Castle in the air

由 tuminkoe

11.1K 860 136

OTP အစွဲရှိရင်မဖတ်ပါနဲ့ စိတ်အခြေအနေအရက Vmin လား Jikookလား Taekookလားမသိပါဘူးရေးချင်သလိုရေးမှာပါရေးချင်သလိုရေး... 更多

Intro
Castle in the air 1
castle in the air 2
Castle in the air 3
Castle in the air 4
Castle in the air5
Castle in the air 6
Castle in the air 7
Castle in the air 9
Castle in the air 10
Castle in thr air 11
Castle in the air 12
Castle in the air 13
Castle in the air 14
Castle in the air 15
Castle in the air 16
Castle in the air 17 ⚠️over 21
Castele in the air 18
Castle in the air 19
Castle in the air 20
Castle in the air 21 (new)
Case in the air 22
Castle in the air 23

Castle in the air 8

437 38 9
由 tuminkoe

"ထယ်ယောင်း"

"ပြောလေ "

သူမ ထယ်ယောင်း နားနားလေးကပ်ကာ တိုးတိုးလေးပြောနေရင်း Jiminဘက် တစ်ချက်လှမ်းကြည့်တော့ ဂျီမင် ရဲ့ နဂါး တစ်ကောင် ဒေါသ ထွက်နေတဲ့ မျက်နှာထားမျိုးနှင့် မို့ သူမ ရယ်ချင်တာကို မရယ်မိအောင် တော်တော်ကြိုးစားလိုက်ရ၏။

Jkဘက်ကို ကြည့်မိတော့ Jk လေးက ငယ်သေးလို့ ထင်ပါရဲ့ သူ့စိတ်ထဲရှိနေတဲ့အတိုင်း အူတိုတို နဲ့ စိတ်ထဲ ဘာပြောနေလဲ သိချင်တဲ့စိတ်နဲ့ အတင်း လည်ပင်းထောင်ကာ နားစွင့်နေတော့ သူမ ကြည့်တာနေတာကို သတိမထားပေ ထယ်ယောင်း မျက်နှာ ကြည့်ကာ အကဲခတ်နေရှာ၏။

"နင် သိပ် ဘဲကြည်တာဘဲ"

ထယ်ယောင်း ကြောင်သွား၏။ သူမ တိုးတိုးလေးပြောတာ ဒီစကားတဲ့လား

"Jiminနဲ့ Jkဘယ်သူ့ကို နင်ရွေးမှာလဲ"

"အာ..."

သူမ ကပ်ပြောနေတာကို လူက သဘောပေါက်ပြီမို့ အမြန် သူမ နား ကပ်နေတာကို ခွာပြီး စားပွဲရှေ့က ရေခွက်ယူကာရေသာက်လိုက်ရသည်။

"အွတ် အင်း အွတ်"

ထယ်ယောင်း ရေသီးတော့ ဟို နှစ်ယောက်က ပျာပျာသလဲ Jiminကသူ့ရှေ့က tissueယူပြီးပေးသလို Jkကလည်း သူ့အင်္ကျီအိတ်ထောင်ထဲက လက်ကိုင်ပုဝါအား ပေးတာမို့ သူမ ရယ်ချင်စိတ်ဒီတစ်ခါ ထိန်းမရတော့ပေ ရယ်ချလိုက်တော့၏။

သူမရယ်သံကြောင့် Jkက ရှက်ရှက်နဲ့ လက်ကိုင်ပုဝါလေး ပြန်ရုတ်လိုက်ပေမယ့် Jiminက ထင်သလို ရှက်အမ်းမနေတာကြောင့် ဒီကစားပွဲက ပိုစိတ်ဝင်စားစရာကောင်းသည်။

"ကလေးလား ဟမ် မင်းကလေ"

သူတို့နဲ့ မျက်နှာချင်းဆိုင်ထိုင်နေတဲ့Jiminက ထကာ ထယ်ယောင်းဘေး ကို သူ့ထိုင်ခုံ ဆွဲသွားကာ ထိုင်ပြီး ပါးစပ်မှာပေနေတဲ့ ရေ စက်လေးတွေအား tissueတောင် မသုံးဘဲ သူ့ဖမိုးနဲ့ တယုတယ သုတ်ပေးပြီး ဆူနေတော့၏။

"ဟမ် ထယ် မင်းက ကလေး ကြည့်ပါအုံး ပါးလေးတွေ ရဲကုန်ပြီ "

ပါးလေးကိုဆွဲဖဲ့တော့ ထယ်ယောင်း ဂျီမင့်လက်လေး ကို ဖယ်ကာ မျက်စောင်း လေး ထိုးပြလိုက်မိသည်။

"ငါကလေး မဟုတ်ဘူး ဂျီမင် ရေဘဲ တစ်ခါတလေ သီးတာ ဆူစရာလား"

"မင်း တစ်ခုခုဖြစ်ရင် စိတ်ပူ ရဆုံးသူက ငါလေ မဆူလို့ရမလား"

သူမကို မရှက်ပေမယ့် Jkရှေ့ Jimin ဂရုစိုက်နေတာကြောင့် အားနာမိတာတော့အမှန်ပေ

Jkကို အားနာနာနဲ့ပြုံးပြတော့ Jkက တစ်ချက်ကလေးပြုံးကာ

"ကိုကို့ကို ကျွန်တော် စိတ်ပူနေတာ သိတယ်မို့လား"တဲ့

"သိပါတယ် ကူးငယ်ရာ "လို့ အမြန်ဖြေလိုက်မိသည်

တကယ် လူက မနေတတ်တော့ဘူး အခြေနေတွေက ဘာတွေ မှန်း နားမလည်ဘူး Jkက Jiminကောင်လေး ငါက ဘယ်သူ့ ကောင်လေးမို့လဲ အခု ငါ့ကို ဂရုစိုက်နေတာ ငါ့ညီလေးလိုချစ်ရတဲ့သူနဲ့သူ့ရဲ့ boyfriend လောကကြီးမှာ ငါနားမလည်တာတွေ အများကြီးပါဘဲလား

အတွေးတွေ များရင်း ခေါင်းကိုက်လာတာမို့ ပြန်ဖို့ သူဘဲ အရင် စပြောလိုက်သည်။

"ပြန်ရအောင် မီမြောင်း "

"ဪ အင်းလေ ပြန်မယ်လေ"

ကားပါကင်ကို ၄ယောက်သား လျှောက်လာရင်း လူက ခေါင်းတအားကိုက်လာတာကြောင့်မိုက်ကနဲ့ငိုက်ကာ လဲ မလိုဖြစ်တော့ နောက်က ခါးကို တင်းကြပ်စွာ ဖက်ကာ ထိန်းထားတာကိုသိလိုက်၏။

"ထယ်ယောင်းကို ဂျီမင်က သိပ်ချစ်တာဘဲနော် မီမြောင်း မှာလည်း မီမြောင်းကို အဲ့လို ချစ်တဲ့ သူငယ်ချင်းရှိတယ်"

ဒါဆို သိပြီ သူ့ကို ထိန်းဖက်ပေးထားတာဂျီမင်ပေါ့ နောက်ကိုခေါင်းလေးကို လှည့်ကြည့်မို့ရှိသေး လူက လေပေါ်မြှောက်သွားပြီး ခါးအောက်နေ လက်နဲ့ ပွေ့ဖက်မှုနဲ့အတူ ခြေထောက်က လေထဲ တွဲလွဲဖြစ် ပြီး ဂျီမင့်ပွေ့ဖက် ခြင်းခံလိုက်ရသည်။

"Babe မင်း ကလေ ကိုယ့်ကိုယ် ကို ဂရုမစိုက်ဘူး "

"ဟူးးး ကိုကိုက မငယ်တော့ဘူး ခင်ဗျား သိပ်ကဲမနေနဲ့ ကြည့်မရရင်ခင်ဗျားကို ဖြတ်ရိုက်မိမယ်"

Jkဆီမှ စိတ်ပျက်စွာ သက်ပြင်းချတဲ့တစ်ချက်နဲ့အတူ စကားသံပါကြားရလိုက်ရသည်

"ငါလမ်းလျှောက်နိုင်တယ် Jimin အောက်ချပေးတော့"

Jiminဘယ်တုန်းက သူလုပ်ချင်တာဆို တားရလို့လဲ အခုလည်းဘယ်သူ့စကားမှ နားမထောင်ဘဲ ကားဆီသာ လျှောက်လှမ်းလိုက်သည်။

"ငြိမိငြိမ်နေ မနေရင် ဖက်နမ်းမှာ"

အနောက်မှာ ကူးငယ်နဲ့ မီမြောင်းရှိတာမို့ ရှက်တာနဲ့ ခေါင်းက ဂျီမင့်ရင်ဘတ်မှာအပ်ထာူလိုက်ရသည် ။သူတို့ကြားမကြားမသိပေမယ့် စိတ်ထဲ အနေခက်တယ်

Jiminကိုယ်တိုင်ကားမောင်းပြီး လူကို သူ့ဘေးရှေ့ခိုင်းထိုင်ခိုင်တာ ဘယ်လောက်အားနားရာကောင်းလဲ သူမသိဘူး မီမြောင်း ကိုလည်းသူထည့်မတွက်ဘူး တကယ်ဆို မီမြောင်းက ကိုယ်နဲ့ လူကြီးသဘောတူထားတဲ့သူ သူအားနာရမှာပေါ့ အခုတော့ မီမြောင်းရှေ့ကဲပြနေတာ ဘာလို့မှန်းမသိဘူး ကူးငယ်ကိုလည်း အားနာပေမယ့် ဂျီမင် အခုတလော တဇွတ်ထိုးဆန်တာ ကူးငယ်လည်းသိပြီးသားမို့ သိပ်တော့ တအားကြီး အမ်းတမ်းတမ်းဖြစ်မနေတော့ဘူး ဒါပေမယ့် ကိုယ်က ဆင်ခြင်ရမှာဘဲ

"Jiminကောင်လေးက Jkလား"

သူမ သေချာမေးလိုက်တာကြောင့် Jkဂျီမင့်လှမ်းကြည့်ကာ

"ဟုတ်တယ်"

"တစ်မျိုးတော့မထင်နဲ့နော် မင်းတို့၂ယောက် တစ်ခုခုလွဲနေလားလို့"

"ဘာလဲ ငါက ထယ့်ဘဲဂရုစိုက်ပြနေလို့လား"

Jiminရဲခပ်ပြတ်ပြတ်မေးခွန်းကြောင့် မီမြောင်းကို တကယ်အားနာမိတာမို့ ထယ်ယောင်းဝင်ပြောရသည်

"အာ မီမြောင်းက ခင်လို့မေးတာ မင်းလေသံက ဘာဖြစ်နေတာလဲ "

ကားနောက်ခန်းဘက်ကို ခေါင်းလေးစောင်းကာ

"ဒီလို မီမြောင်းရ နင့်ကို လေယာဉ်ပေါ်မှာပြောပြသလို ကူးငယ်နဲ့ငါက ငယ်ကတည်းက အတူစားအတူသွားတွေဆိုတော့ ကူးငယ်က ငါ့ကိုတအားခင်တယ် ပြောရရင် Jiminထက်ငါ့ကိုသူက ပိုခင်တွယ်တယ်"

"ကိုကို့ကို ကျွန်တော်က ချစ်တာပါ ခင်တာမဟုတ်ဘူး"

မီမြောင်း နားလည်စွာပြုံးလိုက်တာ ထယ်ယောင်းမြင်တာပေါ့

"Jiminကကြ ငါနဲ့ငယ်သူငယ်ချင်း ငါက သူ့အပေါ် အနွံတာခံတော့ သူက ငါ့ကိုသေချာနင့်ရှေ့ အထင်လွဲအောင် ဂရုစိုက်ပြနေတာ ဒီကောင်ဘယ်တုန်းက မှ ငါ့ဘက်မကြည့်ခဲ့ဘူးရယ်"

ထယ်ယောင်း​ သူနဲ့ပတ်သတ်တာ အမှန်တွေပြောနေတာမို့ ဂျီမင် ဘာမှဝင်မပြောဘဲကားသာအာရုံစိုက်မောင်းနေလိုက်သည်။

"အင်းးးး ငါစိတ်ထဲ လည်းဒီအတိုင်းစချင်လို့မေးတာပါ ထယ်ရယ်...."

သူမ Jiminစိတ်ကိုစမ်းချင်တာမို့ သေချာ ထယ် ဟု ခေါ်လိုက်ပြီး ဂျီမင့်ကိုစောင့်ကြည့်နေလိုက်၏။

ဂျီမင် မျက်နှာမဲ့ကာ

"နားကြားမြင်း ကပ်တယ် ငါခေါ်တဲ့နာမည် လိုက်မခေါ်ပါနဲ့လား မီမြောင်း"

"ဘာလို့လဲ ထယ်က ငါနဲ့လက်ထပ်မယ့်သူမို့ထယ်လို့ခေါ်တာ ဆန်းလား"

သေချာကပ်ကပ်လန်ပြန်ချေပလိုက်တာမို့
ဂျီမင် မျက်နှာ ခက်ထန်နေပြီ

ဘာမှပြန်မပြောတော့တဲ့ ဂျီမင်ကိုကြည့်ပြီး နောက်တစ်ယောက်ဆီ မြှားဦးလှည့်လိုက်သည်

"မဟုတ်ဘူးလား ကူးငယ် အမ ထယ့်ကို ထယ်လို့ခေါ်ခွင့်ရှိတယ်မလား"

"ဟာဗျာ"

ဂျီမင် သူမ ကို မကြည်တဲ့ မျက်နှာထားနဲ့ကြည့်ကာ မျက်စောင်းထိုးမိ၏။

"ဘာဖြစ်တာလဲမင်းက"

"ကျွန်တော့်ကို Jkလို့ဘဲခေါ် ကူးငယ်က ကိုကို တစ်ယောက်တည်းခေါ်တာဗျ"

အခုတစ်ခါ မရယ်ဘဲ မနေနိုင်တော့ပေ အသံထွက်အောင်ကို လူက အားရပါးရရယ်လိုက်မိ၏။

"ဟား ဟား ဟားဟားး ထယ်ယောင်းရေ ငါနင်သာဖြစ်လိုက်ချင်တယ် ဟား ဟား ၂ယောက်လုံး က မလွယ်ဘူးဟေ့"

ထယ်ယောင်း သူမ ကိုနားမလည်စွာကြောင်ကြည့်နေလိုက်မိသည်။

&&&&&

"ဟင့် "

တစ်ကိုယ်လုံးကိုသိမ်းကျုံးဖက်ထားပြီး လူကိုအငမ်းမရ မျက်နှာတစ်ပြင်လုံးလိုက်နမ်းနေတာ ။ခေါင်းကိုက်လို့အိပ်ယာထက်လှဲနေပါတယ်ဆို အိပ်ရေးလုံးမဝသေးတာမို့ မျက်လုံးကမပွင်နိုင်ပါဘူးဆို တစ်ကိုယ်လုံး ရုန်းမရအောင်ကို ဖက်ထားတာ

"လွှတ်လို့ "

ဆူညံဆူညံလုပ်နေတဲ့ နှုတ်ခမ်းပါးအား သူ့ရဲ့ထူအိအိနှုတ်ခမ်းပါးနဲ့ ဖိကပ်ကာ  အိန္ဒြေမဆည်နိုင်အောင် နမ်းနေတာ မျက်လုံးက ဒီနေ့မှ ဖွင့်လို့မရ တအားဘဲ ရုန်းဘဲရုန်းနေလိုက်မိတာ အရုန်းနိုင်တော့မှန်းသိတော့ ကိုယ့်ပါကို အိပ်ချင်တဲ့စိတ်ကြောင့် အလျှော့ပေးကာ အိပ်စက်လိုက်၏။

မျက်လုံးလေးကို အားယူဖွင့်ကြည့်လိုက်တော့ ဘေးမှာ တစ်ဦးတစ်ယောက်မှရှိမနေဘူး။ဒါဆို အိပ်မက်ပေါ့။

တစ်ကိုယ်လုံးညောင်းကိုက်နေလို့ အားယူပြီ ထထိုင်ကာ ကုတင်ခေါင်းရင်းမှီနေလိုက်ပြီး အိပ်မက်ကိုပြန်တွေးလိုက်မိသည်။

ကိုယ့်ဘာကို ခေါင်းလေးယမ်းကာ တစ်ချက်ရယ်လိုက်ပြီးမျက်လုံးက ဘာရယ်မဟုတ်ဘူး ကုတင်အောက်ကိုရွေ့သွားမိတော့ ဖုန်းလေးတစ်လုံး။ကိုယ့်ဖုန်းက ကုတင်ဘေးက စားပွဲပေါ်ထားနေကျမို့ ရှိမရှိပြန်ကြည့်လိုက်တော့ ရှိနေတာဘဲ ဒါနဲ့ အဲ့ဖုန်းလေးကောက်ကိုင်ကြည့်လိုက်ရင်း ဖွင့်ကြည့်လိုက်တော့ Scrren Wallpaperမှာ

ဒါဆို ဒါ Park Jimin ဖုန်းပေါ့ phone coverကိုကြည့်မိတော့ အင်း ဒါ သူcover changeထားတာလား

စောဏက အိပ်မက်ကို ပြန်မြင်လာကာ အိပ်မက်မှ ဟုတ်ရဲ့လား ဟု ရေရွတ်မိသည်။

ကိုယ့်နှုတ်ခမ်းကိုကိုင်ကာ အခု စပ်နေတဲ့ နှုတ်ခမ်း နေရာလေး စမ်းမိတော့ ပေါက်ပြဲနေတာသိတော့၏။

"ဟင့် အရူးကောင် ငါ့ကို အသားယူတယ်
ဟင့်"

တစ်ယောက်တည်း ဒူးနှစ်ချောင်းထောင်ကာ ခေါင်းငိုက်ချ၍ ငိုတော့၏။

&&&&

"မနက်စာ အဆင်ပြေလားသမီး"

"ပြေတယ် တီလေး ထယ်ယောင်း ရော"

"သူအခုထိ မထသေးဘူး "

မနက်က သူအိပ်ယာနိုးချိန် ဝရံဘက်လျှောက်သွားကြည့်တုန်း ဂျီမင် ရောက်လာတာတွေ့လိုက်ရတယ် ရောက်လာတာလဲ မနက် ၆နာရီအစောကြီး ထယ်ယောင်းဆီလာတာလား ပြန်သွားတာ ဘယ်အချိန်မှန်းမသိပေမယ့်အခု ဂျီမင့်ကားကို ခြံထဲမှာမတွေ့ရတော့ပေ

Breakfast ကို ခြံထဲမှာအေးဆေး ပြင်ဆင်စားကြတာမို့ ဂျီမင့်ကား ရှိမရှိ မြင်ရပေသည်။

"ဟယ် သား Jkလေး  သားကိုကိုဆီလာတာလား"

Jk လက်ထဲက ပါဆယ်ထုပ်တွေ ဆွဲကာ အိမ်ထဲ ဝင်လာတာမို့ မီမြောင်းလည်း သူ့အထုပ်တွေ ကူယူပေးလိုက်၏။ ထူးဆန်းတာ တစ်ခု က သူ့လက်ထဲ ပါဆယ် ထုပ်တွေ ထဲမှာ ဘူးလှလှနဲ့တစ်ဗူး က အိမ်တင် ချက်ပြုတ်လာတာနေမယ် အဲ့ဘူးလေး သူမလက်ထဲ ထည့်မပေးတာဘဲ

"ပေးလေ အမ အဲ့ဘူးလေး သယ်ပေးမယ်"

"နေနေ ရတယ် ဒါက ကိုကိုကြိုက်တဲ့ ပဲကြာဇံ သုတ် ကျွန်တော်ကိုယ်တိုင်သုပ်လာတာမို့ ကျွန်တော်ကိုယ်တိုင် ကိုကို့အခန်းသွားပို့မှာ"

သူမ မျက်လုံးလေးတစ်ချက်ပင့်ကာခေါင်းလေးငြိမ့်ပြီး ထယ်ယောင်း မမေဘက်လှမ်းကြည့်တော့ ထယ်ယောင်းအမေက Jkအပြောကိုသဘောကျကာရယ်နေလေရဲ့

ထိုအချိန်မှာဘဲ ထယ်ယောင်း အိမ်ထဲ ကထွက်လာပြီး သူတို့အနားရောက်ချလာ၏

"morningမေမေ"

သူ့မေမေကို ဖက်နမ်းကာ ချွဲလိုက်သေးတာ

"morning သားလေး"

သူမိခင်ကလည်း သူ့သားလေးအား ပြန်နမ်းလိုက်၏။

"ဟင် ကူးငယ်  အိမ်လညလည်တာလား"

"မဟုတ်ဘူး ကိုကို့အတွက်ပဲကြာဇံသုပ်လာပို့တာ အန်တီတို့အတွက်က အုန်းနို့ခေါက်ဆွဲ မေမေက အပြင်ကအစောကြီးသွားစားပြီး သတိရလို့ဝယ်လာတာ လာပို့တာ"

"သြော် အင်း"

မီမြောင်း ထယ်ယောင်း ကိုစိုက်ကြည့်နေတော့ ထယ်ယောင်း သူ့ဘာသူ မလုံမလဲဖြစ်ကာ နှုတ်ခမ်းကို လက်နဲ့ချက်ချင်းအုပ်၏။

ထိုအခါမှ မီမြောင်းပို စိတ်ဝင်စားသွားမိတာ

"မနက်က ဂျီမင် သားငယ်လေးကိုဘာဆွေ ဂျီကျသွားလဲသားငယ်"

မေမေ မနက်က ဂျီမင်လာသွားတာကိုသတိရကာမေးတော့မှ ထယ်ယောင်း သေချာသိလိုက်ရပါပြီ

သေချာတယ် အိပ်မက်မဟုတ်ဘူးဘဲ

"ဘာမှမဟုတ်ပါဘူးမေမေရဲ့ သားဆီ မနက်ခင်း အလည်လာတာနေမှာ"

အလည်လာရင် လာတယ်ပေါ့အခုက အလည်လာတာနေမှာလို့ပြောတော့ မီမြောင်း Jiminကို ပိုစိတ်ဝင်စားသွားမိသည်။

ဒါဆို ထယ်ယောင်း နှုတ်ခမ်းမှာစောဏ နှုတ်ခမ်းကွဲသလိုဖြစ်နေတာ Jimin လက်ချက်မြန်းလား အင်း မဟုတ်သေးပါဘူး ငါ က Lgbtဆိုတိုင်း ထယ်ယောင်း Lgbtဖြစ်ပါ့မလား ငါကဘဲ Lgbtကို တအားထောက်ခံနေမိလို့ သူတို့သူငယ်ချင်း၂ယောက်ကို Shipနေမိတာလား

Jkကတော့ ထယ်ယောင်းကိုဆွဲခေါ်ကာ သူကိုယ်တိုင်ချက်ပြုတ်လာတဲ့ ကြာဇံသုတ်ကို သူကိုယ်တိုင်ခွံ့ကျွေးနေခဲ့သည်။

_______

Zawgyi


































































&&&&&














&&&&




























_______

继续阅读

You'll Also Like

5.4K 193 19
When Triade tried to create their own tribrid things went smoothly. Until she decided that she wouldn't be the monster they created. Her name is Y/n...
90.7K 6.8K 32
COMPLETED. i hated my life before i met you. MARK + JAEBEOM YUGYEOM + BAMBAM
70.3K 5.3K 16
အိပ်​မက်​ထဲထိ ကျွန်​​တော်​မျက်​ရည်​မကျ​အောင်​ ​ကောင်​​လေး မကုစား​ပေးနိုင်​ခဲ့ဘူး။ ဟုတ်​တယ်​....​ကောင်​​လေး မင်း ရက်​စက်​ခဲ့တယ်​။ YoonMin [Yaoi] By:K...
297K 20.8K 156
Tác phẩm: Toàn thế giới đều đang đợi người động tâm. Tác giả: Tố Tây Người gõ: Mia của bạn nè Beta: Hoa Hoa của bạn đây Ý là truyện này gõ nhanh quá...