Raising You This Small Stuff
Unicode
အခန်း ၁၂: ဒူဒူ့ရဲ့ကျောင်းဝတ်စုံ!
မိုရိချန်က ရက်အနည်းငယ်အတွင်း ဘာအလုပ်မှ မရှိတာကြောင့် ချန်ကျောင်ကို အားလပ်ရက် ပေးလိုက်သည်။
ဒီနေ့ကတော့ ရာသီဥတုသာယာသည်။
ပုံမှန်အားဖြင့် ဒီလိုရာသီဥတုမျိုးဆို မိုရိချန်က ရေကူးတာလို ရေနဲ့ဆိုင်တဲ့အားကစားတွေ လုပ်ဖို့ အပြင်ထွက်လေ့ရှိပေမယ့် အခုကတော့ အီလက်ထရွန်နစ်ပစ္စည်းထဲမှာနေထိုင်တဲ့ယွမ်းစွော် ရှိနေတာကြောင့် အနည်းငယ် အဆင်မပြေနိုင်ပေ။ အထူးသဖြင့် အီလက်ထရွန်နစ်ပစ္စည်းတွေက ရေထိဖို့ အဆင်မပြေတာကြောင့် မတော်တဆမှုတစ်ခုခု ဖြစ်သွားမှာကို သူစိုးရိမ်သည်။
"မင်းကို တကယ့်ရုပ်ရှင်ကြည့်ဖို့ ခေါ်သွားရင်ရော ဘယ်လိုလဲ"
ယွမ်းစွော်က ကွန်ပျူတာ သို့မဟုတ် Tvကနေသာ ရုပ်ရှင်ကြည့်ဖူးတာဖြစ်ကြောင်း သူက တွေ့ရှိသွားသည်။
ယွမ်းစွော်က ရုပ်ရှင်ရုံလို့ကြားတော့ စိတ်လှုပ်ရှားသွားသည်။
နာရီဝက်ကြာပြီးနောက် ကားမောင်းသမားက မိုရိချန်ကို ရုပ်ရှပ်ရုံတွင် ချပေးထားခဲ့သည်။ မိုရိချန်က ယွမ်းစွော်သွားရေကျနေတာကို မမြင်ရက်တာကြောင့် လမ်းတွင် ပေါက်ပေါက်ဆုပ်၊ လတ်ဆတ်တဲ့ လက်ညှစ်အသီးဖျော်ရည်နဲ့ ရေခဲမုန့်လေးကိုလည်း ယွမ်းစွော်အတွက် ဂိမ်းထဲမှဝယ်ခဲ့သည်။
"Mr.မို ကြိုဆိုပါတယ်"
မိုရိချန်ကိုမြင်တော့ ရုပ်ရှင်ရုံမန်နေဂျာက ချက်ချင်း လာနှုတ်ဆက်သည်။
"ရုပ်ရှင်ရုံက အဆင်သင့်ဖြစ်နေပါပြီ။ ပြင်ဆင်းခိုင်းထားတဲ့ ရုပ်ရှင်ကားကလည်း အချိန်မရွေး ပြလို့ရနေပါပြီ"
မိုရိချန်က ခေါင်းညိတ်ပြကာ ကျေးဇူးတင်စကား ပြောပြီး VIPအခန်းထဲဝင်ကာ ထိုင်ခုံနေရာရွေးလိုက်သည်။ အကောင်ပေါက်လေးလည်း မျက်နှာပြင်ကြီးကို သေချာမြင်ရစေရန် ထောင့်ကို ချိန်ညှိပြီး ဖုန်းကို နှိပ်လိုက်သည်။
ယွမ်းစွော်ရဲ့ပါးစပ်လေးက အကျယ်ကြီးဟကာ အံ့သြပြီးပြောစရာစကားမဲ့နေသည်။ မျက်နှာပြင်က သူ့အတွက် တကယ့်ကို အံ့ဖွယ်ကြီးမားတဲ့မျက်နှာပြင်ကြီး ဖြစ်နေသည်။
"မိုရိချန် ကျွန်တော်တို့ ဒီနေ့ဘာဇာတ်ကား ကြည့်ကြမှာလဲ"
"ဒါက Animationကာတွန်းကား" ဇာတ်ကားထဲက နောက်ခံအသံသရုပ်ဆောင်တွေထဲက တစ်ယောက်က မိုရိချန်ဖြစ်သည်။
"ဝိုး မိုရိချန်လည်း ရုပ်ရှင်ထဲမှာ ပါတယ်။ ဒူဒူ အဲ့ဒါကို ကြည့်ရတာ ကြိုက်တယ်" ယွမ်းစွော်က သူ့ကိုယ်သူ ဒူဒူလို့ ပြောမိနေတာကိုတောင် မေ့နေသည်။
မိုရိချန်ကအံ့သြသွားသည်။
"မင်းက ဒီရုပ်ရှင်ကို ကြည့်ပြီးပြီလား" ယွမ်းစွော်က ဒီရုပ်ရှင်ကို ကွန်ပျူတာကနေ ကြည့်ပြီးပြီလို့ သူကတွေးလိုက်မိသည်။
"ကျွန်တော်မကြည့်ရသေးပါဘူး"
"ဒါဆို အဲ့ထဲမှာ ငါပါမှန်း ဘယ်လိုသိတာလဲ"
"အာ" ယွမ်းစော်က အနည်းငယ်ရှက်နေပြီး ရေရွတ်လိုက်သည်။
"မင်းရဲ့Baidu profileကို ဖတ်တုန်းက အဲ့ဒါကို တွေ့ခဲ့တာ...."
ဒါဆို ဒီလိုပေါ့လေ။
"ဒါဆို ငါသရုပ်ဆောင်တဲ့ တခြားဇာတ်ကားတွေ ကြည့်ဖူးလား"
"အမ် နည်းနည်းတော့ ကြည့်ဖူးတယ်။ ဒါပေမယ့် တချို့ဟာတွေက ကြည့်ဖို့ အဖွဲ့ဝင်ဖြစ်ထားဖို့ လိုနေတယ်။မိုရိချန် မင်းသရုပ်ဆောင်တာတွေက အရမ်းကောင်းတာပဲ။ တကယ့်အစစ်လိုပဲ " ဇာတ်ကားတွေကြည့်တုန်းက ဒါက ဇာတ်ကားဆိုတာကိုတောင် သူမကြာခဏ မေ့ပြီး မိုရိချန်ဒဏ်ရာရတာတို့ သေဆုံးသွားတာတို့ဆိုလျှင် သူက မျက်ရည်တွေကို တိတ်တိတ်လေး သုတ်နေရသည်။
သူပွဲဦးထွက်ပြီးကတည်းက မိုရိချန်က မရေမတွက်နိုင်တဲ့ချီးကျူးစကားတွေကို ကြားခဲ့ရပေမယ့် ယွမ်းစွော်ရဲ့ ရိုးရှင်းတဲ့ ချီးကျူးစကားကိုတော့ အလွန်သဘောကျမိသည်။
သူက စာရင်းသွင်းဖို့ နှိပ်ကာ ယွမ်းစွော်ကို တစ်နှစ်ပတ်လုံးVIPအဖြစ် ဖြည့်သွင်းပေးလိုက်သည်။ ရုပ်ရှင်တစ်ကားလုံး ကြည့်နိုင်ရုံသာမက အနာဂတ်တွင် ကြော်ငြာတွေကြည့်နေရတာကိုလည်း တားဆီးရာ ရောက်သွားသည်။
ရုပ်ရှင်စတဲ့အခါ ယွမ်းစွော်က ပေါက်ပေါက်ဘူးကို ကိုင်ကာ ဆိုဖာပေါ်တွင်ထိုင်ပြီး ဇာတ်ကားထဲတွင် မိုရိချန်အသံသရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်ပေါ်လာတိုင်း အာရုံစူးစိုက်ကာ စေ့စေ့စပ်စပ်ကြည့်ရှုနေသည်။
ရုပ်ရှင်တဝက်ရောက်တဲ့အခါမှာတော့ မိုရိချန်ရဲ့ အရန်ဖုန်းက အသံမြည်လာခဲ့သည်။ ဖုန်းမျက်နှာပြင်တွင် သူ့ရဲ့ကလေးဘဝက သူငယ်ချင်းဖြစ်ပြီး ချန်မိသားစုရဲ့ တတိယမြောက်မျိုးဆက်ဖြစ်တဲ့ ချန်မိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်သူ ချန်စန်းရဲ့နာမည်က ပေါ်နေသည်။
မိုရိချန်က ဖုန်းကိုင်လိုက်တော့ တစ်ဘက်မှ ပေါ့ပါးတဲ့အသံကထွက်လာသည်။
"ရိချန် မကြာသေးခင်က မင်း အားလပ်ရက်ယူနေတယ်လို့ ကြားတယ်။ ထွက်လာခဲ့။ အတူဆုံကြရအောင်"
မိုရိချန်က ဇာတ်ကားထဲတွင် အာရုံဝင်စားနေတဲ့ ယွမ်းစွော်ကို ကြည့်ကာ "ငါ့မှာအချိန်မရှိဘူး"
"ရုပ်ရှင်ဧကရာဇ်ကြီးရေ ဒီလောက်အမြန်ကြီး မရဘူးလို့မပြောပါနဲ့။ ငါတို့ မတွေ့ရတာလည်း ကြာလှပြီလေ"
"အဲ့ဒါက မင်းဘာသာထွက်လာလို့မရလို့ ကြာနေတာလေ"
"ဘယ်လိုတောင် အတိတ်မည်းကြီးကို ပြန်ဆွနေရတာလဲ။ ငါ့ကိုပြောကြည့် ငါ့အမေသာ မောင်နှမနည်းနည်းထပ်မွေးပေးခဲ့ရင် ငါ့အဖေက ငါ့ကို ကုမ္ပဏီကိုဆက်ခံဖို့ တွန်းအားပေးပါဦးမလား"
ချန်စန်းက သူ့နှလုံးသားထဲထိ ပူဆွေးနေတာကို ပြောလိုက်ပြီးနောက် ရုတ်တရက်လေသံကို တိုးကာ ချောင်ကျတဲ့နေရာကို သွားလိုက်ပြီး "ကျန်းမူယုပြန်ရောက်နေပေမယ့် သူ့ခြေထောက်က ကျိုးနေတယ်။ အဲဒီ့ခွေးသူတောင်းစားကောင်ကို ငါထပ်မတွေ့မိစေနဲ့ မဟုတ်ရင် ငါသူ့ခြေထောက်ကို ဖြတ်ပစ်လိုက်မယ်"
ထိုင်ခုံနောက်ကို မှီထားတဲ့မိုရိချန်က ချက်ချင်းမတ်မတ်ထိုင်လိုက်ကာ မျက်ခုံးတွေက အနည်းငယ်တွန့်သွားသည်။ "သူဘယ်အချိန်ကပြန်လာတာလဲ"
"မနေ့က။ နောက်ဆုံးညဘက်လေယာဥ်နဲ့ လိုက်ခဲ့တာ။ ငါသူ့ကို သွားကြိုခဲ့တာ"
"သူအခု ဘယ်မှာလဲ"
"ငါတို့..." ချန်စန်းရဲ့လေသံက ရုတ်တရက် မြင့်လာသည်။ "ငါတို့အားလုံး ဒီမှာပဲ။ ရုပ်ရှင်ဧကရာဇ်ကြီးကို စောင့်နေကြတာ။ ကျန်းမူယုကတောင် နိုင်ငံခြားတွေမှာ မင်းရဲ့ ရုပ်ရှင်ကို ကြည့်ဖို့ လက်မှတ်တွေအများကြီး ဝယ်ခဲ့ရတာမို့ သူ့ကို ကုန်ကျစရိတ်ပြန်ပေးခိုင်းဖို့ မင်းဆီတောင်းမယ်လို့ ပြောနေတယ်။ ဟုတ်တယ်မို့လား မူယု" ခဏလောက်ရပ်သွားပြီး တစ်ဘက်မှနွေးထွေးတဲ့အသံထွက်လာခဲ့သည်။
"ဟုတ်တယ်။ ရိချန်ရဲ့သရုပ်ဆောင်စွမ်းရည်တွေက ပိုပိုပြီး ကောင်းလာတယ်"
မိုရိချန်ကမေးလိုက်သည်။
"မင်းတို့အခု ဘယ်မှာလဲ"
"အရင်နေရာပဲလေ။ ငါ့အိမ်ရဲ့မြောက်ဘက်က စံအိမ်ကြီးပဲ။ ကျန်းယွမ်နဲ့ ကုလင်းလည်း လာတဲ့လမ်းမှာ ရောက်နေကြပြီ။ မြန်မြန်လာခဲ့"
"ကောင်းပြီ ဒါပေမယ့် ငါ အချိန်လိုနေသေးတယ်...."
သူက အချိန်ကို ကြည့်လိုက်ကာ ရုပ်ရှင်မပြီးခင် မိနစ်လေးဆယ်လောက် လိုနေသေးတာကြောင့် "တစ်နာရီအတွင်း အချိန်မှီလာခဲ့မယ်"
"အဆင်ပြေတယ် ငါတို့စောင့်နေမယ်"
သူက ဖုန်းချလိုက်သည်။ ယွမ်းစွော်ရဲ့ ရုပ်ရှင်ထဲကို စိတ်ဝင်စားနေတာတွေက လွတ်ထွက်သွားပြီဖြစ်တာကြောင့် သူက သိချင်စွာ မေးလိုက်သည်။ "မိုရိချန်မှာတစ်ခုခုလုပ်စရာ ရှိလို့လား"
"အဆင်ပြေပါတယ် အလျင်မလိုဘူး။ ငါတို့ မင်းရုပ်ရှင်ပြီးအောင်ထိ စောင့်လို့ရတယ်" မိုရိချန်က ပြန်ဖြေလိုက်သည်။
"ကျွန်တော် ရုပ်ရှင်ကားနာမည်ကို မှတ်ထားပြီးပါပြီ။ Tvမှာပဲ ကြည့်လိုက်မယ်လေ"
ယွမ်းစွော်က ပေါက်ပေါက်ဘူးတွင် ကပ်ထားတဲ့ စတစ်ကာမှတ်စုလေးကို ကိုင်ထားသည်။
မိုရိချန်က မရယ်ပဲမနေနိုင်တော့ပဲ
"ဒါက အခုမှ အသစ်လွှင့်တဲ့ရုပ်ရှင်ကားမို့ TVမှာ ကြည့်လို့မရသေးဘူး။ ဘယ်လို ဇာတ်သိမ်းမလဲဆိုတာ ငါလည်း စိတ်ဝင်စားတယ်"
မိုရိချန်ကလည်း ဇာတ်သိမ်းကို ကြည့်ချင်တယ်လို့ ကြားတော့ ယွမ်းစွော်က ပြောနေတာကို ရပ်ပြီး ပေါက်ပေါက်ဘူးကို ဖက်ကာ ဇာတ်ကားထဲတွင် ပြန်အာရုံစိုက်လိုက်သည်။
ရုပ်ရှင်ထဲတွင် မိုရိချန်အသံသရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်က နောက်ဆုံးတွင် အလွန်နာကျင်ခံစားခဲ့ရပြီး ထာဝရအိပ်စက်သွားခဲ့သည်။ ယွမ်းစွော်က တစ်ရှူးကို ဆွဲထုတ်ကာ သူ့နှာခေါင်းကို သုတ်လိုက်သည်။နှာခေါင်းထိပ်နဲ့ မျက်လုံးလေးတွေက နီရဲနေကာ သူဝတ်ထားတဲ့ ယုန်ညအိပ်ဝတ်စုံလေးပါပေါင်းလိုက်တော့ နှလုံးသားတွေအရည်ပျော်ဖို့ လုံလောက်နေသည်။
မိုရိချန်က မနေနိုင်တော့ပဲ လက်ဖြင့် ပါးစပ်ကို အုပ်ကာ ချောင်းနှစ်ချက်ဆိုးလိုက်သည်။
"မိုရိချန်"
နှာရှုံ့လိုက်ပြီး "အဆင်မပြေဘူးလား"
"...မဟုတ်ပါဘူး"
ရုပ်ရှင်ရုံအပြင်ဘက်ရှိကားမောင်းသမားက မိုရိချန်ကို မြောက်ဘက်ခြမ်းရှိ ချန်စန်းရဲ့စံအိမ်သို့ ပို့ပေးခဲ့သည်။
မိုရိချန်ရောက်သွားသောအခါ တစ်စုံတစ်ယောက်က တံခါးနားတွင် အချိန်အတော်ကြာစောင့်နေခဲ့ပြီး သူ့ကိုအထဲဝင်ဖို့ လူလတ်ပိုင်းတစ်ဦးက လေးစားစွာကြိုဆိုခဲ့သည်။ ခြံအနောက်ဘက်ကို သွားလိုက်တော့ ချန်စန်းက သူ့ကိုလာနှုတ်ဆက်ခဲ့သည်။
အများအားဖြင့် မသပ်မရပ်ဖြစ်နေတတ်တဲ့ ချန်စန်းက ဒီနေ့မှာတော့ ထူးထူးခြားခြား လန်းဆန်းနေတာကို တွေ့ရပြီး သူ့ကို မြင်တဲ့အခါ စိတ်အားထက်သန်စွာ ပြောလာသည်။
"ငါတို့မင်းကို စောင့်နေကြတာ။ အားလုံး ပြီးခါနီးပြီ "
"သူတို့ဘယ်နှယောက်လဲ" မိုရိချန်ကမေးလိုက်သည်။
ချန်စန်းက ရယ်လိုက်ပြီး
"ငါတို့ အကြိမ်နည်းနည်းလောက် ကစားကြပြီးပြီ။ ကျန်းယွမ်ကရှုံးလို့ WeChatကနေ ပိုက်ဆံစလွှဲပေးနေရပြီ ဟားဟားဟား" ကုလင်းက သူ့ကောင်မလေးနဲ့ လာတာဖြစ်ပြီး လေးယောက်သား မာကျောက်ဆော့ဖို့ ဖြစ်သွားသည်။
မိုရိချန်က မေးလိုက်သည်။ "မင်းကရော ဘာကြောင့်မဆော့တာလဲ"
ချန်စန်း : "ငါက မူယုကို ကူပေးရမှာပေါ့။ သူက ကစားတဲ့နေရာမှာ စွမ်းရည်မရှိဘူး။ ငါက သူ့ရဲ့ယုံကြည်ရတဲ့အကြံပေးလေ"
မိုရိချန်က ဘာမှတ်ချက်မှမပေးပေ။ သူက တခြားသူတွေရဲ့ အချစ်ရေးရာမှာ ပါဝင်ရမှာ စိတ်မပါပေ။ ချန်စန်းနဲ့ ကျန်းမူယုတို့က နှစ်ပေါင်းများစွာကြာအောင် တစ်ယောက်နဲ့ တစ်ယောက် စိတ်ဝင်စားနေကြတာ လူတိုင်းသိကြပေမယ့် ကျန်းမူယုနဲ့ အထက်တန်းကျောင်းကတည်းကထိုလူကလည်း ယခုအထိ ရှုပ်ထွေးနေကြတာကြောင့် စိတ်မကောင်းစရာပင်။ အဲ့ဒါကို သူ့တို့ဘာသာ သူတို့ အဖြေရှာခိုင်းလိုက်ကြရအောင်...
စကားပြောရင်း ခြံအနောက်ဘက်ကို လျှောက်လာတော့ အမည်းရောင်စင်အောက်တွင် သစ်သားဆိုဖာထိုင်ခုံများနဲ့ ထမင်းစားစားပွဲတို့ နေရာချထားကာ အဝေးဘက်မှာတော့ လူတွေအများကြီးက မာကျောက်ကို ပျော်ရွှင်စွာ ကစားနေကြသည်။ တစ်ဘက်မှာတော့ ကျွမ်းကျင်စားဖိုမှူးတွေက သစ်ပင်အရိပ်အောက်တွင် အသားကင်နေကြပြီး ရနံ့က မွှေးကြိုင်နေသည်။
မိုရိချန်ရောက်လာတာကို မြင်တော့ အားလုံးက တသ်ယောက်ပြီးတစ်ယောက် လာနှုတ်ဆက်ကြပြီး ကျန်းမူယုကို ဘယ်အချိန်က ပြန်ရောက်လာတာလဲလို့ မေးမြန်းကြကာ ကျန်းမူယုက ဒီမှာနေနေတဲ့အတွက် အချို့က စနောက်နေကြသည်။ မိုရိချန်က ဒီလိုမာကျောက်ဆော့ရတဲ့ဂိမ်းမျိုးကို မကြိုက်မှန်း လူတိုင်းက သိကြတာကြောင့် တစ်ဖက်က ဆိုဖာပေါ်တွင် ထိုင်လိုက်တော့ သူ့ကို တွန်းအားမပေးကြပေ။
ချန်စန်းက ထိုင်ခုံလေးတစ်လုံးယူကာ ကျန်းမူယုရဲ့ အနောက်မှာထိုင်ပြီး ရွှေရောင်အမဲလိုက်ခွေးကြီးလို တစ်ချိန်တည်းမှာပဲ လူတွေကိုရော ကတ်တွေကိုရော ကြည့်ပေးနေခဲ့သည်။
ထိုအချိန်တွင် ဂိမ်းမှပေးပို့သော အသိပေးချက်က ဖုန်းထဲသို့ ဝင်လာခဲ့သည်။
[ဂိမ်းသတင်း: elfလေးဒူဒူရဲ့ ကျောင်းဝတ်စုံကို သင့်အိမ်တံခါးဝသို့ အမြန်ချောပို့နံပါတ်၁၀၀၀၃ဖြင့် ပို့ထားပါသည်။ ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ]
မိုရိချန်က လက်မှတ်ထိုးရန် နှိပ်လိုက်သည်။
မျက်နှာပြင်က ဂိမ်းထဲသို့ တိုက်ရိုက်ခုန်ဝင်သွားပြီး အိမ်တံခါးဝတွင် အထုပ်က ချက်ချင်းပေါ်လာသည်။
ယွမ်းစွော်ကလည်း အသိပေးချက်ရခဲ့ကာ ဆွဲလက်စ ပန်းချီကားကို ချထားခဲ့ပြီး တံခါးဆီပြေး၍ အထုပ်ကို ဖောက်လိုက်သည်။
အဖြူရောင်ရှပ်အင်္ကျီ၊ အဝါဖျော့ရောင် Vပုံစံ လည်ပင်ပေါက်ဖြင့်ဆွယ်တာနှင့် အညိုဖျော့ဖျော့ အနောက်တိုင်းစတိုင်းဝတ်စုံ။
မိုရိချန် : "ဝတ်ကြည့်လိုက်ဦး"
ယွမ်းစွော်ကလည်း ဝတ်ချင်စိတ်များနေပြီဖြစ်ပြီး ညအိပ်ဝတ်စုံကို ကြယ်သီးချက်ချင်းဖြုတ်လိုက်ပြီး ကြယ်သီးနှစ်လုံးဖြုတ်ပြီးနောက် ရုတ်တရက် ဘာဖြစ်နေလဲဆိုတာ သဘောပေါက်သွားပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။ "ကျွန်တော်...ရေချိုးခန်းထဲသွားပြီးတော့ ပြောင်းလိုက်မယ်"
မိုရိချန်က ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။ သူရဲ့ဗိုက်ပူလေးကို အကြိမ်မရေမတွက်နိုင်အောင် မြင်ဖူးပြီးပေမယ့် မထင်မှတ်ထားပဲ သူက ရှက်နေဆဲ ဖြစ်နေသည်။
"ကောင်းပြီ"
ထို့ကြောင့် ယွမ်းစွော်က ကျောင်းဝတ်စုံကို လက်မောင်းထဲထည့်ကာ ရေချိုးခန်းထဲ ပြေးဝင်သွားပြီး ညအိပ်ဝတ်စုံကို ချွတ်လိုက်ကာ ဒီလို ကောင်းမွန်တဲ့ကျောင်းဝတ်စုံကို မဝတ်နိုင်မှာ စိုးတာကြောင့် သူ့ဗိုက်အဆီလေးကို အနည်းငယ် ထိတ်လန့်စွာ ညှစ်လိုက်သည်။ ကံကောင်းစွာဖြင့် ဂိမ်းမှ သတ်မှတ်ပေးထားတဲ့အရွယ်အစားက အလိုအလျောက်ကိုက်ညီကာ ဝတ်စုံကို ဝတ်ဆင်ပြီးတဲ့နောက် ချစ်စရာကောင်းမှုနဲ့ ချောမောမှုအရိပ်အမြွက်လေးတွေကို ယူလာပေးခဲ့သည်။ သူက သူ့ရှေ့မှ မှန်ထဲကို တစ်ချက်ကြည့်လိုက်ကာ သူ့ကိုယ်သူ အားရှိလာဖို့ အသက်ရှူသွင်းလိုက်ပြီးနောက် တံခါးကို တွန်းကာ အပြင်ထွက်လိုက်သည်။
ဖြစ်စဥ်တစ်ခုလုံးကို သေချာစောင့်ကြည့်နေခဲ့တဲ့ မိုရိချန်က အခုမှ ပထမဆုံးမြင်လိုက်ရသလို ဟန်ဆောင်ကာ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
Zawgyi
အခန္း ၁၂: ဒူဒူ႕ရဲ႕ေက်ာင္းဝတ္စုံ!
မိုရိခ်န္က ရက္အနည္းငယ္အတြင္း ဘာအလုပ္မွ မ႐ွိတာေၾကာင့္ ခ်န္ေက်ာင္ကို အားလပ္ရက္ ေပးလိုက္သည္။
ဒီေန႔ကေတာ့ ရာသီဥတုသာယာသည္။
ပုံမွန္အားျဖင့္ ဒီလိုရာသီဥတုမ်ိဳးဆို မိုရိခ်န္က ေရကူးတာလို ေရနဲ႔ဆိုင္တဲ့အားကစားေတြ လုပ္ဖို႔ အျပင္ထြက္ေလ့႐ွိေပမယ့္ အခုကေတာ့ အီလက္ထ႐ြန္နစ္ပစၥည္းထဲမွာေနထိုင္တဲ့ယြမ္းေစြာ္ ႐ွိေနတာေၾကာင့္ အနည္းငယ္ အဆင္မေျပႏိုင္ေပ။ အထူးသျဖင့္ အီလက္ထ႐ြန္နစ္ပစၥည္းေတြက ေရထိဖို႔ အဆင္မေျပတာေၾကာင့္ မေတာ္တဆမႈတစ္ခုခု ျဖစ္သြားမွာကို သူစိုးရိမ္သည္။
"မင္းကို တကယ့္႐ုပ္႐ွင္ၾကည့္ဖို႔ ေခၚသြားရင္ေရာ ဘယ္လိုလဲ"
ယြမ္းေစြာ္က ကြန္ပ်ဴတာ သို႔မဟုတ္ Tvကေနသာ ႐ုပ္႐ွင္ၾကည့္ဖူးတာျဖစ္ေၾကာင္း သူက ေတြ႕႐ွိသြားသည္။
ယြမ္းေစြာ္က ႐ုပ္႐ွင္႐ုံလို႔ၾကားေတာ့ စိတ္လႈပ္႐ွားသြားသည္။
နာရီဝက္ၾကာၿပီးေနာက္ ကားေမာင္းသမားက မိုရိခ်န္ကို ႐ုပ္႐ွပ္႐ုံတြင္ ခ်ေပးထားခဲ့သည္။ မိုရိခ်န္က ယြမ္းေစြာ္သြားေရက်ေနတာကို မျမင္ရက္တာေၾကာင့္ လမ္းတြင္ ေပါက္ေပါက္ဆုပ္၊ လတ္ဆတ္တဲ့ လက္ညႇစ္အသီးေဖ်ာ္ရည္နဲ႔ ေရခဲမုန္႔ေလးကိုလည္း ယြမ္းေစြာ္အတြက္ ဂိမ္းထဲမွဝယ္ခဲ့သည္။
"Mr.မို ႀကိဳဆိုပါတယ္"
မိုရိခ်န္ကိုျမင္ေတာ့ ႐ုပ္႐ွင္႐ုံမန္ေနဂ်ာက ခ်က္ခ်င္း လာႏႈတ္ဆက္သည္။
"႐ုပ္႐ွင္႐ုံက အဆင္သင့္ျဖစ္ေနပါၿပီ။ ျပင္ဆင္းခိုင္းထားတဲ့ ႐ုပ္႐ွင္ကားကလည္း အခ်ိန္မေ႐ြး ျပလို႔ရေနပါၿပီ"
မိုရိခ်န္က ေခါင္းညိတ္ျပကာ ေက်းဇူးတင္စကား ေျပာၿပီး VIPအခန္းထဲဝင္ကာ ထိုင္ခုံေနရာေ႐ြးလိုက္သည္။ အေကာင္ေပါက္ေလးလည္း မ်က္ႏွာျပင္ႀကီးကို ေသခ်ာျမင္ရေစရန္ ေထာင့္ကို ခ်ိန္ညႇိၿပီး ဖုန္းကို ႏွိပ္လိုက္သည္။
ယြမ္းေစြာ္ရဲ႕ပါးစပ္ေလးက အက်ယ္ႀကီးဟကာ အံ့ၾသၿပီးေျပာစရာစကားမဲ့ေနသည္။ မ်က္ႏွာျပင္က သူ႕အတြက္ တကယ့္ကို အံ့ဖြယ္ႀကီးမားတဲ့မ်က္ႏွာျပင္ႀကီး ျဖစ္ေနသည္။
"မိုရိခ်န္ ကြၽန္ေတာ္တို႔ ဒီေန႔ဘာဇာတ္ကား ၾကည့္ၾကမွာလဲ"
"ဒါက Animationကာတြန္းကား" ဇာတ္ကားထဲက ေနာက္ခံအသံသ႐ုပ္ေဆာင္ေတြထဲက တစ္ေယာက္က မိုရိခ်န္ျဖစ္သည္။
"ဝိုး မိုရိခ်န္လည္း ႐ုပ္႐ွင္ထဲမွာ ပါတယ္။ ဒူဒူ အဲ့ဒါကို ၾကည့္ရတာ ႀကိဳက္တယ္" ယြမ္းေစြာ္က သူ႕ကိုယ္သူ ဒူဒူလို႔ ေျပာမိေနတာကိုေတာင္ ေမ့ေနသည္။
မိုရိခ်န္ကအံ့ၾသသြားသည္။
"မင္းက ဒီ႐ုပ္႐ွင္ကို ၾကည့္ၿပီးၿပီလား" ယြမ္းေစြာ္က ဒီ႐ုပ္႐ွင္ကို ကြန္ပ်ဴတာကေန ၾကည့္ၿပီးၿပီလို႔ သူကေတြးလိုက္မိသည္။
"ကြၽန္ေတာ္မၾကည့္ရေသးပါဘူး"
"ဒါဆို အဲ့ထဲမွာ ငါပါမွန္း ဘယ္လိုသိတာလဲ"
"အာ" ယြမ္းေစာ္က အနည္းငယ္႐ွက္ေနၿပီး ေရ႐ြတ္လိုက္သည္။
"မင္းရဲ႕Baidu profileကို ဖတ္တုန္းက အဲ့ဒါကို ေတြ႕ခဲ့တာ...."
ဒါဆို ဒီလိုေပါ့ေလ။
"ဒါဆို ငါသ႐ုပ္ေဆာင္တဲ့ တျခားဇာတ္ကားေတြ ၾကည့္ဖူးလား"
"အမ္ နည္းနည္းေတာ့ ၾကည့္ဖူးတယ္။ ဒါေပမယ့္ တခ်ိဳ႕ဟာေတြက ၾကည့္ဖို႔ အဖြဲ႕ဝင္ျဖစ္ထားဖို႔ လိုေနတယ္။မိုရိခ်န္ မင္းသ႐ုပ္ေဆာင္တာေတြက အရမ္းေကာင္းတာပဲ။ တကယ့္အစစ္လိုပဲ " ဇာတ္ကားေတြၾကည့္တုန္းက ဒါက ဇာတ္ကားဆိုတာကိုေတာင္ သူမၾကာခဏ ေမ့ၿပီး မိုရိခ်န္ဒဏ္ရာရတာတို႔ ေသဆုံးသြားတာတို႔ဆိုလွ်င္ သူက မ်က္ရည္ေတြကို တိတ္တိတ္ေလး သုတ္ေနရသည္။
သူပြဲဦးထြက္ၿပီးကတည္းက မိုရိခ်န္က မေရမတြက္ႏိုင္တဲ့ခ်ီးက်ဴးစကားေတြကို ၾကားခဲ့ရေပမယ့္ ယြမ္းေစြာ္ရဲ႕ ႐ိုး႐ွင္းတဲ့ ခ်ီးက်ဴးစကားကိုေတာ့ အလြန္သေဘာက်မိသည္။
သူက စာရင္းသြင္းဖို႔ ႏွိပ္ကာ ယြမ္းေစြာ္ကို တစ္ႏွစ္ပတ္လုံးVIPအျဖစ္ ျဖည့္သြင္းေပးလိုက္သည္။ ႐ုပ္႐ွင္တစ္ကားလုံး ၾကည့္ႏိုင္႐ုံသာမက အနာဂတ္တြင္ ေၾကာ္ျငာေတြၾကည့္ေနရတာကိုလည္း တားဆီးရာ ေရာက္သြားသည္။
႐ုပ္႐ွင္စတဲ့အခါ ယြမ္းေစြာ္က ေပါက္ေပါက္ဘူးကို ကိုင္ကာ ဆိုဖာေပၚတြင္ထိုင္ၿပီး ဇာတ္ကားထဲတြင္ မိုရိခ်န္အသံသ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ေကာင္ေပၚလာတိုင္း အာ႐ုံစူးစိုက္ကာ ေစ့ေစ့စပ္စပ္ၾကည့္႐ႈေနသည္။
႐ုပ္႐ွင္တဝက္ေရာက္တဲ့အခါမွာေတာ့ မိုရိခ်န္ရဲ႕ အရန္ဖုန္းက အသံျမည္လာခဲ့သည္။ ဖုန္းမ်က္ႏွာျပင္တြင္ သူ႕ရဲ႕ကေလးဘဝက သူငယ္ခ်င္းျဖစ္ၿပီး ခ်န္မိသားစုရဲ႕ တတိယေျမာက္မ်ိဳးဆက္ျဖစ္တဲ့ ခ်န္မိသားစုရဲ႕ တစ္ဦးတည္းေသာသားျဖစ္သူ ခ်န္စန္းရဲ႕နာမည္က ေပၚေနသည္။
မိုရိခ်န္က ဖုန္းကိုင္လိုက္ေတာ့ တစ္ဘက္မွ ေပါ့ပါးတဲ့အသံကထြက္လာသည္။
"ရိခ်န္ မၾကာေသးခင္က မင္း အားလပ္ရက္ယူေနတယ္လို႔ ၾကားတယ္။ ထြက္လာခဲ့။ အတူဆုံၾကရေအာင္"
မိုရိခ်န္က ဇာတ္ကားထဲတြင္ အာ႐ုံဝင္စားေနတဲ့ ယြမ္းေစြာ္ကို ၾကည့္ကာ "ငါ့မွာအခ်ိန္မ႐ွိဘူး"
"႐ုပ္႐ွင္ဧကရာဇ္ႀကီးေရ ဒီေလာက္အျမန္ႀကီး မရဘူးလို႔မေျပာပါနဲ႔။ ငါတို႔ မေတြ႕ရတာလည္း ၾကာလွၿပီေလ"
"အဲ့ဒါက မင္းဘာသာထြက္လာလို႔မရလို႔ ၾကာေနတာေလ"
"ဘယ္လိုေတာင္ အတိတ္မည္းႀကီးကို ျပန္ဆြေနရတာလဲ။ ငါ့ကိုေျပာၾကည့္ ငါ့အေမသာ ေမာင္ႏွမနည္းနည္းထပ္ေမြးေပးခဲ့ရင္ ငါ့အေဖက ငါ့ကို ကုမၸဏီကိုဆက္ခံဖို႔ တြန္းအားေပးပါဦးမလား" ခ်န္စန္းက သူ႕ႏွလုံးသားထဲထိပူေဆြးေနတာကို ေျပာလိုက္ၿပီးေနာက္ ႐ုတ္တရက္ေလသံကို တိုးကာ ေခ်ာင္က်တဲ့ေနရာကို သြားလိုက္ၿပီး "က်န္းမူယုျပန္ေရာက္ေနေပမယ့္ သူ႕ေျခေထာက္က က်ိဳးေနတယ္။ အဲဒီ့ေခြးသူေတာင္းစားေကာင္ကို ငါထပ္မေတြ႕မိေစနဲ႔ မဟုတ္ရင္ ငါသူ႕ေျခေထာက္ကို ျဖတ္ပစ္လိုက္မယ္"
ထိုင္ခုံေနာက္ကို မွီထားတဲ့မိုရိခ်န္က ခ်က္ခ်င္းမတ္မတ္ထိုင္လိုက္ကာ မ်က္ခုံးေတြက အနည္းငယ္တြန္႔သြားသည္။ "သူဘယ္အခ်ိန္ကျပန္လာတာလဲ"
"မေန႔က။ ေနာက္ဆုံးညဘက္ေလယာဥ္နဲ႔ လိုက္ခဲ့တာ။ ငါသူ႕ကို သြားႀကိဳခဲ့တာ"
"သူအခု ဘယ္မွာလဲ"
"ငါတို႔..." ခ်န္စန္းရဲ႕ေလသံက ႐ုတ္တရက္ ျမင့္လာသည္။ "ငါတို႔အားလုံး ဒီမွာပဲ။ ႐ုပ္႐ွင္ဧကရာဇ္ႀကီးကို ေစာင့္ေနၾကတာ။ က်န္းမူယုကေတာင္ ႏိုင္ငံျခားေတြမွာ မင္းရဲ႕ ႐ုပ္႐ွင္ကို ၾကည့္ဖို႔ လက္မွတ္ေတြအမ်ားႀကီး ဝယ္ခဲ့ရတာမို႔ သူ႕ကို ကုန္က်စရိတ္ျပန္ေပးခိုင္းဖို႔ မင္းဆီေတာင္းမယ္လို႔ ေျပာေနတယ္။ ဟုတ္တယ္မို႔လား မူယု" ခဏေလာက္ရပ္သြားၿပီး တစ္ဘက္မွေႏြးေထြးတဲ့အသံထြက္လာခဲ့သည္။
"ဟုတ္တယ္။ ရိခ်န္ရဲ႕သ႐ုပ္ေဆာင္စြမ္းရည္ေတြက ပိုပိုၿပီး ေကာင္းလာတယ္"
မိုရိခ်န္ကေမးလိုက္သည္။ "မင္းတို႔အခု ဘယ္မွာလဲ"
"အရင္ေနရာပဲေလ။ ငါ့အိမ္ရဲ႕ေျမာက္ဘက္က စံအိမ္ႀကီးပဲ။ က်န္းယြမ္နဲ႔ ကုလင္းလည္း လာတဲ့လမ္းမွာ ေရာက္ေနၾကၿပီ။ ျမန္ျမန္လာခဲ့"
"ေကာင္းၿပီ ဒါေပမယ့္ ငါ အခ်ိန္လိုေနေသးတယ္...." သူက အခ်ိန္ကို ၾကည့္လိုက္ကာ ႐ုပ္႐ွင္မၿပီးခင္ မိနစ္ေလးဆယ္ေလာက္ လိုေနေသးတာေၾကာင့္ "တစ္နာရီအတြင္း အခ်ိန္မွီလာခဲ့မယ္"
"အဆင္ေျပတယ္ ငါတို႔ေစာင့္ေနမယ္"
သူက ဖုန္းခ်လိုက္သည္။ ယြမ္းေစြာ္ရဲ႕ ႐ုပ္႐ွင္ထဲကို စိတ္ဝင္စားေနတာေတြက လြတ္ထြက္သြားၿပီျဖစ္တာေၾကာင့္ သူက သိခ်င္စြာ ေမးလိုက္သည္။ "မိုရိခ်န္မွာတစ္ခုခုလုပ္စရာ ႐ွိလို႔လား"
"အဆင္ေျပပါတယ္ အလ်င္မလိုဘူး။ ငါတို႔ မင္း႐ုပ္႐ွင္ၿပီးေအာင္ထိ ေစာင့္လို႔ရတယ္" မိုရိခ်န္က ျပန္ေျဖလိုက္သည္။
"ကြၽန္ေတာ္ ႐ုပ္႐ွင္ကားနာမည္ကို မွတ္ထားၿပီးပါၿပီ။ Tvမွာပဲ ၾကည့္လိုက္မယ္ေလ"
ယြမ္းေစြာ္က ေပါက္ေပါက္ဘူးတြင္ ကပ္ထားတဲ့ စတစ္ကာမွတ္စုေလးကို ကိုင္ထားသည္။
မိုရိခ်န္က မရယ္ပဲမေနႏိုင္ေတာ့ပဲ
"ဒါက အခုမွ အသစ္လႊင့္တဲ့႐ုပ္႐ွင္ကားမို႔ TVမွာ ၾကည့္လို႔မရေသးဘူး။ ဘယ္လို ဇာတ္သိမ္းမလဲဆိုတာ ငါလည္း စိတ္ဝင္စားတယ္"
မိုရိခ်န္ကလည္း ဇာတ္သိမ္းကို ၾကည့္ခ်င္တယ္လို႔ ၾကားေတာ့ ယြမ္းေစြာ္က ေျပာေနတာကို ရပ္ၿပီး ေပါက္ေပါက္ဘူးကို ဖက္ကာ ဇာတ္ကားထဲတြင္ ျပန္အာ႐ုံစိုက္လိုက္သည္။
႐ုပ္႐ွင္ထဲတြင္ မိုရိခ်န္အသံသ႐ုပ္ေဆာင္ထားတဲ့ ဇာတ္ေကာင္က ေနာက္ဆုံးတြင္ အလြန္နာက်င္ခံစားခဲ့ရၿပီး ထာဝရအိပ္စက္သြားခဲ့သည္။ ယြမ္းေစြာ္က တစ္႐ွဴးကို ဆြဲထုတ္ကာ သူ႕ႏွာေခါင္းကို သုတ္လိုက္သည္။ႏွာေခါင္းထိပ္နဲ႔ မ်က္လုံးေလးေတြက နီရဲေနကာ သူဝတ္ထားတဲ့ ယုန္ညအိပ္ဝတ္စုံေလးပါေပါင္းလိုက္ေတာ့ ႏွလုံးသားေတြအရည္ေပ်ာ္ဖို႔ လုံေလာက္ေနသည္။
မိုရိခ်န္က မေနႏိုင္ေတာ့ပဲ လက္ျဖင့္ ပါးစပ္ကို အုပ္ကာ ေခ်ာင္းႏွစ္ခ်က္ဆိုးလိုက္သည္။
"မိုရိခ်န္"
ႏွာ႐ႈံ႕လိုက္ၿပီး "အဆင္မေျပဘူးလား"
"...မဟုတ္ပါဘူး"
႐ုပ္႐ွင္႐ုံအျပင္ဘက္႐ွိကားေမာင္းသမားက မိုရိခ်န္ကို ေျမာက္ဘက္ျခမ္း႐ွိ ခ်န္စန္းရဲ႕စံအိမ္သို႔ ပို႔ေပးခဲ့သည္။
မိုရိခ်န္ေရာက္သြားေသာအခါ တစ္စုံတစ္ေယာက္က တံခါးနားတြင္ အခ်ိန္အေတာ္ၾကာေစာင့္ေနခဲ့ၿပီး သူ႕ကိုအထဲဝင္ဖို႔ လူလတ္ပိုင္းတစ္ဦးက ေလးစားစြာႀကိဳဆိုခဲ့သည္။ ျခံအေနာက္ဘက္ကို သြားလိုက္ေတာ့ ခ်န္စန္းက သူ႕ကိုလာႏႈတ္ဆက္ခဲ့သည္။
အမ်ားအားျဖင့္ မသပ္မရပ္ျဖစ္ေနတတ္တဲ့ ခ်န္စန္းက ဒီေန႔မွာေတာ့ ထူးထူးျခားျခား လန္းဆန္းေနတာကို ေတြ႕ရၿပီး သူ႕ကို ျမင္တဲ့အခါ စိတ္အားထက္သန္စြာ ေျပာလာသည္။
"ငါတို႔မင္းကို ေစာင့္ေနၾကတာ။ အားလုံး ၿပီးခါနီးၿပီ "
"သူတို႔ဘယ္ႏွေယာက္လဲ" မိုရိခ်န္ကေမးလိုက္သည္။
ခ်န္စန္းက ရယ္လိုက္ၿပီး "ငါတို႔ အႀကိမ္နည္းနည္းေလာက္ ကစားၾကၿပီးၿပီ။ က်န္းယြမ္က႐ႈံးလို႔ WeChatကေန ပိုက္ဆံစလႊဲေပးေနရၿပီ ဟားဟားဟား" ကုလင္းက သူ႕ေကာင္မေလးနဲ႔ လာတာျဖစ္ၿပီး ေလးေယာက္သား မာေက်ာက္ေဆာ့ဖို႔ ျဖစ္သြားသည္။
မိုရိခ်န္က ေမးလိုက္သည္။ "မင္းကေရာ ဘာေၾကာင့္မေဆာ့တာလဲ"
ခ်န္စန္း : "ငါက မူယုကို ကူေပးရမွာေပါ့။ သူက ကစားတဲ့ေနရာမွာ စြမ္းရည္မ႐ွိဘူး။ ငါက သူ႕ရဲ႕ယုံၾကည္ရတဲ့အၾကံေပးေလ"
မိုရိခ်န္က ဘာမွတ္ခ်က္မွမေပးေပ။ သူက တျခားသူေတြရဲ႕ အခ်စ္ေရးရာမွာ ပါဝင္ရမွာ စိတ္မပါေပ။ ခ်န္စန္းနဲ႔ က်န္းမူယုတို႔က ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ဝင္စားေနၾကတာ လူတိုင္းသိၾကေပမယ့္ က်န္းမူယုနဲ႔ အထက္တန္းေက်ာင္းကတည္းကထိုလူကလည္း ယခုအထိ ႐ႈပ္ေထြးေနၾကတာေၾကာင့္ စိတ္မေကာင္းစရာပင္။ အဲ့ဒါကို သူ႕တို႔ဘာသာ သူတို႔ အေျဖ႐ွာခိုင္းလိုက္ၾကရေအာင္...
စကားေျပာရင္း ျခံအေနာက္ဘက္ကို ေလွ်ာက္လာေတာ့ အမည္းေရာင္စင္ေအာက္တြင္ သစ္သားဆိုဖာထိုင္ခုံမ်ားနဲ႔ ထမင္းစားစားပြဲတို႔ ေနရာခ်ထားကာ အေဝးဘက္မွာေတာ့ လူေတြအမ်ားႀကီးက မာေက်ာက္ကို ေပ်ာ္႐ႊင္စြာ ကစားေနၾကသည္။ တစ္ဘက္မွာေတာ့ ကြၽမ္းက်င္စားဖိုမႉးေတြက သစ္ပင္အရိပ္ေအာက္တြင္ အသားကင္ေနၾကၿပီး ရနံ႔က ေမႊးႀကိဳင္ေနသည္။
မိုရိခ်န္ေရာက္လာတာကို ျမင္ေတာ့ အားလုံးက တသ္ေယာက္ၿပီးတစ္ေယာက္ လာႏႈတ္ဆက္ၾကၿပီး က်န္းမူယုကို ဘယ္အခ်ိန္က ျပန္ေရာက္လာတာလဲလို႔ ေမးျမန္းၾကကာ က်န္းမူယုက ဒီမွာေနေနတဲ့အတြက္ အခ်ိဳ႕က စေနာက္ေနၾကသည္။ မိုရိခ်န္က ဒီလိုမာေက်ာက္ေဆာ့ရတဲ့ဂိမ္းမ်ိဳးကို မႀကိဳက္မွန္း လူတိုင္းက သိၾကတာေၾကာင့္ တစ္ဖက္က ဆိုဖာေပၚတြင္ ထိုင္လိုက္ေတာ့ သူ႕ကို တြန္းအားမေပးၾကေပ။
ခ်န္စန္းက ထိုင္ခုံေလးတစ္လုံးယူကာ က်န္းမူယုရဲ႕ အေနာက္မွာထိုင္ၿပီး ေ႐ႊေရာင္အမဲလိုက္ေခြးႀကီးလို တစ္ခ်ိန္တည္းမွာပဲ လူေတြကိုေရာ ကတ္ေတြကိုေရာ ၾကည့္ေပးေနခဲ့သည္။
ထိုအခ်ိန္တြင္ ဂိမ္းမွေပးပို႔ေသာ အသိေပးခ်က္က ဖုန္းထဲသို႔ ဝင္လာခဲ့သည္။
[ဂိမ္းသတင္း: elfေလးဒူဒူရဲ႕ ေက်ာင္းဝတ္စုံကို သင့္အိမ္တံခါးဝသို႔ အျမန္ေခ်ာပို႔နံပါတ္၁၀၀၀၃ျဖင့္ ပို႔ထားပါသည္။ ေက်းဇူးျပဳၿပီး လက္မွတ္ထိုးေပးပါ]
မိုရိခ်န္က လက္မွတ္ထိုးရန္ ႏွိပ္လိုက္သည္။
မ်က္ႏွာျပင္က ဂိမ္းထဲသို႔ တိုက္႐ိုက္ခုန္ဝင္သြားၿပီး အိမ္တံခါးဝတြင္ အထုပ္က ခ်က္ခ်င္းေပၚလာသည္။
ယြမ္းေစြာ္ကလည္း အသိေပးခ်က္ရခဲ့ကာ ဆြဲလက္စ ပန္းခ်ီကားကို ခ်ထားခဲ့ၿပီး တံခါးဆီေျပး၍ အထုပ္ကို ေဖာက္လိုက္သည္။
အျဖဴေရာင္႐ွပ္အက်ႌ၊ အဝါေဖ်ာ့ေရာင္ Vပုံစံ လည္ပင္ေပါက္ျဖင့္ဆြယ္တာႏွင့္ အညိဳေဖ်ာ့ေဖ်ာ့ အေနာက္တိုင္းစတိုင္းဝတ္စုံ။
မိုရိခ်န္ : "ဝတ္ၾကည့္လိုက္ဦး"
ယြမ္းေစြာ္ကလည္း ဝတ္ခ်င္စိတ္မ်ားေနၿပီျဖစ္ၿပီး ညအိပ္ဝတ္စုံကို ၾကယ္သီးခ်က္ခ်င္းျဖဳတ္လိုက္ၿပီး ၾကယ္သီးႏွစ္လုံးျဖဳတ္ၿပီးေနာက္ ႐ုတ္တရက္ ဘာျဖစ္ေနလဲဆိုတာ သေဘာေပါက္သြားၿပီး ႐ွက္႐ြံ႕စြာ ေျပာလိုက္သည္။ "ကြၽန္ေတာ္...ေရခ်ိဳးခန္းထဲသြားၿပီးေတာ့ ေျပာင္းလိုက္မယ္"
မိုရိခ်န္က ရယ္ခ်င္စိတ္ကို ထိန္းလိုက္သည္။ သူရဲ႕ဗိုက္ပူေလးကို အႀကိမ္မေရမတြက္ႏိုင္ေအာင္ ျမင္ဖူးၿပီးေပမယ့္ မထင္မွတ္ထားပဲ သူက ႐ွက္ေနဆဲ ျဖစ္ေနသည္။
"ေကာင္းၿပီ"
ထို႔ေၾကာင့္ ယြမ္းေစြာ္က ေက်ာင္းဝတ္စုံကို လက္ေမာင္းထဲထည့္ကာ ေရခ်ိဳးခန္းထဲ ေျပးဝင္သြားၿပီး ညအိပ္ဝတ္စုံကို ခြၽတ္လိုက္ကာ ဒီလို ေကာင္းမြန္တဲ့ေက်ာင္းဝတ္စုံကို မဝတ္ႏိုင္မွာ စိုးတာေၾကာင့္ သူ႕ဗိုက္အဆီေလးကို အနည္းငယ္ ထိတ္လန္႔စြာ ညႇစ္လိုက္သည္။ ကံေကာင္းစြာျဖင့္ ဂိမ္းမွ သတ္မွတ္ေပးထားတဲ့အ႐ြယ္အစားက အလိုအေလ်ာက္ကိုက္ညီကာ ဝတ္စုံကို ဝတ္ဆင္ၿပီးတဲ့ေနာက္ ခ်စ္စရာေကာင္းမႈနဲ႔ ေခ်ာေမာမႈအရိပ္အႁမြက္ေလးေတြကို ယူလာေပးခဲ့သည္။ သူက သူ႕ေ႐ွ႕မွ မွန္ထဲကို တစ္ခ်က္ၾကည့္လိုက္ကာ သူ႕ကိုယ္သူ အား႐ွိလာဖို႔ အသက္႐ွဴသြင္းလိုက္ၿပီးေနာက္ တံခါးကို တြန္းကာ အျပင္ထြက္လိုက္သည္။
ျဖစ္စဥ္တစ္ခုလုံးကို ေသခ်ာေစာင့္ၾကည့္ေနခဲ့တဲ့ မိုရိခ်န္က အခုမွ ပထမဆုံးျမင္လိုက္ရသလို ဟန္ေဆာင္ကာ စိတ္ေက်နပ္စြာ ေခါင္းညိတ္လိုက္သည္။