”
“ကြွက်တွင်းပြိုတဲ့အထိ အကုန်ချေမှုန်းမယ်!!!”
တခန်းလုံးဟိန်းထွက်သွားအောင်ပြန်ဖြေကြသည်မို့ ရိုင်ယန့်မျက်နှာထက် အားရဖွယ်အပြုံးတပွင့်က ပေါ်ပေါက်လာ၏။
“အထိခိုက်အနည်းဆုံးဖြစ်စေချင်တယ်”
“နားလည်ပါပြီ”
“နားထားကြ”
သူပြောပြီးလှည့်ထွက်တော့ ဂိုဏ်းသားတွေအကုန် သူ့အလုပ်သူပြန်လုပ်ကြသည်။
“ငါတို့က မြွေတွေကို၊ အစကတည်းက တိုက်ပွဲက အရှင်းကြီး၊ ဟား ဟား”
“ဟားဟား၊ ကြွက်ကင်စားပစ်မယ်ကွ!”
တစွန်းတစ နောက်နေကြသည်မို့ ရိုင်ယန်ရယ်မိရသည်။
“ဘော့စ်”
ဘောင်းဘီအိတ်ကပ်ထဲလက်လျိုရင်း လျှောက်လာနေသည့်ရိုင်ယန့်ကို နိုင်းကခေါ်ကာ မျက်နှာချင်းဆိုင်တွင်ရပ်သည်။ ရိုင်ယန်မေးဆတ်ပြလိုက်တော့ နိုင်းက
“မပိုးချိုကတွေ့ချင်တယ်ပြောပါတယ်”
မျက်ခုံးကြောတချက်တွန့်မိသွားပြီးနောက် ရိုင်ယန် နေရာမှခြေလှမ်းပြင်တော့ နိုင်းကဘေးဖက်သို့ရှောင်ကာ အနောက်မှလိုက်လာသည်။
ပိုးချိုရှိနေသည့်အခန်းရှေ့သူရပ်တော့ နိုင်းက တံခါးဖွင့်ပေးပြီး သူဝင်ပြီးသည်နှင့် တံခါးပြန်စေ့သွားသည်။
ခုတင်ခေါင်းရင်းကိုကျောမှီရင်း သူ့ကိုမြင်တော့ ပိုးချိုကပြုံးလာသည်။
ပိုးချိုကို ထင်ထားသည်ထက် မြန်မြန်ရှာတွေ့ခဲ့သည်မှာ ပိုးချိုနောက် လူလွှတ်ထား၍တော့မဟုတ်။ ပိုးချိုယူဆောင်သွားသော မင်းထက်၏သေနတ်တွင် ခြေရာခံတပ်ထားခဲ့၍ဖြစ်သည်။
Daddy လမ်းစဉ်ကိုလိုက်ခဲ့သည့်သူက ဒီနေရာတွင် တကွက်သာသွားသည်ဟု ဆိုရလေမလား။
“ပြောစရာရှိတယ်ဆို”
ခုတင်ဘေးတွင်သာ သူရပ်ရင်းမေးလိုက်သည်။
“villa ထဲက လုံခြုံရေးအခန်းထဲမှာပဲ သူတို့တွေ တွေ့နေကျ၊ အဲ့ကို အမသွားတက်တယ်”
ရိုင်ယန် မျက်ခုံးပင် ပင့်မိသွားသည်။
“သားကိုခေါ်သွားတက်တော့ အဲ့ကိုမကြာမကြာ ရောက်ဖူးတယ်၊ မျက်စိစည်းပြီးခေါ်သွားတာဆိုပေမဲ့ လမ်းတွေ အမမှတ်မိတယ်၊ villa တောင်ဘက်တည့်တည့် ရေကန်အောက်က သူတို့ရှိနေမဲ့နေရာပဲ”
အခြေအနေတွေကို နားလည်နေသည့်ပိုးချိုက မေးစရာပင်မလိုအောင် ပြောပြပေးတာကြောင့် ရိုင်ယန့်အတွက် အစီအစဉ်ဟာ ပိုလို့ပင်ချောမွေ့သွားပြီပင်။
“နားလည်ပြီ၊ ဒီမှာပဲ နားနေပါ”
သူပြောတော့ ပိုးချိုက ပြုံးကာ အရှေ့ဖက်သို့လှည့်သွားသည်။
“ကျေးဇူးတင်ပါတယ်”
သူ့အနေဖြင့်က ပိုးချိုအား လက်လွတ်ထားပြီးသား။ သားနှင့်ကိစ္စရှင်းသွားကတည်းက ဘယ်ကိုပဲပြေးပြေး လိုက်ရှာဖို့ပင်စိတ်ကူးမရှိခဲ့ခြင်းဖြစ်သည်။
သို့ပေမဲ့ သားရဲ့အမေရင်းကိုတော့ ဘာကြောင့်နှင့်မှ အသက်မသေစေချင်ခဲ့တာမို့ မင်းထက်သာဆိုလျှင်လည်း ထိုသို့တွေးမည်ဟု သိထား၍သာ အခုလိုကယ်ရခြင်းပင်။
ထို့ကြောင့် ရိုင်ယန်မတုံ့ပြန်ဖြစ်ခဲ့။
“ကြၽန္ေတာ္ S ၿမိဳ႕ကိုသြားရမယ္”
အသိေပးလာသည္ကို ဝမ္းသာေပမဲ့ ဘာေၾကာင့္သြားရသလဲသူသိေနျပန္ေတာ့ မင္းထက္စိတ္မေအးနိုင္ေပ။
“အဆင္ေျပသြားမွာ၊ ကြၽန္ေတာ္က အရမ္းေတာ္တာ ကိုကိုသိတယ္မလား”
ၿပဳံးရယ္ကာေျပာေလသည္က သူ႕အပူေတြကို ျမင္ေနသည့္အတိုင္းပင္မို႔ ၿပဳံးမိရသည္။
ဆံႏြယ္ေတြထဲတခ်က္ထိုးေမႊလိုက္ေတာ့ ရင္ခြင္ထဲတိုးဝင္လာသည့္ေကာင္ေလး။
သူ႕ထက္ေလးႏွစ္ငယ္သည့္ ဒီေကာင္ေလးက စိတ္ဓာတ္ပိုင္းဆိုင္ရာေကာ အရာရာသူ႕ထက္သာသည္။
ဒီလိုေကာင္ေလးကို မေမွ်ာ္လင့္ပဲ ေတြ႕ဆုံခဲ့ရသလို ဒီေကာင္ေလးအေပၚ စိတ္ရွိလာမည္ဟူ၍လည္း မေတြးဖူးခဲ့။
ကံၾကမၼာစီမံေလရာလိုက္ပါရသည့္ေနာက္ အႏၲရာယ္ၾကားထဲသြားခြင့္ျပဳရမည့္အေပၚ စိုးရိမ္စိတ္အလုံးအရင္း ျဖစ္ေပၚေနရသည္။ တစ္ခါမွ်ဤမွ်စိတ္မပူဖူးခဲ့။
“မထိခိုက္ရဘူးေနာ္”
ေလးလံေနသည့္စိတ္ေၾကာင့္ မသြားလို႔မရဘူးလားဟူ၍ ဆြဲတားပစ္ခ်င္ေပမဲ့ ထိုစကားတစ္ခြန္းသာ ထြက္သြားသည္။
“အင္း”
ရင္ခြင္ထဲေခါင္းအပ္ရာမွေမာ့လာရင္း သူ႕ႏႈတ္ခမ္းေတြဆီတိုးကပ္လာေတာ့ မ်က္ဝန္းေတြပိတ္ခ်မိသည္။
သူ႕စိုးရိမ္စိတ္ေတြကို ေခြၽးသိပ္သည့္သေဘာမ်ိဳးလားေတာ့မသိ အနမ္းေတြဟာ ေႏြးေထြးမႈအျပည့္ပါလ်က္ ႏွလုံးသားတို႔ကပါ လိုက္ပါခုန္လႈပ္ၾကသည္။
“လြမ္းေနေပး”
သူ႕ေရွ႕တြင္ေတာ့ ခြၽဲႏွစ္ကာရယ္ ကေလးသဖြယ္ေပမဲ့ ငယ္သားေတြရဲ႕ေရွ႕တြင္ေတာ့ ရိုင္ယန္ဟာ ဟိန္ဟန္အျပည့္ႏွင့္ မ်က္ႏွာထားတင္း၏။
ငယ္႐ြယ္ေပမဲ့ တဇြတ္ထိုးမလုပ္တက္ပဲ ငယ္သားေတြဖက္အၿမဲၾကည့္သည့္ေခါင္းေဆာင္ေကာင္းတစ္ေယာက္လည္း ျဖစ္ေသးသည္။
ကာကြယ္မႈအျပည့္ေပးသည့္ေယာက်ာ္းတစ္ေယာက္မို႔ သူယုံစားမိသည္မွာလည္း အမွားေတာ့မဟုတ္ခဲ့ပါ။
ေအးသည္ေတာ့မဟုတ္ေပမဲ့ ရိုင္ယန႔္ကိုသာေထြးေပြ႕ရင္း အိမ္မက္ထဲတြင္ေတာ့ စိုးရိမ္မႈကင္းကင္းႏွင့္ ေအးခ်မ္းပါေစေၾကာင္း ေတာင္းဆုျပဳမိသည္။
.........................................................
“သားေလး ေဖေဖသြားမယ္”
အိမ္ရွိ လူစုံတက္စုံ ရိုင္ယန္တို႔လက္ေ႐ြးစင္အဖြဲ႕ကို လိုက္ပါႏႈတ္ဆက္ၾကသည္။ လက္႐ုံးေတြသာ ရိုင္ယန႔္အနားက်န္ေနၿပီး က်န္လူေတြကေတာ့ apartment ေအာက္တြင္ အသင့္ေစာင့္စားေနၾကၿပီးျဖစ္သည္။
“အြင္း...လူခ်ိဳးေတြ ေတတတ္ၿပိဳက္ေနာ္”
သားကိုေတာ့ လူဆိုးေတြအား သြားေရာက္ေခ်မႈန္းရမည္ဟု ေျပာဆိုထားဟန္ရသည္။
“ဟားဟား”
သားရဲ႕ပါးကိုနမ္းၿပီး အသာခ်ကာသူ႕အားေငးကာရိုင္ယန္ကၿပဳံးသည္။
“ကြၽန္ေတာ္သြားမယ္”
“အင္း၊ ဂ႐ုစိုက္”
“ကံေကာင္းေအာင္ အနမ္းေလးမေပးေတာ့ဘူးလား”
လူၾကားထဲတြင္ေမးရဲေသးသည္က ဆြဲထိုးပစ္ခ်င္စရာပင္။ စိုးရိမ္ေနသည့္စိတ္ဟာလည္း ၾကက္ေပ်ာက္ငွက္ေပ်ာက္ႏွင့္ ရိုင္ယန႔္ေရွ႕ အနည္းငယ္တိုးကပ္သြားေတာ့ အားလုံးရဲ႕“တကယ္နမ္းမွာလား”ဆိုတဲ့ အၾကည့္ေတြ လြင့္လာကုန္၏။
ေကာ္လည္စကိုေဆာင့္ဆြဲေလေတာ့ တုန့္ခနဲျဖစ္သြားသည့္ရိုင္ယန္အား ပါးခ်င္းကပ္လ်က္ မင္းထက္ ခပ္တိုးတိုးေျပာလိုက္သည္။
“ထိခိုက္လာရင္ မင္းကိုပစ္ၿပီး မိန္းမယူမွာမို႔ ျခစ္ရာေလးေတာင္မထိေစနဲ႕”
ပါးကိုနမ္းၿပီး မ်က္ႏွာခ်င္းဆိုင္လ်က္သူၿပဳံးေတာ့ ရိုင္ယန္ဟာ ဟက္ခနဲရယ္၏။
“အဲ့လိုမျဖစ္ရေအာင္ ကြၽန္ေတာ္အစြမ္းကုန္ႀကိဳးစားရမွာေပါ့”
မင္းထက္ခါးကို ရိုင္ယန္ဆတ္ခနဲဆြဲဖက္လိုက္သည္ႏွင့္ ေမရီဟာ ယံယံ့မ်က္ဝန္းေတြကိုအုပ္ရင္း မခ်ိ့ၿပဳံးႀကီးႏွင့္။
က်န္လက္႐ုံးေတြရဲ႕မ်က္ဝန္းေတြကေတာ့ စိတ္ဝင္တစားႏွင့္အေရာင္ပင္ လက္လာၾကသေယာင္။
ႏႈတ္ခမ္းေတြဆီတိုးကပ္လာခ်ိန္ ရိုင္ယန႔္ညွပ္ရိုးကိုလက္ဖ်ံျဖင့္ကာဆီးတြန္းရင္း မ်က္ႏွာကို တဖက္သို႔ ေရွာင္တိမ္းပစ္လိုက္ရသည္။
“လူၾကားထဲမလုပ္နဲ႕”
ခပ္တိုးတိုးေျပာမိသည့္ သူ႕မ်က္ႏွာဟာ ရဲရဲတြတ္ေနေလာက္မည္ပင္။
“ကိုကို႔သေဘာပါဗ်ာ၊ အျပန္က်ရင္ေတာ့ မရေတာ့ဘူး သိထား”
ခါးကိုအလႊတ္ေပးၿပီး ဓာတ္ေလွကားထဲေလွ်ာက္ဝင္သြားေတာ့ လက္႐ုံးေတြလည္းခပ္သုတ္သုတ္လိုက္ဝင္သြားၾကသည္။
“ေမရီ....”
လက္ကိုျဖဳတ္ခ်ဖိဳ႕ႀကိဳးစားေနသည့္ၾကားမွ သားက ေအာ္လာတာေၾကာင့္ ေမရီက ကာထားသည့္လက္ကို ဖယ္ရွားေပးလိုက္ေတာ့ ေခါင္းေမာ့ကာ ဟြန႔္ခနဲ ႏႈတ္ခမ္းဆူျပ၏။
ေမရီကၿပဳံးရယ္ကာ ေခါင္းလုံးလုံးေလးကိုပြတ္ေတာ့မွ သား မ်က္ႏွာေလးဟာ ျပန္လည္ၿပဳံး႐ႊင္လာၿပီး ရိုင္ယန္ ဓာတ္ေလွကားထဲေရာက္ေနသည္ကိုျမင္ေတာ့ လက္လွမ္းျပသည္။
“ေအာ...လိုင္ယံ တာ့တာ”
သားကိုလက္ျပန္ျပရင္း လက္႐ုံးတခ်ိဳ႕ၾကားထဲရပ္ေနသည့္ရိုင္ယန္ဟာ ဓာတ္ေလွကားတံခါးပိတ္သြားသည့္တိုင္ေအာင္ သူ႕အား ၿပဳံးၿမဲ ၿပဳံးျပသြားခဲ့ေသးသည္။
“ယံယံေလးေတာ့ ေဘာ့စ္နဲ႕မတူရင္ သိပ္ေကာင္းမယ္ေနာ္”
“အင္း၊ ကြၽန္ေတာ္လည္းေတြးေနတာ”
တျခားအရာေတြတူခ်င္တူပါေစ။ အနိုင္မက်င့္တက္ရင္ ရပါၿပီမို႔ ေမရီ႕စကားကို မင္းထက္ ေထာက္ခံေခါင္းၿငိမ့္မိသည္။
ဆိုးလိုက္တဲ့ေကာင္ေလး။ လူၾကားထဲတြင္ သူ႕အား ရွက္ရေအာင္ လုပ္သြားေသးသည္။
လူဆိုသည္မွာထိုအတိုင္း။ အမ်ားသူငွာ၏အျပဳအမူကိုသာ အဓိပၸာယ္ေကာက္တက္၏။ မင္းထက္သည္လည္း သူ႕လုပ္ရပ္ကိုေတာ့ ဘာအဓိပၸာယ္ရွိနိုင္သလဲေတြးျဖစ္မည္မဟုတ္။
..................................................
“ေဟး...ေသၿပီလား၊ အဲ့လိုျဖစ္လို႔မရေသးဘူးေနာ္”
ျဖန္း
ခနဲ႕တဲ့တဲ့စကားသံႏွင့္အတူ ထိုင္ခုံတြင္ ႀကိဳးတုပ္ခံထားရေသာ ပိုးခ်ိဳ၏ပါးျပင္တခ်က္ဟာ ျပင္းထန္သည့္ရိုက္ခ်က္ေၾကာင့္ရဲတြတ္ထြက္သြားသည္။
ေသြးစ ေခြၽးစတို႔ႏွင့္နစ္ေနသည့္ပိုးခ်ိဳ၏မ်က္ႏွာဟာ ရိုက္ႏွက္ခံထားရသလို ညွင္းပန္းႏွိပ္စက္ဒဏ္ႀကီးႀကီးမားမားတို႔ကိုလည္း ခံထားရဟန္ရွိ၏။
နယ္စပ္တည္းခိုေဆာင္မွထြက္ကာ ပုန္းခိုစရာေနရာေကာင္းရွာေဖြေပမဲ့ လမ္းတဝက္တင္ Derusa လက္ထဲသို႔ က်ေရာက္သြားခဲ့ရၿပီး အခုလိုအဆုံးသတ္ရျခင္းျဖစ္သည္။
“စာရင္းဘယ္မွာလဲ”
ပါးႏွစ္ဖက္ကို လက္ေခ်ာင္းတို႔ျဖင့္ ျဖစ္ညွစ္ကာ ပိုးခ်ိဳမ်က္ႏွာအားဆြဲေမာ့ေစလို႔ ထိုလူက ကိုယ္ကိုကိုင္းလ်က္ေမးျပန္သည္။
နာက်ဥ္ေနရသည္တိုင္ေအာင္ ပိုးခ်ိဳဟာ မည္သည့္စကားတခြန္းမွ်မထြက္ေပ။
“အဆုံးထိ ဒီလိုလုပ္မွျဖစ္မွာလား”
အသံတိတ္ၿမဲတိတ္ေနသည့္ပိုးခ်ိဳေၾကာင့္ ထိုလူက ပိုးခ်ိဳ၏ပါးျပင္အား ညွစ္ထားရာမွအလႊတ္ေပးကာ ကိုယ္ကိုျပန္မတ္လိုက္သည္။
“ဒီလိုဆိုလည္း ဘယ္တက္နိုင္ပါ့မလဲ”
ထိုင္ခုံေဘးရွိ လက္တြန္းစင္တစ္ခုေပၚမွ ႏွိပ္စက္ပစၥည္းတို႔အား လက္ေခ်ာင္းတို႔ႏွင့္အသာသပ္ရင္း ထိုလူက
“မင္းသိလား၊ မင္း ဂိုဏ္းထဲမွာရွိေနကတည္းက ၾကည့္ေနခဲ့တာ၊ မင္းလက္ေခ်ာင္းေလးေတြက အရမ္းလွတာပဲလို႔”
လက္ေခ်ာင္းျဖတ္သည့္ကိရိယာေလးအား ေကာက္ယူလိုက္ၿပီး ပိုးခ်ိဳအား တခ်က္လွည့္ၾကည့္လို႔ ေက်ေက်နပ္နပ္ၿပဳံး၏။
“အဲ့လက္ေခ်ာင္းေလးေတြ ငါသိမ္းထားလို႔ရမလား”
“ဝုန္း”
ျပင္းထန္လြန္းသည့္ေပါက္ကြဲသံေၾကာင့္ အခန္းအတြင္းမွထိုလူေကာ ပိုးခ်ိဳအျပင္ အေပါက္ဝမွအေစာင့္ပင္ တုန္လႈပ္သြားၾကသည္။
အခ်က္ျပသံသည္လည္း ႐ုတ္ခ်ည္းဆိုသလို ပ်ံ့လႊင့္လာ၏။
“ဘာျဖစ္တာလဲကြ”
ပိုးခ်ိဳေရွ႕ရွိလူမွ အေပါက္ဝတြင္ ရပ္ေစာင့္ေနသူအား လွမ္းေမးလိုက္ရာ ထိုလူကလည္း ဘာျဖစ္မွန္းမသိတာေၾကာင့္ စစ္ေဆးရန္ ေနရာမွေျပးထြက္သြားေလသည္။
“က်စ္...၊ မင္းကိုကယ္မဲ့လူက ရွိေသးတာလား”
ထိုလူဟာ စိတ္ရႈပ္စြာညီးၫူလိုက္ၿပီး လက္တြန္းစင္ေပၚမွ ေသနတ္အားဆြဲယူကာ ပိုးခ်ိဳ၏နားထင္သို႔ ေတ့ထားလိုက္သည္။
ပိုးခ်ိဳမွာေတာ့ ေခါင္းဒဏ္ရာေၾကာင့္ ပတ္ဝန္းက်င္ကိုပင္ အားယူၾကည့္ေနရသည္မို႔ မိမိ၏အသက္အႏၲရာယ္ကိုပင္ သတိမျပဳမိေပ။
“ဒိုင္း”
ေသြးစေတြျဖာက်လာကာ ပိုးခ်ိဳ၏ပါးျပင္ထက္သို႔ စင္က်လာ၏။
မ်က္စိေရွ႕တင္လဲက်သြားတဲ့လူေၾကာင့္ က်ည္လာရာကိုပိုးခ်ိဳ ေငးၾကည့္မိသည္။
ေလွ်ာက္ဝင္လာသည့္ရိုင္ယန္က အနားေရာက္လာေတာ့ သူ႕အားဘာစကားမွမေျပာပဲစိုက္ၾကည့္ေန၏။
လက္ရွိ ႀကိဳးမ်ားျဖည္ေလ်ာ့သြားၿပီးေနာက္ နိုင္းႏွင့္ေဒးက သူ႕အားတြဲထူေပးၿပီး အခန္းထဲမွေခၚထုတ္သြားၾကသည္။
ရိုင္ယန႔္ကိုေငးရင္း ပိုးခ်ိဳဘာစကားတခြန္းမွေျပာမထြက္ခဲ့ေပ။
................................................
“အကုန္အဆင္သင့္ပါပဲေဘာ့စ္”
ေဒးရဲ႕စကားကို ရိုင္ယန္ေခါင္းညိတ္လိုက္သည္။ ထိုင္ရာမွထရင္း အခန္းက်ယ္တစ္ခုထဲကိုဝင္ခဲ့လိုက္ေတာ့ သက္ေတာင့္သက္သာနားေနၾကသည့္ ဂိုဏ္းသားတို႔က ရိုင္ယန႔္ကိုျမင္ၿပီး အေျပးအလႊားတန္းစီၾကသည္။
လက္ေ႐ြးစင္ေတြသာေ႐ြးေခၚခဲ့တာျဖစ္ေပမဲ့ အဆုံးအရႈံးမ်ားနိုင္သည္မို႔ ဂိုဏ္းသားေတြကို သူတစ္ခုခုေတာ့ေျပာမွျဖစ္မည္။
“အားလုံးသိထားၿပီးျဖစ္မွာပါ၊ ဒီကိစၥမွာ မင္းတို႔အသက္ေပးထားရတယ္ဆိုတာ၊ ဒါအတြက္လည္း မင္းတို႔ကိုေက်းဇူးတင္တယ္၊ ဂုဏ္ယူတယ္”
အားလုံးက ရိုင္ယန႔္စကားေၾကာင့္ၿပဳံးၾကသည္။ ဂိုဏ္းထဲဝင္ၿပီးမွ သူတို႔ဘဝက ခက္ခဲၾကမ္းတမ္းရာက လြယ္ကူေခ်ာေမြ႕ခဲ့ျခင္းျဖစ္သည္။
ဂိုဏ္းသားဆိုတာထက္ အခ်င္းခ်င္းေလးစားရင္း မိသားစုေတြလို မွီခိုခဲ့ၾကတာ။ မိသားစုရွိသည့္တခ်ိဳ႕တဝက္ဟာလည္း ဂိုဏ္းေၾကာင့္ ကိုယ့္မိသားစုကိုယ္ ေကာင္းေကာင္းမြန္မြန္ထားနိုင္ခဲ့တာ။
မွီခိုအားထားရာမို႔ ဂိုဏ္းအေပၚသစၥာရွိမႈဟာ ဘာနဲ႕မွလဲမရနိုင္။
“သိထားတဲ့အတိုင္း တဖက္လူကအင္အားမ်ားတယ္၊ ငါတို႔စီစဥ္ထားသလိုျဖစ္ဖို႔ တပ္အပ္မေျပာနိုင္ေပမဲ့ လာထိပါးတဲ့ႂကြက္...”
“ႂကြက္တြင္းၿပိဳတဲ့အထိ အကုန္ေခ်မႈန္းမယ္!!!”
တခန္းလုံးဟိန္းထြက္သြားေအာင္ျပန္ေျဖၾကသည္မို႔ ရိုင္ယန႔္မ်က္ႏွာထက္ အားရဖြယ္အၿပဳံးတပြင့္က ေပၚေပါက္လာ၏။
“အထိခိုက္အနည္းဆုံးျဖစ္ေစခ်င္တယ္”
“နားလည္ပါၿပီ”
“နားထားၾက”
သူေျပာၿပီးလွည့္ထြက္ေတာ့ ဂိုဏ္းသားေတြအကုန္ သူ႕အလုပ္သူျပန္လုပ္ၾကသည္။
“ငါတို႔က ေႁမြေတြကို၊ အစကတည္းက တိုက္ပြဲက အရွင္းႀကီး၊ ဟား ဟား”
“ဟားဟား၊ ႂကြက္ကင္စားပစ္မယ္ကြ!”
တစြန္းတစ ေနာက္ေနၾကသည္မို႔ ရိုင္ယန္ရယ္မိရသည္။
“ေဘာ့စ္”
ေဘာင္းဘီအိတ္ကပ္ထဲလက္လ်ိဳရင္း ေလွ်ာက္လာေနသည့္ရိုင္ယန့္ကို နိုင္းကေခၚကာ မ်က္ႏွာခ်င္းဆိုင္တြင္ရပ္သည္။ ရိုင္ယန္ေမးဆတ္ျပလိုက္ေတာ့ နိုင္းက
“မပိုးခ်ိဳကေတြ႕ခ်င္တယ္ေျပာပါတယ္”
မ်က္ခုံးေၾကာတခ်က္တြန႔္မိသြားၿပီးေနာက္ ရိုင္ယန္ ေနရာမွေျခလွမ္းျပင္ေတာ့ နိုင္းကေဘးဖက္သို႔ေရွာင္ကာ အေနာက္မွလိုက္လာသည္။
ပိုးခ်ိဳရွိေနသည့္အခန္းေရွ႕သူရပ္ေတာ့ နိုင္းက တံခါးဖြင့္ေပးၿပီး သူဝင္ၿပီးသည္ႏွင့္ တံခါးျပန္ေစ့သြားသည္။
ခုတင္ေခါင္းရင္းကိုေက်ာမွီရင္း သူ႕ကိုျမင္ေတာ့ ပိုးခ်ိဳကၿပဳံးလာသည္။
ပိုးခ်ိဳကို ထင္ထားသည္ထက္ ျမန္ျမန္ရွာေတြ႕ခဲ့သည္မွာ ပိုးခ်ိဳေနာက္ လူလႊတ္ထား၍ေတာ့မဟုတ္။ ပိုးခ်ိဳယူေဆာင္သြားေသာ မင္းထက္၏ေသနတ္တြင္ ေျခရာခံတပ္ထားခဲ့၍ျဖစ္သည္။
Daddy လမ္းစဥ္ကိုလိုက္ခဲ့သည့္သူက ဒီေနရာတြင္ တကြက္သာသြားသည္ဟု ဆိုရေလမလား။
“ေျပာစရာရွိတယ္ဆို”
ခုတင္ေဘးတြင္သာ သူရပ္ရင္းေမးလိုက္သည္။
“villa ထဲက လုံၿခဳံေရးအခန္းထဲမွာပဲ သူတို႔ေတြ ေတြ႕ေနက်၊ အဲ့ကို အမသြားတက္တယ္”
ရိုင္ယန္ မ်က္ခုံးပင္ ပင့္မိသြားသည္။
“သားကိုေခၚသြားတက္ေတာ့ အဲ့ကိုမၾကာမၾကာ ေရာက္ဖူးတယ္၊ မ်က္စိစည္းၿပီးေခၚသြားတာဆိုေပမဲ့ လမ္းေတြ အမမွတ္မိတယ္၊ villa ေတာင္ဘက္တည့္တည့္ ေရကန္ေအာက္က သူတို႔ရွိေနမဲ့ေနရာပဲ”
အေျခအေနေတြကို နားလည္ေနသည့္ပိုးခ်ိဳက ေမးစရာပင္မလိုေအာင္ ေျပာျပေပးတာေၾကာင့္ ရိုင္ယန႔္အတြက္ အစီအစဥ္ဟာ ပိုလို႔ပင္ေခ်ာေမြ႕သြားၿပီပင္။
“နားလည္ၿပီ၊ ဒီမွာပဲ နားေနပါ”
သူေျပာေတာ့ ပိုးခ်ိဳက ၿပဳံးကာ အေရွ႕ဖက္သို႔လွည့္သြားသည္။
“ေက်းဇူးတင္ပါတယ္”
သူ႕အေနျဖင့္က ပိုးခ်ိဳအား လက္လြတ္ထားၿပီးသား။ သားႏွင့္ကိစၥရွင္းသြားကတည္းက ဘယ္ကိုပဲေျပးေျပး လိုက္ရွာဖို႔ပင္စိတ္ကူးမရွိခဲ့ျခင္းျဖစ္သည္။
သို႔ေပမဲ့ သားရဲ႕အေမရင္းကိုေတာ့ ဘာေၾကာင့္ႏွင့္မွ အသက္မေသေစခ်င္ခဲ့တာမို႔ မင္းထက္သာဆိုလွ်င္လည္း ထိုသို႔ေတြးမည္ဟု သိထား၍သာ အခုလိုကယ္ရျခင္းပင္။
ထို႔ေၾကာင့္ ရိုင္ယန္မတုံ႕ျပန္ျဖစ္ခဲ့။