I'll Have My Seatmate Beat Yo...

By ilymm_

507K 90.9K 6K

Myanmar Translation of 我叫我同桌打你 by 靠靠 ↬Author : Kao Kao ↬English Translator : ThatLazyPotato ↬Total Chapters... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66 (Final)
Extra 1
Extra 2
Ymm's Gratitude

Chapter 60

6.1K 1.1K 70
By ilymm_

『 Unicode 』

အပိုင်း ၆၀ : မွေးနေ့ပွဲ ကျင်းပခြင်း

ကျန့်ကောရဲ့မွေးနေ့က အစမ်းစာမေးပွဲမဖြေခင် နှစ်ရက်အလိုမှာဖြစ်တယ်။

ပထမအကြိမ် ပြန်လှန်လေ့ကျင့်ခန်းကာလက ပြီးဆုံးသွားခဲ့လေပြီ။ အစမ်းစာမေးပွဲရဲ့ ရလဒ်တွေနဲ့ အရေးပါမှုတို့က အားလုံးကို အလွန်အမင်းစိတ်ပူပန်လှုပ်ရှားစေတယ်။

ကုချီနန် ဒီကို မပြောင်းလာခင်က သုံးယောက်အုပ်စုက အပြင်မှာ ထွက်စားပြီး မွေးနေ့ပွဲကျင်းကလေ့ရှိခဲ့တယ်။ သူတို့တွေဆိုတာက အများအားဖြင့် စာလုပ်လေ့၊ လုပ်ထမရှိကြတဲ့ သူတွေမို့ စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာဆိုရင် အပြင်ထွက်စားပြီး လျှောက်တောင် လည်ပတ်လိုက်ကြသေးတယ်။

ဒါပေမဲ့ ဒီနှစ်အခြေအနေကတော့ ထူးခြားတယ်။ လင်းရှောင်းပင်းကလွဲပြီး ကျန်သုံးယောက်သားက ကျားကုတ်ကျားခဲ၊ မမောနိုင်မပန်းနိုင် စာလုပ်နေခဲ့ကြတယ်။ အဲ့တာနဲ့ လင်းရှောင်ပင်းမှာလဲ အတန်းဆင်းချိန်တွေမှာ ဖုန်းထုတ်ပြီး ဂိမ်းမဆော့ရဲတော့ဘူး။ သူက စာလုပ်ဟန်သာ ဆောင်နိုင်ခဲ့ပေမဲ့လဲ မမျှော်လင့်ဘဲ သူလဲ နည်းနည်းပါးပါး တိုးတက်လာခဲ့တယ်။

[ ရှေ့သို့ အားမန်အပြည်နဲ့ချီတက်နေတဲ့ ပင်းကော ] : တင်! မဖြစ်နိုင်တာ! ငါတို့သုံးယောက်က အရင်တုန်းက အချင်းချင်း ဘယ်တုန်းကမှ လက်ဆောင်မပေးခဲ့ဖူးဘူး။ အပြန်အလှန် ထမင်းတစ်နပ်လိုက်ကျွေးပြီး ပြီးသွားတာပဲ။ နန်ကော... မင်းမှာ ဘာလို့ စည်းမျဉ်း၊ စည်းကမ်းတွေ ဒီလောက် များရတာလဲ။

[ 3 ] : မင်းနဲ့မဆိုင်ပါဘူး

[ ရှေ့သို့ အားမန်အပြည်နဲ့ချီတက်နေတဲ့ ပင်းကော ] : အိုကေ... ငါ့အမှားပါ

[ Yuan-ge can do it ] : ဂိမ်း Skin တစ်ခု ပေးကြမလား။ Skin အသစ်က အတော်လေး မိုက်တယ်!

[ ရှေ့သို့ အားမန်အပြည်နဲ့ချီတက်နေတဲ့ ပင်းကော ] : ငါလဲ အဲ့တာကောင်းမယ်လို့ ထင်တယ်!

[ 3 ] : ... ကျန့်ကောက ဂိမ်းမဆော့တာ လနဲ့ချီနေပြီလေ

[ Yuan-ge can do it ] : ... ငါသေလိုက်တော့မယ်

[ Yuan-ge can do it ] : ငါရောပဲ

ကျန့်ကောရဲ့မွေးနေ့မတိုင်ခင်နေ့မှာ ကုချီနန်က ည ၁၁ နာရီမှာ တစ်ရေးမှေးလိုက်တယ်။ သူက အိပ်ရာပေါ် အရင်လှဲလိုက်ပြီး ၁၁ နာရီ ၅၉ မိနစ်မှာ ဖုန်းနှိုးစက်ထားထားလိုက်တယ်။ သူက အချိန်မီထပြီး 0 ထိရောက်အောင် countdown ရေတွက်ကာ ကျန့်ကောဆီကို မွေးနေ့မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်တယ်။

[ ရှောင်နန်ဇိုင် ] : Happy Birthday!

[ Rocking ] : လိမ္မာတယ်

[ Rocking ] :  အခုထိ မအိပ်သေးဘူးလား

[ ရှောင်နန်ဇိုင် ] : ငါ နှိုးစက်ထားထားတာ! မင်းကို Happy Birthday ပြောတာ ငါ ပထမဆုံး မလား

[ Rocking ] :  အင်း

[ Rocking ] : ဝုယွမ်နဲ့ လင်းရှောင်ပင်းက 0 ရောက်‌တဲ့အတိ စောင့်မှာ မဟုတ်ဘူး။ အဲ့တာကြောင့် မင်း မနက်ဖြန်မနက်မှ ကိုယ့်ကို ပြောရင်တောင် မင်းက ပထမဆုံးသူ ဖြစ်နေအုံးမှာပဲ

[ ရှောင်နန်ဇိုင် ] : ဟင့်အင်း... ငါက 12 နာရီအတိမှာ ပြောချင်တာ

[ Rocking ] : အင်း... အိပ်တော့

[ ရှောင်နန်ဇိုင် ] : အိုကေ... ဂွတ်နိုက်

[ Rocking ] :  ဂွတ်နိုက်

နောက်တစ်နေ့ သူတို့ တွေ့တွေ့ချင်းပဲ ကုချီနန်က ကျန့်မင်ရဲ့ ပါးစပ်ထဲ ချောကလတ်ကိတ်တစ်ဖဲ့ ထိုးထည့်လိုက်ပြီး ပြုံးလျက် ပြောတယ်။

“ Happy Birthday! ”

ချောကလတ်က တအားချိုတယ်။

ကျန့်မင်မှာ ဘာပြောလို့ ဘာလုပ်လိုက်ရမယ် မသိဖြစ်သွားခဲ့တယ်။ ချောကလတ်က သူ့ပါးစပ်ထဲ အရည်ပျော်သွားပြီး အချိုဓာတ်က သူ့နှလုံးသားထဲ ရောက်လာခဲ့တဲ့အခါမှ သူတို့ အတန်းသွားတက်ရအုံးမှာကို သတိရသွားခဲ့တယ်။

ဒီနေ့မှာ အတန်းချိန်တစ်ချိန်ပြီးတိုင်း ကုချီနန်က ကျန့်မင်ရဲ့ ပါးစပ်ထဲ ချောကလတ်တစ်ဖဲ့ဆီ ထည့်ထည့်ပေးတယ်။

ချောကလတ်အရသာတွေက အမျိုးစုံပဲ။ matcha, truffle, rum, သစ်အယ်သီး...

လင်းရှောင်ပင်းက အဲ့တာကို မြင်တော့ သူလဲ စားချင်လာခဲ့တယ်။

ကုချီနန်က သူ့ကို မပေး။

“ ဒီနေ့က သူ့မွေးနေ့မို့လို့ ဒါက ကျန့်ကောတစ်ယောက်တည်း အတွက်ပဲ ”

လင်းရှောင်ပင်းက တစ်ကိုယ်လုံး တုန်ပြတယ်။

“ မင်းတို့ကောင်တွေ နေ့တိုင်း သောက်ရမ်းတွေဂေးဆန်နေကြတာ ငါ မခံစားနိုင်တော့ဘူး ”

နေ့လယ်ဘက် အတန်းဆင်းတော့ ကုချီနန်က သူ ဒီနေ့ ညအိပ်မယ်လို့ ပြောခဲ့ပေမဲ့ ကျန့်မင်ကတော့ သူ့ရဲ့ ပြန်လှန်လေ့ကျင့်ရေးမှာ သက်ရောက်မှုရှိမှာကို စိုးရိမ်တာနဲ့ ခွင့်မပြုခဲ့‌။

ကုချီနန်က သူ့အပေါ် ချိတ်တွယ်တက်လျက် ကလေးလေးတစ်ယောက်လို တအီအီနဲ့ ချွဲလေတော့တယ်။ နောက်ဆုံး သူ “ ငါ ဒီနေ့ တစ်နေ့လုံး မင်းနဲ့ အတူတူ နေချင်တယ် ” လို့ ပြောတဲ့အခါမှပဲ ကျန့်ကောက လက်ခံခဲ့တော့တယ်။

ကုချီနန်က ညဘက် ကိုယ်ပိုင်စာကြည့်ချိန်အတွင်း အတော်လေးကို စိတ်လှုပ်ရှားနေသေးဆဲ။ လေးယောက်အုပ်စုက စာကို အာရုံတစိုက်လုပ်နေခဲ့ကြတယ်— တစ်ခါတစ်ရံ လင်းရှောင်ပင်းက ဂနာမငြိမ်နိုင်ဘဲ အဝတ်ထဲ ပုရွက်ဆိတ်ဝင်သလိုလို တစ်ကိုယ်လုံး တွန့်လိမ်နေတတ်တာလေးက လွဲရင်ပေါ့။

ဒါပေမဲ့လဲ ကျန့်ကောနဲ့ ဝုယွမ်တို့က သူ့ကို စောင့်ကြည့်နေကြတာကြောင့် သူက ဖုန်းထုတ်ပြီးလဲ ဂိမ်းမဆော့ရဲ။ သူ့မှာ သက်ပြင်းလေးချပြီး စာပဲ ဆက်လုပ်ရလေတော့တယ်။

ည ၉ နာရီခွဲမှာ ညဘက်ကိုယ်ပိုင်စာကြည့်ချိန်က ပြီးဆုံးပေမဲ့ ကျန့်မင်ကတော့ အမြဲလိုလို ၁၀ နာရီခွဲအထိ စာလုပ်ပြီးမှ ပြန်လေ့ရှိတယ်။ ဒါပေမဲ့ ဒီနေ့ အတန်းပြီးတော့ ကုချီနန်က သူ့ကို အတင်းဆွဲထုတ်လာခဲ့ပြီး ဝုယွမ်နဲ့ လင်းရှောင်ပင်းက နောက်က လိုက်လာတယ်။

ကျောင်းအပေါက်ဝက ထွက်လာတော့ ကော်ဖီဆိုင်က ပါဆယ်လာပို့တဲ့ကောင်လေးက ကိတ်နဲ့အတူ စောင့်နေလေပြီ။

ကုချီနန်က ပျော်ရွှင်စွာပဲ ကိတ်ကိုယူလိုက်ပြီး အော်ပြောတယ်။

“ Happy Birthday! ဖယောင်းတိုင်လေး မှုတ်ပြီး ကိတ်စားရုံပဲ။ အချိန်အများကြီး အကုန်ဘူး! ”

ကျန့်မင်အဖို့ နောက်ဆုံးအကြိမ် သူ့ကိုယ်ပိုင်မွေးနေ့ကိတ်ကို စားခဲ့ဖူးတာ အတော်လေးကို ကြာ‌ခဲ့ပြီ။ အခုအချိန် ကုချီနန် အင်မတန်ပျော်ရွှင်နေတာကို မြင်ရတော့ သူ့အတွက် စကားပြောဖို့ရာ ခက်ခဲသွားစေခဲ့တယ်။

အငှားတိုက်ခန်းကျဉ်းလေးထဲ ရောက်တော့ လေးယောက်သားက စားပွဲခုံသေးသေးလေးကို ထုတ်လိုက်ပြီး ကိတ်ကို တင်လိုက်တယ်။

အဖုံးကို ဖွင့်လိုက်တဲ့အခါမှာ ကုချီနန်က လွဲပြီး ကျန်သုံးယောက်က ကြက်သေသေကုန်ကြလျက်။

ကိတ်က ခရင်မ်ကိတ်တစ်လုံးဖြစ်ပြီး ပုံစံက အတော်လေး ရိုးရှင်းတယ်။ အဖြူရောင် ခရင်အလွှာပေါ်မှာ ဘာအစက်အပြောက်မှ မရှိ။ မှန်မျက်နှာပြင်တစ်ခုလို ရေပြင်ညီနေတယ်။ အဲ့အပေါ်မှာ အသည်းပုံနီနီလေးတစ်ခုကို ရေးဆွဲထားပြီး သူ့ဘေးမှာ “ ကောကော... ပျော်ရွှင်စရာ မွေးနေ့လေးပါ ” ဆိုပြီး ချောကလတ်နဲ့ ရေးထိုးထားတယ်။

အချိန်အတော်လေးကြာပြီးတဲ့နောက်မှာ လင်းရှောင်ပင်းက သက်ပြင်းချတယ်။

“ ရှောင်နန်ဇိုင်... ငါ ကျန်းသေပေါက် ယုံတယ်။ မင်းတို့တွေက တစ်ဘဝလုံး သူငယ်ချင်းကောင်းတွေဖြစ်လိမ့်မယ် ”

ကျန့်မင်မှာ ကူကယ်ရာမဲ့သွားခဲ့ပေမဲ့လဲ သူ့ရင်ထဲမှာတော့ ပျော်ရွှင်မှုတို့နဲ့ ပြည့်နှက်လျက်။

ကုချီနန်က 18 ပုံစံ ဖယောင်းတိုင်ကို စိုက်လိုက်ပြီး ထရပ်ကာ မီးထွန်းလိုက်တယ်။ ပြီးတော့ မွေးနေ့သီချင်းကို အရင်ဆုံး ထဆိုတယ်။

သိပ်မကြာခင်မှာပဲ ဝုယွမ်နဲ့ လင်းရှောင်ပင်းက သူနဲ့အတူတူ သီချင်းအစ၊ အဆုံး တပျော်တပါးကြီး လိုက်ဆိုကြတော့တယ်။

ကုချီနန်က မွေးနေ့တစ်ခုရဲ့ လုပ်ငန်းစဉ်အတိုင်း အတိအကျ တင်းတင်းကျပ်ကျပ်လိုက်နာတယ်။ ဆုတောင်းခိုင်းတယ်၊ ဖယောင်းတိုင် မှုတ်ခိုင်းတယ်၊ ဆုတောင်းပြီးသွားတော့ ကိတ်မုန့်ခွဲတယ်။

ကိတ်မခွဲခင်မှာ ဝုယွမ်နဲ့ လင်းရှောင်ပင်းက ‌သူတို့ယူလာတဲ့ လက်ဆောင်တွေ ပေးကြတယ်— sneakers တစ်စုံ။ ဘရန်းက သိပ်တော့ ဈေးမကြီးလှကြောင်း ကျန့်မင် တွေ့လိုက်ရတယ်။

သူတို့တွေက သူ့ကို ကူညီ‌ချင်ကြပေမဲ့လဲ သူ လက်မခံမှာကိုလဲ ကြောက်နေကြတာကို သူသိတယ်။ အဲ့တာကြောင့် ကျန့်မင်က “ ကျေးဇူးပဲ ” လို့သာ ပြောလိုက်ပြီး များများစားစား မဆိုတော့ဘဲ လက်ဆောင်ကို လက်ခံလိုက်တော့တယ်။

ကုချီနန်က ကိတ်မုန့်စားမဲ့ကိစ္စကို စိတ်မဝင်စားဘဲ စိတ်လှုပ်ရှားစွာနဲ့ သူ့ကျောပိုးအိတ်ထဲက လက်ဆောင်ကို ထုတ်လိုက်တယ်။ ပါကင်စက္ကူနဲ့တောင် အသေအချာ၊ အကျအန ထုတ်ပိုးထားတယ်။ စံချိန်မီမွေးနေ့လက်ဆောင်တစ်ခုပါပင်။

သုံးယောက်သားက ကျန့်မင်အနား ဝိုင်းလိုက်ကြပြီး ကျန့်မင် လက်ဆောင် ဖွင့်တာကို မျှော်လင့်တကြီးနဲ့ ကြည့်နေကြတယ်။

လင်းရှောင်ပင်းက ဆိုတယ်။

“ ဒီရှောင်နန်ဇိုင်... သူ ဟိုးအရင်ကတည်းက လက်ဆောင်ကို ပြင်နေခဲ့တာလို့ ပြောတယ်။ ဘယ်လိုနတ်သမီးလက်ဆောင်များဖြစ်မလဲ ငါ ကြည့်အုံးမယ် ”

ကျန့်မင်က ဘူးထဲက အဖြူစွတ်စွတ် လေးထောင့်ပုံလေးတစ်ခုကို ထုတ်လိုက်တယ်။

ဝုယွမ် : “ ဘာလဲ။ ပါဝါဘန့်လား ”

ကုချီနန်က ပျော်ရွှင်စွာ ခေါင်းခါလိုက်တယ်။

“ မဟုတ်ဘူး! ပရင့်တာအသေးလေး။ ဖုန်းနဲ့ ဓာတ်ပုံရိုက်လိုက်ရုံပဲ။ ပြီးရင် ဒါနဲ့ ချိတ်ပြီး ‌လွယ်လွယ်ကူကူ ပရင့်ထုတ်လို့ရတယ်! ဒီလိုဆိုရင် မှားထားတဲ့ မေးခွန်းတွေကို ပြန်စီဖို့ အချိန်အများကြီး သက်သာသွားပြီ ”

သုံးယောက်သား : “ ... ”

လင်းရှောင်ပင်းက လေးစားမှုအပြည့်နဲ့ ပြောလာတယ်။

“ ဒါဆို မင်းက ဒါကို အရင်က သုံးဖူးပြီး အသုံးဝင်တယ်လို့ တွေးတယ်ပေါ့? ”

ကုချီနန်က ငြင်းတယ်။

“ မဟုတ်ဘူး။ ငါ အရင်က တစ်ခါမှ မသုံးဖူးဘူး။ ငါ မှားတာက နည်းနည်းလေးပဲလေ။ အဲ့တာကြောင့် ငါ သုံးစရာမလိုဘူး ”

လင်းရှောင်ပင်းနဲ့ ဝုယွမ်က ဝါးလုံးကွဲ ထရယ်ကြလေတော့ ကုချီနန်မှာ ကြောင်တက်တက်လေးဖြစ်သွားခဲ့ရတယ်။

သူတို့နှစ်ယောက် ပြန်သွားကြပြီးတဲ့အခါမှာတောင် ကုချီနန်က အနည်းငယ် မရွှင်မပြ ဖြစ်နေသေးဆဲ။ သူက ကျန့်မင်ကို တရစပ်မေးနေခဲ့တယ်။

“ ငါ့လက်ဆောင်က ရူးတူးတူး၊ ပေါတောတောဖြစ်နေလား။ မင်း မကြိုက်ဘူးလား ”

ကျန့်မင်က သူ့လက်မောင်းတွေကို ဖွင့်ပေးလိုက်ပြီး သူ့ကို သူ့ပေါင်ပေါ် ထိုင်ခိုင်းတယ်။ ထို့နောက် အနမ်းဖွဖွ တစ်ပွင့်ခြွေပြီး ပြောတယ်။

“ ငါ တအားသဘောကျတယ် ”

ကုချီနန်ကတော့ မယုံ။

ကျန့်မင်က ကတိပေးတယ်။

“ ငါ မနက်ဖြန် သုံးပါမယ်။ တကယ်။ မင်း ငါ့ကို ပေးတဲ့အရာမှန်သမျှကို ငါကြိုက်တယ်။ အကုန်လုံးပဲ ”

ကုချီနန်က ချီတုံချတုံနဲ့ပဲ သူ့ကို ယုံလိုက်တယ်။ သူပေးတဲ့ လက်ဆောင်က သိပ်ကို လက်တွေ့အသုံးဝင်ပြီး ကောင်းမွန်လို့ သူထင်ခဲ့တာ။ အဲ့တာကို ဘာလို့ သူတို့က သူ့ကို ရယ်ကြတာလဲ။

သူက ‌သူ့ကျောပိုးအိတ်ကို ထပ်ဆွဲယူလိုက်ပြီး ပြောတယ်။

“ ငါ့မှာ ဒုတိယလက်ဆောင် ကျန်သေးတယ်။ စောန‌က သူတို့ရှိနေလို့ ထုတ်ဖို့ ရှက်နေခဲ့တာ ”

ကုချီနန်က ကျောပိုးအိတ်ထဲက အိတ်ဖောင်းဖောင်းလေးတစ်အိတ်‌ကို ထုတ်လိုက်ပြီး ရှုံ့ကြိုးကို ဆွဲလိုက်တယ်။ ထုတ်ပြီးသွားတဲ့အခါမှာတော့ အနက်ရောင် down jacket တစ်ထည်မှန်း ကျန့်မင် တွေ့လိုက်ရတယ်။ ပေါ့ပါးပြီး ပါးလျတယ်။ အလေးချိန် မရှိသလောက်ပဲ။

ကုချီနန်က ပြုံးလျက် ဆိုတယ်။

“ ဒါ စုံတွဲအင်္ကျီ။ ငါ့မှာလဲ ဒါနဲ့ တစ်ပုံစံတည်း တစ်ထည်ရှိတယ် ”

ကျန့်မင်က စမ်းဝတ်ကြည့်လိုက်တော့ ကွက်တိပင်။

down jacket က အတော်လေး ပေါ့ပြီး တောင်ပိုင်းရဲ့ဆောင်းရာသီနဲ့ အတော်လေး လိုက်တယ်။ ဒီလို ရာသီဥတုမျိုးနှာ ကုတ်တစ်ထည်နဲ့ တီရှပ်လက်ရှည်တစ်ထည်ဆို လုံလောက်ပြီ။

ကုချီနန်က တကယ်ကို ကျန့်ကောအတွက် အဝတ်အစား ဝယ်ပေးချင်ခဲ့တာ။

သူ ကျန့်ကောရဲ့ အဝတ်ဗီရိုကို တွေ့ပြီးပြီ။ ရာသီနှစ်ခုအတွက် ကျောင်းဝတ်စုံ လေးစုံအပြင် အဝတ်အစား နည်းနည်းလေးပဲ ရှိတယ်။ အပတ်တိုင်း ကျောင်းတတ်နေရပြီး အပြင်ဝတ်တွေ သိပ်ဝတ်စရာ မလိုဘူး ဆိုပေမဲ့လဲ သူကတော့ ကျန့်ကောကို ကျောင်းဝတ်စုံနဲ့မဟုတ်ဘဲ မြင်ချင်တယ်။ အဲ့တာကြောင့် သူက သူ့ကို အဝတ်အစားတွေ အများကြီး ဝယ်ပေးချင်ခဲ့တယ်။

သူ့မာမားနဲ့ ဈေးဝယ်ထွက်တုန်းက ဒါလေးက ကျန့်ကောနဲ့ လိုက်မလား၊ ဟိုဟာလေးကလဲ ကျန့်ကောနဲ့ လိုက်မှာ ဆိုပြီး အမြဲ တွေးနေမိခဲ့တာ။

အဆုံးမှာတော့ သူက မောလ်ထဲ ပြန်ပြေးဝင်ပြီး စုံတွဲ down jacket တစ်စုံကို ဝယ်ခဲ့လိုက်တော့တယ်။

ကျန့်ကော လက်မခံမှာစိုးလို့ သူ့မှာ အများကြီးလဲ မဝယ်ရဲ။

သူ့အနေနဲ့ ကျန့်ကောကို ပေးစရာ လက်ဆောင်တွေ အများကြီး ကျန်နေသေးပေမဲ့ ကျန့်ကောကို လန့်သွားစေမိမှာ စိုးတာနဲ့ သူက ဖြည်းဖြည်းချင်းပဲ ပေးမှရမယ်။

ကျန့်ကောက down jacket ကိုချွတ်လိုက်ပြီး တမြတ်တနိုးနဲ့ ဗီရိုထဲမှာ ချိတ်ထားလိုက်တယ်။

ဗီရိုထဲမှာ စက္ကူနှင်းဆီတွေထည့်ထားတဲ့ ဘူးလေးလဲရှိပြီး အထဲမှာတော့ စက္ကူနှင်းဆီတွေက ပြည့်လုနီးပါးဖြစ်နေ‌ပြီ။

ကုချီနန်က သူ့ကျောပိုးအိတ်ထဲက ဒီနေ့ရဲ့ တတိယလက်ဆောင်ကို ထုတ်လိုက်တယ်။ စက္ကူနှင်းဆီတစ်ပွင့်။ ပြီးတော့ ကျန့်ကောရဲ့ လက်ထဲ ထည့်ပေးလိုက်တယ်။

ကျန့်မင်က စက္ကူနှင်းဆီပွင့်လေးကို ကိုင်ပြီး တိုးတိုးလေးပြောတယ်။

“ ရတနာလေး... မင်း ငါ့ကို ပေးတာတွေ အများကြီးပဲ  ”

ကုချီနန်က မှီလိုက်ပြီး သူ့နှုတ်ခမ်းထောင့်လေးကို နမ်းလိုက်တယ်။

“ ငါ မင်းကို အများကြီး ပေးချင်တာ ”

ကျန့်မင်က ‌တခြားစက္ကူဘူးအကြီးကြီးတစ်ဘူးကို ထုတ်လိုက်ပြီး အဖုံးကို ဖွင့်လိုက်တယ်။

Lego blocks တွေမှန်း ကုချီနန် တွေ့လိုက်ရတယ်။

ကျန့်မင်အနေနဲ့ လက်ဆောင်ရခဲ့ဖူးတာ အတော်လေးကို ကြာပြီ။

သူက လက်ဆောင်ရခဲတယ်။

သူ့အဘွား အသက်ရှိစဉ်တုန်းက သူ့ကို အရုပ်သေးသေးလေးတွေ ဝယ်ပေးလေ့ရှိခဲ့တယ်။ မွေးနေ့တွေမှာ မွေးနေ့ကိတ်တစ်လုံးဆိုတာကိုက အကြီးမားဆုံးလက်ဆောင်တစ်ခု ဖြစ်နေပြီ။ အရုပ်သေးသေးလေးတွေက ဟိုအရင်ကတည်း ကျိုးပဲ့သွားပြီ။ ဘယ်ရောက်ကုန်ကြမှန်းလဲ သူမသိဘူး။ ဈေးအတော်လေးကြီးတဲ့ Lego Blocks ဘူးကလွဲရင် ကျန့်မင်မှာ တခြားလက်ဆောင်တွေ ဘာမှ မကျန်တော့ဘူး။

သူ့ဦးလေးအိမ်မှာ နေတုန်းက သူ Lego တွေကို မဆက်တော့ဘဲ အမြဲ ဘူးထဲမှာပဲ သိမ်းထားခဲ့တယ်။

အကြောင်းရင်းကတော့ ထားစရာ နေရာမရှိလို့။

ဒါပေမဲ့ ဒီညမှာတော့ အချို့သော အကြောင်းပြချက်တွေကြောင့် သူက ရုတ်တရက် Lego blocks တွေကို ထပ်ဆက် ချင်လာခဲ့တယ်။

Lego ကို သူ့ရဲ့ ပရင့်တာသေးသေးလေးရယ်၊ စက္ကူနှင်းဆီတွေရယ်၊ down jacket ရယ်နဲ့ အတူတူ ထားခဲ့တယ်။

.

_____________________________________________

『 Zawgyi 』

အပိုင္း ၆၀ : ေမြးေန႕ပြဲ က်င္းပျခင္း

က်န႔္ေကာရဲ႕ေမြးေန႕က အစမ္းစာေမးပြဲမေျဖခင္ ႏွစ္ရက္အလိုမွာျဖစ္တယ္။

ပထမအႀကိမ္ ျပန္လွန္ေလ့က်င့္ခန္းကာလက ၿပီးဆုံးသြားခဲ့ေလၿပီ။ အစမ္းစာေမးပြဲရဲ႕ ရလဒ္ေတြနဲ႕ အေရးပါမႈတို႔က အားလုံးကို အလြန္အမင္းစိတ္ပူပန္လႈပ္ရွားေစတယ္။

ကုခ်ီနန္ ဒီကို မေျပာင္းလာခင္က သုံးေယာက္အုပ္စုက အျပင္မွာ ထြက္စားၿပီး ေမြးေန႕ပြဲက်င္းကေလ့ရွိခဲ့တယ္။ သူတို႔ေတြဆိုတာက အမ်ားအားျဖင့္ စာလုပ္ေလ့၊ လုပ္ထမရွိၾကတဲ့ သူေတြမို႔ စေန၊ တနဂၤေႏြ ပိတ္ရက္ေတြမွာဆိုရင္ အျပင္ထြက္စားၿပီး ေလွ်ာက္ေတာင္ လည္ပတ္လိုက္ၾကေသးတယ္။

ဒါေပမဲ့ ဒီႏွစ္အေျခအေနကေတာ့ ထူးျခားတယ္။ လင္းေရွာင္းပင္းကလြဲၿပီး က်န္သုံးေယာက္သားက က်ားကုတ္က်ားခဲ၊ မေမာနိုင္မပန္းနိုင္ စာလုပ္ေနခဲ့ၾကတယ္။ အဲ့တာနဲ႕ လင္းေရွာင္ပင္းမွာလဲ အတန္းဆင္းခ်ိန္ေတြမွာ ဖုန္းထုတ္ၿပီး ဂိမ္းမေဆာ့ရဲေတာ့ဘူး။ သူက စာလုပ္ဟန္သာ ေဆာင္နိုင္ခဲ့ေပမဲ့လဲ မေမွ်ာ္လင့္ဘဲ သူလဲ နည္းနည္းပါးပါး တိုးတက္လာခဲ့တယ္။

[ ေရွ႕သို႔ အားမန္အျပည္နဲ႕ခ်ီတက္ေနတဲ့ ပင္းေကာ ] : တင္! မျဖစ္နိုင္တာ! ငါတို႔သုံးေယာက္က အရင္တုန္းက အခ်င္းခ်င္း ဘယ္တုန္းကမွ လက္ေဆာင္မေပးခဲ့ဖူးဘူး။ အျပန္အလွန္ ထမင္းတစ္နပ္လိုက္ေကြၽးၿပီး ၿပီးသြားတာပဲ။ နန္ေကာ... မင္းမွာ ဘာလို႔ စည္းမ်ဥ္း၊ စည္းကမ္းေတြ ဒီေလာက္ မ်ားရတာလဲ။

[ 3 ] : မင္းနဲ႕မဆိုင္ပါဘူး

[ ေရွ႕သို႔ အားမန္အျပည္နဲ႕ခ်ီတက္ေနတဲ့ ပင္းေကာ ] : အိုေက... ငါ့အမွားပါ

[ Yuan-ge can do it ] : ဂိမ္း Skin တစ္ခု ေပးၾကမလား။ Skin အသစ္က အေတာ္ေလး မိုက္တယ္!

[ ေရွ႕သို႔ အားမန္အျပည္နဲ႕ခ်ီတက္ေနတဲ့ ပင္းေကာ ] : ငါလဲ အဲ့တာေကာင္းမယ္လို႔ ထင္တယ္!

[ 3 ] : ... က်န႔္ေကာက ဂိမ္းမေဆာ့တာ လနဲ႕ခ်ီေနၿပီေလ

[ Yuan-ge can do it ] : ... ငါေသလိုက္ေတာ့မယ္

[ Yuan-ge can do it ] : ငါေရာပဲ

က်န႔္ေကာရဲ႕ေမြးေန႕မတိုင္ခင္ေန႕မွာ ကုခ်ီနန္က ည ၁၁ နာရီမွာ တစ္ေရးေမွးလိုက္တယ္။ သူက အိပ္ရာေပၚ အရင္လွဲလိုက္ၿပီး ၁၁ နာရီ ၅၉ မိနစ္မွာ ဖုန္းႏွိုးစက္ထားထားလိုက္တယ္။ သူက အခ်ိန္မီထၿပီး 0 ထိေရာက္ေအာင္ countdown ေရတြက္ကာ က်န႔္ေကာဆီကို ေမြးေန႕မက္ေဆ့ခ္်တစ္ေစာင္ ပို႔လိုက္တယ္။

[ ေရွာင္နန္ဇိုင္ ] : Happy Birthday!

[ Rocking ] : လိမၼာတယ္

[ Rocking ] :  အခုထိ မအိပ္ေသးဘူးလား

[ ေရွာင္နန္ဇိုင္ ] : ငါ ႏွိုးစက္ထားထားတာ! မင္းကို Happy Birthday ေျပာတာ ငါ ပထမဆုံး မလား

[ Rocking ] :  အင္း

[ Rocking ] : ဝုယြမ္နဲ႕ လင္းေရွာင္ပင္းက 0 ေရာက္‌တဲ့အတိ ေစာင့္မွာ မဟုတ္ဘူး။ အဲ့တာေၾကာင့္ မင္း မနက္ျဖန္မနက္မွ ကိုယ့္ကို ေျပာရင္ေတာင္ မင္းက ပထမဆုံးသူ ျဖစ္ေနအုံးမွာပဲ

[ ေရွာင္နန္ဇိုင္ ] : ဟင့္အင္း... ငါက 12 နာရီအတိမွာ ေျပာခ်င္တာ

[ Rocking ] : အင္း... အိပ္ေတာ့

[ ေရွာင္နန္ဇိုင္ ] : အိုေက... ဂြတ္နိုက္

[ Rocking ] :  ဂြတ္နိုက္

ေနာက္တစ္ေန႕ သူတို႔ ေတြ႕ေတြ႕ခ်င္းပဲ ကုခ်ီနန္က က်န႔္မင္ရဲ႕ ပါးစပ္ထဲ ေခ်ာကလတ္ကိတ္တစ္ဖဲ့ ထိုးထည့္လိုက္ၿပီး ၿပဳံးလ်က္ ေျပာတယ္။

“ Happy Birthday! ”

ေခ်ာကလတ္က တအားခ်ိဳတယ္။

က်န႔္မင္မွာ ဘာေျပာလို႔ ဘာလုပ္လိုက္ရမယ္ မသိျဖစ္သြားခဲ့တယ္။ ေခ်ာကလတ္က သူ႕ပါးစပ္ထဲ အရည္ေပ်ာ္သြားၿပီး အခ်ိဳဓာတ္က သူ႕ႏွလုံးသားထဲ ေရာက္လာခဲ့တဲ့အခါမွ သူတို႔ အတန္းသြားတက္ရအုံးမွာကို သတိရသြားခဲ့တယ္။

ဒီေန႕မွာ အတန္းခ်ိန္တစ္ခ်ိန္ၿပီးတိုင္း ကုခ်ီနန္က က်န႔္မင္ရဲ႕ ပါးစပ္ထဲ ေခ်ာကလတ္တစ္ဖဲ့ဆီ ထည့္ထည့္ေပးတယ္။

ေခ်ာကလတ္အရသာေတြက အမ်ိဳးစုံပဲ။ matcha, truffle, rum, သစ္အယ္သီး...

လင္းေရွာင္ပင္းက အဲ့တာကို ျမင္ေတာ့ သူလဲ စားခ်င္လာခဲ့တယ္။

ကုခ်ီနန္က သူ႕ကို မေပး။

“ ဒီေန႕က သူ႕ေမြးေန႕မို႔လို႔ ဒါက က်န႔္ေကာတစ္ေယာက္တည္း အတြက္ပဲ ”

လင္းေရွာင္ပင္းက တစ္ကိုယ္လုံး တုန္ျပတယ္။

“ မင္းတို႔ေကာင္ေတြ ေန႕တိုင္း ေသာက္ရမ္းေတြေဂးဆန္ေနၾကတာ ငါ မခံစားနိုင္ေတာ့ဘူး ”

ေန႕လယ္ဘက္ အတန္းဆင္းေတာ့ ကုခ်ီနန္က သူ ဒီေန႕ ညအိပ္မယ္လို႔ ေျပာခဲ့ေပမဲ့ က်န႔္မင္ကေတာ့ သူ႕ရဲ႕ ျပန္လွန္ေလ့က်င့္ေရးမွာ သက္ေရာက္မႈရွိမွာကို စိုးရိမ္တာနဲ႕ ခြင့္မျပဳခဲ့‌။

ကုခ်ီနန္က သူ႕အေပၚ ခ်ိတ္တြယ္တက္လ်က္ ကေလးေလးတစ္ေယာက္လို တအီအီနဲ႕ ခြၽဲေလေတာ့တယ္။ ေနာက္ဆုံး သူ “ ငါ ဒီေန႕ တစ္ေန႕လုံး မင္းနဲ႕ အတူတူ ေနခ်င္တယ္ ” လို႔ ေျပာတဲ့အခါမွပဲ က်န႔္ေကာက လက္ခံခဲ့ေတာ့တယ္။

ကုခ်ီနန္က ညဘက္ ကိုယ္ပိုင္စာၾကည့္ခ်ိန္အတြင္း အေတာ္ေလးကို စိတ္လႈပ္ရွားေနေသးဆဲ။ ေလးေယာက္အုပ္စုက စာကို အာ႐ုံတစိုက္လုပ္ေနခဲ့ၾကတယ္— တစ္ခါတစ္ရံ လင္းေရွာင္ပင္းက ဂနာမၿငိမ္နိုင္ဘဲ အဝတ္ထဲ ပု႐ြက္ဆိတ္ဝင္သလိုလို တစ္ကိုယ္လုံး တြန႔္လိမ္ေနတတ္တာေလးက လြဲရင္ေပါ့။

ဒါေပမဲ့လဲ က်န့္ေကာနဲ႕ ဝုယြမ္တို႔က သူ႕ကို ေစာင့္ၾကည့္ေနၾကတာေၾကာင့္ သူက ဖုန္းထုတ္ၿပီးလဲ ဂိမ္းမေဆာ့ရဲ။ သူ႕မွာ သက္ျပင္းေလးခ်ၿပီး စာပဲ ဆက္လုပ္ရေလေတာ့တယ္။

ည ၉ နာရီခြဲမွာ ညဘက္ကိုယ္ပိုင္စာၾကည့္ခ်ိန္က ၿပီးဆုံးေပမဲ့ က်န႔္မင္ကေတာ့ အၿမဲလိုလို ၁၀ နာရီခြဲအထိ စာလုပ္ၿပီးမွ ျပန္ေလ့ရွိတယ္။ ဒါေပမဲ့ ဒီေန႕ အတန္းၿပီးေတာ့ ကုခ်ီနန္က သူ႕ကို အတင္းဆြဲထုတ္လာခဲ့ၿပီး ဝုယြမ္နဲ႕ လင္းေရွာင္ပင္းက ေနာက္က လိုက္လာတယ္။

ေက်ာင္းအေပါက္ဝက ထြက္လာေတာ့ ေကာ္ဖီဆိုင္က ပါဆယ္လာပို႔တဲ့ေကာင္ေလးက ကိတ္နဲ႕အတူ ေစာင့္ေနေလၿပီ။

ကုခ်ီနန္က ေပ်ာ္႐ႊင္စြာပဲ ကိတ္ကိုယူလိုက္ၿပီး ေအာ္ေျပာတယ္။

“ Happy Birthday! ဖေယာင္းတိုင္ေလး မႈတ္ၿပီး ကိတ္စား႐ုံပဲ။ အခ်ိန္အမ်ားႀကီး အကုန္ဘူး! ”

က်န႔္မင္အဖို႔ ေနာက္ဆုံးအႀကိမ္ သူ႕ကိုယ္ပိုင္ေမြးေန႕ကိတ္ကို စားခဲ့ဖူးတာ အေတာ္ေလးကို ၾကာ‌ခဲ့ၿပီ။ အခုအခ်ိန္ ကုခ်ီနန္ အင္မတန္ေပ်ာ္႐ႊင္ေနတာကို ျမင္ရေတာ့ သူ႕အတြက္ စကားေျပာဖို႔ရာ ခက္ခဲသြားေစခဲ့တယ္။

အငွားတိုက္ခန္းက်ဥ္းေလးထဲ ေရာက္ေတာ့ ေလးေယာက္သားက စားပြဲခုံေသးေသးေလးကို ထုတ္လိုက္ၿပီး ကိတ္ကို တင္လိုက္တယ္။

အဖုံးကို ဖြင့္လိုက္တဲ့အခါမွာ ကုခ်ီနန္က လြဲၿပီး က်န္သုံးေယာက္က ၾကက္ေသေသကုန္ၾကလ်က္။

ကိတ္က ခရင္မ္ကိတ္တစ္လုံးျဖစ္ၿပီး ပုံစံက အေတာ္ေလး ရိုးရွင္းတယ္။ အျဖဴေရာင္ ခရင္အလႊာေပၚမွာ ဘာအစက္အေျပာက္မွ မရွိ။ မွန္မ်က္ႏွာျပင္တစ္ခုလို ေရျပင္ညီေနတယ္။ အဲ့အေပၚမွာ အသည္းပုံနီနီေလးတစ္ခုကို ေရးဆြဲထားၿပီး သူ႕ေဘးမွာ “ ေကာေကာ... ေပ်ာ္႐ႊင္စရာ ေမြးေန႕ေလးပါ ” ဆိုၿပီး ေခ်ာကလတ္နဲ႕ ေရးထိုးထားတယ္။

အခ်ိန္အေတာ္ေလးၾကာၿပီးတဲ့ေနာက္မွာ လင္းေရွာင္ပင္းက သက္ျပင္းခ်တယ္။

“ ေရွာင္နန္ဇိုင္... ငါ က်န္းေသေပါက္ ယုံတယ္။ မင္းတို႔ေတြက တစ္ဘဝလုံး သူငယ္ခ်င္းေကာင္းေတြျဖစ္လိမ့္မယ္ ”

က်န႔္မင္မွာ ကူကယ္ရာမဲ့သြားခဲ့ေပမဲ့လဲ သူ႕ရင္ထဲမွာေတာ့ ေပ်ာ္႐ႊင္မႈတို႔နဲ႕ ျပည့္ႏွက္လ်က္။

ကုခ်ီနန္က 18 ပုံစံ ဖေယာင္းတိုင္ကို စိုက္လိုက္ၿပီး ထရပ္ကာ မီးထြန္းလိုက္တယ္။ ၿပီးေတာ့ ေမြးေန႕သီခ်င္းကို အရင္ဆုံး ထဆိုတယ္။

သိပ္မၾကာခင္မွာပဲ ဝုယြမ္နဲ႕ လင္းေရွာင္ပင္းက သူနဲ႕အတူတူ သီခ်င္းအစ၊ အဆုံး တေပ်ာ္တပါးႀကီး လိုက္ဆိုၾကေတာ့တယ္။

ကုခ်ီနန္က ေမြးေန႕တစ္ခုရဲ႕ လုပ္ငန္းစဥ္အတိုင္း အတိအက် တင္းတင္းက်ပ္က်ပ္လိုက္နာတယ္။ ဆုေတာင္းခိုင္းတယ္၊ ဖေယာင္းတိုင္ မႈတ္ခိုင္းတယ္၊ ဆုေတာင္းၿပီးသြားေတာ့ ကိတ္မုန႔္ခြဲတယ္။

ကိတ္မခြဲခင္မွာ ဝုယြမ္နဲ႕ လင္းေရွာင္ပင္းက ‌သူတို႔ယူလာတဲ့ လက္ေဆာင္ေတြ ေပးၾကတယ္— sneakers တစ္စုံ။ ဘရန္းက သိပ္ေတာ့ ေဈးမႀကီးလွေၾကာင္း က်န႔္မင္ ေတြ႕လိုက္ရတယ္။

သူတို႔ေတြက သူ႕ကို ကူညီ‌ခ်င္ၾကေပမဲ့လဲ သူ လက္မခံမွာကိုလဲ ေၾကာက္ေနၾကတာကို သူသိတယ္။ အဲ့တာေၾကာင့္ က်န႔္မင္က “ ေက်းဇူးပဲ ” လို႔သာ ေျပာလိုက္ၿပီး မ်ားမ်ားစားစား မဆိုေတာ့ဘဲ လက္ေဆာင္ကို လက္ခံလိုက္ေတာ့တယ္။

ကုခ်ီနန္က ကိတ္မုန႔္စားမဲ့ကိစၥကို စိတ္မဝင္စားဘဲ စိတ္လႈပ္ရွားစြာနဲ႕ သူ႕ေက်ာပိုးအိတ္ထဲက လက္ေဆာင္ကို ထုတ္လိုက္တယ္။ ပါကင္စကၠဴနဲ႕ေတာင္ အေသအခ်ာ၊ အက်အန ထုတ္ပိုးထားတယ္။ စံခ်ိန္မီေမြးေန႕လက္ေဆာင္တစ္ခုပါပင္။

သုံးေယာက္သားက က်န႔္မင္အနား ဝိုင္းလိုက္ၾကၿပီး က်န႔္မင္ လက္ေဆာင္ ဖြင့္တာကို ေမွ်ာ္လင့္တႀကီးနဲ႕ ၾကည့္ေနၾကတယ္။

လင္းေရွာင္ပင္းက ဆိုတယ္။

“ ဒီေရွာင္နန္ဇိုင္... သူ ဟိုးအရင္ကတည္းက လက္ေဆာင္ကို ျပင္ေနခဲ့တာလို႔ ေျပာတယ္။ ဘယ္လိုနတ္သမီးလက္ေဆာင္မ်ားျဖစ္မလဲ ငါ ၾကည့္အုံးမယ္ ”

က်န႔္မင္က ဘူးထဲက အျဖဴစြတ္စြတ္ ေလးေထာင့္ပုံေလးတစ္ခုကို ထုတ္လိုက္တယ္။

ဝုယြမ္ : “ ဘာလဲ။ ပါဝါဘန႔္လား ”

ကုခ်ီနန္က ေပ်ာ္႐ႊင္စြာ ေခါင္းခါလိုက္တယ္။

“ မဟုတ္ဘူး! ပရင့္တာအေသးေလး။ ဖုန္းနဲ႕ ဓာတ္ပုံရိုက္လိုက္႐ုံပဲ။ ၿပီးရင္ ဒါနဲ႕ ခ်ိတ္ၿပီး ‌လြယ္လြယ္ကူကူ ပရင့္ထုတ္လို႔ရတယ္! ဒီလိုဆိုရင္ မွားထားတဲ့ ေမးခြန္းေတြကို ျပန္စီဖို႔ အခ်ိန္အမ်ားႀကီး သက္သာသြားၿပီ ”

သုံးေယာက္သား : “ ... ”

လင္းေရွာင္ပင္းက ေလးစားမႈအျပည့္နဲ႕ ေျပာလာတယ္။

“ ဒါဆို မင္းက ဒါကို အရင္က သုံးဖူးၿပီး အသုံးဝင္တယ္လို႔ ေတြးတယ္ေပါ့? ”

ကုခ်ီနန္က ျငင္းတယ္။

“ မဟုတ္ဘူး။ ငါ အရင္က တစ္ခါမွ မသုံးဖူးဘူး။ ငါ မွားတာက နည္းနည္းေလးပဲေလ။ အဲ့တာေၾကာင့္ ငါ သုံးစရာမလိုဘူး ”

လင္းေရွာင္ပင္းနဲ႕ ဝုယြမ္က ဝါးလုံးကြဲ ထရယ္ၾကေလေတာ့ ကုခ်ီနန္မွာ ေၾကာင္တက္တက္ေလးျဖစ္သြားခဲ့ရတယ္။

သူတို႔ႏွစ္ေယာက္ ျပန္သြားၾကၿပီးတဲ့အခါမွာေတာင္ ကုခ်ီနန္က အနည္းငယ္ မ႐ႊင္မျပ ျဖစ္ေနေသးဆဲ။ သူက က်န႔္မင္ကို တရစပ္ေမးေနခဲ့တယ္။

“ ငါ့လက္ေဆာင္က ႐ူးတူးတူး၊ ေပါေတာေတာျဖစ္ေနလား။ မင္း မႀကိဳက္ဘူးလား ”

က်န႔္မင္က သူ႕လက္ေမာင္းေတြကို ဖြင့္ေပးလိုက္ၿပီး သူ႕ကို သူ႕ေပါင္ေပၚ ထိုင္ခိုင္းတယ္။ ထို႔ေနာက္ အနမ္းဖြဖြ တစ္ပြင့္ေႁခြၿပီး ေျပာတယ္။

“ ငါ တအားသေဘာက်တယ္ ”

ကုခ်ီနန္ကေတာ့ မယုံ။

က်န့္မင္က ကတိေပးတယ္။

“ ငါ မနက္ျဖန္ သုံးပါမယ္။ တကယ္။ မင္း ငါ့ကို ေပးတဲ့အရာမွန္သမွ်ကို ငါႀကိဳက္တယ္။ အကုန္လုံးပဲ ”

ကုခ်ီနန္က ခ်ီတုံခ်တဳံနဲ႕ပဲ သူ႕ကို ယုံလိုက္တယ္။ သူေပးတဲ့ လက္ေဆာင္က သိပ္ကို လက္ေတြ႕အသုံးဝင္ၿပီး ေကာင္းမြန္လို႔ သူထင္ခဲ့တာ။ အဲ့တာကို ဘာလို႔ သူတို႔က သူ႕ကို ရယ္ၾကတာလဲ။

သူက ‌သူ႕ေက်ာပိုးအိတ္ကို ထပ္ဆြဲယူလိုက္ၿပီး ေျပာတယ္။

“ ငါ့မွာ ဒုတိယလက္ေဆာင္ က်န္ေသးတယ္။ ေစာန‌က သူတို႔ရွိေနလို႔ ထုတ္ဖို႔ ရွက္ေနခဲ့တာ ”

ကုခ်ီနန္က ေက်ာပိုးအိတ္ထဲက အိတ္ေဖာင္းေဖာင္းေလးတစ္အိတ္‌ကို ထုတ္လိုက္ၿပီး ရႈံ႕ႀကိဳးကို ဆြဲလိုက္တယ္။ ထုတ္ၿပီးသြားတဲ့အခါမွာေတာ့ အနက္ေရာင္ down jacket တစ္ထည္မွန္း က်န႔္မင္ ေတြ႕လိုက္ရတယ္။ ေပါ့ပါးၿပီး ပါးလ်တယ္။ အေလးခ်ိန္ မရွိသေလာက္ပဲ။

ကုခ်ီနန္က ၿပဳံးလ်က္ ဆိုတယ္။

“ ဒါ စုံတြဲအကၤ်ီ။ ငါ့မွာလဲ ဒါနဲ႕ တစ္ပုံစံတည္း တစ္ထည္ရွိတယ္ ”

က်န႔္မင္က စမ္းဝတ္ၾကည့္လိုက္ေတာ့ ကြက္တိပင္။

down jacket က အေတာ္ေလး ေပါ့ၿပီး ေတာင္ပိုင္းရဲ႕ေဆာင္းရာသီနဲ႕ အေတာ္ေလး လိုက္တယ္။ ဒီလို ရာသီဥတုမ်ိဳးႏွာ ကုတ္တစ္ထည္နဲ႕ တီရွပ္လက္ရွည္တစ္ထည္ဆို လုံေလာက္ၿပီ။

ကုခ်ီနန္က တကယ္ကို က်န႔္ေကာအတြက္ အဝတ္အစား ဝယ္ေပးခ်င္ခဲ့တာ။

သူ က်န႔္ေကာရဲ႕ အဝတ္ဗီရိုကို ေတြ႕ၿပီးၿပီ။ ရာသီႏွစ္ခုအတြက္ ေက်ာင္းဝတ္စုံ ေလးစုံအျပင္ အဝတ္အစား နည္းနည္းေလးပဲ ရွိတယ္။ အပတ္တိုင္း ေက်ာင္းတတ္ေနရၿပီး အျပင္ဝတ္ေတြ သိပ္ဝတ္စရာ မလိုဘူး ဆိုေပမဲ့လဲ သူကေတာ့ က်န႔္ေကာကို ေက်ာင္းဝတ္စုံနဲ႕မဟုတ္ဘဲ ျမင္ခ်င္တယ္။ အဲ့တာေၾကာင့္ သူက သူ႕ကို အဝတ္အစားေတြ အမ်ားႀကီး ဝယ္ေပးခ်င္ခဲ့တယ္။

သူ႕မာမားနဲ႕ ေဈးဝယ္ထြက္တုန္းက ဒါေလးက က်န႔္ေကာနဲ႕ လိုက္မလား၊ ဟိုဟာေလးကလဲ က်န႔္ေကာနဲ႕ လိုက္မွာ ဆိုၿပီး အၿမဲ ေတြးေနမိခဲ့တာ။

အဆုံးမွာေတာ့ သူက ေမာလ္ထဲ ျပန္ေျပးဝင္ၿပီး စုံတြဲ down jacket တစ္စုံကို ဝယ္ခဲ့လိုက္ေတာ့တယ္။

က်န႔္ေကာ လက္မခံမွာစိုးလို႔ သူ႕မွာ အမ်ားႀကီးလဲ မဝယ္ရဲ။

သူ႕အေနနဲ႕ က်န႔္ေကာကို ေပးစရာ လက္ေဆာင္ေတြ အမ်ားႀကီး က်န္ေနေသးေပမဲ့ က်န႔္ေကာကို လန႔္သြားေစမိမွာ စိုးတာနဲ႕ သူက ျဖည္းျဖည္းခ်င္းပဲ ေပးမွရမယ္။

က်န႔္ေကာက down jacket ကိုခြၽတ္လိုက္ၿပီး တျမတ္တနိုးနဲ႕ ဗီရိုထဲမွာ ခ်ိတ္ထားလိုက္တယ္။

ဗီရိုထဲမွာ စကၠဴႏွင္းဆီေတြထည့္ထားတဲ့ ဘူးေလးလဲရွိၿပီး အထဲမွာေတာ့ စကၠဴႏွင္းဆီေတြက ျပည့္လုနီးပါးျဖစ္ေန‌ၿပီ။

ကုခ်ီနန္က သူ႕ေက်ာပိုးအိတ္ထဲက ဒီေန႕ရဲ႕ တတိယလက္ေဆာင္ကို ထုတ္လိုက္တယ္။ စကၠဴႏွင္းဆီတစ္ပြင့္။ ၿပီးေတာ့ က်န႔္ေကာရဲ႕ လက္ထဲ ထည့္ေပးလိုက္တယ္။

က်န႔္မင္က စကၠဴႏွင္းဆီပြင့္ေလးကို ကိုင္ၿပီး တိုးတိုးေလးေျပာတယ္။

“ ရတနာေလး... မင္း ငါ့ကို ေပးတာေတြ အမ်ားႀကီးပဲ  ”

ကုခ်ီနန္က မွီလိုက္ၿပီး သူ႕ႏႈတ္ခမ္းေထာင့္ေလးကို နမ္းလိုက္တယ္။

“ ငါ မင္းကို အမ်ားႀကီး ေပးခ်င္တာ ”

က်န႔္မင္က ‌တျခားစကၠဴဘူးအႀကီးႀကီးတစ္ဘူးကို ထုတ္လိုက္ၿပီး အဖုံးကို ဖြင့္လိုက္တယ္။

Lego blocks ေတြမွန္း ကုခ်ီနန္ ေတြ႕လိုက္ရတယ္။

က်န႔္မင္အေနနဲ႕ လက္ေဆာင္ရခဲ့ဖူးတာ အေတာ္ေလးကို ၾကာၿပီ။

သူက လက္ေဆာင္ရခဲတယ္။

သူ႕အဘြား အသက္ရွိစဥ္တုန္းက သူ႕ကို အ႐ုပ္ေသးေသးေလးေတြ ဝယ္ေပးေလ့ရွိခဲ့တယ္။ ေမြးေန႕ေတြမွာ ေမြးေန႕ကိတ္တစ္လုံးဆိုတာကိုက အႀကီးမားဆုံးလက္ေဆာင္တစ္ခု ျဖစ္ေနၿပီ။ အ႐ုပ္ေသးေသးေလးေတြက ဟိုအရင္ကတည္း က်ိဳးပဲ့သြားၿပီ။ ဘယ္ေရာက္ကုန္ၾကမွန္းလဲ သူမသိဘူး။ ေဈးအေတာ္ေလးႀကီးတဲ့ Lego Blocks ဘူးကလြဲရင္ က်န႔္မင္မွာ တျခားလက္ေဆာင္ေတြ ဘာမွ မက်န္ေတာ့ဘူး။

သူ႕ဦးေလးအိမ္မွာ ေနတုန္းက သူ Lego ေတြကို မဆက္ေတာ့ဘဲ အၿမဲ ဘူးထဲမွာပဲ သိမ္းထားခဲ့တယ္။

အေၾကာင္းရင္းကေတာ့ ထားစရာ ေနရာမရွိလို႔။

ဒါေပမဲ့ ဒီညမွာေတာ့ အခ်ိဳ႕ေသာ အေၾကာင္းျပခ်က္ေတြေၾကာင့္ သူက ႐ုတ္တရက္ Lego blocks ေတြကို ထပ္ဆက္ ခ်င္လာခဲ့တယ္။

Lego ကို သူ႕ရဲ႕ ပရင့္တာေသးေသးေလးရယ္၊ စကၠဴႏွင္းဆီေတြရယ္၊ down jacket ရယ္နဲ႕ အတူတူ ထားခဲ့တယ္။

.

_____________________________________________

Continue Reading

You'll Also Like

2.2K 176 25
တစ်ခါမှမချစ်ဖူးတဲ့ထန်ရှောက်ဟာ ကောင်မလေးတစ်ယောက်ကို မြင်မြင်ချင်းချစ်မိသွားပါတယ် ဒါပေမယ့် သူမသိလိုက်တာက အဲ့ကောင်မလေးက မိန်းကလေးအဝတ်အစားဝတ်ထားတဲ့ ကောင်...
31.6K 2.2K 31
Short Title: [ Reckless ] Alternate Title : 轻狂 Author : Wu Zhe Eng Trans : NOVEL Updates Genre : Comedy, School Life, Shounen Ai, Slice of Life Cha...
1.6M 67.3K 78
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...