“ဖေဖေ အင့်”
အသားပြားတစ်ခုကိုခက်ရင်းနှင့်ထိုးကာ မင်းထက်မျက်နှာရှေ့ကိုယံယံကထိုးပေးသည်။
ခက်ရင်းကိုဆုပ်ကိုင်သည်ကပုံစံမမှန်တာကြောင့် အသားဟာပြုတ်ကျတော့မယောင်။
ရိုင်ယန် အကူအညီပေးမည်စိတ်ကူးရင်း ထိုင်ခုံမှ ကျောအခြွ ပိုးချိုကလက်ဦးမှုယူကာ ထိန်းကိုင်ပေးလိုက်သည်။
“ဖေဖေ့ကိုကျွေးချင်နေတာလား”
ပိုးချိုကပြုံးရင်းဆိုလေပြီး မင်းထက်အားကြည့်သည်။
မသက်မသာလေးရယ်ရင်း မင်းထက် သားခွံ့သည့် အသားကိုစားလိုက်ရသည်။
ပြုံးရွှင်သွားသည့်သားအမိနှစ်ယောက်ကိုကြည့်ရင်း ရိုင်ယန့်မျက်ဝန်းထဲ ထော်လော်ကန့်လန့်ကိုဖြစ်လို့ ကော်ဖီခွက်ကိုဆတ်ခနဲဆွဲပြီး တဂျိုက်တည်းမော့ပစ်လိုက်သည်။
သူ မဆန်စွာ ကော်ဖီသောက်နေပုံကို မင်းထက်က အကဲခတ်နေပြီးနောက်
“ရိုင်ယန်”
အားလုံးရဲ့အကြည့်တွေကသူ့ဆီရောက်လာကြသည်။
“မနက်စာကို သေချာစားလေ ဗိုက်မပြည့်ရင် စာတွေမမှတ်မိပဲနေဦးမယ်”
“အင်း”
သူပြုံးရင်းထမင်းကောက်စားမိတော့ သားက သူ့ဘောင်းဘီအိတ်ကပ်ထဲမှ တစ်ခုခုနှိုက်ထုတ်ပြီး သူ့အားကမ်းပေးလာ၏။
“ဘာလေးလဲ”
ဂျယ်လီတုံးလေးတွေဖြစ်ပြီး ယံယံက သူ့အားပေးပြီးရယ်ပြကာ ထမင်းပြန်စားနေသည်။
“ဟယ် ဂျယ်လီလေးတွေ မေမေကော မစားရဘူးလား”
ပိုးချိုမေးတော့ ယံယံကခေါင်းရမ်းသည်။
“လိုင်ယံ့အတွက်”
ရိုင်ယန်ဂုဏ်တောင်ယူချင်သွားသည်။ ယံယံက ထိုအတိုင်း သူချစ်တဲ့လူမှသာ ဂျယ်လီကျွေးခြင်းဖြစ်သည်။ ဒီအိမ်တွင် ယံယံကျွေးသည့်ဂျယ်လီစားရတဲ့လူမှာ မေရီနှင့်မင်းထက်သာ။ အခုတော့ သူပါ ထိုစာရင်းထဲပါသွားပြီဖြစ်သည်။
“ကျေးဇူးပဲနော် ယံယံလေး”
“အင်း အင်း”
“ဖေဖေအဝတ်အစားသွားလဲဦးမယ်နော်”
ပြောပြီးမင်းထက်က စားပွဲမှထသည်။
“သား လိုက်မယ်”
လက်တွေဆန့်တန်းပြကာ ထိုင်ခုံပေါ်တွင် ခုန်နေလေတော့ မင်းထက်က ပွေ့ချီကာ အခန်းထဲမှထွက်သွားသည်။
“အမကိုကူညီပေးတာ ကျေးဇူးပါ”
သားနဲ့မင်းထက်ကိုငေးကြည့်ရင်း ပြုံးနေမိသည့်သူ့အပြုံးတွေက ပိုးချိုကိုကြည့်သည့်အချိန်တွင် ကွယ်ပျောက်သွားကြသည်။
“ကျွန်တော်ကာကွယ်ပေးရမဲ့သူကြောင့် ကူညီတာပါ”
သူ့စကားကိုပြုံးကာ ပိုးချိုက ကော်ဖီတငုံကို ခပ်ဖြည်းဖြည်းသောက်၏။
.......................................
စာမေးပွဲရက်တွေက သူ့အတွက်ခက်ခဲသည်။
ဉာဏ်မကောင်းတာတော့မဟုတ်ပေမဲ့ မိသားစုဂုဏ်ကိုထိန်းရင်း သူဟာ ပညာရေးတွင်လည်းထူးချွန်မှဖြစ်မည်။
ထို့ကြောင့် ထင်သလိုကြီး သားနဲ့မင်းထက်နားလည်း မကပ်နိုင်။ မင်းထက်ကလည်း သူစာလုပ်ပါစေဟုဆိုကာ သားကို သူ့နားမလာစေ။ ကိုယ်တိုင်လည်း ထမင်းစားချိန်သာတွေ့ရတက်ပြီး ကျန်အချိန်တွေဆို လာချောင်းပြီး လာရာလမ်းပြန်လှည့်သွားနေကြမို့ မချိတင်ကဲခံစားရသည်။
အဲ့ဒီလောက်ကြီးမလိုပါဘူးလို့ပြောချင်ပေမဲ့ သူ့အတွက်စဉ်းစားပေးနေသည်တွေးမိတော့ အရူးလို ပျော်ရသေးသည်။
ဒီနေ့ဟာ စာမေးပွဲနောက်ဆုံးနေ့။ ဒီနေ့ပြီးရင်တော့ သူတကယ်ကိုစိတ်အေးနိုင်ပါပြီ။
“အော အစောကြီးနိုးနေပါလား”
မင်းထက်ပြောရင်း အခန်းထဲဝင်လာသည်။ စားပွဲထိပ်တွင် ကော်ဖီတခွက်နှင့်ထိုင်နေသည့် သူကတော့ ဝတ်စုံလဲထားပြီးပေမဲ့ မင်းထက်ကတော့ ညဝတ်အင်္ကျီဝတ်လျက်ကို မျက်ဝန်းတွေကအိပ်ရေးမဝသလိုမျိုးရှိနေစဲဖြစ်၏။
“အင်း ကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လား”
“အင်း ညက သားက သူ့အမေနဲ့ညနက်တဲ့အထိ ဆော့နေတာမို့ အခုထိအိပ်နေကြတုန်းပဲ”
စားပွဲပေါ်ရှိ ဖန်ခွက်ထဲ ရေလောင်းထည့်ရင်း ပြုံးလျှက်မင်းထက်က ပြောလာသည်။
သူအဲ့အကြောင်းမမေးဘူးလေ...။
“အင်း ဟုတ်လား”
အပြုံးကွယ်ရင်း ငြိမ်ထိုင်နေလိုက်သည်။
“အော မမေရီ မုန်လာဥမုန့်လေးဖုတ်ပေးလို့ရမလား သူတို့သားအမိက အဲ့တာကြိုက်တယ်”
“ကျွန်မ လုပ်ပေးထားမယ်”
“ကျေးဇူးပါဗျ”
ပြုံးရွှင်ကာ သူ့ဖက်လှည့်လာပြီးနောက်
“ဒီနေ့နောက်ဆုံးနေ့နော် မင်းဖြေနိုင်မယ်ဆိုတာ ငါသိတယ်”
“ကိုကို”
အခန်းထဲမှထွက်သွားဖို့ပြင်တာကြောင့် လှမ်းတားလိုက်ရသည်။
“ဟင် ဘာလဲ”
“ဒီနေ့ ကျွန်တော်နဲ့ တစ်နေရာကိုလိုက်ခဲ့ပေး”
ဘာကြောင့်မှန်းထည့်မပြောသည့်သူ့ကို မင်းထက်က ငေးကြည့်လျှက်မို့
“အရေးကြီးတဲ့ကိစ္စပြောမှာမို့လို့ ဘယ်မှမသွားပဲ ကျွန်တော်ပြန်လာတာ စောင့်နေနော်”
“ဪ ... အင်း”
မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ခေါင်းညိတ်သည်။
“အင်း”
“အင်း”
“အဟမ်း”
နှစ်ယောက်သား တအင်းအင်းနှင့် ပြုံးကြည့်နေမိကြတာ မေရီချောင်းဝင်ဟန့်မှ အသိကပ်ကြတော့သည်။
“..ဒါဆို ငါ အခန်းပြန်ပြီး အဝတ်စားလဲလိုက်ဦးမယ်”
အပြင်ဖက်ကိုလက်ညိုးညွှန်ရင်း ရှက်သယောင်ဖြစ်နေသည်က အူယားစဖွယ်။
“အင်း ကျွန်တော်လည်း ကျောင်းသွားတော့မယ်”
“အင်း အကောင်းဆုံးဖြေခဲ့နော်”
လက်သီးဆုပ်ထောင်လည်းထောင်ပြသေးသည် ရှက်လည်းရှက်သလိုနှင့် လက်သီးဆုပ်ရာမှ လည်ဂုတ်ကိုပွတ်ပစ်လိုက်ပြီး အခန်းထဲမှ ခပ်သုတ်သုတ်ထွက်ပြေးသွားသည်။
“အမလေးနော် ကြည့်လို့ကောင်းလိုက်တဲ့ မြင်ကွင်းလေးပါလား”
မေရီကခပ်ပြုံးပြုံးပြောပြီး မုန်လာဥတွေထုတ်ကာ ရေဆေးနေသည်။ မျက်နှာဘယ်နားထားရမလဲမသိတာကြောင့် မျက်မှောင်သာကုပ်ထားမိတော့သည်။
“ဒါနဲ့ ဘော့စ် ဘယ်အချိန်ထိလွှတ်ထားမှာလဲ”
အေးဆေးတည်ငြိမ်စွာ မုန်လာဥတွေကိုအတုံးအဖြစ်လှီးရင်း မေရီကပြောလာသည်။
“သိပ်မကြာတော့ပါဘူး”
တည်ကြည်လေးနက်စွာဖြင့် ရိုင်ယန်ပြန်ဖြေလာ၏။
.....................................
အရေးကြီးကိစ္စပြောဖို့ ချိန်းဆိုသွားသည်မို့ အငြိမ်မနေနိုင်ပဲ မင်းထက် သူ့အခန်းထဲတွင် တောင်လျှောက်မြောက်လျှောက်ဖြစ်နေမိသည်။
ရိုင်ယန်ထွက်သွားပြီး နာရီအနည်းငယ်သာ ရှိသေးသလို အချိန်နာရီတွေဟာလည်း ဒီနေ့မှ နှေးကွေးနေသယောင်ခံစားနေရသည်။
“ကိုမင်းထက်သျှား”
“ဟုတ်ကဲ့”
မေရီ့အသံကြောင့်တံခါးပြေးဖွင့်လိုက်တော့ မေရီဟာအပြုံးအပြည့်နှင့်ဆီးကြိုသည်။
“ကားရောက်နေပြီ”
“ဗျာ အခုကတည်းက သွားရတော့မှာလား”
“ဟုတ်ကဲ့”
မေရီကပြုံးကာသာဖြေ၏။
မေရီ့နောက်မှခပ်သုတ်သုတ်လိုက်ခဲ့တော့ အိမ်အောက်ထပ်တွင် ယံယံကပါ လူကြီးလေးသဖွယ် ဝတ်ဆင်လို့ထားပြီး သူ့အားစောင့်နေသည်။
“သားက..”
“နှစ်ယောက်စလုံးကို ဘော့စ်ကခေါ်တာပါ”
“ဪ”
သားနဲ့သူ့ကိုဘာကြောင့်ခေါ်တာလဲမသိရတော့ ခေါင်းသာညိတ်မိသည်။
ယံယံလက်ကိုဆွဲ ဓာတ်လှေကားထဲဝင်တော့ ပိုးချိုက လိုက်နှုတ်ဆက်သည်။
“ပျော်ခဲ့နော်သားလေး”
“အင်း အင်း”
အပြုံးတချက်နှင့်နှုတ်ဆက်ခဲ့ပြီးနောက် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဓာတ်လှေကားထဲရှိနေမိသည်။
သူတို့နှစ်ဦးကိုခေါ်သွားသည့်ကားက မြို့လေးမြို့လောက်ကိုဖြတ်ပြီးမှ ဟိုင်းဝေးလမ်းပေါ် အတော်ကြာသည်အထိ မောင်းနေပြန်သည်။
ဘေးရှိယံယံကတော့ အပြင်ထွက်ရသည်ကို တက်ကြွနေဟန်ရကာ ကားပြင်ကိုဟိုငေးသည်ငေးဖြင့်။ သူကတော့ အနည်းငယ်ငိုက်မြည်းနေပြီဖြစ်သည့် မျက်ခွံတွေကို မနည်းထိန်းယူဖွင့်နေရသည်။
အမှန်ဆို ခရီးတစ်ခုထွက်လေတိုင်း စကားတပြောပြောနဲ့ကားစီးရလျှင် ပျော်စရာကောင်းမည်မှာ အသေအချာဖြစ်သည်။
ယခုတွင်က မောင်းပို့သည့်ဒရိုက်ဘာမှာလည်း မျက်နှာထားကြီးတည်လို့ ကားမောင်းရမည့်တာဝန်ကိုသာ စိတ်ထဲထည့်ထားပုံရသည်။
“ဒီမှာခင်ဗျ ကျွန်တော်တို့ဘယ်ကိုသွားနေကြတာလဲဗျ”
သူလှမ်းမေးတော့ အကြည့်တချို့က မှန်မှတဆင့်သူ့ဆီရောက်လာသည်။
“ရောက်ရင် သိပါလိမ့်မယ်”
ထိုမျှပြန်ဖြေကာ ကားမောင်းခြင်းကိုသာ အာရုံစိုက်သွားပြန်သည်။
သို့ဖြင့်သူလည်း အပြင်ဖက်ရှိသစ်ပင်တွေအပေါ်သာ အာရုံစိုက်ရင်း အချိန်တစ်ခုကြာတော့ ကားက လမ်းမပေါ်မှ ထိုးကွေ့သွားသည်။
ကိုယ်ပိုင်လမ်းဖောက်ထားပုံရသည့်လမ်းဟာ တဖက်တချက် အပင်ကြီးတွေကအုံ့ဆိုင်းနေတော့ ရင်ထဲအေးမြသည်။
ခပ်လှမ်းလှမ်းရှိ လူသုံးရပ်စာလောက်မြင့်သည့် ဝန်းနံရံကြီးနှင့် သံပန်းတံခြားခြပ်ကြီးက သူတို့ကားအရောက်မှာပွင့်လာ၏။
ထိုတံတိုင်းကိုအဖြတ် ကျောထဲပင်စိမ့်ခနဲခံစားလိုက်ရကာ ပန်းပင်တွေတော်တော်များများကိုဖြတ်ကျော်ပြီးနောက် သုံးထပ်တိုက်အိမ်အကြီးကြီးရဲ့ပေါ်တီကိုအောက်တွင် ကားထိုးရပ်သွားသည်။
တံခါးလာဖွင့်ပေးသည့် အမျိုးသားဟာ ဖော်ရွေသယောင်ရှိပေမဲ့ ဒီပတ်ဝန်းကျင်နှင့်မရင်းနှီးဖူးသည့်သူကတော့ ကြောက်စိတ်ကိန်းဝပ်လျက် ကားပေါ်မှဆင်းရတော့သည်။
လမ်းပြသည့်နောက် လိုက်ခဲ့ရတော့ အိမ်ကြီးက ပရိဘောဂအစုံအလင်နှင့် ခမ်းခမ်းနားနားဖြစ်ပြီး အနောက်ဖက်ကိုဦးတည်ကာ သူတို့နှစ်ဦးအားခေါ်သွားသည်။
ယံယံကတော့သူ့လက်ကိုဆွဲရင်း ပတ်ဝန်းကျင်အသစ်အဆန်းမို့ စိတ်ဝင်တစားကြည့်ကာ လိုက်လာသည်။
ဂျိမ်း
“အကိုကြီး ထိခိုက်လာတယ်”
တံခါးမကြီးတွန်းဖွင့်သံက မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာပြီးနောက် ရှပ်အင်္ကျီဖြူညာဖက်တွင် သွေးစွန်းနေလေသော လူတစ်ယောက်က အရေးတကြီးပြောလာ၏။
သူ့အားလမ်းပြနေသည့်အမျိုးသားကပါ ပြုးပြူးပြာပြာဖြစ်ကာ
“စိတ်မရှိပါနဲ့ ဒီလမ်းတန်းတန်းသွားပေးပါ အဆုံးမှာ အခန်းတွေ့ပါလိမ့်မယ်”
ထိုသို့ပြောပြီး ပြေးထွက်သွားလေ၏။ သို့သော် သူလည်းလန့်ဖြန့်သွားတာကြောင့် ထိုနားတွင်သာ ရပ်နေမိသည်။
ဝန်ထမ်းတွေ သုတ်သုတ်ပြာပြာထွက်လာသည့်နောက် တံခါးကိုဖြတ်ကာ လူတစ်စုဝင်လာသည်။
ဘယ်လက်တခြမ်းလုံးသွေးတွေဖြင့်ရဲရဲနီနေသော ရိုင်ယန့် Daddy ကို ဘေးနှစ်ယောက်က ဝိုင်းတွဲထားကြပြီး သူ့ကိုမြင်တော့ ရိုင်ယန့် Daddy က ပြုံးပြသည်။
ဒဏ်ရာပြင်းထန်ပုံရတာတောင် ပြုံးနိုင်သေးသည်ကို သူ အံ့ဩမိပါ၏။
“ဆိုးဆိုးဝါးဝါးတွေမြင်စေလို့စိတ်မကောင်းဘူးကွာ”
ကြောက်လို့ရင်တွေတုန်ပြီး ဘာစကားမှပြန်မပြောဖြစ်ခဲ့ပေမဲ့ ရိုင်ယန့် Daddy က သားကိုကြည့်ရင်း ကြင်နာစွာပြုံးလို့
“ယံယံလေးလားကွ”
သားကခေါင်းပြန်ငြိမ့်ပြသည်။
“ဘိုးဘိုးပြီးရင်လာတွေ့မယ်နော် စောင့်နေဦးကြားလား”
သားကထပ်ပြီးခေါင်းညိတ်ပြသည့်နောက် ရိုင်ယန့် Daddy ကို သူတို့ရှေ့မှ တွဲခေါ်သွားကြသည်။
လမ်းပြအမျိုးသားကတော့ သူတို့ဆီပြန်ရောက်လာပြီး
“ဒီဖက်ပါဗျ”
အမြင်အာရုံတွေထဲ သွေးတွေရဲရဲနီနေခဲ့တဲ့မြင်ကွင်းက သူကြုံဖူးခဲ့သလိုမျိုး နာကျဉ်ခံစားမှုကို ဖြစ်ပေါ်စေလို့ တုန်တုန်လှုပ်လှုပ်ဖြစ်လာတော့ သားက သူ့လက်ကို တင်းကိုင်လာပြီး မော့ကြည့်သည်။
“ဖေဖေ”
သားအသံက နားထဲဝင်လာတာမှန်ပေမဲ့ သူ့ခန္ဓာကိုယ်ဟာလှုပ်ရှားလို့ပင်မရနိုင်ခဲ့။ ကြောက်လန့်တကြားဖြစ်ခဲ့ရသည့်အဖြစ်အပျက်တွေက အလျိုလျိုပြန်ဝင်လာတော့ ခြေထောက်တွေကပျော့ခွေချင်လာသည်။
“ကိုမင်းထက်သျှား”
“ဖေဖေ”
ဝုန်းခနဲပစ်လဲသွားပြီး ခေါ်သံတွေဟာကြားတချက်တကြားတချက်ဖြစ်လာပြီးနောက် အသိစိတ်က မှောင်မည်းသွားတော့သည်။
......................................
“Daddy!”
အခန်းတံခါးကို ဝုန်းခနဲဖွင့်ကာ ရိုင်ယန် အခန်းတွင်းကို ဝင်လာခဲ့သည်။
ခုတင်ခေါင်းရင်းကိုမှီနေသည့် Daddy ဘေး ဖေဖေကော ဒေါက်တာ Dylan ကောရှိနေကြသည်။
“ထိခိုက်မိတယ်ဆို”
အနားကိုခပ်မြန်မြန်သွားလိုက်တော့ Daddy လက်မောင်းရင်းဟာ ပတ်တီးစည်းလျက်သားဖြစ်ကာ ဒေါက်တာ Dylan က ဆေးပစ္စည်းသိမ်းနေပြီဖြစ်သည်။
“ဘယ်လိုဖြစ်တာလဲ”
သူမေးတော့ ဖေဖေကသက်ပြင်းချရင်းပြန်ဖြေသည်။
“သေနတ်မှန်တာ”
“ဟိုကောင်တွေပဲလား”
အံကြိတ်ကာမေးတော့ ဖေဖေက သူ့အားလှမ်းဆွဲကာ ခုံတွင်ထိုင်စေသည်။
“နယ်စပ်မှာ တိုက်ပွဲဖြစ်သွားတယ်။ ဒီတစ်ခေါက်က ခေါင်းဆောင်ကိုယ်တိုင်လာတာ။ သူ့သားသေတဲ့ကိစ္စအတွက်လာတာဖြစ်နိုင်တယ်”
“သား သွားမယ်။ ဒီကောင်တွေလွန်လာပြီ”
ထိုင်ရာမှ ဆတ်ခနဲကောက်ထတော့ ဖေဖေက ပြန်ဆွဲပြီး
“စိတ်အေးအေးထား။ အရာရာကို လောလို့မဖြစ်ဘူး။ အခုကိစ္စက Derusa တစ်ဖွဲ့တည်းမဟုတ်ဘူး။ သူ့နောက်မှာ အင်အားများနေမှန်း သိတယ်မလား”
“သားသိပါတယ်”
သူ့စိတ်အလိုအတိုင်းတိုက်ပွဲထပ်ဖြစ်ပါက အချည်းနှီးသာဖြစ်မည်ဖြစ်သလို အဆုံးရှုံးကြီးမည်ကိုသိ၍ မကျေနပ်နိုင်ပေမဲ့ ခဏတာတော့စိတ်လျော့လိုက်ရသည်။
“သားကြောင့်ဖြစ်တာမို့ သားဖြေရှင်းပါရစေ”
Daddy ကိုသူတောင်းဆိုတော့ Daddy က သူ့အား တချက်စိုက်ကြည့်ပြီးနောက် ခုတင်ဘေးအံဆွဲထဲမှ ဘူးငယ်လေးတစ်ခုကိုထုတ်ယူလိုက်သည်။
“မဖြစ်ဘူး”
ဖေဖေက Daddy လက်တွေကိုအုပ်ကိုင်ကာ မျက်ဝန်းတွေက စိုးရိမ်သလိုနှင့် ပြောလာသည်။
“သားက ငယ်သေးတယ်”
ခေါင်းရမ်းတဲ့ဖေဖေကြောင့် သေချာပေါက် Daddy ဟာ သူ့အား ဂိုဏ်း၏အာဏာကိုလွှဲအပ်တော့မည်ဖြစ်ကြောင်း ရိပ်စားမိလိုက်သည်။
“ကိုယ်သိပါတယ်။ဒါပေမဲ့ ကိုယ်သားကိုယုံတယ်”
ထိုစကားကြောင့် ဖေဖေက Daddy လက်တွေကိုဆုပ်ကိုင်ရာမှ ဖြည်လျော့သွားပြီး သူ့အားလှည့်ကြည့်သည်။
“စိတ်မပူချင်ဘူး”
“သားသိပါတယ်”
သူပြုံးပြတော့ ဖေဖေကဆွဲဖက်လာသည်။
ဘယ်မိဘကတော့ အန္တရာယ်များသည့်အလုပ်ထဲ သားသမီးကိုဆွဲထည့်ချင်မှာလဲလေ။
“ေဖေဖ အင့္”
အသားျပားတစ္ခုကိုခက္ရင္းႏွင့္ထိုးကာ မင္းထက္မ်က္ႏွာေရွ႕ကိုယံယံကထိုးေပးသည္။
ခက္ရင္းကိုဆုပ္ကိုင္သည္ကပုံစံမမွန္တာေၾကာင့္ အသားဟာျပဳတ္က်ေတာ့မေယာင္။
ရိုင္ယန္ အကူအညီေပးမည္စိတ္ကူးရင္း ထိုင္ခုံမွ ေက်ာအႁခြ ပိုးခ်ိဳကလက္ဦးမႈယူကာ ထိန္းကိုင္ေပးလိုက္သည္။
“ေဖေဖ့ကိုေကြၽးခ်င္ေနတာလား”
ပိုးခ်ိဳကၿပဳံးရင္းဆိုေလၿပီး မင္းထက္အားၾကည့္သည္။
မသက္မသာေလးရယ္ရင္း မင္းထက္ သားခြံ႕သည့္ အသားကိုစားလိုက္ရသည္။
ၿပဳံး႐ႊင္သြားသည့္သားအမိႏွစ္ေယာက္ကိုၾကည့္ရင္း ရိုင္ယန႔္မ်က္ဝန္းထဲ ေထာ္ေလာ္ကန႔္လန႔္ကိုျဖစ္လို႔ ေကာ္ဖီခြက္ကိုဆတ္ခနဲဆြဲၿပီး တဂ်ိဳက္တည္းေမာ့ပစ္လိုက္သည္။
သူ မဆန္စြာ ေကာ္ဖီေသာက္ေနပုံကို မင္းထက္က အကဲခတ္ေနၿပီးေနာက္
“ရိုင္ယန္”
အားလုံးရဲ႕အၾကည့္ေတြကသူ႕ဆီေရာက္လာၾကသည္။
“မနက္စာကို ေသခ်ာစားေလ ဗိုက္မျပည့္ရင္ စာေတြမမွတ္မိပဲေနဦးမယ္”
“အင္း”
သူၿပဳံးရင္းထမင္းေကာက္စားမိေတာ့ သားက သူ႕ေဘာင္းဘီအိတ္ကပ္ထဲမွ တစ္ခုခုႏွိုက္ထုတ္ၿပီး သူ႕အားကမ္းေပးလာ၏။
“ဘာေလးလဲ”
ဂ်ယ္လီတုံးေလးေတြျဖစ္ၿပီး ယံယံက သူ႕အားေပးၿပီးရယ္ျပကာ ထမင္းျပန္စားေနသည္။
“ဟယ္ ဂ်ယ္လီေလးေတြ ေမေမေကာ မစားရဘူးလား”
ပိုးခ်ိဳေမးေတာ့ ယံယံကေခါင္းရမ္းသည္။
“လိုင္ယံ့အတြက္”
ရိုင္ယန္ဂုဏ္ေတာင္ယူခ်င္သြားသည္။ ယံယံက ထိုအတိုင္း သူခ်စ္တဲ့လူမွသာ ဂ်ယ္လီေကြၽးျခင္းျဖစ္သည္။ ဒီအိမ္တြင္ ယံယံေကြၽးသည့္ဂ်ယ္လီစားရတဲ့လူမွာ ေမရီႏွင့္မင္းထက္သာ။ အခုေတာ့ သူပါ ထိုစာရင္းထဲပါသြားၿပီျဖစ္သည္။
“ေက်းဇူးပဲေနာ္ ယံယံေလး”
“အင္း အင္း”
“ေဖေဖအဝတ္အစားသြားလဲဦးမယ္ေနာ္”
ေျပာၿပီးမင္းထက္က စားပြဲမွထသည္။
“သား လိုက္မယ္”
လက္ေတြဆန႔္တန္းျပကာ ထိုင္ခုံေပၚတြင္ ခုန္ေနေလေတာ့ မင္းထက္က ေပြ႕ခ်ီကာ အခန္းထဲမွထြက္သြားသည္။
“အမကိုကူညီေပးတာ ေက်းဇူးပါ”
သားနဲ႕မင္းထက္ကိုေငးၾကည့္ရင္း ၿပဳံးေနမိသည့္သူ႕အၿပဳံးေတြက ပိုးခ်ိဳကိုၾကည့္သည့္အခ်ိန္တြင္ ကြယ္ေပ်ာက္သြားၾကသည္။
“ကြၽန္ေတာ္ကာကြယ္ေပးရမဲ့သူေၾကာင့္ ကူညီတာပါ”
သူ႕စကားကိုၿပဳံးကာ ပိုးခ်ိဳက ေကာ္ဖီတငုံကို ခပ္ျဖည္းျဖည္းေသာက္၏။
.......................................
စာေမးပြဲရက္ေတြက သူ႕အတြက္ခက္ခဲသည္။
ဉာဏ္မေကာင္းတာေတာ့မဟုတ္ေပမဲ့ မိသားစုဂုဏ္ကိုထိန္းရင္း သူဟာ ပညာေရးတြင္လည္းထူးခြၽန္မွျဖစ္မည္။
ထို႔ေၾကာင့္ ထင္သလိုႀကီး သားနဲ႕မင္းထက္နားလည္း မကပ္နိုင္။ မင္းထက္ကလည္း သူစာလုပ္ပါေစဟုဆိုကာ သားကို သူ႕နားမလာေစ။ ကိုယ္တိုင္လည္း ထမင္းစားခ်ိန္သာေတြ႕ရတက္ၿပီး က်န္အခ်ိန္ေတြဆို လာေခ်ာင္းၿပီး လာရာလမ္းျပန္လွည့္သြားေနၾကမို႔ မခ်ိတင္ကဲခံစားရသည္။
အဲ့ဒီေလာက္ႀကီးမလိုပါဘူးလို႔ေျပာခ်င္ေပမဲ့ သူ႕အတြက္စဥ္းစားေပးေနသည္ေတြးမိေတာ့ အ႐ူးလို ေပ်ာ္ရေသးသည္။
ဒီေန႕ဟာ စာေမးပြဲေနာက္ဆုံးေန႕။ ဒီေန႕ၿပီးရင္ေတာ့ သူတကယ္ကိုစိတ္ေအးနိုင္ပါၿပီ။
“ေအာ အေစာႀကီးနိုးေနပါလား”
မင္းထက္ေျပာရင္း အခန္းထဲဝင္လာသည္။ စားပြဲထိပ္တြင္ ေကာ္ဖီတခြက္ႏွင့္ထိုင္ေနသည့္ သူကေတာ့ ဝတ္စုံလဲထားၿပီးေပမဲ့ မင္းထက္ကေတာ့ ညဝတ္အကၤ်ီဝတ္လ်က္ကို မ်က္ဝန္းေတြကအိပ္ေရးမဝသလိုမ်ိဳးရွိေနစဲျဖစ္၏။
“အင္း ေကာင္းေကာင္းအိပ္ေပ်ာ္ခဲ့ရဲ႕လား”
“အင္း ညက သားက သူ႕အေမနဲ႕ညနက္တဲ့အထိ ေဆာ့ေနတာမို႔ အခုထိအိပ္ေနၾကတုန္းပဲ”
စားပြဲေပၚရွိ ဖန္ခြက္ထဲ ေရေလာင္းထည့္ရင္း ၿပဳံးလွ်က္မင္းထက္က ေျပာလာသည္။
သူအဲ့အေၾကာင္းမေမးဘူးေလ...။
“အင္း ဟုတ္လား”
အၿပဳံးကြယ္ရင္း ၿငိမ္ထိုင္ေနလိုက္သည္။
“ေအာ မေမရီ မုန္လာဥမုန႔္ေလးဖုတ္ေပးလို႔ရမလား သူတို႔သားအမိက အဲ့တာႀကိဳက္တယ္”
“ကြၽန္မ လုပ္ေပးထားမယ္”
“ေက်းဇူးပါဗ်”
ၿပဳံး႐ႊင္ကာ သူ႕ဖက္လွည့္လာၿပီးေနာက္
“ဒီေန႕ေနာက္ဆုံးေန႕ေနာ္ မင္းေျဖနိုင္မယ္ဆိုတာ ငါသိတယ္”
“ကိုကို”
အခန္းထဲမွထြက္သြားဖို႔ျပင္တာေၾကာင့္ လွမ္းတားလိုက္ရသည္။
“ဟင္ ဘာလဲ”
“ဒီေန႕ ကြၽန္ေတာ္နဲ႕ တစ္ေနရာကိုလိုက္ခဲ့ေပး”
ဘာေၾကာင့္မွန္းထည့္မေျပာသည့္သူ႕ကို မင္းထက္က ေငးၾကည့္လွ်က္မို႔
“အေရးႀကီးတဲ့ကိစၥေျပာမွာမို႔လို႔ ဘယ္မွမသြားပဲ ကြၽန္ေတာ္ျပန္လာတာ ေစာင့္ေနေနာ္”
“ဪ ... အင္း”
မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္ျဖင့္ ေခါင္းညိတ္သည္။
“အင္း”
“အင္း”
“အဟမ္း”
ႏွစ္ေယာက္သား တအင္းအင္းႏွင့္ ၿပဳံးၾကည့္ေနမိၾကတာ ေမရီေခ်ာင္းဝင္ဟန႔္မွ အသိကပ္ၾကေတာ့သည္။
“..ဒါဆို ငါ အခန္းျပန္ၿပီး အဝတ္စားလဲလိုက္ဦးမယ္”
အျပင္ဖက္ကိုလက္ညိုးၫႊန္ရင္း ရွက္သေယာင္ျဖစ္ေနသည္က အူယားစဖြယ္။
“အင္း ကြၽန္ေတာ္လည္း ေက်ာင္းသြားေတာ့မယ္”
“အင္း အေကာင္းဆုံးေျဖခဲ့ေနာ္”
လက္သီးဆုပ္ေထာင္လည္းေထာင္ျပေသးသည္ ရွက္လည္းရွက္သလိုႏွင့္ လက္သီးဆုပ္ရာမွ လည္ဂုတ္ကိုပြတ္ပစ္လိုက္ၿပီး အခန္းထဲမွ ခပ္သုတ္သုတ္ထြက္ေျပးသြားသည္။
“အမေလးေနာ္ ၾကည့္လို႔ေကာင္းလိုက္တဲ့ ျမင္ကြင္းေလးပါလား”
ေမရီကခပ္ၿပဳံးၿပဳံးေျပာၿပီး မုန္လာဥေတြထုတ္ကာ ေရေဆးေနသည္။ မ်က္ႏွာဘယ္နားထားရမလဲမသိတာေၾကာင့္ မ်က္ေမွာင္သာကုပ္ထားမိေတာ့သည္။
“ဒါနဲ႕ ေဘာ့စ္ ဘယ္အခ်ိန္ထိလႊတ္ထားမွာလဲ”
ေအးေဆးတည္ၿငိမ္စြာ မုန္လာဥေတြကိုအတုံးအျဖစ္လွီးရင္း ေမရီကေျပာလာသည္။
“သိပ္မၾကာေတာ့ပါဘူး”
တည္ၾကည္ေလးနက္စြာျဖင့္ ရိုင္ယန္ျပန္ေျဖလာ၏။
.....................................
အေရးႀကီးကိစၥေျပာဖို႔ ခ်ိန္းဆိုသြားသည္မို႔ အၿငိမ္မေနနိုင္ပဲ မင္းထက္ သူ႕အခန္းထဲတြင္ ေတာင္ေလွ်ာက္ေျမာက္ေလွ်ာက္ျဖစ္ေနမိသည္။
ရိုင္ယန္ထြက္သြားၿပီး နာရီအနည္းငယ္သာ ရွိေသးသလို အခ်ိန္နာရီေတြဟာလည္း ဒီေန႕မွ ေႏွးေကြးေနသေယာင္ခံစားေနရသည္။
“ကိုမင္းထက္သွ်ား”
“ဟုတ္ကဲ့”
ေမရီ႕အသံေၾကာင့္တံခါးေျပးဖြင့္လိုက္ေတာ့ ေမရီဟာအၿပဳံးအျပည့္ႏွင့္ဆီးႀကိဳသည္။
“ကားေရာက္ေနၿပီ”
“ဗ်ာ အခုကတည္းက သြားရေတာ့မွာလား”
“ဟုတ္ကဲ့”
ေမရီကၿပဳံးကာသာေျဖ၏။
ေမရီ႕ေနာက္မွခပ္သုတ္သုတ္လိုက္ခဲ့ေတာ့ အိမ္ေအာက္ထပ္တြင္ ယံယံကပါ လူႀကီးေလးသဖြယ္ ဝတ္ဆင္လို႔ထားၿပီး သူ႕အားေစာင့္ေနသည္။
“သားက..”
“ႏွစ္ေယာက္စလုံးကို ေဘာ့စ္ကေခၚတာပါ”
“ဪ”
သားနဲ႕သူ႕ကိုဘာေၾကာင့္ေခၚတာလဲမသိရေတာ့ ေခါင္းသာညိတ္မိသည္။
ယံယံလက္ကိုဆြဲ ဓာတ္ေလွကားထဲဝင္ေတာ့ ပိုးခ်ိဳက လိုက္ႏႈတ္ဆက္သည္။
“ေပ်ာ္ခဲ့ေနာ္သားေလး”
“အင္း အင္း”
အၿပဳံးတခ်က္ႏွင့္ႏႈတ္ဆက္ခဲ့ၿပီးေနာက္ ရင္ခုန္စိတ္လႈပ္ရွားစြာျဖင့္ ဓာတ္ေလွကားထဲရွိေနမိသည္။
သူတို႔ႏွစ္ဦးကိုေခၚသြားသည့္ကားက ၿမိဳ႕ေလးၿမိဳ႕ေလာက္ကိုျဖတ္ၿပီးမွ ဟိုင္းေဝးလမ္းေပၚ အေတာ္ၾကာသည္အထိ ေမာင္းေနျပန္သည္။
ေဘးရွိယံယံကေတာ့ အျပင္ထြက္ရသည္ကို တက္ႂကြေနဟန္ရကာ ကားျပင္ကိုဟိုေငးသည္ေငးျဖင့္။ သူကေတာ့ အနည္းငယ္ငိုက္ျမည္းေနၿပီျဖစ္သည့္ မ်က္ခြံေတြကို မနည္းထိန္းယူဖြင့္ေနရသည္။
အမွန္ဆို ခရီးတစ္ခုထြက္ေလတိုင္း စကားတေျပာေျပာနဲ႕ကားစီးရလွ်င္ ေပ်ာ္စရာေကာင္းမည္မွာ အေသအခ်ာျဖစ္သည္။
ယခုတြင္က ေမာင္းပို႔သည့္ဒရိုက္ဘာမွာလည္း မ်က္ႏွာထားႀကီးတည္လို႔ ကားေမာင္းရမည့္တာဝန္ကိုသာ စိတ္ထဲထည့္ထားပုံရသည္။
“ဒီမွာခင္ဗ် ကြၽန္ေတာ္တို႔ဘယ္ကိုသြားေနၾကတာလဲဗ်”
သူလွမ္းေမးေတာ့ အၾကည့္တခ်ိဳ႕က မွန္မွတဆင့္သူ႕ဆီေရာက္လာသည္။
“ေရာက္ရင္ သိပါလိမ့္မယ္”
ထိုမွ်ျပန္ေျဖကာ ကားေမာင္းျခင္းကိုသာ အာ႐ုံစိုက္သြားျပန္သည္။
သို႔ျဖင့္သူလည္း အျပင္ဖက္ရွိသစ္ပင္ေတြအေပၚသာ အာ႐ုံစိုက္ရင္း အခ်ိန္တစ္ခုၾကာေတာ့ ကားက လမ္းမေပၚမွ ထိုးေကြ႕သြားသည္။
ကိုယ္ပိုင္လမ္းေဖာက္ထားပုံရသည့္လမ္းဟာ တဖက္တခ်က္ အပင္ႀကီးေတြကအုံ႕ဆိုင္းေနေတာ့ ရင္ထဲေအးျမသည္။
ခပ္လွမ္းလွမ္းရွိ လူသုံးရပ္စာေလာက္ျမင့္သည့္ ဝန္းနံရံႀကီးႏွင့္ သံပန္းတံျခားျခပ္ႀကီးက သူတို႔ကားအေရာက္မွာပြင့္လာ၏။
ထိုတံတိုင္းကိုအျဖတ္ ေက်ာထဲပင္စိမ့္ခနဲခံစားလိုက္ရကာ ပန္းပင္ေတြေတာ္ေတာ္မ်ားမ်ားကိုျဖတ္ေက်ာ္ၿပီးေနာက္ သုံးထပ္တိုက္အိမ္အႀကီးႀကီးရဲ႕ေပၚတီကိုေအာက္တြင္ ကားထိုးရပ္သြားသည္။
တံခါးလာဖြင့္ေပးသည့္ အမ်ိဳးသားဟာ ေဖာ္ေ႐ြသေယာင္ရွိေပမဲ့ ဒီပတ္ဝန္းက်င္ႏွင့္မရင္းႏွီးဖူးသည့္သူကေတာ့ ေၾကာက္စိတ္ကိန္းဝပ္လ်က္ ကားေပၚမွဆင္းရေတာ့သည္။
လမ္းျပသည့္ေနာက္ လိုက္ခဲ့ရေတာ့ အိမ္ႀကီးက ပရိေဘာဂအစုံအလင္ႏွင့္ ခမ္းခမ္းနားနားျဖစ္ၿပီး အေနာက္ဖက္ကိုဦးတည္ကာ သူတို႔ႏွစ္ဦးအားေခၚသြားသည္။
ယံယံကေတာ့သူ႕လက္ကိုဆြဲရင္း ပတ္ဝန္းက်င္အသစ္အဆန္းမို႔ စိတ္ဝင္တစားၾကည့္ကာ လိုက္လာသည္။
ဂ်ိမ္း
“အကိုႀကီး ထိခိုက္လာတယ္”
တံခါးမႀကီးတြန္းဖြင့္သံက မိုးၿခိမ္းသံကဲ့သို႔ ထြက္ေပၚလာၿပီးေနာက္ ရွပ္အကၤ်ီျဖဴညာဖက္တြင္ ေသြးစြန္းေနေလေသာ လူတစ္ေယာက္က အေရးတႀကီးေျပာလာ၏။
သူ႕အားလမ္းျပေနသည့္အမ်ိဳးသားကပါ ျပဳးျပဴးျပာျပာျဖစ္ကာ
“စိတ္မရွိပါနဲ႕ ဒီလမ္းတန္းတန္းသြားေပးပါ အဆုံးမွာ အခန္းေတြ႕ပါလိမ့္မယ္”
ထိုသို႔ေျပာၿပီး ေျပးထြက္သြားေလ၏။ သို႔ေသာ္ သူလည္းလန႔္ျဖန႔္သြားတာေၾကာင့္ ထိုနားတြင္သာ ရပ္ေနမိသည္။
ဝန္ထမ္းေတြ သုတ္သုတ္ျပာျပာထြက္လာသည့္ေနာက္ တံခါးကိုျဖတ္ကာ လူတစ္စုဝင္လာသည္။
ဘယ္လက္တျခမ္းလုံးေသြးေတြျဖင့္ရဲရဲနီေနေသာ ရိုင္ယန႔္ Daddy ကို ေဘးႏွစ္ေယာက္က ဝိုင္းတြဲထားၾကၿပီး သူ႕ကိုျမင္ေတာ့ ရိုင္ယန႔္ Daddy က ၿပဳံးျပသည္။
ဒဏ္ရာျပင္းထန္ပုံရတာေတာင္ ၿပဳံးနိုင္ေသးသည္ကို သူ အံ့ဩမိပါ၏။
“ဆိုးဆိုးဝါးဝါးေတြျမင္ေစလို႔စိတ္မေကာင္းဘူးကြာ”
ေၾကာက္လို႔ရင္ေတြတုန္ၿပီး ဘာစကားမွျပန္မေျပာျဖစ္ခဲ့ေပမဲ့ ရိုင္ယန႔္ Daddy က သားကိုၾကည့္ရင္း ၾကင္နာစြာၿပဳံးလို႔
“ယံယံေလးလားကြ”
သားကေခါင္းျပန္ၿငိမ့္ျပသည္။
“ဘိုးဘိုးၿပီးရင္လာေတြ႕မယ္ေနာ္ ေစာင့္ေနဦးၾကားလား”
သားကထပ္ၿပီးေခါင္းညိတ္ျပသည့္ေနာက္ ရိုင္ယန႔္ Daddy ကို သူတို႔ေရွ႕မွ တြဲေခၚသြားၾကသည္။
လမ္းျပအမ်ိဳးသားကေတာ့ သူတို႔ဆီျပန္ေရာက္လာၿပီး
“ဒီဖက္ပါဗ်”
အျမင္အာ႐ုံေတြထဲ ေသြးေတြရဲရဲနီေနခဲ့တဲ့ျမင္ကြင္းက သူႀကဳံဖူးခဲ့သလိုမ်ိဳး နာက်ဥ္ခံစားမႈကို ျဖစ္ေပၚေစလို႔ တုန္တုန္လႈပ္လႈပ္ျဖစ္လာေတာ့ သားက သူ႕လက္ကို တင္းကိုင္လာၿပီး ေမာ့ၾကည့္သည္။
“ေဖေဖ”
သားအသံက နားထဲဝင္လာတာမွန္ေပမဲ့ သူ႕ခႏၶာကိုယ္ဟာလႈပ္ရွားလို႔ပင္မရနိုင္ခဲ့။ ေၾကာက္လန႔္တၾကားျဖစ္ခဲ့ရသည့္အျဖစ္အပ်က္ေတြက အလ်ိဳလ်ိဳျပန္ဝင္လာေတာ့ ေျခေထာက္ေတြကေပ်ာ့ေခြခ်င္လာသည္။
“ကိုမင္းထက္သွ်ား”
“ေဖေဖ”
ဝုန္းခနဲပစ္လဲသြားၿပီး ေခၚသံေတြဟာၾကားတခ်က္တၾကားတခ်က္ျဖစ္လာၿပီးေနာက္ အသိစိတ္က ေမွာင္မည္းသြားေတာ့သည္။
......................................
“Daddy!”
အခန္းတံခါးကို ဝုန္းခနဲဖြင့္ကာ ရိုင္ယန္ အခန္းတြင္းကို ဝင္လာခဲ့သည္။
ခုတင္ေခါင္းရင္းကိုမွီေနသည့္ Daddy ေဘး ေဖေဖေကာ ေဒါက္တာ Dylan ေကာရွိေနၾကသည္။
“ထိခိုက္မိတယ္ဆို”
အနားကိုခပ္ျမန္ျမန္သြားလိုက္ေတာ့ Daddy လက္ေမာင္းရင္းဟာ ပတ္တီးစည္းလ်က္သားျဖစ္ကာ ေဒါက္တာ Dylan က ေဆးပစၥည္းသိမ္းေနၿပီျဖစ္သည္။
“ဘယ္လိုျဖစ္တာလဲ”
သူေမးေတာ့ ေဖေဖကသက္ျပင္းခ်ရင္းျပန္ေျဖသည္။
“ေသနတ္မွန္တာ”
“ဟိုေကာင္ေတြပဲလား”
အံႀကိတ္ကာေမးေတာ့ ေဖေဖက သူ႕အားလွမ္းဆြဲကာ ခုံတြင္ထိုင္ေစသည္။
“နယ္စပ္မွာ တိုက္ပြဲျဖစ္သြားတယ္။ ဒီတစ္ေခါက္က ေခါင္းေဆာင္ကိုယ္တိုင္လာတာ။ သူ႕သားေသတဲ့ကိစၥအတြက္လာတာျဖစ္နိုင္တယ္”
“သား သြားမယ္။ ဒီေကာင္ေတြလြန္လာၿပီ”
ထိုင္ရာမွ ဆတ္ခနဲေကာက္ထေတာ့ ေဖေဖက ျပန္ဆြဲၿပီး
“စိတ္ေအးေအးထား။ အရာရာကို ေလာလို႔မျဖစ္ဘူး။ အခုကိစၥက Derusa တစ္ဖြဲ႕တည္းမဟုတ္ဘူး။ သူ႕ေနာက္မွာ အင္အားမ်ားေနမွန္း သိတယ္မလား”
“သားသိပါတယ္”
သူ႕စိတ္အလိုအတိုင္းတိုက္ပြဲထပ္ျဖစ္ပါက အခ်ည္းႏွီးသာျဖစ္မည္ျဖစ္သလို အဆုံးရႈံးႀကီးမည္ကိုသိ၍ မေက်နပ္နိုင္ေပမဲ့ ခဏတာေတာ့စိတ္ေလ်ာ့လိုက္ရသည္။
“သားေၾကာင့္ျဖစ္တာမို႔ သားေျဖရွင္းပါရေစ”
Daddy ကိုသူေတာင္းဆိုေတာ့ Daddy က သူ႕အား တခ်က္စိုက္ၾကည့္ၿပီးေနာက္ ခုတင္ေဘးအံဆြဲထဲမွ ဘူးငယ္ေလးတစ္ခုကိုထုတ္ယူလိုက္သည္။
“မျဖစ္ဘူး”
ေဖေဖက Daddy လက္ေတြကိုအုပ္ကိုင္ကာ မ်က္ဝန္းေတြက စိုးရိမ္သလိုႏွင့္ ေျပာလာသည္။
“သားက ငယ္ေသးတယ္”
ေခါင္းရမ္းတဲ့ေဖေဖေၾကာင့္ ေသခ်ာေပါက္ Daddy ဟာ သူ႕အား ဂိုဏ္း၏အာဏာကိုလႊဲအပ္ေတာ့မည္ျဖစ္ေၾကာင္း ရိပ္စားမိလိုက္သည္။
“ကိုယ္သိပါတယ္။ဒါေပမဲ့ ကိုယ္သားကိုယုံတယ္”
ထိုစကားေၾကာင့္ ေဖေဖက Daddy လက္ေတြကိုဆုပ္ကိုင္ရာမွ ျဖည္ေလ်ာ့သြားၿပီး သူ႕အားလွည့္ၾကည့္သည္။
“စိတ္မပူခ်င္ဘူး”
“သားသိပါတယ္”
သူၿပဳံးျပေတာ့ ေဖေဖကဆြဲဖက္လာသည္။
ဘယ္မိဘကေတာ့ အႏၲရာယ္မ်ားသည့္အလုပ္ထဲ သားသမီးကိုဆြဲထည့္ခ်င္မွာလဲေလ။