Gu Shao seemed to have completely forgotten that Lin Xi is a 14-year-old junior high school student who needs to go to school. (2)
..........
Unicode
group ownerကတော်တော် ရွှင်ရွှင်မြူးမြူးရှိတာပဲ။
လင်းရှီစက္ကန့်တစ်ဝက်လောက် ဦးနှောက်ထဲ blankဖြစ်သွားပြီး IDကိုသုံးပြီး ဝင်လိုက်ကာ groupကို joinရန် requestပို့လိုက်သည်။
သူမrequestပို့ပြီး response မမြင်ရတဲ့အခါမှာ သူမအရမ်းကြီးတော့ မစိုးရိမ်ခဲ့ဘူး။
သူမရဲ့ကျောင်းနဲ့ပတ်သတ်ပြီး အပူလုံးကြွခဲ့တဲ့အဖြစ်ပျက်က မြန်မြန်ပဲမေ့ပျောက်သွားခဲ့တယ်။
.........
ထိုနေ့ နေ့လည်မှာ သူမကိုဂူရှောင်းက ညစာမလုပ်ဖို့ မှာထားတာမလို့ လင်းရှီ pancakeအနည်းငယ်ပဲ လုပ်လိုက်ပြီး ဂူရှောင်းအိမ်ပြန်လာမှာကို စောင့်နေလိုက်တယ်။
သူမ တော်တော် တော်တော့်ကိုကြာအောင် စောင်ခဲ့ပေမယ့် ဂူရှောင်းက ပြန်မလာသေးဘူး။
သူမ ဂူရှောင်းကို ပြောစရာရှိတယ်။ ဒါကြောင့် အိပ်ရာဝင်ဖို့ အင်တင်တင်ဖြစ်နေတာရယ်။ ဂူရှောင်းကို ဧည့်ခန်းထဲမှာ စောင့်ဖို့ဆုံးဖြတ်လိုက်ပြီး တံခါးကိုပဲ ဗလာကျည်စွာ စိုက်ကြည့်နေလိုက်သည်။
နောက်ဆုံး ဘယ်လိုအိပ်ပျော်သွားမှန်း သူမ မသိလိုက်ဘူး။
..........
ဒီနေ့ ထုတ်ကုန်အသစ် စမ်းသပ်တဲ့နေ့။ ဂူရှောင်းက NTNနည်းပညာစင်တာမှာ နောက်ကျတဲ့အထိနေခဲ့ရ၏။
အိမ်ပြန်ရောက်တော့ ညသန်းခေါင်တောင်ရောက်နေပြီ။
အိမ်က မှောင်ပြီး တိတ်ဆိတ်နေ၏။ ဂူရှောင်းနဲ့ အသားကျနေတဲ့အိမ်ပုံစံကြောင့် သူ့မှာကလေးတစ်ယောက်ရှိတယ်ဆိုတာ မေ့တော့မလိုကို ဖြစ်သွားစေခဲ့တယ်။
ဂူရှောင်း အများကြီးမတွေးပဲ ကလေးကို အိပ်ရာဝင်သွားပြီလို့ ယူဆလိုက်သည်။
သူဧည့်ခန်းကို ဖြတ်သွားတဲ့အခါမှာ တစ်ယောက်ယောက် ဆိုဖာပေါ်မှာ ကွေးကွေးလေးအိပ်ပျော်နေတာကို တွေ့လိုက်ရသည်။
အိပ်ပျော်နေတဲ့လင်းရှီကတော့ လူတစ်ယောက် သူမဘေးနားရောက်လာတာကို မသိလိုက်ဘူး။
သူမပိုအေးလာတာကြောင့် ဆိုဖာပေါ် ပိုကွေးလိုက်ပြီး ခြေချောင်းတွေကို cushinတွေထဲ ထိုးဖို့ကြိုးစားလိုက်သည်။
သူမရင်ဘက်ပေါ်မှာ ဖုန်းကို တင်းတင်းဆုပ်ကိုင်ထားတယ်။ ဂူရှောင်းကို ခေါ်မလို့လုပ်ပြီးမှ မခေါ်ဖြစ်လိုက်တဲ့ callတစ်ခုလည်းရှိတယ်။
အဖြစ်အပျက်ကို မြင်တွေ့လိုက်ရသော ဂူရှောင်း: သူ့မှာ အိပ်ရာမရှိဖူးလား? ဒီမှာ ဘာလို့လာအိပ်နေတာလဲ?
ပြီးတော့ သူ သူမကို နှိုးသင့်သလား။ မနှိုးသင့်ဖူးလား။ သူမကိုဘယ်လို နှိုးရမလဲဆိုတာ ဂူရှောင်းကို ဒုက္ခတွေ့စေတဲ့ ပြဿနာဖြစ်လာပါတယ်။
ထိုအချိန်မှာပဲ လင်းရှီက လှိမ့်လိုက်ပြီး ဆိုဖာပေါ်က ပြုတ်ကျမလိုဖြစ်သွားကာ သူမဘာသာသူမ နိုးလာခဲ့၏။
ရီဝေဝေနဲ့ မျက်လုံးဖွင့်လိုက်ပြီး သူမရှေ့မှာ ဂူရှောင်းရပ်နေတာကို တွေ့လိုက်သည်။
လန့်သွားကာ ဆိုဖာပေါ်ကနေ နောက်ထပ် ပြုတ်ကျမလိုတောင် ဖြစ်သွားသည်။
"ဂူ ဂူ ဂူ.....အမ်"
လင်းရှီ နိုးလာကာ မြန်မြန်ပြောလိုက်သည်။
"အဖေ"
အပြစ်ရှိတဲ့အပြုံးလေးကို ဆင်မြန်းကာ သူအားနှုတ်ဆက်လိုက်သည်။
"အဖေ, အိမ်ပြန်လာပြီလား"
ဂူရှောင်း လင်းရှီကို ကြည့်ကာ
"အခန်းထဲ သွားအိပ်"
"Oh"
လင်းရှီ ခေါင်းညိမ့်ကာ ကျိုးနွံစွာ ဆိုဖာပေါ်က ထလိုက်ပြီး အခန်းထဲကို အိပ်ချင်မူးတူးနဲ့ ပြန်သွား၏။
ဆိုဖာပေါ်က cushinကိုပါ သူမနဲ့အတူ ယူသွားလိုက်သေးသည်။
.......
သူမအခန်းထဲပြန်ရောက်တော့ အိပ်ရာပေါ်ကို တည့်တည့်တက်လိုက်ပြီး အိပ်ပျော်မလို့ လုပ်တုန်း လင်းရှီမျက်လုံးတွေ ပြူးကျယ်သွားသည်။ Oh shit! ဂူရှောင်းကို ပြောရမည့်ဟာကို မေ့ပြီးမပြောခဲ့ဘူး။
သူမဂူရှောင်းကို သွားပြောချင်ပေမယ့် သူရဲ့အသံက နည်းနည်းမာနေပြီး သိပ်မပျော်မရွှင်ဖြစ်နေပုံပေါက်တာကို ပြန်မှတ်မိသွားပြီး အိပ်ရာထဲ ပြန်ကွေးလိုက်ပြီး ကြောက်လန့်သွားကာ လည်ပင်းလေးကို အနောက်နည်းနည်း ဆုတ်မိလိုက်သည်။ သွားမပြောဖို့သာ ဆုံးဖြတ်လိုက်သည်။
နောက်ဆုံးရလဒ်ကတော့ အတွေးနက်နက်နဲ့ လင်းရှီဟာ မျက်နှာကျက်ကို ကြည့်ပြီး ညလယ်လောက်မှာ ပြန်အိပ်ပျော်သွားတာပဲ ဖြစ်ပါတယ်။
...........
နောက်နေ့မနက်မှာ ဂူရှောင်းကို စကားပြောဖို့ လင်းရှီ alarmကို စောစောပေးလိုက်၏။
အံ့သြစရာ ဂူရှောင်းကတောင် သူမထက်စောပြီး နိုးနေတယ်။
ပြီးတော့ မနက်စာကလည်း ပြင်ပြီးပြီ။
မနက်စာက သူမ မနေ့ညက လုပ်ထားတဲ့ pancakeတွေနဲ့ ခေါက်ဆွဲတစ်ပန်းကန်။
"စားတော့"
ဂူရှောင်းက သူမကို ထိုင်ဖို့အမူရာပြလိုက်ကာ သူ့အသံက ပုံမှန်လိုပဲ အေးအေးစက်စက်နဲ့ တည်တည်ငြိမ်ငြိမ်ကြီး။
ဂူရှောင်း လင်းရှီရဲ့ အံ့သြနေတဲ့အကြည့်ကို မြင်ပေမယ့် ဘာမှတော့ မရှင်းပြခဲ့ဘူး။ သူ ကလေးတစ်ယောက်ကို မချက်ခိုင်းသင့်ဖူးလို့ ခံစားရလို့ သူကိုယ်တိုင် စောစောထပြီး ချက်ထားတာ။
"Good morning, အဖေ"
"ကျေးဇူးတင်ပါတယ် အဖေ"
မျက်နှာလိုမျက်နှာရလုပ်တာအပြင် တကယ်ကျေးဇူးတင်တဲ့ခံစားချက်လေးပါ ပါတယ်။
သူမလင်းမိသားစုမှာ နေတုန်းက သူမအတွက် ဘယ်သူကမှ မချက်ပြုတ်ပေးဘူး။ ထမင်းစားချိန်မှာ သူမဘာအကြောင်းကြောင်းပဲဖြစ်ဖြစ် လွတ်သွားရင် မီးဖိုချောင်ထဲ ခိုးဝင်ပြီး သူမဘာသာ တစ်ခုခုလုပ်စားရတာ။
ထမင်းစားပွဲမှာ ထိုင်လိုက်ပြီး ခေါက်ဆွဲပန်းကန်ကို စိုက်ကြည့်လိုက်တယ်။
အကယ်၍ အရသာက ဆိုးရင်တောင်မှာ အရသာရှိသလိုမျိုး ဟန်ဆောင်ပြီး ကျေကျေနပ်နပ်ကြီး စားရမယ်ဆိုပြီး သူမကိုယ်ကို ပြင်ဆင်ထားလိုက်သည်။
ဒါပေမယ့် သူမစားကြည့်လိုက်တော့ ခေါက်ဆွဲကအရမ်းကြီး မဆိုးပါဘူး။
ထို့အပြင် တော်တော်ကောင်းတယ်။ သူမကြိုက်တဲ့အရသာမျိုး။
........
စားနေစဥ် ပြောစရာရှိသလိုမျိုး လင်းရှီက သူ့ကိုခိုးခိုးကြည့်နေတာ မြင်တော့ ဂူရှောင်းမေးလိုက်၏။
"ဘာဖြစ်လို့လဲ"
လင်းရှီက သူမရဲ့အတွေးတွေကို စီစဥ်နေရင်းကနေ ဂူရှောင်း နှောင့်ယှက်တာကို ခံရလိုက်သည်။ သူမတွေးနေတဲ့အရာကို ရုတ်တရက်ကြီး မေ့သွား၏။
"အဲ့တာက....အဖေ သမီးကို ကျောင်းခေါ်သွားပေးလို့ မရဖူးလား။ အရင်ကျောင်းက တော်တော်ဝေးတယ်။ သမီးအထင် သမီးကျောင်းအသစ်ပြောင်းသင့်တယ်"
လင်းရှီ မျှော်လင့်ချက်နဲ့ ဂူရှောင်းကို ကြည့်လိုက်သည်။ ကျောင်းအသစ်ပြောင်းဖို့ သူမ မိဘအကူညီလိုလိမ့်မယ်။ သေချာပေါက် သူမ ထိုအရာလေးအတွက် သူမအမေနဲ့ လင်းရိဇယ်ကို အကူညီမတောင်းချင်ဘူး။
ထိုအကြောင်းအရာကို ကြားတော့ ဂူရှောင်းရဲ့လက်တွေ လေထဲရပ်သွားသည်။
ဂူရှောင်း,"..........."
ကလေးတွေနဲ့ဆို အတွေ့အကြုံ zeroပဲရှိတဲ့ သူက ထိုကိစ္စကို လုံးဝမေ့သွားပုံရတယ်။ အဲ့တာက လင်းရှီက ကျောင်းတက်ဖို့လိုတဲ့ 14နှစ်အရွယ် ဂျူနီယာအထက်တန်းကျောင်းသူဆိုတာ။
သူ့မျက်လုံးထဲက အရှက်ရမှုနည်းနည်းကို ဖုံးကွယ်လိုက်ကာ ခံစားချက်ကင်းမဲ့လျက် ပြန်ဖြေလိုက်သည်။
"ရတာပေါ့"
ထိုစကားက လင်းရှီကို အရမ်းစိတ်လှုပ်ရှားစေခဲ့၏။
.........
Zawgi
လင်းရှီစက္ကန့်တစ်ဝက်လောက် ဉီးနှောက်ထဲ blankဖြစ်သွားပြီး IDကိုသုံးပြီး ဝင်လိုက်ကာ groupကို joinရန် requestပို့လိုက်သည်။
.........
..........
"ဂူ ဂူ ဂူ.....အမ်"
"အဖေ"
"အဖေ, အိမ်ပြန်လာပြီလား"
"အခန်းထဲ သွားအိပ်"
"Oh"
.......
...........
"စားတော့"
"Good morning, အဖေ"
"ကျေးဇူးတင်ပါတယ် အဖေ"
........
"ဘာဖြစ်လို့လဲ"
ဂူရှောင်း,"..........."
"ရတာပေါ့"