" Gold & Pink & Kim " [ Compl...

By Cynthiataehyung

26.6K 1.7K 151

Jeon Jungkook & Kim Taehyung & Park Jimin More

" Gold & Pink & Kim "
( 1 )
( 2 )
( 3 )
( 4 )
( 5 )
( 6 )
( 7 )
( 8 )
(9)
( 10)
( 12 )
( 13)
( 14 )
( 15 )
( 16 )
(17)
( 18 )
( 19 )
( 20 )
( 21)
( 22 ) Final [ Unicode]
Final [ Zawgyi ]
Extra
Extra ( Zawgyi)

( 11 )

647 61 7
By Cynthiataehyung

Unicode

" သူငယ်ချင်းလဲ မဟုတ် ရင်းနှီးတဲ့သူတွေလည်း မဟုတ်ဘူးဆိုတော့ ကိုယ်က မင်းရဲ့ဘာလဲ! "

" အဟက် !! တခါတလေတော့လဲ ခဏတဖြုတ်ရေစက်ဆုံတာလေးဘဲ ကောင်းပါတယ်! ! ခင်ဗျားရယ် "

ထိုလူရဲ့အမေးစကားတွေကို ပြန်ကြားယောင်ပြီး Taehyung ခပ်စစလေး ပြုံးကာ တစ်ယောက်ထဲယောင်လည်လည်ပြန်ပြောမိသေးသည်..

" 8 နှစ်အရွယ်ကောင်လေးတစ်ယောက်ကလည်း ပြောဖူးတယ် !! ရေစက်ခဏဘဲဆုံရအောင်တဲ့ "

အဲ့ဒီကောင်လေးကငါ့ကိုအပြတ်ပြောသွားတာ သူ့ကိုသံယောဇဥ်မတွယ်နဲ့လို့လေ

သံယောဇဥ်မတွယ်နဲ့လို့ပြောခဲ့ပြီးမှ စိုးရိမ်သလိုလို ဂရုစိုက်ခဲ့တဲ့မင်းကိုနည်းနည်းလေးတော့
စိတ်ပျက်မိတယ်

Taehyung ဝရံတာပေါ်ကနေ ညကောင်းကင်မှောင်မှောင်ကို ရှု့စားရင်း စီးကရက်ငွေ့တွေနဲ့အတူ အတိတ်က တချို့ပုံရိပ်တွေဆီသို့..

ငါတို့ 8 နှစ်အရွယ်တုန်းကပေါ့...

8 နှစ်အရွယ် ကောင်လေးတွေက ကလေးသာသာဆိုပေမဲ့ လူကြီးတွေလို ပြေးရင်းလွှာရင်း ခက်ခက်ခဲခဲရှင်သန်ခဲ့ကြဖူးတယ်

" ဆင်းရအောင်! ! မိုးတွေသည်းနေပြီး "

Bus ပေါ်ကနေ ဘေးဘက်မှန်တံခါးတွေကနေ အုံစိုင်းစိုင်း တိမ်တိုက်တွေကိုကြည့်ရင်း 8 နှစ်အရွယ် Ji ကပြောလာသည် .ထို့နည်းအတိုင်းဘဲ နောက်မှတ်တိုင်တစ်ခုမှာ သုံးယောက်သား ဆင်းနေခဲ့ကြသည်..

" ထူးဆန်းတဲ့မင်းရဲ့ Hairstyle ကြောင့်ငါတို့အလုပ်ကိုအနှောင့်အယှက်မ​ဖြစ်ချင်ဘူး .."

Bus ပေါ်ကနေ ဆင်းဆင်းချင်းဦးထုပ်ကိုချွတ်မယ်ကြံတော့ Jung ကသူ့လက်ဖဝါးဖြင့် ဦးထုပ်ပေါ် ဖိထားကာ သတိပေးသလိုပြောလာသည်

" ငါကတစ်ခါမြင်လိုက်တာနဲ့ တန်းမှတ်မိနိုင်တဲ့ ထူးခြားတဲ့သူမို့လို့လား! ! "

" မင်းရဲ့အရူးထမှုကြောင့်ပါ "

မျက်နှာပြောင်ပြောင်နဲ့မေးလာတော့ Jung ကလည်းအရွဲ့တိုက်ပြီးပြန်ဖြေလေသည်

" ကြိုပြောထားမယ်! ဒီနေ့လည်းအသားညှပ်ပေါင်မုန့်ဘဲထပ်စားရမယ်ဆို ငါသည်းခံတော့မှာမဟုတ်ဘူးနော် "

သူတစ်ခွန်းကိုတစ်ခွန်းနဲ့ သူ့ရွဲ့ကိုယ်ရွဲ့ဖြစ်စကားချင်းစစ်ထိုးရုံသာမက အကြည့်ချင်းပါစစ်ထိုးနေတဲ့နှစ်ယောက်ကို ထားခဲ့ကာ Ji တစ်ယောက် အရှေ့က
စတိုးဆိုင်ထဲသို့ ဦးစွာဝင်သွားတော့သည်..

" ရေခဲမုန့်က စျေးကြီးတာဘဲ...ပြီးတော့ ခွေးစာရော.. သွားတိုက်တံကော "

" အွန်း! ! "

Ji ရဲ့အမေးဆန်တဲ့အပြောကို ခပ်ပြတ်ပြတ်သာဖြေကာ ကောင်တာသို့လျှောက်လာခဲ့လိုက်သည်

" မင်းတို့ချည်းလာကြတာလား ကလေးတွေ! ! လူကြီးတွေကော  "

ကောင်တာက အဒေါ်ကြီးက ကိုယ်တွေသုံး​ယောက်ကိုဘဲတွေ့တာမို့ ဝင်စပ်စုကာမေးသေးသည်..

"  ကလေးတွေမဟုတ်ပါဘူး! ! "

အဒေါ်ကြီးရဲ့စပ်စုတဲ့အမေးကို Kim ကခပ်တည်တည်ပင် ကောင်တာကိုကျောမီထားရင်းပြန်ဖြေလေသည်..

" ha ha... မင်းတို့က ကလေးတွေပါ! ! ကြည့်ပါအုံး ဆော့ထားကြတာ ညစ်ပေပေကလေးတွေ"

အရောင်အနည်းငယ်မှိန်ပြီး အနည်းငယ်ပေယေနေတဲ့အင်ကျီလေးတွေကိုကြည့်ကာ အဒေါ်ကြီးက ပြောခြင်း.

" ကလေးတိုင်း ဆော့ကစားနေကြတာမှမဟုတ်တာဘဲ.."

Ji ကလည်း အဒေါ်ကြီးစကားကိုသဘောမတွေ့ကာ ပတ်ခနဲပြန်ပြောလေသည်..အဒေါ်ကြီးလည်း နောက်ထပ်ဘာမှထပ်မမေးတော့ဘဲ. ပစ္စည်းတွေကိုသာ အိတ်ထဲထည့်နေတော့သည်

" voucher ပါထည့်ပေးပါ "

Voucher မပေးဘဲ စျေးဝယ်အိတ်ကိုကမ်းပေးလာတဲ့ အဒေါ်ကြီးကို Jung က ပုံမှန်အနေအထားဖြစ်ပင်ပြန်ပြောလိုက်သည်..

ထိုအခါအဒေါ်ကြီးကလည်း စိတ်မရှည်သည့်ဟန်ဖြစ့် ကိုယ်တွေသုံးယောက်ကိုကြည့်ကာ Voucher ကိုကမ်းပေးလာတော့သည်..

" ခွေးစာအတွက်ပါ ပိုက်ဆံတွေသုံးပစ်တာက မလွန်လွန်းဘူးလား! ! သွားတိုက်တံကလည်းရှိနေရဲ့သားနဲ့.. "

" ခွေးတွေမှာလည်း ဗိုက်ရှိတာဘဲ စားရမှာပေါ့! ! ..ပြီးတော့ သွားတိုက်တံအစုတ်က အမှန်အတိုင်းပြောရရင် ..ကျစ် ..စိတ်မသန့်လို့ အသစ်ဝယ်တာ.. ဘာတွေမကျေနပ်နေတာလဲ! "

" မကျေနပ်တာ! ! ဟုတ်တယ် ငါမကျေနပ်ဘူး အထူးသဖြင့် မင်းရဲ့ကြီးကျယ်တဲ့အကျင့်စရိတ်တွေ
မင်းရဲ့အရူးဆန်ဆန်အတွေးတွေနဲ့
မင်းရဲ့ကြီးကျယ်တဲ့ခွေးတွေကိုဘဲ "

မျက်နှာကိုသေသေချာချာစေ့စေ့ကြည့်ရင်းပြောနေတဲ့ Jung ကို ပြန်စိုက်ကြည့်ကာ Kim တစ်ယောက်ဟက်ခနဲမဲ့ပြုံးပြုံးရင်း Jung လက်ထဲက အိတ်ကိုဆွဲဆက်လုကာ..သူဝယ်ထားတဲ့ပစ္စည်းတွေကိုဆွဲထုတ်လေသည်

ပြီးမှ Jung လက်ထဲသို့ အိတ်ထုတ်ကိုပစ်ပေးကာ ခနဲ့ပြုံးပြုံးကာဖြင့်ပြောသေးသည်က
" ငါ့ခွေးတွေကိုကြိတ်မုန်းနေတဲ့လူကိုတော့ ငါက Bye Bye ဘဲ! ! " တဲ့

ပြောပြီးအရင်ဦးစွာထွက်သွားတော့သည်

" Bye Bye & The End! ! Jung !
နှမြောစရာဘဲ! ! ငါတော့ကြီးကျယ်တဲ့တစ်ယောက်သောသူကိုသတိရနေတော့မှာဘဲ "

Ji က မထိတထိနဲ့ ဟိုတစ်ယောက်ထွက်သွားလို့ သူ့ကိုမကျေမနပ်ပြောကာ အရှေ့ကထွက်သွားလေသည်

" အာ့.. မင်းဘုရားကျောင်းမလိုက်တော့ဘူးလား! "

စတိုးဆိုင်ရဲ့အပေါက်ဝမှာရပ်နေ၍ တစ်ဖက်လမ်းကိုထွက်သွားတဲ့ Kim ကိုစူးစမ်းကြည့်နေရင်းပင်

" sorry.. ငါမလိုက်ဖြစ်လောက်ဘူး! ! " ဟုဆိုကာ တစ်ဖက်လမ်းကိုလိုက်ထွက်သွားလေသည်

ဘာလဲဟ ..Jung မင်းကမှ အမျိုးမျိုးနိုင်တဲ့အရူးမဟုတ်လား

Ji စိတ်ထဲကသာ ပြောရင်းတစ်ယောက်ထဲပြန်ခဲ့လေသည်..

" ငါ့ကိုသဘောမကျတာနဲ့ဘဲ.. ခွေးတွေကိုရန်ရှာနေတာ ကလေးဆန်လိုက်တဲ့ကောင်! ! "

Kim တစ်ယောက်ပွစိပွစိဖြစ်မကျေမနပ်ပြောကာသူ့ခွေးတွေကို သွားခေါ်ရန် ထိုအိမ်ကြီးဘက်ပြန်လာတုန်း လမ်းကွေ့တစ်ခုအရောက်မှာ ..

" Ohh. .Stop baby.. Stop! ! "

အရှေ့ကလာပိတ်ရပ်တဲ့ ရဲဝတ်စုံနဲ့ လူနှစ်ယောက်

" ဘာကိစ္စများလဲ! !"

မျက်မှောင်းကြုတ်ကာ ပခုံးတွန့်ပြီးမေးလိုက်တော့ ထိုလူနှစ်ယောက်က မကြည်လင်တဲ့အပြုံးတို့ဖြင့်ပြုံးပြကာ

" Mrs. Kim ရဲ့သားမဟုတ်လား.."

Kim ဘာမှပြန်မဖြေမိဘဲ.. ထိုလူတွေကိုတိတ်တိတ်လေးအကဲခတ်နေမိသည်.. သူတို့ရဲ့မသိုးမသန့်အပြုံးတွေကမသင်ကာစရာကောင်းလှသည်

"ဓာတ်ပုံထဲကအတိုင်းဘဲ အပြင်မှာလည်းချစ်စရာကောင်းတဲ့ ကလေး​လေး .."

ပြောပြီး မသင်ကာစရာအပြုံးများကိုဆင်မြန်းထားရင်ပင် အနားကပ်လို့လာသည်.. Kimလည်း အနောက်ကို တဖြည်းဖြည်းချင်းဆုတ်လိုက်သွားလိုက်ပြီး..

ထိုသူတို့ရဲ့' အ​ဖေ​က စောင့်နေတာ ​ဦးတို့နဲ့ ပြန်လိုက်ခဲ့မလား! Baby ' ဆိုတဲ့စကားအဆုံးမှာKim တစ်ယောက်ဘာမှတွေးမနေဘဲအနောက်လမ်းသို့သာထွက်ပြေးတော့သည်

" ဟာ.. ပြေးပြီး! "

" ကလေးတစ်ယောက်ကဘယ်လောက်ပြေးနိုင်မှာလဲ! ခဏနေမှ ဖမ်းကြတာပေါ့ "

ထိုလူနှစ်ယောက်ကလည်း ထိုသို့ပြောရင်ပင် Kim နောက်သို့ ခပ်နှေးနှေးသာလိုက်လာကြသည်..

" 10 အထိရေလို့မပြည့်ခင်ပြေးထားနော်! ကောင်လေး! "

အနောက်ကထိုလူနှစ်ယောက်ရဲ့အသံကြောင့် ပြေးနေရင်းနဲ့ပင် Kim ပြန်ပြောလိုက်သေးသည်

" မိအောင်အရင်ဖမ်းလိုက်ပါအုံး! ဟေ့ လူတွေ "

Kim တစ်ယောက်စိန်လည်းခေါ်ရင်း တဟုန်ထိုးလည်းပြေးရသည်..

ထို့နောက် ပြေးနေရင်း တွေ့တဲ့လမ်းကြားထဲ လွတ်ရာလွတ်ကြောင်းပြေးဝင်သည်.ထို့နောက် ပြေးနေရင်းပင် အနောက်ဘက်ကလှမ်းခေါ်သံကြားရသည်

" Baby! !We have arrived  "

ပြေးနိုင်သလောက် ထိုလူတွေနဲ့ခပ်ဝေးဝေးပြေးနေပေမဲ့ ထိုလူနှစ်ယောက်က ခဏဆိုရုံလေးတင်မလှမ်းမကမ်းသို့ရောက်နေလေပြီ

လူကြီးခြေလှမ်းနဲ့ ကလေးတစ်ယောက်ရဲ့ခြေလှမ်းကွာဟမှုကြောင့်များလား... ထိုလူတွေကနီးလာလေလေ ပြေးတဲ့ခြေလှမ်းတွေကနှေးလာလေလေဖြစ်လာသည်.. ဒီလိုနဲ့ သူတို့လက်ထဲရောက်သွားတော့မှာလား

မဖြစ်ဘူး! !

ထိုသို့အတွေးတွေထဲခြောက်ခြားနေတုန်းရှိသေး
လမ်းကြားအသေးလေးထဲကနေ လက်ကိုလှမ်းဆွဲတဲ့ လက်သေးသေးလေးတစုံ

" ဟင်! ! Jung "

Jung က လမ်းကြားအသေးလေးထဲသို့ ဆွဲပြေးလာသည်. သူကဘယ်လိုလုပ်..

" စတိုးဆိုင်မှာထဲက အဲ့ဒီလူနှစ်ယောက်ကမင်းကိုသတိထားမိနေတာ! "

စိတ်ထဲတွေးနေတုန်းရှိသေးသည် Jung ကပြောလာသည် .ထို့နောက်ဘာမှဆက်မပြောတော့ဘဲလက်ကိုခပ်တင်းတင်းဆွဲကာပြေးသည်. အနောက်ထိုလူနှစ်ယောက်လည်း အသည်းအသန်လိုက်သည်

" Jung! !ငါ့.. ငါ့ဖိနပ်ချွတ်ခဲ့ပြီး "

အသည်းအသန်ပြေးနေရင်း Kim စီးနေကျ ကွင်းထိုး ဖိနိပ်လေးတစ်ဖက်ကချွတ်ကျန်ခဲ့လေသည်
ရပ်လည်းမရပ်ပေးမိ.. ဘေးက Kim ကလည်းမောဟိုက်သံတွေပါစို့နေပြီ.. ထို့နောက် ထိုအနောက်ကလူနှစ်ယောက်ကိုမျက်ခြေပျက်သည်အထိ ပြေးရသည်..

" သူတို့ မျက်ခြေပျက်သွားပြီး! "

" ငါ့ခြေထောက်တွေပေါက်ပြဲကုန်ပြီး! ! မင်းဆိုးလိုက်တာ "

ပြောလိုက်တော့ Jung ကစိတ်ကုန်တယ်ဆိုတဲ့အကြည့်ဖြင့်ကြည့်ကာ ပါးစပ်ထဲကလေကို ဖူးခနံမှုတ်ထုတ်လေသည်..

" ပြန်မလို့လား "

Jung က အမောပြေပြီးတာနဲ့ တစ်နေရာကိုခြေလှမ်းနေတာမို့ မေးလိုက်ခြင်းပင်. ဒါကို သူကဟုတ်တယ်ဆိုတဲ့သဘောဖြစ့် မေးဆက်ပြသည်

" ငါ့ကိုလည်းခေါ်လေ! ! ဒီနေရာကဘယ်နေရာမှန်းမသိဘူး ငါမပြန်တက်ဘူး "

ပြောလိုက်တော့ မျက်မှောင်းကြုတ်ကာပြန်ကြည့်ပြီး ရပ်စောင့်နေပေးသည်..

" ခြေထောက်ကပေါက်သွားတာ ငါ့ကိုကူမှပေါ့! ! မကောင်းတဲ့ကောင်ရဲ့ "

ကြီးကြီးကျယ်ကျယ်ပြောလို့အ​မြင်ကပ်ပေမဲ့ နောက်ဆုံးတော့လည်း ကျောသာပိုးလာခဲ့ရသည်
အဲ့တစ်ယောက်က စိတ်မမှန်တာမို့.. ဘာမှပြန်ဖတ်မပြောချင်

" မနက်ဖြန် ငါ့ဖိနပ်လေး ပြန်ရှာခဲ့ပေး! ! စျေးကြီးတယ် "

ကျောပေါ်ကနေ ပိုင်စိုးပိုင်နင်းခိုင်းလာပြန်တဲ့ တစ်ယောက်ကို စကားတစ်ခွန်းသာပြန်တုန့်ပြန်လိုက်သည်

" မင်းကဆိုးလိုက်တာ " လို့လေ

" အင်း! ! ငါကဆိုးရတာကြိုက်တယ်! ! ပြီးတော့ တခါတလေ ရူးနေတယ် ..နောက်ပြီး ရူးနေတဲ့အမေကိုလည်းပိုင်ဆိုင်ထားတယ်! ! အဲ့ဒါကြောင့် ငါ့မှာသူငယ်ချင်းမရှိဘူး.. အဲ့ဒါကပျော်စရာကောင်းတယ်! "

အဲ့ဒီနောက် Jung ပြန်ပြောလာသည်က
" ငါတော့ မင်းနဲ့သူငယ်ချင်းဘယ်တော့မှလုပ်မှာမဟုတ်ဘူး! ! ရေစက်ခဏဘဲဆုံရအောင် "တဲ့

အဲ့ဒီနေ့က မေးခဲ့တဲ့ငါ့ကိုဘာလို့ကူညီခဲ့တာလဲဆိုတဲ့ မေးခွန်းကို မင်းမဖြေခဲ့ဘူးနော်
ဒါပေမဲ့ ငါ့မင်းနဲ့ပြန်ဆုံဖြစ်ခဲ့ရင် အဲ့ဒီမေးခွန်းကိုဘဲ ထပ်မေးမိမယ်ထင်တယ်
ဘာလို့ဆို ..အဲ့ဒီမေးခွန်းရဲ့အဖြေကို ငါအခုထိကြားဖူးချင်မိတုန်းမို့ ..

...

ဖောက် 💢

နောက်ဆုံးတစ်ချက် Baseball ရိုက်တံကိုအားကုန်ရိုက်ချလိုက်ပြီး ကစားပွဲကိုအဆုံးသတ်လိုက်သည့် Kim

" ငါ့ရဲ့ပန်းနုရောင်လေး! ! အခုတလော စိတ်ရှုပ်နေသလားလို့ "

Ji ကရေဘူးကမ်းပေးလာရင်းမေးလာခဲ့သည်.. Ji ကငါလိမ်လို့မရတဲ့ ငါ့အကြောင်းကောင်းကောင်းသိတဲ့သူ..

" အင်းး..နည်းနည်း! "

Kim ဘက်ကထုတ်မပြောရင်တောင် Kim မျက်နှာရိပ်ကြည့်လိုက်တာနဲ့ ဘာဖြစ်နေတာလဲဆိုတာ သိသည် .အဲ့ဒါကြောင့်လည်း စိတ်ပြေလက်ပျောက် Baseball ကစားဖို့တမင်ခေါ်ခဲ့ခြင်းပင်..

" Ji! ! New York ကအပြန် Canada ကိုဝင်မလို့လား "

အခုက Concert ကြောင့် NewYork ကိုရောက်နေခြင်း.. Concert ကနောက်နှစ်ရက်နေ့တင်ဖြစ်သည်. Concert ပြီးရင် New York Show တချို့မှာ ပါဝင်ဖို့ရှိသေးသည်.. Concert ပြီးရင် ကျန်တဲ့ member တွေက New York မှာ အလည်အပတ်အနေနဲ့ နေအုံးမည်. Ji ကတော့ Canada ကိုပြန်မည်ထင်သည်..

" ငါ့အသဲက ဘယ်လိုလုပ်သိလဲ "

" မနေ့က ဖုန်းပြောနေတာ ကြားလိုက်တယ် ..အဲ့ဒီအိမ်အစုတ်အကြောင်းနဲ့ပက်သတ်ပြီးတော့ကော"

အိမ်အစုတ်ဆိုတာက Calgary မြို့က သုံးယောက်အတူတူနေခဲ့ဖူးတဲ့ အိမ်အစုတ်လေးဖြစ်သည် ..

ပြောလိုက်တော့ Ji က ဖိနပ်စီးနေရင်း တစ်ချက်မော့ကြည့်သည်..

" ရောင်းမယ်ဆို အဲ့ဒီအိမ်ကို ငါ့ဆီရောင်းလိုက်ပါလား "

" မင်းမှမကြိုက်တာ အဲ့ဒီအိမ်ကို ! ! အခြေအနေကြည့်ရမှာပေါ့ ! "

ထိုသို့ပြောလိုက်တော့ Kim ကဘာမှထပ်ပြောမလာတော့ပါ..

" .ဒီတစ်ခါကော Calgary  ကိုမလိုက်ချင်ဘူးမဟုတ်လား "

မေးလိုက်တော့ အေးအေးဆေးဆေးပင် " အွန်း " ဆိုပြီးပြန်ဖြေတဲ့ Kim..
Kim က Canadaကို ရောက်ဖြစ်ရင်တောင် Calgary  တော့ဘယ်တော့မှမဝင်ပေ.. ဒါက Kim ရဲ့အကျင့်လို့တောင်ပြောလို့ရနေပြီးရယ်..

ကွင်းပြင်ပေါ်မှာ နှစ်ယောက်သားခြေပစ်လက်ပစ်ထိုင်ချကာ စကားပြောနေရင်း Kim က စီးကရက်ကို ထုတ်ကာသောက်သည်..

" Ji! ! ငါတို့သူငယ်ချင်းလိုဘဲပြန်နေလို့ရလား "

ဘေးကနေ Kim မျက်နှာချောချောကိုငေးနေတဲ့ ကျနော်က ရုတ်တရက်တော့ ကြောင်အသွားပါသည်..ပြီးမှ

" ငါ့ကိုငြီးငွေ့သွားပြီးလား! ! ငါ့အချစ်က "

အေးဆေးနေဟန်ဖြင့် ပြန်မေးလိုက်တော့

" ငါ နဲ့8 နှစ်အရွယ်ထဲက ရှိလာခဲ့တဲ့မင်းကိုတစ်ခါမှမငြီးငွေ့ဖူးဘူး! ! အဲ့ဒါတော့ အရူးစကားမဟုတ်ဘူး "

" ဒါဆို ဒီတိုင်းတွဲနေတာကိုရပ်ချင်တာလား! ! Kim "

Ji ကလည်း တည်တည်ငြိမ်ငြိမ်နဲ့ကြည့်ကာသာမေးလာသည်

" အင်း! ! ဒီတိုင်းရပ်ချင်တာ "

ငါ့ဘက်က အကြောင်းပြချက်ကဘာလဲလို့မေးရင် မင်းကိုမယုံကြည်ရာကျမလား Kim
အဲ့လိုဆို ငါမမေးသင့်ဘူးထင်တယ်

" ငါတို့တွဲတာရပ်သွားလဲ.. မပြောင်းလဲသွားဘူးမဟုတ်လား "

" အင်းးး!  Ji က တစ်ပုံစံတည်းဘဲရှိတယ် "

ငါကလည်း Kim ကိုကောင်းကောင်းသိတယ်
Kim ကလည်းငါ့ကိုကောင်းကောင်းသိပြန်တယ်
Kim အတွက်ဆို ငါကတစ်ပုံစံတည်းဘဲရှိတယ်.. တသတ်မတ်ထဲဘဲသွားတယ်..

ဘေးက စီးကရက်သောက်နေတဲ့ Kim ကိုငေးနေလိုက်ပြီး စိတ်ထဲတွင်တော့ ကိုယ့်ကိုကိုယ်သာသတိပေးနေလိုက်သည်..

Kim ကငါမသိဘဲ ဘာလုပ်နိုင်မှာတဲ့လဲ.. စိတ်ကိုလျှော့ထား Ji
...

" Hello ..EveryBody !! We are Titan! ! "

Stage ပေါ်ကနေ အဖွဲ့ဝင်အားလုံးနှုတ်ဆက်လိုက်တာနဲ့ ဆူဆူညံညံဖြစ်သွားတဲ့ ခန်းမကြီးက စိတ်လှုပ်ရှားစရာကောင်းလှသည်..

" အာ ~ ဒီနေ့လေးကိုရောက်လာခဲ့ပြီပေါ့.. ကျနော်တို့ တွေ့ဆုံဖို့ စောင့်လာရတဲ့နေ့တွေကုန်ဆုံးခဲ့ပြီး Wow ..NewYork က Fan တွေတကယ်ကြီးချစ်ဖို့ကောင်းကြတာဘဲ ..."

" Hello !!! I'm Jihyun "

အကြီးဆုံးအစ်ကို Jihyun ရဲ့တော်ကီတွေကိုတော့တကယ်လိုက်မနိုင်ပါ ..

" Hi ! ! Leader YungJoon ပါ.. အဆုံးထိအတူတူ ပျော်ကြရအောင်ပါ "

" Hello.. Oneness! ! MinJung ပါ.. Saranghae ~ Oneness! ! "

" Hi! ! Jimin ပါ! "

" Taehyung ပါ "

အားလုံးရဲ့ ကိုယ်စီမိတ်ဆက်မှုအပြီးမှာ
အောက်က Fan တွေရဲ့
Light Stick တွေက အစွမ်းကလှုပ်ရမ်းနေကြပြီး အားပေးသံတွေဟာ အကျယ်လောင်ဆုံးထွက်ပေါ်လာသည်..

တစ်ကမ္ဘလုံးမှာ Oneness Fandom ကအသံအကျယ်ဆုံးလို့ပြောလို့ရသည်. ပြီးတော့ fandom လည်းတောင့်သည်မို့ တကယ့်ကိုထိန်းမရအောင်ကို အားပေးကြမ်းကြသည်

ထို့နောက်ဖျော်ဖြေမှူတွေကိုလုပ်လိုက် Fan တွေက fan chat တွေဆိုကာအားပေးလိုက်နဲ့  Solo song တွေဖျော်ဖြေမှုဆီရောက်လာခဲ့သည်..

member တစ်ယောက်ပြီးတစ်ယောက်ဖျော်ဖြေကြရင်းကနေ Ji ရဲ့အရှိန်အဟုန်ပြင်းတဲ့ Performance အပြီးမှာ ကိုယ့်အလှည့်ကိုရောက်လာခဲ့သည်..

Stage ပေါ်က Kim က အနက်ရောင်နဲ့အနီရင့်ရောင်ရောစပ်ထားတဲ့ ဝတ်ရုံလေးနဲ့ နားတစ်ဖက်က နားဆွဲလေးက English စာလုံး Guest ဆိုတာလေး

Kim ရဲ့ Solo Album ထဲက လူကြိုက်အများဆုံးနဲ့ Music Chart တွေမှာ ထိပ်ဆုံးကရပ်တည်ခဲ့တဲ့  Guest ဆိုတဲ့ သီချင်းလေးကို ဆွဲဆောင်မှုရှိရှိဖျော်ဖြေနေခြင်း

Kim ကသေလောက်အောင်လှသည်..
ငါ့ကိုရူးစေတဲ့ တစ်ယောက်သောသူ ..မင်းကသိပ်ချစ်ဖို့ကောင်းတယ် Kim

" ချွေးတွေအရမ်းထွက်နေတယ်! ! Jimin na "

Kim အကြောင်းတွေးလိုက်တာနဲ့တလောကလုံးကိုမေ့သွားတော့တာဘဲ.. အခုလည်း MinJung က မျက်နှာပေါ်ကချွေးတွေကိုလာသုတ်ပေးတာကိုတောင်သတိမထားမိဘူးလေ..

" ဒါ !! ခင်ဗျားက မန်နေဂျာလား!  ဒါတွေလာလုပ်ပေးနေရအောင်! "

ပြောလိုက်တော့ ကြောင်တောင်တောင်နဲ့တစ်ချက်မော့ကြည့်လာသည်

" Jimin က ငါ့ကိုဆိုအမြဲအလိုမကျနေတာဘဲ!  ဘာလို့လဲ ! ဘာလို့.."

" ခင်ဗျားက Korean ဖြစ်နေလို့! ! ကြည့်မရတာ "

စောင်းမြောင်းကာပြောပြီး ထွက်သွားတဲ့ Jimin က သူ့လက်ထဲက တဘက်ကိုဆွဲဆောင့်ယူကာ ပစ်ချပြီးထွက်သွားလေသည်

" မပင်ပန်းဘူးလား MinJung "

ခုနထဲက ခပ်လှမ်းလှမ်းမှာရှိနေတဲ့ Leader အစ်ကို YungJoon ကမေးလာသည်

" အရမ်းပင်ပန်းတယ်! ! ပင်ပန်းပေမဲ့.. ရှုန်းမထွက်နိုင်ဘူး "

....

" တပ်ပြန်ဆုတ်မယ်! !  "

ရေတပ် မရိန်းတပ် လေတပ် နှင့်အမျိုးသားကာကွယ်စောင့်ရှောက်ရေးတပ်အပါအဝင် စစ်ရေးလေ့ကျင့်သူ ဦးရေမှာ 20000 ကျော်ခန့်ရှိသည်.တင့်ကားတွေ ခြေလျင်တိုက်ခိုက်ရေးယာဥ်တွေ သံချပ်ကာယာဥ်တွေ ဒုံးကျည်တွေ အမြှောက်ယာဥ်တွေဖြင့် ကယ်လီဖိုးနီးယား ဆန်ဖရန်စစ္စကိုတောင်ဘက်မိုင် ၁၅၀ နှင့် Los Angeles ၏မြောက်ဘက်မိုင် ၂၅၀ အကွာတွင်တည်ရှိသည့်အလယ်ပိုင်းကမ်းရိုးတန်းရှိ Monterey ကောင်တီတွင် စစ်ရေးလေ့ကျင့်ကြရသည်

တောင်ကိုရီးယားတပ်ဖွဲ့၏ကြီးကြပ်သူလည်းဖြစ် အဖွဲ့ခေါင်းဆောင်လည်းဖြစ်သည်မို့. လေ့ကျင့်ရေးအတွင်းမှာ ကိုယ်ကသာ ဦးစီးဦးဆောင်လုပ်ရသည် .အမေရိကန် -တောင်ကိုရီးယားစစ်ရေးလေ့ကျင့်ရေးကခေတ်မီလက်နက်တွေအသုံးပြုကာ စနစ်တကျ လေ့ကျင့်ရေးကိုအသားပေးသည့်စစ်လေ့ကျင့်ရေးလည်းဖြစ်သည်

တစ်နေကုန် လေ့ကျင့်မှုအပြီးမှာ သတ်မှတ်ထားသည့် နားနေဆောင်ကိုယ်ပြန်ကာ တစ်ကိုယ်ရေးသန့်ရှင်းမှုကိုပြုရသည်..

"ကောင်မလေးက လက်ဆောင်ပေးထားတာလား.. မင်းခဏခဏထုတ်ကြည့်တယ် "

အခန်းဖော် အမေရိကန်ဗိုလ်ကြီးကမေးလာသည်
အခုက ရေချိုးပြီး အားလုံးနားနေကြချိန်ဖြစ်သည်. ထိုအမေရိကန်ဗိုလ်ကြီးနဲ့ကအရင် တပ်ကြပ်ဘဝနဲ့လေ့ကျင့်ရေးတွေမှာပါဝင်ခဲ့တုန်းထဲက ရင်းနှီးနေခဲ့ခြင်း

" အဲ့လိုပုံပေါက်နေတာလား.. ဒါပေမဲ့ ကောင်မလေးဆီကရတာမဟုတ်ဘူး "

Eng လိုပင်သူ့အမေးကိုပြန်ဖြေလိုက်သည်...

" ဒါဆို မင်းက Kim Taehyung Fan Boy လား ငါသိသလောက်မဟုတ်ဘူးဘဲ  "

လက်ထဲက Kim Taehyung ရဲ့ Solo Album ကိုရည်ညွှန်းပြီး ထင်ရာတွေစွတ်ပြောနေသော အမေရိကန်ကောင်က တရစက်ကိုပြောသည်..
အမှန်က ဟိုတနေ့က Kim Taehyung ရဲ့အိမ်ရာကိုရောက်သွားခဲ့တုန်းက လက်ဆောင်အဖြစ်ရခဲ့ခြင်းပင်...

" ဘယ်သွားမှာလဲ လို့တောင်မမေးပါလား ခင်ဗျားလေးက "

" ခင်ဗျားနဲ့ပက်သက်ပြီးဘာမှမသိချင်ဘူး !"

" ကိုယ် အမေရိကန်ကို စစ်ရေးလေ့ကျင့်ရေးအဖွဲ့ထဲပါတယ် တစ်လလောက်ပေါ့.. နှစ်လနီးပါးလည်းကြာနိုင်တယ် "

Kim Taehyung ဘက်ကဘာမှပြန်ပြောမလာပါ

" အဲ့တော့ ပြန်လာရင် ကိုယ်နဲ့ Date ဖို့ခွင့်ပြု "

ပြောလိုက်တော့ နေရာမှလှည့်ထွက်သွားပြီး TV စင်ပေါ်မှာထောင်ထားတဲ့ Album တစ်ချက်ကိုသွားယူလာသည်..

" ခင်ဗျားအတွက်! ! နောက်ဘယ်တော့မှထပ်မတွေ့ဘူး "

" ကိုယ်ကတော့ အမှတ်တရလက်ဆောင်လို့သတ်မှတ်တယ်!  "

ထိုအခိုက်အတန့်ကို ပြန်စဥ်းစားတိုင်း အမြဲပြုံးမိသည်. Kim Taehyung က သူမလုပ်ချင်တာနဲ့ လက်ထိုးတော့တာ. တခါတလေ ကလေးတွေတောင် သူ့လောက်ချစ်ဖို့ကောင်းမယ်မထင်ပါ

" Fan Boy လား.. အဲ့လိုပြောရမလား! Kim Taehyung ကိုသဘောကျတဲ့သူကို"

Jungkook ခပ်ဖွဖွရီရင်းသာ ပြောလိုက်သည်

" ဒါဆို အခုရည်းစားမရှိဘူးပေါ့ မင်းက "

" လက်ရှိတော့ အဲ့လိုဘဲပြောရမှာပေါ့ "

ထို့နောက်  ထိုအမေရိကန်ကောင်က တစ်ခုခုကိုစဥ်းစားနေပြီးမှ...

" နောက်တစ်ပတ်လေ့ကျင့်ရေး ပြီးသွားရင် ငါနဲ့လိုက်ခဲ့. .ငါ့ညီမနဲ့ ပြန်Date ကြည့်ပေါ့"

" အိုးး.. အဲ့ဒီအတွက်ကျေးဇူးတင်ပေမဲ့ ငါတော့ Korea ကိုလွမ်းနေပြီးရယ်.. ပြီးတာနဲ့တန်းပြန်ဖြစ်မှာ "

" ငါ့ကိုအားမနာဘူးလား! ! ငါတော့ ငါ့ညီမ နဲ့မင်းကိုပြန်အဆင်ပြေစေချင်တယ် "

လက်မောင်းကို လာပုတ်ကာပြောလာသော အမေရိကန်ကောင်ကိုတော့ ခေါင်းသာခါနိုင်တော့သည်..

ထို့နောက် ​​အားပြင်းတဲ့ အမေရိကန် -တောင်ကိုရီးယားစစ်ရေးလေ့ကျင့်မှုတွေက အချိန်အားဖြင့်နှစ်လနီးနီးလောက်တွင်ပြီးဆုံးသွားခဲ့သည် ..ပြီးနောက် နှုတ်ဆက်ပွဲအဖြစ် Party အသေးစားလေးလုပ်ကာ သောက်စားကြသည်..

" Hi ! Jung "

အမေရိကန်ကောင်ရဲ့ ညီမက နှုတ်ဆက်သည်

" Hi "

ပြန်နှုတ်ဆက်ကာ ဘေးကအမေရိကန်ကောင်ကိုပါထိန်းထားရသည်.. ခုနက Party မှာဒီကောင်အသေအလဲသောက်ထားခြင်းပင်

" မင်းအခုတွဲမဲ့သူမရှိသေးရင် ငါ့ညီမနဲ့ပြန်တွဲ.. "

" ဟိုးးး.. မင်းပြန်တော့မလို့လား!  ငါလိုက်ပို့ပေးမယ် "

အမေရိကန်ကောင်က ဖြစ်ချင်တာတွေပြောပြီးပြန်လှည့်ထွက်သွားတာမို့.. တားယူကာ မေးရသည် .သို့ပေမဲ့ ထိုကောင်ကတော့ ကိုယ့်ကိုသူ့ညီမဆိုင်မှာထားခဲ့ပြီး ဆိုင်ပြင်သို့ထွက်သွားလေပြီ

" ဘာသောက်မလဲ! ! Jung "

" Beer ဘဲ တစ်ခွက်သောက်တော့မယ် ရတယ်မဟုတ်လား "

ပြောလိုက်တော့ Alice က Beer စည်အိုးမှ သွားငဲ့ပေးလာသည်..

" ဆိုင်ကအရင်အတိုင်းဘဲနော်"

" အင်း! ! ကျွန်မလည်းအရင်လို ရှင့်ကိုသဘောကျနေတုန်းဘဲ "

" Hey !! You! ! "

Alice ရဲ့အပြောကို စနောက်သည့်ဟန်ဖြင့် ပြန်လည်ဟန့်တားကာပြောလိုက်တော့

" ha ha!  ~ စတာ..စတာ.. အခုတော့ တစ်ယောက်နဲ့တော့Date နေပါပြီ ..ဂုဏ်ယူစရာကောင်းတယ်မဟုတ်လား "

" ဟုတ်ပါပြီ ဟုတ်ပါပြီ "

Alice နဲ့ကလွန်ခဲ့တဲ့ 2 နှစ်တုန်းက​လေ့ကျင့်ရေးကာလတုန်းက လအနည်းငယ်လောက်တွဲခဲ့ခြင်း.. ပြသာနာရယ်လို့မယ်မယ်ရရမရှိဘဲ နှစ်ဦးသဘောတူအေးအေးဆေးဆေးသာလမ်းခွဲခဲ့ကြသည်. သူမနဲ့ကအခုထိ ကောင်းမွန်ပြီးရင်းနှီးတဲ့ဆက်ဆံရေးရှိတုန်းပင် .အခုတော့ သူမက သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်သည်.အချင်းချင်း စကားပြောရင်း
သူမကလည်း ဘေးကနေ ခွက်ချင်းတိုက်ကာလာထိုင်သောက်ပေးသည်..

" ဟိုတလောကအကူအညီတောင်းထားတဲ့ကိစ္စဘယ်လိုလဲ.. "

" သူ့ Entertainment ဘက်က သူ့ Bio ကိုတော်တော်​လေးမြုပ်ထားတယ်.. ဖော်ပြထားတဲ့အချက်အလက်တွေကလည်း အစစ်အမှန်ဖြစ်ဖို့ရာခိုင်နှုန်းနည်းတယ် ..မဟုတ်တောင် ပိတ်ရက်တုန်းကCanada ကိုသွားခဲ့သေးတယ်မဟုတ်လား ဘာထူးလဲ Jung "

" ဘာအစအနမှ စုံစမ်းမရခဲ့ပေမဲ့ Calgary  ကအိမ်ကိုဝယ်ဖို့တော့ ဆက်သွယ်ခဲ့တယ် "

" အဆင်ပြေသားဘဲ! ! နည်းနည်းတော့ လှမ်းလို့ရသွားတာပေါ့ "

" ပြီးတော့ Jimin ရဲ့အချက်အလက်တွေလည်း Kim Taehyung လိုဘဲ.. ​ထူးဆန်းနေတယ် "

" Jimin ဆိုတာက သူငယ်ချင်းလိုပြောနေကြတဲ့... "

" အင်းး.. ဟုတ်တယ်. နောက်မှ အချက်အလက်တွေ mail ကနေပို့ခဲ့ပေးမယ်.အော့ Alberta မြို့ဝန်ကိစ္စအတွက် စိတ်ချထား..အင်း  အခု Date ဖို့နောက်ကျနေပြီး ဆိုင်ခဏစောင့်ထားပေးအုံး!Jung "

​​ပြောချင်ထားတရစက်ပြောပြီးသူမက ကျေးဇူးတင်တဲ့အနေနဲ့ လက်ပွေ့ဖက်ကာ လက်ကျန် Beer ကိုပါနည်းနည်းထပ်သောက်ကာ ထွက်သွားလေသည်.. Alice ကအလွတ်တမ်းသတင်းထောက်ဖြစ်သည်. တချို့ကိစ္စတွေကို သူမအကူအညီယူကာ သူမနဲ့သာလွှဲထားရသည်.

ထို့နောက် မြေအောက်ထပ်က ခပ်ကျဥ်းကျဥ်း Bar အသေးလေးထဲမှာ မီးလုံးအဝါရင့်ရောင်ကို ဖျော့ဖျော့လေးထွန်းထားကာ Gramphone အဟောင်းလေးထပ် ဘေးချထားတဲ့ CD ပြားကိုတင်လိုက်ကာ သံစဥ်တွေကို လွင့်ပြန်စေသည်..

Bar ကောင်တာအသေးလေးမှာထိုင်ပြီး ထွက်လာတဲ့ သီချင်းသံလေးတွေကို နားစွင့်နေလိုက်သည်..

သီချင်းလေးရဲ့အစက Classic ဆန်တဲ့ သံစဥ်လေးနဲ့တညိမ့်ညိမ့်စတင်လာသည် ..ထို့နောက်အသံ သြရှရှလေးနဲ့ထွက်ကျလာသော ပြတ်သားညိမ့်ညောင်းသော စာသားများ ..

သေချာပေါက်ဒီအသံက တစ်ယောက်ဘဲရှိသည်.. Kim Taehyung ရဲ့ သြရှရှနဲ့ကြည်လင်သည့်အသံပင်

သီချင်းသံကိုဆက်နားထောင်လိုက်ရင်း Guest ဆိုတဲ့နေရာမှာ အံံ့သြစရာကောင်းတဲ့ Kim Taehyung ရဲ့ Deep Voice ကိုကြားလိုက်ရသည်.. တစ်ဆက်တည်းမှာပင် လှေကားထပ်က ဆင်းလာတဲ့ ဖိနပ်သံ တဒေါက်ဒေါက်က ရောယှက်လာသည်..

ထိုင်နေရာကနေ လှမ်းကြည့်လိုက်တော့ တရွေ့ရွေ့ဆင်းလာသည်က Kim Taehyung

" ရေစက်ခဏခဏ ဆုံတယ်နော်! " တဲ့ ထိုသို့တစ်ခွန်းပြောကာ ကိုယ့်ကိုကျော်ကာ တစ်ဖက်ဝိုင်းသို့ခြေလှမ်းနေသည်..

ဆက်ခနဲ ဘေးနားက လက်တံသွယ်သွယ်ကိုဖမ်းဆွဲလိုက်ကာ မျက်နှာချင်းဆိုင်သို့ဆွဲထားလိုက်ပြီး

" Seoul မှာနေမပျော်ဘူးလား.. ခင်ဗျားလေးက "

" NewYork ကနေလမ်းကြုံလို့ဝင်လာတာ !! "

ခပ်တည်တည်ပင် Kim Taehyung က တစ်ခွန်းမကျန်ပြန်ပြောသည်

" ဒီလိုဆိုင်လေးကိုလား! ! "

" အင်းး "

မျက်လုံးတွေကိုပြန်စိုက်ကြည့်ပြီးဖြေလာပုံက တည်တည်ငြိမ်ငြိမ်

" သီချင်းကကောင်းတယ်မဟုတ်လား! "

" အင်း.. ဒီထက်ပြည့်စုံအောင် ကိုယ်နဲ့အတူနားထောင်ပေးမလား "

မျက်နှာချင်းဆိုင်ကနေ မျက်လုံးတွေထဲထိကြည့်ကာပြောနေသော Kim Taehyung ကိုခါးကနေဆွဲကာ အနီးနားသို့ ပူးကပ်စေလိုက်သည်..

ထိုအခါနီးကပ်သွားတဲ့ ခန္ဓာကိုယ်နှစ်ခုနဲ့ မျက်နှာနှစ်ခုက တစ်ယောက်ရှူထုတ်သည့်လေကိုတစ်ယာက်သို့ထိခပ်သည်အထိပင်..

" ပါးမို့မို့လေးပြန်ဖြစ်လာပြီ! "

" ခင်ဗျားသိလား ! လွန်ခဲ့လတွေတုန်းကSeoul မြို့ကြီးကအေးစက်နေခဲ့တယ် ..NewYork ရဲ့နေရာတိုင်းကလည်းတိတ်ဆိတ်နေခဲ့တယ်.. ဒါပေမဲ့ California ကတော့နွေးထွေးတဲ့မြို့လေးဖြစ်ခဲ့တယ် "

လည်တိုင်ကို တွဲခိုလာကာ မျက်လုံးတွေထဲထိကြည့်ကာ ပြောလာသော Kim Taehyung ရဲ့မျက်ဝန်းတွေက လွမ်းနေသယောင် ..

ခင်ဗျားနဲ့နီးလာတိုင်း ငါ့ဦးနှောက်ကခင်ဗျားကိုထွက်သွားဖို့ဘဲပြောတယ် ဒါပေမဲ့ ငါ့နှလုံးသားကတော့ ဆန့်ကျင်ဘက်အနေနဲ့ ခင်ဗျားကိုလွမ်းတယ်.. ခင်ဗျားမရှိတဲ့ နှစ်လနီးနီး စိတ်ရှုပ်လောက်အောင်ကို ခင်ဗျားကိုလွမ်းတယ်..
ကိုယ်တိုင်တောင်သတိမထားမိခဲ့တဲ့ ပါးမို့မို့လေးတွေကို အမြဲသတိတရဂရုစိုက်ပေးတဲ့ ခင်ဗျားကို
လေ.. ခဏလောက်ဘဲဖြစ်ဖြစ် ခင်ဗျားနဲ့နီးနီးလေးနေဖို့ ငါ့ဦးနှောက်ကခွင့်ပြုနိုင်ပါ့မလား

ခင်ဗျားဘယ်သူဆိုတာကို ခေါင်းထဲမထည့်ဘဲပေါ့..

ထို့နောက်နှစ်ယောက်သား နဖူးချင်းထိကပ်ထားပြီး ခါးကိုထိရုံလေးဖက်ထားသူကဖက်ထားပြီး လည်တိုင်ကိုတွဲခိုသူကလည်းတွဲခိုထားကာ အကြည့်ချင်းဆုံရင်းသာ သီချင်းသံလေးအတိုင်းစီးမျောရင် တိတ်ဆိတ်နေမိသည်..

မင်းကိုမြင်တိုင်း မင်းကကိုယ့်ရဲ့ ရွှေအိုရောင်လေး ဆိုပြီး ကိုယ့်နှလုံးသားကအမြဲပြောနေတယ်
နီးနီးလေးနဲ့ ဝေးနေတာတော့မဟုတ်ဘူးမှတ်လား..
အရင်တုန်းက အလွမ်းတွေနဲ့တစ်ထေရာထဲတူတဲ့အလွမ်းက ဘယ်လိုမျိုးလဲ

" ခဏတာလောက် ဘဝထဲဝင်လာတဲ့ ဧည့်သည်ကိုမချစ်မိပါစေနဲ့တဲ့ "

Kim Taehyung ကသူ့သီချင်းစာသားကို ရွတ်ပြနေခြင်း

" ကိုယ်တော့ ချစ်မိပြီးပြီး! ! "

မျက်လုံးတွေထဲထိကြည့်ကာပြောလာသည်ကို မရှောင်မိ..

" အဲ့တာဆို သေချာတယ်! ! ခင်ဗျားနောက်ပိုင်း အရူးတပိုင်းဖြစ်တော့မှာ MV ထဲကလိုလေ "

သူ့ Guest MV ထဲကလို Physco ဆန်တာကိုပြောခြင်း

" ကိုယ်အရူးလေးကိုချစ်ဖူးတယ် "

ပြောလိုက်တော့ ကလေးတွေလှောင်သလိုနှုတ်ခမ်းကိုရှေ့ထုတ်ပြီးမဲ့ပြသည် .Jungkook အသဲယားစွာ သူ့ကျောပြင်ပေါ်ကကိုယ့်လက်ကို အရှိန်လေးထည့်ကာ ပိုနီးကပ်အောင်ခေါ်ယူလိုက်ပြီး လူဆိုးလေးရဲ့နှုတ်ခမ်းသားများကိုသိမ်းပိုက်လိုက်တော့သည်..

တစ်ချက်လောက်ဖိနမ်းပြီး လွတ်ပေးဖို့လုပ်ပေမဲ့ Kim Taehyung ကဆက်နမ်းလာသည်.ထိုအခါJungkook လည်းထိုခပ်လှလှနှုတ်ခမ်းတွေကို မလွှတ်ပေးတော့ဘဲ ထဲထဲဝင်ဝင် နမ်းရှိုက်မိတော့သည်.. အပေါ်တစ်လှည့် အောက်တစ်လှည့်စုပ်ယူနမ်းရှိုက်ရင်း မီးဝါဝါအောက် သီချင်းသံအဆုံးသတ်အောက်မှာ ဘယ်သူမှမရပ်တန့်ခဲ့ကြပေ..

ခင်ဗျားနဲ့ဝေးဝေးသွားရလို့မရဘူးထင်တယ်..

#Kim တို့အဖွဲ့ရဲ့နာမည်ကိုချိန်းထားပါတယ်နော် (Titan)  ဆိုပြီးတော့လေ.. Treasure ဆိုတဲ့ Kpop Boy Band လေးရှိလို့ပါနော်

Zawgyi






စိတ်ပျက်မိတယ်













" ရေခဲမုန့်က ဈေးကြီးတာဘဲ...ပြီးတော့ ခွေးစာရော.. သွားတိုက်တံကော "

" အွန်း! ! "




"  ကလေးတွေမဟုတ်ပါဘူး! ! "






" voucher ပါထည့်ပေးပါ "

Voucher မပေးဘဲ ဈေးဝယ်အိတ်ကိုကမ်းပေးလာတဲ့ အဒေါ်ကြီးကို Jung က ပုံမှန်အနေအထားဖြစ်ပင်ပြန်ပြောလိုက်သည်..








" Bye Bye & The End! ! Jung !









" Ohh. .Stop baby.. Stop! ! "


" ဘာကိစ္စများလဲ! !"







" ဟာ.. ပြေးပြီး! "








" Baby! !We have arrived  "



မဖြစ်ဘူး! !


" ဟင်! ! Jung "









" ပြန်မလို့လား "






" မနက်ဖြန် ငါ့ဖိနပ်လေး ပြန်ရှာခဲ့ပေး! ! ဈေးကြီးတယ် "






...

ဖောက် 💢




" အင်းး..နည်းနည်း! "






အိမ်အစုတ်ဆိုတာက Alberta မြို့က သုံးယောက်အတူတူနေခဲ့ဖူးတဲ့ အိမ်အစုတ်လေးဖြစ်သည် ..





" .ဒီတစ်ခါကော Alberta ကိုမလိုက်ချင်ဘူးမဟုတ်လား "

Kim က Canadaကို ရောက်ဖြစ်ရင်တောင် Alberta တော့ဘယ်တော့မှမဝင်ပေ.. ဒါက Kim ရဲ့အကျင့်လို့တောင်ပြောလို့ရနေပြီးရယ်..















...




" Hello !!! I'm Jihyun "




" Hi! ! Jimin ပါ! "

" Taehyung ပါ "

အောက်က Fan တွေရဲ့

















....

" တပ်ပြန်ဆုတ်မယ်! !  "





























" Hi ! Jung "


" Hi "





" ဘာသောက်မလဲ! ! Jung "





" Hey !! You! ! "



" ဟုတ်ပါပြီ ဟုတ်ပါပြီ "




" ဘာအစအနမှ စုံစမ်းမရခဲ့ပေမဲ့ Alberta ကအိမ်ကိုဝယ်ဖို့တော့ ဆက်သွယ်ခဲ့တယ် "










သီချင်းသံကိုဆက်နားထောင်လိုက်ရင်း Guest ဆိုတဲ့နေရာမှာ အံ့သြစရာကောင်းတဲ့ Kim Taehyung ရဲ့ Deep Voice ကိုကြားလိုက်ရသည်.. တစ်ဆက်တည်းမှာပင် လှေကားထပ်က ဆင်းလာတဲ့ ဖိနပ်သံ တဒေါက်ဒေါက်က ရောယှက်လာသည်..







" ဒီလိုဆိုင်လေးကိုလား! ! "

" အင်းး "
























Gramophone လေးပါ

Continue Reading

You'll Also Like

359K 27.5K 15
MY Creditor Side Story ပါ။ Parallel Universe သဘောမျိုးပြန်ပြီး Creation လုပ်ထားတာမို့ main story နဲ့ မသက်ဆိုင်ပဲ အရင် character ကို ရသအသစ် တစ်မျိုးနဲ...
2.8M 28.9K 10
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...
319K 36.6K 26
"𝒚𝒐𝒖 𝒄𝒐𝒖𝒍𝒅 𝒃𝒓𝒆𝒂𝒌 𝒎𝒚 𝒉𝒆𝒂𝒓𝒕 𝒊𝒏 𝒕𝒘𝒐 𝒃𝒖𝒕 𝒘𝒉𝒆𝒏 𝒊𝒕 𝒉𝒆𝒂𝒍𝒔, 𝒊𝒕 𝒃𝒆𝒂𝒕𝒔 𝒇𝒐𝒓 𝒚𝒐𝒖" ...
653K 54.7K 32
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...