{Unicode}
"ထွက်သွားစမ်း"
အမှန်တကယ်တော့ ယဲ့ထင်မှာ စိတ်ခံစားချက် သိပ်ကောင်းနေသည်တော့ မဟုတ်ပေ။
ငယ်စဉ်ကလေးဘဝမှ အရွယ်ရောက်ချိန်အထိ သူ့မိဘများက သူ့ကို သိပ်ဂရုစိုက်ခဲ့ကြခြင်းမရှိ။သူ့ထံတွင် မိဘနှစ်ပါးရှိသော်ငြား သူဟာ မိဘမဲ့တစ်ယောက်လိုသာ နေထိုင်ခဲ့သည်။
သူသည် မိဘမေတ္တာဆိုသည့်အပေါ် အမှန်တကယ်လည်း အရေးမစိုက်၊ ဂရုမပြုမိတော့။ သို့သော် သူ့အမေက စိတ်ပူပန်ကြောင်းကို ဖန်တလဲလဲ ပြသလာပြီး အက်ခရီလစ် မာဖလာကို သူ့ကိုပေး၍ ဝတ်ခိုင်းစေသောအခါတွင်လည်း ယဲ့ထင်မှာ စိမ်းစိမ်းကားကားနှင့် နှလုံးသားက ဝေးကွာ အေးစက်နေခဲ့သည်။
သူ့ရဲ့ ကောင်းမွန်လှတဲ့ မိခင်ဟာ အနှစ်သုံးဆယ် တိုင်တော့မှာတောင် မိမိသားဖြစ်သူရဲ့ ဓာတ်မတည့်မှုကို မသိခဲ့ရှာ။
သားဖြစ်သူ၏ အကြောင်းကို တစိုးတစလေးပင် မသိသော်ငြား သူ့သား၏ အိမ်ထောင်ရေးနှင့် လက်တွဲဖော် အပေါ်မှာတော့ အလွန် စိတ်အားထက်သန်စွာဖြင့် ဝင်ရောက်စွက်ဖက်နေခဲ့သည်။
ယဲ့ထင်သည် စီးကရက် တစ်လိပ် သောက်နေရင်း ကားပြတင်း အပြင်ဘက်ရှိ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည့် အသင်္ချေသော မီးစင်ရောင်ဝါများကို ကြည့်ကာ ပြုံးရယ်ရင်း ခေါင်းခါမိသည်။
လက်ထဲမှ ဆေးလိပ်က တစ်ဝက်ကျိုးကျိုးထိ လောင်ကျွမ်းလာသောအခါ အနည်းငယ် အေးစက်နေသော လက်တစ်စုံက အနောက်မှ ဆန့်ထွက်လာပြီး အတင့်ရဲစွာဖြင့် ယဲ့ထင်၏ မျက်လုံးများကို ဖုံးအုပ်လာလေ၏။ ငယ်ရွယ်ပျိုမျစ်ပြီး ရွှင်မြူးနေသော အသံက သူ့နားထဲတွင် တီးတိုးတီးတိုးနှင့် မြည်တမ်းလာသည်။
"ငါမင်းအတွက် ဘာလက်ဆောင် ပြင်ထားလဲ မှန်းကြည့်"
ယဲ့ထင်၏ နှလုံးသားက တင်းကျပ်သွားသော်လည်း ရန်ကျားလိ၏ အသံကို ကြားသောအခါ ရုတ်တရက် နှလုံးသားက ပြေလျော့သွားရပြန်သည်။
သူသည် ရန်ကျားလိ၏ လက်ကိုဆွဲလိုက်ပြီး လက်ဖဝါးထဲ ဆုပ်ကိုင်ထားကာ မိမိလက်ဖဝါးမှ နွေးထွေးမှုနှင့် အကြင်သူကိုပါ နွေးထွေးစေသည်။ တစ်ဆက်တည်း ခေါင်းလှည့်ကြည့်လိုက်သောအခါ ရန်ကျားလိ၏ ပြုံးရိပ်သန်းနေသော တောက်ပသည့် မျက်ဝန်းနှင့် ကြုံဆုံလိုက်ရလေသည်။ မကြာသေးခင်က ဖန်လင့်ယီ၏ ကိစ္စကြောင့် စိတ်ထဲ ခါးသီးနေသော်လည်း ရန်ကျားလိကို တွေ့လိုက်သည်နှင့် ရုတ်ခြည်းဆိုသလို စိတ်အခြေအနေက လုံးဝကို ကောင်းမွန်သွားရသည်။ နှလုံးသားမှာ နွေဦးလေပြေအလား လက်ဖျားခါလောက်အောင် နွေးထွေးနေပါတော့သည်။
သိုးဟူသည် ကမ္ဘာကြီးကို အနွေးဓာတ်များကို ဆောင်ကြဉ်း အပေးဆုံးသော တိရစ္ဆာန်များ ဖြစ်ကြသည်။
အထူးသဖြင့် သူ့အိမ်မှာ မွေးထားသည့် သိုးကြီးပင်။
ယဲ့ထင်သည် ပြုံးလိုက်ပြီး ရန်ကျားလိ၏ နားရွက်ကို ပွတ်သပ်လိုက်ကာ နွေးနွေးထွေးထွေး ဆိုသည်။
"ဘယ်လိုလုပ် ကားထဲမှာ တိတ်တိတ်လေး ပုန်းနေရတာလဲ"
ရန်ကျားလိက နှုတ်ခမ်းတွန့်လိုက်ပြီး
"မင်းငါ့ကို စိတ်မပူပါနဲ့.....မင်းရဲ့ အဘိုးနဲ့ အဖေအမေကို လေယာဥ်ပေါ် ပို့ပြီးသွားပြီပေါ့?"
ယဲ့ထင်က ခေါင်းညိတ်သည်။
ရန်ကျားလိက သက်ပြင်းရှည်ရှည် ချလိုက်သည်။ မိသားစု အကြီးအကဲများနှင့် တွေ့ဆုံပြီးပြီဟု မှတ်ယူ၍ ရသွား၍ဖြစ်သည်။
အသိပြန်ဝင်လာသောအခါ ယဲ့ထင်နားရွက်နား ထပ်ကပ်လိုက်ပြီး ပြုံးစစနှင့် မေးသည်။
"ငါ့ကို ပြန်မဖြေရသေးဘူးနော်။ ငါမင်းအတွက် ဘာလက်ဆောင် ပြင်ထားလဲ ခန့်မှန်းကြည့်ပါဆို"
ယဲ့ထင်က ခေါင်းယမ်းလိုက်ကာ
"ကိုယ် မခန့်မှန်းနိုင်ဘူး"
ရန်ကျားလိက သတိပေးသလိုနှင့် ဟမ်သံပြုပြီး မျက်လုံးများ ကျဥ်းမြောင်းလာသည်ကို မြင်သောအခါ ယဲ့ထင်က မျက်တောင် ပုတ်ခတ် ပုတ်ခတ်နှင့် ကမန်းကတန်း နောက်တစ်ကြောင်း ထပ်ပေါင်းသည်။
"ဒါပေမဲ့ မင်းဘာပေးပေး ကိုယ် သဘောကျပါတယ်"
ရန်ကျားလိက ဂုဏ်ယူဝမ်းမြောက်စွာနှင့် ဟွန်းဟွန်းဟု အသံထွက်လာကာ ယဲ့ထင်ကို စနောက်နေဖို့ရန်လည်း စိတ်မပါ၍ မိမိ၏ ကျောပိုးအိတ်ထဲမှ စက္ကူအိတ် တစ်အိတ် ထုတ်လာ၏။
သူ့မျက်လုံးထဲ အလင်းရောင်များ ဖိတ်ဖိတ်တောက်နေလျက်နှင့်
"ငါမင်းအတွက် မာဖလာတစ်ထည် ပြင်ပေးထားတာ"
ယဲ့ထင်က အနည်းငယ် လန့်သွားပြီး စူးစမ်းသလို
မေးလာသည်။
"ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ကိုယ့်ကို မာဖလာ ပေးမယ်လို့ စဥ်းစားမိသွားတာလဲ"
ရန်ကျားလိက ပြောသည်။
"အရင်က မင်းအမေက အဲ့အပြာရင့်ရောင် မာဖလာကိုပဲ အမြဲ ဝတ်ခိုင်းနေခဲ့တာမလား။ ငါကြည့်နေတာ မင်းက ဝတ်တာ ဘယ်လောက်မှ မကြာသေးဘဲ ချွတ်ချွတ်နေလို့။ ပြီးတော့ လည်ပင်းကိုလည်း အမြဲ ကုတ်ကုတ်နေတယ်လေ။ အရင်ရက်တွေတုန်းက ငါတို့ ဟိုဟာလုပ်ပြီးတော့ မင်းလည်ပင်းမှာ အနီရောင် အမှတ်တွေ့လိုက်လို့...."
ယဲ့ထင်က ကော်လံကိုချွတ်ပြီး လည်ပင်းကို ပြသလာသည်။
သူသည် ထိုနေရာမှ အနီရောင် အမှတ်ကို ညွှန်ပြလိုက်ပြီး ရယ်ရင်းပြောလာသည်။
"မင်းက ဒီဟာကို ပြောတာလား။ ဒါက မာဖလာကြောင့် မဟုတ်ပါဘူး။ အဲ့ဒါက တစ်ညတုန်းက ကိုယ် သိုးကြီးတစ်ကောင်ကို ခစားပေးရင်း သူက ဇိမ်ကျနေချိန်မှာ အဲ့ကောင်လေးက အသည်းနှလုံးမဲ့နေလို့ ပါးစပ်ဟပြီး ကိုယ့်ကို ကိုက်ပစ်လိုက်တာလေ"
ရန်ကျားလိမှာ ရှက်ရွံ့သွားရင်း မျက်နှာကြီးက ခဏတွင်းချင်း နီရဲလာသည်။
ယဲ့ထင်၏ လက်ဖဝါးကို ခပ်ပြင်းပြင်း ရိုက်ချလိုက်ကာ ရန်ကျားလိက တစ်ကိုယ်တည်း ရေရွတ်သည်။
"ဘယ်သူက အဲ့သွားရာကို ပြောနေလို့လဲ။ ငါ ပြောတာက....မင်းကြည့်၊ ကိုယ့်ဘာသာကိုယ် မှန်ထဲမှာ ကြည့်ကြည့်၊ ငါက ဒီအနီအမှတ် အကွင်းလိုက်ကြီးကို ပြောနေတာ။ ငါကြည့်လိုက်တော့ မင်းအမေ ပေးထားတာက အက်ခရီလစ်ကြီး။ မင်း အဲ့ချည်ထည်ကို ဝတ်ရတာ အဆင်မပြေဘူး ထင်လို့၊ အဲ့ဒါကြောင့်၊ ဟီးဟီး"
ရန်ကျားလိသည် စက္ကူအိတ်ကို ယဲ့ထင်ထံ ပေးလိုက်သည်။
ယဲ့ထင်က လက်ခံယူလိုက်သောအခါ ရန်ကျားလိက နောက်တစ်ကြောင်း ထပ်လောင်း ပြောဆိုသည်။
"သိုးမွေးချည်၊ အရမ်းနွေးပြီး ဝတ်ရတာလည်း အရမ်း သက်တောင့်သက်သာရှိတယ်။ ပြီးတော့ ငါကိုယ်တိုင် ထိုးထားတာ"
ယဲ့ထင်သည် ရန်ကျားလိ လက်နှင့်ကိုယ်တိုင် ထိုးထားသည်ဟု ကြားသည်နှင့် ရန်ကျားလိ လက်ကို ကတိုက်ကရိုက် ဆွဲယူကြည့်သည်။
ရန်ကျားလိက ကျစ်စုတ်သပ်ပြီး သူ့ကို ဖယ်လိုက်ကာ တောက်ပစွာ ပြုံးရင်းဆိုသည်။
"မကြည့်နဲ့တော့၊ ဒဏ်ရာ မရပါဘူး။ ဖေဖေက လုပ်တတ်ကိုင်တတ်ပါတယ်။ မူလတန်းကတည်းက မိန်းကလေးတွေကို ကျော်လွန်ပြီး ငါတို့အတန်းထဲမှာ ဆရာကြီး ဖြစ်လာခဲ့တာပါနော်၊ မင်း စိတ်ချ"
ယဲ့ထင်လည်း ထိုအခါမှသာ စိတ်သက်သာရာ ရသွားသည်။
သူ စက္ကူအိတ်ကို ဖွင့်တော့မည့် အချိန်တွင် ရန်ကျားလိက ရုတ်တရက် သူ့ကို အုပ်ကိုင်လိုက်ပြီး လူရည်လည်စွာ ပြုံးနေရင်း
"မင်းငါ့ကို အရင် ကတိပေး၊ ဒီမာဖလာကို မကြိုက်ရင်လည်း မလွှင့်ပစ်ပါဘူးလို့၊ သေချာပေါက် ဝတ်ထားပါမယ်လို့"
ယဲ့ထင်က တလေးတနက် ခေါင်းညိတ်သည်။
မာဖလာကို မဆိုထားနှင့်၊ ရန်ကျားလိ သက်နှင်းတာသာဖြစ်လျှင် စပါးစိုက်ရာတွင် အသုံးပြုသည့် ကောက်ရိုးဦးထုပ်ကိုပင် သူ ဆောင်းလိုက်ပါဦးမည်။
သူ စက္ကူအိတ်ကို တဖြည်းဖြည်းချင်း ဖွင့်လိုက်သောအခါ အထဲတွင် ဖြူဖွဖွ မာဖလာကို ထည့်ထားလေသည်။
ယဲ့ထင်သည် တစ်ခဏလောက် ပွတ်သပ်ပြီးနောက် ကားတံခါးကိုဖွင့်ပြီး ဆင်းလာကာ ရန်ကျားလိအား ကိုယ်တိုင် သူ့(ယဲ့ထင်)ကိုယ်ပေါ် ဝတ်ဆင်ခိုင်းစေသည်။
ရန်ကျားလိသည် ရွှင်ပျပျနှင့် ယဲ့ထင်လည်ပင်းပေါ် မာဖလာ ပတ်ပေးလာသည်။ ယဲ့ထင်တစ်ယောက် ထိုအခါမှ မာဖလာပေါ်တွင် သိုးထည် ဦးထုပ်လေးကိုပါ တွဲချုပ်ထားကြောင်း တွေ့လိုက်ရသည်။ ဤတင်မက သိုးထုပ်ဦးထုပ်ပေါ်တွင် မွေးပွပွ အဖြူပန်းရောင် သိုးသူငယ် နားရွက်လေး နှစ်စုံက ခေါင်းပေါ်တွင် တွဲကျနေသည်။ ကလေးသူငယ်လိုမျိုး ချစ်စရာကောင်းသည့် ပုံစံမျိုး ရှိနေသည်။
ရန်ကျားလိသည် ထိုကဲ့သို့ ယဲ့ထင်ပုံစံကို ကြည့်နေရင်း သူတစ်ပါးကို နှောင့်ယှက်ကာ ကမြင်းကြော ထရာတွင် အထမြောက် အောင်မြင်သွားသည့် ကလေးလေးလို တဟားဟား အော်ရယ်ရင်း ဗိုက်ပါ နာလာတော့သည်။
ယဲ့ထင်သည် အားကိုးရာမဲ့နေပြီး သူ့ခေါင်းပေါ်ရှိ နားရွက်နှစ်ဖက်ကို ပွတ်သပ်ရင်း အတူတူ လိုက်ပြုံးကာ ခေါင်းခါမိတော့သည်။
သူ၏ ရန်ရန်သည် သူ့အား အဆုံးမရှိသော အံ့သြစရာများကို ထာဝစဥ် ဆောင်ကြဉ်းပေးတတ်ကာ အစဥ်အမြဲ အားပြည့် တက်ကြွနေတတ်သည်။
အပြင်လူ၏ မျက်လုံးထဲတွင် သားရဲကဲ့သို့ အေးစက်ပြီး အကြင်နာမဲ့သည့် ဥက္ကဌယဲ့သည် သိုးသိုးဦးထုပ်ကို ဆောင်း၊ သိုးသိုးပဝါကို ပတ်၊ ရန်ကျားလိ၏ လက်ကိုတွဲရင်း လူထုကြီးက သွားသွားလာလာ ပြုနေသော လမ်းမထက် လျှောက်သွားကာ လမ်းသွားလမ်းလာများ၏ အဓိပ္ပါယ် မသဲကွဲသော နောက်ပြန်လှည့်ကြည့်မှုနှင့် တီးတိုးတီးတိုး ဝေဖန် မှတ်ချက်များကို ခံယူနေခဲ့သည်။
ယဲ့ထင်သည် ထိုအရာများကို လုံးလုံးပင် ဂရုမစိုက်ဘဲ လမ်းခုလတ်တွင် နို့လက်ဖက်ရည်ဆိုင်ထဲ မိန်းကလေးများ ဝေ့ဝိုက်နေကြသည့်ကြားမှ ကိုယ်တိုင်ကိုယ်ကျပင် သွားတန်းစီလိုက်သေးသည်။ ၎င်းမှာ ရန်ကျားလိအတွက် ပူပူနွေးနွေး ပျားရည်ချိုချို နို့သာကူ ဝယ်ပေးမလို့ပင်။
သူပြန်လာသောအခါ နှင်းစက်ပွင့်များ ကျဆင်းနေသည်။
ယခုနှစ် ဆောင်းရာသီ၏ ပထမဆုံးသော နှင်းစက်များပင်။
လမ်းသွားလမ်းလာများက အသီးသီး လက်ကိုင်ဖုန်းများ ထုတ်လာကြပြီး ကောင်းကင်ပေါ်မှ ပြိုကျလာသော နှင်းစက်များကို ဓာတ်ပုံရိုက်ယူကြသည်။
ရန်ကျားလိက ယဲ့ထင်၏ သိုးနားရွက်ကို ကိုင်လိုက်ကာ ခပ်တိုးတိုးလေး ပြောလာသည်။
"ထင်ကော၊ ကျွန်တော်တို့ နောက်တစ်နှစ် ပြည့်တော့မယ်နော်"
"ပေါင်ပေါင်း၊ နောက်တစ်နှစ်ပြည့်လည်း"
ယဲ့ထင်က ရန်ကျားလိ နားရွက်နား ကပ်သွားပြီး တိတ်တိတ်ကလေး ရန်ကျားလိ ဦးခေါင်းကို တွန်းတိုက်လိုက်ကာ နွေးထွေးစွာ ပြုံးလိုက်ရင်း ချဥ်စူးစူး စကားကို ပြောလာသည်။
"....မင်းကို ချစ်နေဆဲပဲ၊ ဟိုးအရင်တုန်းက အတိုင်း"
ရန်ကျားလိသည် ပြုံးရွှင်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။
သူ ယဲ့ထင် ရင်ခွင်ထက် မှီဝဲလိုက်သောအခါ ကွဲကြေသွားသော နှင်းပွင့်များက သူ့မျက်တောင်ပေါ် တိတ်တခိုးလေး နားခိုလာကြသည်။
ရန်ကျားလိ၏ ဦးခေါင်းက ယဲ့ထင်၏ သိုးမွေးထည် မာဖလာပေါ် ပွတ်သပ်မိသောအခါ နွေးထွေးသွားသည်။ နို့သာကူက ဝမ်းဗိုက်ထဲ ဆင်းသက်လာသောအခါ ပူနွေးပြီး ချိုမြိန်သည်။ နားရွက်ကလေးဖြင့် ယဲ့ထင်၏ နှလုံးခုန်သံကို နားထောင်လိုက်ရာတွင်တော့ နွေးထွေးပြီး တည်ငြိမ်နေ၍ လူကို တုနှိုင်းမရှိ စိတ်အေးစေသည်။
ရန်ကျားလိ စဥ်းစားသည်။ ဤကမ္ဘာတွင် ဤအရာထက် ပိုမိုလှပ ပြည့်စုံသောအရာ မရှိတော့ပြီ ဟူ၍။
__________
အခြားအရာများနှင့် အလုပ်ရှုပ်ပြီးသည့်အခါ ရန်ကျားလိ၏ ဘဝသည်လည်း တဖြည်းဖြည်းနှင့် ပုံမှန်လမ်းကြောင်းပေါ် ပြန်ရောက်လာခဲ့သည်။
ယဲ့ထင်နှင့် ရှက်စရာ ကောင်းလောက်အောင် ကျူးလွန်နေခြင်းအပြင် ရန်ကျားလိသည်လည်း သူ့အလုပ်အတွက် သေသေချာချာ စဥ်းစားပြီး အစီအစဥ်ဆွဲနေပြီဖြစ်သည်။
သက်ရှိ သတ္တဝါအားလုံး၏ ဖခင်ဖြစ်လိုသော စိတ်ဆန္ဒရှိသည့် ယောက်ျားတစ်ယောက်သည် အိမ်မွေးတိရစ္ဆာန် ဖြစ်ရခြင်းကို ဘယ်သောအခါမှ လက်ခံမည်မဟုတ်ပေ။
ရန်ကျားလိသည် ထိုသို့စဥ်းစားမိသောအခါ မိမိကိုယ့်ကိုယ် အတော်လေး စိတ်အားထက်သန်သည်ဟု ခံစားလိုက်ရပြီး အလွန် စိတ်လှုပ်ရှားမိ၍ ဖခင်တစ်ယောက်၏ မျက်ရည်ပူများကို သုတ်ပစ်လိုက်သည်။
တိုက်ဆိုင်စွာပင်၊ ယခင်က တစ်ကြိမ်သာ ပါဝင်ခဲ့ဖူးသော အစီအစဥ်က သူတို့ထံ ဖိတ်ကြားစာ ပို့လာသည်။ ရန်ကျားလိလည်း ချက်ချင်း သဘောတူလိုက်ပြီး မိမိက တစ်ဖွဲ့သားလုံးကို ဦးဆောင်ပြီး တက်ရောက်မည်ဟု ပြောလိုက်သည်။
အစီအစဉ် အချိန်ဇယားကို အတည်ပြုပြီးနောက် ရန်ကျားလိက လီတာ့နှင့် လီအော့ကို သတင်းပို့လိုက်သည်။
စဥ်းစားလိုက်ပြီးနောက် ဝမ်ယန်ကိုပါ မက်ဆေ့ချ် ထပ်ပို့လိုက်ကာ သူ့ကို ချိန်းလိုက်ပြီး လေးယောက်သား တရားဝင် တွေ့ဆုံကြကာ ဆွေးနွေး ညှိနှိုင်းကြမည်။
ဝမ်ယန်သည်လည်း ဆေးရုံမှ ဆင်းသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်ပြီး ခန္ဓာကိုယ်သည်လည်း အတော်လေး ကောင်းမွန်လာပြီဖြစ်သည်။
ချိန်းဆိုထားသည့် ထိုနေ့ရက်တွင် နေ့လည် သုံး နာရီဟု သတ်မှတ်ထားခဲ့သော်ငြား ဝမ်ယန်က နောက်ကျလျှင် သူများကို ဒုက္ခပေးမိမည် ဆိုးသည့်အတွက် အိမ်မှ တစ်နာရီ ကတည်းက ထွက်လာသည်။
သူသည် ပထမဆုံး လာခြင်းဖြစ်၍ ဤနေရာကို ထဲထဲဝင်ဝင် မသိသေးပေ။ ခဏလောက် ပတ်နေခဲ့သည့်တိုင် ရန်ကျားလိ မက်ဆေ့ချ်မှာ ပြောထားသည့် လေ့ကျင့်ခန်းကို ရှာမတွေ့ခဲ့။ သူသည် လေ့ကျင့်ခန်းဟု ထင်ရသည့် အခန်းတစ်ခန်းထဲ တွန့်ဆုတ်တွန့်ဆုတ်နှင့် တံခါးတွန်းပြီး ဝင်သွားသည်။
တံခါးဖွင့်ရုံရှိသေး အထဲတွင် ယောက်ျားတစ်ယောက် ရှိသည်ကို တွေ့လိုက်ရသည်။
ထိုအမျိုးသားသည် အပေါ်ပိုင်းတွင် အင်္ကျီလက်ပြတ် ဝတ်ထားပြီး ပြသထားသည်က လက်မောင်းနှစ်ဖက်မှ ကျစ်လျစ်သန်မာသော ကြွက်သားများ။ အောက်ဘက်တွင်ကား မီးခိုးရောင် အားကစား ဘောင်းဘီ ဝတ်ထားသည်။ ကိုယ်နေဟန်ထားမှာ ယောက်ျားလေး မော်ဒယ်လ်အတိုင်း အလွန် ဆွဲဆောင်မှုရှိနေသည်။ သူသည် ဝိတ်မ နေခြင်းဖြစ်ပြီး အလေးကြီးလေးသော ဝိတ်တုံးကို ကိုင်ထားသည်။ ရင့်ကျက်ပြီး အလွန် ယောက်ျားဆန်သည့် သူ့မျက်နှာထက် ချွေးပူများက တီးတီးတောက်တောက် ကျဆင်းနေသည်။ အင်အားသုံးရသော အားကစားကြောင့် အကြည့်များက အထူးသဖြင့် ရန်မူနေ၏။
ဝမ်ယန်က ထိုအမျိုးသားကို မြင်သောအခါ ဘုမသိ ဘမသိနှင့် ပြောလာသည်။
"မင်္ဂလာပါ၊ ကျွန်တော်က....."
သူ့ စကားတစ်ခွန်း မဆုံးသေးခင်မှာပဲ လေ့ကျင့်ခန်း လုပ်နေသည့် လီတာ့က အလေးမတုံးကို ချလိုက်ပြီး အေးစက်စက်နှင့် ပြောလာသည်။
"ဘယ်သူမင်းကို ဝင်လာခိုင်းလို့လဲ၊ ထွက်သွားစမ်း!"
.
.
.
.
.
စာရေးသူတွင် ပြောစရာရှိသည်။
ယဲ့ခွေးနဲ့ ရန်ရန်က မင်းတို့ပါးစပ်ထဲ ခွေးစာချိုချိုလေးတွေ အလုတ်ကြီးကြီး ထည့်ပေးတော့မယ်။
အဆင်သင့် ဖြစ်ပြီလား၊ ပေါင်ပေ့တို့~
(TN/ အမှန် ခပ်စောစောလေး တင်ပေးမလို့ပဲ၊ type နေတုန်း ဖုန်းက ကြောင်ကြောင်နေတာနဲ့ Wattpad က ခဏထွက်ပြီး ပြန်ဝင်လိုက်တာ စီထားတဲ့ စာတွေပါ ပျက်သွားတယ်။ တော်သေးလို့ အပေါ်ပိုင်းလေးတွေက မပျက်သွားလို့ အောက်ပိုင်းတွေပဲ ပြန် type လိုက်ရတယ်😭😭)
×××
{Zawgyi}
"ထြက္သြားစမ္း"
အမွန္တကယ္ေတာ့ ယဲ့ထင္မွာ စိတ္ခံစားခ်က္ သိပ္ေကာင္းေနသည္ေတာ့ မဟုတ္ေပ။
ငယ္စဉ္ကေလးဘဝမွ အရြယ္ေရာက္ခ်ိန္အထိ သူ႔မိဘမ်ားက သူ႔ကို သိပ္ဂရုစိုက္ခဲ့ၾကျခင္းမရိွ။သူ႔ထံတြင္ မိဘႏွစ္ပါးရိွေသာ္ျငား သူဟာ မိဘမဲ့တစ္ေယာက္လိုသာ ေနထိုင္ခဲ့သည္။
သူသည္ မိဘေမတၲာဆိုသည့္အေပၚ အမွန္တကယ္လည္း အေရးမစိုက္၊ ဂရုမျပဳမိေတာ့။ သို႔ေသာ္ သူ႔အေမက စိတ္ပူပန္ေၾကာင္းကို ဖန္တလဲလဲ ျပသလာၿပီး အက္ခရီလစ္ မာဖလာကို သူ႔ကိုေပး၍ ဝတ္ခိုင္းေစေသာအခါတြင္လည္း ယဲ့ထင္မွာ စိမ္းစိမ္းကားကားႏွင့္ ႏွလံုးသားက ေဝးကြာ ေအးစက္ေနခဲ့သည္။
သူ႔ရဲ့ ေကာင္းမြန္လွတဲ့ မိခင္ဟာ အႏွစ္သံုးဆယ္ တိုင္ေတာ့မွာေတာင္ မိမိသားျဖစ္သူရဲ့ ဓာတ္မတၫ့္မႈကို မသိခဲ့ရွာ။
သားျဖစ္သူ၏ အေၾကာင္းကို တစိုးတစေလးပင္ မသိေသာ္ျငား သူ႔သား၏ အိမ္ေထာင္ေရးႏွင့္ လက္တြဲေဖာ္ အေပၚမွာေတာ့ အလြန္ စိတ္အားထက္သန္စြာျဖင့္ ဝင္ေရာက္စြက္ဖက္ေနခဲ့သည္။
ယဲ့ထင္သည္ စီးကရက္ တစ္လိပ္ ေသာက္ေနရင္း ကားျပတင္း အျပင္ဘက္ရိွ ေပၚလိုက္ေပ်ာက္လိုက္ ျဖစ္ေနသည့္ အသခ်ၤေသာ မီးစင္ေရာင္ဝါမ်ားကို ၾကၫ့္ကာ ၿပံဳးရယ္ရင္း ေခါင္းခါမိသည္။
လက္ထဲမွ ေဆးလိပ္က တစ္ဝက္က်ိဳးက်ိဳးထိ ေလာင္ကြၽမ္းလာေသာအခါ အနည္းငယ္ ေအးစက္ေနေသာ လက္တစ္စံုက အေနာက္မွ ဆန္႔ထြက္လာၿပီး အတင့္ရဲစြာျဖင့္ ယဲ့ထင္၏ မ်က္လံုးမ်ားကို ဖံုးအုပ္လာေလ၏။ ငယ္ရြယ္ပ်ိဳမ်စ္ၿပီး ရႊင္ျမဴးေနေသာ အသံက သူ႔နားထဲတြင္ တီးတိုးတီးတိုးႏွင့္ ျမည္တမ္းလာသည္။
"ငါမင္းအတြက္ ဘာလက္ေဆာင္ ျပင္ထားလဲ မွန္းၾကည့္"
ယဲ့ထင္၏ ႏွလံုးသားက တင္းက်ပ္သြားေသာ္လည္း ရန္က်ားလိ၏ အသံကို ၾကားေသာအခါ ရုတ္တရက္ ႏွလံုးသားက ေျပေလ်ာ့သြားရျပန္သည္။
သူသည္ ရန္က်ားလိ၏ လက္ကိုဆြဲလိုက္ၿပီး လက္ဖဝါးထဲ ဆုပ္ကိုင္ထားကာ မိမိလက္ဖဝါးမွ ေနြးေထြးမႈႏွင့္ အၾကင္သူကိုပါ ေနြးေထြးေစသည္။ တစ္ဆက္တည္း ေခါင္းလွည့္ၾကည့္လိုက္ေသာအခါ ရန္က်ားလိ၏ ၿပံဳးရိပ္သန္းေနေသာ ေတာက္ပသည့္ မ်က္ဝန္းႏွင့္ ႀကံဳဆံုလိုက္ရေလသည္။ မၾကာေသးခင္က ဖန္လင့္ယီ၏ ကိစၥေၾကာင့္ စိတ္ထဲ ခါးသီးေနေသာ္လည္း ရန္က်ားလိကို ေတြ့လိုက္သည္ႏွင့္ ရုတ္ျခည္းဆိုသလို စိတ္အေျခအေနက လံုးဝကို ေကာင္းမြန္သြားရသည္။ ႏွလံုးသားမွာ ေနြဦးေလေျပအလား လက္ဖ်ားခါေလာက္ေအာင္ ေနြးေထြးေနပါေတာ့သည္။
သိုးဟူသည္ ကမ႓ာႀကီးကို အေနြးဓာတ္မ်ားကို ေဆာင္ၾကဉ္း အေပးဆံုးေသာ တိရစၧာန္မ်ား ျဖစ္ၾကသည္။
အထူးသျဖင့္ သူ႔အိမ္မွာ ေမြးထားသည့္ သိုးႀကီးပင္။
ယဲ့ထင္သည္ ၿပံဳးလိုက္ၿပီး ရန္က်ားလိ၏ နားရြက္ကို ပြတ္သပ္လိုက္ကာ ေနြးေနြးေထြးေထြး ဆိုသည္။
"ဘယ္လိုလုပ္ ကားထဲမွာ တိတ္တိတ္ေလး ပုန္းေနရတာလဲ"
ရန္က်ားလိက ႏႈတ္ခမ္းတြန္႔လိုက္ၿပီး
"မင္းငါ့ကို စိတ္မပူပါနဲ႔.....မင္းရဲ့ အဘိုးနဲ႔ အေဖအေမကို ေလယာဥ္ေပၚ ပို႔ၿပီးသြားၿပီေပါ့?"
ယဲ့ထင္က ေခါင္းညိတ္သည္။
ရန္က်ားလိက သက္ျပင္းရွည္ရွည္ ခ်လိုက္သည္။ မိသားစု အႀကီးအကဲမ်ားႏွင့္ ေတြ့ဆံုၿပီးၿပီဟု မွတ္ယူ၍ ရသြား၍ျဖစ္သည္။
အသိျပန္ဝင္လာေသာအခါ ယဲ့ထင္နားရြက္နား ထပ္ကပ္လိုက္ၿပီး ၿပံဳးစစႏွင့္ ေမးသည္။
"ငါ့ကို ျပန္မေျဖရေသးဘူးေနာ္။ ငါမင္းအတြက္ ဘာလက္ေဆာင္ ျပင္ထားလဲ ခန္႔မွန္းၾကည့္ပါဆို"
ယဲ့ထင္က ေခါင္းယမ္းလိုက္ကာ
"ကိုယ္ မခန္႔မွန္းႏိုင္ဘူး"
ရန္က်ားလိက သတိေပးသလိုႏွင့္ ဟမ္သံျပဳျပီး မ်က္လံုးမ်ား က်ဥ္းေျမာင္းလာသည္ကို ျမင္ေသာအခါ ယဲ့ထင္က မ်က္ေတာင္ ပုတ္ခတ္ ပုတ္ခတ္ႏွင့္ ကမန္းကတန္း ေနာက္တစ္ေၾကာင္း ထပ္ေပါင္းသည္။
"ဒါေပမဲ့ မင္းဘာေပးေပး ကိုယ္ သေဘာက်ပါတယ္"
ရန္က်ားလိက ဂုဏ္ယူဝမ္းေျမာက္စြာႏွင့္ ဟြန္းဟြန္းဟု အသံထြက္လာကာ ယဲ့ထင္ကို စေနာက္ေနဖို႔ရန္လည္း စိတ္မပါ၍ မိမိ၏ ေက်ာပိုးအိတ္ထဲမွ စကၠူအိတ္ တစ္အိတ္ ထုတ္လာ၏။
သူ႔မ်က္လံုးထဲ အလင္းေရာင္မ်ား ဖိတ္ဖိတ္ေတာက္ေနလ်က္ႏွင့္
"ငါမင္းအတြက္ မာဖလာတစ္ထည္ ျပင္ေပးထားတာ"
ယဲ့ထင္က အနည္းငယ္ လန္႔သြားၿပီး စူးစမ္းသလို
ေမးလာသည္။
"ဘယ္လိုျဖစ္လို႔ ရုတ္တရက္ႀကီး ကိုယ့္ကို မာဖလာ ေပးမယ္လို႔ စဥ္းစားမိသြားတာလဲ"
ရန္က်ားလိက ေျပာသည္။
"အရင္က မင္းအေမက အဲ့အျပာရင့္ေရာင္ မာဖလာကိုပဲ အၿမဲ ဝတ္ခိုင္းေနခဲ့တာမလား။ ငါၾကည့္ေနတာ မင္းက ဝတ္တာ ဘယ္ေလာက္မွ မၾကာေသးဘဲ ခြၽတ္ခြၽတ္ေနလို႔။ ၿပီးေတာ့ လည္ပင္းကိုလည္း အၿမဲ ကုတ္ကုတ္ေနတယ္ေလ။ အရင္ရက္ေတြတုန္းက ငါတို႔ ဟိုဟာလုပ္ၿပီးေတာ့ မင္းလည္ပင္းမွာ အနီေရာင္ အမွတ္ေတြ့လိုက္လို႔...."
ယဲ့ထင္က ေကာ္လံကိုခြၽတ္ၿပီး လည္ပင္းကို ျပသလာသည္။
သူသည္ ထိုေနရာမွ အနီေရာင္ အမွတ္ကို ၫႊန္ျပလိုက္ၿပီး ရယ္ရင္းေျပာလာသည္။
"မင္းက ဒီဟာကို ေျပာတာလား။ ဒါက မာဖလာေၾကာင့္ မဟုတ္ပါဘူး။ အဲ့ဒါက တစ္ညတုန္းက ကိုယ္ သိုးႀကီးတစ္ေကာင္ကို ခစားေပးရင္း သူက ဇိမ္က်ေနခ်ိန္မွာ အဲ့ေကာင္ေလးက အသည္းႏွလံုးမဲ့ေနလို႔ ပါးစပ္ဟၿပီး ကိုယ့္ကို ကိုက္ပစ္လိုက္တာေလ"
ရန္က်ားလိမွာ ရွက္ရြံ႔သြားရင္း မ်က္ႏွာႀကီးက ခဏတြင္းခ်င္း နီရဲလာသည္။
ယဲ့ထင္၏ လက္ဖဝါးကို ခပ္ျပင္းျပင္း ရိုက္ခ်လိုက္ကာ ရန္က်ားလိက တစ္ကိုယ္တည္း ေရရြတ္သည္။
"ဘယ္သူက အဲ့သြားရာကို ေျပာေနလို႔လဲ။ ငါ ေျပာတာက....မင္းၾကည့္၊ ကိုယ့္ဘာသာကိုယ္ မွန္ထဲမွာ ၾကည့္ၾကည့္၊ ငါက ဒီအနီအမွတ္ အကြင္းလိုက္ႀကီးကို ေျပာေနတာ။ ငါၾကည့္လိုက္ေတာ့ မင္းအေမ ေပးထားတာက အက္ခရီလစ္ႀကီး။ မင္း အဲ့ခ်ည္ထည္ကို ဝတ္ရတာ အဆင္မေျပဘူး ထင္လို႔၊ အဲ့ဒါေၾကာင့္၊ ဟီးဟီး"
ရန္က်ားလိသည္ စကၠူအိတ္ကို ယဲ့ထင္ထံ ေပးလိုက္သည္။
ယဲ့ထင္က လက္ခံယူလိုက္ေသာအခါ ရန္က်ားလိက ေနာက္တစ္ေၾကာင္း ထပ္ေလာင္း ေျပာဆိုသည္။
"သိုးေမြးခ်ည္၊ အရမ္းေနြးၿပီး ဝတ္ရတာလည္း အရမ္း သက္ေတာင့္သက္သာရိွတယ္။ ၿပီးေတာ့ ငါကိုယ္တိုင္ ထိုးထားတာ"
ယဲ့ထင္သည္ ရန္က်ားလိ လက္ႏွင့္ကိုယ္တိုင္ ထိုးထားသည္ဟု ၾကားသည္ႏွင့္ ရန္က်ားလိ လက္ကို ကတိုက္ကရိုက္ ဆြဲယူၾကည့္သည္။
ရန္က်ားလိက က်စ္စုတ္သပ္ၿပီး သူ႔ကို ဖယ္လိုက္ကာ ေတာက္ပစြာ ၿပံဳးရင္းဆိုသည္။
"မၾကည့္နဲ႔ေတာ့၊ ဒဏ္ရာ မရပါဘူး။ ေဖေဖက လုပ္တတ္ကိုင္တတ္ပါတယ္။ မူလတန္းကတည္းက မိန္းကေလးေတြကို ေက်ာ္လြန္ၿပီး ငါတို႔အတန္းထဲမွာ ဆရာႀကီး ျဖစ္လာခဲ့တာပါေနာ္၊ မင္း စိတ္ခ်"
ယဲ့ထင္လည္း ထိုအခါမွသာ စိတ္သက္သာရာ ရသြားသည္။
သူ စကၠူအိတ္ကို ဖြင့္ေတာ့မည့္ အခ်ိန္တြင္ ရန္က်ားလိက ရုတ္တရက္ သူ႔ကို အုပ္ကိုင္လိုက္ၿပီး လူရည္လည္စြာ ၿပံဳးေနရင္း
"မင္းငါ့ကို အရင္ ကတိေပး၊ ဒီမာဖလာကို မႀကိဳက္ရင္လည္း မလႊင့္ပစ္ပါဘူးလို႔၊ ေသခ်ာေပါက္ ဝတ္ထားပါမယ္လို႔"
ယဲ့ထင္က တေလးတနက္ ေခါင္းညိတ္သည္။
မာဖလာကို မဆိုထားႏွင့္၊ ရန္က်ားလိ သက္ႏွင္းတာသာျဖစ္လ်ွင္ စပါးစိုက္ရာတြင္ အသံုးျပဳသည့္ ေကာက္ရိုးဦးထုပ္ကိုပင္ သူ ေဆာင္းလိုက္ပါဦးမည္။
သူ စကၠူအိတ္ကို တျဖည္းျဖည္းခ်င္း ဖြင့္လိုက္ေသာအခါ အထဲတြင္ ျဖဴဖြဖြ မာဖလာကို ထည့္ထားေလသည္။
ယဲ့ထင္သည္ တစ္ခဏေလာက္ ပြတ္သပ္ၿပီးေနာက္ ကားတံခါးကိုဖြင့္ၿပီး ဆင္းလာကာ ရန္က်ားလိအား ကိုယ္တိုင္ သူ႔(ယဲ့ထင္)ကိုယ္ေပၚ ဝတ္ဆင္ခိုင္းေစသည္။
ရန္က်ားလိသည္ ရႊင္ပ်ပ်ႏွင့္ ယဲ့ထင္လည္ပင္းေပၚ မာဖလာ ပတ္ေပးလာသည္။ ယဲ့ထင္တစ္ေယာက္ ထိုအခါမွ မာဖလာေပၚတြင္ သိုးထည္ ဦးထုပ္ေလးကိုပါ တြဲခ်ဳပ္ထားေၾကာင္း ေတြ့လိုက္ရသည္။ ဤတင္မက သိုးထုပ္ဦးထုပ္ေပၚတြင္ ေမြးပြပြ အျဖဴပန္းေရာင္ သိုးသူငယ္ နားရြက္ေလး ႏွစ္စံုက ေခါင္းေပၚတြင္ တြဲက်ေနသည္။ ကေလးသူငယ္လိုမ်ိဳး ခ်စ္စရာေကာင္းသည့္ ပံုစံမ်ိဳး ရိွေနသည္။
ရန္က်ားလိသည္ ထိုကဲ့သို႔ ယဲ့ထင္ပံုစံကို ၾကည့္ေနရင္း သူတစ္ပါးကို ေနွာင့္ယွက္ကာ ကျမင္းေၾကာ ထရာတြင္ အထေျမာက္ ေအာင္ျမင္သြားသည့္ ကေလးေလးလို တဟားဟား ေအာ္ရယ္ရင္း ဗိုက္ပါ နာလာေတာ့သည္။
ယဲ့ထင္သည္ အားကိုးရာမဲ့ေနၿပီး သူ႔ေခါင္းေပၚရိွ နားရြက္ႏွစ္ဖက္ကို ပြတ္သပ္ရင္း အတူတူ လိုက္ၿပံဳးကာ ေခါင္းခါမိေတာ့သည္။
သူ၏ ရန္ရန္သည္ သူ႔အား အဆံုးမရိွေသာ အံ့ၾသစရာမ်ားကို ထာဝစဥ္ ေဆာင္ၾကဉ္းေပးတတ္ကာ အစဥ္အၿမဲ အားျပည့္ တက္ႂကြေနတတ္သည္။
အျပင္လူ၏ မ်က္လံုးထဲတြင္ သားရဲကဲ့သို႔ ေအးစက္ၿပီး အၾကင္နာမဲ့သည့္ ဥကၠဌယဲ့သည္ သိုးသိုးဦးထုပ္ကို ေဆာင္း၊ သိုးသိုးပဝါကို ပတ္၊ ရန္က်ားလိ၏ လက္ကိုတြဲရင္း လူထုႀကီးက သြားသြားလာလာ ျပဳေနေသာ လမ္းမထက္ ေလ်ွာက္သြားကာ လမ္းသြားလမ္းလာမ်ား၏ အဓိပၸါယ္ မသဲကြဲေသာ ေနာက္ျပန္လွည့္ၾကည့္မႈႏွင့္ တီးတိုးတီးတိုး ေဝဖန္ မွတ္ခ်က္မ်ားကို ခံယူေနခဲ့သည္။
ယဲ့ထင္သည္ ထိုအရာမ်ားကို လံုးလံုးပင္ ဂရုမစိုက္ဘဲ လမ္းခုလတ္တြင္ ႏို႔လက္ဖက္ရည္ဆိုင္ထဲ မိန္းကေလးမ်ား ေဝ့ဝိုက္ေနၾကသည့္ၾကားမွ ကိုယ္တိုင္ကိုယ္က်ပင္ သြားတန္းစီလိုက္ေသးသည္။ ၄မွာ ရန္က်ားလိအတြက္ ပူပူေနြးေနြး ပ်ားရည္ခ်ိဳခ်ိဳ ႏို႔သာကူ ဝယ္ေပးမလို႔ပင္။
သူျပန္လာေသာအခါ ႏွင္းစက္ပြင့္မ်ား က်ဆင္းေနသည္။
ယခုႏွစ္ ေဆာင္းရာသီ၏ ပထမဆံုးေသာ ႏွင္းစက္မ်ားပင္။
လမ္းသြားလမ္းလာမ်ားက အသီးသီး လက္ကိုင္ဖုန္းမ်ား ထုတ္လာၾကၿပီး ေကာင္းကင္ေပၚမွ ၿပိဳက်လာေသာ ႏွင္းစက္မ်ားကို ဓာတ္ပံုရိုက္ယူၾကသည္။
ရန္က်ားလိက ယဲ့ထင္၏ သိုးနားရြက္ကို ကိုင္လိုက္ကာ ခပ္တိုးတိုးေလး ေျပာလာသည္။
"ထင္ေကာ၊ ကြၽန္ေတာ္တို႔ ေနာက္တစ္ႏွစ္ ျပည့္ေတာ့မယ္ေနာ္"
"ေပါင္ေပါင္း၊ ေနာက္တစ္ႏွစ္ျပည့္လည္း"
ယဲ့ထင္က ရန္က်ားလိ နားရြက္နား ကပ္သြားၿပီး တိတ္တိတ္ကေလး ရန္က်ားလိ ဦးေခါင္းကို တြန္းတိုက္လိုက္ကာ ေနြးေထြးစြာ ၿပံဳးလိုက္ရင္း ခ်ဥ္စူးစူး စကားကို ေျပာလာသည္။
"....မင္းကို ခ်စ္ေနဆဲပဲ၊ ဟိုးအရင္တုန္းက အတိုင္း"
ရန္က်ားလိသည္ ၿပံဳးရႊင္စြာျဖင့္ မ်က္လံုးမ်ားကို မိွတ္လိုက္သည္။
သူ ယဲ့ထင္ ရင္ခြင္ထက္ မွီဝဲလိုက္ေသာအခါ ကြဲေၾကသြားေသာ ႏွင္းပြင့္မ်ားက သူ႔မ်က္ေတာင္ေပၚ တိတ္တခိုးေလး နားခိုလာၾကသည္။
ရန္က်ားလိ၏ ဦးေခါင္းက ယဲ့ထင္၏ သိုးေမြးထည္ မာဖလာေပၚ ပြတ္သပ္မိေသာအခါ ေနြးေထြးသြားသည္။ ႏို႔သာကူက ဝမ္းဗိုက္ထဲ ဆင္းသက္လာေသာအခါ ပူေနြးၿပီး ခ်ိဳၿမိန္သည္။ နားရြက္ကေလးျဖင့္ ယဲ့ထင္၏ ႏွလံုးခုန္သံကို နားေထာင္လိုက္ရာတြင္ေတာ့ ေနြးေထြးၿပီး တည္ၿငိမ္ေန၍ လူကို တုႏိႈင္းမရိွ စိတ္ေအးေစသည္။
ရန္က်ားလိ စဥ္းစားသည္။ ဤကမ႓ာတြင္ ဤအရာထက္ ပိုမိုလွပ ျပည့္စံုေသာအရာ မရိွေတာ့ၿပီ ဟူ၍။
__________
အျခားအရာမ်ားႏွင့္ အလုပ္ရႈပ္ၿပီးသည့္အခါ ရန္က်ားလိ၏ ဘဝသည္လည္း တျဖည္းျဖည္းႏွင့္ ပံုမွန္လမ္းေၾကာင္းေပၚ ျပန္ေရာက္လာခဲ့သည္။
ယဲ့ထင္ႏွင့္ ရွက္စရာ ေကာင္းေလာက္ေအာင္ က်ူးလြန္ေနျခင္းအျပင္ ရန္က်ားလိသည္လည္း သူ႔အလုပ္အတြက္ ေသေသခ်ာခ်ာ စဥ္းစားၿပီး အစီအစဥ္ဆြဲေနၿပီျဖစ္သည္။
သက္ရိွ သတၲဝါအားလံုး၏ ဖခင္ျဖစ္လိုေသာ စိတ္ဆႏၵရိွသည့္ ေယာက္်ားတစ္ေယာက္သည္ အိမ္ေမြးတိရစၧာန္ ျဖစ္ရျခင္းကို ဘယ္ေသာအခါမွ လက္ခံမည္မဟုတ္ေပ။
ရန္က်ားလိသည္ ထိုသို႔စဥ္းစားမိေသာအခါ မိမိကိုယ့္ကိုယ္ အေတာ္ေလး စိတ္အားထက္သန္သည္ဟု ခံစားလိုက္ရၿပီး အလြန္ စိတ္လႈပ္ရွားမိ၍ ဖခင္တစ္ေယာက္၏ မ်က္ရည္ပူမ်ားကို သုတ္ပစ္လိုက္သည္။
တိုက္ဆိုင္စြာပင္၊ ယခင္က တစ္ႀကိမ္သာ ပါဝင္ခဲ့ဖူးေသာ အစီအစဥ္က သူတို႔ထံ ဖိတ္ၾကားစာ ပို႔လာသည္။ ရန္က်ားလိလည္း ခ်က္ခ်င္း သေဘာတူလိုက္ၿပီး မိမိက တစ္ဖြဲ႔သားလံုးကို ဦးေဆာင္ၿပီး တက္ေရာက္မည္ဟု ေျပာလိုက္သည္။
အစီအစဉ္ အခ်ိန္ဇယားကို အတည္ျပဳျပီးေနာက္ ရန္က်ားလိက လီတာ့ႏွင့္ လီေအာ့ကို သတင္းပို႔လိုက္သည္။
စဥ္းစားလိုက္ၿပီးေနာက္ ဝမ္ယန္ကိုပါ မက္ေဆ့ခ်္ ထပ္ပို႔လိုက္ကာ သူ႔ကို ခ်ိန္းလိုက္ၿပီး ေလးေယာက္သား တရားဝင္ ေတြ့ဆံုၾကကာ ေဆြးေနြး ၫွိႏိႈင္းၾကမည္။
ဝမ္ယန္သည္လည္း ေဆးရံုမွ ဆင္းသည္မွာ ရက္အနည္းငယ္ ရိွၿပီျဖစ္ၿပီး ခႏၶာကိုယ္သည္လည္း အေတာ္ေလး ေကာင္းမြန္လာၿပီျဖစ္သည္။
ခ်ိန္းဆိုထားသည့္ ထိုေန့ရက္တြင္ ေန့လည္ သံုး နာရီဟု သတ္မွတ္ထားခဲ့ေသာ္ျငား ဝမ္ယန္က ေနာက္က်လ်ွင္ သူမ်ားကို ဒုကၡေပးမိမည္ ဆိုးသည့္အတြက္ အိမ္မွ တစ္နာရီ ကတည္းက ထြက္လာသည္။
သူသည္ ပထမဆံုး လာျခင္းျဖစ္၍ ဤေနရာကို ထဲထဲဝင္ဝင္ မသိေသးေပ။ ခဏေလာက္ ပတ္ေနခဲ့သည့္တိုင္ ရန္က်ားလိ မက္ေဆ့ခ်္မွာ ေျပာထားသည့္ ေလ့က်င့္ခန္းကို ရွာမေတြ့ခဲ့။ သူသည္ ေလ့က်င့္ခန္းဟု ထင္ရသည့္ အခန္းတစ္ခန္းထဲ တြန္႔ဆုတ္တြန္႔ဆုတ္ႏွင့္ တံခါးတြန္းၿပီး ဝင္သြားသည္။
တံခါးဖြင့္ရံုရိွေသး အထဲတြင္ ေယာက္်ားတစ္ေယာက္ ရိွသည္ကို ေတြ့လိုက္ရသည္။
ထိုအမ်ိဳးသားသည္ အေပၚပိုင္းတြင္ အက်ႌလက္ျပတ္ ဝတ္ထားၿပီး ျပသထားသည္က လက္ေမာင္းႏွစ္ဖက္မွ က်စ္လ်စ္သန္မာေသာ ႂကြက္သားမ်ား။ ေအာက္ဘက္တြင္ကား မီးခိုးေရာင္ အားကစား ေဘာင္းဘီ ဝတ္ထားသည္။ ကိုယ္ေနဟန္ထားမွာ ေယာက္်ားေလး ေမာ္ဒယ္လ္အတိုင္း အလြန္ ဆြဲေဆာင္မႈရိွေနသည္။ သူသည္ ဝိတ္မ ေနျခင္းျဖစ္ၿပီး အေလးႀကီးေလးေသာ ဝိတ္တံုးကို ကိုင္ထားသည္။ ရင့္က်က္ၿပီး အလြန္ ေယာက္်ားဆန္သည့္ သူ႔မ်က္ႏွာထက္ ေခြၽးပူမ်ားက တီးတီးေတာက္ေတာက္ က်ဆင္းေနသည္။ အင္အားသံုးရေသာ အားကစားေၾကာင့္ အၾကည့္မ်ားက အထူးသျဖင့္ ရန္မူေန၏။
ဝမ္ယန္က ထိုအမ်ိဳးသားကို ျမင္ေသာအခါ ဘုမသိ ဘမသိႏွင့္ ေျပာလာသည္။
"မဂၤလာပါ၊ ကြၽန္ေတာ္က....."
သူ႔ စကားတစ္ခြန္း မဆံုးေသးခင္မွာပဲ ေလ့က်င့္ခန္း လုပ္ေနသည့္ လီတာ့က အေလးမတံုးကို ခ်လိုက္ၿပီး ေအးစက္စက္ႏွင့္ ေျပာလာသည္။
"ဘယ္သူမင္းကို ဝင္လာခိုင္းလို႔လဲ၊ ထြက္သြားစမ္း!"
.
.
.
.
.
စာေရးသူတြင္ ေျပာစရာရိွသည္။
ယဲ့ေခြးနဲ႔ ရန္ရန္က မင္းတို႔ပါးစပ္ထဲ ေခြးစာခ်ိဳခ်ိဳေလးေတြ အလုတ္ႀကီးႀကီး ထည့္ေပးေတာ့မယ္။
အဆင္သင့္ ျဖစ္ၿပီလား၊ ေပါင္ေပ့တို႔~
(TN/ အမွန္ ခပ္ေစာေစာေလး တင္ေပးမလို႔ပဲ၊ type ေနတုန္း ဖုန္းက ေၾကာင္ေၾကာင္ေနတာနဲ႔ Wattpad က ခဏထြက္ၿပီး ျပန္ဝင္လိုက္တာ စီထားတဲ့ စာေတြပါ ပ်က္သြားတယ္။ ေတာ္ေသးလို႔ အေပၚပိုင္းေလးေတြက မပ်က္သြားလို႔ ေအာက္ပိုင္းေတြပဲ ျပန္ type လိုက္ရတယ္😭😭)
×××