ဒီချစ်စရာလေးကို ပြုစုပျိုးထော...

By PoRoRo0812

480K 82.3K 1.5K

Title - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Cre... More

Description
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၉
အခန်း ၁၀
အခန်း၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အပိုင်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၁
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀
အခန်း ၆၁
အခန်း ၆၂
အခန်း ၆၃
အခန်း ၆၄
အခန်း ၆၅
အခန်း ၆၆
အခန်း ၆၇
အခန်း ၆၈
အခန်း ၆၉
No Update
အခန်း ၇၀
အခန်း ၇၁
အခန်း ၇၂
အခန်း ၇၃
အခန်း ၇၄
အခန်း ၇၅
အခန်း ၇၆
အခန်း ၇၇
အခန်း ၇၈
အခန်း ၇၉
အခန်း ၈၀
အခန်း ၈၁ (final)
Extra 1
Extra 2

အခန်း ၈

6.7K 1.1K 23
By PoRoRo0812

Raising You This Small Stuff

Unicode

အခန်း ၈ : မိုရိချန်က အံ့သြဖို့ကောင်းလိုက်တာ။ သူက ကျောင်းထားပေးဖို့တောင် တတ်နိုင်တယ်

ပြေးစက်ပေါ်တွင် နှစ်နာရီပြေးပြီးနောက် ယွမ်းစွော်က အသက်ရှူကြပ်ကာ မူးဝေလာပေမယ့် မိုရိချန်ရဲ့ ရေမသောက်နဲ့၊ ချက်ချင်းမထိုင်နဲ့ဆိုတဲ့ ညွှန်ကြားချက်တွေ အတိုင်းလိုက်နာကာ အကြောလျှော့လေ့ကျင့်ခန်းအချို့ လုပ်နေသည်။ သူက မီးခိုရောင်အားကစားဝတ်စုံနဲ့ ဖိနပ်အဖြူလေးဝတ်ဆင်ထားကာ မိုရိချန်လေ့ကျင့်ခန်းလုပ်တဲ့အချိန် ဝတ်တာတွေနဲ့ တူနေတာကိုတော့ သူမသိပေ။ 

သူ့လက်တွေက ပြန်ကောင်းလုနီးပါး ဖြစ်နေပေမယ့် မိုရိချန်က စိတ်ပူနေဆဲဖြစ်ကာ ရိုးရိုးရှင်းရှင်းအဝတ်လျှော်တာကလွဲလို့ ရေကို အချိန်အတော်ကြာအောင်မထိရန်နဲ့ အခန်းသန့်ရှင်းရေးကို ကိုယ့်ဘာသာမလုပ်ရန် တားမြစ်ထားသည်။ 

အချိန်အတော်ကြာအောင် အနားယူပြီးနောက် သူ့ခန္ဓာကိုယ်က ချွေးတွေက တိတ်သွားသည်။ အဝတ်အစားလဲကာ ကြမ်းပြင်ပေါ်တွင် တပလ္လင်ခွေထိုင်လိုက်ပြီး ပုံဆွဲစက္ကူတွေအဖြစ် နည်းနည်းချင်းစီစုထားတဲ့ မုန့်အခွံတွေနဲ့ ကုန်ပစ္စည်းစာရွက်တွေကို ထုတ်လိုက်သည်။ မိုရိချန်က သူပုံဆွဲရတာကြိုက်တယ်ဆိုတာကို မသိတာကြောင့် သူ့အတွက် ပုံဆွဲစာရွက် ဝယ်ပေးဖို့ မတွေးမိပေမယ့် သူကလည်း ပိုက်ဆံချွေတာချင်တာကြောင့် ဘာမှမပြောခဲ့ပေ။

ယခုလှပတဲ့မုန့်အခွံပေါ်မှာ ပုံဆွဲရတာက ယွမ်းစွော်အတွက် တစ်ခုခုဆန်းသစ်နေသည်။

သူက ခဏလောက်ဆွဲကာ မေးလေးထောက်ပြီး စဥ်းစားလိုက်သည်။ 

ဒင်!!စနစ်ရဲ့အသံက ထပ်မြည်လာသည်။ စနစ်အသိပေးချက်: elfဒူဒူ First Elf ကောလိပ်မှ emailတစ်စောင် ရောက်နေပါသည်။

သူကemailကို ဖွင့်ရန်ကို နှိပ်လိုက်သည်။

ဒါက ဝင်ခွင့်အသိပေးချက် စာတစ်စောင် ဖြစ်နေတာကြောင့် သုကအံ့သြဝမ်းသာသွားသည်။ 

ဝင်ခွင့်အသိပေးချက် - 

ကျောင်းသားဒူဒူ

Elf rebirth programပညာရေးဝန်ကြီးဌာန အလယ်တန်းကျောင်းဝင်ခွင့်ရုံးရဲ့ ထောက်ခံချက်ဖြင့် သင့်ကို ကျောင်းမှ လက်ခံလိုက်ပါပြီ။ ကျေးဇူးပြုပြီး ဝင်ခွင့်ကြေး ရွှေဒင်္ဂါး ၁၂၀၀၀ ပြားနဲ့အတူ အသိပေးချက်စာကိုပါ ယူလာပြီး စာရင်းသွင်းရန် အကြောင်းအပ်ပါသည်။ 

အလယ်တန်းကျောင်းဝင်ခွင့်ရုံး၊ ပညာရေးဝန်ကြီးဌာန၊ elf rebirth program

သြဂုတ်လ၂ရက်၊ ၂၀၁၈

ပူးတွဲပါဇယားသည် တက္ကသိုလ်ရဲ့ ဌာနများနဲ့ ဘာသာရပ်အသီးသီးကို ပြသထားပါသည်။ ကျောင်းသားများသည် မိမိတက်ချင်တဲ့ ဘာသာရပ်ကို မိမိဆန္ဒအရ ရွေးချယ်နိုင်ပြီး ဘာသာရပ်တစ်ခုစီတွင် 3 creditsစီရှိပြီး ကျောင်းသားများသည် အစီအစဥ်တစ်ခု ပြီးဆုံးရန် သင်တန်းကာလတစ်ခုလျှင် 6 credits ရှိရန် လိုအပ်သည်။  

ဝင်ခွင့်အကြောင်းကြားစာရတော့ ယွမ်းစွော်က အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ ကြယ်တာရာကာလတွင် သူက IQနိမ့်လွန်းတာကြောင့် သူ့အစ်ကိုတွေနဲ့အတူ စစ်တက္ကသိုလ်ကို မဝင်နိုင်ခဲ့ပေ။ သူက လက်မှု အနုပညာအကယ်ဒမီကိုတက်ရောက်ချင်ခဲ့ပေမယ့် သူ့အဖေက တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုပြီး သူ့အစ်ကိုတွေလိုပဲ သူ့ကို ဆူခဲ့တာကြောင့် အရှုံးပေးရုံကလွဲပြီး ရွေးစရာမရှိခဲ့ပေ။ 

အချိန်စာရင်းကို ဖွင့်ကြည့်လိုက်တော့ ဘာသာရပ်အမျိုးမျိုးကို တွေ့လိုက်ရသည်။ ထိုအထဲတွင် သူ့အမေရဲ့အကြိုက်ဆုံးအရာ ဖြစ်ပြီး သူကလည်း ကလေးဘဝကတည်းက စိတ်ဝင်စားခဲ့တဲ့ ဟင်းချက်ခြင်းနဲ့ လက်မှုအနုပညာဘာသာရပ်ကို တွေ့လိုက်သည်။ အဲ့ဒါက...အသိပေးချက်ပေါ်က သင်တန်းကြေးကလည်း တကယ်မနည်းပေ။

သူ့ရဲ့အစားအသောက်နဲ့ အဝတ်အစားတွေ အတွက်တောင် ပိုက်ဆံအများကြီး ကုန်ထားပြီး သူက ကျောင်းပါထပ်တက်ချင်နေရင်....

ထိုအချိန်တွင် နောက်ထပ်စာတစ်စောင် ဝင်လာသည်။ မိုရိချန်ပို့လာတာ ဖြစ်သည်။ 

မိုရိချန်က သူ့ဆီကို ပထမဆုံး emailပို့တာ ဖြစ်တာကြောင့် သူက အံ့သြသွားခဲ့သည်။ မိုရိချန်က ရိုက်ကူးရေးမှာပဲရှိနေဆဲဖြစ်ကာ ယွမ်းစွော်လိုပဲ တစ်ချိန်တည်း သူ့ဆီကို ဝင်ခွင့်အကြောင်းကြားစာ ရောက်လာခဲ့သည်။ ယွမ်းစွော်က ဝင်ခွင့်ကြေးကို စိတ်ပူနေမှာကို သိပြီး တတ်နိုင်သလောက် စိတ်မပူဖို့ ရှင်းပြချင်ခဲ့ပေမယ့် အရှေ့က လင်းမန်ရွှယ်ရဲ့ ဖြစ်ရပ်လို ယွမ်းစွော်ကို တခြားသူတွေ မမြင်သွားစေချင်တာကြောင့် emailပို့ဖို့သာ ရွေးချယ်လိုက်တော့သည်။

မိုရိချန်ရဲ့စာက တစ်ကြောင်းသာပါသည် : စာသွားသင်လိုက် ငါမင်းကို ပြောဖို့မေ့နေတာ  ဂိမ်းထဲကရွှေဒင်္ဂါးက လက်တွေ့ကနဲ့ မတူဘူး တစ်ယွမ်ကို ရွှေဒင်္ဂါး၁၀၀ဝယ်လို့ရတယ်

ယွမ်းစွော်က emailကို ဖတ်ပြီးနောက် လက်ဝတုတ်လေးတွေဖြင့် ရေတွက်လိုက်သည်။ အဲ့လိုဆိုရင် သူ့ဝင်ခွင့်ကြေးက ၁၂၀ယွမ် ကျမှာပဲ။  မိုရိချန်က အံ့သြဖို့ကောင်းလိုက်တာ သူက ကျောင်းထားပေးဖို့တောင် တတ်နိုင်တယ်။

ညနေပိုင်းတွင် ကလေးကို ပထမဆုံးအကြိမ် ကျောင်းပို့ပေးမယ့်မိဘလိုဖြစ်နေတဲ့မိုရိချန်က ယွမ်းစွော်ကို ဘာသာရပ်ရွေးချယ်ဖို့ ဂရုတစိုက်ကူညီပေးလိုက်သည်။ 

သူက ယွမ်းစွော်ရဲ့စိတ်ကူးကို လေးစားပေးခဲ့သည်။ အဓိကဘာသာရပ်နှစ်ခု : ချက်ပြုတ်ခြင်းနဲ့ လက်မှုအနုပညာ

မိုရိချန်ကနောက်ထပ် စိတ်ကြိုက်ဘာသာရပ် နှစ်ခုကို ရွေးချယ်ရန်​အကြံပေးခဲ့ပေမယ့် သေချာပေါက်ပင် အဓိကဘာသာရပ်နှစ်ခုမှာ creditsအပြည့် မရလျှင် သုံးနိုင်တယ်လို့ မပြောခဲ့ပေ။ သူက အကောင်ပေါက်လေးကို ပင်ပန်းစရာမလိုပဲ အောင်အောင်မြင်မြင် ဘွဲ့ရသွားစေရန် သေချာချင်ခဲ့သည်။ 

"ပန်းအလှဆင်နည်းကို ထည့်လိုက်ကြရအောင် " တစ်ပတ်လျှင်အတန်းချိန်တစ်ချိန်သာရှိပြီး စာမေးပွဲကလည်း ကိုယ့်စိတ်ကြိုက်ဒီဇိုင်းဖြင့် ပန်းစည်းပြင်ဆင်ရန်သာ လိုအပ်သည်။

ယွမ်းစွော်က တိတ်နေသည်။

မိုရိချန်က သူဒါကို မကြိုက်ဘူးလို့ မှန်းဆကာ မေးလိုက်သည်။ "ဒါဆိုစာအုပ်ပြန်လည်သုံးသပ်တာရော ဘယ်လိုလဲ" တစ်ပတ်မှာ တစ်ချိန်သာရှိပြီး စာမေးပွဲကလည်း ဖတ်ပြရုံသာလိုသည်။

ယွမ်းစွော်က ခေါင်းကို အနည်းငယ် ယမ်းပြလိုက်သည်။

မိုရိချန်က စိတ်ရှည်စွာ မေးလိုက်သည်။ "ဒါဆိုမင်းဘာကို ကြိုက်သလဲ"

လက်ချောင်းလေးတွေကိုလိမ်ကာ လေသံလေးဖြင့် ပြောလာသည်။ "မိုရိချန် မင်းကဘာလုပ်တာလဲ" သူကြိုက်တဲ့ အနုပညာလက်ရာ၊ သူ့အမေကြိုက်တဲ့ ချက်ပြုတ်ခြင်းအပြင် တခြားတစ်ခုခု လေ့လာရမယ်ဆိုရင် မိုရိချန်ကြိုက်တဲ့အရာကို လေ့လာချင်သည်။

မိုရိချန် : "ငါက သရုပ်ဆောင်တစ်ယောက်ပါ"

ယွမ်းစွော်က အနည်းငယ်အံ့သြသွားပေမယ့် မိုရိချန်က ဒီလောက်ချောတာ သရုပ်ဆောင်ဖြစ်နေတာ အံ့သြစရာမရှိပါဘူး။

"ဒါဆို....ကျွန်တော်လည်း သရုပ်ဆောင်ဖို့ သင်ယူမယ်"

မိုရိချန်ကလန့်သွားကာ သူဘာကြောင့် သရုပ်ဆောင်တာကို သင်ချင်တာလဲ ဆိုတာကို နားလည်သွားတာကြောင့် သူ့နှလုံးသားတွင် နွေးထွေးမှုများပေါက်ဖွားလာပြီး ရှင်းပြလိုက်သည်။ 

"သရုပ်ဆောင်က ဘာသာရပ်မဟုတ်ဘူး"

ယွမ်းစွော်ရဲ့မျက်နှာတွင် စိတ်ပျက်မှုတွေ ပေါ်လာသည်။

အကောင်ပေါက်လေးက သရုပ်ဆောင်တဲ့ သင်ခန်းစာတွေကို မသင်နိုင်တာ မဟုတ်ပေမယ့် သရုပ်ဆောင်သင်တန်းတွေက အနည်းငယ် ခက်ခဲတာကြောင့် အရမ်းပင်ပန်းမှာ စိုးရိမ်မိသည်။ 

"ဒါဆို သရုပ်ဆောင်တစ်ယောက်ဖြစ်လာဖို့ ကျွန်တော်ဘာတွေသင်ဖို့လိုမလဲ။ ကျွန်တော် နေခဲ့တဲ့နေရာမှာ ရုပ်ရှင်တွေ မရှိဘူး" 

သူကဘယ်နေရာမှာ နေခဲ့တာလဲ။ ဒါက အလွန်အရေးကြီးတဲ့အချက်အလက်ပင်။ ဒီအကောင်ပေါက်လေးက နေခဲ့ရတဲ့နေရာက ဘာပါလိမ့်။ တကယ်ကို မတူညီတဲ့ကမ္ဘာကများ ဖြစ်နိုင်မလား။

သို့သော် သူဘယ်လိုပဲမေးမေး ယွမ်းစွော်က နောက်ဆုံးတွင် ပြန်မဖြေခဲ့ပဲ ပါးစပ်လေးကို ပိတ်ကာ မျက်ရည်တွေက စီးကျနေခဲ့သည်။

"ကျွန်တော် တကယ်...တကယ် မပြောနိုင်လို့ပါ" သတ်မှတ်ထားတဲ့အဆင့်မရောက်သေးပဲ အထောက်အထားတွေကို ထုတ်ဖော်ပြောဆိုခြင်းက စိုးရိမ်စရာကောင်းသည်။ 

"ကောင်းပြီ ငါတို့အဲ့အကြောင်းမပြောတော့ဘူး" မိုရိချန်က အကောင်ပေါက်လေး မျက်ရည်တွေ ထပ်ကျလာမှာ စိုးနေခဲ့သည်။ မိုရိချန်​က ပြောလိုက်တော့ သူ့မျက်ရည်တွေကိုသုတ်ကာ "ကျွန်တော်တောင်းပန်ပါတယ်"

"အဲ့ဒါမင်းအပြစ်မဟုတ်ပါဘူး ငါ့အမှားပါ"

"အိုး...ဒါဆို သရုပ်ဆောင်တာ သင်လို့ရမလား"

မိုရိချန် : "........"

ယွမ်းစွော်က စာရွက်အလွတ်လေးလို ရိုးရှင်းတယ်ဆိုတာကိုသာ သူမသိခဲ့ရင် မကောင်းဆိုးဝါးလေးလို့ သူသံသယဝင်မိနိုင်သည်။ သို့သော် အချိန်အတော်ကြာပြီးနောက် သူက ချက်ချင်း သဘောမတူခဲ့ပေ။ သူက သင်ရမယ့်အချိန်တွေနဲ့ သရုပ်ဆောင်သင်တန်းရဲ့ခက်ခဲမှုတွေကို ပြောပြကာ ယွမ်းစွော်ရဲ့ ခြေလက်ဝတုတ်လေးတွေကို ခိုးကြည့်လိုက်သည်။ 

ယွမ်းစွော်က မိုရိချန်ဖွင့်ပြတဲ့ သရုပ်ဆောင်ချက်တွေကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေကာ မိုရိချန်က သူ့ကို မျက်မှောင်ကြုတ်ကြည့်နေတာမြင်တော့ လက်သီးလေးတွေကို စိတ်လှုပ်ရှားစွာ ဆုပ်လိုက်သည်။

"ဒါကို အစမ်းအနေနဲ့ ကြည့်ရအောင် ပြီးမှ မင်းမကြိုက်ရင် လက်လျှော့လိုက်ရအောင် " မိုရိချန်ရဲ့နှလုံးသားက နူးညံ့သွားသည်။

ယွမ်းစွော်က မျက်ရည်တွေတောင် မခြောက်သေးပဲ ရယ်နေကာ မျည်ရည်တွေ အဝေးကို လွင့်သွားအောင်ခေါင်းညိတ်ပြနေသည်။ "ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်"

မိုရိချန်က မသိမသာသက်ပြင်းချလိုက်သည်။ အကောင်ပေါက်လေးက တကယ့်ကို စိတ်ပါနေတာကြောင့် သူပင်ပန်းပြီး ဆိုးတာတွေဖြစ်သွားမှာ စိုးရိမ်နေသည်။

ယွမ်းစွော်က ဘာသာရပ်တွေကို အလေးအနက် လျှောက်ထားကာ အကြောင်းပြန်စာမရခင် သွားဖို့တစ်လလောက်တော့ ကျန်ဦးမယ်လို့ အတည်ပြုလိုက်သည်။ 

တစ်ခုခုလုပ်ဖို့ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေတဲ့ သူ့ပုံစံကို မြင်တော့ ယွမ်းစွော်ရဲ့ပုံမှန်ဘဝက ငြီးငွေ့စရာကောင်းနေတာပဲလို့ မိုရိချန်က နားလည်လိုက်သည်။

မိုရိချန်က နောက်ထပ် ယွမ်၅၀၀၀၀ကို ထည့်သွင်းကာ laptopနဲ့ tabletဝယ်ယူခဲ့ပြီး သူ့ဘာသာဘယ်လိုသုံးရမယ်ဆိုတာ ယွမ်းစွော်ကို သင်ပေးခဲ့သည်။ 

ယွမ်းစွော်က သူဒီနေ့သုံးခဲ့တဲ့ ရွှေဒင်္ဂါးပမာဏကို လက်ချောင်းလေးတွေဖြင့် တိတ်တဆိတ် ရေတွက်လိုက်သည်။ ရွှေဒင်္ဂါး ၅၈၆၀၀ပြားကို သုံးစွဲခဲ့ကာ မိုရိချန်ရဲ့ငွေနဲ့ပြောင်းကြည့်လိုက်လျှင် ၅၈၆ယွမ် ဖြစ်လိမ့်မည်။ 

မိုရိချန်က သူ့ရဲ့လှုပ်ရှားမှုသေးသေးလေးတွေကို မမြင်ဟန်ဆောင်ကာ မတော်တဆပုံဖြင့် ပြောလိုက်သည်။ "သရုပ်ဆောင်တစ်ယောက်ရဲ့ဝင်ငွေက အရမ်းများတယ်"

"ဘယ်လောက်...ဘယ်လောက်များတာလဲ"

မိုရိချန်: "ရုပ်ရှင်တစ်ကားကို ယွမ်၁၀မီလီယမ်လောက် ရတယ်"

သူ့ရဲ့လက်ဝတုတ်လေးတွေက တုန်သွားကာ မိုရိချန်က အရမ်းချမ်းသာတာပဲ။ ထို့နောက် သူဘယ်လောက်တောင်ထပ်ရေတွက်ရမှာလဲ အံ့သြရင်းသူ့လက်ချောင်းလေးတွေကို တစ်ချောင်းချင်း စရေနေသည်။

မိုရိချန်က မရယ်ပဲမနေနိုင်တော့ပေ။ သူက တစ်ချက်တွေးလိုက်ပြီး စတိုးဆိုင်ထဲဝင်ကာ စတင်သူတွေအတွက် ဝယ်သူတွေက အကြံပြုပေးထားတဲ့ ပစ္စည်းအချို့နဲ့ ပုံဆွဲပစ္စည်းတို့ကို ဝယ်လိုက်သည်။

ယွမ်းစွော်က စားပွဲခုံလေးကို နေရာချဖို့ အားအများကြီးသုံးလိုက်ရပြီး စာရွက်နဲ့ ဘောပင်ကိုတင်ကာ နောင်အနာဂတ်မှာ သုံးမယ့်  ပုံဆွဲဘုတ်ကို ပြတင်းပေါက်ထောင့်နားမှာ သပ်သပ်ရပ်ရပ်ချထားလိုက်သည်။

ယွမ်းစွော်က စားပွဲခုံအသေးလေးတွင် မတ်မတ်ထိုင်ပြီး ထိုင်ခုံမှာထိုင်လိုက်တော့ သူ့ခြေထောက်တိုလေးနှစ်ချောင်းက ကြမ်းပြင်နဲ့တောင်မထိတော့ပေ။'A Dog's Mission' ဆိုတဲ့ရုပ်ရှင်ကို အာရုံစူးစိုက်ကြည့်နေသည်။

မိုရိချန်က ရိုက်ကူးရေးလုပ်နေရင်း ဂိမ်းထဲကို ခိုးကြောင်ခိုးဝှက်ဝင်ကြည့်လိုက်တော့ အကောင်ပေါက်လေးက မျက်လုံးတွေနီနေကာ ငိုလိုက် ခဏနေတော့ ရယ်လိုက်ဖြစ်နေတာကို မြင်လိုက်သည်။ သူ့မှာ အချိန်မရှိလို့ ဒီရုပ်ရှင်ကို မကြည့်ဖူးပဲ အချက်အလက်တွေကို သေချာမသိပေမယ့် အကောင်ပေါက်လေးက စိတ်ဝင်တစားကြည့်နေတာကြောင့် သူလည်း ညကျပြန်ရောက်ရင်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်သည်။

"ဝိုး မြန်မြန် လာကြည့်စမ်း ဒီလူက အရမ်းချောတာပဲ" ဝတ်စုံအဖွဲ့ထဲက ဝတ်စုံကိုင်ထားတဲ့ကောင်မလေးတစ်ယောက်က လမ်းလျှောက်ဖို့တောင်မေ့လုနီးပါးဖြစ်နေသည်။

"ဘယ်တစ်ယောက်လဲ" ဇာတ်ဝင်ပစ္စည်းထောက်ပံ့ရေး အဖွဲ့ထဲက အမျိုးသမီးတစ်ယောက်က လှမ်းကြည့်ကာ "အာ အဲ့ဒါက မိုရိချန်ရဲ့အစ်ကိုလေ"

ဝတ်စုံအဖွဲ့မှကောင်မလေး : "အံ့သြစရာ မရှိတော့ပါဘူး။ မျက်ခုံးမျက်လုံးတွေက ဆင်တူတာတွေရှိတယ်။ ဒါက မျိုးရိုးဗီဇရဲ့အစွမ်း ဖြစ်ရမယ်!"

ထောက်ပံ့ရေးအဖွဲ့မှအမျိုးသမီး : " ဒါပေမယ့် ငါကမိုရိချန်ကပိုကြိုက်တယ် ပြီးတော့ ဒီလူက ခက်ထန်တဲ့ပုံပေါက်တယ်။ သူ့ရဲ့အရှိန်အဝါက ပြင်းလွန်းလို့ အသက်တောင် ရှူလို့မရတော့ဘူး။ သူကတကယ်big bossပဲ"

ဝတ်စုံအဖွဲ့မှကောင်မလေး : "ဒါဆို သူ့ညီရဲ့ အလုပ်နေရာဆီလာလည်တာလား"

ဇာတ်ဝင်ပစ္စည်းထောက်ပံ့ရေးအဖွဲ့မှ အမျိုးသမီးက အသစ်ကလေးကို စိတ်ရှည်သွာ ရှင်းပြလိုက်သည်။ " ဒီအသိုင်းအဝိုင်းထဲမှာ လျှို့ဝှက်ချက်တစ်ခုရှိတယ် သူက သူ့ညီကို လာတွေ့တာမဟုတ်ဘူး သူက ဒီနေရာကို တစ်ယောက်ယောက်ကို လာတွေ့တာ" ကောင်မလေးက သူမရဲ့မေးဖြင့် ညွှန်ပြလိုက်သည်။

ဇာတ်ကားထဲမှ ဒုတိယအမျိုးသားဇာတ်ဆောင်က သူ့ဆီကို အပြုံးလေးဖြင့် ကြိုဆိုရန် သွားနေခဲ့သည်။ မိုရိယန်က သူ့ကို ကြိုဆိုဖို့ လာတဲ့သူ့ချစ်သူကိုမြင်တော့ အပြုံးတစွန်းတစက အေးစက်ပြီးဖိအားပြင်းကာချောမောတဲ့မျက်နှာတွင် ပေါ်လာခဲ့သည်။

မိုရိချန်ကလည်း သူ့အစ်ကိုကို မြင်လိုက်သည်။ သူ့အစ်ကိုရဲ့လိင်စိတ်ခံယူချက်နဲ့ပတ်သက်ပြီး ပြသာနာမရှိပေမယ့် သူ့အစ်ကိုနဲ့ တစ်နှစ်ခွဲနီးပါးလောက်အတူရှိနေတဲ့ တက်သစ်စလေး ချင်ဟယ်နဲ့ပတ်သက်ပြီး ခံစားချက်ကောင်း မရှိပေ။ ချင်ဟယ်က ဖြူဖွေးကာ အတွင်းဘက်တွင် ကံကောင်းမှုတွေ ရှိတဲ့မျက်လုံးတွေရှိပြီး သရုပ်ဆောင်တာလည်း အဆင်ပြေပေမယ့်  ကံမကောင်းစွာနဲ့ သူက စိတ်ဓာတ်သေးသိမ်ကာ လူသစ်ကလေးတွေကို အနိုင်ကျင့်ရတာကြိုက်သည်။ 

ဘန်း!!!

မိုရ်ချန်အတွက် လတ်ဆတ်တဲ့လက်ညှစ်ဖျော်ရည် သွားဝယ်လာခဲ့တဲ့ချန်ကျောင်က လက်ယမ်းမိကာ ဖျော်ရည်က မြေပြင်ပေါ် ဖိတ်ကျသွားပြီး သူ့ရဲ့မီးခိုးရောင်ဘောင်းဘီကို စင်သွားခဲ့သည်။ လူတွေအများကြီး ကြည့်လာကြတာက သူ့ကို ရှက်ရွံ့သွားစေသည်။ သနားစရာကောင်းစွာ ငုတ်တုတ်လေး ထိုင်ချလိုက်ပေမယ့် သူ့ခန္ဓာကိုယ်က ဝနေတာကြောင့် သူ့ပုံစံက ရယ်စရာလေးဖြစ်နေသည်။ သူက မြေပြင်ပေါ်က ပစ္စည်းတွေကို အမြန်ကောက်ကာ သူ့လက်တွေနဲ့ အင်္ကျီလက်တွေက စေးကပ်နေသည်။ သူက လေးလံတဲ့မျက်မှန်ဘောင်လေးကို ပင့်ကာ မိုရိချန်ကို တောင်းပန်လိုက်သည်။ "အစ်ကိုမို...ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် သွားပြီးတော့ နောက်တစ်ခွက် ဝယ်လိုက်ပါ့မယ်"

Zawgyi

အခန္း ၈ : မိုရိခ်န္က အံ့ၾသဖို႔ေကာင္းလိုက္တာ။ သူက ေက်ာင္းထားေပးဖို႔ေတာင္ တတ္ႏိုင္တယ္

ေျပးစက္ေပၚတြင္ ႏွစ္နာရီေျပးၿပီးေနာက္ ယြမ္းေစြာ္က အသက္႐ွဴၾကပ္ကာ မူးေဝလာေပမယ့္ မိုရိခ်န္ရဲ႕ ေရမေသာက္နဲ႔၊ ခ်က္ခ်င္းမထိုင္နဲ႔ဆိုတဲ့ ၫႊန္ၾကားခ်က္ေတြ အတိုင္းလိုက္နာကာ အေၾကာေလွ်ာ့ေလ့က်င့္ခန္းအခ်ိဳ႕ လုပ္ေနသည္။ သူက မီးခိုေရာင္အားကစားဝတ္စုံနဲ႔ ဖိနပ္အျဖဴေလးဝတ္ဆင္ထားကာ မိုရိခ်န္ေလ့က်င့္ခန္းလုပ္တဲ့အခ်ိန္ ဝတ္တာေတြနဲ႔ တူေနတာကိုေတာ့ သူမသိေပ။ 

သူ႕လက္ေတြက ျပန္ေကာင္းလုနီးပါး ျဖစ္ေနေပမယ့္ မိုရိခ်န္က စိတ္ပူေနဆဲျဖစ္ကာ ႐ိုး႐ိုး႐ွင္း႐ွင္းအဝတ္ေလွ်ာ္တာကလြဲလို႔ ေရကို အခ်ိန္အေတာ္ၾကာေအာင္မထိရန္နဲ႔ အခန္းသန္႔႐ွင္းေရးကို ကိုယ့္ဘာသာမလုပ္ရန္ တားျမစ္ထားသည္။ 

အခ်ိန္အေတာ္ၾကာေအာင္ အနားယူၿပီးေနာက္ သူ႕ခႏၶာကိုယ္က ေခြၽးေတြက တိတ္သြားသည္။ အဝတ္အစားလဲကာ ၾကမ္းျပင္ေပၚတြင္ တပလႅင္ေခြထိုင္လိုက္ၿပီး ပုံဆြဲစကၠဴေတြအျဖစ္ နည္းနည္းခ်င္းစီစုထားတဲ့ မုန္႔အခြံေတြနဲ႔ ကုန္ပစၥည္းစာ႐ြက္ေတြကို ထုတ္လိုက္သည္။ မိုရိခ်န္က သူပုံဆြဲရတာႀကိဳက္တယ္ဆိုတာကို မသိတာေၾကာင့္ သူ႕အတြက္ ပုံဆြဲစာ႐ြက္ ဝယ္ေပးဖို႔ မေတြးမိေပမယ့္ သူကလည္း ပိုက္ဆံေခြၽတာခ်င္တာေၾကာင့္ ဘာမွမေျပာခဲ့ေပ။

ယခုလွပတဲ့မုန္႔အခြံေပၚမွာ ပုံဆြဲရတာက ယြမ္းေစြာ္အတြက္ တစ္ခုခုဆန္းသစ္ေနသည္။

သူက ခဏေလာက္ဆြဲကာ ေမးေလးေထာက္ၿပီး စဥ္းစားလိုက္သည္။ 

ဒင္!!စနစ္ရဲ႕အသံက ထပ္ျမည္လာသည္။ စနစ္အသိေပးခ်က္: elfဒူဒူ First Elf ေကာလိပ္မွ emailတစ္ေစာင္ ေရာက္ေနပါသည္။

သူကemailကို ဖြင့္ရန္ကို ႏွိပ္လိုက္သည္။

ဒါက ဝင္ခြင့္အသိေပးခ်က္ စာတစ္ေစာင္ ျဖစ္ေနတာေၾကာင့္ သုကအံ့ၾသဝမ္းသာသြားသည္။ 

ဝင္ခြင့္အသိေပးခ်က္ - 

ေက်ာင္းသားဒူဒူ

Elf rebirth programပညာေရးဝန္ႀကီးဌာန အလယ္တန္းေက်ာင္းဝင္ခြင့္႐ုံးရဲ႕ ေထာက္ခံခ်က္ျဖင့္ သင့္ကို ေက်ာင္းမွ လက္ခံလိုက္ပါၿပီ။ ေက်းဇူးျပဳၿပီး ဝင္ခြင့္ေၾကး ေ႐ႊဒဂၤါး ၁၂၀၀၀ ျပားနဲ႔အတူ အသိေပးခ်က္စာကိုပါ ယူလာၿပီး စာရင္းသြင္းရန္ အေၾကာင္းအပ္ပါသည္။ 

အလယ္တန္းေက်ာင္းဝင္ခြင့္႐ုံး၊ ပညာေရးဝန္ႀကီးဌာန၊ elf rebirth program

ၾသဂုတ္လ၂ရက္၊ ၂၀၁၈

ပူးတြဲပါဇယားသည္ တကၠသိုလ္ရဲ႕ ဌာနမ်ားနဲ႔ ဘာသာရပ္အသီးသီးကို ျပသထားပါသည္။ ေက်ာင္းသားမ်ားသည္ မိမိတက္ခ်င္တဲ့ ဘာသာရပ္ကို မိမိဆႏၵအရ ေ႐ြးခ်ယ္ႏိုင္ၿပီး ဘာသာရပ္တစ္ခုစီတြင္ 3 creditsစီ႐ွိၿပီး ေက်ာင္းသားမ်ားသည္ အစီအစဥ္တစ္ခု ၿပီးဆုံးရန္ သင္တန္းကာလတစ္ခုလွ်င္ 6 credits ႐ွိရန္ လိုအပ္သည္။  

ဝင္ခြင့္အေၾကာင္းၾကားစာရေတာ့ ယြမ္းေစြာ္က အနည္းငယ္ စိတ္လႈပ္႐ွားသြားခဲ့သည္။ ၾကယ္တာရာကာလတြင္ သူက IQနိမ့္လြန္းတာေၾကာင့္ သူ႕အစ္ကိုေတြနဲ႔အတူ စစ္တကၠသိုလ္ကို မဝင္ႏိုင္ခဲ့ေပ။ သူက လက္မႈ အႏုပညာအကယ္ဒမီကိုတက္ေရာက္ခ်င္ခဲ့ေပမယ့္ သူ႕အေဖက ေတာ္ဝင္မိသားစုရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစတယ္ဆိုၿပီး သူ႕အစ္ကိုေတြလိုပဲ သူ႕ကို ဆူခဲ့တာေၾကာင့္ အ႐ႈံးေပး႐ုံကလြဲၿပီး ေ႐ြးစရာမ႐ွိခဲ့ေပ။ 

အခ်ိန္စာရင္းကို ဖြင့္ၾကည့္လိုက္ေတာ့ ဘာသာရပ္အမ်ိဳးမ်ိဳးကို ေတြ႕လိုက္ရသည္။ ထိုအထဲတြင္ သူ႕အေမရဲ႕အႀကိဳက္ဆုံးအရာ ျဖစ္ၿပီး သူကလည္း ကေလးဘဝကတည္းက စိတ္ဝင္စားခဲ့တဲ့ ဟင္းခ်က္ျခင္းနဲ႔ လက္မႈအႏုပညာဘာသာရပ္ကို ေတြ႕လိုက္သည္။ အဲ့ဒါက...အသိေပးခ်က္ေပၚက သင္တန္းေၾကးကလည္း တကယ္မနည္းေပ။

သူ႕ရဲ႕အစားအေသာက္နဲ႔ အဝတ္အစားေတြ အတြက္ေတာင္ ပိုက္ဆံအမ်ားႀကီး ကုန္ထားၿပီး သူက ေက်ာင္းပါထပ္တက္ခ်င္ေနရင္....

ထိုအခ်ိန္တြင္ ေနာက္ထပ္စာတစ္ေစာင္ ဝင္လာသည္။ မိုရိခ်န္ပို႔လာတာ ျဖစ္သည္။ 

မိုရိခ်န္က သူ႕ဆီကို ပထမဆုံး emailပို႔တာ ျဖစ္တာေၾကာင့္ သူက အံ့ၾသသြားခဲ့သည္။ မိုရိခ်န္က ႐ိုက္ကူးေရးမွာပဲ႐ွိေနဆဲျဖစ္ကာ ယြမ္းေစြာ္လိုပဲ တစ္ခ်ိန္တည္း သူ႕ဆီကို ဝင္ခြင့္အေၾကာင္းၾကားစာ ေရာက္လာခဲ့သည္။ ယြမ္းေစြာ္က ဝင္ခြင့္ေၾကးကို စိတ္ပူေနမွာကို သိၿပီး တတ္ႏိုင္သေလာက္ စိတ္မပူဖို႔ ႐ွင္းျပခ်င္ခဲ့ေပမယ့္ အေ႐ွ႕က လင္းမန္႐ႊယ္ရဲ႕ ျဖစ္ရပ္လို ယြမ္းေစြာ္ကို တျခားသူေတြ မျမင္သြားေစခ်င္တာေၾကာင့္ emailပို႔ဖို႔သာ ေ႐ြးခ်ယ္လိုက္ေတာ့သည္။

မိုရိခ်န္ရဲ႕စာက တစ္ေၾကာင္းသာပါသည္ : စာသြားသင္လိုက္ ငါမင္းကို ေျပာဖို႔ေမ့ေနတာ  ဂိမ္းထဲကေ႐ႊဒဂၤါးက လက္ေတြ႕ကနဲ႔ မတူဘူး တစ္ယြမ္ကို ေ႐ႊဒဂၤါး၁၀၀ဝယ္လို႔ရတယ္

ယြမ္းေစြာ္က emailကို ဖတ္ၿပီးေနာက္ လက္ဝတုတ္ေလးေတြျဖင့္ ေရတြက္လိုက္သည္။ အဲ့လိုဆိုရင္ သူ႕ဝင္ခြင့္ေၾကးက ၁၂၀ယြမ္ က်မွာပဲ။  မိုရိခ်န္က အံ့ၾသဖို႔ေကာင္းလိုက္တာ သူက ေက်ာင္းထားေပးဖို႔ေတာင္ တတ္ႏိုင္တယ္။

ညေနပိုင္းတြင္ ကေလးကို ပထမဆုံးအႀကိမ္ ေက်ာင္းပို႔ေပးမယ့္မိဘလိုျဖစ္ေနတဲ့မိုရိခ်န္က ယြမ္းေစြာ္ကို ဘာသာရပ္ေ႐ြးခ်ယ္ဖို႔ ဂ႐ုတစိုက္ကူညီေပးလိုက္သည္။ 

သူက ယြမ္းေစြာ္ရဲ႕စိတ္ကူးကို ေလးစားေပးခဲ့သည္။ အဓိကဘာသာရပ္ႏွစ္ခု : ခ်က္ျပဳတ္ျခင္းနဲ႔ လက္မႈအႏုပညာ

မိုရိခ်န္ကေနာက္ထပ္ စိတ္ႀကိဳက္ဘာသာရပ္ ႏွစ္ခုကို ေ႐ြးခ်ယ္ရန္​အၾကံေပးခဲ့ေပမယ့္ ေသခ်ာေပါက္ပင္ အဓိကဘာသာရပ္ႏွစ္ခုမွာ creditsအျပည့္ မရလွ်င္ သုံးႏိုင္တယ္လို႔ မေျပာခဲ့ေပ။ သူက အေကာင္ေပါက္ေလးကို ပင္ပန္းစရာမလိုပဲ ေအာင္ေအာင္ျမင္ျမင္ ဘြဲ႕ရသြားေစရန္ ေသခ်ာခ်င္ခဲ့သည္။ 

"ပန္းအလွဆင္နည္းကို ထည့္လိုက္ၾကရေအာင္ " တစ္ပတ္လွ်င္အတန္းခ်ိန္တစ္ခ်ိန္သာ႐ွိၿပီး စာေမးပြဲကလည္း ကိုယ့္စိတ္ႀကိဳက္ဒီဇိုင္းျဖင့္ ပန္းစည္းျပင္ဆင္ရန္သာ လိုအပ္သည္။

ယြမ္းေစြာ္က တိတ္ေနသည္။

မိုရိခ်န္က သူဒါကို မႀကိဳက္ဘူးလို႔ မွန္းဆကာ ေမးလိုက္သည္။ "ဒါဆိုစာအုပ္ျပန္လည္သုံးသပ္တာေရာ ဘယ္လိုလဲ" တစ္ပတ္မွာ တစ္ခ်ိန္သာ႐ွိၿပီး စာေမးပြဲကလည္း ဖတ္ျပ႐ုံသာလိုသည္။

ယြမ္းေစြာ္က ေခါင္းကို အနည္းငယ္ ယမ္းျပလိုက္သည္။

မိုရိခ်န္က စိတ္႐ွည္စြာ ေမးလိုက္သည္။ "ဒါဆိုမင္းဘာကို ႀကိဳက္သလဲ"

လက္ေခ်ာင္းေလးေတြကိုလိမ္ကာ ေလသံေလးျဖင့္ ေျပာလာသည္။ "မိုရိခ်န္ မင္းကဘာလုပ္တာလဲ" သူႀကိဳက္တဲ့ အႏုပညာလက္ရာ၊ သူ႕အေမႀကိဳက္တဲ့ ခ်က္ျပဳတ္ျခင္းအျပင္ တျခားတစ္ခုခု ေလ့လာရမယ္ဆိုရင္ မိုရိခ်န္ႀကိဳက္တဲ့အရာကို ေလ့လာခ်င္သည္။

မိုရိခ်န္ : "ငါက သ႐ုပ္ေဆာင္တစ္ေယာက္ပါ"

ယြမ္းေစြာ္က အနည္းငယ္အံ့ၾသသြားေပမယ့္ မိုရိခ်န္က ဒီေလာက္ေခ်ာတာ သ႐ုပ္ေဆာင္ျဖစ္ေနတာ အံ့ၾသစရာမ႐ွိပါဘူး။

"ဒါဆို....ကြၽန္ေတာ္လည္း သ႐ုပ္ေဆာင္ဖို႔ သင္ယူမယ္"

မိုရိခ်န္ကလန္႔သြားကာ သူဘာေၾကာင့္ သ႐ုပ္ေဆာင္တာကို သင္ခ်င္တာလဲ ဆိုတာကို နားလည္သြားတာေၾကာင့္ သူ႕ႏွလုံးသားတြင္ ေႏြးေထြးမႈမ်ားေပါက္ဖြားလာၿပီး ႐ွင္းျပလိုက္သည္။ 

"သ႐ုပ္ေဆာင္က ဘာသာရပ္မဟုတ္ဘူး"

ယြမ္းေစြာ္ရဲ႕မ်က္ႏွာတြင္ စိတ္ပ်က္မႈေတြ ေပၚလာသည္။

အေကာင္ေပါက္ေလးက သ႐ုပ္ေဆာင္တဲ့ သင္ခန္းစာေတြကို မသင္ႏိုင္တာ မဟုတ္ေပမယ့္ သ႐ုပ္ေဆာင္သင္တန္းေတြက အနည္းငယ္ ခက္ခဲတာေၾကာင့္ အရမ္းပင္ပန္းမွာ စိုးရိမ္မိသည္။ 

"ဒါဆို သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လာဖို႔ ကြၽန္ေတာ္ဘာေတြသင္ဖို႔လိုမလဲ။ ကြၽန္ေတာ္ ေနခဲ့တဲ့ေနရာမွာ ႐ုပ္႐ွင္ေတြ မ႐ွိဘူး" 

သူကဘယ္ေနရာမွာ ေနခဲ့တာလဲ။ ဒါက အလြန္အေရးႀကီးတဲ့အခ်က္အလက္ပင္။ ဒီအေကာင္ေပါက္ေလးက ေနခဲ့ရတဲ့ေနရာက ဘာပါလိမ့္။ တကယ္ကို မတူညီတဲ့ကမ႓ာကမ်ား ျဖစ္ႏိုင္မလား။

သို႔ေသာ္ သူဘယ္လိုပဲေမးေမး ယြမ္းေစြာ္က ေနာက္ဆုံးတြင္ ျပန္မေျဖခဲ့ပဲ ပါးစပ္ေလးကို ပိတ္ကာ မ်က္ရည္ေတြက စီးက်ေနခဲ့သည္။

"ကြၽန္ေတာ္ တကယ္...တကယ္ မေျပာႏိုင္လို႔ပါ" သတ္မွတ္ထားတဲ့အဆင့္မေရာက္ေသးပဲ အေထာက္အထားေတြကို ထုတ္ေဖာ္ေျပာဆိုျခင္းက စိုးရိမ္စရာေကာင္းသည္။ 

"ေကာင္းၿပီ ငါတို႔အဲ့အေၾကာင္းမေျပာေတာ့ဘူး" မိုရိခ်န္က အေကာင္ေပါက္ေလး မ်က္ရည္ေတြ ထပ္က်လာမွာ စိုးေနခဲ့သည္။ မိုရိခ်န္​က ေျပာလိုက္ေတာ့ သူ႕မ်က္ရည္ေတြကိုသုတ္ကာ "ကြၽန္ေတာ္ေတာင္းပန္ပါတယ္"

"အဲ့ဒါမင္းအျပစ္မဟုတ္ပါဘူး ငါ့အမွားပါ"

"အိုး...ဒါဆို သ႐ုပ္ေဆာင္တာ သင္လို႔ရမလား"

မိုရိခ်န္ : "........"

ယြမ္းေစြာ္က စာ႐ြက္အလြတ္ေလးလို ႐ိုး႐ွင္းတယ္ဆိုတာကိုသာ သူမသိခဲ့ရင္ မေကာင္းဆိုးဝါးေလးလို႔ သူသံသယဝင္မိႏိုင္သည္။ သို႔ေသာ္ အခ်ိန္အေတာ္ၾကာၿပီးေနာက္ သူက ခ်က္ခ်င္း သေဘာမတူခဲ့ေပ။ သူက သင္ရမယ့္အခ်ိန္ေတြနဲ႔ သ႐ုပ္ေဆာင္သင္တန္းရဲ႕ခက္ခဲမႈေတြကို ေျပာျပကာ ယြမ္းေစြာ္ရဲ႕ ေျခလက္ဝတုတ္ေလးေတြကို ခိုးၾကည့္လိုက္သည္။ 

ယြမ္းေစြာ္က မိုရိခ်န္ဖြင့္ျပတဲ့ သ႐ုပ္ေဆာင္ခ်က္ေတြကို ေမွ်ာ္လင့္ခ်က္ အျပည့္ျဖင့္ ၾကည့္ေနကာ မိုရိခ်န္က သူ႕ကို မ်က္ေမွာင္ၾကဳတ္ၾကည့္ေနတာျမင္ေတာ့ လက္သီးေလးေတြကို စိတ္လႈပ္႐ွားစြာ ဆုပ္လိုက္သည္။

"ဒါကို အစမ္းအေနနဲ႔ ၾကည့္ရေအာင္ ၿပီးမွ မင္းမႀကိဳက္ရင္ လက္ေလွ်ာ့လိုက္ရေအာင္ " မိုရိခ်န္ရဲ႕ႏွလုံးသားက ႏူးညံ့သြားသည္။

ယြမ္းေစြာ္က မ်က္ရည္ေတြေတာင္ မေျခာက္ေသးပဲ ရယ္ေနကာ မ်ည္ရည္ေတြ အေဝးကို လြင့္သြားေအာင္ေခါင္းညိတ္ျပေနသည္။ "ကြၽန္ေတာ္ အေကာင္းဆုံးႀကိဳးစားပါ့မယ္"

မိုရိခ်န္က မသိမသာသက္ျပင္းခ်လိုက္သည္။ အေကာင္ေပါက္ေလးက တကယ့္ကို စိတ္ပါေနတာေၾကာင့္ သူပင္ပန္းၿပီး ဆိုးတာေတြျဖစ္သြားမွာ စိုးရိမ္ေနသည္။

ယြမ္းေစြာ္က ဘာသာရပ္ေတြကို အေလးအနက္ ေလွ်ာက္ထားကာ အေၾကာင္းျပန္စာမရခင္ သြားဖို႔တစ္လေလာက္ေတာ့ က်န္ဦးမယ္လို႔ အတည္ျပဳလိုက္သည္။ 

တစ္ခုခုလုပ္ဖို႔ စိတ္လႈပ္႐ွားၿပီး ေပ်ာ္႐ႊင္ေနတဲ့ သူ႕ပုံစံကို ျမင္ေတာ့ ယြမ္းေစြာ္ရဲ႕ပုံမွန္ဘဝက ၿငီးေငြ႕စရာေကာင္းေနတာပဲလို႔ မိုရိခ်န္က နားလည္လိုက္သည္။

မိုရိခ်န္က ေနာက္ထပ္ ယြမ္၅၀၀၀၀ကို ထည့္သြင္းကာ laptopနဲ႔ tabletဝယ္ယူခဲ့ၿပီး သူ႕ဘာသာဘယ္လိုသုံးရမယ္ဆိုတာ ယြမ္းေစြာ္ကို သင္ေပးခဲ့သည္။ 

ယြမ္းေစြာ္က သူဒီေန႔သုံးခဲ့တဲ့ ေ႐ႊဒဂၤါးပမာဏကို လက္ေခ်ာင္းေလးေတြျဖင့္ တိတ္တဆိတ္ ေရတြက္လိုက္သည္။ ေ႐ႊဒဂၤါး ၅၈၆၀၀ျပားကို သုံးစြဲခဲ့ကာ မိုရိခ်န္ရဲ႕ေငြနဲ႔ေျပာင္းၾကည့္လိုက္လွ်င္ ၅၈၆ယြမ္ ျဖစ္လိမ့္မည္။ 

မိုရိခ်န္က သူ႕ရဲ႕လႈပ္႐ွားမႈေသးေသးေလးေတြကို မျမင္ဟန္ေဆာင္ကာ မေတာ္တဆပုံျဖင့္ ေျပာလိုက္သည္။ "သ႐ုပ္ေဆာင္တစ္ေယာက္ရဲ႕ဝင္ေငြက အရမ္းမ်ားတယ္"

"ဘယ္ေလာက္...ဘယ္ေလာက္မ်ားတာလဲ"

မိုရိခ်န္: "႐ုပ္႐ွင္တစ္ကားကို ယြမ္၁၀မီလီယမ္ေလာက္ ရတယ္"

သူ႕ရဲ႕လက္ဝတုတ္ေလးေတြက တုန္သြားကာ မိုရိခ်န္က အရမ္းခ်မ္းသာတာပဲ။ ထို႔ေနာက္ သူဘယ္ေလာက္ေတာင္ထပ္ေရတြက္ရမွာလဲ အံ့ၾသရင္းသူ႕လက္ေခ်ာင္းေလးေတြကို တစ္ေခ်ာင္းခ်င္း စေရေနသည္။

မိုရိခ်န္က မရယ္ပဲမေနႏိုင္ေတာ့ေပ။ သူက တစ္ခ်က္ေတြးလိုက္ၿပီး စတိုးဆိုင္ထဲဝင္ကာ စတင္သူေတြအတြက္ ဝယ္သူေတြက အၾကံျပဳေပးထားတဲ့ ပစၥည္းအခ်ိဳ႕နဲ႔ ပုံဆြဲပစၥည္းတို႔ကို ဝယ္လိုက္သည္။

ယြမ္းေစြာ္က စားပြဲခုံေလးကို ေနရာခ်ဖို႔ အားအမ်ားႀကီးသုံးလိုက္ရၿပီး စာ႐ြက္နဲ႔ ေဘာပင္ကိုတင္ကာ ေနာင္အနာဂတ္မွာ သုံးမယ့္  ပုံဆြဲဘုတ္ကို ျပတင္းေပါက္ေထာင့္နားမွာ သပ္သပ္ရပ္ရပ္ခ်ထားလိုက္သည္။

ယြမ္းေစြာ္က စားပြဲခုံအေသးေလးတြင္ မတ္မတ္ထိုင္ၿပီး ထိုင္ခုံမွာထိုင္လိုက္ေတာ့ သူ႕ေျခေထာက္တိုေလးႏွစ္ေခ်ာင္းက ၾကမ္းျပင္နဲ႔ေတာင္မထိေတာ့ေပ။'A Dog's Mission' ဆိုတဲ့႐ုပ္႐ွင္ကို အာ႐ုံစူးစိုက္ၾကည့္ေနသည္။

မိုရိခ်န္က ႐ိုက္ကူးေရးလုပ္ေနရင္း ဂိမ္းထဲကို ခိုးေၾကာင္ခိုးဝွက္ဝင္ၾကည့္လိုက္ေတာ့ အေကာင္ေပါက္ေလးက မ်က္လုံးေတြနီေနကာ ငိုလိုက္ ခဏေနေတာ့ ရယ္လိုက္ျဖစ္ေနတာကို ျမင္လိုက္သည္။ သူ႕မွာ အခ်ိန္မ႐ွိလို႔ ဒီ႐ုပ္႐ွင္ကို မၾကည့္ဖူးပဲ အခ်က္အလက္ေတြကို ေသခ်ာမသိေပမယ့္ အေကာင္ေပါက္ေလးက စိတ္ဝင္တစားၾကည့္ေနတာေၾကာင့္ သူလည္း ညက်ျပန္ေရာက္ရင္ၾကည့္မယ္လို႔ ဆုံးျဖတ္လိုက္သည္။

"ဝိုး ျမန္ျမန္ လာၾကည့္စမ္း ဒီလူက အရမ္းေခ်ာတာပဲ" ဝတ္စုံအဖြဲ႕ထဲက ဝတ္စုံကိုင္ထားတဲ့ေကာင္မေလးတစ္ေယာက္က လမ္းေလွ်ာက္ဖို႔ေတာင္ေမ့လုနီးပါးျဖစ္ေနသည္။

"ဘယ္တစ္ေယာက္လဲ" ဇာတ္ဝင္ပစၥည္းေထာက္ပံ့ေရး အဖြဲ႕ထဲက အမ်ိဳးသမီးတစ္ေယာက္က လွမ္းၾကည့္ကာ "အာ အဲ့ဒါက မိုရိခ်န္ရဲ႕အစ္ကိုေလ"

ဝတ္စုံအဖြဲ႕မွေကာင္မေလး : "အံ့ၾသစရာ မ႐ွိေတာ့ပါဘူး။ မ်က္ခုံးမ်က္လုံးေတြက ဆင္တူတာေတြ႐ွိတယ္။ ဒါက မ်ိဳး႐ိုးဗီဇရဲ႕အစြမ္း ျဖစ္ရမယ္!"

ေထာက္ပံ့ေရးအဖြဲ႕မွအမ်ိဳးသမီး : " ဒါေပမယ့္ ငါကမိုရိခ်န္ကပိုႀကိဳက္တယ္ ၿပီးေတာ့ ဒီလူက ခက္ထန္တဲ့ပုံေပါက္တယ္။ သူ႕ရဲ႕အ႐ွိန္အဝါက ျပင္းလြန္းလို႔ အသက္ေတာင္ ႐ွဴလို႔မရေတာ့ဘူး။ သူကတကယ္big bossပဲ"

ဝတ္စုံအဖြဲ႕မွေကာင္မေလး : "ဒါဆို သူ႕ညီရဲ႕ အလုပ္ေနရာဆီလာလည္တာလား"

ဇာတ္ဝင္ပစၥည္းေထာက္ပံ့ေရးအဖြဲ႕မွ အမ်ိဳးသမီးက အသစ္ကေလးကို စိတ္႐ွည္သြာ ႐ွင္းျပလိုက္သည္။ " ဒီအသိုင္းအဝိုင္းထဲမွာ လွ်ိဳ႕ဝွက္ခ်က္တစ္ခု႐ွိတယ္ သူက သူ႕ညီကို လာေတြ႕တာမဟုတ္ဘူး သူက ဒီေနရာကို တစ္ေယာက္ေယာက္ကို လာေတြ႕တာ" ေကာင္မေလးက သူမရဲ႕ေမးျဖင့္ ၫႊန္ျပလိုက္သည္။

ဇာတ္ကားထဲမွ ဒုတိယအမ်ိဳးသားဇာတ္ေဆာင္က သူ႕ဆီကို အျပဳံးေလးျဖင့္ ႀကိဳဆိုရန္ သြားေနခဲ့သည္။ မိုရိယန္က သူ႕ကို ႀကိဳဆိုဖို႔ လာတဲ့သူ႕ခ်စ္သူကိုျမင္ေတာ့ အျပဳံးတစြန္းတစက ေအးစက္ၿပီးဖိအားျပင္းကာေခ်ာေမာတဲ့မ်က္ႏွာတြင္ ေပၚလာခဲ့သည္။

မိုရိခ်န္ကလည္း သူ႕အစ္ကိုကို ျမင္လိုက္သည္။ သူ႕အစ္ကိုရဲ႕လိင္စိတ္ခံယူခ်က္နဲ႔ပတ္သက္ၿပီး ျပသာနာမ႐ွိေပမယ့္ သူ႕အစ္ကိုနဲ႔ တစ္ႏွစ္ခြဲနီးပါးေလာက္အတူ႐ွိေနတဲ့ တက္သစ္စေလး ခ်င္ဟယ္နဲ႔ပတ္သက္ၿပီး ခံစားခ်က္ေကာင္း မ႐ွိေပ။ ခ်င္ဟယ္က ျဖဴေဖြးကာ အတြင္းဘက္တြင္ ကံေကာင္းမႈေတြ ႐ွိတဲ့မ်က္လုံးေတြ႐ွိၿပီး သ႐ုပ္ေဆာင္တာလည္း အဆင္ေျပေပမယ့္  ကံမေကာင္းစြာနဲ႔ သူက စိတ္ဓာတ္ေသးသိမ္ကာ လူသစ္ကေလးေတြကို အႏိုင္က်င့္ရတာႀကိဳက္သည္။ 

ဘန္း!!!

မိုရ္ခ်န္အတြက္ လတ္ဆတ္တဲ့လက္ညႇစ္ေဖ်ာ္ရည္ သြားဝယ္လာခဲ့တဲ့ခ်န္ေက်ာင္က လက္ယမ္းမိကာ ေဖ်ာ္ရည္က ေျမျပင္ေပၚ ဖိတ္က်သြားၿပီး သူ႕ရဲ႕မီးခိုးေရာင္ေဘာင္းဘီကို စင္သြားခဲ့သည္။ လူေတြအမ်ားႀကီး ၾကည့္လာၾကတာက သူ႕ကို ႐ွက္႐ြံ႕သြားေစသည္။ သနားစရာေကာင္းစြာ ငုတ္တုတ္ေလး ထိုင္ခ်လိုက္ေပမယ့္ သူ႕ခႏၶာကိုယ္က ဝေနတာေၾကာင့္ သူ႕ပုံစံက ရယ္စရာေလးျဖစ္ေနသည္။ သူက ေျမျပင္ေပၚက ပစၥည္းေတြကို အျမန္ေကာက္ကာ သူ႕လက္ေတြနဲ႔ အက်ႌလက္ေတြက ေစးကပ္ေနသည္။ သူက ေလးလံတဲ့မ်က္မွန္ေဘာင္ေလးကို ပင့္ကာ မိုရိခ်န္ကို ေတာင္းပန္လိုက္သည္။ "အစ္ကိုမို...ကြၽန္ေတာ္ေတာင္းပန္ပါတယ္။ ကြၽန္ေတာ္ သြားၿပီးေတာ့ ေနာက္တစ္ခြက္ ဝယ္လိုက္ပါ့မယ္"

Continue Reading

You'll Also Like

264K 16.9K 73
" ရှင်က ၀န်ကြီးချုပ် ဖြစ်တယ် ဆိုတိုင်း ကျွန်မက ကြောက်ရမှာလား " " ဟင့်အင်း မကြောက်ရပါဘူး။လုံးဝကို ကြောက်စရာမလိုတာ။ထက်သာ ကသာ မကြီးကို သက်ဆုံးတိုင် ချစ...
568K 56.6K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
5.6K 716 5
Type - Web Novel Genre - Drama, Romance, Shounen Ai, Tragedy English Title- The Story of two male Mosquitoes Not my own story. This is a Translat...
216K 5.3K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်