{Unicode}
"အောက်မှာ"
ရန်ကျားလိမှာ သုံးယောက်သားကို ခေါ်ပြီး ကြုံတောင့်ကြုံခဲ ထမင်းတစ်နပ် အတူစားကြသည်။
သူ ခေါ်သွားသည်က ဝမ်နမ်စံအိမ်တွင် နာမည်ကြီးနေသော ကာစီနိုရုံ ဖြစ်သည်။
ဝမ်နမ်စံအိမ်သည် အစဥ်တစိုက် အထက်တန်းစားများ၏ စားကျက်စားရာ လမ်းကြောင်းဖြစ်သည်။ သို့ဖြစ်၍ ကြိုတင်စာရင်းသွင်းထားခြင်း မရှိပါက ဝင်၍မရ၊ အဖွဲ့ဝင် မဟုတ်သူများအတွက်လည်း ဝန်ဆောင်မှု မပေး၍ ကြိုတင် ဘိုကင်ယူရန် ခက်လှသည်။ သွားရာလမ်းတွင် လီတာ့က တွန့်ဆုတ်နေဆဲဖြစ်ပြီး
"ရန်ကော၊ အဲ့နေရာက ရက်ချိန်းမရှိရင် ကျွန်တော်တို့ ဝင်လို့မရဘူးလေ။ ဒါမှမဟုတ် စျေးသက်သာတဲ့ နေရာပဲ ပြောင်းလိုက်ကြမလား။ ဥပမာ ကျွန်တော်တို့ သွားနေကျ မုန့်စျေးတန်း ဆိုရင်ရော"
ရန်ကျားလိက ကားစတီယာရင်ကို ကိုင်ထားပြီး ပြက်ရယ်ပြုသည်။
"ဒါကငါတို့ အကြီးအကဲ လေးယောက်ရဲ့ ပထမဆုံး တွေ့ဆုံပွဲလေ၊ သေချာပေါက် နည်းနည်း အဆင့်အတန်းမြင်တဲ့ဆီတော့ သွားရမှာပေါ့။ စိတ်ချစမ်းပါ မင်း"
ရန်ကျားလိ ကားမောင်းပြီး ဝမ်နမ်စံအိမ် တံခါးဝသို့ ရောက်သောအခါ ကားသော့ကို ကားပါကင်မှ ညီလေးဆီ ပစ်ပေးလိုက်သည်။
ရန်ကျားလိသည် လီတာ့၊ လီအော့နှင့် ဝမ်ယန်ကို ဦးဆောင်ပြီး မာန်ကြွား ထောင်လွှားနေသော ခြေလှမ်းများဖြင့် ပျားပန်းခပ် လှုပ်ရှားနေသော လမ်းတစ်လျှောက် လှမ်းကာလှမ်းကာနှင့် ဝမ်နမ်စံအိမ်ထဲ ဝင်လာသည်။ အကျွမ်းတဝင် ရှိလှစွာနှင့် တတိယအထပ် တက်သွားကာ ကျယ်ဝန်းသော သီးသန့်အခန်းကို ဖွင့်လိုက်သည်။
ထိုင်ချလိုက်ဖို့ အချိန်မမီသေးခင်မှာပဲ ခန်းမကြီး၏ မန်နေဂျာက ပြေးတက်လာကာ ရန်ကျားလိကို ဖမ်းဆွဲလိုက်သည်။
မန်နေဂျာက ဆိုသည်။
"လူကြီးမင်း မင်္ဂလာပါ။ စိတ်တော့ မရှိပါနဲ့၊ ဒီအခန်းကို လူကြီးမင်း လောလောဆယ်တော့ အသုံးပြုလို့ မရနိုင်ပါဘူး"
ရန်ကျားလိက မျက်ခုံးပင့်သွားပြီး
"ဘာဖြစ်လို့လဲ"
မန်နေဂျာက တတ်နိုင်သမျှ ယဉ်ကျေးစွာ ဆိုသည်။
"လူကြီးမင်းမှာ ကြိုတင် ချိန်းဆိုထားတာ မရှိပါဘူး။ အဲ့အပြင် တတိယထပ်က သီးသန့်အခန်းတွေက၊ တစ်နှစ်ပတ်လုံး ဝမ်နမ် စံအိမ်ရဲ့ အကြီးဆုံး အဖွဲ့ဝင်တွေက ကြိုတင် ဘိုကင်ယူထားတာပါ။ အဲ့ဒါကြောင့် အခန်းလွတ်နေရင်တောင် လူကြီးမင်းလည်း သုံးလို့မရပါဘူး။ တကယ်ကို တောင်းပန်ပါတယ်"
ရန်ကျားလိက တံခါးဘောင်ကို မှီထားပြီး သီးသန့်အခန်း၏ နံပါတ်ပြားကို ညွှန်ပြသည်။
"ဒီအခန်းက ဘယ်သူယူထားတာလဲ"
မန်နေဂျာက ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေသည်။
"ကွမ်ဟွေ့က ဥက္ကဌယဲ့ပါ"
ရန်ကျားလိက မျက်ခုံးပင့်သွားပြီး ပြုံးလျက်ဆိုသည်။
"အဲ့ဒါဆို ကိစ္စမရှိဘူး။ အဲ့ယဲ့မျိုးရိုးကို ကျွန်တော် သိတယ်။ ကျွန်တော်နဲ့ သူက အရမ်းလည်း ရင်းနှီးတာ။ ကျွန်တော် ဒီသီးသန့်အခန်းကို သုံးလိုက်လို့ သူ စိတ်ကွက်မှာ မဟုတ်ဘူး၊ စိတ်ချ"
မန်နေဂျာက ပိတ်ရပ်နေဆဲဖြစ်ပြီး ပေးမဝင်ပေ။
ရန်ကျားလိက ကူကယ်ရာမဲ့နေပြီး
"ဒါမှမဟုတ် ခင်ဗျား ယဲ့ထင်ကို ဖုန်းဆက်ကြည့်လိုက်လေ"
မန်နေဂျာက အိတ်ကပ်ထဲမှ ဖုန်းထုတ်လာပြီး မျက်ခွံပင့်ကာ
"လူကြီးမင်းရဲ့ မျိုးရိုးက"
ရန်ကျားလိက ပြောသည်။
"မျိုးရိုးက ရန်၊ ခင်ဗျား သူ့ကို ဒီလိုပဲပြောလိုက်၊ သူ့ရဲ့ ဖေဖေရန်က သူ့ သီးသန့်အခန်းကို သုံးမလို့လို့၊ အဲ့လိုဆို ရပြီ"
မန်နေဂျာ၏ မျက်နှာက ဖြူဆွတ်သွားကာ ရန်ကျားလိကို တစ်ချက် ကြည့်လိုက်ပြီး ထောင့်စွန်းတစ်နေရာဆီ ဆုတ်သွားရင်း ဖုန်းသွားခေါ်သည်။
ဖုန်းပြောပြီးနောက် မန်နေဂျာသည် သူ့နဖူးမှ စီးကျနေသော ချွေးများကို သုတ်လိုက်ပြီး ရန်ကျားလိအား ကိုယ်တိုင်ကိုယ်ကျ သီးသန့်ခန်းထဲ ခေါ်ဆောင် ဝင်ရောက်သွားစေသည်။
သီးသန့်အခန်းထဲ ဝင်လာပြီးနောက် လီအော့သည် ဥရောပတွင် ၁၇-၁၈ ရာစုနှစ်လောက်က ခေတ်စားခဲ့သော အဆန်းတကြယ် အနုပညာ လက်ရာများဖြင့် တန်ဆာဆင်ထားသော ပတ်ပတ်လည်ကို စူးစမ်းကြည့်ရှူပြီး အံ့သြမှင်သက်စွာ ပြောလာသည်။
"ကောက ယုံကြည်ချက် အပြည့်နဲ့ ကျွန်တော်တို့ကို ဒီမှာဖြုန်းတီးကြဖို့ ခေါ်လာတာကို မအံ့သြတော့ပါဘူး။ လက်စသတ်တော့ ဥက္ကဌယဲ့ တစ်နှစ်ပတ်လုံး ယူထားတဲ့ အခန်းကို"
ရန်ကျားလိက မေးပင့်လိုက်ပြီး
"ဟုတ်တာပေါ့"
"ဒီအဆင်မြင့် စံအိမ်ကနေစလို့ လမ်းဘေး မုန့်စျေးတန်းက အကင်ဆိုင်တွေအထိ ငါတို့ မသွားနိုင်တာ မရှိဘူး။ နောက်ဆို အတူတူ ကြိုးစားရုန်းကန်ပြီး မင်းတို့ရဲ့ ရန်ကောနောက် ကောင်းကောင်းမွန်မွန် လိုက်ခဲ့ကြ၊ မင်းတို့ကို ပျံသန်းဖို့ ခေါ်သွားပေးမယ်၊ အပိုမပြောဘူး"
လီအော့က လက်ဖဝါး တစ်ဖက်ဆီ လက်သီးဆုပ် ကပ်လိုက်ပြီး ဂါရဝ ပြုသလိုနှင့်
"လေးစားပါတယ်"
ရန်ကျားလိက ကိုယ်ခန္ဓာကို လှုပ်ယမ်းလိုက်ပြီး ရွှင်ရွှင်ပျပျနှင့် မျှော်လင့်တကြီး ဆိုသည်။
"အဲ့ဒါဆို မင်းတို့ငါ့ကို အခုဘယ်လို ခေါ်သင့်နေပြီလဲ၊ ဟမ်?"
လီတာ့နှင့် လီအော့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
လီတာ့က ပြောသည်။
"ကြီးကျယ်မြင့်မြတ်တဲ့ သခင်မလေး?"
ရန်ကျားလိ : "?"
လီအော့က ဆိုသည်။
"ဘာကို ကြီးကျယ်မြင့်မြတ်တဲ့ သခင်မလေးလဲ။ သူများက အထက်တန်းအဆင့် ကြင်ယာတော်၊ ရန်ကွေ့ဖေး"
(TN/ ရန်ယွိဟွမ်က သူ့ ခေတ်တစ်ခါက ဧကရာဇ် ကြင်ယာတော်တွေထဲမှာ အမြင့်ဆုံးရာထူးဖြစ်ခဲ့ပါတယ်။ ကိုယ်လုပ်တော်ကို ကွေ့ဖေးလို့ ခေါ်တဲ့အတွက်ကြောင့် ရန်ကွေ့ဖေးလို့ ခေါ်ဆိုကြပါတယ်။ သူ့ရဲ့ မျိုးရိုးနဲ့ ရန်ကျားလိရဲ့ မျိုးရိုးက တူတဲ့အတွက်ကြောင့် လီအော့က စလိုက်တာပါ။ ဘာလို့ ကိုယ်လုပ်တော်လို့ စကြလဲဆိုတာတော့ သိတယ်မလား😆)
ရန်ကျားလိ : "???"
ရန်ကျားလိက စားပွဲခုံကို ရိုက်ချလိုက်ပြီး စိတ်ဆိုးချင်ယောင်ဆောင်ကာ
"ငါက မင်းတို့ကို အဖေလို့ ခေါ်ခိုင်းနေတာကွ! တမင် လုပ်တာမလား မင်းတို့!"
လီတာ့နှင့် လီအော့တို့ အတူတူ ရယ်လိုက်ကြသလို ဝမ်ယန်သည်လည်း မအောင့်အီးနိုင်စွာ မျက်လုံးများ ကွေးစင်းအောင် ရယ်မိသည်။
လေးယောက်သားက အားတုံ့ အားနာခြင်းတို့ မရှိဘဲ ပူပူနွေးနွေး ဟင်းပွဲများကို စားပွဲအပြည့် မှာကြလေ၏။
လီတာ့နှင့် လီအော့က Liaoning ဇာတိသားများ ဖြစ်ပြီး ကြီးမား ကျယ်ဝန်းသော အရှေ့မြောက်ဘက်ပိုင်းတွင် မွေးဖွား ကြီးပြင်းလာသူများ ဖြစ်သည်။ အစားအသောက်ပိုင်းတွင် ဣန္ဒြေမရဘဲ မြိန်ရေရှက်ရေ စားသောက်နေရင်း ခေါင်းအပြည့် ချွေးကြီးချွေးငယ်များ ကျနေပြီး ခပ်သွက်သွက် အသက်ရှူနေသည်။
ဝမ်ယန်ကတော့ ဣန္ဒြေကြီးစွာနှင့် ဗိုက်ကလည်း သိပ်ကောင်းသေးသည် မဟုတ်၍ ဟမ်းစတားလိုမျိုး ခွက်အသေးလေးသာ စားသည်။
ငွေရှင်းသည့်အခါ ရန်ကျားလိသည် မိမိ၏ ကိုယ်ပိုင်ကဒ်ကို ထုတ်လာပြီး ကဒ်ဖြတ်လိုက်သည်။
လီအော့သည် ရန်ကျားလိမှာ ရွှေတောင်ကြီးနှင့် နီးကပ်နေသည် ဖြစ်လင့်ကစား ငွေရေးကြေးရေး အရာတွင် အကူအညီ မယူဘဲ မိမိကိုယ်ကိုယ် ဆက်လက် ရပ်တည်နေသည့် စိတ်ဓာတ်ကို လက်ခုပ်တီး ချီးကျူးသည်။
ငွေပေးချေမှု ပြီးဆုံးသောအခါ လီတာ့နှင့် လီအော့က ကားမောင်းကာ ထွက်ခွာသွားသည်။
ရန်ကျားလိသည် ဝမ်ယန်ကိုခေါ်ပြီး နွေးနွေးထွေးထွေး ခန်းမကြီးထဲ ယဲ့ထင် ကားမောင်းလာမည်ကို စောင့်နေသည်။
ယဲ့ထင်သည် အလုပ်ဆင်းပြီး ရုံးမှ ထွက်သည်နှင့် ဝမ်နန်စံအိမ်သို့ ကားမောင်းသွားသည်။
သူ ခန်းမထဲ ဝင်လာပြီး လူလာကြိုသည့် အချိန်တွင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း လည်ပင်းပေါ်တွင်တော့ ဖြူစုတ်စုတ် မာဖလာကို ပတ်ထားလေ၏။ ခေါင်းပေါ်မှာလည်း မာဖလာနှင့် ဆက်လျက် ချုပ်ထားသော သိုးသိုးဦးထုပ်ကို ဆောင်းထားပြီး ပန်းနုရောင် သိုးနားရွက်လေး တစ်စုံမှာ သူ၏ လေးဆေးသော ခြေလှမ်းအတိုင်း ဦးခေါင်းပေါ်တွင် တယမ်းယမ်းနှင့် လှုပ်လီလှုပ်လဲ့ ဖြစ်နေရာ သိပ်ကို ချစ်စရာ ကောင်းနေ၏။ ကြည့်နေရသည့် ခန်းမကြီးမှ မန်နေဂျာသည်ပင် အကြိမ်ပေါင်းမနည်း ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
ယဲ့ထင်သည် ရန်ကျားလိနှင့် ဝမ်ယန်ကိုခေါ်ပြီး ကားပေါ် တက်လိုက်သည်။
ရှေးဦးစွာ ဝမ်ယန်ကို လိုက်ပို့လိုက်ပြီးနောက် ရန်ကျားလိကို ခေါ်ဆောင်ကာ အတူတူ အိမ်ပြန်ကြသည်။
အိမ်ရောက်သည့်အခါ ရန်ကျားလိက ယဲ့ထင်၏ ဦးခေါင်းပေါ်မှ အမွေးပွပွ နားရွက်ကို ညှစ်လိုက်ပြီး စနောက်ပြောဆိုသည်။
"မင်းတကယ် အဲ့လိုကြီးဆောင်းပြီး ထွက်လာတာလား။ တခြားလူတွေက မင်းကို စိတ်မနှံ့ဘူးဆိုတဲ့ အကြည့်နဲ့ ကြည့်နေကြမှာကို မကြောက်ဘူးလား၊ အရှက်ကွဲမှာလည်း မကြောက်ဘူးပေါ့?"
ယဲ့ထင်သည် စတီယာရင်ကို လှည့်လိုက်ပြီး ကားကို ကားဂိုဒေါင်ထဲသို့ ပြန်ထည့်သည်။
သူက တည်ငြိမ်စွာ ဆိုသည်။
"ကိုယ့်အိမ်က ပေါင်ပေါင်း ကိုယ်တိုင် လုပ်ပေးထားတာကို ရှက်စရာလို့ မခေါ်ပါဘူး၊ ကြွားလုံးထုတ်စရာလို့ပဲ ခေါ်တာ"
ရန်ကျားလိက မျက်ခုံးပင့်သွားပြီး ကျစ်နှစ်ချက် စုတ်သပ်ကာ
"မင်းဒီနေ့ ပါးစပ်မှာ ပျားရည် သုတ်ထားတာမလား"
ယဲ့ထင်က ရယ်နေသော်လည်း စကားမဆို။
အိမ်ထဲ ရောက်သောအခါ ရန်ကျားလိသည် မစောင့်စီးနိုင်စွာဖြင့် ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်။ ရှပ်တီးရှပ်ပြာနှင့် အတွင်းခံ ဘောင်းဘီလည်း မဝတ်ဘဲ ရေချိုးဝတ်ရုံသာ ရုံပြီး ခါးတွင် ကြိုးချည်လိုက်ကာ တယမ်းယမ်းနှင့် ထွက်လာသည်။ အားဖူက သူ့ ရေချိုးဝတ်ရုံအောက်မှ ဖြတ်သွားရာတွင် ခေါင်းမော့ကြည့်မိလိုက်ရာ ကြောင်မျက်လုံးပါ ကန်းသွားတော့ မတတ်ပင်။
ယဲ့ထင်က စာကြည့်ခန်းထဲ ကျန်ရှိနေသော လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နေချိန် ရန်ကျားလိက ပျင်းရိပျင်းတွဲနှင့် စာအုပ်စင်ကို အလှန်အလှော ပြုနေသည်။
လှန်ရင်း လှန်ရင်းနှင့် သူတို့ Las Vegas တွင် ရေးထိုးခဲ့သည့် လက်ထပ်စာချုပ်ကို ရှာတွေ့လာသည်။
ရန်ကျားလိက စာရွက်ပါးပါးလေးကို ပင့်မြှောက်လိုက်ပြီး ယဲ့ထင်အရှေ့ ယိမ်းနွဲ့ပြပြီး ပြုံးလျက် ပြောသည်။
"ငါတို့နှစ်ယောက် အခု ချစ်ကြတယ်၊ လမ်းခွဲကြတယ်၊ ပြန်ဆုံစည်းကြတယ်၊ လက်ထပ်ခွင့် တောင်းတယ်၊ လက်ထပ်ကြတယ်။ အားလုံး ပြည့်စုံသွားပြီ"
ယဲ့ထင်က ကီးဘုတ်ပေါ် စာရိုက်နေသည်ကို ရပ်တန့်လိုက်ပြီး ရန်ကျားလိ လက်ထဲမှ လက်ထပ်စာချုပ်ကို လှည့်ကြည့်လာသည်။
ယဲ့ထင်က ခပ်ဖျော့ဖျော့ ပြုံးကာဆိုသည်။
"ပြည့်စုံသွားပေမယ့် မင်္ဂလာပွဲ ကျန်သေးတယ်လေ"
ရန်ကျားလိက သံသယနှင့်
"ငါတို့နှစ်ယောက် Las Vegas မှာ မင်္ဂလာပွဲ လုပ်ပြီးသွားပြီ မဟုတ်ဘူးလား"
ယဲ့ထင်က ခေါင်းယမ်းလိုက်ပြီး
"အဲ့တုန်းက လိမ်ထားတာ၊ မကောင်းဘူး"
ရန်ကျားလိက နှုတ်ခမ်းတွန့်လိုက်ပြီး ရေရွတ် ပြောဆိုသည်။
"အဲ့ဒါဆို ဒီလက်ထပ်စာချုပ်က အတုဆို ငါတို့ ကွာရှင်းပြီး နောက်တစ်ခါ ထပ်ဆောင်ကြတာပေါ့"
ယဲ့ထင်သည် ကွာရှင်းဆိုသည့် စကားနှစ်လုံးကို ကြားသည်နှင့် မျက်မှောင်က တင်းတင်း ကြုတ်သွားသည်။
သူသည် ထိုင်ခုံမှ ထလာပြီး ရန်ကျားလိအား စာကြည့်ခန်းထဲ အနားယူရန် ထားထားသော ကုတင်လေးထောင့်တွင် ပိတ်ဆို့လိုက်ကာ စိတ်အားထက်သန်သော အကြည့်ဖြင့်ဆိုသည်။
"အစကနေ ပြန်ဆောင်ဖို့ မလိုတော့ပါဘူး။ ကိုယ်တို့ကြားမှာ ဘာမဆို ရှိလို့ရတယ်။ ကွာရှင်းတာကတော့ ချွင်းချက်ပဲ။ နောက်ဆို အဲ့စကားနှစ်လုံးကို ထပ်မပြောနဲ့တော့။ စနောက်ပြီး ပြောလို့လည်း မရဘူး။ ကိုယ် နား မခံသာလို့"
ရန်ကျားလိသည် ယဲ့ထင်ထံမှ ပိတ်လှောင်ခံထားရ၍ ခေါင်းသာ ညိတ်ပြနိုင်သည်။
"ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ၊ သိပါပြီ"
ယဲ့ထင်က ထိုအခါမှ ရန်ကျားလိကို လွှတ်ပေးလိုက်ပြီး သူ့ကို ရင်ခွင်ထဲ ဆွဲဖက်လိုက်ကာ နွေးထွေးစွာ အမေးပြုသည်။
"မင်္ဂလာပွဲကို ဘယ်လိုလုပ်ချင်လဲ"
ရန်ကျားလိက ခေါင်းမော့လာပြီး တလေးတနက် ဆိုသည်။
"တကယ် မင်္ဂလာပွဲကို နောက်တစ်ခါ လုပ်ချင်တာလား"
ယဲ့ထင်က လေးနက်စွာ ပြောသည်။
"ဟုတ်တယ်၊ မင်းက အားလုံးရဲ့ ရှေ့မှောက်မှာ ကိုယ့်ကို လိုလိုလားလားနဲ့ လက်ထပ်မယ်လို့ သဘောတူတာကို ကိုယ် လိုချင်တယ်"
ရန်ကျားလိက တွေးတွေးဆဆနှင့် ခေါင်းညိတ်သည်။
စဥ်းစားသည်မှာ စက္ကန့်ပိုင်းပင် မကြာသေး ရုတ်တရက် တုံ့ပြန်လာနိုင်ပုံပေါ်သည့် သူက ခန္ဓာကိုယ် တစ်ချက် ခုန်သွားပြီး ငြင်းခုံသည်။
"ငါကမင်းကို မဖြစ်မနေ လက်ထပ်ရမှာလား၊ ငါလည်း ယောက်ျားပါကွ။ မင်းရဲ့ မဟုတ်က ဟုတ်ကတွေ လျှော့ဦး"
(TN/ ယဲ့ထင်က အဲ့နေရာမှာ မိန်းကလေး အနေနဲ့ ယောက်ျားလေးကို လက်ထပ်တဲ့အခါ သုံးတဲ့ စကားလုံး Jia gei wo ကို သုံးလိုက်တာမလို့ပါ)
ယဲ့ထင်က ရန်ကျားလိ၏ ခေါင်းကို ပုတ်လိုက်ကာ
"ပေါင်ပေါင်း၊ မဆိုးပါနဲ့"
ရန်ကျားလိမှာကား ထိုအခိုက်တွင် မာန်ဖီနေ၍ တဂီးဂီး ဖြစ်နေသော ကြောင်ကဲ့သို့ မျက်လုံးကျယ်လာပြီး
"ဘာကို မဆိုးနဲ့လဲ။ ငါက တစ်သက်လုံး မင်းရဲ့အောက်မှာပဲ နေနေရမှာလား။ ဒီအဖေမှာလည်း ပေါင်ပေ့ ပါပါတယ်နော်။ တံခါးက ထွက်လိုက်တာနဲ့ ကောလို့ အခေါ်ခံနေရတာ၊ ငါရောမင်းကို တစ်ခါလောက် ဖိထားလို့ မရဘူးလား"
ယဲ့ထင်က ရယ်သည်။
ရန်ကျားလိက သွားစွယ်ထုတ်လိုက်ကာ
"မင်းဖင်ကြီးကိုပဲ ရယ်။ မင်း ပြော၊ မင်း ကိုယ့်ဘာသာ ပြောကြည့်။ ငါက တစ်သက်လုံး အောက်မှာပဲ နေနေရမှာလားလို့"
.
.
.
.
.
24/4/2022(Sun)
×××
{Zawgyi}
"ေအာက္မွာ"
ရန္က်ားလိမွာ သံုးေယာက္သားကို ေခၚၿပီး ႀကံဳေတာင့္ႀကံဳခဲ ထမင္းတစ္နပ္ အတူစားၾကသည္။
သူ ေခၚသြားသည္က ဝမ္နမ္စံအိမ္တြင္ နာမည္ႀကီးေနေသာ ကာစီႏိုရံု ျဖစ္သည္။
ဝမ္နမ္စံအိမ္သည္ အစဥ္တစိုက္ အထက္တန္းစားမ်ား၏ စားက်က္စားရာ လမ္းေၾကာင္းျဖစ္သည္။ သို႔ျဖစ္၍ ႀကိဳတင္စာရင္းသြင္းထားျခင္း မရိွပါက ဝင္၍မရ၊ အဖြဲ႔ဝင္ မဟုတ္သူမ်ားအတြက္လည္း ဝန္ေဆာင္မႈ မေပး၍ ႀကိဳတင္ ဘိုကင္ယူရန္ ခက္လွသည္။ သြားရာလမ္းတြင္ လီတာ့က တြန္႔ဆုတ္ေနဆဲျဖစ္ၿပီး
"ရန္ေကာ၊ အဲ့ေနရာက ရက္ခ်ိန္းမရိွရင္ ကြၽန္ေတာ္တို႔ ဝင္လို႔မရဘူးေလ။ ဒါမွမဟုတ္ ေစ်းသက္သာတဲ့ ေနရာပဲ ေျပာင္းလိုက္ၾကမလား။ ဥပမာ ကြၽန္ေတာ္တို႔ သြားေနက် မုန္႔ေစ်းတန္း ဆိုရင္ေရာ"
ရန္က်ားလိက ကားစတီယာရင္ကို ကိုင္ထားၿပီး ျပက္ရယ္ျပဳသည္။
"ဒါကငါတို႔ အႀကီးအကဲ ေလးေယာက္ရဲ့ ပထမဆံုး ေတြ့ဆံုပြဲေလ၊ ေသခ်ာေပါက္ နည္းနည္း အဆင့္အတန္းျမင္တဲ့ဆီေတာ့ သြားရမွာေပါ့။ စိတ္ခ်စမ္းပါ မင္း"
ရန္က်ားလိ ကားေမာင္းၿပီး ဝမ္နမ္စံအိမ္ တံခါးဝသို႔ ေရာက္ေသာအခါ ကားေသာ့ကို ကားပါကင္မွ ညီေလးဆီ ပစ္ေပးလိုက္သည္။
ရန္က်ားလိသည္ လီတာ့၊ လီေအာ့ႏွင့္ ဝမ္ယန္ကို ဦးေဆာင္ၿပီး မာန္ႂကြား ေထာင္လႊားေနေသာ ေျခလွမ္းမ်ားျဖင့္ ပ်ားပန္းခပ္ လႈပ္ရွားေနေသာ လမ္းတစ္ေလ်ွာက္ လွမ္းကာလွမ္းကာႏွင့္ ဝမ္နမ္စံအိမ္ထဲ ဝင္လာသည္။ အကြၽမ္းတဝင္ ရိွလွစြာႏွင့္ တတိယအထပ္ တက္သြားကာ က်ယ္ဝန္းေသာ သီးသန္႔အခန္းကို ဖြင့္လိုက္သည္။
ထိုင္ခ်လိုက္ဖို႔ အခ်ိန္မမီေသးခင္မွာပဲ ခန္းမႀကီး၏ မန္ေနဂ်ာက ေျပးတက္လာကာ ရန္က်ားလိကို ဖမ္းဆြဲလိုက္သည္။
မန္ေနဂ်ာက ဆိုသည္။
"လူႀကီးမင္း မဂၤလာပါ။ စိတ္ေတာ့ မရိွပါနဲ႔၊ ဒီအခန္းကို လူႀကီးမင္း ေလာေလာဆယ္ေတာ့ အသံုးျပဳလို႔ မရႏိုင္ပါဘူး"
ရန္က်ားလိက မ်က္ခံုးပင့္သြားၿပီး
"ဘာျဖစ္လို႔လဲ"
မန္ေနဂ်ာက တတ္ႏိုင္သမ်ွ ယဉ္ေက်းစြာ ဆိုသည္။
"လူႀကီးမင္းမွာ ႀကိဳတင္ ခ်ိန္းဆိုထားတာ မရိွပါဘူး။ အဲ့အျပင္ တတိယထပ္က သီးသန႔္အခန္းေတြက၊ တစ္ႏွစ္ပတ္လံုး ဝမ္နမ္ စံအိမ္ရဲ့ အႀကီးဆံုး အဖြဲ႔ဝင္ေတြက ႀကိဳတင္ ဘိုကင္ယူထားတာပါ။ အဲ့ဒါေၾကာင့္ အခန္းလြတ္ေနရင္ေတာင္ လူႀကီးမင္းလည္း သံုးလို႔မရပါဘူး။ တကယ္ကို ေတာင္းပန္ပါတယ္"
ရန္က်ားလိက တံခါးေဘာင္ကို မွီထားၿပီး သီးသန႔္အခန္း၏ နံပါတ္ျပားကို ၫႊန္ျပသည္။
"ဒီအခန္းက ဘယ္သူယူထားတာလဲ"
မန္ေနဂ်ာက ခဏေလာက္ တံု႔ဆိုင္းသြားၿပီးမွ ျပန္ေျဖသည္။
"ကြမ္ေဟြ့က ဥကၠဌယဲ့ပါ"
ရန္က်ားလိက မ်က္ခံုးပင့္သြားၿပီး ၿပံဳးလ်က္ဆိုသည္။
"အဲ့ဒါဆို ကိစၥမရိွဘူး။ အဲ့ယဲ့မ်ိဳးရိုးကို ကြၽန္ေတာ္ သိတယ္။ ကြၽန္ေတာ္နဲ႔ သူက အရမ္းလည္း ရင္းႏွီးတာ။ ကြၽန္ေတာ္ ဒီသီးသန္႔အခန္းကို သံုးလိုက္လို႔ သူ စိတ္ကြက္မွာ မဟုတ္ဘူး၊ စိတ္ခ်"
မန္ေနဂ်ာက ပိတ္ရပ္ေနဆဲျဖစ္ၿပီး ေပးမဝင္ေပ။
ရန္က်ားလိက ကူကယ္ရာမဲ့ေနၿပီး
"ဒါမွမဟုတ္ ခင္ဗ်ား ယဲ့ထင္ကို ဖုန္းဆက္ၾကည့္လိုက္ေလ"
မန္ေနဂ်ာက အိတ္ကပ္ထဲမွ ဖုန္းထုတ္လာၿပီး မ်က္ခြံပင့္ကာ
"လူႀကီးမင္းရဲ့ မ်ိဳးရိုးက"
ရန္က်ားလိက ေျပာသည္။
"မ်ိဳးရိုးက ရန္၊ ခင္ဗ်ား သူ႔ကို ဒီလိုပဲေျပာလိုက္၊ သူ႔ရဲ့ ေဖေဖရန္က သူ႔ သီးသန္႔အခန္းကို သံုးမလို႔လို႔၊ အဲ့လိုဆို ရၿပီ"
မန္ေနဂ်ာ၏ မ်က္ႏွာက ျဖဴဆြတ္သြားကာ ရန္က်ားလိကို တစ္ခ်က္ ၾကည့္လိုက္ၿပီး ေထာင့္စြန္းတစ္ေနရာဆီ ဆုတ္သြားရင္း ဖုန္းသြားေခၚသည္။
ဖုန္းေျပာၿပီးေနာက္ မန္ေနဂ်ာသည္ သူ႔နဖူးမွ စီးက်ေနေသာ ေခြၽးမ်ားကို သုတ္လိုက္ၿပီး ရန္က်ားလိအား ကိုယ္တိုင္ကိုယ္က် သီးသန႔္ခန္းထဲ ေခၚေဆာင္ ဝင္ေရာက္သြားေစသည္။
သီးသန္႔အခန္းထဲ ဝင္လာၿပီးေနာက္ လီေအာ့သည္ ဥေရာပတြင္ ၁၇-၁၈ ရာစုႏွစ္ေလာက္က ေခတ္စားခဲ့ေသာ အဆန္းတၾကယ္ အႏုပညာ လက္ရာမ်ားျဖင့္ တန္ဆာဆင္ထားေသာ ပတ္ပတ္လည္ကို စူးစမ္းၾကည့္ရႉၿပီး အံ့ၾသမွင္သက္စြာ ေျပာလာသည္။
"ေကာက ယံုၾကည္ခ်က္ အျပည့္နဲ႔ ကြၽန္ေတာ္တို႔ကို ဒီမွာျဖဳန္းတီးၾကဖို႔ ေခၚလာတာကို မအံ့ၾသေတာ့ပါဘူး။ လက္စသတ္ေတာ့ ဥကၠဌယဲ့ တစ္ႏွစ္ပတ္လံုး ယူထားတဲ့ အခန္းကို"
ရန္က်ားလိက ေမးပင့္လိုက္ၿပီး
"ဟုတ္တာေပါ့"
"ဒီအဆင္ျမင့္ စံအိမ္ကေနစလို႔ လမ္းေဘး မုန္႔ေစ်းတန္းက အကင္ဆိုင္ေတြအထိ ငါတို႔ မသြားႏိုင္တာ မရိွဘူး။ ေနာက္ဆို အတူတူ ႀကိဳးစားရုန္းကန္ၿပီး မင္းတို႔ရဲ့ ရန္ေကာေနာက္ ေကာင္းေကာင္းမြန္မြန္ လိုက္ခဲ့ၾက၊ မင္းတို႔ကို ပ်ံသန္းဖို႔ ေခၚသြားေပးမယ္၊ အပိုမေျပာဘူး"
လီေအာ့က လက္ဖဝါး တစ္ဖက္ဆီ လက္သီးဆုပ္ ကပ္လိုက္ၿပီး ဂါရဝ ျပဳသလိုႏွင့္
"ေလးစားပါတယ္"
ရန္က်ားလိက ကိုယ္ခႏၶာကို လႈပ္ယမ္းလိုက္ၿပီး ရႊင္ရႊင္ပ်ပ်ႏွင့္ ေမ်ွာ္လင့္တႀကီး ဆိုသည္။
"အဲ့ဒါဆို မင္းတို႔ငါ့ကို အခုဘယ္လို ေခၚသင့္ေနၿပီလဲ၊ ဟမ္?"
လီတာ့ႏွင့္ လီေအာ့က တစ္ေယာက္ကို တစ္ေယာက္ ၾကည့္လိုက္ၾကသည္။
လီတာ့က ေျပာသည္။
"ႀကီးက်ယ္ျမင့္ျမတ္တဲ့ သခင္မေလး?"
ရန္က်ားလိ : "?"
လီေအာ့က ဆိုသည္။
"ဘာကို ႀကီးက်ယ္ျမင့္ျမတ္တဲ့ သခင္မေလးလဲ။ သူမ်ားက အထက္တန္းအဆင့္ ၾကင္ယာေတာ္၊ ရန္ေကြ့ေဖး"
(TN/ ရန္ယြိဟြမ္က သူ႔ ေခတ္တစ္ခါက ဧကရာဇ္ ၾကင္ယာေတာ္ေတြထဲမွာ အျမင့္ဆံုးရာထူးျဖစ္ခဲ့ပါတယ္။ ကိုယ္လုပ္ေတာ္ကို ေကြ့ေဖးလို႔ ေခၚတဲ့အတြက္ေၾကာင့္ ရန္ေကြ့ေဖးလို႔ ေခၚဆိုၾကပါတယ္။ သူ႔ရဲ့ မ်ိဳးရိုးနဲ႔ ရန္က်ားလိရဲ့ မ်ိဳးရိုးက တူတဲ့အတြက္ေၾကာင့္ လီေအာ့က စလိုက္တာပါ။ ဘာလို႔ ကိုယ္လုပ္ေတာ္လို႔ စၾကလဲဆိုတာေတာ့ သိတယ္မလား😆)
ရန္က်ားလိ : "???"
ရန္က်ားလိက စားပြဲခံုကို ရိုက္ခ်လိုက္ၿပီး စိတ္ဆိုးခ်င္ေယာင္ေဆာင္ကာ
"ငါက မင္းတို႔ကို အေဖလို႔ ေခၚခိုင္းေနတာကြ! တမင္ လုပ္တာမလား မင္းတို႔!"
လီတာ့ႏွင့္ လီေအာ့တို႔ အတူတူ ရယ္လိုက္ၾကသလို ဝမ္ယန္သည္လည္း မေအာင့္အီးႏိုင္စြာ မ်က္လံုးမ်ား ေကြးစင္းေအာင္ ရယ္မိသည္။
ေလးေယာက္သားက အားတံု႔ အားနာျခင္းတို႔ မရိွဘဲ ပူပူေနြးေနြး ဟင္းပြဲမ်ားကို စားပြဲအျပၫ့္ မွာၾကေလ၏။
လီတာ့ႏွင့္ လီေအာ့က Liaoning ဇာတိသားမ်ား ျဖစ္ၿပီး ႀကီးမား က်ယ္ဝန္းေသာ အေရ႔ွေျမာက္ဘက္ပိုင္းတြင္ ေမြးဖြား ႀကီးျပင္းလာသူမ်ား ျဖစ္သည္။ အစားအေသာက္ပိုင္းတြင္ ဣႁႏၵေမရဘဲ ၿမိန္ေရရွက္ေရ စားေသာက္ေနရင္း ေခါင္းအျပည့္ ေခြၽးႀကီးေခြၽးငယ္မ်ား က်ေနၿပီး ခပ္သြက္သြက္ အသက္ရႉေနသည္။
ဝမ္ယန္ကေတာ့ ဣႁႏၵေႀကီးစြာႏွင့္ ဗိုက္ကလည္း သိပ္ေကာင္းေသးသည္ မဟုတ္၍ ဟမ္းစတားလိုမ်ိဳး ခြက္အေသးေလးသာ စားသည္။
ေငြရွင္းသည့္အခါ ရန္က်ားလိသည္ မိမိ၏ ကိုယ္ပိုင္ကဒ္ကို ထုတ္လာၿပီး ကဒ္ျဖတ္လိုက္သည္။
လီေအာ့သည္ ရန္က်ားလိမွာ ေရႊေတာင္ႀကီးႏွင့္ နီးကပ္ေနသည္ ျဖစ္လင့္ကစား ေငြေရးေၾကးေရး အရာတြင္ အကူအညီ မယူဘဲ မိမိကိုယ္ကိုယ္ ဆက္လက္ ရပ္တည္ေနသည့္ စိတ္ဓာတ္ကို လက္ခုပ္တီး ခ်ီးက်ူးသည္။
ေငြေပးေခ်မႈ ၿပီးဆံုးေသာအခါ လီတာ့ႏွင့္ လီေအာ့က ကားေမာင္းကာ ထြက္ခြာသြားသည္။
ရန္က်ားလိသည္ ဝမ္ယန္ကိုေခၚၿပီး ေနြးေနြးေထြးေထြး ခန္းမႀကီးထဲ ယဲ့ထင္ ကားေမာင္းလာမည္ကို ေစာင့္ေနသည္။
ယဲ့ထင္သည္ အလုပ္ဆင္းၿပီး ရံုးမွ ထြက္သည္ႏွင့္ ဝမ္နန္စံအိမ္သို႔ ကားေမာင္းသြားသည္။
သူ ခန္းမထဲ ဝင္လာၿပီး လူလာႀကိဳသည့္ အခ်ိန္တြင္ အေနာက္တိုင္း ဝတ္စံုကို ဝတ္ဆင္ထားေသာ္လည္း လည္ပင္းေပၚတြင္ေတာ့ ျဖဴစုတ္စုတ္ မာဖလာကို ပတ္ထားေလ၏။ ေခါင္းေပၚမွာလည္း မာဖလာႏွင့္ ဆက္လ်က္ ခ်ဳပ္ထားေသာ သိုးသိုးဦးထုပ္ကို ေဆာင္းထားၿပီး ပန္းႏုေရာင္ သိုးနားရြက္ေလး တစ္စံုမွာ သူ၏ ေလးေဆးေသာ ေျခလွမ္းအတိုင္း ဦးေခါင္းေပၚတြင္ တယမ္းယမ္းႏွင့္ လႈပ္လီလႈပ္လဲ့ ျဖစ္ေနရာ သိပ္ကို ခ်စ္စရာ ေကာင္းေန၏။ ၾကည့္ေနရသည့္ ခန္းမႀကီးမွ မန္ေနဂ်ာသည္ပင္ အႀကိမ္ေပါင္းမနည္း ပါးစပ္အေဟာင္းသား ျဖစ္သြားေလသည္။
ယဲ့ထင္သည္ ရန္က်ားလိႏွင့္ ဝမ္ယန္ကိုေခၚၿပီး ကားေပၚ တက္လိုက္သည္။
ေရွးဦးစြာ ဝမ္ယန္ကို လိုက္ပို႔လိုက္ၿပီးေနာက္ ရန္က်ားလိကို ေခၚေဆာင္ကာ အတူတူ အိမ္ျပန္ၾကသည္။
အိမ္ေရာက္သည့္အခါ ရန္က်ားလိက ယဲ့ထင္၏ ဦးေခါင္းေပၚမွ အေမြးပြပြ နားရြက္ကို ၫွစ္လိုက္ၿပီး စေနာက္ေျပာဆိုသည္။
"မင္းတကယ္ အဲ့လိုႀကီးေဆာင္းၿပီး ထြက္လာတာလား။ တျခားလူေတြက မင္းကို စိတ္မႏွံ႔ဘူးဆိုတဲ့ အၾကည့္နဲ႔ ၾကည့္ေနၾကမွာကို မေၾကာက္ဘူးလား၊ အရွက္ကြဲမွာလည္း မေၾကာက္ဘူးေပါ့?"
ယဲ့ထင္သည္ စတီယာရင္ကို လွၫ့္လိုက္ၿပီး ကားကို ကားဂိုေဒါင္ထဲသို႔ ျပန္ထၫ့္သည္။
သူက တည္ၿငိမ္စြာ ဆိုသည္။
"ကိုယ့္အိမ္က ေပါင္ေပါင္း ကိုယ္တိုင္ လုပ္ေပးထားတာကို ရွက္စရာလို႔ မေခၚပါဘူး၊ ႂကြားလံုးထုတ္စရာလို႔ပဲ ေခၚတာ"
ရန္က်ားလိက မ်က္ခံုးပင့္သြားၿပီး က်စ္ႏွစ္ခ်က္ စုတ္သပ္ကာ
"မင္းဒီေန့ ပါးစပ္မွာ ပ်ားရည္ သုတ္ထားတာမလား"
ယဲ့ထင္က ရယ္ေနေသာ္လည္း စကားမဆို။
အိမ္ထဲ ေရာက္ေသာအခါ ရန္က်ားလိသည္ မေစာင့္စီးႏိုင္စြာျဖင့္ ေရခ်ိဳးခန္းထဲဝင္ကာ ေရခ်ိဳးလိုက္သည္။ ရွပ္တီးရွပ္ျပာႏွင့္ အတြင္းခံ ေဘာင္းဘီလည္း မဝတ္ဘဲ ေရခ်ိဳးဝတ္ရံုသာ ရံုၿပီး ခါးတြင္ ႀကိဳးခ်ည္လိုက္ကာ တယမ္းယမ္းႏွင့္ ထြက္လာသည္။ အားဖူက သူ႔ ေရခ်ိဳးဝတ္ရံုေအာက္မွ ျဖတ္သြားရာတြင္ ေခါင္းေမာ့ၾကည့္မိလိုက္ရာ ေၾကာင္မ်က္လံုးပါ ကန္းသြားေတာ့ မတတ္ပင္။
ယဲ့ထင္က စာၾကည့္ခန္းထဲ က်န္ရိွေနေသာ လုပ္ငန္းေဆာင္တာမ်ားကို ေဆာင္ရြက္ေနခ်ိန္ ရန္က်ားလိက ပ်င္းရိပ်င္းတြဲႏွင့္ စာအုပ္စင္ကို အလွန္အေလွာ ျပဳေနသည္။
လွန္ရင္း လွန္ရင္းႏွင့္ သူတို႔ Las Vegas တြင္ ေရးထိုးခဲ့သည့္ လက္ထပ္စာခ်ဳပ္ကို ရွာေတြ့လာသည္။
ရန္က်ားလိက စာရြက္ပါးပါးေလးကို ပင့္ေျမႇာက္လိုက္ၿပီး ယဲ့ထင္အေရ႔ွ ယိမ္းႏြဲ႔ျပၿပီး ၿပံဳးလ်က္ ေျပာသည္။
"ငါတို႔ႏွစ္ေယာက္ အခု ခ်စ္ၾကတယ္၊ လမ္းခြဲၾကတယ္၊ ျပန္ဆံုစည္းၾကတယ္၊ လက္ထပ္ခြင့္ ေတာင္းတယ္၊ လက္ထပ္ၾကတယ္။ အားလံုး ျပည့္စံုသြားၿပီ"
ယဲ့ထင္က ကီးဘုတ္ေပၚ စာရိုက္ေနသည္ကို ရပ္တန္႔လိုက္ၿပီး ရန္က်ားလိ လက္ထဲမွ လက္ထပ္စာခ်ဳပ္ကို လွၫ့္ၾကၫ့္လာသည္။
ယဲ့ထင္က ခပ္ေဖ်ာ့ေဖ်ာ့ ၿပံဳးကာဆိုသည္။
"ျပည့္စံုသြားေပမယ့္ မဂၤလာပြဲ က်န္ေသးတယ္ေလ"
ရန္က်ားလိက သံသယႏွင့္
"ငါတို႔ႏွစ္ေယာက္ Las Vegas မွာ မဂၤလာပြဲ လုပ္ၿပီးသြားၿပီ မဟုတ္ဘူးလား"
ယဲ့ထင္က ေခါင္းယမ္းလိုက္ၿပီး
"အဲ့တုန္းက လိမ္ထားတာ၊ မေကာင္းဘူး"
ရန္က်ားလိက ႏႈတ္ခမ္းတြန္႔လိုက္ၿပီး ေရရြတ္ ေျပာဆိုသည္။
"အဲ့ဒါဆို ဒီလက္ထပ္စာခ်ဳပ္က အတုဆို ငါတို႔ ကြာရွင္းၿပီး ေနာက္တစ္ခါ ထပ္ေဆာင္ၾကတာေပါ့"
ယဲ့ထင္သည္ ကြာရွင္းဆိုသည့္ စကားႏွစ္လံုးကို ၾကားသည္ႏွင့္ မ်က္ေမွာင္က တင္းတင္း ၾကဳတ္သြားသည္။
သူသည္ ထိုင္ခံုမွ ထလာၿပီး ရန္က်ားလိအား စာၾကည့္ခန္းထဲ အနားယူရန္ ထားထားေသာ ကုတင္ေလးေထာင့္တြင္ ပိတ္ဆို႔လိုက္ကာ စိတ္အားထက္သန္ေသာ အၾကည့္ျဖင့္ဆိုသည္။
"အစကေန ျပန္ေဆာင္ဖို႔ မလိုေတာ့ပါဘူး။ ကိုယ္တို႔ၾကားမွာ ဘာမဆို ရိွလို႔ရတယ္။ ကြာရွင္းတာကေတာ့ ခြၽင္းခ်က္ပဲ။ ေနာက္ဆို အဲ့စကားႏွစ္လံုးကို ထပ္မေျပာနဲ႔ေတာ့။ စေနာက္ၿပီး ေျပာလို႔လည္း မရဘူး။ ကိုယ္ နား မခံသာလို႔"
ရန္က်ားလိသည္ ယဲ့ထင္ထံမွ ပိတ္ေလွာင္ခံထားရ၍ ေခါင္းသာ ညိတ္ျပႏိုင္သည္။
"ဟုတ္ၿပီ ဟုတ္ၿပီ ဟုတ္ၿပီ၊ သိပါၿပီ"
ယဲ့ထင္က ထိုအခါမွ ရန္က်ားလိကို လႊတ္ေပးလိုက္ၿပီး သူ႔ကို ရင္ခြင္ထဲ ဆြဲဖက္လိုက္ကာ ေနြးေထြးစြာ အေမးျပဳသည္။
"မဂၤလာပြဲကို ဘယ္လိုလုပ္ခ်င္လဲ"
ရန္က်ားလိက ေခါင္းေမာ့လာၿပီး တေလးတနက္ ဆိုသည္။
"တကယ္ မဂၤလာပြဲကို ေနာက္တစ္ခါ လုပ္ခ်င္တာလား"
ယဲ့ထင္က ေလးနက္စြာ ေျပာသည္။
"ဟုတ္တယ္၊ မင္းက အားလံုးရဲ့ ေရ႔ွေမွာက္မွာ ကိုယ့္ကို လိုလိုလားလားနဲ႔ လက္ထပ္မယ္လို႔ သေဘာတူတာကို ကိုယ္ လိုခ်င္တယ္"
ရန္က်ားလိက ေတြးေတြးဆဆႏွင့္ ေခါင္းညိတ္သည္။
စဥ္းစားသည္မွာ စကၠန္႔ပိုင္းပင္ မၾကာေသး ရုတ္တရက္ တံု႔ျပန္လာႏိုင္ပံုေပၚသည့္ သူက ခႏၶာကိုယ္ တစ္ခ်က္ ခုန္သြားၿပီး ျငင္းခံုသည္။
"ငါကမင္းကို မျဖစ္မေန လက္ထပ္ရမွာလား၊ ငါလည္း ေယာက္်ားပါကြ။ မင္းရဲ့ မဟုတ္က ဟုတ္ကေတြ ေလ်ွာ့ဦး"
(TN/ ယဲ့ထင္က အဲ့ေနရာမွာ မိန္းကေလး အေနနဲ႔ ေယာက္်ားေလးကို လက္ထပ္တဲ့အခါ သံုးတဲ့ စကားလံုး Jia gei wo ကို သံုးလိုက္တာမလို႔ပါ)
ယဲ့ထင္က ရန္က်ားလိ၏ ေခါင္းကို ပုတ္လိုက္ကာ
"ေပါင္ေပါင္း၊ မဆိုးပါနဲ႔"
ရန္က်ားလိမွာကား ထိုအခိုက္တြင္ မာန္ဖီေန၍ တဂီးဂီး ျဖစ္ေနေသာ ေၾကာင္ကဲ့သို႔ မ်က္လံုးက်ယ္လာၿပီး
"ဘာကို မဆိုးနဲ႔လဲ။ ငါက တစ္သက္လံုး မင္းရဲ့ေအာက္မွာပဲ ေနေနရမွာလား။ ဒီအေဖမွာလည္း ေပါင္ေပ့ ပါပါတယ္ေနာ္။ တံခါးက ထြက္လိုက္တာနဲ႔ ေကာလို႔ အေခၚခံေနရတာ၊ ငါေရာမင္းကို တစ္ခါေလာက္ ဖိထားလို႔ မရဘူးလား"
ယဲ့ထင္က ရယ္သည္။
ရန္က်ားလိက သြားစြယ္ထုတ္လိုက္ကာ
"မင္းဖင္ႀကီးကိုပဲ ရယ္။ မင္း ေျပာ၊ မင္း ကိုယ့္ဘာသာ ေျပာၾကည့္။ ငါက တစ္သက္လံုး ေအာက္မွာပဲ ေနေနရမွာလားလို့"
.
.
.
.
.
24/4/2022(Sun)
×××