ကံကြမ္မာ ဖန်တတ်ပါ့လေ Book I [...

By kilulayuu121

403K 59.8K 1.3K

ဒါလေးက အရမ်းကံဆိုးလွန်းတဲ့ ဇာတ်လိုက်အကြောင်းပါ .... ကံဆိုးလွန်းပေမဲ့ အားလုံးက သူ့ကို ကံကြမ္မာသားတော် ထင်နေတဲ့... More

chapter 1
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (6)
အခန်း (7)
အခန်း (8)
အခန်း (9)
အခန်း (10)
အခန်း (11)
အခန်း (12)
အခန်း (13)
အခန်း (14)
အခန်း (15)
အခန်း (16)
အခန်း (17)
အခန်း (18)
အခန်း (၁၉)
အခန်း (20)
အခန်း (21)
အခန်း (22)
အခန်း (23)
အခန်း (24)
အခန်း (25)
အခန်း (26)
အခန်း (27)
အခန်း (28)
အခန်း (29)
အခန်း (30)
အခန်း (31)
အခန်း (32)
အခန်း (33)
အခန်း (34)
အခန်း (35)
အခန်း (36)
အခန်း (37)
ch (38)
အခန်း (39)
အခန်း (40)
အခန်း (41)
အခန်း (42)
အခန်း (43)
အခန်း (44)
အခန်း (45)
အခန်း (46)
အခန်း (47)
အခန်း (48)
အခန်း (49)
အခန်း 50
အခန်း (51)
အခန်း (52)
အခန်း (53)
အခန်း (54)
အခန်း (55)
အခန်း (56)
အခန်း (57)
အခန်း (58)
အခန်း (59)
အခန်း (60)
အခန်း (61)
အခန်း (62)
အခန်း (63)
အခန်း (64)
အခန်း (65)
အခန်း (66)
အခန်း (67)
အခန်း (68)
အခန်း (69)
အခန်း (70)
အခန်း (71)
အခန်း (72)
အခန်း (73)
အခန်း (74)
အခန်း (75) Book 5 End
အခန်း (76)
အခန်း (77)
အခန်း (78)
အခန်း (79)
အခန်း (80)
အခန်း (81)
အခန်း (82)
အခန်း (83)
အခန်း (84)
အခန်း (85)
အခန်း (86)
အခန်း (87)
အခန်း (88)
အခန်း (89)
အခန်း (90)
အခန်း (91)
အခန်း (92)
အခန်း (93)
အခန်း (94)
အခန်း (95)
အခန်း (96)
အခန်း (97)
အခန်း (98)
အခန်း (99)
အခန်း (100)
အခန်း (101)
အခန်း (102)
အခန်း (103)
အခန်း (104)
အခန်း (105)
အခန်း (106)
အခန်း (107)
အခန်း (108)
အခန်း (109)
အခန်း (110)
အခန်း (111)
အခန်း (112)
အခန်း (113)
အခန်း (114)
အခန်း (115)
အခန်း (116)
အခန်း (117)
အခန်း (118)
အခန်း (119)
အခန်း (120) book 8 End
အခန်း (121)
အခန်း (122)
အခန်း (123)
အခန်း (124)
အခန်း (125)
အခန်း (126)
အခန်း (127)
အခန်း (128)
အခန်း (129)
အခန်း (130)
အခန်း (131)
အခန်း (132)
အခန်း (133)
အခန်း (134)
အခန်း (135) book 9 end
အခန်း (136)
အခန်း (137)
အခန်း (138)
အခန်း (139)
အခန်း (140)
အခန်း (141}
အခန်း (142)
အခန်း (143)
အခန်း (144)
အခန်း (145)
အခန်း (146)
အခန်း (147)
အခန်း (148)
အခန်း (149)
အခန်း (150)
အခန်း (151)
အခန်း (152)
အခန်း (153)
အခန်း (154)
အခန်း (155)
အခန်း (156)
အခန်း (157)
အခန်း (158)
အခန်း (159)
အခန်း (160)
အခန်း (161)
အခန်း (162)
အခန်း (163)
အခန်း (164)
အခန်း (165) Book 11 End
အခန်း (166)
အခန်း (167)
အခန်း (168)
အခန်း (169)
အခန်း (170)
အခန်း (171)
အခန်း (172)
အခန်း (173)
အခန်း (174)
အခန်း (175)
အခန်း (176)
အခန်း (177)
အခန်း (178)
အခန်း (179)
အခန်း (180)
အခန်း (181)
အခန်း (182)
အခန်း (183)
အခန်း (184)
အခန်း (185)
အခန်း (186)
အခန်း (187)
အခန်း (188)
အခန်း (189)
အခန်း (190)
အခန်း (191)
အခန်း (193)
အခန်း (194)
အခန်း (195)
အခန်း (196)
အခန်း (197)
အခန်း (198)
အခန်း (199)
အခန်း (200)

အခန်း (192)

1.3K 195 2
By kilulayuu121

အခန်း (၁၉၂)

တခြားရွေးချယ်စရာ မရှိတော့ဘူး…အရမ်းပူတယ်

 

ရှန်ထျန်းက သူ့ကို ထွက်မသွားစေချင်သည့် မြို့သူ၊ မြို့သားများကို နှုတ်ဆက်ကာ ထွက်ခွာသွားလိုက်သည်။ ပြောပြဖို့ ထိုက်တန်သည့်အရာတစ်ခုက သူ တောင်နက်မြို့တော်ကို ကယ်တင်ပြီးနောက် ထပ်ပေါင်းဆုလာဘ်တစ်ခု ဖြစ်သည့် လျန့်ချန်ကိုလည်း ရရှိခဲ့သည်။

ရှန်ထျန်းက သူ့အမေကို ကယ်တင်ပေးခဲ့သည့်အတွက် လျန့်ချန်က ရှန်ထျန်းနောက်သို့ လိုက်ကာ အစေခံအဖြစ် ကျေးဇူးကြွေးဆပ်မည်ဟု တတွတ်တွတ်ပြောကာ တွယ်ကပ်နေသည်။

ထို့ကြောင့် ရှန်ထျန်း အတော်လေး ဒုက္ခရောက်နေသည်။

မင်းက ငါ့အတွက် ဘာများလုပ်ပေးနိုင်လို့လဲ

ရှန်ထျန်းကလည်း ခပ်မိုက်မိုက်ပုံစံဖမ်းကာ လျန့်ချန်ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ဝင်ရောက်ဖို့ ပြောလိုက်သည်။ သူသာ အထွတ်အမြတ်မြေ၏ တပည့်တစ်ယောက်ဖြစ်လာပါက သူက ရှန်ထျန်းနှင့် ကံစပ်နေဆဲဖြစ်ကြောင်း ဆိုလိုနိုင်သည်။

လျန့်ချန်လိုမျိုး အခြေတည်အဆင့် ကျင့်ကြံသူအတွက် တောင်နက်မြို့တော်မှ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ခရီးနှင်ရန် ထင်သလောက် မရိုးရှင်းပေ။ လျန့်ချန်၏ ကံကြမ္မာအရ သူ တကယ်ပဲ အံ့ဖွယ်မိုးကောင်းကင်သို့ သွားချင်ပါက သူ့အတွက် အရမ်းအန္တရာယ်များလိမ့်မည် မဟုတ်ပေ။

လျန့်ချန်သာ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေသို့ တကယ်ရောက်ရှိပြီး ရှန်ထျန်းကြောင့် ဂိုဏ်းသားတစ်ယောက်ဖြစ်လာပါက သူ၏ အနီရောင်ဖြစ်လုနီးပါး ရောင်ဝါစက်ဝန်းနှင့် အရည်အချင်းများကြောင့် အထွတ်အမြတ်မြေတွင် သူ့ကို ပါရမီရှင်အဖြစ် ဆက်ဆံခံရမည် ဖြစ်သည်။

ပါရမီရှင်တွေကို အမြဲ အလိုရှိနေသည်။

အထွတ်အမြတ်မြေ၏ ကြီးပွားတိုးတက်မှုသည် ကျန်းယွင်ရှီး၊ ကျန်းယွင်ထင်တို့ကဲ့သို့သော ရွှေရောင် ရောင်ဝါစက်ဝန်းပိုင်ရှင် ပြိုင်ဘက်ကင်း ပါရမီရှင်များမရှိဘဲ ဖြစ်လာနိုင်သည့်အရာ မဟုတ်သလို အနီရောင် ရောင်ဝါစက်ဝန်းများ၏ အဓိက ပံ့ပိုးမှုကလည်း အရေးပါနေဆဲ ဖြစ်၏။

ကံကြမ္မာရဲ့ ကောင်းချီးပေးခံထားရတဲ့သူ များလေလေ ပိုကောင်းလေပေါ့

ရှန်ထျန်းက တောင်နက်မြို့မှ ထွက်လာကာ မြောက်ဘက်သို့ ဦးတည်ပျံသန်းရင်း သူ့မှတ်ဉာဏ်ထဲမှ မြင်ကွင်းအတိုင်း ခရီးနှင်နေသည်။ မိုင် ၃၀၀ လောက် ခရီးနှင်ပြီးနောက် တောင်ကြားတစ်ခုကို အောင်မြင်စွာ ရှာတွေ့သွားရသည်။ ခုနစ်စဉ်ကြယ်မြို့တော်မှ မြေပုံကို ကြည့်ပြီး သွားတုန်းက ဘာလို့ လမ်းပျောက်ခဲ့ရလည်းဆိုတာကို ရှန်ထျန်း ကောင်းကောင်းနားလည်သွားသည်။

အဲဒါက အရမ်းကို ဝိုးတိုးဝါးတားဖြစ်လာတာပဲ

တွေ့လား….အခု ငါ့ဆီမှာ အဆင့်အတန်းမြင့်တဲ့ မြေပုံရှိတော့ နေရာကို တိတိကျကျနဲ့ တန်းပြီးတော့ ရှာတွေ့တယ်

ထိုနေရာက တောင်ကတုံးဖြစ်ပြီး ပေါင်းပင်များမှ လွဲပြီး တခြားသက်ရှိများကို မမြင်ရပေ။

ထိုကဲ့သို့သော အခြေအနေမျိုးကို ကျင့်ကြံရေးလောကတွင် ကြုံတွေ့နိုင်ဖို့ ခက်ခဲသည်။ ဝိညာဉ်ကျောက်တုံးများ မရှိသည့် ဆင်းရဲသော ကျင့်ကြံသူများအနေဖြင့် ဝိညာဉ်ချီစုဆောင်းရေးအစီအရင်ကိုသာ အသက်သွင်းပြီး အနီးပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများကို စုကာ ကျင့်ကြံရသည်။

အစီအရင်ကို အသက်သွင်းရတာ အရမ်းဒုက္ခများတယ်လေ…အဲဒါက ပတ်ဝန်းကျင်မှာရှိတဲ့ သက်ရှိဖွဲ့စည်းမှုစနစ်ကို ပျက်စီးသွားစေလို့လေ

တစ်ချိန်တည်းမှာပဲ အကျိုးသက်ရောက်မှုကလည်း ဝိညာဉ်ကျောက်တုံးနှင့် နှိုင်းယှဉ်လို့ပင် မရပေ။ ထို့ကြောင့် အဓိကဂိုဏ်းများ၏ ကျင့်ကြံသူများက ထိုကဲ့သို့သော အရှက်ရစရာ အလုပ်မျိုးကို မလုပ်ကြပေ။ တခြားသူများ သိသွားလျှင် ဂိုဏ်းသိက္ခာကျစေသည်။

သို့သော် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးကဲ့သို့သော နတ်ဆိုးတစ်ကောင်တွင် ထိုကဲ့သို့သော ချုပ်တည်းမှုမျိုး မရှိပေ။ သူက ဆယ်မိုင်အတွင်းရှိ ဝိညာဉ်ချီများကို စုစည်းရန်အတွက် ဝိညာဉ်ချီစုဆောင်းရေးအစီအရင်ကို အသက်သွင်းပြီး ကျင့်ကြံခဲ့သည်။

ထိုကဲ့သို့ လုပ်သော်လည်း သူနှင့် သွေးနတ်ဘုရားကိုယ်ပွားတို့ ကျင့်ကြံနေစဉ် သုံးစွဲမှုအတွက် မလောက်ငှပေ။ လုံလောက်မှု ရှိခဲ့ပါက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးအနေဖြင့် စွန့်စားပြီး တောင်နက်မြို့တော်ကို အမြစ်ဖြတ်သုတ်သင်ဖို့ လုပ်ခဲ့မှာ မဟုတ်ပေ။ ကိုယ်ပွားများ၏ ကျင့်ကြံဆင့်ကို မြှင့်တင်ပေးဖို့အတွက် လူသွေးကို အသုံးပြုချင်ခဲ့ခြင်း ဖြစ်သည်။

ဤတောင်ကတုံးက အရမ်းကြမ်းတမ်းသည့် နေရာဖြစ်သော်လည်း ရှန်ထျန်းက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက သွေးနတ်ဘုရားကျမ်းစာ၏ ဒုတိယစာမျက်နှာကို ဘယ်နေရာမှာ ဖွက်ထားလဲဆိုတာကို အတိအကျ သိထားသည့်အတွက် ရှန်ထျန်း မစိုးရိမ်မိပေ။

ရှန်ထျန်းက သေနတ်စီးနင်းပျံသန်းခြင်းကို အသုံးပြုပြီးနောက် လျှို့ဝှက်တောင်ကြား တံခါးပေါက်ရှေ့တွင် အမြန်ရပ်တန့်လိုက်သည်။ သူ့အကြည့်ထဲမှာလည်း စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည်။

တောင်၌ ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေသည်။ အနီးအနားမှာ ပန်းများ၊ သစ်ပင်များဖြင့် စိမ်းစိုနေပြီး စောနကမြင်ခဲ့ရသော မြင်ကွင်းနှင့် တခြားစီ ဖြစ်နေသည်။

ထိုနေရာက အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး ကျင့်ကြံခဲ့သည့်နေရာ ဖြစ်သည်။ တောင်ကြားဝင်ပေါက်တွင် သွေးနီရောင်အလင်းတန်း ထုတ်လွှတ်နေသော ရိုးရှင်းသော ကာကွယ်ရေးအစီအရင်က ရှိနေဆဲ ဖြစ်၏။

ရှန်ထျန်း အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် လုံယွမ်နတ်ချပ်ဝတ်တန်ဆာ သူ့ကိုယ်ပေါ်တွင် ထပ်ပေါ်လာပြီး သူ့လက်ထဲတွင်လည်း နတ်မိုးကြိုးငါးပါး စွမ်းအားတို့ စုစည်းလာသည်။

“ ၇၀ ရာခိုင်နှုန်း ဓာတ်နှော မိုးကြိုး…လက်သီး”

ဝုန်း…

ရွှေရောင် မိုးကြိုးလုံးက ကောင်းကင်တခွင် ပျံ့နှံ့သွားပြီး အလင်းရောင်လည်း လိုက်ပါလာသည်။ ကြည့်ရသည်မှာ ဤတောင်ကြားကို အားအပြည့်ဖြင့် ထိုးစိုက်ချသည့် ရွှေလှံရှည်သဖွယ်ဖြစ်နေသည်။

အစီအရင်၏ မျက်နှာပြင်က အင်မတန် ကြံ့ခိုင်သော်လည်း လှံရှည်၏ စွမ်းအားပြည့်ထိုးဖောက်မှုကိုတော့ မယှဉ်နိုင်ပေ။

သွေးနီရောင် အလင်းတန်းလည်း ပျက်စီးသွားကာ အဘက်ဘက်သို့ လွင့်စင်သွားသည်။ ရှန်ထျန်းက ဓာတ်နှောမိုးကြိုးလက်သီးကို ထုတ်သုံးလိုက်ပြီးနောက် တောင်ထဲ ဝင်သွားသည်။

ဝှီး…

ငါ နောက်ဆုံးတော့ အထဲရောက်သွားပြီ

ရှန်ထျန်းလည်း သက်ပြင်းချလိုက်မိသည်။

မိုးကြိုးလက်သီး စွမ်းအား ၇၀ ရာခိုင်နှုန်းသုံးလိုက်ခြင်းက မပြင်းထန်ပေ။ သူ အနည်းငယ် ပင်ပန်းသွားသော်လည်း စွမ်းအားရာခိုင်နှုန်းပြည့် သုံးခြင်းထက်တော့ ပိုပြီး သက်သာသည်။

“ အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက ကနဦးဝိညာဉ်အဆင့် နတ်ဆိုးဖြစ်ပေမဲ့လည်း သူ့ရဲ့ ကာကွယ်ရေး အစီအရင်စွမ်းအားကတကယ် အားနည်းတာပဲ”

ရှန်ထျန်း နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။

လူတွေက ပုံမှန်အားဖြင့် သူတို့၏ ခွန်အားနှင့် ကိုက်ညီသော သို့မဟုတ် အားပိုကောင်းသော ကာကွယ်ရေး အစီအရင်များကိုသာ အသုံးပြုလေ့ရှိကြတာလေ…တကယ်လို့ တိုက်ရိုက်တိုက်ခိုက်နိုင်တယ်ဆိုရင် အစီအရင်လုပ်ဖို့အတွက် ဘာလို့အားစိုက်ထုတ်နေရဦးမှာလဲ

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး၏ ကာကွယ်ရေး အစီအရင်က အများဆုံး ၃ ဆင့်မြောက် ရွှေအမြုတေအဆင့် ကျင့်ကြံသူများကိုသာ ဟန့်တားနိုင်သည်။ လူသားမျိုးနွယ်က ဆေးလုံးဖန်တီးခြင်းနှင့် ကာကွယ်ရေးအစီအရင် အသက်သွင်းခြင်းစသော တခြားပညာရပ်အပေါ်တွင် ထူးခြားသော အကျိုးအမြတ်များ ရရှိသည်ဟု ပြောနိုင်သည်။

ဝင်ပေါက်ရှိ ကာကွယ်ရေး အစီအရင်ကို ဖျက်စီးပြီးနောက် ရှန်ထျန်းက တောင်ကြားထဲသို့ ဝင်သွားသည်။ တောင်ကြားထဲ ရောက်ရှိသွားသည့်အခါ နောက်ထပ်ကာကွယ်ရေး အစီအရင်များ မရှိတော့သည်ကို ကြည့်ခြင်းအားဖြင့် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးက သူ့ကာကွယ်ရေး အစီအရင်ပေါ်မှာ အလွန်အမင်း ယုံကြည်မှု ရှိပုံရသည်။

ဒါမှမဟုတ် ဒီတောင်ကြားမှာ တန်ဖိုးရှိတဲ့အရာတွေ မရှိလို့လည်း ဖြစ်နိုင်ပါတယ်

နတ်ရေစင်ဝိညာဉ်အသျှင်၏ နေရာနှင့် ယှဉ်လိုက်လျှင် အထွတ်အထိပ်ရှင် ခြင်နတ်ဆိုး ကျင့်ကြံသည့် နေရာက ရိုးရှင်းပြီး သဘာဝဆန်သည်။ တောင်ကြား အလယ်တွင် အိမ်ငယ်လေးတစ်လုံးသာ ရှိသည်။ ထိုနေရာက ဝိညာဉ်စုဆောင်းခြင်း အစီအရင်၏ ဗဟိုချက်ဖြစ်ပြီး ဝိညာဉ်ချီအများဆုံးကို ထိုနေရာမှာ စုပ်ယူနိုင်သည်။

ရှန်ထျန်းက အိမ်ငယ်လေးရှိရာဆီ မသွားဘဲ ဘေးဖက်ရှိ ကျောက်ဆောင်ဆီ သွားလိုက်သည်။ သူက ညာဘက်လက်ထဲမှ အံ့ဖွယ်ဝါးမျိုနွယ်ပင်က ကျောက်ဆောင်နံရံထဲသို့ ဖောက်ဝင်သွားကာ ပြင်းထန်စွာ မွှေပစ်သည်။

ထို့နောက် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားကာ အထဲမှ ကြက်သွေးရောင် အလင်းတန်း ထွက်ပေါ်လာသည်။ ရှန်ထျန်း အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးဆီမှ ရရှိထားသော သွေးနတ်ဘုရားကျမ်းစာမှ စာရွက်နှင့်တူညီသော နောက်ထပ် အနီရောင် စာရွက်တစ်ရွက် ထွက်လာသည်။

ရှန်ထျန်း ထိုကျမ်းစာ အပိုင်းအစကို သိမ်းပြီးနောက်မှ စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် ချက်ချင်းဆိုသလို သေနတ်ပျံစီးနင်းခြင်းကို အသုံးပြုကာ ထွက်ခွာသွားသည်။

မမျှော်လင့်စွာဖြင့် သူ လမ်းပျောက်တော့မလိုဖြစ်သွားသည်။

ရှန်ထျန်းက တောင်တစ်ခုပေါ်တွင်ရပ်ကာ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို အသုံးပြုကာ မြေအောက် ၁၀၀ မီတာနက်သော ဂူဗိမာန်တစ်ခုကို ဖန်တီးလိုက်သည်။

အဲဒီမှာ အောက်ဆီဂျင်ရော ရှိလားလို့ မမေးနဲ့ … ကျင့်ကြံသူတွေက ဝိညာဉ်ချီထဲမှာ အသက်ရှူကြတာ

ပတ်လည်တွင် တည်နေရာဖုံးကွယ်ရေး အစီအရင်ကို အသက်သွင်းပြီးနောက် ရှန်ထျန်းက ဇာမဏီငှက်မွေးမျက်နှာဖုံးကို ဝတ်ဆင်လိုက်သည်။ အရာအားလုံးအဆင်ပြေတာ သေချာသွားသည့်အခါမှ သွေးနတ်ဘုရားကျမ်းစာ စာရွက်များကို သေချာဂရုတစိုက် ထုတ်လိုက်သည်။

ရှန်ထျန်း၏ ရှေ့တွင် ရှိနေသော သွေးနီရောင် စာမျက်နှာနှစ်ခုက အရမ်း လင်းလက်တောက်ပနေသည်။

တစ်ရွက်ချင်းစီတိုင်းကလည်း ကီလိုဂရမ်ရာချီပြီး အလေးချိန် ရှိတယ်။

ပြီးတော့ သူတို့၏ အရည်အသွေးကလည်း ထူးကဲလို့သာပေါ့ မဟုတ်ရင် ဓားသခင်အမှတ်အသားပြားရဲ့ စွမ်းအားပြည့် တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိလောက်ဘူးလေ

ဤစာရွက်နှစ်ရွက်ကိုသာ သူ့ရင်ဘတ်နှင့် ချိတ်ဆက်နိုင်ပါက ရင်အုပ်ကာ ချပ်ဝတ်ဖြစ်လာနိုင်သည်ဟု ရှန်ထျန်း ခံစားနေမိသည်။

သူ ကျင့်စဉ်ကို လည်ပတ်စေပြီး ရှန်ထျန်းက ညာဘက်လက်ညှိုးမှ သွေးနှစ်စက်ကို ထုတ်ယူလိုက်သည်။ ထိုသွေးနှစ်စက်ကို အနီရောင် စာရွက်နှစ်ရွက်ပေါ်တွင် တစ်စက်စီချလိုက်ပြီးနောက် ချက်ချင်းစုပ်ယူသွားသည်။

ရှန်ထျန်း ရုတ်တရက် ကမ္ဘာကြီးလည်ထွက်သွားသလို ခံစားရပြီးနောက် သူ့ရှေ့ရှိ မြင်ကွင်းကလည်း ချက်ချင်း သွေးပင်လယ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုသွေးပင်လယ်ထဲတွင် ပေါ်လိုက်မြုပ်လိုက်ဖြစ်နေသော သက်ရှိများစွာကို ရှန်ထျန်းတွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပဲ ကျင့်စဉ်၏ ခက်ခဲနက်နဲသော ဂါထာမန္တရားများလည်း ရှန်ထျန်း၏ ခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ သူ့မှတ်ဉာဏ်ထဲမှာ စွဲနေအောင် မှတ်ထားစေသည်။

သွေးနတ်ဘုရားကျမ်းစာ၏ စာမျက်နှာနှစ်ခု ပညာရပ်နှစ်ခု အသီးသီး ထွက်ပေါ်လာကြသည်။

သွေးနတ်ဘုရားကျမ်းစာ၏ ပထမဆုံးစာမျက်နှာတွင် မဟာသွေးဖန်တီးခြင်း ပညာရပ်ကို မှတ်သားထားပြီး အချုပ်အားဖြင့် သွေးကျင့်စဉ် ဖြစ်၏။

ထိုပညာရပ်က ကျင့်ကြံသူ၏ သွေးကို အသုံးပြုကာ နောက်ထပ် ကိုယ်ပွားတစ်ခုဖန်တီးခြင်း ဖြစ်သည်။ အရှိန်အဝါ၊ အမြုတေနှင့် အရာအားလုံးက လူအစစ်၏ ခန္ဓာကိုယ်အတိုင်း တစ်ထပ်တည်း တူညီသော်လည်း သူ့ဆီမှာ အသိစိတ်တော့ မရှိပေ။

သူ့ ကျင့်ကြံဆင့်သည်လည်း သွေးပမာဏ ဘယ်လောက်များများ သုံးထားလဲဆိုသည့်အပေါ်တွင် မူတည်သည်။ သွေးများများသုံးလေလေ ခန္ဓာကိုယ်၏ ကျင့်ကြံဆင့်က ပိုပြီးအားကောင်းလေလေ ဖြစ်သည်။ အများဆုံးအနေဖြင့် ကျင့်ကြံသူ၏ ကျင့်ကြံဆင့် ၇၀ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်သည်။

သွေးအများကြီး သုံးဖို့အတွက် တွေဝေနေပါက ပထမဆုံးအနေဖြင့် အားနည်းသော ကိုယ်ပွားတစ်ခုကို ဖန်တီးကာ ထိုကိုယ်ပွား၏ စွမ်းအားအလျင်အမြန် တိုးတက်လာဖို့အတွက် တခြားလူများ၏ သွေးကို အသုံးပြုလို့လည်း ရသည်။

သို့သော် တခြားသူ၏ သွေးကို စုပ်ယူထားသော ကိုယ်ပွားသည် အပြည့်အဝ သဟဇာတဖြစ်မည် မဟုတ်ပေ။ ထိုကိုယ်ပွားတွင် ကျင့်ကြံသူ၏ စွမ်းအား ၃၀ ရာခိုင်နှုန်းသာ အများဆုံး ပါရှိနိုင်သည်။ အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးအနေဖြင့် သူတစ်ယောက်တည်း၏ သွေးဖြင့် မလုံလောက်သည့်အတွက် တောင်နက်မြို့တော်ရှိ လူများ၏ သွေးကို သူ၏ ခြင်နတ်ဆိုး ကိုယ်ပွားများကို တိုက်ပြီး ခွန်အားတိုးလာအောင် လုပ်ဖို့ စီစဉ်ထားခြင်း ဖြစ်သည်။

ဒုတိယစာမျက်နှာတွင် ပါဝင်သောအရာမှာ မဟာဝိညာဉ်ခွဲ ပညာရပ် ဖြစ်ပြီး အတိုချုံခေါ်လျှင် ဝိညာဉ်ကျင့်စဉ် ဖြစ်၏။ ထိုပညာရပ်ကို အသုံးပြုပြီး ကျင့်ကြံသူ၏ ဝိညာဉ်အပိုင်းအစလေးကို ခွဲထုတ်ကာ သွေးကျင့်စဉ်ဖြင့် လုပ်ထားသော ကိုယ်ပွားထဲသို့ ပေါင်းထည့်နိုင်သည်။

ထိုအခါ ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပွားကို ဝိညာဉ်အပိုင်းအစကို ဖြတ်ပြီး ထိန်းချုပ်နိုင်သည်။ ထိုကဲ့သို့သော ဝိညာဉ်က ရုပ်သေးရုပ်လိုမျိုး ဖြစ်နေပြီး သွေးနတ်ဘုရား၏ သားတော်ဟု ခေါ်ဆိုနိုင်သည်။

သွေးနတ်ဘုရားကျမ်းစာထဲမှ ပညာရပ်ဖြင့် ဖန်တီးထားသော ကိုယ်ပွားက ဝိညာဉ်အသွင်ပြောင်းအဆင့်ရှိ ဝိညာဉ်ကိုယ်ထင်ပြခြင်းနှင့် မတူညီဘဲ ကွဲပြားသည်။

ပထမဆုံးအနေဖြင့် ဝိညာဉ်အသွင်ပြောင်းအဆင့်ရှိ ဝိညာဉ်ကိုယ်ထင်ပြခြင်းက ကိုယ်ပွားစစ်စစ် မဟုတ်ဘဲ တာအို သရုပ်ဖော်ထားသလို အရာမျိုး ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက် ရုပ်လုံးဖော်နိုင်သော တာအိုကိုယ်ပွားအရေအတွက်က ကျင့်ကြံသူအနေဖြင့် တာအို မည်မျှဉာဏ်အလင်းပွင့်ခဲ့လဲဆိုသည့်အပေါ် မူတည်သည်။ သွေးနတ်ဘုရားကျမ်းစာက ကျင့်ကြံသူတစ်ယောက် ဖန်တီးနိုင်သော သွေးနတ်ဘုရားသားတော် အရေအတွက်ကို ကန့်သတ်ထားခြင်း မရှိပေ။ ကျင့်ကြံသူအနေဖြင့် သွေးဆုံးရှုံးခြင်းနှင့် စိတ်ဝိညာဉ်မောပန်းမှုကိုသာ ခံနိုင်ရည်ရှိပါက သွေးနတ်ဘုရားသားတော်ကို မရပ်မနား ဖန်တီးနေလို့ရသည်။

ဒုတိယအချက်အနေဖြင့် ဝိညာဉ်အသွင်ပြောင်းအဆင့် ကျင့်ကြံသူများ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည့်အခါ တာအိုဝိညာဉ်ကိုယ်ထင်ပြခြင်းနှင့် ပေါင်းစည်းသွားကာ တစ်သားတည်း ဖြစ်သွားသည်။ ထိုအခါမှသာ ကျင့်ကြံသူက အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

သွေးနတ်ဘုရားသားတော် ကိုယ်ပွားများတွင် ထိုကဲ့သို့သော ကန့်သတ်ချက်မျိုး မရှိဘဲ ပင်မခန္ဓာကိုယ်နှင့် အချိန်မရွေး ပေါင်းနိုင်သလို ခွဲထုတ်လို့လည်းရသည်။ ကျင့်ကြံသူအနေဖြင့် အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းအဆင့်ကို ဖြတ်ကျော်ရှင်သန်ပြီးနောက် ဝိဇ္ဇာတစ်ပါးဖြစ်လာသည့်အခါတွင်လည်း ထိုပညာရပ်ကို ဆက်လက် အသုံးပြုလို့ရသေးသည်။

တတိယအချက်အနေဖြင့် ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူ၏ ဝိညာဉ်ကိုယ်ထင်ပြခြင်းက တာအိုရုပ်လုံးဖော်ခြင်းဖြစ်သည့်အတွက် ပင်မခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်သည်။ ထိုကိုယ်ပွားဖျက်စီးခံလိုက်ရပါက ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူ၏ စွမ်းအားလည်း အဆမတန် လျော့နည်းသွားမည်ဖြစ်သည့်အပြင် ထိုတာအိုကို နားလည်နိုင်စွမ်းလည်း ပြိုကျပျက်စီးသွားမည်။

သွေးနတ်ဘုရားသားတော်ကတော့ ဖန်တီးပြီးသွားသည်နှင့် တစ်ပြိုင်နက် ပင်မခန္ဓာကိုယ်မှ သွေးနှင့် ဝိညာဉ်တစ်စိတ်တစ်ပိုင်း ဆုံးရှုံးမှုဖြစ်ပြီး ကျင့်ကြံသူ၏ ခွန်အားကိုသာ လျော့နည်းစေမည် ဖြစ်သည်။

ကျင့်ကြံသူသာ သေချာ ကျင့်ကြံအားထုတ်ပြီး ဆုံးရှုံးလိုက်ရသော သွေးနှင့်ဝိညာဉ်ကို ပြန်လည်ဖြည့်တင်းနိုင်ပါက ပင်မခန္ဓာကိုယ်၏ စွမ်းအားကို ပြန်လည် ရရှိလာနိုင်သည်။ ထို့နောက် ရှေ့လျှောက် သွေးနတ်ဘုရားသားတော်ကိုယ်ပွား အသတ်ခံရလျှင်ပင် ပင်မခန္ဓာကိုယ်၏ စွမ်းအားကို ထိခိုက်ခြင်း မရှိပေ။

သွေးနတ်ဘုရားသားတော်ကိုယ်ပွားက လက်နက်တစ်ခုနှင့် ပိုတူနေသည်။

နောက်ဆုံးအနေဖြင့်  ဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူ၏ ဝိညာဉ်ကိုယ်ထင်ပြခြင်းမှ အရှိန်အဝါက သိသိသာသာ ကွဲပြားသည်။ ထိုကိုယ်ပွားက ပင်မခန္ဓာကိုယ်၏ အရှိန်အဝါ တစ်စိတ်တစ်ပိုင်းကိုသာ ရရှိထားသည့်အတွက် တခြားဝိညာဉ်အသွင်ပြောင်း ကျင့်ကြံသူများက အလွယ်တကူ ခွဲခြားသိရှိနိုင်သည်။

ထိုကိုယ်ပွားကို သတ်လိုက်ပါက ချက်ချင်းပျောက်ကွယ်သွားမည် ဖြစ်ပြီး အကြွင်းအကျန် ရှိမည်မဟုတ်ပေ။

သွေးနတ်ဘုရားသားတော်ကိုယ်ပွားကတော့ ပင်မခန္ဓာကိုယ်၏ သွေးမှ ဖန်တီးထားသည့်အတွက် မတူညီပေ။

ထိုကိုယ်ပွားသေသွားပါက ပင်မခန္ဓာကိုယ်နှင့်တူညီသော အလောင်း ကျန်ရှိမည်ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူအနေဖြင့် အန္တရာယ်နှင့် ကြုံတွေ့ပြီး အမဲလိုက်သလို အလိုက်ခံရပါက အာရုံလွှဲဖို့အတွက် သွေးနတ်ဘုရားသားတော် ကိုယ်ပွားကိုသာ အသုံးပြုမည် ဖြစ်သည်။

ထိုကိုယ်ပွားအနေဖြင့် ကိုယ့်အသက်ကို စတေးခံလိုက်ပါက သူရဲကောင်းဆန်ဆန် သေဆုံးခြင်းမျိုး ဖြစ်လိမ့်မည်။ ရန်သူက ထိုကိုယ်ပွားကို “ယောက်ျားပီသတဲ့သူ ဖြစ်တဲ့အတွက် လေးစားပါတယ်” ဟုပင် ချီးကျူးသွားနိုင်သည်။

ထိုအခါ ခန္ဓာကိုယ်အစစ်ကတော့ ဘေးကင်းစွာဖြင့် ပုန်းနိုင်မည် ဖြစ်သည်။

သူကိုယ်တိုင်မှလွဲ၍ သေဆုံးသွားသူက ကိုယ်ပွားဖြစ်ကြောင်း တခြားမည်သူမှ မသိနိုင်ပေ။

အရမ်းလုံခြုံတယ်

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းတုန်းက မဟာဝိဇ္ဇာသွေးမြစ်က ထိုပညာရပ်နှစ်ခုကို သုံးကာ အရှေ့ပိုင်းလွင်ပြင်တစ်ခွင်လုံးတွင် သွားချင်သော နေရာကို သွားပြီး သူ လုပ်ချင်သမျှ အရာအားလုံးကို လုပ်ခဲ့သည်။

သူက သွေးနတ်ဘုရားသားတော်တွေကို အများကြီးဖန်တီးပြီးနောက် သေရမှာကို မကြောက်သည့် ကိုယ်ပွားများကို စေလွှတ်ပြီး အထွတ်အမြတ်မြေများကို စော်ကားသလို သူတော်စင်မများကိုလည်း မြူဆွယ်ခိုင်းသည်။ သူက အရမ်းမောက်မာသောသူ တစ်ယောက် ဖြစ်ခဲ့သည်။

စွမ်းအားကြီးသော လူသားကျင့်ကြံသူများက သူတို့ မဟာဝိဇ္ဇာသွေးမြစ်ကို သတ်နိုင်ခဲ့ပြီဟု အကြိမ်တိုင်း တွေးထင်လေ့ရှိကြသည်။

သို့သော် ရက်အနည်းငယ်အတွင်း မဟာဝိဇ္ဇာသွေးမြစ်အသစ် ထပ်ပေါ်လာပြန်သည်။

ထိုအခိုက်အတန့်တွင် သူက အရမ်း ကိုယ့်ကိုယ်ကို အထင်ကြီးနေသည့်အတွက် မိုးကြိုးလှိုင်း အထွတ်အမြတ်မြေထဲသို့ ခိုးကြောင်ခိုးဝှက်ဖြင့် ဝင်ရောက်ရဲကာ သူတို့၏ ၁၂ ဆင့်မြောက် ကုသိုလ်ရွှေကြာကို ခိုးခဲ့သည်။

ကိုယ်ပွားက ကျရှုံးသွားခဲ့သော်လည်း ကုသိုလ်ရွှေကြာ အဆီအနှစ်များကို စုပ်ယူပစ်ခဲ့သောကြောင့် ၁၂ ဆင့်မြောက် ကုသိုလ်ရွှေကြာမှာ  ၉ ဆင့်မြောက်သို့ အဆင့်ကျသွားရသည်။ ပြန်လည်ကောင်းမွန်လာဖို့အတွက် နှစ်ထောင်ချီ အချိန်ယူခဲ့ရ၏။

သို့သော် မဟာဝိဇ္ဇာသွေးမြစ်က အပြင်မှာ လွတ်လွတ်လပ်လပ် လှည့်လည်သွားလာလို့ ရနေသေးသည်။

နောက်ဆုံးမှာတော့ အနောက်ပိုင်းကန္တာရနယ်မြေ၏ ဗုဒ္ဓကို ဒေါသထွက်စေကာ အဆုံးသတ်သွားရသည်။

ကျင့်ကြံသူအားလုံးက ကံတာအိုကိုနားလည်သော အထွတ်အထိပ်ရှင် ကိုယ်တော်ကြီးကို ကျင့်ကြံရာမှ ထွက်လာဖို့ တောင်းဆိုနေကြသည်။ သွေးနတ်ဘုရားသားတော် သွေးစက်ကို အသုံးချကာ မဟာဝိဇ္ဇာသွေးမြစ်၏ ပင်မခန္ဓာကိုယ်၏ တည်နေရာကို ရှာဖွေရင်း အထွတ်အထိပ်ရှင် ကိုယ်တော်ကြီး၏ အမြုတေ ပြင်းထန်စွာ ထိခိုက်သွားသော်လည်း သူ ကူညီပေးဖို့ မတွေဝေခဲ့ပေ။

ထိုနေ့က ဗောဒိသတ္တဝ မျက်ရည်ကျခဲ့ရပြီး ဗုဒ္ဓအရှင်လည်း အမျက်ဒေါသထွက်ခဲ့ရသည်။

ရှေးဦးဗုဒ္ဓအရှင် ကိုးပါးက နေရာတစ်ခုလုံးကို ပိတ်ဆို့ပြီးနောက် သူတို့၏ လက်ဖဝါးများကို အသုံးပြုကာ ဗုဒ္ဓနယ်မြေထဲတွင် မဟာဝိဇ္ဇာသွေးမြစ်ကို ထောင်ဖမ်းလိုက်သည်။ သူ့ကို နောင်တရလား၊ အကယ်ခံချင်လားဆိုတာကို မေးမြန်းဖို့ ကြိုးစားမနေတော့ဘဲ မဟာဝိဇ္ဇာသွေးမြစ်ကို သူနှင့် ထိုက်တန်ရာ လမ်းကြောင်းသို့ ပို့ဆောင်ပေးလိုက်ကြသည်။

သူတို့က လက်ဖဝါးများဖြင့် မဟာဝိဇ္ဇာသွေးမြစ်ကို ရိုက်နှက်ပြီး အသားပြားအဖြစ် ပြောင်းလဲလိုက်ကြသည်။

ထို့ကြောင့် အဲဒီမှာကတည်းက မဟာဝိဇ္ဇာသွေးမြစ်’s၏ ဒဏ္ဍာရီက အဆုံးသတ်သွားခြင်း ဖြစ်၏။

ဤမဟာဝိဇ္ဇာကြီးက “ မင်းသာ မိုက်မဲ့တဲ့အရာတွေ မင်းဆီ မကောင်းတဲ့အရာတွေ ဖြစ်လာမှာ မဟုတ်ဘူး။ လုပ်ရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ” ဆိုသော နမူနာကောင်းကို ပြသွားခြင်း ဖြစ်၏။

အချုပ်အားဖြင့် ဆိုရလျှင် ဤပညာရပ်ကတော့ ယခုထိ အစွမ်းထက်နေဆဲ ဖြစ်သည်။

စွမ်းအားကြီးသော ပါရမီရှင်များကို မခုခံသရွေ့ ကျင့်ကြံသူက သွေးနတ်ဘုရားသားတော်ကိုယ်ပွားများကို အသုံးပြုပြီး ဘာမဆိုလုပ်နိုင်သည်။

သွေးနတ်ဘုရားကျမ်းစာ၏ နိဒါန်းတွင် စာမျက်နှာ နှစ်မျက်နှာထက် ပိုပြီးရှိသေးကြောင်း ပြောထားသည်။

တခြားစာမျက်နှာတွေကိုပါ ပိုင်ဆိုပြီး ကျန်ရှိနေသော ပညာရပ်များကို အသုံးချနိုင်ပါက သတ်မှတ်ထားသော အကွာအဝေးအတွင်းတွင် ပင်မခန္ဓာကိုယ်၏ ဝိညာဉ်က သွေးနတ်ဘုရားသားတော်ကိုယ်ပွားများနှင့် ပင်မခန္ဓာကိုယ်ကြားတွင် လွတ်လပ်စွာ ပြောင်းနိုင်ရွေ့နိုင်လိမ့်မည်။

ထိုသို့လုပ်နိုင်မည်ဆိုပါက ပင်မခန္ဓာကိုယ်ကို ဖျက်စီးခံရလျှင်ပင် သွေးနတ်ဘုရားသားတော် ကိုယ်ပွားထဲရှိ ကျင့်ကြံသူ၏ ဝိညာဉ်မှတစ်ဆင့် ပြန်လည် ရှင်သန်လာနိုင်သေးသည်။ ထို့ကြောင့် ကျင့်ကြံသူ၏ ရှင်သန်နိုင်စွမ်းလည်း အပြင်းအထန် တိုးတက်လာနိုင်သည်။

မဟာဝိဇ္ဇာသွေးမြစ်က ပထမဆုံးနှစ်မျက်နှာပဲ ရခဲ့တာ သနားစရာပဲ…သူတောင် သွေးနတ်ဘုရားကျမ်းစာရဲ့ ကျန်ရှိတဲ့ စာမျက်နှာတွေကို မရရှိခဲ့ဘူး

သူသာ အဲဒါတွေကို ရခဲ့ရင် အနောက်ပိုင်းကန္တာရနယ်မြေရဲ့ဗုဒ္ဓ တိုက်ခိုက်တာ ခံရရင်တောင် သူ သေခဲ့မှာ မဟုတ်ဘူး

“ ဟင်း…သနားစရာပဲ”

ရှန်ထျန်းက သူ့လက်ထဲရှိ စာရွက်နှစ်ခုကို ကြည့်ကာ ရုတ်တရက် စိတ်ဝင်စားမှု ပျောက်ဆုံးလာရသည်။

ငါ ဘာလို့ မရနိုင်တာလဲဆိုတဲ့ အကြောင်းအရင်းလေးကိုတော့ ပြောဦးလေ

ထိုစာကြောင်းက ဒုတိယစာမျက်နှာ၏ အဆုံးတွင် သေချာဖော်ပြထားသည်။

အဲလိုမျိုးလုပ်တာက မျိုးမစစ် စာရေးဆရာတွေ သူတို့အလုပ်ကို ပြီးအောင် မလုပ်ဘဲ ပစ်ထားတာမျိုးနဲ့အတူတူပဲ

သူတို့အတွက် ရှက်မိတယ် … ထားလိုက်ပါ…ရောင့်ရဲတင်းတိမ်ခြင်းထဲမှာလည်း ပျော်ရွှင်မှုဆိုတာ ရှိပါတယ်

ငါ့ကံကြမ္မာတိုးတက်လာဖို့အတွက် ရွှေရောင် ရောင်ဝါစက်ဝန်းနဲ့ အဲဒီထက်မြင့်တဲ့အဆင့်ကို အမြန်ဆုံးရောက်အောင် လုပ်မှဖြစ်မယ်။ ကျန်ရှိနေတဲ့ သွေးနတ်ဘုရားကျမ်းစာက ငါ့လက်ထဲကို ရိုရိုကျိုးကျိုး ရောက်မလာဘူးဆိုတာကို ငါမယုံဘူး

ရှန်ထျန်းက တခြားအရာတွေကို ဆက်မတွေးတော့ဘဲ သွေးနတ်ဘုရားကျမ်းစာကိုသာ နားလည်နိုင်ဖို့ စတင်ကြိုးစားလိုက်သည်။

ရှန်ထျန်း၏ နားလည်နိုင်စွမ်းက အတော်လေး ကောင်းမွန်သည့်အတွက် သွေးနတ်ဘုရားကျမ်းစာကို နားလည်အောင် လုပ်သည့်နေရာမှာ အဆင်ပြေချောမွေ့နေသည်။

ထို့နောက် သူ့သွေးနှင့် ဝိညာဉ်ချီကို ရောကာ လက်ဖဝါးလောက် အရွယ်အစားရှိသော လူနီလေးတစ်ယောက်ကို ဖန်တီးကြည့်လိုက်သည်။

ခန္ဓာကိုယ်က သေးငယ်ရုံတင်မကဘဲ သူထုတ်လွှတ်သော အရှိန်အဝါကလည်း သနားစရာကောင်းလောက်အောင် အားနည်းသည်။

သူ့ဝိညာဉ်ကိုသာ ဒီလူနီလေးထဲသို့ ထည့်ပေးလိုက်ပါက ပိုးဟပ်သတ်တာလောက်တော့ ထိန်းချုပ်ပြီး လုပ်ခိုင်းလို့ရသည်ဟု ရှန်ထျန်း ခန့်မှန်းလိုက်သည်။

သွေးအားနည်းရောဂါတော့ သေချာပေါက် ဖြစ်မယ်ထင်တယ်

ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ နိဗာနတော်ဝင်ရေစင် တစ်ပုလင်းကို ထုတ်ယူကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

ငါ လုပ်လိုက်တော့မယ်။ ငါ့ရဲ့ ခန်းမင်လက်စွပ်ထဲမှာ နိဗာနတော်ဝင်ရေစင်၂၀ ကီလိုလီတာတောင်ရှိနေတယ်ဆိုတော့ ငါ့ရဲ့ ဆုံးရှုံးသွားတဲ့သွေးကို ပြန်လည် မဖြည့်တင်းနိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး

ရှန်ထျန်းက လေလာရာ လမ်းကြောင်းကို သတိထားကာ နိဗာနတော်ဝင်ရေစင်များကို စတင်သောက်သုံးတော့သည်။

ခံနိုင်ရည်စွမ်းအင်များ အလွန်အကျွံ ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် ပေါက်ကွဲနေပြီး အားလုံးကို စုပ်ယူနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားနေသည်။

သူ့နှလုံးသားထဲတွင် ရှိနေသော နန်မင်လီ မီးတောက်က လောင်စာရသွားသည့်အတွက် ပြင်းထန်စွာ စတင်လောင်ကျွမ်းသည့်အတွက် နှလုံးသားမှ သွေးများထွက်လာသည်။

အထွတ်အထိပ်ရှင် ခြင်နတ်ဆိုးသာ သွေးထွက်နေသည့် အမြန်နှုန်းကို ကိုယ်တွေ့မြင်ရပါက ကိုယ့်ကိုယ်ကို မယုံနိုင်ဖြစ်သွားလိမ့်မည်။

ထိုအရာက ပိုက်ဆံပေးပြီး ကစားသော ကစားသမားနှင့် မပေးသော ကစားသမားတို့ ကွာခြားသလိုမျိုး ကွာခြားသည်။

ချီအရှိန်အဝါက ပိုပြီး ပြင်းထန်စွာ လောင်ကျွမ်းလာသည့်အတွက် သူ့ခန္ဓာကိုယ်တစ်ခုလုံး အရမ်းပူလောင်နေသည်ကို ရှန်ထျန်း ခံစားလို့ရသည်။

ထိုကဲ့သို့သော ပူလောင်သည့် အရှိန်အဝါကို မခံနိုင်သည့်အတွက် ဟာရီတီပုတီးများလည်း စတင်တုန်လှုပ်လာသည်။

ကျိုးအာ၏ ဝိညာဉ်က ပုတီးကို ထိန်းချုပ်ကာ ဘေးဖက်သို့ ဖြည်းဖြည်းချင်း ရွှေ့နေလိုက်သည်။

တခြားရွေးချယ်စရာ မရှိတော့ဘူး … မခံနိုင်အောင် အရမ်းပူတယ်

 

***

အခန္း (၁၉၂)

တျခားေ႐ြးခ်ယ္စရာ မရွိေတာ့ဘူး…အရမ္းပူတယ္

 

ရွန္ထ်န္းက သူ႔ကို ထြက္မသြားေစခ်င္သည့္ ၿမိဳ႕သူ၊ ၿမိဳ႕သားမ်ားကို ႏႈတ္ဆက္ကာ ထြက္ခြာသြားလိုက္သည္။ ေျပာျပဖို႔ ထိုက္တန္သည့္အရာတစ္ခုက သူ ေတာင္နက္ၿမိဳ႕ေတာ္ကို ကယ္တင္ၿပီးေနာက္ ထပ္ေပါင္းဆုလာဘ္တစ္ခု ျဖစ္သည့္ လ်န႔္ခ်န္ကိုလည္း ရရွိခဲ့သည္။

ရွန္ထ်န္းက သူ႔အေမကို ကယ္တင္ေပးခဲ့သည့္အတြက္ လ်န႔္ခ်န္က ရွန္ထ်န္းေနာက္သို႔ လိုက္ကာ အေစခံအျဖစ္ ေက်းဇူးေႂကြးဆပ္မည္ဟု တတြတ္တြတ္ေျပာကာ တြယ္ကပ္ေနသည္။

ထို႔ေၾကာင့္ ရွန္ထ်န္း အေတာ္ေလး ဒုကၡေရာက္ေနသည္။

မင္းက ငါ့အတြက္ ဘာမ်ားလုပ္ေပးႏိုင္လို႔လဲ …

ရွန္ထ်န္းကလည္း ခပ္မိုက္မိုက္ပုံစံဖမ္းကာ လ်န႔္ခ်န္ကို အံ့ဖြယ္မိုးေကာင္းကင္ အထြတ္အျမတ္ေျမဆီ ဝင္ေရာက္ဖို႔ ေျပာလိုက္သည္။ သူသာ အထြတ္အျမတ္ေျမ၏ တပည့္တစ္ေယာက္ျဖစ္လာပါက သူက ရွန္ထ်န္းႏွင့္ ကံစပ္ေနဆဲျဖစ္ေၾကာင္း ဆိုလိုႏိုင္သည္။

လ်န႔္ခ်န္လိုမ်ိဳး အေျခတည္အဆင့္ က်င့္ႀကံသူအတြက္ ေတာင္နက္ၿမိဳ႕ေတာ္မွ အံ့ဖြယ္မိုးေကာင္းကင္ အထြတ္အျမတ္ေျမဆီ ခရီးႏွင္ရန္ ထင္သေလာက္ မ႐ိုးရွင္းေပ။ လ်န႔္ခ်န္၏ ကံၾကမၼာအရ သူ တကယ္ပဲ အံ့ဖြယ္မိုးေကာင္းကင္သို႔ သြားခ်င္ပါက သူ႔အတြက္ အရမ္းအႏၲရာယ္မ်ားလိမ့္မည္ မဟုတ္ေပ။

လ်န႔္ခ်န္သာ အံ့ဖြယ္မိုးေကာင္းကင္ အထြတ္အျမတ္ေျမသို႔ တကယ္ေရာက္ရွိၿပီး ရွန္ထ်န္းေၾကာင့္ ဂိုဏ္းသားတစ္ေယာက္ျဖစ္လာပါက သူ၏ အနီေရာင္ျဖစ္လုနီးပါး ေရာင္ဝါစက္ဝန္းႏွင့္ အရည္အခ်င္းမ်ားေၾကာင့္ အထြတ္အျမတ္ေျမတြင္ သူ႔ကို ပါရမီရွင္အျဖစ္ ဆက္ဆံခံရမည္ ျဖစ္သည္။

ပါရမီရွင္ေတြကို အၿမဲ အလိုရွိေနသည္။

အထြတ္အျမတ္ေျမ၏ ႀကီးပြားတိုးတက္မႈသည္ က်န္းယြင္ရွီး၊ က်န္းယြင္ထင္တို႔ကဲ့သို႔ေသာ ေ႐ႊေရာင္ ေရာင္ဝါစက္ဝန္းပိုင္ရွင္ ၿပိဳင္ဘက္ကင္း ပါရမီရွင္မ်ားမရွိဘဲ ျဖစ္လာႏိုင္သည့္အရာ မဟုတ္သလို အနီေရာင္ ေရာင္ဝါစက္ဝန္းမ်ား၏ အဓိက ပံ့ပိုးမႈကလည္း အေရးပါေနဆဲ ျဖစ္၏။

ကံၾကမၼာရဲ႕ ေကာင္းခ်ီးေပးခံထားရတဲ့သူ မ်ားေလေလ ပိုေကာင္းေလေပါ့

ရွန္ထ်န္းက ေတာင္နက္ၿမိဳ႕မွ ထြက္လာကာ ေျမာက္ဘက္သို႔ ဦးတည္ပ်ံသန္းရင္း သူ႔မွတ္ဉာဏ္ထဲမွ ျမင္ကြင္းအတိုင္း ခရီးႏွင္ေနသည္။ မိုင္ ၃၀၀ ေလာက္ ခရီးႏွင္ၿပီးေနာက္ ေတာင္ၾကားတစ္ခုကို ေအာင္ျမင္စြာ ရွာေတြ႕သြားရသည္။ ခုနစ္စဥ္ၾကယ္ၿမိဳ႕ေတာ္မွ ေျမပုံကို ၾကည့္ၿပီး သြားတုန္းက ဘာလို႔ လမ္းေပ်ာက္ခဲ့ရလည္းဆိုတာကို ရွန္ထ်န္း ေကာင္းေကာင္းနားလည္သြားသည္။

အဲဒါက အရမ္းကို ဝိုးတိုးဝါးတားျဖစ္လာတာပဲ

ေတြ႕လား….အခု ငါ့ဆီမွာ အဆင့္အတန္းျမင့္တဲ့ ေျမပုံရွိေတာ့ ေနရာကို တိတိက်က်နဲ႔ တန္းၿပီးေတာ့ ရွာေတြ႕တယ္

ထိုေနရာက ေတာင္ကတုံးျဖစ္ၿပီး ေပါင္းပင္မ်ားမွ လြဲၿပီး တျခားသက္ရွိမ်ားကို မျမင္ရေပ။

ထိုကဲ့သို႔ေသာ အေျခအေနမ်ိဳးကို က်င့္ႀကံေရးေလာကတြင္ ႀကဳံေတြ႕ႏိုင္ဖို႔ ခက္ခဲသည္။ ဝိညာဥ္ေက်ာက္တုံးမ်ား မရွိသည့္ ဆင္းရဲေသာ က်င့္ႀကံသူမ်ားအေနျဖင့္ ဝိညာဥ္ခ်ီစုေဆာင္းေရးအစီအရင္ကိုသာ အသက္သြင္းၿပီး အနီးပတ္ဝန္းက်င္ရွိ ဝိညာဥ္ခ်ီမ်ားကို စုကာ က်င့္ႀကံရသည္။

အစီအရင္ကို အသက္သြင္းရတာ အရမ္းဒုကၡမ်ားတယ္ေလ…အဲဒါက ပတ္ဝန္းက်င္မွာရွိတဲ့ သက္ရွိဖြဲ႕စည္းမႈစနစ္ကို ပ်က္စီးသြားေစလို႔ေလ

တစ္ခ်ိန္တည္းမွာပဲ အက်ိဳးသက္ေရာက္မႈကလည္း ဝိညာဥ္ေက်ာက္တုံးႏွင့္ ႏႈိင္းယွဥ္လို႔ပင္ မရေပ။ ထို႔ေၾကာင့္ အဓိကဂိုဏ္းမ်ား၏ က်င့္ႀကံသူမ်ားက ထိုကဲ့သို႔ေသာ အရွက္ရစရာ အလုပ္မ်ိဳးကို မလုပ္ၾကေပ။ တျခားသူမ်ား သိသြားလွ်င္ ဂိုဏ္းသိကၡာက်ေစသည္။

သို႔ေသာ္ အထြတ္အထိပ္ရွင္ ျခင္နတ္ဆိုးကဲ့သို႔ေသာ နတ္ဆိုးတစ္ေကာင္တြင္ ထိုကဲ့သို႔ေသာ ခ်ဳပ္တည္းမႈမ်ိဳး မရွိေပ။ သူက ဆယ္မိုင္အတြင္းရွိ ဝိညာဥ္ခ်ီမ်ားကို စုစည္းရန္အတြက္ ဝိညာဥ္ခ်ီစုေဆာင္းေရးအစီအရင္ကို အသက္သြင္းၿပီး က်င့္ႀကံခဲ့သည္။

ထိုကဲ့သို႔ လုပ္ေသာ္လည္း သူႏွင့္ ေသြးနတ္ဘုရားကိုယ္ပြားတို႔ က်င့္ႀကံေနစဥ္ သုံးစြဲမႈအတြက္ မေလာက္ငွေပ။ လုံေလာက္မႈ ရွိခဲ့ပါက အထြတ္အထိပ္ရွင္ ျခင္နတ္ဆိုးအေနျဖင့္ စြန႔္စားၿပီး ေတာင္နက္ၿမိဳ႕ေတာ္ကို အျမစ္ျဖတ္သုတ္သင္ဖို႔ လုပ္ခဲ့မွာ မဟုတ္ေပ။ ကိုယ္ပြားမ်ား၏ က်င့္ႀကံဆင့္ကို ျမႇင့္တင္ေပးဖို႔အတြက္ လူေသြးကို အသုံးျပဳခ်င္ခဲ့ျခင္း ျဖစ္သည္။

ဤေတာင္ကတုံးက အရမ္းၾကမ္းတမ္းသည့္ ေနရာျဖစ္ေသာ္လည္း ရွန္ထ်န္းက အထြတ္အထိပ္ရွင္ ျခင္နတ္ဆိုးက ေသြးနတ္ဘုရားက်မ္းစာ၏ ဒုတိယစာမ်က္ႏွာကို ဘယ္ေနရာမွာ ဖြက္ထားလဲဆိုတာကို အတိအက် သိထားသည့္အတြက္ ရွန္ထ်န္း မစိုးရိမ္မိေပ။

ရွန္ထ်န္းက ေသနတ္စီးနင္းပ်ံသန္းျခင္းကို အသုံးျပဳၿပီးေနာက္ လွ်ိဳ႕ဝွက္ေတာင္ၾကား တံခါးေပါက္ေရွ႕တြင္ အျမန္ရပ္တန႔္လိုက္သည္။ သူ႔အၾကည့္ထဲမွာလည္း စိတ္အားထက္သန္မႈတို႔ျဖင့္ ျပည့္ႏွက္ေနသည္။

ေတာင္၌ ဝိညာဥ္ခ်ီမ်ားျဖင့္ ျပည့္ႏွက္ေနသည္။ အနီးအနားမွာ ပန္းမ်ား၊ သစ္ပင္မ်ားျဖင့္ စိမ္းစိုေနၿပီး ေစာနကျမင္ခဲ့ရေသာ ျမင္ကြင္းႏွင့္ တျခားစီ ျဖစ္ေနသည္။

ထိုေနရာက အထြတ္အထိပ္ရွင္ ျခင္နတ္ဆိုး က်င့္ႀကံခဲ့သည့္ေနရာ ျဖစ္သည္။ ေတာင္ၾကားဝင္ေပါက္တြင္ ေသြးနီေရာင္အလင္းတန္း ထုတ္လႊတ္ေနေသာ ႐ိုးရွင္းေသာ ကာကြယ္ေရးအစီအရင္က ရွိေနဆဲ ျဖစ္၏။

ရွန္ထ်န္း အသက္ျပင္းျပင္းရႉလိုက္ၿပီးေနာက္ လုံယြမ္နတ္ခ်ပ္ဝတ္တန္ဆာ သူ႔ကိုယ္ေပၚတြင္ ထပ္ေပၚလာၿပီး သူ႔လက္ထဲတြင္လည္း နတ္မိုးႀကိဳးငါးပါး စြမ္းအားတို႔ စုစည္းလာသည္။

“ ၇၀ ရာခိုင္ႏႈန္း ဓာတ္ေႏွာ မိုးႀကိဳး…လက္သီး”

ဝုန္း…

ေ႐ႊေရာင္ မိုးႀကိဳးလုံးက ေကာင္းကင္တခြင္ ပ်ံ႕ႏွံ႔သြားၿပီး အလင္းေရာင္လည္း လိုက္ပါလာသည္။ ၾကည့္ရသည္မွာ ဤေတာင္ၾကားကို အားအျပည့္ျဖင့္ ထိုးစိုက္ခ်သည့္ ေ႐ႊလွံရွည္သဖြယ္ျဖစ္ေနသည္။

အစီအရင္၏ မ်က္ႏွာျပင္က အင္မတန္ ႀကံ့ခိုင္ေသာ္လည္း လွံရွည္၏ စြမ္းအားျပည့္ထိုးေဖာက္မႈကိုေတာ့ မယွဥ္ႏိုင္ေပ။

ေသြးနီေရာင္ အလင္းတန္းလည္း ပ်က္စီးသြားကာ အဘက္ဘက္သို႔ လြင့္စင္သြားသည္။ ရွန္ထ်န္းက ဓာတ္ေႏွာမိုးႀကိဳးလက္သီးကို ထုတ္သုံးလိုက္ၿပီးေနာက္ ေတာင္ထဲ ဝင္သြားသည္။

ဝွီး…

ငါ ေနာက္ဆုံးေတာ့ အထဲေရာက္သြားၿပီ

ရွန္ထ်န္းလည္း သက္ျပင္းခ်လိုက္မိသည္။

မိုးႀကိဳးလက္သီး စြမ္းအား ၇၀ ရာခိုင္ႏႈန္းသုံးလိုက္ျခင္းက မျပင္းထန္ေပ။ သူ အနည္းငယ္ ပင္ပန္းသြားေသာ္လည္း စြမ္းအားရာခိုင္ႏႈန္းျပည့္ သုံးျခင္းထက္ေတာ့ ပိုၿပီး သက္သာသည္။

“ အထြတ္အထိပ္ရွင္ ျခင္နတ္ဆိုးက ကနဦးဝိညာဥ္အဆင့္ နတ္ဆိုးျဖစ္ေပမဲ့လည္း သူ႔ရဲ႕ ကာကြယ္ေရး အစီအရင္စြမ္းအားကတကယ္ အားနည္းတာပဲ”

ရွန္ထ်န္း ႏႈတ္ခမ္းကို တြန႔္ခ်ိဳးလိုက္မိသည္။

လူေတြက ပုံမွန္အားျဖင့္ သူတို႔၏ ခြန္အားႏွင့္ ကိုက္ညီေသာ သို႔မဟုတ္ အားပိုေကာင္းေသာ ကာကြယ္ေရး အစီအရင္မ်ားကိုသာ အသုံးျပဳေလ့ရွိၾကတာေလ…တကယ္လို႔ တိုက္႐ိုက္တိုက္ခိုက္ႏိုင္တယ္ဆိုရင္ အစီအရင္လုပ္ဖို႔အတြက္ ဘာလို႔အားစိုက္ထုတ္ေနရဦးမွာလဲ

အထြတ္အထိပ္ရွင္ ျခင္နတ္ဆိုး၏ ကာကြယ္ေရး အစီအရင္က အမ်ားဆုံး ၃ ဆင့္ေျမာက္ ေ႐ႊအျမဳေတအဆင့္ က်င့္ႀကံသူမ်ားကိုသာ ဟန႔္တားႏိုင္သည္။ လူသားမ်ိဳးႏြယ္က ေဆးလုံးဖန္တီးျခင္းႏွင့္ ကာကြယ္ေရးအစီအရင္ အသက္သြင္းျခင္းစေသာ တျခားပညာရပ္အေပၚတြင္ ထူးျခားေသာ အက်ိဳးအျမတ္မ်ား ရရွိသည္ဟု ေျပာႏိုင္သည္။

ဝင္ေပါက္ရွိ ကာကြယ္ေရး အစီအရင္ကို ဖ်က္စီးၿပီးေနာက္ ရွန္ထ်န္းက ေတာင္ၾကားထဲသို႔ ဝင္သြားသည္။ ေတာင္ၾကားထဲ ေရာက္ရွိသြားသည့္အခါ ေနာက္ထပ္ကာကြယ္ေရး အစီအရင္မ်ား မရွိေတာ့သည္ကို ၾကည့္ျခင္းအားျဖင့္ အထြတ္အထိပ္ရွင္ ျခင္နတ္ဆိုးက သူ႔ကာကြယ္ေရး အစီအရင္ေပၚမွာ အလြန္အမင္း ယုံၾကည္မႈ ရွိပုံရသည္။

ဒါမွမဟုတ္ ဒီေတာင္ၾကားမွာ တန္ဖိုးရွိတဲ့အရာေတြ မရွိလို႔လည္း ျဖစ္ႏိုင္ပါတယ္

နတ္ေရစင္ဝိညာဥ္အသွ်င္၏ ေနရာႏွင့္ ယွဥ္လိုက္လွ်င္ အထြတ္အထိပ္ရွင္ ျခင္နတ္ဆိုး က်င့္ႀကံသည့္ ေနရာက ႐ိုးရွင္းၿပီး သဘာဝဆန္သည္။ ေတာင္ၾကား အလယ္တြင္ အိမ္ငယ္ေလးတစ္လုံးသာ ရွိသည္။ ထိုေနရာက ဝိညာဥ္စုေဆာင္းျခင္း အစီအရင္၏ ဗဟိုခ်က္ျဖစ္ၿပီး ဝိညာဥ္ခ်ီအမ်ားဆုံးကို ထိုေနရာမွာ စုပ္ယူႏိုင္သည္။

ရွန္ထ်န္းက အိမ္ငယ္ေလးရွိရာဆီ မသြားဘဲ ေဘးဖက္ရွိ ေက်ာက္ေဆာင္ဆီ သြားလိုက္သည္။ သူက ညာဘက္လက္ထဲမွ အံ့ဖြယ္ဝါးမ်ိဳႏြယ္ပင္က ေက်ာက္ေဆာင္နံရံထဲသို႔ ေဖာက္ဝင္သြားကာ ျပင္းထန္စြာ ေမႊပစ္သည္။

ထို႔ေနာက္ အေပါက္ႀကီးတစ္ေပါက္ ျဖစ္သြားကာ အထဲမွ ၾကက္ေသြးေရာင္ အလင္းတန္း ထြက္ေပၚလာသည္။ ရွန္ထ်န္း အထြတ္အထိပ္ရွင္ ျခင္နတ္ဆိုးဆီမွ ရရွိထားေသာ ေသြးနတ္ဘုရားက်မ္းစာမွ စာ႐ြက္ႏွင့္တူညီေသာ ေနာက္ထပ္ အနီေရာင္ စာ႐ြက္တစ္႐ြက္ ထြက္လာသည္။

ရွန္ထ်န္း ထိုက်မ္းစာ အပိုင္းအစကို သိမ္းၿပီးေနာက္မွ စိတ္ေအးကာ သက္ျပင္းခ်လိုက္မိသည္။ ထို႔ေနာက္ ခ်က္ခ်င္းဆိုသလို ေသနတ္ပ်ံစီးနင္းျခင္းကို အသုံးျပဳကာ ထြက္ခြာသြားသည္။

မေမွ်ာ္လင့္စြာျဖင့္ သူ လမ္းေပ်ာက္ေတာ့မလိုျဖစ္သြားသည္။

ရွန္ထ်န္းက ေတာင္တစ္ခုေပၚတြင္ရပ္ကာ အံ့ဖြယ္ဝါးမ်ိဳႏြယ္ပင္ကို အသုံးျပဳကာ ေျမေအာက္ ၁၀၀ မီတာနက္ေသာ ဂူဗိမာန္တစ္ခုကို ဖန္တီးလိုက္သည္။

အဲဒီမွာ ေအာက္ဆီဂ်င္ေရာ ရွိလားလို႔ မေမးနဲ႔ … က်င့္ႀကံသူေတြက ဝိညာဥ္ခ်ီထဲမွာ အသက္ရႉၾကတာ

ပတ္လည္တြင္ တည္ေနရာဖုံးကြယ္ေရး အစီအရင္ကို အသက္သြင္းၿပီးေနာက္ ရွန္ထ်န္းက ဇာမဏီငွက္ေမြးမ်က္ႏွာဖုံးကို ဝတ္ဆင္လိုက္သည္။ အရာအားလုံးအဆင္ေျပတာ ေသခ်ာသြားသည့္အခါမွ ေသြးနတ္ဘုရားက်မ္းစာ စာ႐ြက္မ်ားကို ေသခ်ာဂ႐ုတစိုက္ ထုတ္လိုက္သည္။

ရွန္ထ်န္း၏ ေရွ႕တြင္ ရွိေနေသာ ေသြးနီေရာင္ စာမ်က္ႏွာႏွစ္ခုက အရမ္း လင္းလက္ေတာက္ပေနသည္။

တစ္႐ြက္ခ်င္းစီတိုင္းကလည္း ကီလိုဂရမ္ရာခ်ီၿပီး အေလးခ်ိန္ ရွိတယ္။

ၿပီးေတာ့ သူတို႔၏ အရည္အေသြးကလည္း ထူးကဲလို႔သာေပါ့ မဟုတ္ရင္ ဓားသခင္အမွတ္အသားျပားရဲ႕ စြမ္းအားျပည့္ တိုက္ခိုက္မႈကို ခံႏိုင္ရည္ မရွိေလာက္ဘူးေလ

ဤစာ႐ြက္ႏွစ္႐ြက္ကိုသာ သူ႔ရင္ဘတ္ႏွင့္ ခ်ိတ္ဆက္ႏိုင္ပါက ရင္အုပ္ကာ ခ်ပ္ဝတ္ျဖစ္လာႏိုင္သည္ဟု ရွန္ထ်န္း ခံစားေနမိသည္။

သူ က်င့္စဥ္ကို လည္ပတ္ေစၿပီး ရွန္ထ်န္းက ညာဘက္လက္ညႇိဳးမွ ေသြးႏွစ္စက္ကို ထုတ္ယူလိုက္သည္။ ထိုေသြးႏွစ္စက္ကို အနီေရာင္ စာ႐ြက္ႏွစ္႐ြက္ေပၚတြင္ တစ္စက္စီခ်လိုက္ၿပီးေနာက္ ခ်က္ခ်င္းစုပ္ယူသြားသည္။

ရွန္ထ်န္း ႐ုတ္တရက္ ကမာၻႀကီးလည္ထြက္သြားသလို ခံစားရၿပီးေနာက္ သူ႔ေရွ႕ရွိ ျမင္ကြင္းကလည္း ခ်က္ခ်င္း ေသြးပင္လယ္အျဖစ္သို႔ ေျပာင္းလဲသြားသည္။

ထိုေသြးပင္လယ္ထဲတြင္ ေပၚလိုက္ျမဳပ္လိုက္ျဖစ္ေနေသာ သက္ရွိမ်ားစြာကို ရွန္ထ်န္းေတြ႕လိုက္ရသည္။

တစ္ခ်ိန္တည္းမွာပဲ က်င့္စဥ္၏ ခက္ခဲနက္နဲေသာ ဂါထာမႏၲရားမ်ားလည္း ရွန္ထ်န္း၏ ေခါင္းထဲသို႔ ထိုးေဖာက္ဝင္ေရာက္သြားကာ သူ႔မွတ္ဉာဏ္ထဲမွာ စြဲေနေအာင္ မွတ္ထားေစသည္။

ေသြးနတ္ဘုရားက်မ္းစာ၏ စာမ်က္ႏွာႏွစ္ခု ပညာရပ္ႏွစ္ခု အသီးသီး ထြက္ေပၚလာၾကသည္။

ေသြးနတ္ဘုရားက်မ္းစာ၏ ပထမဆုံးစာမ်က္ႏွာတြင္ မဟာေသြးဖန္တီးျခင္း ပညာရပ္ကို မွတ္သားထားၿပီး အခ်ဳပ္အားျဖင့္ ေသြးက်င့္စဥ္ ျဖစ္၏။

ထိုပညာရပ္က က်င့္ႀကံသူ၏ ေသြးကို အသုံးျပဳကာ ေနာက္ထပ္ ကိုယ္ပြားတစ္ခုဖန္တီးျခင္း ျဖစ္သည္။ အရွိန္အဝါ၊ အျမဳေတႏွင့္ အရာအားလုံးက လူအစစ္၏ ခႏၶာကိုယ္အတိုင္း တစ္ထပ္တည္း တူညီေသာ္လည္း သူ႔ဆီမွာ အသိစိတ္ေတာ့ မရွိေပ။

သူ႔ က်င့္ႀကံဆင့္သည္လည္း ေသြးပမာဏ ဘယ္ေလာက္မ်ားမ်ား သုံးထားလဲဆိုသည့္အေပၚတြင္ မူတည္သည္။ ေသြးမ်ားမ်ားသုံးေလေလ ခႏၶာကိုယ္၏ က်င့္ႀကံဆင့္က ပိုၿပီးအားေကာင္းေလေလ ျဖစ္သည္။ အမ်ားဆုံးအေနျဖင့္ က်င့္ႀကံသူ၏ က်င့္ႀကံဆင့္ ၇၀ ရာခိုင္ႏႈန္းအထိ ေရာက္ရွိႏိုင္သည္။

ေသြးအမ်ားႀကီး သုံးဖို႔အတြက္ ေတြေဝေနပါက ပထမဆုံးအေနျဖင့္ အားနည္းေသာ ကိုယ္ပြားတစ္ခုကို ဖန္တီးကာ ထိုကိုယ္ပြား၏ စြမ္းအားအလ်င္အျမန္ တိုးတက္လာဖို႔အတြက္ တျခားလူမ်ား၏ ေသြးကို အသုံးျပဳလို႔လည္း ရသည္။

သို႔ေသာ္ တျခားသူ၏ ေသြးကို စုပ္ယူထားေသာ ကိုယ္ပြားသည္ အျပည့္အဝ သဟဇာတျဖစ္မည္ မဟုတ္ေပ။ ထိုကိုယ္ပြားတြင္ က်င့္ႀကံသူ၏ စြမ္းအား ၃၀ ရာခိုင္ႏႈန္းသာ အမ်ားဆုံး ပါရွိႏိုင္သည္။ အထြတ္အထိပ္ရွင္ ျခင္နတ္ဆိုးအေနျဖင့္ သူတစ္ေယာက္တည္း၏ ေသြးျဖင့္ မလုံေလာက္သည့္အတြက္ ေတာင္နက္ၿမိဳ႕ေတာ္ရွိ လူမ်ား၏ ေသြးကို သူ၏ ျခင္နတ္ဆိုး ကိုယ္ပြားမ်ားကို တိုက္ၿပီး ခြန္အားတိုးလာေအာင္ လုပ္ဖို႔ စီစဥ္ထားျခင္း ျဖစ္သည္။

ဒုတိယစာမ်က္ႏွာတြင္ ပါဝင္ေသာအရာမွာ မဟာဝိညာဥ္ခြဲ ပညာရပ္ ျဖစ္ၿပီး အတိုခ်ဳံေခၚလွ်င္ ဝိညာဥ္က်င့္စဥ္ ျဖစ္၏။ ထိုပညာရပ္ကို အသုံးျပဳၿပီး က်င့္ႀကံသူ၏ ဝိညာဥ္အပိုင္းအစေလးကို ခြဲထုတ္ကာ ေသြးက်င့္စဥ္ျဖင့္ လုပ္ထားေသာ ကိုယ္ပြားထဲသို႔ ေပါင္းထည့္ႏိုင္သည္။

ထိုအခါ က်င့္ႀကံသူမ်ားသည္ သူတို႔၏ ကိုယ္ပြားကို ဝိညာဥ္အပိုင္းအစကို ျဖတ္ၿပီး ထိန္းခ်ဳပ္ႏိုင္သည္။ ထိုကဲ့သို႔ေသာ ဝိညာဥ္က ႐ုပ္ေသး႐ုပ္လိုမ်ိဳး ျဖစ္ေနၿပီး ေသြးနတ္ဘုရား၏ သားေတာ္ဟု ေခၚဆိုႏိုင္သည္။

ေသြးနတ္ဘုရားက်မ္းစာထဲမွ ပညာရပ္ျဖင့္ ဖန္တီးထားေသာ ကိုယ္ပြားက ဝိညာဥ္အသြင္ေျပာင္းအဆင့္ရွိ ဝိညာဥ္ကိုယ္ထင္ျပျခင္းႏွင့္ မတူညီဘဲ ကြဲျပားသည္။

ပထမဆုံးအေနျဖင့္ ဝိညာဥ္အသြင္ေျပာင္းအဆင့္ရွိ ဝိညာဥ္ကိုယ္ထင္ျပျခင္းက ကိုယ္ပြားစစ္စစ္ မဟုတ္ဘဲ တာအို သ႐ုပ္ေဖာ္ထားသလို အရာမ်ိဳး ျဖစ္သည္။

က်င့္ႀကံသူတစ္ေယာက္ ႐ုပ္လုံးေဖာ္ႏိုင္ေသာ တာအိုကိုယ္ပြားအေရအတြက္က က်င့္ႀကံသူအေနျဖင့္ တာအို မည္မွ်ဉာဏ္အလင္းပြင့္ခဲ့လဲဆိုသည့္အေပၚ မူတည္သည္။ ေသြးနတ္ဘုရားက်မ္းစာက က်င့္ႀကံသူတစ္ေယာက္ ဖန္တီးႏိုင္ေသာ ေသြးနတ္ဘုရားသားေတာ္ အေရအတြက္ကို ကန႔္သတ္ထားျခင္း မရွိေပ။ က်င့္ႀကံသူအေနျဖင့္ ေသြးဆုံးရႈံးျခင္းႏွင့္ စိတ္ဝိညာဥ္ေမာပန္းမႈကိုသာ ခံႏိုင္ရည္ရွိပါက ေသြးနတ္ဘုရားသားေတာ္ကို မရပ္မနား ဖန္တီးေနလို႔ရသည္။

ဒုတိယအခ်က္အေနျဖင့္ ဝိညာဥ္အသြင္ေျပာင္းအဆင့္ က်င့္ႀကံသူမ်ား ေနာက္ဆုံးအဆင့္သို႔ ေရာက္ရွိသြားသည့္အခါ တာအိုဝိညာဥ္ကိုယ္ထင္ျပျခင္းႏွင့္ ေပါင္းစည္းသြားကာ တစ္သားတည္း ျဖစ္သြားသည္။ ထိုအခါမွသာ က်င့္ႀကံသူက အတိဒုကၡလြန္ ျဖတ္ေက်ာ္ျခင္းအဆင့္သို႔ ေရာက္ရွိႏိုင္မည္ ျဖစ္သည္။

ေသြးနတ္ဘုရားသားေတာ္ ကိုယ္ပြားမ်ားတြင္ ထိုကဲ့သို႔ေသာ ကန႔္သတ္ခ်က္မ်ိဳး မရွိဘဲ ပင္မခႏၶာကိုယ္ႏွင့္ အခ်ိန္မေ႐ြး ေပါင္းႏိုင္သလို ခြဲထုတ္လို႔လည္းရသည္။ က်င့္ႀကံသူအေနျဖင့္ အတိဒုကၡလြန္ ျဖတ္ေက်ာ္ျခင္းအဆင့္ကို ျဖတ္ေက်ာ္ရွင္သန္ၿပီးေနာက္ ဝိဇၨာတစ္ပါးျဖစ္လာသည့္အခါတြင္လည္း ထိုပညာရပ္ကို ဆက္လက္ အသုံးျပဳလို႔ရေသးသည္။

တတိယအခ်က္အေနျဖင့္ ဝိညာဥ္အသြင္ေျပာင္း က်င့္ႀကံသူ၏ ဝိညာဥ္ကိုယ္ထင္ျပျခင္းက တာအို႐ုပ္လုံးေဖာ္ျခင္းျဖစ္သည့္အတြက္ ပင္မခႏၶာကိုယ္အတြက္ မရွိမျဖစ္ လိုအပ္သည္။ ထိုကိုယ္ပြားဖ်က္စီးခံလိုက္ရပါက ဝိညာဥ္အသြင္ေျပာင္း က်င့္ႀကံသူ၏ စြမ္းအားလည္း အဆမတန္ ေလ်ာ့နည္းသြားမည္ျဖစ္သည့္အျပင္ ထိုတာအိုကို နားလည္ႏိုင္စြမ္းလည္း ၿပိဳက်ပ်က္စီးသြားမည္။

ေသြးနတ္ဘုရားသားေတာ္ကေတာ့ ဖန္တီးၿပီးသြားသည္ႏွင့္ တစ္ၿပိဳင္နက္ ပင္မခႏၶာကိုယ္မွ ေသြးႏွင့္ ဝိညာဥ္တစ္စိတ္တစ္ပိုင္း ဆုံးရႈံးမႈျဖစ္ၿပီး က်င့္ႀကံသူ၏ ခြန္အားကိုသာ ေလ်ာ့နည္းေစမည္ ျဖစ္သည္။

က်င့္ႀကံသူသာ ေသခ်ာ က်င့္ႀကံအားထုတ္ၿပီး ဆုံးရႈံးလိုက္ရေသာ ေသြးႏွင့္ဝိညာဥ္ကို ျပန္လည္ျဖည့္တင္းႏိုင္ပါက ပင္မခႏၶာကိုယ္၏ စြမ္းအားကို ျပန္လည္ ရရွိလာႏိုင္သည္။ ထို႔ေနာက္ ေရွ႕ေလွ်ာက္ ေသြးနတ္ဘုရားသားေတာ္ကိုယ္ပြား အသတ္ခံရလွ်င္ပင္ ပင္မခႏၶာကိုယ္၏ စြမ္းအားကို ထိခိုက္ျခင္း မရွိေပ။

ေသြးနတ္ဘုရားသားေတာ္ကိုယ္ပြားက လက္နက္တစ္ခုႏွင့္ ပိုတူေနသည္။

ေနာက္ဆုံးအေနျဖင့္  ဝိညာဥ္အသြင္ေျပာင္း က်င့္ႀကံသူ၏ ဝိညာဥ္ကိုယ္ထင္ျပျခင္းမွ အရွိန္အဝါက သိသိသာသာ ကြဲျပားသည္။ ထိုကိုယ္ပြားက ပင္မခႏၶာကိုယ္၏ အရွိန္အဝါ တစ္စိတ္တစ္ပိုင္းကိုသာ ရရွိထားသည့္အတြက္ တျခားဝိညာဥ္အသြင္ေျပာင္း က်င့္ႀကံသူမ်ားက အလြယ္တကူ ခြဲျခားသိရွိႏိုင္သည္။

ထိုကိုယ္ပြားကို သတ္လိုက္ပါက ခ်က္ခ်င္းေပ်ာက္ကြယ္သြားမည္ ျဖစ္ၿပီး အႂကြင္းအက်န္ ရွိမည္မဟုတ္ေပ။

ေသြးနတ္ဘုရားသားေတာ္ကိုယ္ပြားကေတာ့ ပင္မခႏၶာကိုယ္၏ ေသြးမွ ဖန္တီးထားသည့္အတြက္ မတူညီေပ။

ထိုကိုယ္ပြားေသသြားပါက ပင္မခႏၶာကိုယ္ႏွင့္တူညီေသာ အေလာင္း က်န္ရွိမည္ျဖစ္သည္။ ထို႔ေၾကာင့္ က်င့္ႀကံသူအေနျဖင့္ အႏၲရာယ္ႏွင့္ ႀကဳံေတြ႕ၿပီး အမဲလိုက္သလို အလိုက္ခံရပါက အာ႐ုံလႊဲဖို႔အတြက္ ေသြးနတ္ဘုရားသားေတာ္ ကိုယ္ပြားကိုသာ အသုံးျပဳမည္ ျဖစ္သည္။

ထိုကိုယ္ပြားအေနျဖင့္ ကိုယ့္အသက္ကို စေတးခံလိုက္ပါက သူရဲေကာင္းဆန္ဆန္ ေသဆုံးျခင္းမ်ိဳး ျဖစ္လိမ့္မည္။ ရန္သူက ထိုကိုယ္ပြားကို “ေယာက္်ားပီသတဲ့သူ ျဖစ္တဲ့အတြက္ ေလးစားပါတယ္” ဟုပင္ ခ်ီးက်ဴးသြားႏိုင္သည္။

ထိုအခါ ခႏၶာကိုယ္အစစ္ကေတာ့ ေဘးကင္းစြာျဖင့္ ပုန္းႏိုင္မည္ ျဖစ္သည္။

သူကိုယ္တိုင္မွလြဲ၍ ေသဆုံးသြားသူက ကိုယ္ပြားျဖစ္ေၾကာင္း တျခားမည္သူမွ မသိႏိုင္ေပ။

အရမ္းလုံၿခဳံတယ္

လြန္ခဲ့ေသာ ႏွစ္ေပါင္းတစ္ေသာင္းတုန္းက မဟာဝိဇၨာေသြးျမစ္က ထိုပညာရပ္ႏွစ္ခုကို သုံးကာ အေရွ႕ပိုင္းလြင္ျပင္တစ္ခြင္လုံးတြင္ သြားခ်င္ေသာ ေနရာကို သြားၿပီး သူ လုပ္ခ်င္သမွ် အရာအားလုံးကို လုပ္ခဲ့သည္။

သူက ေသြးနတ္ဘုရားသားေတာ္ေတြကို အမ်ားႀကီးဖန္တီးၿပီးေနာက္ ေသရမွာကို မေၾကာက္သည့္ ကိုယ္ပြားမ်ားကို ေစလႊတ္ၿပီး အထြတ္အျမတ္ေျမမ်ားကို ေစာ္ကားသလို သူေတာ္စင္မမ်ားကိုလည္း ျမဴဆြယ္ခိုင္းသည္။ သူက အရမ္းေမာက္မာေသာသူ တစ္ေယာက္ ျဖစ္ခဲ့သည္။

စြမ္းအားႀကီးေသာ လူသားက်င့္ႀကံသူမ်ားက သူတို႔ မဟာဝိဇၨာေသြးျမစ္ကို သတ္ႏိုင္ခဲ့ၿပီဟု အႀကိမ္တိုင္း ေတြးထင္ေလ့ရွိၾကသည္။

သို႔ေသာ္ ရက္အနည္းငယ္အတြင္း မဟာဝိဇၨာေသြးျမစ္အသစ္ ထပ္ေပၚလာျပန္သည္။

ထိုအခိုက္အတန႔္တြင္ သူက အရမ္း ကိုယ့္ကိုယ္ကို အထင္ႀကီးေနသည့္အတြက္ မိုးႀကိဳးလႈိင္း အထြတ္အျမတ္ေျမထဲသို႔ ခိုးေၾကာင္ခိုးဝွက္ျဖင့္ ဝင္ေရာက္ရဲကာ သူတို႔၏ ၁၂ ဆင့္ေျမာက္ ကုသိုလ္ေ႐ႊၾကာကို ခိုးခဲ့သည္။

ကိုယ္ပြားက က်ရႈံးသြားခဲ့ေသာ္လည္း ကုသိုလ္ေ႐ႊၾကာ အဆီအႏွစ္မ်ားကို စုပ္ယူပစ္ခဲ့ေသာေၾကာင့္ ၁၂ ဆင့္ေျမာက္ ကုသိုလ္ေ႐ႊၾကာမွာ  ၉ ဆင့္ေျမာက္သို႔ အဆင့္က်သြားရသည္။ ျပန္လည္ေကာင္းမြန္လာဖို႔အတြက္ ႏွစ္ေထာင္ခ်ီ အခ်ိန္ယူခဲ့ရ၏။

သို႔ေသာ္ မဟာဝိဇၨာေသြးျမစ္က အျပင္မွာ လြတ္လြတ္လပ္လပ္ လွည့္လည္သြားလာလို႔ ရေနေသးသည္။

ေနာက္ဆုံးမွာေတာ့ အေနာက္ပိုင္းကႏၲာရနယ္ေျမ၏ ဗုဒၶကို ေဒါသထြက္ေစကာ အဆုံးသတ္သြားရသည္။

က်င့္ႀကံသူအားလုံးက ကံတာအိုကိုနားလည္ေသာ အထြတ္အထိပ္ရွင္ ကိုယ္ေတာ္ႀကီးကို က်င့္ႀကံရာမွ ထြက္လာဖို႔ ေတာင္းဆိုေနၾကသည္။ ေသြးနတ္ဘုရားသားေတာ္ ေသြးစက္ကို အသုံးခ်ကာ မဟာဝိဇၨာေသြးျမစ္၏ ပင္မခႏၶာကိုယ္၏ တည္ေနရာကို ရွာေဖြရင္း အထြတ္အထိပ္ရွင္ ကိုယ္ေတာ္ႀကီး၏ အျမဳေတ ျပင္းထန္စြာ ထိခိုက္သြားေသာ္လည္း သူ ကူညီေပးဖို႔ မေတြေဝခဲ့ေပ။

ထိုေန႔က ေဗာဒိသတၱဝ မ်က္ရည္က်ခဲ့ရၿပီး ဗုဒၶအရွင္လည္း အမ်က္ေဒါသထြက္ခဲ့ရသည္။

ေရွးဦးဗုဒၶအရွင္ ကိုးပါးက ေနရာတစ္ခုလုံးကို ပိတ္ဆို႔ၿပီးေနာက္ သူတို႔၏ လက္ဖဝါးမ်ားကို အသုံးျပဳကာ ဗုဒၶနယ္ေျမထဲတြင္ မဟာဝိဇၨာေသြးျမစ္ကို ေထာင္ဖမ္းလိုက္သည္။ သူ႔ကို ေနာင္တရလား၊ အကယ္ခံခ်င္လားဆိုတာကို ေမးျမန္းဖို႔ ႀကိဳးစားမေနေတာ့ဘဲ မဟာဝိဇၨာေသြးျမစ္ကို သူႏွင့္ ထိုက္တန္ရာ လမ္းေၾကာင္းသို႔ ပို႔ေဆာင္ေပးလိုက္ၾကသည္။

သူတို႔က လက္ဖဝါးမ်ားျဖင့္ မဟာဝိဇၨာေသြးျမစ္ကို ႐ိုက္ႏွက္ၿပီး အသားျပားအျဖစ္ ေျပာင္းလဲလိုက္ၾကသည္။

ထို႔ေၾကာင့္ အဲဒီမွာကတည္းက မဟာဝိဇၨာေသြးျမစ္’s၏ ဒ႑ာရီက အဆုံးသတ္သြားျခင္း ျဖစ္၏။

ဤမဟာဝိဇၨာႀကီးက “ မင္းသာ မိုက္မဲ့တဲ့အရာေတြ မင္းဆီ မေကာင္းတဲ့အရာေတြ ျဖစ္လာမွာ မဟုတ္ဘူး။ လုပ္ရင္ေတာ့ ကိုယ့္ထိုက္နဲ႔ ကိုယ့္ကံ” ဆိုေသာ နမူနာေကာင္းကို ျပသြားျခင္း ျဖစ္၏။

အခ်ဳပ္အားျဖင့္ ဆိုရလွ်င္ ဤပညာရပ္ကေတာ့ ယခုထိ အစြမ္းထက္ေနဆဲ ျဖစ္သည္။

စြမ္းအားႀကီးေသာ ပါရမီရွင္မ်ားကို မခုခံသေ႐ြ႕ က်င့္ႀကံသူက ေသြးနတ္ဘုရားသားေတာ္ကိုယ္ပြားမ်ားကို အသုံးျပဳၿပီး ဘာမဆိုလုပ္ႏိုင္သည္။

ေသြးနတ္ဘုရားက်မ္းစာ၏ နိဒါန္းတြင္ စာမ်က္ႏွာ ႏွစ္မ်က္ႏွာထက္ ပိုၿပီးရွိေသးေၾကာင္း ေျပာထားသည္။

တျခားစာမ်က္ႏွာေတြကိုပါ ပိုင္ဆိုၿပီး က်န္ရွိေနေသာ ပညာရပ္မ်ားကို အသုံးခ်ႏိုင္ပါက သတ္မွတ္ထားေသာ အကြာအေဝးအတြင္းတြင္ ပင္မခႏၶာကိုယ္၏ ဝိညာဥ္က ေသြးနတ္ဘုရားသားေတာ္ကိုယ္ပြားမ်ားႏွင့္ ပင္မခႏၶာကိုယ္ၾကားတြင္ လြတ္လပ္စြာ ေျပာင္းႏိုင္ေ႐ြ႕ႏိုင္လိမ့္မည္။

ထိုသို႔လုပ္ႏိုင္မည္ဆိုပါက ပင္မခႏၶာကိုယ္ကို ဖ်က္စီးခံရလွ်င္ပင္ ေသြးနတ္ဘုရားသားေတာ္ ကိုယ္ပြားထဲရွိ က်င့္ႀကံသူ၏ ဝိညာဥ္မွတစ္ဆင့္ ျပန္လည္ ရွင္သန္လာႏိုင္ေသးသည္။ ထို႔ေၾကာင့္ က်င့္ႀကံသူ၏ ရွင္သန္ႏိုင္စြမ္းလည္း အျပင္းအထန္ တိုးတက္လာႏိုင္သည္။

မဟာဝိဇၨာေသြးျမစ္က ပထမဆုံးႏွစ္မ်က္ႏွာပဲ ရခဲ့တာ သနားစရာပဲ…သူေတာင္ ေသြးနတ္ဘုရားက်မ္းစာရဲ႕ က်န္ရွိတဲ့ စာမ်က္ႏွာေတြကို မရရွိခဲ့ဘူး

သူသာ အဲဒါေတြကို ရခဲ့ရင္ အေနာက္ပိုင္းကႏၲာရနယ္ေျမရဲ႕ဗုဒၶ တိုက္ခိုက္တာ ခံရရင္ေတာင္ သူ ေသခဲ့မွာ မဟုတ္ဘူး

“ ဟင္း…သနားစရာပဲ”

ရွန္ထ်န္းက သူ႔လက္ထဲရွိ စာ႐ြက္ႏွစ္ခုကို ၾကည့္ကာ ႐ုတ္တရက္ စိတ္ဝင္စားမႈ ေပ်ာက္ဆုံးလာရသည္။

ငါ ဘာလို႔ မရႏိုင္တာလဲဆိုတဲ့ အေၾကာင္းအရင္းေလးကိုေတာ့ ေျပာဦးေလ

ထိုစာေၾကာင္းက ဒုတိယစာမ်က္ႏွာ၏ အဆုံးတြင္ ေသခ်ာေဖာ္ျပထားသည္။

အဲလိုမ်ိဳးလုပ္တာက မ်ိဳးမစစ္ စာေရးဆရာေတြ သူတို႔အလုပ္ကို ၿပီးေအာင္ မလုပ္ဘဲ ပစ္ထားတာမ်ိဳးနဲ႔အတူတူပဲ

သူတို႔အတြက္ ရွက္မိတယ္ … ထားလိုက္ပါ…ေရာင့္ရဲတင္းတိမ္ျခင္းထဲမွာလည္း ေပ်ာ္႐ႊင္မႈဆိုတာ ရွိပါတယ္

ငါ့ကံၾကမၼာတိုးတက္လာဖို႔အတြက္ ေ႐ႊေရာင္ ေရာင္ဝါစက္ဝန္းနဲ႔ အဲဒီထက္ျမင့္တဲ့အဆင့္ကို အျမန္ဆုံးေရာက္ေအာင္ လုပ္မွျဖစ္မယ္။ က်န္ရွိေနတဲ့ ေသြးနတ္ဘုရားက်မ္းစာက ငါ့လက္ထဲကို ႐ို႐ိုက်ိဳးက်ိဳး ေရာက္မလာဘူးဆိုတာကို ငါမယုံဘူး

ရွန္ထ်န္းက တျခားအရာေတြကို ဆက္မေတြးေတာ့ဘဲ ေသြးနတ္ဘုရားက်မ္းစာကိုသာ နားလည္ႏိုင္ဖို႔ စတင္ႀကိဳးစားလိုက္သည္။

ရွန္ထ်န္း၏ နားလည္ႏိုင္စြမ္းက အေတာ္ေလး ေကာင္းမြန္သည့္အတြက္ ေသြးနတ္ဘုရားက်မ္းစာကို နားလည္ေအာင္ လုပ္သည့္ေနရာမွာ အဆင္ေျပေခ်ာေမြ႕ေနသည္။

ထို႔ေနာက္ သူ႔ေသြးႏွင့္ ဝိညာဥ္ခ်ီကို ေရာကာ လက္ဖဝါးေလာက္ အ႐ြယ္အစားရွိေသာ လူနီေလးတစ္ေယာက္ကို ဖန္တီးၾကည့္လိုက္သည္။

ခႏၶာကိုယ္က ေသးငယ္႐ုံတင္မကဘဲ သူထုတ္လႊတ္ေသာ အရွိန္အဝါကလည္း သနားစရာေကာင္းေလာက္ေအာင္ အားနည္းသည္။

သူ႔ဝိညာဥ္ကိုသာ ဒီလူနီေလးထဲသို႔ ထည့္ေပးလိုက္ပါက ပိုးဟပ္သတ္တာေလာက္ေတာ့ ထိန္းခ်ဳပ္ၿပီး လုပ္ခိုင္းလို႔ရသည္ဟု ရွန္ထ်န္း ခန႔္မွန္းလိုက္သည္။

ေသြးအားနည္းေရာဂါေတာ့ ေသခ်ာေပါက္ ျဖစ္မယ္ထင္တယ္

ရွန္ထ်န္းက ခန္းမင္လက္စြပ္ထဲမွ နိဗာနေတာ္ဝင္ေရစင္ တစ္ပုလင္းကို ထုတ္ယူကာ အသက္ျပင္းျပင္း ရႉသြင္းလိုက္သည္။

ငါ လုပ္လိုက္ေတာ့မယ္။ ငါ့ရဲ႕ ခန္းမင္လက္စြပ္ထဲမွာ နိဗာနေတာ္ဝင္ေရစင္၂၀ ကီလိုလီတာေတာင္ရွိေနတယ္ဆိုေတာ့ ငါ့ရဲ႕ ဆုံးရႈံးသြားတဲ့ေသြးကို ျပန္လည္ မျဖည့္တင္းႏိုင္ဘူးဆိုတာ မျဖစ္ႏိုင္ဘူး

ရွန္ထ်န္းက ေလလာရာ လမ္းေၾကာင္းကို သတိထားကာ နိဗာနေတာ္ဝင္ေရစင္မ်ားကို စတင္ေသာက္သုံးေတာ့သည္။

ခံႏိုင္ရည္စြမ္းအင္မ်ား အလြန္အကြၽံ ရွန္ထ်န္း၏ ခႏၶာကိုယ္ထဲတြင္ ေပါက္ကြဲေနၿပီး အားလုံးကို စုပ္ယူႏိုင္ဖို႔အတြက္ အေကာင္းဆုံးႀကိဳးစားေနသည္။

သူ႔ႏွလုံးသားထဲတြင္ ရွိေနေသာ နန္မင္လီ မီးေတာက္က ေလာင္စာရသြားသည့္အတြက္ ျပင္းထန္စြာ စတင္ေလာင္ကြၽမ္းသည့္အတြက္ ႏွလုံးသားမွ ေသြးမ်ားထြက္လာသည္။

အထြတ္အထိပ္ရွင္ ျခင္နတ္ဆိုးသာ ေသြးထြက္ေနသည့္ အျမန္ႏႈန္းကို ကိုယ္ေတြ႕ျမင္ရပါက ကိုယ့္ကိုယ္ကို မယုံႏိုင္ျဖစ္သြားလိမ့္မည္။

ထိုအရာက ပိုက္ဆံေပးၿပီး ကစားေသာ ကစားသမားႏွင့္ မေပးေသာ ကစားသမားတို႔ ကြာျခားသလိုမ်ိဳး ကြာျခားသည္။

ခ်ီအရွိန္အဝါက ပိုၿပီး ျပင္းထန္စြာ ေလာင္ကြၽမ္းလာသည့္အတြက္ သူ႔ခႏၶာကိုယ္တစ္ခုလုံး အရမ္းပူေလာင္ေနသည္ကို ရွန္ထ်န္း ခံစားလို႔ရသည္။

ထိုကဲ့သို႔ေသာ ပူေလာင္သည့္ အရွိန္အဝါကို မခံႏိုင္သည့္အတြက္ ဟာရီတီပုတီးမ်ားလည္း စတင္တုန္လႈပ္လာသည္။

က်ိဳးအာ၏ ဝိညာဥ္က ပုတီးကို ထိန္းခ်ဳပ္ကာ ေဘးဖက္သို႔ ျဖည္းျဖည္းခ်င္း ေ႐ႊ႕ေနလိုက္သည္။

တျခားေ႐ြးခ်ယ္စရာ မရွိေတာ့ဘူး … မခံႏိုင္ေအာင္ အရမ္းပူတယ္

 

***

Continue Reading

You'll Also Like

48.1K 7.7K 33
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
48.5K 4.3K 168
ယန်ချီရောက်ရှိသွားတဲ့ လောကကြီးမှာဆိုရင် နတ်ဆိုးမိစ္ဆာတွေနဲ့ လူသားတွေက နေရာလု တိုက်ခိုက်နေကြပြီး တနေ့မှာတော့ ယန်ချီက စနစ်တစ်ခုကို မတော်တဆ ရရှိသွားခဲ့တ...
108K 10.4K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
578K 92.3K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...